
166+167+168+169+170
အပိုင်း(၁၆၆)
ဖိတ်ကြားခြင်းနှင့် ဖိတ်ကြားခြင်းကို လက်ခံခြင်း(၂)
ရဲ့လင်းမျက်လုံးက ဆုံးဖြတ်ချက် ခိုင်မာနေပြီး အသံမှာ ဘာကိုမှ မကြောက်ရွံ့သည့်ပုံစံ ဖြစ်နေသည်။
“ဒါဆိုလည်း ကျွန်မ စိတ်ချနိုင်ပါပြီ”
ယွမ်လော့ဖုန်းလည်း သူမမျက်ခုံး တစ်ဖက်ကို မြှင့်တင်လိုက်သည်။
“ရဲ့လင်း … ရှင်နဲ့ ချင်ယန် နှစ်ယောက်စလုံးက ကျွန်မ လက်အောက်ငယ်သားတွေ….။ ရှင်က ကျွန်မကို ဆန့်ကျင်ဖို့ တစ်ကြိမ် ကြိုးစားခဲ့ဖူးတယ်။ ချင်ယန်က ကျွန်မအတွက် အရေကြီးဆုံးသော လူသားတစ်ယောက် ဖြစ်တယ်။ သူမက အစေခံတစ်ယောက် ဖြစ်နေလည်း တကယ်တမ်း ကျွန်မ မိသားစုဝင် တစ်ယောက် ဖြစ်တယ်။ ကျွန်မ အဘိုး ပြန်မလာခင် အချိန်က ချင်ယန် တစ်ယောက်တည်းသာ ကျွန်မနှင့်အတူတူ ရှိနေခဲ့ပြီး ကျွန်မကို တိုက်ခိုက်တဲ့ လူတွေရန်က သူ့ခန္ဓာကိုယ်လေးနဲ့ ကာကွယ်ပေးခဲ့တယ်”
“ကျွန်တော် သိပါတယ်”
ရဲ့လင်း ပြုံးလိုက်တယ်။
“လွန်ခဲ့သော ၂နှစ်ကျော်ခန့်က ကျွန်တော် ဓားစားခံ ဖြစ်နေသော်လည်း တစ်ခါတစ်ရံ အစောင့်တွေ စောင့်ကြပ်ပြီးတော့ အပြင်ထွက်တယ်။ လမ်းပေါ်မှာ သခင်ကို တခြားလူတွေ အနိုင်ကျင့်ပြီး ရိုက်နှက် နေတာကို တွေ့ခဲ့ရတယ်။ ချင်ယန်က သူမ ခန္ဓာကိုယ်လေးနဲ့ သခင်ကို ကာကွယ်ပေးခဲ့တယ်။ ထိုအချိန်တည်းက သူမကို အထင်ကြီး လေးစားခဲ့တယ်။ သူမနဲ့အတူတူ အလုပ်လုပ်ရမယ့် အခွင့်ရေး ရလာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
အနှီ အစေခံမလေးသည် သူ့သခင်မလေးကို သစ္စာရှိတယ်၊ ခေါင်းမာတယ်၊ ခိုင်မာသည့် ဆုံးဖြတ်ချက် ရှိသည်။ ထိုအချက်ကြောင့်လည်း မိန်းမနဲ့ ပတ်သက်ရင် ကြေးများတဲ့သူ့ကို သူမ ဆွဲဆောင် သွားနိုင်ခဲ့တာပေါ့။
“ကိုယ့်ခံစားချက် ကိုယ်သိတာ ကောင်းပါတယ်”
ယွမ်လော့ဖုန်း ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ အနာဂတ်မှာ ချင်ယန်ကို နာကျင်အောင် ပြုလုပ်မယ် ဆိုရင်တော့ ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး။ သို့သော်လည်း ချင်ယန်ကိစ္စကလွဲရင် တခြားကိစ္စမှာ ရှင့်ဘက်မှ ရပ်တည် ပေးနိုင်ပါတယ်။ ရှင် ရန်သူ့ကို ပြန်လည် ကလဲ့စားချေနိုင်ဖို့ အခွင့်အရေး ရှင့်ကို ပေးမှာပါ”
သူ့နှလုံးသား တုန်လှုပ် သွားရတယ်။ ရဲ့လင်း ခံစားချက်တွေ ရှုပ်ထွေးနေသည်။ လွန်ခဲ့သော နှစ်ဝက်ခန့် လုံယွမ်တိုင်းပြည် ဘုရင်နှင့် ပူးပေါင်းပြီး သူမကို မကောင်းကြံစည်ဖို့ ကြံရွယ်ခဲ့သည်။ ထို အကြောင်းကို မေ့ပေးပြီး ခွင့်လွှတ် ပေးခဲ့သည်။ သူ့ကို အာဏာ ရရှိရန် မြှင့်တင်ပေးခဲ့သည့် အပြင် သူ့ရန်သူကို သတ်ဖို့ အခွင့်အရေးကိုလည်း ယူဆောင်လာခဲ့သည်။
သူ့တစ်ဘဝလုံး သူမ ကြင်နာမှုကို ပြန်လည် ပေးဆပ်နိုင်မည် မဟုတ်ပေ။
“အရှင့်သား…. မင်းသား၃”
ရဲ့လင်း အတွေးမှာ နောင်တတွေ ပြည့်နေချိန်မှာ အစေခံတစ်ယောက် … ရဲ့လင်းအနားကို အပြေးလာပြီး ဖိတ်ကြားစာကို ရိုသေစွာ ပေးသည်။
“မင်းသား၂က ဖိတ်ကြားစာ ပို့လိုက်ပါတယ်"
ရဲ့လင်းမျက်နှာက မည်းမှောင် သွားတယ်။ အစေခံလက်မှ ဖိတ်ကြားစာကို ယူလိုက်တယ်။ ဖတ်ပြီးတော့ သူ့မျက်နှာက ပိုပြီးတော့ မည်းမှောင်လာသည်။
“ဘာဖြစ်လို့လဲ”
မျက်မှောင်ကြုတ်ရင်း ယွမ်လော့ဖုန်းလည်း ရဲ့လင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။
ရဲ့လင်းလည်း သက်ပြင်းရှည်ကြီး ပင့်သက်လိုက်ပြီး ဖြေလိုက်တယ်။
“ရဲ့လော်က သူ့အိမ်တော်ကို လာရောက်ဖို့ ဖိတ်ခေါ်တာပါ”
“အဲ့တော့….”
ဖိတ်ကြားမှု တစ်ခုတည်းဆို ရဲ့လင်း ဒေါသ အရမ်း ထွက်နေမည် မဟုတ်ပေ။
ယွမ်လော့ဖုန်း စကားသံကို ကြားတော့ သူ၏ သေးသွယ်သော နှုတ်ခမ်းပါးကို တင်းကျပ်စွာ ဖိကိုက်ပြီးတော့ ရှုပ်ထွေးသော အကြည့်ဖြင့်
“ကျွန်တော်နဲ့ အတူတူ ယွမ်မိန်းကလေးကို ခေါ်လာဖို့ ပြောထားတယ်”
ယွမ်လော့ဖုန်းလည်း သူမ ပါးရိုးကို နူးညံ့စွာ ပွတ်သပ်လိုက်ပြီးတော့ ကောက်ကျစ် စဉ်းလဲစွာ ပြုံးလိုက်တယ်။
“တစ်ယောက်ယောက်က ငါတို့ကို ဖိတ်တော့လည်း လက်မခံရင် မယဉ်ကျေးရာ ရောက်မယ်”
“သခင်………”
ရဲ့လင်းလည်း ယွမ်လော့ဖုန်းကို သခင်လို့ ခေါ်ချင်သော်လည်း ခြံဝင်းအတွင်းမှာ အစေခံတစ်ယောက် ရှိနေသေးတာ သတိရသွားတယ်။ သူ့စကားကို ပြန်လည် ရုပ်သိမ်းလိုက်ပြီးတော့ ပင့်သက် ရှိုက်လိုက်သည်။
“ယွမ်မိန်းကလေး… ရဲ့လော်က ဘယ်လို လူစားမျိုးလဲ ဆိုတာ မသိပါဘူး။ သူက တဏှာ ရာဂ ကြီးမားတယ်။ အပျော်စံအိမ်တော်က မိန်းကလေးတွေ အပြင် သိက္ခာရှိသည့် မိသားစုမှ မိန်းကလေးများကို အတင်းကျပ် ဖမ်းခေါ်ပြီး အဓမ္မ ကျင့်လေ့ရှိတယ်။ သူ ဖိတ်ကြားစာ အကြောင်းရာကို ကြည့်ရတာ ကျွန်တော် အိမ်တော်မှာ ယွမ်မိန်းကလေး နေထိုင်နေတာကို ကြားသိပြီးတော့ ယွမ်မိန်းကလေးကို စိတ်ဝင်စားနေတာ ဖြစ်မယ်”
“ဘာအတွက်လဲ”
ယွမ်လော့ဖုန်းလည်း တခစ်ခစ် ရယ်မောလိုက်တယ်။ သူမ မျက်နှာက ကောက်ကျစ် စဉ်းလဲပြီး ချစ်ဖို့ကောင်းသည်။
“ရဲ့လင်း… သွားမယ်။ နာမည်ကြီးနေတဲ့ မင်းသား၂ကို သွားတွေ့ဖို့ ကျွန်မကို ခေါ်သွားစမ်းပါ”
ယွမ်လော့ဖုန်း ဆုံးဖြတ်ချက် ချပြီးပြီဆိုတော့ သူဘာမှ ဆက်မပြောနေတော့ဘဲ ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ”
သူ့သခင်ကို ယုံကြည်မှု ရှိသည်။ သို့သော်လည်း စိတ်ပျက်ဖွယ် ရဲ့လော် မျက်နှာကို မမြင်ချင်ပေ။ အမှိုက်အိတ်ကောင်က သူ့သခင်ကို တပ်မက်ရဲတယ်။
သို့သော်လည်း ယွမ်လော့ဖုန်း ဖိတ်ကြားခြင်းကို ဘာကြောင့် လက်ခံလည်း ဆိုတာ ရဲ့လင်း သိနေခဲ့တယ်။ ရဲ့လော်က ယွမ်ယန်နဲ့ သူ့ဇနီး သေဆုံးမှုနှင့် ဆက်စပ်မှု ရှိသည့် ဧကရီရုန်၏ သား တစ်ယောက် ဖြစ်နေတာကြောင့်ပေါ့။
***
အပိုင်း(၁၆၇)
ကောက်ကျစ်သော ဧကရီရုန်(၁)
လွေ့ကျင်းတိုင်းပြည်
ရှုပ်ယှက်ခတ်နေသော လမ်းမပေါ်မှာ လူအုပ်ကြားထဲမှာ လမ်းလျှောက်နေသော ယွမ်လော့ဖုန်းသည် တစ်ခုခုကို သတိထားမိပုံရသည်။ သူမ ခေါင်းကို ဖြည်းညင်းစွာ နောက်ဘက်သို့ လှည့်လိုက်ပြီးတော့ လှုပ်ရှား သွားလာနေသည့် လူအုပ်ဘက်သို့ ကြည့်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
“သခင် ဘာဖြစ်လို့လဲ”
ယွမ်လော့ဖုန်း လှုပ်ရှားမှု ရပ်တန့် သွားတာကြောင့် စိတ်ရှုပ်ထွေးမှုသည် သူ့မျက်လုံးတွင် ဖြတ်ပြေးသွားပြီး သူမကြည့်သည့် နောက်ဘက်သို့ လှည့်ကြည့် လိုက်သည်။
ယွမ်လော့ဖုန်းလည်း သူမအကြည့်ကို ပြန်လည် ရုပ်သိမ်း လိုက်ပြီးတော့ ပြန်မဖြေခင်မှာ ခေါင်းကို ခါယမ်းလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး”
သူမ ထင်ယောင် ထင်မှား ဖြစ်နေတာလားတော့ သေချာ မသိဘူး။ ဒါပေမဲ့ သူမ လုံယွမ်တိုင်းပြည်က ထွက်လာခဲ့ကတည်းက တစ်ယောက်ယောက် သူမနောက်ကို နောက်ယောင်ခံ လိုက်နေသလို ခံစားရတယ်။ သို့သော်လည်း သူမ နောက်လှည့်ကြည့် လိုက်ချိန်မှာ သူမကို နီးကပ်စွာ နောက်ယောင် လိုက်နေသူ၏ အရိပ် တည်နေရာကို ရှာဖွေလို့ မရနိုင်ပေ။
သူမ အင်အား အရမ်း သုံးခဲ့တာကြောင့် ပုံရိပ်ယောင်တွေ ဖြစ်နေခဲ့တာ ထင်တယ်။
ယွမ်လော့ဖုန်းလည်း စကားပြန်မပြောခင်မှာ သူမနဖူးကို နှိပ်ပေးလိုက်ပြီး
“ဆက်ပြီးတော့ လမ်းလျှောက်တာပေါ့”
“ကောင်းပါပြီ”
ရဲ့လင်းလည်း သံသယဖြစ်မိသည်။ ဒါပေမဲ့ ယွမ်လော့ဖုန်းက ပြန်ဖြေချင်သည့် ပုံစံမရှိတာကြောင့် သူ နောက်ထပ် ထပ်မမေးတော့ပေ။ ချောမောလှပသည့် သူ့မျက်နှာကို အနည်းငယ် ဦးညွတ်လိုက်တယ်။
“သခင် … မကြာခင်မှာ ကျွန်တော်တို့ သွားချင်တဲ့ နေရာကို ရောက်ရှိပါတော့မယ်။ လူဖျင်း ရဲ့လော်နဲ့ ဝေးဝေးနေဖို့ကို သတိရပါ”
ရဲ့လင်း၏ သတိပေးမှုကြောင့် ယွမ်လော့ဖုန်း နှုတ်ခမ်းက အပြုံးအဖြစ်သို့ ကွေးသွားသည်။ ထို အပြုံးက ပျင်းရိနေသည့် ပုံစံရှိသော်လည်း ချစ်ဖို့ကောင်းသည်။ သူတို့နှစ်ယောက် အရှေ့ကို ဆက်လက်ပြီး ခရီးဆက်ခဲ့သည်။
***
ဧကရီရုန်ကို ဧကရာဇ်က အလွန် နှစ်သက်တော် မူတာကြောင့် အဖော်မဲ့ပြီး မကြာခဏ လာရောက်လေ့ မရှိသည့် မင်းသား၃ အိမ်တော်နှင့် ယှဉ်လိုက်လျှင် မင်းသား၂ အိမ်တော်က စည်ကားသည့် ဈေးတစ်ခုနှင့် တူသည်။ မှူးမတ်ငယ်များနှင့် ကုန်သည် အသေးစားများ သည်လည်း တော်ဝင်မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန် ကြိုးစားကြသည်။ အနာဂတ်မှာ နေရာကောင်း ရရေးအတွက် မျှော်လင့် ကြသည်။
လက်ရှိအချိန်မှာ အိမ်တော် ခြံဝင်းအတွင်းမှာ ရဲ့လော် လက်နှစ်ဖက်က ဘေးနား နှစ်ယောက်ကို ဖက်တွယ်ထားသည်။ အချိန်တိုင်း သူ့ဘေးနားက မိန်းမပျို နှစ်ယောက်နှင့် ကလူနေသည်။ သူ့ပုံစံက ကြမ်းတမ်းသည့် ပုံစံရှိသည်။ သူ့လက်တွေက အမျိုးသမီးများ၏ ဆတ်ဆတ်ထိ မခံနိုင်သည့် အစိတ်အပိုင်းများကို ထိတွေ့နေသည်။
လွေ့ကျင်းတိုင်းပြည်က အထက်တန်းစား ကလေးတွေက ဒါကို ကျင့်သားရနေပြီ ထင်တယ်။ ရဲ့လော်၏ အကျင့်ဖျက် ခြစားသော အပြုမူကို အပြစ်မရှာရဲပေ။
ရဲ့လော်အကြည့်က နေရာတစ်ခုကိုသာ စူးစူးစိုက်စိုက် ကြည့်နေတယ်။ တစ်စုံတစ်ခုကို စိတ်လှုပ်ရှားစွာ ကြည့်နေသည့် ပုံစံရှိသည်။
အားလုံးက သူ့အကြည့်နောက်ကို လိုက်ကြည့်သည်။ ထိုအချိန်မှာ အဖြူရောင် ဝတ်စုံရှည်လေးသည် သူတို့အားလုံး၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။ ရဲ့လော်ကဲ့သို့ သူတို့အားလုံးကို တူညီသော အံ့သြမှု ဖြစ်စေတယ်။
ထိုမိန်းမပျိုလေးက အရမ်းငယ်သေးသည်။ ခန့်မှန်းရရင် ၁၄နှစ် သို့တည်းမဟုတ် ၁၅နှစ်သာ ရှိမည်။
မိန်းမပျိုလေး မျက်နှာသည် ဖြားယောင်း သွေးဆောင်နိုင်ပြီး ပူပင်ကြောင့်ကြမှု မဲ့သည်။ သူမမှာ နက်နဲ မှန်းဆလို့ မရနိုင်သော မျက်ဝန်းနက် တစ်စုံရှိသည်။ ညကောင်းကင်ယံမှ ကြယ်တွေကဲ့သို့ တောက်ပနေသည်။ တခြားလူတွေကို သူမမျက်လုံးတွေက နက်နက်နဲနဲ ဆွဲဆောင်နိုင်သည်။ သူမ မျက်လုံးအကြည့်မှ မလွတ်မြောက်နိုင်ပေ။
ဒီလို ချောမောလှပတဲ့ မိန်းကလေးကို ဘယ်နေရာက ရှာလာတာလဲ။ သူမက မင်းသား၃ ရဲ့လင်း နောက်မှ လိုက်ပါလာတယ်။ သူမက မင်းသား၃ရဲ့ ကိုယ်လုပ်တော်လား။
ဘာကြောင့် အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးကို ကိုယ်လုပ်တော်လို့ ယူဆရသလဲ ဆိုရင် မင်းသား၃က ဧကရာဇ်၏ ချစ်ခင်နှစ်သက်မှုကို မရရှိနိုင်သေးဘူး။ ဒါပေမဲ့ သူ့ပင်ကို အရည်အချင်းက သာမန်လူတွေထက် ကျော်လွန်းသည်။ သူမှာ တော်ဝင် အဆင့်အတန်းရှိသည်။ ထို့ကြောင့် မင်းသား၃ဇနီးက တိုင်းပြည်တစ်ခု၏ မင်းသမီး သို့တည်းမဟုတ် မှူးမတ် သမီးတစ်ယောက် ဖြစ်ရမည်။ အဆင့်တန်း မသိတဲ့ အမျိုးသမီး တစ်ယောက်က ကိုယ်လုပ်တော် ဖြစ်ဖို့သာ အရည်အချင်း ရှိသည်။
“ညီတော်၃… နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ဟား… ဟား…. ဟား…”
ရဲ့လော် အော်ရယ်လိုက်တယ်။ သူ့မျက်နှာမှာ သူတော်ကောင်းယောင် ဆောင်သော အပြုံး ရှိနေတယ်။ အပေါ်ယံမှာ ပြုံးနေသည့် သဘောရှိသည်။ သို့သော် နှလုံးသားထဲမှာတော့…. မဟုတ်ပေ။
“မင်းသားတစ်ယောက် အနေနဲ့ တခြားတိုင်းပြည်မှာ နှစ်ပေါင်းများစွာ ဓားစားခံ အဖြစ် နေခဲ့ရတဲ့ ညီတော်လေးကို ဒီက အစ်ကိုတော်က အရမ်း သတိရနေခဲ့ရတာ။ လုံယွမ်တိုင်းပြည်မှ ညီလေးကို ပြန်ခေါ်ဖို့ ခမည်းတော်ကို ခဏခဏ တောင်းဆိုခဲ့ရတယ်”
ရဲ့လော်၏ သူတော်ကောင်းယောင် ဆောင်နေသည့် ဟန်ဆောင် မျက်နှာဖုံးနှင့် ရင်ဆိုင်ရတော့ ရဲ့လင်း …ခံစားချက်မဲ့စွာ ခနဲ့လိုက်တယ်။
“ဒီလိုလား….။ ဒါဆိုရင်တော့ အစ်ကိုတော်ကို တကယ်ကို ကျေးဇူးတင် ရတော့မှာပဲ”
“ဟား…. ညီအစ်ကိုတွေ ကြားမှာ ယဉ်ကျေးနေစရာ မလိုအပ်ပါဘူး”
ရဲ့လင်း ပခုံးကို ပုတ်ဖို့ ကြိုးစားရင်း ရဲ့လော် ရယ်မောလိုက်တယ်။ သို့သော်လည်း ရဲ့လော်လက်က သူ့ပခုံးပေါ်သို့ ကျရောက်ခါနီးတွင် သူ့အထိတွေ့မှ လွတ်မြောက်စေရန် ရဲ့လင်း ခန္ဓာကိုယ်ကို လှည့်လိုက်သည်။
***
အပိုင်း(၁၆၈)
ကောက်ကျစ်သော ဧကရီရုန်(၂)
ရဲ့လင်း အပြုအမူကြောင့် အတိတ်အချိန်မှ အမုန်း အာဃာတကို ပြန်လည် သတိရမိသည်။ သို့သော်လည်း သူ့မျက်နှာပေါ်မှ အပြုံးကို အနည်းငယ်မှ မပျက်ယွင်း သွားစေခဲ့ပါဘူး။
“တော်ဝင် ညီတော်လေး… မတွေ့ရတာ အတော် ကြာသွားခဲ့ပြီ။ ဒီက အစ်ကိုတော်နဲ့ အလှမ်း ဝေးသွားတာလား။ အို….. ဒါနဲ့ ဘေးနားက မိန်းမပျိုလေးက ဘယ်သူလဲ….”
သူ့အကြည့်က ယွမ်လော့ဖုန်းဘက်သို့ ပြောင်းလဲသွားသည်။ စိတ်လှုပ်ရှားစေသည့် အရာတစ်ခုကို ကြည့်နေသကဲ့သို့ ကြည့်ရှုနေသည်။
ရဲ့လင်းမျက်နှာက တည်ငြိမ်သွားသည်။ သူ ဆက်ပြောလိုက်တယ်။
“တော်ဝင် အစ်ကိုတော်၂… ယွမ်မိန်းကလေးက အစ်ကိုတော် ထိပါးလို့ ရသည့် မိန်းကလေးမျိုး မဟုတ်ဘူး”
“ဟား… တော်ဝင်ညီတော်၃က ကိုယ့်မိန်းကလေးကို ဒီလောက် ကာကွယ် ပေးနေမယ်လို့ မမျှော်လင့်ထားဘူး။ အစ်ကိုတော်မှာ တခြား ရည်ရွယ်ချက် မရှိပါဘူး။ ဘယ်အိမ်တော်က သမီးပျိုလည်း ဆိုတာ သိချင်တာပါ”
ရဲ့လော်က သခင်ကို သူ့မိန်းကလေးလို့ ပြောတာ ကြားရတော့ သူ့နှလုံးသား ရပ်တန့်သွားတော့မည့် သကဲ့သို့ ထိတ်လန့် သွားရသည်။ သူ အလျင်မြန် သူမကို လှည့်ကြည့် လိုက်သည်။ သူမဘက်မှ ဒေါသဖြစ်သည့် အရိပ်ယောင် မရှိတော့မှ သူ စိတ်သက်သာရာ ရသည်။
ဒီမိမစစ် ဖမစစ်ကောင်က သူ့သခင်နဲ့သူ့ကို စနောက်ရဲတယ်။ သခင် ဒေါသထွက်သွားရင် မထင်မရှား သူ့ဘဝလေး အဆုံးသတ်ပြီပဲ။
ဘာကြောင့်လဲတော့ မသိဘူး…. ရဲ့လော် ထိုစကားကို ပြောတဲ့အချိန်မှာ သူ့နောက်ကျောဘက်မှ အေးစက်မှုကို ခံစားရတယ်။ အေးစက်သည့် မျက်ဝန်းတစ်စုံက ပုန်းကွယ်နေသည့် တစ်နေရာမှ သူ့ကို စူးစိုက်ကြည့်နေသလို ခံစားရသည်။ သူ နောက်ကျောဘက်မှာ အေးစက်မှုကို ခံစားဖို့ တုန်ရီလာသည်။ အေးလွန်းလို့ ကျောက်ရုပ်တစ်ရုပ် ဖြစ်သွားသကဲ့သို့ ခံစားရသည်။
“ရဲ့လော် မင်းစကားပြော ယဉ်ကျေးရင် ကောင်းမယ်”
ရဲ့လင်းမျက်နှာသည် ဒေါသထွက်သည့် ဘက်သို့ ရောက်ရှိသွားသည်။
“မင်း ဒီလို စကားမျိုး ဆက်ပြောနေရင်တော့ ငါ့ကို မယဉ်ကျေးဘူးလို့ အပြစ် လာမတင်နဲ့”
“ဟား….. ဒီအမျိုးသမီး၏ မူလ ဇာစ်မြစ်ကို ကျုပ်မသိဘူး မထင်နဲ့။ သူမက အပျော်စံအိမ်တော်က အမျိုးသမီးမလား။ အဆင့်တန်း မရှိဘဲ မင်းသား၃ အိမ်တော်ကို ဘယ်မှူးမတ်သမီးမှ မဝင်ဘူး။ ငါက ရေကို စမ်းသပ်ချင်ရုံလေးပါ။ ဒါပေမဲ့ အရှက်ခွဲဖို့အထိ မင်းဒေါသတွေ ပေါက်ကွဲ ထွက်လာမယ်လို့ မထင်ထားခဲ့ဘူး။ ဒီကိစ္စကို ခမည်းတော်ကို ငါ လျှောက်တင်မယ်”
အပျော်စံအိမ်က အမျိုးသမီး…..။
ရဲ့လော်စကားကို ကြားပြီးနောက် အားလုံး အကြည့်က အံ့သြသည့် ပုံစံ မဟုတ်တော့ပေ။ သူတို့အကြည့်က အခွင့်အရေး ယူချင်သည့် လူပြိန်းအကြည့် ဖြစ်သွားသည်။
အပျော်စံအိမ်က အမျိုးသမီး တစ်ယောက်ကို ငွေဖြုန်းပြီး ရရှိနိုင်သည်။ သူမ အဝတ်စားကို ချွတ်ခွင့်ပေးလိမ့်မယ်။ ပြုစုပေးလိမ့်မယ့် အမျိုးသမီးတွေ ဖြစ်သည်။ ထိုအမျိုးသမီးများ အတွက် ငွေပေးဖို့သာ လိုအပ်သည်။ ထိုကဲ့သို့သော အမျိုးသမီးသည် သူတို့ လေးစားမှုကို မထိုက်တန်ပေ။
“အမျိုးသမီး…” သူ၏ ခြောက်သွေ့နေသည့် နှုတ်ခမ်းကို လျက်လိုက်ရင် ရဲ့လော်လည်း ယွမ်လော့ဖုန်းဘက်သို့ လှည့်လိုက်တယ်။
“ကျုပ် ကိုယ်လုပ်တော် ဖြစ်ရတာက ရဲ့လင်းနောက် လိုက်ရတာထက် ပိုကောင်းပါတယ်။ မင်းအဆင့်တန်းက တော်ဝင်မင်းသမီး ဖြစ်ဖို့ အရမ်း နိမ့်ကျနေသော်လည်း အလိုလိုက် အကြိုက်ဆောင်မှုနှင့် ချစ်ခင်မှုကို ရက်ရက်ရောရော ပေးကမ်းနိုင်ပါတယ်။ မင်းသား အိမ်တော်က မည်သူမှ မင်းကို အနိုင်မကျင့်ရဲဘူး ဆိုတာ အာမခံရဲတယ်။ ဘယ်လိုလဲ စိတ်ဝင်စားလား”
ဧကရာဇ်သား တစ်ယောက်အနေနဲ့ ထိုအလှလေးကို သူတစ်ယောက်တည်းသာ ပိုင်ဆိုင်ခွင့်ရှိတယ်။ ရဲ့လင်းမှာ ဘာအရည်အချင်း ရှိလို့လဲ။
ရဲ့လင်း ဆက်လက်ပြီး သည်းမခံနိုင်တော့တာကြောင့် လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ပြီးတော့ ထိုလက်သီးဖြင့် ရဲ့လော်ကို ချိန်ရွယ်လိုက်သည်။
ဘန်း
ရဲ့လင်း လက်သီးက ရဲ့လော်မျက်နှာပေါ်သို့ ကျရောက်သွားသည်။ သူ့ထက် လျင်မြန်သော ခြေထောက်တွေသည် ရဲ့လော်ကို ကန်သည်။ သူ့ခန္ဓာကိုယ်မှာ အဝေးသို့ မလွင့်စဉ်သွားခင်မှာ အားလုံးက သဲသဲကွဲကွဲ မကြားရသည့် ငိုသံကို ကြားလိုက်ရသည်။
မိန်းမပျိုလေးသည် သူမခြေထောက်ကို ရဲ့လော် ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။ မတူမတန်သည့် ပုံစံဖြင့် ကြည့်နေသည်။
“တောင်းပန်တယ်နော်… ရှင်ပြောတဲ့ စကားလုံးတိုင်းကို ကောင်းကောင်း မကြားလိုက်ရဘူး။ နောက်တစ်ကြိမ် ထပ်ပြောရဲလား”
မိန်းမပျိုလေးသည် တောင်းပန်သည့် ပုံစံ ပြောနေသော်လည်း သူမအပြုမူသည် ခြိမ်းခြောက်သည့် ဘက်သို့ ရောက်နေသည်။ အစတည်းက သူမ အပြုံးသည် ကောက်ကျစ် စဉ်းလဲသည်။ သူမ မျက်လုံးက ရိုင်းစိုင်းမှုနှင့် မာနဝင့်ကြွားခြင်းကို ဖော်ပြနေသည်။
“အစောင့်တွေ ထိုအမျိုးသမီးကို ဖမ်းစမ်း”
ရဲ့လော်သည် ညိုမည်းနေသည့် အကြည့်နှင့် ကြည့်ပြီး ဒေါသထွက်စွာ အော်ဟစ်နေသည်။
အဖွဲ့နှစ်ဖွဲ့ တိုက်ခိုက် လိမ့်မယ်လို့ ပွဲတော်အစမှာ မည်သူမှ မထင်ခဲ့ပေ။
အင်အား ကောင်းမွန်သည့် ခြေလှမ်းများ ထွက်ပေါ်လာပြီးတော့ ရဲ့လင်းနှင့် ယွမ်လော့ဖုန်းကို ဝိုင်းရံထားသည်။ ထိုနောက် တော်ဝင် သက်တော်စောင့်များသည် သူတို့ လက်နက်ကို ဆွဲထုတ်ကြသည်။ ထိုအချိန်မှာ ပတ်ဝန်းကျင်သည် အေးစက်သည့်ဘက်သို့ ပြောင်းလဲသွားသည်။
***
အပိုင်း(၁၆၉)
ကောက်ကျစ်စဉ်းလဲသော ဧကရီရုန်(၃)
ယွမ်လော့ဖုန်းလည်း ရောက်ရှိလာသည့် တော်ဝင် သက်တော်စောင့် အားလုံးကို ကောက်ကျစ် စဉ်းလဲစွာ ကြည့်လိုက်တယ်။ သူမ မောက်မာစွာ မပြောဆိုခင်မှာ သူမ နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်သည်။
“ရှင် သူတို့ကို သေစေချင်ရင်တော့ လွတ်လပ်စွာ လာရောက် တိုက်ခိုက်နိုင်တယ်။ သူတို့အားလုံးက ကျွန်မ ပြိုင်ဘက်ဖြစ်ဖို့ မလုံလောက်ဘူး”
ဘန်း
သူမ စကားပြောနေစဉ်မှာ ရဲ့လော် ရင်ဘတ်ပေါ် တင်ထားသည့် သူမခြေထောက်ကို အားထည့်ပြီး နင်းလိုက်တယ်။
ချက်ချင်းပဲ… အရိုးကျိုးကြေသည့် အသံက လူတိုင်းနားထဲသို့ ရောက်ရှိလာသည်။
ထိုနောက် ရဲ့လော်၏ ကြောက်ရွံ့ ထိတ်လန့်ဖွယ် စီခနဲ အော်သံက ထိုနေရာ ပျံ့နှံ့သွားသည်။ အားလုံးကို ထိတ်လန့်ဖွယ် ကောင်းပြီး ကြောက်လန့်စေသည်။
“မင်း ငါ့ကို ရှောင်တခင် တိုက်ခိုက်ရဲတယ်ပေါ့”
ရဲ့လော်လည်း ယွမ်လော့ဖုန်းကို မတွေမေဝ မယိမ်းမယိုင် ကြည့်နေသည်။ သူ့မျက်လုံးမှာ အမုန်း အာဃာတတွေ ပေါ်ပေါက်လာတယ်။
“ရှောင်တခင် တိုက်ခိုက်တာထက် မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ။ မင်းမှာ အရည်အချင်းရှိရင် ပြသင့်တယ်လေ”
ယွမ်လော့ဖုန်းလည်း သူမပြန်မပြောခင်မှာ ရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“အနိုင်ရသူက သရဖူ ဆောင်းရမယ်။ ရှုံးနိမ့်သူက သိက္ခာ ကျစေရမယ်။ ထာဝရ အမှန်တရား ဆိုတာ ရှိတယ်။ ရှုံးနိမ့်ခြင်းက ရှုံးနိမ်ခြင်းပဲ။ အခုက စစ်ပွဲတစ်ခုဆိုလျှင် ရှင့်ကို တုံ့ပြန်ဖို့ အခွင့်အရေးပေးမှာ မဟုတ်ဘူး။ ရဲ့လင်းနဲ့ ရှင့်ကွာခြားချက် အတော်များတာပဲ။ ရှင်… ထီးနန်းကို ပိုင်ဆိုင်ရလည်း ကြာကြာ ပိုင်ဆိုင်နိုင်ဖို့ မဖြစ်နိုင်ဘူး”
ထို မိန်းမငယ်လေး၏ တထစ်ချ မှတ်ယူထားသည့် စကားကြောင့် အားလုံး ထိတ်လန့်သွားသည်။ ဒီနေရာကို မျက်နှာပြောင် တိုက်ကာ ရောက်ရှိလာပြီး သူမက တော်ဝင်မိသားစုကို မကြောက်မလန့် အထိန်းကွပ်မဲ့စွာ ပြောဆိုနေတယ်။
သူမမှာ တော်ဝင်မိသားစုကို အထင်သေးဖို့ ဘာအရည်အချင်း ရှိလို့လဲ။
အမှန်ပြောရရင် ထိုမိန်းမပျို အကြည့်က တော်ဝင် အမျိုးသားများကို အထင်သေးစွာ ကြည့်နေသည်လို့ ခံစားရတယ်။ ဧကရာဇ်ကိုလည်း ထိုကဲ့သို့ အထင်သေးသည့် ကြည့်မည့် ပုံစံပေ။
ထိုကိစ္စနှင့် ပတ်သက်ပြီး သူတို့ နားမလည်နိုင် ဖြစ်စေသည်။ သူမက မင်းသား၃ နောက်ကို လိုက်နေတဲ့ သာမန် မိန်းကလေး တစ်ယောက် မဟုတ်ဘူးလား။ ထိုကဲ့သို့သော စကားမျိုး ပြောရဲသည့် သတ္တိရှိတယ်လား။
“ရဲ့လင်း…ပြန်မယ်”
ယွမ်လော့ဖုန်းလည်း သူမ နှုတ်ခမ်းထောင့်ကို မြှင့်တက်လိုက်ပြီးတော့ ပြုံးပြီးတော့ ရဲ့လင်းဘက်သို့ မျက်နှာ မူလိုက်သည်။
“ကောင်းပါပြီ”
ရဲ့လင်းကို အံ့အားသင့်စေသည်။ သို့သော်လည်း သူ ဘာမှ ထပ်မပြောပေ။ သူ့ခေါင်းကိုသာ ညိတ်လိုက်သည်။ သူ့အကြည့်ကို တော်ဝင် သက်တော်စောင့်ဘက်သို့ ပြောင်းလဲလိုက်ပြီး ခံစားချက်မဲ့စွာ ပြောလိုက်တယ်။
“ထွက်သွားစမ်း”
တော်ဝင် သက်တော်စောင့်များ အားလုံးကို ရဲ့လင်းအော်သံဖြင့် လှည့်စား လိုက်နိုင်သည်။ နောက်ဆုတ် လိုက်ပြီးတော့ လမ်းဖယ် ပေးလိုက်သည်။
သူတို့အားလုံး၏ ထိတ်လန့်နေသည့် အကြည့်အောက်မှာ မည်သူ ခွင့်ပြုချက်မှ မယူဘဲ ထိုနှစ်ယောက်သည် အိမ်တော်ခြံဝင်း အတွင်းမှ ထွက်ခွာ သွားသည်။ နောက်သို့ လှည့်မကြည့်ပေ။
ပုံရိပ်နှစ်ခု လုံးဝ ပျောက်ကွယ်သွားမှ ရဲ့လော် အသိပြန်ဝင်လာသည်။ သူ့လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ပြီးတော့ ခက်ထန်စွာ စကားဆိုသည်။
“ရဲ့လင်း…. မင်းတို့ နှစ်ယောက်လုံးကို အလွတ်မပေးဘူး”
အိမ်တော် အပြင်ဘက်မှာတော့ ရဲ့လင်း သိချင်စိတ် ပြင်းပြနေသည်။ သူ့နှလုံးသား သံသယများ တဝဲလည်လည် ဖြစ်နေသည်။
“သခင်…. မင်းသား၂ အိမ်တော်ကို ဘာရည်ရွယ်ကြောင့် လာခဲ့တာလဲ။ ဒီလို ထွက်သွားတော့ မလို့လား”
ယွမ်လော့ဖုန်းလည်း တခစ်ခစ် ရယ်မောလိုက်တယ်။
“လုပ်စရာ အလုပ်ကိစ္စ ပြီးသွားတော့ ဒီနေရာက ထွက်သွား ရမှာပေါ့ရှင်”
“…….”
ရုတ်တရက် ရဲ့လင်း လန့်သွားမိတယ်။ သူပြန်လည် စိတ်သက်သာရာ ရပြီးနောက် ဆက်မေးလိုက်သည်။
“ကျွန်တော်… သခင့်အနားမှာ ရှိနေတာပဲလေ။ သခင် ဘာလုပ်တာမှ မတွေ့ရပါဘူး။ ရဲ့လော်ကို ကောင်းကောင်း ရိုက်နှက်လိုက်တာပဲ တွေ့လိုက်ရတယ်”
“အလုပ်ကိစ္စ ဆိုတာလည်း ရဲ့လော်လေ”
ယွမ်လော့ဖုန်းလည်း နှုတ်ခမ်းထောင့်စွန်းကို မြင့်တက်လိုက်သည်။
“အိမ်အနေထားကို လာကြည့်တာ။ မင်းသား၂ အိမ်တော် တစ်ခုလုံး၏ မြေမျက်နှာ သွင်ပြင် တစ်ခုလုံးကို စူးစမ်း ကြည့်ပြီးပြီလေ။ ဒီနေရာမှာ ဆက်နေဖို့ အကြောင်း မရှိတော့ဘူးလေ”
ရဲ့လင်းအကြည့်က ပို ပိုပြီးတော့ အံ့သြလာတယ်။
“သခင်… ဘယ်အချိန်မှာ ပတ်ဝန်းကျင်ကို စူးစမ်း လေ့လာခဲ့တာလဲ။ ကျွန်တော် မှတ်မိတာတော့ သခင် ဘယ်နေရာကိုမှ မသွားပါဘူး”
ယွမ်လော့ဖုန်းလည်း ရဲ့လင်းကို ကြည့်ပြီးတော့ ပြောလိုက်တယ်။
“ရဲ့လင်း … ရှင့်မှတ်မိရမှာက တစ်ခါတစ်ရံ ပတ်ဝန်းကျင်ကို စူးစမ်းဖို့ မျက်လုံးကို အသုံးပြုစရာ မလိုအပ်ဘူး။ ထိုအစား စိတ်စွမ်းအားကိုသာ အသုံးပြုပြီး စူးစမ်းလို့ရတယ်။ အိမ်တော် တစ်ခုလုံးကို ဖြန့်ကြက်ကြည့်ရှုဖို့ စိတ်စွမ်းအားကို အသုံးပြုလိုက်တယ်။ မြေပြင် အနေထားနှင့် အခန်းတိုင်းက ကျွန်မ စိတ်အတွင်းမှာ စွဲထင်လာတယ်။ ရှင် နားလည်လား”
***
အပိုင်း(၁၇ဝ)
ကောက်ကျစ်စဉ်းလဲသော ဧကရီရုန်(၄)
သူမစကားသံ ကြားပြီးနောက် ရဲ့လင်း ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီသွားတယ်။ သူမ စိတ်စွမ်းအားကို ဖြန့်ကြက်ပြီးတော့ အိမ်တော် တစ်ခုလုံးကို ရှာဖွေတယ်။ သူမ စိတ်စွမ်းအား ကျင့်ကြံဆင့်က အတော်ကို မြင့်မားနေပြီပဲ။
“သခင်… ကျွန်တော် နားလည်ပါတယ်”
သူ လေကို ဖြည်းညင်းစွာ ရှူသွင်းလိုက်တယ်။ အလင်းတန်းမှာ သူ့မျက်လုံး အိမ်အတွင်းသို့ ဝင်ရောက်လာတယ်။
“ပြန်မယ်… ညဘက်မှာ မင်းသား၂ အိမ်တော်ကို စုံစမ်းရဦးမယ်။ အခုတော့ စွမ်းအား ပြည့်အောင် ရှင့်အိမ်တော်မှာ အနားယူဦးမယ်”
သူမ မိဘတွေကို သတ်ခဲ့သူက မည်သူဖြစ်ဖြစ် တူညီသော တန်ဖိုး ပြန်လည် ပေးဆပ် စေရမယ်။
***
ညအချိန်မှာ ကောင်းကင်ယံကို အမှောင်ထုက ဖုံးလွှမ်းထားသည်။ စက်ဆုပ်ဖွယ် ကြောက်ခမန်းလိလိ အော်ဟစ်သံသည် တိတ်ဆိတ်နေသည့် အိမ်တော်အတွင်းမှ ထွက်ပေါ်လာသည်။
“ရဲ့လင်းနဲ့ ထိုကောင်မစုတ်… နှစ်ယောက်လုံး သေရထက် ဆိုးဝါးတဲ့ ဘဝမှာ နေထိုင်စေရမယ်”
နေ့လယ်ခင်းမှာ အရှက်ခွဲခံရသည့် ကိစ္စကို ပြန်တွေးကြည့်တိုင်း ထောင်ပေါင်း များစွာသော ပုရွက်ဆိတ်တွေ ဝိုင်းအုံပြီး တဖြည်းဖြည်းချင်းစီ ကိုက်နေသလို ခံစားရစေသည်။ သွေးကြောတွေ ပေါ်သည်အထိ လက်သီး ကျစ်နေအောင် ဆုပ်ထားပြီး မျက်ဆန်သည် အနီရောင် ဆိုးထားသကဲ့သို့ ဖြစ်နေသည်။ နီရဲသည့်မျက်လုံး ရှိသည်ဟု ထင်မှတ်စေနိုင်သည်။
“သားတော်လေး… စိတ်မပူပါနဲ့”
စန္ဒကူးရနံ့သည် အခန်းထဲမှာ စိမ့်ဝင် ပျံ့နှံ့နေသည်။ ကျက်သရေရှိပြီး ချောမောလှပသည့် အမျိုးသမီးသည် ထိုင်ခုံပေါ်မှာ ထိုင်နေသည်။ လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး သောက်နေသည်။ ချစ်ဖို့ကောင်းတဲ့ မျက်ဝန်းမှာ အလင်းဖြာ ထွက်နေသကဲ့သို့
“ရဲ့လင်း ဦးလေးက စစ်သူကြီးရိ ဖြစ်နေတယ်။ ရဲ့လင်းကို ဖယ်ထုတ်ဖို့ဆိုတာ လွယ်ကူတာ မဟုတ်ဘူး။ သားပြောတဲ့ မိန်းကလေး အင်အားကလည်း မရိုးရှင်းလောက်ဘူး။ သူမက သားလေးကို ထိခိုက်အောင် ပြုလုပ်နိုင်တယ်။ ဒီလို အမျိုးသမီးမျိုးကို သားတော်၏ ခမည်းတော် မြင်ဖူးမယ် မထင်ဘူး။ သူ၏ ကာမရာဂကြွရွသော စိတ်အခြေနေနှင့် ထိုမိန်းကလေးကို နှစ်သက်ကြည်နူး နေလိမ့်မယ်”
“မယ်တော်… သားတော်… အရှက်ခွဲ ခံရတာကို ခံစားရတယ်”
ရဲ့လော် လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ပြီးတော့ ဒေါသထွက်စွာ စကားဆိုတယ်။
“အများရှေ့မှာ သားတော်ကို မျက်နှာပျက်အောင် ပြုလုပ်သည့် ထိုအမျိုးသမီးကို သားတော် အလွတ် မပေးနိုင်ဘူး။ ခမည်းတော်ကို မတိုင်ရရင် သားတော် ဒေါသ ပြေလျော့နိုင်မယ် မထင်ဘူး”
“ခမည်းတော် အကြောင်းကို သားတော် ကောင်းစွာ နားမလည်ဘူးလား။ အရင် ဧကရီရိနဲ့ အမေက သူ့နှစ်သက်မှုကို အဆင်းကြောင့် ရရှိခဲ့တာ။ သား ခမည်းတော်က အသစ်တွေကို စွဲမက်တယ်။ သူမက ချောမောတယ် ဆိုတော့ သားခမည်းတော် မတွေ့တာ အကောင်းဆုံးပါပဲ။ သူမက မကြိုက်လည်း သားခမည်းတော်က တော်ကောက်မှာ သေချာတယ်။ ဧကရာဇ် ကိုယ်လုပ်တော်ဖြစ်ဖို့ ငြင်းမယ့် မိန်းမဆိုတာ လောကကြီးမှာ ရှိလို့လား”
ဧကရီရုန် စိတ်ထဲမှာတော့ ဧကရာဇ်သည် အာဏာ အကြီးမားဆုံး အုပ်ချုပ်သူ တစ်ယောက်….။ သူလိုချင်ရင် မရနိုင်တဲ့ အမျိုးသမီးဆိုတာ မရှိဘူးပေါ့။ ဘယ်အမျိုးသမီးမှ ဧကရာဇ် ကိုယ်လုပ်တော် ဖြစ်ဖို့ ငြင်းမှာ မဟုတ်ဘူးပေါ့။
“မယ်တော်…. ဒါဆို သူတို့ကို ဘယ်လို ကလဲ့စား ချေရမလဲ။ ထိုကောင်မ ကျွန်တော့်ကို အရှက်ခွဲတာ ဒီအတိုင်း လွှတ်ပေး ရတော့မှာလား”
ရဲ့လော် မကျေမနပ် ဖြစ်ရတယ်။ အစိတ်စိတ်မြွှာမြွှာ ဖြတ်တောက်ချင်စိတ် ပေါက်လာတယ်။ အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးကို သူ့အိမ်တော်မှာ ဖမ်းဆီးပြီး သေသည့်အထိ အကြမ်းဖက်ချင်တယ်။
“လောကကြီးမှာ ဈေးပေါသည့် မိန်းမတွေ မဆုံးနိုင်အောင် ရှိတယ်။ အာဏာရှိတဲ့ လူကို အာရုံစူးစိုက်အောင် ပြုလုပ်ပြီး ဖက်တွယ်လေ့ရှိတယ်။ မယ်တော်မှာ အကြံတစ်ခု ရှိတယ်။ တော်ဝင်မိသားစုက လော့ဖုန်း စံအိမ်တော်ကို မျက်နှာချိုသွေးဖို့ တွေးနေတာ။ သူမကို လော့ဖုန်း စံအိမ်တော် စီစဉ်ညွှန်ကြားသူ့ကို ကိုယ်လုပ်တော် အဖြစ် လက်ဆောင် ပေးလိုက်ရင် သူတို့နဲ့ ရင်းနှီးလာမယ်။ လော့ဖုန်း စံအိမ်နဲ့ မယ်တော်တို့ ရင်းနှီးတာကို သား၏ခမည်းတော် သိရင် သားကို ပိုနှစ်သက်လာမယ်။ မင်းသားရာထူးက သားအတွက် ဖြစ်လာမယ်”
ရက်စက် ယုတ်မာမှုကို ဧကရီရုန် မျက်လုံးက သက်သေပြနေသည်။ သူမ ဖြည်းညင်းစွာ ပြောနေသော်လည်း သူမအသံက ကြားရသူ့ကို ကြောက်ရွံ့ ထိတ်လန့်စေသည်။
“သူမကို အလွယ်တကူ အလွတ်ပေးသလို ဖြစ်မနေဘူးလား”
ရဲ့လော် မျက်မှောင် ကြုတ်လိုက်တတယ်။ မယ်တော် အပြုမူက သူအတွက် ထိုအမျိုးသမီးကို အပြစ်ပေးတာ မဟုတ်ဘဲ စာကလေးမှ ဇာမဏီ အဖြစ်သို့ ပြောင်းလဲဖို့ သူမကို အခွင့်ရေးပေးသလို ဖြစ်နေသည်။
“သားလေး… ဝူကျုံးက လော့ဖုန်း စံအိမ်တော်က လူတစ်ယောက်။ အသက်က ၅ဝကျော်ပြီ အရမ်းကို နှာဘူးကျတယ်။ သူ့မိန်းကလေး ဖြစ်လာတဲ့ သူတိုင်း မတရားကျင့်ခံရပြီး သေတယ်။ ဝူကျုံးက တဏှာ ရာဂကြီးသော ယောက်ျား တစ်ယောက်ဆိုတော့ ဒီမိန်းကလေးကို စိတ်ဝင်စားမှာ သေချာတယ်”
***
Bạn đang đọc truyện trên: Truyen247.Pro