Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

156+157+158+159+160

အပိုင်း(၁၅၆)

အံ့ဩထိတ်လန့်ရသော အဘိုးအို(၁)

 
သူ့စကားကို နားထောင်ရင်း ချွန်းနန်း ပခုံးတွန့်လိုက်တယ်။ သူမလည်း သရဲဘုရင်လို့ ခေါ်တဲ့လူကို တကယ် ကြောက်ခဲ့တယ်။
“စိတ်မပူပါနဲ့။ ငါ သူ့ကို ကောင်းကောင်း ဆက်ဆံပါမယ်”
ချွန်းနန်းလည် တည်ငြိမ်တဲ့ ပုံစံပြောင်းလဲ လိုက်ပြီးတော့ သူမ အံကြိတ်လိုက်တယ်။
“ဒီလူ ရူးနေတာလား။ သရဲဘုရင်ရဲ့ မိန်းကလေးကို သွားနှောင့်ယှက်ရဲတယ်။ အသက် မရှင်ချင်တော့ ဘူးလား။ သူ့ကို ဒီနေ့ည ဖောက်သည်နဲ့ ပေးတွေ့လိုက်ပါမယ်။ နေ့စဉ် သူ အနားမယူခင်မှာ ဧည့်သည် အယောက် ၁ဝဝကို ပြုစုခိုင်းပါမယ်” 
ချင်ယွမ် ခေါင်းညိတ်လိုက်တယ်။
“ချွန်းနန်း… မင်း ငါ့ကို ကျေးဇူးတင်သင့်တယ်။ ဒီအိမ်ရှေ့စံ မင်းသားက ရုပ်ချောတယ်။ ယောက်ျားလေး အတွက်  လူပျိုလေးပဲ ရှိသေးတယ်။ သူက မင်းအတွက် ပိုက်ဆံ အများကြီး ရှာပေးမှာ သေချာတယ်”
“ခစ်ခစ်….”
သူမ နှုတ်ခမ်းကို လက်လေးနဲ့ အုပ်ပြီးတော့ ချွန်းနန်း ချိုသာစွာ ပြုံးလိုက်တယ်။
“ကျေးဇူးပါရှင်။ နောက်ဆို ပစ္စည်းကောင်းလေး တွေ့ရင် ပို့ပေးပါနော်။ ကျေးဇူး သိတတ်တဲ့အနေနဲ့ ရှင်နဲ့ တခြား ယောက်ျားတစ်ယောက် သာယာ ချစ်ကြည်နူးနေတဲ့ ပန်းချီ မဆွဲတော့ပါဘူး”
ချင်ယွမ် မျက်နှာလည်း နောက်တစ်ကြိမ် မည်းမှောင်သွားတယ်။ မိန်းမတစ်ယောက်က သူနဲ့ ယောက်ျား တစ်ယောက် ချစ်ကြည်နူးတဲ့ပုံကို ဆွဲထားတာကို စဉ်းစားလိုက်တိုင်း ကြက်သီးထတယ်။ သူ အရမ်း ဒေါသ ထွက်လာတယ်။
ဒီလို နှာဘူး မိန်းကလေးနဲ့ သူငယ်ချင်း ဖြစ်မိတာ အကြီးမားဆုံး အမှားတစ်ခုပဲ။ ထိုအချိန်က  ငယ်ရွယ်ပြီး ဘာမှ မသိမနားလည်ခဲ့လို့ ဖြစ်မယ်။
အခုချိန်မှာ သူ နောင်တရဖို့ အတော်ကို နောက်ကျခဲ့ပြီ။
 
***
 
မုချင်ချောင်နှင့် မုဝူစွမ်းတို့ နှစ်ယောက် အပြစ်ကို ဝန်ခံပြီး နောက်ပိုင်း လုံယွမ်တိုင်းပြည်မှာ အဓိက ပြဿနာရပ်ကြီး တစ်ခု ဖြစ်သွားတယ်။
သူတို့ အပြစ်ဝန်ခံပြီး နောက်ပိုင်းမှာ  အိမ်ရှေ့စံမင်းသား ပျောက်ဆုံး သွားခဲ့တယ်။ အိမ်ရှေ့စံမင်းသားက မုဝူစွမ်းကြောင့် ဖိအား များသွားတာကြောင့်လို့ လုံယွမ်ပြည်သူတွေက ယူဆကြတယ်။ မှားယွင်းတဲ့ မိန်းကလေး တစ်ယောက်ကို ချစ်မိတာကြောင့် စိတ်ပျက် နောင်တရသောကြောင့်  အမှန်တကယ် လက်တွေ့ဘဝမှ လွတ်မြောက်ဖို့ ကြိုးစားတယ်လို့ ယူဆကြတယ်။
ထိုကိစ္စကြောင့် မုဝူစွမ်းက အပြင်ဘက်သို့ မထွက်ရဲခဲ့ပေ။  အမတ်ချုပ် မုအိမ်တော်မှာသာ ပုန်းအောင်း နေခဲ့သည်။
ထိုကိစ္စက ယွမ်ရှောင်နဲ့ ပတ်သက်နေသည် ဆိုတာ ယွမ်လော့ဖုန်း တစ်ယောက်သာ သိနေခဲ့တယ်။ ဒီလူတစ်ယောက်သာ ကွမ်လန်ကို သင်ခန်းစာပေးချင် နေခဲ့တာ။ သို့သော်လည်း ထိုအစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ယွမ်ရှောင်ကို ဘာမှ မမေးခဲ့ပါဘူး။  ဘာမှ မသိသလို ဟန်ဆောင် နေလိုက်သည်။ မနက်မှ ညအထိ စိတ်စွမ်းအား ကျင့်ကြံခြင်းကို ပြုလုပ်နေခဲ့သည်။
မမောမပန်း စိတ်စွမ်းအား ကျင့်ကြံခြင်းကြောင့်  သူမစွမ်းအား တိုးတက်မှု လျင်မြန်ခဲ့သည်။
စစ်သူကြီး အိမ်တော်၏အနောက်ဘက် ခြံဝင်းအတွင်းမှာ ယွမ်လော့ မျက်မှောင်ကြုတ် နေသည်။ သူ့ရှေ့မှာ လမ်းလျှောက်နေတဲ့ မိန်းကလေးကို ကြည့်လိုက်သည်။ သူ သံသယဖြစ်စွာ မေးလိုက်တယ်။
“ဖုန်းအာ ဘယ်လောကကြီး အထိ ဘိုးဘိုးကို ခေါ်ဆောင် သွားမှာလဲ”
မိန်းကလေးက ညင်သာစွာ ခေါင်းကို လှည့်လိုက်ပြီးတော့ ပြုံးလိုက်တယ်။
“ဘယ်နေရာကို ရောက်မလဲဆိုတာ မကြာခင်မှာ သိရမှာပေါ့။ အခု စိတ်ပြင်ဆင် ထားနော်။ အကြီးစား အံ့ဩမှု ဘိုးဘိုးကို မြေးလေး ပေးမယ်”
အံ့ဩမှု….။
ယွမ်လော့၏ အသက်ရွယ် ကြီးရင့်နေသော မျက်နှာမှာ ဂုဏ်ယူမှုနဲ့ တောက်ပနေသည်။
“ကောက်ကျစ်သော ကလေးမလေး…. ဘဏ္ဍာတိုက်ကို နောက်တစ်ကြိမ် အပြည့်ဖြည့် ထပ်ဖြည့်ပေး မလို့လား။ ဟား…ဟား….. ဘိုးမြေးလေးက အရည်အချင်း ရှိတယ်ဆိုတာ ဘိုးဘိုး သိနေတယ်။ အခု အဘိုးကို ရတနာခန်း ခေါ်သွားမလို့လား”
သူ့မြေးလေး ဆေးပညာ အရည်အချင်းကို မြင်တွေ့ပြီးတည်းက အရင်လို ငွေကို ချွေတာ မနေတော့ဘူး။ သူ့နှလုံးသားမှာ ကျေနပ်တဲ့အထိ ငွေကို သုံးစွဲတယ်။ သူ ငွေအားလုံး ကုန်အောင် သုံးစွဲလိုက်လည်း ဘယ်လိုဖြစ်ဖြစ် တစ်ယောက်ယောက် အိမ်တော်ကို ငွေလာပို့ပေးမှာပဲလေ။
သူက ဘာလို့ ငွေကို ချွေတာနေရမလဲ။ ငွေတွေ အားလုံးက သူ့မြေးလေး ရှာထားတာလေ။ သူ့မြေး ရှာထားတဲ့ငွေတွေ အားလုံးကို သုံးစွဲဖို့ အခွင့်အရေး အပြည့်ရှိတယ်။ သူ ကုန်အောင် သုံးစွဲပေးတာလည်း မှန်ကန်သည့် ကိစ္စတစ်ရပ် ဖြစ်သည်။
ယွမ်လော့ဖုန်းလည်း ပြောစရာ စကားမဲ့သွားတယ်။
“အခု အံ့ဩမှုက ရတနာခန်းနဲ့ ဘာမှ မဆိုင်ဘူး။ ဖုန်းအာ နောက်ကို လိုက်ခဲ့ပါ”
ရတနာခန်းနဲ့ ဘာမှ မဆိုင်ဘူး……။ အဘိုးအို နောက်တစ်ကြိမ် မျက်မှောင် ကြုတ်လိုက်တယ်။
ငွေကြောင့် မဟုတ်ဘူး ဆိုရင် ဘယ်လို အံ့ဩမှုမျိုး ဖြစ်မလဲ။
အတွေးထဲ နစ်မျောနေရင်း သူ့ရှေ့မှ မြေးလေး ရပ်လိုက်တာကို တွေ့လိုက်ရတယ်။    သူ အံ့ဩသွားမိတယ်။
“ရောက်ပြီလား”
“ဟုတ်ကဲ့….”
မြေးလေးက ဖြူစင်စွာ ပြုံးပြတယ်။
“သံမဏိစစ်တပ်နှင့် မီးတောက်အဖွဲ့ကို တည်ဆောင်ခဲ့တာ နှစ်ဝက်ကျော် ကြာခဲ့ပြီ။  မြေးလေး စွမ်းအားကို ပြသဖို့ အချိန်ရောက်ပြီ။  တခြားလူ တစ်ယောက်နဲ့လည်း တွေ့ပေးချင်တယ်”
မြေးလေးပြောတဲ့ အံ့ဩစရာ ဆိုတာ စစ်တပ်ကို ပြောတာလား။
နောက်တစ်ကြိမ်ထပ် အံ့ဩရတာက စစ်တပ်ဖွဲ့စည်းဖို့ နှစ်ဝက်ကျော်သာ ကြာတယ်ဆိုတဲ့ အချက်ပဲ။ နှစ်ဝက်ကျော်နဲ့ ဒီလောက် အင်အား တောင့်တင်းဖို့ဆိုတာ  ဖြစ်နိုင်ချေ နည်းတယ်။ ဒီလူတွေက အရင် တွေ့ခဲ့တုန်းကလို အင်အားမဲ့သူတွေ မဟုတ်တော့ဘူး။ ဒါဆို….မြေးလေး နောက်ထပ် ဘာကို ဆိုလိုချင်တာလဲ။
 
***

အပိုင်း(၁၅၇)

အံ့ဩထိတ်လန့်ရသော အဘိုးအို (၂)

 
သူ့မြေးလေး …. မြေအောက်လမ်းရဲ့ တံခါးကို တွန်းဖွင့်နေတာကို ကြည့်ရင်း သူအတွေးစကို ဖျောက်လိုက်တယ်။  ယွမ်လော့ဖုန်းလေး နောက်ကို လိုက်ခဲ့တယ်။ လှေကားထစ်များနှင့် အောက်ထပ်သို့ ဆင်းလာခဲ့တယ်။
လွန်ခဲ့သော ခြောက်လခန့်က ယွမ်လော့ဖုန်းကို မနှောင့်ယှက်ချင် တာကြောင့် မြေအောက် လျှို့ဝှက်ခန်းကို မလာခဲ့ပေ။ ဒါပေမဲ့ မြေအောက် လျှို့ဝှက်အခန်း အရွယ်အစားကို ကြည့်ရင်း သူ အံ့ဩမိတယ်။
ကြီးမား ကျယ်ပြန့်သော မြေအောက် လေ့ကျင့်ရေး နယ်မြေကို များစွာသော ခမ်းနား ကြီးကျယ်ပြီးတော့ ကောင်းစွာ ပြင်ဆင်ထားတဲ့ လေ့ကျင့်ကွင်းများ ရှိသည်။ ထို လေ့ကျင့်ကွင်းများကို သေချာစွာ ပိုင်းခြားထားတယ်။  အဝေး တစ်နေရာမှ ကြည့်မယ်ဆိုလျှင်… ဂုဏ်သရေ ကြီးမြင့်ပြီးတော့ ခမ်းနား ကြီးကျယ်သည်။ နေထိုင်ဖို့အတွက် မရေတွက် နိုင်လောက်အောင် များပြားသော နေအိမ်များ ရှိတယ်။ ထိုနေရာသည် ဆောင်းရာသီမှာ နွေးထွေးပြီး နွေးရာသီမှာ အေးမြမှုကို ခံစားရသည်။ ထို့ကြောင့် နေထိုင်ရသည်မှာ သက်သောင့်သက်သာ ဖြစ်စေသည်။
“ကလေးမ…. ဒီလောက် အကြီးကြီးကို ဘယ်သူ တူးထားတာလဲ။ ကြောက်ခမိန်းလိလိ ကြီးမားတဲ့ မြေအောက် လေ့ကျင့်ရေးကွင်းကို တူးဖော်ထားမယ်လို့ မထင်ထားခဲ့ဘူး”
အဘိုးအိုသည် ယွမ်လော့ဖုန်းဘက် လှည့်လိုက်ပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။
ဒီကလေးမလေး…. ဘယ်သူမှ သတိမထားမိစေဘဲ ကြီးမားကျယ်ပြန့်သော တွင်းကြီးကို  တူးခဲ့တယ် ဆိုတာ သူ့အတွက် ယုံကြည်ဖို့ ခက်ခဲတယ်။
ထိုလုပ်ငန်း အောင်မြင်ဖို့ ဆိုသည်မှာ လပေါင်းများစွာ အချိန်ယူပြီး ဆောင်ရွက်ရသည်။
“ကောင်လေး သေးသေးလေးကို ကျေးဇူးတင်ရမယ်”
ယွမ်လော့ဖုန်းလည်း ကောက်ကျစ် စဉ်းလဲစွာ ပြုံးပြီး ပြန်ဖြေလိုက်သည်။
သူမ ထိုစကားကို ပြောပြီးတာနှင့်  သူမအင်္ကျီလက်ထဲမှ  သေးငယ်သော ခေါင်းလေး တိုးထွက်လာသည်။ ဒါက ကြွက်လေးပါ။ ချစ်ဖို့ကောင်းပြီး ပြူးကျယ်ကျယ် မျက်လုံးလေးတွေ ရှိတယ်။ ယွမ်လော့ အာရုံကို ဖမ်းစားနိုင်ရန် ကြွက်လေးက အော်လိုက်သည်။
“ဒါက…. ရွှေရှာကြွက်လေး မလား”
အဘိုးအို ပိုပြီးတော့ အံ့ဩလာရသည်။
“ပြီးတော့… အနိမ့်စား… အဆင့်မြင့် စိတ်စွမ်းအား ကျင့်ကြံသူ”
ဒါက….. မဖြစ်နိုင်ပါဘူး။ ရွှေရှာကြွက်လေးက အသုံးမဝင်တဲ့ ဝိညာဉ်သားရဲ။ ပြောရမယ်ဆိုရင် အလယ်လတ်တန်း အစောပိုင်း ကျင့်ကြံသူ အဆင့်ကို သူတို့ တစ်ဘဝလုံး မရောက်နိုင်ဘူး။ အခုတော့ အမြင့်အဆင့် ကျင့်ကြံသူ အဆင့်ကို ရောက်နေပြီ။  သူ အရင်က မှားယွင်း သိရှိခဲ့တာလား။
“မနေ့ကမှ အဆင့်မြင့် ကျင့်ကြံသူ ဖြစ်လာတာ”
ယွမ်လော့ဖုန်းလည်း နို့လက်ဖက်ရည်လေးကို ပြုံးပြလိုက်ပြီး ဦးခေါင်းကို ညင်သာစွာ ပွတ်သပ် ပေးလိုက်တယ်။
“ဒီကောင်လေးက အဘိုးကို ပြချင်တယ် အံ့ဩမှု မဟုတ်ဘူး။ ဒီနေ့ အဘိုးနဲ့တွေ့ဖို့ လူတစ်ယောက်ကို ခေါ်လာတယ်”
ထိုအချိန်မှာ သူ့နောက်ဘက်က ရုတ်တရက် အသံထွက်ပေါ် လာတယ်။ အဘိုးအိုမှာ အခုချိန်ထိ အတွေးထဲ နစ်မျောနေတာ မပျောက်သေးပါဘူး။
“အဖေ… ရောက်လာခဲ့ပြီလား”
အဘိုးအိုလည်း ကျောက်ရုပ်တစ်ခုလို တောင့်တင်းစွာ ဦးခေါင်းကို လှည့်လိုက်တယ်။ ချောမောလှပပြီး ရည်မွန်သော မျက်နှာကို တွေ့လိုက်ရတယ်။
“ချင်ရာ…. အနောက်ဘက် တောင်တန်းမှာ နေထိုင်နေတာ မဟုတ်ဘူးလား။ လေ့ကျင့်ရေးကွင်းကို ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ။ သား ခြေထောက်တွေ….”
အစက သူ့သားလေး ဘီးတပ်ကုလားထိုင်ပေါ်မှာ မထိုင်တော့တာကို သတိမထားမိ ဖြစ်နေခဲ့တယ်။ သူ့သားလေး သူ့ရှေ့မှာ မတ်တတ်ရပ်နေတာကို တွေ့ရတော့….။ သူ့သားလေးက အရပ်ရှည်တယ်။ ခြေထောက်တွေက ဖြောင့်မတ်စွာ ရပ်တည်နေတယ်။ အတိတ်ကကဲ့သို့ ဝမ်းနည်း ကြေကွဲမှု ရှိမနေဘူး။ ယုံကြည်ချက် အပြည့်ရှိနေတာကို တွေ့နေရတယ်။
လွန်ခဲ့သော ဆယ်နှစ်က လုံယွမ် တိုင်းပြည်က ပြည်သူတွေ ချစ်ခင် လေးစားမှုကို လက်ဆောင် အနေဖြင့် ရရှိထားတဲ့  ရုပ်သွင်ကဲ့သို့ ဖြစ်နေခဲ့သည်။
“ကမ္ဘာကြီး ဘာတွေ ဖြစ်သွားတာလဲ”
အဘိုးအိုအသံက အနည်းငယ် တုန်ရီနေသည်။
“မင်းတို့နှစ်ယောက် ငါ့ကို ပြောပြစမ်းပါ”
“အဘိုး…”
ယွမ်လော့ဖုန်းလည်း ယွမ်ချင်ရာကို ကြည့်လိုက်ပြီးတော့  အဘိုးအနားကို ပြုံးပြီးတော့ လမ်းလျှောက်တယ်။
“တကယ်တော့ ဒုတိယဦးလေးကို ဖုန်းအာ ကုသပေးခဲ့တာ ခြောက်လကြာခဲ့ပါပြီ။ ဦးလေးက ဆယ်နှစ်ကြာ ခြေထောက် မလှုပ်ရှား နိုင်ခဲ့တာကြောင့် ချက်ချင်း လမ်းလျှောက်နိုင်မှာ မဟုတ်ဘူး။ ထို့ကြောင့် လမ်းလျှောက် ပြန်သင်နေရလို့ပါ။ အခုတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီ။ အဘိုးကို အရာရာတိုင်း ပြောပြသင့်တဲ့ အချိန်ရောက်ပြီ”
ယွမ်ချင်ရာကို အံ့ဩ စိတ်လှုပ်ရှားစွာ ကြည့်နေမိတယ်။ သူ ကျာပွတ်နဲ့ ဘေးပတ်ဝန်းကျင်ကို ရိုက်လိုက်ပြီးတော့ ယွမ်လော့ဖုန်း အင်္ကျီကော်လံကို ဆွဲကိုင်လိုက်ပြီးတော့ ဒေါသထွက်စွာ အော်ဟစ်လိုက်တယ်။
“မကောင်းတဲ့ ကလေးမ… ဒီအဘိုးကြီး မသိတာ ဘာတွေရှိသေးလဲ။ အခုချက်ချင်း ပြောစမ်း”
 
***

အပိုင်း(၁၅၈)

ပီတိဖြာနေသော အဘိုးအို(၁)

 
အချိန် တစ်ခဏအတွင်းမှာ အဘိုးအိုက ဒေါသ အရမ်း ထွက်နေခဲ့တယ်။ ယွမ်လော့ဖုန်းကို ဒေါသမျက်ဝန်းတွေနဲ့ ကြည့်နေတယ်။ သူမကို ကိုက်တော့မယ့် အတိုင်းပဲ။ သူမတို့နှစ်ယောက်က သွေးရင်းသားရင်း ဆိုသည့် ဆက်ဆံရေးကို မသိတဲ့ တခြား လူတစ်ယောက် မြင်သွားခဲ့ရင် ကောင်မလေးကို အဘိုးကြီး၏ ရန်သူလို့ ထင်မှတ်မိမှာပါ။
ယွမ်လော့ဖုန်းလည်း သူမ အဝတ်ကော်လံကို ဆွဲကိုင်ထားသော အဘိုးအိုလက်ကို ကြည့်လိုက်တယ်။ သူမမျက်ခုံးကို အနည်းငယ် မြင့်တက် လိုက်ပြီးတော့
“မြေး မပြောရသေးတာ ဆိုလို့ ဒုတိယဦးလေးက သံမဏိတပ်ဖွဲ့ အုပ်ချုပ်သူ ဆိုတာရယ်၊ ခြောက်လအတွင်း ဒီလူတွေကို မြေးလေးအတွက် လေ့ကျင့်ပေးခဲ့တယ် ဆိုတာပါပဲ”
“ဒါဆို ဘိုး… မသိသေးတာ ဘာကျန်သေးလဲ”
အဘိုးအိုလည်း ခါးသက်စွာ ခနဲ့လိုက်သည်။
ဒီကောင်မလေးက သူ့ကို လွန်ခဲ့တဲ့ ၆လတည်းက ကိစ္စ အတော်များကို ဖုံးကွယ်ခဲ့တယ်။ ချင်ရာ ခြေထောက်တွေ ကုသပေးနိုင်ခဲ့တာကို မပြောပြခဲ့ဘူး။ သူ ဒေါသစိတ်ကို ဘယ်လို ထိန်းချုပ်လို့ ရတော့မလဲ။ ဒီကလေးမကို ရိုက်လည်း မရိုက်ရက်ဘူး။ သူ့ဒေါသကို ဖြေလျော့ဖို့အတွက် သူမကို ကျယ်လောင်စွာ အော်ဟစ်တာက အကောင်းဆုံးသော နည်းလမ်း တစ်ခု ဖြစ်တယ်။
ယွမ်လော့ဖုန်းလည်း အပြစ်ရှိသော ခံစားချက်နှင့် ဆက်ပြောလိုက်သည်။
“သံမဏိတပ်ဖွဲ့က လူတွေကို တွေ့ရင် အဘိုး သိမှာပါ”
သူမ စကားသံအဆုံးမှာ ညီညာသော ခြေသံများ နောက်ဘက်မှ ထွက်ပေါ်လာသည်။  ကောင်းစွာ လေ့ကျင့် ပျိုးထောင် ထားသော စစ်တပ် ချီတက်လာသော အသံနှင့်တူတယ်။ အဘိုးအို၏ စိတ်အာရုံကို ဖမ်းစားသွားခဲ့သည်။
သူ့လက်ထဲမှ မိန်းကလေးကို လွှတ်လိုက်ပြီးတော့ စစ်တပ်တစ်ခုကဲ့သို့ ချီတက်လာတဲ့ လူအုပ်စုဘက်သို့ လှည့်ကြည့်လိုက်သည်။ ဂုဏ်ကျက်သရေ မြင့်မားတဲ့ ပုံစံကို မျက်မြင် တွေ့လိုက်ရချိန်မှာ သူ တုန်လှုပ်သွားတယ်။
ထိုလူအုပ်စုက ပုံမှန် ကောင်းစွာ လေ့ကျင့်ထားသော စစ်တပ်နှင့်တူသည်။ တော်ဝင် စစ်တပ်ထက် အားမနည်းပေ။  သို့သော်လည်း သူတို့တွေက လွန်ခဲ့သော ခြောက်လခန့်က လူပတ်ဝန်းကျင် အခြေခံ အဆင့်မှာ ရှိနေခဲ့တဲ့ လူအမှိုက်တွေ ဖြစ်ခဲ့တယ်။
“ဒုတိယဦးလေး လေ့ကျင့်ပေးမှုကို ကျေးဇူးတင်ရမယ်”
ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။ ဒုတိယဦးလေး ဦးဆောင်မှု လက်အောက်မှာ  သံမဏိတပ်က လျင်မြန်စွာ တိုးတက်ခဲ့တယ်။ မီးတောက်အဖွဲ့ကိုလည်း ကူညီ လေ့ကျင့်ပေးခဲ့သည်။ သူတို့တွေ အောင်မြင်မှုနှင့် ဇွဲလုံ့လကို သူမ အံ့ဩမိသည်။
ယွမ်ချင်ရာလည်း ချိုသာစွာ ပြုံးလိုက်တယ်။ ချောမောတဲ့ မျက်နှာမှာ သူ့တူမလေး ယွမ်လော့ဖုန်း အတွက် ဂုဏ်ယူဝင့်ကြွားမှုနှင့် ပြည့်နေသည်။
“မဟုတ်ရပါဘူးဗျာ။ ဦးလေး ကူညီ လေ့ကျင့်ပေးတယ် ဆိုတာ အထောက်ပံ့နေရာ တစ်ခုမှာပဲ ရှိပါတယ်။  တကယ် ကျေးဇူးတင်သင့်တဲ့သူက ဖုန်းအာ….။ ကျောက်ဖရုံသီး သန့်စင်ဆေးရည်နဲ့ စိတ်စုစည်း ဆေးရည်ကို ဖုန်းအာ မပေးရင် သူတို့ ခွန်အား လျင်မြန်စွာ တိုးတက်မှာ မဟုတ်ပါဘူး”
ယွမ်လော့ အစက ထင်ခဲ့မိတာက ဒီလူတွေ ဇွဲကောင်းလို့ပါ။ ယွမ်ချင်ရာ ပြောတော့ ထိုလူတွေ ခွန်အားကို သူ့စိတ်စွမ်းအားနဲ့ စမ်းသပ် တိုင်းတာ ကြည့်လိုက်တယ်။
စစ်တပ် နှစ်ခုလုံး  စွမ်းအားကို အကဲဖြတ်ပြီးနောက် အဘိုးအို လုံးဝ အံ့ဩမှင်တက်သွားတယ်။ ထိုနေရာမှာ လှုပ်ရှားလို့ မရတဲ့ ကျောက်ရုပ် တစ်ရုပ်ကဲ့သို့ ဖြစ်သွားတယ်။
ဘယ်လို ဖြစ်နိုင်မလဲ…..။
တော်ဝင်မိ သားစုက ထိုလူတွေ ပါရမီ အရည်အချင်းကို သေချာ အကဲဖြတ် ထားပြီးမှ အိမ်တော်ကို ပို့လိုက်တာ။ 
အားလုံးက တစ်ဘဝလုံး ကျင့်ကြံမယ် ဆိုရင်လည်း အနိမ့်တန်း အလယ်လတ် အဆင့်ကို မရောက်နိုင်ဘူး။ ဒါပေမဲ့…. အခုတော့…. စစ်တပ်မှာ ရှိတဲ့ လူတိုင်းက အလယ်လတ်ဆင့် ကျင့်ကြံသူ ဖြစ်နေပြီ။  တချို့လူတွေက အမြင့်တန်းအဆင့် ကျင့်ကြံသူ ဖြစ်နေပြီ။ သူတို့ ခွန်အားက စစ်သူကြီးဖြစ်တဲ့ သူနဲ့ ညီမျှတယ်။
ပြောရမယ်ဆိုရင် လုံယွမ်တိုင်းပြည်က စွမ်းအား အကြီးမားဆုံးလူက အမြင့်တန်း အဆင့်မြင့် စိတ်ဝိညာဉ် ကျင့်ကြံသူ အဆင့်ကိုသာ ရောက်ရှိသေးသည်။
ယွမ်လော့ဖုန်း သူမ စစ်တပ်ကို ထုတ်ပြလိုက်ရင် စိတ်လှုပ်ရှားမှုကို ဖန်တီးနိုင်မှာပဲ။ တော်ဝင် မိသားစုကို  ထိတ်လန့်စေမှာ သေချာတယ်။
“ဖုန်းအာ ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ ဆိုတာ ဘိုးဘိုးကို ပြောစမ်းပါ”
ယွမ်လော့ မျက်လုံးက ယွမ်လော့ဖုန်းဘက်သို့ ရွေ့လျားသွားတယ်။  သူ့နှလုံးသားထဲမှ စိတ်ချောက်ချားမှုကို ခံစားလို့ ရနိုင်ပါတယ်။
“ဒီလူတွေ အားလုံးက ပါရမီ အရည်အချင်း နိမ့်ပါးတယ်။ အမြင့်တန်းအဆင့် စိတ်ဝိညာဉ် ကျင့်ကြံသူ အဆင့်ရောက်အောင် ဘယ်လို စီစဉ် ပေးလိုက်တာလဲ”
ယွမ်လော့ဖုန်း ပြုံးလိုက်သည်။ သူမ မျက်နှာမှာ ယုံကြည်မှုနှင့် ပြည့်နှက်နေတယ်။
“မြေး လူရွေးချယ်ရင် ပါရမီအ ရည်အချင်းကို မကြည့်ဘူး။ သူတို့မှာ ပင်ကိုစွမ်းရည် မရှိလည်း  ထူးခြားသည့် ဉာဏ်ပညာရှင် ဖြစ်အောင် ပြောင်းလဲပေးနိုင်သည်။
ကျောက်ဖရုံးသီး သန့်စင်ဆေးရည်က မကောင်းတဲ့ အညစ်ကြေးကို သန့်စင်ပေးပြီး ထူးခြား ထူးချွန်သည့် လူတစ်ယောက် ဖြစ်အောင် ပြောင်းလဲပေးနိုင်သည်။ ကျောက်ဖရုံးသီး သန့်စင်ဆေးရည်ကို နေ့တိုင်း စားသုံးရတယ်။ ဒီအခြေနေကို ဖြတ်မကျော်နိုင်ရင်  မြေး စစ်တပ် မဖွဲ့စည်းတော့ဘူး”
 
***

အပိုင်း(၁၅၉)

ပီတိ ဖြာသော အဘိုးအို(၂)

 
အဘိုးအိုက အသက်ပြင်းပြင်း ရှူလိုက်တယ်။ မျက်နှာမှာ စိတ်လှုပ်ရှားမှုနဲ့ ပြည့်နေသည်။ သူ အပြုံးလေးနှင့် မေးလိုက်တယ်။
“ကောင်မလေး… ကျောက်ဖရုံသီး သန့်စင်ဆေးရည်က တကယ် အလုပ်ဖြစ်တာလား။ ဒီအတိုင်းသာဆိုရင် ဒီအဘိုးကြီး နေ့တိုင်း ရေချိုးပြီးသာ နေထိုင်တော့မယ်”
သူလည်း ကျောက်ဖရုံသီး သန့်စင်ဆေးရည်ကို စိုက်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက ကျက်သရေရှိတဲ့ မိန်းကေလေးကို ကြည့်နေသလို ပုံစံနဲ့ပေါ့။ အမျိုးသမီး တစ်ယောက် အဝတ်ဗလာ ဖြစ်သွားအောင် ဆွဲချွတ်ချင်စိတ်တွေ ဖြစ်လာတယ်။ 
ယွမ်ချင်ရာလည်း ပြောစရာ စကားမဲ့သွားတယ်။ ယွမ်ချင်ရာလည်း အဘိုးအိုရဲ့ ဆန္ဒကို  တစ်ခါမှ မတွေးခဲ့မိဘူး။ အခုတော့ ရေကန်ကို တဏှာ ရာဂ အကြည့်တွေနဲ့ ကြည့်နေတယ်။ ရှက်ဖို့ ကောင်းလိုက်တာ။
ယွမ်လော့ဖုန်းဘည်း ခဏလောက် တွေးလိုက်ပြီးတော့ ပြုံးလိုက်တယ်။
“အဘိုး…ဒီနေရာကို လာပြီးတော့ ကျောက်ဖရုံသီး သန့်စင်ဆေးရည်နဲ့ ရေချိုးလို့ ရပါတယ်။ သို့သော်လည်း… အဘိုး အသက်ရွယ်က မငယ်တော့ဘူး။ ကျောက်ဖရုံသီး သန့်စင်ဆေးရည်က အဘိုးအတွက် အကျိုးရှိမှာ မဟုတ်ဘူး။ အဘိုးအတွက် တခြား လက်ဆောင် တစ်ခုကို ပြင်ဆင်ထားတယ်”
ထိုနောက် ယွမ်လော့ဖုန်းလည်း သူမအင်္ကျီလက်ထဲမှ အရာဝတ္ထုတစ်ခုကို ထုတ်လိုက်တယ်။ ထိုအရာဝတ္ထုက ဟင်္သပဒါးရောင် အသီးလေး ဖြစ်တယ်။ အဘိုး ကျောက်ရုပ်တစ်ခု ကဲ့သို့ ဖြစ်သွားတယ်။  
“အနီရောင် ဖယ်ရီသီး”
ဆေးစံအိမ်တော်က သူမကိုပေးတဲ့ အနီရောင် ဖယ်ရီသီး မဟုတ်လား။ အနီရောင် ဖယ်ရီသီးပင်က တစ်နှစ်မှ တစ်ခါသာ အသီး သီးတယ်။ အခုမှ နှစ်ဝက်တည်း ရှိသေးတယ်။ အောင်မြင်စွာ အသီး သီးသွားတာလား။
ယွမ်လော့ဖုန်းလည်း သူမ ပခုံးကို တွန့်လိုက်တယ်။
“သဘောတရား အရတော့ အနီရောင် ဖယ်ရီသီးလို့သာ ခေါ်သင့်တာ။ ဒါပေမဲ့  ဖုန်းအာက စိတ်ဝိညာဉ် အသီးလို့ ခေါ်မယ်။ စားကြည့်လိုက်ရင် သူ အကျိုး သက်ရောက်မှုကို အဘိုး သိလိမ့်မယ်”
စဉ်းစားမနေတော့ဘဲ ယွမ်လော့ဖုန်းလက်မှ သစ်သီးကို ဆွဲယူလိုက်ပြီးတော့ တစ်ကိုက် ကိုက်လိုက်တယ်။ ချက်ချင်း သူ့ပါးစပ်နှင့် လျှာက အသီး လတ်ဆတ်မှုကို ခံစားရတယ်။ အသီး အရည်တွေကို သောက်သုံး လိုက်တယ်။ အသီးကို အငမ်းမရ ဝါးစားလိုက်တယ်။
“အရသာ ကောင်းပါတယ်။ စာကြည့်ခန်းကို များများ ပို့ထားလိုက်လေ။ ဗိုက်ဆာရင် စားလို့ရတယ်”
အဘိုးက သူ့ပါးစပ်ကို သုတ်လိုက်တယ်။ မျက်နှာမှာ အပြုံးတွေ ဝေဆာနေတယ်။
ယွမ်လော့ဖုန်း မျက်နှာမှာ ပိုမည်းမှောင်သွားတယ်။
အဘိုးက စိတ်ဝိညာဉ် သစ်သီးကို ဘာလို့ ထင်နေတာလဲ။ ဗိုက်ဆာရင် စားမယ်။ သူ့စကားကို တခြားလူသာ ကြားရင် တိုင်းပြည်မှာရှိတဲ့ လူအားလုံး ဓားပြလာတိုက်မှာ သေချာတယ်။
“ဝုန်းခနဲ မြည်ဟည်းသံ”
ထိုအချိန်မှာ စွမ်းအား ကောင်းသော စိတ်ဝိညာဉ် စွမ်းအားတွေ သူ့ဝိညာဉ်ကြောမှာ စုစည်း လာတယ်။ အတားအဆီး နယ်မြေကို ပြင်းထန်စွာ တိုက်ခိုက်တယ်။ တစ်ခဏချင်းမှာ ပါးလွှာတဲ့ စာရွက်တစ်ခုကဲ့သို့ သန်မာတဲ့ အတားအဆီး ပွင့်ထွက်သွားတယ်။ အဘိုး အဆင့်အသစ် တစ်ခုကို ရောက်ရှိသွားတယ်။
အဘိုးက အံ့ဩနေတယ်။
ယွမ်ချင်ရာလည်း အံ့ဩနေတယ်။
သံမဏိတပ်ဖွဲ့နှင့် ပြင်းထန်သော မီးတောက်အဖွဲ့မှ လူများကြောင့် ထိုမြင်ကွင်းကြောင့် အံ့ဩ ထိတ်လန့် သွားတယ်။  သူတို့အားလုံး အဘိုးအိုကို အံ့ဩမှင်တက်စွာ ငေးကြည့်နေခဲ့တယ်။ အခုချိန်မှာ ဘာတွေ ဖြစ်ပျက်ခဲ့လည်း ဆိုတာ သေချာ မသိ ဖြစ်နေခဲ့တယ်။
စစ်သူကြီးယွမ်က အပြာရောင် အတားအဆီးကို ဘာကြောင့်  ဖြတ်ကျော်ခဲ့တာလဲ။
“စိတ်ဝိညာဉ် သစ်သီးက အလုပ်ဖြစ်တယ် ထင်ပါတယ်”
မိန်းကလေးရဲ့ တခစ်ခစ် ရယ်မောသံကို ကြားတော့ သူ့ခေါင်းကို မော့လိုက်တယ်။ မယုံကြည်နိုင်သော တုန်ရီသော လေသံဖြင့် 
“ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ”
ထိုအတားအဆီးက နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တယ်။ သူ ဘယ်လိုပဲ ခက်ခက်ခဲခဲ ကြိုးစားခဲ့လည်း ရှေ့ဆက် မတက်နိုင်ခဲ့ပေ။ ဒါပေမဲ့ အခုချိန်မှာ အခက်အခဲကို ဘယ်လို ကျော်ဖြတ် နိုင်ခဲ့တာလဲ။ လုံးဝ ဖြစ်နိုင်ချေ မရှိဘူး။
“ပြောရမယ် ဆိုရင်တော့ ဒုတိယဦးလေးကို နောက်တစ်ကြိမ် လမ်းလျှောက်နိုင်အောင် ပြုလုပ်ပေးခဲ့ရုံသာမက အဘိုး အခက်အခဲကို ကျော်လွှားနိုင်ဖို့ နည်းလမ်း ရှာတွေ့ခဲ့တယ်”
ကောက်ကျစ်စဉ်းလဲစွာ ယွမ်လော့ကို ကြည့်လိုက်ပြီးတော့ တခစ်ခစ် ရယ်မောလိုက်တယ်။ သူမနှုတ်ခမ်းကို ချစ်ဖို့ကောင်းအောင် တွန့်ကွေးလိုက်တယ်။
“အခုတော့ ဖုန်းအာ ပေးခဲ့သော ကတိတည်ကို ဖြည့်ဆည်းပေး ပြီးပြီလို့ ပြောလို့ ရပြီ”
“ဝုန်းခနဲ မြည်ဟည်းသံ”
သူမစကားသံက မိုးကြိုးသံကဲ့သို့ သူ့နားမှာ ပဲ့တင်ထပ်လာတယ်။ သူမ ပြုလုပ်ခဲ့တာကို ဝန်ခံပြီးနောက်မှာ သူမ နောက်တစ်ကြိမ် ထပ် အံ့ဩရတယ်။ အနီရောင် ဖယ်ရီသီးကို မုန့်အဖြစ် ပေးဖို့ ယွမ်လော့ဖုန်းကို ပြောခဲ့တာ တကယ်ကို ရယ်စရာ ကောင်းခဲ့တယ်။

 
***

အပိုင်း(၁၆ဝ)

ပီတိဖြာနေသော အဘိုးအို(၃)

 
အခက်အခဲကို ကျော်လွှားနိုင်ပြီးတော့ အမြင့်အဆင့် စိတ်စွမ်းအား ကျင့်ကြံသူ အဆင့်ကို ရောက်ရှိအောင် ကူညီပေးနိုင်တဲ့ စိတ်ဝိညာဉ် သစ်သီး  အနီရောင် ဖယ်ရီသီးထက် ပိုပြီးတော့ တန်ဖိုးရှိတယ်။ သူ့မြေးလေးမှာ တစ်ခုတည်းရှိတာ ဖြစ်နိုင်တယ်။
“ဟား… ဟား… ဟား…”
ရုတ်တရက်… ပီတိဖြာနေသော ရယ်သံက မြေအောက် လေ့ကျင့်ရေးကွင်းမှာ ပျံ့နှံ့သွားတယ်။ သူ့နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို လျော့ပါးစေရန် ဟားတိုက် ရယ်မောလိုက်တယ်။
“နှစ်တွေ ကြာခဲ့ပြီလဲ…. နှစ်တွေကြာခဲ့ပြီလဲ… နောက်ဆုံး အခက်အခဲကို ကျော်လွှား နိုင်ခဲ့ချိန်က အတော်ကို ကြာခဲ့ပြီ။ ကွမ်တု…. ခွေးဘုရင်…။ မင်း စောင့်ကြည့်နေလိုက်… မင်းပြုလုပ်ခဲ့တာတွေ အတွက် ပြန်လည် ပေးဆပ်စေရမယ်”
ယွမ်လော့ဖုန်းလည်း ပီတိဖြာနေသော အဘိုးအိုကို ကြည့်လိုက်တယ်။  ထို့နောက် စစ်တပ်မှ လူတွေဘက်ကို အကြည့် ပြောင်းလဲ လိုက်တယ်။
“အမြင့်တန်းအဆင့် ကျင့်ကြံသူ အဆင့်ကို ရောက်ရှိတာ သံမဏိတပ်ဖွဲ့က သုံးယောက်နဲ့ မီးတောက်အဖွဲ့က နှစ်ယောက်ရှိတယ်။ တစ်ယောက်ချင်းစီက စိတ်ဝိညာဉ် သစ်သီးကို ရရှိမယ်။ ဒါပေမဲ့  အလယ်လတ်တန်း မြင့်မားသော အဆင့်ကို ရောက်ရှိမှ စားဖို့ တိုက်တွန်းချင်တယ်။ ထိုသစ်သီးနဲ့ အခက်အခဲကို ကျော်လွှားနိုင်အောင် ပြုလုပ်ပါ”
သက်တော်စောင့်တွေကို ပေးတယ်။  ရယ်မောနေတဲ့ အဘိုးအို  တံတွေး သီးသွားရမယ်။ သူ့မျက်နှာ နီရဲလာပြီးတော့  စတင်ပြီး ချောင်းဆိုးတော့တယ်။
“မြေးဆိုးလေး… စိတ်ဝိညာဉ်သစ်သီး ဘယ်လောက် ရှိတာလဲ”
နောက်ဆုံးတော့ အဘိုး ချောင်းဆိုးတာ ရပ်သွားခဲ့ပြီး ယွမ်လော့ဖုန်းကို ဒေါသထွက်စွာ ကြည့်နေတယ်။
ထိုကောင်မလေးက သူ့ကို အံ့ဩမှုအစား တကယ်တမ်း ခြောက်လှန့်မှုကို ပေးနေတာပဲ။ သူ စိတ်မခိုင်ရင် ထိုအံ့ဩမှုကြောင့် နှလုံး ထိခိုက်ပြီး သေဆုံးနိုင်တယ်။
ယွမ်လော့ဖုန်း တစ်ခဏတာ တိတ်ဆိတ် နေလိုက်ပြီးတော့  
“တစ်ဖွဲ့ချင်းစီက လူတိုင်း ရနိုင်လောက်တဲ့အထိ ရှိတယ်”
ယွမ်လော့ဖုန်း စကားကို ကြားပြီးနောက် ယွမ်လော့နှလုံးသား ဆတ်ခနဲ တုန်လှုပ်သွားတယ်။ အသက်ရှူ ရပ်တန့်သွားတော့ သကဲ့သို့ ခံစားရတယ်။
ထူးခြားတဲ့ သစ်သီး တစ်ခုတည်း ရှိမယ်လို့ တွေးခဲ့တာ။ အဖွဲ့နှစ်ဖွဲ့က တစ်ယောက်ချင်းစီကို ပေးနိုင်လောက်တဲ့အထိ  အများကြီး လျှို့ဝှက်စွာ ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။ 
အဘိုးအို သိပ်မအံ့ဩဘူး ထင်မိတာကြောင့် သူမ ထပ်ပြောလိုက်တယ်။
“ဒီသစ်သီးတွေ အားလုံး ကုန်သွားလည်း ပြန်ရနိုင်ပါသေးတယ်။  ယွမ်အိမ်တော်က သက်တော်စောင့် အားလုံး အမြင့်အဆင့် စိတ်စွမ်းအား ကျင့်ကြံသူ ဖြစ်စေချင်ရင် မြေးလေးမှာ သစ်သီးတောင်းလို့ ရပါတယ်။ ယွမ်အိမ်တော်ကို သစ္စာခံတဲ့လူ ဆိုရင်တော့ ထောက်ပံ့မှု ပေးမှာပေါ့”
လုံးဝ ရူးသွားပြီးပဲ။ ယွမ်လော့လည်း ယွမ်လော့ဖုန်း အင်္ကျီကော်လံကို နောက်တစ်ကြိမ် ဆွဲကိုင်လိုက်ပြီးတော့ ကျယ်လောင်စွာ အော်လိုက်တယ်။
“မြေးဆိုးလေး… ဒီလို ပစ္စည်းကောင်းတွေ ရှိနေလည်း ဘိုးဘိုးကို အစောကြီးတည်းက ဘာလို့ မပေးရတာလဲ။ လာခဲ့… ခုချက်ချင်း အလုံး၁ဝဝပေး။ ပိုများလေ ကောင်းလေပဲ။ ဘယ်တော့မှ  လုံလောက်တယ် ဆိုတာ မရှိစေရဘူး”
ယွမ်လော့ဖုန်းလည်း အနည်းငယ် မျက်ခုံး တွန့်လိုက်ပြီးတော့ ယွမ်လော့လက်ကို ဖယ်ရှားလိုက်တယ်။
“စိတ်ဝိညာဉ် သစ်သီးက ပထမဆုံး စားသုံးချိန်မှာပဲ အသုံးဝင်မှု ရှိတယ်။ နောက်ပိုင်း… ဘယ်လောက်ပဲ စားစား အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူး”
“မုန့်တစ်ခု အနေနဲ့ စားနိုင်တယ်မလား။ သစ်သီးတွေ ပေးလိုက်ပါ”
ယွမ်လော့ဖုန်း နှလုံးသားမှာ ရှုပ်ထွေးသွားတယ်။ သူမ အင်္ကျီလက်ထဲမှ စိတ်ဝိညာဉ် သစ်သီး နှစ်လုံးကို ယူလိုက်တယ်။ အဘိုးအို လက်ထဲကို ထည့်ပေးလိုက်တယ်။
“ဒါပဲလား”
“ဖုန်းအာ ၃ခုပဲ ယူလာခဲ့တာ။ အခုတော့ မရှိသေးဘူး။ ရှိသမျှ အဘိုးကို ပေးလိုက်တာပဲ။ မနက်ဖြန်မှာ အဘိုး စာကြည့်ခန်းကို ပို့ခိုင်းလိုက်မယ်”
ယွမ်လော့ဖုန်း စကားကို ကြားတော့ ယွမ်လော့ သံသယရှိစွာ သူမကို ကြည့်လိုက်တယ်။ မယုံကြည်စွာ မေးလိုက်တယ်။
“အမှန် ပြောနေတာလား”
“ဖုန်းအာ ကျိနန်ပြောတယ်”
ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်လိုက်တယ်။ ဟန်မဆောင်စွာ ကြည့်လိုက်တယ်။
“ဒါဆိုလည်း နောက်ထပ် တစ်ကြိမ် ပိုပြီးတော့ ယုံကြည် ပေးလိုက်မယ်”
စိတ်ဝိညာဉ်သစ်သီးကို သိမ်းထားလိုက်တယ်။
“နောက်ဆို ပစ္စည်းကောင်းလေး တွေ့ရင် ဒီက ဘိုးဘိုးကို အရင်ဆုံး ပေးဖို့ မမေ့နဲ့နော်”
 
***

Bạn đang đọc truyện trên: Truyen247.Pro