
141+142+143+144+145
အပိုင်း(၁၄၁)
ကုသမှုတစ်ခုတည်းနှင့် နာမည် ကျော်ကြားလာခြင်း (၇)
“ရှင်က လင်းကုန်းကုန်း သင်းကွပ်တာကို ရှောင်ရှားခဲ့တယ်လို့ ယူဆတယ်ဆိုရင် ရှင့်အတွက် ကိုယ်စား ဖုန်းအာက သင်းကွပ် ပေးရတာပေါ့”
ယွမ်လော့ဖုန်းလည်း ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ သူမ လက်ထဲက ဓားရှည်ကို မလိုက်ကာ လင်းကုန်းကုန်း ခွကြားက ကိုယ်အင်္ဂါကို ဓားဖြင့် လှီးဖြတ်လိုက်တယ်။ သူမမျက်ဝန်း တစ်စုံကို ယွမ်ရှောင်က လက်ဖြင့် ဖုံးကွယ်ထားတာကြောင့် ဒီဓားချက်က သူမရဲ့ အာရုံခံအသိအပေါ် မူတည်ပြီး ဖြတ်ထုတ်လိုက်တာ ဖြစ်သည်။
“အား…”
နှလုံးသား ကွဲကြေမတတ် အော်ဟစ်သံက လေထဲမှာ ထိုးဖောက် ဝင်ရောက် လာတယ်။ အားလုံး ကြောက်ရွံ့ ထိတ်လန့် ရလွန်းလို့ ဆံပင်တွေ အဆုံးထိ ထောင်လာသည်။
လင်းကုန်းကုန်းမှာ နာကျင်မှုကြောင့် အားအင် ဖျော့တော့ကာ သတိလစ်သွားတယ်။ လတ်ဆတ်တဲ့ သွေးရည်တွေက သူ့ခန္ဓာကိုယ် အောက်ပိုင်းမှ စီးဆင်းကျလာသည်။ အနီရောင် ပန်းချီကားကို ရေးဆွဲနေသလိုပဲ။ မိန်းကလေးရဲ့ ရက်စက်မှုနှင့် တိကျ ပြတ်သားတဲ့ နည်းဗျူဟာကြောင့် အမတ်တွေအားလုံး စိတ်ထဲမှာ တုန်နေအောင် ကြောက်ရွံ့မိတယ်။ လူတိုင်းရှေ့မှာ လင်းကုန်းကုန်းကို သင်းကွပ်မယ်လို့ မမျှော်လင့်ထားဘူး။
“ယွမ်လော့ဖုန်း”
ကွမ်တုတစ်ယောက် လုံးဝကို ဒေါသထွက် နေပါပြီ။ သူ ချက်ချင်း မတ်တတ် ထရပ်လိုက်ပြီးတော့ ဒေါသထွက်စွာ စကားဆိုတယ်။
“မင်း ဘာလုပ်တာလဲ”
ကွမ်တု ဒေါသထွက်နေတာကို အာရုံထဲကို မထည့်ဘူး။ ခံစားချက်လည်း ထားမနေဘဲ ယွမ်လော့ဖုန်း ခပ်တည်တည်နဲ့ ဆက်ပြောလိုက်တယ်။
“ရုန်အကြီးအကဲ…. နောက်ထပ် ဆေးရည် တစ်ခွက်ကို ပြင်ဆင်ပေးပါ။ သူ့ကို အတင်း တိုက်ပေးပါ။ ဒီတစ်ကြိမ်တော့ ကျွန်မ ကိုယ်တိုင် အားလုံးရှေ့မှာ လင်းကုန်းကုန်းကို သင်းကွပ်ပေးလိုက်ပြီ။ တချို့လူတွေ နောက်ထပ် ဆင်ခြေပေးလို့ မရနိုင်တော့ဘူး”
ရုန်အကြီးအကဲလည်း အံ့ဩမှင်တက်ခြင်းမှ တဖြည်းဖြည်း ပြန်လည် အသိဝင်လာပြီး ဟားတိုက် ရယ်မောလိုက်သည်။
“မိန်းကလေး… ဆေးကျန်နေတာ ရှိသေးတယ်။ အခု မိန်းကလေးအတွက် သွားယူလာခဲ့ပေးမယ်”
မိန်းကလေးက လူသားမဆန်ဘူး။ ဆုံးဖြတ်ချက်က တိကျခိုင်မာတယ်။ သူမ ရန်သူတွေကို ကြင်နာတဲ့ နှလုံးသားနဲ့ ပြုမူ ဆက်ဆံနေမှာ မဟုတ်ပေ။ သူမရဲ့ အနာဂတ် အောင်မြင်မှုကို ခန့်မှန်းလို့ ရနိုင်မည် မဟုတ်။
သူ ပြောသင့်တာကို ပြောပြီးနောက် နန်းဆောင်မ အပြင်ကို ပြေးထွက် သွားတယ်။ ပူလောင် ပြင်းပြသော နေရောင်အောက်မှာ လျင်မြန်စွာ ပျောက်ကွယ် သွားသည်။
တစ်ခဏ ကြာသောအခါ
ဆေးရည် စွပ်ပြုတ် ခွက်ကို ကိုင်ဆောင်ကာ ရုန်အကြီးအကဲ ခြေလှမ်းကျဲများနှင့် အလျင်မြန် ဝင်ရောက်လာတယ်။ ဘာစကား တစ်ခွန်းမှ မပြောဘဲ သူ့လက်ချောင်းများက လင်းကုန်းကုန်း ပါးရိုးကို ဆွဲကိုင်ကာ သူ့ပါးစပ်ထဲကို ဆေးရည် အတင်း လောင်းချလိုက်တယ်။
“အဟွတ် အဟွတ်”
မိန်းမစိုးလည်း အသက်ရှူကျပ်ကာ ချောင်းဆိုပြီး နိုးထလာသည်။
တစ်ချိန်တည်းမှာ ယွမ်လော့ဖုန်း လက်သီးက သူ့ခန္ဓာကိုယ်ပေါ် နောက်တစ်ကြိမ် ကျရောက်လာတယ်။ ပါးစပ်အပြည့် သွေးတွေ အန်ထွက်လာတယ်။ ဖြူဖျော့နေပြီးသား ဖြစ်နေတဲ့ မျက်နှာက သေတော့မယ့် လူတစ်ယောက် မျက်နှာ အဖြစ်သို့ ပြောင်းလဲသွားတယ်။
ထိုကဲ့သို့သော ညှဉ်းပန်းမှုဒဏ်ကို ခံစားရပြီးနောက် သူ ဆယ်နှစ်လောက် အသက် ပိုကြီးသွားသလို ခံစားရသည်။ သူ့မျက်လုံးတွေလည်း အာရုံစူးစိုက်လို့ မရအောင် မူးနောက်နေပြီ ဖြစ်သည်။
အမတ်တွေအားလုံး မျက်လုံးတွေက လင်းကုန်းကုန်းကို မျက်တောင်မခတ် စူးစူးစိုက်စိုက် ကြည့်နေသည်။ သူတို့ တစ်ခုကို လွဲချော်သွားမှာ စိုးရိမ်နေတဲ့ ပုံစံပဲ။ မုဝူစွမ်း ကိုယ်တိုင်လည်း ယောက်ျား၊ မိန်းမ ခြားနားတယ် ဆိုတာ မေ့လျော့ကာ လင်းကုန်းကုန်း ခွကြားကို သူမ မျက်လုံးတွေနဲ့ ကြည့်နေတယ်။
အားလုံးရဲ့ အကြည့်အောက်မှာ လင်းကုန်းကုန်းရဲ့ သွေးစိုနေတဲ့ ခွကြားက တဖြည်းဖြည်း ကြီးထွားလာတယ်။ ချွန်မြတဲ့ အဆုံးသတ်တစ်ခု ဖြစ်ပေါ်လာတယ်။ ပဲစေ့ အညှောက်ထွက် သကဲ့သို့ ဆင်တူတယ်။
ခန်းမတစ်ခုလုံးက လူတွေက သူ့ခန္ဓာကိုယ် ပြောင်းလဲသွားတာကို ငြိမ်သက်စွာ ကြည့်ရှုနေတယ်။
တိတ်ဆိတ် လွန်းတာကြောင့် အခန်းထဲမှာ အပ်ကျသံကိုပင် ကြားနိုင် လောက်တယ်။
ဘန်း
ကွမ်တု ခန္ဓာကိုယ်က တော်ဝင် ပလ္လင်ပေါ်က လဲကျသွားတယ်။ မူးမိုက်ပြီး ဖြူဖျော့နေတဲ့ လင်းကုန်းကုန်းကို စူးစိုက်ကြည့်နေတယ်။ သူပြောခဲ့တာ စကားတွေကို ပြန်တွေးကြည့် လိုက်တော့ အတော်ကို ရယ်စရာ ကောင်းခဲ့တာ…။
“မဖြစ်နိုင်ဘူး။ တကယ် အစစ်မှန် မဟုတ်ဘူး”
မုချင်ချောင်က အရင်ဦးဆုံး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူပါ။ သူ့ခန္ဓာကိုယ်က ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်နေတယ်။ မယုံကြည်နိုင်သော မျက်လုံးတွေနဲ့ မူးဝေ ယိမ်းယိုင်လာတယ်။ လင်းကုန်းကုန်းကိုသာ မသွေမဝ မယိမ်းမယိုင် ကြည့်နေတယ်။
မိန်းမစိုး တစ်ယောက်က ယောက်ျားတစ်ယောက် အဖြစ်ကို ပြောင်းလဲ သွားတာလား။ သူ ဒီလိုကိစ္စမျိုးကို မကြားဖူးခဲ့ဘူး။
ယွမ်လော့ဖုန်းက လင်းကုန်းကုန်းကို သူတို့ရှေ့မှာ သင်းကွပ်ခဲ့တာ ကြောင့်သာ မဟုတ်ရင် သူတို့လည်း ကွမ်တု တွေးခဲ့သလို တွေးမိမှာပါ။ ဆေးအကျိုး သက်ရောက်မှု အစား သင်းကွပ်တာကို ရှောင်ရှားတာလို့ သေချာပေါက် တွေးမိမှာပါ။
ထိုအချိန်မှာ နန်းဆောင်မ အတွင်းမှ အမတ်အားလုံးရဲ့ မျက်လုံးတွေက စိတ်အားထက်သန်တဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်။
သူမ ဆေးပညာက ထူးချွန်လွန်းလို့ မိန်းမစိုး တစ်ယောက်ကို ယောက်ျား တစ်ယောက် အဖြစ်သို့ ပြောင်းလဲ နိုင်တာပေါ့။ မုဝူစွမ်းမပြောနဲ့ သူ့ဆရာမှာ ဒီလို ဖြုံလောက်တဲ့ အရည်အချင်း မပိုင်ဆိုင်ဘူး။ မုဝူစွမ်းက ယွမ်လော့ဖုန်းကို သင်ခန်းစာ ပို့ချတဲ့ လေသံနဲ့ပြောတာ ပြက်ရယ်ပြုဖွယ် ကောင်းလွန်းတယ်။
***
အပိုင်း(၁၄၂)
ဂုဏ်ညှိုးငယ်ခြင်း(၁)
“အရှင်မင်းကြီး … ကျွန်တော်မျိုး မြေးလေးက ဒီပြိုင်ပွဲမှာ အနိုင်ရရှိသူပေါ့။ အခုချိန်မှာ အမတ်ချုပ် မုအိမ်တော်က ပေးထားတဲ့ ကတိကို ဖြည့်ဆည်းပေးဖို့ အရှင်မင်းကြီး အမိန့် ချမှတ်သင့်ပြီ”
ယွမ်လော့မျက်နှာမှာ ကျေနပ် ပျော်ရွှင်မှုတွေကို တွေ့နေရတယ်။ ရှင်းလင်းတဲ့ လေသံနဲ့ မေးလိုက်တယ်။
ထိုအချိန်မှာ ကွမ်တုမျက်နှာက ပျာယာခတ် နေတယ်။ သူ့ခန္ဓာကိုယ်က တော်ဝင် ပလ္လင်ပေါ်က လဲကျသွားတယ်။
သူမ အမြင်အာရုံတွေက မုချင်ချောင်နဲ့ သူ့မြေးမကို ရွေ့လျားသွားတယ်။
“အမတ်ချုပ်မု… မနက်ဖြန် ယွမ်လော့ဖုန်း မိဘတွေ အုတ်ဂူကို သွားရမယ်။ ယွမ်မိသားစုရှေ့မှာ ဒူးထောက် တောင်းပန်ရမယ်။ ပြည်သူတွေ မြင်တွေ့ရဖို့ မင်းအပြစ်တွေကို စာရေးရမယ်။ ထိုစာကို မြို့တော်နံရံမှာ ကပ်မယ်”
မုချင်ချောင် ပုံစံက ဖြူဖျော့နေသည်။ သူ့ခေါင်းကို ငုံ့လိုက်တယ်။ သူ့မျက်လုံးမှာ လက်စားချေလိုသော အရိပ်မြွက်ကို တွေ့နေရသည်။
“ကျွန်တော်မျိုး နာခံပါမယ်”
ထိုအချိန်မျိုးမှာ ကွမ်တု သူ့ကို နှစ်သက်နေလို့ မရပေ။ သူပုံရိပ်ကို ထိန်းသိမ်းရမယ်။
သို့သော်လည်း ထိုရန်ကြွေးကို သူ မှတ်ထားမယ်။ ဒီမကောင်းတဲ့မိန်းမ ယွမ်လော့ဖုန်း ပြန်လည် ပေးဆပ်စေရမယ်။
“ငါ့ကိုယ်တော်မြတ် ပင်ပန်းနေပြီ။ မင်းတို့အားလုံး ပြန်လို့ ရပြီ”
ကွမ်တုလည်း နှလုံးသားမှာ နာကြည်း ခါးသက်မှုနဲ့ မျက်လုံးတွေကို ပိတ်လိုက်တယ်။
ယွမ်လော့ဖုန်းက ထူးချွန်တဲ့ ဆေးပညာ အရည်အချင်း ပိုင်ဆိုင်တဲ့ သမားတော် တစ်ယောက် ဖြစ်လာမယ်လို့ သူ မထင်ထားခဲ့မိဘူး။ မဟုတ်ရင် အမတ်ချုပ်မု အိမ်တော်ဘက်က မရပ်တည်ခဲ့ပါဘူး။ ပါရမီရှင် သမားတော် တစ်ယောက်ကို အမှားကျူးလွန် မိသွားခဲ့ပြီ။
အချိန် တစ်ခဏအတွင်းမှာ ရုန်အကြီးအကဲ ပြောခဲ့တဲ့ စကားနောက်ကွယ်က အဓိပ္ပာယ်ကို နားလည်လာခဲ့တယ်။
ယွမ်လော့ဖုန်းနဲ့ နှိုင်းယှဉ်လိုက်ရင် မုဝူစွမ်းက ဘာတန်ဖိုးမှ မရှိဘူး။
“နင်အကြီးအကဲ”
ယွမ်လော့ဖုန်းလည်း သူမနှုတ်ခမ်းမှာ ကောက်ကျစ် စဉ်းလဲသော အပြုံးကို ပုံဖော်လိုက်ပြီးတော့ မျက်ခုံးတွန့်ကွေးကာ နင်အကြီးအကဲကို ကြည့်လိုက်သည်။
“နင်အကြီးအကဲ ဒီနှစ်တွေမှာ အမတ်ချုပ် အိမ်တော်နဲ့ ပတ်သက်ပြီးတော့ စုံစမ်းထားတဲ့ သတင်းတွေကို ပေးပါ။ သူတို့အပြစ်ကို ချရေးတဲ့အခါ တစ်ခုမှ မကျန်စေရဘူး”
လွန်ခဲ့သော ခြောက်လခန့်က မုအိမ်တော်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ရှာဖွေပေးဖို့ နင်အကြီးအကဲကို အကူအညီ တောင်းခဲ့တယ်။ ဒီနေ့တော့ ထိုကိစ္စက အသုံးဝင်သွားခဲ့ပြီ။
လူတိုင်းရှေ့မှာ မုမိသားစုက သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဝန်ခံရအောင် သူမ ပြုလုပ်မယ်။
“နောက်ပြီးတော့…..”
ယွမ်လော့ဖုန်း အပြံးက မပြောင်းလဲသွားဘူး။ ပိုပြီးတော့ ဆွဲဆောင်မှုရှိစွာ လှပလာတယ်။
“အမတ်ချုပ် မုအိမ်တော်က သူတို့ပြစ်မှုကို ဝန်ခံစာ ရေးတာနဲ့ မလုံလောက်နိုင်ဘူး။
လုံယွမ်ပြည်သူတွေ ရှေ့မှာ သူတို့ ပြစ်မှုကို ကြေညာစေချင်တယ်”
“ယွမ်လော့ဖုန်း”
မုချင်ချောင် လက်သီးကို ဒေါသထွက်စွာ ကျစ်ကျစ် ဆုပ်ကိုင်ထားတယ်။ သူ့ရင်ဘတ်ထဲမှာ ဒေါသတွေ ပေါက်ကွဲထွက်လု နီးပါးပဲ။
“သည်းခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်မလာနဲ့”
“ရှင်တို့ မုအိမ်တော်က ပြိုင်ပွဲမှာ နိုင်မယ် ထင်နေတာလား”
ယွမ်လော့ဖုန်းလည်း ဖြူဖျော့နေတဲ့ မုချင်ချောင်ကို မျက်စောင်းထိုးပြီးတော့ ကြည့်လိုက်တယ်။
“ဒီလိုဆိုတော့လည်း ယွမ်ရှောင်လေး… မနက်ဖြန် သူတို့တွေကို မြို့ဝင်ဂိတ်ကို ကြိုးတုပ် ခေါ်လာခဲ့။ သူတို့ ပြစ်မှုကို အတင်းအကျပ် ကြေညာခိုင်း။ သူတို့ ပါးစပ်ကို မဖွင့်ချင်ရင် သူတို့ကို ရိုက်နှက်ရမယ်။ စကားပြောချင်လာတဲ့ အထိ ရိုက်ရမယ်”
“ယွမ်လော့ဖုန်း … မင်း ရူးနေလား။ တရားရုံးတော်မှာ အရေးပါတဲ့ အမတ်တစ်ယောက်။
မင်းမှာ ဘာအရည်အချင်းရှိလို့ ငါ့ကို ကြိုးတုပ်နိုင်မလဲ”
မုချင်ချောင် မျက်လုံးမှာ လူသတ်ချင်စိတ်တွေ ဖြစ်ပေါ်နေတယ်။ ထို့ကြောင့်လည်း ဒေါသထွက်စွာ ထိုစကားကို ပြောလိုက်ခြင်း ဖြစ်သည်။
ယွမ်လော့ဖုန်းလည်း ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီးတော့
“ရှင်က အရေးပါတဲ့ အမတ် ဖြစ်နေတော့လည်း ဘာအရေး စိုက်နေရမလဲ။ ကျွန်မ အပြုအမူအတွက် ဘယ်သူ့ကိုမှ ကြောက်ရွံ့နေဖို့ မလိုအပ်ဘူး။ ရှင် မယုံကြည်ဘူးဆိုရင် ရှင် စမ်းသပ်ကြည့်နိုင်ပါတယ်”
မုချင်ချောင် လက်သီးကို ဒေါသထွက်စွာ ကျစ်ကျစ်ဆုပ်ကိုင် ထားသည်။ ဒေါသထွက်လွန်းလို့ တုန်ရီနေသည်။ သူ့မျက်လုံးက မီးဝင်းဝင်းတောက် နေသည်။ မိန်းကလေးရဲ့ နွမ်းလျလျနှင့် ဆွဲဆောင်မှုရှိသော ကိုယ်ဟန် အနေအထားကို ခက်ထန် ကြမ်းတမ်းစွာ စူးစိုက်ကြည့်နေသည်။ သူ့မျက်လုံး အကြည့်တွေက ပိုပြင်းထန်လာတယ်။
ဒီ မိမဆုံးမ ဖမဆုံးလေးကို ယွမ်လော့ နန်းတော်ကို ပြန်မလာခင် ကတည်းက သတ်ပစ်ခဲ့လိုက် သင့်တာ။ ဒါပေမဲ့ ဒီအမှိုက်မက ပြဿနာ ပြန်ရှာလာမယ်လို့ မထင်ထားခဲ့ဘူး။
“မုချင်ချောင်…. သူခိုး အကြီးစား ဖြစ်ပြီး မယုံကြည်ရတဲ့ မင်း အရှက်မဲ့မယ်လို့ မထင်ထားခဲ့မိဘူး”
ယွမ်လော့လည်း လှောင်ပြောင် အော်ရယ်လိုက်တယ်။
“သို့သော်လည်း မင်း ကတိပေးထားပြီးပြီ ဆိုတော့လည်း မင်း ထိုကတိကို လိုက်နာရမှာပေါ့။ မင်း ကတိကို မဖြည့်ဆည်းပေးဘူး ဆိုရင်တော့ ငါ အင်အား သုံးတယ်လို့ လာမပြောနဲ့”
***
အပိုင်း(၁၄၃)
ဂုဏ်ညှိုးငယ်ခြင်း(၂)
“မင်း……”
မုချင်ချောင် အလွန်မင်း ဒေါသထွက် နေခဲ့ပါသည်။ ဘာစကား ဆက်ပြောရမှန်း မသိအောင် ဆွံ့အသွားမိတယ်။ ကွမ်တုကို မသိမသာ လှမ်းကြည့်လိုက်သည်။ ကွမ်တုက တစ်ချိန်လုံး မျက်လုံး ပိတ်ထားခဲ့ပြီး ငြင်းခုံနေတာကို လျစ်လျူရှုထားသည်။ သူ့နှလုံးသားက တဖြည်းဖြည်းချင်း စိတ်အားငယ် လာမိရသည်။
“ယွမ်လော့ဖုန်း”
မုဝူစွမ်းလည်း သူမနှလုံးသားထဲမှာ ဖြစ်ပေါ်လာတဲ့ မနာလို ဝန်တိုစိတ်ကို ဖိနှိပ်လိုက်ပြီးတော့ ယွမ်လော့ဖုန်းကို ခံစားချက်မဲ့စွာ ကြည့်လိုက်သည်။ သူမရဲ့လှပတဲ့ မျက်လုံးမှာ မုန်းတီးစိတ်ကို တွေ့နေရသည်။
“ငါ… မုဝူစွမ်းက ရှုံးနိမ့်မှုကို ဝန်ခံရဲတယ်။ လက်ခံရဲတယ်။ ငါ မနက်ဖြန် မြို့ဝင်ဂတ်ကို သွားမယ်လို့ ကတိပေးတယ်။ ဒီနေ့ အဖြစ်ပျက်အတွက် နောင်မှာ နောင်တမရဖို့ မျှော်လင့်တယ်”
လုံယွမ်တိုင်းပြည်မှာ သူမမှာ တော်ဝင်မိသားစုရဲ့ ကာကွယ်မှု မရှိရင် သူမက ယွမ်လော့ဖုန်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပေ။
ယွမ်လောကဲ့သို့ ကျော်ကြားတဲ့ စစ်သူကြီး တစ်ယောက် ယွမ်အိမ်တော်မှာ ရှိနေသောကြောင့် ဖြစ်သည်။ ယွမ်လော့ မသေတဲ့အချိန်ထိ မကောင်းတဲ့မိန်းမ ယွမ်လော့ဖုန်းကို ဖျက်ဆီးပစ်လို့ မရဘူး။
သို့သော်လည်း ယွမ်လော့ဖုန်း ဆေးပညာ အရည်အချင်းကို စဉ်းစားကြည့်တိုင်း သူမနှလုံးကို နာကျင်စေတယ်။ မနာလိုဝန်တို စိတ်ကြောင့် သူမ ပြင်းထန်စွာ ခံစားရသည်။ ယွမ်လော့ဖုန်းကို ရှင်းမထုတ်ရရင် သူမတစ်ဘဝလုံး ပျော်ရွှင်ရမည် မဟုတ်ပေ။
“ကောင်းပြီလေ…။ မနက်ဖြန် နင်…မြို့ဝင်ဂိတ်ကို ရောက်လာမှာကို ငါစောင့်နေမယ်”
ပြောပြီးတာနဲ့ အကြောဆန့်လိုက် ပြီးတော့ နှုတ်ခမ်းထောင့်ကို လှပစွာ မြှင့်တင် လိုက်ပြီးတော့ “ယွမ်ရှောင်…. အိမ်တော်ကို ပြန်မယ်”
သူမ ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ လှည့်လိုက်ပြီးတော့ နန်းဆောင်မ အပြင်ဘက်ကို ထွက်ခွာသွားတယ်။
နေရောင်ခြည်က မိန်းကလေးရဲ့ နှင်းကဲ့သို့ အဖြူရောင် ဝတ်စုံပေါ် ကျရောက်လာတယ်။
ယွမ်ရှောင်က သစ္စာရှိသော သက်တော်စောင့် တစ်ယောက်နှင့် ဆင်တူသည်။ သူ့မျက်နှာက အမြဲတမ်း ခံစားချက် ကင်းမဲ့နေတယ်။ တည်ငြိမ်လွန်းပြီး ယွမ်ရှောင် အတွေးကို ခန့်မှန်းလို့ မရနိုင်ပေ။
“ဟား … ဟား….”
နင်အကြီးအကဲ ဟားတိုက် ရယ်မောလိုက်သည်။ ထွက်ခွာသွားတဲ့ လူငယ်လေး နှစ်ယောက်ကို အဓိပ္ပာယ်ရှိသော မျက်လုံးတွေနဲ့ ကြည့်နေသည်။ ထွက်ခွာသွားတဲ့ ပုံရိပ်လေး နှစ်ခုကို လက်ညှိုးထိုးပြီးတော့
“ယွမ်မိန်းကလေး…. အရမ်း ကံကောင်းတယ်။ ဒီလိုမျိုး ယောက်ျားလေးကို ရှာဖွေနိုင်တယ်။ စစ်သူကြီးယွမ်… မင်းတို့ မိသားစုတော့ ဒီတစ်ကြိမ်တော့ ကံကောင်းပြီပဲ။ ဟား… ဟား….။ ဆုမွန်ကောင်း တောင်းပေးပါတယ်” ကျယ်လောင်စွာ နှစ်ကြိမ်လောက် အော်ရယ်ပြီးနောက် နန်းဆောင်မကြီးမှ ထွက်ခွာ သွားသည်။ စိတ်ရှုပ်ထွေးနေသော ယွမ်လော့ကို ချန်ထားခဲ့လိုက်တယ်။
***
နန်းတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းရာတွေက လုံယွမ်တိုင်းပြည်မှာ ပျံ့နှံ့သွားသောအခါ ယွမ်လော့ဖုန်း ဂုဏ်သတင်း လူသိများလာသည်။ ကုသမှု တစ်ခုတည်းနဲ့ နာမည် ကျော်ကြားလာခြင်း ဆိုသည့် စကား ပေါ်ထွက်လာသည်။
သူမကို လှောင်ပြောင်ခဲ့တဲ့ လူတချို့နဲ့ ရယ်စရာအဖြစ် တွေးခဲ့တဲ့ လူတွေရဲ့ သဘောထား အမြင်တွေ ပြောင်းလဲ သွားခဲ့သည်။ သူမဖိနပ်ကို လျှာဖြင့် ရပ်ပြီး သူမရှေ့မှာ ဒူးထောက် ခစားနေရသည်။
ယွမ်လော့ဖုန်းက စိတ်စွမ်းအားနဲ့ တန်ခိုး မကျင့်ကြံနိုင်လည်း အရေး မကြီးတော့ပေ။ သူမက နတ်ဆေးသမားတော် တစ်ယောက် ဖြစ်သည်။ သူမကို ကိုယ်ရံတော်အဖြစ် ပို့ဆောင်ပေးချင်တဲ့ စွမ်းအားရှိတဲ့ လူအများ ရှိနေပြီ ဖြစ်သည်။ သူမ သွားချင်တဲ့ နေရာကို သွားလာခွင့် ရှိသည်။
ချင်မြစ်ကမ်း ဘေးနားမှာ နင်အကြီးအကဲကို ယွမ်လော့ဖုန်း ကယ်တင်ခဲ့သော်လည်း မယုံကြည်တဲ့ လူတချို့ ရှိနေပါသေးတယ်။ သို့သော်လည်း အခုချိန်မှာ နန်းတော်မှ အမတ်များက ယွမ်အိမ်တော်ကို လာရောက်ကြတယ်။ ယွမ်လော့ဖုန်း နှစ်သက်မှုကို ရရှိဖို့ ကြိုးစားတယ်။ ယွမ်လော့ဖုန်းက သူတို့ကို မထင်မှတ် ထားသော စိတ်လှုပ်ရှားမှုကို တွေ့ကြုံစေခဲ့တယ်။
ထိုအချိန်မှာ တော်ဝင်မြို့တော်၏ မြို့ဝင်ဂိတ် အပြင်ဘက်တွင် အမတ်ချုပ်မု အိမ်တော်မှ မုချင်ချောင်နှင့် မုဝူစွမ်းတို့ နှစ်ယောက်က အလွန် ရှက်ရွံ့ ဝမ်းနည်းနေသော ပုံစံဖြင့် ဂိတ်မှာ မတ်တတ်ရပ် နေခဲ့သည်။
သက်တော်စောင့်အဖွဲ့က သူတို့နောက်ဘက်မှာ ရွေ့လျားခြင်း မရှိတဲ့ တောင်တစ်ခုကဲ့သို့ ရပ်နေကြသည်။ လူတို့ကို ထွက်ပြေးခွင့် အနည်းငယ်မျှ မပေး။ အားလုံးရဲ့ အံ့ဩနေသော အကြည့်ကို လက်ခံရုံသာ ရှိသည်။
“အားလုံး ….”
လူအုပ်ကြီးကို မကြည့်ခင်မှာ ကြောက်ရွံ့ ထိတ်လန့်နေတဲ့ မြေးအဘိုး နှစ်ယောက်ကို ကြည့်လိုက်တယ်။ သူမရဲ့ ပြိုင်ဘက်ကင်း လှပတဲ့ မျက်နှာက မာနဝင့်ကြွားနေပြီး ခံစားချက်ကင်းမဲ့သော ပုံစံဖြစ်နေသည်။
“လွန်ခဲ့သော ၁ဝနှစ်က ယွမ်စစ်သူကြီး အိမ်တော်မှာ ဘာတွေ ဖြစ်ပျက်ခဲ့ရလဲ ဆိုတာ အားလုံးကို သိစေချင်ပါတယ်”
လွန်ခဲ့သော ၁ဝနှစ်…..။
ထိုစကားသံကို ကြားတော့ အားလုံးက အံ့ဩနေသော အကြည့်တွေနှင့် မုချင်ချောင်နဲ့ မုဝူစွမ်းကို ကြည့်နေတယ်။
“လွန်ခဲ့သော ၁ဝနှစ်က ကျွန်မ မိဘတွေက စစ်ပွဲမှာ စစ်တပ်ကို ဦးစီးခဲ့တယ်။ ဒါပေမဲ့ မုချင်ချောင်က တဏှာရာဂကြီးမားပြီး ရန်သူ့ရဲ့ မကောင်းတဲ့ အစီအစဉ်မှာ ကျဆုံးသွားတာကြောင့် သတင်း အချက်အလက်ကို ပေါက်ကြားစေခဲ့တယ်။ ကျွန်မ မိဘတွေ စစ်ပွဲမှာ သေဆုံးခဲ့ရတယ်”
နက်နဲသော နာကြည်းချက်ကို ယွမ်လော့ဖုန်း မျက်နှာမှာ တွေ့နေရသည်။ သူမအသံမှာ မုန်းတီးစိတ်ကို သိသာစေသည်။
“သို့သော်လည်း သူခိုးကြီး မုချင်ချောင်က အနည်းငယ်မျှ နောင်တ မရခဲ့ဘူး။ သူ့အမှားကို ဝန်ခံဖို့ ငြင်းဆန်ခဲ့တယ်။ ကျွန်မ မိဘတွေက မကောင်းမှု ကျူးလွန်ခဲ့လို့ သေခြင်းနဲ့ ထိုက်တန်တယ်လို့ ပြောဆိုခဲ့တယ်”
***
အပိုင်း(၁၄၄)
ဂုဏ်ညှိုးငယ်ခြင်း(၃)
မိန်းကလေးအသံက သြဇာညောင်းလွန်း တာကြောင့် မုချင်ချောင် သူ့ဦးခေါင်းကို သဲထဲ နှစ်ထားမတတ် ငုံထားတယ်။ အမတ်ချုပ်မုက အာဏာ ရှိတာကြောင့် ဘယ်သူမှ တရားခံကဲ့သို့ မပြောဆိုရဲပေ။
“မကောင်းတာတွေ ကျူးလွန်ခဲ့တာကြောင့် သေဖို့ ထိုက်တန်တယ်လို့ ရှင်ပြောခဲ့တယ် မလား”
ယွမ်လော့ဖုန်း ကျေနပ်စွာ အော်ရယ်လိုက်တယ်။ သူမ ရယ်သံက မြို့ဝင်ဂိတ်မှာ ပျံ့လွင့်သွားတယ်။
“ကျွန်မ သိတာတော့ လူကောင်းတွေက အသက်ရှည်ရှည် မနေရဘူးတဲ့။
ကောက်ကျစ် စဉ်းလဲသော လူတွေက နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ရတယ်”
“ကျွန်မ မိဘတွေကို လူချော တစ်ယောက်က (နောက်ပိုင်း ပေါ်လာမယ့် ဇာတ်ကောင်) မကောင်း ကြံစည်ခဲ့တယ်။ သူခိုးကြီးအိုကြီး မုချင်ချောင်က သတ်ခဲ့တယ်။ လူသတ်ခဲ့တာကို အခုချိန်ထိ နောင်တရဖို့ မတွေးဘူး။ ဒီနေ့တော့ ကျွန်မမိဘတွေ ဒေါသကို ဖြေလျော့စေဖို့ မုချင်ချောင် ဒီနှစ်တွေမှာ ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေကို ဝန်ခံခိုင်းပါမယ်”
“ကောင်းတယ်”
လူအုပ်ထဲမှ တစ်ယောက်က ချီးကျူးဂုဏ်ပြုပြီး တခြားလူတွေကို ဝင်ရောက် ပါဝင်စေရန် ဦးဆောင်သည်။ ထိုအချိန်မှာ အားလုံးရဲ့ မကျေနပ်ချက်နဲ့ ဒေါသတွေ ပေါက်ကွဲ ထွက်လာတယ်။
“အငယ်တန်း စစ်သူကြီးယွမ်က အသက်ရွယ်ငယ်ပြီး အရည်အချင်း ရှိတယ်။ သူ့ဇနီးလည်း ရဲစွမ်း သတ္တိရှိတယ်။ သူတို့ နှစ်ယောက်လုံးက ငါတို့တွေ စိတ်ထဲမှာ သူရဲကောင်းတွေ။ ယုတ်မာသော အပြုအမူကြောင့် စစ်ပွဲမှာ သေဆုံးရတယ် ဆိုတဲ့ စကားကို လုံးဝ အယုံကြည် မရှိဘူး။ သူတို့ကို မုချင်ချောင် သတ်ခဲ့တာ။ သူတို့နှစ်ယောက်က တိုင်းပြည်ကို ကာကွယ်ဖို့ ကြိုးစားခဲ့တာ”
“ဟုတ်တယ်….။ စစ်ပွဲမှာ အရည်အချင်းရှိတဲ့ လူငယ်တွေ အများကြီး သေဆုံးခဲ့ရတယ်။ ယုတ်မာတဲ့ အပြုအမူ ပြုလုပ်လို့ သူတို့က အသတ်ခံခဲ့ ရတယ်လား။ ပြောရက်တယ်နော်။ ငါ့ဦးလေးထဲက တစ်ယောက်လည်း စစ်ပွဲမှာ သေဆုံးခဲ့ရတယ်။ သူ အမြဲတမ်း လူကောင်း တစ်ယောက် အဖြစ် နေထိုင်ခဲ့တယ်။ ဘုရားသခင်က မကောင်းတဲ့ လူတွေကို အပြစ်ပေးတယ်ဆိုတဲ့ စကားကို မယုံကြည်တော့ဘူး။ ဘုရားသခင်မှာ မျက်လုံးတွေရှိရင် စစ်ပွဲတွေ ဆိုတာ ရှိလာမှာ မဟုတ်ဘူး”
ဒေါသထွက်နေတဲ့ လူတွေကို ကြည့်ရင်း ယွမ်လော့ဖုန်းလည်း သူမ နှုတ်ခမ်းထောင့်ကို အနည်းငယ် မြှင့်တက်လိုက်တယ်။ ပထမဦးဆုံး ချီးကျူးစကား ပြောတဲ့လူက သူမ မှတ်မိတယ်။ ထိုလူက ဆေးစံအိမ်တော်ရဲ့ ဆေးဆိုင် လက်ထောက်။
ရုန်အကြီးအကဲ လွှတ်လိုက်တယ် ဆိုတာ သိနိုင်တယ်။
“ယွမ်မိန်းကလေး… ဒီလူယုတ်မာ နှစ်ယောက်က အငယ်တန်း စစ်သူကြီးယွမ်တို့ လင်မယား အုတ်ဂူမှာ အရင်ဦးဆုံး ဒူးထောက် တောင်းပန်သင့်တယ်လို့ ထင်တယ်”
“မင်းပြောတာ မှန်တယ်။ သူတို့တွေ တောင်းပန်ရမယ်။ အငယ်တန်း စစ်သူကြီးယွမ်နဲ့ သူ့ဇနီးကို သူတို့ တစ်ဘဝလုံး တောင်းပန်သင့်တယ်”
လူတိုင်းရဲ့ ပြန်လည် တုံ့ပြန်ချက်က ပြင်းထန်လာတယ်။ အားလုံးက သိက္ခာစောင့်ထိန်း မနေတော့ဘဲ မကျေနပ်မှုကို ထုတ်ဖော်သည်။ တချို့လူတွေက အလွန် အရှက်ရနေသော မုချင်ချောင်ကို တံတွေးဖြင့် ထွေးသည်။
ယွမ်လော့ဖုန်း… ထိုလူတွေ အားလုံးရဲ့ ခံစားချက်ကို နားလည်သည်။ သူတို့ မုချင်ချောင်အပေါ် မကျေနပ်စွာတွေ မျိုသိပ်ထားရတာ များသောကြောင့် ပေါက်ကွဲ ဖွင့်ဟလာခြင်း ဖြစ်သည်။ ထိုသို့ ပြောဆို ပြုမူနိုင်သည့် အခွင့်အရေး ရရှိလာသော ကြောင့်သာ ပြောဆိုရဲခြင်း ဖြစ်သည်။ မင်းကြီးရဲ့ ခမည်းခမက်လည်း ဖြစ်ကာ အာဏာရှိသော မုချင်ချောင်ကို အရင်က စကားတစ်ခွန်းနှင် မတွန်းလှန်ရဲပေ။
“ရှင်တို့အားလုံး စိတ်အေးအေး ထားပါ”
အားလုံးရဲ့ ဒေါသထွက်နေသော အသံများ ရပ်တန့်သွားစေရန် သူမလက်ကို မြှောက်ပြီးတော့ ယွမ်လော့ဖုန်း သတိပေးလိုက်သည်။
“ဒီနှစ်တွေမှာ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုနှင့် ကောက်ကျစ် ယုတ်ခဲ့သမျှကို ဆေးစံအိမ်တော်က ရှာဖွေ စုဆောင်း ပေးထားတယ်။ အားလုံးရှေ့မှာ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ဝန်ခံစေမယ်။ သူတို့ ကျူးလွန်တဲ့ မကောင်းမှုကို ဝန်ခံစေပြီးတာနဲ့ ကျွန်မ မိဘတွေ အုတ်ဂူရှေ့မှာ သူတို့တွေကို ဒူးထောက် တောင်းပန် စေရမယ်”
တကယ်တမ်းတော့ ထိုသတင်း အချက်လက်များကို နင်အကြီးအကဲက ရှာဖွေပေးခဲ့သော်လည်း မြို့သူ မြို့သားတွေက နင်အကြီးအကဲ ဘယ်သူလဲဆိုတာ သေချာ မသိနိုင်ပေ။ ထို့ကြောင့် ယွမ်လော့ဖုန်းက ဆေးစံအိမ်တော်က ရှာဖွေပေးသည်လို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဆေးစံအိမ်တော်ရဲ့ ဂုဏ်သိက္ခာနှင့်ဆိုလျှင် သူမ စွပ်စွဲချက်ကို အစစ်မှန် ဖြစ်သည်ဟု ယုံကြည် ပေလိမ့်မည်။
မုချင်ချောင် မျက်နှာက သွေးဆုတ်သွား သကဲ့သို့ ဖြူဖျော့နေသည်။ အခုချိန်မှာ သူ ဘာကိုမှ အာရုံမစိုက်နိုင် ဖြစ်နေသည်။ ထိုအချိန်မှာ ဘယ်ကမှန်း မသိသော လူတစ်ယောက်က တံတွေးဖြင့် သူ့ကို ထွေးသည်။ တံတွေး အနံ့က အလွန် စိတ်ပျက်ဖွယ် ကောင်းသည်။ သူ အော့အန်ချင်စိတ် ဖြစ်ပေါ်လာသည်။
“မုချင်ချောင်….”
ယွမ်လော့ဖုန်းလည်း မုချင်ချောင် ရှိနေသော အရပ်သို့ မျက်နှာ မူလိုက်သည်။
“ရှင့်အပြစ်ကို ဝန်ခံထားတဲ့ စာရွက် ကျွန်မကိုပြ…။ ဒီနှစ်တွေမှာ ရှင် ကျူးလွန်ထားတဲ့ ပြစ်မှုတွေ အားလုံးကို ချရေးထားရဲ့လား။ ရှင် ပြစ်မှု တစ်ခုခုကို ထိမ်ချန်ရဲသော သတ္တိရှိရင် ရှင့်လက်တွေကို ကျွန်မ ဖြတ်တောက် ပစ်မယ်”
မုချင်ချောင် ဒေါသထွက်စွာ ပခုံးတွန့်လိုက်သည်။ သူ၏ တုန်ရီနေသော လက်တစ်စုံက ဝန်ခံစာချုပ်ကို ထိရုံမျှ ကိုင်ထားသည်။
***
အပိုင်း(၁၄၅)
ဂုဏ်ညှိုးငယ်ခြင်း(၄)
“ငါ… မုချင်ချောင်… ဒီနှစ်တွေမှာ ကျူးလွန်ခဲ့တဲ့ အမှားတွေကို ဝန်ခံမယ်”
မုချင်ချောင်သည် တုန်ရီနေသော လေသံဖြင့် ထိုစကားကို ပြောသည်။
“ငါ နောင်တ အရဆုံးသော အမှားတစ်ခုက တဏှာရာဂ ကြီးမားမိတာ….။ ထိုအမှားကြောင့် စစ်သူကြီးယွမ်၏ သားနှင့် ချွေးမကို စစ်ပွဲမှာ အသက် ဆုံးရှုံးစေခဲ့တယ်။ ငါ့အသက်ကို ပေးဆပ်ပြီးတော့ လျော်ကြေး ပေးမယ် ဆိုရင်လည်း ထို အမှားက ပျောက်ပျက်လို့ ရမှာ မဟုတ်ပါဘူး”
မုချင်ချောင် မျက်နှာ အနေထားမှာ ပိုပိုပြီးတော့ အကျည်းတန် လာသည်။ စာရွက်ကို ဆုပ်ကိုင်ထားသော လက်မှာ ပိုပြီးတော့ တုန်ရီလာသည်။ သူ့မျက်လုံးမှာ စိတ်ပျက် အားငယ်မှုတွေ ပြည့်နှက်နေသည်။
“ဒုတိယအချက် အနေနှင့် ငါ အသက် ငယ်ရွယ်စဉ်က ငါ့မရီးနှင့် ဖောက်ပြန်ခဲ့တယ်။ မတော်တဆ ငါ့အစ်ကို ထိုအကြောင်းကို ရှာဖွေ တွေ့ရှိသွားသည်။ တခြားလူတွေ သိသွားမှာကို ကာကွယ်ဖို့အတွက် ငါ့အစ်ကိုကို အဆိပ်ခတ် သတ်ခဲ့တယ်။ လူရှေ့မှာတော့ နေမကောင်း ဖြစ်ပြီး သေဆုံး သွားတယ်လို့ ကြေညာခဲ့တယ်”
ဝိုး…..
လူအုပ်ကြီး အုတ်အုတ်သဲသဲ အော်ဟစ်သွားသည်။ မုချင်ချောင်က ဥပဒေအရ တားမြစ်ထားသည့် မရီးနှင့် ဖောက်ပြန်ခြင်းကို ကျူးလွန်မယ်လို့ မထင်ထားခဲ့မိဘူး။ သွေးရင်းသားရင်း အစ်ကို တစ်ယောက်ကိုလည်း သေခြင်းသို့ ရောက်ရှိအောင် တွန်းပို့ခဲ့သည်။ ဘုရားသခင်က ဒီ မိမစစ် ဖမစစ်ကို မခေါ်သွားရ သေးတာလဲ။
ယွမ်လော့ဖုန်း ပြောခဲ့သည့် စကားက မှန်ကန်သည်။
“လူကောင်းတွေက အသက်ရှည်ရှည် မနေရဘူး။ လူယုတ်မာတွေသာ အသက်ရှည်စွာ နေထိုင်ရသည်”
တိုင်းပြည်နှင့်လူမျိုး အတွက် အသက်စွန့်ခဲ့သော စစ်သူကြီးယွမ် သားနှင့် နှိုင်းယှဉ်လိုက်ရင် မုချင်ချောင်က ပြစ်မှုများစွာကို ကျူးလွန်ထားသော အပြစ်သား တစ်ယောက်သာ ဖြစ်သည်။
“တတိယ ပြစ်မှုက ငါ့မိဘတွေက ငါ့အစ်ကို အသက် သေဆုံးရတာနဲ့ ပတ်သက်ပြီးတော့ ငါ့ကို သံသယဝင်ခဲ့တယ်။ အမှန်ကို သိသွားပြီးတော့ ငါ့ကို ခွင့်မလွှတ်နိုင်မှာ ကြောက်တာကြောင့် သူတို့ကို အရင်ဦးဆုံး သတ်လိုက်တယ်။ တခြား လူတွေကိုတော့ ငါ့မိဘတွေက ငါ့အစ်ကို သေတာကို လက်မခံနိုင် ဖြစ်ကာ စိတ်ဆင်းရဲပြီး ကြိုးဆွဲချ သေခဲ့တယ်လို့ ပြောခဲ့တယ်”
မုချင်ချောင် ပြောလိုက်တဲ့ စကားကြောင့် အားလုံးက နောက်တစ်ကြိမ် ထပ်ပြီးတော့ အံ့ဩရတယ်။
အစက တွေးထင်ခဲ့တာက မုချင်ချင်းက သူ့မရီးနဲ့ ဖောက်ပြန်ပြီးတော့ သူ့အစ်ကိုကို သတ်ခဲ့တဲ့ ပြစ်မှုကို ကြီးမားတယ်လို့ ယူဆခဲ့တာ။ ဒါပေမဲ့ သူ့မိဘအရင်းတွေကို သတ်ပစ်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒီလို လူမျိုးက ဘာလို့ အသက်ရှင် နေရသေးတာလဲ။
ဘုရားသခင်က တကယ်ကို မျက်ကွယ်ပြု ထားတာဘဲ။
နောက် ဆက်လက်ပြီးတော့ မုချင်ချောင် သူ့ပြစ်မှု တစ်ခုချင်းစီကို ထပ်ခါ ထပ်ခါ ဝန်ခံတယ်။ အားလုံးက ပိုပိုပြီးတော့ နက်နက် ရှိုင်းရှိုင်း အံ့ဩရတယ်။
မိမိ မိသားစု၊ မိဘကို သတ်တယ်၊ မရီးကို ခိုးယူ ပေါင်းသင်းတယ်၊ ကလေးကို စွန့်ပစ်တယ်၊ ဥပဒေကို မထီမဲ့မြင် ပြုမူတယ်။ ထိုကဲ့သို့သော အပြုအမူမျိုးကို တစ်ကြိမ် တစ်ခါမျှ ကျူးလွန်ခြင်း မဟုတ်ပေ။ သူ ကျူးလွန်ခဲ့သော ပြစ်မှု အားလုံးကို ဝန်ခံခဲ့တယ်။ တစ်ခုတစ်လေမျှ ထိမ်ချန်ခြင်း မရှိခဲ့ပေ။
မုချင်ချောင် မျက်နှာပုံစံမှာ မည်းမှောင်ကာ အကျည်းတန်နေရာမှ သွေးမရှိတော့တဲ့ လူတစ်ယောက်ကဲ့သို့ ဖြူဖျော့လာတယ်။ မျက်နှာမှာ အသားရောင် မရှိတော့ဘဲ ရောဂါသည်ကဲ့သို့ ဖြစ်လာတယ်။ သူ့ပုံစံမှာ ထုံထိုင်းနေပြီးတော့ ဝန်ခံစာမှာ ပါဝင်တဲ့ စာကို တစ်လုံးမကျန် ဖတ်ရှုနေရသော စက်တစ်ခုနဲ့သာ ဆင်တူနေတယ်။
အခု တစ်ရာထက်ပိုသော ပြစ်မှုများကို တစ်ခုချင်း ဝန်ခံပြီးသွားသောအခါ မြို့ဝင်ဂိတ်မှာ ရှိနေတဲ့ လူတွေအားလုံး တိတ်ဆိတ် သွားတယ်။ တိတ်ဆိတ်မှုကြောင့် အသံရှူသံကိုပင် ကြားနိုင် လောက်တယ်။
“မုဝူစွမ်း နင့်အလှည့် ရောက်ပြီ”
ယွမ်လော့ဖုန်းလည်း မုဝူစွမ်းဘက်ကို လှည့်လိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်တယ်။
“နင် ပြစ်မှုတွေကို ဝန်ခံဖို့ စီစဉ်ပြီးပြီလား။ ငါ နင့်ကို ကူညီပေးရမလား”
တစ်ခဏ အတွင်းမှာ မုဝူစွမ်း မျက်နှာပုံစံက ထိတ်လန့်ဖွယ် ဖြူဆွတ်လာသည်။ သူမနှုတ်ခမ်းကို ကိုက်ထားပြီးတော့ ယွမ်လော့ဖုန်းကို တိတ်ဆိတ်စွာ ကြည့်နေတယ်။
“မုဝူစွမ်း….။ မုဝူစွမ်းက မကောင်းမှုကို ကျူးလွန်တယ် ဆိုတာ ဖြစ်နိုင်လို့လား။ မဖြစ်နိုင်ပါဘူး… အမှန် မဖြစ်နိုင်ဘူး။ မုချင်ချောင်က မကောင်းမှုကို သေချာပေါက် ကျူးလွန်လိမ့်မယ်။ ဒါပေမဲ့ သူမနှင့် ဘာသက်ဆိုင်မှု ရှိလို့လဲ။ မုဝူစွမ်းက ကျက်သရေ ရှိပြီးတော့ ကြင်နာတတ်တယ်။ သူမက ကောက်ကျစ် စဉ်းလဲသော ကိစ္စတွေကို ပြုလုပ်မှာ မဟုတ်ဘူး”
“တောက်ခေါက်သံ…. နင် မကြားဖူးဘူးလား။ လူတစ်ယောက်က တခြားလူ တစ်ယောက်ရဲ့ စိတ်ရင်းကို နားမလည်ဘဲ နှစ်ပေါင်းများစွာ သိခဲ့တယ်ဆိုတဲ့ စကားကိုပေါ့။ ဆေးစံအိမ်တော်က ဂုဏ်သိက္ခာ မြင့်မားတယ်။ ဒီ ပြစ်မှုတွေကို ဆေးစံအိမ်တော်က ရှာဖွေခဲ့တာ…. လိမ်ညာမှုဆိုတာ မဖြစ်နိုင်ဘူး”
ယွမ်လော့ဖုန်း စကားကို ကြားတော့ တိတ်ဆိတ်နေသော မြို့ဝင်ဂိတ်မှ လူအများပြား နောက်တစ်ကြိမ် အုတ်အုတ်သဲသဲ ဖြစ်သွားတယ်။ တစ်ယောက်နား အနားမှာ တီးတိုး စကားဆိုကာ သူတို့ မျက်လုံးတွေက အံ့ဩမှုကို ဖော်ပြနေတယ်။
မုဝူစွမ်းနဲ့ အဘိုးအိုကြီး အပြင် မုမိသားစုမှ အငယ် သုံးယောက်မှာလည်း ကြောက်ရွံ့ ထိတ်လန့်နေတယ်။
မုချင်ချောင်က အရှက်မဲ့ကာ တဏှာရာဂ ကြီးမားတယ်လို့ လူတိုင်း ကြားသိရတယ်။ မိန်းမ တစ်ယောက်ကြောင့် အသိဉာဏ် ကင်းမဲ့ပြီး အငယ်တန်း စစ်သူကြီးယွမ်နဲ့ သူ့ဇနီးကို သေဆုံးစေခဲ့တယ်။ မုမိသားစုရဲ့ အကြီးဆုံး သခင်လေးက မုဝူချန် အေးတိအေးစက် နိုင်တယ်။ မာန ဝင့်ကြွားလွန်းတယ်။ ရက်စက်ပြီးတော့ တခြားလူတွေကို အထင်မြင် သေးတတ်တယ်။ ဒုတိယ မုသခင်လေး မုရှန်းက ကြွယ်ဝ ချမ်းသာမှုကို အသုံးချပြီးတော့ အပျော်ပါး လိုက်စားနေတဲ့လူ။ တခြားလူတွေကို ပြဿနာ အမြဲရှာတယ်။ နောက်ဆုံးမှာ ယွမ်လော့ဖုန်းကို ကာကွယ်ဖို့အတွက် ယွမ်အိမ်တော်က သက်တော်စောင့်က သူ့ကို သေလောက်အောင် ရိုက်နှက်ခဲ့တယ်။
မုဝူစွမ်း တစ်ယောက်တည်းသာ တင့်တယ်ပြီးတော့ ကြင်နာတတ်သော နှလုံးသားကို ပိုင်ဆိုင်တယ်။ မကောင်းတဲ့ ပြစ်မှုကို ဘယ်တော့မှ မကျူးလွန်ခဲ့ဘူး။ ပြစ်မှုကို ဝန်ခံတဲ့စာကို ဖတ်ရမယ်လို့ တခြားလူတွေက ဘယ်လိုစိတ်နဲ့ ယုံကြည် ပေးနိုင်မလဲ။
***
Bạn đang đọc truyện trên: Truyen247.Pro