
136+137+138+139+140
အပိုင်း(၁၃၆)
ကုသမှုတစ်ခုတည်းနဲ့ နာမည် ကျော်ကြားလာခြင်း (၂)
"တကယ်တမ်း နင်အရှုံး ပေးရမယ့်လူက ငါလေ။ ပြိုင်ပွဲ ပြုလုပ်မယ်လို့ အကြံပေးတာလဲ နင်။
ဒီခေါင်းစဉ်ကို ငါက သတ်မှတ်မယ်။ စွမ်းဆောင်ရည် မရှိတော့တဲ့ ယောက်ျား တစ်ယောက်ကို ပြန်လည် သန်စွမ်းလာအောင် ကုသပေးနိုင်ရင် ငါအရှုံးကို ငါလက်ခံလိုက်မယ်။ မဟုတ်ရင်တော့ နင်ငါ့ကို ရှုံးရမယ်”
မုဝူစွမ်းက သူမ ဘဘောထားကို ပြောတယ်။
မတရားတဲ့ သဘောတူညီချက်ကို မကြားတဲ့လူ မရှိပေ။ အမတ်တွေ အားလုံး တီးတိုးတီးတိုး ပြောနေကြတယ်။ ဒါပေမဲ့ ဘယ်သူမှ မေးခွန်း မထုတ်ရဲပေ။
ယွမ်လော့ အနည်းငယ် နဖူးတွန့်လိုက်တယ်။ သူ ပြန်လည်ချေပဖို့ ကြိုးစားခါနီးမှာ အားလုံး အမြင့်မှာ ထိုင်နေတဲ့ ကွမ်တုရဲ့ ကျယ်လောင်တဲ့ အော်ရယ်သံကို ကြားလိုက်ရတယ်။
"စစ်သူကြီးယွမ်... ဘာပဲဖြစ်ဖြစ် ဒီအလောင်းစားကို စတင်တဲ့လူက မင်းမြေး...။ ယွမ်မိသားစုက နောက်ပြန်ဆုတ်လို့ မရနိုင်တော့ဘူး။ ဟုတ်တယ်မလား။ မုဝူစွမ်းကို စိန်ခေါ်တာ ဆိုတော့ သူမက ခေါင်းစဉ်ကို ဆုံးဖြတ်မှာပဲ။ ဘာခေါင်းစဉ်ပဲ ဖြစ်နေ ဖြစ်နေ အမှားမရှိဘူး”
ကွမ်တုနှလုံးသားမှာ မုအိမ်တော်ကို နှစ်သက်နေဆဲပါ။ ရုန်အကြီးအကဲ အရှေ့မှာ ရှိနေသော်လည်း မုဝူစွမ်းဘက်က ရပ်တည် ပေးနေတယ်။
နောက်ပြီးတော့ သူက ပွဲကြည့်ပရိသတ် တစ်ယောက်ပဲ။ ယွမ်လော့ဖုန်းကို ထိခိုက်အောင် လုပ်ဆောင်ခွင့် မရှိဘူး။ ရုန်အကြီးအကဲ ထိုအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘာမှ ဆက်မပြောတော့ဘူး။ ဘာပဲဖြစ်ဖြစ် ဆေးစံအိမ်တော်က လူတွေ ကွမ်တု နောက်ကွယ်က ဝိညာဉ်မျိုးနွယ်စုကို စဉ်းစားထားဖို့ လိုအပ်တယ်။
"ဟား..."
နင် အကြီးအကဲ လှောင်ပြုံး ပြုံးလိုက်တယ်။ စိတ်ပျက်စွာ စကားပြောလိုက်တယ်။
"လုံယွမ်တိုင်းပြည်က ဘုရင်မျိုးနွယ်တွေက ဒီလို ပြုမူ ဆက်ဆံရဲတယ်ပေါ့။ ငါသိတာတော့ အမတ်ချုပ်က တိုင်းပြည်အတွက် အကျိုးပြုခဲ့တာ ဘာမှမရှိဘူး။ တိုင်းပြည်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။ သူ့သမီးက ဘုရင်ကြင်ရာတော် ဖြစ်နေတာကြောင့် လုံယွမ်တိုင်းပြည် ဘုရင်က အမတ်ချုပ်ကို နှစ်သက်နေတာပေါ့။ တိုင်းပြည် ကာကွယ်ဖို့ ကြိုးစား ရုန်းကန်နေတဲ့ စစ်သူကြီးယွမ် ဘေးကင်းဖို့ အတွက်တော့ ထည့်မစဉ်းစား ပေးဘူးပေါ့”
လုံယွမ်တိုင်းပြည်ရဲ့ မျက်နှာသာ ပေးခြင်းက ဝရုန်းသုန်းကားပဲ။ စစ်သူကြီး ယွမ်လော့က တခြားလူတွေ မနှိုင်းယှဉ်နိုင်အောင် တိုင်းပြည်အတွက် ဂုဏ်ထူးဆောင်ခဲ့တယ်။ တိုင်းပြည်အတွက် ကြိုးစားပေးခဲ့တယ်။ ဒါပေမဲ့ မုမိသားစုက သမီးဖြစ်တဲ့ ကြင်ရာတော်မုကို မယှဉ်နိုင်ခဲ့ဘူး။
"မိန်းကလေး... မင်းမှာ ယုံကြည်ချက်ရှိလား”
ရုန်အကြီးအကဲလည်း အားပေးတဲ့ အပြုံးလေး ပြုံးပြီး ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
"တကယ်လို့... မသေချာရင် ရုန်အကြီးအကဲ မျက်နှာပျက်ရလည်း မိန်းကလေးကို ကာကွယ်ပေးမယ်”
ယွမ်လော့ဖုန်း... ဆေးပညာမှာ ထူးချွန်တာကို သူနားလည် ပါသော်လည်း လူသေတစ်ယောက်လို ဖြစ်နေတဲ့ လူတစ်ယောက်ကို ကုသပေးဖို့ ဆိုတာ ရက်စက်လွန်းပါတယ်။ သေချာပေါက် အောင်မြင်မှုဆိုတာ မရှိနိုင်ဘူး။
ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။ သူမရဲ့ ဆွဲဆောင်မှုရှိပြီး ထိတ်လန့်ဖွယ် ခမ်းနားတဲ့ အကြည့်တဲ့ တော်ဝင်ပလ္လင်မှာ ထိုင်နေတဲ့ ကွမ်တုကို ကြည့်လိုက်တယ်။
"ငါ့အဘိုးက ဒီနှစ်တွေမှာ ဒီတိုင်းပြည်ကို ဘာကို သစ္စာခံနေလည်း ဆိုတာ နားမလည်နိုင်ဘူး။ ငါ့မိဘတွေလည်း မထိုက်တန်စွာ၊ တရားမျှတမှု မရှိစွာ သေဆုံးခဲ့ရတယ်”
"ယွမ်လော့ဖုန်း"
ကွမ်တုရင်ထဲမှ ဒေါသတွေ မြင့်တက်လာတယ်။ သူအကြည့်တွေက ဓားသွား တစ်လက်လိုပဲ ယွမ်လော့ဖုန်းကို ကြည့်နေတယ်။
"ဒီအလောင်းစားကို မင်း စတင်ခဲ့တာလေ။ အခုတော့ နောက်ပြန်ဆုတ်ချင် နေပြီလား။
ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။
"ကျွန်မ… ယွမ်လော့ဖုန်းက အမြဲ စကားတည်တယ်။ ကတိကို ဘယ်တော့မှ အလေးမထားတဲ့ တော်ဝင်မျိုးနွယ်နဲ့ မတူဘူး”
သူမပြောချင်တာက တော်ဝင် မျိုးနွယ်တွေနဲ့တွေ့ရင် ဒူးထောက် ဂါရဝပြုစရာ မလိုအပ်ဘူးဆိုတဲ့ ကတိအမိန့်စာပါ။ ထိုစကားကို ကြားတော့ ကွမ်တုက နားလည်မှုလွဲပြီး အဓိပ္ပာယ် မှားယွင်း ကောက်ချက်ချတယ်။
"ငါ့ကိုယ်တော်မြတ်က မင်းနဲ့ အိမ်ရှေ့စံကို တကယ် စေ့စပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မင်းကို အမှိုက်မ ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး။ အမှိုက်မက တိုင်းပြည် မိခင်ဖြစ်ဖို့ မထိုက်တန်ဘူး။ ဒါကြောင့် ကတိမတည်တာ ကိုယ်တော် အမှား မဟုတ်ဘူး။ မျှော်လင့်ချက်မဲ့စွာ နေထိုင်နေရတဲ့ မင်းဘဝကို မင်း အပြစ်တင်သင့်တာ"
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ် လိုက်တယ်။ ဒါပေမဲ့ ကွမ်တု နားလည်မှု လွဲနေတာကို ရှင်းပြမနေတော့ဘူး။ သူမရဲ့ ကောက်ကျစ် စဉ်းလဲတဲ့ မျက်လုံးတွေက ဖြည်းညင်းစွာ ရုန်အကြီးအကဲ ဘက်ကို လှည့်ကြည့်လိုက်တယ်။
"ရုန်အကြီးအကဲ... ဆေးစံအိမ်တော်မှာ ဆေးမြစ်တွေ ပေါများတယ်မလား။ ဆေးမြစ်တွေကို နန်းတော်ကို ယူဆောင် လာပေးပါလား။ နှစ်၁ဝဝကျော်ရှိတဲ့ ဆေးမြစ်တွေကိုပဲ လိုအပ်တာပါ။ နှစ်ရှည် ဖြစ်လေ ပိုကောင်းလေပဲ။ ပိုက်ဆံကို တော်ဝင်မျိုးနွယ်တွေကို ပေးခိုင်းပါ။ သူတို့ ငွေစာရင်းထဲ ထည့်လိုက်ပါ”
***
အပိုင်း(၁၃၇)
ကုသမှုတစ်ခုတည်းနဲ့ နာမည် ကျော်ကြားလာခြင်း (၃)
ကွမ်တုမျက်နှာက ပိုမည်းမှောင် လာတယ်။ ယွမ်လော့ဖုန်းကို ယုတ်မာသော စိတ်ထားနဲ့ ကြည့်နေတယ်။
ကွမ်တု ကြည့်နေတဲ့ အကြည့်ကြောင့် ယွမ်ရှောင်ရဲ့ ဓားသွားကဲ့သို့ မျက်ခုံး အနည်းငယ် တွန့်ကွေး သွားတယ်။ ကွမ်တုအကြည့်ကို တားဆီးဖို့ ယွမ်လော့ဖုန်း ခန္ဓာကိုယ်လေးကို သူ့နောက်ဘက်မှာ ထားကာ ကွယ်ထားလိုက်တယ်။
ယွမ်လော့ဖုန်းက သူမကိစ္စကို တခြားလူတွေ ဝင်ရောက် စွက်ဖက်တာကို မကြိုက် နှစ်သက်တာကြောင့် မဟုတ်ရင် ကွမ်တု ထိုအကြည့်ကြောင့် ထောင်ပေါင်းများစွာ သေဖို့ ထိုက်တန်နေပြီ။
"ယွမ်မိန်းကလေး ... ဆေးမြစ် နာမည်တွေကို ပြောပါ။ အခုချက်ချင်း သွားယူခိုင်းလိုက်မယ်”
ရုန်အကြီးအကဲ ချီးမြှောက်တဲ့ပုံစံနဲ့ ပျော်ရွှင်စွာ ရယ်မောနေတယ်။
နှစ်၁ဝဝ ဆေးမြစ်တွေက အံ့ဩဖို့ကောင်းအောင် ဈေးအရမ်းမြင့်တယ်။ တစ်လမှ တစ်ခုတည်းသာ ရောင်းနိုင်တယ်။ အခုတော့ အားလုံးကို တစ်ကြိမ်တည်းနဲ့ အကုန် ရောင်းတော့မယ်ပေါ့။ ဒီတစ်ခေါက်တော့ ဘုရင့် ငွေတိုက်တော့ ငွေတွေ အတော်ကို ကုန်မှာ သေချာပေါက်ပဲ။
"ထပ်ပြောရရင် ဒီကုသမှုကို မုဝူစွမ်းကြောင့် ကုသရတာ။ ငါ့ဆရာကို ကတိပြုထားတယ်။ ဘယ်လူနာကိုမှ ငွေမပေးဘဲ မကုသပေးဘူးလို့”
သူမပြောနေတဲ့ ဆရာဆိုတာ တကယ်တော့ မရှိပါဘူး။ ဒါပေမဲ့ သူမက အကာအရံတစ်ခု အနေနဲ့ အသုံးပြုလိုက်တာပါ။ သို့သော်လည်း ထိုစကားကို ကြားတော့ ရုန်အကြီးအကဲ မျက်လုံး ပြူးသွားတယ်။ ထိုစကားလုံးက သူ့နှလုံးသားမှာ မှန်းဆမှုကို ဖြစ်ပေါ်စေတယ်။
နတ်ဆေးသမားတော်က လောဘကြီးလွန်း မနေဘူးလား။ ကုသပေးဖို့ သူ့ကိုရှာရင် သူနဲ့တွေ့ရဖို့ ချမ်းသာမှု အများအပြားကို သုံးစွဲဖို့ လိုအပ်တယ်။
မင်းမှာ ပိုက်ဆံမရှိရင်တော့ သူနဲ့တွေ့ရဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ယွမ်လော့ဖုန်းက နတ်ဆေးသမားတော်ရဲ့ တပည့် ဖြစ်တာကြောင့် ရုန်အကြီးအကဲ နားလည်တယ်။
ယွမ်လော့ဖုန်း... ရုန်အကြီးအကဲ အတွေးကိုသာ သိရင် ကျိတ်ရယ် နေမှာပါ။
ဒီ နားလည်မှုလွဲရင်က ပိုနက်နဲလာတယ်....။
"ယွမ်လော့ဖုန်း မင်းက သူ့ကို မကုသပေးနိုင်သေးဘဲ ငွေတောင်း နေတယ်ပေါ့”
မုချင်ချောင် အလျင်မြန်ပြောပြီး ဒေါသထွက်စွာ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
"ဆေးကုသမှုကို အလောင်းစား တစ်ခုအနေနဲ့ ယူဆပြီး ငွေတောင်းတဲ့လူကို မတွေ့ဖူးခဲ့ဘူး”
ယွမ်လော့ဖုန်း သက်ပြင်းချလိုက်ပြီး စိတ်ပင်ပန်းစွာ ပြောတယ်။
"ငါလည်း မတတ်နိုင်ဘူး။ ငါ့ဆရာရှေ့မှာ အလေးနက် ကတိပြုထားရတာ။ ငွေကြေးမပေးတဲ့ လူကို မကုသပေးပါဘူး ဆိုတဲ့ ကတိသစ္စာ ပြုထားရတာ။ မဟုတ်ရင်တော့ ဆရာက ကန်ထုတ်မှာပေါ့။
ရှောင်မိုက ဆေးနတ်ဆရာ လျှို့ဝှက်နယ်မြေ အတွင်းမှာ နေကာ ဘာစကားမှ မပြောသော်လည်း ယွမ်လော့ဖုန်း စကားကြောင့် ရယ်ချင်စိတ်ကို မထိန်းထား နိုင်တော့ပေ။
သူ့သခင်က လူတွေကို မလှည့်စားရဘူး ဆိုရင် သူ့သခင် မဟုတ်တော့ဘူး။ ဒီလို အခြေအနေမျိုးမှာ ငွေညှစ် တောင်းရဲတယ်။
"ယွမ်လော့ဖုန်း... မင်း ငွေဘယ်လောက် လိုချင်တာလဲ”
ကွမ်တု အံကြိတ်ပြီး မကျေမနပ်ပုံစံနဲ့ မေးတယ်။
ယွမ်လော့ဖုန်းလည်း မျက်တောင် တဖျတ်ဖျတ်ခတ်ပြီး အပြုံးနဲ့ပြောတယ်။
"သိပ်မများပါဘူး။ ရွှေ သန်း ၅ဝတည်း”
ငွေသန်း ၅ဝဆိုရင်တော့ လက်ခံလို့ ရပါတယ်။ ဒါပေမဲ့ သူမက ရွှေကို တောင်းဆိုနေတယ်...။
ကွမ်တု လက်သီး ကျစ်ကျစ် ဆုပ်ထားလိုက်ပြီး ခနဲ့လိုက်တယ်။
"ယွမ်လော့ဖုန်း.... မင်း… လင်းကုန်းကုန်းကို မကုသပေးနိုင်ခဲ့ရင် ငွေတစ်ပြား တစ်ချပ်မှ ရဖို့ မမျှော်လင့်နဲ့”
ကွမ်တုအပြင် အခန်းထဲမှာ ရှိနေတဲ့ အမတ်အားလုံးက ယွမ်လော့ဖုန်း... လင်းကုန်းကုန်း ယောက်ျား တစ်ယောက် ပြန်ဖြစ်အောင် မကုသပေးနိုင်ဘူးလို့ ယုံကြည်နေတယ်။ သနားစရာ ကောင်းတဲ့ တောင်းဆိုချက်ပဲ။ ဘုရင်က ဘဘောတူလိုက်ပြီ။ သူမ ဘာတွေ စောဒက တက်ဦးမလဲ ဆိုတာ ကြည့်ရသေးတာပေါ့။
အမတ်တွေအားလုံး မှန်းဆ ထင်ကြေး ပေးနေချိန်မှာ မိန်းကလေးရဲ့ အသံတိုးတိုးလေးက ခန်းမဆောင် အတွင်းမှာ ကြားလိုက်ရတယ်။
"တကယ်လို့ ငါမကုသပေးနိုင်ခဲ့ရင် ငွေကြေး တစ်စမှ ငါမယူဘူး။ ကုသမှု အောင်မြင်ခဲ့ရင်တော့ တော်ဝင်မျိုးနွယ်က ကုသမှုအတွက် ကတိအတိုင်း ရွှေသန်း၅ဝကို ပေးဆောင်ရမယ်”
သူမ သဘောတူလိုက်တယ်။
အားလုံးက အံ့ဩမှင်တက်စွာ အဖြူရောင်ဝတ်စုံနဲ့ ချောမော လှပတဲ့ မိန်းကလေးကို ငေးကြည့်နေတယ်။
"မိန်းကလေးက သူမ မကျွမ်းကျင်မှုအတွက် ဘာစောဒကမှ မတက်ဘဲ ရွှေသန်း၅ဝကိုသာ တောင်းဆိုခဲ့တယ်။
ကုန်းကုန်း တစ်ယောက်ကို ယောက်ျား တစ်ယောက် ဖြစ်အောင် ပြောင်းလဲနိုင်ဖို့ ကုသပေးတယ်ဆို ရယ်စရာ အကောင်းဆုံးပဲ။ ဘယ်လိုလုပ် ဖြစ်နိုင်ချေ ရှိမလဲ။
လုံးဝကို ဖြစ်နိုင်ချေ မရှိဘူး။
အမတ်တွေအားလုံး သူတို့ကိုယ်သူတို့ နှစ်သိမ့်လိုက်တယ်။ ယွမ်လော့ဖုန်း ဆေးပညာ အရည်အချင်း ဒီလို ကုသနိုင်လောက်တဲ့အထိ ရောက်ရှိမယ်လို့ လုံးဝ မယုံကြည်နိုင်ပေ။
***
အပိုင်း(၁၃၈)
ကုသမှုတစ်ခုတည်းနဲ့ နာမည် ကျော်ကြားလာခြင်း (၄)
ရုန်အကြီးအကဲက အလွန် လျင်မြန်တယ်။ ဆေးစံအိမ်တော်ကို အပြေးလေး သွားစရာ မလိုအပ်ပေ။ ဆေးမြစ်တွေကို သူ့ရဲ့နယ်မြေ လက်စွပ်အတွင်းမှ ချက်ချင်း ထုတ်ယူလိုက်တယ်။ အပြုံးလေးနဲ့ စကားဆက်ပြောတယ်။
“ယွမ်မိန်းကလေး… မင်း တောင်းဆိုတဲ့ ဆေးမြစ်တွေကို ယူလာခဲ့ပြီးပြီ”
သူတို့တွေ အားလုံးရှေ့မှာ ဆေးမြစ်တွေ တစ်ခဏချင်း ပေါ်လာတော့ အားလုံးက အံ့ဩ မှင်တက်နေတယ်။ မနာလို ဝန်တိုတဲ့ မျက်လုံးတွေနဲ့ ရုန်အကြီးအကဲ လက်ထဲက လက်စွပ်ကို ငေးကြည့်နေတယ်။
ထိုလက်စွပ်က နယ်မြေလက်စွပ် …။ သူတို့ အမြင်အာရုံမှာ ပေါ်ပေါက်လာတဲ့ ရတနာလေး…။ တစ်လောကလုံးမှာ ရှိတဲ့ စိတ်စွမ်းအား ကျင့်ကြံသူတွေ အလွယ်တကူ မရရှိနိုင်တဲ့ ရတနာ တစ်ပါးပဲ။ ရုန်အကြီးအကဲမှာ ဒီလို ရတနာမျိုး ပိုင်ဆိုင်မယ်လို့ မထင်ထားခဲ့ဘူး။
“အားလုံး ပြီးစီးတော့မှာပါ”
ယွမ်လော့ဖုန်းလည်း သူမ ပါးဖောင်းဖောင်းလေးကို နူးညံ့ညင်သာစွာ ထိကိုင်လိုက်တယ်။ ကောက်ကျစ် စဉ်းလဲစွာ ပြုံးလိုက်ပြီးတော့ “ရုန်အကြီးအကဲ…. ကျွန်မ… တော်ဝင်နန်းတော်က လူတွေကို အယုံကြည် မရှိဘူး။ ကျွန်မ ဆေးမြစ်တွေကို သယ်ဆောင် ပေးခွင့် မပြုနိုင်ဘူး။ ဒီကိစ္စကို ရုန်အကြီးအကဲ လက်အပ်လိုက်တော့မယ်။ ဘုရင်ဆီက ထိုက်တန်တဲ့ အခကြေးငွေကို တောင်းဆိုဖို့ မမေ့နဲ့နော်။ ဆေးစံအိမ်တော်က ရုန်အကြီးအကဲ ကိုယ်တိုင် ဆေးသယ်ဆောင် ပေးတယ် ဆိုတော့ လုံယွမ်တိုင်းပြည်မှာ ဒီလို ကုသမှုမျိုးကို ဘယ်သူမှ ခံစားဖူးမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ရွှေသား ၁ဝသန်း တန်တယ်”
ထိုအချိန်မှာ အထက်မှာ ထိုင်နေတဲ့ ကွမ်တုမျက်နှာက ပိုပြီးတော့ မည်းမှောင် လာတယ်။ သူ့မျက်နှာပေါ်က ဒေါသက ပိုပြီး ပေါ်လွင်လာတယ်။ သူ့အကြည့်နဲ့ ယွမ်လော့ဖုန်းကို အစိတ်စိတ် အမြွှာမြွှာ ခုတ်ထစ်ချင်စိတ်တွေ ပေါ်ပေါက်လာတယ်။
ရုန်အကြီးအကဲ ဟားတိုက် ရယ်မောလိုက်တယ်။
“ဟုတ်တယ်…။ မှန်တယ်…။ ယွမ်မိန်းကလေး ပြောတာ အမှန်ဆုံးပဲ။ ငါ့ကိုယ်တိုင် ကူညီပြီး ဆေးကို သယ်ဆောင် ကျိုချက်ပေးတာ ဆိုတာ တန်ဖိုး မနည်းဘူး။ ကွမ်တု… မင်း ပိုက်ဆံ အရင် ပြင်ဆင်ထားလိုက်ရင် အကောင်းဆုံး ဖြစ်မယ်။ တစ်ချိန်တည်းမှာ ပိုက်ဆံအများကြီး ပေးဖို့ ရှောင်ရှား မနေနဲ့”
“သူ…. ကလေးမရနိုင်တဲ့ အခြေအနေကို မကုသပေးနိုင်ခဲ့ရင်… ဒီနေ့ပွဲအတွက် ကုန်ကျစရိတ် အားလုံးကို မင်း ပေးဆောင်ရမယ်”
ယွမ်လော့ဖုန်းလည်း မျက်ခုံးတွန့်လိုက် ပြီးတော့ လှပချောမောစွာ ရယ်လိုက်တယ်။
“ရှင်… ဒီအခွင့်အရေး မရစေရပါဘူး”
ဘာကို မာနဝင့်ကြွားတယ်လို့ ခေါ်တာလဲ။ လက်ရှိ မှူးမတ်တွေ အားလုံးထက် ဘယ်သူက ပိုပြီးတော့ အတွေ့ကြုံ ပိုများတဲ့ လူဆိုတာ မရှိနိုင်ဘူး။
ကြွယ်ဝ ချမ်းသာတဲ့ မိသားစုက ပျော်သလိုနေတဲ့ ကလေးတစ်ယောက်က… တကယ်ကို သုံးစား မရဘူး။ ဘာလုပ်လုပ် ဦးနှောက်ကို မသုံးဘူး။ တွေးတော ဆင်ခြင်ခြင်း မရှိဘူး။ သင်းကွပ်ထားတဲ့ မိန်းမစိုး တစ်ယောက်က ဘယ်လိုလုပ် နောက်တစ်ကြိမ် ယောက်ျား တစ်ယောက် ထပ်ဖြစ်နိုင်တော့မလဲ။ ပုရွတ်ဆိတ်က ဆင်ကို အဓမ္မကျင့်တယ်ဆိုတဲ့ စကားထက် ပိုပြီး ရယ်စရာ ကောင်းတယ်။
“ဖုန်းအာ….” ယွမ်လော့ စိတ်ကို ထိန်းချုပ်လိုက် ပြီးတော့ စိုးရိမ် ပူပန်စွာ မေးလိုက်တယ်။
“မြေးလေးမှာ ဘယ်လောက် ယုံကြည်ချက် ရှိလဲ”
အဘိုးအိုရဲ့ စိတ်ပူပန်နေတဲ့ အသံကို ကြားရတော့ ယွမ်လော့ဖုန်း ဆွဲဆောင်မှု ရှိစွာ ပြုံးလိုက်တယ်။
“အေးအေး ဆေးဆေး ထိုင်ခုံမှာ ထိုင်ပြီးတော့ ငွေတွေကို သိမ်းပေး။ မြေးလေးက ယွမ်အိမ်တော် ရတနာခန်းကို ငွေအပြည့်ရအောင် ဖြည့်ပေးမယ်။ သူ့ပိုင်ဆိုင်မှုတွေကို ယွမ်အိမ်အပိုင် ဖြစ်စေရမယ်”
ယွမ်လော့ ဘာစကားမှ ဆက်မပြောသော်လည်း သူ ဆယ်နှစ်လောက် ဝေးကွာခဲ့ရတဲ့ သူ့မြေးလေး ဘာကြောင့် ယုံကြည်ချက် ရှိနေလဲဆိုတာ နားလည်တယ်။
သူမကို ပြောတဲ့ စကားအတိုင်း လုပ်ဆောင် တတ်တယ်။
အချိန်သိပ် မကြာခင်မှာ… ရုန်အကြီးအကဲက ဆေးမြစ်တွေကို ဆေးရည်အဖြစ် ရအောင် ကျိုပြီးတော့ ယွမ်လော့ဖုန်းကို ယူလာပေးခဲ့တယ်။
ယွမ်လော့ဖုန်းက ဆေးရည်ကို လက်ခံယူလိုက်ပြီးတော့ လင်းကုန်းကုန်း အနားကို ဆေးရည် ယူပြီးတော့ သွားတယ်။
“အရှင်မင်းကြီး”
လင်းကုန်းကုန်း မျက်နှာက ကြောက်ရွံ့့မှုကြောင့် ဖြူဖျော့နေတယ်။ ကွမ်တုဘက်ကို အလျင်မြန် လှည့်ကြည့်လိုက်တယ်။ သူ့အသက်ကို ချမ်းသာပေးဖို့ အကြည့်နဲ့ တောင်းဆိုနေတယ်။သို့သော်လည်း ကွမ်တု ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူ ဘာစကားမှ ထပ်မပြောနိုင်တော့ပေ။
“သူမ ပြောတဲ့အတိုင်း မင်းလုပ်လိုက်တော့။ အမိန့် မလိုက်နာခွင့် မပြုနိုင်ဘူး”
ဘုရင့်အသံက ဆုံးဖြတ်ချက် ခိုင်မာမှုကို ဖော်ပြနေသည်။ ဘာမေးခွန်းကိုမှ ဆက်မေးခွင့် မပြုပေ။ လင်းကုန်းကုန်း နှလုံးသားကို နာကျင်စေသည်။
“ဆေးရည်ကို သောက်လိုက်…”
မိန်းမပျိုလေးက လင်းကုန်းကုန်းကို မျက်မှောင်ကြုတ် ကြည့်လိုက်ပြီးတော့ ခက်ထန်စွာ အမိန့်ပေးသည်။
လင်းကုန်းကုန်း ခါးခါးသက်သက် ရယ်မောလိုက်သည်။ သူ့ရဲ့ အိုမင်းပြီး တုန်ရီနေတဲ့ လက်ကို ဆန့်တန်းလိုက်ပြီးတော့ ယွမ်လော့ဖုန်း ပေးတဲ့ ဆေးရည်ကို လက်ခံ ရယူလိုက်သည်။
အစက ယွမ်လော့ဖုန်းကို အမိန့်နဲ့ ဖမ်းဆီးချင်ခဲ့တာ။ ယွမ်မိသားစုကို ရန်စချင်ခဲ့သည်။ အခုတော့ သူတို့နှစ်ယောက် ယှဉ်ပြိုင်ခြင်းမှာ မုဝူစွမ်းက သူ့ကို အစမ်းသပ်ခံ ဝက်တစ်ကောင် အဖြစ် အသုံးချသွားခဲ့တယ်။ ယွမ်လော့ဖုန်းကို သူ့ကို အဆိပ်ရည်ပေးမှာကို သံသယ မဖြစ်ကြဘူးလား။ သံသယဝင်မယ့်လူ တစ်ယောက်မှ မရှိဘူး။
လင်းကုန်းကုန်း နှလုံးသားမှာ နောင်တတွေနဲ့ ပြည့်နေတယ်။ စောစောတည်းက သိခဲ့ရင် ကြင်ရာတော်မုကို မျက်နှာချိုသွေးဖို့အတွက် ယွမ်မိသားစုကို ရန်မစခဲ့ပါဘူး။ အခုတော့ သူ့ဘဝ အဆုံးသတ် ရတော့မယ်။
***
အပိုင်း(၁၃၉)
ကုသမှုတစ်ခုတည်းနဲ့ နာမည် ကျော်ကြားလာခြင်း (၅)
လင်းကုန်းကုန်းသည် သေခြင်းတရားနှင့် ရင်ဆိုင် နေရသော်လည်း ခေါင်းအေးအေး ထားပြီး ဆေးရည်ကို ခံတွင်းထဲသို့ လောင်းချလိုက်သည်။ မည်သူမှ နံ့သာမှုန့် လိမ်းခြယ်ထားတဲ့ သူ့မျက်နှာမှ သွင်ပြင် လက္ခဏာကို မြင်နိုင်မှာ မဟုတ်ပေ။ သို့သော်လည်း သူ့စိတ်အခြေအနေ အလွန် ဆိုးဝါးနေတယ် ဆိုတာကိုတော့ ခန့်မှန်းနိုင်သည်။
‘ဒေါင်ခနဲ မြည်သံ’
သူ့ရင်ဘတ်မှ ပူလောင်တဲ့ အပူမီးကို ခံစားရသည်။ လင်းကုန်းကုန်း လက်ထဲမှ စွပ်ပြုတ်ခွက်က ကြမ်းပြင်ပေါ်သို့ တိုက်မိကာ ဒေါင်ခနဲ အသံမြည်သွားသည်။ ခွက်မှာ တစ်စစီ ကြေမွ သွားသည်။
သူနာကျင်စွာ သူ့အစားအိမ်ကို ဆုပ်ကိုင် ထားလိုက်သည်။ အံကြိတ်ပြီး မကျေမနပ်နဲ့ သူ့မျက်လုံးတွေက ယွမ်လော့ဖုန်းကို စူးစိုက်ကြည့် လိုက်ပြီးတော့
“မင်း… ငါ့ကို အဆိပ် ခတ်လိုက်တာလား”
ထိုစကားကို ကြားတော့ လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ယွမ်လော့ဖုန်းက လူအများကြီး ရှေ့မှာ လင်းကုန်းကုန်းကို အဆိပ်ခတ်မယ်လို့ စိတ်ကူးထဲမှာ မရှိခဲ့ဘူးပေ။
“ယွမ်လော့ဖုန်း”
မုဝူစွမ်း မျက်ခုံး မသိမသာ တွန့်ကွေးလိုက်ပြီး နာကျင်နေတဲ့ ပုံစံရှိနေသော လင်းကုန်းကုန်းကို ကြည့်လိုက်သည်။ သူမမျက်လုံးက မကျေနပ်မှုနဲ့ တဖျတ်ဖျတ် လက်နေသည်။
“အစောပိုင်းက နင့်ဘာသာ ဒီကိစ္စကို လက်ခံခဲ့တာနော်။ ငါလည်း နင့်ကို အရည်အချင်း ရှိတယ်လို့ ယူဆတာကြောင့် ဒီလိုကုသမှုမျိုး ပေးလိုက်တာလေ..။ ငါ …. နင့်အရှက်ကွဲမှုကို လက်ခံဖို့ ပြင်ဆင်ထားပြီးသား…။ လောင်းကစား တစ်ခုနဲ့ တခြားလူရဲ့ အသက်ကို လျစ်လျူရှုမယ်လို့ မထင်ထားခဲ့ဘူး။ သူ့ကို ထိခိုက်စေဖို့ အဆိပ်ရည် တိုက်လိုက်တယ်ပေါ့။ အစွမ်းအစက အံ့မခန်းပဲနော်။ အထင်ကြီး လေးစားလောက် ပါတယ်”
သူမရှေ့မှာ လက်ပိုက်ကာ အေးဆေး ဂရုမစိုက်တဲ့ ပုံစံနဲ့ ရှိနေတဲ့ ယွမ်လော့ဖုန်းကြောင့် မုဝူစွမ်း နားမလည် ဖြစ်ရသည်။
သူ တကယ်ကို နားလည်လို့ မရနိုင်ဘူး။ ယွမ်လော့ဖုန်းက ဒီလို အခြေအနေမျိုးမှာ အေးဆေး တည်ငြိမ်စွာ နေနိုင်သည် တဲ့လား။
ရှည်လျားပြီး ပုံဖော်ထားတဲ့ မျက်ခုံးမွေးကို တွန့်ကွေး လိုက်ပြီးတော့ တရားမျှတသော လေသံဖြင့် မုဝူစွမ်း ဆက်လက်ပြီး ပြစ်တင် ဝေဖန်လိုက်သည်။
“ယွမ်လော့ဖုန်း… နင် တခြားလူတစ်ယောက် အသက်ကို ထိခိုက်အောင် လုပ်ဆောင်ခဲ့တယ်။ ဘာမှ အပြစ် မလုပ်ထားသလို နေနိုင်ရတာလဲ။ နင့်လို လူမျိုးက သမားတော် တစ်ယောက် ဖြစ်ဖို့ မထိုက်တန်ဘူး”
နန်းဆောင်မ အတွင်းမှာ အမတ်အားလုံးက ယွမ်လော့ဖုန်းကို ပြစ်တင် ရှုတ်ချသော မျက်လုံးတွေဖြင့် ကြည့်ရှုနေသည်။ ထိုမျက်လုံးတွေက မိန်းကလေးကို အထင်သေးခြင်း၊ လှောင်ပြောင်ခြင်းကို ဖော်ပြနေသည်။
လှပပြီးတော့ ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးက ပြိုင်ဘက်ကင်း လှပတဲ့ မိန်းကလေး မျက်နှာပေါ်မှာ ပေါ်ပေါက်လာသည်။ လက်ပိုက် ရင်ကော့ပြီး ကြောက်ရွံ့့မှုကြောင့် ကြမ်းပြင်ပေါ် လူးလှိမ့်နေတဲ့ လင်းကုန်းကုန်းကို ကြည့်လိုက်တယ်။
“သူ့မှာ … ဒီလို လူးလှိမ့်နေဖို့ အင်အား ရှိနေသေးရင်တော့ သူ တကယ် အဆိပ်မိတာ ဖြစ်နိုင်လို့လား”
မိန်းကလေး စကားကို ကြားတော့ အားလုံး အကြည့်တွေက လင်းကုန်းကုန်း ဘက်ကို ပြောင်းလဲသွားသည်။
လင်းကုန်းကုန်းလည်း လူးလှိမ့်နေတာကို ရပ်လိုက်သည်။ သူ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ နားမလည်နိုင် ဖြစ်နေသည်။ စောနက သူ အဆိပ်မိပြီး သေတော့မယ်လို့ တွေးထင်ထားခဲ့တာ။ သို့သော်လည်း အခုချိန်မှာ သူ အဆင်ပြေနေတယ်လို့ ခံစားရသည်။
ထို့အပြင် နွေးထွေးတဲ့ ခံစားချက်ကို သူ့ခန္ဓာကိုယ်က ခံစားရသည်။ တစ်မူထူးခြားစွာ အဆင်ပြေနေတယ်လို့ ခံစားရသည်။
“ငါ တကယ် မသေဘူးလား”
လင်းကုန်းကုန်းလည်း ကြမ်းပြင်ပေါ်မှာ ထလိုက်သည်။ သူ့အဝတ်စားမှ ဖုန်မှုန့်တွေကို ခါလိုက်သည်။ ကိုးရိုးကားရား ပြုံးလိုက်ပြီးတော့
“တောင်းပန်ချင်ပါတယ်… အစက အဆိပ်မိတယ်လို့ ထင်ထားခဲ့မိတာ…။ အခုတော့…”
သူ အဆိပ်မိ သွားတယ်လို့ တွေးထင်ထားခဲ့ မိတာလား….။
လင်းကုန်းကုန်းကို အရှင်မင်းကြီးက အလွန်ကို ယုံကြည်တာ ကြောင့်သာ မဟုတ်ရင်… သူ့ကို ကျိန်ဆဲပြီးတာ ကြာပြီ။ ဒီကောင်က သူ့ကိုယ်သူ အဆိပ်မိတယ်လို့ တွေးမိတယ် ပြောတယ်။ အားလုံး ပွက်လောရိုက် သွားပြီးတော့ သူနဲ့အတူတူ အရှက်ရအောင် လုပ်ဆောင် သွားတာ…။
မုဝူစွမ်းလည်း သူမရဲ့ ပန်းရောင် လက်ကလေးကို ကျစ်နေအောင် ဆုပ်ကိုင်ပြီးတော့ သူမမျက်နှာမှာ အရှက်ရမှုကို သိသာပေါ်လွင်နေတယ်။ သူ တွင်းတစ်တွင်း ရှာပြီးတော့ ပုန်းနေချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာသည်။
ရှက်ဖို့ ကောင်းလိုက်တာ…။ အရမ်း ရှက်ဖွယ် ကောင်းတယ်။ အားလုံးက လင်းကုန်းကုန်း အမှားကြောင့် ဖြစ်ရတာ…။ သူမ…. လင်းကုန်းကုန်းဘက်က မရပ်တည်ပေးခဲ့ရင် ဒီလို အရှက်ကွဲမှုကို ခံစားရမည် မဟုတ်ပေ။
“အရှင်မင်းကြီး… ကျွန်တော်မျိုး….”
လင်းကုန်းကုန်းလည်း သူအစောပိုင်းက ပြုမူမိတဲ့ အပြုအမူကြောင့် သူ့ကိုယ်သူ ကာကွယ်ဖို့ စကားလမ်းကြောင်း ရှာနေစဉ်မှာ… ခြေထောက်နဲ့ အကန်ခံလိုက်ရပြီး ဘေးဘက်သို့ လဲကျသွားသည်။ ရိုက်ချက်က သူ့ပေါင်ခြံ(ခွကြား) ပေါ်သို့ ကျရောက်လာသည်။ သတင်းပေးခြင်း မရှိတာကြောင့် ရှက်လွန်းလို့ သူ့ခန္ဓာကိုယ် တစ်ခုလုံး လေထဲ လွင့်ပြယ် သွားသလို ခံစားရသည်။
“မင်း …. ဘာလုပ်တာလဲ”
လင်းကုန်းကုန်းရဲ့ စူးရှတဲ့အော်သံ ထွက်ပေါ်လာသည်။ သူလည်း ဒေါသထွက်စွာ ယွမ်လော့ဖုန်းကို ကြည့်လိုက်သည်။
ယွမ်လော့ဖုန်း ဘာမှ ပြန်မဖြေပေ။ ယွမ်လော့ဖုန်း နောက်တစ်ကြိမ် ထပ်တက်နင်း လိုက်သည်။ လင်းကုန်းကုန်းကို မြေကြီးပေါ်မှာ လူးလှိမ့်ကြေကွဲစေသည်။ သူမလည်း လင်းကုန်းကုန်း ခန္ဓာကိုယ်ပေါ်မှာ ခြေလှမ်းလိုက်ကာ ဂရုမစိုက်တဲ့ပုံစံနဲ့ ကောက်ကျစ် စဉ်းလဲစွာ ပြောလိုက်တယ်။
“ဘုရင်က ငါပြောတဲ့အတိုင်း လုပ်ဆောင်ရမယ်လို့ အမိန့်ပေးထားတယ် ဆိုတာ မမေ့ပါနဲ့”
သူမ ပြောပြီးတာနဲ့ သူမခြေထောက်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
***
အပိုင်း(၁၄ဝ)
ကုသမှုတစ်ခုတည်းနှင့် နာမည် ကျော်ကြားလာခြင်း (၆)
ယွမ်ရှောင်ကလွဲရင် ဘယ်သူမှ လင်းကုန်ကုန်း ခန္ဓာကိုယ်ထဲကို စိတ်စွမ်းအင် ထည့်ပေး လိုက်တာကို မသိလိုက်ပါဘူး။
လင်းကုန်းကုန်း ရင်ထဲမှာ ဒေါသမီးတွေ တောက်လောင် နေသည်။ ယွမ်လော့ဖုန်း… သူ့ကို ရိုက်နှက်ချင်တာကြောင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ် ဆိုတာ လင်းကုန်းကုန်း သိနေခဲ့သည်။
တွေးကြည့်လေ ပိုဒေါသထွက်ရလေ ဖြစ်လာသည်။ လင်းကုန်းကုန်းလည်း ကြိုးစား အားယူထကာ ရန်တွေ့ချင်သော်လည်း သူပေါင်ခြံ(ခွကြား)မှ မီးကဲ့သို့ ပူလောင်လာတာကို ခံစားရသည်။ သူ့ကို အဆင်မပြေ ဖြစ်စေသည်။
“နင်ရှင်း နည်းနည်း ဖယ်လိုက်”
ယွမ်လော့ဖုန်းလည်း နင်ရှင်းဘက်ကို လှည့်ပြီးတော့ ပြောလိုက်သည်။
နင်ရှင်း မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း နားမလည်တဲ့ ပုံစံနဲ့ ပြန်ကြည့်လာသည်။ သို့သော်လည်း သူမ ဘာမေးခွန်းမှ ဆက်မမေးတော့ပေ။ ယွမ်လော့ဖုန်းကို ကျောခိုင်း ရပ်နေလိုက်သည်။
မိန်းကလေး ကျောခိုင်းလိုက်တာနဲ့ ယွမ်လော့ဖုန်းက အစောင့်လက်ထဲက ဓားကို ဆွဲယူကာ လင်းကုန်းကုန်း အဝတ်တွေကို ဟက်တက်ကွဲ သွားစေသည်။ သူမ ဓားလှုပ်ရှားချက်နဲ့အတူ တစ်စစီ ဖြစ်သွားစေသည်။ သူမ နောက်ဆုံးဓားချက် ကျရောက်ချိန်မှာ လင်းကုန်းကုန်းမှာ အဝတ် ဗလာ ဖြစ်သွားတယ်။ ထိုအချိန်မှာ သူမမျက်လုံးကို ယွမ်ရှောင်လက်တွေက ဖုံးကွယ်လိုက်သည်။
ယွမ်လော့ဖုန်း ပြုံးလိုက်သည်။ တစ်ခါတစ်ရံဆိုရင် သူမ စကားအများကြီး ပြောနေစရာ မလိုအပ်ပေ။ ယွမ်ရှောင်က သူမ ပြုလုပ်ချင်တာတိုင်းကို သိနေတတ်တယ်။
ယွမ်ရှောင်နဲ့ သူမ ဘယ်အချိန်တည်းက တစ်ယောက်နဲ့တစ်ယောက် ဖွင့်ဟပြောစရာ မလိုအပ်ဘဲ အပြန်အလှန် နားလည်နေလည်း ဆိုတာ သူမ မသိပေ။
“မဖြစ်နိုင်ဘူး…။ ငါ ကန်းနေတာလား။ ဒါက လုံးဝ ဖြစ်နိုင်ချေ မရှိဘူး”
နန်းဆောင်မ အတွင်းမှာ တိတ်ဆိတ်နေရာမှ အံ့ဩနေတဲ့ အသံတွေကို ကြားနေရတယ်။
မုဝူစွမ်း ကိုယ်တိုင်လည်း မိန်းကလေး တစ်ယောက် အတွက် မကြည့်ရှုသင့်တဲ့ မသင့်လျော်တဲ့ မြင်ကွင်း ဆိုတာ မေ့လျော့နေခဲ့သည်။ အဝတ်စား လစ်လပ်နေသာ လင်းကုန်းကုန်းကို သေချာ စူးစိုက် ကြည့်နေတယ်။ ကျယ်လောင်စွာ အော်ဟစ်မိမှာကို တားဆီးရန် သူ့ပါးစပ်ကို လက်နဲ့ အတင်း ဖိထားရသည်။
ဒီမိန်းမက မိန်းမစိုး တစ်ယောက်ကို စစ်မှန်တဲ့ယောက်ျား တစ်ယောက် ဖြစ်အောင် တကယ်ပဲ ပြောင်းလဲပေး နိုင်တာလား။ ဘယ်လို ဖြစ်နိုင်မလဲ။ သူ ဆရာကျင်းလင်းလည်း ဒီလို ကုသမှုမျိုးကို မကုသပေးနိုင်ပါဘူး။ ဒီမိန်းမက ဘယ်လိုဖြစ်ပြီးတော့ ကုသမှု အောင်မြင်ရတာလဲ။
ထိုအချိန်မှာ မုဝူစွမ်း ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် ခိုက်ခိုက် တုန်လာသည်။ သူမရဲ့ လှပတဲ့မျက်နှာက လူသေကောင်ကဲ့သို့ ဖြူဖျော့ လာသည်။
“လင်းကုန်းကုန်း”
ကွမ်တု ချက်ချင်း ပလ္လင်ပေါ်က ထလိုက်ကာ ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။
“မင်း… ရူးနေတာလား။ အသိဉာဏ် မရှိဘူး။ ငါ့ကိုယ်တော်ရဲ့ မောင်းမဆောင်မှာ ယောက်ျား တစ်ယောက် ခန္ဓာကိုယ်နဲ့ နေထိုင်ရဲတယ်ပေါ့။ မင်း ရည်ရွယ်ချက်က ဘာလဲ”
လင်းကုန်းကုန်းလည်း အရမ်းကို ကြောက်ရွံ့နေတယ်။ ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ကာ တုန်ရီသော အသံဖြင့် ပြန်လည် ဖြေကြားသည်။
“အရှင်မင်းကြီး… ဒီအစေခံကြီး အပြစ် ကင်းစင်ပါတယ်။ အစေခံကြီး တကယ်ကို သင်းကွပ်ခဲ့ပါတယ်။ ဒါက ဘယ်လို ကြီးထွားလာလည်း ဆိုတာ မသိရပါဘူး”
“လင်းကုန်းကုန်း မင်း ဘာမှ ဆက်ပြောနေစရာ မလိုအပ်တော့ဘူး။ မင်း သေချာပေါက် သင်းကွပ်တာကို ရှောင်ရှားခဲ့တာ ဖြစ်ရမယ်။ တစ်ယောက်ယောက် လာခဲ့စမ်း။ လင်းကုန်းကုန်းကို ဆွဲခေါ်သွားစမ်း။ လူအများရှေ့မှာ ခေါင်းဖြတ်သတ်စေ”
လူသတ်ချင်စိတ် တဖွားဖွား ပေါ်လာကာ ရက်စက်သော အမိန့်ကို ကွမ်တု ပေးလိုက်သည်။
ကွမ်တု အတွက်တော့ လင်းကုန်းကုန်းက သင်းကွပ်တာကို ရှောင်ရှားခဲ့တာကြောင့် ယောက်ျား တစ်ယောက်ရဲ့ သိသာ ထင်ရှားတဲ့ စရိုက်လက္ခဏာတွေ ရှိနေတာလို့ အခိုင်မာ ယုံကြည်နေသည်။ ယွမ်လော့ဖုန်း ဖော်စပ်ထားတဲ့ ဆေးရည်ကြောင့် ဆိုတာ လုံးဝ မဖြစ်နိုင်ပေ။
အစောင့်နှစ်ယောက် ရောက်ရှိလာချိန်မှာ လင်းကုန်းကုန်း အားပျော့နေပြီး ဖြစ်သည်။ မျှော်လင့်ချက် ကင်းမဲ့သော မျက်နှာနှင့် ကြမ်းပြင်ပေါ် ခေါင်းစိုက်ထားသည်။ သူ့ဘုရင်က ယွမ်လော့ဖုန်း စွမ်းရည်ကို ယုံကြည်မှာ မဟုတ်ဘူး ဆိုတာ သိနေသည်။ သူ့ကို အပြစ်ပေးလိမ့်မယ်။
“ယွမ်လော့ဖုန်း”
ကွမ်တုလည်း ယွမ်လော့ဖုန်းဘက်ကို လှည့်ကာ ခက်ထန်သော လေသံဖြင့်
“ဒီအဘိုးကြီး လင်းရဲ့ လှည့်စားတာကို ခံလိုက်ရတာ။ သူ သေချာပေါက် သင်းကွပ်တာကို ရှောင်တိမ်းခဲ့တာ ဖြစ်ရမယ်။ ဒီယှဉ်ပြိုင်ခြင်းကို ထည့်မတွက်ဘဲ နောက်မှ ရက်ပြောင်းလဲ ပြီးတော့ မုဝူစွမ်းနဲ့ အေးအေးဆေးဆေး ယှဉ်ပြိုင်တာပေါ့”
ယွမ်လော့ဖုန်း မျက်မှောင်ကြုတ် လိုက်တယ်။ ကွမ်တုက အရှက်မဲ့စွာ အရာရာကို ငြင်းဆိုမယ်လို့ မထင်ထားခဲ့ဘူး။ ထိုအပြင် သူ့ကိုယ်တိုင် လင်းကုန်းကုန်းက သင်းကွပ်တာကို ရှောင်တိမ်းတယ်လို့ ဆုံးဖြတ်ချက် ချခဲ့သည်။
မုဝူစွမ်း အပြစ်ပေးခံရတာကို ကာကွယ်ပေးချင်တဲ့ ရည်ရွယ်ချက် ကြောင့်လား။
အမတ်ချုပ် မုအိမ်တော်က ဘာတွေ အကျိုးပြုထားလို့ အကြောင်းပြချက်မရှိ မုအိမ်တော်ကို နှစ်သက်နေရလည်း ဆိုတာ သိချင်လာမိတယ်။
***
Bạn đang đọc truyện trên: Truyen247.Pro