
126+127
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၆)
126+127
ဘာသာပြန်သူ: Jelly Candy Flower
ကြိုက်နှစ်သက်ပါက like and shareလေး ပြုလုပ်ပေးပါဦးနော်
🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸
အပိုင်း(၁၂၆)
သူမအတွက် ဒေါသဖြေလျော့ပေးခြင်း(၂)
ကံမကောင်းစွာဘဲ တခြားလူကို ကောက်ချက်ချနေတာက ကွမ်တုစကားတွေကို လန့်သွားလို့ နင်အကြီးကဲက အံသြနေတယ်ပေါ့။
ကွမ်တု ပြုံးလိုက်ပြီးတော့ ဆက်ပြောတယ်။
"အစ်ကိုတော်နဲ့ စစ်သူကြီးအိမ်တော်က ဘယ်လို ဆက်ဆံရေးရှိလည်းဆိုတာတော့ မသိဘူး။သို့သော်လည်း ကလေးမလေး မုဝူစွမ်းက မွေးရာပါ ပါရမီရှင်လေးပါ။ သူမကိုတွေ့ရင် အစ်ကိုတော် သဘောကျမယ်လို့ ယုံကြည်ပါတယ်။
စစ်သူကြီးအိမ်တော်ကိုတော့ အစ်ကိုတော် စိတ်ကျေနပ်စေဖို့ သနားညှာတာ လိုက်ပါမယ်။ အစ်ကိုတော် ဘယ်လိုထင်လဲ။ တကယ်လို့ အစ်ကိုတော် မုဝူစွမ်းနဲ့ မိတ်ဆွေဖြစ်ချင်ရင်တော့ စစ်သူကြီးအိမ်တော်နဲ် အရမ်းရင်းနှီးစွာ မနေဖို့ အကြံပေးချင်တယ်။"
အရင်က ထိုစကားကို ကွမ်တု နန်းဆောင်မကြီးမှာ မပြောခဲ့ပေ။သို့သော်လည်း အခုချိန်မှာ စိတ်ပျက်စရာ ဟန်ဆောင်မှုတွေ အားလုံးကို ဖယ်ထုတ်လိုက်ပြီ။
ထိုပြ င့် တော်ဝင်မျိုးနွယ် နံပါတ်၁ သိုင်းပညာရှင်ရှိနေပြီ။ စစ်သူကြီး အိမ်တော်ကို ကြောက်လန့်နေစရာ မလိုအပ်တော့ဘူး။ အတိတ်က တခြားလူတွေ ပါးစပ်ပေါက် ပိတ်သွားဖို့ စစ်သူကြီးအိမ်တော်ကို ဆန့်ကျင့်ဖို့ အကြောင်းပြချက် မရှိခဲ့ပေ။
"ဟား ဟား..."
နင်အကြီးကဲ တည်ငြိမ် အေးဆေးတဲ့ သူ့မူလပုံစံကိုပြောင်းလဲလိုက်ပြီး ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။ နူးညံမှုအပြည့်နဲ့ မျက်ဝန်းတွေနဲ့ပေါ့။
"မိန်းကလေး... ဒီလူတွေက မိန်းကလေးရဲ့ ဆေးပညာအရည်ချင်းကို မသိသေးတာလား။ မုဝူစွမ်း ဆေးပညာအရည်ချင်းကို ထူးချွန်ပြောင်မြောက်တယ်လို့ အခိုင်မာ ပြောနေတယ်။ ထူးချွန်တဲ့လူက ဘယ်လိုလူလည်း ဆိုတာ မြင်အောင် ပြသင့်ပြီ။ ဒါမှ မုဝူစွမ်းနဲ့ပတ်သတ်ပြီး ပြသနာ ထပ်မရှာနိုင်တော့မှာလေ။ အဘိုးအထင်တော့ မုဝူစွမ်းက မိန်းကလေးရဲ့ ဆယ်ပုံတစ်ပုံလောက်တောင် အရည်ချင်း မရှိပါဘူး။"
နင်အကြီးကဲ စကားက အားလုံးကို မှင်သက်စေတယ်။
"ဒီက ဘိုးဘိုးလည်း ဆေးပညာကို လေ့လာချင်တာ။ ဒါပေမယ့် ပင်ကို အစွမ်းစမရှိဘူး။ ဘိုးဘိုးက လုံယွမ်က မုဝူစွမ်းနဲ့ မိန်းကလေးကို နှိုင်းယှဉ်ပေးလို့ မရဘူး။"
နင်အကြီးကဲ မျက်နှာ အမူရာပြောင်းလဲသွားတယ်။ သို့သော်လည်း ထိုအသံက ပျက်ရယ်ပြုနေတယ်ဆိုတာတော့ ဘယ်သူမှ မသိနိုင်၊ မကြားနိုင်ပေ။
ကွမ်တုလည်း အထင်မြင်သေးတဲ့အသံကို စိတ်ထဲမထားဘဲ အပြုံးနဲ့ စကားဆက်တယ်။
"အစ်ကိုတော်က သမားတော် မဟုတ်တော့ မုဝူစွမ်းထက် ယွမ်လော့ဖုန်းက သာလွန်တယ်ဆိုတာ ဘယ်လို သိနိုင်မလဲ။”
“သမားတော်တစ်ယောက်သာ ဆေးပညာနဲ့ပတ်သက်ပြီးတော့ နှံနှံစပ်စပ် နားလည်နိုင်တယ်။ မုဝူစွမ်းရဲ့ ဆရာ ကျင်းလင်းက လုံယွမ်တိုင်းပြည်မှာ အောင်မြင်ကျော်ကြားပြီး အစွမ်းသတ္တိရှိတဲ့ သမားတော်တစ်ယောက်ပဲလေ။ ဒီတစ်ဘဝလုံးမှာ သူမကို ယှဉ်နိုင်သူ ရှိမှာ မဟုတ်ဘူးလို့ ကျင်းလင်းက ပြေညခဲ့တာပဲလေ။"
နင်အကြီးကဲ မျက်ခုံး တွန့်လိုက်တယ်။ အများနဲ့မတူ ခြားနားတဲ့မျက်နှာမှာ အေးစက်စက် အပြုံး ပေါ်ပေါက်လာတယ်။
"ယွမ်လော့ဖုန်းအတွက်တော့...."
ကွမ်တု စကားဆက်မပြောခင် ခဏရပ်လိုက်တယ်။
"သူမ ဆေးပညာကု် စိတ်ဝင်စားတယ်ဆိုတာတော့ မှန်ပါတယ်။ စစ်သူကြီးအိမ်တော်က စုဆောင်းထားတဲ့ ငွေတွေ အားလုံးကို အသုံးမဝင်တဲ့ ဆေးမြစ်တွေ ဝယ်ဖို့အတွက် အကုန် ဖြုန်းလိုက်တယ်။ သို့သော်လည်း စိတ်ဝင်စားတာက စိတ်ဝ်စားတာပါပဲ။ အရည်ချင်းရှိတယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဆေးပညာက သင်ယူဖို့ လွယ်ကူတာ မဟုတ်ဘူး။ တစ်ချို့လူတွေဆို တစ်ဘဝလုံး ကြိုးစားသင်ယူခဲ့လည်း အောင်မြင်မှု ရခဲ့တာ မဟုတ်ဘူးလေ။"
သူပြောနေတဲ့ 'တချို့လူ'ဆိုတာ ယွမ်လော့ဖုန်းကို ရည်ညွှန်းနေတယ်ဆိုတာ ရှင်းနေတာပဲလေ။
ယွမ်လော့ဖုန်းလည်း ကွမ်တုကို အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်လိုက်တယ်။
ဆေးစံအိမ်တော်ကသခင်က သူကိုကုသပေးဖို့ သူ့မြေးက ဆေးပညာထူးချွန်တယ်လာပြောလည်း ကွမ်တုက ဒီတစ်သက် အရည်ချင်းမရှိဘူးပြောမှာပဲလား။
"ရှင်တို့ ပြောလို့ပြီးပြီလား။"
ယွမ်လော့ဖုန်းလည်း ပျင်းရိစွာ သမ်းဝေလိုက်တယ်။ နာကျင်နေတဲ့ ပခုံးနှစ်ဖက်ကို ခါလိုက်ပြီးတော့ ပြုံးလိုက်တယ်။
"ကျွန်မ ပင်ပန်းနေပြီ။ထိုင်ခုံမရှိလို့ အကြာကြီး မတ်တပ်ရပ်နေရတာ စိတ်ညစ်လာပြီ။ တော်ဝင်မျိုးနွယ်က ဧည့်ဝတ်ကျေပွန်မှု မရှိဘူးပဲ။"
ယွမ်လော့ဖုန်း ရုတ်တရက် ကြားဝင်ပြောလာတဲ့ စကားကြောင့် နှစ်ယောက်လုံး တိတ်ဆိတ်သွားတယ်။ စိတ်ရှုပ်ထွေးနေတဲ့ မိန်းကလေး မျက်နှာကို အားလုံးက ငေးကြည့်နေမိတယ်။
Chapter-126
End
အပိုင်း(၁၂၇)
လွှမ်းမိုး ချုပ်ကိုင်နိုင်သော ယွမ်ရှောင်
ဒီလိုအတိုက်ခံ ပြောနေတဲ့အချိန်မှာ ယွမ်လော့ဖုန်းက ထိုင်ဖို့ ထိုင်ခုံ မပေးလို့ တော်ဝင်မျိုးနွယ်ကိုအပြစ်တင်နေတယ်။ ဒီလူတွေက သူမကြောင့် စကားများ ရန်ဖြစ်နေရတယ်ဆိုတာ သူမ နားလည်ရဲ့လား။
နင်အကြီးကဲလည်း အံသြမိတယ်။ သူဘာပြောချင်လဲဆိုတာတောင် မေ့လျော့သွားတယ်။ မူးဝေနေသော မျက်ဝန်းနဲ့ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
ယွမ်လော့ဖုန်းပြောတာကို မမှားဘူးလို့ထင်တာ ယွမ်ရှောင် တစ်ယောက်တည်းသာရှိတယ်။ သူ့အတွေးထဲမှာတော့ တော်ဝင်မျိုးနွယ် ဧည်ဝတ်ကျေပွန်မှုက လုံးဝမကောင်းဘူး။ ထိုင်ခုံလေး တစ်လုံးတောင် ပေးချင်စိတ် မရှိဘူး။
ထိုကြောင့် ယွမ်ရှောင်ရဲ့ အေးစက် မည်းမှောင်သော မျက်ဝန်းက ယွမ်လော့ဖုန်းကို ကြည့်နေရာမှ သူတို့အားလုံး အထက်မှာ ထိုင်နေတဲ့ ကြင်ယာတော်မုဘက်ကို ပြောင်းလဲသွားတယ်။
သူအမိန့်ပေးနေစဉ်မှာ ထိုလူက အမည်းရောင်လေတစ်ခုလို ကြင်ယာတော်မုအနားကို လျင်မြန်စွာ ရောက်ရှိသွားတယ်။ သူ့လှုပ်ရှားမှုက အခန်းထဲကလူအားလုံး ပြန်လည် တုန်ပြန်ဖို့ အချိန်မရလိုက်ပေ။ အစောင့်တွေ အားလုံးလည်း သူတို့ ဓားကို ဆွဲထုတ်ဖို့ အချိန် မရလိုက်ပေ။
ဘန်း
တောင်းဆိုချင်မရှိဘဲ ကြင်ယာတော်မုထိုင်နေသော မိဖုရားတွေသာ ထိုင်သော ထိုင်ခုံကို ဆွဲယူသွားတယ်။ ကြင်ယာတော်မုကို ကြမ်းပြင်ပေါ် တွန်းထုတ်လိုက်တယ်။ မိဖုရားပုလ္လင်ကို သယ်မသွားပြီးတော့ တခြားလူအားလုံးက လစ်လျူရှုပြီး ခန်းမအလယ်မှာ မတ်တပ်ရပ်နေတဲ့ ယွမ်လော့ဖုန်း အနားကို လျှောက်သွားတယ်။
"နင် ဘာလုပ်ချင်နေတာလဲ။"
ယွမ်ရှောင် သူမဘက်ကို လျှောက်လှမ်းလာတာကို မြင်တော့ ကြင်ယာတော်မု ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားတယ်။ စူးရှရှ အသံနဲ့ အော်ဟစ်နေတယ်။
"ဒီလူကို မြန်မြန်လာဖမ်းစမ်း။ မြန်မြန် ငါကို လာကာကွယ်စမ်းပါ။"
"အရှင်မင်းကြီးကို ကာကွယ်။ အရှင်မင်းကြီးကို ကာကွယ်။!"
ယွမ်ရှောင်ရဲ့ ရုတ်တရက် လှုပ်ရှားမှုကြောင့် ကွမ်တုလည်း ကြောက်လန့်မိတယ်။ ကျယ်လောက်တဲ့ အော်သံနဲ့ စိတ်ရှုပ်ထွေးစွာ အမိန့်ပေးမိတယ်။"
ယွမ်ရှောင်လည်း ထိုင်ခုံကို ယွမ်လော့ဖုန်းနောက်ကို ထားလိုက်တယ်။ ချက်ချင်း လူအုပ်ကြီး အုတ်အုတ်သဲသဲ ဖြစ်သွားတယ်။ အံသြနေသော မျက်လုံးတွေနဲ့ အေးတိအေးစက်နဲ့ ချောမောတဲ့ အမျိုးသားကို ကြည့်နေတယ်။ သူတို့အားလုံးကို ထိုလူရဲ့ လွှမ်းမိုး ချုပ်ကိုင်သော အပြုမူတွေက အလွန့်ခြိမ်းခြောက်နေတယ်။
ဒီလူက ယွမ်လော့ဖုန်း စကားတစ်ခွန်းကြောင့် ကြင်ယာတော်မု ထိုင်ခုံကို ဆွဲလုတယ်။ စစ်သူကြီးအိမ်တော်က ဒီလိုလူမျိုးကို လေ့ကျင့် ပျိုးထောင်ထားတာလား။ ထိုလူက အမျိုးသမီးတိုင်း နှလုံးသားမှာ ထူးချွန်တဲ့ ချစ်သူတစ်ယောက်ပဲ။ နားလည်မှုရှိတဲ့ ချစ်သူကောင်း တစ်ယောက်။
အထူးသဖြင့် ဒီလူက ဆွဲဆောင်မှု ရှိတယ်။ သနားစရာကောင်းတာက ဒီလူအဆင့်တန်းက နိမ့်ကျတယ်။ စစ်သူကြီးအိမ်တော်က အစောင့်တစ်ယောက် ဖြစ်နေတယ်။ မဟုတ်ရင် ထိုလူကြောင့် မိန်းကလေး ဘယ်နှယောက်လောက် ရူးမလဲဆိုတာ မသိနိုင်ဘူး။
"ဒီထိုင်ခုံက ထိုင်လို့ သိပ်အဆင်မပြေဘူး။ ဒါပေမယ့် ဂျီးများမနေတော့ဘူး။ ဒီထိုင်ခုံမှာ ထိုင်လိုက်ပါမယ်။"
ယွမ်လော့ဖုန်း ဖြည်းညှင်းစွာ ထိုင်လိုက်တယ်။ သူမနှုတ်ခမ်းက ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးနဲ့ မြင့်တက်သွားတယ်။ အားလုံးကို ကြည့်လိုက်ပြီးတော့ ပြောတယ်။
"ဆက်ပြောပါ။"
ဆက်ပြော?
ဒီလို ဝင်နှောက်ယှက်ပြီးတော့ သူတို့က ဘာခေါင်းစဉ်ကို ဆက်ပြောရမလဲ။
ကြင်ယာတော်မုက အလွန် မှုန်ကုပ်နေတယ်။ လှပတဲ့ မျက်လုံးတွေက ယွမ်ရှောင်ကို မကျေမချမ်း ကြည့်နေတယ်။ ဒါပေမယ့် သူမ ဘာစကားမှ ဆက်မပြောရဲဘူး။ သူမကို ကွမ်တု အရင်တစ်ခါ ဝင်ပြောတုန်းက ပါးရိုက်ခံထားရလို့ ဆက်မပြောရဲတော့ပေ။
တကယ်တမ်း ကြင်ယာတော်မုထက် ပိုပြီးတော့ ကွမ်တု ရင်ထဲမှာ ဒေါသထွက်ရတယ်။
အစောင့်ရဲမက်ငယ်လေးက တော်ဝင်မျိုးနွယ်ရဲ့ အရေးပါအရာရောက်တဲ့ ထိုင်ခုံကို ဆွဲယူရဲတယ်။ အထူးသဖြင့် အမတ်တွေ အားလုံး ရှေ့မှာပေါ့။ တော်ဝင်မျိုးနွယ် ဂုဏ်သိက္ခာက တခဏချင်း လူအများရှေ့မှာ ကျဆင်းရမယ်လို့ မထင်ထားခဲ့ဘူး။
"အစ်ကိုတော်"
ကွမ်တုလည်း သူ့ဒေါသကို လျော့ချလိုက်တယ်။
နင်အကြီးကဲကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီးတော့ ပြောတယ်။
"ငါကိုယ်တော်မြတ် ပြောတာကို သေချာစဉ်းစားမယ်လို့ မျှော်လင့်ပါတယ်။ မုဝူစွမ်း အနာဂတ်က ထွန်းလင်းတောက်ပ မယ်ဆိုတာ အခိုင်မာပြောနိုင်တယ်။ ဒါကြောင့် သူမကို အမှား မကျူးလွန်ပါနဲ့ ။ စကားနဲ့ မစော်ကားပါနဲ့။
မုဝူစွမ်းရဲ့ ပါရမီစွမ်းရည်ကို ကျင်းလင်းက နှိုင်းယှဉ်လို့ မရနိုင်အောင် ထူးချွန်တယ်လို့ အခိုင်မာ မပြောထားရင်မုဝူစွမ်းကို သူဒီလောက်အထိ နှစ်သက်သဘောကျမှာ မဟုတ်ပေ။
သူမကို အိမ်ရှေ့စံကြင်ယာတော် ဖြစ်ခွင့်လည်း ပေးမှာ မဟုတ်ပေ။ မုဝူစွမ်းက အထင်ကြီး လေးစားဖို့ ကောင်းတယ်။ လုံယွမ်တိုင်းပြည်က သူမကြောင့် အင်းအားတောင့်တင်းလာမယ်လို့ ယုံကြည်တယ်။
"အရှင်မင်းကြီး"
မိန်းမစိုးက နန်းမဆောင်ထဲ အတင်းပြေးဝင်လာတယ်။ ကွမ်တုရှေ့မှာ ဒူးထောက်လိုက်ပြီး သူ့လက်ထဲမှ ကြာပွတ် လွတ်ကျသွားတယ်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ဆေးစံအိမ်တော်က ရုန်အကြီးကဲ လာရောက်တွေ့ဆုံပါတယ်။"
"ဆေးစံအိမ်တော်က သမားတော် ရောက်လာတာလား။"
ကွမ်တု မျက်လုံးတောက်ပလာတယ်။
ဆေးစံအိမ်တော်က ကွမ်လန်ကို ကုသပေးဖို့ ငြင်းဆိုခဲ့သော်လည်း အရင်က ဆေးစံအိမ်တော်နဲ့ ဆက်ဆံရေး ကောင်းမွန်ခဲ့ပါတယ်။
ဆေးစံအိမ်တော်က ရောက်လာတယ်ဆိုတော့ ရည်ရွယ်ချက်ကြီးမားတဲ့ အဘိုးကြီး ထပ်ပြီးတော့ မရိုင်းစိုင်းရဲတော့ ဘူးထင်တယ်။
Chapter-127
End
Bạn đang đọc truyện trên: Truyen247.Pro