Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

668+669 Unicode

668+669

အပိုင်း(၆၆၈)

ပိုင်စုက တစ်စုံတစ်ယောက်ကို လာခိုးတယ် (၁)

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ ရှောင်မိုကို ပြုံးပြီး ကြည့်လိုက်တယ်။

“နင် ဘယ်လိုလုပ်မှာလဲ…ဆုံးဖြတ်လိုက်တော့”

ဒီစကားက ရှောင်မိုရဲ့မျက်နှာထားကို ပိုမို အကျည်းတန်စေပြီး သူ့မကျေမနပ် မျက်ဝန်းများက ယွမ်လော့ဖုန်းကို မသွေမတိမ်း ကြည့်နေခဲ့လေတော့…။ တစ်စုံတစ်ယောက်သာ ဒီမြင်ကွင်းကို မြင်လိုက်ရင် ယွမ်လော့ဖုန်းက သူ့ကို မကောင်းကြံထားတယ်လို့ ထင်နေမှာပါ။

“ဒါက…”

ရှောင်မိုလည်း သနားစဖွယ်ပြောလိုက်တယ်။

“….သခင်… ကျွန်တော်ကို လဝက်လောက် အချိန်ပေးနိုင်မလား… ၃ရက်ကတော့ အရမ်းကို တိုတောင်းလွန်းပါတယ်”

ဒီတစ်ခေါက်တော့ သူ အသေအချာ ဆုံးဖြတ်ချက် ချထားပြီးသားပါ။ ရှောင်ပိုင်ရဲ့ဇနီးလုပ်မယ့်အစား စာအုပ်ကို အလွတ်ရအောင် ကျက်မှတ်မှာပါ။ ဒီပြင် သူက ယောကျ်ားတစ်ယောက်ပါ ဘယ်လိုဖြစ်ပြီး ကောင်မလေး တစ်ယောက်ရဲ့ ဇနီးလုပ်ရမလဲ။

“ကောင်းပါပြီ”

ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းများကို မှေးစဉ်းကာ မာယာများစွာ ပြုံးလိုက်တယ်။

“လဝက်အတွင်း စာအုပ်တစ်အုပ်လုံးကို အမှားမရှိ မရွတ်ပြနိုင်ရင် နင့်ကို ရှောင်ပိုင်နဲ့ ချက်ချင်း လက်ထပ်ပေးမယ်”

ဒီစကားကို ကြားတော့ ရှောင်မိုလည်း ခုန်ကာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်က သူ့ချစ်ဖို့ကောင်းတဲ့ မျက်နှာမှာ ဖြန့်ကျက်လာရတယ်။

“သခင်… စိတ်မပူပါနဲ့…ကျွန်တော် အမှားမရှိ အလွတ်ရအောင် ကျက်ပါ့မယ်”

မနောက်ပါဘူး… ရှောင်ပိုင်ဆိုတဲ့ မိန်းကလေးက မှတ်ဉာဏ်ထဲက စာအုပ်ထက် ပိုကြောက်ဖို့ ကောင်းပါတယ်။ ယွမ်လော့ဖုန်းရဲ့အမိန့်ကို မနာခံဘဲ နေရဲပါ့မလား

“ဟမ်…”

ယွမ်လော့ဖုန်းလည်း အပြင်လောကကြီးရဲ့ မတည်ငြိမ်မှုကို သတိပြုမိတာကြောင့် သူမရဲ့မျက်နှာမှာ အေးစက်စက် အလင်းတန်းစု ဖြတ်ပြေးသွားတော့တယ်။

“တစ်စုံတစ်ယောက် ရောက်နေသလို ခံစားမိတယ်”

ဒီစကားကို ပြောပြီးနောက် သူလည်း ဆေးနတ်ဘုရားလျှို့ဝှက် နယ်မြေထဲက အလျင်စလို ထွက်သွားလိုက်တယ်။

….

ကြော့ရှင်းသော အခန်းအတွင်းမှ, မျက်လုံးပိတ်ကာ အနားယူနေသော ကောင်မလေးက မျက်လုံးကို ချက်ချင်း ဖွင့်လိုက်တယ်။ ရင်းနှီးသော မျက်နှာက သူ့အမြင်အာရုံထဲ ဝင်ရောက်လာတော့ သူမရဲ့ သူငယ်အိမ်ကို ကျုံ့လိုက်တယ်။

ညလေက ထိုလူကိုတိုက်ခိုက်နေပြီး သူ့အဝတ်အစားဟာ လေညင်းမှာ တလွင့်လွင့် ဖြစ်နေခဲ့တယ်။ သူလည်း လရောင်အောက်မှာ တိတ်ဆိတ်စွာ ရပ်နေလိုက်တယ်။ သူ့မျက်နှာပြင်တစ်ခုလုံးက ခက်ထန်နေပြီး ဝမ်းနည်း ညှိုးငယ်နေခဲ့တယ်။ သူ့ဘေးနား ဝန်းကျင်က တန်ခိုးအစွမ်းဟာ စူးရှပြီး မတည်ငြိမ်မှုများဖြင့် ပြည့်နှက်နေခဲ့တယ်။

ထို့နောက် ယွမ်လော့ဖုန်းလည်း မျက်လုံးဖွင့်လိုက်ချိန်မှာ ယွမ်ရှောင်ရှေ့က အမျိုးသားကို တွေ့လိုက်ရတယ်။ သူ့မျက်နှာမှာ ညှို့ဓာတ်ပြင်းသော အပြုံး ရှိနေခဲ့တယ်။ ထိုအပြုံးက လှပရင်တောင် သူမနှလုံးသားထဲမှ ဒေါသစိတ်ကို တိုးစေပါတယ်၊။

“ပိုင်စု… ရှင် ဘာလို့ ဒီနေရာကို ရောက်နေတာလဲ”

သူမရဲ့မျက်ဝန်းများက မဖော်ရွေ အေးစက်နေပြီး မည်းမှောင်နေလေတယ်။အိပ်ရာပေါ်မှ ထလိုက်ကာ တစ်ချိန်တဘည်းမှာပဲ သူမရဲ့အဝတ်အစားများကို ကောက်ဝတ်လိုက်တယ်။

ကောင်မလေးရဲ့ အရိုးချမ်းမတတ် အသံကို ကြားလိုက်ချိန်မှာ အမျိုးသားလေးရဲ့နှုတ်ခမ်းပေါ်က အပြုံးက ပိုနက်ရှိုင်းလာခဲ့တယ်။

“ဒါပေါ့… မင်းကို လက်ထပ်မလို့လေ”

မင်းကို လက်ထပ်မယ်…

ဒီစကားက ယွမ်ရှောင်ရဲ့နှလုံးသားထဲက ဒေါသစိတ်ကို နှိုးဆွနေသလိုပါပဲ။ သူ့မျက်ဝန်းနက်များက ပိုပို အေးစက်လာပြီး သူ့တိုးလျသော ခပ်သြသြအသံကို ယွမ်လော့ဖုန်းရဲ့ နားဘေးနားမှာ ကြားလိုက်ရတယ်။

“ကိုယ် ဖြေရှင်းလိုက်မယ်”

“ကောင်းပါပြီ”

ယွမ်လော့ဖုန်းလည်း သူမရဲ့ ဦးခေါင်းကို အသာအယာ ညိတ်လိုက်တယ်။ ယွမ်ရှောင်ရဲ့ အစွမ်းကို သူမ ယုံကြည်တယ်။

သူ့အေးစက်သော မျက်ဝန်းများက ပိုင်စုဘက်လှည့်လိုက်လေတယ်။ ယွမ်ရှောင်ရဲ့အသံမှာ ပြင်းထန်သော လူသတ်ငွေ့များ ဖုံးလွှမ်းနေခဲ့တယ်။

“ထွက်သွားစမ်’”

အရေးမပါတဲ့ လူတစ်ယောက်ကို စကားပြောနေသလို သူ့ပုံစံက အလွန်အမင်း အကြင်နာတရားမဲ့ပြီး စကားအပိုတောင် ပြောချင်ပုံ မရပါဘူး။

ပိုင်စုလည်း သူ့လက်ထဲမှ ခေါက်ထားတဲ့ ယပ်တောင်ကို ဖွင့်ကာ ပြုံးလိုက်တယ်။

“ငါက ဒီကောင်မလေးကို သေချာပေါက် ရမှာ… မင်းက ငါ့လမ်းမှာ လာပိတ်နေရင်တော့ မင်းကို သတ်ရလိမ့်မယ်”

“အရှုံးသမား”

ယွမ်ရှောင်ရဲ့ စကားလုံးများက အမြဲတမ်း မတူမတန်ဟန်ပါ… ဒီအသံက တခြားသူရဲ့နှလုံးသားကို ဓားနဲ့ထိုးနေသလိုပါပဲ။ လွန်ခဲ့သော တစ်နှစ်တုန်းက လွေကျင်းတိုင်းပြည်မှာ ပိုင်စုကို သူ အနိုင်ပိုင်းခဲ့တယ်… အခုလည်း.. ဒီလူက အရှုံးသမားပဲ။

မျှော်လင့်ထားသလိုပါပဲ… သူ့စကားကို ကြားပြီး ပိုင်စုရဲ့မျက်ဝန်းများက မည်းမှောင်သွားလေတယ်။

“အရင်က မင်းကို မနိုင်ခဲ့ဘူး… ဒါပေမဲ့ အခု မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူးလို့ မဆိုလိုဘူး..မင်းမှာ အရည်အချင်းရှိရင် ငါ့နောက်လိုက်ခဲ့…ဘယ်သူ ပိုတော်လဲ ကြည့်ရတာပေါ့”

ဒီစကားကို ပြောပြီးတာနဲ့ သူလည်း တံခါးပေါက်ကို ဦးတည်သွားလိုက်တယ်။ သူထွက်မသွားခင်မှာ ယွမ်လော့ဖုန်းကို ဝေ့ခနဲ ကြည့်လိုက်ကာ သူ့အပြုံးကာ ဆန်းကြယ်ပြီး ဆိုးယုတ်လွန်းပါရဲ့။

“မင်းရဲ့လူကို သတ်လိုက်ပြီးတာနဲ့ မင်းကို ကိုယ် ပိုင်သွားပြီ… မင်းက ပိုင်မိသားစု ဖြစ်ရမယ်”

Chapter-668

End

အပိုင်း(၆၆၉)

ပိုင်စုက တစ်စုံတစ်ယောက်ကို လာခိုးတယ် (၂)

ပိုင်စုရဲ့ညှို့ငင်ပြီး ယုံကြည်ချက်ရှိသော ပုံစံကြောင့် ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။

“ရှင်က ယွမ်ရှောင်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး”

ပိုင်စုရဲ့မျက်ဝန်းများဟာ မည်းမှောင်သွားလေတယ်။

“မင်းက သူ့ကို အဲ့လောက်တောင် ယုံကြည်တာလား”

“ဟုတ်တယ်”

“ဘာကြောင့်လဲ”

“သူက ကျွန်မရဲ့လူမို့လို့လေ”

သူက ကျွန်မ အပိုင် ဖြစ်နေတာကြောင့် သူ့ကို အမြဲယုံကြည်ထားတယ်။

ယွမ်လော့ဖုန်း ပြောလိုက်တဲ့ စကားကြောင့် ယွမ်ရှောင်ရဲ့ ခက်ထန်သော အရှိန်အဝါ လျော့ကျသွားခဲ့တယ်။ သူ့မျက်ဝန်းမှ အေးစက်မှုများက တဖြည်းဖြည်းချင်း မှေးမှိန်သွားရတယ်။ သူ့နှုတ်ခမ်းပေါ်မှာ အပြုံးရိပ်တစ်ခု ထင်ကျန်လာတာပေါ့“”

“ကိုယ့်ကို စောင့်နေပေး”

ဒီစကားကို ပြောပြီးနောက် သူလည်း ညအမှောင်ထဲ ပျောက်ကွယ်သွားလေတယ်။

….

ညက တိတ်ဆိတ်နေလေရဲ့…

ပေါင်းပင်များ အဆမတန် ကြီးထွားနေတဲ့ တောထဲမှာ ယွမ်ရှောင်လည်း သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ကာ ပိုင်စုဘက် သွေးအေးစွာ လှည့်လိုက်တယ်။

“ဒီနေရာက ကောင်းတယ်မလား”

ပိုင်စုလည်း ကောက်ကျစ် စဉ်းလဲသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်နေလိုက်တယ်။

“ဒါက သရဲဘုရင်ရဲ့ခွန်အား အမှန်လား …ဒါဆိုရင်တော့ ငါက ညွှန်းကြား ပြသပေးရတာပေါ့”

ဒီစကားကို ပြောပြီးနောက် ပိုင်စုရဲ့ခန္ဓာကိုယ်မှ  တန်ခိုးအစွမ်းများ ပွင့်ထွက်လာကာ သူ့ဘေးနားမှ လေကို ပြင်းပြင်းထန်ထန် တုန်ခါစေတယ်။ ကျယ်လောင်သော မြည်ဟည်းသံ ပဲ့တင်ထပ်လာခဲ့တယ်။

ဝုန်း…

သူတို့နှစ်ယောက်လုံး တစ်ချိန်တည်းမှာ စတင်တိုက်ခိုက်ကြတယ် ပြင်းထန်သော အားက သူ့တို့အနားမှ ဖြာထွက်လာပြီး သစ်တောတစ်ခုလုံးကို ချက်ချင်း ချေမှုန်းသွားခဲ့တယ်။

ပိုင်စုလည်း နောက်သို့ ခြေလှမ်းတ အနည်းငယ် နောက်ဆုတ်လိုက်တယ်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများ အန်လာရတယ်။ သူလည်း ခက်ထန်သော မျက်ဝန်းများဖြင့် ကြည့်ကာ အေးတိအေးစက် အမျိုးသားကို သွေးအေးစွာ ကြည့်လိုက်တယ်။

“ငါ့ဘဝမှာ  လေးစားရတဲ့ လူအများကြီး မရှိခဲ့ဘူး… သရဲဘုရင်… မင်းက အဲ့ဒီထဲက တစ်ယောက်ပေါ့”

ပိုင်စုလည်း သူ့နှုတ်ခမ်းမှ သွေးစများကို သုတ်လိုက်ပြီး ရယ်မောလိုက်တယ်။

“ကံဆိုးစွာနဲ့ ငါတို့က အချစ်ပြိုင်ဘက် ဖြစ်နေခဲ့တယ်”

“အချစ်ပြိုင်ဘက်တဲ့လား”

ယွမ်ရှောင်လည်း သူ့ကို မကျေမနပ် ကြည့်လိုက်တယ်။

“ခင်ဗျားမှာ အခွင့်ရှိတယ်လို့များ ထင်နေလား”

အမှန်တော့ ပိုင်စုလည်း ယွမ်လော့ဖုန်းကို မကြိုက်ပါဘူး…သူမကို ပိုင်မိသားစုထဲ ဆွဲခေါ်ချင်တာပါ။ ဘယ်သူမှ ဒီအချက်ကို မသိမြင်နိုင်ပါဘူး။ ယွမ်ရှောင်ရဲ့ အကြင်နာ ကင်းမဲ့သော စကားများကို ကြားပြီးနောက် ပိုင်စုလည်း သူ့မျက်ဝန်းများကို မှေးစဉ်းလိုက်ပြီး အန္တရာယ် အငွေ့အသက်များကို ထုတ်လွှင့်လိုက်တယ်။

“ငါ့မှာ အခွင့်ရှိ …မရှိကို မင်းတစ်နေ့တော့ သိရမှာပေါ့ ဒီနေ့ကို သူမကို ဒီမှာလာရှာတဲ့ အပြင် တခြားအကြောင်းအရင်း ရှိနေသေးတယ်… မင်းရဲ့လက်ရှိ ခွန်အားကို စုံစမ်း ကြည့်ချင်လို့ အခုတော့ မင်းရဲ့ အစစ်အမှန် ခွန်အားကို ငါ ခံစားမိသွားပြီ”

ပိုင်စုရဲ့နှုတ်ခမ်းထောင့်များက မမြင်နိုင်လောက်အောင် မြှင့်တင်သွားပြီ

“ငါတို့က နောက်ဆို ရန်သူတွေ ဖြစ်သွားပြီ… အနိုင်ရသူက သူမကို ပိုင်ဆိုင်ရမယ်”

ဝုန်း

ယွမ်ရှောင်ရဲ့ တန်ခိုး အစွမ်းများက အဟန့်အတား ကင်းမဲ့စွာ, ပေါက်ကွဲလာပြီး ဧရာမတောင်ကြီးကို လွှမ်းခြုံ ဖိနှိပ်ထားသလိုပါပဲ။ ကောင်းကင်တစ်ခုလုံး… အမည်းရောင်မြူများနဲ့ အသက်မရှူနိုင်လောက်အောင် လေထုက လေးလံသိပ်သည်း‌ နေသလိုပါပဲ။

Chapter-669

End

Bạn đang đọc truyện trên: Truyen247.Pro