Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

652+653 Unicode

652+653

အပိုင်း(၆၅၂)
ယွမ်ရှောင်… ကျွန်မ ရှင့်ကို လွမ်းတယ် (၂)

သူ့ရှေ့မှာ ရပ်နေတဲ့သူက ကော်ဖူးလန် မဟုတ်ဘဲ အယောင်ဆောင်ထားတဲ့လုရာထင်ဆိုတာ သူ သိနိုင်ပါ့မလား။

“ဟူပို… ငါလည်း နင်နဲ့အတူတူ သမားတော်ပြိုင်ပွဲမှာ ပါဝင်ချင်တယ်”

လုရာထင်ရဲ့မျက်ဝန်းများ မည်းမှောင်နေခဲ့တယ်။
“ယွမ်လော့ဖုန်းလည်း လာမယ်ဆိုတော့ သရဲဘုရင်ရဲ့လက် ငှါးပြီး အဲဒီ မိန်းမကို သတ်မယ်”

“လက်မခ့နိုင်ဘူး”
ဟူပိုရဲ့မျက်နှာထားက ပြောင်းလဲသွားခဲ့တယ်။

ချက်ချင်းပဲ… သမားတော်အဖွဲ့အစည်းဘက် လှည့်ကာ
“ငါနဲ့ သူမက ဘာမှ မသက်ဆိုင်ပါဘူး”

“ရှင့်မှာ ငြင်းလို့ရတဲ့ အခွင့်အရေး ရှိတယ်လို့များ ထင်နေလား”
လုရာထင်လည်း ညစ်ကျယ်ကျယ် ပြုံးကာ ပြောလိုက်တယ်။
“ပြိုင်ပွဲကို နင်နဲ့အတူတူ ခေါ်မသွားပေးရင် နင်က အစ်မရာထင်ပေးတဲ့ လက်ဆောင်ကို ယူထားတယ်လို့နင့်ဆရာကို ပြောရလိမ့်မယ်”

“မင်း…”
ဟူပိုလည်း ဒေါနဲ့မောနဲ့ လုရာထင်ကို လက်ညိုးထိုးလိုက်တယ်၊ သူ့လက်ကတော့ တုန်ရီနေတာပေါ့။  လုရာထင် လာဘ်ထိုးတဲ့ လက်ဆောင်ကို ယူလိုက်မိတာ သူ တကယ့်ကို နောင်တရမိပါတယ်။ မဟုတ်ရင် သူ… နှုတ်ဆိတ် မနေဘူး။

“ကောင်းပြီလေ… မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်…”
ထွက်မသွားခင်မှာ ဟူပိုလည်း လုရာထင်ကို နောက်လှည့်ကြည့်လိုက်တယ်။
“ဒါပေမဲ့ ငါ့အထင်တော့ နင်က အစ်မရာထင်နဲ့ ပိုတူနေသလိုပဲ”

လုရာထင်လည်း လန့်ဖျပ်သွားရတယ်။အစကတော့ သရုပ်အမှန်ကို ပြဖို့ တွေးထားသော်လည်း ဟူပိုက ယွမ်ရှောင်ထွက်သွားတဲ့ ဦးတည်ရာကို အလျင်စလို ပြေးလိုက်သွားတယ်။

…..

ကျင်းပရာ နေရာ…
အဆုံးအစမဲ့သော ကောင်းကင်ယံအောက်မှာ အကြီးအကဲအားလုံးက လွန်ခဲ့သောနှစ်က လက်ဆောင်ရရှိထားတဲ့ ရတနာပစ္စည်းအားလုံးကို ထုတ်ကြွားနေခဲ့တယ်။သူတို့ဘေးနားမှ လူများရဲ့ မနာလို အကြည့်များကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ စိန်နားကပ်ရောင်နဲ့ ပါးပြောင်ချင်နေတယ်။

အမှန်တကယ်တော့ သမားတော်ပြိုင်ပွဲဆိုတာ ချမ်းသာကြွယ်ဝမှုတွေ လွှမ်းခြုံထားတဲ့ ပြိုင်ပွဲ တစ်ခုပါ။ သမားတော်ပြိုင်ပွဲ မတိုင်မီတည်းက ဂိုဏ်းတိုင်းရဲ့ အဖွဲ့ဝင်တိုင်းဟာ တန်ဖိုးရှိသော ရတနာများ ရှာဖွေစုဆောင်းပြီးကြွားလုံးထုတ်တတ်ကြတယ်။

ပြိုင်ပွဲနေ့မှာ သမားတော်အဖွဲ့အစည်းမှ လူများလဲ ကျင်းပရာနေရာကို လာတာကြောင့် ယွမ်လော့ဖုန်းကလည်း ဆေးမြို့တော်မှ လူများကို စောင့်ကြည့်ဖို့ လူလွှတ်ထားခဲ့တယ်။

လုဟောင်လည်း လူစုထဲမှ အဖြူရောင်ဝတ်စုံနဲ့မိန်းကလေးကို ပထမဆုံး သတိထားမိတယ်။သူ့လက်သီးကို ကျစ်နေအောင် ဆုပ်ကာ လူသတ်ချင်သော အကြည့်များနဲ့ ကြည့်လိုက်တယ်။

ထိုမိန်းကလေးက ထင်ပေါ် ကျော်ကြားမှန်း သိပါတယ်….သမားတော်အဖွဲ့အစည်းရဲ့အကြီးအကဲတွေ… တပည့်တွေ… ဂိုဏ်းအားလုံးရဲ့ အဖွဲ့ဝင်တွေ အားလုံးက သူမကို ဝိုင်းရံထားပြီး သူတို့လက်ထဲမှ ရတနာပစ္စည်းများကို သူမရှေ့ထားကာ ရတနာ ပစ္စည်းများ အလုအယက် ပေးနေကြတယ်။

“ယွမ်မိန်းကလေး…ကျုပ် …ဒီသွေးစက်ကို ခက်ခက်ခဲခဲနဲ့ ရယူထားတာပါ… မင်းလိုချင်တယ်ဆိုရင် မင်းကို ပေးနိုင်ပါတယ်… တောင်းဆိုစရာလေး တစ်ခုပဲ ရှိပါတယ်… ကျုပ်ကို ဆေးပညာ သင်ပေးနိုင်မလား…”

“ကျုပ်ရဲ့နှစ်တစ်ထောင် သက်တမ်းရှိတဲ့လိပ်နဂါး ဆေးမြစ်… ကျုပ်လည်း ယွမ်မိန်းကလေးကို လက်ဆောင်ပေးပါမယ်…ကျုပ်တောင်းဆိုချင်တာလဲ… သူနဲ့ အတူတူပါပဲ… မိန်းကလေး ကျုပ်ကို ဆေးပညာ ညွှန်းကြားပေးပါ”

“တန်ဖိုးရှိတဲ့ ဆေးဖက်ဝင် ဆေးမြစ်တွေကို   အစွမ်းအစရှိတဲ့ သမားတော်တွေပဲ ပိုင်ဆိုင်ခွင့်ရတာပါ… ဒါကြောင့် ကျုပ်လက်ထဲမှာ ရှိနေလဲ အသုံးမဝင်ပါဘူး ယွမ်သခင်မလေးကို ပေးလိုက်ရင် ပိုအကျိုးဖြစ်ထွန်းမှာပါ…ဒါဆို ဘာကြောင့်များ ကျုပ်က မပေးနိုင်ရမလဲ”

ဒီလူတွေက ဆေးမြစ်တစ်ခုတည်းကို သူတို့ရဲ့ ရတနာ ပစ္စည်း အဖြစ် မှတ်ယူခဲ့တာပါ…သူတို့ရဲ့တောင်းဆိုချက်ကို ဒီကောင်မလေး ငြင်းမှာ စိုးတာကြောင့် အသည်းအသန်ကို ပေးကမ်းနေတာပါ။

ယွမ်လော့ဖုန်းလည်း သူမရဲ့ မျက်ခုံးများကို မာယာများစွာ ပင့်လိုက်ပြီ သူမဘေးနားမှာ ရပ်နေတဲ့ လင်းလောပိုင်ကို အမိန့်ပေးလိုက်တယ်။
“ရှောင်ပိုင်…ဒီဆေးမြစ်တွေကို လက်ခံပြီး သူတို့ရဲ့နာမည်ကို မှတ်ထားလိုက်…ကျွန်မလည်း သမားတော်အဖွဲ့အစည်းမှာ ရက်ပိုင်းလောက်နေဦးမှာပါ… ဒါကြောင့် ရှင်တို့ မေးချင်တာကို လာမေးလို့ ရပါတယ်…”

သမားတော်တစ်ယောက်မှာ တန်ဖိုးအရှိဆုံး ဆေးမြစ်တွေ ကင်းမဲ့နေတယ်… ဒါပေမဲ့ အခုတော့ ဆေးမြစ်တွေ မြန်မြန်ရနိုင်မယ့် နည်းလမ်းကို သူ သိသွားပြီ။

“ဒါဆို ဆေးပညာသင်ခွင့်နဲ့ ဆေးမြစ်တွေကို လဲလှယ်လို့ ရပြီပေါ့”

သမားတော်အဖွဲ့အစည်းရဲ့ အကြီးအကဲ အားလုံးလည်း အသက်ခပ်ပြင်းပြင်းရှုကာ ယွမ်လော့ဖုန်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်တယ်။

မသိမသာ ခေါင်းမညိတ်ခင်မှာ သူမလည်း ခဏတော့ တိတ်ဆိတ်နေမိတယ်…
“ပေးတဲ့ ဆေးမြစ်က ပိုရှားပါးတဲ့ ပစ္စည်းဖြစ်ရင် မေးခွန်းများများ ဖြေပေးမယ်”

Chapter-652
End

အပိုင်း(၆၅၃)
ယွမ်ရှောင် ကျွန်မ…ရှင့်ကို လွမ်းတယ် (၃)

အကြီးအကဲအားလုံးရဲ့နှလုံးသားများလည်း တဒိတ်ဒိတ် ခုန်နေမိတယ်။ သူတို့ရဲ့ အပေါင်းအဖော်အားလုံးထက် အလျင်အမြန် သူတို့လက်ထဲက ဆေးမြစ်များကို အလုအယက် ပေးကြတယ်…. တခြားသူများထက် အရင် ယွမ်လော့ဖုန်းကို ဆေးမြစ်လက်ဆောင်ပေးချင်တာပါ။

‌“ဖေဖေ…”

လုဟောင်လည်း မျက်မှောင်ကြုတ်လိုက်တယ်။
“ဒီလူတွေအားလုံးက ဘာလို့များ ယွမ်လော့ဖုန်းကို မျက်နှာချိုသွေးနေလဲ”

လုကောလည်း နောင်တရ မိပါတယ်… လုဟောင်ကို ဒီနေရာ မခေါ်လာသင့်ပါဘူး…ဒီလိုဖြစ်မယ်မှန်းသာသိရင် သူ မလာခဲ့ပါဘူး။ သူ့သားလေးရဲ့ တောင်းဆိုမှုကို မငြင်းဆန်ချင်တာကြောင့် ပြိုင်ပွဲ ကျင်းပရာနေရာကို ခေါ်လာခဲ့တာပါ။

“ဒါက…”
လုကောရဲ့မျက်ဝန်းများက တဖျတ်ဖျတ်လက်သွားပြီး တွေးဝေသွားခဲ့တယ်။
“ထျန်းရာကြောင့်ပေါ့… ယွမ်လော့ဖုန်းနဲ့ ထျန်းရာမှာ မသင့်လျော်တဲ့ ဆက်ဆံရေးလေး ရှိတယ်…. ဒါကြောင့်လည်း သူတို့တွေက ယွမ်လော့ဖုန်းကို ချဉ်းကပ်တာ… မဆန်းပါဘူးလေ”

လုဟောင်လည်း ရုတ်တရက် နားလည်သွားခဲ့ပြီးသူလည်း ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။ သူ့အကြည့်မှာ အထင်သေးမှုများ ပြည့်နှက်နေခဲ့တယ်။
“ဒီလိုဆိုတော့ ဒီမိန်းမက တကယ်ကို ညစ်ပတ်တာပဲ… ရွံ့စရာ ကောင်းလွန်းတယ်…”

ဒီအကြောင်းကိုတွေးမိတော့ လုဟောင်လည်း သူမကို လှောင်ဖို့ ကြံရွယ်တော့တယ်။ သို့သော်လည်း ရုတ်ခြည်း ပွဲကျင်းပရာ နေရာသို့ အင်အား ပြင်းထန်သော အရှိန်အဝါ ဖြန့်ကျက်လာခဲ့တယ်။

ယွမ်လော့ဖုန်းကတော့ ဒီတန်ခိုး အရှိန်အဝါ… ဒီကိုယ်သင်းနံ့ကို ရင်းနှီးနေပါတယ်… သူမရဲ့မျက်ဝန်းများပိတ်ထားမယ်ဆိုရင်တောင် သူမ ဘယ်သူမှန်း သိနေပါတယ်…။

ကျင်းပရာ နေရာရဲ့ အစွန်းနားမှာ အမျိုးသားတစ်ယောက်ရဲ့ အေးစက်သော မျက်ဝန်းများက ကောင်မလေးကို ချစ်မြတ်နိုးစွာ အကြည့်မလွှဲဘဲ ကြည့်နေခဲ့တယ်/ သူ့နှုတ်ခမ်းဟာခပ်ရေးရေးမျှ ပြုံးနေခဲ့ပြီး သူ့အပြုံးကိုတောင် မြင်နိုင်ဖို့ ခဲယဉ်းပါတယ်။
သူတို့အကြည့်ချင်းဆုံချိန်မှာ သူတို့နှစ်ယောက်မှ ပြင်းထန်တဲ့ ထိတွေ့မှု အာရုံများ အစပြုလာပြီး သူတို့နှစ်ယောက်ရဲ့ ပတ်ဝန်းကျင်ကို ဖြန့်ကျက်လိုက်တယ်။ ထိုလူမှာလည်း အရင်လို အေးစက်မှု အရှိန်အဝါများ ပျောက်ကွယ်သွားခဲ့တယ်။

ထိုလူက ကောင်မလေးကို တိတ်တဆိတ် ငေးကြည့်နေခဲ့ပြီး… ကောင်မလေးရဲ့ ပုံရိပ်ကို သူ့မျက်ဝန်းမှာ စိတ်ထင်းနေအောင် မှတ်နေပုံပါပဲ။သူ့နှလုံးသားကို ပျော်ရွှင်ကြည်နူးစေတယ်။

ဟူပိုနဲ့လုရာထင်တို့ အလျင်စလို ပြေးလာချိန်မှာ ပွဲကျင်းပရာ နေရာ၏ အစွန်းတစ်ဖက်မှာ တိတ်ဆိတ်စွာ ရပ်နေတဲ့ထိုလူရဲ့ မြင်ကွင်းကို တွေ့မြင်လိုက်ရတယ်…။ အရင်ကလို ခက်ထန်တဲ့ ဖိအားများ ရှိမနေတော့ပါ။

လုရာထင်လည်း ယွမ်လော့ဖုန်းကို လှမ်းမြင်လိုက်တာကြောင့် ယွမ်ရှောင်အနား အရူးတစ်ယောက်လို ပြေးသွားလိုက်တယ်။သူမရဲ့ပုံစံက ဝံပုလွေ အရိုင်း တစ်ကောင်လိုပါပဲ… ယွမ်ရှောင်က ဝံပုလွေရဲ့ပါးစပ်မှာ အရသာရှိတဲ့ သားကောင်လို့သာ မှတ်ယူထားတယ်။

မရှိမဖြစ်လိုအပ်တဲ့ ခံစားချက်က သူမရဲ့နှလုံးသားကိုပျော်ရွှင်မြူးထူးစေတယ်။ သူမလည်း လှောင်ပြုံး ပြုံးလိုက်တယ်။

ယွမ်လော့ဖုန်း… နင့်ကို ဉာဏ်ကောင်းမယ်လို့ ထင်ခဲ့မိတာ…အမှန်တော့ နင်က တကယ့်ကို တုံးအတာပဲ။ သရဲဘုရင်ကိုတွေ့တော့ အရူးတစ်ယောက်လို ငေးမော ကြည့်နေတယ်လား။ သူစိမ်း အနားကပ်တာ မကြိုက်တဲ့ သရဲဘုရင်ရဲ့စရိုက်အရ… သူမရဲ့သွေးများ မြေကြီးပေါ် ချက်ချင်း လွှမ်းမိုးသွားနိုင်တယ်။

ယွမ်လော့ဖုန်း ရုပ်ပျက်ဆင်းပျက်သေမှာကို တွေးမိတိုင်း လုရာထင်ရဲ့မျက်နှာပေါ်က အပြုံးဟာ ပိုမို နက်ရှိုင်းလာခဲ့တယ်။ရက်စက်သော သူမရဲ့မျက်ဝန်းများက အဖြူရောင် အရိပ်လေး ယွမ်ရှောင် အနား တဖြည်းဖြည်းချင်း ချဉ်းကပ်လာတာကို ငေးကြည့်နေလိုက်တယ်။

ဆာလောင်မွတ်သိပ်နေတဲ့ ဝံပုလွေတစ်ယောက်က သူ့အစာကို တွေ့သလို ပြုမူနေတဲ့ ကောင်မလေးနဲ့ ရင်ဆိုင်ရတော့ ယွမ်ရှောင်က တွန်းမထုတ်တဲ့ အပြင်… သူ့လက်ကို ဆန့်ထုတ်ကာ ရင်ဖွင့်ပေးထားတယ်။ သူ့နှုတ်ခမ်းထောင့်က ဖြည်းဖြည်းချင်း ပင့်တင်လာခဲ့တယ်။

ဗိုင်း…

ယွမ်လော့ဖုန်းလည်း ယွမ်ရှောင် အနား ချက်ချင်း ပြေးသွားကာ သူ့ကို မြေကြီးပေါ် အကြမ်းပတမ်း တွန်းလဲလိုက်တယ်။ သူမရဲ့စိတ်ကို ထိန်းချုပ်ခြင်း မရှိဘဲ…ယွမ်ရှောင်ကို နမ်းလိုက်တယ်။သူမရဲ့ လက်မောင်းများက မြေကြီးပေါ်  ဖိထားလေရဲ့။ သူတို့နှစ်ယောက်လုံး အနမ်းမှာ နစ်မျောနေခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ ကိုယ်ပိုင် ကမ္ဘာလေးမှာ ညှို့ယူဖမ်းစား သက်ဆင်း ခံနေရတယ်။ သူတို့အနားမှာ တခြားသူတွေ ရှိနေတာတောင် မေ့လျော့နေခဲ့လေတော့…။

လုရာထင်လည်း သူ့ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ကာ နောက်သို့ ခြေလှမ်းများ တယိမ်းတယိုင် ဖြစ်သွားရတယ်။သူမရဲ့မျက်ဝန်းများက ကြောက်လန့်မှုကို ဖော်ပြနေပြီး သူမရဲ့နူးညံ့သော ခန္ဓာကိုယ်လေးက မသိမသာ တုန်ရီနေခဲ့တယ်။

ယွမ်လော့ဖုန်းက သရဲဘုရင်ကို ပွေ့ဖက်တဲ့ အပြင် သူ့ကို အတင်းအဓ္ဓမ နမ်းနေတယ်။ အလွန်အမင်’ သွေးအေးတဲ့ စရိုက်ရှိတဲ့ သရဲဘုရင်ကလည်း သူမကို မငြင်းတဲ့ အပြင် ပျော်ရွှင်မှု အရိပ်အယောင်တွေကိုလည်း ပြသနေတယ်လား..

သရဲဘုရင်ရဲ့ခွန်အားနဲ့ဆိုရင် သူသာ ဆန္ဒမရှိရင် လဲကျသွားစရာ အကြောင်းမရှိဘူး… သေချာပေါက်… ယွမ်လော့ဖုန်းမှာ သရဲဘုရင်ကို တွန်းလဲနိုင်တဲ့ အခွင့်အရေးမျိုးရမှာ မဟုတ်ဘူး။တစ်နည်းအားဖြင့် ပြောရရင် သရဲဘုရင်လည်း သူမရဲ့ တွန်းလဲမှုကို လိုလိုချင်ချင် ဖြစ်နေတာလား။

ဒါကို တွေးကြည့်တော့ လုရာထင်ရဲ့နှလုံးသားမှာ စိတ်ပျက်ကြေကွဲမှုများ ဖြစ်တည်လာရတယ်။သူမရဲ့နောက်ဆုံးသော ဆုပ်ကိုင်ဖွယ်ရာ အသက်ကယ်တင်ရှင်လို့ ယူဆခဲ့တဲ့ ယောကျ်ားတစ်ယောက်က ယွမ်လော့ဖုန်းနဲ့ ဆက်နွှယ်မှု ရှိနေတာလား။

Chapter-653

End

Bạn đang đọc truyện trên: Truyen247.Pro