Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

611+621

Zawgyi

သရဲဘုရင္ရဲ႕ခ်စ္လွစြာေသာ ဇနီးဆိုးေလး
စာစဥ္(၂၅)
ဘာသာျပန္ဆိုသူ :သၾကားလုံးေလး

ၾကားရက္မ်ားတြင္ တစ္ေန႔ ၂ပိုင္း ပိတ္ရက္မွာ တစ္ေန႔၅ပိုင္းပါ။ တစ္ပတ္ကို အပိုင္း၂၀ တင္မည့္ gpျဖစ္သည္။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
အပိုင္း(၆၁၁)
သမားေတာ္ ၿပိဳင္ပြဲ (၂)

ဒီသတင္းကို ၾကားၿပီးေနာက္ မု႐ုန္ေပလည္း အျပင္ကို အလ်င္စလို ထြက္လာလိုက္တယ္။ၿခံဝင္းထဲမွာ ယြမ္ေလာ့ဖုန္း ရပ္ေနတာကို ျမင္လိုက္ေတာ့ သူ႔ႏႈတ္ခမ္းေလးကို လႈပ္ၿပီး တစ္စုံတစ္ရာကို ေျပာလိုက္ခ်င္ေသာ္လည္း သူ႔လည္ေခ်ာင္း ေျခာက္ကပ္ေနခဲ့တယ္။ ဒါေၾကာင့္ သူ႔မွာ စကားတစ္ခြန္းတစ္ဗ်ာပါးမွ် ေျပာလို႔ မရေပ။

ခဏၾကာေတာ့ သူ႔စိတ္ကို ေျဖေလ်ာ့လိုက္ၿပီး အၿပဳံးေလးနဲ႔ ေျပာလိုက္တယ္။
“သခင္….ျပန္လာၿပီလား”

ယြမ္ေလာ့ဖုန္းလည္း ေအးေအးလူလူ ေခါင္းညိတ္လိုက္တယ္။
“မု႐ုန္ေပ… ဒီကိုလာခဲ့ပါဦး…က်မ မသြားခင္…ရွင့္ကို ေျပာခဲ့ခ်င္တာ ရွိတယ္”

“ဟုတ္ကဲ့ပါ သခင္…”
မု႐ုန္ေပက ႐ိုေသေလးစားစြာ ျပန္ေျပာလိုက္တယ္။
“သခင္…. စိတ္စြမ္းအား က်င့္ႀကံတဲ့ အခန္းမွာ စကားေျပာၾကမလား”

ဘာစကားမွ မေျပာေတာ့ဘဲ မု႐ုန္ေပ စိတ္စြမ္းအား က်င့္ႀကံရာ အခန္းသို႔ ဦးတည္ ထြက္ခြာလိုက္တယ္။

…..

မု႐ုန္ေပရဲ႕ စိတ္စြမ္းအား က်င့္ႀကံရာ အခန္းကို ႐ိုးရွင္းစြာ မြမ္းမံ့ထားၿပီး ၾကမ္းျပင္ေပၚမွာ ဖ်ာ ကိုသာ ခင္းက်င္းထားတယ္။ ယြမ္ေလာ့ဖုန္း အနည္းငယ္ မ်က္ႏွာပ်က္သြားတာ ျမင္ေတာ့ သူလည္း အလ်င္စလို ထိုင္ခုံ တစ္ခုံရွာၿပီး မ်က္ႏွာခ်ိဳေသြးကာ စကားဆိုလိုက္တယ္။
“သခင္… ဒီမွာ ထိုင္ပါ”

ယြမ္ေလာ့ဖုန္းလည္း သူမရဲ႕ အျဖဴေရာင္ဝတ္စုံကို ခါယမ္းလိုက္ၿပီး ထိုင္ခုံေပၚကို ထိုင္လိုက္တယ္။ သူမရဲ႕ ေမဖ်ားကို လက္နဲ႔ေထာက္ရင္း သူမရဲ႕ေရွ႕မွာ ရပ္ေနသူကို မာယာမ်ားစြာ ၾကည့္လိုက္တယ္။

“မု႐ုန္ေပ…. ရွင္ကို ဒီေလာကႀကီးရဲ႕ ထိပ္ဆုံးမွာ ရပ္တည္ႏိုင္တဲ့ အခြင့္အေရး ေပးမယ္ဆိုရင္ ရွင္ လက္ခံမလား”
ၿပဳံးရင္း သူ႔ကို ၾကည့္လိုက္တယ္။

မု႐ုန္ေပလည္း သူမရဲ႕စကားကို ၾကားလိုက္ရေတာ့ သူ႔မ်က္လုံးမ်ား ျပဴးက်ယ္သြားရတယ္။ သူ႔အသက္ရႉသံမ်ားေတာင္ ျမန္ဆန္လာရတယ္။
“သခင္…တကယ္သာဆိုရင္ေတာ့ ဒီအခြင့္အေရးကို အမိအရ ဖမ္းဆုပ္ၿပီး အေကာင္းဆုံး ႀကိဳးစားမွာေပါ့”

“ေကာင္းၿပီ… ရွင္ ေျပာခဲ့တာကို ေသခ်ာ မွတ္ထားလိုက္ပါ”
ယြမ္ေလာ့ဖုန္းလည္း သူမရဲ႕မ်က္ခုံးမ်ားကို ပင့္လိုက္တယ္။
“ရွင္… ဟြမ္ခြၽမ္ၿမိဳ႕မွာ နံပါတ္၁ အဆင့္ ျဖစ္သြားရင္ က်မကို ေတြ႕ဖို႔ လုံယြမ္တိုင္းျပည္မွာရွိတဲ့ စစ္သူႀကီး အိမ္ေတာ္ကို လာခဲ့လိုက္…… ဒီေအာင္ျမင္မႈကို မရသေ႐ြ႕ ရွင္နဲ႔ မေတြ႕ႏိုင္ဘူး”

မု႐ုန္ေပရဲ႕ မ်က္ဝန္းမ်ားက တျဖည္းျဖည္းခ်င္း ဆုံးျဖတ္ခ်က္ ခိုင္မာေသာ အၾကည့္မ်ားသို႔ ေျပာင္းလဲသြားခဲ့တယ္။ ဒါက သူ႔ကို စမ္းသပ္တယ္ဆိုတာ သူ သိေနတယ္။ ဟြမ္ခြၽမ္ၿမိဳ႕မွာ နံပါတ္၁ ျဖစ္မွ ဒီစစ္ေဆးမႈကို ေအာင္ျမင္မွာပါ။

“သခင္… စိတ္ခ်ပါ…. သခင့္ကို စိတ္မပ်က္ေစရဘူး”

“က်မလည္း ဒီလို ျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္”
ယြမ္ေလာ့ဖုန္းလည္း မာယာမ်ားစြာ ၿပဳံးရင္း ေျပာလိုက္တယ္။
“ဟြမ္ခြၽမ္ၿမိဳ႕မွာ နံပါတ္၁ မျဖစ္သေ႐ြ႕… ကြၽန္မရဲ႕ လက္ေအာက္ငယ္သား ျဖစ္ဖို႔ အရည္အခ်င္း မျပည့္မွီေသးဘူး… ဒါဆိုရင္… ရွင့္ကို က်မ… လုံယြမ္တိုင္းျပည္မွာ ေစာင့္ေနမယ္”

မု႐ုန္ေပ မွန္ပါတယ္။ဒါက သူ႔အတြက္ေတာ့ စမ္းသပ္ခ်က္တစ္ခုပါ။ အခုအခ်ိန္က အရင္နဲ႔ ျခားနားသြားၿပီ။အရင္က သံမဏိတပ္နဲ႔ မီးေတာက္ အဖြဲ႕ကို လက္ခံေပးခဲ့တာက ေ႐ြးခ်ယ္စရာ မရွိခဲ့လို႔။  အရည္အခ်င္း လုံလုံေလာက္ေလာက္ မရွိသူနဲ႔ေတာ့ ေဆးနတ္ဘုရား လွ်ိဳ႕ဝွက္ သေကၤတထဲက ရတနာမ်ားကို မမွ်ေဝႏိုင္ဘူး။

မု႐ုန္ေပက သူမကို သစၥာရွိေသာ္လည္း ဒီလူက ထိုက္တန္မႈရွိရဲ႕လားလို႔ စမ္းသပ္ခ်င္ပါေသးတယ္။ဟြမ္ခြၽမ္ၿမိဳ႕မွာ နံပါတ္၁ ျဖစ္လာဖို႔က သူနဲ႔ ထိုက္တန္တဲ့ စမ္းသပ္မႈပါပဲ။
“က်မ ေျပာခ်င္တာ ၿပီးၿပီ… မု႐ုန္ေပ… ဒီအခြင့္အေရးကို ဖမ္းဆုပ္ႏိုင္လား… မဖမ္းဆုပ္ႏိုင္ဘူးလားဆိုတာ ရွင့္အေပၚ မူတည္တယ္”
ယြမ္ေလာ့ဖုန္းလည္း ထိုင္ခုံေပၚမွ ထလိုက္ၿပီး သူမရဲ႕ႏႈတ္ခမ္းလႊာေပၚမွာ မာနဝင့္ႂကြားေသာ ယုံၾကည္ခ်က္ရွိေသာ အၿပဳံးေလးမ်ား ျဖန႔္က်က္လိုက္တယ္။
“ရွင္ ယုံၾကည္ထားဖို႔က… ဒီအခြင့္အေရးကို လြဲေခ်ာ္သြားရင္ ေနာက္ထပ္ အခြင့္အေရးဆိုတာ မရႏိုင္ေတာ့ဘူး”

မု႐ုန္ေပရဲ႕မ်က္ႏွာက ေလးနက္ တည္ၾကည္ေနတယ္။ယြမ္ေလာ့ဖုန္းက အမွန္တရားေျပာေနတယ္လို႔ သူ သိေနခဲ့တယ္။ဒီတစ္သက္မွာ တစ္ခါတည္းရႏိုင္မယ္… အခြင့္အေရးပါပဲ။

“သခင္…”
ေကာင္မေလးရဲ႕ မာယာမ်ားေသာ မ်က္ႏွာကို ၾကည့္ရင္း သူလည္း ေလးနက္စြာ ေျပာလိုက္တယ္။
“ကြၽန္ေတာ္မ်ိဳးကို အခ်ိန္ ၃ႏွစ္ေပးပါ… သခင္ကို ေတြ႕ရဖို႔ လုံယြမ္တိုင္းျပည္ကို လာခဲ့ပါမယ္”

ယြမ္ေလာ့ဖုန္းလည္း သူမရဲ႕ႏႈတ္ခမ္းေထာင့္မ်ားကို ျမႇင့္တင္လိုက္ၿပီး ၿပဳံးလိုက္တယ္။ ဘာစကားတစ္ခြန္းမွ မေျပာေတာ့ဘဲ သူမလည္း တံခါးရွိရာသို႔ ေလွ်ာက္လွမ္းသြားလိုက္တယ္။ တံခါးေပါက္နား ေရာက္ေတာ့ သူမရဲ႕ ေျခလွမ္းမ်ားကို ရပ္တန႔္လိုက္ၿပီး သူမရဲ႕လက္ကို ေျမႇာက္ကာ ႏႈတ္ဆက္ဟန္ ျပဳလိုက္တယ္။ ထို႔ေနာက္… သူမလည္း ေဝးရာကို ေလွ်ာက္လွမ္းသြားၿပီး ေတာက္ပေသာ ေနေရာင္ေအာက္မွာ ေပ်ာက္ကြယ္သြားခဲ့တယ္။

သူမရဲ႕ ေဝးကြာသြားေသာ ပုံရိပ္ကို ၾကည့္ရင္း မု႐ုန္ေပမွာ ပိုမို ဆုံးျဖတ္ခ်က္ ခိုင္မာလာရတယ္။ သူ႔အတြက္ တစ္ခုတည္း အခြင့္အေရးဆိုတာ သူ နားလည္တယ္ ဒီအခြင့္အေရးကို သူ အမိအရ ဖမ္းဆုပ္ထားဖို႔ လိုအပ္တယ္။

Chapter-611
End

အပိုင္း(၆၁၂)
သမားေတာ္ ၿပိဳင္ပြဲ (၃)

ေဆးၿမိဳ႕ေတာ္။

ခမ္းနားထည္ဝါေသာ စားေသာက္ဆိုင္ တစ္ခုအတြင္း မိန္းမပ်ိဳေလး တစ္ေယာက္ ျပတင္းေပါက္နားက ကုလားထိုင္မွာ ထိုင္ရင္း ေမဖ်ားကို လက္ျဖင့္ေထာက္ကာ တစ္ဖက္သို႔ ေစာင္းငဲ့ ၾကည့္လိုက္တယ္။ သူမရဲ႕ မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနတဲ့ မိန္းကေလးကေတာ့ သူ႔ထက္ ႏွစ္အနည္းငယ္ေလာက္ေတာ့ ငယ္႐ြယ္မယ္လို႔ ထင္ရၿပီး သူမကေတာ့ အစားအေသာက္မ်ားနဲ႔ အလုပ္ရႈပ္ေနခဲ့တယ္။ သူမရဲ႕ ပါးစပ္မွာ အစားအေသာက္မ်ား ပလုတ္ပေလာင္း ျဖစ္ေနခဲ့တယ္။သိပ္မၾကာခင္မွာဘဲ သူမ ပါးမို႔မို႔ေလးက ေဖာင္းအစ္ေနၿပီး သူမေလးက အစားအေသာက္မ်ားကို ပါးစပ္ထဲ အတင္း သြတ္ထည့္ေနခဲ့တယ္။

စားေသာက္ဆိုင္ ခန္းမေဆာင္ထဲမွ သက္ျပင္းရႈိက္သံ ၾကားလိုက္ရတယ္။
“၂ႏွစ္ တစ္ခါ က်င္းပတဲ့ သမားေတာ္ ၿပိဳင္ပြဲ႕ ႏွစ္လအတြင္း က်င္းပေတာ့မယ္ ၾကားတယ္”

“တကယ္လား… သမားေတာ္ၿပိဳင္ပြဲက ေဆးပညာအစြမ္း ၿပိဳင္တာ မဟုတ္ပဲ သမားေတာ္ တစ္ေယာက္နဲ႔ တစ္ေယာက္ ရတနာပစၥည္း ၿပိဳင္ၾကတာ”

“ဒါနဲ႔… သမားေတာ္ၿပိဳင္ပြဲကို ဘာလို႔ ေစာေစာစီးစီး က်င္းပရလဲ သိလား”

“ငါလည္း ေသခ်ာ မသိဘူး၊ ဒါေပမဲ့ ငါ့ဆရာကေတာ့ သမားေတာ္ အဖြဲ႕အစည္းမွာ ပါဝင္တယ္”

ဒီေဆြးေႏြးခ်က္ကို ၾကားၿပီးေနာက္… ေနာက္ဆုံးေတာ့ ေကာင္မေလးဘက္က လႈပ္ရွားလာေတာ့တယ္။ စားပြဲေပၚမွ ဓားကို ေကာက္ယူလိုက္ၿပီး မတ္တတ္ရပ္ကာ ေျပာလိုက္တယ္။
“ေဆးၿမိဳ႕ေတာ္ကလူေတြ ဒီမွာ မရွိဘူးဆိုေတာ့ ငါတို႔ေတြ ဒီမွာ ဆက္ေနစရာ အေၾကာင္းမရွိေတာ့ဘူး… ေရွာင္ပိုင္… ငါတို႔ေတြ သမားေတာ္ အဖြဲ႕အစည္းဆီ သြားမယ္”
“အား…”

လင္းေလာပိုင္လည္းမ်က္ေစာင္းထိုးကာ မေက်မနပ္ ေျပာလိုက္တယ္။
“ဒါေပမဲ့… တပည့္စားလို႔ မၿပီးေသးဘူးေလ”

သူမ စားေနတာကို ရပ္တန႔္လိုက္ေတာ့ ယြမ္ေလာ့ဖုန္းက သူမရဲ႕လက္ေမာင္းကို ေဆာင့္ဆြဲကာ တ႐ြတ္တိုက္ဆြဲေခၚသြားခဲ့တယ္။

“ေနာက္က်ေနၿပီ… ေစာေစာစီးစီး ထြက္ခြာ ဖို႔လိုအပ္တယ္၊ဒါေပမဲ့ ငါ ထြက္မသြားခင္ ေဆးၿမိဳ႕ေတာ္ကို လက္ေဆာင္တစ္ခ်ိဳ႕ ေပးသြားခ်င္တယ္”

…..

ၿမိဳ႕သခင္ရဲ႕ အိမ္ေတာ္က ခမ္းနားထည္ဝါၿပီး ေကာင္းမြန္စြာ ေစာင့္ၾကပ္ထားတယ္။ ယြမ္ေလာ့ဖုန္း ခ်ဥ္းကပ္လာေတာ့ သက္ေတာ္ေစာင့္ ႏွစ္ေယာက္က သူမတို႔ကို တားဆီးတယ္။

“ရပ္စမ္း… ဒါက ၿမိဳ႕သခင္ရဲ႕ အိမ္ေတာ္… ခြင့္ျပဳခ်က္မရဘဲ ဘယ္သူမွ ဝင္ခြင့္ မရွိဘူး”

ယြမ္ေလာ့ဖုန္းလည္း မဲ့ၿပဳံးၿပဳံးလိုက္ၿပီး ေကာက္က်စ္ စဥ္းလဲေသာ အၿပဳံးေလးကို ျပသလိုက္တယ္။ သူမရဲ႕အသံက ေလညင္နဲ႔အတူတူ ပ်ံ႕လြင့္လာခဲ့တယ္။

“ငါက ဝင္ခ်င္တယ္လို႔မ်ား ေျပာခဲ့လို႔လား”

အေစာင့္ရဲ႕မ်က္ႏွာက မည္းေမွာင္သြားေတာ့တယ္။
“ဒါဆို… မင္း ဒီမွာ ဘာလုပ္ေနတာလဲ”

“လူသတ္ မီးရႈိ႕ မလို႔ေလ”

သူမလည္း အနီေရာင္ ႏႈတ္ခမ္းပါးေလးကို လႈပ္ရွားလိုက္ၿပီး ၿမိဳ႕သခင္ရဲ႕ အိမ္ေတာ္ တံခါးေပါက္မွာ အထက္စီးဆန္ေသာ စကားကို ေျပာလာခဲ့တယ္။

ထိုစဥ္ အိမ္ေတာ္တံခါးေပါက္မွာ လူအမ်ားစုစည္းလာခဲ့တယ္။ သူတို႔အားလုံးက ယြမ္ေလာ့ဖုန္းကို လက္ညိဳးထိုးကာ အတင္းတုတ္ေတာ့တယ္။ သူတို႔အားလုံးရဲ႕ မ်က္ဝန္းမ်ားက သူမတို႔ကို သနားေနေသာ အၾကည့္နဲ႔ ၾကည့္ေနေလရဲ႕။

လူတိုင္း အံ့ၾသရတာက…ေဆးၿမိဳ႕ေတာ္မွာ ၿမိဳ႕သခင္ရဲ႕လူေတြကို မေလးမစား ေျပာဆိုရဲတာ တစ္စုံတစ္ေယာက္ေတာ့ ရွိေသးတယ္ေပါ့။

“အတင့္ရဲလိုက္တာ”

အေစာင့္ရဲ႕ မ်က္ႏွာက ေဒါသေၾကာင့္ မည္းခနဲ ျဖစ္သြားၿပီး က်ယ္ေလာင္စြာ ေအာ္ဟစ္ေတာ့တယ္။
“ၿမိဳ႕သခင္ အိမ္ေတာ္ကို ေစာ္ကားေမာ္ကား ေျပာဆိုရဲတဲ့ ဒီလူေတြကို သတ္စမ္း”

ခ်က္ခ်င္းဆိုသလို… ၿမိဳ႕သခင္ အိမ္ေတာ္မွ အေစာင့္အမ်ားအျပား ေျပးထြက္လာၿပီး က်ယ္ေလာင္စြာ ေအာ္ဟစ္ရင္း ဓားမ်ား၊ လက္နက္မ်ား ကိုင္ေဆာင္ရင္း  ေျပးထြက္လာခဲ့တယ္။

“ေရွာင္ပိုင္.… ေဘးမွာ ရပ္ေန...”
ယြမ္ေလာ့ဖုန္းလည္း သူမရဲ႕မ်က္ဝန္းမ်ားကို အနည္းငယ္ေမွးက်ဥ္းရင္း ေအးစက္စြာ ေအာ္လိုက္တယ္။

နာခံစြာ ေဘးဖက္သို႔ သြားလိုက္ၿပီး… လင္းေလာပိုင္လည္း သူမလက္ကို စုပ္ကာ မ်က္ေတာင္ တခတ္ခတ္ျဖင့္ တိုက္ပြဲကို တိတ္ဆိတ္စြာ ၾကည့္ေနလိုက္တယ္။

ဆရာက တကယ္ပဲ လူသတ္… မီးရႈိ႕ မလို႔လား။ ဒီအေၾကာင္းကို ေတြးမိေတာ့ သူမလည္း သြားေပၚေအာင္ ၿပဳံးရယ္ရင္း စိတ္လႈပ္ရွားစြာ ေစာင့္ၾကည့္ေနလိုက္တယ္။

ဝုန္း…

အေစာင့္ေတြ ယြမ္ေလာ့ဖုန္း အနားကို မေရာက္ခင္မွာ… သူတို႔ကို တိုက္ခိုက္ဖို႔ ျပင္းထန္ေသာ အရွိန္အဟုန္ကို ထုတ္လႊင့္လိုက္တယ္။ ထို အရွိန္အဟုန္က ျမင္ႏိုင္စြမ္းမရွိတဲ့ ဓားတစ္လက္လိုပါပဲ သူတို႔အားလုံးရဲ႕ခႏၶာကိုယ္ကို ထိုးေဖာက္သြားခဲ့တယ္။

“ေဆးၿမိဳ႕ေတာ္ရဲ႕ ဆက္ခံသူကို ဦးငယ္ေလးက အႏိုင္ပိုင္းခဲ့လို႔…. မသန္မစြမ္းျဖစ္ေအာင္ ထိခိုက္ဒဏ္ရာ ျပန္ျဖစ္ေစခဲ့တယ္၊ အခု ငါ့ ဦးေလးအတြက္ လက္စားေခ်မယ္…”
ယြမ္ေလာ့ဖုန္းလည္း မဲ့ၿပဳံး ၿပဳံးလိုက္တယ္။ သူမရဲ႕ ပတ္ခ်ာလည္မွာ အႏၲရာယ္ အေငြ႕မ်ား ဝန္းရံေနခဲ့တယ္။
“ဒါေပမဲ့… သူတို႔ေတြက ကံေကာင္းသြားတယ္၊ ဒီေန႔ ေဆးၿမိဳ႕ေတာ္မွာ ရွိမေနခဲ့ဘူး… ဒါေပမဲ့  ဒီကိုလာခဲ့တာ အလဟႆ မျဖစ္ေစရဘူး… ၿမိဳ႕သခင္အိမ္ေတာ္မွာ က်န္ရွိခဲ့တဲ့လူေတြကို သတ္ၿပီး မီးရႈိ႕မယ္”

သူမရဲ႕ ပုံစံက အရမ္းကို အထက္စီးဆန္ၿပီး ပလႊားလြန္းတယ္။ သူမရဲ႕ အျဖဴေရာင္ ဝတ္စုံက ေလညင္မွာ တလြင့္လြင့္နဲ႔ေပါ့။ သူမက အရမ္းကို ထူးျခားၿပီး ခ်စ္ဖို႔ေတာ့ ေကာင္းတယ္။ သူတို႔ရွိရာ သူမ သယ္ေဆာင္လာတဲ့ ထိတ္လန႔္မႈကိုေတာ့ ပုံေဖာ္စရာ စကားရွာ မရခဲ့ဘူး။
Chapter-612
End

သရဲဘုရင္ရဲ႕ခ်စ္လွစြာေသာ ဇနီးဆိုးေလး
စာစဥ္(၂၅)
ဘာသာျပန္ဆိုသူ :သၾကားလုံးေလး

613+614
ၾကားရက္မ်ားတြင္ တစ္ေန႔ ၂ပိုင္း ပိတ္ရက္မွာ တစ္ေန႔၅ပိုင္းပါ။ တစ္ပတ္ကို အပိုင္း၂၀ တင္မည့္ gpျဖစ္သည္။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

အပိုင္း(၆၁၃)
သရဲဘုရင္ကို ဖိတ္ၾကားျခင္း (၁)

လူအမ်ား အံ့ၾသတုန္လႈပ္ေနစဥ္  အစိမ္းေရာင္ ၾကာပန္း ပြင့္ဖူး သကဲ့သို႔ အစိမ္းရင့္ရင့္ မီးေတာက္ကို ေကာင္မေလးက ထုတ္လႊင့္လိုက္တယ္။ ထိုစဥ္  မိန္းမပ်ိဳေလးမွာ အသက္ရႉမွားေလာက္ေအာင္ ေခ်ာေမာ လွပေနခဲ့တယ္။

ဝုန္း…

ခ်က္ခ်င္း မီးေတာက္က ၿမိဳ႕သခင္ရဲ႕ အိမ္ေတာ္ တစ္ခုလုံးကို ဖုံးလႊမ္းသြားခဲ့ၿပီး မီးပင္လယ္အျဖစ္ ေျပာင္းလဲသြားေစတယ္။

ဒီလို လုပ္ေဆာင္ၿပီးေနာက္… ယြမ္ေလာ့ဖုန္းလည္း ေက်ာခိုင္းကာ လင္းေလာပိုင္ရွိရာ ေလွ်ာက္လွမ္းလာလိုက္တယ္။
“အခုေတာ့ ငါတို႔ေတြ ထြက္သြားလို႔ ရၿပီ”

သူမ ဒီကို လာရတဲ့ အေၾကာင္းအရင္းက ေဆးၿမိဳ႕ေတာ္နဲ႔ စာရင္း ရွင္းခ်င္လို႔ပါ။ ကံဆိုးစြာနဲ႔ပဲ ေဆးၿမိဳ႕ေတာ္ သခင္က ဒီမွာ မရွိေနခဲ့ဘူး။ ဒီကို လာခဲ့ရတာ အလဟႆေတာ့ အျဖစ္မခံႏိုင္ဘူး။  ဒါေၾကာင့္ ၿမိဳ႕သခင္ရဲ႕ အိမ္ေတာ္ကို မီးေလာင္တိုက္သြင္း ပစ္မယ္။

လူအုပ္စုႀကီးမွာ ဘာျဖစ္မွန္း နားလည္လိုက္ခ်ိန္… သူတို႔မွာ ပင့္သက္ရႈိက္လိုက္ရတယ္။

ဒီအမ်ိဳးသမီးက တကယ္ကို ေၾကာက္ဖို႔ ေကာင္းလြန္းတယ္။ သူမ လာခဲ့ရတဲ့ ခရီး အလဟႆ မျဖစ္ေစဖို႔ အတြက္နဲ႔ ၿမိဳ႕သခင္ရဲ႕ အိမ္ေတာ္ တစ္ခုလုံးကို မီူရႈိ႕သတဲ့… ရက္စက္လိုက္တာေနာ္။

….

သမားေတာ္ အဖြဲ႕အစည္းက ဒီကုန္းေျမစုမွာ ၾသဇာ အာဏာ အရွိဆုံး အဖြဲ႕အစည္း တစ္ခု ျဖစ္တယ္။ ဒီလို ျဖစ္လာရတဲ့ အေၾကာင္းအရင္းကလည္း အစြမ္းထက္တဲ့ သမားေတာ္မ်ားကို ဦးေဆာင္ႏိုင္လို႔ေလ။ အားလုံးက သမားေတာ္အဖြဲ႕အစည္းရဲ႕ လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္မႈကို ရွင္းရွင္းလင္းလင္း သိတယ္။

“ဘာေျပာလိုက္တယ္။”

သမားေတာ္ အဖြဲ႕အစည္းအတြင္းမွာ လုေကာ တစ္ေယာက္ ေဒါသထြက္လြန္းလို႔ ခုန္ဆြ ခုန္ဆြ ျဖစ္ေနခဲ့တယ္။ ခန႔္ညားေသာ မ်က္ႏွာက ျဖဳဖပ္ျဖဴေရာ္ျဖစ္ေနခဲ့တယ္။
“ယြမ္ေလာ့ဖုန္းက ေဆးၿမိဳ႕ေတာ္ကို ေရာက္လာၿပီး အိမ္ေတာ္ကို မီးရႈိ႕လိုက္တယ္လို႔ မင္း ေျပာလိုက္တာလား”

“ဒီသတင္းက ေဆးၿမိဳ႕ေတာ္ကေန ေရာက္လာခဲ့တာ…သခင္…. မွန္မယ္လို႔ေတာ့ ထင္တယ္”
“ေကာင္းၿပီေလ..”
လုေကာလည္း လက္သီးကို က်စ္ေနေအာင္ ဆုပ္ကိုင္ရင္း ဟားတိုက္ ရယ္ေမာလိုက္တယ္။
“အရမ္းကို ေတာ္လြန္းတယ္… ယြမ္ေလာ့ဖုန္း… နင္ အေတာ့္ကို အတင့္ရဲေနပါလား… ငါ နင့္ကို ဘယ္ေတာ့မွ ခြင့္ မလႊတ္ဘူး… သမားေတာ္ ၿပိဳင္ပြဲသာ အေရးမႀကီးရင္… နင့္ကို မညႇာမတာ သတ္ခဲ့တာ ၾကာလွၿပီ”

ဒါေပမဲ့ ကိစၥ မရွိပါဘူးေလ။ သမားေတာ္ အဖြဲ႕အစည္းက ျပန္လာတာနဲ႔ ဒီမိန္းမကို သတ္လို႔ရတာပဲ။

“ေဖေဖ”
႐ုတ္ျခည္း ခမ္းနားေၾကာ့ရွင္းေသာ အသံကို တံခါးေပါက္နားမွာ ၾကားလိုက္ရတယ္။

ရင္းႏွီးေသာ အသံကို ၾကားလိုက္ရေတာ့ လုေကာလည္း သူ႔ရင္ထဲက ေဒါသစိတ္ကို ဖိႏွိပ္လိုက္ၿပီး ၿပဳံးကာ ၾကည့္လိုက္တယ္။

“ရာထင္… ဒီကို ဘယ္လို႔မ်ား ေရာက္လာလဲ ”

ရာထင္လည္း ၿပဳံးကာ အခန္းထဲ ျဖည္းျဖည္းခ်င္း ဝင္လာလိုက္တယ္။
“အေဖနဲ႔ ေတြ႕ခ်င္လို႔ လာခဲ့တာေပါ့… ဘာလို႔မ်ား အရမ္းကို ေဒါသထြက္ေနလဲ”

“ဟြန႔္… မိမစစ္ ဖမစစ္ ယြမ္ေလာ့ဖုန္းေၾကာင့္ ေဒါသထြက္ေနရတာေပါ့..”
လုေကာရဲ႕မ်က္ႏွာက ေနာက္တစ္ဖန္ မည္းေမွာင္သြားျပန္တယ္။
“မိန္းမယုတ္… ယြမ္ေလာ့ဖုန္းက ေဆးၿမိဳ႕ေတာ္ကို သြားၿပီး အိမ္ေတာ္ကို မီးရႈိ႕တယ္တဲ့ ဒီမိန္းမေၾကာင့္ ေဖေဖ ေဒါသမထြက္ဘဲ ေနမလား”

လုရာထင္းရဲ႕ အၿပဳံးက ေၾကာ့ရွင္းၿပီး  လွပတယ္။ ခ်စ္ဖို႔ေကာင္းတဲ့ သူ႔မ်က္ႏွာက ႐ႊန္းလဲ့ ေနခဲ့တယ္။

“အေဖ… အိမ္ေတာ္တစ္ခု အတြက္နဲ႔ ေဒါသ မထြက္ပါနဲ႔… က်န္းမာေရး ထိခိုက္ေနမယ္ အေဖအတြက္… ဒီမိန္းမကို အိမ္ေတာ္အသစ္ ျပန္ေဆာက္ေပးဖို႔ သမီး ခိုင္းလိုက္မယ္”

လုေကာလည္း ေခါင္းခါလိုက္တယ္။
“ရာထင္…  ယြမ္ေလာ့ဖုန္းရဲ႕ စိတ္ထားကို မသိပါဘူး၊ သူမက နာခံတတ္တဲ့ မိန္းကေလး မဟုတ္ဘူး၊ ဒီမိန္းကေလးက သူ႔ဦးေလးထက္ ပိုၿပီး ကိုင္တြယ္ရခက္တယ္”

“အေဖ ေျပာတာ မွားေနၿပီ”
လုရာထင္လည္း သူ႔အေဖ ေဘးနားမွာ ထိုင္လိုက္ၿပီး ဟားတိုက္ ရယ္ေမာလိုက္တယ္။
“ထ်န္းရာကလြဲရင္ သမားေတာ္ အကုန္လုံးက သမားေတာ္အဖြဲ႕အစည္းရဲ႕ စကားကို နာခံရမယ္ သမားေတာ္အဖြဲ႕အစည္းမွာ ရပ္တည္ေနတဲ့ သမီးရဲ႕ရာထူးနဲ႔ဆိုရင္ေတာ့ သူမကို အမိန႔္ေပးဖို႔က လြယ္ကူေနမွာပါ”

လုေကာလည္း ေၾကာင္အမ္းအမ္း ျဖစ္သြားရတယ္။
“ရာထင္… ဘာကို ေျပာခ်င္တာလဲ”

“ ေျပာခ်င္တာက…”
လုရာထင္လည္း ခဏ ရပ္လိုက္တယ္။
“ယြမ္ေလာ့ဖုန္းကို သမီးရဲ႕ လက္ေအာက္ငယ္သား ျဖစ္ေစ မလို႔ေလ”

“ဘာ…”

လုေကာမွာ ေနာက္ထပ္ တစ္ႀကိမ္ ခုန္ဆြ ခုန္ဆြ ျဖစ္သြားၿပီး ေဒါနဲ႔ေမာနဲ႔ ေျပာေတာ့တယ္။

“ယြမ္ခ်င္ရာေၾကာင့္ ဟမ့္အာ အရွက္ကြဲ ခဲ့ရတယ္ အခု အခ်ိန္အထိ ဒီ႐ိုက္ခတ္မႈက မလြတ္ေျမာက္ႏိုင္ဘူး… အခု… ယြမ္ေလာ့ဖုန္းက အိမ္ေတာ္ကို မီးရႈိ႕ျပန္ၿပီ… နင္မလို႔ ဒီလို ေတြးရဲတယ္… ငါ သေဘာမတူႏိုင္ဘူး”

Chapter-613
End

အပိုင္း(၆၁၄)
သရဲဘုရင္ကို ဖိတ္ၾကားျခင္း(၂)

လုရာထင္လည္း သိုသိပ္စြာ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီးစိတ္ရွည္စြာ ရွင္းျပရေတာ့တယ္။
“ေဖေဖ… ယြမ္ေလာ့ဖုန္းက အရည္အခ်င္းရွိလို႔.. ကြၽန္မရဲ႕ လက္ေအာက္ငယ္သား တကယ့္ကို ျဖစ္ေစခခ်င္ခဲ့တာ၊ သမားေတာ္ အဖြဲ႕အစည္းမွာ ခိုင္မာတဲ့ အုတ္ျမစ္ရဖို႔ မလြယ္ကူတာ ေဖေဖလည္း သိမွာပါ… တျခားေသာ အႀကီးအကဲေတြရဲ႕ ေနာက္ေကာက္မက်ဖို႔ က်မနဲ႔ ဆရာမွာ အစြမ္းထက္တဲ့ လက္ေအာက္ငယ္သား အမ်ားႀကီး လိုအပ္တယ္ မဟုတ္ရင္ေတာ့ တျခားသူက က်မနဲ႔ ဆရာရဲ႕ ေနရာကို အစားထိုးသြားမယ္၊ အဲ့အခ်ိန္ေရာက္လာရင္ေတာ့ ေဆးၿမိဳ႕ေတာ္က အခုလို ၾသဇာအာဏာေညာင္းပါဦးမလား”

လုေကာလည္း ၿငိမ္သက္သြားခဲ့တယ္။
“ဒါမယ့္ ယြမ္မိသားစုရဲ႕ ယြမ္ခ်င္ရာ…”

“ေဖေဖ… ေမာင္ေလးအတြက္ လက္စားေခ်ခ်င္ေနတာ က်မ နားလည္ပါတယ္… အခုေတာ့ ယြမ္ခ်င္ရာကို မုန္းတဲ့ အမုန္းအာဃာတကို ေဘးခ်ိတ္ထားၿပီး က်မကို ကူညီေပးပါေနာ္…ေဖေဖ … ကြၽန္မရဲ႕လက္ရွိေနရာကို ထိန္းသိမ္းထားႏိုင္မွ ေဆးၿမိဳ႕ေတာ္လည္း လက္ရွိ အဆင့္အတန္းကို တည္ၿမဲေအာင္ ထိန္းထားႏိုင္မွာ”

လုေကာလည္း သက္ျပင္းခ်လိုက္တယ္။ လုရာထင္ ေျပာတဲ့ စကားက အမွန္ဆိုတာ သူလည္း သိေနခဲ့ပါတယ္။ သူ႔ေမြးစား သမီး မရွိရင္ ေဆးၿမိဳ႕ေတာ္လည္း လက္ရွိအဆင့္အတန္းကို ထိန္းထားႏိုင္မွာ မဟုတ္ဘူး။ သမားေတာ္ အဖြဲ႕အစည္းမွာရွိတဲ့ သူမရဲ႕ ရာထူးသာ ဆုံးရႈံးသြားရင္ ေဆးၿမိဳ႕ေတာ္လည္း ပ်က္သုန္းသြားႏိုင္တယ္။

“ သမီးေျပာတာ အမွန္လို႔ သိေနလဲ…ေဖေဖေတာ့ သမီးကို တစ္ခုေတာ့ သတိေပးခ်င္တယ္… ယြမ္ေလာ့ဖုန္းက ေဆးပညာမွာ တစ္ဖက္ကမ္းခတ္ ထူးခြၽန္တယ္… သူမက မင္းေနရာကို လုယူသြားႏိုင္တယ္ေနာ္…အဲ့လိုဆိုရင္ေတာ့…”

“စိတ္မပူပါနဲ႔…သူမသာ သမီးရဲ႕ လက္ေအာက္ခံ ျဖစ္ဖို႔ သေဘာတူေနသေ႐ြ႕ သူမတစ္ဘဝလုံး သမီးကို သစၥာေတာ္ခံယူသြားေစမယ့္ နည္းလမ္းရွိတယ္”
လုရာထင္လည္း ၿပဳံးလိုက္တယ္။ သူမရဲ႕စကားလုံးမ်ားက ယုံၾကည္မႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့တယ္။

“ဟုတ္ပါၿပီ”
လုေကာလည္း မခ်ိၿပဳံး ၿပဳံးလိုက္ရၿပီး စိတ္မပါလက္မပါ ေျပာလိုက္တယ္။
“အခုေတာ့ စိတ္ကို ျပင္ဆင္ထားလိုက္…. အေဖကေတာ့ ဘာတတ္ႏိုင္ပါ့မလဲ… အခုေတာ့ သမီးရဲ႕ စကားကို နားေထာင္ၿပီး အမုန္းတရားကို ေဘးခ်ိတ္ထားရမွာေပါ့… ဒါေပမဲ့ တစ္ေန႔ေတာ့ ငါ့သားေလးအတြက္ လက္စားေခ်ဦးမွာ… ဒါနဲ႔ … ယြမ္ေလာ့ဖုန္းနဲ႔ ထ်န္းရာက ထ်န္းမိသားစုကို ဖ်က္ဆီးခဲ့တယ္လို႔ ၾကားတယ္… သူတို႔ၾကားမွာ ဆက္ႏႊယ္မႈ ရွိတယ္လို႔ မထင္ဘူးလား”

လုရာထင္လည္း ေၾကာ့ရွင္းေသာ အၿပဳံးေလးကို ျမႇင့္တင္လိုက္တယ္။
“ထ်န္းရာနဲ႔ ထ်န္းမိသားစုက ရန္သူေတြဆိုတာ ေဖေဖ မသိဘူးလား ဒီသတင္းကို အဖြဲ႕အစည္း ေခါင္းေဆာင္ ေျပာလို႔ ၾကားဖူးထားတယ္၊ ဒါေပမဲ့… အေသးစိတ္ကိုေတာ့ မသိဘူး၊ ေျပာၾကတာေတာ့ ထ်န္းမိသားစုက ထ်န္းရာကို အမ်ိဳးသမီးတစ္ေယာက္နဲ႔ လက္ထပ္ေပးတယ္တဲ့ ဒီလိုနဲ႔ သူ႔ခ်စ္သူကို ဆုံးရႈံးခဲ့ရတယ္…ဒါေၾကာင့္ ထ်န္းရာက ထ်န္းမိသားစုကို မုန္းတီးခဲ့တယ္ ”

ဒီစကားကို ေျပာရင္း လုရာထင္လည္း ခဏနားလိုက္တယ္။
“ထ်န္းမိသားစုက ယြမ္ေလာ့ဖုန္း နဲ႔ ထ်န္းရာတို႔ကို ရန္စထားခဲ့တယ္။ ဒါေၾကာင့္လည္း တစ္ခ်ိန္တည္းမွာ ထ်န္းေတာင္ကို သြားၿပီး လက္စားေခ်တာ ျဖစ္မယ္လို႔ ယုံၾကည္ထားတယ္၊ ထ်န္းရာနဲ႔ ယြမ္ေလာ့ဖုန္းသာ ဆက္ႏႊယ္မႈရွိ႐ိုးဆိုရင္ ေဆးၿမိဳ႕ေတာ္က ေပ်ာက္ကြယ္သြားတာ ၾကာေပါ့ေလ”

လုေကာလည္း ေခါင္းညိတ္လိုက္တယ္။
“သမီးေျပာတဲ့စကားက အေဖကို ဉာဏ္အလင္း ပြင့္ေစတယ္၊ အခု… ေမးစရာ ေမးခြန္းတစ္ခုတည္း ရွိေတာ့တယ္၊ ယြမ္ေလာ့ဖုန္းက သမီးကို သစၥာေတာ္ မခံယူရင္ ဘာလုပ္မယ္ စဥ္းစားထားလဲ”

လုရာထင္လည္း ထူးထူးျခားျခား ၿပဳံးလိုက္တယ္။ သူမရဲ႕ႏႈတ္ခမ္းမွာ ယုံၾကည္ခ်က္ရွိေသာ အၿပဳံးမ်ား တြဲလဲခိုေနခဲ့တယ္။
“အစ္မရာထင္… အႀကီးအကဲေလာဖူးက ေတြ႕ခ်င္တယ္ ေျပာပါတယ္”

“ဆရာက ကြၽန္မကို ေတြ႕ခ်င္တယ္လား”
လုရာထင္လည္း မ်က္ေမွာင္ၾကဳတ္လိုက္တယ္။
“ေကာင္းၿပီ… ငါသိၿပီ… ခဏေနရင္ လာခဲ့မယ္လို႔ ဆရာ့ကို ေျပာလိုက္”

“ဟုတ္…”
တပည့္က ႐ိုေသေလးစားစြာ ဂါရဝျပဳၿပီး ထြက္ခြာသြားခဲ့တယ္။

တပည့္ ထြက္သြားၿပီးေနာက္ သူမ ဆက္လက္ ေျပာေတာ့တယ္။
“ေဖေဖ… အခု ကြၽန္မ ေျပာတာကို မွတ္ထားေပးပါ… ယြမ္ေလာ့ဖုန္းက အရည္အခ်င္း ရွိတယ္၊ သူမက ကြၽန္မတို႔အတြက္ အရမ္းကို အသုံးဝင္မွာပါ”

ဒီစကားကို ေျပာေသာ္လည္း လုရာထင္က သူ႔အျမင္ကို ေျပာခြင့္ မေပးခဲ့ဘူး။ သူ႔ကို တစ္ေစ့တစ္ေစာင္း ၾကည့္ကာ အခန္းထဲမွ ထြက္ခြာသြားခဲ့တယ္။

လုေကာလည္း ထြက္ခြာသြားတဲ့ သူမရဲ႕ ပုံရိပ္ကို ေငးၾကည့္ရင္း သူ႔မ်က္ႏွာက တစ္စနဲ႔တစ္စ ပိုမို မည္းေမွာင္လာရတယ္။ သူ႔လက္သီးကို ခပ္ၾကမ္းၾကမ္း ဆုပ္ကိုင္ထားရင္း တကြၽတ္ကြၽတ္ ျမည္ေအာင္ ႀကိတ္လိုက္တယ္။

“ဒီမိန္းကေလးက ငါ့သမီးအရင္း မဟုတ္ဘူး… ဒါေၾကာင့္ ငါ့ကို ေလးစားမႈ မရွိဘူး၊ ငါ့ကိုယ္စား လက္စားေခ်ေပးဖို႔ ေမွ်ာ္လင့္ခဲ့တာ… အခုေတာ့ ယြမ္ေလာ့ဖုန္းကို သူမရဲ႕လက္ေအာက္ခံ လုပ္ေစခ်င္တယ္တဲ့…. ေဆးၿမိဳ႕ေတာ္ ေၾကာင့္သာ မဟုတ္ရင္ ဒီကတိ ေပးမိမွာ မဟုတ္ဘူး”

Chapter-614
End

ယြမ္ေလာ့ဖုန္း
သရဲဘုရင္
615+616+617
သရဲဘုရင္ရဲ႕ခ်စ္လွစြာေသာ ဇနီးဆိုးေလး
စာစဥ္(၂၅)
ဘာသာျပန္ဆိုသူ :သၾကားလုံးေလး

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

အပိုင္း(၆၁၅)
သရဲဘုရင္ကို ဖိတ္ၾကားျခင္း (၃)

ယြမ္ခ်င္ရာက သူ႔သားကို သိကၡာခ်ခဲ့ၿပီး ယြမ္ေလာ့ဖုန္းက သူ႔အိမ္ေတာ္ကို မီးရႈိ႕တယ္။ သူ႔ဘက္က ဒီအေၾကာင္းအရာေတြကို ေမ့ထားႏိုင္ပါ့မလား။ လုရာထင္ေျပာတဲ့ အေၾကာင္းအရာ ေၾကာင့္သာ မဟုတ္ရင္ ဒီလူေတြအေပၚထားရွိတဲ့ အမုန္းအာဃာတကို ေဘးခ်ိတ္ မထားႏိုင္ဘူး။

“သခင္… ဒါဆို… ကြၽန္ေတာ္မ်ိဳးတို႔ ဘာဆက္လုပ္မလဲ”
အေစာင့္တစ္ေယာက္က ေလးေလးစားစား ေမးလိုက္တယ္။

“ဟြန႔္… ငါတို႔ ဘာဆက္လုပ္ႏိုင္ဦးမလဲ၊ ယြမ္ေလာ့ဖုန္းမွာ သူမဘက္က ရပ္တည္ေပးမယ့္ နင္အႀကီးအကဲ ရွိေနတယ္… သမားေတာ္အဖြဲ႕အစည္းရဲ႕ အကူအညီမပါဘဲ… ငါ သူ႔ကို မသတ္ႏိုင္ဘူး… ဒီအမုန္းအာဃာတကို ယာယီေတာ့ ေဘးခ်ိတ္ထားမွ ရမယ္၊ ဒါေပမဲ့ အခြင့္ႀကဳံရင္ေတာ့ သူတို႔အားလုံးကို အပိုင္းပိုင္းခုတ္ပစ္မယ္”

လုေကာလည္း လက္သီးကို က်စ္ေနေအာင္ ဆုပ္ကာ အံ့ႀကိတ္လိုက္တယ္။ခက္ထန္ေသာ အၾကည့္မ်ားက သူ႔မ်က္ဝန္းမွာ ကူးလူးသြားလာေနခဲ့တယ္။ ေစာနကပုံစံနဲ႔ လုံးဝကို ျခားနားသြားခဲ့တယ္။

……

စႏၵကူးရနံ႔မ်ားျဖင့္ ျပည့္ႏွက္ေနေသာ စာၾကည့္ခန္းထဲမွာ ကုလားထိုင္တစ္ခုေပၚမွာ အဘိုးအိုတစ္ေယာက္ ထိုင္ေနခဲ့ၿပီး သူ႔လက္ထဲမွ စာအုပ္ကို တိတ္ဆိတ္စြာ ဖတ္ေနခဲ့တယ္။ ထို႔ေနာက္… စာၾကည့္ခန္း တံခါးေပါက္ကို တြန္းဖြင့္သံ ၾကားလိုက္ရၿပီး စာၾကည့္ခန္းထဲ အဝါေရာင္ ဝတ္စုံနဲ႔ မိန္းကေလးတစ္ေယာက္ ဝင္လာတာကို လွမ္းျမင္လိုက္ရတယ္။

အဘိုးအိုလည္း ၿပဳံးလိုက္တယ္။
“ရာထင္… ဝင္လာခဲ့ေလ”

“ဟုတ္ကဲ့”
သူမလည္း ေခါင္းကို အသာညိတ္ၿပီ
“ဆရာ… ဘာကိစၥမ်ား ၫႊန္းၾကားခ်င္လို႔လဲ”

“သမားေတာ္ အဖြဲ႕အစည္းက ဆုံးျဖတ္ခ်က္ ခ်မွတ္ၿပီးၿပီ”
ေလာဖူးလည္း အၿပဳံးနဲ႔ စကားဆိုလိုက္တယ္။
“ဒီႏွစ္ သမားေတာ္ၿပိဳင္ပြဲမွာ သရဲဘုရင္ကို ဖိတ္ၾကားမယ္”

“သရဲဘုရင္”

လုရာထင္လည္း အနည္းငယ္ေတာ့ အံ့ၾသမိတယ္။
“ဒီႏွစ္ပိုင္းမွာ ႐ုတ္တရက္ေပၚလာတဲ့ တေစၦ နန္းေတာ္ ပိုင္ရွင္ကို ေျပာတာလား… သူက သမားေတာ္လည္း မဟုတ္ဘူးေလ၊ သမားေတာ္ၿပိဳင္ပြဲကို လာဖို႔ သေဘာတူပါ့မလား… သေဘာတူႏိုင္စရာ အေၾကာင္းအရင္းလည္း မရွိဘူးေလ၊ ဒီလို ရက္စက္ ေသြးဆာ တတ္သူက ေတာင္းဆိုခ်က္ကို သေဘာတူပါ့မလား”

“ရာထင္…ဒါက ေခါင္းေဆာင္ရဲ႕ ဆုံးျဖတ္ခ်က္ပဲ… သရဲဘုရင္ကို သူ ဘာေၾကာင့္ ဖိတ္ခ်င္ေနလဲေတာ့ ဆရာလည္း မသိဘူး၊ ဖိတ္ၾကားခ်က္ကို လက္ခံႏိုင္တဲ့ အေၾကာင္းအရင္းေတြ စဥ္းစားမေနနဲ႔ေတာ့… ဒါေပမဲ့ ဆရာအထင္ေတာ့… ဒါက ဆရာတို႔အတြက္ အခြင့္အေရးေကာင္း ရႏိုင္တယ္”

“ဘာမ်ားလဲ”
လုရာထင္လည္း မ်က္ေမွာင္ၾကဳတ္ရင္း ေမးလိုက္တယ္။

“သရဲဘုရင္က ဘယ္ေလာက္ေတာင္ ၾသဇာ အာဏာ ႀကီးမားလဲ သိရဲ႕လား”
ေလာဖူးလည္း လုရာထင္ကို ဖ်တ္ခနဲ ၾကည့္ကာ ေမးလိုက္တယ္။

လုရာထင္လည္း ေခါင္းခါလိုက္တယ္။
“တပည့္ မသိဘူး…မဟုတ္ဘူး… ဒီေလာကႀကီးထဲ သူ ဘယ္နယ္ပယ္ေရာက္ေနလဲ ဘယ္သူမွ မသိတာ သူက ဒ႑ရီလာ သူရဲေကာင္းပဲ”

“ဟား…”
ေလာဖူးလည္း သေဘာက်ႏွစ္ၿခိဳက္စြာ ရယ္ေမာလိုက္ၿပီး မ်က္ဝန္းေမွးေမွးမွာ ေကာက္က်စ္စဥ္းလဲေသာ အလင္းတန္းမ်ား ျဖာလဲ့ေနတာေပါ့။
“သရဲဘုရင္… ဘယ္နယ္ပယ္ေရာက္ေနလဲေတာ့ မသိေပမယ့္ ငါတို႔ ေခါင္းေဆာင္ကိုယ္တိုင္ သူ႔ၿပိဳင္ဘက္ မျဖစ္ႏိုင္တာကိုေတာ့ သိတယ္”

အေတာ္ေလး အံ့ၾသတုန္လႈပ္မိတယ္။ လုရာထင္လည္း  တဆတ္ဆတ္ တုန္ကာ အဘိုးအိုကို ၾကည့္လိုက္တယ္။ သူမရဲ႕ လည္ေခ်ာင္းကေတာ့ အနည္းငယ္ ေျခာက္ကပ္ေနတာေပါ့။
“ဘယ္လို… ဘယ္လို… ေခါင္းေဆာင္ ကိုယ္တိုင္ေတာင္ သူ႔ၿပိဳင္ဘက္ မျဖစ္ႏိုင္ဘူး”

“ေသခ်ာတာေပါ့… ေခါင္းေဆာင္က သူနဲ႔ လြန္ခဲ့ေသာ ၂လခန႔္က တိုက္ခိုက္ခဲ့တယ္… ဒါေပမဲ့ သူ႔ကို ရႈံးနိမ့္သြားခဲ့တယ္…  လုံးလုံးလ်ားလ်ားကို ရႈံးနိမ့္သြားခဲ့တာပါ”
ေလာဖူးအၾကည့္မ်ားက ရႈပ္ေထြးေနခဲ့တယ္။

သူတို႔အျမင္မွာေတာ့ သူတို႔ ေခါင္းေဆာင္က ဘယ္ေတာ့မွ မရႈံနိမ့္ဘူးေပါ့… အခုေတာ့… ရႈံးသြားသတဲ့လား။

“ဆရာ… ကြၽန္မကို ဘာလုပ္ေစခ်င္တာလဲ… ”
ေလာဖူးရဲ႕ အေတြးကို နားလည္ရခက္ေနတာေၾကာင့္ လုရာထင္လည္း တည့္တိုး ေမးလိုက္တယ္။

ေလာဖူးရဲ႕မ်က္ဝန္းမ်ား တဖ်တ္ဖ်တ္လက္ေနခဲ့တယ္။
“တပည့္ကို ဒီႏွစ္ၿပိဳင္ပြဲရဲ႕  ဒိုင္လုပ္ေပးဖို႔ ေျပာထားတယ္… ဒါမွလည္း တပည့္ေလးက သရဲဘုရင္နဲ႔ နီးစပ္ႏိုင္တဲ့ အခြင့္အေရး မွာေလ၊ တပည့္ေလးက သူ႔ႏွလုံးသားကို အႏိုင္ရသြားႏိုင္မယ္”

သူ႔စကားက သူမကို တုန္လႈပ္ေစတယ္။

သရဲဘုရင္က အရမ္းကို အစြမ္းျမင့္ေတာ့ သူ႔အခ်စ္ကိုသာ သူမ ပိုင္ဆိုင္ရရင္ ေနာက္ခံ ေကာင္းေကာင္းရႏိုင္တာနဲ႔ အတူတူပါပဲ။ ဒါဆို သမားေတာ္အဖြဲ႕အစည္းမွာ သူမကို ယွဥ္ၿပိဳင္ရဲပါ့မလား။

Chapter-615
End

အပိုင္း(၆၁၆)
လုရာထင္ရဲ႕ စိတ္ထား (၁)

လုရာထင္တစ္ေယာက္ သူ႔စကားကို စိတ္ဝင္စားသြားမွန္း သိေတာ့ ေလာဖူးလည္း စိတ္ရင္းနဲ႔ ေျပာေတာ့တယ္။
“ရာထင္…. ဆရာ… တပည့္ကို အေကာင္းဆုံး အခြင့္အေရး ေပးမယ္၊ ဆရာ့ကို စိတ္မပ်က္ေစနဲ႔”

“ဆရာ… တပည့္ကို ဘာကိုလုပ္သင့္လဲဆိုတာ သိပါၿပီ”
လုရာထင္လည္း ေခါင္ကို ေမာ့ၿပီး ေလာဖူးကို ေစ့ေစ့စပ္စပ္ ၾကည့္လိုက္တယ္။
“က်ရႈံးမယ္ဆိုရင္ေတာင္ စမ္းသပ္ၾကည့္ခ်င္ပါတယ္”

အခ်စ္ဆိုတာ အတင္းအက်ပ္ ဖန္တီးယူလို႔မရႏိုင္ဘူး၊ သူမ ေအာင္ျမင္မယ္လို႔ေတာ့ ရာထင္ အာမ မခံႏိုင္ဘူး။ ဒါေပမဲ့လည္း ဘာပဲျဖစ္ျဖစ္ သူမ ႀကိဳးစားၾကည့္မွာပါ။ သူ႔ကို ပိုးပန္ဖို႔ သူမ ဘာမဆို လုပ္ေဆာင္မွာပါ။

ေလာဖူးလည္း ရယ္ေမာလိုက္တယ္။
“ရာထင္…ဆရာက တပည့္ရဲ႕စိတ္ကို သိပါတယ္…. မေသခ်ာတာကို အာမ မခံခ်င္ဘူးမလား… ဒါေပမဲ့ ဆရာ… တပည့္ကို ယုံၾကည္တယ္၊ သရဲဘုရင္ကလည္း တပည့္လို ၿပီးျပည့္စုံတဲ့ မိန္းကေလးကို လ်စ္လ်ဴမရႈဘူးလို႔ ယုံၾကည္တယ္”

သရဲဘုရင္သာ မကန္းဘူးဆိုရင္ လုရာထင္ကို လ်စ္လ်ဴရႈမွာ မဟုတ္။

ဒါေပမဲ့လည္း ဒီစကားကို ေပၚတင္ မေျပာရဲပါဘူး။ သရဲဘုရင္သာ ဒီစကားကို ၾကားသြားခဲ့ရင္ ေဒါသထြက္ေနမွာပါ။ သူ… ရာထင္ကို ခ်စ္ခင္ႏွစ္သက္ခဲ့မယ္ဆိုရင္ေတာင္ သူ ေျပာလိုက္တဲ့ စကားေၾကာင့္ ေဒါသထြက္မွာပါ။

“ဆရာ… တပည့္ ေျပာစရာ တစ္ခုရွိတယ္”
လုရာထင္ရဲ႕မ်က္ဝန္းမ်ားက ေလးနက္တည္ၾကည္သြားခဲ့တယ္။
“ ယြမ္ေလာ့ဖုန္းကို သမားေတာ္ ၿပိဳင္ပြဲ ဖိတ္ေခၚခ်င္တယ္… ဒါေၾကာင့္ ယြမ္မိသားစုကို ဖိတ္စာ ပို႔ေပးခ်င္လို႔္…. ယြမ္ေလာ့ဖုန္းကိုလည္း သမားေတာ္ ၿပိဳင္ပြဲ တက္ေစခ်င္တယ္”

“အမ္…”
ေလာဖူး နည္းနည္းေတာ့ အံ့ၾသမိတယ္။
“ ငါ သိသေလာက္ေတာ့ မင္း အေဖနဲ႔ ယြမ္မိသားစုက ရန္ၿငိဳးရွိတယ္ဆို… ဘာလို႔ ယြမ္ေလာ့ဖုန္းနဲ႔ မိတ္ေဆြ ျဖစ္ခ်င္တာလဲ”

လုရာထင္လည္း က်က္သေရရွိစြာ ၿပဳံးလိုက္တယ္။
“အမုန္းအာဃာတက သမားေတာ္အဖြဲ႕အစည္းေလာက္ အေရးမပါဘူး၊ ဆရာ့အတြက္ဆိုရင္ ရန္ၿငိဳးေဟာင္းေတြကို ေဘးခ်ိတ္ထားႏိုင္ပါတယ္… တပည့္တို႔အတြက္….ယြမ္ေလာ့ဖုန္းနဲ႔ မိတ္ေဆြ ျဖစ္ေစရမယ္…. တပည့္ အတတ္ႏိုင္ဆုံး အေကာင္းဆုံး ႀကိဳးစားရမယ္”

“ဟား…”
ဟားတိုက္ရယ္ေမာရင္း ေလာဖူးလည္း မတ္တတ္ ထရပ္ကာ လုရာထင္ရဲ႕ ပခုံးကို ပုတ္လိုက္တယ္။
“လိမၼာတဲ့ ေကာင္မေလး… ဒီေလာကႀကီးထဲမွာ လူတစ္ခ်ိဳ႕ပဲ မေကာင္းသူအေပၚ ေမတၱာထားႏိုင္တယ္… ဆရာ …တပည့္အတြက္ ဂုဏ္ယူမိတယ္”
သူလည္း ၿပဳံးကာ သူ႔တပည့္ကို ေက်နပ္အားရစြာ ၾကည့္လိုက္တယ္။
“ေျပာစရာ မရွိေတာ့ရင္ ျပန္ၿပီး အနားယူလို႔ရၿပီ… ေနာက္မွ ယြမ္အိမ္ေတာ္ကို ဖိတ္စာ… ဆရာပို႔ေပးမယ္”

“ဟုတ္ကဲ့ပါ…ဆရာ တပည့္သြားလိုက္ပါဦးမယ္”
ထိုစကားကို ေျပာၿပီးေနာက္ လုရာထင္လည္း ႐ိုေသေလးစားစြာ ဂါရဝျပဳၿပီး ေက်ာခိုင္း ထြက္ခြာသြားလိုက္တယ္။

သမားေတာ္အဖြဲ႕အစည္းမွာ ဂိုဏ္းခြဲေတြ အမ်ားႀကီးရွိတယ္။ အႀကီးအကဲမ်ားကလည္း အာဏာ ယွဥ္ၿပိဳင္သလို… အက်ိဳးအျမတ္ကို ယွဥ္ေနၾကတယ္။ ဒါေပမဲ့ ျပင္ပ ရန္သူနဲ႔ ရင္ဆိုင္မယ္ဆိုရင္ေတာ့ အမုန္းမ်ားကို ေဘးခ်ိတ္ကာ အတူပူးေပါင္း တိုက္ခိုက္ေလ့ရွိတယ္။ ဒါေၾကာင့္လည္း သမားေတာ္အဖြဲ႕အစည္းက ေဆးၿမိဳ႕ေတာ္ကို တဖန္ ကာကြယ္ေပးတာေပါ့။

သမားေတာ္အဖြဲ႕အစည္းအတြက္ေတာ့ ေဆးၿမိဳ႕ေတာ္က သူတို႔အဖြဲ႕ထဲက တစ္ခုပါ။ သူတို႔ေတြ မသင့္မျမတ္ မေျပမလည္ ျဖစ္ေသာ္လည္း ေဆးၿမိဳ႕ေတာ္က ျပင္ပရန္သူထက္ အေရးပါ အရာေရာက္ပါတယ္။ ဒီလိုမွ မလုပ္ရင္ သမားေတာ္အဖြဲ႕အစည္းကို ဘယ္သူက ေလးစားပါ့ဦးမလဲ။

လုရာထင္းလည္း အႀကီးအကဲမ်ား ညီလာခံခန္းမနား ျဖတ္သြားစဥ္ တျခား အႀကီးအကဲမ်ားရဲ႕ တပည့္မ်ားေဆြးေႏြးသံမ်ားကို တစိုးတစ ၾကားလိုက္ရတယ္။ သူတို႔အားလုံးက သူမကို အထင္အျမင္ေသးမႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့တယ္။

“ေခါင္းေဆာင္ သေဘာတူေအာင္ လုရာထင္ ဘယ္လိုမ်ား လွည့္ဖ်ားလိုက္ပါလဲ… အကဲျဖတ္ဒိုင္ဆိုတာ အရင္က အႀကီးအကဲေတြပဲ ရခဲ့တာ”

“ဟုတ္တာေပါ့၊ သမားေတာ္အဖြဲ႕အစည္းကို သရဲဘုရင္ လာမယ့္အေၾကာင္း သိေနတာ ျဖစ္မယ္၊ ဒါေၾကာင့္လည္း သရဲဘုရင္ရဲ႕အာ႐ုံစိုက္မႈကိုရေအာင္ ဒီေနရာကို လိုခ်င္တာျဖစ္မယ္… အရွက္မဲ့လြန္းတဲ့ စုန္းမ”

“ဟား… သရဲဘုရင္က အၿမဲတမ္း မ်က္ႏွာဖုံးတပ္ထားခဲ့တာ… သူ႔မ်က္ႏွာအစစ္အမွန္ကို ဘယ္သူမွ မေတြ႕ဖူးဘူး… မ်က္ႏွာဖုံး မတပ္ထားတဲ့ သရဲဘုရင္က ႐ုပ္ဆိုးမွန္းသာ သိရင္ ဒီမိန္းမ စိတ္ပ်က္ပစ္ၿပီး ပစ္ေျပးခ်င္မလားပဲ”

သူတို႔ေတြက သူမကို ျမင္တာေတာင္ အသံမတိုးတဲ့ အျပင္ လုရာထင္ ၾကားေအာင္ တမင္ရည္႐ြယ္ ေျပာေနခဲ့တယ္။

Chapter-616
Endအ

အပိုင္း(၆၁၇)
လုရာထင္၏စိတ္ထား (၂)

လုရာထင္လည္း မ်က္ေမွာင္ၾကဳတ္ကာ သူမကို အတင္းတုပ္ေနတဲ့ လူတစ္စုကို မ်က္ေစာင္းထိုးကာ ၾကည့္လိုက္တယ္။ သူမရဲ႕မ်က္ဝန္းမွ ခ်မ္းစိမ့္စိမ့္ အေအးဓာတ္မ်ား ထုတ္လႊင့္ ေနခဲ့တယ္။ ဒါေပမဲ့လည္း သူမ ဘာစကားတစ္ခြန္းမွ မဆိုဘဲ သူမ သြားလိုတဲ့ ခရီးကို သြားလိုက္တယ္။

ဒါကိုျမင္ေတာ့ သူတို႔အားလုံးက တမင္တကာ အသံခ်ဲ႕ေျပာေတာ့တယ္။

"လုရာထင္က သူ႔ဆရာကို အဆင့္အတန္းျမင္တယ္ထင္...သူ႔ကိုယ့္သူ ပါရမီရွင္လို႔ မွတ္ယူၿပီး ဘဝင္ေလဟပ္ေနတာ…"

"ငါၾကားတာေတာ့ သူ႔ေမာင္ေတာ္က ျပႆနာအိုးတဲ့….အေဖလည္း ဘာမွ မထူးဘူး...သူ႔ေမာင္ေတာ္က သူျပႆနာတတ္တဲ့အထိ လိုက္ေႏွာင့္ယွက္ေနမယ္ ထင္တယ္"

"သရဲဘုရင္က သူ႔လို မိန္းမကို လက္ထပ္မွာ မဟုတ္ဘူး...သူ သိကၡာက်ေစမယ့္ မိန္းမမ်ိဳးေလ…"

လုရာထင္ကေတာ့ ခံစားခ်က္ ကင္းမဲ့ေသာ ပုံစံကို ဆက္လက္ထိန္းသိမ္းထားၿပီး မနာလိုဝန္တိုစိတ္မ်ားေနေသာ အသံမ်ားကို လ်စ္လ်ဴရႈလိုက္တယ္။ သူ႔ေဘးနားက တပည့္ေနာက္လိုက္က ဆက္သည္းမခံႏိုင္ေတာ့ဘဲ ေဒါသတႀကီး ေအာ္ဟစ္ေျပာဆိုေတာ့တယ္။

"အစ္မရာထင္ကို လက္ထပ္ရလို႔ သရဲဘုရင္ သိကၡာက်မယ္လို႔ ဘယ္သူေျပာလိုက္တာလဲ၊ အစ္မ ရာထင္ လွလည္းလွ...အရည္အခ်င္းလည္းရွိ...သမားေတာ္အဖြဲ႕အစည္းမွာလည္း အေရးပါ အရာေရာက္တဲ့ ေနရာမ်ိဳးကို ပိုင္ဆိုင္ထားရတာ...သူမကို လက္ထပ္ရသူက ကံထူးသူပဲ.ေကာင္းကင္ဘုံက ေကာင္းခ်ီ ေပးတာပဲ… ငါသာဆို ခ်က္ခ်င္း လက္ထပ္မွာ"

"ေဆးၿမိဳ႕ေတာ္ က်ဴးလြန္ထားတဲ့ မေကာင္းမႈနဲ႔ အစ္မရာထင္က ဘာမ်ား ဆက္ႏႊယ္လို႔လဲ...သူ႔အေဖ...သူ႔ေမာင္ ျပဳလုပ္တဲ့ မေကာင္းမႈအတြက္ အစ္မ ရာထင္ကို အျပစ္တင္သင့္ရဲ႕လား...ေတြးၾကည့္လိုက္စမ္းပါ...နင္တို႔အားလုံးက အစ္မရာထင္...သရဲဘုရင္ေဘးနားမွာ ရပ္ရမွာကို မနာလို ဝန္တိုေနတာ…"

"သရဲဘုရင္ကို ႐ုပ္ဆိုးတယ္လို႔ ေျပာရဲေသးတယ္...တကယ္လို႔...သရဲဘုရင္က ႐ုပ္ဆိုးေနလဲ...အစ္မရာထင္က ႐ုပ္ရည္ကို ၾကည့္တတ္တဲ့ လူမဟုတ္ဘူး...တျခားသူတစ္ေယာက္ကို ႐ုပ္ရည္ၾကည့္ၿပီး မဆုံးျဖတ္တတ္ဘူး"

တပည့္ေနာက္လိုက္ စကားစေျပာတဲ့ အခ်ိန္က လုရာထင္ မတားဆီးခဲ့ဘူး။ ဒီအတိုင္း လက္ပိုက္ ရပ္ၾကည့္ေနခဲ့တယ္။ ေျပာလို႔ အကုန္ၿပီးခါမွ သူ႔ကို အျပစ္တင္စြာ ဟန႔္တားေတာ့တယ္။
"နင္...သူတို႔နဲ႔ ဘာလို႔မ်ား ျငင္းခုန္ေနလဲ...သူတို႔လို အရွက္မမဲ့ခ်င္ဘူး...ဒါေၾကာင့္ သူတို႔ေျပာတဲ့စကားကိုလည္း ဂ႐ုမစိုက္ဘူး… သူတို႔နဲ႔ စကားမ်ားခ်င္တဲ့ စိတိဆႏၵလည္း မရွိဘူး။

သူတို႔နဲ႔ အခ်ိန္ကုန္ေနမယ့္အစား က်င့္ႀကံျခင္းအမႈကို ျပဳတာ အေကာင္းဆုံးပါပဲ။

သူမကို အထင္ႀကီးေလးစားစြာ ၾကည့္ရင္း တပည့္ေနာက္လိုက္က စကားဆိုလာခဲ့တယ္။
“အစ္မရာထင္က အတင္းအဖ်င္းေၾကာင့္ မဆုတ္ယုတ္သြားဘူး… သူမက အၿမဲတမ္း အလုပ္ႀကိဳးစားတယ္…. ငါသာ သရဲဘုရင္ဆိုရင္ သူမကို ေသခ်ာေပါက္ လက္ထပ္တယ္”

လုရာထင္လည္း ၿပဳံးလိုက္တယ္။
“အခုေတာ့ စိတ္စြမ္းအား က်င့္ႀကံတာကိုပဲ အာ႐ုံစိုက္ျခင္းတယ္၊ အခ်စ္ကို စတင္ခ်င္တဲ့ စိတ္ဆႏၵ မရွိဘူး မင္း ဘယ္လိုပဲ သူတို႔ကို ေဒါသထြက္ထြက္… ငါ့ကို လက္ထပ္ရတာ သရဲဘုရင္အတြက္ ေကာင္းခ်ီလို႔ေတာ့ မေျပာသင့္ဘူး… ငါက အဲ့ေလာက္အထိ ထူးခြၽန္သူ မဟုတ္ပါဘူး…. တိုးတက္ဖို႔ လိုအပ္ပါေသးတယ္”

တကယ္လည္း သူမက အခ်စ္ကို စမ္းသပ္ခ်င္စိတ္ မရွိဘူး။ သူမက သရဲဘုရင္ရဲ႕ဇနီးမယားပဲ ျဖစ္ခ်င္ခဲ့တာ။ ဒီျပင္  ေနရာတိုင္းမွာ သရဲဘုရင္ရဲ႕သူလွ်ိဳမ်ား ရွိေနႏိုင္တာေၾကာင့္ ဒီစကား ေျပာရတာေပါ့။ သူမ ေျပာလိုက္တဲ့စကားကို သူ သိသြားႏိုင္မယ္ေလ။

ေယာက္်ားေလးတစ္ေယာက္ မင္းကို ႀကိဳက္ေစခ်င္ရင္ အရင္ဆုံး မင္းကို ႏွစ္သက္လာေအာင္ လုပ္ေဆာင္ရမယ္။

သရဲဘုရင္သာ သူမကို ႏွစ္သက္လာခဲ့ရင္ သူမရဲ႕ ပစ္မွတ္နဲ႔ ပိုနီးကပ္လာႏိုင္တယ္။

“အခုေတာ့ ငါ စိတ္စြမ္းအား က်င့္ႀကံဦးမယ္… သူတို႔ေျပာေနတာကို ဂ႐ုစိုက္မေနနဲ႔… သန႔္ရွင္းတဲ့လက္က ေဆးေၾကာေနစရာ မလိုအပ္ဘူး”

ေၾကာ့ရွင္းေသာ အၿပဳံးေလးနဲ႔ သူ႔ကို အံ့ႀကိတ္ကာ ၾကည့္ေနတဲ့ အမ်ိဳးသမီးမ်ားကို ယုံၾကည္ခ်က္အျပည့္နဲ႔ ၾကည့္လိုက္တယ္။

သူတို႔က လုရာထင္ေလာက္  ပါရမီ မရွိတာေၾကာင့္ လုရာထင္က သရဲဘုရင္အနားခ်ဥ္းကပ္တာကို ဒီအတိုင္း လက္ပိုက္ ၾကည့္ေန႐ုံသာ တတ္ႏိုင္ခဲ့တယ္။

……

ဧရာမ ေတာင္ထိပ္ဖ်ားတြင္ တိမ္မ်ား စိုင္းေနခဲ့တယ္။ ထိုေတာင္ထိပ္ဖ်ားမွာ ဥစၥာဓန ႂကြယ္ဝခ်မ္းသာတဲ့ ၿမိဳ႕တစ္ၿမိဳ႕ တည္ရွိခဲ့တယ္။

သာမန္လူမ်ားက နတ္ဘုရားအျဖစ္ ယုံၾကည္ကိုးကြယ္တဲ့ သမားေတာ္အဖြဲ႕အစည္းက ထိုၿမိဳ႕ရဲ႕ အလယ္မွာ တည္ရွိခဲ့တယ္။

ထိုစဥ္… သမားအဖြဲ႕အစည္းရဲ႕ တံခါးေပါက္ဝမွာ ယြမ္ေလာ့ဖုန္းလည္း မတ္တတ္ရပ္ရင္း သူမရဲ႕ ေမဖ်ားေလးကို  ပြတ္သပ္ကာ ခမ္းနားထည္ဝါေသာ ဂိတ္တံခါးကို ေတြးေတြးဆဆ ၾကည့္လိုက္တယ္။ သူမရဲ႕ ႏႈတ္ခမ္းဖ်ားမွာ စဥ္းလဲေသာ အၿပဳံးေလး တြဲခိုေနခဲ့တယ္။
“ဒါက သမားေတာ္အဖြဲ႕အစည္းလား”

“ရပ္စမ္း”
ဂိတ္တံခါးထဲ ဝင္ေတာ့မယ့္အခ်ိန္မွာ သူမကို အမ်ိဳးသားတစ္ေယာက္က ဟန႔္တားလိုက္ၿပီး ေအးတိေအးစက္ ေမးလာခဲ့တယ္။
“မင္းရဲ႕ ဖိတ္ၾကားလႊာ ဘယ္မွာလဲ”

Chapter-617

ယြမ္ေလာ့ဖုန္း
သရဲဘုရင္
618+619+620+621

အပိုင္း(၆၁၈)
လုရာထင္ရဲ႕ စိတ္ထား (၃)

ဖိတ္ၾကားလႊာ….

ယြမ္ေလာ့ဖုန္းလည္း မွင္တက္သြားၿပီး လင္းေလာပိုင္ဘက္ ၾကည့္လိုက္တယ္။

“သမားေတာ္ၿပိဳင္ပြဲကို တက္ေရာက္ဖို႔ ဖိတ္ၾကားလႊာ လိုအပ္တယ္လား”

ဘာလို႔ ထ်န္းရာက သူမကို ဒီအေၾကာင္း မေျပာရတာလဲ။ သမားေတာ္ၿပိဳင္ပြဲကို ေစာေစာစီးစီး က်င္းပမယ္ မထင္တာေၾကာင့္ သူမကို ေျပာဖို႔ အခ်ိန္ရွိေသးတယ္ ထင္ေနတာ ျဖစ္မယ္။ သူမ ျပန္ေရာက္မွာ ေျပာမယ္လို႔ ေတြးထားတယ္ ထင္ပါတယ္။

လင္းေလာပိုင္လည္း တအံ့တၾသ ေခါင္းကို တြင္တြင္ခါလိုက္တယ္။
“ ဒီအေၾကာင္းကို တပည့္ လုံးလုံးလ်ားလ်ား မသိဘူး… ဘာဆိုဘာမွ မသိခဲ့တာပါ”

သူမေျပာလိုက္တဲ့ စကားကို ၾကားၿပီးေနာက္ ယြမ္ေလာ့ဖုန္းလည္း မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ ဒီလိုမွန္းသာသိရင္ သူမလည္း ေဆးစံအိမ္ေတာ္ကို အရင္ဆုံးသြားၿပီး သမားေတာ္ၿပိဳင္ပြဲကို ေဆးစံအိမ္ေတာ္နဲ႔ အတူတူ တက္ေရာက္မွာေပါ့။

မည္းေမွာင္ေနေသာ မ်က္ႏွာထားနဲ႔ အေစာင့္ ေသြးေအးစြာ ေျပာေတာ့တယ္။
“ မင္းမွာ ဖိတ္ၾကားလႊာ မရွိရင္ ထြက္သြားလိုက္ေတာ့”

သူမလို သမားေတာ္အဖြဲ႕အစည္းက ဖိတ္ၾကားျခင္း မခံရဘဲ ခိုးဝင္ဖို႔ ႀကိဳးစားသူ အေျမာက္အျမားကို သူေတြ႕ႀကဳံခဲ့ၿပီးသားပါ။ ဒါေၾကာင့္ ဖိတ္ၾကားလႊာ မပါရင္ ဂိတ္တံခါးထဲ ဝင္ခြင့္ မေပးႏိုင္ဘူး။

“ယြမ္ေလာ့ဖုန္း”

႐ုတ္ျခည္း ဂိတ္တံခါးထဲမွာ သံသယ ျဖစ္ဖြယ္ အသံ ထြက္ေပၚလာခဲ့ၿပီး ယြမ္ေလာ့ဖုန္းရဲ႕ အာ႐ုံကို ဆြဲေဆာင္သြားခဲ့တယ္။

အဆင့္အတန္း ျမင့္မားၿပီး ေၾကာ့ရွင္းေသာ ပုံစံေပါက္တဲ့ အဝါေရာင္ ဝတ္စုံနဲ႔ မိန္းကေလး တစ္ေယာက္က သူမတို႔ကို ၿပဳံးကာ ၾကည့္ေနခဲ့တယ္။ သူမရဲ႕မ်က္ႏွာေပၚမွာ သိမ္ေမြ႕ေသာ အၿပဳံးေလး ရွိေနခဲ့ၿပီး ေတာက္ပေသာ မ်က္ဝန္းမ်ားက ႐ႊန္းလဲ့ေနခဲ့တယ္။

“ကြၽန္မကို သိလို႔လား”
ယြမ္ေလာ့ဖုန္းလည္း မ်က္ခုံးပင့္ကာ ဂိတ္တံခါးနား ေပၚလာတဲ့ အမ်ိဳးသမီးကို ၾကည့္လိုက္တယ္။

ယြမ္ေလာ့ဖုန္းက လုရာထင္နဲ႔ သိကြၽမ္းတာ ျမင္ရေတာ့ အေစာင့္လည္း ထိတ္ထိတ္ပ်ာပ်ာ ဂါရဝျပဳရင္း စကားဆိုလာခဲ့တယ္
“အစ္မရာထင္… ဒီမိန္းကေလးက အစ္မနဲ႔ ရင္းႏွီးမွန္း ကြၽန္ေတာ္မ်ိဳး မသိလို႔ပါ… ဒါေၾကာင့္…”

“ထားလိုက္ပါ… စိတ္ထဲ မထားပါနဲ႔… ကိစၥမရွိဘူး”
လုရာထင္လည္း သူမရဲ႕လက္ကို ေဝွ႔ယမ္းလိုက္တယ္။
“ ဒါေပမဲ့ ဒီကိုလာတဲ့ ဘယ္သူမဆို သမားေတာ္အဖြဲ႕အစည္းရဲ႕ ဧည့္သည္ေတာ္ဆိုတာ အမွတ္ရေပးပါ… ငါတို႔ ဧည့္သည္အေပၚ မ႐ိုင္းသင့္ဘူး”

ဒီစကားကို ေျပာၿပီးေနာက္ ယြမ္ေလာ့ဖုန္းဘက္ လွည့္ကာ ၿပဳံးျပလိုက္တယ္။
“ရွင့္ကို ဖိတ္ၾကားလႊာပို႔ေပးဖို႔ ဆရာကို ေျပာထားပါတယ္ …မိန္းကေလး ေရာက္လာခဲ့ၿပီပဲ…. ဒါနဲ႔ ကြၽန္မကိုယ္ ကြၽန္မ မိတ္ဆက္ေပးပါရေစ…ကြၽန္မက ေဆးၿမိဳ႕ေတာ္သခင္ရဲ႕ သမီး လုရာထင္ပါ… မိန္းကေလးရဲ႕ ပုံတူပန္းခ်ီကားကို ျမင္ဖူးလို႔ မိန္းကေလးကို သိေနခဲ့တာပါ”

ယြမ္ေလာ့ဖုန္းရဲ႕ ပုံတူပန္းခ်ီကားကို သူမ ျမင္ဖူးထားၿပီးသားပါ။ ယြမ္ေလာ့ဖုန္းရဲ႕ ပုံတူ ပန္းခ်ီတင္ မဟုတ္… ယြမ္ေလာ့… ယြမ္ခ်င္ရာ သူတို႔ရဲ႕ ပုံတူပန္းခ်ီမ်ားကိုလည္း ေဆးၿမိဳ႕ေတာ္မွာ သိမ္းဆည္းထားခဲ့တယ္။

သူ႔ေမာင္ေလးက ယြမ္မိသားစုကို အူလႈိက္ သည္းလႈိက္ မုန္းတီးခဲ့တာေၾကာင့္ သူတို႔ရဲ႕ ပုံတူပန္းခ်ီ ဆြဲထားဖို႔ အမိန႔္ေပးထားခဲ့တာ။ သူတို႔ရဲ႕ ပုံတူပန္းခ်ီကို နံရံမွာ ကပ္ၿပီ ေန႔တိုင္း တံေတြး ေထြးေလ့ရွိတယ္။တစ္ခါတစ္ရံဆို ပုံတူပန္းခ်ီေတြကို  က်င္ငယ္စြန႔္တယ္။ ဒါေၾကာင့္လည္း လုရာထင္က ယြမ္ေလာ့ဖုန္းက ပထမ ဆုံး အၾကည့္တစ္ခ်က္နဲ႔တင္ မွတ္မိတာေပါ့။

ယြမ္ေလာ့ဖုန္းရဲ႕မ်က္ဝန္းမ်ားက မည္းေမွာင္သြားခဲ့ၿပီး
“ ရွင္က  ေဆးၿမိဳ႕ေတာ္ကလား”

“ကြၽန္မရဲ႕အေဖနဲ႔ ယြမ္မိသားစုၾကားမွ သေဘာထား ကြဲလြဲမႈ ရွိခဲ့ပါတယ္... ဒါက ျပႆနာ ႀကီးႀကီးမားမား မဟုတ္ပါဘူး… ကြၽန္မရဲ႕အေဖကိုယ္စား မိန္းကေလးကို ေတာင္းပန္ခ်င္ပါတယ္”
လုရာထင္လည္း အၿပဳံးေလးနဲ႔ ေျပာလိုက္တယ္။

ေၾကာ့ရွင္းလွပေသာ ထိုမိန္းကေလးကိုၾကည့္ရင္း ယြမ္ေလာ့ဖုန္းလည္း ခပ္တန္းတန္း ၿပဳံးလိုက္တယ္။
“နားလည္မႈလြဲတယ္… ရွင္… ေျခေထာက္ကိုခ်ိဳးမယ္… စိတ္စြမ္းအားကို ဖ်က္စီးမယ္… အေမွာင္ထဲမွာ ဆယ္ႏွစ္ေက်ာ္ ပုန္းေအာင္း ေနထိုင္ဖို႔ တြန္းအားေပးမယ္…ၿပီးရင္ နားလည္မႈလြဲတာပါလို႔ ေျပာမယ္… ရွင္ဆိုရင္ေရာ္… နားလည္မႈလြဲပါတယ္လို႔ ခံယူမလား”

တျခားတစ္ေယာက္ဆိုရင္လည္း ယြမ္ေလာ့ဖုန္းလိုပဲ မညႇာမတာ အျပဳအမူေၾကာင့္ နားၾကည္းမုန္းတီးမွာပါ။

ဒါေပမဲ့လည္း လုရာထင္ဘက္ကေတာ့ အၿပံး မပ်က္ပါပဲ။
“ဒါေၾကာင့္လည္း အေဖ့ကိုယ္စား ေတာင္းပန္တယ္လို႔ ေျပာရတာပါ မိန္းကေလးရယ္”

“ေကာင္းၿပီေလ…”
ယြမ္ေလာ့ဖုန္းလည္း ရယ္ေသြသြမ္လိုက္တယ္။
“ဒါဆို… ရွင့္အေဖ… ကြၽန္မရဲ႕ ဦးေလးအေပၚ ျပဳမူခဲ့သလို ရွင့္ကို ျပဳမူမယ္…ေနာက္ၿပီရင္ ကြၽန္မရဲ႕တပည့္က ကြၽန္မကိုယ္စား ေတာင္းပန္မယ္…. ဒီလိုဆို အဆင္ေျပမလား”

အေမွာင္ထဲမွာ ဆယ္ႏွစ္ေလာက္ ပုန္းခိုေနရမယ္…

ဆယ္ႏွစ္ေလာက္ ေဝဒနာကို ခံစားရမယ္

ဆုံးရႈံးမႈအတြက္ ေတာင္းပန္စကားက  သုံးစားရႏိုင္ပါ့မလား။

ဦးငယ္ေလးက အရမ္းကို နာက်င္ခံစားခဲ့ရတာ… ဘာပဲျဖစ္ျဖစ္ သူမက ဦးေလးအတြက္ အမွန္တရားကို ရွာေပးမယ္… ေဆးၿမိဳ႕ေတာ္ကလူေတြကို ဘယ္လိုပဲျဖစ္ျဖစ္ လြတ္ေျမာက္ခြင့္ မေပးႏိုင္ဘူး။ ခြင့္လႊတ္ေပးဖို႔ ဒီတစ္သက္ လုံးဝကို မျဖစ္ႏိုင္ဘူး။

Chapter-618
End
သရဲဘုရင္ရဲ႕ခ်စ္လွစြာေသာ ဇနီးဆိုးေလး
စာစဥ္(၂၅)
ဘာသာျပန္ဆိုသူ :သၾကားလုံးေလး
619+620+621
ၾကားရက္မ်ားတြင္ တစ္ေန႔ ၂ပိုင္း ပိတ္ရက္မွာ တစ္ေန႔၅ပိုင္းပါ။ တစ္ပတ္ကို အပိုင္း၂၀ တင္မည့္ gpျဖစ္သည္။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

အပိုင္း(၆၁၉)
ေတာင္းပန္ခယမႈ (၁)

လုရာထင္ရဲ႕ မ်က္ဝန္းမ်ားက မည္းေမွာင္သြားခဲ့ေသာ္လည္း သေဘာထားႀကီးေသာ အၿပဳံးကို ဆက္လက္ထိန္းသိမ္းထားခဲ့တယ္။

"ယြမ္မိန္းကေလး….ေဒါသထြက္ေနေသးတာ နားလည္ပါတယ္...ဒါေပမဲ့...သမားေတာ္ၿပိဳင္ပြဲမွာ ပါဝင္မယ္မလား...ကြၽန္မနဲ႔အတူတူ လိုက္ခဲ့ပါ"

ယြမ္ေလာ့ဖုန္း ေျပာလိုက္တဲ့စကားက သူမကို သက္ေရာက္မႈ မရွိသလို...လုရာထင္လည္း အေစာင့္ဘက္ လွည့္ကာ ေအးေအးလူလူ ေျပာလာခဲ့တယ္။
"ယြမ္မိန္းကေလးက ငါ့မိတ္ေဆြ...သမားေတာ္ၿပိဳင္ပြဲကို ဖိတ္ေခၚထားတာ...ဒါေၾကာင့္ ဝင္ခြင့္ျပဳလိုက္…"

အေစာင့္လည္း ေဘးဘက္ကို ေ႐ြ႕လိုက္ၿပီး ႐ိုေသေလးစားစြာ ေျပာလာခဲ့တယ္။
"ဟုတ္ကဲ့ပါ အစ္မေလးရာထင္"

"ဝင္ၾကမယ္"
လုရာထင္လည္း ယြမ္ေလာ့ဖုန္းဘက္ လွည့္ကာ က်က္သေရရွိစြာ ၿပဳံးလိုက္တယ္။
"ကြၽန္မေနာက္လိုက္ခဲ့ပါ...မိန္းကေလးကို ဘယ္သူမွ တားဆီးမွာ မဟုတ္ဘူး"

ယြမ္ေလာ့ဖုန္းသာ သူ႔ေနာက္ကို မလိုက္ခဲ့ရင္ သမားေတာ္အဖြဲ႕အစည္းထဲ ဝင္လို႔ မရဘူးလို႔ ဆိုလိုခ်င္တာပဲ။

ဒါေၾကာင့္လည္း သူမ ယုံၾကည္ခ်က္ရွိတာေပါ့။ယြမ္ေလာ့ဖုန္းက သမားေတာ္အဖြဲ႕အစည္းက မဟုတ္ရင္ေတာ့ ဒီအဖြဲ႕အစည္းထဲ လိုသလို သြားလာလို႔ မရႏိုင္ဘူး။သမားေတာ္ ၿပိဳင္ပြဲကို တက္ေရာက္ခ်င္ရင္ သူမမွာ ဖိတ္ၾကားလႊာရွိရမယ္။ ဒီဖိတ္စာ အားလုံးကိုလည္း သူမက ျဖန႔္ေဝေပးခဲ့တာ။

ယြမ္ေလာ့ဖုန္းသာ သူမနဲ႔အတူတူ လိုက္ခဲ့မယ္ဆိုရင္ အခ်ိန္မေ႐ြး သူမရဲ႕ လက္ေအာက္ငယ္သား ျဖစ္လာႏိုင္တယ္။ ယြမ္ေလာ့ဖုန္းဘက္က သေဘာတူမယ္လို႔ သူမ ယုံၾကည္ထားတယ္။ဒါေပမဲ့လည္း ယြမ္ေလာ့ဖုန္းဘက္က သူမ မထင္ထားတဲ့ စကားကို ေျပာလာခဲ့တယ္။

"မျဖစ္ႏိုင္ဘူး"

လုရာထင္လည္း မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ဒီမိန္းမက တကယ့္ကို ေခါင္းမာတာပဲ။ သူမဘက္က ဆက္လက္ အယုံသြင္းဖို႔ ျပင္စဥ္ေနစဥ္...အဘိုးအိုတစ္ေယာက္ရဲ႕အသံကို ၾကားလိုက္ရတယ္။

"ဟား...ယြမ္မိန္းကေလးလည္း လာတာပဲ"

ရင္းႏွီးတဲ့ အသံကိုၾကားလိုက္ရေတာ့ အဘိုးအိုက ဘယ္သူလဲလို႔ တစ္ေစ့တစ္ေစာင္း ၾကည့္လိုက္တယ္။

သူမလည္း ၿပဳံးလိုက္ၿပီး
"႐ုန္အႀကီးအကဲ….မေတြ႕တာၾကာၿပီေနာ္"

ေဆးစံအိမ္ေတာ္ရဲ႕ ႐ုန္အႀကီးအကဲပါပဲ။သမားေတာ္အဖြဲ႕အစည္းရဲ႕ ဂိတ္တံခါးေပါက္မွာ ယြမ္ေလာ့ဖုန္းကို ေတြ႕မယ္လို႔ မထင္ထားခဲ့ဘူး။

လုရာထင္ကို မျမင္သလိုနဲ႔ ႐ုန္အႀကီးအကဲလည္း ယြမ္ေလာ့ဖုန္း ရွိရာကို တည့္တည့္ သြားကာ
"မိန္းကေလး...သမားေတာ္ၿပိဳင္ပြဲကို လာမယ္လို႔ ထင္ထားၿပီးသား...ဒါေၾကာင့္ လြန္ခဲ့တဲ့၂လတည္းက ဖိတ္စာ ႏွစ္ေစာင္ ယူထားဖို႔ သခင့္ကို ေျပာထားတယ္၊ လမ္းတစ္ဝက္မွာ ေတြ႕မယ္လို႔ ထင္ထားခဲ့တာ...ဒီမွာေတြ႕မယ္လို႔ မထင္ခဲ့…"

"ေရာ့….ဒီမွာ မင္းရဲ႕ဖိတ္စာ…."

သေဘာထားႀကီးေသာ အၿပဳံးကို ဆက္လက္ မထိန္းသိမ္းေတာ့ဘဲ သူမရဲ႕ မ်က္ႏွာက ပိုပိုမည္းေမွာင္လာရတယ္။ သူမရဲ႕လက္သီးကို က်စ္ေနေအာင္ဆုပ္ကာ သူမရင္ထဲက ေဒါသစိတ္ကို ဖိႏွိပ္လိုက္တယ္။

"ယြမ္မိန္းကေလးမွာ ဖိတ္ၾကားလႊာရွိေနေတာ့လည္း ကြၽန္မ မေႏွာင့္ယွက္ေတာ့ဘူး…."
လုရာထင္လည္း မ်က္ေမွာင္ၾကဳတ္လိုက္တယ္။

ယြမ္ေလာ့ဖုန္းနဲ႔ ႐ုန္အႀကီးအကဲကို ဟန္ေဆာင္ၿပဳံး ၿပဳံးျပလိုက္တယ္။

ထို႔ေနာက္… .တစ္ခ်က္ေလးမွ် ျပန္လွည့္မၾကည့္ဘဲ သမားေတာ္အဖြဲ႕အစည္းထဲ ဝင္သြားခဲ့တယ္။

"ေကာင္မေလး"
႐ုန္အႀကီးအကဲလည္း မ်က္ေမွာင္ၾကဳတ္လိုက္တယ္။
"ဒီမွာ လုရာထင္နဲ႔ ဘယ္လို ေတြ႕တာလဲ"

ယြမ္ေလာ့ဖုန္းလည္း ပခုံးတြန႔္လိုက္တယ္။
"သူ႔အေဖကိုယ္စား ေတာင္းပန္ခ်င္တယ္ ေျပာတာပဲ...ခြင့္လႊတ္ေပးဖို႔ ေျပာေနခဲ့တာ…"

"ေတာင္းပန္တယ္…."
႐ုန္အႀကီးအကဲလည္း ေထ့ေငါ့လိုက္တယ္။

"သူမက ဒီလိုေျပာရဲတယ္လား….ဒါနဲ႔ ေဆးၿမိဳ႕ေတာ္သခင္ရဲ႕ အိမ္ေတာ္ကို တစ္စုံတစ္ေယာက္ မီးရႈိ႕လိုက္တယ္ ၾကားတယ္...မင္း လုပ္ခဲ့တာလား"

ျငင္းမေနေတာ့ဘဲ ယြမ္ေလာ့ဖုန္းလည္း ေခါင္းညိတ္လိုက္တယ္။
"အမွန္ပဲ...ကြၽန္မ လုပ္ခဲ့တာ…"

႐ုန္အႀကီးအကဲလည္း ပင့္သက္ရႈိက္လိုက္တယ္။
"မိန္းကေလး...မင္းကေတာ့ မဆင္မျခင္လုပ္ၿပီ...ငါတို႔ေတြ မပါဘဲ ေဆးၿမိဳ႕ေတာ္ကို တစ္ေယာက္တည္း သြားရဲတယ္...ေဆးၿမိဳ႕ေတာ္ သခင္က အင္အားမဲ့သူ မဟုတ္ဘူး...မင္းကို ဖမ္းသြားႏိုင္တယ္…"

Chapter-619
End

အပိုင္း(၆၂၀)
ေတာင္းပန္ခယမႈ(၂)

ယြမ္ေလာ့ဖုန္းကိုၾကည့္ရင္း အဘိုးအိုမွာ စိုးရိမ္ဗ်ာပါဒမ်ားလာရတယ္။

အဘိုးအိုက သူမအတြက္ စိုးရိမ္ေနတာ သိေနေတာ့ ယြမ္ေလာ့ဖုန္းမွာ ရင္ထဲေႏြးေထြးရပါတယ္။ သူမရင္ထဲ ေႏြးေထြးမႈ လႈိင္းမ်ား ျဖစ္တည္ေနခဲ့တယ္။

သူမလည္း ႏို႔လက္ဖက္ရည္ေလးရဲ႕ဦးေခါင္းကို ပုတ္ကာ ၿပဳံးလိုက္တယ္။
"ႏို႔လက္ဖက္ရည္ေလးက ကြၽန္မကို ကာကြယ္ေပးႏိုင္ပါတယ္"

႐ုန္အႀကီးအကဲလည္း ေခါင္းကို တြင္တြင္ခါလိုက္တယ္။
"ဒီေ႐ႊရွာႂကြက္ေလးက ဘာလုပ္ႏိုင္မွာမို႔လဲ...၊သူက မင္းကို ကာကြယ္ႏိုင္ပါ့မလား၊ ေဆးၿမိဳ႕ေတာ္ရဲ႕ ၿမိဳ႕သခင္ အိမ္ေတာ္ကို ကေလးမေလးနဲ႔ ေ႐ႊရွာ ႂကြက္ေလးကို အေဖာ္ျပဳၿပီး ခိုးဝင္တယ္လား၊ လူယုတ္မာ လုကဲသာရွိရင္ အဖမ္းခံရမွာ...ငါနဲ႔ နင္အႀကီးအကဲ ကယ္ဖို႔မွီမွာေတာင္ မဟုတ္ဘူး"

ယြမ္ေလာ့ဖုန္းလည္း ၿပဳံးလိုက္ၿပီး
"ကြၽန္မ ရင္ဆိုင္ႏိုင္ပါတယ္"

သူမေျပာလိုက္တဲ့ စကားကို ၾကားၿပီးေနာက္...႐ုန္အႀကီးအကဲလည္း အထြန႔္တက္လိုက္တယ္။
"ဘာပဲျဖစ္ျဖစ္...ေနာက္ဆို...ဒီလိုမ်ိဳးထပ္မလုပ္နဲ႔ေနာ္...အဘိုးႀကီးေတြက မင္းအတြက္ ေန႔တိုင္း စိုးရိမ္ပူပန္ေနရတယ္...ေဆးၿမိဳ႕ေတာ္ကို ဆန႔္က်င္တိုက္ခိုက္ခ်င္ရင္ ငါတို႔ေတြကို အရင္ဆုံး အသိေပးပါ"

"႐ုန္အႀကီးအကဲ"
ယြမ္ေလာ့ဖုန္းလည္း ေခါင္းေလး ေမာ့လိုက္တယ္။ သူမရဲ႕မ်က္ဝန္းမ်ားက ေလးနက္တည္ၾကည္ေနခဲ့တယ္

"အႀကီးအကဲဟာ သမားေတာ္အဖြဲ႕အစည္းထဲက တစ္ခုပဲေလ...ဒါေၾကာင့္ ေဆးစံအိမ္ေတာ္ကို ဒီျပႆနာမွာ ဝင္မပါေစခ်င္ဘူး"

႐ုန္အႀကီးအကဲလည္း ယြမ္ေလာ့ဖုန္းရဲ႕ပခုံးကို ပုတ္ကာ ႏွစ္သိမ့္လိုက္တယ္။
"မိန္းကေလးက စံအိမ္ေတာ္ သခင္ရဲ႕အသက္ကို ကယ္တင္ခဲ့တာပါ...ဒါကို မိန္းကေလး မေမ့သင့္ဘူး"

"မင္းသာ မရွိရင္ ေဆးစံအိမ္ဆိုတာ ရွိမလာႏိုင္ေတာ့ဘူး...ဒီျပင္...သမားေတာ္အဖြဲ႕အစည္းက ခြဲထြက္တာ ဆုံးရႈံးမႈလို႔ မျမင္ပါဘူး"

"မင္းက သမားေတာ္အဖြဲ႕အစည္းထက္ ပိုေအာင္ျမင္မယ္လို႔ ယုံၾကည္ထားတယ္"

႐ုန္အႀကီးအကဲဘက္ကေတာ့ ယြမ္ေလာ့ဖုန္းကို ကာကြယ္ဖို႔ သမားေတာ္အဖြဲ႕အစည္းကို သစၥာေဖာက္မယ့္အေၾကာင္း ရွင္းရွင္းလင္းလင္း ေျပာလိုက္ပါၿပီ။

ယြမ္ေလာ့ဖုန္းက အရည္အခ်င္းရွိတယ္။ ေနာင္ဆို သမားေတာ္အဖြဲ႕အစည္းက သူမရဲ႕ၿပိဳင္ဖက္ မျဖစ္ႏိုင္ေတာ့ဘူး။ေနာင္ဆို သူတို႔ေတြ ယြမ္ေလာ့ဖုန္းကို ေမာၾကည့္ေနရေတာ့မွာ။အဲဒီအခ်ိန္ေရာက္ရင္ ေဆးစံအိမ္ေတာ္က ယြမ္ေလာ့ဖုန္းနဲ႔ မိတ္ေဆြ ျဖစ္ထားလို႔ အဆင့္အတန္း ျမင့္မားမွာ။

"ေက်းဇူး "

ယြမ္ေလာ့ဖုန္းလည္း စိတ္ရင္းနဲ႔ ၿပဳံးလိုက္မိသည္ ။
ေဆးစံအိမ္ေတာ္မွာ ဘာရည္႐ြယ္ခ်က္ရွိရွိပါ...သူမကို ကာကြယ္ဖို႔ သမားေတာ္အဖြဲ႕အစည္းက ထြက္လာခ်င္တဲ့ ရည္႐ြယ္ခ်က္ရွိတာကို ေက်နပ္ေနပါၿပီ။

"ဟား… "
႐ုန္အႀကီးအကဲလည္း ရယ္ေမာလိုက္တယ္။
"ယြမ္မိန္းကေလး...က်ဳပ္ကို ေက်းဇူး တင္စရာ မလိုပါဘူး...မင္း….အမ်ားရဲ႕ ထိပ္ကိုေရာက္ရင္...က်ဳပ္တို႔ကို မေမ့နဲ႔… "

လုံးဝ ေကြ႕ဝိုက္မေနေတာ့ဘဲ ႐ုန္အႀကီးအကဲက သူ႔အေတြးကို ပြင့္ပြင့္လင္းလင္း ဖြင့္ဟလာခဲ့တယ္။
သူ႔ဘက္က ပြင့္လင္းမွ ယြမ္ေလာ့ဖုန္းက ယုံၾကည္မွာေလ...။

"ယြမ္မိန္းကေလး…"
တစ္စုံတစ္ရာကို ေတြးမိသြားတယ္ထင္ပါတယ္...႐ုန္အႀကီးအကဲ မ်က္ႏွာေပၚက အၿပဳံးက လြင့္ပါးေပ်ာက္ကြယ္သြားေတာ့တယ္။

"အခု သမားေတာ္အဖြဲ႕အစည္းမွာ လုေကာေရာက္ေနတယ္...ငါတို႔ ေဆးစံအိမ္ေတာ္ေရာက္ေနလို႔ ရန္စရဲမွာေတာ့ မဟုတ္ဘူး"

သမားေတာ္အဖြဲ႕အစည္း အာဏာေအာက္မွာ ရွိေနသူမ်ားက ေပၚထင္တိုက္ခိုက္လို႔ေတာ့ မရဘူး...လွ်ိဳ႕ဝွက္ႀကံစည္လို႔ေတာ့ရတယ္။ ေပၚေပၚထင္ထင္ တိုက္ခိုက္ရင္ေတာ့ အဖြဲ႕အစည္းမွ ပယ္ထုတ္ခံရမယ္။

ေဆးၿမိဳ႕ေတာ္ရဲ႕ေနာက္ကြယ္မွာ လုရာထင္ရွိေနခဲ့ရင္ေတာင္ေပါ့...။

"ေကာင္းပါၿပီ…"
ယြမ္ေလာ့ဖုန္း...မျငင္းပါဘူး...။ဒါေပမဲ့ ႐ုန္အႀကီးအကဲရဲ႕ ၾကင္နာမႈကို လက္ခံရပါမယ္။

"ဟား…"
႐ုန္အႀကီးအကဲလည္း ေနာက္တစ္ဖန္ အူလႈိက္သည္းလႈိက္ ရယ္ေမာလိုက္ၿပီး
"သြားၾကမယ္….ငါတို႔ေတြ မေတြ႕တာၾကာၿပီ….ေျပာစရာ စကား အမ်ားႀကီးရွိတယ္"

…..

သမားေတာ္အဖြဲ႕အစည္းရဲ႕ ခမ္းနားေသာအခန္းတစ္ခုအတြင္း...လုေကာတစ္ေယာက္ မ်က္ဝန္းမ်ားပိတ္ကာ တရားထိုင္ေနခဲ့တယ္။ ႐ုတ္ျခည္း သူ႔ေရွ႕ကို လူတစ္ေယာက္ေပၚလာခဲ့တယ္။ဒါေၾကာင့္ သူ႔မ်က္ဝန္းကို ျဖည္းျဖည္းခ်င္းဖြင့္လိုက္တယ္။

"ရာထင္...ဘာျဖစ္လာလို႔လဲ"

Chapter-620
End

အပိုင္း(၆၂၁)
ေတာင္းပန္ခယမႈ (၃)

"ေဖေဖ…"
လုရာထင္လည္း ႏႈတ္ခမ္းေလးကို စူလိုက္တယ္။ သူမရဲ႕ မ်က္ဝန္းမ်ားက ရႈပ္ေထြးေနခဲ့တယ္။

"သမီး...အရဲကိုးၿပီး ေတာင္းဆိုစရာရွိတယ္...ကူညီေပးႏိုင္မလား"

"ဘာမ်ားလဲ…"
လုရာထင္ရဲ႕ အျပစ္ရွိသလို မ်က္ႏွာကို ၾကည့္ရင္း...လုေကာမွာ တစ္စုံတစ္ရာ မွားယြင္းသလို ခံစားရတယ္။

"ေဖေဖ.ဘက္က..ယြမ္ေလာ့ဖုန္းကို ေတာင္းပန္ေစခ်င္တယ္…"

သူမေျပာလိုက္တဲ့စကားေၾကာင့္ လုရာထင္မွာ ေဒါသထြက္လြန္းလို႔ ခုန္ဆြခုန္ဆြ ျဖစ္သြားရတယ္။

"ရာထင္...ဘာေျပာလိုက္တယ္...အယုတ္တမာမ ယြမ္ေလာ့ဖုန္းကို ေတာင္းပန္ရမယ္...ဟုတ္လား...မျဖစ္ႏိုင္ဘူးလို႔ ေျပာထားၿပီးသားပါ….ငါ့ဘက္က သူ႔ကို လက္စား မေခ်တာပဲ နင္ေက်နပ္သင့္ေနၿပီ...အခု...သူ႔ကို ေတာင္းပန္ရမယ္...ဟုတ္လား…"
သူလည္း အံ့ႀကိတ္လိုက္တယ္။ သူ႔မ်က္ဝန္းမ်ားက အမုန္းအာဃာတမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့တယ္။

လုရာထင္လည္း မသိမသာမ်က္ေမွာင္ၾကဳတ္လိုက္တယ္။
"ကြၽန္မမွာလည္း ေ႐ြးခ်ယ္စရာ မရွိဘူး...အေဖ့ကိုယ္စား ေတာင္းပန္ၿပီးၿပီ...သူ႔ဘက္က လက္မခံခ်င္ဘူး...အခု အေဖကိုယ္တိုင္ ေတာင္းပန္မွ ရမယ္...ဆရာ့ကိုလည္း ေဖ်ာင္းဖ်ဖို႔ ေျပာထားပါမယ္…သမားေတာ္အဖြဲ႕အစည္းေၾကာင့္ လက္ခံမယ္ ထင္တာပါပဲ"

"ရာထင္...သမီးဘက္က ဘာမွေျပာေနစရာ မလိုေတာ့ဘူး…"
လုေကာလည္း ေထ့ေငါ့လိုက္တယ္။
"ငါ့ဘက္ကညသူမကို လက္စား မေခ်ဘူးလို႔ ေျပာထားၿပီးသားပါ...ဒါေပမဲ့...ငါ့ဘက္က ဘယ္ေတာ့မွ မေတာင္းပန္ဘူး...ဒီကိစၥကို ေတြးမေနနဲ႔ေတာ့…"

ယြမ္ခ်င္ရာကလည္း သူ႔သားကို အႀကီးအက်ယ္ အရွက္ကြဲေစခဲ့ၿပီး ယြမ္ေလာ့ဖုန္းက သူ႔အိမ္ေတာ္ကို မီးရႈိ႕ျပန္တယ္...။ သူတို႔ေတြက သူ႔အတြက္ေတာ့ ထာဝရ ရန္သူပဲ။

"ေဖေဖ…"
လုရာထင္ရဲ႕မ်က္ႏွာက မည္းေမွာင္သြားေတာ့တယ္။
"ဒါက ေမာင္ေလး အမွားေလ...အဲ့တုန္းကလည္း ေဆးၿမိဳ႕ေတာ္ကို ကာကြယ္ေပးၿပီး...ယြမ္ခ်င္ရာကို ဒီအေျခအေနေရာက္ေအာင္ တြန္းပို႔ေစခဲ့တာေလ…"

"လက္စားေခ်ဖို႔ ေတြးေနေသးလား...အမုန္းအာဃာတကို တစ္ခန္းရပ္လို႔ မရဘူးလား"

"နင္…"
လုေကာမွာ ေဒါသထြက္လြန္းလို႔ တုန္ရီလာရတယ္။
"ရာထင္….နင့္လို သနားစရာေကာင္းတဲ့ မိဘမဲ့ကို ငါေမြးစားခဲ့တာ မေမ့ပါနဲ႔...အခု...ဒီပုံစံနဲ႔ ေက်းဇူးျပန္ဆပ္လိုက္တာလား"

လုရာထင္လည္း လက္သီးကို က်စ္ေနေအာင္ ဆုပ္ထားလိုက္တယ္။
"သမီးမွာ ေက်းဇူးေႂကြး အမ်ားႀကီးရွိတာ သိပါတယ္...ဒါေၾကာင့္လည္း ႏွစ္ေပါင္းမ်ားစြာ ေဆးၿမိဳ႕ေတာ္ရဲ႕ ကိစၥတိုင္းကို ဝင္စြက္ဖက္ခဲ့တာေပါ့...ဒီတစ္ႀကိမ္ေလာက္...သမီးကို မကူညီေပးႏိုင္ဘူးလား...သမီး...ေဖေဖ့ကို အမ်ားႀကီး ကူညီေပးခဲ့ပါတယ္...ဆရာသာ သူ႔အာဏာ ဆုံးရႈံးသြားရင္...ေဆးၿမိဳ႕ေတာ္ ဘာျဖစ္သြားမလဲ ေတြးၾကည့္စမ္းပါ"

သူမလည္း လုေကာကို ၾကည့္ကာ ႐ိုးသားစြာ ဖြင့္ဟေျပာဆိုလိုက္တယ္။
"စိတ္မပူပါနဲ႔...ယြမ္ေလာ့ဖုန္းသာ ကြၽန္မလက္ေအာက္ခံ ျဖစ္ဖို႔ သေဘာတူၿပီးရင္ အေဖတို႔ေတြကို စိတ္ႀကိဳက္ႏွိပ္စက္ခြင့္ ေပးမယ္"

လုေကာလည္း လုရာထင္ကို သံသယမ်က္ဝန္းမ်ားျဖင့္ ၾကည့္လိုက္တယ္။
"ငါ့လက္ထဲ တကယ္အပ္မွာလား".

သူမဘက္က ေပးပါ့မလား။ ယြမ္ေလာ့ဖုန္းကို ေတာင္းပန္ဖို႔ ေခ်ာ့ေမာ့ေနတာေလ။ဒါမွလည္း ယြမ္ေလာ့ဖုန္းဘက္က ေဆးၿမိဳ႕ေတာ္ကို ခြင့္လႊတ္းေပးမွာပါ။ ဒါေပမဲ့ အခုေတာ့ ဒီအေၾကာင္းကို မေျပာႏိုင္ေသးဘူး။

႐ိုးသားေသာ အၾကည့္မ်ားနဲ႔ သူမလည္း တည္ၾကည္စြာ စကားဆိုလာခဲ့တယ္။
"ကတိတည္ပါမယ္"

ဒါေပမဲ့ လုေကာဘက္ကေတာ့ သူမရဲ႕စကား မွန္ကန္လား အတပ္မေျပာႏိုင္ပါဘူး။

"ေကာင္းပါၿပီ…"
လုေကာလည္း အသက္ခပ္ျပင္းျပင္းရႈိက္လိုက္တယ္။
"ဒါဆို...ေတာင္းဆိုတာကို လက္ခံမယ္...ဒါေပမဲ့ ကတိတည္ရမယ္...ယြမ္ေလာ့ဖုန္း...သမီးရဲ႕လက္ေအာက္ငယ္သား ျဖစ္တာနဲ႔ အေဖ့လက္အပ္ရမယ္...အသက္ခ်မ္းသာေပးဖို႔ ေတာင္းပန္ေစရမယ္…"

လုရာထင္လည္း ခက္ထန္ၾကမ္းၾကဳတ္ေသာ လုေကာကို ဖ်တ္ခနဲ ၾကည့္လိုက္ၿပီး ေအးေအးလူလူ ေျပာလိုက္တယ္။
"သူမရဲ႕ စြမ္းအားကို မေဖ်ာက္ဖ်က္ရဘူး...ဒီမိန္းကေလးက သမီးအတြက္ အသုံးဝင္တယ္…"

"အေဖ...သိပါတယ္…"
လုေကာလည္း ၿပဳံးလိုက္တယ္။
"မိန္းမယုတ္...ယြမ္ေလာ့ဖုန္းကို သြားေတြ႕မယ္...ဒီကေန႔ ငါ ခံစားရသမွ် ျပန္ေပးဆပ္ရမယ္"

အမုန္းအာဃာတမ်ားနဲ႔ နစ္မြန္းေနတဲ့သူ႔ကို ၾကည့္ရင္း လုရာထင္လည္း တိတ္တဆိတ္ သေရာ္လိုက္တယ္။ဒါေပမဲ့လုေကာကေတာ့ သူမရဲ႕ မ်က္ႏွာေပၚက ခက္ထန္ေသာ အမူအရာကို လုံးဝ သတိမထားမိပါဘူး။

Chapter-621
End

Unicode

သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
စာစဉ်(၂၅)
ဘာသာပြန်ဆိုသူ :သကြားလုံးလေး

ကြားရက်များတွင် တစ်နေ့ ၂ပိုင်း ပိတ်ရက်မှာ တစ်နေ့၅ပိုင်းပါ။ တစ်ပတ်ကို အပိုင်း၂၀ တင်မည့် gpဖြစ်သည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
အပိုင်း(၆၁၁)
သမားတော် ပြိုင်ပွဲ (၂)

ဒီသတင်းကို ကြားပြီးနောက် မုရုန်ပေလည်း အပြင်ကို အလျင်စလို ထွက်လာလိုက်တယ်။ခြံဝင်းထဲမှာ ယွမ်လော့ဖုန်း ရပ်နေတာကို မြင်လိုက်တော့ သူ့နှုတ်ခမ်းလေးကို လှုပ်ပြီး တစ်စုံတစ်ရာကို ပြောလိုက်ချင်သော်လည်း သူ့လည်ချောင်း ခြောက်ကပ်နေခဲ့တယ်။ ဒါကြောင့် သူ့မှာ စကားတစ်ခွန်းတစ်ဗျာပါးမျှ ပြောလို့ မရပေ။

ခဏကြာတော့ သူ့စိတ်ကို ဖြေလျော့လိုက်ပြီး အပြုံးလေးနဲ့ ပြောလိုက်တယ်။
“သခင်….ပြန်လာပြီလား”

ယွမ်လော့ဖုန်းလည်း အေးအေးလူလူ ခေါင်းညိတ်လိုက်တယ်။
“မုရုန်ပေ… ဒီကိုလာခဲ့ပါဦး…ကျမ မသွားခင်…ရှင့်ကို ပြောခဲ့ချင်တာ ရှိတယ်”

“ဟုတ်ကဲ့ပါ သခင်…”
မုရုန်ပေက ရိုသေလေးစားစွာ ပြန်ပြောလိုက်တယ်။
“သခင်…. စိတ်စွမ်းအား ကျင့်ကြံတဲ့ အခန်းမှာ စကားပြောကြမလား”

ဘာစကားမှ မပြောတော့ဘဲ မုရုန်ပေ စိတ်စွမ်းအား ကျင့်ကြံရာ အခန်းသို့ ဦးတည် ထွက်ခွာလိုက်တယ်။

…..

မုရုန်ပေရဲ့ စိတ်စွမ်းအား ကျင့်ကြံရာ အခန်းကို ရိုးရှင်းစွာ မွမ်းမံ့ထားပြီး ကြမ်းပြင်ပေါ်မှာ ဖျာ ကိုသာ ခင်းကျင်းထားတယ်။ ယွမ်လော့ဖုန်း အနည်းငယ် မျက်နှာပျက်သွားတာ မြင်တော့ သူလည်း အလျင်စလို ထိုင်ခုံ တစ်ခုံရှာပြီး မျက်နှာချိုသွေးကာ စကားဆိုလိုက်တယ်။
“သခင်… ဒီမှာ ထိုင်ပါ”

ယွမ်လော့ဖုန်းလည်း သူမရဲ့ အဖြူရောင်ဝတ်စုံကို ခါယမ်းလိုက်ပြီး ထိုင်ခုံပေါ်ကို ထိုင်လိုက်တယ်။ သူမရဲ့ မေဖျားကို လက်နဲ့ထောက်ရင်း သူမရဲ့ရှေ့မှာ ရပ်နေသူကို မာယာများစွာ ကြည့်လိုက်တယ်။

“မုရုန်ပေ…. ရှင်ကို ဒီလောကကြီးရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်တဲ့ အခွင့်အရေး ပေးမယ်ဆိုရင် ရှင် လက်ခံမလား”
ပြုံးရင်း သူ့ကို ကြည့်လိုက်တယ်။

မုရုန်ပေလည်း သူမရဲ့စကားကို ကြားလိုက်ရတော့ သူ့မျက်လုံးများ ပြူးကျယ်သွားရတယ်။ သူ့အသက်ရှူသံများတောင် မြန်ဆန်လာရတယ်။
“သခင်…တကယ်သာဆိုရင်တော့ ဒီအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ပြီး အကောင်းဆုံး ကြိုးစားမှာပေါ့”

“ကောင်းပြီ… ရှင် ပြောခဲ့တာကို သေချာ မှတ်ထားလိုက်ပါ”
ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ခုံးများကို ပင့်လိုက်တယ်။
“ရှင်… ဟွမ်ချွမ်မြို့မှာ နံပါတ်၁ အဆင့် ဖြစ်သွားရင် ကျမကို တွေ့ဖို့ လုံယွမ်တိုင်းပြည်မှာရှိတဲ့ စစ်သူကြီး အိမ်တော်ကို လာခဲ့လိုက်…… ဒီအောင်မြင်မှုကို မရသရွေ့ ရှင်နဲ့ မတွေ့နိုင်ဘူး”

မုရုန်ပေရဲ့ မျက်ဝန်းများက တဖြည်းဖြည်းချင်း ဆုံးဖြတ်ချက် ခိုင်မာသော အကြည့်များသို့ ပြောင်းလဲသွားခဲ့တယ်။ ဒါက သူ့ကို စမ်းသပ်တယ်ဆိုတာ သူ သိနေတယ်။ ဟွမ်ချွမ်မြို့မှာ နံပါတ်၁ ဖြစ်မှ ဒီစစ်ဆေးမှုကို အောင်မြင်မှာပါ။

“သခင်… စိတ်ချပါ…. သခင့်ကို စိတ်မပျက်စေရဘူး”

“ကျမလည်း ဒီလို ဖြစ်ဖို့ မျှော်လင့်ပါတယ်”
ယွမ်လော့ဖုန်းလည်း မာယာများစွာ ပြုံးရင်း ပြောလိုက်တယ်။
“ဟွမ်ချွမ်မြို့မှာ နံပါတ်၁ မဖြစ်သရွေ့… ကျွန်မရဲ့ လက်အောက်ငယ်သား ဖြစ်ဖို့ အရည်အချင်း မပြည့်မှီသေးဘူး… ဒါဆိုရင်… ရှင့်ကို ကျမ… လုံယွမ်တိုင်းပြည်မှာ စောင့်နေမယ်”

မုရုန်ပေ မှန်ပါတယ်။ဒါက သူ့အတွက်တော့ စမ်းသပ်ချက်တစ်ခုပါ။ အခုအချိန်က အရင်နဲ့ ခြားနားသွားပြီ။အရင်က သံမဏိတပ်နဲ့ မီးတောက် အဖွဲ့ကို လက်ခံပေးခဲ့တာက ရွေးချယ်စရာ မရှိခဲ့လို့။  အရည်အချင်း လုံလုံလောက်လောက် မရှိသူနဲ့တော့ ဆေးနတ်ဘုရား လျှို့ဝှက် သင်္ကေတထဲက ရတနာများကို မမျှဝေနိုင်ဘူး။

မုရုန်ပေက သူမကို သစ္စာရှိသော်လည်း ဒီလူက ထိုက်တန်မှုရှိရဲ့လားလို့ စမ်းသပ်ချင်ပါသေးတယ်။ဟွမ်ချွမ်မြို့မှာ နံပါတ်၁ ဖြစ်လာဖို့က သူနဲ့ ထိုက်တန်တဲ့ စမ်းသပ်မှုပါပဲ။
“ကျမ ပြောချင်တာ ပြီးပြီ… မုရုန်ပေ… ဒီအခွင့်အရေးကို ဖမ်းဆုပ်နိုင်လား… မဖမ်းဆုပ်နိုင်ဘူးလားဆိုတာ ရှင့်အပေါ် မူတည်တယ်”
ယွမ်လော့ဖုန်းလည်း ထိုင်ခုံပေါ်မှ ထလိုက်ပြီး သူမရဲ့နှုတ်ခမ်းလွှာပေါ်မှာ မာနဝင့်ကြွားသော ယုံကြည်ချက်ရှိသော အပြုံးလေးများ ဖြန့်ကျက်လိုက်တယ်။
“ရှင် ယုံကြည်ထားဖို့က… ဒီအခွင့်အရေးကို လွဲချော်သွားရင် နောက်ထပ် အခွင့်အရေးဆိုတာ မရနိုင်တော့ဘူး”

မုရုန်ပေရဲ့မျက်နှာက လေးနက် တည်ကြည်နေတယ်။ယွမ်လော့ဖုန်းက အမှန်တရားပြောနေတယ်လို့ သူ သိနေခဲ့တယ်။ဒီတစ်သက်မှာ တစ်ခါတည်းရနိုင်မယ်… အခွင့်အရေးပါပဲ။

“သခင်…”
ကောင်မလေးရဲ့ မာယာများသော မျက်နှာကို ကြည့်ရင်း သူလည်း လေးနက်စွာ ပြောလိုက်တယ်။
“ကျွန်တော်မျိုးကို အချိန် ၃နှစ်ပေးပါ… သခင်ကို တွေ့ရဖို့ လုံယွမ်တိုင်းပြည်ကို လာခဲ့ပါမယ်”

ယွမ်လော့ဖုန်းလည်း သူမရဲ့နှုတ်ခမ်းထောင့်များကို မြှင့်တင်လိုက်ပြီး ပြုံးလိုက်တယ်။ ဘာစကားတစ်ခွန်းမှ မပြောတော့ဘဲ သူမလည်း တံခါးရှိရာသို့ လျှောက်လှမ်းသွားလိုက်တယ်။ တံခါးပေါက်နား ရောက်တော့ သူမရဲ့ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူမရဲ့လက်ကို မြှောက်ကာ နှုတ်ဆက်ဟန် ပြုလိုက်တယ်။ ထို့နောက်… သူမလည်း ဝေးရာကို လျှောက်လှမ်းသွားပြီး တောက်ပသော နေရောင်အောက်မှာ ပျောက်ကွယ်သွားခဲ့တယ်။

သူမရဲ့ ဝေးကွာသွားသော ပုံရိပ်ကို ကြည့်ရင်း မုရုန်ပေမှာ ပိုမို ဆုံးဖြတ်ချက် ခိုင်မာလာရတယ်။ သူ့အတွက် တစ်ခုတည်း အခွင့်အရေးဆိုတာ သူ နားလည်တယ် ဒီအခွင့်အရေးကို သူ အမိအရ ဖမ်းဆုပ်ထားဖို့ လိုအပ်တယ်။

Chapter-611
End

အပိုင်း(၆၁၂)
သမားတော် ပြိုင်ပွဲ (၃)

ဆေးမြို့တော်။

ခမ်းနားထည်ဝါသော စားသောက်ဆိုင် တစ်ခုအတွင်း မိန်းမပျိုလေး တစ်ယောက် ပြတင်းပေါက်နားက ကုလားထိုင်မှာ ထိုင်ရင်း မေဖျားကို လက်ဖြင့်ထောက်ကာ တစ်ဖက်သို့ စောင်းငဲ့ ကြည့်လိုက်တယ်။ သူမရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ မိန်းကလေးကတော့ သူ့ထက် နှစ်အနည်းငယ်လောက်တော့ ငယ်ရွယ်မယ်လို့ ထင်ရပြီး သူမကတော့ အစားအသောက်များနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ သူမရဲ့ ပါးစပ်မှာ အစားအသောက်များ ပလုတ်ပလောင်း ဖြစ်နေခဲ့တယ်။သိပ်မကြာခင်မှာဘဲ သူမ ပါးမို့မို့လေးက ဖောင်းအစ်နေပြီး သူမလေးက အစားအသောက်များကို ပါးစပ်ထဲ အတင်း သွတ်ထည့်နေခဲ့တယ်။

စားသောက်ဆိုင် ခန်းမဆောင်ထဲမှ သက်ပြင်းရှိုက်သံ ကြားလိုက်ရတယ်။
“၂နှစ် တစ်ခါ ကျင်းပတဲ့ သမားတော် ပြိုင်ပွဲ့ နှစ်လအတွင်း ကျင်းပတော့မယ် ကြားတယ်”

“တကယ်လား… သမားတော်ပြိုင်ပွဲက ဆေးပညာအစွမ်း ပြိုင်တာ မဟုတ်ပဲ သမားတော် တစ်ယောက်နဲ့ တစ်ယောက် ရတနာပစ္စည်း ပြိုင်ကြတာ”

“ဒါနဲ့… သမားတော်ပြိုင်ပွဲကို ဘာလို့ စောစောစီးစီး ကျင်းပရလဲ သိလား”

“ငါလည်း သေချာ မသိဘူး၊ ဒါပေမဲ့ ငါ့ဆရာကတော့ သမားတော် အဖွဲ့အစည်းမှာ ပါဝင်တယ်”

ဒီဆွေးနွေးချက်ကို ကြားပြီးနောက်… နောက်ဆုံးတော့ ကောင်မလေးဘက်က လှုပ်ရှားလာတော့တယ်။ စားပွဲပေါ်မှ ဓားကို ကောက်ယူလိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်တယ်။
“ဆေးမြို့တော်ကလူတွေ ဒီမှာ မရှိဘူးဆိုတော့ ငါတို့တွေ ဒီမှာ ဆက်နေစရာ အကြောင်းမရှိတော့ဘူး… ရှောင်ပိုင်… ငါတို့တွေ သမားတော် အဖွဲ့အစည်းဆီ သွားမယ်”
“အား…”

လင်းလောပိုင်လည်းမျက်စောင်းထိုးကာ မကျေမနပ် ပြောလိုက်တယ်။
“ဒါပေမဲ့… တပည့်စားလို့ မပြီးသေးဘူးလေ”

သူမ စားနေတာကို ရပ်တန့်လိုက်တော့ ယွမ်လော့ဖုန်းက သူမရဲ့လက်မောင်းကို ဆောင့်ဆွဲကာ တရွတ်တိုက်ဆွဲခေါ်သွားခဲ့တယ်။

“နောက်ကျနေပြီ… စောစောစီးစီး ထွက်ခွာ ဖို့လိုအပ်တယ်၊ဒါပေမဲ့ ငါ ထွက်မသွားခင် ဆေးမြို့တော်ကို လက်ဆောင်တစ်ချို့ ပေးသွားချင်တယ်”

…..

မြို့သခင်ရဲ့ အိမ်တော်က ခမ်းနားထည်ဝါပြီး ကောင်းမွန်စွာ စောင့်ကြပ်ထားတယ်။ ယွမ်လော့ဖုန်း ချဉ်းကပ်လာတော့ သက်တော်စောင့် နှစ်ယောက်က သူမတို့ကို တားဆီးတယ်။

“ရပ်စမ်း… ဒါက မြို့သခင်ရဲ့ အိမ်တော်… ခွင့်ပြုချက်မရဘဲ ဘယ်သူမှ ဝင်ခွင့် မရှိဘူး”

ယွမ်လော့ဖုန်းလည်း မဲ့ပြုံးပြုံးလိုက်ပြီး ကောက်ကျစ် စဉ်းလဲသော အပြုံးလေးကို ပြသလိုက်တယ်။ သူမရဲ့အသံက လေညင်နဲ့အတူတူ ပျံ့လွင့်လာခဲ့တယ်။

“ငါက ဝင်ချင်တယ်လို့များ ပြောခဲ့လို့လား”

အစောင့်ရဲ့မျက်နှာက မည်းမှောင်သွားတော့တယ်။
“ဒါဆို… မင်း ဒီမှာ ဘာလုပ်နေတာလဲ”

“လူသတ် မီးရှို့ မလို့လေ”

သူမလည်း အနီရောင် နှုတ်ခမ်းပါးလေးကို လှုပ်ရှားလိုက်ပြီး မြို့သခင်ရဲ့ အိမ်တော် တံခါးပေါက်မှာ အထက်စီးဆန်သော စကားကို ပြောလာခဲ့တယ်။

ထိုစဉ် အိမ်တော်တံခါးပေါက်မှာ လူအများစုစည်းလာခဲ့တယ်။ သူတို့အားလုံးက ယွမ်လော့ဖုန်းကို လက်ညိုးထိုးကာ အတင်းတုတ်တော့တယ်။ သူတို့အားလုံးရဲ့ မျက်ဝန်းများက သူမတို့ကို သနားနေသော အကြည့်နဲ့ ကြည့်နေလေရဲ့။

လူတိုင်း အံ့သြရတာက…ဆေးမြို့တော်မှာ မြို့သခင်ရဲ့လူတွေကို မလေးမစား ပြောဆိုရဲတာ တစ်စုံတစ်ယောက်တော့ ရှိသေးတယ်ပေါ့။

“အတင့်ရဲလိုက်တာ”

အစောင့်ရဲ့ မျက်နှာက ဒေါသကြောင့် မည်းခနဲ ဖြစ်သွားပြီး ကျယ်လောင်စွာ အော်ဟစ်တော့တယ်။
“မြို့သခင် အိမ်တော်ကို စော်ကားမော်ကား ပြောဆိုရဲတဲ့ ဒီလူတွေကို သတ်စမ်း”

ချက်ချင်းဆိုသလို… မြို့သခင် အိမ်တော်မှ အစောင့်အများအပြား ပြေးထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်ရင်း ဓားများ၊ လက်နက်များ ကိုင်ဆောင်ရင်း  ပြေးထွက်လာခဲ့တယ်။

“ရှောင်ပိုင်.… ဘေးမှာ ရပ်နေ...”
ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းများကို အနည်းငယ်မှေးကျဉ်းရင်း အေးစက်စွာ အော်လိုက်တယ်။

နာခံစွာ ဘေးဖက်သို့ သွားလိုက်ပြီး… လင်းလောပိုင်လည်း သူမလက်ကို စုပ်ကာ မျက်တောင် တခတ်ခတ်ဖြင့် တိုက်ပွဲကို တိတ်ဆိတ်စွာ ကြည့်နေလိုက်တယ်။

ဆရာက တကယ်ပဲ လူသတ်… မီးရှို့ မလို့လား။ ဒီအကြောင်းကို တွေးမိတော့ သူမလည်း သွားပေါ်အောင် ပြုံးရယ်ရင်း စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေလိုက်တယ်။

ဝုန်း…

အစောင့်တွေ ယွမ်လော့ဖုန်း အနားကို မရောက်ခင်မှာ… သူတို့ကို တိုက်ခိုက်ဖို့ ပြင်းထန်သော အရှိန်အဟုန်ကို ထုတ်လွှင့်လိုက်တယ်။ ထို အရှိန်အဟုန်က မြင်နိုင်စွမ်းမရှိတဲ့ ဓားတစ်လက်လိုပါပဲ သူတို့အားလုံးရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့တယ်။

“ဆေးမြို့တော်ရဲ့ ဆက်ခံသူကို ဦးငယ်လေးက အနိုင်ပိုင်းခဲ့လို့…. မသန်မစွမ်းဖြစ်အောင် ထိခိုက်ဒဏ်ရာ ပြန်ဖြစ်စေခဲ့တယ်၊ အခု ငါ့ ဦးလေးအတွက် လက်စားချေမယ်…”
ယွမ်လော့ဖုန်းလည်း မဲ့ပြုံး ပြုံးလိုက်တယ်။ သူမရဲ့ ပတ်ချာလည်မှာ အန္တရာယ် အငွေ့များ ဝန်းရံနေခဲ့တယ်။
“ဒါပေမဲ့… သူတို့တွေက ကံကောင်းသွားတယ်၊ ဒီနေ့ ဆေးမြို့တော်မှာ ရှိမနေခဲ့ဘူး… ဒါပေမဲ့  ဒီကိုလာခဲ့တာ အလဟဿ မဖြစ်စေရဘူး… မြို့သခင်အိမ်တော်မှာ ကျန်ရှိခဲ့တဲ့လူတွေကို သတ်ပြီး မီးရှို့မယ်”

သူမရဲ့ ပုံစံက အရမ်းကို အထက်စီးဆန်ပြီး ပလွှားလွန်းတယ်။ သူမရဲ့ အဖြူရောင် ဝတ်စုံက လေညင်မှာ တလွင့်လွင့်နဲ့ပေါ့။ သူမက အရမ်းကို ထူးခြားပြီး ချစ်ဖို့တော့ ကောင်းတယ်။ သူတို့ရှိရာ သူမ သယ်ဆောင်လာတဲ့ ထိတ်လန့်မှုကိုတော့ ပုံဖော်စရာ စကားရှာ မရခဲ့ဘူး။
Chapter-612
End

သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
စာစဉ်(၂၅)
ဘာသာပြန်ဆိုသူ :သကြားလုံးလေး

613+614
ကြားရက်များတွင် တစ်နေ့ ၂ပိုင်း ပိတ်ရက်မှာ တစ်နေ့၅ပိုင်းပါ။ တစ်ပတ်ကို အပိုင်း၂၀ တင်မည့် gpဖြစ်သည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

အပိုင်း(၆၁၃)
သရဲဘုရင်ကို ဖိတ်ကြားခြင်း (၁)

လူအများ အံ့သြတုန်လှုပ်နေစဉ်  အစိမ်းရောင် ကြာပန်း ပွင့်ဖူး သကဲ့သို့ အစိမ်းရင့်ရင့် မီးတောက်ကို ကောင်မလေးက ထုတ်လွှင့်လိုက်တယ်။ ထိုစဉ်  မိန်းမပျိုလေးမှာ အသက်ရှူမှားလောက်အောင် ချောမော လှပနေခဲ့တယ်။

ဝုန်း…

ချက်ချင်း မီးတောက်က မြို့သခင်ရဲ့ အိမ်တော် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး မီးပင်လယ်အဖြစ် ပြောင်းလဲသွားစေတယ်။

ဒီလို လုပ်ဆောင်ပြီးနောက်… ယွမ်လော့ဖုန်းလည်း ကျောခိုင်းကာ လင်းလောပိုင်ရှိရာ လျှောက်လှမ်းလာလိုက်တယ်။
“အခုတော့ ငါတို့တွေ ထွက်သွားလို့ ရပြီ”

သူမ ဒီကို လာရတဲ့ အကြောင်းအရင်းက ဆေးမြို့တော်နဲ့ စာရင်း ရှင်းချင်လို့ပါ။ ကံဆိုးစွာနဲ့ပဲ ဆေးမြို့တော် သခင်က ဒီမှာ မရှိနေခဲ့ဘူး။ ဒီကို လာခဲ့ရတာ အလဟဿတော့ အဖြစ်မခံနိုင်ဘူး။  ဒါကြောင့် မြို့သခင်ရဲ့ အိမ်တော်ကို မီးလောင်တိုက်သွင်း ပစ်မယ်။

လူအုပ်စုကြီးမှာ ဘာဖြစ်မှန်း နားလည်လိုက်ချိန်… သူတို့မှာ ပင့်သက်ရှိုက်လိုက်ရတယ်။

ဒီအမျိုးသမီးက တကယ်ကို ကြောက်ဖို့ ကောင်းလွန်းတယ်။ သူမ လာခဲ့ရတဲ့ ခရီး အလဟဿ မဖြစ်စေဖို့ အတွက်နဲ့ မြို့သခင်ရဲ့ အိမ်တော် တစ်ခုလုံးကို မီူရှို့သတဲ့… ရက်စက်လိုက်တာနော်။

….

သမားတော် အဖွဲ့အစည်းက ဒီကုန်းမြေစုမှာ သြဇာ အာဏာ အရှိဆုံး အဖွဲ့အစည်း တစ်ခု ဖြစ်တယ်။ ဒီလို ဖြစ်လာရတဲ့ အကြောင်းအရင်းကလည်း အစွမ်းထက်တဲ့ သမားတော်များကို ဦးဆောင်နိုင်လို့လေ။ အားလုံးက သမားတော်အဖွဲ့အစည်းရဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်မှုကို ရှင်းရှင်းလင်းလင်း သိတယ်။

“ဘာပြောလိုက်တယ်။”

သမားတော် အဖွဲ့အစည်းအတွင်းမှာ လုကော တစ်ယောက် ဒေါသထွက်လွန်းလို့ ခုန်ဆွ ခုန်ဆွ ဖြစ်နေခဲ့တယ်။ ခန့်ညားသော မျက်နှာက ဖြုဖပ်ဖြူရော်ဖြစ်နေခဲ့တယ်။
“ယွမ်လော့ဖုန်းက ဆေးမြို့တော်ကို ရောက်လာပြီး အိမ်တော်ကို မီးရှို့လိုက်တယ်လို့ မင်း ပြောလိုက်တာလား”

“ဒီသတင်းက ဆေးမြို့တော်ကနေ ရောက်လာခဲ့တာ…သခင်…. မှန်မယ်လို့တော့ ထင်တယ်”
“ကောင်းပြီလေ..”
လုကောလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ရင်း ဟားတိုက် ရယ်မောလိုက်တယ်။
“အရမ်းကို တော်လွန်းတယ်… ယွမ်လော့ဖုန်း… နင် အတော့်ကို အတင့်ရဲနေပါလား… ငါ နင့်ကို ဘယ်တော့မှ ခွင့် မလွှတ်ဘူး… သမားတော် ပြိုင်ပွဲသာ အရေးမကြီးရင်… နင့်ကို မညှာမတာ သတ်ခဲ့တာ ကြာလှပြီ”

ဒါပေမဲ့ ကိစ္စ မရှိပါဘူးလေ။ သမားတော် အဖွဲ့အစည်းက ပြန်လာတာနဲ့ ဒီမိန်းမကို သတ်လို့ရတာပဲ။

“ဖေဖေ”
ရုတ်ခြည်း ခမ်းနားကြော့ရှင်းသော အသံကို တံခါးပေါက်နားမှာ ကြားလိုက်ရတယ်။

ရင်းနှီးသော အသံကို ကြားလိုက်ရတော့ လုကောလည်း သူ့ရင်ထဲက ဒေါသစိတ်ကို ဖိနှိပ်လိုက်ပြီး ပြုံးကာ ကြည့်လိုက်တယ်။

“ရာထင်… ဒီကို ဘယ်လို့များ ရောက်လာလဲ ”

ရာထင်လည်း ပြုံးကာ အခန်းထဲ ဖြည်းဖြည်းချင်း ဝင်လာလိုက်တယ်။
“အဖေနဲ့ တွေ့ချင်လို့ လာခဲ့တာပေါ့… ဘာလို့များ အရမ်းကို ဒေါသထွက်နေလဲ”

“ဟွန့်… မိမစစ် ဖမစစ် ယွမ်လော့ဖုန်းကြောင့် ဒေါသထွက်နေရတာပေါ့..”
လုကောရဲ့မျက်နှာက နောက်တစ်ဖန် မည်းမှောင်သွားပြန်တယ်။
“မိန်းမယုတ်… ယွမ်လော့ဖုန်းက ဆေးမြို့တော်ကို သွားပြီး အိမ်တော်ကို မီးရှို့တယ်တဲ့ ဒီမိန်းမကြောင့် ဖေဖေ ဒေါသမထွက်ဘဲ နေမလား”

လုရာထင်းရဲ့ အပြုံးက ကြော့ရှင်းပြီး  လှပတယ်။ ချစ်ဖို့ကောင်းတဲ့ သူ့မျက်နှာက ရွှန်းလဲ့ နေခဲ့တယ်။

“အဖေ… အိမ်တော်တစ်ခု အတွက်နဲ့ ဒေါသ မထွက်ပါနဲ့… ကျန်းမာရေး ထိခိုက်နေမယ် အဖေအတွက်… ဒီမိန်းမကို အိမ်တော်အသစ် ပြန်ဆောက်ပေးဖို့ သမီး ခိုင်းလိုက်မယ်”

လုကောလည်း ခေါင်းခါလိုက်တယ်။
“ရာထင်…  ယွမ်လော့ဖုန်းရဲ့ စိတ်ထားကို မသိပါဘူး၊ သူမက နာခံတတ်တဲ့ မိန်းကလေး မဟုတ်ဘူး၊ ဒီမိန်းကလေးက သူ့ဦးလေးထက် ပိုပြီး ကိုင်တွယ်ရခက်တယ်”

“အဖေ ပြောတာ မှားနေပြီ”
လုရာထင်လည်း သူ့အဖေ ဘေးနားမှာ ထိုင်လိုက်ပြီး ဟားတိုက် ရယ်မောလိုက်တယ်။
“ထျန်းရာကလွဲရင် သမားတော် အကုန်လုံးက သမားတော်အဖွဲ့အစည်းရဲ့ စကားကို နာခံရမယ် သမားတော်အဖွဲ့အစည်းမှာ ရပ်တည်နေတဲ့ သမီးရဲ့ရာထူးနဲ့ဆိုရင်တော့ သူမကို အမိန့်ပေးဖို့က လွယ်ကူနေမှာပါ”

လုကောလည်း ကြောင်အမ်းအမ်း ဖြစ်သွားရတယ်။
“ရာထင်… ဘာကို ပြောချင်တာလဲ”

“ ပြောချင်တာက…”
လုရာထင်လည်း ခဏ ရပ်လိုက်တယ်။
“ယွမ်လော့ဖုန်းကို သမီးရဲ့ လက်အောက်ငယ်သား ဖြစ်စေ မလို့လေ”

“ဘာ…”

လုကောမှာ နောက်ထပ် တစ်ကြိမ် ခုန်ဆွ ခုန်ဆွ ဖြစ်သွားပြီး ဒေါနဲ့မောနဲ့ ပြောတော့တယ်။

“ယွမ်ချင်ရာကြောင့် ဟမ့်အာ အရှက်ကွဲ ခဲ့ရတယ် အခု အချိန်အထိ ဒီရိုက်ခတ်မှုက မလွတ်မြောက်နိုင်ဘူး… အခု… ယွမ်လော့ဖုန်းက အိမ်တော်ကို မီးရှို့ပြန်ပြီ… နင်မလို့ ဒီလို တွေးရဲတယ်… ငါ သဘောမတူနိုင်ဘူး”

Chapter-613
End

အပိုင်း(၆၁၄)
သရဲဘုရင်ကို ဖိတ်ကြားခြင်း(၂)

လုရာထင်လည်း သိုသိပ်စွာ မျက်မှောင်ကြုတ်လိုက်ပြီးစိတ်ရှည်စွာ ရှင်းပြရတော့တယ်။
“ဖေဖေ… ယွမ်လော့ဖုန်းက အရည်အချင်းရှိလို့.. ကျွန်မရဲ့ လက်အောက်ငယ်သား တကယ့်ကို ဖြစ်စေခချင်ခဲ့တာ၊ သမားတော် အဖွဲ့အစည်းမှာ ခိုင်မာတဲ့ အုတ်မြစ်ရဖို့ မလွယ်ကူတာ ဖေဖေလည်း သိမှာပါ… တခြားသော အကြီးအကဲတွေရဲ့ နောက်ကောက်မကျဖို့ ကျမနဲ့ ဆရာမှာ အစွမ်းထက်တဲ့ လက်အောက်ငယ်သား အများကြီး လိုအပ်တယ် မဟုတ်ရင်တော့ တခြားသူက ကျမနဲ့ ဆရာရဲ့ နေရာကို အစားထိုးသွားမယ်၊ အဲ့အချိန်ရောက်လာရင်တော့ ဆေးမြို့တော်က အခုလို သြဇာအာဏာညောင်းပါဦးမလား”

လုကောလည်း ငြိမ်သက်သွားခဲ့တယ်။
“ဒါမယ့် ယွမ်မိသားစုရဲ့ ယွမ်ချင်ရာ…”

“ဖေဖေ… မောင်လေးအတွက် လက်စားချေချင်နေတာ ကျမ နားလည်ပါတယ်… အခုတော့ ယွမ်ချင်ရာကို မုန်းတဲ့ အမုန်းအာဃာတကို ဘေးချိတ်ထားပြီး ကျမကို ကူညီပေးပါနော်…ဖေဖေ … ကျွန်မရဲ့လက်ရှိနေရာကို ထိန်းသိမ်းထားနိုင်မှ ဆေးမြို့တော်လည်း လက်ရှိ အဆင့်အတန်းကို တည်မြဲအောင် ထိန်းထားနိုင်မှာ”

လုကောလည်း သက်ပြင်းချလိုက်တယ်။ လုရာထင် ပြောတဲ့ စကားက အမှန်ဆိုတာ သူလည်း သိနေခဲ့ပါတယ်။ သူ့မွေးစား သမီး မရှိရင် ဆေးမြို့တော်လည်း လက်ရှိအဆင့်အတန်းကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။ သမားတော် အဖွဲ့အစည်းမှာရှိတဲ့ သူမရဲ့ ရာထူးသာ ဆုံးရှုံးသွားရင် ဆေးမြို့တော်လည်း ပျက်သုန်းသွားနိုင်တယ်။

“ သမီးပြောတာ အမှန်လို့ သိနေလဲ…ဖေဖေတော့ သမီးကို တစ်ခုတော့ သတိပေးချင်တယ်… ယွမ်လော့ဖုန်းက ဆေးပညာမှာ တစ်ဖက်ကမ်းခတ် ထူးချွန်တယ်… သူမက မင်းနေရာကို လုယူသွားနိုင်တယ်နော်…အဲ့လိုဆိုရင်တော့…”

“စိတ်မပူပါနဲ့…သူမသာ သမီးရဲ့ လက်အောက်ခံ ဖြစ်ဖို့ သဘောတူနေသရွေ့ သူမတစ်ဘဝလုံး သမီးကို သစ္စာတော်ခံယူသွားစေမယ့် နည်းလမ်းရှိတယ်”
လုရာထင်လည်း ပြုံးလိုက်တယ်။ သူမရဲ့စကားလုံးများက ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့တယ်။

“ဟုတ်ပါပြီ”
လုကောလည်း မချိပြုံး ပြုံးလိုက်ရပြီး စိတ်မပါလက်မပါ ပြောလိုက်တယ်။
“အခုတော့ စိတ်ကို ပြင်ဆင်ထားလိုက်…. အဖေကတော့ ဘာတတ်နိုင်ပါ့မလဲ… အခုတော့ သမီးရဲ့ စကားကို နားထောင်ပြီး အမုန်းတရားကို ဘေးချိတ်ထားရမှာပေါ့… ဒါပေမဲ့ တစ်နေ့တော့ ငါ့သားလေးအတွက် လက်စားချေဦးမှာ… ဒါနဲ့ … ယွမ်လော့ဖုန်းနဲ့ ထျန်းရာက ထျန်းမိသားစုကို ဖျက်ဆီးခဲ့တယ်လို့ ကြားတယ်… သူတို့ကြားမှာ ဆက်နွှယ်မှု ရှိတယ်လို့ မထင်ဘူးလား”

လုရာထင်လည်း ကြော့ရှင်းသော အပြုံးလေးကို မြှင့်တင်လိုက်တယ်။
“ထျန်းရာနဲ့ ထျန်းမိသားစုက ရန်သူတွေဆိုတာ ဖေဖေ မသိဘူးလား ဒီသတင်းကို အဖွဲ့အစည်း ခေါင်းဆောင် ပြောလို့ ကြားဖူးထားတယ်၊ ဒါပေမဲ့… အသေးစိတ်ကိုတော့ မသိဘူး၊ ပြောကြတာတော့ ထျန်းမိသားစုက ထျန်းရာကို အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ပေးတယ်တဲ့ ဒီလိုနဲ့ သူ့ချစ်သူကို ဆုံးရှုံးခဲ့ရတယ်…ဒါကြောင့် ထျန်းရာက ထျန်းမိသားစုကို မုန်းတီးခဲ့တယ် ”

ဒီစကားကို ပြောရင်း လုရာထင်လည်း ခဏနားလိုက်တယ်။
“ထျန်းမိသားစုက ယွမ်လော့ဖုန်း နဲ့ ထျန်းရာတို့ကို ရန်စထားခဲ့တယ်။ ဒါကြောင့်လည်း တစ်ချိန်တည်းမှာ ထျန်းတောင်ကို သွားပြီး လက်စားချေတာ ဖြစ်မယ်လို့ ယုံကြည်ထားတယ်၊ ထျန်းရာနဲ့ ယွမ်လော့ဖုန်းသာ ဆက်နွှယ်မှုရှိရိုးဆိုရင် ဆေးမြို့တော်က ပျောက်ကွယ်သွားတာ ကြာပေါ့လေ”

လုကောလည်း ခေါင်းညိတ်လိုက်တယ်။
“သမီးပြောတဲ့စကားက အဖေကို ဉာဏ်အလင်း ပွင့်စေတယ်၊ အခု… မေးစရာ မေးခွန်းတစ်ခုတည်း ရှိတော့တယ်၊ ယွမ်လော့ဖုန်းက သမီးကို သစ္စာတော် မခံယူရင် ဘာလုပ်မယ် စဉ်းစားထားလဲ”

လုရာထင်လည်း ထူးထူးခြားခြား ပြုံးလိုက်တယ်။ သူမရဲ့နှုတ်ခမ်းမှာ ယုံကြည်ချက်ရှိသော အပြုံးများ တွဲလဲခိုနေခဲ့တယ်။
“အစ်မရာထင်… အကြီးအကဲလောဖူးက တွေ့ချင်တယ် ပြောပါတယ်”

“ဆရာက ကျွန်မကို တွေ့ချင်တယ်လား”
လုရာထင်လည်း မျက်မှောင်ကြုတ်လိုက်တယ်။
“ကောင်းပြီ… ငါသိပြီ… ခဏနေရင် လာခဲ့မယ်လို့ ဆရာ့ကို ပြောလိုက်”

“ဟုတ်…”
တပည့်က ရိုသေလေးစားစွာ ဂါရဝပြုပြီး ထွက်ခွာသွားခဲ့တယ်။

တပည့် ထွက်သွားပြီးနောက် သူမ ဆက်လက် ပြောတော့တယ်။
“ဖေဖေ… အခု ကျွန်မ ပြောတာကို မှတ်ထားပေးပါ… ယွမ်လော့ဖုန်းက အရည်အချင်း ရှိတယ်၊ သူမက ကျွန်မတို့အတွက် အရမ်းကို အသုံးဝင်မှာပါ”

ဒီစကားကို ပြောသော်လည်း လုရာထင်က သူ့အမြင်ကို ပြောခွင့် မပေးခဲ့ဘူး။ သူ့ကို တစ်စေ့တစ်စောင်း ကြည့်ကာ အခန်းထဲမှ ထွက်ခွာသွားခဲ့တယ်။

လုကောလည်း ထွက်ခွာသွားတဲ့ သူမရဲ့ ပုံရိပ်ကို ငေးကြည့်ရင်း သူ့မျက်နှာက တစ်စနဲ့တစ်စ ပိုမို မည်းမှောင်လာရတယ်။ သူ့လက်သီးကို ခပ်ကြမ်းကြမ်း ဆုပ်ကိုင်ထားရင်း တကျွတ်ကျွတ် မြည်အောင် ကြိတ်လိုက်တယ်။

“ဒီမိန်းကလေးက ငါ့သမီးအရင်း မဟုတ်ဘူး… ဒါကြောင့် ငါ့ကို လေးစားမှု မရှိဘူး၊ ငါ့ကိုယ်စား လက်စားချေပေးဖို့ မျှော်လင့်ခဲ့တာ… အခုတော့ ယွမ်လော့ဖုန်းကို သူမရဲ့လက်အောက်ခံ လုပ်စေချင်တယ်တဲ့…. ဆေးမြို့တော် ကြောင့်သာ မဟုတ်ရင် ဒီကတိ ပေးမိမှာ မဟုတ်ဘူး”

Chapter-614
End

ယွမ်လော့ဖုန်း
သရဲဘုရင်
615+616+617
သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
စာစဉ်(၂၅)
ဘာသာပြန်ဆိုသူ :သကြားလုံးလေး

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

အပိုင်း(၆၁၅)
သရဲဘုရင်ကို ဖိတ်ကြားခြင်း (၃)

ယွမ်ချင်ရာက သူ့သားကို သိက္ခာချခဲ့ပြီး ယွမ်လော့ဖုန်းက သူ့အိမ်တော်ကို မီးရှို့တယ်။ သူ့ဘက်က ဒီအကြောင်းအရာတွေကို မေ့ထားနိုင်ပါ့မလား။ လုရာထင်ပြောတဲ့ အကြောင်းအရာ ကြောင့်သာ မဟုတ်ရင် ဒီလူတွေအပေါ်ထားရှိတဲ့ အမုန်းအာဃာတကို ဘေးချိတ် မထားနိုင်ဘူး။

“သခင်… ဒါဆို… ကျွန်တော်မျိုးတို့ ဘာဆက်လုပ်မလဲ”
အစောင့်တစ်ယောက်က လေးလေးစားစား မေးလိုက်တယ်။

“ဟွန့်… ငါတို့ ဘာဆက်လုပ်နိုင်ဦးမလဲ၊ ယွမ်လော့ဖုန်းမှာ သူမဘက်က ရပ်တည်ပေးမယ့် နင်အကြီးအကဲ ရှိနေတယ်… သမားတော်အဖွဲ့အစည်းရဲ့ အကူအညီမပါဘဲ… ငါ သူ့ကို မသတ်နိုင်ဘူး… ဒီအမုန်းအာဃာတကို ယာယီတော့ ဘေးချိတ်ထားမှ ရမယ်၊ ဒါပေမဲ့ အခွင့်ကြုံရင်တော့ သူတို့အားလုံးကို အပိုင်းပိုင်းခုတ်ပစ်မယ်”

လုကောလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကာ အံ့ကြိတ်လိုက်တယ်။ခက်ထန်သော အကြည့်များက သူ့မျက်ဝန်းမှာ ကူးလူးသွားလာနေခဲ့တယ်။ စောနကပုံစံနဲ့ လုံးဝကို ခြားနားသွားခဲ့တယ်။

……

စန္ဒကူးရနံ့များဖြင့် ပြည့်နှက်နေသော စာကြည့်ခန်းထဲမှာ ကုလားထိုင်တစ်ခုပေါ်မှာ အဘိုးအိုတစ်ယောက် ထိုင်နေခဲ့ပြီး သူ့လက်ထဲမှ စာအုပ်ကို တိတ်ဆိတ်စွာ ဖတ်နေခဲ့တယ်။ ထို့နောက်… စာကြည့်ခန်း တံခါးပေါက်ကို တွန်းဖွင့်သံ ကြားလိုက်ရပြီး စာကြည့်ခန်းထဲ အဝါရောင် ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက် ဝင်လာတာကို လှမ်းမြင်လိုက်ရတယ်။

အဘိုးအိုလည်း ပြုံးလိုက်တယ်။
“ရာထင်… ဝင်လာခဲ့လေ”

“ဟုတ်ကဲ့”
သူမလည်း ခေါင်းကို အသာညိတ်ပြီ
“ဆရာ… ဘာကိစ္စများ ညွှန်းကြားချင်လို့လဲ”

“သမားတော် အဖွဲ့အစည်းက ဆုံးဖြတ်ချက် ချမှတ်ပြီးပြီ”
လောဖူးလည်း အပြုံးနဲ့ စကားဆိုလိုက်တယ်။
“ဒီနှစ် သမားတော်ပြိုင်ပွဲမှာ သရဲဘုရင်ကို ဖိတ်ကြားမယ်”

“သရဲဘုရင်”

လုရာထင်လည်း အနည်းငယ်တော့ အံ့သြမိတယ်။
“ဒီနှစ်ပိုင်းမှာ ရုတ်တရက်ပေါ်လာတဲ့ တစ္ဆေ နန်းတော် ပိုင်ရှင်ကို ပြောတာလား… သူက သမားတော်လည်း မဟုတ်ဘူးလေ၊ သမားတော်ပြိုင်ပွဲကို လာဖို့ သဘောတူပါ့မလား… သဘောတူနိုင်စရာ အကြောင်းအရင်းလည်း မရှိဘူးလေ၊ ဒီလို ရက်စက် သွေးဆာ တတ်သူက တောင်းဆိုချက်ကို သဘောတူပါ့မလား”

“ရာထင်…ဒါက ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ပဲ… သရဲဘုရင်ကို သူ ဘာကြောင့် ဖိတ်ချင်နေလဲတော့ ဆရာလည်း မသိဘူး၊ ဖိတ်ကြားချက်ကို လက်ခံနိုင်တဲ့ အကြောင်းအရင်းတွေ စဉ်းစားမနေနဲ့တော့… ဒါပေမဲ့ ဆရာအထင်တော့… ဒါက ဆရာတို့အတွက် အခွင့်အရေးကောင်း ရနိုင်တယ်”

“ဘာများလဲ”
လုရာထင်လည်း မျက်မှောင်ကြုတ်ရင်း မေးလိုက်တယ်။

“သရဲဘုရင်က ဘယ်လောက်တောင် သြဇာ အာဏာ ကြီးမားလဲ သိရဲ့လား”
လောဖူးလည်း လုရာထင်ကို ဖျတ်ခနဲ ကြည့်ကာ မေးလိုက်တယ်။

လုရာထင်လည်း ခေါင်းခါလိုက်တယ်။
“တပည့် မသိဘူး…မဟုတ်ဘူး… ဒီလောကကြီးထဲ သူ ဘယ်နယ်ပယ်ရောက်နေလဲ ဘယ်သူမှ မသိတာ သူက ဒဏ္ဍရီလာ သူရဲကောင်းပဲ”

“ဟား…”
လောဖူးလည်း သဘောကျနှစ်ခြိုက်စွာ ရယ်မောလိုက်ပြီး မျက်ဝန်းမှေးမှေးမှာ ကောက်ကျစ်စဉ်းလဲသော အလင်းတန်းများ ဖြာလဲ့နေတာပေါ့။
“သရဲဘုရင်… ဘယ်နယ်ပယ်ရောက်နေလဲတော့ မသိပေမယ့် ငါတို့ ခေါင်းဆောင်ကိုယ်တိုင် သူ့ပြိုင်ဘက် မဖြစ်နိုင်တာကိုတော့ သိတယ်”

အတော်လေး အံ့သြတုန်လှုပ်မိတယ်။ လုရာထင်လည်း  တဆတ်ဆတ် တုန်ကာ အဘိုးအိုကို ကြည့်လိုက်တယ်။ သူမရဲ့ လည်ချောင်းကတော့ အနည်းငယ် ခြောက်ကပ်နေတာပေါ့။
“ဘယ်လို… ဘယ်လို… ခေါင်းဆောင် ကိုယ်တိုင်တောင် သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး”

“သေချာတာပေါ့… ခေါင်းဆောင်က သူနဲ့ လွန်ခဲ့သော ၂လခန့်က တိုက်ခိုက်ခဲ့တယ်… ဒါပေမဲ့ သူ့ကို ရှုံးနိမ့်သွားခဲ့တယ်…  လုံးလုံးလျားလျားကို ရှုံးနိမ့်သွားခဲ့တာပါ”
လောဖူးအကြည့်များက ရှုပ်ထွေးနေခဲ့တယ်။

သူတို့အမြင်မှာတော့ သူတို့ ခေါင်းဆောင်က ဘယ်တော့မှ မရှုံနိမ့်ဘူးပေါ့… အခုတော့… ရှုံးသွားသတဲ့လား။

“ဆရာ… ကျွန်မကို ဘာလုပ်စေချင်တာလဲ… ”
လောဖူးရဲ့ အတွေးကို နားလည်ရခက်နေတာကြောင့် လုရာထင်လည်း တည့်တိုး မေးလိုက်တယ်။

လောဖူးရဲ့မျက်ဝန်းများ တဖျတ်ဖျတ်လက်နေခဲ့တယ်။
“တပည့်ကို ဒီနှစ်ပြိုင်ပွဲရဲ့  ဒိုင်လုပ်ပေးဖို့ ပြောထားတယ်… ဒါမှလည်း တပည့်လေးက သရဲဘုရင်နဲ့ နီးစပ်နိုင်တဲ့ အခွင့်အရေး မှာလေ၊ တပည့်လေးက သူ့နှလုံးသားကို အနိုင်ရသွားနိုင်မယ်”

သူ့စကားက သူမကို တုန်လှုပ်စေတယ်။

သရဲဘုရင်က အရမ်းကို အစွမ်းမြင့်တော့ သူ့အချစ်ကိုသာ သူမ ပိုင်ဆိုင်ရရင် နောက်ခံ ကောင်းကောင်းရနိုင်တာနဲ့ အတူတူပါပဲ။ ဒါဆို သမားတော်အဖွဲ့အစည်းမှာ သူမကို ယှဉ်ပြိုင်ရဲပါ့မလား။

Chapter-615
End

အပိုင်း(၆၁၆)
လုရာထင်ရဲ့ စိတ်ထား (၁)

လုရာထင်တစ်ယောက် သူ့စကားကို စိတ်ဝင်စားသွားမှန်း သိတော့ လောဖူးလည်း စိတ်ရင်းနဲ့ ပြောတော့တယ်။
“ရာထင်…. ဆရာ… တပည့်ကို အကောင်းဆုံး အခွင့်အရေး ပေးမယ်၊ ဆရာ့ကို စိတ်မပျက်စေနဲ့”

“ဆရာ… တပည့်ကို ဘာကိုလုပ်သင့်လဲဆိုတာ သိပါပြီ”
လုရာထင်လည်း ခေါင်ကို မော့ပြီး လောဖူးကို စေ့စေ့စပ်စပ် ကြည့်လိုက်တယ်။
“ကျရှုံးမယ်ဆိုရင်တောင် စမ်းသပ်ကြည့်ချင်ပါတယ်”

အချစ်ဆိုတာ အတင်းအကျပ် ဖန်တီးယူလို့မရနိုင်ဘူး၊ သူမ အောင်မြင်မယ်လို့တော့ ရာထင် အာမ မခံနိုင်ဘူး။ ဒါပေမဲ့လည်း ဘာပဲဖြစ်ဖြစ် သူမ ကြိုးစားကြည့်မှာပါ။ သူ့ကို ပိုးပန်ဖို့ သူမ ဘာမဆို လုပ်ဆောင်မှာပါ။

လောဖူးလည်း ရယ်မောလိုက်တယ်။
“ရာထင်…ဆရာက တပည့်ရဲ့စိတ်ကို သိပါတယ်…. မသေချာတာကို အာမ မခံချင်ဘူးမလား… ဒါပေမဲ့ ဆရာ… တပည့်ကို ယုံကြည်တယ်၊ သရဲဘုရင်ကလည်း တပည့်လို ပြီးပြည့်စုံတဲ့ မိန်းကလေးကို လျစ်လျူမရှုဘူးလို့ ယုံကြည်တယ်”

သရဲဘုရင်သာ မကန်းဘူးဆိုရင် လုရာထင်ကို လျစ်လျူရှုမှာ မဟုတ်။

ဒါပေမဲ့လည်း ဒီစကားကို ပေါ်တင် မပြောရဲပါဘူး။ သရဲဘုရင်သာ ဒီစကားကို ကြားသွားခဲ့ရင် ဒေါသထွက်နေမှာပါ။ သူ… ရာထင်ကို ချစ်ခင်နှစ်သက်ခဲ့မယ်ဆိုရင်တောင် သူ ပြောလိုက်တဲ့ စကားကြောင့် ဒေါသထွက်မှာပါ။

“ဆရာ… တပည့် ပြောစရာ တစ်ခုရှိတယ်”
လုရာထင်ရဲ့မျက်ဝန်းများက လေးနက်တည်ကြည်သွားခဲ့တယ်။
“ ယွမ်လော့ဖုန်းကို သမားတော် ပြိုင်ပွဲ ဖိတ်ခေါ်ချင်တယ်… ဒါကြောင့် ယွမ်မိသားစုကို ဖိတ်စာ ပို့ပေးချင်လို့်…. ယွမ်လော့ဖုန်းကိုလည်း သမားတော် ပြိုင်ပွဲ တက်စေချင်တယ်”

“အမ်…”
လောဖူး နည်းနည်းတော့ အံ့သြမိတယ်။
“ ငါ သိသလောက်တော့ မင်း အဖေနဲ့ ယွမ်မိသားစုက ရန်ငြိုးရှိတယ်ဆို… ဘာလို့ ယွမ်လော့ဖုန်းနဲ့ မိတ်ဆွေ ဖြစ်ချင်တာလဲ”

လုရာထင်လည်း ကျက်သရေရှိစွာ ပြုံးလိုက်တယ်။
“အမုန်းအာဃာတက သမားတော်အဖွဲ့အစည်းလောက် အရေးမပါဘူး၊ ဆရာ့အတွက်ဆိုရင် ရန်ငြိုးဟောင်းတွေကို ဘေးချိတ်ထားနိုင်ပါတယ်… တပည့်တို့အတွက်….ယွမ်လော့ဖုန်းနဲ့ မိတ်ဆွေ ဖြစ်စေရမယ်…. တပည့် အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားရမယ်”

“ဟား…”
ဟားတိုက်ရယ်မောရင်း လောဖူးလည်း မတ်တတ် ထရပ်ကာ လုရာထင်ရဲ့ ပခုံးကို ပုတ်လိုက်တယ်။
“လိမ္မာတဲ့ ကောင်မလေး… ဒီလောကကြီးထဲမှာ လူတစ်ချို့ပဲ မကောင်းသူအပေါ် မေတ္တာထားနိုင်တယ်… ဆရာ …တပည့်အတွက် ဂုဏ်ယူမိတယ်”
သူလည်း ပြုံးကာ သူ့တပည့်ကို ကျေနပ်အားရစွာ ကြည့်လိုက်တယ်။
“ပြောစရာ မရှိတော့ရင် ပြန်ပြီး အနားယူလို့ရပြီ… နောက်မှ ယွမ်အိမ်တော်ကို ဖိတ်စာ… ဆရာပို့ပေးမယ်”

“ဟုတ်ကဲ့ပါ…ဆရာ တပည့်သွားလိုက်ပါဦးမယ်”
ထိုစကားကို ပြောပြီးနောက် လုရာထင်လည်း ရိုသေလေးစားစွာ ဂါရဝပြုပြီး ကျောခိုင်း ထွက်ခွာသွားလိုက်တယ်။

သမားတော်အဖွဲ့အစည်းမှာ ဂိုဏ်းခွဲတွေ အများကြီးရှိတယ်။ အကြီးအကဲများကလည်း အာဏာ ယှဉ်ပြိုင်သလို… အကျိုးအမြတ်ကို ယှဉ်နေကြတယ်။ ဒါပေမဲ့ ပြင်ပ ရန်သူနဲ့ ရင်ဆိုင်မယ်ဆိုရင်တော့ အမုန်းများကို ဘေးချိတ်ကာ အတူပူးပေါင်း တိုက်ခိုက်လေ့ရှိတယ်။ ဒါကြောင့်လည်း သမားတော်အဖွဲ့အစည်းက ဆေးမြို့တော်ကို တဖန် ကာကွယ်ပေးတာပေါ့။

သမားတော်အဖွဲ့အစည်းအတွက်တော့ ဆေးမြို့တော်က သူတို့အဖွဲ့ထဲက တစ်ခုပါ။ သူတို့တွေ မသင့်မမြတ် မပြေမလည် ဖြစ်သော်လည်း ဆေးမြို့တော်က ပြင်ပရန်သူထက် အရေးပါ အရာရောက်ပါတယ်။ ဒီလိုမှ မလုပ်ရင် သမားတော်အဖွဲ့အစည်းကို ဘယ်သူက လေးစားပါ့ဦးမလဲ။

လုရာထင်းလည်း အကြီးအကဲများ ညီလာခံခန်းမနား ဖြတ်သွားစဉ် တခြား အကြီးအကဲများရဲ့ တပည့်များဆွေးနွေးသံများကို တစိုးတစ ကြားလိုက်ရတယ်။ သူတို့အားလုံးက သူမကို အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။

“ခေါင်းဆောင် သဘောတူအောင် လုရာထင် ဘယ်လိုများ လှည့်ဖျားလိုက်ပါလဲ… အကဲဖြတ်ဒိုင်ဆိုတာ အရင်က အကြီးအကဲတွေပဲ ရခဲ့တာ”

“ဟုတ်တာပေါ့၊ သမားတော်အဖွဲ့အစည်းကို သရဲဘုရင် လာမယ့်အကြောင်း သိနေတာ ဖြစ်မယ်၊ ဒါကြောင့်လည်း သရဲဘုရင်ရဲ့အာရုံစိုက်မှုကိုရအောင် ဒီနေရာကို လိုချင်တာဖြစ်မယ်… အရှက်မဲ့လွန်းတဲ့ စုန်းမ”

“ဟား… သရဲဘုရင်က အမြဲတမ်း မျက်နှာဖုံးတပ်ထားခဲ့တာ… သူ့မျက်နှာအစစ်အမှန်ကို ဘယ်သူမှ မတွေ့ဖူးဘူး… မျက်နှာဖုံး မတပ်ထားတဲ့ သရဲဘုရင်က ရုပ်ဆိုးမှန်းသာ သိရင် ဒီမိန်းမ စိတ်ပျက်ပစ်ပြီး ပစ်ပြေးချင်မလားပဲ”

သူတို့တွေက သူမကို မြင်တာတောင် အသံမတိုးတဲ့ အပြင် လုရာထင် ကြားအောင် တမင်ရည်ရွယ် ပြောနေခဲ့တယ်။

Chapter-616
Endအ

အပိုင်း(၆၁၇)
လုရာထင်၏စိတ်ထား (၂)

လုရာထင်လည်း မျက်မှောင်ကြုတ်ကာ သူမကို အတင်းတုပ်နေတဲ့ လူတစ်စုကို မျက်စောင်းထိုးကာ ကြည့်လိုက်တယ်။ သူမရဲ့မျက်ဝန်းမှ ချမ်းစိမ့်စိမ့် အအေးဓာတ်များ ထုတ်လွှင့် နေခဲ့တယ်။ ဒါပေမဲ့လည်း သူမ ဘာစကားတစ်ခွန်းမှ မဆိုဘဲ သူမ သွားလိုတဲ့ ခရီးကို သွားလိုက်တယ်။

ဒါကိုမြင်တော့ သူတို့အားလုံးက တမင်တကာ အသံချဲ့ပြောတော့တယ်။

"လုရာထင်က သူ့ဆရာကို အဆင့်အတန်းမြင်တယ်ထင်...သူ့ကိုယ့်သူ ပါရမီရှင်လို့ မှတ်ယူပြီး ဘဝင်လေဟပ်နေတာ…"

"ငါကြားတာတော့ သူ့မောင်တော်က ပြဿနာအိုးတဲ့….အဖေလည်း ဘာမှ မထူးဘူး...သူ့မောင်တော်က သူပြဿနာတတ်တဲ့အထိ လိုက်နှောင့်ယှက်နေမယ် ထင်တယ်"

"သရဲဘုရင်က သူ့လို မိန်းမကို လက်ထပ်မှာ မဟုတ်ဘူး...သူ သိက္ခာကျစေမယ့် မိန်းမမျိုးလေ…"

လုရာထင်ကတော့ ခံစားချက် ကင်းမဲ့သော ပုံစံကို ဆက်လက်ထိန်းသိမ်းထားပြီး မနာလိုဝန်တိုစိတ်များနေသော အသံများကို လျစ်လျူရှုလိုက်တယ်။ သူ့ဘေးနားက တပည့်နောက်လိုက်က ဆက်သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်ပြောဆိုတော့တယ်။

"အစ်မရာထင်ကို လက်ထပ်ရလို့ သရဲဘုရင် သိက္ခာကျမယ်လို့ ဘယ်သူပြောလိုက်တာလဲ၊ အစ်မ ရာထင် လှလည်းလှ...အရည်အချင်းလည်းရှိ...သမားတော်အဖွဲ့အစည်းမှာလည်း အရေးပါ အရာရောက်တဲ့ နေရာမျိုးကို ပိုင်ဆိုင်ထားရတာ...သူမကို လက်ထပ်ရသူက ကံထူးသူပဲ.ကောင်းကင်ဘုံက ကောင်းချီ ပေးတာပဲ… ငါသာဆို ချက်ချင်း လက်ထပ်မှာ"

"ဆေးမြို့တော် ကျူးလွန်ထားတဲ့ မကောင်းမှုနဲ့ အစ်မရာထင်က ဘာများ ဆက်နွှယ်လို့လဲ...သူ့အဖေ...သူ့မောင် ပြုလုပ်တဲ့ မကောင်းမှုအတွက် အစ်မ ရာထင်ကို အပြစ်တင်သင့်ရဲ့လား...တွေးကြည့်လိုက်စမ်းပါ...နင်တို့အားလုံးက အစ်မရာထင်...သရဲဘုရင်ဘေးနားမှာ ရပ်ရမှာကို မနာလို ဝန်တိုနေတာ…"

"သရဲဘုရင်ကို ရုပ်ဆိုးတယ်လို့ ပြောရဲသေးတယ်...တကယ်လို့...သရဲဘုရင်က ရုပ်ဆိုးနေလဲ...အစ်မရာထင်က ရုပ်ရည်ကို ကြည့်တတ်တဲ့ လူမဟုတ်ဘူး...တခြားသူတစ်ယောက်ကို ရုပ်ရည်ကြည့်ပြီး မဆုံးဖြတ်တတ်ဘူး"

တပည့်နောက်လိုက် စကားစပြောတဲ့ အချိန်က လုရာထင် မတားဆီးခဲ့ဘူး။ ဒီအတိုင်း လက်ပိုက် ရပ်ကြည့်နေခဲ့တယ်။ ပြောလို့ အကုန်ပြီးခါမှ သူ့ကို အပြစ်တင်စွာ ဟန့်တားတော့တယ်။
"နင်...သူတို့နဲ့ ဘာလို့များ ငြင်းခုန်နေလဲ...သူတို့လို အရှက်မမဲ့ချင်ဘူး...ဒါကြောင့် သူတို့ပြောတဲ့စကားကိုလည်း ဂရုမစိုက်ဘူး… သူတို့နဲ့ စကားများချင်တဲ့ စိတိဆန္ဒလည်း မရှိဘူး။

သူတို့နဲ့ အချိန်ကုန်နေမယ့်အစား ကျင့်ကြံခြင်းအမှုကို ပြုတာ အကောင်းဆုံးပါပဲ။

သူမကို အထင်ကြီးလေးစားစွာ ကြည့်ရင်း တပည့်နောက်လိုက်က စကားဆိုလာခဲ့တယ်။
“အစ်မရာထင်က အတင်းအဖျင်းကြောင့် မဆုတ်ယုတ်သွားဘူး… သူမက အမြဲတမ်း အလုပ်ကြိုးစားတယ်…. ငါသာ သရဲဘုရင်ဆိုရင် သူမကို သေချာပေါက် လက်ထပ်တယ်”

လုရာထင်လည်း ပြုံးလိုက်တယ်။
“အခုတော့ စိတ်စွမ်းအား ကျင့်ကြံတာကိုပဲ အာရုံစိုက်ခြင်းတယ်၊ အချစ်ကို စတင်ချင်တဲ့ စိတ်ဆန္ဒ မရှိဘူး မင်း ဘယ်လိုပဲ သူတို့ကို ဒေါသထွက်ထွက်… ငါ့ကို လက်ထပ်ရတာ သရဲဘုရင်အတွက် ကောင်းချီလို့တော့ မပြောသင့်ဘူး… ငါက အဲ့လောက်အထိ ထူးချွန်သူ မဟုတ်ပါဘူး…. တိုးတက်ဖို့ လိုအပ်ပါသေးတယ်”

တကယ်လည်း သူမက အချစ်ကို စမ်းသပ်ချင်စိတ် မရှိဘူး။ သူမက သရဲဘုရင်ရဲ့ဇနီးမယားပဲ ဖြစ်ချင်ခဲ့တာ။ ဒီပြင်  နေရာတိုင်းမှာ သရဲဘုရင်ရဲ့သူလျှိုများ ရှိနေနိုင်တာကြောင့် ဒီစကား ပြောရတာပေါ့။ သူမ ပြောလိုက်တဲ့စကားကို သူ သိသွားနိုင်မယ်လေ။

ယောက်ျားလေးတစ်ယောက် မင်းကို ကြိုက်စေချင်ရင် အရင်ဆုံး မင်းကို နှစ်သက်လာအောင် လုပ်ဆောင်ရမယ်။

သရဲဘုရင်သာ သူမကို နှစ်သက်လာခဲ့ရင် သူမရဲ့ ပစ်မှတ်နဲ့ ပိုနီးကပ်လာနိုင်တယ်။

“အခုတော့ ငါ စိတ်စွမ်းအား ကျင့်ကြံဦးမယ်… သူတို့ပြောနေတာကို ဂရုစိုက်မနေနဲ့… သန့်ရှင်းတဲ့လက်က ဆေးကြောနေစရာ မလိုအပ်ဘူး”

ကြော့ရှင်းသော အပြုံးလေးနဲ့ သူ့ကို အံ့ကြိတ်ကာ ကြည့်နေတဲ့ အမျိုးသမီးများကို ယုံကြည်ချက်အပြည့်နဲ့ ကြည့်လိုက်တယ်။

သူတို့က လုရာထင်လောက်  ပါရမီ မရှိတာကြောင့် လုရာထင်က သရဲဘုရင်အနားချဉ်းကပ်တာကို ဒီအတိုင်း လက်ပိုက် ကြည့်နေရုံသာ တတ်နိုင်ခဲ့တယ်။

……

ဧရာမ တောင်ထိပ်ဖျားတွင် တိမ်များ စိုင်းနေခဲ့တယ်။ ထိုတောင်ထိပ်ဖျားမှာ ဥစ္စာဓန ကြွယ်ဝချမ်းသာတဲ့ မြို့တစ်မြို့ တည်ရှိခဲ့တယ်။

သာမန်လူများက နတ်ဘုရားအဖြစ် ယုံကြည်ကိုးကွယ်တဲ့ သမားတော်အဖွဲ့အစည်းက ထိုမြို့ရဲ့ အလယ်မှာ တည်ရှိခဲ့တယ်။

ထိုစဉ်… သမားအဖွဲ့အစည်းရဲ့ တံခါးပေါက်ဝမှာ ယွမ်လော့ဖုန်းလည်း မတ်တတ်ရပ်ရင်း သူမရဲ့ မေဖျားလေးကို  ပွတ်သပ်ကာ ခမ်းနားထည်ဝါသော ဂိတ်တံခါးကို တွေးတွေးဆဆ ကြည့်လိုက်တယ်။ သူမရဲ့ နှုတ်ခမ်းဖျားမှာ စဉ်းလဲသော အပြုံးလေး တွဲခိုနေခဲ့တယ်။
“ဒါက သမားတော်အဖွဲ့အစည်းလား”

“ရပ်စမ်း”
ဂိတ်တံခါးထဲ ဝင်တော့မယ့်အချိန်မှာ သူမကို အမျိုးသားတစ်ယောက်က ဟန့်တားလိုက်ပြီး အေးတိအေးစက် မေးလာခဲ့တယ်။
“မင်းရဲ့ ဖိတ်ကြားလွှာ ဘယ်မှာလဲ”

Chapter-617

ယွမ်လော့ဖုန်း
သရဲဘုရင်
618+619+620+621

အပိုင်း(၆၁၈)
လုရာထင်ရဲ့ စိတ်ထား (၃)

ဖိတ်ကြားလွှာ….

ယွမ်လော့ဖုန်းလည်း မှင်တက်သွားပြီး လင်းလောပိုင်ဘက် ကြည့်လိုက်တယ်။

“သမားတော်ပြိုင်ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားလွှာ လိုအပ်တယ်လား”

ဘာလို့ ထျန်းရာက သူမကို ဒီအကြောင်း မပြောရတာလဲ။ သမားတော်ပြိုင်ပွဲကို စောစောစီးစီး ကျင်းပမယ် မထင်တာကြောင့် သူမကို ပြောဖို့ အချိန်ရှိသေးတယ် ထင်နေတာ ဖြစ်မယ်။ သူမ ပြန်ရောက်မှာ ပြောမယ်လို့ တွေးထားတယ် ထင်ပါတယ်။

လင်းလောပိုင်လည်း တအံ့တသြ ခေါင်းကို တွင်တွင်ခါလိုက်တယ်။
“ ဒီအကြောင်းကို တပည့် လုံးလုံးလျားလျား မသိဘူး… ဘာဆိုဘာမှ မသိခဲ့တာပါ”

သူမပြောလိုက်တဲ့ စကားကို ကြားပြီးနောက် ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်လိုက်တယ်။ ဒီလိုမှန်းသာသိရင် သူမလည်း ဆေးစံအိမ်တော်ကို အရင်ဆုံးသွားပြီး သမားတော်ပြိုင်ပွဲကို ဆေးစံအိမ်တော်နဲ့ အတူတူ တက်ရောက်မှာပေါ့။

မည်းမှောင်နေသော မျက်နှာထားနဲ့ အစောင့် သွေးအေးစွာ ပြောတော့တယ်။
“ မင်းမှာ ဖိတ်ကြားလွှာ မရှိရင် ထွက်သွားလိုက်တော့”

သူမလို သမားတော်အဖွဲ့အစည်းက ဖိတ်ကြားခြင်း မခံရဘဲ ခိုးဝင်ဖို့ ကြိုးစားသူ အမြောက်အမြားကို သူတွေ့ကြုံခဲ့ပြီးသားပါ။ ဒါကြောင့် ဖိတ်ကြားလွှာ မပါရင် ဂိတ်တံခါးထဲ ဝင်ခွင့် မပေးနိုင်ဘူး။

“ယွမ်လော့ဖုန်း”

ရုတ်ခြည်း ဂိတ်တံခါးထဲမှာ သံသယ ဖြစ်ဖွယ် အသံ ထွက်ပေါ်လာခဲ့ပြီး ယွမ်လော့ဖုန်းရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့တယ်။

အဆင့်အတန်း မြင့်မားပြီး ကြော့ရှင်းသော ပုံစံပေါက်တဲ့ အဝါရောင် ဝတ်စုံနဲ့ မိန်းကလေး တစ်ယောက်က သူမတို့ကို ပြုံးကာ ကြည့်နေခဲ့တယ်။ သူမရဲ့မျက်နှာပေါ်မှာ သိမ်မွေ့သော အပြုံးလေး ရှိနေခဲ့ပြီး တောက်ပသော မျက်ဝန်းများက ရွှန်းလဲ့နေခဲ့တယ်။

“ကျွန်မကို သိလို့လား”
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ ဂိတ်တံခါးနား ပေါ်လာတဲ့ အမျိုးသမီးကို ကြည့်လိုက်တယ်။

ယွမ်လော့ဖုန်းက လုရာထင်နဲ့ သိကျွမ်းတာ မြင်ရတော့ အစောင့်လည်း ထိတ်ထိတ်ပျာပျာ ဂါရဝပြုရင်း စကားဆိုလာခဲ့တယ်
“အစ်မရာထင်… ဒီမိန်းကလေးက အစ်မနဲ့ ရင်းနှီးမှန်း ကျွန်တော်မျိုး မသိလို့ပါ… ဒါကြောင့်…”

“ထားလိုက်ပါ… စိတ်ထဲ မထားပါနဲ့… ကိစ္စမရှိဘူး”
လုရာထင်လည်း သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်တယ်။
“ ဒါပေမဲ့ ဒီကိုလာတဲ့ ဘယ်သူမဆို သမားတော်အဖွဲ့အစည်းရဲ့ ဧည့်သည်တော်ဆိုတာ အမှတ်ရပေးပါ… ငါတို့ ဧည့်သည်အပေါ် မရိုင်းသင့်ဘူး”

ဒီစကားကို ပြောပြီးနောက် ယွမ်လော့ဖုန်းဘက် လှည့်ကာ ပြုံးပြလိုက်တယ်။
“ရှင့်ကို ဖိတ်ကြားလွှာပို့ပေးဖို့ ဆရာကို ပြောထားပါတယ် …မိန်းကလေး ရောက်လာခဲ့ပြီပဲ…. ဒါနဲ့ ကျွန်မကိုယ် ကျွန်မ မိတ်ဆက်ပေးပါရစေ…ကျွန်မက ဆေးမြို့တော်သခင်ရဲ့ သမီး လုရာထင်ပါ… မိန်းကလေးရဲ့ ပုံတူပန်းချီကားကို မြင်ဖူးလို့ မိန်းကလေးကို သိနေခဲ့တာပါ”

ယွမ်လော့ဖုန်းရဲ့ ပုံတူပန်းချီကားကို သူမ မြင်ဖူးထားပြီးသားပါ။ ယွမ်လော့ဖုန်းရဲ့ ပုံတူ ပန်းချီတင် မဟုတ်… ယွမ်လော့… ယွမ်ချင်ရာ သူတို့ရဲ့ ပုံတူပန်းချီများကိုလည်း ဆေးမြို့တော်မှာ သိမ်းဆည်းထားခဲ့တယ်။

သူ့မောင်လေးက ယွမ်မိသားစုကို အူလှိုက် သည်းလှိုက် မုန်းတီးခဲ့တာကြောင့် သူတို့ရဲ့ ပုံတူပန်းချီ ဆွဲထားဖို့ အမိန့်ပေးထားခဲ့တာ။ သူတို့ရဲ့ ပုံတူပန်းချီကို နံရံမှာ ကပ်ပြီ နေ့တိုင်း တံတွေး ထွေးလေ့ရှိတယ်။တစ်ခါတစ်ရံဆို ပုံတူပန်းချီတွေကို  ကျင်ငယ်စွန့်တယ်။ ဒါကြောင့်လည်း လုရာထင်က ယွမ်လော့ဖုန်းက ပထမ ဆုံး အကြည့်တစ်ချက်နဲ့တင် မှတ်မိတာပေါ့။

ယွမ်လော့ဖုန်းရဲ့မျက်ဝန်းများက မည်းမှောင်သွားခဲ့ပြီး
“ ရှင်က  ဆေးမြို့တော်ကလား”

“ကျွန်မရဲ့အဖေနဲ့ ယွမ်မိသားစုကြားမှ သဘောထား ကွဲလွဲမှု ရှိခဲ့ပါတယ်... ဒါက ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး… ကျွန်မရဲ့အဖေကိုယ်စား မိန်းကလေးကို တောင်းပန်ချင်ပါတယ်”
လုရာထင်လည်း အပြုံးလေးနဲ့ ပြောလိုက်တယ်။

ကြော့ရှင်းလှပသော ထိုမိန်းကလေးကိုကြည့်ရင်း ယွမ်လော့ဖုန်းလည်း ခပ်တန်းတန်း ပြုံးလိုက်တယ်။
“နားလည်မှုလွဲတယ်… ရှင်… ခြေထောက်ကိုချိုးမယ်… စိတ်စွမ်းအားကို ဖျက်စီးမယ်… အမှောင်ထဲမှာ ဆယ်နှစ်ကျော် ပုန်းအောင်း နေထိုင်ဖို့ တွန်းအားပေးမယ်…ပြီးရင် နားလည်မှုလွဲတာပါလို့ ပြောမယ်… ရှင်ဆိုရင်ရော်… နားလည်မှုလွဲပါတယ်လို့ ခံယူမလား”

တခြားတစ်ယောက်ဆိုရင်လည်း ယွမ်လော့ဖုန်းလိုပဲ မညှာမတာ အပြုအမူကြောင့် နားကြည်းမုန်းတီးမှာပါ။

ဒါပေမဲ့လည်း လုရာထင်ဘက်ကတော့ အပြံး မပျက်ပါပဲ။
“ဒါကြောင့်လည်း အဖေ့ကိုယ်စား တောင်းပန်တယ်လို့ ပြောရတာပါ မိန်းကလေးရယ်”

“ကောင်းပြီလေ…”
ယွမ်လော့ဖုန်းလည်း ရယ်သွေသွမ်လိုက်တယ်။
“ဒါဆို… ရှင့်အဖေ… ကျွန်မရဲ့ ဦးလေးအပေါ် ပြုမူခဲ့သလို ရှင့်ကို ပြုမူမယ်…နောက်ပြီရင် ကျွန်မရဲ့တပည့်က ကျွန်မကိုယ်စား တောင်းပန်မယ်…. ဒီလိုဆို အဆင်ပြေမလား”

အမှောင်ထဲမှာ ဆယ်နှစ်လောက် ပုန်းခိုနေရမယ်…

ဆယ်နှစ်လောက် ဝေဒနာကို ခံစားရမယ်

ဆုံးရှုံးမှုအတွက် တောင်းပန်စကားက  သုံးစားရနိုင်ပါ့မလား။

ဦးငယ်လေးက အရမ်းကို နာကျင်ခံစားခဲ့ရတာ… ဘာပဲဖြစ်ဖြစ် သူမက ဦးလေးအတွက် အမှန်တရားကို ရှာပေးမယ်… ဆေးမြို့တော်ကလူတွေကို ဘယ်လိုပဲဖြစ်ဖြစ် လွတ်မြောက်ခွင့် မပေးနိုင်ဘူး။ ခွင့်လွှတ်ပေးဖို့ ဒီတစ်သက် လုံးဝကို မဖြစ်နိုင်ဘူး။

Chapter-618
End
သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
စာစဉ်(၂၅)
ဘာသာပြန်ဆိုသူ :သကြားလုံးလေး
619+620+621
ကြားရက်များတွင် တစ်နေ့ ၂ပိုင်း ပိတ်ရက်မှာ တစ်နေ့၅ပိုင်းပါ။ တစ်ပတ်ကို အပိုင်း၂၀ တင်မည့် gpဖြစ်သည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

အပိုင်း(၆၁၉)
တောင်းပန်ခယမှု (၁)

လုရာထင်ရဲ့ မျက်ဝန်းများက မည်းမှောင်သွားခဲ့သော်လည်း သဘောထားကြီးသော အပြုံးကို ဆက်လက်ထိန်းသိမ်းထားခဲ့တယ်။

"ယွမ်မိန်းကလေး….ဒေါသထွက်နေသေးတာ နားလည်ပါတယ်...ဒါပေမဲ့...သမားတော်ပြိုင်ပွဲမှာ ပါဝင်မယ်မလား...ကျွန်မနဲ့အတူတူ လိုက်ခဲ့ပါ"

ယွမ်လော့ဖုန်း ပြောလိုက်တဲ့စကားက သူမကို သက်ရောက်မှု မရှိသလို...လုရာထင်လည်း အစောင့်ဘက် လှည့်ကာ အေးအေးလူလူ ပြောလာခဲ့တယ်။
"ယွမ်မိန်းကလေးက ငါ့မိတ်ဆွေ...သမားတော်ပြိုင်ပွဲကို ဖိတ်ခေါ်ထားတာ...ဒါကြောင့် ဝင်ခွင့်ပြုလိုက်…"

အစောင့်လည်း ဘေးဘက်ကို ရွေ့လိုက်ပြီး ရိုသေလေးစားစွာ ပြောလာခဲ့တယ်။
"ဟုတ်ကဲ့ပါ အစ်မလေးရာထင်"

"ဝင်ကြမယ်"
လုရာထင်လည်း ယွမ်လော့ဖုန်းဘက် လှည့်ကာ ကျက်သရေရှိစွာ ပြုံးလိုက်တယ်။
"ကျွန်မနောက်လိုက်ခဲ့ပါ...မိန်းကလေးကို ဘယ်သူမှ တားဆီးမှာ မဟုတ်ဘူး"

ယွမ်လော့ဖုန်းသာ သူ့နောက်ကို မလိုက်ခဲ့ရင် သမားတော်အဖွဲ့အစည်းထဲ ဝင်လို့ မရဘူးလို့ ဆိုလိုချင်တာပဲ။

ဒါကြောင့်လည်း သူမ ယုံကြည်ချက်ရှိတာပေါ့။ယွမ်လော့ဖုန်းက သမားတော်အဖွဲ့အစည်းက မဟုတ်ရင်တော့ ဒီအဖွဲ့အစည်းထဲ လိုသလို သွားလာလို့ မရနိုင်ဘူး။သမားတော် ပြိုင်ပွဲကို တက်ရောက်ချင်ရင် သူမမှာ ဖိတ်ကြားလွှာရှိရမယ်။ ဒီဖိတ်စာ အားလုံးကိုလည်း သူမက ဖြန့်ဝေပေးခဲ့တာ။

ယွမ်လော့ဖုန်းသာ သူမနဲ့အတူတူ လိုက်ခဲ့မယ်ဆိုရင် အချိန်မရွေး သူမရဲ့ လက်အောက်ငယ်သား ဖြစ်လာနိုင်တယ်။ ယွမ်လော့ဖုန်းဘက်က သဘောတူမယ်လို့ သူမ ယုံကြည်ထားတယ်။ဒါပေမဲ့လည်း ယွမ်လော့ဖုန်းဘက်က သူမ မထင်ထားတဲ့ စကားကို ပြောလာခဲ့တယ်။

"မဖြစ်နိုင်ဘူး"

လုရာထင်လည်း မျက်မှောင်ကြုတ်လိုက်တယ်။ဒီမိန်းမက တကယ့်ကို ခေါင်းမာတာပဲ။ သူမဘက်က ဆက်လက် အယုံသွင်းဖို့ ပြင်စဉ်နေစဉ်...အဘိုးအိုတစ်ယောက်ရဲ့အသံကို ကြားလိုက်ရတယ်။

"ဟား...ယွမ်မိန်းကလေးလည်း လာတာပဲ"

ရင်းနှီးတဲ့ အသံကိုကြားလိုက်ရတော့ အဘိုးအိုက ဘယ်သူလဲလို့ တစ်စေ့တစ်စောင်း ကြည့်လိုက်တယ်။

သူမလည်း ပြုံးလိုက်ပြီး
"ရုန်အကြီးအကဲ….မတွေ့တာကြာပြီနော်"

ဆေးစံအိမ်တော်ရဲ့ ရုန်အကြီးအကဲပါပဲ။သမားတော်အဖွဲ့အစည်းရဲ့ ဂိတ်တံခါးပေါက်မှာ ယွမ်လော့ဖုန်းကို တွေ့မယ်လို့ မထင်ထားခဲ့ဘူး။

လုရာထင်ကို မမြင်သလိုနဲ့ ရုန်အကြီးအကဲလည်း ယွမ်လော့ဖုန်း ရှိရာကို တည့်တည့် သွားကာ
"မိန်းကလေး...သမားတော်ပြိုင်ပွဲကို လာမယ်လို့ ထင်ထားပြီးသား...ဒါကြောင့် လွန်ခဲ့တဲ့၂လတည်းက ဖိတ်စာ နှစ်စောင် ယူထားဖို့ သခင့်ကို ပြောထားတယ်၊ လမ်းတစ်ဝက်မှာ တွေ့မယ်လို့ ထင်ထားခဲ့တာ...ဒီမှာတွေ့မယ်လို့ မထင်ခဲ့…"

"ရော့….ဒီမှာ မင်းရဲ့ဖိတ်စာ…."

သဘောထားကြီးသော အပြုံးကို ဆက်လက် မထိန်းသိမ်းတော့ဘဲ သူမရဲ့ မျက်နှာက ပိုပိုမည်းမှောင်လာရတယ်။ သူမရဲ့လက်သီးကို ကျစ်နေအောင်ဆုပ်ကာ သူမရင်ထဲက ဒေါသစိတ်ကို ဖိနှိပ်လိုက်တယ်။

"ယွမ်မိန်းကလေးမှာ ဖိတ်ကြားလွှာရှိနေတော့လည်း ကျွန်မ မနှောင့်ယှက်တော့ဘူး…."
လုရာထင်လည်း မျက်မှောင်ကြုတ်လိုက်တယ်။

ယွမ်လော့ဖုန်းနဲ့ ရုန်အကြီးအကဲကို ဟန်ဆောင်ပြုံး ပြုံးပြလိုက်တယ်။

ထို့နောက်… .တစ်ချက်လေးမျှ ပြန်လှည့်မကြည့်ဘဲ သမားတော်အဖွဲ့အစည်းထဲ ဝင်သွားခဲ့တယ်။

"ကောင်မလေး"
ရုန်အကြီးအကဲလည်း မျက်မှောင်ကြုတ်လိုက်တယ်။
"ဒီမှာ လုရာထင်နဲ့ ဘယ်လို တွေ့တာလဲ"

ယွမ်လော့ဖုန်းလည်း ပခုံးတွန့်လိုက်တယ်။
"သူ့အဖေကိုယ်စား တောင်းပန်ချင်တယ် ပြောတာပဲ...ခွင့်လွှတ်ပေးဖို့ ပြောနေခဲ့တာ…"

"တောင်းပန်တယ်…."
ရုန်အကြီးအကဲလည်း ထေ့ငေါ့လိုက်တယ်။

"သူမက ဒီလိုပြောရဲတယ်လား….ဒါနဲ့ ဆေးမြို့တော်သခင်ရဲ့ အိမ်တော်ကို တစ်စုံတစ်ယောက် မီးရှို့လိုက်တယ် ကြားတယ်...မင်း လုပ်ခဲ့တာလား"

ငြင်းမနေတော့ဘဲ ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်လိုက်တယ်။
"အမှန်ပဲ...ကျွန်မ လုပ်ခဲ့တာ…"

ရုန်အကြီးအကဲလည်း ပင့်သက်ရှိုက်လိုက်တယ်။
"မိန်းကလေး...မင်းကတော့ မဆင်မခြင်လုပ်ပြီ...ငါတို့တွေ မပါဘဲ ဆေးမြို့တော်ကို တစ်ယောက်တည်း သွားရဲတယ်...ဆေးမြို့တော် သခင်က အင်အားမဲ့သူ မဟုတ်ဘူး...မင်းကို ဖမ်းသွားနိုင်တယ်…"

Chapter-619
End

အပိုင်း(၆၂၀)
တောင်းပန်ခယမှု(၂)

ယွမ်လော့ဖုန်းကိုကြည့်ရင်း အဘိုးအိုမှာ စိုးရိမ်ဗျာပါဒများလာရတယ်။

အဘိုးအိုက သူမအတွက် စိုးရိမ်နေတာ သိနေတော့ ယွမ်လော့ဖုန်းမှာ ရင်ထဲနွေးထွေးရပါတယ်။ သူမရင်ထဲ နွေးထွေးမှု လှိုင်းများ ဖြစ်တည်နေခဲ့တယ်။

သူမလည်း နို့လက်ဖက်ရည်လေးရဲ့ဦးခေါင်းကို ပုတ်ကာ ပြုံးလိုက်တယ်။
"နို့လက်ဖက်ရည်လေးက ကျွန်မကို ကာကွယ်ပေးနိုင်ပါတယ်"

ရုန်အကြီးအကဲလည်း ခေါင်းကို တွင်တွင်ခါလိုက်တယ်။
"ဒီရွှေရှာကြွက်လေးက ဘာလုပ်နိုင်မှာမို့လဲ...၊သူက မင်းကို ကာကွယ်နိုင်ပါ့မလား၊ ဆေးမြို့တော်ရဲ့ မြို့သခင် အိမ်တော်ကို ကလေးမလေးနဲ့ ရွှေရှာ ကြွက်လေးကို အဖော်ပြုပြီး ခိုးဝင်တယ်လား၊ လူယုတ်မာ လုကဲသာရှိရင် အဖမ်းခံရမှာ...ငါနဲ့ နင်အကြီးအကဲ ကယ်ဖို့မှီမှာတောင် မဟုတ်ဘူး"

ယွမ်လော့ဖုန်းလည်း ပြုံးလိုက်ပြီး
"ကျွန်မ ရင်ဆိုင်နိုင်ပါတယ်"

သူမပြောလိုက်တဲ့ စကားကို ကြားပြီးနောက်...ရုန်အကြီးအကဲလည်း အထွန့်တက်လိုက်တယ်။
"ဘာပဲဖြစ်ဖြစ်...နောက်ဆို...ဒီလိုမျိုးထပ်မလုပ်နဲ့နော်...အဘိုးကြီးတွေက မင်းအတွက် နေ့တိုင်း စိုးရိမ်ပူပန်နေရတယ်...ဆေးမြို့တော်ကို ဆန့်ကျင်တိုက်ခိုက်ချင်ရင် ငါတို့တွေကို အရင်ဆုံး အသိပေးပါ"

"ရုန်အကြီးအကဲ"
ယွမ်လော့ဖုန်းလည်း ခေါင်းလေး မော့လိုက်တယ်။ သူမရဲ့မျက်ဝန်းများက လေးနက်တည်ကြည်နေခဲ့တယ်

"အကြီးအကဲဟာ သမားတော်အဖွဲ့အစည်းထဲက တစ်ခုပဲလေ...ဒါကြောင့် ဆေးစံအိမ်တော်ကို ဒီပြဿနာမှာ ဝင်မပါစေချင်ဘူး"

ရုန်အကြီးအကဲလည်း ယွမ်လော့ဖုန်းရဲ့ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်တယ်။
"မိန်းကလေးက စံအိမ်တော် သခင်ရဲ့အသက်ကို ကယ်တင်ခဲ့တာပါ...ဒါကို မိန်းကလေး မမေ့သင့်ဘူး"

"မင်းသာ မရှိရင် ဆေးစံအိမ်ဆိုတာ ရှိမလာနိုင်တော့ဘူး...ဒီပြင်...သမားတော်အဖွဲ့အစည်းက ခွဲထွက်တာ ဆုံးရှုံးမှုလို့ မမြင်ပါဘူး"

"မင်းက သမားတော်အဖွဲ့အစည်းထက် ပိုအောင်မြင်မယ်လို့ ယုံကြည်ထားတယ်"

ရုန်အကြီးအကဲဘက်ကတော့ ယွမ်လော့ဖုန်းကို ကာကွယ်ဖို့ သမားတော်အဖွဲ့အစည်းကို သစ္စာဖောက်မယ့်အကြောင်း ရှင်းရှင်းလင်းလင်း ပြောလိုက်ပါပြီ။

ယွမ်လော့ဖုန်းက အရည်အချင်းရှိတယ်။ နောင်ဆို သမားတော်အဖွဲ့အစည်းက သူမရဲ့ပြိုင်ဖက် မဖြစ်နိုင်တော့ဘူး။နောင်ဆို သူတို့တွေ ယွမ်လော့ဖုန်းကို မောကြည့်နေရတော့မှာ။အဲဒီအချိန်ရောက်ရင် ဆေးစံအိမ်တော်က ယွမ်လော့ဖုန်းနဲ့ မိတ်ဆွေ ဖြစ်ထားလို့ အဆင့်အတန်း မြင့်မားမှာ။

"ကျေးဇူး "

ယွမ်လော့ဖုန်းလည်း စိတ်ရင်းနဲ့ ပြုံးလိုက်မိသည် ။
ဆေးစံအိမ်တော်မှာ ဘာရည်ရွယ်ချက်ရှိရှိပါ...သူမကို ကာကွယ်ဖို့ သမားတော်အဖွဲ့အစည်းက ထွက်လာချင်တဲ့ ရည်ရွယ်ချက်ရှိတာကို ကျေနပ်နေပါပြီ။

"ဟား… "
ရုန်အကြီးအကဲလည်း ရယ်မောလိုက်တယ်။
"ယွမ်မိန်းကလေး...ကျုပ်ကို ကျေးဇူး တင်စရာ မလိုပါဘူး...မင်း….အများရဲ့ ထိပ်ကိုရောက်ရင်...ကျုပ်တို့ကို မမေ့နဲ့… "

လုံးဝ ကွေ့ဝိုက်မနေတော့ဘဲ ရုန်အကြီးအကဲက သူ့အတွေးကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာခဲ့တယ်။
သူ့ဘက်က ပွင့်လင်းမှ ယွမ်လော့ဖုန်းက ယုံကြည်မှာလေ...။

"ယွမ်မိန်းကလေး…"
တစ်စုံတစ်ရာကို တွေးမိသွားတယ်ထင်ပါတယ်...ရုန်အကြီးအကဲ မျက်နှာပေါ်က အပြုံးက လွင့်ပါးပျောက်ကွယ်သွားတော့တယ်။

"အခု သမားတော်အဖွဲ့အစည်းမှာ လုကောရောက်နေတယ်...ငါတို့ ဆေးစံအိမ်တော်ရောက်နေလို့ ရန်စရဲမှာတော့ မဟုတ်ဘူး"

သမားတော်အဖွဲ့အစည်း အာဏာအောက်မှာ ရှိနေသူများက ပေါ်ထင်တိုက်ခိုက်လို့တော့ မရဘူး...လျှို့ဝှက်ကြံစည်လို့တော့ရတယ်။ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ရင်တော့ အဖွဲ့အစည်းမှ ပယ်ထုတ်ခံရမယ်။

ဆေးမြို့တော်ရဲ့နောက်ကွယ်မှာ လုရာထင်ရှိနေခဲ့ရင်တောင်ပေါ့...။

"ကောင်းပါပြီ…"
ယွမ်လော့ဖုန်း...မငြင်းပါဘူး...။ဒါပေမဲ့ ရုန်အကြီးအကဲရဲ့ ကြင်နာမှုကို လက်ခံရပါမယ်။

"ဟား…"
ရုန်အကြီးအကဲလည်း နောက်တစ်ဖန် အူလှိုက်သည်းလှိုက် ရယ်မောလိုက်ပြီး
"သွားကြမယ်….ငါတို့တွေ မတွေ့တာကြာပြီ….ပြောစရာ စကား အများကြီးရှိတယ်"

…..

သမားတော်အဖွဲ့အစည်းရဲ့ ခမ်းနားသောအခန်းတစ်ခုအတွင်း...လုကောတစ်ယောက် မျက်ဝန်းများပိတ်ကာ တရားထိုင်နေခဲ့တယ်။ ရုတ်ခြည်း သူ့ရှေ့ကို လူတစ်ယောက်ပေါ်လာခဲ့တယ်။ဒါကြောင့် သူ့မျက်ဝန်းကို ဖြည်းဖြည်းချင်းဖွင့်လိုက်တယ်။

"ရာထင်...ဘာဖြစ်လာလို့လဲ"

Chapter-620
End

အပိုင်း(၆၂၁)
တောင်းပန်ခယမှု (၃)

"ဖေဖေ…"
လုရာထင်လည်း နှုတ်ခမ်းလေးကို စူလိုက်တယ်။ သူမရဲ့ မျက်ဝန်းများက ရှုပ်ထွေးနေခဲ့တယ်။

"သမီး...အရဲကိုးပြီး တောင်းဆိုစရာရှိတယ်...ကူညီပေးနိုင်မလား"

"ဘာများလဲ…"
လုရာထင်ရဲ့ အပြစ်ရှိသလို မျက်နှာကို ကြည့်ရင်း...လုကောမှာ တစ်စုံတစ်ရာ မှားယွင်းသလို ခံစားရတယ်။

"ဖေဖေ.ဘက်က..ယွမ်လော့ဖုန်းကို တောင်းပန်စေချင်တယ်…"

သူမပြောလိုက်တဲ့စကားကြောင့် လုရာထင်မှာ ဒေါသထွက်လွန်းလို့ ခုန်ဆွခုန်ဆွ ဖြစ်သွားရတယ်။

"ရာထင်...ဘာပြောလိုက်တယ်...အယုတ်တမာမ ယွမ်လော့ဖုန်းကို တောင်းပန်ရမယ်...ဟုတ်လား...မဖြစ်နိုင်ဘူးလို့ ပြောထားပြီးသားပါ….ငါ့ဘက်က သူ့ကို လက်စား မချေတာပဲ နင်ကျေနပ်သင့်နေပြီ...အခု...သူ့ကို တောင်းပန်ရမယ်...ဟုတ်လား…"
သူလည်း အံ့ကြိတ်လိုက်တယ်။ သူ့မျက်ဝန်းများက အမုန်းအာဃာတများဖြင့် ပြည့်နှက်နေခဲ့တယ်။

လုရာထင်လည်း မသိမသာမျက်မှောင်ကြုတ်လိုက်တယ်။
"ကျွန်မမှာလည်း ရွေးချယ်စရာ မရှိဘူး...အဖေ့ကိုယ်စား တောင်းပန်ပြီးပြီ...သူ့ဘက်က လက်မခံချင်ဘူး...အခု အဖေကိုယ်တိုင် တောင်းပန်မှ ရမယ်...ဆရာ့ကိုလည်း ဖျောင်းဖျဖို့ ပြောထားပါမယ်…သမားတော်အဖွဲ့အစည်းကြောင့် လက်ခံမယ် ထင်တာပါပဲ"

"ရာထင်...သမီးဘက်က ဘာမှပြောနေစရာ မလိုတော့ဘူး…"
လုကောလည်း ထေ့ငေါ့လိုက်တယ်။
"ငါ့ဘက်ကညသူမကို လက်စား မချေဘူးလို့ ပြောထားပြီးသားပါ...ဒါပေမဲ့...ငါ့ဘက်က ဘယ်တော့မှ မတောင်းပန်ဘူး...ဒီကိစ္စကို တွေးမနေနဲ့တော့…"

ယွမ်ချင်ရာကလည်း သူ့သားကို အကြီးအကျယ် အရှက်ကွဲစေခဲ့ပြီး ယွမ်လော့ဖုန်းက သူ့အိမ်တော်ကို မီးရှို့ပြန်တယ်...။ သူတို့တွေက သူ့အတွက်တော့ ထာဝရ ရန်သူပဲ။

"ဖေဖေ…"
လုရာထင်ရဲ့မျက်နှာက မည်းမှောင်သွားတော့တယ်။
"ဒါက မောင်လေး အမှားလေ...အဲ့တုန်းကလည်း ဆေးမြို့တော်ကို ကာကွယ်ပေးပြီး...ယွမ်ချင်ရာကို ဒီအခြေအနေရောက်အောင် တွန်းပို့စေခဲ့တာလေ…"

"လက်စားချေဖို့ တွေးနေသေးလား...အမုန်းအာဃာတကို တစ်ခန်းရပ်လို့ မရဘူးလား"

"နင်…"
လုကောမှာ ဒေါသထွက်လွန်းလို့ တုန်ရီလာရတယ်။
"ရာထင်….နင့်လို သနားစရာကောင်းတဲ့ မိဘမဲ့ကို ငါမွေးစားခဲ့တာ မမေ့ပါနဲ့...အခု...ဒီပုံစံနဲ့ ကျေးဇူးပြန်ဆပ်လိုက်တာလား"

လုရာထင်လည်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။
"သမီးမှာ ကျေးဇူးကြွေး အများကြီးရှိတာ သိပါတယ်...ဒါကြောင့်လည်း နှစ်ပေါင်းများစွာ ဆေးမြို့တော်ရဲ့ ကိစ္စတိုင်းကို ဝင်စွက်ဖက်ခဲ့တာပေါ့...ဒီတစ်ကြိမ်လောက်...သမီးကို မကူညီပေးနိုင်ဘူးလား...သမီး...ဖေဖေ့ကို အများကြီး ကူညီပေးခဲ့ပါတယ်...ဆရာသာ သူ့အာဏာ ဆုံးရှုံးသွားရင်...ဆေးမြို့တော် ဘာဖြစ်သွားမလဲ တွေးကြည့်စမ်းပါ"

သူမလည်း လုကောကို ကြည့်ကာ ရိုးသားစွာ ဖွင့်ဟပြောဆိုလိုက်တယ်။
"စိတ်မပူပါနဲ့...ယွမ်လော့ဖုန်းသာ ကျွန်မလက်အောက်ခံ ဖြစ်ဖို့ သဘောတူပြီးရင် အဖေတို့တွေကို စိတ်ကြိုက်နှိပ်စက်ခွင့် ပေးမယ်"

လုကောလည်း လုရာထင်ကို သံသယမျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။
"ငါ့လက်ထဲ တကယ်အပ်မှာလား".

သူမဘက်က ပေးပါ့မလား။ ယွမ်လော့ဖုန်းကို တောင်းပန်ဖို့ ချော့မော့နေတာလေ။ဒါမှလည်း ယွမ်လော့ဖုန်းဘက်က ဆေးမြို့တော်ကို ခွင့်လွှတ်းပေးမှာပါ။ ဒါပေမဲ့ အခုတော့ ဒီအကြောင်းကို မပြောနိုင်သေးဘူး။

ရိုးသားသော အကြည့်များနဲ့ သူမလည်း တည်ကြည်စွာ စကားဆိုလာခဲ့တယ်။
"ကတိတည်ပါမယ်"

ဒါပေမဲ့ လုကောဘက်ကတော့ သူမရဲ့စကား မှန်ကန်လား အတပ်မပြောနိုင်ပါဘူး။

"ကောင်းပါပြီ…"
လုကောလည်း အသက်ခပ်ပြင်းပြင်းရှိုက်လိုက်တယ်။
"ဒါဆို...တောင်းဆိုတာကို လက်ခံမယ်...ဒါပေမဲ့ ကတိတည်ရမယ်...ယွမ်လော့ဖုန်း...သမီးရဲ့လက်အောက်ငယ်သား ဖြစ်တာနဲ့ အဖေ့လက်အပ်ရမယ်...အသက်ချမ်းသာပေးဖို့ တောင်းပန်စေရမယ်…"

လုရာထင်လည်း ခက်ထန်ကြမ်းကြုတ်သော လုကောကို ဖျတ်ခနဲ ကြည့်လိုက်ပြီး အေးအေးလူလူ ပြောလိုက်တယ်။
"သူမရဲ့ စွမ်းအားကို မဖျောက်ဖျက်ရဘူး...ဒီမိန်းကလေးက သမီးအတွက် အသုံးဝင်တယ်…"

"အဖေ...သိပါတယ်…"
လုကောလည်း ပြုံးလိုက်တယ်။
"မိန်းမယုတ်...ယွမ်လော့ဖုန်းကို သွားတွေ့မယ်...ဒီကနေ့ ငါ ခံစားရသမျှ ပြန်ပေးဆပ်ရမယ်"

အမုန်းအာဃာတများနဲ့ နစ်မွန်းနေတဲ့သူ့ကို ကြည့်ရင်း လုရာထင်လည်း တိတ်တဆိတ် သရော်လိုက်တယ်။ဒါပေမဲ့လုကောကတော့ သူမရဲ့ မျက်နှာပေါ်က ခက်ထန်သော အမူအရာကို လုံးဝ သတိမထားမိပါဘူး။

Chapter-621
End

Bạn đang đọc truyện trên: Truyen247.Pro