
605+610
Zawgyi
သရဲဘုရင္ရဲ႕ခ်စ္လွစြာေသာ ဇနီးဆိုးေလး
စာစဥ္(၂၅)
ဘာသာျပန္ဆိုသူ :သၾကားလုံးေလး
အပိုင္း(၆၀၅)
သက္ရွိလမ္းျပ (၃)
သူတို႔က်သြားခ်ိန္မွာ ယြမ္ေလာ့ဖုန္းလည္း ေကာင္းကင္ယံ ပ်ံတက္ဖို႔ ႀကိဳးစားခဲ့တယ္။ ဒါေပမဲ့လည္း ေခ်ာက္ကမ္းပါးေအာက္မွာ ျပင္းထန္တဲ့ စုပ္အား ရွိေနသလို သူတို႔ခႏၶာကိုယ္ကို ဆြဲေခၚသြားတယ္။ ဒါေၾကာင့္ သူတို႔ႏွစ္ေယာက္လုံး ဘာဆိုဘာမွ မတတ္သာေပ။
ဗိုင္း…
သူတို႔ႏွစ္ေယာက္ ေျမျပင္ေပၚ က်လာၿပီးေနာက္ ယြမ္ေလာ့ဖုန္းလည္း လင္းေလာ့ပိုင္ကို တင္းက်ပ္စြာ ဆုပ္ကိုင္ရင္း ေမးလိုက္တယ္။
“အဆင္ေျပရဲ႕လား”
“တပည့္ အဆင္ေျပပါတယ္”
လင္းေလာပိုင္လည္း သူမရဲ႕ဦးေခါင္းကို တြင္တြင္ခါကာ
“ဆရာ… ဒီလိုျဖစ္ရတာ တပည့္အမွားပါ”
“မဟုတ္ရပါဘူး…တပည့္ေလး ဘာအမွားမွ မလုပ္ထားဘူး၊ တပည့္မရွိလည္း ဆရာက ေခ်ာက္ကမ္းပါးေပၚက ျပဳတ္က်မွာပါ၊ဒါက ကံတရား ျဖစ္ႏိုင္ပါတယ္”
သူမေျပာလိုက္တဲ့ စကားကို ၾကားၿပီးေနာက္ လင္းေလာပိုင္မွာ ပိုၿပီးေတာ့ အျပစ္ရွိသလို ခံစားရတာေၾကာင့္ ယြမ္ေလာ့ဖုန္းကို မ်က္ရည္မ်ားျပည့္ႏွက္ေနေသာ မ်က္ဝန္းမ်ားျဖင့္ ေငးၾကည့္လိုက္တယ္။
“ဆရာ…တပည့္ တကယ္ကို အသုံးမက်သလို ခံစားရတယ္၊ တပည့္ ဘာဆိုဘာမွ မလုပ္ေဆာင္ႏိုင္ဘူး”
ယြမ္ေလာ့ဖုန္းလည္း ၿပဳံးကာ လင္းေလာပိုင္ရဲ႕ပခုံးေလးကို ပုတ္လိုက္တယ္။
“တပည့္ေလးသာ မရွိရင္ သက္ရွိလမ္းျပကို ရွာႏိုင္ပါ့မလား ဒါေၾကာင့္ ဆရာကို ကူညီခ်င္ရင္ တတ္ႏိုင္သမွ် ျမန္ျမန္ သက္ရွိလမ္းျပကို ရွာေပး၊ ဒါမွလည္း ဒီေနရာက ျမန္ျမန္ ထြက္သြားႏိုင္ေတာ့မွာ”
“ဟုတ္ကဲ့ပါ ဆရာ”
လင္းေလာပိုင္လည္း သူမရဲ႕မ်က္ဝန္းမ်ားကို ေမွးစဥ္းရင္း အာ႐ုံခံလိုက္တယ္။ ထို႔ေနာက္ မ်က္ဝန္းမ်ားကို ဖြင့္လိုက္ၿပီး သူမတို႔ေရွ႕က ဂူကို ၾကည့္လိုက္တယ္။
“ဆရာ….သက္ရွိလမ္းျပ…ေရွ႕မွည ရွိေနတယ္လို႔ ခံစားရတယ္”
“ဆရာ ေျပာထားၿပီးသားပါ… ဒီေနရာကို လာခဲ့ရတာ ေရစက္ရွိလို႔… ကိုယ့္ဘာသာ အျပစ္တင္ေနစရာ မလိုအပ္ဘူး”
ယြမ္ေလာ့ဖုန္းလည္း ေမွာင္မိုက္ေနေသာဂူကို ၾကည့္လိုက္တယ္။
“သြားမယ္၊ ဒီဂူထဲမွာ သက္ရွိလမ္းျပအျပင္ ဘာေတြရွိေသးလဲ စစ္ေဆးၾကည့္မယ္”
“အင္း”
လင္းေလာပိုင္လည္း ေခါင္းညိတ္လိုက္တယ္။ သူမရဲ႕မ်က္ဝန္းမ်ားက တိက်ျပတ္သားေနခဲ့တယ္။ ဘာပဲျဖစ္ျဖစ္ သူ႔ဆရာ သက္ရွိလမ္းျပကို ရွာေတြ႕ဖို႔ ကူညီေပးသြားမွာပါ။
ဂူထဲက အေတာ္ကို ေမွာင္မိုက္တယ္။ ယြမ္ေလာ့ဖုန္းလည္း သူမရဲ႕ဝိညာဥ္မီးေတာက္ကို အရွိန္တင္လိုက္ၿပီး အစိမ္းေရာင္ မီးေတာက္က ဂူထဲမွာ ေက်ာခ်မ္းစရာ ေကာင္းေလာက္တယ္။
နည္းနည္းေလး ေၾကာက္လန႔္လာတာေၾကာင့္ လင္းေလာပိုင္လည္း ယြမ္ေလာ့ဖုန္းရဲ႕ အက်ႍလက္စကို ဆုပ္ကိုင္လိုက္တယ္။ ဒါေပမဲ့ ေၾကာက္လန႔္တတ္သူ တစ္ေယာက္ မျဖစ္ခ်င္ဘူး။ ဒါေၾကာင့္ သူမရဲ႕လက္ကို ျပန္လည္႐ုပ္သိမ္းလိုက္ၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ေရွ႕ကို ထိတ္ထိတ္ပ်ာပ်ာ ၾကည့္လိုက္တယ္။
လင္းေလာပိုင္ ေၾကာက္ေနတာ သတိထားမိေတာ့ ယြမ္ေလာ့ဖုန္းလည္း တခစ္ခစ္ ရယ္ေမာရင္း ေျပာလိုက္တယ္။
“ေၾကာက္ေနရင္ လက္ကို ကိုင္ထားေလ”
“ဆရာ… တပည့္မေၾကာက္ပါဘူး”
လင္းေလာပိုင္က ေခါင္းမာစြာ အတင္းျငင္းေနခဲ့တယ္။
သူမရဲ႕အေဖ ကာကြယ္ေပးေနရတဲ့ ကေလးမေလး မဟုတ္ေတာ့ဘူး။ သူမရဲ႕ဆရာကို အကူအညီေကာင္းေကာင္းေပးႏိုင္တဲ့ တပည့္မေလး ျဖစ္ေနၿပီ။ ဒါေၾကာင့္ သူမ ေၾကာက္လန႔္ေနလို႔ ျဖစ္ပါ့မလား။ လင္းေလာပိုင္လည္း လက္သီးကို က်စ္ေနေအာင္ ဆုပ္ကိုင္လိုက္တယ္။ သူမရဲ႕မ်က္ဝန္းမ်ားက ဆုံးျဖတ္ခ်က္ ခိုင္မာမႈကို ျပသေနေလရဲ႕။
ဂူတစ္ခုလုံးက တိတ္ဆိတ္ေနၿပီး သူမတို႔ႏွစ္ေယာက္ရဲ႕ ေျခသံကိုသာ ၾကားရတယ္။
ယြမ္ေလာ့ဖုန္းလည္း ႐ုတ္တရက္ ရပ္တန႔္လိုက္ၿပီး ေက်ာက္စားပြဲေပၚက အနီေရာင္အသီးကို ေငးၾကည့္လိုက္တယ္။
လမ္းတစ္ေလွ်ာက္လုံး အဆင္ေျပေခ်ာေမြ႕ခဲ့တယ္။ အစပိုင္းမွယ ဝိညာဥ္သားရဲေကာင္မ်ား ဝန္းရံခံလိုက္ရတာက လြဲလို႔ေပါ့။ သူတို႔က အႏၲရာယ္ေတာ့ မျဖစ္ေစပါဘူး။ အခု သက္ရွိလမ္းျပကိုေတြ႕ေတာ့ သူတို႔ေတြ ဘာေထာက္ေခ်ာက္မွလည္း ပက္ပင္းမေတြ႕ရဘူး အားေကာင္းတဲ့ ဝိညာဥ္သားရဲေကာင္လည္း မေတြ႕ရဘူး။
“စိတ္ထဲ သိပ္မထားပါနဲ႔၊ ပထမဆုံးဦးစားေပးက သက္ရွိလမ္းျပကို ယူၿပီး ဒီေနရာက ထြက္သြားဖို႔မလား”
ဘာမွ မေတြးေတာ့ဘဲ ယြမ္ေလာ့ဖုန္းလည္း သက္ရွိလမ္းျပရွိရာ ထြက္ခြာလာလိုက္တယ္။ ေျခလွမ္း အနည္းငယ္မွ် လွမ္းရ႐ုံ ျဖစ္ေသာ္လည္း သူ႔ကို ခ်ဥ္းကပ္ဖို႔ အခ်ိန္ေတာ္ေတာ္ယူလိုက္ရတယ္။ သူမကို စြန႔္လႊတ္ၿပီး ထြက္သြားေစခ်င္တာေၾကာင့္ ႀကီးမားေသာ ဖိအား တစ္ခုနဲ႔ ဖိႏွိပ္ထားတယ္။ ဒါေပမဲ့ ကိစၥ မရွိပါဘူး။
သူမလက္ထဲ သက္ရွိလမ္းျပ ေရာက္သြားၿပီးေနာက္ ဘာဆို ဘာမွ မျဖစ္ေတာ့ဘူး။
ယြမ္ေလာ့ဖုန္းမွာ ပို နားမလည္ ျဖစ္ရတယ္။
“သက္ရွိလမ္းျပလို တန္ဖိုးႀကီးတဲ့ ေဆးျမစ္ကို အေပါင္းအေဖာ္ ဝိညာဥ္သားရဲေကာင္က ေစာင့္ေရွာက္ထားသင့္တယ္ေလ၊ ဒါဆို ဘာေၾကာင့္ သူမ ဘာမွ မျဖစ္ရတာလဲ”
႐ုတ္တရက္ လင္းေလာပိုင္က ေထာင့္မွ အ႐ိုးစုကို လက္ညိဳးထိုးကာ တအံ့တၾသ ေအာ္ေတာ့တယ္။
“ဆရာ….ၾကည့္…”
Chapter-605
End
အပိုင္း(၆၀၆)
သက္ရွိလမ္းျပ(၄)
ထိုအ႐ိုးစုက မီတာေပါင္း အနည္းငယ္ေလာက္ ရွည္လ်ားၿပီး ေထာင့္တစ္ေနရာမွာ အစုလိုက္ ပုံေနခဲ့တယ္။ သူ႔ဦးေခါင္းမွာ ဦးခ်ိဳႏွစ္ခုရွိေနၿပီး သူ႔ခြၽန္ျမေသာ အစြယ္မ်ားက အမည္းေရာင္ ေျပာင္းလဲေနခဲ့တယ္။
ဒီအ႐ိုးစုက လူမဟုတ္တာ သိသာ ထင္ရွားေနပါတယ္။ သူတို႔ခန႔္မွန္းတာ မမွားဘူးဆိုရင္ အ႐ိုးစုက သက္ရွိလမ္းျပကို ေစာင့္ေရွာက္တဲ့ ဝိညာဥ္သားရဲ ျဖစ္ရမယ္။
“ဝိညာဥ္နဂါး”
သူမရဲ႕စိတ္ဝိညာဥ္အတြင္းမွ ေရွာင္မိုက တုန္တုန္ရီရီအသံနဲ႔ ေအာ္လိုက္တယ္။
“ဒါက ဝိညာဥ္နဂါး အ႐ိုး… အသတ္ခံလိုက္ရတာ ျဖစ္မယ္၊ ဝိညာဥ္နဂါးက အရမ္းကို အစြမ္းျမင့္တာ သူ႔ကို သတ္ခဲ့သူက အလြန္အမင္း စိတ္စြမ္းအား ျမင့္ရမယ္၊ ဒါေပမဲ့ ဝိညာဥ္နဂါးကို သတ္ၿပီး သက္ရွိလမ္းျပကို မယူသြားရလဲ”
“ဒီကိစၥကို နားမလည္ႏိုင္ဘူး”
ယြမ္ေလာ့ဖုန္းလည္း ေခါင္းခါလိုက္တယ္။
“ဘာပဲျဖစ္ျဖစ္ပါေလ… ငါတို႔ေတြ သက္ရွိလမ္းျပကို ရသြားၿပီေလ၊ ဒီေနရာကေန အျပင္ကို ေခၚထုတ္သြားေပးႏိုင္မလား…ေရွာင္မို”
“ဒီေနရာက ဘယ္သူမွ ပ်ံသန္းမသြားႏိုင္ဘူး ထင္တယ္၊ တိက်တဲ့ အေၾကာင္းအရင္းကိုေတာ့ မသိဘူး”
သူလည္း စဥ္းစားရက်ပ္စြာ ျပန္ေျဖလိုက္တယ္။
“ကြၽန္ေတာ္က ဒီကုန္းေျမစုနဲ႔ ေဝးကြာေနတာ ၾကာၿပီ၊ ကိစၥေတာ္ေတာ္မ်ားမ်ားကို မသိႏိုင္ဘူး”
ယြမ္ေလာ့ဖုန္းလည္း တိတ္ဆိတ္သြားၿပီး ဒီထက္ပိုၿပီးေတာ့ မေျပာေတာ့ဘူး။ ထို႔ေနာက္ သူမရဲ႕အက်ႍလက္ထဲမွ ႏို႔လက္ဖက္ရည္ေလး အလ်င္စလို ေျပးထြက္လာၿပီး ဝိညာဥ္နဂါး အ႐ိုးစုရွိရာ ခုန္ဆင္းသြားခဲ့တယ္။
ဆာေလာင္ေနေသာ ဝံပုေလြတစ္ေကာင္က သူ႔အစာကို ေတြ႕သလို သူက အ႐ိုးစုကိုလႊားခနဲ ခုန္တက္သြားခဲ့တယ္။
“ႏို႔လက္ဖက္ရည္ေလး ျပန္လာခဲ့”
ယြမ္ေလာ့ဖုန္းလည္း အံ့ၾသသြားရပါတယ္။ ဒါေၾကာင့္ သူ႔ကို အေလ်ာတႀကီး ျပန္ေခၚလိုက္တယ္။
သူ႔စကားအၿမဲနားေထာင္တတ္တဲ့ ႏို႔လက္ဖက္ရည္ေလးက သူမရဲ႕အမိန႔္ကို မနာခံေတာ့ဘူး ဒါေပမဲ့ အ႐ိုးစု ၾကားထဲ ႐ုတ္ျခည္းသြားၿပီး အ႐ိုးစုထဲမွ အမည္းေရာင္ပုတီးေစ့ကို မ်ိဳခ်လိုက္တယ္။
အငမ္းမရ မ်ိဳခ်လိုက္တယ္။
တျခားတစ္ေယာက္ယူသြားမွာကို စိုးရိမ္ေနသလို ႏို႔လက္ဖက္ရည္ေလးက ခ်က္ခ်င္းမ်ိဳခ်လိုက္ႀကီး ေက်နပ္စြာ ေလတက္လိုက္တယ္။
ဒါေပမဲ့လည္း သိပ္မၾကာပါဘူး ေျမႀကီးေပၚမွာ လူးလိမ့္ရင္း စူးစူးဝါးဝါး ငိုေႂကြးေတာ့တယ္။
ယြမ္ေလာ့ဖုန္းလည္း အလ်င္စလို သူ႔အနားသြားၿပီး ေသေကြးေသာ သူ႔ခႏၶာကိုယ္ေလးကို ခ်ီလို္က္တယ္။ သူမရဲ႕မ်က္ဝန္းမ်ားကို ေမွးစဥ္းၿပီး ေမးလိုက္တယ္။
“ေရွာင္မို…သူ ဘာျဖစ္တာလဲ”
သူမရဲ႕စိတ္ဝိညာဥ္ထဲမွာေတာ့ တိတ္ဆိတ္ေနဆဲပါ။
ယြမ္ေလာ့ဖုန္းလည္း မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူမ ေနာက္တစ္ႀကိမ္ ထပ္ေမးဖို႔ ျပင္ေနစဥ္မွာ ေရွာင္မိုရဲ႕ကေလးဆန္ေသာ အသံက ျမည္တမ္းလာခဲ့တယ္။
“ဝိညာဥ္နဂါး ဘာေၾကာင့္ေသရလဲ ေနာက္ဆုံးေတာ့ သူ႔ကို သတ္ခဲ့သူက သက္ရွိလမ္းျပေၾကာင့္ မဟုတ္ဘူး၊ ဒီပုတီေစ့ေၾကာင့္၊ သူတို႔က ဝိညာဥ္နဂါးကို အ႐ိုးပဲ က်န္ေအာင္ စားသုံးၾကမွာပဲ။ ဒါေပမဲ့ သူတို႔ေတြ ဒီပုတီးေစ့ကိုေတာ့ မရွာႏိုင္ခဲ့ဘူး၊ ဝိညာဥ္နဂါးက အ႐ိုးထဲမွာ ပုတီးေစ့ကို ဖြက္ထားမွန္း မသိၾကလို႔ေလ…၊ ကြၽန္ေတာ္တို႔ေတြ တကယ္ကံေကာင္းတယ္၊ တိတိက်က် ေျပာရရင္ေတာ့ ႂကြက္စုတ္ေလး တကယ္ ကံေကာင္းတယ္”
“ဒီပုတီေစ့က ဘာအသုံးဝင္လို႔လဲ”
ယြမ္ေလာ့ဖုန္းလည္း တအံ့တၾသနဲ႔ ေမးလိုက္တယ္။
“ကြၽန္ေတာ္ၾကားဖူးတာေတာ့ ဒီပုတီးေစ့က အစြမ္းအရမ္းထက္တယ္၊ သူ႔မွာ စြမ္းအား အမ်ားႀကီးပါဝင္တယ္၊ ႏို႔လက္ဖက္ရည္ေလးက ဒါကို ေခ်ဖ်က္ႏိုင္ရင္ေတာ့ အလြန္အမင္း အစြမ္းထက္တဲ့ သားရဲ တစ္ေကာင္ ျဖစ္လာႏိုင္တယ္၊ ဒါေပမဲ့ သူကိုယ္တိုင္ မေခ်ဖ်က္ႏိုင္ေလာက္ဘူး၊ ဒါေၾကာင့္သခင္ရဲ႕ အကူအညီ လိုအပ္လိမ့္မယ္”
“ဒါဆို ဟြမ္ခြၽမ္ၿမိဳ႕ကို ျပန္လို႔ရမယ့္ နည္းလမ္း ရွာတာေပါ့”
“မျဖစ္ဘူး… သခင္… ႏို႔လက္ဖက္ရည္ေလးက ဒီေလာက္ၾကာၾကာ မေစာင့္ႏိုင္ေတာ့ဘူး၊ ဒီေနရာမွာတင္ သူ… ပုတီးေစ့ကို ေခ်ဖ်က္ႏိုင္ေအာင္ ကူညီမွ ရမယ္၊ ျမန္ျမန္ဆန္ဆန္ မလႈပ္ရွားရင္ သူ ေသသြားလိမ့္မယ္”
အက်ိဳးဆက္က ဒီေလာက္ျပင္းထန္မယ္လို႔ မထင္ခဲ့ဘူး။ ယြမ္ေလာ့ဖုန္းလည္း ႏို႔လက္ဖက္ရည္ေလးရဲ႕ တင္ပါးေလးကို ပုတ္ကာ
“တုံးအလြန္းတဲ့ ႏို႔လက္ဖက္ရည္ေလး…ေနာင္ဆို အရမ္း ေလာဘမႀကီးရဘူးေနာ္”
ႏို႔လက္ဖက္ရည္ေလးလည္း ေနာင္တရစြာ တကြၽိကြၽိ ေအာ္ရွာတယ္။ သူ႔ရဲ႕ သန္မာတဲ့ အစာအိမ္နဲ႔ ဒီပုတီးေစ့ကို မေခ်ဖ်က္ႏိုင္တာ သူ မထင္ထားတဲ့ အျဖစ္အပ်က္ပါပဲ။ သူမကို အသနားခံစြာ ေမာ့ၾကည့္လိုက္တယ္။
“ဆရာ… ႏို႔လက္ဖက္ရည္ေလး အဆင္ေျပရဲ႕လား”
လင္းေလာပိုင္လည္း စိုးရိမ္စြာ ေမးလိုက္တယ္။
“အခု သူ႔ကို ပုတီးေစ့ ေခ်ဖ်က္ႏိုင္ေအာင္ ကူညီေပးရာမွမို႔ ဒီမွာ ၾကာၾကာေနရဦးမယ္ ထင္တယ္”
ယြမ္ေလာ့ဖုန္းက ေလးနက္စြာ ေျပာလိုက္တယ္။
Chapter-606
End
သရဲဘုရင္ရဲ႕ခ်စ္လွစြာေသာ ဇနီးဆိုးေလး
စာစဥ္(၂၅)
ဘာသာျပန္ဆိုသူ :သၾကားလုံးေလး
အပိုင္း(၆၀၇)
တစ္ႏွစ္
ႏို႔လက္ဖက္ရည္ေလးက သူ႔လက္သည္းမ်ားနဲ႔ သူ႔ဝမ္းဗိုက္ကို ဖုံးကြယ္ကာ ၾကမ္းျပင္ေပၚ လူးလိမ့္ကာ ညည္းထြားေနခဲ့တယ္။ လင္းေလာပိုင္ကို ရွင္းျပဖို႔ အခ်ိန္မရွိတာေၾကာင့္ ယြမ္ေလာ့ဖုန္းလည္း သူမရဲ႕လက္ကို ႏို႔လက္ဖက္ရည္ေလးရဲ႕ အစာအိမ္ေပၚ အလ်င္စလို တင္လိုက္တယ္။
စိတ္စြမ္းအားမ်ားက ႏို႔လက္ဖက္ရည္ေလးရဲ႕ခႏၶာကိုယ္မွာ လွည့္ပတ္ေနခဲ့ၿပီး သူ႔ဝမ္းကြင္းသားငါးခုကို ျဖတ္ေက်ာ္သြားလာေနခဲ့တယ္။ ဒီအက်ိဳးသက္ေရာက္မႈေၾကာင့္ ထင္ပါတယ္…. ႏို႔လက္ဖက္ရည္ေလးမွာ အရင္ေလာက္ မနာက်င္ေတာ့။ ျဖည္းျဖည္းခ်င္း ညည္းထြားမႈ ရပ္တန႔္သြားခဲ့တယ္။
….
ဂူထဲမွာ အခ်ိန္အေတာ္ ၾကာေညာင္းခဲ့တယ္။ မ်က္စိတစ္မွ္တ္အတြင္း အခ်ိန္တစ္ႏွစ္ ကုန္လြန္ခဲ့တယ္။
ေထာင့္တစ္ေနရာမွာ တင္ပ်ဥ္ေခြထိုင္ကာစိတ္စြမ္းအား က်င့္ႀကံေနေသာ လင္းေလာပိုင္လည္း မ်က္ဝန္းမ်ားကို ဖြင့္လိုက္ၿပီး ႏို႔လက္ဖက္ရည္ေလး ပုတီးေစ့ ေခ်ဖ်က္ႏိုင္ေအာင္ ကူညီေပးေနေသးတဲ့ ယြမ္ေလာ့ဖုန္းကို ၾကည့္လိုက္တယ္။ သူမလည္း သက္ျပင္းခ်လိုက္တယ္။
“တစ္ႏွစ္ၾကာခဲ့ၿပီ၊ ႏို႔လက္ဖက္ရည္ေလး မ်ိဳခ်လိုက္တာ ဘယ္ဆီေနမွန္းေတာ့ မသိဘူး ဆရာအကူအညီေပးလည္း သူ႔မွာ တစ္ႏွစ္လုံး အစာကို မေခ်ဖ်က္ႏိုင္ေသး”
ဒါေပမဲ့လည္း ႏို႔လက္ဖက္ရည္ေလးက လပိုင္းေလာက္တိုင္း အတားအဆီးကို ျဖတ္ေက်ာ္ႏိုင္တယ္။ လင္းေလာပိုင္ အံ့ၾသရတာက အခ်ိန္ေတြ အမ်ားႀကီး ကုန္လြန္သြားေသာ္လည္း ေနသားတက် ျဖစ္ေနတာကိုပဲ။
ဝုန္း…
ႏို႔လက္ဖက္ရည္ေလးရဲ႕အရွိန္ဝါက ပိုပိုျပင္းထန္လာၿပီး ေနာက္ထပ္ အတားအဆိးကို ျဖတ္ေက်ာ္ေတာ့မယ္ ထင္ပါတယ္၊ ဒီတစ္ႀကိမ္ ဘယ္နယ္ပယ္ကို ေရာက္မယ္မွန္းေတာ့ သူမ မသိဘူး။ အစြမ္းအလြန္ျပင္းၿပီး အႏၲရာယ္မ်ားတယ္လု႔ိေတာ့ သူမ ခံစားႏိုင္တယ္။ ယခုလက္ရွိ ႏို႔လက္ဖက္ရည္ေလးက အရင္တစ္ႏွစ္ကနဲ႔ အမ်ားႀကီး ကြာျခားသြားခဲ့တယ္။
ဒီႏွစ္မွာ ယြမ္ေလာ့ဖုန္းလည္း တိုးတက္ခဲ့ပါတယ္၊ ႏို႔လက္ဖက္ရည္ေလး အမည္းေရာင္ ပုတီးေစ့ကို ေခ်ဖ်က္ႏိုင္ေအာင္ ကူညီရင္း သူမလည္း က်င့္ႀကံခဲ့ပါတယ္။ ဒါေပမဲ့ အာ႐ုံမစိုက္ႏိုင္တာေၾကာင့္ သူမရဲ႕က်င့္ႀကံႏႈန္းက ပုံမွန္လို မလ်င္ျမန္ေတာ့ပါ။
သူမက ေကာင္းကင္ဘုံ အလယ္အလတ္အဆင့္ ျဖစ္ေနေသာ္လည္း ေနာက္တစ္ဆင့္ကို ေရာက္ဖို႔ နီးကပ္ေနပါၿပီ။ အခြင့္အေရးရတာနဲ႔ သူမက ေကာင္းကင္ဘုံ တိုးတက္အဆင့္ကို ေရာက္သြားႏိုင္ပါတယ္။
လင္းေလာပိုင္ရဲ႕အၾကည့္မ်ားကို သတိထားမိတာေၾကာင့္ ယြမ္ေလာ့ဖုန္းလည္း ေနာက္ဆုံးေတာ့ မ်က္ဝန္းမ်ားကို ဖြင့္လိုက္ၿပီး ၿပဳံးလိုက္တယ္။
“ႏို႔လက္ဖက္ရည္ေလး အခု ဘယ္လို ခံစားရလဲ၊ ေနေကာင္းလား”
ႏို႔လက္ဖက္ရည္ေလးက မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္ရင္း ခ်ိဳသာစြာ ေျပာလိုက္တယ္။
“ေက်းဇူးတင္ပါတယ္၊ သခင္”
သူက အခုမွာ ဘာသာစကားကို ေလ့လာတုန္း ျဖစ္တာေၾကာင့္ အရမ္း မကြၽမ္းက်င္ေသး။ သူ႔မ်က္ဝန္းမ်ားက ေက်းဇူးတင္ျခင္းကို ေဖာ္ျပေနေလရဲ႕။
မိုးႀကိဳးပစ္ခံရသလို လင္းေလာပိုင္မွာ မွင္တက္ေနခဲ့တယ္။ သူမလည္း ႏို႔လက္ဖက္ရည္ေလးကို တအံ့တၾသ လွည့္ၾကည့္လိုက္တယ္။
“ႏို႔လက္ဖက္ရည္ေလး… နင္ စကားေျပာႏိုင္တယ္”
ႏို႔လက္ဖက္ရည္ေလးရဲ႕အသံက ခ်စ္ဖို႔ေကာင္းၿပီး ဝါပင္ကို ႏူးညံ့တယ္
“စိတ္ဝိညာဥ္သားရဲေတြက သတ္မွတ္ထားတဲ့ အဆင့္ကို ေရာက္သြားရင္ စကားေျပာႏိုင္တယ္၊ ဒါေပမဲ့ သခင္ရဲ႕အကူအညီသာ မရွိရင္ ျမန္ျမန္ဆန္ဆန္ စကားေျပာႏိုင္မွာ မဟုတ္ဘူး”
ေလာကအသစ္အေၾကာင္း ရွာေဖြေတြ႕ရွိလိုက္ရတာေၾကာင့္ လင္းေလာပိုင္လည္း ႏို႔လက္ဖက္ရည္ေလးကို မ်က္ေတာင္မခတ္ ၾကည့္ေနလိုက္တယ္။သူမရဲ႕မ်က္ႏွာက ေတာက္ပေနၿပီး မ်က္ဝန္းမ်ားက ေတာက္ပ႐ႊန္းလဲ့ေနခဲ့တယ္။
“ႏို႔လက္ဖက္ရည္ေလး… နင္က အထီးလား…အစ္မလား”
ႏို႔လက္ဖက္ရည္ေလးလည္း လင္းေလာပိုင္ကို မေက်မနပ္ ၾကည့္လိုက္တယ္။
“ငါက အထီးေပါ့… မေျပာေကာင္း မဆိုေကာင္းတာ ပါတဲ့ အမကို နင္ ေတြ႕ဖူးလို႔လား”
“အဲ့ဒါ ဘယ္မွာလဲ… ငါၾကည့္မယ္”
လင္းေလာပိုင္လည္း ႏို႔လက္ဖက္ရည္ေလးကို ဆုပ္ကိုင္လိုက္ၿပီး ေျမႀကီးေပၚ ဖိထားလိုက္တယ္။ သူ႔ဝမ္းဗိုက္ျဖဴျဖဴေလးကို သူမရဲ႕လက္ေခ်ာင္းမ်ားနဲ႔ တြတ္လိုက္တယ္။
“ဘယ္မွာလဲ… ငါ ဘာလို႔ ရွာမေတြ႕တာလဲ”
ႏို႔လက္ဖက္ရည္ေလးလည္း တကြၽိကြၽိေအာ္လိုက္တယ္။ သူမရဲ႕လက္ကို ႐ိုက္ခ်ၿပီး သူ႔လက္သည္းမ်ားကို ေျမႇာက္လိုက္ၿပီး တြင္းတူးဖို႔ စတင္လိုက္တယ္။ သူ႔လက္ရွိခြန္အားနဲ႔ဆိုရင္ အရင္ထက္ ျမန္ျမန္ တြင္းတူးႏိုင္ပါတယ္။ သိပ္မၾကာခင္မွာပဲ ဧရာမ တြင္းတစ္တြင္းတူးၿပီး ပုန္းကြယ္ေနလိုက္တယ္။
“ႂကြက္စုတ္ …ထြက္ေျပးရဲတယ္ေပါ့”
လင္းေလာပိုင္လည္း သူမရဲ႕အက်ႍလက္ကို ေခါက္တင္လိုက္ၿပီး တြင္းတစ္တြင္းတူးႏိုင္ဖို႔ ႀကိဳးစားတယ္။ ဒါေပမဲ့ ယြမ္ေလာ့ဖုန္းက သူမရဲ႕လက္ကို အလ်င္အျမန္ ဖမ္းဆုပ္လိုက္တယ္။
“ခဏေနဦး”
“ဆရာ”
စိတ္ရႈပ္ေထြးစြာ လင္းေလာပိုင္လည္း လွည့္ၾကည့္ရင္း ေမးလိုက္တယ္။
“ဘာမ်ား ျဖစ္လို႔လဲ”
Chapter-607
End
အပိုင္း(၆၀၈)
ကြၽယ္ခ်င္း …လွ်ိဳ႕ဝွက္ ဆန္းၾကယ္ေသယ သမားေတာ္ (၁)
ယြမ္ေလာ့ဖုန္းက ဘာဆိုဘာမွ ဝင္မေျပာဘဲ တိတ္ဆိတ္စြာ နားစြင့္ေနခဲ့တယ္။ ခဏၾကာေတာ့ သူမလည္း အမိန႔္ေပးလိုက္တယ္။
“ႏို႔လက္ဖက္ရည္ေလး… တြင္းပို ႀကီးႀကီး တူးမယ္”
“ဟုတ္ကဲ့…”
ႏို႔လက္ဖက္ရည္ေလးလဲ တြင္းထဲမွ ထြက္လာၿပီး ပိုနက္ရႈိင္းောသာ တြင္းကို စတင္တူးေတာ့တယ္။ ခဏၾကာေတာ့ ယြမ္ေလာ့ဖုန္းေရွ႕မွာ ဧရာမ တြင္းတစ္တြင္း ေပၚလာခဲ့တယ္။
တြင္းအထဲမွာ ဘာရွိလဲ ျမင္ရေတာ့ လင္းေလာပိုင္တစ္ေယာက္ ေၾကာင္အမ္းအမ္း ျဖစ္သြားရတယ္။
“ဒီေနရာမွာ လိုဏ္းေခါင္း ရွိတာလား”
“ေရွာင္ပိုင္… အထဲကိုသြားမယ္… ငါ့တို႔ လမ္းရွာေတြ႕ႏိုင္တယ္”
ထို႔ေနာက္… ယြမ္ေလာ့ဖုန္းလည္း ခုန္ဆင္းလိုက္ၿပီး တြင္းထဲမွာ ေပ်ာက္ကြယ္သြားေတာ့တယ္။ ဘာမွေတြးမေနေတာ့ဘဲ လင္းေလာပိုင္လည္း ယြမ္ေလာ့ဖုန္း ေနာက္ကို လိုက္လာခဲ့တယ္။ လိုဏ္းေခါင္းရဲ႕ တျခားတစ္ဖက္ကို ျမင္လိုက္ရေတာ့ သူမ ေအးခဲသြားရတယ္။
ဒါက ေျမေအာက္ေနရာလား။အႏုပ္စုတ္ကုပ္စုတ္ဂူနဲ႔ ျခားနားလြန္းတယ္။
“ဒီေနရာကို အစြမ္းထက္သူ တစ္ေယာက္ တည္ေဆာက္ထားတာ ျဖစ္ရမယ္… ေရွာင္ပိုင္… ငါတို႔ေတြ ဒီမွာ မေနရေတာ့ဘူး… သြားမယ္”
သူမေျပာတာကို ျပန္မေျဖဘဲ လင္းေလာပိုင္က သူမေရွ႕က နံရံေဆးေရးပန္းခ်ီကို မ်က္ေတာင္မခတ္ ေငးၾကည့္ေနခဲ့တယ္။
“ေရွာင္ပိုင္”
ယြမ္ေလာ့ဖုန္းလည္း အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး လင္းေလာပိုင္ အၾကည့္ေနာက္ကို လိုက္ခဲ့ေတာ့… နံရံေဆးေရး ပန္းခ်ီမွာ ခန႔္ညားေခ်ာေမာေသာ ေယာက်္ား တစ္ေယာက္ကို ေတြ႕လိုက္ရတယ္။
ဒီလူက ညိဳ႕ယူဖမ္းစားႏိုင္ေလာက္ေအာင္ ခန႔္ညားလြန္းတယ္။
သူ႔ခန႔္ညားမႈကို ေဖာ္ၫႊန္းစရာ စကားစေတာင္ ရွာမရဘူး။
သူက ေ႐ႊအိုေရာင္ ရာဇပုလႅင္ေပၚမွာ ထိုင္ေနၿပီး သူ႔မ်က္ခုံးမ်ားကို ပင့္ကာ သူ႔ပါးကို ညာဘက္လက္ျဖင့္ ေထာက္ထားခဲ့တယ္။ သူက ခံစားခ်က္ တစ္စုံတစ္ရာကို မျပသေသာ္လည္း သူ႔ပုံစံက ထိန္းသိမ္းရခက္၊ အထက္စီးဆန္ေသာ ပုံစံမ်ိဳးပါ။ သူက နီရဲေသာ ဝတ္စုံကို ဝတ္ဆင္ကာ ညႇက္႐ိုးကို ေဖာ္ျပထားခဲ့တယ္။ သူ႔ႏႈတ္ခမ္းေထာင့္ကို ျမႇင့္တင္လိုက္ၿပီး မာနဝင့္ႂကြားေသာ အၿပဳံးကို ျပသေနခဲ့တယ္။
“ေရွာင္ပိုင္… သူက ဘယ္သူလဲ”
ယြမ္ေလာ့ဖုန္းလည္း သူမရဲ႕ ေမဖ်ားေလးကို ပြတ္သပ္ကာ နံရံေဆးေရးပန္းခ်ီကို ႏွစ္ၿခိဳက္စြာ ၾကည့္လိုက္တယ္။
“ကြၽယ္ခ်င္း….”
လြန္ခဲ့ေသာ ႏွစ္ေပါင္းေထာင္ခ်ီက ရွိခဲ့တဲ့ သမားေတာ္ ကြၽယ္ခ်င္းမလား။ သူ႔နာမည္ကို ၾကားေတာ့ ယြမ္ေလာ့ဖုန္းလည္း ေလလံစံအိမ္ေတာ္မွ စာအုပ္အေၾကာင္း ေတြးမိလိုက္တယ္။
“ဆန္းၾကယ္တဲ့ သမားေတာ္ ကြၽယ္ခ်င္းရဲ႕ ဂူဗိမာန္မ်ားလား”
ယြမ္ေလာ့ဖုန္းလည္း သူမရဲ႕မ်က္ဝန္းမ်ားကို ေမွးက်ဥ္းလိုက္တယ္။
“မျဖစ္ႏိုင္ဘူး… ဒါက ယာယီတည္ေဆာက္ထားတဲ့ ေနရာေလးတစ္ခု… သူ႔ဂူဗိမာန္ေတာ့ မဟုတ္ေလာက္ဘူး”
လင္းေလာပိုင္လည္း သူမရဲ႕ ေရွ႕ေထာင့္နားကို လက္ညိဳးထိုးလိုက္ၿပီး တအံ့တၾသေျပာလိုက္တယ္။
“ဆရာ…ၾကည့္…ေထာင့္နားမွာ စာအုပ္တစ္အုပ္ရွိတယ္”
ယြမ္ေလာ့ဖုန္းလည္း ေထာင့္နားကိုလွည့္ၾကည့္ရင္း အနားကို ျဖည္းျဖည္းခ်င္း ခ်ဥ္းကပ္သြားခဲ့တယ္။ ထို႔ေနာက္ ေျမႀကီးေပၚက စာအုပ္ကို ေကာက္ယူလိုက္တယ္။ ထိုစာအုပ္က ဖုန္မ်ားစြာနဲ႔ အိုေဟာင္းေနပါၿပီ။ ယြမ္ေလာ့ဖုန္းလည္း စာအုပ္မွ ဖုန္မ်ားကို ခါလိုက္ေတာ့ အဖုံးေပၚမွာ စာလုံးမ်ားကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရတယ္။
“ပထမဆုံး ေရစက္ရွိသူ အတြက္…”
ယြမ္ေလာ့ဖုန္းလည္း စာအုပ္ရဲ႕ ပထမဆုံး စာမ်က္ႏွာကို ျဖည္းျဖည္းခ်င္း ဖြင့္ေတာ့ ဝိုးတိုးဝါးတာ လကၡဏာမ်ားကို ေတြ႕လိုက္ရတယ္။ ကံေကာင္းတာ တစ္ခုကေတာ့ သူတို႔က အနည္းငယ္ ေဝ့ဝါးေနေသာ္လည္း ဖတ္လို႔ေတာ့ ရေနေသးတယ္။
“ဒီသမားေတာ္ရဲ႕ ေဆးပညာကိုေတာ့ ငါတကယ္ စိတ္မဝင္စားဘူး၊ ဒါေၾကာင့္ သူ႔ေဆးပညာကို ဆက္လက္ မေလ့လာေတာ့တာ… ငါ တကယ္စိတ္ဝင္စားတာက သက္ရွိဖန္ဆင္းျခင္းပဲ”
သက္ရွိဖန္ဆင္းျခင္းလား။ ယြမ္ေလာ့ဖုန္းလည္း မွင္တက္သြားရတယ္။ လူသားေတြက သက္ရွိကို ဖန္ဆင္းႏိုင္တယ္လား။
ဒီအေတြးေၾကာင့္ ယြမ္ေလာ့ဖုန္းလည္း ေနာက္ထပ္ တစ္မ်က္ႏွာကို လွန္လိုက္တယ္။
“ငါလည္း လူသားေတြရဲ႕ မူလဇာစ္ျမစ္ကို သိခ်င္ေနခဲ့တာ… လူသားေတြက တျခားထူးျခားတာေတြ ဖန္ဆင္းႏိုင္ေသးလား၊ ဒါေၾကာင့္လည္း ငါ့တစ္ဘဝလုံး လူသားဇာစ္ျမစ္ကို ေလ့လာရင္း ကုန္ဆုံးခဲ့တယ္ ကံဆိုးရွာပါတယ္၊ အခ်ိန္အမ်ားႀကီး ကုန္ဆုံးခဲ့တာေတာင္ ႐ုပ္ေသး႐ုပ္ေလး တစ္႐ုပ္ပဲ ဖန္တီးႏိုင္ခဲ့တယ္”
Chapter-608
End
သရဲဘုရင္
ယြမ္ေလာ့ဖုန္း
အပိုင္း(၆၀၉)
ကြၽယ္ခ်င္း…လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ သမားေတာ္…(၂)
“ဒီ႐ုပ္ေသး႐ုပ္ေလးေတြက တကယ္လူ႔သားနဲ႔ ဆင္တူတယ္… ဘယ္လိုမ်ား ဖန္တီးထားလဲေတာ့ ငါ ေတြး မရဘူး၊ သူတို႔ေတြက အမိန႔္ကို မေသြမတိမ္း နာခံၾကတယ္၊ သူတို႔ေတြက လမ္းေလွ်ာက္ေနတဲ့ လူေသေကာင္မ်ားနဲ႔ ပိုတူတယ္… ငါ့ တီထြင္မႈက ငါ့ကိုယ္ငါ အာဏာရွင္မိသားစုမ်ားရဲ႕ ပစ္မွတ္ ျဖစ္ေစခဲ့တယ္”
“ ဒီစက္ဆုပ္ဖြယ္ေကာင္းတဲ့လူက ငါ့ဖန္တီးထားတဲ့ ပစၥည္းကို ရည္မွန္းခ်က္ႀကီးႀကီးမားမားနဲ႔ ခိုးယူဖို႔ ႀကိဳးစားထားတယ္၊ ငါက… ဒီ႐ုပ္ေသး႐ုပ္နဲ႔ မဟုတ္မဟတ္ လုပ္မယ္လို႔ အခိုင္အမာ ေျပာေသးတယ္… ဒါေၾကာင့္လည္း သူတို႔က ငါ့ကို နတ္ဘုရား ကိုယ္စား အျပစ္ေပးသတဲ့… ငါ့ကို ေသေစခ်င္ရင္ ငါက သူ႔ကို အရင္ဆုံး သတ္မွာေလ… ငါ…နတ္ဘုရားကို ဘယ္ေသာအခါမွ မယုံၾကည္ခဲ့ဘူး၊ ဒါေၾကာင့္လည္း ငါ… စက္ဆုပ္ဖြယ္ေကာင္းတဲ့လူကို သတ္ခဲ့တယ္… ဒါေၾကာင့္ ဒီကုန္းေျမစုက အာဏာရွင္ေတြ အတူတူ ပူးေပါင္းၿပီး ငါ့ကို တိုက္ခိုက္ၾကတယ္… ငါလို မေကာင္းဆိုးဝါးကို သတ္မယ္လို႔ က်ိန္ဆိုၾကေသးတယ္”
“ဒီအဘိုးႀကီးေတြကို ငါ ေရွာင္တိမ္းခဲ့တယ္… ဒါေၾကာင့္လည္း ဒီေနရာကို လာၿပီး ဒီစာကို ေရးႏိုင္တာေပါ့၊ ဒီစာမွာ လူသား ႐ုပ္ေသး႐ုပ္ လုပ္ေဆာင္ျခင္း အေၾကာင္းကို ေရးသားထားတယ္၊ ေရစက္ရွိသူက ဒီအေၾကာင္းကို ေလ့လာဆည္းပူးၿပီး ငါ့ မၿပီးေျမာက္ေသးတဲ့ ဆႏၵကို ျဖည့္ဆည္းေပးပါ… က်ဳပ္ကေတာ့ ဒီ သူေတာ္ေကာင္းေယာင္ေဆာင္ ဟိတ္ဟန္ထုတ္ေနတဲ့ အဘိုးအိုေတြနဲ႔ ေနာက္ဆုံး တိုက္ပြဲ ဝင္ရဦးမယ္… ဒီလူေတြကို ငါ့အသက္စြန႔္ၿပီး သတ္ဖို႔ ျပင္ဆင္ထားၿပီသားပါ”
“ငါ ရႈံးနိမ့္ခဲ့ရင္ ငါ့ဝိညာဥ္က သူ႔လက္ထဲ က်ေရာက္သြားလိမ့္မယ္… ဒီလိုဆိုရင္ေတာ့ ငါ့မွတ္ဉာဏ္ကို သူတို႔ ရရွိသြားႏိုင္တယ္၊ဒါေၾကာင့္… ငါ မထြက္သြားခင္ ငါ့မွတ္ဉာဏ္ေတြကို ခ်ိတ္ပိတ္လိုက္မယ္… ဒါဆို သူတို႔ေတြ ႐ုပ္ေသး႐ုပ္ ဖန္တီးျခင္း နည္းလမ္းကို သိမွာ မဟုတ္ေတာ့ဘူး”
လင္းေလာပိုင္လည္း ထိုစာအုပ္ကို ဖတ္ရႈေနၿပီး ခ်က္ခ်င္း လက္ငင္း နားလည္သြားခဲ့တယ္။
“သမိုင္း မွတ္တမ္းအရေတာ့… လြန္ခဲ့ေသာ ႏွစ္ေပါင္း တစ္ေထာင္ေက်ာ္က ကြၽယ္ခ်င္း သမားေတာ္က… ဒီကုန္ေျမစုကေန ႐ုတ္တရက္ ေပ်ာက္ကြယ္သြားခဲ့တယ္တဲ့… သူ႔ရဲ႕ထူးျခားတဲ့ ႐ုပ္ေသး႐ုပ္ေၾကာင့္ ဒုကၡေရာက္ခဲ့တာလား…. ဒါေပမဲ့ …ဒီကိစၥကိုေတာ့ သမိုင္းမွာ မွတ္တမ္း မတင္ထားဘူး”
ဒီကုန္းေျမစုကို ႀကိဳးကိုင္ ျခယ္လွယ္ႏိုင္တဲ့ အစြမ္းထက္သူသာ ဒီမေကာင္းမႈကို လူသိရွင္ၾကား က်ဴးလြန္ႏိုင္မွာေတာ့ ေသခ်ာတယ္။ဒါေၾကာင့္ သူတို႔က ဒီအပိုင္းကို ပယ္ဖ်က္လိုက္တာ ျဖစ္မယ္။ ဒါေၾကာင့္လည္း ကြၽယ္ခ်င္းကို သူတို႔သတ္လိုက္တာ ဘယ္သူမွ မသိခဲ့တာေပါ့။
“ဆရာ… တပည့္ဆိုရင္ေတာ့ ဒီ႐ုပ္ေသး႐ုပ္ေတြကို စိတ္မဝင္စားဘူး…. ဒါေၾကာင့္ ဒီသမားေတာ္ရဲ႕ဆႏၵကို မျဖည့္ဆည္းေပးႏိုင္ဘူး”
လင္းေလာပိုင္လည္း မ်က္ေတာင္ တဖ်တ္ဖ်တ္ခတ္ရင္း ၿပဳံးကာ ေျပာလိုက္တယ္။
“ဆရာကေတာ့…. ဒီစာအုပ္ကို သိမ္းထားသင့္တယ္လို႔ ထင္တယ္…. ဒါနဲ႔ ေသခ်ာေလး ဖြက္ထားေနာ္…တျခားသူ သိသြားရင္ ဆရာလည္း ကြၽယ္ခ်င္းလို ျဖစ္ေနမယ္”
ကြၽယ္ခ်င္းကို ေဆးပညာ တစ္ဖက္ကမ္းခတ္ ကြၽမ္းက်င္သူလို႔ လူတိုင္း သိေနၾကတယ္။ သူ႔ကို ဆန္းၾကယ္ေသာ သမားေတာ္လို႔ သမုတ္ၾကတယ္။ ဒါေပမဲ့လည္း သူက ေဆးသုေတသနကို စြန႔္လႊတ္ၿပီး လူသား ဖန္တီးျခင္းကို ေ႐ြးခ်ယ္ခဲ့တယ္။
“သြားမယ္”
ယြမ္ေလာ့ဖုန္းလည္း စာအုပ္ကို ေကာက္သိမ္းလိုက္ၿပီး နံရံေပၚမွ ေဆးေရး ပန္းခ်ီမ်ားကို ၾကည့္လိုက္တယ္။
ေဆးေရး ပန္းခ်ီထဲမွ အမ်ိဳးသားက ဂုဏ္ယူဝင့္ႂကြားေနေသာ ပုံစံေပါက္ေနၿပီး သူ႔ႏႈတ္ခမ္းေပၚမွာ မာနဝင့္ႂကြားေသာ အၿပဳံးေလးကို ခ်ိတ္ဆြဲထားခဲ့တယ္။ သူ႔ခႏၶာကိုယ္က ပုလႅင္ေပၚမွာ ေရာက္ရွိေနၿပီး သူ႔မ်က္ႏွာကို လက္ေထာက္ထားတယ္။ ထိုအခိုက္အတန႔္… ပန္းခ်ီထဲမွ အမ်ိဳးသားေလး ဘာေၾကာင့္ ဒီလိုပုံစံ ျဖစ္ေနရလဲ နားလည္ သေဘာေပါက္သြားခဲ့တယ္။ ဒါက သူ႔ကိုေႏွာင့္ယွက္တိုက္ခိုက္ေနတဲ့သူမ်ားကို ၾကည့္တဲ့ မ်က္ႏွာထားမ်ိဳး ျဖစ္ရမယ္။
ေပအန္ေတာင္ကို သြားတဲ့ ခရီးမွာ ယြမ္ေလာ့ဖုန္းတစ္ေယာက္ ေကာင္းမြန္တဲ့ အရာဝတၳဳမ်ားကို ရခဲ့တာကို ဘယ္သူမွ ျငင္းလို႔ မရပါဘူး။ သူမက ေအာင္ေအာင္ ျမင္ျမင္နဲ႔ သက္ရွိလမ္းျပကို ယူႏိုင္ခဲ့ဲတဲ့အျပင္ ႏို႔လက္ဖက္ရည္းေလး တန္ခိုးတက္ေအာင္ ကူညီေပးလိုက္ႏိုင္တယ္။ အေရးအႀကီးဆုံး အခ်က္က ကြၽယ္ခ်င္းရဲ႕စာအုပ္ကို သူမ ရလိုက္တာပဲ။
သက္ရွိ ဖန္ဆင္းျခင္းတဲ့လား…။ ဒီေလာကႀကီးထဲမွာ သက္ရွိမ်ားကို ထူးျခားေသာ နည္းလမ္းနဲ႔ ဖန္ဆင္းႏိုင္လို႔လား။
ယြမ္ေလာ့ဖုန္းလည္း သူမရဲ႕မ်က္ဝန္းမ်ားကို အနည္းငယ္ ေမွးစဥ္းလိုက္တယ္။ သူမရဲ႕မ်က္ဝန္းမ်ားမွာ ျပင္းထန္ေသာ စိတ္ဝင္စားမႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့တယ္။ အခုေတာ့ ဒီအေၾကာင္းအရာကို သူမ အရမ္း စိတ္ဝင္စားေနတယ္။
Chapter-609
End
အပိုင္း(၆၁၀)
သမားေတာ္ ၿပိဳင္ပြဲ (၁)
နန္းေတာ္အျပင္ဘက္… ေပအန္ေတာင္ရဲ႕ တျခားတစ္ဖက္…။ သူမတို႔ေတြ ဒီေနရာကို ေရာက္လာခဲ့မယ္လို႔ ယြမ္ေလာ့ဖုန္းကိုယ္တိုင္ေတာင္ မထင္ထားခဲ့မိဘူး။
ဒီနန္းေတာ္မွ ထြက္ခြာလာၿပီးေနာက္…သူမလည္း မ်က္ခုံးပင့္ကာ စကားဆိုလိုက္တယ္။
“ေတာ္ေတာ္ၾကာသြားခဲ့တာပဲ… ငါတို႔ေတြ ဒီေနရာမွာ တစ္ႏွစ္ေလာက္ ေနထိုင္ခဲ့ရတယ္… အခုေတာ့ ဟြမ္ခြၽမ္ၿမိဳ႕ကို ျပန္မယ္…ၿပီးရင္ အိမ္ေတာ္ကို ျပန္မယ္”
…..
ခ်န္းမိသားစုရဲ႕ ခ်ယ္ရီၿမိဳင္အတြင္းၾကည္ႏူးဖြယ္ ေတးသြား ျမည္းဟည္းေနခဲ့တယ္။ထိုစဥ္ အမ်ိဳးသားေလးက ဗ်တ္ေစာင္းတီးျခင္းမွာ ႏွစ္ေမ်ာေနခဲ့ၿပီး သူ႔အေရွ႕ကို အျဖဴေရာင္ အရိပ္ေလး ေရာက္လာတာကို ႐ုတ္ျခည္း သတိထားလိုက္မိတယ္။
ယြမ္ေလာ့ဖုန္းလည္း သူမေရွ႕ကလူကို တိတ္ဆိတ္စြာ ေငးၾကည့္လိုက္တယ္။ သူ႔ဆံႏြယ္မ်ားက ႏွင္းတမွ် အျဖဴေရာင္ ျဖစ္ေနေသာ္လည္း အရင္ကထက္ ပိုက်န္းမာလာသလိုပါပဲ။ သူ႔ခန႔္ညားေခ်ာေမာေသာ မ်က္ႏွာက အရင္လို ျဖဴစုပ္မေနေတာ့ဘူး။
တစ္စုံတစ္ရာ ထူးဆန္းေနတယ္လို႔ ခံစားမိတာေၾကာင့္ ဗ်တ္ေစာင္းတီးျခင္းကို ရပ္တန႔္လိုက္ၿပီး ယြမ္ေလာ့ဖုန္းကို ျမင္ရန္ ေခါင္းကိုေမာ့လိုက္တယ္။ ခဏေတာ့ ေတြေတြေဝေဝ ျဖစ္သြားေသာ္လည္း သူ႔မ်က္ဝန္းမွာ စိတ္လႈပ္ရွားမႈာ ရိပ္ျခည္းမ်ား ပ်ံဝဲေနခဲ့တယ္။
“မင္… ျပန္လာတယ္လား”
သူမ ထြက္သြားခဲ့တာ တစ္ႏွစ္ၾကာခဲ့ၿပီ။
ဒီႏွစ္ေတြမွာ သူမ ဘယ္ေရာက္ေနလဲ ရွာဖို႔ လက္ေအာက္ငယ္သား မေရမတြက္ႏိုင္ေအာင္ လႊတ္ေပးခဲ့တယ္။ ဒါေပမဲ့ သူတို႔အားလုံး သဲလြန္စ ရွာမရဘူး။ မေတာ္တဆမႈေၾကာင့္ သူမ ေသဆုံးသြားၿပီလို႔ ထ်န္းရာကို အေၾကာင္းၾကားဖို႔ ျပင္ဆင္ထားၿပီးမွ သူမက ႐ုတ္တရက္ ျပန္ေရာက္လာခဲ့တယ္။
“လုပ္စရာ ကိစၥ ရွိေနလို႔ ျပန္လာတာ ေနာက္က်သြားခဲ့တယ္… ငါ မသြားခင္ ရွင္ ဘာမ်ားစီစဥ္ထားလဲ အကဲခတ္ရေအာင္ ဒီကိုလာခဲ့တာ…. ၾကည့္ရတာေတာ့ ရွင္ လုံးဝ ေပ်ာက္သြားၿပီ ထင္တယ္”
ေကာင္မေလးရဲ႕ ေခ်ာေမာေသာ မ်က္ႏွာကို ေငးၾကည့္ရင္း ခ်န္းယြီခ်င္းလည္း သိမ္ေမြ႕စြာ ၿပဳံးလိုက္တယ္။ ဒါေပမဲ့ သူ႔အသံက ဝမ္းနည္းေနပုံပါပဲ။
“မင္း ထြက္သြားၿပီးရင္ ဘယ္အခ်ိန္မ်ားမွာ တို႔ေတြ ျပန္ဆုံႏိုင္မလဲ”
“အခြင့္ႀကဳံရင္ေတာ့ ျပန္ေတြ႕ရမွာေပါ့”
အခြင့္ႀကဳံမွ ျပန္ေတြ႕ရမယ္…။
ခ်န္းယြီခ်င္းရဲ႕မ်က္ဝန္းမ်ားက အလင္းေရာင္ ေတာက္ပသြားၿပီး တခစ္ခစ္ ရယ္ေမာေတာ့တယ္။
“ဟုတ္ပါတယ္… အခြင့္ႀကဳံမွေပါ့… ေနာင္အနာဂတ္မွာ ျပန္ေတြ႕ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္”
“က်မ သြားေတာ့မယ္… ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ပါ”
ခ်န္းယြီခ်င္းကို ၾကည့္ရင္း ေက်ာခိုင္းလိုက္တယ္။ ေတြေဝျခင္းမရွိ… ယြမ္ေလာ့ဖုန္းလည္း ခ်န္းမိသားစုရဲ႕ တံခါးေပါက္ရွိရာ ေလွ်ာက္လွမ္းသြားလိုက္တယ္။ ထိုစဥ္ သူမေနာက္ကို လိုက္ပါလာတဲ့ သူ႔အၾကည့္ကို ခံစားလို႔ ရတယ္။
“ဆရာ”
လင္းေလာပိုင္က သူ႔ကို တံခါးေပါက္မွာ ေစာင့္ေနခဲ့ၿပီး သူမကို ေတြ႕ေတာ့ အလ်င္စလို ေျပးလာတာေပါ့။
“တပည့္တို႔ေတြ အခု သြားေတာ့မလား”
ယြမ္ေလာ့ဖုန္းလည္း ေခါင္းခါလိုက္တယ္။
“မဟုတ္ဘူး… အရင္ဆုံး ငွက္ဆိုးႀကီးဂိုဏ္းကို သြားမယ္…. ငွက္ဆိုးႀကီးဂိုဏ္းက လူေတြကို ႏႈတ္ဆက္စကားေျပာၿပီးမွ ဒီေနရာက ထြက္သြားၾကမယ္”
……
ငွက္ဆိုးႀကီးဂိုဏ္း… ယြမ္ေလာ့ဖုန္း တစ္ႏွစ္ေလာက္ ေပ်ာက္သြားလို႔ ထင္ပါတယ္… ဂိုဏ္းသား အားလုံး ပ်င္းရိၿငီးေငြ႕ေနၿပီး အာဏာ တိုးခ်ဲ႕ဖို႔လဲ စိတ္မဝင္စားၾကဘူး။
ထိုစဥ္ ငွက္ဆိုးႀကီး ဂိုဏ္း တံခါးေပါက္မွာ တပည့္တစ္ေယာက္က… ယြမ္ေလာ့ဖုန္း လာတာကို လွမ္းျမင္လိုက္ေတာ့… သူ႔မ်က္ဝန္းမ်ားက အေရာင္ေတာက္သြားခဲ့တယ္။
“သခင္… သခင္… ျပန္လာၿပီ”
“ဘာ…သခင္ ျပန္လာၿပီ”
ထိုစဥ္ ငွက္ဆိုးႀကီးဂိုဏ္းတစ္ခုလုံး အုတ္အုတ္သဲသဲ ျဖစ္သြားခဲ့ၿပီ။တပည့္အားလုံးက ဒီသတင္းကို စိတ္လႈပ္ရွားစြာ ျဖန႔္ေဝေနခဲ့တယ္။ သိပ္မၾကာခင္မွာဘဲ ဒီသတင္းက ဂိုဏ္းတစ္ခုလုံး ပ်ံ႕ႏွံ႔သြားခဲ့တယ္။
အစကေတာ့ ယြမ္ေလာ့ဖုန္းကို အညံ့ခံဖို႔ ရည္႐ြယ္ခ်က္ မရွိခဲ့ေသာ္လည္း ယြမ္ေလာ့ဖုန္းရဲ႕အရည္အခ်င္းကိုေတာ့ အသိအမွတ္ျပဳမိပါတယ္။ သူမက ေကာင္းကင္ဘုံ သိုင္းစံအိမ္ေတာ္ကို ဖ်က္စီးပစ္ႏိုင္တဲ့ အရည္အခ်င္းရွိတယ္ေလ။
ငွက္ဆိုးႀကီးဂိုဏ္းတစ္ခုလုံးမွာ သူမရဲ႕ဂုဏ္သတင္းကမု႐ုန္ေပထက္ ေက်ာ္လြန္ခဲ့တယ္။
Chapter-610
End
Unicode
သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
စာစဉ်(၂၅)
ဘာသာပြန်ဆိုသူ :သကြားလုံးလေး
အပိုင်း(၆၀၅)
သက်ရှိလမ်းပြ (၃)
သူတို့ကျသွားချိန်မှာ ယွမ်လော့ဖုန်းလည်း ကောင်းကင်ယံ ပျံတက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့လည်း ချောက်ကမ်းပါးအောက်မှာ ပြင်းထန်တဲ့ စုပ်အား ရှိနေသလို သူတို့ခန္ဓာကိုယ်ကို ဆွဲခေါ်သွားတယ်။ ဒါကြောင့် သူတို့နှစ်ယောက်လုံး ဘာဆိုဘာမှ မတတ်သာပေ။
ဗိုင်း…
သူတို့နှစ်ယောက် မြေပြင်ပေါ် ကျလာပြီးနောက် ယွမ်လော့ဖုန်းလည်း လင်းလော့ပိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း မေးလိုက်တယ်။
“အဆင်ပြေရဲ့လား”
“တပည့် အဆင်ပြေပါတယ်”
လင်းလောပိုင်လည်း သူမရဲ့ဦးခေါင်းကို တွင်တွင်ခါကာ
“ဆရာ… ဒီလိုဖြစ်ရတာ တပည့်အမှားပါ”
“မဟုတ်ရပါဘူး…တပည့်လေး ဘာအမှားမှ မလုပ်ထားဘူး၊ တပည့်မရှိလည်း ဆရာက ချောက်ကမ်းပါးပေါ်က ပြုတ်ကျမှာပါ၊ဒါက ကံတရား ဖြစ်နိုင်ပါတယ်”
သူမပြောလိုက်တဲ့ စကားကို ကြားပြီးနောက် လင်းလောပိုင်မှာ ပိုပြီးတော့ အပြစ်ရှိသလို ခံစားရတာကြောင့် ယွမ်လော့ဖုန်းကို မျက်ရည်များပြည့်နှက်နေသော မျက်ဝန်းများဖြင့် ငေးကြည့်လိုက်တယ်။
“ဆရာ…တပည့် တကယ်ကို အသုံးမကျသလို ခံစားရတယ်၊ တပည့် ဘာဆိုဘာမှ မလုပ်ဆောင်နိုင်ဘူး”
ယွမ်လော့ဖုန်းလည်း ပြုံးကာ လင်းလောပိုင်ရဲ့ပခုံးလေးကို ပုတ်လိုက်တယ်။
“တပည့်လေးသာ မရှိရင် သက်ရှိလမ်းပြကို ရှာနိုင်ပါ့မလား ဒါကြောင့် ဆရာကို ကူညီချင်ရင် တတ်နိုင်သမျှ မြန်မြန် သက်ရှိလမ်းပြကို ရှာပေး၊ ဒါမှလည်း ဒီနေရာက မြန်မြန် ထွက်သွားနိုင်တော့မှာ”
“ဟုတ်ကဲ့ပါ ဆရာ”
လင်းလောပိုင်လည်း သူမရဲ့မျက်ဝန်းများကို မှေးစဉ်းရင်း အာရုံခံလိုက်တယ်။ ထို့နောက် မျက်ဝန်းများကို ဖွင့်လိုက်ပြီး သူမတို့ရှေ့က ဂူကို ကြည့်လိုက်တယ်။
“ဆရာ….သက်ရှိလမ်းပြ…ရှေ့မှည ရှိနေတယ်လို့ ခံစားရတယ်”
“ဆရာ ပြောထားပြီးသားပါ… ဒီနေရာကို လာခဲ့ရတာ ရေစက်ရှိလို့… ကိုယ့်ဘာသာ အပြစ်တင်နေစရာ မလိုအပ်ဘူး”
ယွမ်လော့ဖုန်းလည်း မှောင်မိုက်နေသောဂူကို ကြည့်လိုက်တယ်။
“သွားမယ်၊ ဒီဂူထဲမှာ သက်ရှိလမ်းပြအပြင် ဘာတွေရှိသေးလဲ စစ်ဆေးကြည့်မယ်”
“အင်း”
လင်းလောပိုင်လည်း ခေါင်းညိတ်လိုက်တယ်။ သူမရဲ့မျက်ဝန်းများက တိကျပြတ်သားနေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူ့ဆရာ သက်ရှိလမ်းပြကို ရှာတွေ့ဖို့ ကူညီပေးသွားမှာပါ။
ဂူထဲက အတော်ကို မှောင်မိုက်တယ်။ ယွမ်လော့ဖုန်းလည်း သူမရဲ့ဝိညာဉ်မီးတောက်ကို အရှိန်တင်လိုက်ပြီး အစိမ်းရောင် မီးတောက်က ဂူထဲမှာ ကျောချမ်းစရာ ကောင်းလောက်တယ်။
နည်းနည်းလေး ကြောက်လန့်လာတာကြောင့် လင်းလောပိုင်လည်း ယွမ်လော့ဖုန်းရဲ့ အကျႍလက်စကို ဆုပ်ကိုင်လိုက်တယ်။ ဒါပေမဲ့ ကြောက်လန့်တတ်သူ တစ်ယောက် မဖြစ်ချင်ဘူး။ ဒါကြောင့် သူမရဲ့လက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူတို့နှစ်ယောက်ရဲ့ရှေ့ကို ထိတ်ထိတ်ပျာပျာ ကြည့်လိုက်တယ်။
လင်းလောပိုင် ကြောက်နေတာ သတိထားမိတော့ ယွမ်လော့ဖုန်းလည်း တခစ်ခစ် ရယ်မောရင်း ပြောလိုက်တယ်။
“ကြောက်နေရင် လက်ကို ကိုင်ထားလေ”
“ဆရာ… တပည့်မကြောက်ပါဘူး”
လင်းလောပိုင်က ခေါင်းမာစွာ အတင်းငြင်းနေခဲ့တယ်။
သူမရဲ့အဖေ ကာကွယ်ပေးနေရတဲ့ ကလေးမလေး မဟုတ်တော့ဘူး။ သူမရဲ့ဆရာကို အကူအညီကောင်းကောင်းပေးနိုင်တဲ့ တပည့်မလေး ဖြစ်နေပြီ။ ဒါကြောင့် သူမ ကြောက်လန့်နေလို့ ဖြစ်ပါ့မလား။ လင်းလောပိုင်လည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်လိုက်တယ်။ သူမရဲ့မျက်ဝန်းများက ဆုံးဖြတ်ချက် ခိုင်မာမှုကို ပြသနေလေရဲ့။
ဂူတစ်ခုလုံးက တိတ်ဆိတ်နေပြီး သူမတို့နှစ်ယောက်ရဲ့ ခြေသံကိုသာ ကြားရတယ်။
ယွမ်လော့ဖုန်းလည်း ရုတ်တရက် ရပ်တန့်လိုက်ပြီး ကျောက်စားပွဲပေါ်က အနီရောင်အသီးကို ငေးကြည့်လိုက်တယ်။
လမ်းတစ်လျှောက်လုံး အဆင်ပြေချောမွေ့ခဲ့တယ်။ အစပိုင်းမှယ ဝိညာဉ်သားရဲကောင်များ ဝန်းရံခံလိုက်ရတာက လွဲလို့ပေါ့။ သူတို့က အန္တရာယ်တော့ မဖြစ်စေပါဘူး။ အခု သက်ရှိလမ်းပြကိုတွေ့တော့ သူတို့တွေ ဘာထောက်ချောက်မှလည်း ပက်ပင်းမတွေ့ရဘူး အားကောင်းတဲ့ ဝိညာဉ်သားရဲကောင်လည်း မတွေ့ရဘူး။
“စိတ်ထဲ သိပ်မထားပါနဲ့၊ ပထမဆုံးဦးစားပေးက သက်ရှိလမ်းပြကို ယူပြီး ဒီနေရာက ထွက်သွားဖို့မလား”
ဘာမှ မတွေးတော့ဘဲ ယွမ်လော့ဖုန်းလည်း သက်ရှိလမ်းပြရှိရာ ထွက်ခွာလာလိုက်တယ်။ ခြေလှမ်း အနည်းငယ်မျှ လှမ်းရရုံ ဖြစ်သော်လည်း သူ့ကို ချဉ်းကပ်ဖို့ အချိန်တော်တော်ယူလိုက်ရတယ်။ သူမကို စွန့်လွှတ်ပြီး ထွက်သွားစေချင်တာကြောင့် ကြီးမားသော ဖိအား တစ်ခုနဲ့ ဖိနှိပ်ထားတယ်။ ဒါပေမဲ့ ကိစ္စ မရှိပါဘူး။
သူမလက်ထဲ သက်ရှိလမ်းပြ ရောက်သွားပြီးနောက် ဘာဆို ဘာမှ မဖြစ်တော့ဘူး။
ယွမ်လော့ဖုန်းမှာ ပို နားမလည် ဖြစ်ရတယ်။
“သက်ရှိလမ်းပြလို တန်ဖိုးကြီးတဲ့ ဆေးမြစ်ကို အပေါင်းအဖော် ဝိညာဉ်သားရဲကောင်က စောင့်ရှောက်ထားသင့်တယ်လေ၊ ဒါဆို ဘာကြောင့် သူမ ဘာမှ မဖြစ်ရတာလဲ”
ရုတ်တရက် လင်းလောပိုင်က ထောင့်မှ အရိုးစုကို လက်ညိုးထိုးကာ တအံ့တသြ အော်တော့တယ်။
“ဆရာ….ကြည့်…”
Chapter-605
End
အပိုင်း(၆၀၆)
သက်ရှိလမ်းပြ(၄)
ထိုအရိုးစုက မီတာပေါင်း အနည်းငယ်လောက် ရှည်လျားပြီး ထောင့်တစ်နေရာမှာ အစုလိုက် ပုံနေခဲ့တယ်။ သူ့ဦးခေါင်းမှာ ဦးချိုနှစ်ခုရှိနေပြီး သူ့ချွန်မြသော အစွယ်များက အမည်းရောင် ပြောင်းလဲနေခဲ့တယ်။
ဒီအရိုးစုက လူမဟုတ်တာ သိသာ ထင်ရှားနေပါတယ်။ သူတို့ခန့်မှန်းတာ မမှားဘူးဆိုရင် အရိုးစုက သက်ရှိလမ်းပြကို စောင့်ရှောက်တဲ့ ဝိညာဉ်သားရဲ ဖြစ်ရမယ်။
“ဝိညာဉ်နဂါး”
သူမရဲ့စိတ်ဝိညာဉ်အတွင်းမှ ရှောင်မိုက တုန်တုန်ရီရီအသံနဲ့ အော်လိုက်တယ်။
“ဒါက ဝိညာဉ်နဂါး အရိုး… အသတ်ခံလိုက်ရတာ ဖြစ်မယ်၊ ဝိညာဉ်နဂါးက အရမ်းကို အစွမ်းမြင့်တာ သူ့ကို သတ်ခဲ့သူက အလွန်အမင်း စိတ်စွမ်းအား မြင့်ရမယ်၊ ဒါပေမဲ့ ဝိညာဉ်နဂါးကို သတ်ပြီး သက်ရှိလမ်းပြကို မယူသွားရလဲ”
“ဒီကိစ္စကို နားမလည်နိုင်ဘူး”
ယွမ်လော့ဖုန်းလည်း ခေါင်းခါလိုက်တယ်။
“ဘာပဲဖြစ်ဖြစ်ပါလေ… ငါတို့တွေ သက်ရှိလမ်းပြကို ရသွားပြီလေ၊ ဒီနေရာကနေ အပြင်ကို ခေါ်ထုတ်သွားပေးနိုင်မလား…ရှောင်မို”
“ဒီနေရာက ဘယ်သူမှ ပျံသန်းမသွားနိုင်ဘူး ထင်တယ်၊ တိကျတဲ့ အကြောင်းအရင်းကိုတော့ မသိဘူး”
သူလည်း စဉ်းစားရကျပ်စွာ ပြန်ဖြေလိုက်တယ်။
“ကျွန်တော်က ဒီကုန်းမြေစုနဲ့ ဝေးကွာနေတာ ကြာပြီ၊ ကိစ္စတော်တော်များများကို မသိနိုင်ဘူး”
ယွမ်လော့ဖုန်းလည်း တိတ်ဆိတ်သွားပြီး ဒီထက်ပိုပြီးတော့ မပြောတော့ဘူး။ ထို့နောက် သူမရဲ့အကျႍလက်ထဲမှ နို့လက်ဖက်ရည်လေး အလျင်စလို ပြေးထွက်လာပြီး ဝိညာဉ်နဂါး အရိုးစုရှိရာ ခုန်ဆင်းသွားခဲ့တယ်။
ဆာလောင်နေသော ဝံပုလွေတစ်ကောင်က သူ့အစာကို တွေ့သလို သူက အရိုးစုကိုလွှားခနဲ ခုန်တက်သွားခဲ့တယ်။
“နို့လက်ဖက်ရည်လေး ပြန်လာခဲ့”
ယွမ်လော့ဖုန်းလည်း အံ့သြသွားရပါတယ်။ ဒါကြောင့် သူ့ကို အလျောတကြီး ပြန်ခေါ်လိုက်တယ်။
သူ့စကားအမြဲနားထောင်တတ်တဲ့ နို့လက်ဖက်ရည်လေးက သူမရဲ့အမိန့်ကို မနာခံတော့ဘူး ဒါပေမဲ့ အရိုးစု ကြားထဲ ရုတ်ခြည်းသွားပြီး အရိုးစုထဲမှ အမည်းရောင်ပုတီးစေ့ကို မျိုချလိုက်တယ်။
အငမ်းမရ မျိုချလိုက်တယ်။
တခြားတစ်ယောက်ယူသွားမှာကို စိုးရိမ်နေသလို နို့လက်ဖက်ရည်လေးက ချက်ချင်းမျိုချလိုက်ကြီး ကျေနပ်စွာ လေတက်လိုက်တယ်။
ဒါပေမဲ့လည်း သိပ်မကြာပါဘူး မြေကြီးပေါ်မှာ လူးလိမ့်ရင်း စူးစူးဝါးဝါး ငိုကြွေးတော့တယ်။
ယွမ်လော့ဖုန်းလည်း အလျင်စလို သူ့အနားသွားပြီး သေကွေးသော သူ့ခန္ဓာကိုယ်လေးကို ချီလိုက်တယ်။ သူမရဲ့မျက်ဝန်းများကို မှေးစဉ်းပြီး မေးလိုက်တယ်။
“ရှောင်မို…သူ ဘာဖြစ်တာလဲ”
သူမရဲ့စိတ်ဝိညာဉ်ထဲမှာတော့ တိတ်ဆိတ်နေဆဲပါ။
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်လိုက်ပြီး သူမ နောက်တစ်ကြိမ် ထပ်မေးဖို့ ပြင်နေစဉ်မှာ ရှောင်မိုရဲ့ကလေးဆန်သော အသံက မြည်တမ်းလာခဲ့တယ်။
“ဝိညာဉ်နဂါး ဘာကြောင့်သေရလဲ နောက်ဆုံးတော့ သူ့ကို သတ်ခဲ့သူက သက်ရှိလမ်းပြကြောင့် မဟုတ်ဘူး၊ ဒီပုတီစေ့ကြောင့်၊ သူတို့က ဝိညာဉ်နဂါးကို အရိုးပဲ ကျန်အောင် စားသုံးကြမှာပဲ။ ဒါပေမဲ့ သူတို့တွေ ဒီပုတီးစေ့ကိုတော့ မရှာနိုင်ခဲ့ဘူး၊ ဝိညာဉ်နဂါးက အရိုးထဲမှာ ပုတီးစေ့ကို ဖွက်ထားမှန်း မသိကြလို့လေ…၊ ကျွန်တော်တို့တွေ တကယ်ကံကောင်းတယ်၊ တိတိကျကျ ပြောရရင်တော့ ကြွက်စုတ်လေး တကယ် ကံကောင်းတယ်”
“ဒီပုတီစေ့က ဘာအသုံးဝင်လို့လဲ”
ယွမ်လော့ဖုန်းလည်း တအံ့တသြနဲ့ မေးလိုက်တယ်။
“ကျွန်တော်ကြားဖူးတာတော့ ဒီပုတီးစေ့က အစွမ်းအရမ်းထက်တယ်၊ သူ့မှာ စွမ်းအား အများကြီးပါဝင်တယ်၊ နို့လက်ဖက်ရည်လေးက ဒါကို ချေဖျက်နိုင်ရင်တော့ အလွန်အမင်း အစွမ်းထက်တဲ့ သားရဲ တစ်ကောင် ဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ သူကိုယ်တိုင် မချေဖျက်နိုင်လောက်ဘူး၊ ဒါကြောင့်သခင်ရဲ့ အကူအညီ လိုအပ်လိမ့်မယ်”
“ဒါဆို ဟွမ်ချွမ်မြို့ကို ပြန်လို့ရမယ့် နည်းလမ်း ရှာတာပေါ့”
“မဖြစ်ဘူး… သခင်… နို့လက်ဖက်ရည်လေးက ဒီလောက်ကြာကြာ မစောင့်နိုင်တော့ဘူး၊ ဒီနေရာမှာတင် သူ… ပုတီးစေ့ကို ချေဖျက်နိုင်အောင် ကူညီမှ ရမယ်၊ မြန်မြန်ဆန်ဆန် မလှုပ်ရှားရင် သူ သေသွားလိမ့်မယ်”
အကျိုးဆက်က ဒီလောက်ပြင်းထန်မယ်လို့ မထင်ခဲ့ဘူး။ ယွမ်လော့ဖုန်းလည်း နို့လက်ဖက်ရည်လေးရဲ့ တင်ပါးလေးကို ပုတ်ကာ
“တုံးအလွန်းတဲ့ နို့လက်ဖက်ရည်လေး…နောင်ဆို အရမ်း လောဘမကြီးရဘူးနော်”
နို့လက်ဖက်ရည်လေးလည်း နောင်တရစွာ တကျွိကျွိ အော်ရှာတယ်။ သူ့ရဲ့ သန်မာတဲ့ အစာအိမ်နဲ့ ဒီပုတီးစေ့ကို မချေဖျက်နိုင်တာ သူ မထင်ထားတဲ့ အဖြစ်အပျက်ပါပဲ။ သူမကို အသနားခံစွာ မော့ကြည့်လိုက်တယ်။
“ဆရာ… နို့လက်ဖက်ရည်လေး အဆင်ပြေရဲ့လား”
လင်းလောပိုင်လည်း စိုးရိမ်စွာ မေးလိုက်တယ်။
“အခု သူ့ကို ပုတီးစေ့ ချေဖျက်နိုင်အောင် ကူညီပေးရာမှမို့ ဒီမှာ ကြာကြာနေရဦးမယ် ထင်တယ်”
ယွမ်လော့ဖုန်းက လေးနက်စွာ ပြောလိုက်တယ်။
Chapter-606
End
သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
စာစဉ်(၂၅)
ဘာသာပြန်ဆိုသူ :သကြားလုံးလေး
အပိုင်း(၆၀၇)
တစ်နှစ်
နို့လက်ဖက်ရည်လေးက သူ့လက်သည်းများနဲ့ သူ့ဝမ်းဗိုက်ကို ဖုံးကွယ်ကာ ကြမ်းပြင်ပေါ် လူးလိမ့်ကာ ညည်းထွားနေခဲ့တယ်။ လင်းလောပိုင်ကို ရှင်းပြဖို့ အချိန်မရှိတာကြောင့် ယွမ်လော့ဖုန်းလည်း သူမရဲ့လက်ကို နို့လက်ဖက်ရည်လေးရဲ့ အစာအိမ်ပေါ် အလျင်စလို တင်လိုက်တယ်။
စိတ်စွမ်းအားများက နို့လက်ဖက်ရည်လေးရဲ့ခန္ဓာကိုယ်မှာ လှည့်ပတ်နေခဲ့ပြီး သူ့ဝမ်းကွင်းသားငါးခုကို ဖြတ်ကျော်သွားလာနေခဲ့တယ်။ ဒီအကျိုးသက်ရောက်မှုကြောင့် ထင်ပါတယ်…. နို့လက်ဖက်ရည်လေးမှာ အရင်လောက် မနာကျင်တော့။ ဖြည်းဖြည်းချင်း ညည်းထွားမှု ရပ်တန့်သွားခဲ့တယ်။
….
ဂူထဲမှာ အချိန်အတော် ကြာညောင်းခဲ့တယ်။ မျက်စိတစ်မှ်တ်အတွင်း အချိန်တစ်နှစ် ကုန်လွန်ခဲ့တယ်။
ထောင့်တစ်နေရာမှာ တင်ပျဉ်ခွေထိုင်ကာစိတ်စွမ်းအား ကျင့်ကြံနေသော လင်းလောပိုင်လည်း မျက်ဝန်းများကို ဖွင့်လိုက်ပြီး နို့လက်ဖက်ရည်လေး ပုတီးစေ့ ချေဖျက်နိုင်အောင် ကူညီပေးနေသေးတဲ့ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။ သူမလည်း သက်ပြင်းချလိုက်တယ်။
“တစ်နှစ်ကြာခဲ့ပြီ၊ နို့လက်ဖက်ရည်လေး မျိုချလိုက်တာ ဘယ်ဆီနေမှန်းတော့ မသိဘူး ဆရာအကူအညီပေးလည်း သူ့မှာ တစ်နှစ်လုံး အစာကို မချေဖျက်နိုင်သေး”
ဒါပေမဲ့လည်း နို့လက်ဖက်ရည်လေးက လပိုင်းလောက်တိုင်း အတားအဆီးကို ဖြတ်ကျော်နိုင်တယ်။ လင်းလောပိုင် အံ့သြရတာက အချိန်တွေ အများကြီး ကုန်လွန်သွားသော်လည်း နေသားတကျ ဖြစ်နေတာကိုပဲ။
ဝုန်း…
နို့လက်ဖက်ရည်လေးရဲ့အရှိန်ဝါက ပိုပိုပြင်းထန်လာပြီး နောက်ထပ် အတားအဆိးကို ဖြတ်ကျော်တော့မယ် ထင်ပါတယ်၊ ဒီတစ်ကြိမ် ဘယ်နယ်ပယ်ကို ရောက်မယ်မှန်းတော့ သူမ မသိဘူး။ အစွမ်းအလွန်ပြင်းပြီး အန္တရာယ်များတယ်လု့ိတော့ သူမ ခံစားနိုင်တယ်။ ယခုလက်ရှိ နို့လက်ဖက်ရည်လေးက အရင်တစ်နှစ်ကနဲ့ အများကြီး ကွာခြားသွားခဲ့တယ်။
ဒီနှစ်မှာ ယွမ်လော့ဖုန်းလည်း တိုးတက်ခဲ့ပါတယ်၊ နို့လက်ဖက်ရည်လေး အမည်းရောင် ပုတီးစေ့ကို ချေဖျက်နိုင်အောင် ကူညီရင်း သူမလည်း ကျင့်ကြံခဲ့ပါတယ်။ ဒါပေမဲ့ အာရုံမစိုက်နိုင်တာကြောင့် သူမရဲ့ကျင့်ကြံနှုန်းက ပုံမှန်လို မလျင်မြန်တော့ပါ။
သူမက ကောင်းကင်ဘုံ အလယ်အလတ်အဆင့် ဖြစ်နေသော်လည်း နောက်တစ်ဆင့်ကို ရောက်ဖို့ နီးကပ်နေပါပြီ။ အခွင့်အရေးရတာနဲ့ သူမက ကောင်းကင်ဘုံ တိုးတက်အဆင့်ကို ရောက်သွားနိုင်ပါတယ်။
လင်းလောပိုင်ရဲ့အကြည့်များကို သတိထားမိတာကြောင့် ယွမ်လော့ဖုန်းလည်း နောက်ဆုံးတော့ မျက်ဝန်းများကို ဖွင့်လိုက်ပြီး ပြုံးလိုက်တယ်။
“နို့လက်ဖက်ရည်လေး အခု ဘယ်လို ခံစားရလဲ၊ နေကောင်းလား”
နို့လက်ဖက်ရည်လေးက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ချိုသာစွာ ပြောလိုက်တယ်။
“ကျေးဇူးတင်ပါတယ်၊ သခင်”
သူက အခုမှာ ဘာသာစကားကို လေ့လာတုန်း ဖြစ်တာကြောင့် အရမ်း မကျွမ်းကျင်သေး။ သူ့မျက်ဝန်းများက ကျေးဇူးတင်ခြင်းကို ဖော်ပြနေလေရဲ့။
မိုးကြိုးပစ်ခံရသလို လင်းလောပိုင်မှာ မှင်တက်နေခဲ့တယ်။ သူမလည်း နို့လက်ဖက်ရည်လေးကို တအံ့တသြ လှည့်ကြည့်လိုက်တယ်။
“နို့လက်ဖက်ရည်လေး… နင် စကားပြောနိုင်တယ်”
နို့လက်ဖက်ရည်လေးရဲ့အသံက ချစ်ဖို့ကောင်းပြီး ဝါပင်ကို နူးညံ့တယ်
“စိတ်ဝိညာဉ်သားရဲတွေက သတ်မှတ်ထားတဲ့ အဆင့်ကို ရောက်သွားရင် စကားပြောနိုင်တယ်၊ ဒါပေမဲ့ သခင်ရဲ့အကူအညီသာ မရှိရင် မြန်မြန်ဆန်ဆန် စကားပြောနိုင်မှာ မဟုတ်ဘူး”
လောကအသစ်အကြောင်း ရှာဖွေတွေ့ရှိလိုက်ရတာကြောင့် လင်းလောပိုင်လည်း နို့လက်ဖက်ရည်လေးကို မျက်တောင်မခတ် ကြည့်နေလိုက်တယ်။သူမရဲ့မျက်နှာက တောက်ပနေပြီး မျက်ဝန်းများက တောက်ပရွှန်းလဲ့နေခဲ့တယ်။
“နို့လက်ဖက်ရည်လေး… နင်က အထီးလား…အစ်မလား”
နို့လက်ဖက်ရည်လေးလည်း လင်းလောပိုင်ကို မကျေမနပ် ကြည့်လိုက်တယ်။
“ငါက အထီးပေါ့… မပြောကောင်း မဆိုကောင်းတာ ပါတဲ့ အမကို နင် တွေ့ဖူးလို့လား”
“အဲ့ဒါ ဘယ်မှာလဲ… ငါကြည့်မယ်”
လင်းလောပိုင်လည်း နို့လက်ဖက်ရည်လေးကို ဆုပ်ကိုင်လိုက်ပြီး မြေကြီးပေါ် ဖိထားလိုက်တယ်။ သူ့ဝမ်းဗိုက်ဖြူဖြူလေးကို သူမရဲ့လက်ချောင်းများနဲ့ တွတ်လိုက်တယ်။
“ဘယ်မှာလဲ… ငါ ဘာလို့ ရှာမတွေ့တာလဲ”
နို့လက်ဖက်ရည်လေးလည်း တကျွိကျွိအော်လိုက်တယ်။ သူမရဲ့လက်ကို ရိုက်ချပြီး သူ့လက်သည်းများကို မြှောက်လိုက်ပြီး တွင်းတူးဖို့ စတင်လိုက်တယ်။ သူ့လက်ရှိခွန်အားနဲ့ဆိုရင် အရင်ထက် မြန်မြန် တွင်းတူးနိုင်ပါတယ်။ သိပ်မကြာခင်မှာပဲ ဧရာမ တွင်းတစ်တွင်းတူးပြီး ပုန်းကွယ်နေလိုက်တယ်။
“ကြွက်စုတ် …ထွက်ပြေးရဲတယ်ပေါ့”
လင်းလောပိုင်လည်း သူမရဲ့အကျႍလက်ကို ခေါက်တင်လိုက်ပြီး တွင်းတစ်တွင်းတူးနိုင်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ယွမ်လော့ဖုန်းက သူမရဲ့လက်ကို အလျင်အမြန် ဖမ်းဆုပ်လိုက်တယ်။
“ခဏနေဦး”
“ဆရာ”
စိတ်ရှုပ်ထွေးစွာ လင်းလောပိုင်လည်း လှည့်ကြည့်ရင်း မေးလိုက်တယ်။
“ဘာများ ဖြစ်လို့လဲ”
Chapter-607
End
အပိုင်း(၆၀၈)
ကျွယ်ချင်း …လျှို့ဝှက် ဆန်းကြယ်သေယ သမားတော် (၁)
ယွမ်လော့ဖုန်းက ဘာဆိုဘာမှ ဝင်မပြောဘဲ တိတ်ဆိတ်စွာ နားစွင့်နေခဲ့တယ်။ ခဏကြာတော့ သူမလည်း အမိန့်ပေးလိုက်တယ်။
“နို့လက်ဖက်ရည်လေး… တွင်းပို ကြီးကြီး တူးမယ်”
“ဟုတ်ကဲ့…”
နို့လက်ဖက်ရည်လေးလဲ တွင်းထဲမှ ထွက်လာပြီး ပိုနက်ရှိုင်းောသာ တွင်းကို စတင်တူးတော့တယ်။ ခဏကြာတော့ ယွမ်လော့ဖုန်းရှေ့မှာ ဧရာမ တွင်းတစ်တွင်း ပေါ်လာခဲ့တယ်။
တွင်းအထဲမှာ ဘာရှိလဲ မြင်ရတော့ လင်းလောပိုင်တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရတယ်။
“ဒီနေရာမှာ လိုဏ်းခေါင်း ရှိတာလား”
“ရှောင်ပိုင်… အထဲကိုသွားမယ်… ငါ့တို့ လမ်းရှာတွေ့နိုင်တယ်”
ထို့နောက်… ယွမ်လော့ဖုန်းလည်း ခုန်ဆင်းလိုက်ပြီး တွင်းထဲမှာ ပျောက်ကွယ်သွားတော့တယ်။ ဘာမှတွေးမနေတော့ဘဲ လင်းလောပိုင်လည်း ယွမ်လော့ဖုန်း နောက်ကို လိုက်လာခဲ့တယ်။ လိုဏ်းခေါင်းရဲ့ တခြားတစ်ဖက်ကို မြင်လိုက်ရတော့ သူမ အေးခဲသွားရတယ်။
ဒါက မြေအောက်နေရာလား။အနုပ်စုတ်ကုပ်စုတ်ဂူနဲ့ ခြားနားလွန်းတယ်။
“ဒီနေရာကို အစွမ်းထက်သူ တစ်ယောက် တည်ဆောက်ထားတာ ဖြစ်ရမယ်… ရှောင်ပိုင်… ငါတို့တွေ ဒီမှာ မနေရတော့ဘူး… သွားမယ်”
သူမပြောတာကို ပြန်မဖြေဘဲ လင်းလောပိုင်က သူမရှေ့က နံရံဆေးရေးပန်းချီကို မျက်တောင်မခတ် ငေးကြည့်နေခဲ့တယ်။
“ရှောင်ပိုင်”
ယွမ်လော့ဖုန်းလည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး လင်းလောပိုင် အကြည့်နောက်ကို လိုက်ခဲ့တော့… နံရံဆေးရေး ပန်းချီမှာ ခန့်ညားချောမောသော ယောကျ်ား တစ်ယောက်ကို တွေ့လိုက်ရတယ်။
ဒီလူက ညို့ယူဖမ်းစားနိုင်လောက်အောင် ခန့်ညားလွန်းတယ်။
သူ့ခန့်ညားမှုကို ဖော်ညွှန်းစရာ စကားစတောင် ရှာမရဘူး။
သူက ရွှေအိုရောင် ရာဇပုလ္လင်ပေါ်မှာ ထိုင်နေပြီး သူ့မျက်ခုံးများကို ပင့်ကာ သူ့ပါးကို ညာဘက်လက်ဖြင့် ထောက်ထားခဲ့တယ်။ သူက ခံစားချက် တစ်စုံတစ်ရာကို မပြသသော်လည်း သူ့ပုံစံက ထိန်းသိမ်းရခက်၊ အထက်စီးဆန်သော ပုံစံမျိုးပါ။ သူက နီရဲသော ဝတ်စုံကို ဝတ်ဆင်ကာ ညှက်ရိုးကို ဖော်ပြထားခဲ့တယ်။ သူ့နှုတ်ခမ်းထောင့်ကို မြှင့်တင်လိုက်ပြီး မာနဝင့်ကြွားသော အပြုံးကို ပြသနေခဲ့တယ်။
“ရှောင်ပိုင်… သူက ဘယ်သူလဲ”
ယွမ်လော့ဖုန်းလည်း သူမရဲ့ မေဖျားလေးကို ပွတ်သပ်ကာ နံရံဆေးရေးပန်းချီကို နှစ်ခြိုက်စွာ ကြည့်လိုက်တယ်။
“ကျွယ်ချင်း….”
လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ရှိခဲ့တဲ့ သမားတော် ကျွယ်ချင်းမလား။ သူ့နာမည်ကို ကြားတော့ ယွမ်လော့ဖုန်းလည်း လေလံစံအိမ်တော်မှ စာအုပ်အကြောင်း တွေးမိလိုက်တယ်။
“ဆန်းကြယ်တဲ့ သမားတော် ကျွယ်ချင်းရဲ့ ဂူဗိမာန်များလား”
ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းများကို မှေးကျဉ်းလိုက်တယ်။
“မဖြစ်နိုင်ဘူး… ဒါက ယာယီတည်ဆောက်ထားတဲ့ နေရာလေးတစ်ခု… သူ့ဂူဗိမာန်တော့ မဟုတ်လောက်ဘူး”
လင်းလောပိုင်လည်း သူမရဲ့ ရှေ့ထောင့်နားကို လက်ညိုးထိုးလိုက်ပြီး တအံ့တသြပြောလိုက်တယ်။
“ဆရာ…ကြည့်…ထောင့်နားမှာ စာအုပ်တစ်အုပ်ရှိတယ်”
ယွမ်လော့ဖုန်းလည်း ထောင့်နားကိုလှည့်ကြည့်ရင်း အနားကို ဖြည်းဖြည်းချင်း ချဉ်းကပ်သွားခဲ့တယ်။ ထို့နောက် မြေကြီးပေါ်က စာအုပ်ကို ကောက်ယူလိုက်တယ်။ ထိုစာအုပ်က ဖုန်များစွာနဲ့ အိုဟောင်းနေပါပြီ။ ယွမ်လော့ဖုန်းလည်း စာအုပ်မှ ဖုန်များကို ခါလိုက်တော့ အဖုံးပေါ်မှာ စာလုံးများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။
“ပထမဆုံး ရေစက်ရှိသူ အတွက်…”
ယွမ်လော့ဖုန်းလည်း စာအုပ်ရဲ့ ပထမဆုံး စာမျက်နှာကို ဖြည်းဖြည်းချင်း ဖွင့်တော့ ဝိုးတိုးဝါးတာ လက္ခဏာများကို တွေ့လိုက်ရတယ်။ ကံကောင်းတာ တစ်ခုကတော့ သူတို့က အနည်းငယ် ဝေ့ဝါးနေသော်လည်း ဖတ်လို့တော့ ရနေသေးတယ်။
“ဒီသမားတော်ရဲ့ ဆေးပညာကိုတော့ ငါတကယ် စိတ်မဝင်စားဘူး၊ ဒါကြောင့် သူ့ဆေးပညာကို ဆက်လက် မလေ့လာတော့တာ… ငါ တကယ်စိတ်ဝင်စားတာက သက်ရှိဖန်ဆင်းခြင်းပဲ”
သက်ရှိဖန်ဆင်းခြင်းလား။ ယွမ်လော့ဖုန်းလည်း မှင်တက်သွားရတယ်။ လူသားတွေက သက်ရှိကို ဖန်ဆင်းနိုင်တယ်လား။
ဒီအတွေးကြောင့် ယွမ်လော့ဖုန်းလည်း နောက်ထပ် တစ်မျက်နှာကို လှန်လိုက်တယ်။
“ငါလည်း လူသားတွေရဲ့ မူလဇာစ်မြစ်ကို သိချင်နေခဲ့တာ… လူသားတွေက တခြားထူးခြားတာတွေ ဖန်ဆင်းနိုင်သေးလား၊ ဒါကြောင့်လည်း ငါ့တစ်ဘဝလုံး လူသားဇာစ်မြစ်ကို လေ့လာရင်း ကုန်ဆုံးခဲ့တယ် ကံဆိုးရှာပါတယ်၊ အချိန်အများကြီး ကုန်ဆုံးခဲ့တာတောင် ရုပ်သေးရုပ်လေး တစ်ရုပ်ပဲ ဖန်တီးနိုင်ခဲ့တယ်”
Chapter-608
End
သရဲဘုရင်
ယွမ်လော့ဖုန်း
အပိုင်း(၆၀၉)
ကျွယ်ချင်း…လျှို့ဝှက်ဆန်းကြယ်သော သမားတော်…(၂)
“ဒီရုပ်သေးရုပ်လေးတွေက တကယ်လူ့သားနဲ့ ဆင်တူတယ်… ဘယ်လိုများ ဖန်တီးထားလဲတော့ ငါ တွေး မရဘူး၊ သူတို့တွေက အမိန့်ကို မသွေမတိမ်း နာခံကြတယ်၊ သူတို့တွေက လမ်းလျှောက်နေတဲ့ လူသေကောင်များနဲ့ ပိုတူတယ်… ငါ့ တီထွင်မှုက ငါ့ကိုယ်ငါ အာဏာရှင်မိသားစုများရဲ့ ပစ်မှတ် ဖြစ်စေခဲ့တယ်”
“ ဒီစက်ဆုပ်ဖွယ်ကောင်းတဲ့လူက ငါ့ဖန်တီးထားတဲ့ ပစ္စည်းကို ရည်မှန်းချက်ကြီးကြီးမားမားနဲ့ ခိုးယူဖို့ ကြိုးစားထားတယ်၊ ငါက… ဒီရုပ်သေးရုပ်နဲ့ မဟုတ်မဟတ် လုပ်မယ်လို့ အခိုင်အမာ ပြောသေးတယ်… ဒါကြောင့်လည်း သူတို့က ငါ့ကို နတ်ဘုရား ကိုယ်စား အပြစ်ပေးသတဲ့… ငါ့ကို သေစေချင်ရင် ငါက သူ့ကို အရင်ဆုံး သတ်မှာလေ… ငါ…နတ်ဘုရားကို ဘယ်သောအခါမှ မယုံကြည်ခဲ့ဘူး၊ ဒါကြောင့်လည်း ငါ… စက်ဆုပ်ဖွယ်ကောင်းတဲ့လူကို သတ်ခဲ့တယ်… ဒါကြောင့် ဒီကုန်းမြေစုက အာဏာရှင်တွေ အတူတူ ပူးပေါင်းပြီး ငါ့ကို တိုက်ခိုက်ကြတယ်… ငါလို မကောင်းဆိုးဝါးကို သတ်မယ်လို့ ကျိန်ဆိုကြသေးတယ်”
“ဒီအဘိုးကြီးတွေကို ငါ ရှောင်တိမ်းခဲ့တယ်… ဒါကြောင့်လည်း ဒီနေရာကို လာပြီး ဒီစာကို ရေးနိုင်တာပေါ့၊ ဒီစာမှာ လူသား ရုပ်သေးရုပ် လုပ်ဆောင်ခြင်း အကြောင်းကို ရေးသားထားတယ်၊ ရေစက်ရှိသူက ဒီအကြောင်းကို လေ့လာဆည်းပူးပြီး ငါ့ မပြီးမြောက်သေးတဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ… ကျုပ်ကတော့ ဒီ သူတော်ကောင်းယောင်ဆောင် ဟိတ်ဟန်ထုတ်နေတဲ့ အဘိုးအိုတွေနဲ့ နောက်ဆုံး တိုက်ပွဲ ဝင်ရဦးမယ်… ဒီလူတွေကို ငါ့အသက်စွန့်ပြီး သတ်ဖို့ ပြင်ဆင်ထားပြီသားပါ”
“ငါ ရှုံးနိမ့်ခဲ့ရင် ငါ့ဝိညာဉ်က သူ့လက်ထဲ ကျရောက်သွားလိမ့်မယ်… ဒီလိုဆိုရင်တော့ ငါ့မှတ်ဉာဏ်ကို သူတို့ ရရှိသွားနိုင်တယ်၊ဒါကြောင့်… ငါ မထွက်သွားခင် ငါ့မှတ်ဉာဏ်တွေကို ချိတ်ပိတ်လိုက်မယ်… ဒါဆို သူတို့တွေ ရုပ်သေးရုပ် ဖန်တီးခြင်း နည်းလမ်းကို သိမှာ မဟုတ်တော့ဘူး”
လင်းလောပိုင်လည်း ထိုစာအုပ်ကို ဖတ်ရှုနေပြီး ချက်ချင်း လက်ငင်း နားလည်သွားခဲ့တယ်။
“သမိုင်း မှတ်တမ်းအရတော့… လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က ကျွယ်ချင်း သမားတော်က… ဒီကုန်မြေစုကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်တဲ့… သူ့ရဲ့ထူးခြားတဲ့ ရုပ်သေးရုပ်ကြောင့် ဒုက္ခရောက်ခဲ့တာလား…. ဒါပေမဲ့ …ဒီကိစ္စကိုတော့ သမိုင်းမှာ မှတ်တမ်း မတင်ထားဘူး”
ဒီကုန်းမြေစုကို ကြိုးကိုင် ခြယ်လှယ်နိုင်တဲ့ အစွမ်းထက်သူသာ ဒီမကောင်းမှုကို လူသိရှင်ကြား ကျူးလွန်နိုင်မှာတော့ သေချာတယ်။ဒါကြောင့် သူတို့က ဒီအပိုင်းကို ပယ်ဖျက်လိုက်တာ ဖြစ်မယ်။ ဒါကြောင့်လည်း ကျွယ်ချင်းကို သူတို့သတ်လိုက်တာ ဘယ်သူမှ မသိခဲ့တာပေါ့။
“ဆရာ… တပည့်ဆိုရင်တော့ ဒီရုပ်သေးရုပ်တွေကို စိတ်မဝင်စားဘူး…. ဒါကြောင့် ဒီသမားတော်ရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ဘူး”
လင်းလောပိုင်လည်း မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း ပြုံးကာ ပြောလိုက်တယ်။
“ဆရာကတော့…. ဒီစာအုပ်ကို သိမ်းထားသင့်တယ်လို့ ထင်တယ်…. ဒါနဲ့ သေချာလေး ဖွက်ထားနော်…တခြားသူ သိသွားရင် ဆရာလည်း ကျွယ်ချင်းလို ဖြစ်နေမယ်”
ကျွယ်ချင်းကို ဆေးပညာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူလို့ လူတိုင်း သိနေကြတယ်။ သူ့ကို ဆန်းကြယ်သော သမားတော်လို့ သမုတ်ကြတယ်။ ဒါပေမဲ့လည်း သူက ဆေးသုတေသနကို စွန့်လွှတ်ပြီး လူသား ဖန်တီးခြင်းကို ရွေးချယ်ခဲ့တယ်။
“သွားမယ်”
ယွမ်လော့ဖုန်းလည်း စာအုပ်ကို ကောက်သိမ်းလိုက်ပြီး နံရံပေါ်မှ ဆေးရေး ပန်းချီများကို ကြည့်လိုက်တယ်။
ဆေးရေး ပန်းချီထဲမှ အမျိုးသားက ဂုဏ်ယူဝင့်ကြွားနေသော ပုံစံပေါက်နေပြီး သူ့နှုတ်ခမ်းပေါ်မှာ မာနဝင့်ကြွားသော အပြုံးလေးကို ချိတ်ဆွဲထားခဲ့တယ်။ သူ့ခန္ဓာကိုယ်က ပုလ္လင်ပေါ်မှာ ရောက်ရှိနေပြီး သူ့မျက်နှာကို လက်ထောက်ထားတယ်။ ထိုအခိုက်အတန့်… ပန်းချီထဲမှ အမျိုးသားလေး ဘာကြောင့် ဒီလိုပုံစံ ဖြစ်နေရလဲ နားလည် သဘောပေါက်သွားခဲ့တယ်။ ဒါက သူ့ကိုနှောင့်ယှက်တိုက်ခိုက်နေတဲ့သူများကို ကြည့်တဲ့ မျက်နှာထားမျိုး ဖြစ်ရမယ်။
ပေအန်တောင်ကို သွားတဲ့ ခရီးမှာ ယွမ်လော့ဖုန်းတစ်ယောက် ကောင်းမွန်တဲ့ အရာဝတ္ထုများကို ရခဲ့တာကို ဘယ်သူမှ ငြင်းလို့ မရပါဘူး။ သူမက အောင်အောင် မြင်မြင်နဲ့ သက်ရှိလမ်းပြကို ယူနိုင်ခဲ့ဲတဲ့အပြင် နို့လက်ဖက်ရည်းလေး တန်ခိုးတက်အောင် ကူညီပေးလိုက်နိုင်တယ်။ အရေးအကြီးဆုံး အချက်က ကျွယ်ချင်းရဲ့စာအုပ်ကို သူမ ရလိုက်တာပဲ။
သက်ရှိ ဖန်ဆင်းခြင်းတဲ့လား…။ ဒီလောကကြီးထဲမှာ သက်ရှိများကို ထူးခြားသော နည်းလမ်းနဲ့ ဖန်ဆင်းနိုင်လို့လား။
ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းများကို အနည်းငယ် မှေးစဉ်းလိုက်တယ်။ သူမရဲ့မျက်ဝန်းများမှာ ပြင်းထန်သော စိတ်ဝင်စားမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။ အခုတော့ ဒီအကြောင်းအရာကို သူမ အရမ်း စိတ်ဝင်စားနေတယ်။
Chapter-609
End
အပိုင်း(၆၁၀)
သမားတော် ပြိုင်ပွဲ (၁)
နန်းတော်အပြင်ဘက်… ပေအန်တောင်ရဲ့ တခြားတစ်ဖက်…။ သူမတို့တွေ ဒီနေရာကို ရောက်လာခဲ့မယ်လို့ ယွမ်လော့ဖုန်းကိုယ်တိုင်တောင် မထင်ထားခဲ့မိဘူး။
ဒီနန်းတော်မှ ထွက်ခွာလာပြီးနောက်…သူမလည်း မျက်ခုံးပင့်ကာ စကားဆိုလိုက်တယ်။
“တော်တော်ကြာသွားခဲ့တာပဲ… ငါတို့တွေ ဒီနေရာမှာ တစ်နှစ်လောက် နေထိုင်ခဲ့ရတယ်… အခုတော့ ဟွမ်ချွမ်မြို့ကို ပြန်မယ်…ပြီးရင် အိမ်တော်ကို ပြန်မယ်”
…..
ချန်းမိသားစုရဲ့ ချယ်ရီမြိုင်အတွင်းကြည်နူးဖွယ် တေးသွား မြည်းဟည်းနေခဲ့တယ်။ထိုစဉ် အမျိုးသားလေးက ဗျတ်စောင်းတီးခြင်းမှာ နှစ်မျောနေခဲ့ပြီး သူ့အရှေ့ကို အဖြူရောင် အရိပ်လေး ရောက်လာတာကို ရုတ်ခြည်း သတိထားလိုက်မိတယ်။
ယွမ်လော့ဖုန်းလည်း သူမရှေ့ကလူကို တိတ်ဆိတ်စွာ ငေးကြည့်လိုက်တယ်။ သူ့ဆံနွယ်များက နှင်းတမျှ အဖြူရောင် ဖြစ်နေသော်လည်း အရင်ကထက် ပိုကျန်းမာလာသလိုပါပဲ။ သူ့ခန့်ညားချောမောသော မျက်နှာက အရင်လို ဖြူစုပ်မနေတော့ဘူး။
တစ်စုံတစ်ရာ ထူးဆန်းနေတယ်လို့ ခံစားမိတာကြောင့် ဗျတ်စောင်းတီးခြင်းကို ရပ်တန့်လိုက်ပြီး ယွမ်လော့ဖုန်းကို မြင်ရန် ခေါင်းကိုမော့လိုက်တယ်။ ခဏတော့ တွေတွေဝေဝေ ဖြစ်သွားသော်လည်း သူ့မျက်ဝန်းမှာ စိတ်လှုပ်ရှားမှုာ ရိပ်ခြည်းများ ပျံဝဲနေခဲ့တယ်။
“မင်… ပြန်လာတယ်လား”
သူမ ထွက်သွားခဲ့တာ တစ်နှစ်ကြာခဲ့ပြီ။
ဒီနှစ်တွေမှာ သူမ ဘယ်ရောက်နေလဲ ရှာဖို့ လက်အောက်ငယ်သား မရေမတွက်နိုင်အောင် လွှတ်ပေးခဲ့တယ်။ ဒါပေမဲ့ သူတို့အားလုံး သဲလွန်စ ရှာမရဘူး။ မတော်တဆမှုကြောင့် သူမ သေဆုံးသွားပြီလို့ ထျန်းရာကို အကြောင်းကြားဖို့ ပြင်ဆင်ထားပြီးမှ သူမက ရုတ်တရက် ပြန်ရောက်လာခဲ့တယ်။
“လုပ်စရာ ကိစ္စ ရှိနေလို့ ပြန်လာတာ နောက်ကျသွားခဲ့တယ်… ငါ မသွားခင် ရှင် ဘာများစီစဉ်ထားလဲ အကဲခတ်ရအောင် ဒီကိုလာခဲ့တာ…. ကြည့်ရတာတော့ ရှင် လုံးဝ ပျောက်သွားပြီ ထင်တယ်”
ကောင်မလေးရဲ့ ချောမောသော မျက်နှာကို ငေးကြည့်ရင်း ချန်းယွီချင်းလည်း သိမ်မွေ့စွာ ပြုံးလိုက်တယ်။ ဒါပေမဲ့ သူ့အသံက ဝမ်းနည်းနေပုံပါပဲ။
“မင်း ထွက်သွားပြီးရင် ဘယ်အချိန်များမှာ တို့တွေ ပြန်ဆုံနိုင်မလဲ”
“အခွင့်ကြုံရင်တော့ ပြန်တွေ့ရမှာပေါ့”
အခွင့်ကြုံမှ ပြန်တွေ့ရမယ်…။
ချန်းယွီချင်းရဲ့မျက်ဝန်းများက အလင်းရောင် တောက်ပသွားပြီး တခစ်ခစ် ရယ်မောတော့တယ်။
“ဟုတ်ပါတယ်… အခွင့်ကြုံမှပေါ့… နောင်အနာဂတ်မှာ ပြန်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်”
“ကျမ သွားတော့မယ်… ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ”
ချန်းယွီချင်းကို ကြည့်ရင်း ကျောခိုင်းလိုက်တယ်။ တွေဝေခြင်းမရှိ… ယွမ်လော့ဖုန်းလည်း ချန်းမိသားစုရဲ့ တံခါးပေါက်ရှိရာ လျှောက်လှမ်းသွားလိုက်တယ်။ ထိုစဉ် သူမနောက်ကို လိုက်ပါလာတဲ့ သူ့အကြည့်ကို ခံစားလို့ ရတယ်။
“ဆရာ”
လင်းလောပိုင်က သူ့ကို တံခါးပေါက်မှာ စောင့်နေခဲ့ပြီး သူမကို တွေ့တော့ အလျင်စလို ပြေးလာတာပေါ့။
“တပည့်တို့တွေ အခု သွားတော့မလား”
ယွမ်လော့ဖုန်းလည်း ခေါင်းခါလိုက်တယ်။
“မဟုတ်ဘူး… အရင်ဆုံး ငှက်ဆိုးကြီးဂိုဏ်းကို သွားမယ်…. ငှက်ဆိုးကြီးဂိုဏ်းက လူတွေကို နှုတ်ဆက်စကားပြောပြီးမှ ဒီနေရာက ထွက်သွားကြမယ်”
……
ငှက်ဆိုးကြီးဂိုဏ်း… ယွမ်လော့ဖုန်း တစ်နှစ်လောက် ပျောက်သွားလို့ ထင်ပါတယ်… ဂိုဏ်းသား အားလုံး ပျင်းရိငြီးငွေ့နေပြီး အာဏာ တိုးချဲ့ဖို့လဲ စိတ်မဝင်စားကြဘူး။
ထိုစဉ် ငှက်ဆိုးကြီး ဂိုဏ်း တံခါးပေါက်မှာ တပည့်တစ်ယောက်က… ယွမ်လော့ဖုန်း လာတာကို လှမ်းမြင်လိုက်တော့… သူ့မျက်ဝန်းများက အရောင်တောက်သွားခဲ့တယ်။
“သခင်… သခင်… ပြန်လာပြီ”
“ဘာ…သခင် ပြန်လာပြီ”
ထိုစဉ် ငှက်ဆိုးကြီးဂိုဏ်းတစ်ခုလုံး အုတ်အုတ်သဲသဲ ဖြစ်သွားခဲ့ပြီ။တပည့်အားလုံးက ဒီသတင်းကို စိတ်လှုပ်ရှားစွာ ဖြန့်ဝေနေခဲ့တယ်။ သိပ်မကြာခင်မှာဘဲ ဒီသတင်းက ဂိုဏ်းတစ်ခုလုံး ပျံ့နှံ့သွားခဲ့တယ်။
အစကတော့ ယွမ်လော့ဖုန်းကို အညံ့ခံဖို့ ရည်ရွယ်ချက် မရှိခဲ့သော်လည်း ယွမ်လော့ဖုန်းရဲ့အရည်အချင်းကိုတော့ အသိအမှတ်ပြုမိပါတယ်။ သူမက ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ကို ဖျက်စီးပစ်နိုင်တဲ့ အရည်အချင်းရှိတယ်လေ။
ငှက်ဆိုးကြီးဂိုဏ်းတစ်ခုလုံးမှာ သူမရဲ့ဂုဏ်သတင်းကမုရုန်ပေထက် ကျော်လွန်ခဲ့တယ်။
Chapter-610
End
Bạn đang đọc truyện trên: Truyen247.Pro