Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

599-601 (U)

ယွမ်လော့ဖုန်း
သရဲဘုရင်
599+600+601

အပိုင်း(၅၉၉)
ကောင်းကင်ဘုံ သိုင်းစံအိမ်တော် ပျက်စီးခြင်း(၃)

တန်ယွဲ့လည်း မြေကြီးပေါ် လဲကျသွားရပြီ။ ချန်းယွီချင်းကို သူမ တစ်သက် လက်မထပ်နိုင်တော့ဘူးဆိုတာ သိနေခဲ့တယ်။ ဒါပေမဲ့ သူမ မပိုင်ဆိုင်ရရင်တောင် ယွမ်လော့ဖုန်းကို ပိုင်ဆိုင်ခွင့် မပေးနိုင်ဘူး။

“ဆရာ… တပည့်က ယွမ်လော့ဖုန်းလို မဟုတ်ရပါဘူး။ ဒီမိန်းမက နှလုံးသားရော် ခန္ဓာကိုယ်ရော် ညစ်ပတ်တယ်၊ တပည့်ရဲ့ခန္ဓာကိုယ်က စွန်းထင်နေလဲ နှလုံးသားက ဖြူစင် သန့်ရှင်းပါတယ်၊ သခင်ချန်းက သူမ ဖြားယောင်းလို့ရတာ ကန်းနေလို့ ဖြစ်မယ်”

ချယ်ရီတောမှာ ဘာဖြစ်ခဲ့လဲ တန်ယွဲ့ တွေးမိတိုင်း သူမရဲ့နှလုံးကို ပုရွတ်ဆိတ်များ တဆစ်ဆစ် ကိုက်နေသလို ခံစားရတယ်။ သူမ ဒီနာကျင်မှုကို သည်းမခံနိုင်ဘူး။

“ယွဲ့အာ”

ချန်းထျန်းရဲ့မျက်နှာထား ပြောင်းလဲသွားခဲ့ပြီ။ တန်ယွဲ့က ယွမ်လော့ဖုန်းကို ဘယ်လိုပဲ အရှက်ခွဲ စော်ကားပါစေ ကိစ္စ မရှိဘူး။ သူ့တို့သခင်ကို ကန်းနေတယ်လို့တော့ မပြောသင့်ဘူး။ သခင်သာ ဒီအကြောင်းကို ကြားခဲ့ရင်တော့…

သူ့ဆုံးဖြတ်ချက် မချနိုင်ခင် သူ့ကို အဆုံးအစမဲ့သော အသူရာချောက်နက်ထဲသို့ ကျသွားအောင် တုန်လှုပ်စေတဲ့ အသံတစ်သံ မြည်လာခဲ့တယ်။

“အားတော့နာပါတယ်… ငါ့မျက်လုံးတွေက အကောင်းပါ၊ ဒါကြောင့် မင်း ငါ့ကို ဖြားယောင်ဖို့ ကြိုးစားတဲ့နေ့က မောင်းထုတ်ခဲ့တာပါ”

ထိုလူရဲ့အသံက အရင်လို နူးညံ့သိမ့်မွေ့နေခဲ့သော်လည်း မျက်ဝန်းများကတော့ အဖက်မတန်ဟန်ပါပဲ။ နေရောင်အောက်မှယ သူက သူတို့အနား ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့တယ်။ သူက နယ်နှင်ဒဏ်ပေးခံရသော ထာဝရ ရှင်သန်သူ တစ်ယောက်လို ချောမောခန့်ညားပြီး သူ့လှုပ်ရှားမှုတိုင်းက အရမ်းကို ဆွဲဆောင်မှု ရှိလှပါတယ်။

တန်ယွဲ့လည်း သူ့ကို မခွာစတမ်းကြည့်နေခဲ့ပြီး သူမ မျက်ဝန်းမှာ ပိုင်ဆိုင်ချင်စိတ်များ ပြည့်နှက်နေခဲ့တယ်။ သူက အကြင်နာ ကင်းမဲ့သော ယောကျ်ားတစ်ယောက် ဖြစ်နေသော်လည်း သူမဘက်က သူ့ကို မမေ့နိုင်သေးဘူး။

အစမှ အဆုံးအထိ သူက တန်ယွဲ့ကို လုံးဝ မကြည့်ခဲ့ဘူး။ ဒါပေမဲ့လည်း ယွမ်လော့ဖုန်း အနားကိုတော့ သွားကာ စိုးရမ်စွာ မေးရှာတယ်။
“မင်း နေကောင်းရဲ့လား၊ အဆင်ပြေရဲ့လား”

ယွမ်လော့ဖုန်းလည်း ထေ့ငေါ့လိုက်တယ်။
“ဒီကိစ္စကို ဝင်မရှုပ်ဖို့ ရှင့်ကို ပြောထားပါတယ်၊ ဒါပေမဲ့ ရှင်တို့ ချန်းမိသားစုထဲက တစ်ယောက်က ကောင်းကင်ဘုံသိုင်းစံအိမ်တော်ဘက်မှ ရပ်တည်ဖို့ ကြိုးစားနေတယ်”

အမျိုးသားလေးလည်း မျက်မှောင်ကြုတ်လိုက်တယ်။
“ဒါက ငါ့အမှားပါ၊ ငါ သူတို့ကို စည်းမျဉ်းစည်းကမ်း သေချာမချမှတ်ထားလို့ပါ၊ ငါ့ကို ယုံကြည်ပေးလိုက်၊ ငါ မင်းကို ဖြေရှင်းချက်ပေးမယ်”

ထိုအမျိုးသားလေး ရောက်ရှိလာခြင်းက လေးထောင့်မြေကွက်လပ်ရှိ လူအားလုံးကို တိတ်ဆိတ်သွားစေတယ်။ အားလုံး အံ့သြတုန်လှုပ်နေရတာက ချန်းယွီချင်းကို ယွမ်လော့ဖုန်းက ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလို့ပါ။ သခင်ချန်းကလည်း ဒီမိန်းကလေးကို တခြားသောသူများနဲ့ မတူခြားနားစွာ ဆက်ဆံနေရလဲ။

“သခင်”
ချန်းထျန်းလည်း သူ့နှလုံးသားထဲမှ ဒေါသစိတ်များကို ဖိနှိပ်လိုက်ပြီး
“ယွမ်လော့ဖုန်းက သခင့်ကို ဘယ်လိုများပြုစားထားလဲတော့ မသိဘူး သူမကို ဒီလိုမျိုး လိုက်လျော အကြိုက်ဆောင်ထားရလား၊ ဒါပေမဲ့ ချန်းမိသားစု ဘေးကင်းဖို့ တစ်ခုတော့ ပြောပါရစေ…အိပ်မက်က နိုးထလိုက်ပါတော့ ဒီအမျိုးသမီးရဲ့ ထောက်ချောက်ထဲ မကျဆင်းပါနဲ့”

ချန်းယွီချင်းလည်း သူ့ကို သိမ်မွေ့စွာ ကြည့်လိုက်တယ်။
“ချန်းထျန်း ငါ ဘာကို အမုန်းဆုံးလဲ မင်းသိလား”

ချန်းထျန်းရဲ့နှလုံးသားမှာ ရုတ်ခြည်း ခိုက်ခိုက်တုန်သွားရတယ်။ သခင်ဘာမုန်းလဲဆိုတာ သူ သေချာပေါက် သိတာပေါ့။ သူ့လက်အောက်ငယ်သားက တာဝန်ထက် ကျော်လွန်ပြီး သူ့ကိစ္စကို ဝင်ရှုပ်တာ မကြိုက်ဆုံးပါပဲ။

“ဒါပေမဲ့ သခင်… ကျွန်တော်က သခင်ကောင်းဖို့ လုပ်ရတာပါ၊ အရင်က ဘာဖြစ်ခဲ့လဲ မေ့နေပြီလား”

သခင်က တခြားသူများရဲ့ အကြံဉာဏ်ကို နားမထောင်ခဲ့တာကြောင့် ချန်းမိသားစုမှာ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတယ်။

ချန်းယွီချင်းလည်း နောက်ကြောင်း ပြန်တွေးရင်း ပြောလိုက်တယ်။
“ယွမ်လော့ဖုန်းက အဲ့မိန်းမနဲ့ ခြားနားတယ်”

“သူတို့နှစ်ယောက်ကြား ဘာများခြားနားလို့လဲ သူမလည်း မိန်းမပျက်ပါပဲ၊ သူမက ယောကျ်ားပေါင်းစုံကို ဖြားယောင်သွေးဆောင်ခဲ့လို့ ကလေးရှိနေပြီ၊ ဟိုနေ့က သူမနဲ့ ချယ်ရီတောမှာ သခင်တို့ ချစ်ကြိုးသွယ်ခဲ့တယ်မလား၊ ချန်းမိသားစုဝင် တစ်ယောက်အနေနဲ့ နောက်ထပ် အမှားတစ်ခုကု ဒီအတိုင်း လက်ပိုက် မကြည့်နိုင်ဘူး”

ချန်းထျန်းပြောလိုက်တဲ့ စကားများကို နားထောင်ပြီးနောက် ယွမ်လော့ဖုန်းလည်း သူမနောက်မှ သစ်ပင်ကို ပျင်းရိလေးတွဲစွာ မှီလိုက်ပြီး လက်ပိုက်က စောင့်ကြည့်နေလိုက်တယ်။ သူမရဲ့နှုတ်ခမ်းသားပေါ်မှာ မာယာများသော အပြုံးလေး တွဲလဲခိုနေခဲ့တာပေါ့။

ချန်းယွီချင်းရဲ့မျက်ဝန်းများက ပိုပို အေးစက်လာပြီး အေးစက်စွာ မေးလိုက်တယ်။
“ငါနဲ့ သူမ ချယ်ရီတောမှာ ချစ်ကြိုးသွယ်ခဲ့တယ်လို့ မင်းထင်နေတာ သက်သေများရှိလား၊ ဘာကိုများကြည့်ပြီး ပြောရလဲ”

Chapter-599
End

အပိုင်း(၆၀၀)
ကောင်းကင်ဘုံသိုင်းစံအိမ်တော်ကို ဖျက်စီးခြင်း (၄)

"သခင်...ကျွန်တော်တို့ကို ဘာလို့ ဖုံးကွယ်နေရလဲ….အဲ့ဒီနေ့က သခင်နဲ့ သူမ ချယ်ရီတောထဲမှာ နှစ်ယောက်တည်း အတူရှိနေခဲ့တာလေ၊ အပြင်မှာ အရိပ်သက်တော်စောင့် စောင့်ကြပ်နေပြီး ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးခဲ့ဘူး၊ သခင်နဲ့ ဒီမိန်းကလေးတို့ မသင့်တင့် မလျောက်ပတ်တာ လုပ်ဆောင်နေလို့မလား"

ဆိုးသွမ်သော ကလေးတစ်ယောက်ကို ဆုံးမနေသော မိဘကဲ့သို့ ချန်းထျန်းက ပြစ်တင်ပြောဆိုနေခဲ့တယ်။

"သြော်..."
ချန်းယွီချင်းလည်း သရော်လိုက်တယ်။
"ငါက သူမနဲ့ မသင့်လျော်တဲ့တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့တယ်လို့ မင်းပြောချင်တာ ဟုတ်လား၊ ဘာလို့ ငါကိုယ်တိုင်က ဒီအကြောင်းကို မသိရလဲ၊ ချန်းထျန်း...မင်းကို ငါ စိတ်ပျက်မိတယ်"
သူလည်း ခဏရပ်တန့်လိုက်ပြီး ဆက်လက်ပြောလိုက်တယ်။

"ငါ့ဘက်က သူမ ဖြားယောင်ဖို့ ဆုတောင်းနေခဲ့မိတာ၊ဒါပေမဲ့ သူမက လက်ထပ်ပြီး ကလေးရှိနေခဲ့ပြီ၊ ဒါကြောင့် ငါ့ဆန္ဒက ဘယ်တော့မှ မဖြစ်မြောက်နိုင်တော့ဘူး"

"ဘယ်လို...ဘယ်လို"
ချန်းထျန်းလည်း တုန်လှုပ်ခြောက်ခြားစွာ စူးစူးရဲရဲ ကြည့်လိုက်တယ်။
"ဒီမိန်းကလေးက လက်ထပ်ပြီး ကလေးယူထားတာလား၊ တန်ယွဲ့ပြောတော့ ကလေးက တရားမဝင် ကလေးဆို၊ အဖေမရှိဘူးဆို"

တန်ယွဲ့ မင်း ငါ့ကို ဘယ်လောက်တောင်များ လိမ်လည်ထားသလဲ။

"မဖြစ်နိုင်ပါဘူး"
တန်ယွဲ့လည်း ဦးခေါင်းကို အကြမ်းပတမ်း အတင်းခါရမ်းနေခဲ့တယ်။

"ယွမ်လော့ဖုန်း လက်မထပ်ရသေးဘူး၊ သူ့ကလေးက မိမစစ် ဖမစစ် ကလေး"

ချန်းယွီချင်းလည်း တန်ယွဲ့ကို အေးတိအေးစက် ကြည့်လိုက်တယ်။ သူ့အကြည့်ကြောင့် သူမမှာ ဓားနဲ့ အကြိမ်ကြိမ် အထိုးခံရသလို ခံစားရပြီး နာကျင်လာရတယ်။

"ငါ လိမ်နေတယ်လို့ ပြောချင်တာလား"
သူ့အသံက အရင်လို မနူးညံ့တော့ဘဲ အေးစက်နေခဲ့တယ်။

တန်ယွဲ့လည်း သူမရဲ့နှုတ်ခမ်းကို အတင်းအကျပ် ဖိကိုက်ရင်း ဘာစကားမှ မပြောမိအောင် ထိန်းချုပ်ထားခဲ့တယ်။ ယွမ်လော့ဖုန်းကို စိန်းစိန်းဝါးဝါး ကြည့်နေခဲ့တယ်။ သူမရဲ့ မျက်ဝန်းများက လူသတ်နိုင်ခဲ့မယ်ဆိုရင် ယွမ်လော့ဖုန်းကို အကြိမ်တစ်သန်းမက သတ်ခဲ့ပြီးတာ ကြာပေါ့။

"တန်ယွဲ့"
ဒေါသတကြီး လှည့်ကြည့်ရင်း ချန်းထျန်းလည်း တန်ယွဲ့ကို ခပ်ကြမ်းကြမ်း ပါးရိုက်ချလိုက်တယ်။ ထို့နောက် တန်ယွဲ့ကို ခက်ထန်ကြမ်းကြုတ်စွာ အော်ဟစ်လိုက်တယ်။
"မင်း ငါ့ကို လိမ်လည်ရဲတယ်"

တန်ယွဲ့လည်း နီရဲဖောင်းပွသွားသော ပါးပြင်ကို လက်ဖြင့် အုပ်လိုက်တယ်။ လူတစ်ယောက်ကို သေစေနိုင်လောက်တဲ့အထိ ပြင်းထန်သော အငြိုးမျက်ဝန်းများက ပိုသိသားထင်ရှားလာခဲ့ပြီး ယွမ်လော့ဖုန်းကို မကျေမချမ်း ကြည့်နေခဲ့တယ်။

"သခင် သူမက လက်ထပ်ပြီး ကလေးယူထားလားတော့ အတိအကျ မသိခဲ့ပါဘူး၊ ချယ်ရီတောမှာ သခင်တို့နှစ်ယောက်ကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရလို့ ပြောမိတာပါ...ဒါကြောင့်…"

ချယ်ရီတောက ကိစ္စကို ဖော်ချင်လို့ ချန်းထျန်းက တမင်ရည်ရွယ်ပြောနေခဲ့တာပါ။ သဘောကတော့ ချန်းယွီချင်းကို ဖြေရှင်းချက်ပေးစေချင်နေတာပါ။

"မင်း သိချင်လား"
ချန်းယွီချင်းရဲ့မျက်ဝန်းများ မတူမတန်ဟန်ရှိနေခဲ့ပြီး
"ကောင်းပြီလေ...ငါပြောပြရတာပေါ့၊ ယွမ်လော့ဖုန်းကို ငါ့ရောဂါ ကုသပေးဖို့ ဖိတ်ခေါ်ခဲ့တာ၊ ချန်းမိသားစုကိုလာခဲ့ဖို့ ဖိတ်ကြားခဲ့တာ ငါကိုယ်တိုင်ပဲ"

ချန်းထျန်းလည်း မှင်တက်သွားပြီး မယုံကြည်နိုင်စွာ မေးလိုက်တယ်။
"သခင် ပြောချင်တာ သူမက သမားတော်မလို့ ဆေးကုသပေးဖို့ ပင့်ဖိတ်လိုက်တာပေါ့ ဟုတ်လား၊ မဖြစ်နိုင်ပါဘူး...ဒီမိန်းကလေးမှာ ဆေးပညာအရည်အချင်း ရှိပါ့မလား"

"ဟုတ်ပါတယ် သူမမှာ ဆေးပညာကျွမ်းကျင်မှု မရှိရင် ထျန်းရာက သူမ တပည့်အဖြစ်ခံယူပါ့မလား"

ချန်းယွီချင်းလည်း မဲ့ရွဲပြုံးလိုက်တယ်။

သူမမှာ ဆေးပညာအရည်အချင်းမရှိနိုင်ဘူးလို့ မင်းပြောခဲ့တယ်မလား။ သူမမှာ ဆေးပညာကျွမ်းကျင်မှု မရှိရင် ထျန်းရာက သူမရဲ့တပည့်ဖြစ်ဖို့ စိတ်အားထက်သန်နေပါ့မလား။

ချန်းထျန်းမှာ လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားရပြီ။ သခင်က ဘယ်သောအခါမှ လိမ်ညာမပြောခဲ့ဘူး။ ဒါကြောင့် သခင်ပြောတာ မှန်သမျှက အမှန်တရား ဖြစ်နိုင်တယ်။ ဒါဆို သူ့ရှေ့က ကောင်မလေးက ထျန်းရာရဲ့ ဆရာလား။

ဟွမ်ချွမ်မြို့တော်က ချန်းမိသားစု ကိုယ်တိုင်တောင် ထျန်းရာကို သိနေတာကြောင့် သူ့ကို အရမ်းကျော်ကြားမှန်း သိလိုက်ရတယ်။

"ဘာကြောင့်လဲ"
တန်ယွဲ့ရဲ့ခန္ဓာကိုယ်က တုန်ရီနေပြီး သူမရဲ့မျက်ဝန်းများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့တယ်။
"ငါ့ဝမ်းကွဲအစ်ကိုတော်ပြောတော့ ဒီလို မဟုတ်ပါဘူး၊ ယွမ်လော့ဖုန်းက ထျန်းရာကို ဖြားယောင်သွေးဆောင်ခဲ့တယ်လို့ ပြောတာပါ၊ဒါကြောင့် ထျန်းရာက ထျန်းမိသားစုကို ဖျက်စီးဖို့ ကူညီပေးခဲ့တာတဲ့"

"ခိုးခိုးခစ်ခစ် ရယ်မောသံ"
လင်းလောပိုင်မှာ ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။
"ငါ့တို့ဆရာက နင့်ကို ကိုယ့်ဦးနှောက်ကိုယ်သုံးဖို့ ပြောပါတယ်၊ ကိုယ့်ဘာသာ အထင်ကြီး မနေသင့်ဘူး၊ သူများ ပြောသမျှကို လိုက်ယုံကြည်နေတော့ အခွင့်ကောင်းအယူခံရပြီး အမှိုက်တစ်စလို စွန့်ပစ်ခံရတာပေါ့၊ ဒါတောင် နင်က ထျန်းယွီအတွက် ကာကွယ်ပေးနေသေးတယ်၊နင် အရမ်းကို တုံးအလွန်းတယ်"

Chapter-600
End

အပိုင်း(၆၀၁)
ကောင်းကင်ဘုံသိုင်းစံအိမ်တော်ကို
ဖျက်စီးခြင်း (၅)

တန်ယွဲ့ရဲ့ခန္ဓာကိုယ်က ပို၍တိုးလို့သာ တုန်ရီလာရတယ်။ သူမလည်း မြေကြီးပေါ်မှ ကုန်းရုန်းထနိုင်ဖို့ ကြိုးစားသော်လည်း နောက်ထပ်တစ်ကြိမ် မြေကြီးပေါ် မှောက်ရက်သား လဲကျသွားပြန်တယ်။

ယွမ်လော့ဖုန်းလည်း ဦးခေါင်းကို ချန်းယွီချင်းဘက် လှည့်ကာ မေးလိုက်တယ်။

"ရှင်ကို လုပ်ဆောင်ခိုင်းထားတဲ့ ကိစ္စ ပြီးပြီလား"

"မင်းပြောထားသလိုပါပဲ၊ တန်ထျန်းယွီက အပြင်ဘက်မှာ အခြေအနေကို စူးစမ်းနေတယ်၊ အခြေအနေမကောင်းရင် ထွက်သွားနိုင်ဖို့ အသင့်ပြင်ထားတယ်၊ ဒါပေမဲ့ ငါ့မှာ သူ့ကိုဖမ်းဆီးထားဖို့ အရိပ်သက်တော်စောင့်တွေ ရှိပါတယ်"

ချန်းယွီချင်းလည်း ခပ်တိုးတိုး အမိန့်ပေးလိုက်တယ်။

"အစောင့်တွေ...ထျန်းယွီကို ခေါ်လာခဲ့"

ဗိုင်း…

ခဏလေးအတွင်းမှာ အရိပ်သက်တော်စောင့်က ထျန်းယွီကို

ခေါ်ဆောင်လာပြီး မြေကြီးပေါ်ကို ပစ်ချလိုက်ကာ ချန်းယွီချင်းအနားကို လျှောက်လှမ်းလာခဲ့တယ်။

"ထျန်းမိသားစုမှာ နောက်ဆုံးကျန်ရှိတဲ့ မိသားစုဝင်ပဲ"

ယွမ်လော့ဖုန်းလည်း မျက်ဝန်းကိုမှေးကျဉ်းရင်း မာယာများသော အပြုံးလေးကို ပုံဖော်လိုက်တယ်။

"အခုတော့နင့်မိသားစုနဲ့ ပြန်လည် ဆုံစည်းနိုငိဖို့ အကြောင်းဖန်ပေးရတာပေါ့"

တန်ထျန်းယွီလည်း ယွမ်လော့ဖုန်းကိုစိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။

"ယွမ်လော့ဖုန်း...နင်က မကောင်းမှု အကုသိုလ် အများကြီးကို ကျူးလွန်ခဲ့ပြီး ရက်စက်ယုတ်မာခဲ့တယ်၊ နင့်ကို ဘုရားရှင်နဲ့ နတ်ဘုရားတွေက အပြစ်ပေးလိမ့်မယ်၊ နင်က မိုးကြိုးပစ်ခံရပြီး စက်ဆုပ်ဖွယ်ကောင်းလောက်အောင် သေဆုံးမှာ"

"လူတော်တော်များများက ငါ့ကို ဒီလိုပြောဖူးပါတယ်၊ နင်က အဲ့ဒီထဲက တစ်စုံတစ်ယောက်ပေါ့ရှင်၊ ဘာများ ထူးဆန်းနေမှာမို့လဲ"

ယွမ်လော့ဖုန်းလည်း နှုတ်ခမ်းထောင့်များကို မြှင့်တင်လိုက်ပြီ

"နင့်ကို ငါ မရှာနိုင်တဲ့ နေရာမျိုးပုန်းအောင်းနေခဲ့ရင် ငါရှာတွေ့ခဲ့မှာ မဟုတ်ဘူး၊ နင့်ကိုယ်တိုင် ငါ့ရှေ့ အရောက်လာခဲ့တာ နင့်အပြစ်ပဲ"

သူမလည်း တန်ထျန်းယွီအနား ဖြည်းဖြည်းချင်း တိုးကပ်လိုက်တယ်။

"ငါက မိန်းကလေးတစ်ယောက်ကို အပျော်စံအိမ်တော် အတင်းအကျပ်ပို့တယ်လို့ နင် သတင်းလွှင့်လိုက်တာလား၊ ငါ့ကို သိက္ခာချဖို့ ရက်စက်ယုတ်မာတဲ့ စကားမျိုး ပြောရဲတယ်"

"ငါက အမှန်ကို ပြောတာလေ"

အခုအချိန်အထိ တန်ထျန်းယွီက အမှားကို ဝန်မခံသေးဘူး။

ယွမ်လော့ဖုန်းမှာ အရမ်းကို ဒေါသထွက်လွန်းလို့ ဟားတိုက်ရယ်မောလိုက်တယ်။

"နင်တို့ထျန်းမိသားစုက ကျူံလင်းအာကို ပါရမီ အားနည်းမယ် ထင်ခဲ့လို့ မောင်းထုတ်ခဲ့တယ်၊ ငါ လေ့ကျင့်ပျိုးထောင်ပေးလို့ အစွမ်းထက်သူ ဖြစ်လာတော့ငါ့လက်ထဲက အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားပြန်တယ်၊ အခုအထိ ကျူံးလင်းအာကို အပျော်စံအိမ်တော်ပို့တယ်လို့ ပြောရဲသေးတယ်"

တန်ထျန်းယွီရဲ့မျက်နှာထား အနည်းငယ်ပြောင်းလဲသွားပြီး ဖြူဖျော့သွားခဲ့တယ်။

"နင်တို့ ခေါ်သွားလည်း ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ နင်တို့က သူမကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့တယ်၊ ငါ့သာ အချိန်မှီ ရောက်မလာခဲ့ရင် သူမ သေတာကြာပေါ့၊ ထျန်းမိသားစု ပျက်သုန်းအောင် လုပ်သင့်လား မလုပ်သင့်လား ချက်ချင်း ဖြေစမ်းပါ"

"မင်း လိမ်ညာနေတာ၊ အပြစ်တင်ထိုက်သူက နင်ပဲ၊ ထျန်းမိသားစုက ဘာအမှားမှ မလုပ်ခဲ့ဘူး"

"တကယ် ဟုတ်လို့လား"

ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။

"ဒါဆို ရှင် ကျိန်ပြောရဲလား"

ထျန်းယွီက သူမကို အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖျတ်ခနဲကြည့်လိုက်တယ်။ဒီမိန်းမက နတ်ဘုရား ဒဏ်ခတ်ခြင်းကို ယုံကြည်နေတာလား၊ကျမ်းသစ္စာတွေသာ အလုပ်ဖြစ်ရင် ဒီလောကကြီးထဲမှာ အလိမ်အညာဆိုတာ ရှိမလာနိုင်တော့ဘူး"

ဒီအချက်ကိုတွေးမိတော့ တန်ထျန်းယွီလည်း စိတ်အေးသွားပြီး ကျိန်ဆိုခြင်း အမှုကို စတင်လိုက်ပါတယ်။

"ဤအကြောင်းကြောင့် ကျွန်ုပ် ကျိန်ဆိုပါတယ်၊ ကျွန်ုပ်ပြောသမျှ စကားလုံးတိုင်းက မှန်ကန်ပါတယ်၊ အမှားတစ်စုံတစ်ရာ ပါဝင်ခဲ့ရင် နတ်ဘုရားများ အပြစ်ပေးပြီး မိုးကြိုးပစ်ခံရပါစေ"

ဝုန်း….

ရုတ်ခြည်း ကောင်းကင်ယံက မည်းမှောင်လာပြီး လျှပ်စီးများ တဖျတ်ဖျတ်လက်ကာ မိုးခြိမ်းသံများ မြည်းဟည်းလာခဲ့တယ်။ မိုးကြိုးလှိုင်းက သူ့အပေါ် ကျရောက်ခဲ့ပြန်တော့...။

တန်ထျန်းယွီသာ အချိန်မှီလေး မရှောင်ရှားနိုင်ခဲ့ရင် မိုးကြိုးပစ်ခံရလို့ ခန္ဓာကိုယ် နှစ်ပိုင်း ပိုင်းလောက်ပါပြီ။

ထျန်းယွီမှာ ကြောက်လန့်လွန်းလို့ အသားတဆတ်ဆတ် တုန်ရီနေခဲ့တယ်။

မဖြစ်နိုင်ပါဘူး။ ဒီလောကကြီးထဲမှာ နတ်ဘုရား ရှိလို့လား။ဒါ မဖြစ်နိုင်ဘူး။

"ဒါ...ဒါ… တိုက်ဆိုင်တာ ဖြစ်မယ်၊ ငါ နောက်ထပ်တစ်ကြိမ် ကျိန်ဆိုမယ်၊ ငါပြောတာ အမှားပါခဲ့ရင် ငါ့ခန္ဓာကိုယ် မီးလောင်ကျွမ်းပါစေ"

သူ့ဘက်က ဒီစကားပြောပြီး မကြာမီမှာပဲ သူ့ခန္ဓာကိုယ်အောက်ခြေမှ အစိမ်းရောင်မီးတောက်များ ပေါ်ထွက်လာပြီး သူ့ကို ပတ်ချာလည် ဝိုင်းထားခဲ့တယ်။

"အား…"
စူးစူးဝါးဝါး အော်ငိုသံက အစိမ်းရောင် မီးတောက်များအလယ် ပေါ်ထွက်လာခဲ့ပြီး ထျန်းယွီရဲ့မျက်နှာကို မဲ့ရွဲ့သွားစေတယ်။ သူ့အသံက သြရှပြီး နာကျင်မှုများဖြင့်ပြည့်နှက်နေခဲ့တယ်။

"ရှင် နတ်ဘုရားပေးတဲ့ ပြစ်ဒဏ်မှ မလွတ်မြောက်နိုင်ပါဘူး၊ ရှင်ကျူးလွန်ထားတဲ့ မကောင်းမှုအတွက် ပြန်လည်ပေးဆပ်ရမယ်၊ နတ်ဘုရားများ မယုံမကြည် မလေးမစား ပြုမူလို့ ပြစ်ဒဏ်ပဲ"

မိန်းကလေးပြောလိုက်တဲ့ စကားက လူတိုင်းရဲ့နှလုံးသားကို ပြင်းပြင်းထန်ထန် ထိရှစေတယ်။ သူတို့အားလုံး ထျန်းယွီကို အထင်မြင်သေးစွာ ကြည့်လိုက်တယ်။ အားလုံးရဲ့ မျက်ဝန်းများမှာ စက်ဆုပ်ရွံရှားမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။

"အား…"

အက်ကွဲပြီး စူးရှသောအသံနဲ့ တန်ထျန်းယွီလည်း အသည်းအသန်း အနူးအညွှတ် တောင်းပန်တော့တယ်။

"ကျွန်တော် မှားပါတယ်...နတ်ဘုရားများကို အထင်အမြင် မသေးခဲ့သင့်ပါဘူး၊

မလိမ်ညာသင့်ပါဘူး၊ကျွန်တော် လိမ်ညာခဲ့မှန်း ဝန်ခံပါတယ်၊နတ်ဘုရား ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ"

Chapter-601

Bạn đang đọc truyện trên: Truyen247.Pro