Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

589-592(U)

ယွမ်လော့ဖုန်း
သရဲဘုရင်
589+590+591+592

အပိုင်း(၅၈၉)
တိုက်ပွဲ (၂)

အခု ဘာတွေများ ဖြစ်နေလဲလို့ ပြန်တွေးလိုက်တော့ တန်ယွဲ့မှာ ကြောက်လန့်တကြား ရုတ်တရက် စီခနဲ အော်လိုက်တယ်။
အား

သူမ ထျန်းယွီနဲ့ နှီးနှော ပတ်သက်ခဲ့မိတာလား။ပြီးတော့ သူမ ပျော်ရွှင်နေခဲ့လား။

ဒီ.ဒီမွာ ဘာဖြစ်နေတာလဲ
ထျန်းယွီလည်း ခေါင်းကုတ်ကာ မေးလိုက်တယ်။ ဒါပေမဲ့ စက္ကန့်ပိုင်းလောက်ကြာတော့ သူ့အတွေးထဲ ဘာဖြစ်ခဲ့လည်းဆိုတာ မျက်ဝါးထင်ထင် မြင်လာခဲ့တယ်။သူ့မျက်နှာက ဖြူဖျော့နေပြီး အိပ်ရာပေါ်မှ အလျင်အမြန် ကုန်းရုန်းထကာ တန်ယန်ရှေ့ ဒူးထောက်လိုက်တယ်။

ဘိုးဘိုး ကျွန်တော် လူမဆန်တဲ့ ကိစ္စမျိုး ဘာကြောင့် လုပ်ခဲ့မိလဲ မသိပါဘူးဗ်ာ၊ ကိုယ့်ဘာသာ မထိန်းချုပ်နိုင်ခဲ့လို့ပါ၊ ကျွန်တော်လေ ယွဲ့အာကို စော်ကားချင်တဲ့ စိတ်ဆန္ဒ မရွိခဲ့ပါဘူး

အယုတ်တမာကောင်

တန်ယွဲ့လည်း ခေါင်းအုံကို ဆတ္ခနဲ ဆွဲယူလိုက်ပြီး ထျန်းယွီကို ပစ်ပေါက်လိုက်ကာ မျက်ရည်များ ရွဲရွဲစိုအောင် ငိုယိုတော့တယ်။

ငါ နင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်၊ ဒါကို နင်က ငါ့ကို တိရိစာၦန်လို ပြုမူရဲတယ် တန်ထျန်းယွီ  နင် ငရဲကို သွားလိုက်တော့

ချန်းယွီချင်းက  ညစ်တေမှုကို ရွံရှာတယ်။ သူမသာ တခြားယောကျ်ားတစ်ယောက်နဲ့ အိပ်ခဲ့တာကို သိသွားရင် သူမကို ဘယ်တော့မှ လက်မခံတော့ဘူး သူမကို အရမ်းရွံသွားတော့မှာ။

တန်ယွဲ့ရဲ့ပြစ်တင်စကားများကို ကြိတ်မှိတ် သည်းခံရင်း စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ခမ်းကိုက်ကာ နှုတ်ဆိတ်နေလို်က်တယ်။

တော်သင့်ပြီ

တန်ယန်ရဲ့မျက်နှာက မည်းမှောင်သွားပြီး မကျေမနပ် အော်ချလိုက်တယ်။
အခု ဖြစ်ခဲ့တာတွေကို ဘာပြုပြင်နိုင်သေးလို့လဲ၊ လူအားလုံးကို သိစေချင်နေလား၊  ဒီပြင် ဒါက ထျန်းယွီရဲ့ အမွား မဟုတ္ဘူး ၊ နင်တို့တွေ ထောက်ချောက်ဆင်ခံရတာ

တန်ထျန်းယွီလည်း ကို့ယို့ကားရားနဲပ ကြမ်းပြင်ပေါ် လဲကျသွားခဲ့တယ်။ ဘယ်အချိန်က သူတို့တွေ ထောက်ချောက်ဆင်ခံရလဲ စဉ်းစားမရဘူး။

အဟင့်
တန်ယွဲ့လည်း ဝမ်းနည်းကြေကွဲစွာ ငိုကြွေးတော့တယ်။
ဘိုးဘိုးမြေး ဘာဆက်လုပ်ရတော့မလဲ၊ မြေးရဲ့ဘဝတော့ ရေစုန်မြောပါပြီ၊ သခင်ချန်းက သမီးကို မကြိုက်နိုင်တော့ဘူး အခု သူက မိန်းမယုတ် ယွမ်လော့ဖုန်းနဲ့ ချစ်ကြည်နူးနေတယ် ၊ မြေး အပျိုစင် ဘဝ ဆုံးရှုံးသွားတာ သိရင် မြေးကို လက်ထပ်မှာ မဟုတ္ဘူး

ဘယ်လိုပဲဖြစ်ဖြစ်က ဒီကုန်မြေစုမှာ လက်မထပ်ခင်တည်းက အပျိုစင်ဘဝကို ဆုံးရှုံးထားတဲ့အမျိုးသမီးကို မိန်းမပျက်လို့သာ မြင်ပြီး လူတိုင်းက ပစ်ပစ်ခါခါ ငြင်းဆန်ကြတယ်။ သူမက မသိစိတ်နဲ့ မှောက်မှားခဲ့ရင်တောင်ပေါ့။

တန်ယန်လည်း မျက်မှောင်ကြုတ်လိုက်ပြီး
သခင်ချန်းကို ဆွဲဆောင်နိုင်တယ်ဆိုတော့ ငါတို့တွေ ယွမ်လော့ဖုန်းကို လျော့တွက်ခဲ့မိပြီ၊ ယွဲ့အာ မြေးလေးရဲ့အပျိုစင်ဘဝ ဆုံးရှုံးသွားတာကို ဘယ်သူ့မှ မပြောနဲ့၊ အပျိုစင် အမှတ်အသား ပျောက်သွားတာကို ဘယ္သူမွ မသိစေနဲ့

တန်ယွဲ့လည်း နှုတ်ခမ်းကို ကိုက်လိုက်ရင်း အမုန်းများပြည့်နေသော မျက်ဝန်းဖြင့် မကျေမနပ် ကြည့်လိုက်တယ်။
ငါ့ကို ဘယ္သူ မကောင်းကြံလဲ သိလို့ကတာ့ အပိုင်းပိုင်းခုတ်ထစ် ပစ်မယ်

တန်ယွဲ့တစ်ယောက် ရက်ရက်စက်စက် ကြိမ်ဆဲနေစဉ် သူမကို မကောင်းကြံသူက ငှက်ဆိုးကြီး ဂိုဏ်း အပေါက်ဝကိုတောင် ရောက်နေပြီလေ။

ရှောင်ပိုင် နင် အခု ဘာတွေလုပ်လိုက်တာလဲ

လင်းလောပိုင်လည်း တံခါးဘောင်ကို ဖြတ်ကျော်လိုက်စဉ် သူမရဲ့ရှေကမှ စဉ်းလဲသော အသံကို ကြားလိုက်ရတယ်။

သူမလည်း မှင်တက်သွားပြီး ခေါင်းမော့ကာ သူမရဲ့ ကြီးမားတောက်ပသော မျက်ဝန်းများကို တဖျတ်ဖျတ်ခတ်လိုက်တယ်။
တပည့်က နို့လက်လက်ဖက်ရည်လေးနဲ့အတူတူ လမ်းလျှောက်ထွက်တာပါ

တကယ် ဟုတ်လို့လား
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ ပြုံးလျက် မေးလိုက်တယ်။

သူ့ဆရာ ရိပ္မိသြားမွာ စိုးရိမ်တာကြောင့် လင်းလောပိုင်လည်း ကပိုကရို ပြုံးကာ ဖြေလိုက်တယ်။
ဟုတ်ပါတယ် ၊အမှန်ပါပဲ၊ ဆရာမယုံကြည်ရင် နို့လက်ဖက်ရည်လေးကို မေးကြည့်လို့ ရပါတယ်

ဒီစကားကိုပြောပြီးနောက် သူမလည်း နို့လက်ဖက်ရည်လေးကို ယွမ်လော့ဖုန်းရှေ့ချထားလိုက်တယ်။

နို့လက်ဖက်ရည်လေးက တကျွီကျွီ အော်ရင်း သူ မလုပ်ဘူးလို့ ဆရာကို ပြောချင်နေပုံပဲ။ သူ့ကို သခင် တပည့်က အတင်းအကျပ် ခိုင်းတာပါလို့ ပြောနေပုံပဲ။ သူလို ကြင်နာတတ်တဲ့ ကြွက်လေးက တခြားသူကို အဆိပ်ခပ်ပါ့မလား။

နင် လမ်းလျှောက်ထွက်တာလား၊ ဒါဆို နင့်ခန္ဓာကိုယ်က ကာမအားတိုးဆေးနံ့ရနေတယ်၊
ယွမ်လော့ဖုန်း ရုပ်တည်ကြီးနဲ့ ပြုံးကာ ပြောလိုက်တယ်။
အခု နင်တို့တွေ ဘာလုပ်ခဲ့လဲ ငါ့ကို ပြော

Chapter-589
End

အပိုင်း(၅၉၀)
တိုက်ပွဲ (၃)

ဆရာနဲ့ မသက်ဆိုင်ပါဘူး

ဘာမွ တွေးတောမနေဘဲ အပြစ်အားလုံးကို ကြွက်လေးအပေါ် ပုံချလိုက်တယ်။
ဒါက နို့လက်ဖက်ရည်လေးရဲ့ အမွားပါ၊ တန်ယွဲ့နဲ့ ထျန်းယွီကို အရမ်းမုန်းတယ်လေ၊ ဒါကြောင့် သူတို့ကို သင်ခန်းစာပေးချင်နေတာ ၊ ဒါကြောင့် သူတို့နှစ်ယောက်ကို ကိုယ်လက် နှီးနှောဖို့ ကြံစည်ခဲ့တာ၊ တပည့်က ကြံရာပါ. အို့.မဟုတ်သေးပါဘူး. တပည့်က ကြံရာပါတောင် မဟုတ္ဘူး အပြင်လူတစ်ယောက်ပါ အဲဒီအနားက ဖြတ်သွားခဲ့ရုံလေးပါ

ကျွီ

လင်းလောပိုင်က သူ့ကိုယ်သူ ကာကွယ်ပြီး အပြစ်အားလုံးကိုသူ့အပေါ် ပုံချမယ်လို့ မထင်ခဲ့တာကြောင့် နို့လက်ဖက်ရည်လေးမှာ ကန့်ကွက်ကြောင်းပြသတော့တယ်။ သူ့မျက်နှာသေးသေးလေးက ခက်ထန်နေတာပေါ့။

ထားပါတော့နင့်တို့မှာ ဘာအကြံအစည် ရွိရွိ နောက်ဆို ငါ့ခွင့်ပြုချက်မပါဘဲ နောက်ထပ် မလုပ်နဲ့
ယွမ်လော့ဖုန်းလည်း ကောင်မလေးနဲ့ ကြွက်လေးကို ဖ်တ္ခနဲ ကြည့်လိုက်တယ်။
နင်တို့တွေ သူတို့ ပြဿနာရှာချင်ရင်တောင် ငါ ဦးဆောင်ပြီး ပြဿနာ ရှာမယ်၊ နင်တို့တွေ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်မှာ အဖမ်းခံရရင် ငါက နင့်တို့ကို ကယ်တင်ရဦးမယ်

လင်းလောပိုင်လည်း မျက်နှာချိုသွေးလိုက်ပြီး
ဆရာ တပည့်မှားမှန်း သိပါပြီ

ယွမ်လော့ဖုန်းက သူမကို စိုးရိမ်လို့ ပြောခြင်း ဖြစ်နေပြီး သူမတို့ကို ကောင်းကင်ဘုံသိုင်းစံအိမ်တော်က ဖမ်းသွားမှာ ကြောက်နေပုံပါပဲ။ ဒါကြောင့်လည်း သူမက နို့လက်ဖက်ရည်လေးကို သူမနဲ့ အတူတူခေါ်သွားတာပေါ့။

အနားယူပြီး မနက်ဖြန် တိုက်ပွဲအတွက် ပြင်ဆင်ဦး

တိုက်ပွဲ

လင်းလောပိုင်ရဲ့မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားခဲ့ပြီး
ဆရာတပည့်လည်း လိုက်လို့ ရမလား

ရတာပေါ့ ဒါပေမဲ့ ဆရာ့အနားမွာ နေရမယ်နော်

လင်းလောပိုင်ရဲ့ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ရင်း ယွမ်လော့ဖုန်းမှာ မပြုံးဘဲ မနေနိုင်တော့ပေ။

ဟုတ်ကဲ့ဒါနဲ့ ဆရာရှောင်မို ပြန်လာပြီလား
လင်းလောပိုင်တစ်ယောက် သူမရဲ့အနာဂတ် ခင်ပွန်းလောင်းကို တွေးနပုံပါပဲ။ နှုတ်ခမ်းလေး စူပြီး မေးလာခဲ့တယ်။

ရှောင်မိုတစ်ယောက် ဆေးနတ်ဘုရားလျှို့ဝှက်နယ်မြေထဲ ပြန်သွားကတည်းက သူမက တာဝန်ပေးထားလို့ ရှောင်မို အဖွဲ့ထဲက ခဏထွက်သွားတယ်လို့ ပြောထားပေးရတယ်။ လင်းလောပိုင်ကလည်း သူမကို ယုံကြည်တယ်လေ။ အဲဒီတည်းက ရှောင်မို ဘယ်တော့ ပြန်လာမလဲ နေ့တိုင်းမေးတော့တာပါပဲ။

လင်းလောပိုင်ရဲ့ တောက်ပသော မျက်ဝန်းများကို ကြည့်ရင်း ယွမ်လော့ဖုန်းလည်း တိတ်တဆိတ် သက်ပြင်းချလိုက်တယ်။
ဆရာလည်း မသိဘူး

လင်းလောပိုင် ထွက်သွားပြီး သိပ်မကြာခင်မှာဘဲ ရှောင်မို ချက်ချင်း ပေါ်လာလိမ့်မယ်။သူမကို အမှန်တရားပြောလိုက်ရင် ကောင်မလေးရဲ့နှလုံးသား နာကျင်ရလိမ့်မယ်။

ဟုတ်ကဲ့
လင်းလောပိုင် နည်းနည်းတော့ စိတ်ပျက်မိတယ်။ ဒါပေမဲ့ သူမကိုယ်သူမ ထိန်းချုပ်လိုက်တယ်။
ကောင်းပါပြီ၊ ဆရာ အနားမွာ ရှိနေသရွေ့ မောင်လေး ရှောင်မိုနဲ့ တွေ့နိုင်မှာပါ

သူမက ချစ်စရာကောင်းတဲ့ ရှောင်မိုကို နှစ်သက်နေတာ ထင်ရှားလွန်းပါတယ် ဒါပေမဲ့ ဒီချစ်ခင်မှုက ယောကျ်ား နဲ့ မိန်းမ ကြားမှာ ဖြစ်တည်လာတဲ့ အချစ် မဟုတ္ဘူး။ ဘာပဲဖြစ်ဖြစ်ပါလေ သူမက မိန်းမငယ်လေးပါ၊ အချစ်ဆိုတာ ဘာမှန်းတောင် သူမ မသိဘူး။

နို့လက်ဖက်ရည်လေး
ယွမ်လော့ဖုန်းလည်း လင်းလောပိုင်လက်ထဲမှ ကြွက်လေးကို ယူလိုက်ပြီး သူ့ခန္ဓာကိုယ်သေးသေးလေးက တွန့်တွန့်လူးနေခဲ့တယ်။

နို့လက်ဖက်ရည်လေးက တကျွီကျွီ အော်ရင်း သူ့လက်သည်းလေးများကို သူ့ရင်ဘတ်ရှေ့ထားက ခွင့်လွှတ်ပေးဖို့ တောင်းခံနေခဲ့တယ်။

အသုံးမဝင်တော့ဘူး
သူ့ချစ်စဖွယ် အမူအရာလေးကို လျစ်လျူရှုကာ ယွမ်လော့ဖုန်းလည်း မာယာမ်ားစြာ ပြုံးလိုက်တယ်။
နင် ရှောင်ပိုင်နဲ့ အတူတူ နောက်တစ်ခါ ပြဿနာရှာရင် ကင်စားဖို့လည်း ဝန်မလေးဘူးနော်

ကျွိ

နို့လက်ဖက်ရည်လေးက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး လင်းလောပိုင်ရဲ့ ခြိမ်းခြောက်မှုအတိုင်း မလုပ်ဆောင်တော့ဘူးလို့ အကြိမ်ကြိမ် ကတိပေးနေခဲ့တယ်။

ယွမ်လော့ဖုန်းလည်း နို့လက်ဖက်ရည်လေးကို သူမရဲ့အကျႍလက်ထဲ ထည့်ကာ မုရုန်ပေ တရားကျင့်ကြံတဲ့ အခန်းထဲသို့ သွားလိုက်တယ်။

ထိုစဉ် မုရုန်ပေက မျက်လုံးဖွင့်လိုက်ပြီး သူ့ရှေ့ရောက်လာတဲ့ မိန်းကလေးကို ပြုံးပြလိုက်တယ်။
သခင် ရောက်လာတယ်

ယွမ်လော့ဖုန်းလည်း အသာအယာခေါင်းညိတ်လိုက်တယ်။
ဒီနေ့က ရှင့်ကို ကုသပေးမယ့် နောက်ဆုံးနေ့ပဲ၊ မနက်ဖြန်ကစပြီး ရှင် ပုံမှန်လူတစ်ယောက်လို တရားကျင့်လို့ရပြီ၊ ဒါနဲ့ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်နဲ့ တရားကျင့်ကြံဖို့ ပြင်ဆင်ပြီးပြီလား

မုရုန်ပေရဲ့ မ်က္လုံးမ်ားက ပြူးကျယ်သွားပြီး သူ့ပုံစံက စိတ်လှုပ်ရှားနေတယ်။
ဒီနေ့ကို စောင့်နေတာ ကြာပါပြီ၊သခင်  ကျွန်တော်က ကောင်းကင်ဘုံ သိုင်းစံအိမ်တော်နဲ့ တိုက်ပွဲ ဖြစ်ဖို့ ပြင်ဆင်ထားတဲ့ အပြင် တစ်လောကလုံးကို သိမ်းပို်က်နိုင်ဖို့ သခင့်ဦးဆောင်မှုနောက်လိုက်ဖို့ ဆန္ဒရှိပါတယ်

Chapter-590
End

အပိုင်း(၅၉၁)
တိုက်ပွဲ (၄)

ကောင်းပါပြီ ဒီလို စိတ်ဆန္ဒမျိုး အမြဲရှိနေဖို့ မျှော်လင့်ပါတယ်
ယွမ်လော့ဖုန်းလည်း တင်ပျဉ်ခွေလျက် ထိုင်နေသော မုရုန်ပေကို ငုံ့ကြည့်ရင်း ပြုံးလိုက်တယ်။
ရှင် တစ်ခုတော့ မှတ်ထားရမယ်၊ ကြ်န္မက သစ္စာဖောက်တာကို လက်မခံဘူး၊ ကြ်န္မမွာ ရှင့်ကို ကုသပေးနိုင်တဲ့ အရည်အချင်း ရွိသလို၊ ရှင့်ကို အလွယ်လေး သတ်နို်င်တယ်၊ရှင် ကျွန်မကိုိ သစ္စာဖောက်တယ်လို့ သိခဲ့ရင်တော့ ရှင့်ကို အဆုံးအစမဲ့တဲ့ နာကျင်မှုကို ပေးသနားမယ်

ရုတ်ခြည်း မုရုန်ပေရဲ့နှလုံးသားက ခြောက်ခြားသွားရတယ်။ သူမကို သစ္စာဖောက်ဖို့ မပြောနဲ့ သူမကို အထင်တောင် မေသးရဲပါဘူး။

သခင် စိတ္ခ်ပါ သခင်ကို ဘယ်တော့မှ သစ္စာ မဖောက်ပါဘူး

ကောင်းပြီလေ
ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်လိုက်တယ်။
ဒါဆို ကျွန်မရဲ့ အမိန့်ကို ယောင်လိုတောင် မဖောက်ဖျက်မိစေနဲ့ ၊ ရှင် ကျွန်မရဲ့ အမိန့်ကို မနာခံရင် ရှင့်ကို နောက်ထပ် တစ်ကြိမ် မသုံးတော့ဘူး၊ ထိပ်ဆုံးကို တက်ဖို့ အခွင့်အရေး ဘယ်တော့မှ မရှိစေရဘူး

မိန်းကလေးက အရမ်းကို အထက်စီးဆန်ပြီးမောက်မာလွန်းပါတယ်။ သူမရဲ့မျက်ဝန်းနက်များက ယုံကြည်ချက်များဖြင့် ပြည့်နှက်နေခဲ့တယ်။ ဒီလောကကြီးထဲမှ သူမတစ်ယောက်တည်းသာ အထက်စီးဆန်တဲ့ စကားမျိုး ပြောရဲတယ်။ ဒါပေမဲ့ ချန်းမိသားစုဘက်က မျက်နှာချိုသွေးလာအောင် လုပ်ဆောင်တဲ့ လူတစ်ယောက်ဆိုတော့ ထိပ္ဆုံးအထိ တက်နို်င်တဲ့ အရည်အချင်း ရှိမှာပါလေ။

သူ့တစ်ဘဝလုံး သူမရဲ့နောက်လိုက်ရလို့ နောင်တ မရဘူးလို့ ယုံကြည်တယ်။

သခင်ရဲ့ အမိန့်ကို မနာခံတာ မဖြစ်စေရပါဘူး

ရှင်ပြောတဲ့ စကားလုံးတိုင်းကို ရှင် မှတ်ထားလိုက်ပါ
ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။
ဒါဆို အခု ကုသမှု စတင်တာပေါ့

မုရုန်ပေလည်း ရပ်တန့်လိုက်တယ်။ အခုကစပြီးတော့ သူ ပြန်သက်သာတော့မှာကို တွေးမိတိုင်း သူမရဲ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားလို့ မရဘူး။ပျော်ရွှင်မှု မီးတောက်များက သူ့မျက်ဝန်းမှာ တောက်လောင်နေရတယ်။ နှစ်ပေါင်းများစွာ ငှက်ဆိုးကြီး ဂိုဏ်းက အများကြီး သည်းခံခဲ့ရပြီး အခုတော့ သူကိုယ်တိုင် လူလုံးထွက်ပြနိုင်ပြီး

သူ့ကို ဒုတိယဘဝကို ပေးတာက သူ့ရှေ့က မိန်းကလေးပါ။

..

နောက်တစ်နေ့

ဟွမ်ချွမ်မြို့တော်ရဲ့ လေးထောင့် မြေကွက်လပ်မှာ လူများဖြင့် ပြည့်နှက်နေခဲ့တယ်။ သူတို့အားလုံးက တစ်ယောက်နဲ့တစ်ယောက် တီတိုးပြေနေကြပြီး သူတို့မျက်လုံးများက စူးစမ်းချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့တယ်။

ကောင်းကင်ဘုံ သိုင်းစံအိမ်တော်က လူတွေ လာပြီ။ ဘာလို့ ငှက်ဆိုးကြီးဂိုဏ်းက မလာရေသးတာလဲ

သူတို့တွေ ကြောက်သွားပြီလား ဒီလိုဆိုရင်တော့ သူတို့တွေ မျက်နှာပျက်တော့မှာပဲ

ဟုတ်တာပေါ့၊ ငှက်ဆိုးကြီးဂိုဏ်းက အရင်ဆုံး စိန်ခေါ်ခဲ့တာလေ၊ သူတို့တွေ တွန့်ဆုတ် တွန့်ဆုတ်လုပ်နေရင် ဟွမ်ချွမ်မြို့က မောင်းထုတ်ခံရလိမ့်မယ်

သူတို့ရပ်လိုက်ချိန်မှာ နေရာကွက်လပ်တစ်ခုလုံး ရုတ်ခြည်း တိတ်ဆိတ်သွားခဲ့တယ်။ အားလုံးက ယွမ်လော့ဖုန်းတစ်ယောက် ငှက်ဆိုးကြီးဂိုဏ်းကို ဦးဆောင်ကာ ကွင်းထဲ ဝင်လာတာကိုသမင်လည်ပြန် ကြည့်နေခဲ့တယ်။ သူမရဲ့ ဘယ်ဘက်မှာ ငှက်ဆိုးကြီးဂိုဏ်းရဲ့ ယခင် ခေါင်းဆောင် မုရုန်ပေရှိနေပြီး ညာဘက်မှာ ချစ်ဖို့ကောင်းတဲ့ လင်းလောပိုင်လေး ရှိတယ်

သူတို့ကို ကြည့်ရင်း တိတ်ဆိတ်နေတဲ့ လူအုပ်ကြီးမှာ နောက်တစ်ကြိမ် ဆူဆူညံ့ညံ့ ဖြစ်သွားပြန်တယ်။

ဒါဆို ကောလဟာလ သတင်းက မှန်နေတာပေါ့၊ မုရုန်ပေက ကောင်မလေး တစ်ယောက်ကို ခေါင်းဆောင်နေရာ လွှဲပေးလိုက်တာပဲ၊ ငှက်ဆိုးကြီးဂိုဏ်းကတော့ သွားပြီ၊ အနာဂတ် လမ်းပျောက်ပြီ

လုံးဝ မဖြစ်နိုင်ဘူး၊ ရှန်တန်လေလံစံအိမ်တော်မှာ ငှက်ဆိုးကြီးဂိုဏ်းရဲ့ သခင်အသစ်က ကောင်းကင်ဘုံ သိုင်းစံအိမ်တော်က လူတွေကို အောင်မြင်စွာ ထောက်ချောက်ဆင်နို်င်တာကို ငါကိုယ်တိုင် မျက်ဝါးထင်ထင် မြင်လိုက်ရတာပါ၊ ဟွန့် မင်းတို့တွေ မမြင်လိုက်ရဘူးမလား၊ သူမရဲ့ကျေးဇူးကြောင့် ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ရဲ့တန်လင်းအတော်လေးကို အကျပ်အတည်း ဖြစ်ခဲ့တာ

ထို်အမျိုးသားရဲ့စကားကို ကြားတော့ တျခားသူအားလုံးက သရော်လိုက်တယ်။

ဒါက ညစ္ပတ္တာပါဟွမ်ချွမ်မြို့မှာ အားကြီးသူ နို်င်တာပါပဲ၊ သူမမွာ လုံလောက်တဲ့ အင်အားမရှိရင် ငှက်ဆိုးကြီးဂိုဏ်းက ရွေးစရာမရှိ ကျရှုံးမှာပဲ

လူအုပ်ကြီးရဲ့ အားကြိုးမာန်တက် ဆွေးနွေးချက်များကို ကြားရတော့ မုရုန်ပေလည်း မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ် စူးစူးစိုက်စိုက်ကြည့်လိုက်တယ်။ သူ့အကြည့်ကြောင့် ဒီလူတွေ ချက်ချင်း တိတ်ဆိတ်သွားပြီး တစ်ယောက်နဲ့တစ်ယောက် တီတိုးသာပြောတော့တယ်။

Chapter-591 End
အပိုင်း(၅၉၂)
တိုက်ပွဲ (၅)

ဟား
သူတို့ဆီ လမ်းလျှောက်လာတဲ့ မုရုန်ပေကို ကြည့်ရင်း တန်ယန်လည်း ထေ့ငေါ့လိုက်တယ်။
ငှက်ဆိုးကြီးဂိုဏ်းက ကြောက်လို့ နောက်ဆုတ်သွားပြီလို့ ထင်နေတာ

မုရုန်ပေလည်း မဲ့ရွဲ့ကာ ပြန်တုံ့ပြန်လိုက်တယ်။
ငါ နေသိပ်မကောင်းလို့ သခင်က ငါ့ကို ကုသပေးနေလို့ ငါတို့ နောက်ကျနေတာ

သူ အမှန်ကို ပြောလိုက်တာပါ။ ကုသမှုရဲ့ နောက်ဆုံးအဆင့်က အရမ်းကို ခက်ခဲပြီး ကုသမှုအတွက် တစ္ညလုံး အချိန်ဖြုန်းခဲ့ရတယ်။ အခုလေးတင် ကုသမှု ပြီးစီးခဲ့တာ အခုကစပြီးတော့ ချီစွမ်းအားကို သူ စုပ်ယူနိုင်ပြီ။

ဒါကြောင့် သူတို့ နောက်ကျနေတာပေါ့။

ဒါပေမဲ့ တခြားသူတွေကတော့ သူ့စကားကို မယုံကြည်ပါဘူး။ အကြောင်းပြချက်ပေးနေတယ်လို့သာ ထင်နေမှာပါ။

မုရုန်ပေ ဘာပဲဖြစ်ဖြစ်ပါ ဒီနေ့ ငှက်ဆိုးကြီးဂိုဏ်းကို အမြစ်ဖျက် သုတ်သင်မယ်၊ ဒါက မင်းရဲ့ဂိုဏ်းကို မိန်းကလေးတစ်ယောက်ကိုလွှဲပြောင်းပေးလိုက်တဲ့ အကျိုးဆက်ပဲ

ဒီစကားကို ပြောပြီးနောက် တန်ယန်ရဲ့နောက်လိုက် အားလုံးက ဓားများကို ဆွဲထုတ်လိုက်ပြီး ငှက်ဆိုးကြီးဂိုဏ်းနဲ့ တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေကြတယ်။

မုရုန်ပေ
ယွမ်လော့ဖုန်းလည်း ပျင်းရိလေးတွဲစွာ လက်ပိုက်ကြည့်ရင်း
ပြဿနာကို မြန်မြန် ဖြေရှင်းလိုက်

ဟုတ်ကဲ့ပါ သခင်

သူတို့ကို မြန်မြန် ရှင်းလိုက်ဟုတ္လား။

သူမပြောလို်က်တဲ့ စကားက သူတို့ကို  ဒေါသထွက်စေပြီး ရန္စေနသလိုပဲ။
နင် ဘယ်နေရာမှာ အဆုံးသတ်ရမလဲ စောင့်ကြည့်နေလိုက်... မုရုန်ပေကို သတ်ပြီးမှ နင်နဲ့ စာရင်းရှင်းမယ်

မုရုန်ပေကိုသတ်ဖို့အလွယ်လေးလို့ထင်နေတာကြောင့်ဒီစကားကိုပေါ့ပေါ့ပါးပါးပြောနေခဲ့တာ။

ဟား
မုရုန်ပေလည်း ဟားတိုက် ရယ်မောလိုက်တယ်။
တန်ယန် ကောင်းကင်ဘုံ သိုင်းစံအိ်မ်တော်က နံပါတ်၁၀နေရာမှာ နေဖို့ မထိုက်တန်ပါဘူး၊ အခုတော့ ငါ့နေရာကို ပြန်ပေးသင့်ပြီ

သူ့လက်နက်ဖြစ်တဲ့ သံကြိုးကို အလျင်အမြန် ဆွဲထုတ်လိုက်ပြီး တန်ယန်ရှိရာ လွှဲယမ်းလိုက်တယ်။ဘိုင်ခနဲအသံနဲ့ အတူတူ သံကြိုးက မြေကြီးပေါ် ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ကြီးမားသော အပေါက်ကြီး တစ္ခု ဖြစ်သွားခဲ့တယ်။

တန်ယန်လည်း နောက်သို့ ခြေလှမ်းဆုတ်လိုက်ပြီး မျက်နှာက ခပ်တန်းတန်း ဖြစ်သွားတယ်။
မင်းက အတားအဆီးကို ဖြတ်ကျော်ပြီးသွားပြီလား

ဒီလူက ကောင်းကင်ဘုံ အလယ်အလတ်အဆင့် ကျင့်ကြံသူ ဖြစ်နေပြီလား
ဟုတ်တယ်၊ ဒီကိုမလာခင် အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့တာ
မုရုန်ပေလည်း ပြုံးလိုက်ပြီး သူ့သံကြိုးကို နောက်တစ်ကြိမ်ဝှေ့ယမ်းလိုက်တယ်။ သူ့လက်ထဲက သံကြိုးက မြွေတစ်ကောင်နဲ့တူတယ်။

တန်ယန်ရဲ့မျက်နှာက ချက်ချင်းပြောင်းလဲသွားခဲ့တယ်။ မုရုန်ပေ အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့တာ ကြာခဲ့ပြီလား။ ငှက်ဆိုးကြီးဂိုဏ်းက သူတို့ကို စိန်ခေါ်ရဲတာ မဆန်းတော့ပါဘူး။ အတားအဆီးကို ဖြတ်ကျော်ပြီးသွားလို့ပေါ့။

မုရုန်ပေ ပြောတာကို သူ လုံးဝ မယုံကြည်နိုင်ဘူး။ ဒီမနက်မှ ကျော်ဖြတ်နိုင်ရင် သူ့ကို စိန်ခေါ်ရဲပါ့မလား သူ့အရင်အစွမ်းနဲ့ဆိုရင် သူ့ကို သေချာပေါက် မနိုင်ဘူး။

မုရုန်ပေလွန်ခဲ့တဲ့ နှစ်နှစ်တည်းက ကောင်းကင်ဘုံ အလယ်အလတ်အဆင့်ကို ငါရောက်ခဲ့တာ ဒီနယ်ပယ်အကြောင်းကို ငါကောင်းကောင်းသိတယ် ဒါပေမဲ့ မင်းကတော့ အခုမွ ဒီအဆင့်ကို ရောက်တယ် ဆိုတော့ ငါ့ကို အနိုင်တိုက်နိုင်မယ် ထင်နေလား
တန်ယန်လည်း သရော်လိုက်တယ်။
ငါတို့ကြားမှာ ဘယ်လိုကွာခြားကြောင်း မင်းကိုပြရတာပေါ့

ထို့နောက် သူ့လက်နက်ကို ထုတ်လိုက်ပြီးသူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်တယ်။ခဏလေးအတွင်းမှာ မုရုန်ပေရှေ့ကို သူရောက်သွားခဲ့တယ်။

တိုက်ပွဲက ရုတ်တရက် ပြင်းထန်လာခဲ့့တယ်။

တိုက်ပွဲ စတင်တာ မြင်ရတော့ နှစ်ဖက်လုံးမှ လူများလည်း လက်နက်ထုတ်ပြီး တိုက္ပြဲမွာ ပါဝင်လာခဲ့တယ်။ သိပ်မကြာပါဘူး မြေကွက်လပ်အတွင်းမှာ လူသတ္သံမ်ား ဖြန့်ကျက်လာခဲ့ပြီး အချိန်တိုင်း တစ်ယောက်ပြီးတစ်ယောက် မြေကြီးပေါ် လဲကျသွားခဲ့တယ်။

တိုက်ပွဲများက ရက်စက်တတ်ပါတယ်။ မင်း မတိုက်ခိုက်ဘူးဆိုရင် မင်း အသက်ရှင်သန်နိုင်မှာ မဟုတ်သလို အားကြီးသူအဖြစ် ရှင်သန်နိုင်မှာ မဟုတ္ဘူး။ ဒါကြောင့်လည်း ဟွမ်ချွမ်မြို့က အျမဲ ဖရိုဖရဲ ဖြစ်နေတာပေါ့ ။ မတူညီတဲ့ အင်းအားစု နှစ်ခုရဲ့ တိုက်ပွဲများက ပုံမှန်ပါပဲ။ လူတိုင်းက အလေ့အကျင့် ဖြစ်နေခဲ့ပြီ။

ရှောင်ပိုင်
ယွမ်လော့ဖုန်းလည်း သူမရဲ့ အကျႍလက်ထဲက စွမ်းဝိညာဉ်မြက်ကို လင်းလောပိုင်လက်ထဲ ထည့်ပေးလိုက်တယ်။
ငါတို့ဘက်ကလူတွေ ဒဏ်ရာ ရရင်စိတ်ဝိညာဉ်မြက်ကို ပေးပြီး စားဖို့ ပြောလိုက်

Chapter-592
End

#Gp1 (အပိုင်း575မွ အပိုင်း700 )(Free)
Gp2 (အပိုင်း700 မွ အပိုင်း772) (1000ks)
Gp3 (အပိုင်း773 မွ အပိုင်း850) (1000ks)
Gp4 (အပိုင်း 851 မွ အပိုင်း962) (2000ks)
Gp-5(အပိုင်း 963 မွ အပိုင်း 1042) (2000ks)

Wave pay= 09784327525
Ph bill = 09899327577
Ok $ = 09969332009
G1-24-28 =Free Gp1 (575မွ 700 )(Free)
Gp2 29-31 = 1000
Gp3 32-34 = 1000
Gp4 35-39= 2000
Gp5 40-42= 2000

Bạn đang đọc truyện trên: Truyen247.Pro