Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

571+572+572+574(Z)

ယွမ်လော့ဖုန်း
သရဲဘုရင်
571+572+573+574

အပိုင်း(၅၇၁)
မော်ကြွားနေသော တန်ယွဲ့ (၂)

"ယွဲ့အာ ... မင်းရဲ့ ဘိုးဘိုးက ပြောတယ်... မင်းကို တခြားတစ်ယောက်က အနိုင်ကျင့်လို့ ဆို"
ချန်းထျန်းလည်း ပြုံးလိုက်တယ်။
"တပည့်လေး အကူအညီလိုရင် ဆရာကို ပြောလိုက်...ဆရာ ကူညီမယ်"

"ကျေးဇူးတင်ပါတယ် ဆရာ"
တန်ယွဲ့ရဲ့ မျက်နှာပေါ်မှာ မဲ့ပြုံးလေး ပေါ်လာရတယ်။
"ဒီပြဿနာကို ကိုယ်တိုင် ဖြေရှင်းနိုင်ပါတယ် ဒါပေမဲ့ ဆရာ တစ်ခုတော့ ကူညီပေးဖို့ လိုအပ်တယ် ၊ သခင်ချန်းကို ယွမ်လော့ဖုန်း ဖြားယောင်းဖို့ ကြိုးစားရင်း တားဆီးပေးပါ"

"ဆရာ တားဆီးပေးလို့ မရဘူး"
ချန်းထျန်းလည်း သူမကို ဖျတ်ခနဲ ကြည့်ကာပြောလိုက်တယ်။

"ဆရာ သိသလောက်တော့ သခင်က ဘာလုပ်မယ်မှန်း ခန့်မှန်းလို့ မရဘူး"

တန်ယွဲ့လည်း ချိုသာသော အပြုံးလေးကို ထပ်လောင်းထည့်လိုက်ပြီး
"ဆရာ... တပည့်ကို အထင်မမှားပါနဲ့...သခင်ချန်းကို ယွမ်လော့ဖုန်း လှည့်စားတာ မခံစားစေချင်လို့ပါ ၊ ဒီမိန်းမက အရမ်းကို ကောက်ကျစ် စဉ်းလဲပြီး အမြဲ ဖြူစင်ချင်ယောင် ဆောင်လေ့ရှိတယ် ၊ သူမက ပိုင်ဆိုင်ဖို့ ခက်ခဲကြောင်း ကစားလေ့ရှိတယ် ၊ သခင်ချန်းကို သူမရဲ့ မကောင်းတဲ့ အကျင့်ဆိုးကို ပြောပြထားဖို့ လိုအပ်မယ် ၊ ဒါမှ သူမ ဖြားယောင်ရင် ကြိုတင် ကာကွယ်နိုင်မှာလေ ၊ သခင်ချန်းကလည်း ဒီလို ရွံစရာ မိန်းကလေးကို မရွေးချယ်ဘူးလို့ ယုံကြည်တယ်"

"ယွဲ့အာ... မစိုးရိမ်ပါနဲ့... ဆရာကလည်း ဒီလို ညစ်ပတ်တဲ့ မိန်းကလေးကို ချန်းမိသားစုရဲ့ သခင်မဖြစ်ဖို့ ခွင့်မပြုပါဘူး"
ခက်ထန်သော အလင်းတန်းစုက ချန်းထျန်းရဲ့မျက်ဝန်းမှာ ဖြတ်ပြေးနေခဲ့တယ်။
"သူမက သခင်ကို သွေးဆောင်ဖြားယောင်ရဲရင်တော့ ဆရာက သူမရဲက သရုပ်အမှန်ကို ပြရတာပေါ့ ၊ သခင်က သူမကို ရွေးချယ်ဖို့ စိတ်အားထက်သန်နေလည်း ဆရာတို့က သူမကို တိတ်တဆိတ် စာရင်းရှင်းပစ် ရတာပေါ့"

ချန်းထျန်းရဲ့ ကတိကို ရရှိတော့ တန်ယွဲ့မှာ တိတ်တဆိတ် ကျေနပ်မိတယ်။ သူမမျက်နှာပေါ်က အပြုံးက ပိုပေါ်လွင်လာပြီး သူမမျက်နှာမှာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။

ယွမ်လော့ဖုန်း ၊ နင့်လို မိန်းမယုတ်ကာ ငါ့ကို ယှဉ်ရဲသေးတယ်။ ငါတို့ ကောင်းကင်ဘုံ သိုင်း စံအိမ်တော်က နင့်ကြောင့် ဆုံးရှုံး နစ်နာမှု ဖြစ်လည်း မကြာခင် နင် တန်ရာတန်ကြေး ပြန်ပေးဆပ်ရမယ်။

"နောက်ကျနေပြီ ၊ ဆရာ ပြန်သင့်ပြီ ၊ မေးစရာရှိရင် ချန်းအိမ်တော်ကို လာခဲ့"
ချန်းထျန်းလည်း အပြုံးလေးနဲ့ ပြောလိုက်တယ်။

"ဟုတ်ကဲ့ပါ ဆရာ"

ဆရာက သူမအတွက် သွားခွင့်လာခွင့် လမ်းဖောက်ပေးလိုက်တဲ့အတွက် သူမ အတော်လေးကို ပျော်ရွှင်မိတယ်။ ချန်းယွီချင်းကို ချဉ်းကပ်ဖို့ အခွင့်အရေး ရပြီလေ။ သူမ ချန်းမိသားစုထဲ ဝင်နိုင်သ၍ သူ့ကို တွေ့ဆုံနိုင်ဖို့ အခွင့်ရေး များလေလေပဲ။

ချန်းထျန်းလည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး တန်ယွဲ့ရဲ့ ပခုံးကို လက်နဲ့ ပုတ်လိုက်တယ်။
"ယွဲ့အာ မင်းရဲ့ သတင်းကောင်းကို ဆရာ စောင့်ဆိုင်းနေမယ်... မနက်ဖြမ် ချန်းအိမ်တော်ကိုလာခဲ့ ၊ သခင် ကြိုက်တာ မကြိုက်တာကို ပြောပေးမယ် ၊ သူ့ဘက်က ခွင့်မလွှတ်နိုင်တဲ့ အမှားလေး လုပ်မိမှာ စိုးလို့"

တန်ယွဲ့လည်း လေးနက်သော အကြည့်နဲ့ ခေါင်းညိတ်လိုက်တယ်။ ဆရာ အကူအညီနဲ့ ဆိုရင်တော့ ချန်းယွီချင်းရဲ့ အချစ်ကို သေချာပေါက် ပိုင်ဆိုင်ရမှာလေ။

.......

ငှက်ဆိုးကြီး ဂိုဏ်း

လျှို့ဝှက် အခန်းမှာ မုရုန်ပေ မျက်လွှာပိတ်ရင်း တရားထိုင်နေခဲ့တယ်။ လူအုပ်စုလိုက် အထဲကို ပြေးဝင်လာပြီး သူ့ကို သံကုန်ဟစ် မေးခွန်းမေးတော့တယ်။

"သခင်... ဒီနှစ်တွေမှာ ငွေသန်း၆၀ကို စုဆောင်းဖို့ လွယ်ကူခဲ့လား ။ ငါတို့ရဲ့ ငွေကြေး အားလုံးကို သူမကို ပေးလိုက်တာလား"

"သခင် ရာထူးကို ပေးလိုက်တာ ကိစ္စ မရှိပါဘူး ၊ ဘာလို့ ငွေတွေ အားလုံးကို ပေးလိုက်တာလဲ ၊ ငါတို့ ပိုင်ဆိုင်သမျှကို တခြားသူက အပိုင်းစီး ခိုးယူသွားပြီလား ၊ အခုတော့ ငွေသန်း၆၀ပဲ ကျန်ခဲ့တာလား ၊ ဒီငွေအားလုံးကို သူမကို ပေးလိုက်တာလား"

ဒီလူအားလုံးရဲ့ နှောင့်ယှက်မှုကြောင့် မုရုန်ပေမှာ အံ့သြမှင်တက်နေမိတယ်။ သူတို့ ဘာပြောနေလည်းဆိုတာကို နားမလည်တာ ထင်ရှားနေတယ်။

"မင်းတို့ ဘာပြောနေတာလဲ ၊ ငါက ယွမ်လော့ဖုန်းကို ငွေကြေးအားလုံး ပေးလိုက်တယ်လို့ မင်းကို ဘယ်သူက ပြောလို့လဲ "

"သခင်... ကျွန်တော်တို့အားလုံး ဒီကိစ္စကို သိထားပြီးသားပါ ၊ ဒီကနေ့ သူမက လေလံစံအိမ်တော်မှာ ငွေစ သန်း၆၀ကို ဖြုန်းလိုက်တယ် ၊ သခင်ကြောင့်သာ သူမမှာ ဒီလောက် ငွေရှိနေတာပေါ့"

Chapter-571
End
အပိုင်း(၅၇၂)
မေးမြန်းခြင်း

"သူမ ဘာဝယ်လာလဲဆိုတာ သခင် သိလား ၊ သူမက ညှိုးနွမ်းနေတဲ့ မျိုးစေ့ကို ဝယ်လာတာ ၊ ဘာအသုံးဝင်မှာမို့လဲ ၊ ဒီ စုတ်ပြတ်နေတဲ့ မျိုးစေ့ကို ငါတို့ ငွေတွေနဲ့ ဝယ်ခဲ့တယ် ၊ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ကို အရူးလုပ်ဖို့အတွက် ငါတို့ ပိုင်ဆိုင်တဲ့ ငွေကြေးကို ဖြုန်းပစ်တယ်"

ပြောရင် ပြောရင် ဒီလူတွေမှာ ပိုပြီး ဒေါသထွက်လာရတယ်။ မုရုန်ပေက သူမကို သခင်နေရာပေးတည်းက သူတို့ သဘောမတူချင်ခဲ့ဘူး။ သူတို့ မငြင်းရဲခဲ့လို့သာပေါ့။ ဒီမိန်းကလေးကို အသုံးအဖြုန်းကြီးသူလို့ မထင်ခဲ့မိဘူး။ သူတို့အားလုံး ခက်ခက်ခဲခဲ အလုပ်ကြိုးစားပြီး စုဆောင်းထားတဲ့ ငွေကို သူမက သေချာ မသိမ်းဆည်းဘူး။ အလွယ်လေး သုံးပစ်လိုက်တယ်။

မုရုန်ပေမှာ အခုအချိန်ထိ ဘာမှန်း နားမလည်သေးဘူး။ ရှုပ်ထွေးနေရသေးတယ်။
"ခဏလေးနေပါဦး ... မင်းတို့ရဲ့ သခင်အသစ် ယွမ်လော့ဖုန်းက မျိုးစေ့ဝယ်လာတာ ငါနဲ့ ဘာသက်ဆိုင်လို့လဲ"

"သခင်က အခုအချိန်ထိ သူမကို ကာကွယ်ပေးတုန်းပဲလား"

ချစ်ဖို့ကောင်းတဲ့ ယွမ်လော့ဖုန်းက သခင့်ကို ဘယ်လိုမျိုး ညှို့ယူဖမ်းစားထားလဲဆိုတာ နားမလည်နိုင်ဘူး။

မုရုန်ပေလည်း မျက်မှောင်ကြုတ်လိုက်တယ်။
"အခု ငါက မင်းတို့ရဲ့ သခင် မဟုတ်တော့ဘူး... မင်းတို့က ငါ့ကို လက်ထောက် သခင်လို့ ခေါ်သင့်တယ်.. ဒါပြင် မင်းတို့ သခင် သုံးနေတဲ့ ငွေတွေက သူမ အပိုင် ငွေတွေပဲ။ ငါက သူမကို မပေးထားဘူး"

"သခင်"

လူအုပ်ကြီးက မုရုန်ပေကို တစ်စုံတစ်ရာ ပြောချင်သော်လည်း မုရုန်ပေက ကြမ်းပြင်ပေါ်မှ ထကာ နံရံပေါ်အနားကို အလျင်အမြန် လျှောက်လှမ်းသွားတယ်။ နံရံထဲမှာ တည်ဆောက်ထားတဲ့ နဂါးခေါင်းကို လှည့်လိုက်တယ်။ ခဏလေးအတွင်း နံရံအတွင်းမှာ နက်ရှိုင်းသော အပေါက် တစ်ခု ဖြစ်ပေါ်လာပြီး ထိုအပေါက်အတွင်းမှ သေတ္တာတစ်လုံးကို ယူလိုက်ကာ ဂရုတစိုက် ဖွင့်လိုက်တယ်။

"ငွေ အားလုံးက ဒီမှာ ရှိတယ် ၊ မင်းတို့ မယုံကြည်ရင် ကြည့်လိုက်"

ဘာလဲဟ...
လူအုပ်ကြီးမှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး အားလုံးက စစ်ဆေးကြည့်ဖို့ ရှေ့သို့ တိုးလာတယ်။ ငွေအားလုံးကို တွေ့လိုက်ရတော့ ကြက်သေ သေသွားရတယ်။

ငါတို့တွေ အားလုံး ယွမ်လော့ဖုန်းကို မှားယွင်း စွတ်စွဲမိပြီ။ သူမ ဖြုန်းလိုက်တဲ့ ငွေတွေက သခင် ပေးထားတာ မဟုတ်ဘူးပဲ။

မုရုန်ပေလည်း သက်ပြင်းချလိုက်တယ်။
"ငါ့ မျက်နှာ မပျက်စေဖို့ သူ့ကို ခေါင်းဆောင် နေရာ ပေးလိုက်ရတဲ့ တကယ့် အကြောင်းအရင်း အမှန်ကို ဖုံးကွယ်ထားတာ.... မင်းတို့ လာမေးတော့လည်း ငါက ဖြေပေးရတာပေါ့ ၊ သူမက ငါ့ကို အနိုင်တိုက်နိုင်ခဲ့လို့ ခေါင်းဆောင် ရာထူးပေးလိုက်ရတာ"

ကောင်းကင်ပြာကြီးအလယ်မှာ ရုတ်တရက် မိုးကြိုးထပစ်လိုက်သကဲ့သို့ အားလုံးကို မုရုန်ပေရဲ့ စကားက တုန်လှုပ်စေခဲ့တယ်။

ယွမ်လော့ဖုန်းက သခင့်ကို အနိုင်တိုက်နိုင်ခဲ့တယ်။ ဖြစ်နိုင်ပါ့မလား။ သခင်က ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ တစ်ယောက်ပါ။ ယွမ်လော့ဖုန်းက သူ့ကို အနိုင်တိုက်နိုင်တယ်လား။ ဒါပေမဲ့လလည်း သခင်က ဘယ်တော့မှ မလိမ်ညာဘူး။ ဒါက အမှန်ဖြစ်နိုင်တယ်။

"ညီတော် ဖန်ဖေး ကောင်းကောင်းသိတယ်... သူလည်း အဲဒီနေ့က အတူတူ ရှိနေခဲ့တယ်"
မုရုန်ပေလည်း ကူရာမဲ့ မျက်နှာနဲ့ ကြည့်လိုက်တယ်။
"သူမကို ရန်မစချင်လို့ ငါက အမှန်တိုင်းပြောရတာ ၊ မင်းတို့လည်း သူမရဲ့ အမိန့်ကို ခြွင်းချက်မရှိ လိုက်နာရမယ် ၊ သူမက ငါတို့ ငှက်ဆိုးကြီး ဂိုဏ်းကို အရင်နေရာ ရအောင်ပြန်ကြိုးစားပေးမယ်လို့ ပြောထားတယ်"

မုရုန်ပေရဲ့စကားကို ကြားပြီးနောက် တုန်လှုပ်ချောက်ချားနေတဲ့ လူအုပ်ကြီးမှာ စိတ်အေးချမ်းသာသွားတယ်။ သူတို့မျက်ဝန်းများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငှက်ဆိုးကြီး ဂိုဏ်း နေရာအဆင့် ကျဆင်းခဲ့ချိန်က ဘယ်လောက်အထိ နာကျင်ခံစားခဲ့ရလဲဆိုတာ နတ်ဘုရားများသာ သိမယ်။ ယွမ်လော့ဖုန်းသာ သူတို့ကို အရင်နေရာ ပြန်ရအောင် ဦးဆောင်ပေးနိုင်ရင်တော့ သူမကို သစ္စာတော်ခံ ရလည်း ကိစ္စ မရှိဘူး။

ဟွမ်ချွမ်မြို့တော်က အရှိအတိုင်း လက်ခံတတ်တဲ့ နေရာမျိုးပဲ ။ သန်မာတဲ့လူသာ လောကကြီးရဲ့ လေးစားမှုကို ရရှိနိုင်မယ်။

လူအုပ်ကြီး တီတိုး ပြောနေစဉ်မှာ လျှို့ဝှက်ခန်းထဲသို့ ကောင်မလေးရဲ့ အသံက ရုတ်ခြည်း ဝင်ရောက်လာခဲ့တယ်။

"ဒီနေရာကို ရှင်တို့အာလုံး ဘာအကြောင်းကြောင့် ရောက်နေတာလဲ"

ဒီအသံက အားလုံးနဲ့ ရင်းနှီးနေပါတယ်။ ကောင်မလေး ပြောလိုက်တဲ့ စကားကို ကြားပြီးနောက် အားလုံးက မဝံ့မရဲဖြစ်ကာ အမောတကော ပြောတော့တယ်။

"ကျွန်တော်တို့က လက်ထောက်သခင်ရဲ့ သြဝါဒစကားကို လာနားထောင်တာပါ"

Chapter-572
End

Ghostwife 24
(573-597)
ဘာသာပြန်ဆိုသူ : သကြားလုံးလေး

အပိုင်း(၅၇၃)
ကုသပေးနိုင်တယ်

"မှန်ပါတယ်... ကျွန်တော်မျိုးတို့က လက်ထောက် သခင်ရဲ့ သြဝါဒ စကားကို လာနားထောင်တာပါ"

ဒီလူတွေ အားလုံးက မဝံ့မရဲ ဖြစ်စွာ ရယ်လိုက်ပြီး မုရုန်ပေကို သခင်အစား လက်ထောက် သခင်ကို မသိစိတ်နဲ့ ခေါ်လိုက်ကြတယ်။

ရိုးရိုးသားသား ပြောရရင်တော့ သူတို့အားလုံး သူ့ကို ဒီလို ခေါ်မှသာ မုရုန်ပေ တစ်ယောက် စိတ်အေးရတော့တယ်။ ဒီပြင် သူတို့တွေ ယွမ်လော့ဖုန်းကို ရန်စလို့ မဖြစ်ဘူး။အခု အမှန်အတိုင်းပြောရမယ်ဆိုရင် ငှက်ဆိုးကြီး ဂိုဏ်း အရင်နေရာကို ပြန်ရမယ်ဆိုရင် သူ့ရာထူးကို စွန့်လွှတ်ရလဲ ကိစ္စမရှိဘူး။

သူ့ညီအစ်ကိုတွေကို ပိုကောင်းမွန်တဲ့ဘဝပေးရတာထက် ပို အရေးကြီးတဲ့ ကိစ္စဆိုတာ မရှိဘူး။

"တကယ် ဟုတ်လို့လား"
ခပ်ရေးရေးမျှ ပြုံးလိုက်ပြီး ယွမ်လော့ဖုန်းလည်း လျှို့ဝှက်အခန်းထဲက လူများကို ကြည့်လိုက်တယ်။

" ရှင်တို့တွေ ကျွန်မ အကြောင်း မကောင်းကြောင်း ပြောနေတာ မလား"

ဒီစကားကို ကြားတော့ ဒီလူအားလုံးမှာ ပိုပြီးတော့ မဝံ့ရဲ ဖြစ်ရတယ်။

"ဘယ်လို ဖြစ်နိုင်ပါ့မလဲ ကျွန်တော်မျိုးတို့က သခင်မကို အပြစ်မမြင်နိုင်လောက်အောင် ကြည်ညိုလေးစားပါတယ်... အားလုံးရဲ့ နှလုံးသားထဲမှာ သခင်မက နတ်ဘုရားမပါ"

"သခင်မ... ကျွန်တော်မျိုးတို့အပေါ် အထင်မြင် လွဲမှားနေပါပြီ... ကျွန်တော်တို့က ဒီလို မနှစ်မြို့ဖွယ် ကိစ္စမျိုးကို မလုပ်ဆောင်ပါဘူး"

ယွမ်လော့ဖုန်းလည်း နှုတ်ခမ်းထောင့်များကို မြှင့်တင်လိုက်တယ်။ ဒီလူများရဲ့စကားကို အတည်မမှတ်ယူဘဲ ပြုံးရုံသာ ပြုံးနေလိုက်တယ်။
" ကျွန်မ... မုရုန်ပေကို ပြောစရာ ရှိတယ်... အခု ရှင်တို့ ထွက်သွားနိုင်ပြီ"

"ဟုတ်ကဲ့ပါ သခင်မ"
လူအုပ်စုက သူမကို ဂါရဝပြုပြီး လျှို့ဝှက်ခန်းမှ ဆုတ်ခွာသွားလေရဲ့။ ခဏကြာတော့ ယွမ်လော့ဖုန်းနဲ့ မုရုန်ပေသာ အခန်းထဲမှာ ကျန်ရစ်ခဲ့တယ်။

မုရုန်ပေက မဝံ့မရဲ ဖြစ်နေဆဲပါ။ အပြစ်ရှိသလို ခံစားနေရသော အကြည့်နဲ့ သူမကို မေးလာခဲ့တယ်။
" သခင်မ ... ကျွန်တော်မျိုးကို ဘာပြောချင်လို့ပါလဲ"

"ကျွန်မ အထင် မမှားဘူးဆိုရင် ရှင် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဖြစ်ကတည်းက လျှို့ဝှက် ကြံစည်ခံခဲ့ရတယ်မလား။ ဒါကြောင့် ရှင် ချီစွမ်းအားကို စုပ်ယူဖို့ ကြိုးစားတိုင်း စူးရှသော နာကျင်မှုကို ခံစားရတယ်မလား... ဟုတ်တယ်မလား"
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်ပြီး အလွန်လှပသော သူမမျက်နှာပေါ် မာယာများသော အပြုံးလေးကို ဖြန့်ကျက်လိုက်လေ့ရဲ့။

မုရုန်ပေရဲ့မျက်နှာက အတော်ကို ပျက်ယွင်းသွားရပြီး ကြောက်ကြောက်လန့်လန့် ပုံစံနဲ့ မေးလာခဲ့တယ်။
" ဒီကိစ္စကို ဘယ်လို သိနေခဲ့တာလဲ"

သူ့ညီအစ်ကိုတွေ ကြောက်လန့်မှာ စိုးလို့ ဒီကိစ္စကို သူ ယုံကြည်ရတဲ့ ညီနောင်များကိုတောင် နှစ်ပေါင်းများစွာ မပြောဘဲ တိမ်ချန်ခဲ့ရတာ။ သူမက ဒီကိစ္စကို ဘယ်နေရာက စုံစမ်းလာတာလဲ။

"သမားတော် တစ်ယောက်အနေနဲ့ ဘယ် နာမကျန်းမှုမှ ကျွန်မ မျက်လုံးက မလွတ်မြောက်နိုင်ပါဘူး"
ယွမ်လော့ဖုန်းလည်း မုရုန်ပေကို ပြုံးကာ ကြည့်လိုက်တယ်။

မုရုန်ပေလည်း သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားပြီး မဲ့ပြုံးလေးနဲ့ စကားဆိုတယ်။
" သခင်... ကျွန်တော်မျိုးအတွက် ဒီကိစ္စကို လျှို့ဝှက်ထားပေးပါလား ၊ ဒီအကြောင်းကို တခြားသူ မသိစေချင်ဘူး"

"ဒီအကြောင်းကို ရှင် ဖုံးကွယ်ထားတာ ကြာပြီလေ... ဒါကြောင့် သူတို့တွေ သိပ်မကြာခင်မှာ သိသွားမှာဘဲ"
ယွမ်လော့ဖုန်းလည်း ခဏရပ်တန့်လိုက်ပြီး ဆက်ပြောတယ်။
"ဒါပေမဲ့ ကျွန်မ... ရှင့်ကို ကုသပေးနိုင်ပါတယ်"

"ဘယ်လို..."
မုရုန်ပေမှာ စကားမပြောနိုင်အောင် နှုတ်ဆိတ်သွားခဲ့တယ်။ သူ့မျက်ဝန်းမှာတော့ မျှော်လင့်ချက် ရောင်ခြည်များ ဖြာသန်းနေခဲ့တာပေါ့။

ဒီနှစ်တွေမှာ သူလည်း သမားတော် အများကြီးနဲ့ တိတ်တဆိတ် ကုသခဲ့ဖူးပါတယ်။ အကြိမ်ပေါင်းများစွာ ဟွမ်ချွမ်မြို့က ထွက်ပြီး ဆေးကုသဖို့ နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးတော့ သူ့ကို ဘယ်သူမှ မကုသပေးနိုင်ခဲ့ဘူး။

အခုတော့ ယွမ်လော့ဖုန်းက သူ့ကို ကုသပေးနိုင်တယ်လို့ ပြောလိုက်တာလား။ ဒါဆို သူ... ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ ဘဝမှာ ထာဝရ မနေရတော့ဘူးပေါ့... ပျော်လိုက်တာနော်...။ မုရုန်ပေမှာ အရမ်းကို စိတ်လှုပ်ရှားနေသော်လည်း ယွမ်လော့ဖုန်းက သူ့ကို အလွယ်တကူလေး ကူညီပေးမှာ မဟုတ်မှန်း သူ သိနေခဲ့တယ်။ ခဏတာ စိတ်လှုပ်ရှားပြီးနောက် သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်တယ်။

"ကျွန်တော်မျိုးဘက်က ဘာပြန်ပေးရမလဲဆိုတာ ပြောပါ"
ယွမ်လော့ဖုန်း တောင်းဆိုသမျှကို လက်ခံဖို့ သူ့ဘက်က အဆင်သင့်ပါ။

ယွမ်လော့ဖုန်းလည်း သူမရဲ့မေဖျားလေးကို အသာအယာ ပွတ်သပ်ရင်း မာယာများစွာ သူ့ကို စွေးခနဲ ကြည့်လိုက်တယ်။
"ရှင့်မှာ ကျွန်မ လိုအပ်တာ မရှိဘူးထင်တယ်"

မုရုန်ပေရဲ့မျက်နှာက ဖြူဖျော့သွားရတယ်။
"သခင်မက ကျွန်တော်မျိုးကို ကယ်တင်ပေးနိုင်တယ် ပြောတော့ ကျွန်တော်မျိုးကို ကယ်တင်ပေးဖို့ လက်ခံလိုက်တယ်လို့ ထင်ခဲ့မိတာ... သခင်မ ဘာလိုချင်တာလဲသာ ပြောပါ ကျွန်တော်မျိုးမှာ ရှိသမျှ သခင်မကို ပေးမယ်"

"ရှင့်မှာ တကယ်ပဲ ကျွန်မ လိုအပ်နေတာ မရှိဘူး... ဒါပေမဲ့..."
ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းများကို အနည်းငယ်မျှ မှေးကျဉ်းလိုက်ပြီး
"ရှင့် သစ္စာစောင့်သိခြင်းကတော့ တန်ဖိုးရှိမယ်... ရှင် ကျွန်မကို သစ္စာစောင့်သိမယ်လို့ ကတိတည်ရင် ရှင့်ကို ကုသပေးမယ်"

Chapter-573
End

အပိုင်း(၅၇၄)
ချန်းမိသားစု၏ အစေခံ (၁)

မုရုန်ပေလည်းနှုတ်ဆိတ်သွားလေရဲ့။ သူ့မျက်ဝန်းများကတော့ မျှော်လင့်ချက် ရောင်ခြည်များကို ဖြာဆင်းနေတာပေါ့။ ယွမ်လော့ဖုန်းက သူ့ကို ကုသပေးနိုင်သ၍ သူမရဲ့ သစ္စာတော်ခံ မပြောနဲ့ သူမရဲ့ အစေခံ အဖြစ် ခစားဖို့တောင် ဆန္ဒရှိတယ်။

"ကျွန်တော်မျိုး သဘောတူပါတယ်"
သူလည်း ရိုးသားစွာ ပြန်ပြောလိုက်တယ်။ သူ့မျက်ဝန်းများကတော့ ဆုံးဖြတ်ချက် ခိုင်မာမှုများကို ပြသနေလေရဲ့။

"သုံးရက်အတွင်း ရှင့်ကို ကုသပေးမယ်"
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ ပြောလိုက်တယ်။
"ဒီပြင် ကုသမှုအတွက် ငွေသန်း၅၀ပေးရမယ်"

"သန်း၅၀"
မုရုန်ပေမှာ အသက်ရှူမှားသလို ဖြစ်သွားရတယ်။ သူ့နှုတ်ခမ်းထောင့်က မဲ့ရွဲ့သွားရတယ်။
"ဒါက အရမ်း ဈေးမကြီးဘူးလား"

"ကုသစရိတ်က သန်း၅၀ထက် မလျော့ဖူးဘူး"

သူမပြောချင်တာက သန်း၅၀က သူမရဲ့ အနိမ့်ဆုံးသော ကုသစရိတ်ပေါ့။

ခက်ထန်နေသောမျက်နှာနဲ့ မုရုန်ပေလည်း လေးလေးပင်ပင် သက်ပြင်းချလိုက်တယ်။ လူနာတစ်ယောက်ကို ကုသလို့ သူမ ရတဲ့ငွေက သူ စုဆောင်းထားတဲ့ ငွေအားလုံးထက် ကျော်လွန်တာပေါ့။ သမားတော် အလုပ်က တကယ်ကို အကျိုးများတာပဲ။

"သခင်မ... ဒါက ငွေသန်း၅၀ပါ"
မုရုန်ပေလည်း သေတ္တာကို ဂရုတစိုက် ဖွင့်လိုက်ပြီး ချက်လက်မှတ် ၅ရွက်ကိုထုတ်ကာ ယွမ်လော့ဖုန်း ရှေ့နားထားလိုက်တယ်။ နာကျင်ကြေကွဲနေသော လေသံဖြင့်
" သခင်မ အတွက်ပါ... ဘယ်အချိန် စတင် ကုသမလဲ"

"ဘယ်အချိန် ဖြစ်ဖြစ်ပေါ့... ဒါပေမဲ့ ကျွန်မမှာ ပြင်ဆင်စရာလေး ရှိသေးတယ်"
ယွမ်လော့ဖုန်းလည်း မျက်ဝန်းကို မှေးကျဉ်းလိုက်ပြီး ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။
" ဒီအတောအတွင်း ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ကို စိန်ခေါ်မှု တိုးမြှင့်ထားရမယ်... အားလုံးကိုလည်း သေချာ လေ့ကျင့်ပေးထားရမယ်... ရှင် နေပြန်ကောင်းတဲ့နေ့က သူတို့နဲ့ တိုက်ပွဲဖြစ်မယ့် နေ့ပဲ"

မုရုန်ပေလည်း အံ့သြမှင်တက်သွားပြီး ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသော ယွမ်လော့ဖုန်းရဲ့ မျက်နှာကို ငဲ့စောင်းကြည့်လိုက်တယ်။ အလိုအလျောက် သူမ ပြောသမျှကို သူ ယုံကြည်နေခဲ့တယ်။

"သခင်မကို စိတ်တော် မပျက်စေရပါဘူး"

သူမက ပေအန်တောင်ထဲ ဝင်ချင်တာကြောင့် ငှက်ဆိုးကြီး ဂိုဏ်းရဲ့ ခေါင်းဆောင်နေရာကို ယူထားတယ်ဆိုတာ သူ နားလည်တယ်။ ဒီလိုဆိုရင်တော့ သူမကို စိတ်မပျက်အောင် လုပ်စရာလား။

"သခင်မ"

ထိုအချိန် လျှို့ဝှက်အခန်းရဲ့ တံခါးက ရုတ်တရက် ဖွင့်သွားခဲ့ ဖန်ဖေး ၊ဖန်တင်းတို့ ဝင်လာပြီး ရိုသေစွာ ဂါရဝပြုကာ သတင်းပို့လာခဲ့တယ်။
"သခင်.. ချန်းမိသားစုက သခင်ကို ချန်းအိမ်တော် အလည်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။"

ယွမ်လော့ဖုန်းလည်း ဖန်ဖေးရဲ့ စကားကို ကြားတော့ သူမစိတ်ထဲ နှင်းကဲ့သို့ အဖြူရောင်လေး ဝင်ရောက်လာခဲ့တယ်။ သူမရဲ့မျက်ဝန်းနက်များက ပိုပို မည်းမှောင်လာရတယ်။

"မုရုန်ပေ... ရှင့်ကို နောက်မှ ကုသပေးတော့မယ်"
ထို့နောက် သူမလည်း လျှို့ဝှက်ခန်းထဲမှ ထွက်ခွာလာလိုက်တယ်။

.....

ခန်းမထဲမှာ ဓားရှည်ကို ကိုင်ဆောင်ထားတဲ့ ချန်းမိသားစုရဲ့ လှပတဲ့ အစေခံမလေးက အနည်းငယ် စိတ်ရှုပ်နေသလိုပဲ။ သူမ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးမှုများကို အတိုင်းသား တွေ့နေရတယ်။

ရုတ်တရက် သူမရဲ့မျက်လုံးသူငယ်အိမ် ကျုံ့သွားရပြီး ခန်းမဆောင်ထဲ ဝင်ရောက်လာတဲ့ အလွန်လှပသော မိန်းကလေးကိုသာ စူးစူးစိုက်စိုက် ကြည့်နေခဲ့တယ်။

သူမရဲ့ဝတ်စုံက နှင်းကဲ့သို့ ဖြူဖွေးပြီး မည်းနက်သော ဆံနွယ်ရှည်များက လေညင်မှာ တလွင့်လွင့် ဖြစ်နေခဲ့တယ်။

သူမအလှကို ဖော်ညွှန်းဖို့ စကားစ ရှာမရနိုင်အောင် လှပလွန်းတယ်။ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့ သူမ ကိုယ်တိုင်တောင် သူမရဲ့ အလှမှာ အနည်းငယ် မိန်းမောသွားမိတယ်။ သူမမှာ ပြီးပြည့်စုံတဲ့ မျက်နှာ ရှိတာပဲ။ ဒါကြောင့်လည်း သခင်က သူမကို ထူးထူးခြားခြား ပြုမူတာ မဆန်းပါဘူး။ သူမ အလှက တစ်လောကလုံးမှာ ရှိတဲ့ ယောက်ျားအားလုံးကို ညှို့ယူဖမ်းစားနိုင်တာပဲ။

လှပသော အစေခံမလေးလည်း သူမစိတ်ထဲက မနာလိုစိတ်ကို ထိန်းချုပ်ဖို့ကြိုးစားရင်း သူမနဲ့ တဖြည်းဖြည်းချင်း နီးကပ်လာတဲ့ ယွမ်လော့ဖုန်းကို ခံစားချက် ကင်းမဲ့စွာ ကြည့်လိုက်တယ်။
" ငါတို့ သခင်က သူ့ကို ကုသပေးဖို့ ချန်းမိသားစုကို ဖိတ်ခေါ်တာပါ"

"ဒီလိုပုံစံနဲ့လား"
ယွမ်လော့ဖုန်းလည်း ထေ့ငေါ့လိုက်ပြီး အစေခံမလေးကို မာယာမျက်ဝန်းများဖြင့် စွေးခနဲ ကြည့်လိုက်တယ်။

"ငါ့ကုသမှုကို ခံယူချင်တဲ့ လူတိုင်းက ငါ့ကို ကိုယ်တိုင် ဖိတ်ကြားရတယ်... ငါ့ကို ဖိတ်ခေါ်ဖို့ အစေခံတစ်ယောက်ကို လွှတ်လိုက်တယ်လား... အားနာပါတယ်... ငါ့မှာ အချိန်မရှိဘူး"

ယွမ်လော့ဖုန်းက သူမကို ငြင်းဆိုမယ်လို့ မမျှော်လင့်ထားတာကြောင့် အစေခံမလေးလည်း နှုတ်ခမ်း ကိုက်လိုက်ပြီး မျက်နှာထား ချက်ချင်းပြောင်းလဲသွားတယ်။
"ငါတို့ သခင်ကို ကုသပေးရင် မင်းကို တန်ဖိုးကြီးကြီး ပေးမှာပါ... မင်း ပေအန်တောင်ကို ဝင်ချင်တယ်မလား... နင်...ငါတို့သခင်ကို ကယ်တင်ရင် ငါတို့က နင့်ကို အဲဒီနေရာ ပို့ပေးနိုင်တယ်"

Chapter-574
End

(လက်ရှိ စာစဉ်၃၈အထိ ထွက်ပါပြီ 963အထိ ဖတ်လို့ရပါပြီ....Gp5ဖြစ်တဲ့ စာစဉ်40/41/42ကို 2000ksနဲ့ဝင်မယ်ဆိုလျှင် 39ကို လက်ဆောင်ပေးပါမည်)

Bạn đang đọc truyện trên: Truyen247.Pro