
559+560+561+562
Zawgyi/Unicode
အပုိင္း(၅၅၉)
ေလလံပြဲ (၁)
“ဟား…”
တန္ယန္ ရယ္ေမာ လုိက္တယ္။ တန္ယြဲ႔ ပခုံးေလးကုိ ပုတ္လုိက္ျပီး စိတ္ရင္းအတုိင္း ေျပာလုိ္က္တယ္။
“ဟုတ္တယ္… ေျမး ေျပာတာ မွန္တယ္ ၊ သူမလုိ ညစ္ပတ္တဲ့ မိန္းကေလးက အဖုိ္းတန္ ေျမးေလးနဲ႔ ယွဥ္လို႔ ရစရာလား ယြဲ႔အာ… ဘုိးဘုိး ေျမးကို ယုံၾကည္တယ္ ၊ ဘုိးဘုိးကုိ စိတ္မပ်က္ေစနဲ႔”
တန္ယြဲ႔လည္း ခပ္ေရးေရးမ်ွ ျပံဳးလုိက္ျပီး သူမရဲ႕မ်က္ေတာင္မ်ားကုိ ေမွးစဥ္းလုိက္ကာ ခက္ထန္ေသာ အၾကည့္မ်ားကို ဖုံးကြယ္လုိ္က္တယ္။ ဟြမ္ခြ်မ္ျမိဳ႕က မိန္းကေလး အားလုံးရဲ႕ အိပ္မက္ ျဖစ္တဲ့ ခ်န္းယြီခ်င္းက သူမ အပိုင္ ျဖစ္ေစရမယ္။
……
ေလလံစံအိမ္ေတာ္မွာ အေစာပုိင္း ေလလံတင္သမ်ွ ပစၥည္းတုိင္းက သာမန္ ပစၥည္းမ်ားေလာက္ပဲ။ ေနာက္ပုိင္း ေလလံတင္သမ်ွက တန္ဖုိးရွိ ပစၥည္းမ်ားပါ။ ဒီအခ်က္ေၾကာင့္ ေလလံပစ္သူရဲ႕ တူထုသံၾကားတာနဲ႔ တျခား ပစၥည္းကုိ ေရာင္းခ်ေပးတယ္။
“အားလုံး ေမ်ွာ္လင့္ ေစာင့္စားေနတဲ့ သစ္ပင္ အေစ့ကုိ ေလလံတင္ပါေတာ့မယ္”
သိမ္ေမြ႕ေသာ အျပံဳးေလးနဲ႔အတူတူ ငယ္ရြယ္ေသာ ေလလံပစ္သူက အနီေရာင္ အဝတ္စကုိ ေျမွာက္လုိက္တယ္။ သူ႔အသံက ခန္းမေဆာင္ တစ္ခုလုံး ပ်ံ႕လြင္လာတာေပါ့
“ရုိးရုိးသားသား ေျပာရရင္ ဘယ္သစ္ပင္လည္း ဆုိတာေတာ့ ငါ မသိဘူး… ဒါေပမဲ့လည္း ေပအန္ေတာင္ရဲ႕ အနက္ရႈိင္းဆုံး အပုိင္းက ယူလာတယ္ဆုိေတာ့ သစ္ပင္ အေစ့ အပင္ေပါက္ရင္ ဆန္းၾကယ္မွာပဲ”
ေလလံပစ္သူရဲ႕အသံက ေမွာ္အစြမ္း ရွိေနသကဲ့သုိ႔ ဆြဲမက္ဖြယ္ေကာင္းလွတယ္။ သုိ႔ေသာ္လည္း ခင္းက်င္းထားေသာ အျပားေပၚက သစ္ပင္မ်ိဳးေစ့ကုိ ျမင္ေတာ့မွ အားလုံးရဲ႕ စိ္တ္လႈပ္ရွားေနေသာ ႏွလုံးသားမ်ား တည္ၿငိမ္သြားခဲ့တယ္။ ဒါက ရုိးရုိးမ်ိဳးေစ့ ျဖစ္ေနခဲ့ရင္ ဝယ္ရတာ စြန္႔စားရက်လြန္းတယ္။ ဒီမ်ိဳးေစ့ကုိ ညိွဳးေျခာက္သြားေနျပီ … မီးေၾကာင့္လည္း ေလာင္ကြ်မ္းေနတယ္။ နတ္ဘုရား ကုိယ္တုိင္ေတာင္ ဒီမ်ိဳးေစ့ကုိ အပင္ေပါက္ေအာင္ မလုပ္ေဆာင္ႏုိင္ဘူး။ အရူးသာ ဒီညိွဳးေျခာက္ေနတဲ့ မ်ိဳးေစ့ကုိ ဝယ္လိမ့္မယ္။
လူေတြရဲ႕ မ်က္ဝန္းမ်ားကုိ သတိမထားမိသလုိ ငယ္ရြယ္တဲ့ ေလလံပစ္သူက အျပံဳးေလးနဲ႔ ဆက္ေျပာတယ္။
“စတင္မယ့္ ေငြပမာဏကေတာ့ ေငြစ ၁၀သန္း… အခုကစျပီးေတာ့ အျပိ္ဳင္အဆုိင္ ေစ်း ေခၚဖုိ႔ တုိက္တြန္းပါတယ္”
အစကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ေလသံတီတုိးေျပာေနျပီး ဘယ္သူမွ ေစ်းျပိဳင္ မေပးခ်င္ဘူး။ ဘယ္သူမွ ေစ်းေပးမယ္ မထင္ခ်ိန္မွာ ၾကည္လင္ေသာ အသံက လူစုၾကားထဲ ပ်ံ႕လြင့္လာခဲ့တယ္။
“ေငြစ ၁၀သန္း”
လင္းေလာပုိင္လည္း သူမရဲ႕လက္ကုိ ေျမွာက္လုိက္ျပီး ပစၥည္းရဲ႕ မူလ ေစ်းႏႈန္းကုိ ရွက္ကုိးရွက္ကန္းနဲ႔ ေျပာလုိက္တယ္။ သုိ႕ေသာ္လည္း လင္းေလာ့ပုိင္ လက္ျပန္မရုပ္သိမ္းခင္ ယြြမ္ေလာ့ဖုန္းဘက္ လွည့္ၾကည့္လုိက္တယ္။
“ဆရာ… တပည့္အထင္ေတာ့ ဒီမ်ိဳးေစ့က အသုံးဝင္မယ္ မထင္ဘူး ဘာလုိ႔ ဝယ္ခ်င္ရတာလဲ”
ယြမ္ေလာ့ဖုန္းလည္း လက္ပုိက္ရင္း ပ်င္းရိေလးတြဲစြာ ကုလားထုိင္ကုိ မွီထားလုိက္တယ္။
“ဒီမ်ိဳးေစ့က ပုံသ႑န္ေကာင္းတယ္… ငါ့ ႏုိ႕လက္ဖက္ရည္ေလးအတြက္ လည္ဆြဲ လုပ္ေပးလုိ႔ ရတယ္”
လင္းေလာပုိင္ရဲ႕ ႏႈတ္ခမ္းေလးက မဲ့ရြဲ႕သြားရတယ္။ ဒါဆုိ ဆရာက မ်ိဳးေစ့ကုိ ဝယ္ခ်င္တာ ၾကြက္ေလးအတြက္ လည္ဆြဲလုပ္ေပးခ်င္လုိ႔လား။ ဒါေပမဲ့… ေငြ၁၀သန္းေတာင္ ကုန္မွာေလ။
လင္းေလာပုိင္မွာ အထြန္႔တက္ခ်င္ေသာ္လည္း သခင္က အရမ္းကုိခ်မ္းသာျပီး ဇြတ္တရြတ္ ႏုိ္္င္လြန္းတယ္။
ယြမ္ေလာ့ဖုန္းေျပာလုိက္တဲ့ စကားေၾကာင့္ တျခားေသာသူမ်ားမွာ ေခါင္းကုိ တြင္တြင္ခါျပီး တိတ္တဆိတ္ သက္ျပင္းခ်ေတာ့တယ္။ ဒီလိုလူမ်ိဳးက ငွက္ဆုိးႀကီးဂုိဏ္းကုိ ဆက္ခံတယ္ဆုိေတာ့ ဒီဂုိဏ္းႀကီးေတာ့ မၾကာခင္ ေပ်ာက္ကြယ္ေတာ့မယ္။
ငွက္ဆုိးႀကီးဂုိဏ္းရဲ႕ တပည့္မ်ားက ရွက္လြန္းလို႔ စိတ္ထဲမွာ ယြမ္ေလာ့ဖုန္းကုိ အျပစ္တင္ေနမိတယ္။ ဒီမိန္းကေလးက တကယ့္ကုိ အလဟႆ ေငြကုိ ျဖဳန္းတီးေနတာပဲ။ ဘာလုိ႔ ပုိက္ဆံကုိ ဒီလို ျဖဳန္းတီးရတာလဲ။ ဒါက သူတုိ႔ ကိစၥ မဟုတ္ေသာ္လည္း သခင္ေဟာင္းက ပုိက္ဆံရဖုိ႔ ခက္ခက္ခဲခဲ အလုပ္ႀကိဳးစားထားရတာ။
ေနာက္ဆုံးေတာ့ သူတို႔ အျမင္မွာေတာ့ ယြမ္ေလာ့ဖုန္းက ေငြ၁၀သန္းကုိ အလြယ္ေလး သုံးလိုက္တာေၾကာင့္ သာမန္ မိန္းကေလး တစ္ေယာက္ မျဖစ္ႏုိ္င္ေတာ့ဘူး။သူမက သခင္ေဟာင္းရွာေဖြထားတဲ့ ပုိ္က္ဆံေတြ ခုိးထားတာ ျဖစ္ရမယ္။
Chapter-559
End
အပုိင္း(၅၆၀)
ေလလံပြဲ (၂)
သူမမွာ သခင္ေဟာင္း ပုိင္ဆုိင္တဲ့ ေငြေၾကးေတြကုိ ျဖဳန္းတီးဖုိ႔ အရည္အခ်င္း ရွိရဲ႕လား ယြမ္ေလာ့ဖုန္းကုိ ငွက္ဆုိးႀကီးဂုိဏ္းကုိ လႊဲေျပာင္းေပးဖုိ႔ သေဘာတူခဲ့ရင္ေတာင္ တပည့္မ်ားကေတာ့ သူမကုိ မယုံၾကည္ႏုိင္ဘူး။ သူတုိ႔အားလုံးက မုရုန္ေပကုိ ေၾကာက္လုိ႔သာ သူမကုိ မႀကိဳက္ေသာ္လည္း အညံ့ခံထားရတာေပါ့။
“ေငြစ ၁၅သန္း”
စူးစူးဝါးဝါးအသံက ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္ အဖြဲ႕မွ ထြက္ေပၚလာခဲ့တယ္။ သက္လတ္ပုိင္း အမ်ိဳးသားက ယြမ္ေလာ့ဖုန္းကုိ ေအးတိေအးစက္ မထီမဲ့ျမင္ ၾကည့္လုိက္တယ္။
“မုရုန္ေပက မင္းအတြက္ ေငြအမ်ားႀကီး ခ်န္ခဲ့မယ္လုိ႔ေတာ့ မထင္ဘူး… ေငြ၁၀သန္းက မင္း ပုိ္င္ဆုိင္သမ်ွ အားလုံးလား…စိတ္ေတာ့ မေကာင္းပါဘူး.. ငါလည္း ဒီမ်ိဳးေစ့ကုိ ဝယ္ခ်င္တယ္”
သခင္က ေလလံစံအိမ္ေတာ္မွာ ျပႆနာမရွာဖုိ႔ သတိေပးထားေသာ္လည္း သူ႕ရဲ႕လက္ရွိ အျပဳအမူက ျပႆနာ ဖန္တီးေနတာ မဟုတ္ဘူးေလ ။ ေလလံတင္တဲ့ ပစၥည္းအတြက္ ေလလံဆြဲေနတာပဲ။
“ဆရာ…”
ေရွာင္ပုိင္လည္း ေတြးေတြးဆဆနဲ႔ ေမးလုိက္တယ္။
“သူ႕ေနာက္က ေစ်းလိုက္ေခၚသင့္လား”
သူမေမးလုိက္တဲ့ ေမးခြန္းကုိ ၾကားျပီးေနာက္ ယြမ္ေလာ့ဖုန္းကုိ ေခါင္းငုံ႕ကာ သူမရဲ႕ အက်ႍလက္ထဲမွ ႏုိ႕လက္ဖက္ရည္ေလးရဲ႕ ေခါင္းကုိ ပုတ္လုိက္တယ္။
သူမရဲ႕ ႏႈတ္ခမ္းကုိ မဲ့ရြဲ႕လုိက္ျပီး
“ႏုိ႕လက္ဖက္ရည္ေလးက ဒီမ်ိဳးေစ့ကုိ အရမ္းႀကိဳက္ေနတယ္”
သူမဆုိလုိတာက ဒီမ်ိဳးေစ့ကုိ မရ ရတဲ့နည္းတဲ့ ဝယ္မယ္ဆုိတဲ့ သေဘာေပါ့။
လင္းေလာပိုင္လည္း ေခါင္းညိတ္ျပီး ေျပာလုိက္တယ္။
“သန္း၂၀”
လူလတ္ပုိင္း အမ်ိဳးသားရဲ႕ မ်က္ႏွာက ခ်က္ခ်င္း ေျပာင္းလဲသြားခဲ့ျပီး ေထ့ေငါ့စြာ ေျပာလုိက္တယ္။
“မုရုန္ေပက မင္းကုိ ေကာင္းေကာင္းဆက္ဆံတယ္ ထင္ပါတယ္… ပုိက္ဆံ အမ်ားႀကီး ေပးထားတယ္ ထင္ပါတယ္…ဒါေပမဲ့ သူ ဘယ္လုိပဲေပးေပးပါ… သူ ပုိင္ဆုိင္သမ်ွ အားလုံးကုိေတာ့ ေပးမယ္ မထင္ဘူး… သူ႕ခ်မ္းသားမႈ အားလုံးက ငါတုိ႔ကုိ မယွဥ္ႏိုင္ပါဘူး”
ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္နဲ႔ ငွက္ဆုိးႀကီး ဂုိဏ္းက အဆင့္ တစ္ဆင့္တည္းသာ ကြာျခားတယ္လုိ႔ ထင္ရေသာ္လည္း အာဏာနဲ႔ ခ်မ္းသာမႈမွာ အမ်ားႀကီး ကြာျခားပါတယ္။ ဒါေၾကာင့္လည္း လူလတ္ပုိင္း အမ်ိဳးသားက ဒီလို စကားမ်ိဳး ေျပာရဲတာေပါ့… ။ ဒါေပမဲ့လည္း ယြမ္ေလာ့ဖုန္း ဘယ္ေလာက္ အတုိင္းအတာအထိ ခ်မ္းသာလဲဆုိတာေတာ့ သူ မသိဘူး။
“သန္း ၃၀”
ထုိစကားကုိ ေျပာျပီးေနာက္ လူလတ္ပုိင္း အမ်ိဳးသားက ေနာက္တစ္ႀကိမ္ ေစ်းေခၚလုိက္ျပီး မဲ့ရြဲ႕ေသာပုံစံနဲ႔ ေျပာလုိက္တယ္။ ဒီမိန္းကေလးက သူ႕ကုိ ဆန္႔က်င္ျပီး ေစ်းေခၚခ်င္ေသးလား ၾကည့္ရတာေပါ့။ ဒီတစ္ႀကိမ္ေတာ့ သူ ပုိက္ဆံ အလုံအေလာက္ ယူလာတယ္။ သန္း၃၀ဆုိတာ သူ႕အတြက္ေတာ့ ဘာမွ မဟုတ္ဘူး။ ဒီေကာင္မေလးကုိ စိတ္ညစ္ေအာင္ လုပ္ႏုိင္သ၍ ဒီေငြပမာဏာကုိ ျဖဳန္းဖုိ႔ ဆႏၵရွိတယ္။
“သန္း၄၀”
“သန္း၅၀”
“သန္း၆၀”
လူလတ္ပုိင္း အမ်ိဳးသား ေစ်းထပ္မေခၚခင္ လင္းေလာပုိင္က ခ်က္ခ်င္းလက္ငင္း ေစ်းထပ္ေခၚလုိက္တယ္။
သန္း၆၀။ ေကာင္းကင္ဘုံ သိုင္းစံအိမ္ေတာ္ အတြက္ေတာင္ အလြန္ကုိ မ်ားျပားတဲ့ ပမာဏ တစ္ခုေလ။ ဒီေလလံ စံအိမ္ေတာ္မွာ သခင္ လုိခ်င္တဲ့ ပစၥည္း ရွိရင္ေတာ့ သူဘက္က ဆက္လက္ ေစ်းေခၚေနမွာပါ။ သခင္သာ ရွိရင္ မ်ိဳးေစ့အတြက္နဲ႔ေတာ့ ဒီေလာက္အထိ အကုန္ခံမွာ မဟုတ္ဘူး။ စြန္႔လႊတ္လုိက္မွာေလ။ ယြမ္ေလာ့ဖုန္းကုိ စိတ္အေႏွာင္ါအယွက္ ျဖစ္ေစခ်င္တဲ့ ဆႏၵကုိေတာ့ မစြန္႔လႊတ္ႏုိင္ဘူး။
“မင္းတုိ႔ ငွက္ဆုိးႀကီး ဂုိဏ္းရဲ႕ ပစၥည္း ဥစၥာ အားလုံးေပါင္းလုိက္ရင္ေတာင္ သန္း၆၀တန္တာ ရွိပါ့မလား၊ မုရုန္ေပက သူပုိင္သမ်ွ အားလုံးကုိ ေပးရေလာက္တဲ့အထိ မရူးမုိက္ဘူးလုိ႔ေတာ့ ထင္တယ္”
လူလတ္ပုိင္း အမ်ိဳးသားက ေထ့ေငါ့လုိက္ျပီး မတ္တတ္ ထရပ္ကာ ဝင့္ၾကြားစြာ ေျပာတယ္။
“ဒီမိန္းကေလးကုိ ပုိင္ဆုိင္မႈ စစ္ေဆးသင့္တယ္လုိ႔ ေလလံစံအိမ္ေတာ္ကုိ အၾကံေပးခ်င္တယ္ သူမ… ေငြ အလုံအေလာက္ မယူလာရင္ သူမရဲ႔ အျပဳအမူက မလုိမုန္းထား အျပဳအမူလို႔ ယူဆသင့္ပါတယ္ ေလလံစံအိမ္ေတာ္ရဲ႕ စည္းမ်ဥ္းအရ သူမရဲ႕ ေျခေထာက္ေတြကို ခ်ိဳးျပီး ဟြမ္ခြ်မ္ျမိဳ႕ေတာ္က ထာရဝ ေမာင္းထုတ္သင့္ပါတယ္”
လင္းေလာပုိင္လည္း ဒီလူကုိ အရူးကုိ ၾကည့္ေနသလို ၾကည့္ေနလုိက္တယ္။ဆရာရဲ႕ ထူးခြ်န္လွတဲ့ ေဆးပညာအစြမ္းနဲ႔ လူနာတစ္ေယာက္ဆီက ေငြ၁၀သန္းကုိ အလြယ္ေလး ရႏုိင္ပါတယ္။ ဆရာမွာ သန္း၆၀ ရွိလား မရွိဘူးလားဆုိတာ သံသယ ျဖစ္ေနစရာ မလုိအပ္ဘူး… ရယ္စရာ ေကာင္းလုိ္က္တာေနာ္။
ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္က လူေတြက ထင္ရာျမင္ရာ စြတ္ေတြးတတ္တာလား။
ဟာသ ျပဇာတ္ကုိ ေစာင့္ၾကည့္ေနရသလို လူငယ္ ေလလံပစ္သူက ျပံဳးေနလုိက္တယ္။
“ငါတို႔မွာ စည္းမ်ဥ္း ရွိပါတယ္…ေလလံပစၥည္း ဝယ္တာနဲ႔ ငါတုိ႔က ေငြ စစ္ေဆးပါတယ္ ၊ သခင္တန္လင္း စိတ္မပူပါနဲ႔”
Chapter-560
End
အပုိင္း(၅၆၁)
ေလလံပြဲ (၃)
အံႀကိတ္ရင္း တန္လင္းလည္း ခပ္ၾကမ္းၾကမ္း ေျပာလုိ္က္တယ္။
“ဒီမိန္းမက လွည့္ဖ်ားတတ္တာ မင္းတုိ႔ သိလုိ႔လား ၊ သူမကုိ မင္းတုိ႔ေတြ အခ်ိန္ေပးလိုက္တာနဲ႔ သူမက ဆင္ေျခေပးျပီး တစ္ျပားတစ္ခ်ပ္မွ ေပးမွာ မဟုတ္ဘူး ၊ အခုခ်က္ခ်င္း သန္း၆၀ ျပခုိင္းလုိက္စမ္းပါဟာ… မဟုတ္ရင္ေတာ့ မင္းတုိ႔ေတြ သူမ လွည့္စားတာ ခံရမယ္”
ဒီမိန္းမဘက္က သန္း၆၀ကုိ ထုတ္ျပႏုိင္မွာ မဟုတ္ဘူး။ တန္လင္းလည္း မဲ့ျပံဳး ျပံဳးလုိက္တယ္။ ဒါက ငါတုိ႔ ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္ကုိ မေလးမစား ျပဳမူတဲ့အတြက္ ထုိက္သင့္တဲ့ ျပစ္ဒဏ္ပဲ။
လူရြယ္ ေလလံပစ္သူရဲ႕မ်က္ႏွာေပၚက အျပံဳးက ေပ်ာက္ကြယ္သြားေတာ့တယ္။ သူလည္း ေသြးေအးစြာ ေျပာလုိက္တယ္။
“ဒါဆုိ သခင္တန္လင္းက ကြ်န္ေတာ္တုိ႔ ေလလံစံအိ္မ္ေတာ္ကုိ မယုံၾကည္တာလား”
“မဟုတ္ဘူး… ငါက ရွန္တန္ေလလံစံအိမ္ေတာ္ကုိ မယုံၾကည္တာ မဟုတ္ဘူး ငါက မင္းတုိ႔ေတြကုိ အလွည့္စား မခံေစခ်င္တာ”
ရွန္တန္ေလလံစံအိမ္ေတာ္ကုိ သူတုိ႔ ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္က ရန္စတာ မေကာင္းမွန္းသိေသာ္လည္း ဒီအခြင့္အေရးေကာင္းကုိေတာ့ သူ လက္လြတ္ မခံခ်င္ဘူး။
ဒီတစ္ႀကိမ္ေတာ့ လူရြယ္ ေလလံပစ္သူကုိ စကားေျပာခြင့္ မေပးဘဲ တန္လင္းလည္း သူ႔မ်က္ႏွာကုိ ယြမ္ေလာ့ဖုန္းဘက္လွည့္ကာ ေလွာင္ျပံဳး ျပံဳးလုိက္တယ္။
“ယြမ္ေလာ့ဖုန္း… မင္းကုိ မုရုန္ေပ့ ေငြ ဘယ္ေလာက္ေပးထားလဲဆုိတာ ငါ ခန္႔မွန္းေပးရမလား…. ထားပါေတာ့ေလ… သူ မင္းကုိ ေငြ ဘယ္ေလာက္ေပးေပး သန္း၆၀ေတာ့ မေပးေလာက္ဘူး… မင္းမွာ မရွိလည္း ဘာလုိ႔ ဒီေလာက္ ေငြပမာဏ အထိ ေစ်းေခၚေနရလဲ… မင္းကုိယ္မင္း ဒုကၡရွာေနတာလား”
တန္လင္းလည္း ရပ္တန္႔လုိက္ျပီး ဆက္ေျပာတယ္။
“အခု ေလလံစံအိမ္ေတာ္… အားလုံးရဲ႕ေရွ႕မွာ မင္းရဲ႕ သရုပ္အမွန္ကုိ ေဖာ္ထုတ္ျပမယ္”
တန္လင္းရဲ႕ ေျဗာင္က်က် လူေပၚလူေမာ္ လုပ္တဲ့ စကားမ်ားကုိ ၾကားရေသာ္လည္း ယြမ္ေလာ့ဖုန္းဘက္ကေတာ့ ေအးေအးလူလူပါပဲ။ လင္းေလာပုိင္လက္ထဲမွ လက္ဖက္ရည္ခြက္ကုိ ယူကာ ပုံမွန္အတုိင္း တစ္ငုံေသာက္ေနလိုက္တယ္။ သူမရဲ႕ မ်က္ဝန္းနက္မ်ားကေတာ့ ေၾကာက္ခမန္းလိလိ ျဖဳံေလာက္ပါတယ္။
“ယြမ္ေလာ့ဖုန္း”
သူမရဲ႕ အဖက္မလုပ္ဟန္ အျပဳအမူေၾကာင့္ တန္လင္းမွာ ပုိ ေဒါကန္လာရတယ္။
“သန္း ၆၀ကုိ မင္း ထုတ္မျပႏုိင္ရင္ … ဒီေနရာက ခ်က္ခ်င္း ထြက္သြားလုိက္စမ္းပါ… ျမန္ျမန္ေလး ထြက္သြားစမ္းပါ”
ယြမ္ေလာ့ဖုန္းလည္း လက္ဖက္ရည္ခြက္ကုိ ခ်ထားလုိက္ျပီး မ်က္ခုံးပင့္ကာ လူလတ္ပုိင္း အမ်ိဳးသားကုိ ၾကည့္လုိက္တယ္။
“ငါ့ဘက္က သန္း၆၀ကုိ ထုတ္ျပႏုိင္ရင္ ဘာျပန္ရမွာလဲ”
“ဟား…”
တန္လင္း ေထ့ေငါ့လုိက္တယ္။
“မုရုန္ေပက မင္းကုိ သူ ပုိင္ဆုိင္သမ်ွ အာားလုံးေပးထားတယ္လို႔ ေျပာခ်င္တာလား… ငါက မင္း စကားကုိ ယုံမယ္လို႕ ထင္ေနလား”
ယြမ္ေလာ့ဖုန္းလည္း ပခုံးတြန္႔လုိက္တယ္။
“ငါ သန္း၆၀ကုိ ထုတ္ျပႏုိင္ရင္ နင္က ငါ့အတြက္ မ်ိဳးေစ့ဖုိး ေပးလုိက္ေလ… ဘယ္လုိလဲ”
တန္လင္းရဲ႕မ်က္ႏွာအမူအရာက အနည္းငယ္ ပ်က္ယြင္းသြားခဲ့တယ္။ ယြမ္ေလာ့ဖုန္းက မာယာမ်ားတယ္ဆုိတာေတာ့ သူ သိေနခဲ့ပါတယ္။ မာယာမ်ားလြန္းလို႔ ထ်န္းမိ္သားစုကုိ ဖ်က္စီးႏုိင္တာေပါ့။ အခု သူမက ဒီလုိစကားေျပာေတာ့ သန္း၆၀ သူမလက္ထဲမွာ ရွိရမယ္။
“ဘာလဲ ေၾကာက္ေနတာလား ”
လင္းေလာပုိင္ကလည္း ဒီအခြင့္အေရးကုိ လက္လြတ္မခံေပ။ မတ္တတ္ ရပ္ျပီး ခါးေထာက္ကာ တန္လင္းကုိ အထင္ျမင္ေသးစြာ ၾကည့္လုိက္တယ္။
“ငါ့ဆရာမွာ သန္း၆၀ မရွိဘူးလုိ႔ ရွင္ အခုိင္အမာ ေျပာခဲ့တယ္ေလ… အခု ဆရာက ရွင္နဲ႔ ေလာင္းေၾကးထပ္ေတာ့ ရွင္ ေၾကာက္ေနတာလား”
တန္လင္းရဲ႔မ်က္ႏွာက ျဖဴေဖ်ာ့သြားခဲ့တယ္။ ေလွာင္ေျပာင္ခံရေသာ အၾကည့္မ်ားနဲ႔ ၾကည့္ခံေနရတာေၾကာင့္ သူ႕ကုိယ္သူ အလ်င္အျမန္ေလး ကာကြယ္ ေျပာဆုိလုိက္တယ္။
“ငါ ေၾကာက္ေနတယ္လုိ႔ ဘယ္သူေျပာလဲ…ငါက ဘာကုိမွ မေၾကာက္တတ္ဘူး… မိန္းကေလး ႏွစ္ေယာက္ကုိ ငါက ေၾကာက္စရာလား”
“ဒါဆုိ ဘာလို႔ အေလာင္းအစား မလုပ္လဲ”
လင္းေလာပုိင္လည္း စိတ္မရွည္ဟန္ ေမးလုိက္တယ္။
တန္လင္းလည္း ႏႈတ္ခမ္း လႈပ္လုိက္ေသာ္လည္း သူ႔လည္ေခ်ာင္းမ်ား ေျခာက္ေသြ႕ေနတာေၾကာင့္ စကားတစ္ခြန္းမွ မေျပာႏုိင္ေပ။ အခုအခ်ိန္အထိ မသိမသာ ေထာက္ေခ်ာက္ထဲ က်ေရာက္ေနတာ မသိႏုိင္ေသးဘူး။
“ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္ကလူေတြက ေလာင္းေၾကး မထပ္ရဲဘူး.. သူတုိ႔က တကယ္ကုိ ငကြ်တ္ေတြပဲ”
“ငါလည္း ဒီလိုပဲ ထင္တယ္ ၊ ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္က ငွက္ဆုိးႀကီး ေခါင္းေဆာင္ အသစ္ကုိ ျခိမ္းေျခာက္ျပီး အခုေတာ့ မဝံ့မရဲ ျဖစ္ေနျပီ”
Chapter-561
End
အပုိင္း(၅၆၂)
ေလလံပြဲ (၄)
“ဟား… တန္လင္းေျပာတာ မၾကားလုိက္ဘူးလား သူက အစတည္းက မဝံ့မရဲ ျဖစ္ေနျပီသား… ဝန္ခံဖုိ႔ ခဲယဥ္းေနတာ… ငါသာ သူေနရာမွာဆုိရင္ ေလာင္းေၾကးထပ္မွာ ဘာပဲျဖစ္ျဖစ္ အရႈံးခံမွာ မဟုတ္ဘူး”
တန္လင္းလည္း အတင္းအဖ်င္းေျပာေသာ ေဆြးေႏြးခ်က္မ်ားကို ၾကားေတာ့ သူ႔မ်က္ႏွာက ေနာက္တစ္ႀကိမ္ ေျပာင္းလဲသြားခဲ့တယ္။ ဒါေပမဲ့ အခုအခ်ိန္မွာ သူ႕အတြက္ေတာ့ ေနာက္ျပန္လွည့္ဖုိ႔ မျဖစ္ႏုိင္ေတာ့ဘူး။ ဟြမ္ခြ်မ္ျမိဳ႕ေတာ္အေၾကာင္းကုိ သူ႕ေလာက္ ဘယ္သူမွ သိမွာ မဟုတ္ဘူး ။ ေလာင္ေၾကးကုိ လက္ခံဖုိ႔ မဝံ့မရဲ ျဖစ္ေနရင္ ဘာကုိ ဆုိလုိလည္းဆုိတာ သူ နားလည္တယ္။ သူ လက္မခံလုိက္ရင္ေတာ့ အခုအခ်ိ္န္ကစျပီးေတာ့ ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္က တျခားသူမ်ားရဲ႕ မခံခ်ိမခံသာ စကားမ်ားကုိ သည္းခံရေတာ့မယ္။
ဒါေၾကာင့္ ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္ရဲ႕ ဂုဏ္အသေရေတာ္ကုိ ထိန္းသိမ္းဖို႔ တန္လင္းလည္း လက္သီးကုိ က်စ္ေနေအာင္ ဆုပ္ကုိင္ရင္း ခက္ထန္စြာ ေျပာလုိက္တယ္။
“အေလာင္းအစား တစ္ခုပဲေလ ၊ ငါက ဘာလုိ႔ ေၾကာက္ေနရမလဲ.. ေကာင္းျပီေလ... မင္းရဲ႕ ေလာင္းေၾကးကုိ ငါ လက္ခံတယ္ ၊ ဒါေပမဲ့ မင္းဘက္က သန္း၆၀ကုိ ထုတ္မျပႏုိင္ရင္ မင္းေျခေထာက္ေတြကုိ ခ်ိဳးျပီး ဟြမ္ခြ်မ္ျမိဳ႕ကုိ ေနာက္တစ္ႀကိမ္ ျပန္မလာရဘူး”
ယြမ္ေလာ့ဖုန္းလည္း ျပံဳးလုိက္ျပီး အၾကည့္လႊဲလုိက္တယ္။ သူမရဲ႕ အက်ႍလက္ထဲက စာရြက္ ေျခာက္ရြက္ကုိ ထုတ္ကာ လင္းေလာပုိင္ကုိ ေပးလုိ္က္တယ္။
“ေငြ ၁၀သန္း တန္ဖုိး ရွိတဲ့ ခ်က္လက္မွတ္ ၆ရြက္ ရွိတယ္… အခုခ်က္ခ်င္း ေလလံပစ္သူကုိ မွန္ မမွန္ စစ္ေဆးၾကည့္ဖုိ႔ ေျပာလုိက္”
တန္လင္းရဲ႕မ်က္ႏွာက တည္တံ့သြားျပီး မ်က္လုံးမ်ားက အံ့ၾသမႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့တယ္။
မျဖစ္ႏုိင္ပါဘူး။
မုရုန္ေပက သူ႔ပုိင္ဆုိင္မႈအားလုံးကုိ ဒီမိန္းကေလးကုိ ေပးလုိက္တာလား။ ဒီလူ ရူးေနလား။ သူသာ ဒီအေၾကာင္းကို သိခဲ့ရင္ ေစ်းျမင့့္ျမင့္ ေခၚခဲ့ပါတယ္… သန္း၇၀ေလာက္ တိုးေခၚလုိက္ရင္ သူမ ေပးႏုိင္ေတာ့မွာ မဟုတ္ဘူး။ မုရုန္ေပမွာလည္း ေငြေၾကး အဲေလာက္အထိ မရွိႏိုင္ဘူး။
တန္လင္းလည္း အေတာ္ေလး စိတ္ပ်က္မိတယ္။အျမဲ လိမၼာပါးနပ္ခဲ့တဲ့ မုရုန္ေပက ဒီလို ထုံထုိင္းသြားမယ္လို႔ သူ မထင္ခဲ့ဘူး။
လူရြယ္ ေလလံပစ္သူေလးက လင္းေလာပုိင္ လက္ထဲမွ ခ်က္လက္မွတ္မ်ားကုိ ယူလုိက္ျပီး စစ္ေဆးၾကည့္ကာ သူမကုိ ျပန္ေပးလိုက္တယ္။ ထုိ႔ေနာက္ သူ႕ရဲ႕ ၾကည္လင္ေသာ အသံက ေလလံစံအိမ္ေတာ္ တစ္ေလ်ွာက္ ပ်ံ႕လြင့္လာခဲ့တယ္။
“မွန္ပါတယ္..ဒါက သန္း၆၀ အမွန္အကန္ပါ… တန္လင္း ခင္ဗ်ား ကတိ တည္သင့္ျပီး မိန္းမပ်ိဳေလးအတြက္ စာရင္း ရွင္းေပးလုိက္ပါ”
ဘုိ္င္း
လူရြယ္ ေလလံပစ္သူ ေျပာလုိက္တဲ့ စကားေၾကာင့္ တန္လင္းမွာ ခလုတ္တုိက္ျပီး ထုိင္ခုံတစ္ခုံေပၚ အျပင္းအထန္ လဲက်သြားခဲ့တယ္။သူ႕မ်က္ႏွာမွာ စိတ္ပ်က္ ေၾကကြဲမႈမ်ားျဖင့္ ျပည့္ႏွက္ေနတာေပါ့။
ဘုရား ဘုရား… ဒီတစ္ေခါက္ေတာ့ ငါ့ဘဝေတာ့ သြားပါျပီ။ သန္း၆၀ ကုန္ဆုံးသြားတဲ့အျပင္ ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္ရဲ႕ ရန္သူ အတြက္ သူက လက္ေဆာင္ပါ ေပးရဦးမယ္။ သခင္သာ ဒီကိစၥကုိ သိရင္ သူ႕ကုိ ခြင့္လႊတ္မွာ မဟုတ္ဘူး။
ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္ကို ျပန္ရင္ ရင္ဆုိင္ရမယ္ ျပႆနာမ်ားကုိ ေတြးမိရင္း တန္လင္းရဲ႕မ်က္ႏွာက ျဖဴေဖ်ာ့လာခဲ့တယ္။ သူ႔မ်က္ႏွာမွာ စိတ္ပ်က္ေၾကကြဲမႈမ်ား ျပည့္ႏွက္လာခဲ့တယ္။
“လူႀကီးမင္းမ်ား ခင္ဗ်ား ဟာသဇာတ္ေလး ျပီးဆုံးသြားပါျပီ ေလလံပြဲေလး စတင္လုိက္ရေအာင္ ခန္းရွန္ေတာင္ရဲ႕ ႏွင္းဝံပုေလြလုိ႔ ေခၚတဲ့ စိတ္ဝိညာဥ္သားရဲကုိ ေလလံတင္ပါရေစ အျမင့္ဆုံး ေစ်းေခၚသူက ပုိင္ဆုိင္ရမွာပါ”
လူရြယ္ ေလလံပစ္သူရဲ႕ တူ က်ေရာက္လာခ်ိန္မွာ ေလလံပြဲ စတင္ေတာ့တယ္။
ထုိအခ်ိန္ အေပၚထပ္ ဇိမ္ခံအခန္းမွာ အမ်ိဳးသားတစ္ေယာက္က ႏူးညံ့ေသာ ဆုိဖာေပၚမွာထုိင္ရင္း လက္ဖက္ရည္ၾကမ္းကုိ ေအးေအးလူလူ ေသာက္ေနတယ္။
ေဖာ္ေရြတဲ့ သူ႔မ်က္ႏွာက ၾကည္လင္ ေအးခ်မ္းျပီး ခ်ိဳသာ လြန္းပါတယ္။ ေကာင္းကင္ဘုံမွ က်ဆင္းလာေသာ စမ္းေရ ကဲ့သုိ႔ ေႏြးေထြးမႈကုိ ေပးစြမ္းႏုိင္တယ္။
သူ႔ဆံႏြယ္မ်ားက ႏွင္းကဲ့သုိ႔ ျဖဴစြတ္ေနျပီး အသက္ရွဴမွားေလာက္ေအာင္ လွပပါတယ္။ တစ္ေလာကလုံးမွာ သူ႕ကုိ ေက်ာ္ႏုိင္တဲ့သူ မရွိေလာက္ေအာင္ ခ်စ္စဖြယ္ေကာင္းပါတယ္။ သူ ဒီေနရာေလးမွာ ထုိင္ေနရုံနဲ႔ သူက ပန္းခ်ီကားတစ္ခ်ပ္လုိ လွပေနတယ္။
“ဒီေကာင္မေလးက ငါ့အႀကိဳက္ပုံစံပဲ”
သူ႔ႏႈတ္ခမ္းေထာင့္မ်ားကုိ ျမွင့္တင္လုိက္ျပီး အသက္ရွဴမွားေလာက္တဲ့ အျပံဳးေလးကုိ ေပးစြမ္းလုိက္တယ္။
“ထ်န္းရာက သူမအေၾကာင္း ညႊန္းတာ အ့ံၾသစရာ မရွိဘူး”
သူ႕စကားကုိ ၾကားေတာ့ ေဘးဘက္မွာ ေစာင့္ဆုိင္းေနတဲ့ အႀကီးအကဲယန္က ရိုေသစြာ ခ်က္ခ်င္း ေျပာတယ္။
“သခင္ခ်န္း… သူမကုိ အရမ္း ႏွစ္ျခိဳက္တယ္ဆုိေတာ့ ဒီေနရာကုိ ဖိတ္ေခၚလုိက္ရမလား”
“အခု ေခၚလို႔ မျဖစ္ေသးဘူး”
အမ်ိဳးသားေလးလည္း သိမ္ေမြစြာ ျပံဳးလုိက္ျပီး ေသးသြယ္ေသာ လက္ေခ်ာင္းမ်ားက လက္ဖက္ရည္ခြက္ အစြန္းပုိင္းကုိ ဟုိ ဒီ ေရြ႕လ်ားေနတယ္။ လက္ဖက္ရည္ခြက္ထဲမွာ ပုိးေကာင္ေသးေသးေလး ေတြ႕ေတာ့ သူလည္း မ်က္ေမွာင္ၾကဳတ္လုိက္တယ္။
Chapter-562
End
Zawgyi/Unicode
အပိုင်း(၅၅၉)
လေလံပွဲ (၁)
“ဟား…”
တန်ယန် ရယ်မော လိုက်တယ်။ တန်ယွဲ့ ပခုံးလေးကို ပုတ်လိုက်ပြီး စိတ်ရင်းအတိုင်း ပြောလိုက်တယ်။
“ဟုတ်တယ်… မြေး ပြောတာ မှန်တယ် ၊ သူမလို ညစ်ပတ်တဲ့ မိန်းကလေးက အဖိုးတန် မြေးလေးနဲ့ ယှဉ်လို့ ရစရာလား ယွဲ့အာ… ဘိုးဘိုး မြေးကို ယုံကြည်တယ် ၊ ဘိုးဘိုးကို စိတ်မပျက်စေနဲ့”
တန်ယွဲ့လည်း ခပ်ရေးရေးမျှ ပြုံးလိုက်ပြီး သူမရဲ့မျက်တောင်များကို မှေးစဉ်းလိုက်ကာ ခက်ထန်သော အကြည့်များကို ဖုံးကွယ်လိုက်တယ်။ ဟွမ်ချွမ်မြို့က မိန်းကလေး အားလုံးရဲ့ အိပ်မက် ဖြစ်တဲ့ ချန်းယွီချင်းက သူမ အပိုင် ဖြစ်စေရမယ်။
……
လေလံစံအိမ်တော်မှာ အစောပိုင်း လေလံတင်သမျှ ပစ္စည်းတိုင်းက သာမန် ပစ္စည်းများလောက်ပဲ။ နောက်ပိုင်း လေလံတင်သမျှက တန်ဖိုးရှိ ပစ္စည်းများပါ။ ဒီအချက်ကြောင့် လေလံပစ်သူရဲ့ တူထုသံကြားတာနဲ့ တခြား ပစ္စည်းကို ရောင်းချပေးတယ်။
“အားလုံး မျှော်လင့် စောင့်စားနေတဲ့ သစ်ပင် အစေ့ကို လေလံတင်ပါတော့မယ်”
သိမ်မွေ့သော အပြုံးလေးနဲ့အတူတူ ငယ်ရွယ်သော လေလံပစ်သူက အနီရောင် အဝတ်စကို မြှောက်လိုက်တယ်။ သူ့အသံက ခန်းမဆောင် တစ်ခုလုံး ပျံ့လွင်လာတာပေါ့
“ရိုးရိုးသားသား ပြောရရင် ဘယ်သစ်ပင်လည်း ဆိုတာတော့ ငါ မသိဘူး… ဒါပေမဲ့လည်း ပေအန်တောင်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းက ယူလာတယ်ဆိုတော့ သစ်ပင် အစေ့ အပင်ပေါက်ရင် ဆန်းကြယ်မှာပဲ”
လေလံပစ်သူရဲ့အသံက မှော်အစွမ်း ရှိနေသကဲ့သို့ ဆွဲမက်ဖွယ်ကောင်းလှတယ်။ သို့သော်လည်း ခင်းကျင်းထားသော အပြားပေါ်က သစ်ပင်မျိုးစေ့ကို မြင်တော့မှ အားလုံးရဲ့ စိတ်လှုပ်ရှားနေသော နှလုံးသားများ တည်ငြိမ်သွားခဲ့တယ်။ ဒါက ရိုးရိုးမျိုးစေ့ ဖြစ်နေခဲ့ရင် ဝယ်ရတာ စွန့်စားရကျလွန်းတယ်။ ဒီမျိုးစေ့ကို ညှိုးခြောက်သွားနေပြီ … မီးကြောင့်လည်း လောင်ကျွမ်းနေတယ်။ နတ်ဘုရား ကိုယ်တိုင်တောင် ဒီမျိုးစေ့ကို အပင်ပေါက်အောင် မလုပ်ဆောင်နိုင်ဘူး။ အရူးသာ ဒီညှိုးခြောက်နေတဲ့ မျိုးစေ့ကို ဝယ်လိမ့်မယ်။
လူတွေရဲ့ မျက်ဝန်းများကို သတိမထားမိသလို ငယ်ရွယ်တဲ့ လေလံပစ်သူက အပြုံးလေးနဲ့ ဆက်ပြောတယ်။
“စတင်မယ့် ငွေပမာဏကတော့ ငွေစ ၁၀သန်း… အခုကစပြီးတော့ အပြိုင်အဆိုင် ဈေး ခေါ်ဖို့ တိုက်တွန်းပါတယ်”
အစကတော့ တစ်ယောက်နဲ့ တစ်ယောက် လေသံတီတိုးပြောနေပြီး ဘယ်သူမှ ဈေးပြိုင် မပေးချင်ဘူး။ ဘယ်သူမှ ဈေးပေးမယ် မထင်ချိန်မှာ ကြည်လင်သော အသံက လူစုကြားထဲ ပျံ့လွင့်လာခဲ့တယ်။
“ငွေစ ၁၀သန်း”
လင်းလောပိုင်လည်း သူမရဲ့လက်ကို မြှောက်လိုက်ပြီး ပစ္စည်းရဲ့ မူလ ဈေးနှုန်းကို ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်တယ်။ သို့သော်လည်း လင်းလော့ပိုင် လက်ပြန်မရုပ်သိမ်းခင် ယွမ်လော့ဖုန်းဘက် လှည့်ကြည့်လိုက်တယ်။
“ဆရာ… တပည့်အထင်တော့ ဒီမျိုးစေ့က အသုံးဝင်မယ် မထင်ဘူး ဘာလို့ ဝယ်ချင်ရတာလဲ”
ယွမ်လော့ဖုန်းလည်း လက်ပိုက်ရင်း ပျင်းရိလေးတွဲစွာ ကုလားထိုင်ကို မှီထားလိုက်တယ်။
“ဒီမျိုးစေ့က ပုံသဏ္ဍန်ကောင်းတယ်… ငါ့ နို့လက်ဖက်ရည်လေးအတွက် လည်ဆွဲ လုပ်ပေးလို့ ရတယ်”
လင်းလောပိုင်ရဲ့ နှုတ်ခမ်းလေးက မဲ့ရွဲ့သွားရတယ်။ ဒါဆို ဆရာက မျိုးစေ့ကို ဝယ်ချင်တာ ကြွက်လေးအတွက် လည်ဆွဲလုပ်ပေးချင်လို့လား။ ဒါပေမဲ့… ငွေ၁၀သန်းတောင် ကုန်မှာလေ။
လင်းလောပိုင်မှာ အထွန့်တက်ချင်သော်လည်း သခင်က အရမ်းကိုချမ်းသာပြီး ဇွတ်တရွတ် နို်င်လွန်းတယ်။
ယွမ်လော့ဖုန်းပြောလိုက်တဲ့ စကားကြောင့် တခြားသောသူများမှာ ခေါင်းကို တွင်တွင်ခါပြီး တိတ်တဆိတ် သက်ပြင်းချတော့တယ်။ ဒီလိုလူမျိုးက ငှက်ဆိုးကြီးဂိုဏ်းကို ဆက်ခံတယ်ဆိုတော့ ဒီဂိုဏ်းကြီးတော့ မကြာခင် ပျောက်ကွယ်တော့မယ်။
ငှက်ဆိုးကြီးဂိုဏ်းရဲ့ တပည့်များက ရှက်လွန်းလို့ စိတ်ထဲမှာ ယွမ်လော့ဖုန်းကို အပြစ်တင်နေမိတယ်။ ဒီမိန်းကလေးက တကယ့်ကို အလဟဿ ငွေကို ဖြုန်းတီးနေတာပဲ။ ဘာလို့ ပိုက်ဆံကို ဒီလို ဖြုန်းတီးရတာလဲ။ ဒါက သူတို့ ကိစ္စ မဟုတ်သော်လည်း သခင်ဟောင်းက ပိုက်ဆံရဖို့ ခက်ခက်ခဲခဲ အလုပ်ကြိုးစားထားရတာ။
နောက်ဆုံးတော့ သူတို့ အမြင်မှာတော့ ယွမ်လော့ဖုန်းက ငွေ၁၀သန်းကို အလွယ်လေး သုံးလိုက်တာကြောင့် သာမန် မိန်းကလေး တစ်ယောက် မဖြစ်နိုင်တော့ဘူး။သူမက သခင်ဟောင်းရှာဖွေထားတဲ့ ပိုက်ဆံတွေ ခိုးထားတာ ဖြစ်ရမယ်။
Chapter-559
End
အပိုင်း(၅၆၀)
လေလံပွဲ (၂)
သူမမှာ သခင်ဟောင်း ပိုင်ဆိုင်တဲ့ ငွေကြေးတွေကို ဖြုန်းတီးဖို့ အရည်အချင်း ရှိရဲ့လား ယွမ်လော့ဖုန်းကို ငှက်ဆိုးကြီးဂိုဏ်းကို လွှဲပြောင်းပေးဖို့ သဘောတူခဲ့ရင်တောင် တပည့်များကတော့ သူမကို မယုံကြည်နိုင်ဘူး။ သူတို့အားလုံးက မုရုန်ပေကို ကြောက်လို့သာ သူမကို မကြိုက်သော်လည်း အညံ့ခံထားရတာပေါ့။
“ငွေစ ၁၅သန်း”
စူးစူးဝါးဝါးအသံက ကောင်းကင်ဘုံ သိုင်းစံအိမ်တော် အဖွဲ့မှ ထွက်ပေါ်လာခဲ့တယ်။ သက်လတ်ပိုင်း အမျိုးသားက ယွမ်လော့ဖုန်းကို အေးတိအေးစက် မထီမဲ့မြင် ကြည့်လိုက်တယ်။
“မုရုန်ပေက မင်းအတွက် ငွေအများကြီး ချန်ခဲ့မယ်လို့တော့ မထင်ဘူး… ငွေ၁၀သန်းက မင်း ပိုင်ဆိုင်သမျှ အားလုံးလား…စိတ်တော့ မကောင်းပါဘူး.. ငါလည်း ဒီမျိုးစေ့ကို ဝယ်ချင်တယ်”
သခင်က လေလံစံအိမ်တော်မှာ ပြဿနာမရှာဖို့ သတိပေးထားသော်လည်း သူ့ရဲ့လက်ရှိ အပြုအမူက ပြဿနာ ဖန်တီးနေတာ မဟုတ်ဘူးလေ ။ လေလံတင်တဲ့ ပစ္စည်းအတွက် လေလံဆွဲနေတာပဲ။
“ဆရာ…”
ရှောင်ပိုင်လည်း တွေးတွေးဆဆနဲ့ မေးလိုက်တယ်။
“သူ့နောက်က ဈေးလိုက်ခေါ်သင့်လား”
သူမမေးလိုက်တဲ့ မေးခွန်းကို ကြားပြီးနောက် ယွမ်လော့ဖုန်းကို ခေါင်းငုံ့ကာ သူမရဲ့ အကျႍလက်ထဲမှ နို့လက်ဖက်ရည်လေးရဲ့ ခေါင်းကို ပုတ်လိုက်တယ်။
သူမရဲ့ နှုတ်ခမ်းကို မဲ့ရွဲ့လိုက်ပြီး
“နို့လက်ဖက်ရည်လေးက ဒီမျိုးစေ့ကို အရမ်းကြိုက်နေတယ်”
သူမဆိုလိုတာက ဒီမျိုးစေ့ကို မရ ရတဲ့နည်းတဲ့ ဝယ်မယ်ဆိုတဲ့ သဘောပေါ့။
လင်းလောပိုင်လည်း ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
“သန်း၂၀”
လူလတ်ပိုင်း အမျိုးသားရဲ့ မျက်နှာက ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး ထေ့ငေါ့စွာ ပြောလိုက်တယ်။
“မုရုန်ပေက မင်းကို ကောင်းကောင်းဆက်ဆံတယ် ထင်ပါတယ်… ပိုက်ဆံ အများကြီး ပေးထားတယ် ထင်ပါတယ်…ဒါပေမဲ့ သူ ဘယ်လိုပဲပေးပေးပါ… သူ ပိုင်ဆိုင်သမျှ အားလုံးကိုတော့ ပေးမယ် မထင်ဘူး… သူ့ချမ်းသားမှု အားလုံးက ငါတို့ကို မယှဉ်နိုင်ပါဘူး”
ကောင်းကင်ဘုံ သိုင်းစံအိမ်တော်နဲ့ ငှက်ဆိုးကြီး ဂိုဏ်းက အဆင့် တစ်ဆင့်တည်းသာ ကွာခြားတယ်လို့ ထင်ရသော်လည်း အာဏာနဲ့ ချမ်းသာမှုမှာ အများကြီး ကွာခြားပါတယ်။ ဒါကြောင့်လည်း လူလတ်ပိုင်း အမျိုးသားက ဒီလို စကားမျိုး ပြောရဲတာပေါ့… ။ ဒါပေမဲ့လည်း ယွမ်လော့ဖုန်း ဘယ်လောက် အတိုင်းအတာအထိ ချမ်းသာလဲဆိုတာတော့ သူ မသိဘူး။
“သန်း ၃၀”
ထိုစကားကို ပြောပြီးနောက် လူလတ်ပိုင်း အမျိုးသားက နောက်တစ်ကြိမ် ဈေးခေါ်လိုက်ပြီး မဲ့ရွဲ့သောပုံစံနဲ့ ပြောလိုက်တယ်။ ဒီမိန်းကလေးက သူ့ကို ဆန့်ကျင်ပြီး ဈေးခေါ်ချင်သေးလား ကြည့်ရတာပေါ့။ ဒီတစ်ကြိမ်တော့ သူ ပိုက်ဆံ အလုံအလောက် ယူလာတယ်။ သန်း၃၀ဆိုတာ သူ့အတွက်တော့ ဘာမှ မဟုတ်ဘူး။ ဒီကောင်မလေးကို စိတ်ညစ်အောင် လုပ်နိုင်သ၍ ဒီငွေပမာဏာကို ဖြုန်းဖို့ ဆန္ဒရှိတယ်။
“သန်း၄၀”
“သန်း၅၀”
“သန်း၆၀”
လူလတ်ပိုင်း အမျိုးသား ဈေးထပ်မခေါ်ခင် လင်းလောပိုင်က ချက်ချင်းလက်ငင်း ဈေးထပ်ခေါ်လိုက်တယ်။
သန်း၆၀။ ကောင်းကင်ဘုံ သိုင်းစံအိမ်တော် အတွက်တောင် အလွန်ကို များပြားတဲ့ ပမာဏ တစ်ခုလေ။ ဒီလေလံ စံအိမ်တော်မှာ သခင် လိုချင်တဲ့ ပစ္စည်း ရှိရင်တော့ သူဘက်က ဆက်လက် ဈေးခေါ်နေမှာပါ။ သခင်သာ ရှိရင် မျိုးစေ့အတွက်နဲ့တော့ ဒီလောက်အထိ အကုန်ခံမှာ မဟုတ်ဘူး။ စွန့်လွှတ်လိုက်မှာလေ။ ယွမ်လော့ဖုန်းကို စိတ်အနှောင်ါအယှက် ဖြစ်စေချင်တဲ့ ဆန္ဒကိုတော့ မစွန့်လွှတ်နိုင်ဘူး။
“မင်းတို့ ငှက်ဆိုးကြီး ဂိုဏ်းရဲ့ ပစ္စည်း ဥစ္စာ အားလုံးပေါင်းလိုက်ရင်တောင် သန်း၆၀တန်တာ ရှိပါ့မလား၊ မုရုန်ပေက သူပိုင်သမျှ အားလုံးကို ပေးရလောက်တဲ့အထိ မရူးမိုက်ဘူးလို့တော့ ထင်တယ်”
လူလတ်ပိုင်း အမျိုးသားက ထေ့ငေါ့လိုက်ပြီး မတ်တတ် ထရပ်ကာ ဝင့်ကြွားစွာ ပြောတယ်။
“ဒီမိန်းကလေးကို ပိုင်ဆိုင်မှု စစ်ဆေးသင့်တယ်လို့ လေလံစံအိမ်တော်ကို အကြံပေးချင်တယ် သူမ… ငွေ အလုံအလောက် မယူလာရင် သူမရဲ့ အပြုအမူက မလိုမုန်းထား အပြုအမူလို့ ယူဆသင့်ပါတယ် လေလံစံအိမ်တော်ရဲ့ စည်းမျဉ်းအရ သူမရဲ့ ခြေထောက်တွေကို ချိုးပြီး ဟွမ်ချွမ်မြို့တော်က ထာရဝ မောင်းထုတ်သင့်ပါတယ်”
လင်းလောပိုင်လည်း ဒီလူကို အရူးကို ကြည့်နေသလို ကြည့်နေလိုက်တယ်။ဆရာရဲ့ ထူးချွန်လှတဲ့ ဆေးပညာအစွမ်းနဲ့ လူနာတစ်ယောက်ဆီက ငွေ၁၀သန်းကို အလွယ်လေး ရနိုင်ပါတယ်။ ဆရာမှာ သန်း၆၀ ရှိလား မရှိဘူးလားဆိုတာ သံသယ ဖြစ်နေစရာ မလိုအပ်ဘူး… ရယ်စရာ ကောင်းလိုက်တာနော်။
ကောင်းကင်ဘုံ သိုင်းစံအိမ်တော်က လူတွေက ထင်ရာမြင်ရာ စွတ်တွေးတတ်တာလား။
ဟာသ ပြဇာတ်ကို စောင့်ကြည့်နေရသလို လူငယ် လေလံပစ်သူက ပြုံးနေလိုက်တယ်။
“ငါတို့မှာ စည်းမျဉ်း ရှိပါတယ်…လေလံပစ္စည်း ဝယ်တာနဲ့ ငါတို့က ငွေ စစ်ဆေးပါတယ် ၊ သခင်တန်လင်း စိတ်မပူပါနဲ့”
Chapter-560
End
အပိုင်း(၅၆၁)
လေလံပွဲ (၃)
အံကြိတ်ရင်း တန်လင်းလည်း ခပ်ကြမ်းကြမ်း ပြောလိုက်တယ်။
“ဒီမိန်းမက လှည့်ဖျားတတ်တာ မင်းတို့ သိလို့လား ၊ သူမကို မင်းတို့တွေ အချိန်ပေးလိုက်တာနဲ့ သူမက ဆင်ခြေပေးပြီး တစ်ပြားတစ်ချပ်မှ ပေးမှာ မဟုတ်ဘူး ၊ အခုချက်ချင်း သန်း၆၀ ပြခိုင်းလိုက်စမ်းပါဟာ… မဟုတ်ရင်တော့ မင်းတို့တွေ သူမ လှည့်စားတာ ခံရမယ်”
ဒီမိန်းမဘက်က သန်း၆၀ကို ထုတ်ပြနိုင်မှာ မဟုတ်ဘူး။ တန်လင်းလည်း မဲ့ပြုံး ပြုံးလိုက်တယ်။ ဒါက ငါတို့ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ကို မလေးမစား ပြုမူတဲ့အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ပဲ။
လူရွယ် လေလံပစ်သူရဲ့မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားတော့တယ်။ သူလည်း သွေးအေးစွာ ပြောလိုက်တယ်။
“ဒါဆို သခင်တန်လင်းက ကျွန်တော်တို့ လေလံစံအိမ်တော်ကို မယုံကြည်တာလား”
“မဟုတ်ဘူး… ငါက ရှန်တန်လေလံစံအိမ်တော်ကို မယုံကြည်တာ မဟုတ်ဘူး ငါက မင်းတို့တွေကို အလှည့်စား မခံစေချင်တာ”
ရှန်တန်လေလံစံအိမ်တော်ကို သူတို့ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်က ရန်စတာ မကောင်းမှန်းသိသော်လည်း ဒီအခွင့်အရေးကောင်းကိုတော့ သူ လက်လွတ် မခံချင်ဘူး။
ဒီတစ်ကြိမ်တော့ လူရွယ် လေလံပစ်သူကို စကားပြောခွင့် မပေးဘဲ တန်လင်းလည်း သူ့မျက်နှာကို ယွမ်လော့ဖုန်းဘက်လှည့်ကာ လှောင်ပြုံး ပြုံးလိုက်တယ်။
“ယွမ်လော့ဖုန်း… မင်းကို မုရုန်ပေ့ ငွေ ဘယ်လောက်ပေးထားလဲဆိုတာ ငါ ခန့်မှန်းပေးရမလား…. ထားပါတော့လေ… သူ မင်းကို ငွေ ဘယ်လောက်ပေးပေး သန်း၆၀တော့ မပေးလောက်ဘူး… မင်းမှာ မရှိလည်း ဘာလို့ ဒီလောက် ငွေပမာဏ အထိ ဈေးခေါ်နေရလဲ… မင်းကိုယ်မင်း ဒုက္ခရှာနေတာလား”
တန်လင်းလည်း ရပ်တန့်လိုက်ပြီး ဆက်ပြောတယ်။
“အခု လေလံစံအိမ်တော်… အားလုံးရဲ့ရှေ့မှာ မင်းရဲ့ သရုပ်အမှန်ကို ဖော်ထုတ်ပြမယ်”
တန်လင်းရဲ့ ဗြောင်ကျကျ လူပေါ်လူမော် လုပ်တဲ့ စကားများကို ကြားရသော်လည်း ယွမ်လော့ဖုန်းဘက်ကတော့ အေးအေးလူလူပါပဲ။ လင်းလောပိုင်လက်ထဲမှ လက်ဖက်ရည်ခွက်ကို ယူကာ ပုံမှန်အတိုင်း တစ်ငုံသောက်နေလိုက်တယ်။ သူမရဲ့ မျက်ဝန်းနက်များကတော့ ကြောက်ခမန်းလိလိ ဖြုံလောက်ပါတယ်။
“ယွမ်လော့ဖုန်း”
သူမရဲ့ အဖက်မလုပ်ဟန် အပြုအမူကြောင့် တန်လင်းမှာ ပို ဒေါကန်လာရတယ်။
“သန်း ၆၀ကို မင်း ထုတ်မပြနိုင်ရင် … ဒီနေရာက ချက်ချင်း ထွက်သွားလိုက်စမ်းပါ… မြန်မြန်လေး ထွက်သွားစမ်းပါ”
ယွမ်လော့ဖုန်းလည်း လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီး မျက်ခုံးပင့်ကာ လူလတ်ပိုင်း အမျိုးသားကို ကြည့်လိုက်တယ်။
“ငါ့ဘက်က သန်း၆၀ကို ထုတ်ပြနိုင်ရင် ဘာပြန်ရမှာလဲ”
“ဟား…”
တန်လင်း ထေ့ငေါ့လိုက်တယ်။
“မုရုန်ပေက မင်းကို သူ ပိုင်ဆိုင်သမျှ အာားလုံးပေးထားတယ်လို့ ပြောချင်တာလား… ငါက မင်း စကားကို ယုံမယ်လို့ ထင်နေလား”
ယွမ်လော့ဖုန်းလည်း ပခုံးတွန့်လိုက်တယ်။
“ငါ သန်း၆၀ကို ထုတ်ပြနိုင်ရင် နင်က ငါ့အတွက် မျိုးစေ့ဖိုး ပေးလိုက်လေ… ဘယ်လိုလဲ”
တန်လင်းရဲ့မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားခဲ့တယ်။ ယွမ်လော့ဖုန်းက မာယာများတယ်ဆိုတာတော့ သူ သိနေခဲ့ပါတယ်။ မာယာများလွန်းလို့ ထျန်းမိသားစုကို ဖျက်စီးနိုင်တာပေါ့။ အခု သူမက ဒီလိုစကားပြောတော့ သန်း၆၀ သူမလက်ထဲမှာ ရှိရမယ်။
“ဘာလဲ ကြောက်နေတာလား ”
လင်းလောပိုင်ကလည်း ဒီအခွင့်အရေးကို လက်လွတ်မခံပေ။ မတ်တတ် ရပ်ပြီး ခါးထောက်ကာ တန်လင်းကို အထင်မြင်သေးစွာ ကြည့်လိုက်တယ်။
“ငါ့ဆရာမှာ သန်း၆၀ မရှိဘူးလို့ ရှင် အခိုင်အမာ ပြောခဲ့တယ်လေ… အခု ဆရာက ရှင်နဲ့ လောင်းကြေးထပ်တော့ ရှင် ကြောက်နေတာလား”
တန်လင်းရဲ့မျက်နှာက ဖြူဖျော့သွားခဲ့တယ်။ လှောင်ပြောင်ခံရသော အကြည့်များနဲ့ ကြည့်ခံနေရတာကြောင့် သူ့ကိုယ်သူ အလျင်အမြန်လေး ကာကွယ် ပြောဆိုလိုက်တယ်။
“ငါ ကြောက်နေတယ်လို့ ဘယ်သူပြောလဲ…ငါက ဘာကိုမှ မကြောက်တတ်ဘူး… မိန်းကလေး နှစ်ယောက်ကို ငါက ကြောက်စရာလား”
“ဒါဆို ဘာလို့ အလောင်းအစား မလုပ်လဲ”
လင်းလောပိုင်လည်း စိတ်မရှည်ဟန် မေးလိုက်တယ်။
တန်လင်းလည်း နှုတ်ခမ်း လှုပ်လိုက်သော်လည်း သူ့လည်ချောင်းများ ခြောက်သွေ့နေတာကြောင့် စကားတစ်ခွန်းမှ မပြောနိုင်ပေ။ အခုအချိန်အထိ မသိမသာ ထောက်ချောက်ထဲ ကျရောက်နေတာ မသိနိုင်သေးဘူး။
“ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ကလူတွေက လောင်းကြေး မထပ်ရဲဘူး.. သူတို့က တကယ်ကို ငကျွတ်တွေပဲ”
“ငါလည်း ဒီလိုပဲ ထင်တယ် ၊ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်က ငှက်ဆိုးကြီး ခေါင်းဆောင် အသစ်ကို ခြိမ်းခြောက်ပြီး အခုတော့ မဝံ့မရဲ ဖြစ်နေပြီ”
Chapter-561
End
အပိုင်း(၅၆၂)
လေလံပွဲ (၄)
“ဟား… တန်လင်းပြောတာ မကြားလိုက်ဘူးလား သူက အစတည်းက မဝံ့မရဲ ဖြစ်နေပြီသား… ဝန်ခံဖို့ ခဲယဉ်းနေတာ… ငါသာ သူနေရာမှာဆိုရင် လောင်းကြေးထပ်မှာ ဘာပဲဖြစ်ဖြစ် အရှုံးခံမှာ မဟုတ်ဘူး”
တန်လင်းလည်း အတင်းအဖျင်းပြောသော ဆွေးနွေးချက်များကို ကြားတော့ သူ့မျက်နှာက နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာ သူ့အတွက်တော့ နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ဘူး။ ဟွမ်ချွမ်မြို့တော်အကြောင်းကို သူ့လောက် ဘယ်သူမှ သိမှာ မဟုတ်ဘူး ။ လောင်ကြေးကို လက်ခံဖို့ မဝံ့မရဲ ဖြစ်နေရင် ဘာကို ဆိုလိုလည်းဆိုတာ သူ နားလည်တယ်။ သူ လက်မခံလိုက်ရင်တော့ အခုအချိန်ကစပြီးတော့ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်က တခြားသူများရဲ့ မခံချိမခံသာ စကားများကို သည်းခံရတော့မယ်။
ဒါကြောင့် ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ရဲ့ ဂုဏ်အသရေတော်ကို ထိန်းသိမ်းဖို့ တန်လင်းလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ရင်း ခက်ထန်စွာ ပြောလိုက်တယ်။
“အလောင်းအစား တစ်ခုပဲလေ ၊ ငါက ဘာလို့ ကြောက်နေရမလဲ.. ကောင်းပြီလေ... မင်းရဲ့ လောင်းကြေးကို ငါ လက်ခံတယ် ၊ ဒါပေမဲ့ မင်းဘက်က သန်း၆၀ကို ထုတ်မပြနိုင်ရင် မင်းခြေထောက်တွေကို ချိုးပြီး ဟွမ်ချွမ်မြို့ကို နောက်တစ်ကြိမ် ပြန်မလာရဘူး”
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်ပြီး အကြည့်လွှဲလိုက်တယ်။ သူမရဲ့ အကျႍလက်ထဲက စာရွက် ခြောက်ရွက်ကို ထုတ်ကာ လင်းလောပိုင်ကို ပေးလိုက်တယ်။
“ငွေ ၁၀သန်း တန်ဖိုး ရှိတဲ့ ချက်လက်မှတ် ၆ရွက် ရှိတယ်… အခုချက်ချင်း လေလံပစ်သူကို မှန် မမှန် စစ်ဆေးကြည့်ဖို့ ပြောလိုက်”
တန်လင်းရဲ့မျက်နှာက တည်တံ့သွားပြီး မျက်လုံးများက အံ့သြမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။
မဖြစ်နိုင်ပါဘူး။
မုရုန်ပေက သူ့ပိုင်ဆိုင်မှုအားလုံးကို ဒီမိန်းကလေးကို ပေးလိုက်တာလား။ ဒီလူ ရူးနေလား။ သူသာ ဒီအကြောင်းကို သိခဲ့ရင် ဈေးမြင့်မြင့် ခေါ်ခဲ့ပါတယ်… သန်း၇၀လောက် တိုးခေါ်လိုက်ရင် သူမ ပေးနိုင်တော့မှာ မဟုတ်ဘူး။ မုရုန်ပေမှာလည်း ငွေကြေး အဲလောက်အထိ မရှိနိုင်ဘူး။
တန်လင်းလည်း အတော်လေး စိတ်ပျက်မိတယ်။အမြဲ လိမ္မာပါးနပ်ခဲ့တဲ့ မုရုန်ပေက ဒီလို ထုံထိုင်းသွားမယ်လို့ သူ မထင်ခဲ့ဘူး။
လူရွယ် လေလံပစ်သူလေးက လင်းလောပိုင် လက်ထဲမှ ချက်လက်မှတ်များကို ယူလိုက်ပြီး စစ်ဆေးကြည့်ကာ သူမကို ပြန်ပေးလိုက်တယ်။ ထို့နောက် သူ့ရဲ့ ကြည်လင်သော အသံက လေလံစံအိမ်တော် တစ်လျှောက် ပျံ့လွင့်လာခဲ့တယ်။
“မှန်ပါတယ်..ဒါက သန်း၆၀ အမှန်အကန်ပါ… တန်လင်း ခင်ဗျား ကတိ တည်သင့်ပြီး မိန်းမပျိုလေးအတွက် စာရင်း ရှင်းပေးလိုက်ပါ”
ဘိုင်း
လူရွယ် လေလံပစ်သူ ပြောလိုက်တဲ့ စကားကြောင့် တန်လင်းမှာ ခလုတ်တိုက်ပြီး ထိုင်ခုံတစ်ခုံပေါ် အပြင်းအထန် လဲကျသွားခဲ့တယ်။သူ့မျက်နှာမှာ စိတ်ပျက် ကြေကွဲမှုများဖြင့် ပြည့်နှက်နေတာပေါ့။
ဘုရား ဘုရား… ဒီတစ်ခေါက်တော့ ငါ့ဘဝတော့ သွားပါပြီ။ သန်း၆၀ ကုန်ဆုံးသွားတဲ့အပြင် ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ရဲ့ ရန်သူ အတွက် သူက လက်ဆောင်ပါ ပေးရဦးမယ်။ သခင်သာ ဒီကိစ္စကို သိရင် သူ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။
ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ကို ပြန်ရင် ရင်ဆိုင်ရမယ် ပြဿနာများကို တွေးမိရင်း တန်လင်းရဲ့မျက်နှာက ဖြူဖျော့လာခဲ့တယ်။ သူ့မျက်နှာမှာ စိတ်ပျက်ကြေကွဲမှုများ ပြည့်နှက်လာခဲ့တယ်။
“လူကြီးမင်းများ ခင်ဗျား ဟာသဇာတ်လေး ပြီးဆုံးသွားပါပြီ လေလံပွဲလေး စတင်လိုက်ရအောင် ခန်းရှန်တောင်ရဲ့ နှင်းဝံပုလွေလို့ ခေါ်တဲ့ စိတ်ဝိညာဉ်သားရဲကို လေလံတင်ပါရစေ အမြင့်ဆုံး ဈေးခေါ်သူက ပိုင်ဆိုင်ရမှာပါ”
လူရွယ် လေလံပစ်သူရဲ့ တူ ကျရောက်လာချိန်မှာ လေလံပွဲ စတင်တော့တယ်။
ထိုအချိန် အပေါ်ထပ် ဇိမ်ခံအခန်းမှာ အမျိုးသားတစ်ယောက်က နူးညံ့သော ဆိုဖာပေါ်မှာထိုင်ရင်း လက်ဖက်ရည်ကြမ်းကို အေးအေးလူလူ သောက်နေတယ်။
ဖော်ရွေတဲ့ သူ့မျက်နှာက ကြည်လင် အေးချမ်းပြီး ချိုသာ လွန်းပါတယ်။ ကောင်းကင်ဘုံမှ ကျဆင်းလာသော စမ်းရေ ကဲ့သို့ နွေးထွေးမှုကို ပေးစွမ်းနိုင်တယ်။
သူ့ဆံနွယ်များက နှင်းကဲ့သို့ ဖြူစွတ်နေပြီး အသက်ရှူမှားလောက်အောင် လှပပါတယ်။ တစ်လောကလုံးမှာ သူ့ကို ကျော်နိုင်တဲ့သူ မရှိလောက်အောင် ချစ်စဖွယ်ကောင်းပါတယ်။ သူ ဒီနေရာလေးမှာ ထိုင်နေရုံနဲ့ သူက ပန်းချီကားတစ်ချပ်လို လှပနေတယ်။
“ဒီကောင်မလေးက ငါ့အကြိုက်ပုံစံပဲ”
သူ့နှုတ်ခမ်းထောင့်များကို မြှင့်တင်လိုက်ပြီး အသက်ရှူမှားလောက်တဲ့ အပြုံးလေးကို ပေးစွမ်းလိုက်တယ်။
“ထျန်းရာက သူမအကြောင်း ညွှန်းတာ အံ့သြစရာ မရှိဘူး”
သူ့စကားကို ကြားတော့ ဘေးဘက်မှာ စောင့်ဆိုင်းနေတဲ့ အကြီးအကဲယန်က ရိုသေစွာ ချက်ချင်း ပြောတယ်။
“သခင်ချန်း… သူမကို အရမ်း နှစ်ခြိုက်တယ်ဆိုတော့ ဒီနေရာကို ဖိတ်ခေါ်လိုက်ရမလား”
“အခု ခေါ်လို့ မဖြစ်သေးဘူး”
အမျိုးသားလေးလည်း သိမ်မွေစွာ ပြုံးလိုက်ပြီး သေးသွယ်သော လက်ချောင်းများက လက်ဖက်ရည်ခွက် အစွန်းပိုင်းကို ဟို ဒီ ရွေ့လျားနေတယ်။ လက်ဖက်ရည်ခွက်ထဲမှာ ပိုးကောင်သေးသေးလေး တွေ့တော့ သူလည်း မျက်မှောင်ကြုတ်လိုက်တယ်။
Chapter-562
End
Bạn đang đọc truyện trên: Truyen247.Pro