
553+554+555+556+557+558
Zawgyi / Unicide
အပုိင္း(၅၅၃)
ေနရာတုိင္းမွာ မေကာင္းသတင္း ပ်ံ႕လြင့္ေနတယ္
သက္လတ္ပုိင္း အမ်ိဳးသားမွာ အားအင္ ခ်ည့္နဲ႔လာရတယ္။ သူ ခ်မွတ္လုိက္တဲ့ ဆုံးျဖတ္ခ်က္က မွန္လား ၊ မွားလား ဆုိတာေတာ့ သူ မသိဘူး။ ဒီေကာင္မေလး သူ႕ငွက္ဆုိးႀကီး ဂိုဏ္းတစ္ခုလုံးကုိ မဖ်က္ဆီးဖုိ႔ပဲ ေမ်ွာ္လင့္မိတယ္။
ဒီေန႔အေၾကာင္းကိစၥကုိ ႏွစ္ေပါင္းမ်ားစြာ ၾကာရင္ ျပန္ေတြးမိမွာပါ။ ထုိအခ်ိန္ေရာက္ရင္ေတာ့ သူ႔ဆုံးျဖတ္ခ်က္က သူ႕ကုိ ကံေကာင္းေစတယ္ဆုိတာ နားလည္လာမွာပါ။ ေကာင္မေလးရဲ႕ အတင္းအက်ပ္ အျပဳမူေၾကာင့္သာ မဟုတ္ရင္ ငွက္ဆုိးႀကီးဂုိဏ္းက သာမန္ကာလ်ွံကာ အေျခအေနမွာသာ ရွိေနမွာပါ။ ဟြမ္ခြ်မ္ျမိဳ႕မွာ တျခားသူမ်ားကုိ ေက်ာ္လြန္ႏိုင္တဲ့ အစြမ္းအာဏာကုိ ပုိင္ဆိုင္ႏုိင္ေတာ့မွာ မဟုတ္ေပ။
….
ဟြမ္ခြ်မ္ျမိဳ႕ေတာ္မွာ ေန႔တုိ္င္း ေန႔တုိ္င္း နာမည္ႀကီး ဂိုဏ္းမ်ား ပ်က္သုဥ္းျခင္းအေၾကာင္းကုိ ပ်င္းရိေလးတြဲစြာ ၾကားေနရျမဲပါ။ ခ်က္ခ်င္း ဂုိဏ္းအဖြဲ႕အစည္းအသစ္မ်ားလည္း ေပၚလာစျမဲပါ။ ဒါကုိ ဘယ္သူမွ ထူးဆန္းတယ္လုိ႔ မျမင္ၾကပါဘူး။ သုိ႔ေသာ္လည္း ဒီကေန႔ေတာ့ ဟြမ္ခြ်မ္ တစ္ျမိဳ႕လုံးကုိ တုန္လႈပ္ေစတဲ့ သတင္း တစ္ခုေတာ့ ေပၚထြက္လာခဲ့တယ္။ ေျပာၾကတာေတာ့ ငွက္ဆုိးႀကီး ဂုိဏ္းေခါင္းေဆာင္က သူ႔ရာထူးကုိ ငယ္ရြယ္တဲ့ ေကာင္မေလးကုိ လႊဲေျပာင္းလုိက္သတဲ့… အံ့ဖြယ္ပါပဲ။
အားလုံးက မိန္းမပ်ိဳေလး နဲ႔ ငွက္ဆုိးႀကီး ဂုိဏ္းေခါင္းေဆာင္ မုရုန္ေပ ၾကားက ဆက္ႏႊယ္မႈကုိပဲ ခန္႔မွန္းေနၾကတယ္။ မုရုန္ေပက ဘာေၾကာင့္ ေကာင္မေလးကုိ ရာ ငွက္ဆိုးႀကီး ဂုိဏ္း လႊဲေျပာင္းေပးရတာလဲ။
သူ႔ရဲ႕ တရားမဝင္ သမီးမ်ားလား။ ဒါမွမဟုတ္ ခ်စ္သူေတြလား။ မဟုတ္ရင္ေတာ့ မုရုန္ေပက သူစိမ္း မိန္းကေလး တစ္ေယာက္ကုိ အလြယ္တကူ ရာထူးလႊဲေပးမွာ မဟုတ္ဘူး။ ဒါေပါ့…. လူအမ်ားစုကေတာ့ ခ်စ္သူေတြ ျဖစ္မယ္လုိ႔ ယူဆၾကတယ္။ ေကာင္မေလးကုိ ျမင္ဖူးတဲ့ လူေတြ ေျပာတာေတာ့ အဲဒီေကာင္မေလးက အသက္ရွဴမွားေလာက္ေအာင္ လွပတယ္တဲ့။ ဟြမ္ခြ်မ္ျမိဳ႕ရဲ႕ အေခ်ာေမာဆုံး မိန္းမပ်ိဳေလးေတာင္ ဒီေကာင္မေလးကုိ မယွဥ္ႏုိင္ဘူးတဲ့။
မဟုတ္ေသးဘူး။ သူမတို႔ႏွစ္ေယာက္က ေန႔နဲ႔ညလုိ ျခားနားသတဲ့။ ေျပာေနတာေတာ့ မ်ိဳးစုံေနတာပါပဲ။
မုရုန္ေပက ဒီလုိ သမီးမ်ိဳးကုိ မေမြးထုတ္ႏုိင္ဘူး။ ဒါေၾကာင့္ ဒီေကာင္မေလးက သူမအလွအပနဲ႔ မုရုန္ေပကုိ ဆြဲေဆာင္ထားတာ ျဖစ္ရမယ္။ သူ မိန္းေမာေနစဥ္မွာ သူမလက္ထဲ ဂုိဏ္းကုိ ေပးအပ္ခိုင္းတာ ျဖစ္ရမယ္။
ထုိအခ်ိန္… ေကာင္းကင္ဘုံ သုိင္း စံအိမ္ေတာ္ ဧည့္ေဆာင္ခန္း အလယ္မွာ ရွိေနတဲ့ တန္ယန္က သူ႕လက္ေအာက္ငယ္သား သတင္းပုိ႔တာကို နားေထာင္ေနျပီး ေလးေလးနက္နက္ ေတြးေတာေနသည္ ထင္ပါတယ္။
“ငွက္ဆုိးႀကီး ဂုိဏ္းကုိ မိန္းမပ်ိဳေလး တစ္ေယာက္ဆီ လႊဲအပ္လုိက္ပါျပီလား ၊ ဒီေကာင္မေလးရဲ႕ ေနာက္ခံကုိ မင္း သိခဲ့လား”
“သခင့္ကုိ တင္ျပပါရေစ ၊ ဒီေကာင္မေလးနဲ႔ ပတ္သက္တဲ့ သတင္းကုိ စုံစမ္းဖို႔ လူတစ္ေယာက္ လႊတ္ထားခဲ့ပါတယ္ ၊ ဒါေပမဲ့ ဘယ္သူမွ တိတိက်က် ေရေရရာရာ မသိေသးဘူး”
ဆက္မေျပာခင္မွာ တန္ယန္လည္း တိတ္ဆိတ္ေနခဲ့တယ္။
“အရင္ဆုံး ငွက္ဆုိးႀကီး ဂုိဏ္း ကိစၥကုိ လ်စ္လ်ဴရႈထားလုိက္ေတာ့ ၊ ဘာပဲျဖစ္ျဖစ္ သူတို႕က ငါတုိ႔ကုိ ျပႆနာ မရွာႏုိင္ဘူး… ငါတုိ႔ေတြ လာမယ့္ ႀကီးက်ယ္ ခမ္းနားတဲ့ ေလလံပြဲအတြက္ ျပင္ဆင္သင့္ျပီ ၊ အဲဒီထဲက ပစၥည္းတစ္ခုကုိ ငါ ပုိင္ဆုိင္ရမွ ျဖစ္မယ္ ၊ ထ်န္းယြီကေတာ့ သူနဲ႔အတူတူ လူတစ္ခ်ိဳ႕ ေခၚလာလိမ့္မယ္ ၊ အဲဒီေနရာကုိ အခ်ိ္န္မွီ သြားလိမ့္မယ္ ၊ သူ႔အရည္အခ်င္းကုိ အကဲျဖတ္ရတာေပါ့”
“ဟုတ္ကဲ့ပါ သခင္”
သက္ေတာ္ေစာင့္က ဂါရဝျပဳျပီး တိတ္ဆိတ္စြာ ဆုတ္ခြာသြားခဲ့တယ္။
သက္ေတာ္ေစာင့္ ေပ်ာက္ကြယ္သြားတဲ့ ေနရာကုိ စူးစူးရဲရဲ ၾကည့္ရင္း သူ႔မ်က္ႏွာ အမူအရာက မည္းေမွာင္လာခဲ့တယ္။
“ငွက္ဆုိးႀကီး ဂိုဏ္း ၊ ဆယ္ေက်ာ္သက္ ေကာင္မေလး ၊ ၾကည့္ရတာေတာ့ ငွက္ဆုိးႀကီး ဂုိဏ္းက တစ္ေန႔ထက္ တစ္ေန႔ ပုိ ပုိျပီးေတာ့ အားနည္းလာျပီ ၊ သမိုင္းေၾကာင္းမွာ သိပ္မၾကာခင္ ေပ်ာက္ကြယ္ေတာ့မယ္”
ယြမ္ေလာ့ဖုန္းနဲ႔ ပတ္သက္ ဆက္ႏႊယ္သမ်ွ သတင္းတုိင္းကုိ ေထာက္လွမ္းဖုိ႔ တန္ယန္က သူ႕လူေတြကုိ လႊတ္ထားျပီးသားပါ ။ ဟြမ္ခြ်မ္ျမိဳ႕မွာ ရွိတဲ့ ဂုိဏ္းအားလုံးက ငွက္ဆုိးႀကီး ဂုိဏ္း သတင္းကုိ တိတ္တဆိတ္ စုံစမ္းေနၾကတယ္။ ဘာပဲျဖစ္ျဖစ္ပါေလ… ဒီလူဆုိးဂုိဏ္းက ဆယ္စုႏွစ္ေက်ာ္ ေရႊေရာင္လႊမ္းႏုိင္ခဲ့ျပီ ။ အရင္ ေခါင္းေဆာင္ရဲ႕ ေသဆုံးျပီးေနာက္ က်ဆင္းလာခဲ့တယ္။ အခုေတာ့ ဟြမ္ခြ်မ္ျမိဳ႕မွာ သူတို႔ အဆင့္အတန္းက နံပါတ္စဥ္ ၁၁အထိ ထိုးဆင္း နိမ့္က်သြားျပီေလ။
…..
မ်က္စိ ပသာဒ ျဖစ္ေသာ စံအိမ္ေတာ္အတြင္းမွာ ေယာက်္ားတစ္ေယာက္က မက္မြန္ပင္ေအာက္မွာ ထုိင္ေနခဲ့ျပီး လက္ဗလာနဲ႔ ဗ်တ္ေစာင္း တီးေနခဲ့တယ္။သူ၏ ရွည္လ်ားေသာ ဆံႏြယ္ျဖဴမ်ားက ေလနဲ႔အတူတူ ကခုန္ ျမဴးထူးေနခဲ့ျပီး ခန္႔ညားေသာ သြင္ျပင္နဲ႔ လုိက္ဖက္ ညီလြန္းပါတယ္။
သူ႔ဝတ္ရုံစက ေလထဲမွာ တလြင့္လြင့္ ျဖစ္ေနခဲ့ျပီး သူ႕ဗ်တ္ေစာင္းသံက ၾကည္လင္ေသာ ေႏြဦးေရကဲ့သုိ႔ ထူးျခား ဆန္းၾကယ္စြာ စီးေမ်ာေနခဲ့ကာ နားဆင္သူ အေပါင္းရဲ႕ စိတ္ႏွလုံးကုိ မယုံႏုိင္စရာေကာင္းေလာက္ေအာင္ တည္ၿငိမ္ေစတယ္။
“သခင္”
အနီေရာင္ ဝတ္စုံနဲ႔ စြဲမက္ဖြယ္ေကာင္းတဲ့ လွပေသာ မိန္းမပ်ိဳေလးက ဆံႏြယ္ျဖဴ အမ်ိဳးသားေရွ႕နား လွမ္းလာျပီး ဓားကုိ လက္တြင္ ကုိင္ေဆာင္ကာ စကားဆုိတယ္။
“ကြ်န္မ စုံစမ္း ၾကည့္ျပီးပါျပီ ၊ ငွက္ဆုိးႀကီး ဂုိဏ္းရဲ႕ အသစ္ မိန္းကေလး နာမည္က ယြမ္ေလာ့ဖုန္းပါ”
ထုိလူရဲ႕ လက္ေခ်ာင္းမ်ားက ဗ်တ္ေစာင္းရဲ႕ သံစဥ္မ်ားကုိ တီးခတ္ေနတာေၾကာင့္ နားဝင္ခ်ိဳေသာ အသံမ်ား ျမည္ဟည္းေနခဲ့တယ္။ထုိ႕ေနာက္ သူ႔လႈပ္ရွားမႈကုိ ရပ္တန္႔လုိက္တယ္။
Chapter-553
End
အပုိင္း(၅၅၄)
အျဖဴေရာင္ဝတ္စုံေလးက ထာဝရ ရွင္သန္သူလား
“ယြမ္ေလာ့ဖုန္း”
ထုိလူရဲ႕ အသံက လူတစ္ေယာက္ရဲ႕ ႏွလုံးသားကုိ လႈပ္ခတ္ေစတဲ့ ေလျပည္ေလညင္နဲ႔ အလားတူစြာ နားဝင္ခ်ိဳကာ စိတ္ခ်မ္းေျမ့ေစတယ္။
ထုိလူ ေခါင္းေမာ့လုိက္ခ်ိန္မွာ ဒီတိုင္းျပည္မွာ ရွိတဲ့ ခ်ယ္ရီပြင့္ဖတ္မ်ားက သူ႔ရုပ္ရည္ေၾကာင့္ အေရာင္မဲ့သြားသလုိပဲ။ လူအားလုံး အသက္ရွဴးမွားေလာက္ေအာင္ ခန္႔ညား ေခ်ာေမာေနခဲ့တယ္။ ဒီေလာကႀကီးထဲမွာ သူ တစ္ေယာက္တည္းသာ ရင္ကုိလႈပ္ခတ္ေစသလုိပဲ။
“သိပ္မၾကာခင္က ထ်န္းရာက ဒီနာမည္နဲ႔ စာတစ္ေစာင္ ပုိ႔ခဲ့တယ္ ၊ ဒီမိန္းကေလးတစ္ေယာက္တည္းပဲ ငါ့ကုိ ကုသေပးႏုိင္တယ္လုိ႔ ေျပာထားေသးတယ္”
သူလည္း ခပ္ေရးေရးမ်ွ ျပံဳးလုိက္တယ္။ သူ႔အျပံဳးက ေတာက္ပ ရႊန္းလဲ့လြန္းတာေၾကာင့္ အၾကည့္မလႊဲရက္ေပ။
ညိွဳ႕ဓာတ္ျပင္းေသာ အမ်ိဳးသမီးေလးက သူ႕ကုိ ေငးတိေငးငုိင္ ၾကည့္ေနခဲ့တယ္။ သူမမ်က္ႏွာက ရွက္ေသြးျဖာေနတာေပါ့။ သူမက သခင္ေဘးနားမွာ ႏွစ္ေပါင္းမ်ားစြာ ကပ္တြယ္လာခဲ့တာပါ။ သူ႔ခန္႔ညားမႈကုိ ဘယ္ေသာအခါမွ လ်စ္လ်ဴမရႈႏုိင္ဘူး။ ဒီေလာကႀကီးထဲမွာ သူ႔သခင္ထက္ ဘယ္သူမွ ခန္႔ညားမယ္ မထင္။
“သခင္… ဒီလက္ေအာက္ငယ္သားက ဒီမိန္းကေလးကုိ ခ်န္းအိမ္ေတာ္ ဖိတ္ေခၚလုိက္ရမလား”
သူမမွာ ခက္ခက္ခဲခဲ သတိျပန္ဝင္ျပီးေနာက္ ေလးေလးစားစား ဂါရဝျပဳကာ ေမးရွာတယ္။
“မလုိအပ္ဘူး”
ထုိလူက ေခါင္းတြင္တြင္ခါေနတယ္။
“ပထမဆုံး ခဏေတာ့ ေလ့လာဖုိ႔ လုိအပ္တယ္ ၊ ကြ်င္းဟြား… ငါ ေလလံပြဲကုိ တက္ေရာက္မယ္ ျပင္ဆင္ထားလုိက္ေတာ့”
“ဟုတ္ကဲ့ပါ သခင္”
ညိွဳ႕ဓာတ္ျပင္းေသာ မိန္းကေလးက ရုိေသေလးစားစြာ ဂါရဝျပဳေသာ္လည္း သူမရဲ႕ မ်က္ဝန္းမွာ သနားစဖြယ္ အရိပ္အေယာင္မ်ား ထင္ဟပ္ေနခဲ့တယ္။
သခင္ႀကီးနဲ႔ သခင္မ အသတ္ခံရျပီးတည္းက ညတြင္းခ်င္း သခင္ေလးရဲ႕ ဆံပင္အားလုံး အျဖဴေရာင္ အျဖစ္ ေျပာင္းလဲသြားခဲ့တယ္။ ဒါေပမဲ့ သူ႔မွာ ခ်န္းမိသားစု တစ္စုလုံးကုိ ႀကီးၾကပ္ ကြပ္ကဲရမယ့္ တာဝန္ရွိေနေသးတယ္။ သခင္ေၾကာင့္သာ ခ်န္းမိသားစုက ဆက္လက္တည္ရွိေနႏုိင္တာ…။ သခင္ မရွိရင္ ဝံပုေလြေတြေၾကာင့္ ပ်က္စီးတာ ၾကာေပါ့။
ကံဆုိးရွာတာပါ ၊ ေကာင္းမြန္ေသာ ကိစၥတုိင္းက ဘယ္ေသာအခါမွ မၾကာရွည္တတ္ဘူး။ သခင္က ကုသလုိ႔ မရတဲ့ ေရာဂါက ဖိစီး ႏွိပ္စက္ေနခဲ့တယ္။ ေက်ာ္ၾကားတဲ့သမားေတာ္အားလုံးလည္း မကုသႏုိင္ခဲ့ဘူး။ အခုေတာ့ ဒီလုိ အခြင့္အေရးမ်ိဳး ပုိင္ဆုိင္ရတာ သူကေတာ့ အလြယ္တကူ မစြန္႔လႊတ္ႏုိင္ဘူး
…..
ေလလံပြဲက ဟြမ္ခြ်မ္ၿမိဳ႕မွာ အႀကီးမားဆုံးေသာ စီးပြားေရးပြဲ တစ္ပြဲပါ။ ဒီပြဲ က်င္းပတဲ့ေန႕က မၾကံဳစဖူးေလာက္ေအာင္ အသက္ဝင္လြန္းတယ္။ မ်ိဳးႏြယ္စုတုိင္းက ပြဲတက္ေရာက္ဖုိ႔ တစ္ေယာက္ေယာက္ကုိ လႊတ္ေလ့ရွိတယ္။ တရားမ်ွတမႈ ရွိဖုိ႔အတြက္ မ်ိဳးႏြယ္စုတုိင္းက သူတုိ႕ရဲ႕ အဆင့္အလုိက္ ထုိင္ရတယ္။ ဒါေၾကာင့္လည္း ေလလံပြဲမွာ ငွက္ဆုိးႀကီး ဂုိဏ္းရဲ႕ ေခါင္းေဆာင္ အသစ္ျဖစ္တဲ့ ယြမ္ေလာ့ဖုန္းက အဆင့္၁၀ ရွိတဲ့ ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္နဲ႔ မေမ်ွာ္လင့္ဘဲ ၾကံဳႀကိဳက္ရတာေပါ့။
ငွက္ဆုိး ႀကီး ဂုိဏ္းေနရာမွာ ထုိင္ေနတဲ့ ယြမ္ေလာ့ဖုန္းကုိ ခ်က္ခ်င္း ထ်န္းယြီက သတိထားမိတာေပါ့။ သူ႔မ်က္ႏွာသြင္ျပင္က မည္းေမွာင္လာခဲ့ျပီ
“ ဒီေနရာမွာ မင္းကုိ ေတြ႕ရမယ္လုိ႔ မထင္ထားဘူး”
ယြမ္ေလာ့ဖုန္းရဲ႕ ႏႈတ္ခမ္းေထာင့္က ျမင့္တက္သြားျပီး ေထ့ေငါ့စြာ ခြန္းတုံ႕ျပန္လုိက္တယ္။
“ကြ်န္မလည္း အတူတူပါပဲ”
ထ်န္းယြီကုိ ရွာႏုိင္မွာ မဟုတ္ဘူးလုိ႔ ထ်န္းရီ ေျပာခဲ့တာ အံ့ၾသစရာ မလုိေတာ့ပါဘူး။ တကယ္ေတာ့ ဟြမ္ခြ်မ္လို ျမိဳ႕ေတာ္ကုိ ေရာက္ေနတာပဲ။ သူမသာ ဟြမ္ခြ်မ္ျမိဳ႕ထဲ ေျခမခ်ခဲ့ရင္ ထ်န္းယြီ ဒီေနရာကုိ ေရာက္ေနမွန္း သိမွာ မဟုတ္ဘူး။
“တစ္ဝမ္းကြဲ အစ္ကုိ ထ်န္းယြီ သူမက ဘယ္သူလဲ”
ထ်န္းယြီေဘးနားမွ ခ်စ္စဖြယ္ေကာင္းတဲ့ အသံေလးကုိ ၾကားလုိက္ရတယ္။ ထုိ႔ေနာက္ အဝါေဖ်ာ့ေရာင္ အက်ႍ ဝတ္ထားတဲ့မိန္းကေလးက သူမတုိ႔အနား ျဖည္းျဖည္းခ်င္း ေလ်ွာက္လွမ္းလာခဲ့တယ္။ သူမရဲ႕ အထင္ျမင္ေသးေသာ အၾကည့္မ်ားနဲ႔ ယြမ္ေလာ့ဖုန္းကုိေစြးခနဲ ၾကည့္ေနခဲ့တယ္။
ထ်န္းယြီရဲ႕မ်က္ႏွာက မသိမသာ မည္းေမွာင္သြားေလရဲ႕။
“သူမက ငါတုိ႔ ေကာင္းကင္ဘုံ သုိင္း စံအိမ္ေတာ္က ရွာေနတဲ့ ယြမ္ေလာ့ဖုန္း”
“ယြမ္ေလာ့ဖုန္း”
အဝါေရာင္ ဝတ္စုံနဲ႔ မိ္န္းကေလးက နည္းနည္းေတာ့ အံ့ၾသမိပါရဲ႕။ ဒါေပမဲ့ သူမရဲ႕ ပါးစပ္ကုိ လက္ျဖင့္ အုပ္ကာ တခစ္ခစ္ ရယ္ေမာေတာ့တယ္။
“ဒါဆို… နင္က ျဖဴစင္တဲ့ မိန္းကေလးကုိ အေပ်ာ္စံအိမ္ေတာ္ကုိ အတင္းအက်ပ္ ပုိ႔ခဲ့တဲ့ ယြမ္ေလာ့ဖုန္းလား ၊ နင္က အရမ္း ရက္စက္တတ္တယ္လုိ႔ ငါ ၾကားဖူးတယ္ ၊ နင့္မွာ ေစ့စပ္ထားသူလည္း ရွိခဲ့တယ္ဆုိ ၊ ဒါေပမဲ့လည္း နင္က တျခား ေယာက်္ားေတြကုိ အပုိင္ဖမ္းျပီး ေပ်ာ္ျမဴးေနတုန္းပဲဆုိ ၊ တျခား ေယာက်္ားေလးကုိ ျဖားေယာင္ ေသြးေဆာင္တဲ့ အျပင္ နင့္ရဲ႕ သတုိးသားေလာင္းကုိ မရပ္မနား ဆက္ ေႏွာင့္ယွက္ေနတယ္… တျခား မိန္းကေလးေတြ အနားကပ္ခြင့္ေတာင္ မေပးဘူးဆုိတာ ဟုတ္လား”
မိန္းကေလးက ခဏရပ္တန္႔လုိက္ေသာ္လည္း သူ႔မ်က္ႏွာေပၚက ေလွာင္ျပံဳးက ပုိထင္ရွားလာခဲ့တယ္။
“နင္လုိ မိန္းကေလးက အသက္ဆက္ရွင္ရဲေသးတယ္… နင့္ကုိယ္နင္ မရွက္ဘူးလား ၊ ငါ့သာ နင္ေနရာမွာဆုိရင္ ဦးေခါင္းကုိ တုိင္နဲ႔ေဆာင့္ျပီ ကုိယ့္ဘာသာ အဆုံးစီရင္လုိ္က္တာ ၾကာေပါ့”
တကယ္တမ္းေတာ့ ဒီစကား အားလုံးကုိ ထ်န္းယြီ ေျပာျပထားတာပါ။ အမွန္လား… အမွားလားဆုိတာေတာ့ သူမကုိယ္တုိင္ မစုံစမ္းရေသးဘူး ။ ထ်န္းယြီက သူမကုိ မလွည့္ဖ်ားဘူးလုိ႔ ယုံၾကည္တာေၾကာင့္ ဒီစကားကုိ သူမဘက္က ရဲရဲဝံ့ဝံ့ ေျပာရဲတာေပါ့။
လင္းေလာပုိင္လည္း ေနရာမွ ခ်က္ခ်င္း ထလုိက္ျပီး အဝါေရာင္ဝတ္စုံနဲ႔ မိ္န္းကေလးကုိ ခါးေထာက္ကာ မေက်မခ်မ္း ၾကည့္လုိက္တယ္။
“နင့္ အေၾကာင္း နင္ ေျပာေနတာလား နင့္ပုံစံကုိ ၾကည့္လုိ္က္တာနဲ႔ မိန္းမပ်က္မွန္း တန္းသိတယ္ ၊ ငါ့ကုိ အမွန္အတုိင္း ေျပာလုိက္စမ္းပါ… ထ်န္းယြီက နင့္စိတ္ဆႏၵကုိ ေက်နပ္ေအာင္ မျဖည့္ဆည္းေပးဘူးမလား”
Chapter-554
End
အပုိင္း(၅၅၅)
နင့္လက္ေမာင္းကုိ ျဖတ္မယ္
သူမေျပာလုိက္တဲ့ ေနာက္ဆုံး စကားတစ္ခြန္းေၾကာင့္ လူႏွစ္ေယာက္ရဲ႕ မ်က္ႏွာအမူအရာ ခ်က္ခ်င္း ေျပာင္းလဲသြားခဲ့တယ္။
ထ်န္းယြီရဲ႕မ်က္ႏွာက ညိဳမည္းပုတ္ေနျပီး ေအးတိေအးစက္ ခြန္းတုံ႕ျပန္လုိက္တယ္။
“ယြမ္ေလာ့ဖုန္း… နင့္လူကုိ ေကာင္းေကာင္းထိန္းထားစမ္း ၊ အေၾကာင္းအရင္းနဲ႔ အက်ိဳးဆက္ကုိ မသိဘဲ စကားကုိ လက္လြတ္စပယ္ မေျပာမိေစနဲ႔ ၊ ညီမငယ္ေလး တန္ယြဲ႕နဲ႔ ငါက ျဖဴျဖဴ စင္စင္ ၊ သူမ ေျပာသလုိ ဆက္ဆံေရး ရွိႏုိင္ပါ့မလား”
ထ်န္းယြီရဲ႕ သတိေပးစကားေၾကာင့္ တန္ယြဲ႕မွာ လင္းေလာပုိင္ကုိ ပါးစပ္ကုိ စုတ္ျဖဲခ်င္ေလာက္တဲ့အထိ ေဒါသထြက္လာရတယ္။ ဒါမွလည္း အခုအခ်ိန္ကစျပီးေတာ့ မသင့္ေလ်ာ္တဲ့ ေဝဖန္ခ်က္မ်ိဳး မေျပာရဲမွာေလ။
“ငါက အမွန္တရားကုိ ေျပာလုိက္ရုံေလးပါ”
လင္းေလာပုိင္လည္း ႏႈတ္ခမ္းေလး စူလုိက္တယ္။
“ဒီေလာက္ ပါးစပ္ေဆာ့ျပီး မဟုတ္မမွန္လုိက္ေျပာေနတာ….စိတ္ဆႏၵ မျပည့္ဝလုိ႔ မဟုတ္ရင္ ဘာျဖစ္ႏုိင္ဦးမလဲ ၊ နင္ သူမကုိ ေက်နပ္ေအာင္ မစြမ္းေဆာင္ႏုိင္ရင္ ငါက သူ႕အတြက္ ေယာက်္ား အေယာက္၁၀၀ ရွာေပးလုိက္ရမလား”
“မိန္းမယုတ္”
တန္ယြဲ႕မွာ ေဒါသူပုန္ထလာတာေၾကာင့္ လင္းေလာပုိင္ကုိ ပါးရုိ္က္ဖုိ႔ လက္ရြယ္လုိက္တယ္။
“ေနာက္တစ္ခြန္း ထပ္ေျပာရင္… ဒီေန႔ ငါ နင့္ကုိ သတ္မယ္”
ျဖန္း
ျပတ္သား ထင္ရွားတဲ့ ပါးရုိက္သံကုိ ရုတ္ျခည္း ၾကားလုိက္ရတယ္။ ေလလံပြဲ ခန္းမတစ္ခုလုံးကုိ တိတ္ဆိတ္သြားေစတယ္။
အားလုံးရဲ႕မ်က္လုံးမ်ားက ယြမ္ေလာ့ဖုန္းနဲ႔ တျခားေသာသူမ်ားကုုိ ၾကည့္လုိက္ျပီး ပြဲေကာင္းတစ္ခုကုိ ေစာင့္ၾကည့္ေနတဲ့ ပုံစံေပါ့။
လင္းေလာပုိင္ရဲ႕ လက္တစ္ဖက္က တန္ယြဲ႕ရဲ႕လက္ေကာက္ဝတ္ကုိ တင္းက်ပ္ေနေအာင္ ဆုပ္ကုိင္ထားျပီး က်န္လက္တစ္ဖက္က တန္ယြဲ႕ပါးကုိ ျဖန္းခနဲ ျမည္ေအာင္ ခပ္ၾကမ္းၾကမ္း ရုိက္ခ်လုိက္တယ္။ ဘာမထီဟန္ နဲ႔ တန္ယြဲ႕ကုိ အထင္ျမင္ေသးစြာ ၾကည့္လုိ္က္တယ္။
“ငါေျပာေတာ့ မႀကိဳက္ဘူး…ဟုတ္လား… ေျပာေတာ့ ဘာျဖစ္လဲ နင္က်ေတာ့ ငါ့ဆရာကုိ သိကၡာက်ဆင္းေအာင္ ေျပာဆုိေတာ့… ငါက နင့္ကုိ ျပန္ေျပာေတာ့ မႀကိဳက္ဘူး ဟုတ္လား”
လင္းေလာပုိင္ရဲ႕ စိတ္ထဲမွာေတာ့ သူ႕အေဖျပီးရင္ သူ႕ဆရာက အေရးႀကီးဆုံးသူပါ။ ဒါေၾကာင့္ ဆရာကုိ ေစာ္ကားေမာ္ကား ေျပာဆုိဖုိ႔ ဘယ္သူကုိမွ ခြင့္မျပဳႏုိင္ဘူး။
တန္ယြဲ႕ရဲ႕ခႏၶာကုိယ္ တစ္ကုိယ္လုံးက ေဒါသစိတ္ေၾကာင့္ တုန္ရီလာရျပီ သူမမ်က္ႏွာ အနည္းငယ္ ျဖဴစုတ္လာရတယ္။
“ငါက အမွန္တရားကုိ ေျပာတာေလ… နင့္က ငါ့တုိ႔ကုိ စြပ္စြဲေျပာဆုိေနတာ… ဒီကိစၥ ႏွစ္ခုက မတူညီႏိုင္ဘူး ၊ အစ္ကုိ ဝမ္းကြဲ ထ်န္းယြီက မိန္းကေလးရဲ႕ အျပဳအမူကုိ ေကာင္းေကာင္း သိတယ္ ၊ အခု ငါခန္႔မွန္းတာ မမွားဘူးဆုိရင္ သူမက ငွက္ဆုိးႀကီး ဂုိဏ္းရဲ႕ ေခါင္းေဆာင္ ျဖစ္ဖုိ႔ မုရုန္ေပရဲ႕ အိပ္ရာေပၚ ခုန္တက္ရမွာ ေသခ်ာတယ္… ေက်နပ္ေအာင္ ျပဳစုေပးထားလုိ႔ ဒီေနရာမွာ ထုိင္ေနရတာေပါ့”
လင္းေလာပုိင္ရဲ႕မ်က္ဝန္းမ်ားက ပုိခက္ထန္လာခဲ့ျပီး သူမရဲ႕ လက္ဖဝါးနဲ႔ ေနာက္တစ္ႀကိမ္ ရုိက္ႏွက္လုိက္တယ္။ ရုတ္တရက္ အားေကာင္းတဲ့ လက္တစ္ဖက္က ေဘးနားက ေရာက္လာျပီူ သူမရဲ႕လက္ကုိ တင္းက်ပ္ေအာင္ ဖမ္းဆုပ္ထားတယ္။
သုိ႔ေသာ္လည္း ထ်န္းယြီက ယြမ္ေလာ့ဖုန္းကုိ စိတ္ဆုိးမာန္ဆုိး ၾကည့္ရင္း ခြန္းတုံ႕ျပန္လာခဲ့တယ္။
“ယြမ္ေလာ့ဖုန္း … တရားမလြန္လာနဲ႔… ပထမဆုံး မင္းက တစ္စုံတစ္ေယာက္ကုိ အေပ်ာ္မယ္လုပ္ဖုိ႔ တြန္းအားေပးခဲ့တာ ျပီးေတာ့ ငါတို႕ ထ်န္းမိသားစုဝင္ အကုန္လုံးကုိ မင္း သတ္ခဲ့တယ္ ၊ အခုေတာ့ မင္းက ငါ့ ညီမေလးကုိ ဒီလုိ လုပ္ခ်င္ေနတာလား… မင္းလုပ္ရပ္ေတြကုိ မရပ္တန္႔ဘူးလား”
ယြမ္ေလာ့ဖုန္းလည္း လင္းေလာပုိင္လက္ကုိ တင္းက်ပ္စြာ ဆုပ္ကုိင္ထားတဲ့ သူ႕လက္ကုိ ဖ်တ္ခနဲ ၾကည့္လုိက္ျပီး မ်က္ႏွာေၾကာ တင္းတင္းနဲ႔ ေျပာလုိက္တယ္။
“လႊတ္လုိက္စမ္း”
“မလႊတ္ေတာ့ မင္း ဘာတတ္ႏုိ္င္မွ မုိ႔လဲ”
ဒါက ဟြမ္ခြ်မ္ျမိဳ႕… ထ်န္းေတာင္ မဟုတ္ဘူး။
ဒီလိုေနရာမ်ိဳးမွာ အဆင့္တစ္ဆင့္ ကြာျခားလည္း ေန႔နဲ႔ညလုိ ျခားနားတယ္။
အေရးႀကီးဆုံး အခ်က္ကေတာ့ ထ်န္းရာလည္း ဒီေနရာမွာ မရွိသလုိ ယြမ္ေရွာင္လည္း မရွိဘူး ။ ဒါေၾကာင့္ သူမကုိ ဘယ္သူမွ မကာကြယ္ေပးႏုိင္ဘူး။
ထ်န္းမိသားစု သုတ္သင္ခံရတာက ထ်န္းရာနဲ႔ ယြမ္ေလာ့ဖုန္း ပူးေပါင္းတာေၾကာင့္လုိ႕ ထ်န္းယြီထင္ေနရင္ေတာ့ မွားသြားျပီ။ ယြမ္ေလာ့ဖုန္းကုိယ္တုိင္ ထ်န္းမိသားစု အႀကီးအကဲမ်ားနဲ႔ တုိက္ခုိက္ခဲ့တာကုိ ျမင္ရင္ ဒီလုိ စကားမ်ိဳး ေျပာရဲမွာ မဟုတ္ဘူး။
“ ရွင္ မလႊတ္ေပးဘူးဆုိတာ ေသခ်ာလား”
ယြမ္ေလာ့ဖုန္းလည္း မဲ့ရြဲ႕ကာ ေနာက္တစ္ႀကိမ္ ထပ္ေမးလုိက္တယ္။
ထ်န္းယြီလည္း ေထ့ေငါ့လုိက္တယ္။
“မလႊတ္ႏုိင္ဘူး”
ဒီစကားကုိ သူေျပာလုိက္ခ်ိန္မွာ ယြမ္ေလာ့ဖုန္းက ဓားကုိ အလ်င္အျမန္ ထုတ္လုိက္ျပီး သူ႕မွာ တုံ႕ျ့ပန္ခ်ိန္ေတာင္ မရလုိက္ေပ။ ရႊမ္းခနဲ ျမည္သံနဲ႔အတူူတူ ေသြးမ်ား ပန္းထြက္လာျပီး ပုိင္းခံရေသာလက္ေမာင္းက ၾကမ္းျပင္ေပၚ လူးလိမ့္သြားခဲ့တယ္။
“အား…”
ထ်န္းယြီရဲ႕ေအာ္သံမွာ ျပင္းျပေသာ နာက်င္မႈမ်ား ျပည့္ႏွက္ေနျပီး ဝံပုေလြ ေအာ္သံ ၊ သရဲ ဆြဲဆြဲငင္ငင္ ငုိေၾကြးသံနဲ႔ တူလွတယ္။
ယြမ္ေလာ့ဖုန္းမွာ သူ႔ထက္ သာလြန္တဲ့ အစြမ္းရွိတယ္လုိ႔သာ အစတည္းက သိခဲ့ရင္ သူ ရန္စမိမွာ မဟုတ္ဘူး။ အခုေတာ့ တစ္ဖက္လူက သူ႕လက္ကုိ ျဖတ္လုိက္ျပီေလ။ ေလလံခန္းမ… တျခားသူမ်ားအလယ္မွာ သူ႕ သိကၡာက်ဆင္းရျပီေလ။
Chapter-555
End
အပုိင္း(၅၅၆)
အႀကီးအကဲယန္ရဲ႕ ကာကြယ္မႈ
“ကြ်န္မ ရွင့္ကုိ အခြင့္အေရး ၂ခါ ေပးထားျပီးသား”
ယြမ္ေလာ့ဖုန္းလည္း ေသြးစြန္းေနတဲ့ သူမရဲ႕ ဓားရွည္ကုိ ျပန္လည္ရုပ္သိမ္းလုိ္ကျပီး ထုိင္ခုံေပၚမွာ ခံစားခ်က္ ကင္းမဲ့စြာ ထုိင္ေနလုိ္က္တယ္။ သူမရဲ႕မ်က္လုံးမ်ားက တည္ၿငိမ္ေနျပီး ခံစားခ်က္ ကင္းမဲ့ေနတယ္။ ဘာမွ မျဖစ္ပ်က္ခဲ့သလုိေပါ့။
ရုတ္တရက္ စူးစူးဝါးဝါး ထ မေအာ္ခင္မွာ ခဏေတာ့ ထ်န္းယြီ အံ့ၾသ မွင္တက္မိတယ္။
“လူသတ္သမား… ျမန္ျမန္ လာကယ္ပါ”
ခ်က္ခ်င္း ခန္းမေဆာင္ထဲကုိ အႀကီးအကဲ တစ္ေယာက္ ဝင္ေရာက္လာခဲ့တယ္။ အႀကီးအကဲ စိတ္မရွည္စြာ တီးတုိး ေမးလိုက္တယ္။
“ဘာျဖစ္တာလဲ… ဘာလို႔ ရုတ္တရက္ ထေအာ္ရတာလဲ… မင္း… ဒီလို ဆက္ေအာ္ေနရင္… ငါ…”
စကားလုံးမ်ားက လည္ပင္းမွာ တစ္ဆုိ႔သြားရျပီး ေသြးအုိင္ထဲမွာ လဲေလ်ာင္းေနတဲ့ ထ်န္းယြီကုိ တအံ့တၾသ ၾကည့္လုိက္တယ္။ ရုန္းရင္းေသာ စကားမ်ားကုိ မ်ိဳသိမ္လုိက္ျပီ
“ဒါက ဘယ္လုိ ျဖစ္တာလဲ”
“အႀကီးအကဲယန္”
ထန္ယြဲ႕လည္း ယြမ္ေလာ့ဖုန္းကုိ စိန္းစိန္းဝါးဝါးၾကည့္လုိက္တယ္။
“ဒီမိန္းကေလးက ငါ့ဝမ္းကြဲအစ္ကုိ႕ကို နာက်င္ေအာင္ လုပ္တယ္ ၊ အခုခ်က္္ခ်င္း သူမကုိ ဖမ္းသြားပါ”
“ဒါကေတာ့…”
အႀကီးအကဲယန္လည္း ခဏေတာ့ ေတြးေဝသြားျပီး ယြမ္ေလာ့ဖုန္းဘက္ လွည့္လုိက္တယ္။
“ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္ သခင္ေလးက သခင္မေလးကုိ ဘာအျပစ္မ်ိဳး က်ဴးလြန္ခဲ့လို႔ သူ႕ကုုိ တန္ျပန္တုိက္ခုိက္ရတာလဲ”
ယြမ္ေလာ့ဖုန္းဘက္က ျပန္မေျဖတာေၾကာင့္ အဘုိးအုိက ဆက္လက္ ယဥ္ေက်းဖုိ႔ ႀကိဳးစားတယ္။
“သူက တဏွာရာဂႀကီးလြန္းတယ္… ငါ့တပည့္ကုိ ကုိယ္ထိလက္ေရာက္ ေစာ္ကားတဲ့အျပင္ သူမကုိ မလႊတ္ေပးခ်င္ဘူး… သူ႕လႊတ္ေပးလုိ႔ရေအာင္ သူ႕လက္ေမာင္းကုိ ျဖတ္လုိက္တာေလ… တျခား လမ္းမွ ေရြးခ်ယ္စရာမရွိတာ”
ဒီစကားကုိ ၾကားေတာ့ ပြဲၾကည့္ ပရိတ္သတ္အားလုံး မဲ့ရြဲ႕သြားရတယ္။
သူမ တပည့္က တန္ယြဲ႕ကုိ မေတာ္မတရား ေျပာေနတာ အသိအသာပဲေလ။ တန္ယြဲ႕ကုိ ကာကြယ္ဖိုိ႔ ထ်န္းယြီက သူမရဲ႕လက္ကုိ ဖမ္းဆုပ္လိုက္တာေလ။ ဒီမိန္းကေလးရဲ႕ ပါးစပ္က ထြက္လာတဲ့ စကားေၾကာင့္ ထ်န္းယြီက တဏွာရာဂႀကီးမားသူ ျဖစ္သြားျပီး သူ႔တပည့္ကုိ ကုိယ္ထိလက္ေရာက္ ေစာ္ကားတယ္..ဟုတ္လား။
အႀကီးအကဲယန္မွာ ၾကံရခက္ ျဖစ္လာရတယ္။ တစ္ဖက္လူက သူ႔တပည့္ရဲ႕လက္ကုိ ကုိင္လုိ႔ လက္ျဖတ္လုိက္တယ္လား။ ဘယ္သူမွ သူမေလာက္ အထက္စီးမဆန္ဘူး။
“အဟြတ္… အဟြတ္”
အႀကီးအကဲယန္မွာ တန္ယြဲ႕ကုိ မၾကည့္ခင္မွာ ဟန္လုပ္ ေခ်ာင္းေျခာက္ ဆုိးလိုက္တယ္။
“ေကာင္းကင္ဘုံ သုိင္းစံအိမ္ကလူေတြက သူမ်ား တပည့္ကုိ ကုိယ္ထိလက္ေရာက္ က်ဴးလြန္ျပီး အရင္ဆုံး အမွားလုပ္ထားေတာ့ အျပစ္ေပးဖုိ႔ ထုိက္တန္ပါတယ္၊ တန္ယြဲ႕… ဟြမ္ခြ်မ္ျမိဳ႕ရဲ႕ စည္းမ်ဥ္းကုိ မေမ့ပါနဲ႔ ၊ ဂုိဏ္းႏွစ္ခု တုိက္ခုိက္တာကုိ တျခားသူက ဝင္စြက္ဖက္လုိ႔ မရဘူး”
သူေျပာလုိက္တဲ့ စကားရဲ႕ အဓိပါၸယ္ကေတာ့ ယြမ္ေလာ့ဖုန္းက တန္ထ်န္းယြီကုိ သတ္လုိ္က္မယ္ဆုိရင္ေတာင္ သူတုိ႔ေလလံပြဲစြအိမ္ေတာ္က ဝင္ေႏွာင့္ယွက္မွာ မဟုတ္ဘူးတဲ့ေလ။
ယြမ္ေလာ့ဖုန္းလည္း အံ့ၾသေနေသးတဲ့ အႀကီးအကဲယန္ကုိ ၾကည့္လုိက္ျပီး သူမရဲ႕ ေမဖ်ားေလးကုိ ၾကင္နာစြာ ပြတ္သပ္ရင္း စဥ္းစားခန္း ဝင္လုိက္တယ္။ အမွန္ဆုိရင္ သူမက တန္ထ်န္းယြီရဲ႕လက္ကုိ ေလလံခန္းမမွာ ျဖတ္လုိက္တာေလ… ဒါက သူ႕တုိ႔ကုိ မေလးစားတာနဲ႔ အတူတူပဲေလ။ ဒါေပမဲ့ အႀကီးအကဲယန္ကုိ ၾကည့္ရတာေတာ့ သူမရဲ႕ အျပဳအမူကုိ ဂရုကုိ မစိုက္ပုံပဲ။
ဒါက လုံးဝကုိ ပုံမွန္ မဟုတ္ဘူး။
ေလလံခန္းမက သူမကုိ တားဆီးရင္ေတာင္ သူမက ဒီလို တူညီတဲ့ ရလာဒ္မ်ိဳး လုပ္ဦးမွာပါ။
အႀကီးအကဲယန္… အထင္လႊဲသြားတာကုိ ျမင္ရေတာ့ တန္ယြဲ႕လည္း အလ်င္စလုိ ရွင္းျပေတာ့တယ္။
“အႀကီးအကဲယန္… ဒီမိန္းမရဲ႕ မဟုတ္မမွန္ စကားကုိ နားမဝင္ပါနဲ႔ ၊ အစ္ကုိ ဝမ္းကြဲ ထ်န္းယြီက သူ႔တပည့္ကုိ ကုိယ္ထိလက္ေရာက္ မက်ဴးလြန္ပါဘူး… သူ႔တပည့္က တန္ယြဲ႕ကုိ အရင္ဆုံး လက္နဲ႔ ရႊယ္တာပါ”
“ေတာ္သင့္ျပီ”
အႀကီးအကဲယန္ရဲ႕မ်က္ႏွာထားက ခ်က္ခ်င္း ေျပာင္းလဲသြားခဲ့ျပီး ခက္ထန္စြာ ခြန္းတုံ႕ျပန္လုိက္တယ္။
“မင္း ေနာက္တစ္ခြန္း ထပ္ေျပာရင္ မင္းတုိ႔ကုိ ေလလံခန္းမက ဆြဲထုတ္မယ္… မင္းတို႔ေတြ ေနာက္တစ္ႀကိမ္ ဘယ္ေတာ့မွ ဝင္ခြင့္ မရွိေစရဘူး”
ဟြမ္ခြ်မ္ျမိဳ႕ေတာ္ရဲ႕ ဂိုဏ္းမ်ား အားလုံးအနက္ ရွန္းတန္ ေလလံအိမ္ေတာ္က အဆင့္၅ေနရာမွာ ရွိေနတယ္။ ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္က ဖက္ျပိဳင္လို႔ ရတဲ့ တည္ရွိမႈမ်ိဳး မဟုတ္ဘူး။ ဒါေၾကာင့္လည္း တန္ယြဲ႕တစ္ေယာက္ သူ႕ရင္ထဲက ေဒါသစိတ္ကုိ ဖိႏွိပ္ထားလုိက္တယ္။
“ခဏေနဦး”
ထ်န္းယြီကုိ သူမနဲ႔အတူတူ ေခၚကာ ထြက္သြားဖုိ႔ ျပင္ေနစဥ္မွာ ယြမ္ေလာ့ဖုန္းရဲ႕ အသံက သူမရဲ႕ ေျခလွမ္းမ်ားကုိ ရပ္တန္႔သြားေစတယ္။
“ဘာထပ္လိုခ်င္ေသးလုိ႔လဲ”
တန္ယြဲ႔လည္း ေနာက္သုိ႔လွည့္ကာ မေပ်ာ္မရႊင္ ေျပာလုိက္တယ္။
“ငါက မိန္းကေလး တစ္ေယာက္ကုိ အေပ်ာ္စံအိမ္ေတာ္ အတင္းအက်ပ္ပုိ႔တယ္လုိ႔ တစ္စုံတစ္ေယာက္က ငါ့ကုိ အသေရ ဖ်က္တယ္”
ယြမ္ေလာ့ဖုန္းလည္း စဥ္းလဲ့ေသာ အျပံဳးေလးနဲ႔ ေျပာလုိ္က္တယ္။
“ငါက ငယ္ငယ္တည္းက ငါ့ကုိ အသေရဖ်က္ ေျပာဆုိတာကုိ မႀကိဳက္ဘူး ၊ ဒါေၾကာင့္ ဒီ စြပ္စြဲမႈကုိ ငါ့က အတည္ျပဳေပးရတာေပါ့”
Chapter-556
End
အပုိင္း(၅၅၇)
ခ်န္းယြီခ်င္း (၁)
မိန္းမပ်ိဳေလးရဲ႕ စဥ္းလဲေသာ အျပံဳးမ်က္ႏွာနဲ႔ ရင္ဆုိင္ရေတာ့ တန္ယြဲ႔မွာ ေၾကာက္လြန္းလုိ႔ ေျခလွမ္း ႏွစ္လွမ္းေလာက္ ေနာက္သုိ႔ ဆုတ္မိတယ္။
“ယြမ္ေလာ့ဖုန္း… နင္ ဘာလုပ္ခ်င္တာလဲ”
သူမလည္း ႏႈတ္ခမ္းကုိ ကုိက္ရင္း ေမးလုိက္တယ္။ သူမရဲ႕မ်က္ႏွာ ေၾကာက္ရြံမႈေၾကာင့္ ျပာႏွမ္းေနခဲ့တယ္။
ကုလားထုိင္ေပၚမွာ ပ်င္းရိေလးတြဲစြာ မွီထိုင္ရင္း အနားယူေနလုိက္တယ္။ တန္ယြဲ႕အသံေၾကာင့္ သူမမ်က္လုံးေလးကုိ ပင့္ကာ ၾကက္သီးထေလာက္ေသာ အျပံဳးကုိ ျပသလုိက္တယ္။
“ငါက မိန္းကေလး တစ္ေယာက္ကုိ အေပ်ာ္စံအိမ္ အတင္းအက်ပ္ပုိ႔တယ္လို႕ နင္ေျပာခဲ့တယ္ေနာ္… ေကာင္းျပီေလ… နင့္ဆႏၵအတိုင္း ျဖစ္ေစရမယ္… ေရွာင္ပုိင္… ဟြမ္ခြ်မ္ျမိဳ႕ရဲ႕ အေက်ာ္ၾကားဆုံး အေပ်ာ္စံအိမ္ ဘယ္မွာရွိလဲ ရွာလုိက္”
ေကာင္မေလးက ေထ့ေငါ့ဟန္ ႏႈတ္ခမ္းကုိ မဲ့ရြဲ႕လုိက္ျပီး အမိန္႔ေပးလုိက္တယ္။
“ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္ရဲ႕ အေမြခံေလးကုိ ေစ်းေကာင္းေကာင္းနဲ႔ ေရာင္းႏုိင္မယ္ ထင္ပါတယ္”
အခန္းတစ္ခန္းလုံးက ယြမ္ေလာ့ဖုန္း ေျပာလုိက္တဲ့ စကားေၾကာင့္ တိတ္ဆိတ္သြားရတယ္။ အႀကီးအကဲယန္မွာ ပါးစပ္ ပိတ္မရေလာက္ေအာင္ထိ တအံ့တၾသျဖစ္ေနရတယ္။ ယြမ္ေလာ့ဖုန္းက ဒီလိုစကားမ်ိဳးကုိ မွန္ေနသေယာင္ ေျပာမယ္လုိ႔ မထင္ခဲ့မိဘူး။
ငါက မိန္းကေလး တစ္ေယာက္ကုိ အေပ်ာ္စံအိမ္ အတင္းအက်ပ္ ပုိ႔တယ္လုိ႔ နင့္ဘက္က အခုိင္အမာ ေျပာေနေတာ့လည္း ငါဘက္က နင္ စြပ္စြဲသလုိ မလုပ္စရာလုိမလဲ။
“ယြမ္ေလာ့ဖုန္း… ငါ့ကုိ ရုိင္းစုိင္းေအာင္ တြန္းအားမေပးနဲ႔”
တန္ယြဲပမွာ ေဒါသစိတ္ေၾကာင့္ တုန္ရီလာရျပီ ယြမ္ေလာ့ဖုန္းကုိ လက္ညိဳးေငါက္ေငါက္ထုိးေတာ့တယ္။ သူ႔မ်က္လုံးမ်ားက လူသတ္ႏုိင္မယ္ဆုိရင္ ယြမ္ေလာ့ဖုန္းမွာ သူမေၾကာင့္ အပုိင္းပုိင္း တစ္စစီ ျဖစ္တာ ၾကာျပီေလ။
“နင့္ကို ရုိင္းစုိင္းေအာင္ တြန္းအားေပးတယ္ ဟုတ္လား”
ယြမ္ေလာ့ဖုန္းလည္း တန္ယြဲ႕ကုိ အထင္ျမင္ေသးစြာ ၾကည့္လုိက္တယ္။
“ငါ့အခ်ိန္ေတြကုိ ျဖဳန္းတီးေနတာပဲ”
သူမနဲ႔ စကားနားထုိးရတာ အခ်ိန္ျဖဳန္းေနရသလိုပဲ… သူမကုိယ္ သူမ အပင္ပန္းခံစရာလား။
တန္ယြဲ႕ရဲ႕မ်က္ႏွာက အျပာေရာင္မွ အျဖဴေရာင္ ျဖစ္သြားလုိက္ ၊ အျဖဴေရာင္မွ အျပာေရာင္ ျဖစ္သြားလုိက္နဲ႔ ေဆးဆုိးထားသလုိပါပဲ။ ေဒါသထြက္ရလြန္းလုိ႔ စကားေတာင္ တစ္ခြန္းတစ္ေလမ်ွ မေျပာႏိုင္ေတာ့ဘူး။ အျငိဳးထားေသာ မ်က္ဝန္းမ်ားျဖင့္ ယြမ္ေလာ့ဖုန္းကုိ စိန္းစိန္းဝါးဝါး ၾကည့္လုိက္တယ္။
“ဒီက မိန္းမပ်ိဳ”
အႀကီးအကဲယန္လည္း ယြမ္ေလာ့ဖုန္းကုိ ေစြးခနဲ ၾကည့္ကာ အျပံဳးေလးနဲ႔ ေမးလုိက္တယ္။
“မင္း ငါ့ကုိ ေလးစားတယ္ဆုိရင္ အခြင့္ေရး ေပးတဲ့ အေနနဲ႔ အခု တန္ယြဲ႕ကုိ လ်စ္လ်ဴရႈထားလုိ႔ ရမလား ၊ သူမနဲ႔ စာရင္း ရွင္းခ်င္တယ္ဆုိရင္ေတာ့ မင္းတုိ႔ရဲ႕ အမုန္းအာဃာတကုိ ေျဖရွင္းဖုိ႔ ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္မွာ သြားေရာက္ စိန္ေခၚလုိ႔ ရပါတယ္”
အကယ္၍ အႀကီးအကဲယန္သာ ဘက္လုိက္ရင္ ယြမ္ေလာ့ဖုန္းက သူ႕စကားကုိ နားေထာင္ဖုိ႔ ဆႏၵရွိမွာ မဟုတ္ဘူး။ အခုအခ်ိန္မွာသူ႕ဘက္က ယြမ္ေလာ့ဖုန္းကုိ ကာကြယ္ေပးဖို႔ ႀကိဳးစားေနတာ ျမင္ရေတာ့ ယြမ္ေလာ့ဖုန္းလည္း ေခါင္းညိတ္ သေဘာတူလုိက္တယ္။
“အခက္အခဲ ဒုကၡမွ ရွင့္ကုိ ကယ္တင္ဖုိ႔ ေလလံပြဲ စံအိမ္ေတာ္မွ ျပႆနာ မဖန္တီးေတာ့ဘူး ၊ ဒါေပမဲ့ ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္ကေတာ့ မၾကာခင္ ေပ်ာက္ကြယ္ေတာ့မယ္”
အႀကီးအကဲယန္လည္း ေက်းဇူးတင္စြာ ျပံဳးလုိက္တယ္။ ယြမ္ေလာ့ဖုန္းက သူ႕စကားကုိ နားမထာင္ဘူးဆုိရင္ေတာင္ သူ ဘာတတ္ႏုိင္ပါဦးမလဲ။ သူ ေျပာရတာလည္း ေကာင္မေလးကုိ ကာကြယ္ေပးခ်င္လို႔ပါ။ ေကာင္မေလးကုိ ကာကြယ္ေပးဖုိ႔ သူ႕ကုိ အထူးတလည္ ေျပာထားတယ္ေလ။ ဒီျပင္ ေကာင္းကင္ဘုံ သုိင္စံအိ္မ္ေတာ္ေၾကာင့္ေတာ့ ေလလံပြဲကုိ မေႏွာင့္ေႏွးေစခ်င္ဘူး။ ဒါေၾကာင့္လည္း သူ႕ဘက္က အရွက္မဲ့စြာ ဒီစကားကုိ ေျပာရတာေပါ့။
အႀကီးအကဲယန္လည္း ရယ္လုိက္တယ္။
“ဟား… ယြမ္သခင္မေလး… နားလည္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဒါေပမဲ့ အခုေတာ့ ေလလံပြဲ စတင္ပါေတာ့မယ္ ၊ လူတုိင္း ကုိယ့္ထုိင္ခုံမွာ ထုိင္ေပးပါ”
အစတည္းက သူ႕ဘက္က တန္ယြဲ႕နဲ႔ သူမရဲ႕လူမ်ားကုိ လုံးဝ မၾကည့္ဘူး။ သူတုိ႔ရဲ႕ တည္ရွိမႈကုိ လုံးလုံးလ်ားလ်ား လ်စ္လ်ဴရႈထားတယ္။
တန္ယြဲ႕လည္း ယြမ္ေလာ့ဖုန္းကုိ စူးစူးရွရွ ဖ်တ္ခနဲ ၾကည့္လုိက္ျပီး တန္ထ်န္းယြီကုိ သယ္ေဆာင္လာတဲ့ တပည့္မ်ားနဲ႔အတူူတူ ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္သုိ႔ ဦးတည္ထြက္ခြာလာခဲ့တယ္။ ဒါေပမဲ့ တန္ယန္ကေတာ့ ေလလံပြဲကုိ မစြန္႔လႊတ္ႏုိင္ပါဘူး။ ဒါေၾကာင့္ သူ႕ကုိယ္စား ေလလံပြဲမွာ ပါဝင္ဖုိ႔ လူတစ္ေယာက္ ပုိ႔ထားခဲ့တယ္။ တန္ယန္ သတိေပးထားေသာေၾကာင့္ ဒီလူကေတာ့ ယြမ္ေလာ့ဖုန္းကုိ ရန္လုိေသာ စကားမ်ိဳး မေျပာရဲေပ။ ေဘးနားမွာ တိတ္တိတ္ေလး ထုိင္ေနလုိက္တယ္။
…….
ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္ရဲ႕ အေနာက္ဘက္ အေဆာင္မွာ တန္ထ်န္းယြီတစ္ေယာက္ အိပ္ရာေပၚ လဲေလ်ာင္းေနခဲ့ျပီး သူ႕မ်က္ႏွာက အင္မတန္ ျဖဴစုတ္ေနျပီး သူ႔နဖူးမွ ေခြ်းမ်ား က်ဆင္းေနရတယ္။ သူ႔မွာ နာက်င္မႈေၾကာင့္ညည္းထြား ေအာ္ဟစ္ေနရတယ္။
“ဘုိးဘုိး”
တန္ယြဲ႕လည္း ေဒါသထြက္စြာ ေျပာလုိက္တယ္။
“ယြမ္ေလာ့ဖုန္းက တကယ့္ကုိ အႏုိင္က်င့္သူ… သူမက ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္ကုိ လုံးဝ မေလးစားဘူး…ေျမးကုိ ကာကြယ္ေပးတဲ့ ထ်န္းယြီရဲ႕လက္ကုိ ျဖတ္ပစ္တယ္”
Chapter-557
End
အပုိင္း(၅၅၈)
ခ်န္းယြီခ်င္း (၂)
တန္ယန္ရဲ႕မ်က္ဝန္းမ်ားက အိပ္ရာထဲ ညည္းထြား ေအာ္ဟစ္ေနတဲ့ ထ်န္းယြီကုိ ခံစားခ်က္ ကင္းမဲ့စြာ ၾကည့္လိုက္ျပီး လက္သီးကုိ က်စ္ေနေအာင္ ဆုပ္ထားလုိက္တယ္။ အရင္က သူ႕ရဲ႕ ဒီေျမးကုိ မႏွစ္သက္ေသာ္လည္း သူ႔သမီး အသတ္ခံျပီးေနာက္ပုိင္း က်န္ရစ္ခဲ့တဲ့ တစ္ဦးတည္းေသာ မ်ိဳးဆက္ေလ ဒီလုိမ်ိဳး ျပင္းျပင္းထန္ထန္ ဒဏ္ရာ ရေနေတာ့ သူ ေဒါသျဖစ္ရတာ ဆန္းသလား။
“ယြမ္ေလာ့ဖုန္း”
သူ႕မ်က္လုံးမွာ လူသတ္ခ်င္စိတ္မ်ား ဖိတ္ဖိတ္ယုိေနရတယ္။
“ငါ့ေျမးအတြက္ လက္စားေခ်ဖုိ႔ ယြမ္ေလာ့ဖုန္းကုိ အပုိင္းပုိင္း ခုတ္ထစ္ပစ္မယ္”
“ဘုိးဘုိး.. ဝမ္းကြဲ အစ္ကုိက…”
တန္ယြဲ႕လည္း ႏႈတ္ခမ္းေလးကုိ လႈပ္လုိက္တယ္။ သူ႔မ်က္ဝန္းမွာ အျပစ္ရွိေသာ အေတြးမ်ား ပ်ံဝဲေနခဲ့တယ္။ထ်န္းယြီသာ သူမကုိ မကာကြယ္ခဲ့ရင္ ဒီလုိမ်ိဳး အျပင္းအထန္ နာက်င္ခံစားရမွာ မဟုတ္ဘူး။
“ငါ သူ႕လက္ေမာင္း အသစ္တဖန္ ျပန္လည္ ႀကီးထြားလာေအာင္ မလုပ္ေဆာင္ေပးႏုိင္ဘူး ၊ သူ႕ခႏၶာကုိယ္ကုိ တျခားတစ္ေယာက္ လက္ေမာင္းနဲ႔ေတာ့ ဆက္ေပးႏုိင္တယ္ ”
တန္ယန္လည္း မ်က္ဝန္းကုိ ေမွးက်ဥ္းလုိ္က္တယ္။
“ယြမ္ေလာ့ဖုန္းက သူ႕ကုိထိခုိက္ေစခဲ့တယ္ဆုိေတာ့ သူမရဲ႕ လက္္ကုိ ထ်န္းယြီကုိ ေပးသင့္တယ္”
ဒီလုိစကားမ်ိဳး ၾကားရေတာ့ တန္ယြဲ႕ ေတာ္ေတာ္ကုိ ေပ်ာ္ရႊင္မိတယ္။ ဘုိးဘုိးမွာ သူမကုိ ကူညီေပးခ်င္တဲ့ ဆႏၵရွိတည္းက ယြမ္ေလာ့ဖုန္း သူ႕ကုိ ဆက္ျပီး ျခိမ္းေျခာက္လုိ႔ မရေတာ့ဘူး။
“ဒါနဲ႔ ယြဲ႕အာ…”
တစ္ခုခု ေတြးမိသြားပုံရတယ္… တန္ယန္တစ္ေယာက္ သူမဘက္ လွည့္လုိက္တယ္။
“ခ်န္းမိသားစုရဲ႕ သမားေတာ္က ေျမးရဲ႕ ေဆးပညာ ထူးခြ်န္မႈကုိ ႏွစ္ျခိဳက္တာေၾကာင့္ တပည့္အျဖစ္ လက္ခံခ်င္တယ္”
“ခ်န္းမိသားစု”
တန္ယြဲ႕ အံ့ၾသသြားေသာ္လည္း သူမ ေပ်ာ္ရႊင္မိပါတယ္။
“ဟြမ္ခြ်မ္ျမိဳ႕မွာ နံပါတ္၁ အဆင့္ရွိတယ္ ခ်န္းမိသားစုကုိ ဘုိးဘုိး ေျပာတာလား”
ခ်န္းမိသားစုက အာဏာရွိတဲ့ အျပင္ ခ်န္းမိသားစုမွာ ရင္သပ္ ရႈေမာေကာင္းေလာက္တဲ့ ရုပ္ရည္ ရွိတယ္။ခ်န္းမိသားစုရဲ႕ သခင္ ခ်န္းယြီခ်င္းက ဟြမ္ခြ်မ္ျမိဳ႕ေတာ္မွာ အခန္႔ညားဆုံးေသာ အမ်ိဳးသားေလး ျဖစ္ေနျပန္တယ္။ သူ႔က အလြန္အမင္း ခန္႔ညား ေခ်ာေမာတဲ့ အျပင္ တျခားသူမ်ားအေပၚလည္း ၾကင္နာတတ္ေသးတယ္။ ဒါေၾကာင့္လည္း ဟြမ္ခြ်မ္ျမိဳ႕ မိန္းကေလး အမ်ားစုရဲ႕ စိတ္ကူးယဥ္ အိပ္မက္ခ်စ္သူ ျဖစ္လာရတာေပါ့။
သုိ႔ေသာ္လည္း ခ်န္းယြီခ်င္းက ႏွစ္ေပါင္းမ်ားစြာ လူပ်ိဳလူလြတ္တစ္ေယာက္ ျဖစ္ခဲ့တယ္။ ဒါေၾကာင့္လည္း သူ႕ရဲ႕ လိင္ပုိင္းဆုိင္ရာ ခံယူခ်က္က ဘာလဲဆုိတာ လူတုိင္းက သိခ်င္စိတ္ ျပင္းျပလာတာေပါ့။
ဒါမွမဟုတ္… ဒီေလာကႀကီးထဲမွာ သူ႕ကုိ မိန္းကေလးေတြ ဆြဲေဆာင္လို႔ မရတာလား။
“ယြဲ႕အာ”
တန္ယန္လည္း သူ႕လက္ကုိ တန္ယြဲ႕ ပခုံးေပၚ တင္ထားလုိက္ျပီး တည္ၾကည္ေလးနက္စြာ ေျပာလုိ္္က္တယ္။
“ေျမး မွတ္ထားရမယ့္ ကိစၥ တစ္ခု ရွိေသးတယ္ ၊ ေျမး… ခ်န္းမိသားစု သမားေတာ္ရဲ႕ တပည့္ ျဖစ္ခဲ့ရင္ ခ်န္ယြီခ်င္းကုိ ဆြဲေဆာင္ဖုိ႔ မေမ့ပါနဲ႔”
“ခ်န္းယြီခ်င္းေရွ႕မွာ မာနမႀကီးရဘူး စဥ္းစားခ်င့္ခ်ိန္ရမယ္”
တန္ယန္႔မ်က္ဝန္းမ်ားက ေတာက္ပေသာ အလင္းတန္းမ်ားေၾကာင့္ ရႊန္းလဲ့ေနခဲ့တယ္။
“ေျမးေလး ခ်န္းမိသားစုရဲ႕ သခင္မ ျဖစ္လာခဲ့ရင္ ေကာင္းကင္ဘုံ သုိင္းစံအိမ္ေတာ္ရဲ႕ အဆင့္အတန္းလည္း ျမင့္မားလာမယ္ ရွန္တန္ ေလလံပြဲ စံအိမ္ေတာ္က ငါတုိ႔ေျခေထာက္ ေအာက္မွာ ဝပ္တြားခယ ေနရမွာ”
ဒါက ယြမ္ေလာ့ဖုန္းဘက္က ကာဆီး ကာဆီးလုပ္ျပီ ဘက္လုိက္ေနတဲ့ အႀကီးအကဲယန္ ေပးဆပ္ရမယ့္ တန္ရာတန္ေၾကး ျပစ္ဒဏ္ပဲ။
တန္ယြဲ႕ရဲ႕မ်က္ဝန္းမ်ားက ဂုဏ္ယူဝင့္ၾကြားမႈမ်ားေၾကာင့္ တဖ်တ္ဖ်တ္လက္ေနခဲ့ျပီး သူမမ်က္ႏွာမွာ ယုံၾကည္မႈမ်ား ျပည့္ႏွက္ေနခဲ့တယ္။
“ဘုိးဘိုးက ေျမးရဲ႕ ဆြဲေဆာင္မႈကုိ မယုံၾကည္ဘူးလား ၊ ခ်န္းယြီခ်င္းက ေယာက်္ားတစ္ေယာက္ပါ ၊ ေခ်ာေမာတဲ့ မိန္းကေလးကုိ မႀကိဳက္တဲ့ ေယာက်္ားဆုိတာ ရွိလို႔လား ဘုိးဘုိးရဲ႕ ၊ ခ်န္းယြီခ်င္းကုိ အရင္က ျဖားေယာင္းခဲ့တဲ့ မိန္းကေလးေတြက ေျမးေလာက္ မေခ်ာလုိ႔ က်ရႈံးတာ ျဖစ္မယ္ ၊ ဒါေပမဲ့ ေျမးကေတာ့ ေအာင္ျမင္ေစရမယ္”
ဒီလိုမွသာ တန္ယန္ တစ္ေယာက္ ျပံဳးႏုိင္ေတာ့တယ္။
“ဒါေပါ့ ငါ့ေျမးေလးက အရမ္းကို ေခ်ာေမာတယ္ ၊ ဒါေပမဲ့ ယြမ္ေလာ့ဖုန္း… ဟြမ္ခြ်မ္ျမိဳ႕ကုိ ေရာက္လာတည္းက အေခ်ာေမာဆုံး မိန္းကေလး ဂုဏ္ပုဒ္ကို သူမ ပုိင္ဆိုင္သြားျပီလိုု႔ ၾကားတယ္ ။ သူမလည္း ခ်န္းယြီခ်င္းကုိ လက္ထပ္ခ်င္ေနမွာ စုိးရတယ္ ၊ ဘာပဲျဖစ္ျဖစ္ပါေလ…မိန္းကေလးတုိင္းက ခ်မ္းသားမႈ အဆင့္အတန္းနဲ႔ ေတာက္ပမႈတုိ႔ကုိ ႏွစ္သက္ပါတယ္ေလ”
“ဘုိးဘုိး”
တန္ယြဲ႕လည္း မေက်မနပ္ မဲ့ရြဲ႕လုိက္တယ္။ ခ်န္းယြီခ်င္းက အရူးမဟုတ္ပါဘူး။ တျခားသူကုိ ခႏၶာကုိယ္ ပုံေပးထားတဲ့ မိန္းကေလးကုိ သူ႕ဇနီးအျဖစ္ လက္ခံပါ့မလား ။ ဒီညစ္ပတ္တဲ့ မိန္းမက ေျမးနဲ႔ ယွဥ္ႏုိင္ပါ့မလား။
ဒီမိန္းမက အသက္ရွဴမွားေလာက္ေအာင္ လွပေနလည္း သူမရဲ႕ ျပိဳင္ဘက္ ျဖစ္ဖုိ႔ မထုိက္တန္ဘူး။
Chapter-558
End
Zawgyi / Unicide
အပိုင်း(၅၅၃)
နေရာတိုင်းမှာ မကောင်းသတင်း ပျံ့လွင့်နေတယ်
သက်လတ်ပိုင်း အမျိုးသားမှာ အားအင် ချည့်နဲ့လာရတယ်။ သူ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က မှန်လား ၊ မှားလား ဆိုတာတော့ သူ မသိဘူး။ ဒီကောင်မလေး သူ့ငှက်ဆိုးကြီး ဂိုဏ်းတစ်ခုလုံးကို မဖျက်ဆီးဖို့ပဲ မျှော်လင့်မိတယ်။
ဒီနေ့အကြောင်းကိစ္စကို နှစ်ပေါင်းများစွာ ကြာရင် ပြန်တွေးမိမှာပါ။ ထိုအချိန်ရောက်ရင်တော့ သူ့ဆုံးဖြတ်ချက်က သူ့ကို ကံကောင်းစေတယ်ဆိုတာ နားလည်လာမှာပါ။ ကောင်မလေးရဲ့ အတင်းအကျပ် အပြုမူကြောင့်သာ မဟုတ်ရင် ငှက်ဆိုးကြီးဂိုဏ်းက သာမန်ကာလျှံကာ အခြေအနေမှာသာ ရှိနေမှာပါ။ ဟွမ်ချွမ်မြို့မှာ တခြားသူများကို ကျော်လွန်နိုင်တဲ့ အစွမ်းအာဏာကို ပိုင်ဆိုင်နိုင်တော့မှာ မဟုတ်ပေ။
….
ဟွမ်ချွမ်မြို့တော်မှာ နေ့တိုင်း နေ့တိုင်း နာမည်ကြီး ဂိုဏ်းများ ပျက်သုဉ်းခြင်းအကြောင်းကို ပျင်းရိလေးတွဲစွာ ကြားနေရမြဲပါ။ ချက်ချင်း ဂိုဏ်းအဖွဲ့အစည်းအသစ်များလည်း ပေါ်လာစမြဲပါ။ ဒါကို ဘယ်သူမှ ထူးဆန်းတယ်လို့ မမြင်ကြပါဘူး။ သို့သော်လည်း ဒီကနေ့တော့ ဟွမ်ချွမ် တစ်မြို့လုံးကို တုန်လှုပ်စေတဲ့ သတင်း တစ်ခုတော့ ပေါ်ထွက်လာခဲ့တယ်။ ပြောကြတာတော့ ငှက်ဆိုးကြီး ဂိုဏ်းခေါင်းဆောင်က သူ့ရာထူးကို ငယ်ရွယ်တဲ့ ကောင်မလေးကို လွှဲပြောင်းလိုက်သတဲ့… အံ့ဖွယ်ပါပဲ။
အားလုံးက မိန်းမပျိုလေး နဲ့ ငှက်ဆိုးကြီး ဂိုဏ်းခေါင်းဆောင် မုရုန်ပေ ကြားက ဆက်နွှယ်မှုကိုပဲ ခန့်မှန်းနေကြတယ်။ မုရုန်ပေက ဘာကြောင့် ကောင်မလေးကို ရာ ငှက်ဆိုးကြီး ဂိုဏ်း လွှဲပြောင်းပေးရတာလဲ။
သူ့ရဲ့ တရားမဝင် သမီးများလား။ ဒါမှမဟုတ် ချစ်သူတွေလား။ မဟုတ်ရင်တော့ မုရုန်ပေက သူစိမ်း မိန်းကလေး တစ်ယောက်ကို အလွယ်တကူ ရာထူးလွှဲပေးမှာ မဟုတ်ဘူး။ ဒါပေါ့…. လူအများစုကတော့ ချစ်သူတွေ ဖြစ်မယ်လို့ ယူဆကြတယ်။ ကောင်မလေးကို မြင်ဖူးတဲ့ လူတွေ ပြောတာတော့ အဲဒီကောင်မလေးက အသက်ရှူမှားလောက်အောင် လှပတယ်တဲ့။ ဟွမ်ချွမ်မြို့ရဲ့ အချောမောဆုံး မိန်းမပျိုလေးတောင် ဒီကောင်မလေးကို မယှဉ်နိုင်ဘူးတဲ့။
မဟုတ်သေးဘူး။ သူမတို့နှစ်ယောက်က နေ့နဲ့ညလို ခြားနားသတဲ့။ ပြောနေတာတော့ မျိုးစုံနေတာပါပဲ။
မုရုန်ပေက ဒီလို သမီးမျိုးကို မမွေးထုတ်နိုင်ဘူး။ ဒါကြောင့် ဒီကောင်မလေးက သူမအလှအပနဲ့ မုရုန်ပေကို ဆွဲဆောင်ထားတာ ဖြစ်ရမယ်။ သူ မိန်းမောနေစဉ်မှာ သူမလက်ထဲ ဂိုဏ်းကို ပေးအပ်ခိုင်းတာ ဖြစ်ရမယ်။
ထိုအချိန်… ကောင်းကင်ဘုံ သိုင်း စံအိမ်တော် ဧည့်ဆောင်ခန်း အလယ်မှာ ရှိနေတဲ့ တန်ယန်က သူ့လက်အောက်ငယ်သား သတင်းပို့တာကို နားထောင်နေပြီး လေးလေးနက်နက် တွေးတောနေသည် ထင်ပါတယ်။
“ငှက်ဆိုးကြီး ဂိုဏ်းကို မိန်းမပျိုလေး တစ်ယောက်ဆီ လွှဲအပ်လိုက်ပါပြီလား ၊ ဒီကောင်မလေးရဲ့ နောက်ခံကို မင်း သိခဲ့လား”
“သခင့်ကို တင်ပြပါရစေ ၊ ဒီကောင်မလေးနဲ့ ပတ်သက်တဲ့ သတင်းကို စုံစမ်းဖို့ လူတစ်ယောက် လွှတ်ထားခဲ့ပါတယ် ၊ ဒါပေမဲ့ ဘယ်သူမှ တိတိကျကျ ရေရေရာရာ မသိသေးဘူး”
ဆက်မပြောခင်မှာ တန်ယန်လည်း တိတ်ဆိတ်နေခဲ့တယ်။
“အရင်ဆုံး ငှက်ဆိုးကြီး ဂိုဏ်း ကိစ္စကို လျစ်လျူရှုထားလိုက်တော့ ၊ ဘာပဲဖြစ်ဖြစ် သူတို့က ငါတို့ကို ပြဿနာ မရှာနိုင်ဘူး… ငါတို့တွေ လာမယ့် ကြီးကျယ် ခမ်းနားတဲ့ လေလံပွဲအတွက် ပြင်ဆင်သင့်ပြီ ၊ အဲဒီထဲက ပစ္စည်းတစ်ခုကို ငါ ပိုင်ဆိုင်ရမှ ဖြစ်မယ် ၊ ထျန်းယွီကတော့ သူနဲ့အတူတူ လူတစ်ချို့ ခေါ်လာလိမ့်မယ် ၊ အဲဒီနေရာကို အချိန်မှီ သွားလိမ့်မယ် ၊ သူ့အရည်အချင်းကို အကဲဖြတ်ရတာပေါ့”
“ဟုတ်ကဲ့ပါ သခင်”
သက်တော်စောင့်က ဂါရဝပြုပြီး တိတ်ဆိတ်စွာ ဆုတ်ခွာသွားခဲ့တယ်။
သက်တော်စောင့် ပျောက်ကွယ်သွားတဲ့ နေရာကို စူးစူးရဲရဲ ကြည့်ရင်း သူ့မျက်နှာ အမူအရာက မည်းမှောင်လာခဲ့တယ်။
“ငှက်ဆိုးကြီး ဂိုဏ်း ၊ ဆယ်ကျော်သက် ကောင်မလေး ၊ ကြည့်ရတာတော့ ငှက်ဆိုးကြီး ဂိုဏ်းက တစ်နေ့ထက် တစ်နေ့ ပို ပိုပြီးတော့ အားနည်းလာပြီ ၊ သမိုင်းကြောင်းမှာ သိပ်မကြာခင် ပျောက်ကွယ်တော့မယ်”
ယွမ်လော့ဖုန်းနဲ့ ပတ်သက် ဆက်နွှယ်သမျှ သတင်းတိုင်းကို ထောက်လှမ်းဖို့ တန်ယန်က သူ့လူတွေကို လွှတ်ထားပြီးသားပါ ။ ဟွမ်ချွမ်မြို့မှာ ရှိတဲ့ ဂိုဏ်းအားလုံးက ငှက်ဆိုးကြီး ဂိုဏ်း သတင်းကို တိတ်တဆိတ် စုံစမ်းနေကြတယ်။ ဘာပဲဖြစ်ဖြစ်ပါလေ… ဒီလူဆိုးဂိုဏ်းက ဆယ်စုနှစ်ကျော် ရွှေရောင်လွှမ်းနိုင်ခဲ့ပြီ ။ အရင် ခေါင်းဆောင်ရဲ့ သေဆုံးပြီးနောက် ကျဆင်းလာခဲ့တယ်။ အခုတော့ ဟွမ်ချွမ်မြို့မှာ သူတို့ အဆင့်အတန်းက နံပါတ်စဉ် ၁၁အထိ ထိုးဆင်း နိမ့်ကျသွားပြီလေ။
…..
မျက်စိ ပသာဒ ဖြစ်သော စံအိမ်တော်အတွင်းမှာ ယောကျ်ားတစ်ယောက်က မက်မွန်ပင်အောက်မှာ ထိုင်နေခဲ့ပြီး လက်ဗလာနဲ့ ဗျတ်စောင်း တီးနေခဲ့တယ်။သူ၏ ရှည်လျားသော ဆံနွယ်ဖြူများက လေနဲ့အတူတူ ကခုန် မြူးထူးနေခဲ့ပြီး ခန့်ညားသော သွင်ပြင်နဲ့ လိုက်ဖက် ညီလွန်းပါတယ်။
သူ့ဝတ်ရုံစက လေထဲမှာ တလွင့်လွင့် ဖြစ်နေခဲ့ပြီး သူ့ဗျတ်စောင်းသံက ကြည်လင်သော နွေဦးရေကဲ့သို့ ထူးခြား ဆန်းကြယ်စွာ စီးမျောနေခဲ့ကာ နားဆင်သူ အပေါင်းရဲ့ စိတ်နှလုံးကို မယုံနိုင်စရာကောင်းလောက်အောင် တည်ငြိမ်စေတယ်။
“သခင်”
အနီရောင် ဝတ်စုံနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ လှပသော မိန်းမပျိုလေးက ဆံနွယ်ဖြူ အမျိုးသားရှေ့နား လှမ်းလာပြီး ဓားကို လက်တွင် ကိုင်ဆောင်ကာ စကားဆိုတယ်။
“ကျွန်မ စုံစမ်း ကြည့်ပြီးပါပြီ ၊ ငှက်ဆိုးကြီး ဂိုဏ်းရဲ့ အသစ် မိန်းကလေး နာမည်က ယွမ်လော့ဖုန်းပါ”
ထိုလူရဲ့ လက်ချောင်းများက ဗျတ်စောင်းရဲ့ သံစဉ်များကို တီးခတ်နေတာကြောင့် နားဝင်ချိုသော အသံများ မြည်ဟည်းနေခဲ့တယ်။ထို့နောက် သူ့လှုပ်ရှားမှုကို ရပ်တန့်လိုက်တယ်။
Chapter-553
End
အပိုင်း(၅၅၄)
အဖြူရောင်ဝတ်စုံလေးက ထာဝရ ရှင်သန်သူလား
“ယွမ်လော့ဖုန်း”
ထိုလူရဲ့ အသံက လူတစ်ယောက်ရဲ့ နှလုံးသားကို လှုပ်ခတ်စေတဲ့ လေပြည်လေညင်နဲ့ အလားတူစွာ နားဝင်ချိုကာ စိတ်ချမ်းမြေ့စေတယ်။
ထိုလူ ခေါင်းမော့လိုက်ချိန်မှာ ဒီတိုင်းပြည်မှာ ရှိတဲ့ ချယ်ရီပွင့်ဖတ်များက သူ့ရုပ်ရည်ကြောင့် အရောင်မဲ့သွားသလိုပဲ။ လူအားလုံး အသက်ရှူးမှားလောက်အောင် ခန့်ညား ချောမောနေခဲ့တယ်။ ဒီလောကကြီးထဲမှာ သူ တစ်ယောက်တည်းသာ ရင်ကိုလှုပ်ခတ်စေသလိုပဲ။
“သိပ်မကြာခင်က ထျန်းရာက ဒီနာမည်နဲ့ စာတစ်စောင် ပို့ခဲ့တယ် ၊ ဒီမိန်းကလေးတစ်ယောက်တည်းပဲ ငါ့ကို ကုသပေးနိုင်တယ်လို့ ပြောထားသေးတယ်”
သူလည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။ သူ့အပြုံးက တောက်ပ ရွှန်းလဲ့လွန်းတာကြောင့် အကြည့်မလွှဲရက်ပေ။
ညှို့ဓာတ်ပြင်းသော အမျိုးသမီးလေးက သူ့ကို ငေးတိငေးငိုင် ကြည့်နေခဲ့တယ်။ သူမမျက်နှာက ရှက်သွေးဖြာနေတာပေါ့။ သူမက သခင်ဘေးနားမှာ နှစ်ပေါင်းများစွာ ကပ်တွယ်လာခဲ့တာပါ။ သူ့ခန့်ညားမှုကို ဘယ်သောအခါမှ လျစ်လျူမရှုနိုင်ဘူး။ ဒီလောကကြီးထဲမှာ သူ့သခင်ထက် ဘယ်သူမှ ခန့်ညားမယ် မထင်။
“သခင်… ဒီလက်အောက်ငယ်သားက ဒီမိန်းကလေးကို ချန်းအိမ်တော် ဖိတ်ခေါ်လိုက်ရမလား”
သူမမှာ ခက်ခက်ခဲခဲ သတိပြန်ဝင်ပြီးနောက် လေးလေးစားစား ဂါရဝပြုကာ မေးရှာတယ်။
“မလိုအပ်ဘူး”
ထိုလူက ခေါင်းတွင်တွင်ခါနေတယ်။
“ပထမဆုံး ခဏတော့ လေ့လာဖို့ လိုအပ်တယ် ၊ ကျွင်းဟွား… ငါ လေလံပွဲကို တက်ရောက်မယ် ပြင်ဆင်ထားလိုက်တော့”
“ဟုတ်ကဲ့ပါ သခင်”
ညှို့ဓာတ်ပြင်းသော မိန်းကလေးက ရိုသေလေးစားစွာ ဂါရဝပြုသော်လည်း သူမရဲ့ မျက်ဝန်းမှာ သနားစဖွယ် အရိပ်အယောင်များ ထင်ဟပ်နေခဲ့တယ်။
သခင်ကြီးနဲ့ သခင်မ အသတ်ခံရပြီးတည်းက ညတွင်းချင်း သခင်လေးရဲ့ ဆံပင်အားလုံး အဖြူရောင် အဖြစ် ပြောင်းလဲသွားခဲ့တယ်။ ဒါပေမဲ့ သူ့မှာ ချန်းမိသားစု တစ်စုလုံးကို ကြီးကြပ် ကွပ်ကဲရမယ့် တာဝန်ရှိနေသေးတယ်။ သခင်ကြောင့်သာ ချန်းမိသားစုက ဆက်လက်တည်ရှိနေနိုင်တာ…။ သခင် မရှိရင် ဝံပုလွေတွေကြောင့် ပျက်စီးတာ ကြာပေါ့။
ကံဆိုးရှာတာပါ ၊ ကောင်းမွန်သော ကိစ္စတိုင်းက ဘယ်သောအခါမှ မကြာရှည်တတ်ဘူး။ သခင်က ကုသလို့ မရတဲ့ ရောဂါက ဖိစီး နှိပ်စက်နေခဲ့တယ်။ ကျော်ကြားတဲ့သမားတော်အားလုံးလည်း မကုသနိုင်ခဲ့ဘူး။ အခုတော့ ဒီလို အခွင့်အရေးမျိုး ပိုင်ဆိုင်ရတာ သူကတော့ အလွယ်တကူ မစွန့်လွှတ်နိုင်ဘူး
…..
လေလံပွဲက ဟွမ်ချွမ်မြို့မှာ အကြီးမားဆုံးသော စီးပွားရေးပွဲ တစ်ပွဲပါ။ ဒီပွဲ ကျင်းပတဲ့နေ့က မကြုံစဖူးလောက်အောင် အသက်ဝင်လွန်းတယ်။ မျိုးနွယ်စုတိုင်းက ပွဲတက်ရောက်ဖို့ တစ်ယောက်ယောက်ကို လွှတ်လေ့ရှိတယ်။ တရားမျှတမှု ရှိဖို့အတွက် မျိုးနွယ်စုတိုင်းက သူတို့ရဲ့ အဆင့်အလိုက် ထိုင်ရတယ်။ ဒါကြောင့်လည်း လေလံပွဲမှာ ငှက်ဆိုးကြီး ဂိုဏ်းရဲ့ ခေါင်းဆောင် အသစ်ဖြစ်တဲ့ ယွမ်လော့ဖုန်းက အဆင့်၁၀ ရှိတဲ့ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်နဲ့ မမျှော်လင့်ဘဲ ကြုံကြိုက်ရတာပေါ့။
ငှက်ဆိုး ကြီး ဂိုဏ်းနေရာမှာ ထိုင်နေတဲ့ ယွမ်လော့ဖုန်းကို ချက်ချင်း ထျန်းယွီက သတိထားမိတာပေါ့။ သူ့မျက်နှာသွင်ပြင်က မည်းမှောင်လာခဲ့ပြီ
“ ဒီနေရာမှာ မင်းကို တွေ့ရမယ်လို့ မထင်ထားဘူး”
ယွမ်လော့ဖုန်းရဲ့ နှုတ်ခမ်းထောင့်က မြင့်တက်သွားပြီး ထေ့ငေါ့စွာ ခွန်းတုံ့ပြန်လိုက်တယ်။
“ကျွန်မလည်း အတူတူပါပဲ”
ထျန်းယွီကို ရှာနိုင်မှာ မဟုတ်ဘူးလို့ ထျန်းရီ ပြောခဲ့တာ အံ့သြစရာ မလိုတော့ပါဘူး။ တကယ်တော့ ဟွမ်ချွမ်လို မြို့တော်ကို ရောက်နေတာပဲ။ သူမသာ ဟွမ်ချွမ်မြို့ထဲ ခြေမချခဲ့ရင် ထျန်းယွီ ဒီနေရာကို ရောက်နေမှန်း သိမှာ မဟုတ်ဘူး။
“တစ်ဝမ်းကွဲ အစ်ကို ထျန်းယွီ သူမက ဘယ်သူလဲ”
ထျန်းယွီဘေးနားမှ ချစ်စဖွယ်ကောင်းတဲ့ အသံလေးကို ကြားလိုက်ရတယ်။ ထို့နောက် အဝါဖျော့ရောင် အကျႍ ဝတ်ထားတဲ့မိန်းကလေးက သူမတို့အနား ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့တယ်။ သူမရဲ့ အထင်မြင်သေးသော အကြည့်များနဲ့ ယွမ်လော့ဖုန်းကိုစွေးခနဲ ကြည့်နေခဲ့တယ်။
ထျန်းယွီရဲ့မျက်နှာက မသိမသာ မည်းမှောင်သွားလေရဲ့။
“သူမက ငါတို့ ကောင်းကင်ဘုံ သိုင်း စံအိမ်တော်က ရှာနေတဲ့ ယွမ်လော့ဖုန်း”
“ယွမ်လော့ဖုန်း”
အဝါရောင် ဝတ်စုံနဲ့ မိန်းကလေးက နည်းနည်းတော့ အံ့သြမိပါရဲ့။ ဒါပေမဲ့ သူမရဲ့ ပါးစပ်ကို လက်ဖြင့် အုပ်ကာ တခစ်ခစ် ရယ်မောတော့တယ်။
“ဒါဆို… နင်က ဖြူစင်တဲ့ မိန်းကလေးကို အပျော်စံအိမ်တော်ကို အတင်းအကျပ် ပို့ခဲ့တဲ့ ယွမ်လော့ဖုန်းလား ၊ နင်က အရမ်း ရက်စက်တတ်တယ်လို့ ငါ ကြားဖူးတယ် ၊ နင့်မှာ စေ့စပ်ထားသူလည်း ရှိခဲ့တယ်ဆို ၊ ဒါပေမဲ့လည်း နင်က တခြား ယောကျ်ားတွေကို အပိုင်ဖမ်းပြီး ပျော်မြူးနေတုန်းပဲဆို ၊ တခြား ယောကျ်ားလေးကို ဖြားယောင် သွေးဆောင်တဲ့ အပြင် နင့်ရဲ့ သတိုးသားလောင်းကို မရပ်မနား ဆက် နှောင့်ယှက်နေတယ်… တခြား မိန်းကလေးတွေ အနားကပ်ခွင့်တောင် မပေးဘူးဆိုတာ ဟုတ်လား”
မိန်းကလေးက ခဏရပ်တန့်လိုက်သော်လည်း သူ့မျက်နှာပေါ်က လှောင်ပြုံးက ပိုထင်ရှားလာခဲ့တယ်။
“နင်လို မိန်းကလေးက အသက်ဆက်ရှင်ရဲသေးတယ်… နင့်ကိုယ်နင် မရှက်ဘူးလား ၊ ငါ့သာ နင်နေရာမှာဆိုရင် ဦးခေါင်းကို တိုင်နဲ့ဆောင့်ပြီ ကိုယ့်ဘာသာ အဆုံးစီရင်လိုက်တာ ကြာပေါ့”
တကယ်တမ်းတော့ ဒီစကား အားလုံးကို ထျန်းယွီ ပြောပြထားတာပါ။ အမှန်လား… အမှားလားဆိုတာတော့ သူမကိုယ်တိုင် မစုံစမ်းရသေးဘူး ။ ထျန်းယွီက သူမကို မလှည့်ဖျားဘူးလို့ ယုံကြည်တာကြောင့် ဒီစကားကို သူမဘက်က ရဲရဲဝံ့ဝံ့ ပြောရဲတာပေါ့။
လင်းလောပိုင်လည်း နေရာမှ ချက်ချင်း ထလိုက်ပြီး အဝါရောင်ဝတ်စုံနဲ့ မိန်းကလေးကို ခါးထောက်ကာ မကျေမချမ်း ကြည့်လိုက်တယ်။
“နင့် အကြောင်း နင် ပြောနေတာလား နင့်ပုံစံကို ကြည့်လိုက်တာနဲ့ မိန်းမပျက်မှန်း တန်းသိတယ် ၊ ငါ့ကို အမှန်အတိုင်း ပြောလိုက်စမ်းပါ… ထျန်းယွီက နင့်စိတ်ဆန္ဒကို ကျေနပ်အောင် မဖြည့်ဆည်းပေးဘူးမလား”
Chapter-554
End
အပိုင်း(၅၅၅)
နင့်လက်မောင်းကို ဖြတ်မယ်
သူမပြောလိုက်တဲ့ နောက်ဆုံး စကားတစ်ခွန်းကြောင့် လူနှစ်ယောက်ရဲ့ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။
ထျန်းယွီရဲ့မျက်နှာက ညိုမည်းပုတ်နေပြီး အေးတိအေးစက် ခွန်းတုံ့ပြန်လိုက်တယ်။
“ယွမ်လော့ဖုန်း… နင့်လူကို ကောင်းကောင်းထိန်းထားစမ်း ၊ အကြောင်းအရင်းနဲ့ အကျိုးဆက်ကို မသိဘဲ စကားကို လက်လွတ်စပယ် မပြောမိစေနဲ့ ၊ ညီမငယ်လေး တန်ယွဲ့နဲ့ ငါက ဖြူဖြူ စင်စင် ၊ သူမ ပြောသလို ဆက်ဆံရေး ရှိနိုင်ပါ့မလား”
ထျန်းယွီရဲ့ သတိပေးစကားကြောင့် တန်ယွဲ့မှာ လင်းလောပိုင်ကို ပါးစပ်ကို စုတ်ဖြဲချင်လောက်တဲ့အထိ ဒေါသထွက်လာရတယ်။ ဒါမှလည်း အခုအချိန်ကစပြီးတော့ မသင့်လျော်တဲ့ ဝေဖန်ချက်မျိုး မပြောရဲမှာလေ။
“ငါက အမှန်တရားကို ပြောလိုက်ရုံလေးပါ”
လင်းလောပိုင်လည်း နှုတ်ခမ်းလေး စူလိုက်တယ်။
“ဒီလောက် ပါးစပ်ဆော့ပြီး မဟုတ်မမှန်လိုက်ပြောနေတာ….စိတ်ဆန္ဒ မပြည့်ဝလို့ မဟုတ်ရင် ဘာဖြစ်နိုင်ဦးမလဲ ၊ နင် သူမကို ကျေနပ်အောင် မစွမ်းဆောင်နိုင်ရင် ငါက သူ့အတွက် ယောကျ်ား အယောက်၁၀၀ ရှာပေးလိုက်ရမလား”
“မိန်းမယုတ်”
တန်ယွဲ့မှာ ဒေါသူပုန်ထလာတာကြောင့် လင်းလောပိုင်ကို ပါးရိုက်ဖို့ လက်ရွယ်လိုက်တယ်။
“နောက်တစ်ခွန်း ထပ်ပြောရင်… ဒီနေ့ ငါ နင့်ကို သတ်မယ်”
ဖြန်း
ပြတ်သား ထင်ရှားတဲ့ ပါးရိုက်သံကို ရုတ်ခြည်း ကြားလိုက်ရတယ်။ လေလံပွဲ ခန်းမတစ်ခုလုံးကို တိတ်ဆိတ်သွားစေတယ်။
အားလုံးရဲ့မျက်လုံးများက ယွမ်လော့ဖုန်းနဲ့ တခြားသောသူများကို ကြည့်လိုက်ပြီး ပွဲကောင်းတစ်ခုကို စောင့်ကြည့်နေတဲ့ ပုံစံပေါ့။
လင်းလောပိုင်ရဲ့ လက်တစ်ဖက်က တန်ယွဲ့ရဲ့လက်ကောက်ဝတ်ကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က တန်ယွဲ့ပါးကို ဖြန်းခနဲ မြည်အောင် ခပ်ကြမ်းကြမ်း ရိုက်ချလိုက်တယ်။ ဘာမထီဟန် နဲ့ တန်ယွဲ့ကို အထင်မြင်သေးစွာ ကြည့်လိုက်တယ်။
“ငါပြောတော့ မကြိုက်ဘူး…ဟုတ်လား… ပြောတော့ ဘာဖြစ်လဲ နင်ကျတော့ ငါ့ဆရာကို သိက္ခာကျဆင်းအောင် ပြောဆိုတော့… ငါက နင့်ကို ပြန်ပြောတော့ မကြိုက်ဘူး ဟုတ်လား”
လင်းလောပိုင်ရဲ့ စိတ်ထဲမှာတော့ သူ့အဖေပြီးရင် သူ့ဆရာက အရေးကြီးဆုံးသူပါ။ ဒါကြောင့် ဆရာကို စော်ကားမော်ကား ပြောဆိုဖို့ ဘယ်သူကိုမှ ခွင့်မပြုနိုင်ဘူး။
တန်ယွဲ့ရဲ့ခန္ဓာကိုယ် တစ်ကိုယ်လုံးက ဒေါသစိတ်ကြောင့် တုန်ရီလာရပြီ သူမမျက်နှာ အနည်းငယ် ဖြူစုတ်လာရတယ်။
“ငါက အမှန်တရားကို ပြောတာလေ… နင့်က ငါ့တို့ကို စွပ်စွဲပြောဆိုနေတာ… ဒီကိစ္စ နှစ်ခုက မတူညီနိုင်ဘူး ၊ အစ်ကို ဝမ်းကွဲ ထျန်းယွီက မိန်းကလေးရဲ့ အပြုအမူကို ကောင်းကောင်း သိတယ် ၊ အခု ငါခန့်မှန်းတာ မမှားဘူးဆိုရင် သူမက ငှက်ဆိုးကြီး ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်ဖို့ မုရုန်ပေရဲ့ အိပ်ရာပေါ် ခုန်တက်ရမှာ သေချာတယ်… ကျေနပ်အောင် ပြုစုပေးထားလို့ ဒီနေရာမှာ ထိုင်နေရတာပေါ့”
လင်းလောပိုင်ရဲ့မျက်ဝန်းများက ပိုခက်ထန်လာခဲ့ပြီး သူမရဲ့ လက်ဖဝါးနဲ့ နောက်တစ်ကြိမ် ရိုက်နှက်လိုက်တယ်။ ရုတ်တရက် အားကောင်းတဲ့ လက်တစ်ဖက်က ဘေးနားက ရောက်လာပြီူ သူမရဲ့လက်ကို တင်းကျပ်အောင် ဖမ်းဆုပ်ထားတယ်။
သို့သော်လည်း ထျန်းယွီက ယွမ်လော့ဖုန်းကို စိတ်ဆိုးမာန်ဆိုး ကြည့်ရင်း ခွန်းတုံ့ပြန်လာခဲ့တယ်။
“ယွမ်လော့ဖုန်း … တရားမလွန်လာနဲ့… ပထမဆုံး မင်းက တစ်စုံတစ်ယောက်ကို အပျော်မယ်လုပ်ဖို့ တွန်းအားပေးခဲ့တာ ပြီးတော့ ငါတို့ ထျန်းမိသားစုဝင် အကုန်လုံးကို မင်း သတ်ခဲ့တယ် ၊ အခုတော့ မင်းက ငါ့ ညီမလေးကို ဒီလို လုပ်ချင်နေတာလား… မင်းလုပ်ရပ်တွေကို မရပ်တန့်ဘူးလား”
ယွမ်လော့ဖုန်းလည်း လင်းလောပိုင်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတဲ့ သူ့လက်ကို ဖျတ်ခနဲ ကြည့်လိုက်ပြီး မျက်နှာကြော တင်းတင်းနဲ့ ပြောလိုက်တယ်။
“လွှတ်လိုက်စမ်း”
“မလွှတ်တော့ မင်း ဘာတတ်နိုင်မှ မို့လဲ”
ဒါက ဟွမ်ချွမ်မြို့… ထျန်းတောင် မဟုတ်ဘူး။
ဒီလိုနေရာမျိုးမှာ အဆင့်တစ်ဆင့် ကွာခြားလည်း နေ့နဲ့ညလို ခြားနားတယ်။
အရေးကြီးဆုံး အချက်ကတော့ ထျန်းရာလည်း ဒီနေရာမှာ မရှိသလို ယွမ်ရှောင်လည်း မရှိဘူး ။ ဒါကြောင့် သူမကို ဘယ်သူမှ မကာကွယ်ပေးနိုင်ဘူး။
ထျန်းမိသားစု သုတ်သင်ခံရတာက ထျန်းရာနဲ့ ယွမ်လော့ဖုန်း ပူးပေါင်းတာကြောင့်လို့ ထျန်းယွီထင်နေရင်တော့ မှားသွားပြီ။ ယွမ်လော့ဖုန်းကိုယ်တိုင် ထျန်းမိသားစု အကြီးအကဲများနဲ့ တိုက်ခိုက်ခဲ့တာကို မြင်ရင် ဒီလို စကားမျိုး ပြောရဲမှာ မဟုတ်ဘူး။
“ ရှင် မလွှတ်ပေးဘူးဆိုတာ သေချာလား”
ယွမ်လော့ဖုန်းလည်း မဲ့ရွဲ့ကာ နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်။
ထျန်းယွီလည်း ထေ့ငေါ့လိုက်တယ်။
“မလွှတ်နိုင်ဘူး”
ဒီစကားကို သူပြောလိုက်ချိန်မှာ ယွမ်လော့ဖုန်းက ဓားကို အလျင်အမြန် ထုတ်လိုက်ပြီး သူ့မှာ တုံ့ြ့ပန်ချိန်တောင် မရလိုက်ပေ။ ရွှမ်းခနဲ မြည်သံနဲ့အတူူတူ သွေးများ ပန်းထွက်လာပြီး ပိုင်းခံရသောလက်မောင်းက ကြမ်းပြင်ပေါ် လူးလိမ့်သွားခဲ့တယ်။
“အား…”
ထျန်းယွီရဲ့အော်သံမှာ ပြင်းပြသော နာကျင်မှုများ ပြည့်နှက်နေပြီး ဝံပုလွေ အော်သံ ၊ သရဲ ဆွဲဆွဲငင်ငင် ငိုကြွေးသံနဲ့ တူလှတယ်။
ယွမ်လော့ဖုန်းမှာ သူ့ထက် သာလွန်တဲ့ အစွမ်းရှိတယ်လို့သာ အစတည်းက သိခဲ့ရင် သူ ရန်စမိမှာ မဟုတ်ဘူး။ အခုတော့ တစ်ဖက်လူက သူ့လက်ကို ဖြတ်လိုက်ပြီလေ။ လေလံခန်းမ… တခြားသူများအလယ်မှာ သူ့ သိက္ခာကျဆင်းရပြီလေ။
Chapter-555
End
အပိုင်း(၅၅၆)
အကြီးအကဲယန်ရဲ့ ကာကွယ်မှု
“ကျွန်မ ရှင့်ကို အခွင့်အရေး ၂ခါ ပေးထားပြီးသား”
ယွမ်လော့ဖုန်းလည်း သွေးစွန်းနေတဲ့ သူမရဲ့ ဓားရှည်ကို ပြန်လည်ရုပ်သိမ်းလိုကပြီး ထိုင်ခုံပေါ်မှာ ခံစားချက် ကင်းမဲ့စွာ ထိုင်နေလိုက်တယ်။ သူမရဲ့မျက်လုံးများက တည်ငြိမ်နေပြီး ခံစားချက် ကင်းမဲ့နေတယ်။ ဘာမှ မဖြစ်ပျက်ခဲ့သလိုပေါ့။
ရုတ်တရက် စူးစူးဝါးဝါး ထ မအော်ခင်မှာ ခဏတော့ ထျန်းယွီ အံ့သြ မှင်တက်မိတယ်။
“လူသတ်သမား… မြန်မြန် လာကယ်ပါ”
ချက်ချင်း ခန်းမဆောင်ထဲကို အကြီးအကဲ တစ်ယောက် ဝင်ရောက်လာခဲ့တယ်။ အကြီးအကဲ စိတ်မရှည်စွာ တီးတိုး မေးလိုက်တယ်။
“ဘာဖြစ်တာလဲ… ဘာလို့ ရုတ်တရက် ထအော်ရတာလဲ… မင်း… ဒီလို ဆက်အော်နေရင်… ငါ…”
စကားလုံးများက လည်ပင်းမှာ တစ်ဆို့သွားရပြီး သွေးအိုင်ထဲမှာ လဲလျောင်းနေတဲ့ ထျန်းယွီကို တအံ့တသြ ကြည့်လိုက်တယ်။ ရုန်းရင်းသော စကားများကို မျိုသိမ်လိုက်ပြီ
“ဒါက ဘယ်လို ဖြစ်တာလဲ”
“အကြီးအကဲယန်”
ထန်ယွဲ့လည်း ယွမ်လော့ဖုန်းကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။
“ဒီမိန်းကလေးက ငါ့ဝမ်းကွဲအစ်ကို့ကို နာကျင်အောင် လုပ်တယ် ၊ အခုချက်ချင်း သူမကို ဖမ်းသွားပါ”
“ဒါကတော့…”
အကြီးအကဲယန်လည်း ခဏတော့ တွေးဝေသွားပြီး ယွမ်လော့ဖုန်းဘက် လှည့်လိုက်တယ်။
“ကောင်းကင်ဘုံ သိုင်းစံအိမ်တော် သခင်လေးက သခင်မလေးကို ဘာအပြစ်မျိုး ကျူးလွန်ခဲ့လို့ သူ့ကို တန်ပြန်တိုက်ခိုက်ရတာလဲ”
ယွမ်လော့ဖုန်းဘက်က ပြန်မဖြေတာကြောင့် အဘိုးအိုက ဆက်လက် ယဉ်ကျေးဖို့ ကြိုးစားတယ်။
“သူက တဏှာရာဂကြီးလွန်းတယ်… ငါ့တပည့်ကို ကိုယ်ထိလက်ရောက် စော်ကားတဲ့အပြင် သူမကို မလွှတ်ပေးချင်ဘူး… သူ့လွှတ်ပေးလို့ရအောင် သူ့လက်မောင်းကို ဖြတ်လိုက်တာလေ… တခြား လမ်းမှ ရွေးချယ်စရာမရှိတာ”
ဒီစကားကို ကြားတော့ ပွဲကြည့် ပရိတ်သတ်အားလုံး မဲ့ရွဲ့သွားရတယ်။
သူမ တပည့်က တန်ယွဲ့ကို မတော်မတရား ပြောနေတာ အသိအသာပဲလေ။ တန်ယွဲ့ကို ကာကွယ်ဖို့ ထျန်းယွီက သူမရဲ့လက်ကို ဖမ်းဆုပ်လိုက်တာလေ။ ဒီမိန်းကလေးရဲ့ ပါးစပ်က ထွက်လာတဲ့ စကားကြောင့် ထျန်းယွီက တဏှာရာဂကြီးမားသူ ဖြစ်သွားပြီး သူ့တပည့်ကို ကိုယ်ထိလက်ရောက် စော်ကားတယ်..ဟုတ်လား။
အကြီးအကဲယန်မှာ ကြံရခက် ဖြစ်လာရတယ်။ တစ်ဖက်လူက သူ့တပည့်ရဲ့လက်ကို ကိုင်လို့ လက်ဖြတ်လိုက်တယ်လား။ ဘယ်သူမှ သူမလောက် အထက်စီးမဆန်ဘူး။
“အဟွတ်… အဟွတ်”
အကြီးအကဲယန်မှာ တန်ယွဲ့ကို မကြည့်ခင်မှာ ဟန်လုပ် ချောင်းခြောက် ဆိုးလိုက်တယ်။
“ကောင်းကင်ဘုံ သိုင်းစံအိမ်ကလူတွေက သူများ တပည့်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး အရင်ဆုံး အမှားလုပ်ထားတော့ အပြစ်ပေးဖို့ ထိုက်တန်ပါတယ်၊ တန်ယွဲ့… ဟွမ်ချွမ်မြို့ရဲ့ စည်းမျဉ်းကို မမေ့ပါနဲ့ ၊ ဂိုဏ်းနှစ်ခု တိုက်ခိုက်တာကို တခြားသူက ဝင်စွက်ဖက်လို့ မရဘူး”
သူပြောလိုက်တဲ့ စကားရဲ့ အဓိပါ္ပယ်ကတော့ ယွမ်လော့ဖုန်းက တန်ထျန်းယွီကို သတ်လိုက်မယ်ဆိုရင်တောင် သူတို့လေလံပွဲစွအိမ်တော်က ဝင်နှောင့်ယှက်မှာ မဟုတ်ဘူးတဲ့လေ။
ယွမ်လော့ဖုန်းလည်း အံ့သြနေသေးတဲ့ အကြီးအကဲယန်ကို ကြည့်လိုက်ပြီး သူမရဲ့ မေဖျားလေးကို ကြင်နာစွာ ပွတ်သပ်ရင်း စဉ်းစားခန်း ဝင်လိုက်တယ်။ အမှန်ဆိုရင် သူမက တန်ထျန်းယွီရဲ့လက်ကို လေလံခန်းမမှာ ဖြတ်လိုက်တာလေ… ဒါက သူ့တို့ကို မလေးစားတာနဲ့ အတူတူပဲလေ။ ဒါပေမဲ့ အကြီးအကဲယန်ကို ကြည့်ရတာတော့ သူမရဲ့ အပြုအမူကို ဂရုကို မစိုက်ပုံပဲ။
ဒါက လုံးဝကို ပုံမှန် မဟုတ်ဘူး။
လေလံခန်းမက သူမကို တားဆီးရင်တောင် သူမက ဒီလို တူညီတဲ့ ရလာဒ်မျိုး လုပ်ဦးမှာပါ။
အကြီးအကဲယန်… အထင်လွှဲသွားတာကို မြင်ရတော့ တန်ယွဲ့လည်း အလျင်စလို ရှင်းပြတော့တယ်။
“အကြီးအကဲယန်… ဒီမိန်းမရဲ့ မဟုတ်မမှန် စကားကို နားမဝင်ပါနဲ့ ၊ အစ်ကို ဝမ်းကွဲ ထျန်းယွီက သူ့တပည့်ကို ကိုယ်ထိလက်ရောက် မကျူးလွန်ပါဘူး… သူ့တပည့်က တန်ယွဲ့ကို အရင်ဆုံး လက်နဲ့ ရွှယ်တာပါ”
“တော်သင့်ပြီ”
အကြီးအကဲယန်ရဲ့မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး ခက်ထန်စွာ ခွန်းတုံ့ပြန်လိုက်တယ်။
“မင်း နောက်တစ်ခွန်း ထပ်ပြောရင် မင်းတို့ကို လေလံခန်းမက ဆွဲထုတ်မယ်… မင်းတို့တွေ နောက်တစ်ကြိမ် ဘယ်တော့မှ ဝင်ခွင့် မရှိစေရဘူး”
ဟွမ်ချွမ်မြို့တော်ရဲ့ ဂိုဏ်းများ အားလုံးအနက် ရှန်းတန် လေလံအိမ်တော်က အဆင့်၅နေရာမှာ ရှိနေတယ်။ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်က ဖက်ပြိုင်လို့ ရတဲ့ တည်ရှိမှုမျိုး မဟုတ်ဘူး။ ဒါကြောင့်လည်း တန်ယွဲ့တစ်ယောက် သူ့ရင်ထဲက ဒေါသစိတ်ကို ဖိနှိပ်ထားလိုက်တယ်။
“ခဏနေဦး”
ထျန်းယွီကို သူမနဲ့အတူတူ ခေါ်ကာ ထွက်သွားဖို့ ပြင်နေစဉ်မှာ ယွမ်လော့ဖုန်းရဲ့ အသံက သူမရဲ့ ခြေလှမ်းများကို ရပ်တန့်သွားစေတယ်။
“ဘာထပ်လိုချင်သေးလို့လဲ”
တန်ယွဲ့လည်း နောက်သို့လှည့်ကာ မပျော်မရွှင် ပြောလိုက်တယ်။
“ငါက မိန်းကလေး တစ်ယောက်ကို အပျော်စံအိမ်တော် အတင်းအကျပ်ပို့တယ်လို့ တစ်စုံတစ်ယောက်က ငါ့ကို အသရေ ဖျက်တယ်”
ယွမ်လော့ဖုန်းလည်း စဉ်းလဲ့သော အပြုံးလေးနဲ့ ပြောလိုက်တယ်။
“ငါက ငယ်ငယ်တည်းက ငါ့ကို အသရေဖျက် ပြောဆိုတာကို မကြိုက်ဘူး ၊ ဒါကြောင့် ဒီ စွပ်စွဲမှုကို ငါ့က အတည်ပြုပေးရတာပေါ့”
Chapter-556
End
အပိုင်း(၅၅၇)
ချန်းယွီချင်း (၁)
မိန်းမပျိုလေးရဲ့ စဉ်းလဲသော အပြုံးမျက်နှာနဲ့ ရင်ဆိုင်ရတော့ တန်ယွဲ့မှာ ကြောက်လွန်းလို့ ခြေလှမ်း နှစ်လှမ်းလောက် နောက်သို့ ဆုတ်မိတယ်။
“ယွမ်လော့ဖုန်း… နင် ဘာလုပ်ချင်တာလဲ”
သူမလည်း နှုတ်ခမ်းကို ကိုက်ရင်း မေးလိုက်တယ်။ သူမရဲ့မျက်နှာ ကြောက်ရွံမှုကြောင့် ပြာနှမ်းနေခဲ့တယ်။
ကုလားထိုင်ပေါ်မှာ ပျင်းရိလေးတွဲစွာ မှီထိုင်ရင်း အနားယူနေလိုက်တယ်။ တန်ယွဲ့အသံကြောင့် သူမမျက်လုံးလေးကို ပင့်ကာ ကြက်သီးထလောက်သော အပြုံးကို ပြသလိုက်တယ်။
“ငါက မိန်းကလေး တစ်ယောက်ကို အပျော်စံအိမ် အတင်းအကျပ်ပို့တယ်လို့ နင်ပြောခဲ့တယ်နော်… ကောင်းပြီလေ… နင့်ဆန္ဒအတိုင်း ဖြစ်စေရမယ်… ရှောင်ပိုင်… ဟွမ်ချွမ်မြို့ရဲ့ အကျော်ကြားဆုံး အပျော်စံအိမ် ဘယ်မှာရှိလဲ ရှာလိုက်”
ကောင်မလေးက ထေ့ငေါ့ဟန် နှုတ်ခမ်းကို မဲ့ရွဲ့လိုက်ပြီး အမိန့်ပေးလိုက်တယ်။
“ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ရဲ့ အမွေခံလေးကို ဈေးကောင်းကောင်းနဲ့ ရောင်းနိုင်မယ် ထင်ပါတယ်”
အခန်းတစ်ခန်းလုံးက ယွမ်လော့ဖုန်း ပြောလိုက်တဲ့ စကားကြောင့် တိတ်ဆိတ်သွားရတယ်။ အကြီးအကဲယန်မှာ ပါးစပ် ပိတ်မရလောက်အောင်ထိ တအံ့တသြဖြစ်နေရတယ်။ ယွမ်လော့ဖုန်းက ဒီလိုစကားမျိုးကို မှန်နေသယောင် ပြောမယ်လို့ မထင်ခဲ့မိဘူး။
ငါက မိန်းကလေး တစ်ယောက်ကို အပျော်စံအိမ် အတင်းအကျပ် ပို့တယ်လို့ နင့်ဘက်က အခိုင်အမာ ပြောနေတော့လည်း ငါဘက်က နင် စွပ်စွဲသလို မလုပ်စရာလိုမလဲ။
“ယွမ်လော့ဖုန်း… ငါ့ကို ရိုင်းစိုင်းအောင် တွန်းအားမပေးနဲ့”
တန်ယွဲပမှာ ဒေါသစိတ်ကြောင့် တုန်ရီလာရပြီ ယွမ်လော့ဖုန်းကို လက်ညိုးငေါက်ငေါက်ထိုးတော့တယ်။ သူ့မျက်လုံးများက လူသတ်နိုင်မယ်ဆိုရင် ယွမ်လော့ဖုန်းမှာ သူမကြောင့် အပိုင်းပိုင်း တစ်စစီ ဖြစ်တာ ကြာပြီလေ။
“နင့်ကို ရိုင်းစိုင်းအောင် တွန်းအားပေးတယ် ဟုတ်လား”
ယွမ်လော့ဖုန်းလည်း တန်ယွဲ့ကို အထင်မြင်သေးစွာ ကြည့်လိုက်တယ်။
“ငါ့အချိန်တွေကို ဖြုန်းတီးနေတာပဲ”
သူမနဲ့ စကားနားထိုးရတာ အချိန်ဖြုန်းနေရသလိုပဲ… သူမကိုယ် သူမ အပင်ပန်းခံစရာလား။
တန်ယွဲ့ရဲ့မျက်နှာက အပြာရောင်မှ အဖြူရောင် ဖြစ်သွားလိုက် ၊ အဖြူရောင်မှ အပြာရောင် ဖြစ်သွားလိုက်နဲ့ ဆေးဆိုးထားသလိုပါပဲ။ ဒေါသထွက်ရလွန်းလို့ စကားတောင် တစ်ခွန်းတစ်လေမျှ မပြောနိုင်တော့ဘူး။ အငြိုးထားသော မျက်ဝန်းများဖြင့် ယွမ်လော့ဖုန်းကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။
“ဒီက မိန်းမပျို”
အကြီးအကဲယန်လည်း ယွမ်လော့ဖုန်းကို စွေးခနဲ ကြည့်ကာ အပြုံးလေးနဲ့ မေးလိုက်တယ်။
“မင်း ငါ့ကို လေးစားတယ်ဆိုရင် အခွင့်ရေး ပေးတဲ့ အနေနဲ့ အခု တန်ယွဲ့ကို လျစ်လျူရှုထားလို့ ရမလား ၊ သူမနဲ့ စာရင်း ရှင်းချင်တယ်ဆိုရင်တော့ မင်းတို့ရဲ့ အမုန်းအာဃာတကို ဖြေရှင်းဖို့ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်မှာ သွားရောက် စိန်ခေါ်လို့ ရပါတယ်”
အကယ်၍ အကြီးအကဲယန်သာ ဘက်လိုက်ရင် ယွမ်လော့ဖုန်းက သူ့စကားကို နားထောင်ဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး။ အခုအချိန်မှာသူ့ဘက်က ယွမ်လော့ဖုန်းကို ကာကွယ်ပေးဖို့ ကြိုးစားနေတာ မြင်ရတော့ ယွမ်လော့ဖုန်းလည်း ခေါင်းညိတ် သဘောတူလိုက်တယ်။
“အခက်အခဲ ဒုက္ခမှ ရှင့်ကို ကယ်တင်ဖို့ လေလံပွဲ စံအိမ်တော်မှ ပြဿနာ မဖန်တီးတော့ဘူး ၊ ဒါပေမဲ့ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ကတော့ မကြာခင် ပျောက်ကွယ်တော့မယ်”
အကြီးအကဲယန်လည်း ကျေးဇူးတင်စွာ ပြုံးလိုက်တယ်။ ယွမ်လော့ဖုန်းက သူ့စကားကို နားမထာင်ဘူးဆိုရင်တောင် သူ ဘာတတ်နိုင်ပါဦးမလဲ။ သူ ပြောရတာလည်း ကောင်မလေးကို ကာကွယ်ပေးချင်လို့ပါ။ ကောင်မလေးကို ကာကွယ်ပေးဖို့ သူ့ကို အထူးတလည် ပြောထားတယ်လေ။ ဒီပြင် ကောင်းကင်ဘုံ သိုင်စံအိမ်တော်ကြောင့်တော့ လေလံပွဲကို မနှောင့်နှေးစေချင်ဘူး။ ဒါကြောင့်လည်း သူ့ဘက်က အရှက်မဲ့စွာ ဒီစကားကို ပြောရတာပေါ့။
အကြီးအကဲယန်လည်း ရယ်လိုက်တယ်။
“ဟား… ယွမ်သခင်မလေး… နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ အခုတော့ လေလံပွဲ စတင်ပါတော့မယ် ၊ လူတိုင်း ကိုယ့်ထိုင်ခုံမှာ ထိုင်ပေးပါ”
အစတည်းက သူ့ဘက်က တန်ယွဲ့နဲ့ သူမရဲ့လူများကို လုံးဝ မကြည့်ဘူး။ သူတို့ရဲ့ တည်ရှိမှုကို လုံးလုံးလျားလျား လျစ်လျူရှုထားတယ်။
တန်ယွဲ့လည်း ယွမ်လော့ဖုန်းကို စူးစူးရှရှ ဖျတ်ခနဲ ကြည့်လိုက်ပြီး တန်ထျန်းယွီကို သယ်ဆောင်လာတဲ့ တပည့်များနဲ့အတူူတူ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်သို့ ဦးတည်ထွက်ခွာလာခဲ့တယ်။ ဒါပေမဲ့ တန်ယန်ကတော့ လေလံပွဲကို မစွန့်လွှတ်နိုင်ပါဘူး။ ဒါကြောင့် သူ့ကိုယ်စား လေလံပွဲမှာ ပါဝင်ဖို့ လူတစ်ယောက် ပို့ထားခဲ့တယ်။ တန်ယန် သတိပေးထားသောကြောင့် ဒီလူကတော့ ယွမ်လော့ဖုန်းကို ရန်လိုသော စကားမျိုး မပြောရဲပေ။ ဘေးနားမှာ တိတ်တိတ်လေး ထိုင်နေလိုက်တယ်။
…….
ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ရဲ့ အနောက်ဘက် အဆောင်မှာ တန်ထျန်းယွီတစ်ယောက် အိပ်ရာပေါ် လဲလျောင်းနေခဲ့ပြီး သူ့မျက်နှာက အင်မတန် ဖြူစုတ်နေပြီး သူ့နဖူးမှ ချွေးများ ကျဆင်းနေရတယ်။ သူ့မှာ နာကျင်မှုကြောင့်ညည်းထွား အော်ဟစ်နေရတယ်။
“ဘိုးဘိုး”
တန်ယွဲ့လည်း ဒေါသထွက်စွာ ပြောလိုက်တယ်။
“ယွမ်လော့ဖုန်းက တကယ့်ကို အနိုင်ကျင့်သူ… သူမက ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ကို လုံးဝ မလေးစားဘူး…မြေးကို ကာကွယ်ပေးတဲ့ ထျန်းယွီရဲ့လက်ကို ဖြတ်ပစ်တယ်”
Chapter-557
End
အပိုင်း(၅၅၈)
ချန်းယွီချင်း (၂)
တန်ယန်ရဲ့မျက်ဝန်းများက အိပ်ရာထဲ ညည်းထွား အော်ဟစ်နေတဲ့ ထျန်းယွီကို ခံစားချက် ကင်းမဲ့စွာ ကြည့်လိုက်ပြီး လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။ အရင်က သူ့ရဲ့ ဒီမြေးကို မနှစ်သက်သော်လည်း သူ့သမီး အသတ်ခံပြီးနောက်ပိုင်း ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသော မျိုးဆက်လေ ဒီလိုမျိုး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရနေတော့ သူ ဒေါသဖြစ်ရတာ ဆန်းသလား။
“ယွမ်လော့ဖုန်း”
သူ့မျက်လုံးမှာ လူသတ်ချင်စိတ်များ ဖိတ်ဖိတ်ယိုနေရတယ်။
“ငါ့မြေးအတွက် လက်စားချေဖို့ ယွမ်လော့ဖုန်းကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်”
“ဘိုးဘိုး.. ဝမ်းကွဲ အစ်ကိုက…”
တန်ယွဲ့လည်း နှုတ်ခမ်းလေးကို လှုပ်လိုက်တယ်။ သူ့မျက်ဝန်းမှာ အပြစ်ရှိသော အတွေးများ ပျံဝဲနေခဲ့တယ်။ထျန်းယွီသာ သူမကို မကာကွယ်ခဲ့ရင် ဒီလိုမျိုး အပြင်းအထန် နာကျင်ခံစားရမှာ မဟုတ်ဘူး။
“ငါ သူ့လက်မောင်း အသစ်တဖန် ပြန်လည် ကြီးထွားလာအောင် မလုပ်ဆောင်ပေးနိုင်ဘူး ၊ သူ့ခန္ဓာကိုယ်ကို တခြားတစ်ယောက် လက်မောင်းနဲ့တော့ ဆက်ပေးနိုင်တယ် ”
တန်ယန်လည်း မျက်ဝန်းကို မှေးကျဉ်းလိုက်တယ်။
“ယွမ်လော့ဖုန်းက သူ့ကိုထိခိုက်စေခဲ့တယ်ဆိုတော့ သူမရဲ့ လက်ကို ထျန်းယွီကို ပေးသင့်တယ်”
ဒီလိုစကားမျိုး ကြားရတော့ တန်ယွဲ့ တော်တော်ကို ပျော်ရွှင်မိတယ်။ ဘိုးဘိုးမှာ သူမကို ကူညီပေးချင်တဲ့ ဆန္ဒရှိတည်းက ယွမ်လော့ဖုန်း သူ့ကို ဆက်ပြီး ခြိမ်းခြောက်လို့ မရတော့ဘူး။
“ဒါနဲ့ ယွဲ့အာ…”
တစ်ခုခု တွေးမိသွားပုံရတယ်… တန်ယန်တစ်ယောက် သူမဘက် လှည့်လိုက်တယ်။
“ချန်းမိသားစုရဲ့ သမားတော်က မြေးရဲ့ ဆေးပညာ ထူးချွန်မှုကို နှစ်ခြိုက်တာကြောင့် တပည့်အဖြစ် လက်ခံချင်တယ်”
“ချန်းမိသားစု”
တန်ယွဲ့ အံ့သြသွားသော်လည်း သူမ ပျော်ရွှင်မိပါတယ်။
“ဟွမ်ချွမ်မြို့မှာ နံပါတ်၁ အဆင့်ရှိတယ် ချန်းမိသားစုကို ဘိုးဘိုး ပြောတာလား”
ချန်းမိသားစုက အာဏာရှိတဲ့ အပြင် ချန်းမိသားစုမှာ ရင်သပ် ရှုမောကောင်းလောက်တဲ့ ရုပ်ရည် ရှိတယ်။ချန်းမိသားစုရဲ့ သခင် ချန်းယွီချင်းက ဟွမ်ချွမ်မြို့တော်မှာ အခန့်ညားဆုံးသော အမျိုးသားလေး ဖြစ်နေပြန်တယ်။ သူ့က အလွန်အမင်း ခန့်ညား ချောမောတဲ့ အပြင် တခြားသူများအပေါ်လည်း ကြင်နာတတ်သေးတယ်။ ဒါကြောင့်လည်း ဟွမ်ချွမ်မြို့ မိန်းကလေး အများစုရဲ့ စိတ်ကူးယဉ် အိပ်မက်ချစ်သူ ဖြစ်လာရတာပေါ့။
သို့သော်လည်း ချန်းယွီချင်းက နှစ်ပေါင်းများစွာ လူပျိုလူလွတ်တစ်ယောက် ဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ ခံယူချက်က ဘာလဲဆိုတာ လူတိုင်းက သိချင်စိတ် ပြင်းပြလာတာပေါ့။
ဒါမှမဟုတ်… ဒီလောကကြီးထဲမှာ သူ့ကို မိန်းကလေးတွေ ဆွဲဆောင်လို့ မရတာလား။
“ယွဲ့အာ”
တန်ယန်လည်း သူ့လက်ကို တန်ယွဲ့ ပခုံးပေါ် တင်ထားလိုက်ပြီး တည်ကြည်လေးနက်စွာ ပြောလို်က်တယ်။
“မြေး မှတ်ထားရမယ့် ကိစ္စ တစ်ခု ရှိသေးတယ် ၊ မြေး… ချန်းမိသားစု သမားတော်ရဲ့ တပည့် ဖြစ်ခဲ့ရင် ချန်ယွီချင်းကို ဆွဲဆောင်ဖို့ မမေ့ပါနဲ့”
“ချန်းယွီချင်းရှေ့မှာ မာနမကြီးရဘူး စဉ်းစားချင့်ချိန်ရမယ်”
တန်ယန့်မျက်ဝန်းများက တောက်ပသော အလင်းတန်းများကြောင့် ရွှန်းလဲ့နေခဲ့တယ်။
“မြေးလေး ချန်းမိသားစုရဲ့ သခင်မ ဖြစ်လာခဲ့ရင် ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ရဲ့ အဆင့်အတန်းလည်း မြင့်မားလာမယ် ရှန်တန် လေလံပွဲ စံအိမ်တော်က ငါတို့ခြေထောက် အောက်မှာ ဝပ်တွားခယ နေရမှာ”
ဒါက ယွမ်လော့ဖုန်းဘက်က ကာဆီး ကာဆီးလုပ်ပြီ ဘက်လိုက်နေတဲ့ အကြီးအကဲယန် ပေးဆပ်ရမယ့် တန်ရာတန်ကြေး ပြစ်ဒဏ်ပဲ။
တန်ယွဲ့ရဲ့မျက်ဝန်းများက ဂုဏ်ယူဝင့်ကြွားမှုများကြောင့် တဖျတ်ဖျတ်လက်နေခဲ့ပြီး သူမမျက်နှာမှာ ယုံကြည်မှုများ ပြည့်နှက်နေခဲ့တယ်။
“ဘိုးဘိုးက မြေးရဲ့ ဆွဲဆောင်မှုကို မယုံကြည်ဘူးလား ၊ ချန်းယွီချင်းက ယောကျ်ားတစ်ယောက်ပါ ၊ ချောမောတဲ့ မိန်းကလေးကို မကြိုက်တဲ့ ယောကျ်ားဆိုတာ ရှိလို့လား ဘိုးဘိုးရဲ့ ၊ ချန်းယွီချင်းကို အရင်က ဖြားယောင်းခဲ့တဲ့ မိန်းကလေးတွေက မြေးလောက် မချောလို့ ကျရှုံးတာ ဖြစ်မယ် ၊ ဒါပေမဲ့ မြေးကတော့ အောင်မြင်စေရမယ်”
ဒီလိုမှသာ တန်ယန် တစ်ယောက် ပြုံးနိုင်တော့တယ်။
“ဒါပေါ့ ငါ့မြေးလေးက အရမ်းကို ချောမောတယ် ၊ ဒါပေမဲ့ ယွမ်လော့ဖုန်း… ဟွမ်ချွမ်မြို့ကို ရောက်လာတည်းက အချောမောဆုံး မိန်းကလေး ဂုဏ်ပုဒ်ကို သူမ ပိုင်ဆိုင်သွားပြီလို့ ကြားတယ် ။ သူမလည်း ချန်းယွီချင်းကို လက်ထပ်ချင်နေမှာ စိုးရတယ် ၊ ဘာပဲဖြစ်ဖြစ်ပါလေ…မိန်းကလေးတိုင်းက ချမ်းသားမှု အဆင့်အတန်းနဲ့ တောက်ပမှုတို့ကို နှစ်သက်ပါတယ်လေ”
“ဘိုးဘိုး”
တန်ယွဲ့လည်း မကျေမနပ် မဲ့ရွဲ့လိုက်တယ်။ ချန်းယွီချင်းက အရူးမဟုတ်ပါဘူး။ တခြားသူကို ခန္ဓာကိုယ် ပုံပေးထားတဲ့ မိန်းကလေးကို သူ့ဇနီးအဖြစ် လက်ခံပါ့မလား ။ ဒီညစ်ပတ်တဲ့ မိန်းမက မြေးနဲ့ ယှဉ်နိုင်ပါ့မလား။
ဒီမိန်းမက အသက်ရှူမှားလောက်အောင် လှပနေလည်း သူမရဲ့ ပြိုင်ဘက် ဖြစ်ဖို့ မထိုက်တန်ဘူး။
Chapter-558
End
Bạn đang đọc truyện trên: Truyen247.Pro