Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

549+550+551+552

Zawgyi

အပုိင္း(၅၄၉)

ထ်န္းယြီ (၂)

သိပ္မၾကာခင္မွာဘဲ ခန္႔ညားေခ်ာေမာေသာ ေယာက်္ားပ်ိဳေလး တစ္ေယာက္ ခန္းမေဆာင္ထဲ ဝင္ေရာက္လာခဲ့တယ္။

ေနေရာင္က ထုိေကာင္ေလးရဲ႕ခႏၶာကို္ယ္ေပၚ က်ေရာက္ေနျပီး ဂုဏ္ရွိန္ ဂုဏ္ဝါ ေတာက္ပေစတယ္။ 

ထ်န္းမိသားစုရဲ႕ သတင္းဆုိးကုိ ၾကားသိရတာေၾကာင့္ သူ႔လက္ရွိ မ်က္ႏွာအမူအရာက ပုံမွန္ထက္ မည္းေမွာင္ေနျပီး သူ႕မ်က္ဝန္းနက္မွာ ေသြးေၾကာမ်ားျဖင့္ ဖုံးကြယ္ထားခဲ့တယ္။

ခန္းမေဆာင္ထဲက အဘုိးအုိကုိ မေတြ႕ခင္အထိ ထ်န္းယြီရဲ႕ မ်က္ႏွာအမူအရာက တည္ၿငိမ္ေနခဲ့တယ္။ သူ႕ႏႈတ္ခမ္းပါးက ဖြင့္ျပီး ျဖည္းျဖည္းခ်င္း စကားဆိုတယ္။

“ဘုိးဘုိးက ကြ်န္ေတာ္မွာ က်န္ရွိတဲ့ တစ္ဦးတည္းေသာ ေဆြမ်ိဳးပါပဲ”

ဝုန္း

ေနသာတဲ့ေန႔မွာ မုိးႀကိဳးထပစ္လုိက္သလုိ အဘုိးအုိမွာ ခ်က္ခ်င္း ေက်ာက္ရုပ္ တစ္ရုပ္လုိ ျဖစ္သြားရတယ္။ အခ်ိန္ေတာ္ၾကာမွ သတိဝင္လာကာ  ျဖဴေဖ်ာ့ေနေသာယ မ်က္ႏွာအမူအရာနဲ႔ သူေမးလုိက္တယ္။

“မင္းေျပာခ်င္တာက… မင္းအေမ…”

“ဆုံးပါးသြားျပီ… ထ်န္းမိသားစုဝင္အားလုံး သတ္ခံလုိက္ရျပီ”

လဝက္တည္းနဲ႔ ထ်န္းမိသားစုဝင္အားလုံး ေပ်ာက္ကြယ္သြားမယ္လုိ႔ သူ တစ္ခါတစ္ေလမ်ွေတာင္ မထင္ထားခဲ့မိဘူး။ ကိစၥ အမ်ားႀကီး ျဖစ္ပ်က္သြားခဲ့တယ္။ အိမ္ေတာ္အျပင္ဘက္မွာ ဒီအိပ္မက္ဆုိးအေၾကာင္း ၾကားရေတာ့ သူ မယုံၾကည္ႏုိင္ဘူး ဒါေပမဲ့လည္း သူ… ထ်န္းအိမ္ေတာ္ကုိ ျပန္မသြားရဲဘူး ။ သူလည္း ဒီလုိ အဆုံးသတ္မ်ိဳး မၾကံဳခ်င္ဘူး ဒါေၾကာင့္လည္း ေနာက္ကြယ္က ဒီျပႆနာကုိ စုံစမ္းခဲ့တာေပါ့။ ဒီအေၾကာင္းကုိ သတင္းပုိ႔ဖုိ႔ ဟြမ္ခြ်မ္ျမိဳ႕ကုိ သူ ခရီးဆက္လာခဲ့တယ္။

“တရားခံက ဘယ္သူလဲ”

အဘုိးအုိက စားပြဲခုံကုိ လက္ဖဝါးျဖင့္ ရုိက္ကာ ႏွစ္ျခမ္း ကြဲေစလုိက္တယ္။ အုိမင္ ရင့္ေရာ္ေနတဲ့ မ်က္ႏွာက တျဖည္းျဖည္းခ်င္း မဲ့ရြဲ႕လာခဲ့တယ္။

“ေျပာစမ္းက မင္းအေမကုိ သတ္တာ ဘယ္သူလဲ ငါက အႀကိမ္တစ္ရာမက လက္စားေခ်မယ္”

ထ်န္းယြီရဲ႕မ်က္ဝန္းမ်ားက စိတ္ရႈပ္ေထြးမႈမ်ားကုိ ေဖာ္ျပေနျပီ အရုိးထဲအထိ စြဲေနေအာင္ မုန္းတဲ့ အေၾကာင္းတရားကုိ ထုတ္ေဖာ္ေနတယ္။

“ယြမ္ေလာ့ဖုန္း နဲ႔ ထ်န္းရာ”

ထ်န္းယြီလည္း ျပိဳင္ဘက္ကင္းလွပတဲ့ မိန္းကေလးရဲ႕မ်က္ႏွာကုိ ေတြးၾကည့္ကာ လက္သီးကုိ က်စ္ေနေအာင္ ဆုပ္ထားလုိက္တယ္။ သူ႕လက္သည္းမ်ားက လက္ဖဝါးထဲ ထုိးစုိက္သြားေတာ့တယ္။ ေသြးစမ်ား ရစ္သိုင္းလာေတာ့တယ္။

သူ႔ေဒါသစိတ္ကုိ လႊတ္ထားလုိက္ေတာ့ သူ႔စိတ္ နည္းနည္းေတာ့ ေျပေလ်ာ့သြားျပီး ေအးတိေအးစက္ ထပ္ေမးလိုက္တယ္။

“ဘာေၾကာင့္လဲ”

“ယြမ္ေလာ့ဖုန္းမွာ က်ံဴးလင္းအာ ဆုိတဲ့ အေစခံတစ္ေယာက္ ရွိတယ္ သူမက ကြ်န္ေတာ္တုိ႔ ထ်န္းမိသားစု အျပင္စည္း တပည့္ရဲ႕ သမီး တစ္ေယာက္.. ယြမ္ေလာ့ဖုန္းက က်ံဴးလင္းအာကုိ သူ႕သက္ေတာ္ေစာင့္ တစ္ေယာက္နဲ႔ လက္ထပ္ေပးခ်င္ေနတယ္… ဒါေပမဲ့ က်ံဴးလင္းအာဘက္က ျငင္းတယ္… ထ်န္းမိသားစုဝင္က သူ႕သမီးကုိ ကာကြယ္ခ်င္တယ္…ဒါေၾကာင့္ သူ႕သမီးကုိ တိတ္တဆိတ္ ျပန္ေပးဆြဲ ေခၚလာခဲ့တယ္ ၊ ဒီကိစၥက ယြမ္ေလာ့ဖုန္းကုိ ေဒါသထြက္ေစတယ္… သူမက ထ်န္းမိသားစုရဲ႕ သစၥာေဖာက္နဲ႔ ပူးေပါင္းျပီး ထ်န္းအိမ္ေတာ္ကုိ က်ဴးေက်ာ္ ဝင္ေရာက္ကာ မိသားစုဝင္တုိင္းကုိ သတ္တယ္”

ယုတ္မာတဲ့ ထ်န္းမိသားစုမွာ ေနထုိ္င္တဲ့ ထ်န္းယြီက ျဖဴစင္ပါ့မလား ။ ဒါေၾကာင့္လည္း အလိမ္အညာ စကားကုိ အလြယ္ေလး ေျပာရဲတာေပါ့။ အဲဒီေန႔က ထ်န္းအိမ္ေတာ္မွာ ထ်န္းမိသားစုဝင္မ်ား နဲ႔ ယြမ္ေလာ့ဖုန္းရဲ႕ လူတစ္စုပဲ ရွိေနခဲ့တယ္။ ထ်န္းမိသားစုဝင္အားလုံးက မ်ိဳးျဖဳတ္ခံရျပီး ဘာေၾကာင့္မွန္း ဘယ္သူမွ မသိဘူး။ ေကာင္းကင္သုိင္း စံအိမ္ေတာ္က ဒီကိစၥကုိ စုံစမ္းခ်င္ရင္ေတာင္ ဘာဆုိဘာမွ မသိႏုိင္ဘူး။

အေရးႀကီးဆုံး အခ်က္က   သူ႔အတြက္ အကာအကြယ္အေနနဲ႔ မဟုတ္မမွန္ အေၾကာင္းတရားမ်ား ဖန္တီးရင္း ယြမ္ေလာ့ဖုန္းကုိ လူအမ်ား လက္ညိဳးထုိးေအာင္ လုပ္ဇာတ္ခင္းရတာ…။

“ယြမ္ေလာ့ဖုန္း…ထ်န္းရာ”

အဘုိးအိုမွာ ေတာ္ေတာ္ေလးကုိ ေဒါသထြက္လာျပီး သူ႔မ်က္ဝန္းက လူသတ္ခ်င္စိတ္မ်ား ပုိျပင္းထန္လာခဲ့တယ္။

“ဒီလူေတြက မိန္းမပ်ိဳေလးကုိ ျပည့္တန္ဆာလုပ္ဖုိ႔ အတင္းတုိက္တြန္းတဲ့အျပင္… ထ်န္းမ်ိဳးႏြယ္ကုိ အေစာင့္ တစ္ေယာက္နဲ႔ လက္ထပ္ေပးခ်င္တယ္… ယုတ္မာ ရက္စက္လြန္းတယ္… ထ်န္းယြီ… မစုိးရိမ္နဲ႔… ဘုိးဘုိး… မင္းအေမအတြက္ ေသခ်ာေပါက္ လက္စားေခ်ေပးမယ္… ဒီလူေတြ အားလုံး ျမွဳပ္စရာ ေျမ မရွိေစရဘူး”

သူက သူ႔အေမအတြက္ လက္စားေခ်ေပးဖုိ႔ပဲ ေျပာခဲ့တယ္… ထ်န္းမိသားစု အားလုံးအတြက္လုိ႔ မေျပာခဲ့ဘူး။ သူက ထ်န္းမိသားစုရဲ႕ တည္ရွိမႈကုိ အသိအမွတ္ မျပဳေသးဘူး။ ယြမ္ေလာ့ဖုန္းနဲ႔ ထ်န္းရာကုိ သတ္ႏိုင္ရင္ေတာ့ ပုိေကာင္းတာေပါ့။

“တစ္ေယာက္ေယာက္ လာခဲ့စမ္း… သခင္ေလးကုိ အနားယူဖုိ႔ ေခၚသြားလုိက္”

အဘုိးအုိရဲ႕မ်က္ႏွာက အရုိးထဲအထိ ေအးစိမ့္ေအာင္ ေၾကာက္ဖုိ႔ေကာင္ေသာ္လည္း ထ်န္းယြီကုိေတာ့ ေလ်ွာ့ေပါ့ ၾကည့္ေပးရွာတယ္။

“ထ်န္းမိသားစုဆုိတာ မရွိေတာ့ဘူးဆုိေတာ့ အခုကစျပီးေတာ့ မင္းက တန္မ်ိဳးႏြယ္ဝင္ပဲ… မင္းနာမည္က တန္ထ်န္းယြီ”

“ဟုတ္ကဲ့ပါ ဘုိးဘုိး”

တန္ထ်န္းယြီလည္း ေခါင္းကုိ ငုံ႕ကာ ရုိေသေလးစားစြာ ျပန္ေျဖလုိက္တယ္။

Chapter-549

End

အပုိင္း (၅၅၀)

နင့္ရာထူး ငါ့ကုိေပးစမ္း (၁)

“လိမၼာတဲ့ ကေလးေလး”

တန္ယန္လည္း တန္ထ်န္းယြီရဲ႕ ပခုံးေလးကုိ ပုတ္ကာ အားေပးလုိက္တယ္။

“ေျမးေလး… ဒီႏွစ္ေတြမွာ နာက်င္ခံစားခဲ့ရတယ္… အခုကစျပီးေတာ့ တန္မိသားစုမွာ ေကာင္းေကာင္းမြန္မြန္ ေနထုိင္ေတာ့… ဘုိးဘုိးက ေျမးေလးကုိ မမ်ွမတ မဆက္ဆံဘူး”

ဒီကေလးက တုိးတက္ႏုိင္တဲ့ အလာအလားေကာင္း ရွိတယ္။ သူ ေသေသခ်ာခ်ာေလး ျပဳစုပ်ိဳးေထာင္ေပးရင္ေတာ့ ဟြမ္ခြ်မ္ျမိဳ႕ေတာ္မွာ ခ်မ္းသား ၾကြယ္ဝသူ ျဖစ္လာႏုိင္တယ္။ အရင္က သူ႔သမီးကုိ ေဒါသထြက္ခဲ့တာေၾကာင့္ သူ႕ေျမးကုိလည္း မႏွစ္သက္ခဲ့ဘူး သူ႕ကုိလည္း ေလ့က်င့္ မေပးခဲ့ဘူး။

“ဘုိးဘုိးကုိ စိတ္မပ်က္ေစရဘူး”

တန္ထ်န္းယြီက ဆုံးျဖတ္ခ်က္ခုိ္င္မာေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္လာခဲ့တယ္။

တစ္ေန႔ေတာ့ ယြမ္ေလာ့ဖုန္းနဲ႔ထ်န္းရာကုိ သူ႕လက္နဲ႔ ကုိယ္တုိင္ သတ္ႏုိင္မွာပါ။ အဘုိးလက္ထဲက ေကာင္းကင္ဘုံသုိင္းစံအိ္မ္ကုိလည္း လႊဲေျပာင္းယူႏုိင္မယ္။

……………

အေစခံက တန္ထ်န္းယြီကုိ လုိက္ပါ ပုိ႔ေဆာင္တာကုိ ၾကည့္ေနရင္း သူ႔မ်က္ႏွာက ပုိမည္းေမွာင္လာခဲ့တယ္။ ခပ္ၾသၾသ အသံနဲ႔ သူ ေျပာလုိက္တယ္။

“သခင္က သခင္ေလးထ်န္းယြီရဲ႕စကားကုိ ယုံၾကည္လား”

တန္ယန္လည္း ေထ့ေငါ့လုိက္တယ္။

“ထ်န္းမိသားစုဝင္ေတြရဲ႕ စိတ္ဓာတ္ကုိ ငါက မသိစရာလား… ခ်က္ခ်င္း အမွန္တရားကုိ သြားရွာစမ္း”

ကံဆုိးစြာနဲ႔ပဲ… ဗီလိန္မ်ားက ေနာေက်ေနတဲ့ လူယုတ္မာပဲေလ။ လိမ္မေျပာခင္တည္းက ထ်န္းယြီက ဒီသတင္းကုိ ကုန္းေျမစု တစ္ခုလုံးကုိ ျဖန္႔လုိက္ျပီးသား။ ဒီလုိ သတင္းမ်ိဳးက မင္း ဖုံးကြယ္ထားရင္ေတာင္ မလြယ္ကူႏုိင္ဘူး။

ရလာဒ္အေနနဲ႔ တန္ယင္း ရွာေဖြခဲ့တဲ့ အမွန္တရားက ထ်န္းယြီေျပာတဲ့ စကားနဲ႔ ထပ္တူက်ေနမွာပါ။

ဒီကိစၥနဲ႔ ပတ္သက္ျပီး ဘယ္သူမွ သိႏုိင္မယ္ မထင္။ အဲဒီေန႕က ေတာင္ေပၚမွာ တျခားသူမ်ား မရွိခဲ့ဘူး။ ထ်န္းမိသားစုဝင္မ်ားကုိ သတ္ခဲ့တဲ့ ထ်န္းရာ နဲ႔ ယြမ္ေလာ့ဖုန္းသာ ရွိေနခဲ့တယ္။ ထုိေန႔က ထ်န္းေတာင္ရဲ႕ အေပၚဆုံး အလႊာကုိ လူတစ္ခ်ိဳ႕သာ ဝင္ေရာက္ႏုိင္တာေၾကာင့္ေပါ့။

ဒီလူေတြက သူတုိ႕ရဲ႕ ပုံပန္းကုိ မွတ္မိရုံသာ ရွိျပီး ပုံဆြဲရုံသာ တတ္ႏုိင္မယ္။ သူတုိ႔ကုိ အတိအက် မွတ္မိႏုိင္သူ မရွိေလာက္ဘူး။

ယြမ္ေလာ့ဖုန္းကုိေတာ့ လူေတာ္ေတာ္မ်ားမ်ားက ျမင္ဖူးထားျပီးသား။ အရင္တုန္းက ထ်န္းရာက လူနာေတာ္ေတာ္မ်ားမ်ားကုိ ကုသေပးခဲ့ဖူးတယ္။ ဒါေၾကာင့္ သူ ကုသေပးခဲ့တဲ့ တစ္ေယာက္ေယာက္ကေတာ့ သူ႔မ်က္ႏွာကုိ မွတ္မိမွာပါ။

“သခင္…”

တန္ယင္းလည္း ဆက္မေျပာခင္မွာ ခဏ ရပ္တန္႔လုိက္တယ္။

“ယြမ္ေလာ့ဖုန္းနဲ႔ ထ်န္းရာကုိ ကြ်န္ေတာ္ကုိ ဘယ္လုိ ဇယားသိမ္းရမလဲ”

ဒီေမးခြန္းကို ၾကားေတာ့ တန္ယန္ရဲ႕မ်က္ဝန္းမွာ ေရခဲတမ်ွ ေအးစက္ေသယ အလင္းတန္းမ်ား တဖ်တ္ဖ်တ္လက္လာခဲ့တယ္။

“ထ်န္းယြီက အမွန္ ေျပာေျပာ… မေျပာေျပာ… သူတုိ႔က ေသဖုိ႔ ထုိက္တန္တယ္… သူတုိ႕ကုိ ရွာေတြ႕တာနဲ႔ ေႏွာင့္ေႏွးျခင္းမရွိ… သတ္ပစ္လုိက္စမ္း”

“ဟုတ္ကဲ့ပါ”

တန္ယင္းလည္း ရုိေသစြာ ဂါရဝျပဳလုိက္တယ္။ ထုိ႔ေနာက္ ေလျပည္ေလညင္ကဲ့သုိ႔ အရိပ္ေယာင္မဲ့ ေပ်ာက္ကြယ္သြားေလတယ္။

ထ်န္းမိသားစုကုိ အျပတ္ေခ်မႈန္းခဲ့တဲ့ ရန္သူက ဟြမ္ခြ်မ္းျမိဳ႕ကုိ ေရာက္ေနတာေတာ့ သူ မသိေလာက္ဘူး။ ယြမ္ေလာ့ဖုန္းကုိ အျပင္ တစ္ေနရာမွာ သြားရွာမယ္ဆုိရင္ေတာ့ ဘယ္ေလာက္ပဲ ရွာရွာ ေတြ႔မွာ မဟုတ္ဘူး။

လက္ရွိအခ်ိန္မွာ ငွက္ဆုိးဂိုဏ္း အျပင္ဘက္မွာ ကင္းေစာင့္က မုတ္ဆိတ္ေမြးနဲ႔ လူေခၚေဆာင္လာတဲ့ မိန္းကေလး ႏွစ္ေယာက္ကုိ စူးစူးစမ္းစမ္း ၾကည့္ေနခဲ့တယ္။ သိခ်င္စိတ္ ျပင္းျပလြန္းတာေၾကာင့္ ေမးလုိက္တယ္။

“ဖန္ေဖး….ဖန္ခ်င္ယန္…. မင္းတို႔ ညီအစ္ကုိ ႏွစ္ေယာက္ အရမ္း ကံေကာင္းတာပဲ တစ္ခါတည္းနဲ႔ အလွေလး ႏွစ္ေယာက္ကုိ ရလုိက္တာပဲ”

သူ႕ေနာက္လုိက္လူဆုိး ဂုိဏ္းသားရဲ႕ စကားကုိၾကားေတာ့ ဖန္ေဖးရဲ႕ႏႈတ္ခမ္းက မဲ့ရြဲ႕သြားခဲ့ျပီး သူ႔မ်က္ႏွာမွာ ရွက္ရြံ႕မႈမ်ား ဖိတ္လ်ွံလာရတယ္။

“ဒါနဲ႔… ခင္ဗ်ား မ်က္ႏွာက ဘယ္လုိ ျဖစ္ရတာလဲ… ဘယ္သူက ရုိက္လုိက္တာလဲ”

“ဒါ…”

ဖန္ေဖးလည္း ရႈိးတုိးရွန္တန္႔ ရယ္လုိက္တယ္။

“မေတာ္တဆ ခလုတ္တုိက္မိတာပါ…. မင္းနဲ႔ ဘာဆုိင္လုိ႔လဲ… ငါ သူေဌးနဲ႔ ေတြ႔ခ်င္တယ္”

ကင္းေစာင့္မ်ားရဲ႕ မ်က္လုံးမ်ားမွာ သံသယ အၾကည့္မ်ား ေတြ႕ေနရတယ္။ ခလုတ္တုိ္က္ရုံနဲ႔ ဒီလုိမ်က္ႏွာထား ျဖစ္ပါ့မလား။ ရုိက္ခံရတာ ျဖစ္ရမယ္… ေျပာဖုိ႔ ရွက္ေနတာ ျဖစ္မယ္။

သူတုိ႔ ေတြးေတာေနစဥ္ ဖန္ေဖးတုိ႔ ညီအစ္ကုိ ႏွစ္ေယာက္က ေကာင္မေလး ႏွစ္ေယာက္ကုိ ဂုိဏ္းထဲ ေခၚသြားျပီေလ။

“ငါတုိ႔ သူေဌးက လူသူ ကင္းမဲတဲ့ တစ္ေနရာမွာ တရားက်င့္ေနတာ ျဖစ္မယ္ ၊ အခု သူနဲ႔ေတြ႕ဖုိ႔ မင္းကုိ ေခၚသြားေပးမယ္”

သူ႔မ်က္ဝန္းမ်ားျဖင့္ ယြမ္ေလာ့ဖုန္းကုိ ေစြးခနဲ ၾကည့္ကာ ဖန္ခ်င္ယန္လည္း ခပ္ၾသၾသ အသံနဲ႔ ေျပာလုိ္က္တယ္။

Chapter-550

End

551+552

အပုိင္း(၅၅၁)
နင့္ရာထူး ငါ့ကုိေပးစမ္း (၂)

ျငိမ္သက္ေအးခ်မ္းေသာ လွ်ိဳ႕ဝွက္အခန္းအတြင္းမွာ သက္လတ္ပုိင္း အမ်ိဳးသားတစ္ေယာက္က မ်က္ဝန္းမ်ားကုိ ေမွးစဥ္းကာ တည့္တည့္မတ္မတ္ ထုိင္ေနခဲ့တယ္။

သူ႕ေဘးနား ပတ္လည္မွာ စိတ္စြမ္းအားမ်ား ပ်ံ႕ဝဲေနခဲ့ျပီး သူက စြမ္းအားမ်ားကုိ စုပ္ယူေနတယ္။ သူ႔ေခြ်းေပါက္မ်ားက ဖြင့္ခ်ည္ ပိတ္ခ်ည္ ျဖစ္ေနခဲ့တယ္။ သုိ႔ေသာ္လည္း ေထာင္ေပါင္းမ်ားစြာေသာ ပုရြတ္ဆိတ္မ်ားက သူ႕ခႏၶာကုိယ္ေပၚမွာ တြင္းမ်ား တူးထား သကဲ့သုိ႔ ျဖစ္ေနေသာ္လည္း စိတ္စြမ္းအား သူ႔ခႏၶာကုိယ္ထဲ ဝင္ေရာက္ခ်ိန္မွာေတာ့ သူ႔အသားအရာင္က လုံးဝကုိ ေျပာင္းလဲသြားခဲ့တယ္။

“မေအာင္ျမင္ေသးဘူးလား”

သူ႔မ်က္ႏွာမွ ပဲႀကီးေစ့ေလာက္ ရွိတဲ့ ေခြ်းသီးေခြ်းေပါက္မ်ား က်ဆင္းေနျပီး သူ႔မ်က္ဝန္းကုိ ျဖည္းျဖည္းခ်င္း ဖြင့္လုိက္တယ္။ သူ႕လက္သီးကေတာ့ ၾကမ္းျပင္ေပၚ အညွာအတာ ကင္းမဲ့စြာ က်ေရာက္လာျပီး ခက္ထန္စြာ ေျပာလုိက္တယ္။
“စိတ္ပ်က္စရာ ေကာင္းလုိက္တာ… ဒီတစ္သက္ ငါ့ခႏၶာကုိယ္က စိတ္စြမ္းအားကုိ စုပ္ယူႏိုင္ပါ့မလား…ေကာင္းကင္ဘုံအနိမ့္အဆင့္ က်င့္ၾကံသူက မတက္ႏုိ္င္ေတာ့ဘူးလား”

ေဒါက္ေဒါက္…

လွ်ိဳ႕ဝွက္အခန္း အျပင္ဘက္မွ တံခါးေခါက္သံကုိ သူ ၾကားလုိက္ရတယ္။ ဒီအသံက သက္လတ္ပုိင္း အမ်ိဳးသားကုိ သတိဝင္လာေစျပီး သူ႔မ်က္ႏွာထားက ပုံမွန္ အေျခအေန ျပန္ျဖစ္သြားခဲ့တယ္။ သူလည္း ေအးတိေအးစက္ ေျပာလုိက္တယ္။
“ဝင္လာခဲ့”

ဘာပဲျဖစ္ျဖစ္ပါေလ… သူမွာ က်င့္ၾကံႏုိင္စြမ္းမရွိတာ လူသိခံလုိ႔ မျဖစ္ဘူး။ အမ်ားသိသြားရင္ ဂုိဏ္းသားေတြရဲ႕ ထိတ္လန္႔စိတ္ကုိ လႈံေဆာင္ေပးသလုိ ျဖစ္ေနမယ္။ သူတုိ႔ ရပ္တည္ေနတဲ့ နံပါတ္ ၁၁ေနရာလည္း ျပဳတ္သြားႏုိ္င္တယ္။ သူ ေကာင္းကင္ဘုံ အဆင့္ အတားအဆီးကုိ ျဖတ္ေက်ာ္ႏိုင္ခဲ့တာ ၆ႏွစ္ေက်ာ္ျပီး… ေနာက္ထပ္ အတားအဆီးကုိ မေက်ာ္လႊားႏုိ္င္ေသးဘူး။ ေနာက္တစ္ဆင့္ကုိ မေရာက္ႏုိင္ရင္ တျခားသူေတြကုိ သူ႕ကုိ ေသခ်ာေပါက္ သံသယ ဝင္လာေတာ့မယ္။ အဲအခ်ိန္ေရာက္ရင္ သူ က်င့္ၾကံႏုိင္စြမ္း မရွိတာကုိ လူတုိင္း သိသြားလိမ့္မယ္။

ကြ်ီ…

လွ်ိဳ႕ဝွက္အခန္းရဲ႕ တံခါး ပြင့္လာခဲ့ျပီး ဖန္ေဖး နဲ႔ သူ႔အစ္ကုိ ဝင္လာခဲ့တယ္။ ဒါေပမဲ့လည္း သက္လတ္ပုိင္း အမ်ိဳးသားကေတ့ ပထမဆုံး တစ္ခ်က္ ၾကည့္လုိက္ရုံနဲ႔ သူတုိ႕ေနာက္က လိုက္ပါလာတဲ့ မိန္းကေလး ႏွစ္ေယာက္ကုိ သတိထားလုိက္မိတယ္။

မိန္းကေလးႏွစ္ေယာက္ထဲမွ အျဖဴေရာင္ဝတ္စုံနဲ႔ အလွေလးက ေခါင္းေဆာင္ ျဖစ္ရမယ္။ ပ်င္းရိ ေလးတြဲ႕ေသာ မ်က္ႏွာအမူအရာကုိ ပုံေဖာ္ထားျပီး ယုံၾကည္ခ်က္ အရွိန္အဝါမ်ားကုိ ထင္ေပၚေအာင္ လွစ္ဟာျပထားတယ္။

“ဖန္ေဖး ၊ ဖန္ခ်င္ယန္”
ထိုလူရဲ႕ မ်က္ႏွာထားက ရုတ္ျခည္း ေျပာင္းလဲသြားခဲ့ျပီး ေသြးေအးစြာ ျပစ္တင္ ဖုိ႔ ၾကံရြယ္တယ္။
“ဂုိဏ္းထဲကုိ အျပင္လူေခၚလာဖုိ႔ ငါ မင္းတို႕ကုိ ခြင့္ျပဳထားလုိ႔လား ဒါကုိ သိရဲ႕နဲ႔ မင္းတုိ႔က  ငါ့ဆီ သူတုိ႔ကုိ ေခၚလာရဲတယ္”

သူတုိ႔ရဲ႕ သူေဌး ေဒါသထြက္ေနတာကုိ ျမင္ရေတာ့ ဖန္ေဖးမွာ ေၾကာက္လြန္းလုိ႔ စကားတစ္ခြန္း တစ္ေလမ်ွ မေျပာရဲေတာ့။ သူ႔ခႏၶာကုိယ္က မရပ္မနား တဆတ္ဆတ္ တုန္ရီေနခဲ့တယ္။

တစ္ဖက္မွာေတာ့ ဖန္ခ်င္ယန္က သူ႕အစ္ကုိ ဖ်တ္ခနဲ ၾကည့္လုိက္ကာ သက္လတ္ပုိင္း လူေရွ႕ ရပ္လုိက္တယ္။ သူဘက္က ရုိေသေလးစားစြာ စကားအစခ်ီလုိက္တယ္။
“သူေဌး… ဒီေကာင္မေလး ႏွစ္ေယာက္က သူေဌးကုိ ေတြ႔ဖုိ႔လာတာပါ ၊ ဒါေၾကာင့္ ဒီလက္ေအာက္ငယ္သားေလးက အရဲစြန္႔ျပီး ေခၚလာခဲ့ရတာပါ သူေဌး… ကြ်န္ေတာ္တုိ႔ကုိ ညွာတာေပးပါ… ေတာင္းဆုိပါတယ္”

“ဟြန္႔”
သက္လတ္ပုိင္း အမ်ိဳးသားက ေထ့ေငါ့လုိက္ျပီး သူ႔ မေဖာ္မေရြ မ်က္ဝန္းမ်ားက ယြမ္ေလာ့ဖုန္းကုိ ေစြးခနဲ ၾကည့္လုိက္တယ္။
“ငါ မင္းကုိ သိလည္း မသိဘူး ၊ မင္း ငါ့ကုိ ဘာေၾကာင့္လာရွာလည္း ဆုိတာ ငါ မသိဘူး… မင္း တစ္ေနရာကုိ လာတာမလား… မင္း ျမန္ျမန္ ထြက္သြားလုိက္ေတာ့”

ယြမ္ေလာ့ဖုန္းလည္း ေအးေအးလူလူ လက္ပုိက္လိုက္ျပီးေတာ့ တံခါးေဘာင္ကုိ ပ်င္းရိေလးတြဲစြာ မွီထားလုိက္တယ္။ သူမလည္း မာယာ မ်က္ဝန္းမ်ားျဖင့္ မည္းပုတ္ေနေသာ သူ႔မ်က္ႏွာကုိ ေစ့ေစ့ ၾကည့္လုိက္တယ္။

“ဒီကုိလာတာ ကြ်န္မမွာ အေၾကာင္းအရင္း ရွိတယ္”
သူမ ေျပာခ်င္တာကုိ မေျပာမီ ခဏ ရပ္တန္႔လုိက္တယ္။

“ဟြမ္ခြ်မ္ျမိဳ႕ရဲ႕ ထိပ္တန္း အာဏာရွင္ ဆယ္ဦးသာ ပီအန္ေတာင္ကုိ ဝင္လုိ႔ရတယ္ ၾကားတယ္… အဲဒါ ဟုတ္သလား”

ဒီျမိဳ႕ကုိ ဟြမ္ခြ်မ္ေတာင္လုိ႔ ေခၚတြင္တာေၾကာင့္ ဟြမ္ခြ်မ္ျမိဳ႕ရဲ႕ အတြင္းဘက္ နယ္ေျမ အပုိင္းအျခားကုိ ပီအန္ ေတာင္လုိ႕ ေခၚတြင္တယ္။

ေတာင္အတြင္းမွာ ေပါမ်ားလွစြာေသာ ေဆးဖက္ေဆးျမစ္မ်ား ရွိေနတာကုိ ကန္႔သတ္ခ်င္တာေၾကာင့္ ေတာင္အတြင္းပုိင္းကုိ ထိပ္တန္း အာဏာရွင္ ၁၀ေယာက္သာ ဝင္ခြင့္ျပဳတယ္။ ပီအန္ေတာင္ထဲ ဝင္ႏုိင္ခ်င္က ဟြမ္ခြ်မ္ျမိဳ႕မွာ အာဏာရွိျခင္းကုိ ျပသတာပါပဲ။ ဒါေၾကာင့္လည္း ယြမ္ေလာ့ဖုန္းက ငွက္ဆုိးႀကီး ဂုိဏ္းကုိ လာရတာေပါ့။

“မင္း… ဘာဆုိလုိခ်င္တာလဲ”
သက္လတ္ပုိင္း အမ်ိဳးသားက တည္ၾကည္ေလးနက္စြာ ေမးလုိက္တယ္။ သူ႔မ်က္ဝန္းမ်ားကေတာ့ မည္းေမွာင္ေနတာေပါ့။

“ငါ့ရည္ရြယ္ခ်က္က ရုိးရွင္းပါတယ္”
ယြမ္ေလာ့ဖုန္းလည္း သူမရဲ႕မ်က္ဝန္းကုိ ေမွးက်ဥ္းလုိက္ေတာ့ သူမမ်က္ႏွာေပၚက စဥ္းလဲေသာ အျပံဳးက ပုိ အသက္ဝင္လာတာေပါ့။
“ရွင့္ ရာထူးကုိ ယူမလုိ႔ေလ”

ခ်က္ခ်င္းပဲ သူ႔ခႏၶာကုိယ္မွ တန္ခုိး အရွိန္အဝါမ်ား ေပါက္ကြဲထြက္လာျပီး ၾကမ္းျပင္ေပၚ လဲက်သြားခဲ့တယ္။ သူလည္း မီးဝင္းဝင္းေတာက္ေနေသာ မ်က္ဝန္းမ်ားျဖင့္ စကားအစခ်ီလုိက္လုိက္တယ္။
“ေကာင္မေလး… မင္း ဘာေျပာလုိက္လဲဆုိတာ သိရဲ႕လား ၊ ငါ့ေနရာကုိ အစားထုိးမယ္ ဟုတ္လား… မင္းမွာ အစြမ္းရွိလား ၾကည့္ရတာေပါ့”

ဒီစကားကုိ ေျပာျပီးေနာက္ သူလည္း ဘာမွ မေတြးေတာဘဲ အလ်င္စလုိ လႈပ္ရွားလုိက္တယ္။ ခြ်န္ျမေသာ ဓားတစ္လက္နဲ႔ ယြမ္ေလာ့ဖုန္း ရွိရာကုိ လ်င္ျမန္စြာ ဦးတည္လိုက္တယ္။

Chapter-551
End

အပုိင္း(၅၅၂)
ငါ သေဘာတူတယ္

ယြမ္ေလာ့ဖုန္း ေရွ႕ သူေပၚလာခ်ိန္မွာ သူ႔စိတ္ဝိညာဥ္ကုိ ျပင္းထန္ေသာ အတြင္းအားနဲ႔ ရုိက္ႏွက္ျခင္း ခံလုိက္ရတယ္။ ခဏၾကာေတာ့ ေကာင္မေလးရဲ႕ ပုံရိပ္က ဘယ္ကဘယ္လုိမွန္း မသိ သူ႔ေနာက္ကုိ ေရာက္လာခဲ့ျပီး သူ႔တင္ပါးကုိ ကန္ခ်က္ က်ေရာက္လာခဲ့တယ္။ ထို ကန္ခ်က္ေၾကာင့္ သူ႔မွာ နံရံရွိရာ လႊင့္စဥ္သြားရတယ္။

ဖန္ညီအစ္ကုိ ႏွစ္ေယာက္မွာ သူတုိ႔ေၾကာင့္ ယြမ္ေလာ့ဖုန္း အရူးမီးဝုိင္း ျဖစ္မယ္လုိ႔ ထင္ထားခဲ့တာပါ။ သူတုိ႔ သူေဌးက ေကာင္းကင္ဘုံ အဆင့္ေရာက္ေနျပီေလ… သူမက သူေဌးကုိ အႏုိင္ပုိ္င္း ႏုိင္ပါ့မလား။ သူမကေတာ့ သူေဌးကုိ တစ္ခ်က္နဲ႔ ကန္လုိက္တာ… လႊင့္စဥ္သြားတယ္။ သူေဌး ခင္မ်ာ  ခုခံဖုိ႔ေတာင္ အခ်ိ္န္မရလိုက္ေပ။

ညီအစ္ကုိ ႏွစ္ေယာက္လုံး ေၾကာင္အမ္းအမ္း ျဖစ္သြားရတယ္။ ျဖဴဆုတ္ေနေသာ မ်က္ႏွာမ်ားက အံ့ၾသတုန္လႈပ္မႈကုိ ေဖာ္ျပေနျပီး ယြမ္ေလာ့ဖုန္းကုိ စကားမေျပာရဲေလာက္ေအာင္ ေၾကာက္လန္႔ တုန္လႈပ္မိတယ္။

ယြမ္ေလာ့ဖုန္းလည္း နံရံမွာ ေကာ္လုိ ကပ္ေနတဲ့ သက္လတ္ပုိင္း အမ်ိဳးသားကုိ ေမာ့ၾကည့္လုိက္ျပီး
“အခု ဘယ္လုိလဲ… ကြ်န္မက ရွင့္ေနရာကုိ မယူႏုိင္ဘူးလုိ႔ ထင္ေနေသးလား”

ထုိလူလည္း နံရံေပၚမွ ျဖည္းျဖည္းခ်င္း ေလ်ွာဆင္းလုိက္တယ္။ သူလည္း တင္ပါးကုိ က်စ္ေနေအာင္ ဆုပ္ကုိင္ရင္း အလြန္အမင္း ရုပ္ဆုိး အက်ည္းတန္ေသာ မ်က္ႏွာထားနဲ႔ ယြမ္ေလာ့ဖုန္းကုိ စိန္းစိန္း ဝါးဝါး ၾကည့္လုိက္တယ္။
“မင္း … ပီဖန္ေတာင္ကုိသြားခ်င္ရင္ ထိပ္တန္း အာဏာရွင္ ၁၀ေယာက္ဆီ သြားသင့္တယ္ ၊ ယေန႔ေခတ္ လူငယ္ေတြက အရမ္းကုိ ယုံၾကည္ခ်က္ ရွိလြန္းတယ္ ၊ ေနာက္ဆုံးေတာ့ အရႈံးကုိ လက္ခံရမွာပဲ…”

ယြမ္ေလာ့ဖုန္းလည္း ထုိလူကုိ မာယာဆန္ေသာ အျပံဳးေလးနဲ႔ ေစြးခနဲ ၾကည့္လုိက္တယ္။
“ကြ်န္မက ငွက္ဆုိးႀကီး ဂုိဏ္းကုိ ထိပ္တန္း ၁၀ေနရာ ဝင္ေအာင္လုပ္မွာမုိ႔… ရွင္ မစိုးရိမ္နဲ႔… ငွက္ဆုိးႀကီး ဂုိဏ္းက ကြ်န္မကုိ အညံ့ခံဖုိ႔ပဲ လုိအပ္တယ္... ဒါမွ မဟုတ္… အျမစ္ဖ်က္ ေခ်မႈန္းခံမလား”

ေသမလား… သူမကုိ ခစားမလား။

ထုိလူရဲ႕မ်က္ႏွာထားက ခ်က္ခ်င္း ေျပာင္းလဲသြားျပီး လက္သီးကုိ က်စ္ေနေအာင္ ဆုပ္ကုိင္ထားလုိက္တယ္။

ဖန္ညီအစ္ကုိ ႏွစ္ေယာက္လည္း ယြမ္ေလာ့ဖုန္း ရည္မွန္းခ်က္ ဒီေလာက္အထိ ႀကီးမားမယ္လုိ႔ မထင္ခဲ့မိဘူး။ သူတုိ႔မ်က္ႏွာအမူအရာမ်ားက အလြန္အမင္း ပ်က္ယြင္းေနျပီး သူမတုိ႔ကုိ ေခၚလာခဲမိလုိ႔ အင္မတန္ ေနာင္တရမိတယ္။

“ေကာင္မေလး… မင္း တရားလြန္ေနတယ္လုိ႔ မထင္ဘူးလား”
သက္လတ္ပုိင္း အမ်ိဳးသားမွာ ရုပ္တည္သြားျပီး ေဒါသထြက္ရတာေၾကာင့္ ၾကမ္းၾကဳတ္စြာ စကားဆုိလုိက္တယ္။
“ငါတုိ႔ ငွက္ဆုိးႀကီး ဂုိဏ္းက မင္းကုိ ခစားရမယ္…ဟုတ္လား… မင္းရဲ႕ အျပဳအမူက သူခုိး ဓားျမနဲ႔ ဘာျခားနားလုိ႔လဲ”

“ဟြမ္ခြ်မ္ျမိဳ႕က ၾသဇာ အာဏာကုိ အေလးစားဆုံးပါ ၊ ဒီေနရာမွာ လက္သီးက ဥပေဒ ၊ ဂိုဏ္းတစ္ခုလုံးကုိ သုတ္သင္ျခင္းက မၾကာခဏ ျဖစ္ေလ့ရွိတဲ့ ကိစၥ တစ္ခုပါပဲေလ”

သူမ မ်က္ႏွာေပၚက အျပံဳးက ပုိျပီးေတာ့ သက္ဝင္လာခဲ့တယ္။

“ကြ်န္မက ငွက္ဆုိးႀကီး ဂုိဏ္းကုိ အျမစ္ဖ်က္ သုတ္သင္ရင္ေတာင္ အမွားမရွိဘူး”

သက္လတ္ပိုင္း အမ်ိဳးသားရဲ႕ ခႏၶာကုိယ္မွာ ေဒါသစိတ္ေၾကာင့္ တုန္ရီေနေသာ္လည္း အသက္ခပ္ျပင္းျပင္း ရႈကာ တိတ္ဆိတ္ေနဖုိ႔ ေရြးခ်ယ္လုိက္တယ္။

“တစ္…”
သက္လတ္ပုိင္း အမ်ိဳးသားဘက္မွ တုံ႕ျပန္မႈ ကင္းမဲ့ေနတာေၾကာင့္ ယြမ္ေလာ့ဖုန္းဘက္ သတိေပးတဲ့ အေနနဲ႔ စတင္ေရရြတ္လုိက္တယ္။
“ႏွစ္… သုံး…”

သူမအသံက ေကာက္က်စ္ စဥ္းလဲျပီး သူ႕ကုိ ဖိအားေပးေနတယ္။

“ငါ သေဘာတူတယ္”

ဒီစကားကုိ ေျပာလုိက္တဲ့အခ်ိန္မွာ သူ႔စြမ္းအား အားလုံး ကုန္ဆုံးသြားသလုိ ခံစားရျပီး သူ႔ခႏၶာကုိယ္ တစ္ကုိယ္လုံး လဲက်သြားခဲ့တယ္။ သူ ဟြမ္ခြ်မ္ျမိဳ႕ကုိ လာခဲ့တာ ေသရမွာ ေၾကာက္လုိ႔ မဟုတ္ဘူး သူတည္ေထာင္ထားတဲ့ ဂုိဏ္းတစ္ခု ပ်က္စီးသြားမွာ စုိးလုိ႔။

“ေကာင္းျပီ”
ေနာက္ဆုံးေတာ့ ယြမ္ေလာ့ဖုန္းလည္း ေအာ္ရယ္လုိက္တယ္။ သူမ အျပံဳးေလးက လွပျပီး ညိွဳ႕ယူဖမ္းစားႏုိင္စြမ္း ရွိတယ္။  အၾကည့္မလႊဲႏုိင္ေအာင္ ညိွဳ႕ယူႏုိင္တယ္။

“ရွင္ သေဘာတူတယ္ဆုိေတာ့ အခုကစျပီးေတာ့ ရွင္ရာထူးကုိ ကြ်န္မ ပုိင္ဆုိင္သြားျပီ”

Chapter-552
End

Unicode

အပိုင်း(၅၄၉)

ထျန်းယွီ (၂)

သိပ်မကြာခင်မှာဘဲ ခန့်ညားချောမောသော ယောကျ်ားပျိုလေး တစ်ယောက် ခန်းမဆောင်ထဲ ဝင်ရောက်လာခဲ့တယ်။

နေရောင်က ထိုကောင်လေးရဲ့ခန္ဓာကိုယ်ပေါ် ကျရောက်နေပြီး ဂုဏ်ရှိန် ဂုဏ်ဝါ တောက်ပစေတယ်။ 

ထျန်းမိသားစုရဲ့ သတင်းဆိုးကို ကြားသိရတာကြောင့် သူ့လက်ရှိ မျက်နှာအမူအရာက ပုံမှန်ထက် မည်းမှောင်နေပြီး သူ့မျက်ဝန်းနက်မှာ သွေးကြောများဖြင့် ဖုံးကွယ်ထားခဲ့တယ်။

ခန်းမဆောင်ထဲက အဘိုးအိုကို မတွေ့ခင်အထိ ထျန်းယွီရဲ့ မျက်နှာအမူအရာက တည်ငြိမ်နေခဲ့တယ်။ သူ့နှုတ်ခမ်းပါးက ဖွင့်ပြီး ဖြည်းဖြည်းချင်း စကားဆိုတယ်။

“ဘိုးဘိုးက ကျွန်တော်မှာ ကျန်ရှိတဲ့ တစ်ဦးတည်းသော ဆွေမျိုးပါပဲ”

ဝုန်း

နေသာတဲ့နေ့မှာ မိုးကြိုးထပစ်လိုက်သလို အဘိုးအိုမှာ ချက်ချင်း ကျောက်ရုပ် တစ်ရုပ်လို ဖြစ်သွားရတယ်။ အချိန်တော်ကြာမှ သတိဝင်လာကာ  ဖြူဖျော့နေသောယ မျက်နှာအမူအရာနဲ့ သူမေးလိုက်တယ်။

“မင်းပြောချင်တာက… မင်းအမေ…”

“ဆုံးပါးသွားပြီ… ထျန်းမိသားစုဝင်အားလုံး သတ်ခံလိုက်ရပြီ”

လဝက်တည်းနဲ့ ထျန်းမိသားစုဝင်အားလုံး ပျောက်ကွယ်သွားမယ်လို့ သူ တစ်ခါတစ်လေမျှတောင် မထင်ထားခဲ့မိဘူး။ ကိစ္စ အများကြီး ဖြစ်ပျက်သွားခဲ့တယ်။ အိမ်တော်အပြင်ဘက်မှာ ဒီအိပ်မက်ဆိုးအကြောင်း ကြားရတော့ သူ မယုံကြည်နိုင်ဘူး ဒါပေမဲ့လည်း သူ… ထျန်းအိမ်တော်ကို ပြန်မသွားရဲဘူး ။ သူလည်း ဒီလို အဆုံးသတ်မျိုး မကြုံချင်ဘူး ဒါကြောင့်လည်း နောက်ကွယ်က ဒီပြဿနာကို စုံစမ်းခဲ့တာပေါ့။ ဒီအကြောင်းကို သတင်းပို့ဖို့ ဟွမ်ချွမ်မြို့ကို သူ ခရီးဆက်လာခဲ့တယ်။

“တရားခံက ဘယ်သူလဲ”

အဘိုးအိုက စားပွဲခုံကို လက်ဖဝါးဖြင့် ရိုက်ကာ နှစ်ခြမ်း ကွဲစေလိုက်တယ်။ အိုမင် ရင့်ရော်နေတဲ့ မျက်နှာက တဖြည်းဖြည်းချင်း မဲ့ရွဲ့လာခဲ့တယ်။

“ပြောစမ်းက မင်းအမေကို သတ်တာ ဘယ်သူလဲ ငါက အကြိမ်တစ်ရာမက လက်စားချေမယ်”

ထျန်းယွီရဲ့မျက်ဝန်းများက စိတ်ရှုပ်ထွေးမှုများကို ဖော်ပြနေပြီ အရိုးထဲအထိ စွဲနေအောင် မုန်းတဲ့ အကြောင်းတရားကို ထုတ်ဖော်နေတယ်။

“ယွမ်လော့ဖုန်း နဲ့ ထျန်းရာ”

ထျန်းယွီလည်း ပြိုင်ဘက်ကင်းလှပတဲ့ မိန်းကလေးရဲ့မျက်နှာကို တွေးကြည့်ကာ လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။ သူ့လက်သည်းများက လက်ဖဝါးထဲ ထိုးစိုက်သွားတော့တယ်။ သွေးစများ ရစ်သိုင်းလာတော့တယ်။

သူ့ဒေါသစိတ်ကို လွှတ်ထားလိုက်တော့ သူ့စိတ် နည်းနည်းတော့ ပြေလျော့သွားပြီး အေးတိအေးစက် ထပ်မေးလိုက်တယ်။

“ဘာကြောင့်လဲ”

“ယွမ်လော့ဖုန်းမှာ ကျူံးလင်းအာ ဆိုတဲ့ အစေခံတစ်ယောက် ရှိတယ် သူမက ကျွန်တော်တို့ ထျန်းမိသားစု အပြင်စည်း တပည့်ရဲ့ သမီး တစ်ယောက်.. ယွမ်လော့ဖုန်းက ကျူံးလင်းအာကို သူ့သက်တော်စောင့် တစ်ယောက်နဲ့ လက်ထပ်ပေးချင်နေတယ်… ဒါပေမဲ့ ကျူံးလင်းအာဘက်က ငြင်းတယ်… ထျန်းမိသားစုဝင်က သူ့သမီးကို ကာကွယ်ချင်တယ်…ဒါကြောင့် သူ့သမီးကို တိတ်တဆိတ် ပြန်ပေးဆွဲ ခေါ်လာခဲ့တယ် ၊ ဒီကိစ္စက ယွမ်လော့ဖုန်းကို ဒေါသထွက်စေတယ်… သူမက ထျန်းမိသားစုရဲ့ သစ္စာဖောက်နဲ့ ပူးပေါင်းပြီး ထျန်းအိမ်တော်ကို ကျူးကျော် ဝင်ရောက်ကာ မိသားစုဝင်တိုင်းကို သတ်တယ်”

ယုတ်မာတဲ့ ထျန်းမိသားစုမှာ နေထိုင်တဲ့ ထျန်းယွီက ဖြူစင်ပါ့မလား ။ ဒါကြောင့်လည်း အလိမ်အညာ စကားကို အလွယ်လေး ပြောရဲတာပေါ့။ အဲဒီနေ့က ထျန်းအိမ်တော်မှာ ထျန်းမိသားစုဝင်များ နဲ့ ယွမ်လော့ဖုန်းရဲ့ လူတစ်စုပဲ ရှိနေခဲ့တယ်။ ထျန်းမိသားစုဝင်အားလုံးက မျိုးဖြုတ်ခံရပြီး ဘာကြောင့်မှန်း ဘယ်သူမှ မသိဘူး။ ကောင်းကင်သိုင်း စံအိမ်တော်က ဒီကိစ္စကို စုံစမ်းချင်ရင်တောင် ဘာဆိုဘာမှ မသိနိုင်ဘူး။

အရေးကြီးဆုံး အချက်က   သူ့အတွက် အကာအကွယ်အနေနဲ့ မဟုတ်မမှန် အကြောင်းတရားများ ဖန်တီးရင်း ယွမ်လော့ဖုန်းကို လူအများ လက်ညိုးထိုးအောင် လုပ်ဇာတ်ခင်းရတာ…။

“ယွမ်လော့ဖုန်း…ထျန်းရာ”

အဘိုးအိုမှာ တော်တော်လေးကို ဒေါသထွက်လာပြီး သူ့မျက်ဝန်းက လူသတ်ချင်စိတ်များ ပိုပြင်းထန်လာခဲ့တယ်။

“ဒီလူတွေက မိန်းမပျိုလေးကို ပြည့်တန်ဆာလုပ်ဖို့ အတင်းတိုက်တွန်းတဲ့အပြင်… ထျန်းမျိုးနွယ်ကို အစောင့် တစ်ယောက်နဲ့ လက်ထပ်ပေးချင်တယ်… ယုတ်မာ ရက်စက်လွန်းတယ်… ထျန်းယွီ… မစိုးရိမ်နဲ့… ဘိုးဘိုး… မင်းအမေအတွက် သေချာပေါက် လက်စားချေပေးမယ်… ဒီလူတွေ အားလုံး မြှုပ်စရာ မြေ မရှိစေရဘူး”

သူက သူ့အမေအတွက် လက်စားချေပေးဖို့ပဲ ပြောခဲ့တယ်… ထျန်းမိသားစု အားလုံးအတွက်လို့ မပြောခဲ့ဘူး။ သူက ထျန်းမိသားစုရဲ့ တည်ရှိမှုကို အသိအမှတ် မပြုသေးဘူး။ ယွမ်လော့ဖုန်းနဲ့ ထျန်းရာကို သတ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။

“တစ်ယောက်ယောက် လာခဲ့စမ်း… သခင်လေးကို အနားယူဖို့ ခေါ်သွားလိုက်”

အဘိုးအိုရဲ့မျက်နှာက အရိုးထဲအထိ အေးစိမ့်အောင် ကြောက်ဖို့ကောင်သော်လည်း ထျန်းယွီကိုတော့ လျှော့ပေါ့ ကြည့်ပေးရှာတယ်။

“ထျန်းမိသားစုဆိုတာ မရှိတော့ဘူးဆိုတော့ အခုကစပြီးတော့ မင်းက တန်မျိုးနွယ်ဝင်ပဲ… မင်းနာမည်က တန်ထျန်းယွီ”

“ဟုတ်ကဲ့ပါ ဘိုးဘိုး”

တန်ထျန်းယွီလည်း ခေါင်းကို ငုံ့ကာ ရိုသေလေးစားစွာ ပြန်ဖြေလိုက်တယ်။

Chapter-549

End

အပိုင်း (၅၅၀)

နင့်ရာထူး ငါ့ကိုပေးစမ်း (၁)

“လိမ္မာတဲ့ ကလေးလေး”

တန်ယန်လည်း တန်ထျန်းယွီရဲ့ ပခုံးလေးကို ပုတ်ကာ အားပေးလိုက်တယ်။

“မြေးလေး… ဒီနှစ်တွေမှာ နာကျင်ခံစားခဲ့ရတယ်… အခုကစပြီးတော့ တန်မိသားစုမှာ ကောင်းကောင်းမွန်မွန် နေထိုင်တော့… ဘိုးဘိုးက မြေးလေးကို မမျှမတ မဆက်ဆံဘူး”

ဒီကလေးက တိုးတက်နိုင်တဲ့ အလာအလားကောင်း ရှိတယ်။ သူ သေသေချာချာလေး ပြုစုပျိုးထောင်ပေးရင်တော့ ဟွမ်ချွမ်မြို့တော်မှာ ချမ်းသား ကြွယ်ဝသူ ဖြစ်လာနိုင်တယ်။ အရင်က သူ့သမီးကို ဒေါသထွက်ခဲ့တာကြောင့် သူ့မြေးကိုလည်း မနှစ်သက်ခဲ့ဘူး သူ့ကိုလည်း လေ့ကျင့် မပေးခဲ့ဘူး။

“ဘိုးဘိုးကို စိတ်မပျက်စေရဘူး”

တန်ထျန်းယွီက ဆုံးဖြတ်ချက်ခိုင်မာသော မျက်ဝန်းများဖြင့် ကြည့်လာခဲ့တယ်။

တစ်နေ့တော့ ယွမ်လော့ဖုန်းနဲ့ထျန်းရာကို သူ့လက်နဲ့ ကိုယ်တိုင် သတ်နိုင်မှာပါ။ အဘိုးလက်ထဲက ကောင်းကင်ဘုံသိုင်းစံအိမ်ကိုလည်း လွှဲပြောင်းယူနိုင်မယ်။

……………

အစေခံက တန်ထျန်းယွီကို လိုက်ပါ ပို့ဆောင်တာကို ကြည့်နေရင်း သူ့မျက်နှာက ပိုမည်းမှောင်လာခဲ့တယ်။ ခပ်သြသြ အသံနဲ့ သူ ပြောလိုက်တယ်။

“သခင်က သခင်လေးထျန်းယွီရဲ့စကားကို ယုံကြည်လား”

တန်ယန်လည်း ထေ့ငေါ့လိုက်တယ်။

“ထျန်းမိသားစုဝင်တွေရဲ့ စိတ်ဓာတ်ကို ငါက မသိစရာလား… ချက်ချင်း အမှန်တရားကို သွားရှာစမ်း”

ကံဆိုးစွာနဲ့ပဲ… ဗီလိန်များက နောကျေနေတဲ့ လူယုတ်မာပဲလေ။ လိမ်မပြောခင်တည်းက ထျန်းယွီက ဒီသတင်းကို ကုန်းမြေစု တစ်ခုလုံးကို ဖြန့်လိုက်ပြီးသား။ ဒီလို သတင်းမျိုးက မင်း ဖုံးကွယ်ထားရင်တောင် မလွယ်ကူနိုင်ဘူး။

ရလာဒ်အနေနဲ့ တန်ယင်း ရှာဖွေခဲ့တဲ့ အမှန်တရားက ထျန်းယွီပြောတဲ့ စကားနဲ့ ထပ်တူကျနေမှာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူမှ သိနိုင်မယ် မထင်။ အဲဒီနေ့က တောင်ပေါ်မှာ တခြားသူများ မရှိခဲ့ဘူး။ ထျန်းမိသားစုဝင်များကို သတ်ခဲ့တဲ့ ထျန်းရာ နဲ့ ယွမ်လော့ဖုန်းသာ ရှိနေခဲ့တယ်။ ထိုနေ့က ထျန်းတောင်ရဲ့ အပေါ်ဆုံး အလွှာကို လူတစ်ချို့သာ ဝင်ရောက်နိုင်တာကြောင့်ပေါ့။

ဒီလူတွေက သူတို့ရဲ့ ပုံပန်းကို မှတ်မိရုံသာ ရှိပြီး ပုံဆွဲရုံသာ တတ်နိုင်မယ်။ သူတို့ကို အတိအကျ မှတ်မိနိုင်သူ မရှိလောက်ဘူး။

ယွမ်လော့ဖုန်းကိုတော့ လူတော်တော်များများက မြင်ဖူးထားပြီးသား။ အရင်တုန်းက ထျန်းရာက လူနာတော်တော်များများကို ကုသပေးခဲ့ဖူးတယ်။ ဒါကြောင့် သူ ကုသပေးခဲ့တဲ့ တစ်ယောက်ယောက်ကတော့ သူ့မျက်နှာကို မှတ်မိမှာပါ။

“သခင်…”

တန်ယင်းလည်း ဆက်မပြောခင်မှာ ခဏ ရပ်တန့်လိုက်တယ်။

“ယွမ်လော့ဖုန်းနဲ့ ထျန်းရာကို ကျွန်တော်ကို ဘယ်လို ဇယားသိမ်းရမလဲ”

ဒီမေးခွန်းကို ကြားတော့ တန်ယန်ရဲ့မျက်ဝန်းမှာ ရေခဲတမျှ အေးစက်သေယ အလင်းတန်းများ တဖျတ်ဖျတ်လက်လာခဲ့တယ်။

“ထျန်းယွီက အမှန် ပြောပြော… မပြောပြော… သူတို့က သေဖို့ ထိုက်တန်တယ်… သူတို့ကို ရှာတွေ့တာနဲ့ နှောင့်နှေးခြင်းမရှိ… သတ်ပစ်လိုက်စမ်း”

“ဟုတ်ကဲ့ပါ”

တန်ယင်းလည်း ရိုသေစွာ ဂါရဝပြုလိုက်တယ်။ ထို့နောက် လေပြည်လေညင်ကဲ့သို့ အရိပ်ယောင်မဲ့ ပျောက်ကွယ်သွားလေတယ်။

ထျန်းမိသားစုကို အပြတ်ချေမှုန်းခဲ့တဲ့ ရန်သူက ဟွမ်ချွမ်းမြို့ကို ရောက်နေတာတော့ သူ မသိလောက်ဘူး။ ယွမ်လော့ဖုန်းကို အပြင် တစ်နေရာမှာ သွားရှာမယ်ဆိုရင်တော့ ဘယ်လောက်ပဲ ရှာရှာ တွေ့မှာ မဟုတ်ဘူး။

လက်ရှိအချိန်မှာ ငှက်ဆိုးဂိုဏ်း အပြင်ဘက်မှာ ကင်းစောင့်က မုတ်ဆိတ်မွေးနဲ့ လူခေါ်ဆောင်လာတဲ့ မိန်းကလေး နှစ်ယောက်ကို စူးစူးစမ်းစမ်း ကြည့်နေခဲ့တယ်။ သိချင်စိတ် ပြင်းပြလွန်းတာကြောင့် မေးလိုက်တယ်။

“ဖန်ဖေး….ဖန်ချင်ယန်…. မင်းတို့ ညီအစ်ကို နှစ်ယောက် အရမ်း ကံကောင်းတာပဲ တစ်ခါတည်းနဲ့ အလှလေး နှစ်ယောက်ကို ရလိုက်တာပဲ”

သူ့နောက်လိုက်လူဆိုး ဂိုဏ်းသားရဲ့ စကားကိုကြားတော့ ဖန်ဖေးရဲ့နှုတ်ခမ်းက မဲ့ရွဲ့သွားခဲ့ပြီး သူ့မျက်နှာမှာ ရှက်ရွံ့မှုများ ဖိတ်လျှံလာရတယ်။

“ဒါနဲ့… ခင်ဗျား မျက်နှာက ဘယ်လို ဖြစ်ရတာလဲ… ဘယ်သူက ရိုက်လိုက်တာလဲ”

“ဒါ…”

ဖန်ဖေးလည်း ရှိုးတိုးရှန်တန့် ရယ်လိုက်တယ်။

“မတော်တဆ ခလုတ်တိုက်မိတာပါ…. မင်းနဲ့ ဘာဆိုင်လို့လဲ… ငါ သူဌေးနဲ့ တွေ့ချင်တယ်”

ကင်းစောင့်များရဲ့ မျက်လုံးများမှာ သံသယ အကြည့်များ တွေ့နေရတယ်။ ခလုတ်တိုက်ရုံနဲ့ ဒီလိုမျက်နှာထား ဖြစ်ပါ့မလား။ ရိုက်ခံရတာ ဖြစ်ရမယ်… ပြောဖို့ ရှက်နေတာ ဖြစ်မယ်။

သူတို့ တွေးတောနေစဉ် ဖန်ဖေးတို့ ညီအစ်ကို နှစ်ယောက်က ကောင်မလေး နှစ်ယောက်ကို ဂိုဏ်းထဲ ခေါ်သွားပြီလေ။

“ငါတို့ သူဌေးက လူသူ ကင်းမဲတဲ့ တစ်နေရာမှာ တရားကျင့်နေတာ ဖြစ်မယ် ၊ အခု သူနဲ့တွေ့ဖို့ မင်းကို ခေါ်သွားပေးမယ်”

သူ့မျက်ဝန်းများဖြင့် ယွမ်လော့ဖုန်းကို စွေးခနဲ ကြည့်ကာ ဖန်ချင်ယန်လည်း ခပ်သြသြ အသံနဲ့ ပြောလိုက်တယ်။

Chapter-550

End

551+552

အပိုင်း(၅၅၁)
နင့်ရာထူး ငါ့ကိုပေးစမ်း (၂)

ငြိမ်သက်အေးချမ်းသော လျှို့ဝှက်အခန်းအတွင်းမှာ သက်လတ်ပိုင်း အမျိုးသားတစ်ယောက်က မျက်ဝန်းများကို မှေးစဉ်းကာ တည့်တည့်မတ်မတ် ထိုင်နေခဲ့တယ်။

သူ့ဘေးနား ပတ်လည်မှာ စိတ်စွမ်းအားများ ပျံ့ဝဲနေခဲ့ပြီး သူက စွမ်းအားများကို စုပ်ယူနေတယ်။ သူ့ချွေးပေါက်များက ဖွင့်ချည် ပိတ်ချည် ဖြစ်နေခဲ့တယ်။ သို့သော်လည်း ထောင်ပေါင်းများစွာသော ပုရွတ်ဆိတ်များက သူ့ခန္ဓာကိုယ်ပေါ်မှာ တွင်းများ တူးထား သကဲ့သို့ ဖြစ်နေသော်လည်း စိတ်စွမ်းအား သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ချိန်မှာတော့ သူ့အသားအရာင်က လုံးဝကို ပြောင်းလဲသွားခဲ့တယ်။

“မအောင်မြင်သေးဘူးလား”

သူ့မျက်နှာမှ ပဲကြီးစေ့လောက် ရှိတဲ့ ချွေးသီးချွေးပေါက်များ ကျဆင်းနေပြီး သူ့မျက်ဝန်းကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။ သူ့လက်သီးကတော့ ကြမ်းပြင်ပေါ် အညှာအတာ ကင်းမဲ့စွာ ကျရောက်လာပြီး ခက်ထန်စွာ ပြောလိုက်တယ်။
“စိတ်ပျက်စရာ ကောင်းလိုက်တာ… ဒီတစ်သက် ငါ့ခန္ဓာကိုယ်က စိတ်စွမ်းအားကို စုပ်ယူနိုင်ပါ့မလား…ကောင်းကင်ဘုံအနိမ့်အဆင့် ကျင့်ကြံသူက မတက်နိုင်တော့ဘူးလား”

ဒေါက်ဒေါက်…

လျှို့ဝှက်အခန်း အပြင်ဘက်မှ တံခါးခေါက်သံကို သူ ကြားလိုက်ရတယ်။ ဒီအသံက သက်လတ်ပိုင်း အမျိုးသားကို သတိဝင်လာစေပြီး သူ့မျက်နှာထားက ပုံမှန် အခြေအနေ ပြန်ဖြစ်သွားခဲ့တယ်။ သူလည်း အေးတိအေးစက် ပြောလိုက်တယ်။
“ဝင်လာခဲ့”

ဘာပဲဖြစ်ဖြစ်ပါလေ… သူမှာ ကျင့်ကြံနိုင်စွမ်းမရှိတာ လူသိခံလို့ မဖြစ်ဘူး။ အများသိသွားရင် ဂိုဏ်းသားတွေရဲ့ ထိတ်လန့်စိတ်ကို လှုံဆောင်ပေးသလို ဖြစ်နေမယ်။ သူတို့ ရပ်တည်နေတဲ့ နံပါတ် ၁၁နေရာလည်း ပြုတ်သွားနိုင်တယ်။ သူ ကောင်းကင်ဘုံ အဆင့် အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့တာ ၆နှစ်ကျော်ပြီး… နောက်ထပ် အတားအဆီးကို မကျော်လွှားနိုင်သေးဘူး။ နောက်တစ်ဆင့်ကို မရောက်နိုင်ရင် တခြားသူတွေကို သူ့ကို သေချာပေါက် သံသယ ဝင်လာတော့မယ်။ အဲအချိန်ရောက်ရင် သူ ကျင့်ကြံနိုင်စွမ်း မရှိတာကို လူတိုင်း သိသွားလိမ့်မယ်။

ကျွီ…

လျှို့ဝှက်အခန်းရဲ့ တံခါး ပွင့်လာခဲ့ပြီး ဖန်ဖေး နဲ့ သူ့အစ်ကို ဝင်လာခဲ့တယ်။ ဒါပေမဲ့လည်း သက်လတ်ပိုင်း အမျိုးသားကတေ့ ပထမဆုံး တစ်ချက် ကြည့်လိုက်ရုံနဲ့ သူတို့နောက်က လိုက်ပါလာတဲ့ မိန်းကလေး နှစ်ယောက်ကို သတိထားလိုက်မိတယ်။

မိန်းကလေးနှစ်ယောက်ထဲမှ အဖြူရောင်ဝတ်စုံနဲ့ အလှလေးက ခေါင်းဆောင် ဖြစ်ရမယ်။ ပျင်းရိ လေးတွဲ့သော မျက်နှာအမူအရာကို ပုံဖော်ထားပြီး ယုံကြည်ချက် အရှိန်အဝါများကို ထင်ပေါ်အောင် လှစ်ဟာပြထားတယ်။

“ဖန်ဖေး ၊ ဖန်ချင်ယန်”
ထိုလူရဲ့ မျက်နှာထားက ရုတ်ခြည်း ပြောင်းလဲသွားခဲ့ပြီး သွေးအေးစွာ ပြစ်တင် ဖို့ ကြံရွယ်တယ်။
“ဂိုဏ်းထဲကို အပြင်လူခေါ်လာဖို့ ငါ မင်းတို့ကို ခွင့်ပြုထားလို့လား ဒါကို သိရဲ့နဲ့ မင်းတို့က  ငါ့ဆီ သူတို့ကို ခေါ်လာရဲတယ်”

သူတို့ရဲ့ သူဌေး ဒေါသထွက်နေတာကို မြင်ရတော့ ဖန်ဖေးမှာ ကြောက်လွန်းလို့ စကားတစ်ခွန်း တစ်လေမျှ မပြောရဲတော့။ သူ့ခန္ဓာကိုယ်က မရပ်မနား တဆတ်ဆတ် တုန်ရီနေခဲ့တယ်။

တစ်ဖက်မှာတော့ ဖန်ချင်ယန်က သူ့အစ်ကို ဖျတ်ခနဲ ကြည့်လိုက်ကာ သက်လတ်ပိုင်း လူရှေ့ ရပ်လိုက်တယ်။ သူဘက်က ရိုသေလေးစားစွာ စကားအစချီလိုက်တယ်။
“သူဌေး… ဒီကောင်မလေး နှစ်ယောက်က သူဌေးကို တွေ့ဖို့လာတာပါ ၊ ဒါကြောင့် ဒီလက်အောက်ငယ်သားလေးက အရဲစွန့်ပြီး ခေါ်လာခဲ့ရတာပါ သူဌေး… ကျွန်တော်တို့ကို ညှာတာပေးပါ… တောင်းဆိုပါတယ်”

“ဟွန့်”
သက်လတ်ပိုင်း အမျိုးသားက ထေ့ငေါ့လိုက်ပြီး သူ့ မဖော်မရွေ မျက်ဝန်းများက ယွမ်လော့ဖုန်းကို စွေးခနဲ ကြည့်လိုက်တယ်။
“ငါ မင်းကို သိလည်း မသိဘူး ၊ မင်း ငါ့ကို ဘာကြောင့်လာရှာလည်း ဆိုတာ ငါ မသိဘူး… မင်း တစ်နေရာကို လာတာမလား… မင်း မြန်မြန် ထွက်သွားလိုက်တော့”

ယွမ်လော့ဖုန်းလည်း အေးအေးလူလူ လက်ပိုက်လိုက်ပြီးတော့ တံခါးဘောင်ကို ပျင်းရိလေးတွဲစွာ မှီထားလိုက်တယ်။ သူမလည်း မာယာ မျက်ဝန်းများဖြင့် မည်းပုတ်နေသော သူ့မျက်နှာကို စေ့စေ့ ကြည့်လိုက်တယ်။

“ဒီကိုလာတာ ကျွန်မမှာ အကြောင်းအရင်း ရှိတယ်”
သူမ ပြောချင်တာကို မပြောမီ ခဏ ရပ်တန့်လိုက်တယ်။

“ဟွမ်ချွမ်မြို့ရဲ့ ထိပ်တန်း အာဏာရှင် ဆယ်ဦးသာ ပီအန်တောင်ကို ဝင်လို့ရတယ် ကြားတယ်… အဲဒါ ဟုတ်သလား”

ဒီမြို့ကို ဟွမ်ချွမ်တောင်လို့ ခေါ်တွင်တာကြောင့် ဟွမ်ချွမ်မြို့ရဲ့ အတွင်းဘက် နယ်မြေ အပိုင်းအခြားကို ပီအန် တောင်လို့ ခေါ်တွင်တယ်။

တောင်အတွင်းမှာ ပေါများလှစွာသော ဆေးဖက်ဆေးမြစ်များ ရှိနေတာကို ကန့်သတ်ချင်တာကြောင့် တောင်အတွင်းပိုင်းကို ထိပ်တန်း အာဏာရှင် ၁၀ယောက်သာ ဝင်ခွင့်ပြုတယ်။ ပီအန်တောင်ထဲ ဝင်နိုင်ချင်က ဟွမ်ချွမ်မြို့မှာ အာဏာရှိခြင်းကို ပြသတာပါပဲ။ ဒါကြောင့်လည်း ယွမ်လော့ဖုန်းက ငှက်ဆိုးကြီး ဂိုဏ်းကို လာရတာပေါ့။

“မင်း… ဘာဆိုလိုချင်တာလဲ”
သက်လတ်ပိုင်း အမျိုးသားက တည်ကြည်လေးနက်စွာ မေးလိုက်တယ်။ သူ့မျက်ဝန်းများကတော့ မည်းမှောင်နေတာပေါ့။

“ငါ့ရည်ရွယ်ချက်က ရိုးရှင်းပါတယ်”
ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းကို မှေးကျဉ်းလိုက်တော့ သူမမျက်နှာပေါ်က စဉ်းလဲသော အပြုံးက ပို အသက်ဝင်လာတာပေါ့။
“ရှင့် ရာထူးကို ယူမလို့လေ”

ချက်ချင်းပဲ သူ့ခန္ဓာကိုယ်မှ တန်ခိုး အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ကြမ်းပြင်ပေါ် လဲကျသွားခဲ့တယ်။ သူလည်း မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် စကားအစချီလိုက်လိုက်တယ်။
“ကောင်မလေး… မင်း ဘာပြောလိုက်လဲဆိုတာ သိရဲ့လား ၊ ငါ့နေရာကို အစားထိုးမယ် ဟုတ်လား… မင်းမှာ အစွမ်းရှိလား ကြည့်ရတာပေါ့”

ဒီစကားကို ပြောပြီးနောက် သူလည်း ဘာမှ မတွေးတောဘဲ အလျင်စလို လှုပ်ရှားလိုက်တယ်။ ချွန်မြသော ဓားတစ်လက်နဲ့ ယွမ်လော့ဖုန်း ရှိရာကို လျင်မြန်စွာ ဦးတည်လိုက်တယ်။

Chapter-551
End

အပိုင်း(၅၅၂)
ငါ သဘောတူတယ်

ယွမ်လော့ဖုန်း ရှေ့ သူပေါ်လာချိန်မှာ သူ့စိတ်ဝိညာဉ်ကို ပြင်းထန်သော အတွင်းအားနဲ့ ရိုက်နှက်ခြင်း ခံလိုက်ရတယ်။ ခဏကြာတော့ ကောင်မလေးရဲ့ ပုံရိပ်က ဘယ်ကဘယ်လိုမှန်း မသိ သူ့နောက်ကို ရောက်လာခဲ့ပြီး သူ့တင်ပါးကို ကန်ချက် ကျရောက်လာခဲ့တယ်။ ထို ကန်ချက်ကြောင့် သူ့မှာ နံရံရှိရာ လွှင့်စဉ်သွားရတယ်။

ဖန်ညီအစ်ကို နှစ်ယောက်မှာ သူတို့ကြောင့် ယွမ်လော့ဖုန်း အရူးမီးဝိုင်း ဖြစ်မယ်လို့ ထင်ထားခဲ့တာပါ။ သူတို့ သူဌေးက ကောင်းကင်ဘုံ အဆင့်ရောက်နေပြီလေ… သူမက သူဌေးကို အနိုင်ပိုင်း နိုင်ပါ့မလား။ သူမကတော့ သူဌေးကို တစ်ချက်နဲ့ ကန်လိုက်တာ… လွှင့်စဉ်သွားတယ်။ သူဌေး ခင်မျာ  ခုခံဖို့တောင် အချိန်မရလိုက်ပေ။

ညီအစ်ကို နှစ်ယောက်လုံး ကြောင်အမ်းအမ်း ဖြစ်သွားရတယ်။ ဖြူဆုတ်နေသော မျက်နှာများက အံ့သြတုန်လှုပ်မှုကို ဖော်ပြနေပြီး ယွမ်လော့ဖုန်းကို စကားမပြောရဲလောက်အောင် ကြောက်လန့် တုန်လှုပ်မိတယ်။

ယွမ်လော့ဖုန်းလည်း နံရံမှာ ကော်လို ကပ်နေတဲ့ သက်လတ်ပိုင်း အမျိုးသားကို မော့ကြည့်လိုက်ပြီး
“အခု ဘယ်လိုလဲ… ကျွန်မက ရှင့်နေရာကို မယူနိုင်ဘူးလို့ ထင်နေသေးလား”

ထိုလူလည်း နံရံပေါ်မှ ဖြည်းဖြည်းချင်း လျှောဆင်းလိုက်တယ်။ သူလည်း တင်ပါးကို ကျစ်နေအောင် ဆုပ်ကိုင်ရင်း အလွန်အမင်း ရုပ်ဆိုး အကျည်းတန်သော မျက်နှာထားနဲ့ ယွမ်လော့ဖုန်းကို စိန်းစိန်း ဝါးဝါး ကြည့်လိုက်တယ်။
“မင်း … ပီဖန်တောင်ကိုသွားချင်ရင် ထိပ်တန်း အာဏာရှင် ၁၀ယောက်ဆီ သွားသင့်တယ် ၊ ယနေ့ခေတ် လူငယ်တွေက အရမ်းကို ယုံကြည်ချက် ရှိလွန်းတယ် ၊ နောက်ဆုံးတော့ အရှုံးကို လက်ခံရမှာပဲ…”

ယွမ်လော့ဖုန်းလည်း ထိုလူကို မာယာဆန်သော အပြုံးလေးနဲ့ စွေးခနဲ ကြည့်လိုက်တယ်။
“ကျွန်မက ငှက်ဆိုးကြီး ဂိုဏ်းကို ထိပ်တန်း ၁၀နေရာ ဝင်အောင်လုပ်မှာမို့… ရှင် မစိုးရိမ်နဲ့… ငှက်ဆိုးကြီး ဂိုဏ်းက ကျွန်မကို အညံ့ခံဖို့ပဲ လိုအပ်တယ်... ဒါမှ မဟုတ်… အမြစ်ဖျက် ချေမှုန်းခံမလား”

သေမလား… သူမကို ခစားမလား။

ထိုလူရဲ့မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားပြီး လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ထားလိုက်တယ်။

ဖန်ညီအစ်ကို နှစ်ယောက်လည်း ယွမ်လော့ဖုန်း ရည်မှန်းချက် ဒီလောက်အထိ ကြီးမားမယ်လို့ မထင်ခဲ့မိဘူး။ သူတို့မျက်နှာအမူအရာများက အလွန်အမင်း ပျက်ယွင်းနေပြီး သူမတို့ကို ခေါ်လာခဲမိလို့ အင်မတန် နောင်တရမိတယ်။

“ကောင်မလေး… မင်း တရားလွန်နေတယ်လို့ မထင်ဘူးလား”
သက်လတ်ပိုင်း အမျိုးသားမှာ ရုပ်တည်သွားပြီး ဒေါသထွက်ရတာကြောင့် ကြမ်းကြုတ်စွာ စကားဆိုလိုက်တယ်။
“ငါတို့ ငှက်ဆိုးကြီး ဂိုဏ်းက မင်းကို ခစားရမယ်…ဟုတ်လား… မင်းရဲ့ အပြုအမူက သူခိုး ဓားမြနဲ့ ဘာခြားနားလို့လဲ”

“ဟွမ်ချွမ်မြို့က သြဇာ အာဏာကို အလေးစားဆုံးပါ ၊ ဒီနေရာမှာ လက်သီးက ဥပဒေ ၊ ဂိုဏ်းတစ်ခုလုံးကို သုတ်သင်ခြင်းက မကြာခဏ ဖြစ်လေ့ရှိတဲ့ ကိစ္စ တစ်ခုပါပဲလေ”

သူမ မျက်နှာပေါ်က အပြုံးက ပိုပြီးတော့ သက်ဝင်လာခဲ့တယ်။

“ကျွန်မက ငှက်ဆိုးကြီး ဂိုဏ်းကို အမြစ်ဖျက် သုတ်သင်ရင်တောင် အမှားမရှိဘူး”

သက်လတ်ပိုင်း အမျိုးသားရဲ့ ခန္ဓာကိုယ်မှာ ဒေါသစိတ်ကြောင့် တုန်ရီနေသော်လည်း အသက်ခပ်ပြင်းပြင်း ရှုကာ တိတ်ဆိတ်နေဖို့ ရွေးချယ်လိုက်တယ်။

“တစ်…”
သက်လတ်ပိုင်း အမျိုးသားဘက်မှ တုံ့ပြန်မှု ကင်းမဲ့နေတာကြောင့် ယွမ်လော့ဖုန်းဘက် သတိပေးတဲ့ အနေနဲ့ စတင်ရေရွတ်လိုက်တယ်။
“နှစ်… သုံး…”

သူမအသံက ကောက်ကျစ် စဉ်းလဲပြီး သူ့ကို ဖိအားပေးနေတယ်။

“ငါ သဘောတူတယ်”

ဒီစကားကို ပြောလိုက်တဲ့အချိန်မှာ သူ့စွမ်းအား အားလုံး ကုန်ဆုံးသွားသလို ခံစားရပြီး သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံး လဲကျသွားခဲ့တယ်။ သူ ဟွမ်ချွမ်မြို့ကို လာခဲ့တာ သေရမှာ ကြောက်လို့ မဟုတ်ဘူး သူတည်ထောင်ထားတဲ့ ဂိုဏ်းတစ်ခု ပျက်စီးသွားမှာ စိုးလို့။

“ကောင်းပြီ”
နောက်ဆုံးတော့ ယွမ်လော့ဖုန်းလည်း အော်ရယ်လိုက်တယ်။ သူမ အပြုံးလေးက လှပပြီး ညှို့ယူဖမ်းစားနိုင်စွမ်း ရှိတယ်။  အကြည့်မလွှဲနိုင်အောင် ညှို့ယူနိုင်တယ်။

“ရှင် သဘောတူတယ်ဆိုတော့ အခုကစပြီးတော့ ရှင်ရာထူးကို ကျွန်မ ပိုင်ဆိုင်သွားပြီ”

Chapter-552
End

Bạn đang đọc truyện trên: Truyen247.Pro