Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

544+545+546+547+548

Zawgyi

544+545
အပုိင္း(၅၄၄)

သူေလးကုိ လက္ထပ္ခ်င္တယ္

ယြမ္ေလာ့ဖုန္း ေျပာမွာကုိ မေစာင့္ေတာ့ဘဲ ေဘးမွာ ရပ္ေနတဲ့ ခ်င္ယန္တစ္ေယာက္ ဝင္ေျပာေတာ့တယ္။

“သူက ငါ့သခင္မေလးရဲ႕ သားေလး”

မုိးႀကိဳးပစ္ခံရသလုိ ထ်န္းရာ နဲ႔ လင္းေလာပုိင္တုိ႔ ႏွစ္ေယာက္စလုံး ခ်က္ခ်င္း တအံ့တၾသ ျဖစ္သြားရတယ္။

ယြမ္ေလာ့ဖုန္းမွာ တကယ္ပဲ သားရွိတာလား။

သားကလည္း ဒီအရြယ္ေတာင္ ေရာက္ေနျပီလား။ အမေလး…အမေလး… ယုံခ်င္စရာ မေကာင္းလုိက္တာေနာ္။

ထ်န္းရာလည္း ယြမ္ေလာ့ဖုန္းကုိ မနာလုိစိတ္နဲ႔ ၾကည့္လုိက္တယ္။

“ငါ့အသက္က ေျမႀကီးထဲ တစ္ဝက္ေလာက္ေရာက္ေနျပီ မိန္းမတစ္ေယာက္မွ မရေသးဘူး… မင္းက်ေတာ့ အသက္၁၅ႏွစ္တည္း ရွိေသးတယ္ ကေလး တစ္ေယာက္ေတာင္ ရေနျပီလားေဟ”

လင္းေလာပုိင္လည္း မ်က္လုံးေလး ပင့္ကာ ၾကည့္လုိက္တယ္။ သူမလက္ေလးကုိ ေရွာင္မုိရဲ႕ ပါးျပင္ေလး ျဖစ္ညွစ္လုိက္တယ္။ သူမရဲ႕ ကေလးမ်က္ႏွာေလးမွာ အျပံဳးပန္းမ်ား ေဝဆာေနခဲ့တယ္။

“ေမာင္ေလး…. မမလုိ႔ ေခၚရမယ္ေနာ္… လိမၼာတယ္မလား”

ေရွာင္မုိရဲ႕မ်က္ႏွာက ခ်က္ခ်င္း မည္းေမွာင္သြားရတယ္။ သူ႕လုိ အသက္ႀကီးတဲ့လူတစ္ေယာက္က ဘာမဟုတ္တဲ့ ကေလးမေလးကုိ မမလုိ႔ ေခၚရမယ္…ဟုတ္လား။

ဒီေကာင္မေလး… ငါ့ကုိ က်ီစယ္ေနတာလား။

ဒီအေၾကာင္းကုိ ေတြးရင္း ေရွာင္မုိလည္း လင္းေလာပုိင္ရဲ႕လက္ကုိ ျဖတ္ရုိက္လိုက္ကာ ယြမ္ေလာ့ဖုန္းေနာက္ ပုန္းေနလုိက္တယ္။ သူ႕လက္ေလးကေတာ့ သူမရဲ႕အဝတ္စကုိ က်စ္ေနေအာင္ ဆုပ္ကုိင္ထားတာေပါ့။

“သခင……အေမတစ္ေယာက္နဲ႕ ငါ့မ်က္ႏွာကုိ ထိလုိ႔ရတယ္”

သူ႕ရည္ရြယ္ခ်က္က လင္းေလာပုိင္ သူ႕ကုိ ဆက္မေႏွာင့္ယွက္ဖုိ႔…သူ႕ရဲ႕ ေအးတိေအးစက္ ခ်စ္ဖုိ႔ေကာင္းတဲ့ မ်က္ႏွာေလးကုိ ျမင္ေတာ့ လင္းေလာပုိင္ရဲ႕ မ်က္လုံးမ်ား ပုိေတာက္ပသြားတာကုိေတာ့ ဘယ္သူမွ မသိလုိ္က္ဘူး။

“ဆရာ… တပည့္ သူေလးကုိ လက္ထပ္ခ်င္တယ္”

သူမစကားက ရုတ္တရက္ မုိးႀကိဳးပစ္လုိက္သလုိ ေရွာင္မုိကုိ မွင္တက္သြားေစတယ္။သူလည္း လင္းေလာပုိင္ကုိ တအံ့တၾသ ၾကည့္ေနလုိက္တယ္။ သူ႔မွာ ေၾကာက္လြန္းလို႔ စကားလည္း မေျပာႏုိင္ေတာ့ဘူး။

ဒီေလာကႀကီးထဲမွာ ဒီလို အရွက္မဲ့တဲ့ အမ်ိဳးသမီး ရွိရတာလဲ။

သူမနဲ႔ ပထမဆုံးေတြ႕ဖူးတဲ့ သူစိမ္း ေယာက်္ားေလး တစ္ေယာက္ကုိ လက္ထပ္ခ်င္တယ္လုိ႔ ေျပာရဲတယ္။ အံ့ပါဟယ္…

မိန္းကေလးတစ္ေယာက္က လက္ထပ္ခ်င္ပါတယ္လုိ႔ မေျပာသင့္ဘူး…။ေယာက်္ားေလးဘက္က လက္ထပ္ခ်င္ပါတယ္ မေျပာဘဲ… လက္ထပ္ျခင္းဆုိတာ ျဖစ္လာစရာ အေၾကာင္းမရွိဘူး။

ဒါေပမဲ့ သခင္ဘက္ကေတာ့ ေသခ်ာေပါက္ သေဘာမတူေလာက္ဘူး။

ေရွာင္မုိရဲ႕ႏွလုံးသားမွာ အေတြးေရယာဥ္ ေမ်ာပါေနရတယ္။သူလည္း ေက်နပ္ ပီတိ ျဖစ္စြာ ခ်စ္ဖုိ႔ေကာင္းတဲ့ မ်က္ႏွာေလးကုိ ေမာ့ကာ လင္းေလာပုိင္ကုိ အထင္ျမင္ေသးစြာ ၾကည့္လုိက္တယ္။

“လက္ခံတယ္”

ေရွာင္မုိတစ္ေယာက္ သူ႕ကုိယ္သူ အထင္ႀကီး ဘဝင္ခုိက္ေနစဥ္ ယြမ္ေလာ့ဖုန္းက ဒီစကားကုိ ျဖည္းျဖည္းခ်င္း ေျပာလာခဲ့တယ္။

အခုေတာ့ ေရွာင္မုိရဲ႕ႏွလုံးသားေလး တစ္စစီ ေၾကမြရပါျပီ။ ခ်စ္ဖို႔ေကာင္းတဲ့ မ်က္ႏွာေလးမွာ မ်က္ရည္စီးေၾကာင္းႏွစ္ခု ဖန္ဆင္းလာေတာ့တယ္။ သူ႔ရဲ႕ ႀကီးမား ေတာက္ပေသာ မ်က္ဝန္းတစ္စုံက မယုံၾကည္ႏိုင္လြန္းလုိ႔ မ်က္ေတာင္ တဖ်တ္ဖ်တ္ခတ္ေနခဲ့တယ္။ သခင္က သူ႕ကုိ ဒီလုိမ်ိဳး ေရာင္းစားမယ္လုိ႔ မထင္ခဲ့မိပါဘူး။

“သခင္မေလး”

ခ်င္ယန္မွာ ဆက္ျပီးေတာ့ သည္းမခံႏုိင္ေတာ့ဘူး။

“သခင္ေလးက အသက္၅ႏွစ္တည္း ရွိပါေသးတယ္… ဒီကိစၥကုိ ဆုံးျဖတ္ဖုိ႔ ေစာလြန္းပါတယ္… သူ အရြယ္ေရာက္တဲ့အထိ ေစာင့္ဆုိင္းတာ ပုိေကာင္းပါမယ္”

“ေမေမ… သူေျပာတာ မွန္တယ္”

ေရွာင္မုိလည္း ခ်က္ခ်င္း အသိျပန္ဝင္လာျပီး ယြမ္ေလာ့ဖုန္းရဲ႕အဝတ္စကုိ ဆြဲကာ မာန္ပါပါ ေျပာရွာတယ္။

“သားက အသက္၅ႏွစ္တည္းရွိေသးတဲ့ ကေလးပါေနာ္ သားတုိ႔ႏွစ္ေယာက္ၾကား အသက္အရမ္းကြာလြန္းတယ္… မလုိက္ဖက္ပါဘူး”

ယြမ္ေလာ့ဖုန္းလည္း အသာေလး မ်က္ခုံးပင့္လုိက္ျပီး

“ကေလး သတုိးသမီး မျဖစ္တာ သားေလးအတြက္ ကံေကာင္းတယ္ မွတ္လုိက္… အခ်စ္စစ္မွာ အသက္အရြယ္က ျပႆနာ မဟုတ္ဘူး”

“မရပါဘူး… ေမေမ… ဒီလုိ ရက္စက္လုိ႔ မရဘူး၊ သားကုိ ဒီမိန္းမလက္ထဲ ထုိးထည့္မလုိ႔လား”

သူ႕အသက္က ရာစုႏွစ္ေပါင္းမ်ားစြာ ရွိေနေသာ္လည္း အျပင္ပုံပန္းက အသက္၅ႏွစ္အရြယ္တည္း ရွိေသးတယ္။ သူက အရြယ္မေရာက္ႏုိင္ဘူး… ဒါေၾကာင့္ ဘာလုိ႔ လက္ထပ္ရမလဲ…။

“ေရွာင္မုိ”

ယြမ္ေလာ့ဖုန္း တစ္ေယာက္ ႏႈတ္ခမ္း ပါးစပ္ တတ္ခ်ိတ္မတတ္ ျပံဳးေနေလရဲ႕။

“နင္ ငါ့ကုိ တစ္ခါ ကလိမ္က်ထားေတာ့ ငါလည္း ျပန္လက္စားေခ်ရတာေပါ့… ဒါေၾကာင့္ အခုကစျပီ နင္က ေရွာင္ပုိင္ရဲ႕ ဇနီးျဖစ္ရမယ္”

Chapter-544

End

အပုိင္း(၅၄၅)

ကူရာမဲ့ ေရွာင္မုိ

ေရွာင္မုိက သေဘာမတူေၾကာင္း ဆက္ျငင္းခ်င္ေသာ္လည္း ယြမ္ေလာ့ဖုန္းရဲ႕ေနာက္ဘက္မွ လက္တစ္ဖက္ေပၚလာျပီး သူ႕ကုိ ဆြဲေခၚသြားတယ္။ သူ႕ကုိ ေလထဲမွာ တြဲလဲဆြဲထားေလေတာ့….။

“မိန္းမယုတ္… ငါ့ကုိ လႊတ္စမ္း”

သူ႕ေနာက္က လူက ဘယ္သူမွန္း ေရွာင္မုိ အာရုံခံမိတာေၾကာင့္ ေဒါသထြက္လြန္းလုိ႔ တုန္ရီလာရတယ္။ လင္းေလာပုိင္လက္ထဲမွာ သူလည္း ဆက္လက္ ရုန္းထြက္ဖုိ႔ ႀကိဳးစားေနခဲ့တယ္။

“ဆရာက နင့္ကုိ  ေပးထားျပီးသား… နင္ ငါ့အတြက္ပဲ ျဖစ္ရမယ္”

လင္းေလာပုိင္လည္း သူမရဲ႕ခ်စ္ဖုိ႔ေကာင္းတဲ့ မ်က္ႏွာေလးကုိေမာ့ကာ အျပံဳးကုိ ျဖန္႔က်က္လုိက္တယ္။

“အခုကစျပီးေတာ့ နင္က ငါ့ဇနီးပဲ”

ေရွာင္မုိကေတာ့ မဲ့ရြဲ႕ ရႈံ႕တြေနျပီး ယြမ္ေလာ့ဖုန္းကုိ မယုံၾကည္ႏုိင္စြာ  စိန္းစိန္းဝါးဝါး ၾကည့္ေနခဲ့တယ္။ သူ႔မ်က္ႏွာအမူအရာေလးက အစြန္႔အပစ္ခံထားရတဲ့ သနားစရာ ေကာင္းတဲ့ ေခြးေလးနဲ႔တူေနတယ္ ။ ျမင္ရသူအေပါင္းရဲ႕ ႏွလုံးသားကုိ ႏူးညံ့ေပ်ာ့ေပ်ာင္းေစတယ္။

ဒါကုိျမင္ေတာ့ ထ်န္းရာမွာ ေခါင္းကုိ တုိင္နဲ႔ ေဆာင့္ေပးခ်င္လာတယ္။ သူ႔မ်က္လုံးမ်ားက မေက်ခ်မ္းမႈမ်ားျဖင့္ ျပည့္ႏွက္ေနျပီး စိတ္ဆုိးမာန္ဆုိး ေျပာေတာ့တယ္။

“ဒီေလာကႀကီးက တရားမ်ွတမႈ မရွိဘူး ၅ႏွစ္အရြယ္ကေလးမွာေတာင္ သတုိးသမီးေလာင္းရွိတယ္… ငါက အခုအထိ.. လူပ်ိဳဘဝပဲ ရွိေသးတယ္”

ယြမ္ေလာ့ဖုန္းရဲ႕မ်က္ဝန္းမ်ားက သူရွိရာ က်ေရာက္လာခဲ့တယ္။

“ရွင္က ဒီကုန္းေျမစုမွာ အထူးျခားဆုံးလူပါ… ရွင္ လူပ်ိဳဘဝကုိ ဆုံးရႈံးခ်င္ရင္ အလြယ္ေလးပါ”

“မဟုတ္ဘူး”

ထ်န္းရာက ေခါင္းေမာ့ျပီး ဂုဏ္ယူဝင့္ၾကြားစြာ ေျပာလုိက္တယ္။

“ငါက ဖူရွန္ကုိ ရွာမေတြ႔ခင္အထိ ေမထုံအမႈကုိ ေရွာင္ရွားမယ္”

သူ႔အတြက္ေတာ့ လူပ်ိဳျဖစ္ရတာက ဂုဏ္ယူစရာေကာင္းတဲ့ ကိစၥပါ။ သူ႔ခႏၶာကုိယ္နဲ႔ သူ႔ႏွလုံးသားကုိ သူခ်စ္ရတဲ့ မိန္းကေလးအတြက္ ကာကြယ္ထားမွာပါ။ ဒီေလာကႀကီးထဲမွာ အခ်စ္ဦးကုိ ေမ့ႏုိင္သူ ရွိလုိ႔လား။

“ေနာက္က်ေနျပီ… ငါတုိ႔ေတြ ထြက္ခြာသင့္ျပီ…၊ လုံေဖး… က်ံဴးလင္းအာကုိ ေခၚျပီး ခ်င္ယန္နဲ႔အတူူတူ ယြမ္အိမ္ေတာ္ျပန္ျပီး ငါ့ကုိ ေစာင့္ေန”

ယြမ္ေလာ့ဖုန္းလည္း လင္းေလာပုိင္ကုိ ဖ်တ္ခနဲၾကည့္ကာ မာယာမ်ားစြာ ျပံဳးလုိက္တယ္။

“ေရွာင္မုိကုိ နင့္လက္ထဲ အပ္ထားလုိက္မယ္ ဒီခရီးစဥ္အတြင္း သူ႕ကုိ ေလ့က်င္မႈေပးထားလိုက္”

“ဟုတ္ကဲ့ပါ…ဆရာ”

လင္းေလာပုိင္လည္း ရုိေသေလးစားစြာ ျပန္ေျဖလုိက္တယ္။

သူ႕လက္ထဲမွာ ေဆာ့ကစားခံေနရတဲ့ ေရွာင္မုိရဲ႕မ်က္ဝန္းမွာေတာ့ ကယ္ရာမဲ့ျခင္းမ်ားျဖင့္ ေတာက္ပေနခဲ့တယ္။ သူ႕ရဲ႕ သနားစရာေကာင္းမယ့္ အနာဂတ္ကုိ ေတြးမိတုိင္း ရင္ေလးလာရတယ္။

သူတုိ႔ထြက္ခြာသြားတဲ့ အရိပ္ကုိ ေငးၾကည့္ရင္း ထ်န္းရာရဲ႕အျပံဳးက တျဖည္းျဖည္းခ်င္း ေပ်ာက္ကြယ္သြားရတယ္။ သက္ျပင္းခ်ကာ တစ္ေယာက္တည္း တီတုိး စကားဆုိေတာ့တယ္။

“ယြမ္မိန္းကေလးကုိ ဟြမ္ခြ်မ္ သြားခုိင္းမိတာ မွားလား မွန္လား မသိေတာ့ပါဘူးေလ သူမရဲ႕ ဥာဏ္ရည္နဲ႔ အရည္အခ်င္းနဲ႔ ဆုိရင္ေတာ့ အဲဒီေနရာမွာ ေသခ်ာေပါက္ ေအာင္ျမင္မွာပါ”

ဒီခရီးစဥ္က သူမအတြက္ေတာ့ ေလ့က်င့္မႈ တစ္ခုပဲ။

…..

ဟြမ္ခြ်မ္ နယ္ေျမက ဒီကုန္းေျမစုရဲ႕ ေျမာက္ဘက္အျခမ္းမွာ တည္ရွိျပီး အလြန္အမင္း တန္ဖုိးရွိတဲ့ ေဆးျမစ္မ်ား ေပါၾကြယ္ဝတာေၾကာင့္ မေရတြက္ႏုိင္ေလာက္ေအာင္ မ်ားျပားတဲ့ ဂိုဏ္းမ်ား အေျခစုိက္တယ္။ ကန္႔သတ္ခ်က္ရွိတဲ့ အရင္းအျမစ္မ်ားေၾကာင့္ မၾကာခဏ တုိက္ပြဲမ်ား ျဖစ္ၾကတယ္။ အျမဲတေစ နယ္ေျမလုၾက၊ သတ္ျဖတ္ၾကတယ္။

ဒီေနရာမွာ အသက္ရွင္ဖုိ႔က အခက္ခဲဆုံးပဲ…။ ယြမ္ေလာ့ဖုန္းလည္း လင္းေလာပုိင္နဲ႔ ေရွာင္မိုရဲ႕လက္ကုိဆြဲကာ လမ္းအဆုံးအထိ ေလ်ွာက္လွမ္းလာခဲ့တယ္။ ေနာက္ဆုံးေတာ့ သူတို႕ေတြ ဟြမ္ခြ်မ္ျမိဳ႕ထဲ ေျခလွမ္း စလွမ္းလာခဲ့တယ္။ လမ္းအဆုံးသုိ႔ သူမ ေရာက္ရွိခ်ိန္မွာ သူမေရွ႕က ေနေရာင္က ပိတ္ဆီးသြားခဲ့တယ္။ ေခြ်းနံဆုိးကုိ ခပ္ေရးေရး ရေနတယ္။

“မင္းကုိ ၾကည့္ရတာ ဒီေနရာနဲ႔ သိပ္ရင္းႏွီး ကြ်မ္းဝင္မႈမရွိဘူး… မင္းက ဟြမ္ခြ်မ္ျမိဳ႕က မဟုတ္ႏုိင္ဘူး… ငါတုိ႔ျမိဳ႕ရဲ႕ စည္းမ်ဥ္းကုိ သိရဲ႕လား… ဟြမ္ခြ်မ္ျမိဳ႕ထဲ ဝင္မယ္ဆုိရင္ အမ်ိဳးသမီးဆုိရင္ ငါနဲ႔ငါ့အစ္ကုိ ကုိ ျပဳစုေပးရမယ္… ေယာက်္ားဆုိရင္ေတာ့ ငါတုိ႔ ေပါင္ျခံေအာက္မွာ တြားသြားရမယ္… ဒါဆုိ… မင္း အခုစခ်င္ျပီလား...ဟား…”

ခပ္ၾသၾသ အသံကုိ ယြမ္ေလာ့ဖုန္း တစ္ေယာက္ အေပၚမွ လာမွန္း သိလုိက္တယ္။ သူမ ေမာ့လုိက္ျပီး သူမကုိ ကားဆီးထားတဲ့ လူႏွစ္ေယာက္ကုိ စူးရွေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္လုိက္တယ္။

“တျခားလမ္း ရွိေသးလား”

Chapter-545

End

546+547
အပုိင္း(၅၄၆)

ဟြမ္ခြ်မ္ျမိဳ႕၏ ဂုိဏ္းမ်ား

မိန္းကေလးရဲ႕အသံကုိ အေတာ္ကုိ တည္ၿငိမ္ေသာ္လည္း ဒီညီအစ္ကုိ ႏွစ္ေယာက္ရဲ႕ ႏွလုံးခုန္ႏႈန္းကုိေတာ့ တုိးေစတယ္။

သူတုိ႔ႏွစ္ေယာက္က ႏွစ္ေပါင္းမ်ားစြာ မိန္းကေလး အမ်ားႀကီးကုိ ျမင္ဖူးခဲ့ေသာ္လည္း ျပိဳင္ဘက္ကင္းလွပတဲ့ ဒီလုိမိန္းကေလးမ်ိဳးကုိေတာ့ မၾကံဳဖူးပါဘူး။ ဒီေကာင္မေလးကုိ သူတုိ႔ရဲ႕ခႏၶာကုိယ္ေအာက္မွာ ထားႏုိင္ရင္ေပ်ာ္စရာေကာင္းမွာေတာ့ ေသခ်ာတယ္။

“ဒါေပါ့ တျခားလမ္း ရွိတယ္”

မုတ္ဆိတ္ေမြးနဲ႔လူက ႏႈတ္ခမ္းေထာင့္ကုိ လွ်ာနဲ႔ သပ္လုိက္တယ္။

“ငါတုိ႔ႏွစ္ေယာက္ကုိ အႏုိင္တုိက္ရမယ္… မင္းတုိ႔ သုံးေယာက္တည္းနဲ႔ ငါတုိ႔ကုိ ဆန္႔က်င္ႏုိင္မယ္လုိ႔ ထင္ေနတာလား”

မိန္းကေလး ႏွစ္ေယာက္က ေတာ္ေတာ္ကုိ ငယ္ပါတယ္။ ျပီးေတာ့ အျဖဴေရာင္ဝတ္စုံနဲ႔ မိန္းကေလးက ေသခ်ာေပါက္ကုိ ၁၅ႏွစ္ မေက်ာ္ဘူး။ ကေလးကေတာ့ ထည့္တြက္ေနစရာကုိ မလုိဘူး။ ၅ႏွစ္အရြယ္ ကေလးက ဘာလုပ္ႏုိင္မွာမုိ႔လဲ။

“ေၾသာ္”

ယြမ္ေလာ့ဖုန္းလည္း မ်က္ခုံးပင့္ျပီး ဟန္ပါပါ ျပံဳးလုိက္တယ္။

“ဒါဆုိ ကြ်န္မက ဒုတိယလမ္းကုိ ေရြးတယ္”

ညီအစ္ကုိ ႏွစ္ေယာက္လုံး ေၾကာင္အမ္းအမ္း ျဖစ္သြားရတယ္။ သတိျပန္မဝင္လာခင္မွာ ရုတ္ျခည္း မိန္းကေလးက သူတုိ႔ေနာက္သုိ႔ တဟုန္ထုိး ေျပးလာခဲ့တယ္။ ခ်ိဳျမေသာ ရနံ႕က ေလနဲ႔အတူတူ ေမ်ာပါလာခဲ့တယ္။

ထုိ႔ေနာက္…

ေသြးစမ်ား သူတုိ႔လက္ေမာင္းမွ ပန္းထြက္လာခဲ့တယ္။

“အား..”

မုတ္ဆိတ္ေမြးနဲ႔လူက စူးစူးရွရွ ေအာ္လုိက္ျပီး ေသြးထြက္သြားတဲ့ သူ႕လက္ေမာင္းကုိ က်စ္ေနေအာင္ ဆုပ္ကုိင္လုိက္တယ္။ သူ႔မ်က္ႏွာကေတာ့ အင္မတန္ ျဖဴေဖ်ာ့ေနတာေပါ့။

သူ႔ညီ ျဖစ္သူလည္း သူ႕ထက္ ပုိဆုိးရြားပါတယ္…။ သူ႔မ်က္ႏွာက အေရာင္မဲ့ေနခဲ့ျပီး လူလက္ေမာင္းမွ ေသြးမ်ား အဆက္မျပတ္ က်ဆင္းေနခဲ့တယ္။ ေျမႀကီးေပၚမွာ ျမစ္တစ္စင္းကုိ လ်င္ျမန္စြာ ဖန္ဆင္းလုိက္တယ္။

“မင္းက ဘယ္သူလဲ…”

သူလည္း အံႀကိတ္ရင္း ေအးတိေအးစက္ ေမးလုိက္တယ္။

ယြမ္ေလာ့ဖုန္းလည္း ခပ္ေရးေရးမ်ွ ျပံဳးကာ ၾကည့္လိုက္တယ္။

“ဟြမ္ခြ်မ္ျမိဳ႕ကုိ ေျပာင္းျပန္လွန္မယ္လူေလ…”

သူမေျပာတဲ့စကားကအရမ္းကုိ အထက္စီးဆန္လြန္းတယ္။ သူမေျပာခ်င္တာက သူမေရာက္လာလုိ႔ အေျပာင္းအလဲ ႀကီးႀကီးမားမား ျဖစ္မယ္ေပါ့။

“မင္း…”

ျဖဴဖပ္ျဖဴေရာ္ မ်က္ႏွာထားနဲ႔လူက အမူအရာ ေျပာင္းလဲသြားခဲ့ျပီး အခ်ိန္အၾကာႀကီး တိတ္ဆိတ္ေနခဲ့တယ္။

“မင္းက ကုိယ့္ဘာသာ အထင္ႀကီးလြန္းတယ္”

ဒီလူႏွစ္ေယာက္ကုိ ယွဥ္ၾကည့္မယ္ဆုိရင္ မုတ္ဆိတ္ေမြးနဲ႔လူက တည္ၿငိမ္ေနတုန္းပဲ ဒါေပမဲ့ သူ႔ရဲ႕အထင္ျမင္ေသးတဲ့စိတ္ကုိ ေန႕ဘက္လုိ အတုိင္းသားေတြ႕ေနရတယ္။

“ဟြမ္ခြ်မ္ျမိဳ႕ေတာ္ကုိ ဂုိဏ္းေပါင္းစုံနဲ႔ ဖြဲ႕စည္းထားတာ ဒီေနရာမွာ မေရတြက္ႏုိင္ေလာက္ေအာင္ မ်ားျပားတဲ့ ပညာရွင္ေတြ ရွိေနတာ မင္းတစ္ေယာက္တည္းနဲ႔ ျမိဳ႕ေခါင္းေဆာင္ကုိ ေျပာင္းလဲလုိ႔ မရႏုိင္ဘူး”

“ညီေလ… ဒီလုိ မိန္းမယုတ္နဲ႔ စကားႏုိင္လုမေနနဲ႔ ၊ သူမရဲ႕ခုိးေၾကာင္ခုိးဝွက္ တုိက္ခုိက္မႈေၾကာင့္ ငါတုိ႔ကုိ ဒဏ္ရာ ရေစခဲ့တာ”

မုတ္ဆိတ္ေမြးနဲ႔လူက အံႀကိတ္ရင္း ေျပာရွာတယ္။

“ဒီမိန္းမကုိ အတူတူတုိက္ခုိက္ျပီး ဖမ္းမယ္”

“ဟား…”

သူ စကားေျပာလုိ႔ျပီးခ်ိ္န္မွာ ေလွာင္ရယ္သံက သူတုိ႔ေဘးမွ ထြက္ေပၚလာခဲ့တယ္။

လင္းေလာ့ပုိင္လည္း ခ်စ္ဖုိ႔ေကာင္းတဲ့ သူမရဲ႕မ်က္ႏွာေလးကုိ ေမာ့လုိက္ျပီး ဟားတုိက္ရယ္ေမာလုိက္တယ္။ သူမရဲ႕ မည္းနက္ ရႊန္းလဲ့ေသာ မ်က္ဝန္းမ်ားက ယုံၾကည္ခ်က္ အလင္းတန္းမ်ားျဖင့္ ေတာက္ပေနခဲ့တယ္။

“နင္တုိ႔က ငါ့ဆရာကုိ ဖမ္းခ်င္ေသးတယ္ေပါ့… ငါ့ဆရာက နင္တုိ႔လုိ လူမ်ိဳးေတြနဲ႔ ယွဥ္တုိက္စရာ မလုိအပ္ဘူး… ဆရာအစား ငါက နင္တုိ႔နဲ႔ စာရင္းရွင္းမယ္”

“လူပါးဝလုိက္တာ”

မုတ္ဆိတ္ေမြးနဲ႔လူက ေထ့ေငါ့လုိက္ျပီး လင္းေလာပုိင္ကုိ လ်င္ျမန္စြာ တုိက္ခုိက္တယ္။ ေတာခုတ္ဓားက သူ႕လက္ထဲ ရုတ္တရက္ ေပၚလာျပီး သူမရွိရာ တဟုန္ထုိး ေျပးသြားလုိက္တယ္။

ဗုိင္း

ဓားက ေျမေပၚမွာ အေျခစုိက္သြားျပီး ညစ္ေပကုန္တယ္။ ဒါေပမဲ့လည္း သူ … သက္ျပင္းမခ်ခင္မွာ သူခႏၶာကုိယ္ တစ္ကုိယ္လုံး မလႈပ္မယွက္ႏုိင္ ျဖစ္သြားတယ္။

ညစ္ေတးေနေသာ သူ႕လက္ထဲက ဓားကုိ လင္းေလာပုိင္ကလည္း လုယူဖုိ႔ ႀကိဳးစားတယ္။  ေသြးစီးေၾကာင္းမ်ားက သူမလက္ေမာင္းမွာ တစ္စက္ခ်င္း က်ဆင္းေနေသာ္လည္း သူမက သတိထားမိပုံ မရေပ။ သူမက ျပံဳးျမဲ ျပံဳးေနတယ္။ ေနေရာင္ေအာက္မွာ ေတာက္ပ ေနေသာ ပန္းပြင့္ေလး တစ္ပြင့္လုိေပါ့။

“ရွင္တုိ႔လုိ လူေတြကုိ ငါ့ဆရာက တုိက္ခုိက္ေနစရာ မလုိဘူး… ငါတစ္ေယာက္တည္းနဲ႔ လုံေလာက္တယ္လုိ႔ ငါေျပာျပီးသားပါ”

လင္းေလာပုိင္အတြက္ေတာ့ သူမရဲ႕ဆရာကုိ ဒီလူေတြနဲ႔ တုိက္ခုိက္ဖုိ႔ ခြင့္ျပဳလုိက္ရင္ ဒီလူေတြက သူမရဲ႕လက္ကုိ ညစ္ပတ္ေစလိမ့္မယ္။ သူမရဲ႕ တပည့္တစ္ေယာက္အေနနဲ႔ လင္းေလာပုိင္မွာ ဒီလူယုတ္မာေတြကုိ ရင္ဆုိင္ဖုိ႔ တာဝန္ရွိတယ္။ ဒီျပင္… ဒီလူေတြက သူမဆရာကုိ ေစာ္ကားေမာ္ကား ေျပာဆုိခဲ့တယ္။ ဒီအခ်က္ တစ္ခ်က္တည္းနဲ႔တင္ ဒီလူေတြကုိ ခြင့္ျပဳဖုိ႔ မျဖစ္ႏုိ္င္ေတာ့ဘူး။

Chapter-546

End

အပုိင္း(၅၄၇)

နင္တုိ႔ သူေဌးနဲ႔ ေတြ႕ခ်င္တယ္

မုတ္ဆိတ္ေမြးနဲ႔ လူရဲ႕အၾကည့္က ဓားသြားကုိ ကုိင္ထားတဲ့ လင္းေလာပုိင္ရဲ႕လက္ေပၚ က်ေရာက္လာခဲ့တယ္။ သူ႔မ်က္လုံးမွာ ေၾကာက္လန္႔မႈမ်ား ေပၚလြင္လာခဲ့ျပီး သူ႔ေရွ႕က ခ်စ္ဖုိ႔ေကာင္းတဲ့ မိန္းကေလးရဲ႕ မ်က္ႏွာကုိ မၾကည့္ခင္မွာ သူ႔ေဒါသစိတ္မ်ားကုိ သိမ္းဆည္းထားလုိက္တယ္။

“မင္း…”

လင္းေလာကပုိင္ရဲ႕ေျခေထာက္က သူ႔ရင္ဘတ္ေပၚ ခပ္ၾကမ္းၾကမ္း မက်ေရာက္လာခင္ သူ႕မွာ အားေစးမိေနခဲ့တယ္။

“လူတစ္ေယာက္ကုိ ကန္ေက်ာက္ရတာ ေက်နပ္ဖုိ႔ေကာင္းလုိက္တာေနာ္.. ဒီခံစားခ်က္ကုိ  ပုိျပီး မွတ္မိေနေအာင္ ရွင့္ကုိ ပုိျပီး ကန္ေက်ာက္ရမယ္”

ဒီစကားကုိေျပာျပီးတာနဲ႔ လင္းေလာပုိင္က သူ႕ေရွ႕က လူကုိ မညွာမတာ ကန္တယ္။ ဒါက တစ္ဖက္သတ္ ရုိက္ႏွက္ေနျခင္းပဲ။

ေရွာင္မုိလည္း ယွဥ္မရေအာင္ ရဲရင့္ျပီး အားေကာင္းတဲ့ လင္းေလာပုိင္ကုိ မွင္တက္စြာ ၾကည့္ေနလုိက္တယ္။ ေၾကာက္လန္႔မႈမ်ားကုိ ေျဖသိမ့္လုိက္တယ္။ သူ မသိစိတ္နဲ႔ ယြမ္ေလာ့ဖုန္းေနာက္သုိ႔ ေျခလွမ္းဆုတ္လုိက္ျပီး တုိးတိုးေလး ေျပာလုိက္တယ္။

“သခင္… ကြ်န္ေတာ္… နတ္ဘုရားလွ်ိဳ႕ဝွက္နယ္ေျမထဲ ျပန္ခ်င္တယ္”

ဒီအခ်ိန္ေတာအတြင္း သူက လွ်ိဳ႕ဝွက္နယ္ေျမထဲ ညဘက္ဆုိဝင္ျပီး မနက္ဘက္ဆုိ ျပန္ထြက္လာေလ့ရွိပါတယ္။ ဒါေၾကာင့္လည္း လင္းေလာပုိင္ သံသယ မဝင္တာေပါ့။ အခုေတာ့ မိန္းမဆုိးရဲ႕ ညွဥ္းပန္းမႈကုိ မခံရဖုိ႔ လွ်ိဳ႕ဝွက္နယ္ေျမထဲက ဘယ္ေတာ့မွ မထြက္ေတာ့ပါဘူးလုိ႔ က်ိန္ဆုိေနျပီ။

ယြမ္ေလာ့ဖုန္းလည္း သူ႕ကုိ ဖ်တ္ခနဲၾကည့္လုိက္ျပီ

“ဒီမွာ ေနခ်င္ခဲ့တာ နင္ မဟုတ္ဘူးလား..အရင္ကဆုိ လွ်ိဳ႕ဝွက္နယ္ေျမထဲ မျပန္ခ်င္ခဲ့ဘူးမလား”

“ကြ်န္ေတာ္ မသိဘူး.. အခုခ်က္ခ်င္း ျပန္ခ်င္တယ္… ဒီမိန္းမ မထြက္သြားသ၍ ျပန္ထြက္မလာေတာ့ဘူး”

ေရွာင္မုိလည္း လင္းေလာပုိင္လည္း စူးစူးရဲရဲၾကည့္လုိက္ျပီး ယြမ္ေလာ့ဖုန္း သတိမထားမိခ်ိန္… နယ္ေျမထဲ တဟုန္ထုိး ေျပးဝင္သြားခဲ့တယ္။ ခဏေတာ့ သူ ေပ်ာက္ကြယ္သြားဖို႔ ေမ်ွာ္လင့္မိပါရဲ႕။ ဒါမွလည္း လင္းေလာပုိင္က သူ႕ရဲ႕ တည္ရွိမႈကုိ ေမ့ေလ်ာ့သြားမွာ…။

ကံဆုိးစြာနဲ႔ သူက လင္းေလာပုိင္ရဲ႕ ဆုံးျဖတ္ခ်က္ကုိ အထင္ေသးမိတာပဲ။ သူ႕ကုိ ဇနီးတစ္ေယာက္ အျဖစ္ ယူဖို႔ လင္းေလာပုိင္က ဆုံးျဖတ္ျပီးရင္ ဘယ္ေတာ့မွ ေမ့မွာ မဟုတ္ဘူး။

“အမ်ိဳးသမီး စစ္သည္ေတာ္… ငါတုိ႔ကုိ ညွာတာေပးပါ… ဒီလူေတြက ကန္းေနခဲ့လုိ႔ပါ… သနားညွာတာေပးဖို႔ ေတာင္းပန္ပါတယ္”

ယြမ္ေလာဖုန္းတစ္ေယာက္ စဥ္းစားခန္း ဝင္ေနခ်ိန္မွာ မုတ္ဆိတ္ေမြးနဲ႔လူရဲ႕ တုန္တုန္ရီရီ ေတာင္းပန္သံကုိ ေရွ႕မွ ၾကားလုိက္ရတယ္။ လင္းေလာပုိင္က ပထမဆုံးေတြ႔တဲ့ လူယုတ္မာကုိ တက္နင္းေနတယ္။ ေမာက္မာေသာ သူမမ်က္ႏွာကုိ ေမာ့ထားျပီး သူမေျခေထာက္ေအာက္က ဒဏ္ရာ ဒဏ္ခ်က္မ်ားနဲ႔ လူကုိ အထင္ျမင္ေသးစြာ ၾကည့္လိုက္တယ္။

“ေစာနကေတာ့ ရွင္… ကြ်န္မရဲ႕ဆရာကုိ ေစာ္ကားေမာ္ကား ေျပာဆုိခဲ့တယ္မလား”

လင္းေလာပုိ္င္လည္း သေရာ္လုိက္တယ္။

“အက်ိဳးဆက္ကုိ ေတြးမိခဲ့လား… ရွင္တုိ႔ကုိယ္ ရွင္တုိ႔ ဘာထင္ေနလဲ… ညွာတာေပးရမယ္ဆုိေတာ့… အခြင့္အေရးတစ္ခုကုိေတာ့ ေပးခ်င္ပါတယ္… ရွင့္လွ်ာကုိ ျဖတ္လုိက္မယ္ဆုိရင္ ရွင္တုိ႔ရဲ႕ေခြးဘဝကုိ သနားညွာတာေပးမယ္”

မုတ္ဆိတ္ေမြးနဲ႔လူရဲ႕ မ်က္ႏွာက ရုတ္ျခည္း ေျပာင္းလဲသြားခဲ့တယ္။

“ေကာင္မစုတ္ေလး…တရားမလြန္နဲ႔… မင္း…”

ဗုိင္း…

သူ စကားေျပာလုိ႔ မျပီးခင္မွာ လင္းေလာပုိင္ရဲ႕ ေျခေထာက္က သူ႔ခႏၶာကုိယ္ေပၚ အညွာအတာ ကင္းမဲ့စြာ က်ေရာက္လာခဲ့တယ္။ သူေျပာခ်င္တဲ့ စကားအားလုံးကုိ တားဆီးသြားခဲ့တယ္။ ငိုသံ တအီအီျပဳရုံသာ တတ္ႏုိ္င္ေတာ့တယ္။

“ေရွာင္ပုိင္…”

ယြမ္ေလာ့ဖုန္းလည္း သူမရဲ႕ အျပဳအမူကုိ ရပ္တန္႔ေစခဲ့ျပီး ထုိလူအနား ျဖည္းျဖည္းခ်င္း ေလ်ွာက္လွမ္းလာခဲ့တယ္။

“ရွင္တုိ႔ သူေဌးနဲ႔ ေတြ႔ဖုိ႔ ေခၚသြားေပး”

ယြမ္ေလာ့ဖုန္းရဲ႕စကားေၾကာင့္ လင္းေလာပုိ္င္က သူ႔ေျခေထာက္ကုိ မလႈပ္ေတာ့ဘူး…ဒီလူေတြ စကားေျပခြင့္ ေပးထားလုိက္တယ္။ သူ႔မ်က္ႏွာမွာ သိသာထင္ရွားတဲ့ဖိနပ္ရာ ရွိေနခဲ့တယ္။ သူ႔ပါးစပ္ကလည္း ဖူးေယာင္ေနခဲ့တယ္။ လင္းေလာပုိင္ အားဘယ္ေလာက္ သုံးလုိက္လုိက္လည္းဆုိတာ ထင္ရွားေစတယ္။

“ငါတုိ႔ သူေဌးက နင္တုိ႔ အလြယ္တကူ ေတြ႕လုိ႔ ရတဲ့သူ မဟုတ္ဘူး”

ဒီလူေတြက သူေတာင္းပန္လည္း မညွာတာေသာေၾကာင့္ သူ႔အသံက ပုိ ခက္ထန္လာခဲ့ေသာ္လည္း သူ႔မ်က္ဝန္းမွ အေၾကာက္တရားကေတာ့ မေလ်ာ့သြားတဲ့အျပင္ ပုိပုိျပီး တုိးလာရတယ္။

“အဲ့လုိလား”

ယြမ္ေလာ့ဖုန္းရဲ႕ ႏႈတ္ခမ္းေထာင့္မ်ားက ျမင့္တက္သြားျပီး မာယာမ်ားေသာ အျပံဳးတစ္ပြင့္ကုိ ဖန္ဆင္းလုိက္တယ္။ သူမရဲ႕ အျပံဳးက ငရဲျပည္က မိစာၦတစ္ေကာင္နဲ႔ ဆင္တူတယ္။ မင္း သတိမထားဘူးဆုိရင္ ငရဲကုိ အခ်ိ္န္မေရြး ဆြဲေခၚသြားႏိုင္တယ္။

Chapter-547

End

စာစဥ္၂၃

အပုိင္း(၅၄၈)

ထ်န္းယြီ (၁)

“ေရွာင္ပုိင္”

ဆက္မေျပာခင္မွာ ေကာင္မေလးက ခဏေတာ့ ရပ္တန္႔လုိက္တယ္။

“ဒီလူႀကီးက  ကာမရာဂစိတ္ ျပင္းလြန္းတယ္ … ျပစ္ဒဏ္အေနနဲ႔ ဒီလူကုိ မိန္းမစုိး ဘဝေျပာင္းမယ္”

ဒီစကားကုိၾကားေတာ့ မုတ္ဆိတ္ေမြးနဲ႔လူရဲ႕မ်က္ႏွာက မ်က္စိတစ္မွတ္အတြင္း ခ်က္ခ်င္း  ေၾကာက္ခမန္းလိလိ ျဖဴေဖြးသြားတယ္။ ေျမႀကီးေပၚမွ ကုန္းရုန္းတကာ ေနာက္သုိ႔ လန္သြားရတယ္။

“ငါ့အနား မလာနဲ႔… မဟုတ္ရင္ေတာ့…”

“အဲ့ေတာ့ ဘာျဖစ္လဲ”

မိန္းမပ်ိဳေလးရဲ႕ မ်က္ဝန္းမ်ားက ေမွးက်ဥ္းသြားျပီး   ဆုိးယုတ္စြာ ဟားတုိက္ ရယ္ေမာလုိက္တယ္။

“အကူအညီ ေအာ္ေတာင္းခ်င္ေသးလား… အဆုတ္ကြဲေအာင္ ေအာ္လည္း ရွင့္ကုိ ကယ္ဖုိ႔ ဘယ္သူမွ လာမွာ မဟုတ္”

ယြမ္ေလာ့ဖုန္းရဲ႕ မ်က္ႏွာေပၚက ဆုိးယုတ္ေသာ အျပံဳးကုိ ျမင္ရေတာ့ လင္းေလာပုိင္လည္း သူမရဲ႕လက္ကုိ ပြတ္သပ္ကာ မုတ္ဆိတ္ေမြးနဲ႔ လူရွိရာ ေလ်ွွာက္လွမ္းလာခဲ့တယ္။ ေယာက်္ား စစ္စစ္ တစ္ေယာက္က မိန္းမစုိး ျဖစ္သြားခဲ့ရင္ေတာ့ သူ ဘယ္လုိမ်ိဳး အသက္ရွင္ ရပ္တည္ရေတာ့မလဲ။ သူ႔မွာ ဂုဏ္ယူဖြယ္ရာ ပကတိ္ အေျခအေန မျဖစ္ႏုိင္ေတာ့ဘူး။ ထို႔အခါမွ သူ႔ေဘးနားက ျဖဴဖပ္ျဖဴေရာ္နဲ႔ လူက ရုတ္တရက္ စကားစေျပာလာခဲ့တယ္။

“သူေဌးဆီ ငါ ေခၚသြားေပးမယ္”

“ညီေလး”

မုတ္ဆိတ္ေမြးနဲ႔လူရဲ႕ မ်က္ႏွာထားက ခ်က္ခ်င္း ေျပာင္းလဲသြားေတာ့တယ္။

“ငါတုိ႔ သူစိမ္းတစ္ေယာက္ကုိ ေခၚလာတာ သူေဌးသိရင္ သူ ေသခ်ာေပါက္ ေဒါသထြက္မွာေနာ္”

“ငါတို႔မွာ ေရြးခ်ယ္စရာ မရွိဘူး…လက္ခံမွ ရမယ္”

ျဖဴဖပ္ျဖဴေရာ္နဲ႔လူက ေခါင္းကုိ တြင္တြင္ခါေနတယ္။

ငါတုိ႔ သေဘာမတူလည္း သူမက တျခားနည္းလမ္းရွာျပီး သူေဌးကုိ ေတြ႔မွာပဲ ဒီလုိဆုိေတာ့လည္း ေခၚသြားလုိ္က္တာ ပုိေကာင္းပါတယ္ သူေဌးက တစ္ေယာက္ေယာက္ကုိ အျပစ္တင္မယ္ဆုိရင္ ဒီအျပစ္ကုိ ငါ ခံယူမယ္ ငါ တာဝန္ယူတယ္”

မုတ္ဆိတ္ေမြးနဲ႔လူက ဘာစကားမွ ဆက္မေျပာေတာ့ဘူး။ သူ႕လက္သီးကုိ က်စ္ေနေအာင္ ဆုပ္ကုိင္ထားရင္း သူ႕ရင္ထဲက ေဒါသစိတ္ကုိသာ ေဖာ္ျပေနတယ္။ ေနာက္ဆုံးေတာ့ သူလည္း အသက္ခပ္ျပင္းျပင္းရႈိက္လုိက္ေတာ့ ေဖာင္းပြေနတဲ့ သူ႔မ်က္ႏွာက မလုိမုန္းထားမႈကုိ ေဖာ္ျပေနေလရဲ႕။

“ငါတုိ႔ သူေဌးက မင္း ရန္စလုိ႔ ရတဲ့လူ မဟုတ္ဘူး ၊ မင္းက ဒီေလာက္အထိ ေသခ်င္ေနေတာ့လည္း ငါက ကူညီေပးရတာေပါ့”

ဒီစကားကုိ ေျပာျပီးေနာက္ ဟြမ္ခြ်မ္ျမိဳ႕ တံခါးကုိ ေက်ာခုိင္း မထြက္ခြာခင္ ယြမ္ေလာ့ဖုန္းကုိ စူးစူးရဲရဲ ၾကည့္လုိက္တယ္။

ဂုိဏ္းေပါင္းမ်ားစြာ ဟြမ္ခြ်မ္ျမိဳ႕မွာ ေရာယွက္ေနထုိင္တယ္။ သူတို႔အားလုံး ဦးတည္သြားေနတာက ၁၁အဆင့္ရွိတဲ့ ငွက္ဆုိးႀကီး ဂုိဏ္း

သူတို႔က ၁၁ေနရာမွာ ရွိေသာ္လည္း ငွက္ဆုိးႀကီးဂုိဏ္းရဲ႕ အင္အားကုိ အထင္ေသးလုိ႔ေတာ့ မရေပ။ ဂုိဏ္းေခါင္းေဆာင္က ေကာင္းကင္ဘုံအဆင့္ အတားအဆီးကုိ ျဖတ္ေက်ာ္ထားျပီးသားပါ။ ဒါေၾကာင့္လည္း  ဂုိဏ္းကို ထိပ္တန္း အာဏာရွင္ ၁၀ေယာက္နဲ႔ တန္းတူျမင္ေနတာေပါ့။

…..

ထုိအခ်ိန္ ေကာင္းကင္သုိင္းစံအိမ္ေတာ္… ငွက္ဆုိးႀကီး ဂုိဏ္းနဲ႔ သိပ္မေဝးကြာတဲ့ တစ္ေနရာေပါ့။ အဘုိးအုိ တစ္ေယာက္က ေခါင္းေဆာင္ ထုိင္ခုံမွာ ထုိင္ကာ လက္ဖက္ရည္ၾကမ္းကုိ ေအးေအးလူလူ ေသာက္ေနခဲ့တယ္။ ထုိ႔ေနာက္ အေစခံတစ္ေယာက္ အလ်င္စလုိ ဝင္ေရာက္လာျပီး ရုိေသေလးစားစြာ ဂါရဝျပဳတယ္။

“သခင္… ထ်န္းယြီလုိ႔ ေျပာတဲ့ ေယာက်္ားတစ္ေယာက္ လာလည္ေနပါတယ္”

“ထ်န္းယြီ”

အဘုိးအုိက ဘယ္သူလည္းဆုိတာ ျပန္ေတြးေတာရင္း မ်က္ေမွာင္ၾကဳတ္လုိက္တယ္။

“သူက ဒီကုိ ဘာလုိ႔လာတာလဲ… ငါက ထ်န္းမိသားစုနဲ႔ မပတ္သတ္ခ်င္ဘူးလုိ႔ ေျပာထားျပီးသားပါ… သူတို႔ ထ်န္းမိသားစု တစ္ေယာက္ တစ္ေလကုိမွ မေတြ႕ခ်င္ဘူး”

အေစခံလည္း စိတ္မရွည္ျဖစ္ေနတဲ့ အႀကီးအကဲရဲ႕ မ်က္ႏွာရိပ္ မ်က္ႏွာကဲကုိ ၾကည့္ကာ ျပန္ေျပာလုိက္တယ္။

“သခင္… သခင္ေလးထ်န္းယြီက စာပုိ႔ခုိင္းလုိက္ပါတယ္ သူေျပာတာေတာ့ ထ်န္းမိသားစု တစ္စုက သတ္ျဖတ္ခံရတယ္တဲ့”

ဗုိင္း

အဘုိးအုိရဲ႕လက္က တုန္ရီေနျပီး သူ႕လက္ထဲက လက္ဖက္ရည္ခြက္က ၾကမ္းျပင္ေပၚ ျပဳတ္က်သြားကာ အစိတ္စိတ္ အပုိင္းပုိင္း ျဖစ္သြားခဲ့တယ္။

ထုိ႔ေနာက္ သူလည္း ခ်က္ခ်င္း မတ္တတ္ ထရပ္လုိက္ျပီး လက္သီးကုိ က်စ္ေနေအာင္ ဆုပ္ထားလုိက္တယ္။ သူ႔နဖူးမွာ ေသြးျပန္ေၾကာမ်ားကုိ အတုိင္းသား ျမင္ေနရတယ္။

“မင္း ဘာေျပာလုိက္တယ္…ထ်န္းမိသားစုတစ္စုလုံး သတ္ခံရတယ္… ဟုတ္လား… ျမန္ျမန္…သြားေျပာ… ထ်န္းယြီကုိ ျမန္ျမန္ ဝင္ခြင့္ျပဳလုိက္စမ္း… ဘာျဖစ္တာလဲဆုိတာ ငါသိရမွ ျဖစ္မယ္”

လြန္ခဲ့ေသာ ၁၀စုႏွစ္ေက်ာ္က သူ႔စကားကုိ နားမေထာင္ဘဲ သူ႕သမီးက ထ်န္းမိသားစုဝင္နဲ႔ အတင္း လက္ထပ္ယူသြားခဲ့တယ္။ သူလည္း သူ႔သမီးေလးနဲ႔ အဆက္သြယ္အားလုံး ျဖတ္ေတာက္ခဲ့တယ္။ သူ႔ေျမးေလးကုိ သူ မခ်စ္ခင္ခဲ့ဘူး။ ဒါေၾကာင့္လည္း သူတုိ႕အားလုံးနဲ႔ မေတြ႕တာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ျပီ။

ဒါေပမဲ့လည္း ထ်န္းမိသားစု ဒီလုိမ်ိဳး အဆုံးသတ္မယ္လုိ႔ေတာ့ မထင္ခဲ့မိဘူး။

အဘုိးအုိရဲ႕ခႏၶာကိုယ္က အားအင္ခ်ည့္နဲ႔လာရျပီး ကုလားထုိင္ေပၚ လဲက်သြားခဲ့တယ္။ သူ႔မွာ ႏွလုံးသား ကြဲေၾကမတတ္ နာက်င္ရျပီး သူ႕အက်ႍစကုိ တင္းက်ပ္ေနေအာင္ ဆုပ္ကုိင္ထားတယ္။

Chapter-548

End

Unicode

544+545
အပိုင်း(၅၄၄)

သူလေးကို လက်ထပ်ချင်တယ်

ယွမ်လော့ဖုန်း ပြောမှာကို မစောင့်တော့ဘဲ ဘေးမှာ ရပ်နေတဲ့ ချင်ယန်တစ်ယောက် ဝင်ပြောတော့တယ်။

“သူက ငါ့သခင်မလေးရဲ့ သားလေး”

မိုးကြိုးပစ်ခံရသလို ထျန်းရာ နဲ့ လင်းလောပိုင်တို့ နှစ်ယောက်စလုံး ချက်ချင်း တအံ့တသြ ဖြစ်သွားရတယ်။

ယွမ်လော့ဖုန်းမှာ တကယ်ပဲ သားရှိတာလား။

သားကလည်း ဒီအရွယ်တောင် ရောက်နေပြီလား။ အမလေး…အမလေး… ယုံချင်စရာ မကောင်းလိုက်တာနော်။

ထျန်းရာလည်း ယွမ်လော့ဖုန်းကို မနာလိုစိတ်နဲ့ ကြည့်လိုက်တယ်။

“ငါ့အသက်က မြေကြီးထဲ တစ်ဝက်လောက်ရောက်နေပြီ မိန်းမတစ်ယောက်မှ မရသေးဘူး… မင်းကျတော့ အသက်၁၅နှစ်တည်း ရှိသေးတယ် ကလေး တစ်ယောက်တောင် ရနေပြီလားဟေ”

လင်းလောပိုင်လည်း မျက်လုံးလေး ပင့်ကာ ကြည့်လိုက်တယ်။ သူမလက်လေးကို ရှောင်မိုရဲ့ ပါးပြင်လေး ဖြစ်ညှစ်လိုက်တယ်။ သူမရဲ့ ကလေးမျက်နှာလေးမှာ အပြုံးပန်းများ ဝေဆာနေခဲ့တယ်။

“မောင်လေး…. မမလို့ ခေါ်ရမယ်နော်… လိမ္မာတယ်မလား”

ရှောင်မိုရဲ့မျက်နှာက ချက်ချင်း မည်းမှောင်သွားရတယ်။ သူ့လို အသက်ကြီးတဲ့လူတစ်ယောက်က ဘာမဟုတ်တဲ့ ကလေးမလေးကို မမလို့ ခေါ်ရမယ်…ဟုတ်လား။

ဒီကောင်မလေး… ငါ့ကို ကျီစယ်နေတာလား။

ဒီအကြောင်းကို တွေးရင်း ရှောင်မိုလည်း လင်းလောပိုင်ရဲ့လက်ကို ဖြတ်ရိုက်လိုက်ကာ ယွမ်လော့ဖုန်းနောက် ပုန်းနေလိုက်တယ်။ သူ့လက်လေးကတော့ သူမရဲ့အဝတ်စကို ကျစ်နေအောင် ဆုပ်ကိုင်ထားတာပေါ့။

“သခင……အမေတစ်ယောက်နဲ့ ငါ့မျက်နှာကို ထိလို့ရတယ်”

သူ့ရည်ရွယ်ချက်က လင်းလောပိုင် သူ့ကို ဆက်မနှောင့်ယှက်ဖို့…သူ့ရဲ့ အေးတိအေးစက် ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကို မြင်တော့ လင်းလောပိုင်ရဲ့ မျက်လုံးများ ပိုတောက်ပသွားတာကိုတော့ ဘယ်သူမှ မသိလိုက်ဘူး။

“ဆရာ… တပည့် သူလေးကို လက်ထပ်ချင်တယ်”

သူမစကားက ရုတ်တရက် မိုးကြိုးပစ်လိုက်သလို ရှောင်မိုကို မှင်တက်သွားစေတယ်။သူလည်း လင်းလောပိုင်ကို တအံ့တသြ ကြည့်နေလိုက်တယ်။ သူ့မှာ ကြောက်လွန်းလို့ စကားလည်း မပြောနိုင်တော့ဘူး။

ဒီလောကကြီးထဲမှာ ဒီလို အရှက်မဲ့တဲ့ အမျိုးသမီး ရှိရတာလဲ။

သူမနဲ့ ပထမဆုံးတွေ့ဖူးတဲ့ သူစိမ်း ယောကျ်ားလေး တစ်ယောက်ကို လက်ထပ်ချင်တယ်လို့ ပြောရဲတယ်။ အံ့ပါဟယ်…

မိန်းကလေးတစ်ယောက်က လက်ထပ်ချင်ပါတယ်လို့ မပြောသင့်ဘူး…။ယောကျ်ားလေးဘက်က လက်ထပ်ချင်ပါတယ် မပြောဘဲ… လက်ထပ်ခြင်းဆိုတာ ဖြစ်လာစရာ အကြောင်းမရှိဘူး။

ဒါပေမဲ့ သခင်ဘက်ကတော့ သေချာပေါက် သဘောမတူလောက်ဘူး။

ရှောင်မိုရဲ့နှလုံးသားမှာ အတွေးရေယာဉ် မျောပါနေရတယ်။သူလည်း ကျေနပ် ပီတိ ဖြစ်စွာ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကို မော့ကာ လင်းလောပိုင်ကို အထင်မြင်သေးစွာ ကြည့်လိုက်တယ်။

“လက်ခံတယ်”

ရှောင်မိုတစ်ယောက် သူ့ကိုယ်သူ အထင်ကြီး ဘဝင်ခိုက်နေစဉ် ယွမ်လော့ဖုန်းက ဒီစကားကို ဖြည်းဖြည်းချင်း ပြောလာခဲ့တယ်။

အခုတော့ ရှောင်မိုရဲ့နှလုံးသားလေး တစ်စစီ ကြေမွရပါပြီ။ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးမှာ မျက်ရည်စီးကြောင်းနှစ်ခု ဖန်ဆင်းလာတော့တယ်။ သူ့ရဲ့ ကြီးမား တောက်ပသော မျက်ဝန်းတစ်စုံက မယုံကြည်နိုင်လွန်းလို့ မျက်တောင် တဖျတ်ဖျတ်ခတ်နေခဲ့တယ်။ သခင်က သူ့ကို ဒီလိုမျိုး ရောင်းစားမယ်လို့ မထင်ခဲ့မိပါဘူး။

“သခင်မလေး”

ချင်ယန်မှာ ဆက်ပြီးတော့ သည်းမခံနိုင်တော့ဘူး။

“သခင်လေးက အသက်၅နှစ်တည်း ရှိပါသေးတယ်… ဒီကိစ္စကို ဆုံးဖြတ်ဖို့ စောလွန်းပါတယ်… သူ အရွယ်ရောက်တဲ့အထိ စောင့်ဆိုင်းတာ ပိုကောင်းပါမယ်”

“မေမေ… သူပြောတာ မှန်တယ်”

ရှောင်မိုလည်း ချက်ချင်း အသိပြန်ဝင်လာပြီး ယွမ်လော့ဖုန်းရဲ့အဝတ်စကို ဆွဲကာ မာန်ပါပါ ပြောရှာတယ်။

“သားက အသက်၅နှစ်တည်းရှိသေးတဲ့ ကလေးပါနော် သားတို့နှစ်ယောက်ကြား အသက်အရမ်းကွာလွန်းတယ်… မလိုက်ဖက်ပါဘူး”

ယွမ်လော့ဖုန်းလည်း အသာလေး မျက်ခုံးပင့်လိုက်ပြီး

“ကလေး သတိုးသမီး မဖြစ်တာ သားလေးအတွက် ကံကောင်းတယ် မှတ်လိုက်… အချစ်စစ်မှာ အသက်အရွယ်က ပြဿနာ မဟုတ်ဘူး”

“မရပါဘူး… မေမေ… ဒီလို ရက်စက်လို့ မရဘူး၊ သားကို ဒီမိန်းမလက်ထဲ ထိုးထည့်မလို့လား”

သူ့အသက်က ရာစုနှစ်ပေါင်းများစွာ ရှိနေသော်လည်း အပြင်ပုံပန်းက အသက်၅နှစ်အရွယ်တည်း ရှိသေးတယ်။ သူက အရွယ်မရောက်နိုင်ဘူး… ဒါကြောင့် ဘာလို့ လက်ထပ်ရမလဲ…။

“ရှောင်မို”

ယွမ်လော့ဖုန်း တစ်ယောက် နှုတ်ခမ်း ပါးစပ် တတ်ချိတ်မတတ် ပြုံးနေလေရဲ့။

“နင် ငါ့ကို တစ်ခါ ကလိမ်ကျထားတော့ ငါလည်း ပြန်လက်စားချေရတာပေါ့… ဒါကြောင့် အခုကစပြီ နင်က ရှောင်ပိုင်ရဲ့ ဇနီးဖြစ်ရမယ်”

Chapter-544

End

အပိုင်း(၅၄၅)

ကူရာမဲ့ ရှောင်မို

ရှောင်မိုက သဘောမတူကြောင်း ဆက်ငြင်းချင်သော်လည်း ယွမ်လော့ဖုန်းရဲ့နောက်ဘက်မှ လက်တစ်ဖက်ပေါ်လာပြီး သူ့ကို ဆွဲခေါ်သွားတယ်။ သူ့ကို လေထဲမှာ တွဲလဲဆွဲထားလေတော့….။

“မိန်းမယုတ်… ငါ့ကို လွှတ်စမ်း”

သူ့နောက်က လူက ဘယ်သူမှန်း ရှောင်မို အာရုံခံမိတာကြောင့် ဒေါသထွက်လွန်းလို့ တုန်ရီလာရတယ်။ လင်းလောပိုင်လက်ထဲမှာ သူလည်း ဆက်လက် ရုန်းထွက်ဖို့ ကြိုးစားနေခဲ့တယ်။

“ဆရာက နင့်ကို  ပေးထားပြီးသား… နင် ငါ့အတွက်ပဲ ဖြစ်ရမယ်”

လင်းလောပိုင်လည်း သူမရဲ့ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကိုမော့ကာ အပြုံးကို ဖြန့်ကျက်လိုက်တယ်။

“အခုကစပြီးတော့ နင်က ငါ့ဇနီးပဲ”

ရှောင်မိုကတော့ မဲ့ရွဲ့ ရှုံ့တွနေပြီး ယွမ်လော့ဖုန်းကို မယုံကြည်နိုင်စွာ  စိန်းစိန်းဝါးဝါး ကြည့်နေခဲ့တယ်။ သူ့မျက်နှာအမူအရာလေးက အစွန့်အပစ်ခံထားရတဲ့ သနားစရာ ကောင်းတဲ့ ခွေးလေးနဲ့တူနေတယ် ။ မြင်ရသူအပေါင်းရဲ့ နှလုံးသားကို နူးညံ့ပျော့ပျောင်းစေတယ်။

ဒါကိုမြင်တော့ ထျန်းရာမှာ ခေါင်းကို တိုင်နဲ့ ဆောင့်ပေးချင်လာတယ်။ သူ့မျက်လုံးများက မကျေချမ်းမှုများဖြင့် ပြည့်နှက်နေပြီး စိတ်ဆိုးမာန်ဆိုး ပြောတော့တယ်။

“ဒီလောကကြီးက တရားမျှတမှု မရှိဘူး ၅နှစ်အရွယ်ကလေးမှာတောင် သတိုးသမီးလောင်းရှိတယ်… ငါက အခုအထိ.. လူပျိုဘဝပဲ ရှိသေးတယ်”

ယွမ်လော့ဖုန်းရဲ့မျက်ဝန်းများက သူရှိရာ ကျရောက်လာခဲ့တယ်။

“ရှင်က ဒီကုန်းမြေစုမှာ အထူးခြားဆုံးလူပါ… ရှင် လူပျိုဘဝကို ဆုံးရှုံးချင်ရင် အလွယ်လေးပါ”

“မဟုတ်ဘူး”

ထျန်းရာက ခေါင်းမော့ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တယ်။

“ငါက ဖူရှန်ကို ရှာမတွေ့ခင်အထိ မေထုံအမှုကို ရှောင်ရှားမယ်”

သူ့အတွက်တော့ လူပျိုဖြစ်ရတာက ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စပါ။ သူ့ခန္ဓာကိုယ်နဲ့ သူ့နှလုံးသားကို သူချစ်ရတဲ့ မိန်းကလေးအတွက် ကာကွယ်ထားမှာပါ။ ဒီလောကကြီးထဲမှာ အချစ်ဦးကို မေ့နိုင်သူ ရှိလို့လား။

“နောက်ကျနေပြီ… ငါတို့တွေ ထွက်ခွာသင့်ပြီ…၊ လုံဖေး… ကျူံးလင်းအာကို ခေါ်ပြီး ချင်ယန်နဲ့အတူူတူ ယွမ်အိမ်တော်ပြန်ပြီး ငါ့ကို စောင့်နေ”

ယွမ်လော့ဖုန်းလည်း လင်းလောပိုင်ကို ဖျတ်ခနဲကြည့်ကာ မာယာများစွာ ပြုံးလိုက်တယ်။

“ရှောင်မိုကို နင့်လက်ထဲ အပ်ထားလိုက်မယ် ဒီခရီးစဉ်အတွင်း သူ့ကို လေ့ကျင်မှုပေးထားလိုက်”

“ဟုတ်ကဲ့ပါ…ဆရာ”

လင်းလောပိုင်လည်း ရိုသေလေးစားစွာ ပြန်ဖြေလိုက်တယ်။

သူ့လက်ထဲမှာ ဆော့ကစားခံနေရတဲ့ ရှောင်မိုရဲ့မျက်ဝန်းမှာတော့ ကယ်ရာမဲ့ခြင်းများဖြင့် တောက်ပနေခဲ့တယ်။ သူ့ရဲ့ သနားစရာကောင်းမယ့် အနာဂတ်ကို တွေးမိတိုင်း ရင်လေးလာရတယ်။

သူတို့ထွက်ခွာသွားတဲ့ အရိပ်ကို ငေးကြည့်ရင်း ထျန်းရာရဲ့အပြုံးက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားရတယ်။ သက်ပြင်းချကာ တစ်ယောက်တည်း တီတိုး စကားဆိုတော့တယ်။

“ယွမ်မိန်းကလေးကို ဟွမ်ချွမ် သွားခိုင်းမိတာ မှားလား မှန်လား မသိတော့ပါဘူးလေ သူမရဲ့ ဉာဏ်ရည်နဲ့ အရည်အချင်းနဲ့ ဆိုရင်တော့ အဲဒီနေရာမှာ သေချာပေါက် အောင်မြင်မှာပါ”

ဒီခရီးစဉ်က သူမအတွက်တော့ လေ့ကျင့်မှု တစ်ခုပဲ။

…..

ဟွမ်ချွမ် နယ်မြေက ဒီကုန်းမြေစုရဲ့ မြောက်ဘက်အခြမ်းမှာ တည်ရှိပြီး အလွန်အမင်း တန်ဖိုးရှိတဲ့ ဆေးမြစ်များ ပေါကြွယ်ဝတာကြောင့် မရေတွက်နိုင်လောက်အောင် များပြားတဲ့ ဂိုဏ်းများ အခြေစိုက်တယ်။ ကန့်သတ်ချက်ရှိတဲ့ အရင်းအမြစ်များကြောင့် မကြာခဏ တိုက်ပွဲများ ဖြစ်ကြတယ်။ အမြဲတစေ နယ်မြေလုကြ၊ သတ်ဖြတ်ကြတယ်။

ဒီနေရာမှာ အသက်ရှင်ဖို့က အခက်ခဲဆုံးပဲ…။ ယွမ်လော့ဖုန်းလည်း လင်းလောပိုင်နဲ့ ရှောင်မိုရဲ့လက်ကိုဆွဲကာ လမ်းအဆုံးအထိ လျှောက်လှမ်းလာခဲ့တယ်။ နောက်ဆုံးတော့ သူတို့တွေ ဟွမ်ချွမ်မြို့ထဲ ခြေလှမ်း စလှမ်းလာခဲ့တယ်။ လမ်းအဆုံးသို့ သူမ ရောက်ရှိချိန်မှာ သူမရှေ့က နေရောင်က ပိတ်ဆီးသွားခဲ့တယ်။ ချွေးနံဆိုးကို ခပ်ရေးရေး ရနေတယ်။

“မင်းကို ကြည့်ရတာ ဒီနေရာနဲ့ သိပ်ရင်းနှီး ကျွမ်းဝင်မှုမရှိဘူး… မင်းက ဟွမ်ချွမ်မြို့က မဟုတ်နိုင်ဘူး… ငါတို့မြို့ရဲ့ စည်းမျဉ်းကို သိရဲ့လား… ဟွမ်ချွမ်မြို့ထဲ ဝင်မယ်ဆိုရင် အမျိုးသမီးဆိုရင် ငါနဲ့ငါ့အစ်ကို ကို ပြုစုပေးရမယ်… ယောကျ်ားဆိုရင်တော့ ငါတို့ ပေါင်ခြံအောက်မှာ တွားသွားရမယ်… ဒါဆို… မင်း အခုစချင်ပြီလား...ဟား…”

ခပ်သြသြ အသံကို ယွမ်လော့ဖုန်း တစ်ယောက် အပေါ်မှ လာမှန်း သိလိုက်တယ်။ သူမ မော့လိုက်ပြီး သူမကို ကားဆီးထားတဲ့ လူနှစ်ယောက်ကို စူးရှသော မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။

“တခြားလမ်း ရှိသေးလား”

Chapter-545

End

546+547
အပိုင်း(၅၄၆)

ဟွမ်ချွမ်မြို့၏ ဂိုဏ်းများ

မိန်းကလေးရဲ့အသံကို အတော်ကို တည်ငြိမ်သော်လည်း ဒီညီအစ်ကို နှစ်ယောက်ရဲ့ နှလုံးခုန်နှုန်းကိုတော့ တိုးစေတယ်။

သူတို့နှစ်ယောက်က နှစ်ပေါင်းများစွာ မိန်းကလေး အများကြီးကို မြင်ဖူးခဲ့သော်လည်း ပြိုင်ဘက်ကင်းလှပတဲ့ ဒီလိုမိန်းကလေးမျိုးကိုတော့ မကြုံဖူးပါဘူး။ ဒီကောင်မလေးကို သူတို့ရဲ့ခန္ဓာကိုယ်အောက်မှာ ထားနိုင်ရင်ပျော်စရာကောင်းမှာတော့ သေချာတယ်။

“ဒါပေါ့ တခြားလမ်း ရှိတယ်”

မုတ်ဆိတ်မွေးနဲ့လူက နှုတ်ခမ်းထောင့်ကို လျှာနဲ့ သပ်လိုက်တယ်။

“ငါတို့နှစ်ယောက်ကို အနိုင်တိုက်ရမယ်… မင်းတို့ သုံးယောက်တည်းနဲ့ ငါတို့ကို ဆန့်ကျင်နိုင်မယ်လို့ ထင်နေတာလား”

မိန်းကလေး နှစ်ယောက်က တော်တော်ကို ငယ်ပါတယ်။ ပြီးတော့ အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးက သေချာပေါက်ကို ၁၅နှစ် မကျော်ဘူး။ ကလေးကတော့ ထည့်တွက်နေစရာကို မလိုဘူး။ ၅နှစ်အရွယ် ကလေးက ဘာလုပ်နိုင်မှာမို့လဲ။

“သြော်”

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ပြီး ဟန်ပါပါ ပြုံးလိုက်တယ်။

“ဒါဆို ကျွန်မက ဒုတိယလမ်းကို ရွေးတယ်”

ညီအစ်ကို နှစ်ယောက်လုံး ကြောင်အမ်းအမ်း ဖြစ်သွားရတယ်။ သတိပြန်မဝင်လာခင်မှာ ရုတ်ခြည်း မိန်းကလေးက သူတို့နောက်သို့ တဟုန်ထိုး ပြေးလာခဲ့တယ်။ ချိုမြသော ရနံ့က လေနဲ့အတူတူ မျောပါလာခဲ့တယ်။

ထို့နောက်…

သွေးစများ သူတို့လက်မောင်းမှ ပန်းထွက်လာခဲ့တယ်။

“အား..”

မုတ်ဆိတ်မွေးနဲ့လူက စူးစူးရှရှ အော်လိုက်ပြီး သွေးထွက်သွားတဲ့ သူ့လက်မောင်းကို ကျစ်နေအောင် ဆုပ်ကိုင်လိုက်တယ်။ သူ့မျက်နှာကတော့ အင်မတန် ဖြူဖျော့နေတာပေါ့။

သူ့ညီ ဖြစ်သူလည်း သူ့ထက် ပိုဆိုးရွားပါတယ်…။ သူ့မျက်နှာက အရောင်မဲ့နေခဲ့ပြီး လူလက်မောင်းမှ သွေးများ အဆက်မပြတ် ကျဆင်းနေခဲ့တယ်။ မြေကြီးပေါ်မှာ မြစ်တစ်စင်းကို လျင်မြန်စွာ ဖန်ဆင်းလိုက်တယ်။

“မင်းက ဘယ်သူလဲ…”

သူလည်း အံကြိတ်ရင်း အေးတိအေးစက် မေးလိုက်တယ်။

ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးကာ ကြည့်လိုက်တယ်။

“ဟွမ်ချွမ်မြို့ကို ပြောင်းပြန်လှန်မယ်လူလေ…”

သူမပြောတဲ့စကားကအရမ်းကို အထက်စီးဆန်လွန်းတယ်။ သူမပြောချင်တာက သူမရောက်လာလို့ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်မယ်ပေါ့။

“မင်း…”

ဖြူဖပ်ဖြူရော် မျက်နှာထားနဲ့လူက အမူအရာ ပြောင်းလဲသွားခဲ့ပြီး အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့တယ်။

“မင်းက ကိုယ့်ဘာသာ အထင်ကြီးလွန်းတယ်”

ဒီလူနှစ်ယောက်ကို ယှဉ်ကြည့်မယ်ဆိုရင် မုတ်ဆိတ်မွေးနဲ့လူက တည်ငြိမ်နေတုန်းပဲ ဒါပေမဲ့ သူ့ရဲ့အထင်မြင်သေးတဲ့စိတ်ကို နေ့ဘက်လို အတိုင်းသားတွေ့နေရတယ်။

“ဟွမ်ချွမ်မြို့တော်ကို ဂိုဏ်းပေါင်းစုံနဲ့ ဖွဲ့စည်းထားတာ ဒီနေရာမှာ မရေတွက်နိုင်လောက်အောင် များပြားတဲ့ ပညာရှင်တွေ ရှိနေတာ မင်းတစ်ယောက်တည်းနဲ့ မြို့ခေါင်းဆောင်ကို ပြောင်းလဲလို့ မရနိုင်ဘူး”

“ညီလေ… ဒီလို မိန်းမယုတ်နဲ့ စကားနိုင်လုမနေနဲ့ ၊ သူမရဲ့ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့် ငါတို့ကို ဒဏ်ရာ ရစေခဲ့တာ”

မုတ်ဆိတ်မွေးနဲ့လူက အံကြိတ်ရင်း ပြောရှာတယ်။

“ဒီမိန်းမကို အတူတူတိုက်ခိုက်ပြီး ဖမ်းမယ်”

“ဟား…”

သူ စကားပြောလို့ပြီးချိန်မှာ လှောင်ရယ်သံက သူတို့ဘေးမှ ထွက်ပေါ်လာခဲ့တယ်။

လင်းလော့ပိုင်လည်း ချစ်ဖို့ကောင်းတဲ့ သူမရဲ့မျက်နှာလေးကို မော့လိုက်ပြီး ဟားတိုက်ရယ်မောလိုက်တယ်။ သူမရဲ့ မည်းနက် ရွှန်းလဲ့သော မျက်ဝန်းများက ယုံကြည်ချက် အလင်းတန်းများဖြင့် တောက်ပနေခဲ့တယ်။

“နင်တို့က ငါ့ဆရာကို ဖမ်းချင်သေးတယ်ပေါ့… ငါ့ဆရာက နင်တို့လို လူမျိုးတွေနဲ့ ယှဉ်တိုက်စရာ မလိုအပ်ဘူး… ဆရာအစား ငါက နင်တို့နဲ့ စာရင်းရှင်းမယ်”

“လူပါးဝလိုက်တာ”

မုတ်ဆိတ်မွေးနဲ့လူက ထေ့ငေါ့လိုက်ပြီး လင်းလောပိုင်ကို လျင်မြန်စွာ တိုက်ခိုက်တယ်။ တောခုတ်ဓားက သူ့လက်ထဲ ရုတ်တရက် ပေါ်လာပြီး သူမရှိရာ တဟုန်ထိုး ပြေးသွားလိုက်တယ်။

ဗိုင်း

ဓားက မြေပေါ်မှာ အခြေစိုက်သွားပြီး ညစ်ပေကုန်တယ်။ ဒါပေမဲ့လည်း သူ … သက်ပြင်းမချခင်မှာ သူခန္ဓာကိုယ် တစ်ကိုယ်လုံး မလှုပ်မယှက်နိုင် ဖြစ်သွားတယ်။

ညစ်တေးနေသော သူ့လက်ထဲက ဓားကို လင်းလောပိုင်ကလည်း လုယူဖို့ ကြိုးစားတယ်။  သွေးစီးကြောင်းများက သူမလက်မောင်းမှာ တစ်စက်ချင်း ကျဆင်းနေသော်လည်း သူမက သတိထားမိပုံ မရပေ။ သူမက ပြုံးမြဲ ပြုံးနေတယ်။ နေရောင်အောက်မှာ တောက်ပ နေသော ပန်းပွင့်လေး တစ်ပွင့်လိုပေါ့။

“ရှင်တို့လို လူတွေကို ငါ့ဆရာက တိုက်ခိုက်နေစရာ မလိုဘူး… ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်လို့ ငါပြောပြီးသားပါ”

လင်းလောပိုင်အတွက်တော့ သူမရဲ့ဆရာကို ဒီလူတွေနဲ့ တိုက်ခိုက်ဖို့ ခွင့်ပြုလိုက်ရင် ဒီလူတွေက သူမရဲ့လက်ကို ညစ်ပတ်စေလိမ့်မယ်။ သူမရဲ့ တပည့်တစ်ယောက်အနေနဲ့ လင်းလောပိုင်မှာ ဒီလူယုတ်မာတွေကို ရင်ဆိုင်ဖို့ တာဝန်ရှိတယ်။ ဒီပြင်… ဒီလူတွေက သူမဆရာကို စော်ကားမော်ကား ပြောဆိုခဲ့တယ်။ ဒီအချက် တစ်ချက်တည်းနဲ့တင် ဒီလူတွေကို ခွင့်ပြုဖို့ မဖြစ်နိုင်တော့ဘူး။

Chapter-546

End

အပိုင်း(၅၄၇)

နင်တို့ သူဌေးနဲ့ တွေ့ချင်တယ်

မုတ်ဆိတ်မွေးနဲ့ လူရဲ့အကြည့်က ဓားသွားကို ကိုင်ထားတဲ့ လင်းလောပိုင်ရဲ့လက်ပေါ် ကျရောက်လာခဲ့တယ်။ သူ့မျက်လုံးမှာ ကြောက်လန့်မှုများ ပေါ်လွင်လာခဲ့ပြီး သူ့ရှေ့က ချစ်ဖို့ကောင်းတဲ့ မိန်းကလေးရဲ့ မျက်နှာကို မကြည့်ခင်မှာ သူ့ဒေါသစိတ်များကို သိမ်းဆည်းထားလိုက်တယ်။

“မင်း…”

လင်းလောကပိုင်ရဲ့ခြေထောက်က သူ့ရင်ဘတ်ပေါ် ခပ်ကြမ်းကြမ်း မကျရောက်လာခင် သူ့မှာ အားစေးမိနေခဲ့တယ်။

“လူတစ်ယောက်ကို ကန်ကျောက်ရတာ ကျေနပ်ဖို့ကောင်းလိုက်တာနော်.. ဒီခံစားချက်ကို  ပိုပြီး မှတ်မိနေအောင် ရှင့်ကို ပိုပြီး ကန်ကျောက်ရမယ်”

ဒီစကားကိုပြောပြီးတာနဲ့ လင်းလောပိုင်က သူ့ရှေ့က လူကို မညှာမတာ ကန်တယ်။ ဒါက တစ်ဖက်သတ် ရိုက်နှက်နေခြင်းပဲ။

ရှောင်မိုလည်း ယှဉ်မရအောင် ရဲရင့်ပြီး အားကောင်းတဲ့ လင်းလောပိုင်ကို မှင်တက်စွာ ကြည့်နေလိုက်တယ်။ ကြောက်လန့်မှုများကို ဖြေသိမ့်လိုက်တယ်။ သူ မသိစိတ်နဲ့ ယွမ်လော့ဖုန်းနောက်သို့ ခြေလှမ်းဆုတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

“သခင်… ကျွန်တော်… နတ်ဘုရားလျှို့ဝှက်နယ်မြေထဲ ပြန်ချင်တယ်”

ဒီအချိန်တောအတွင်း သူက လျှို့ဝှက်နယ်မြေထဲ ညဘက်ဆိုဝင်ပြီး မနက်ဘက်ဆို ပြန်ထွက်လာလေ့ရှိပါတယ်။ ဒါကြောင့်လည်း လင်းလောပိုင် သံသယ မဝင်တာပေါ့။ အခုတော့ မိန်းမဆိုးရဲ့ ညှဉ်းပန်းမှုကို မခံရဖို့ လျှို့ဝှက်နယ်မြေထဲက ဘယ်တော့မှ မထွက်တော့ပါဘူးလို့ ကျိန်ဆိုနေပြီ။

ယွမ်လော့ဖုန်းလည်း သူ့ကို ဖျတ်ခနဲကြည့်လိုက်ပြီ

“ဒီမှာ နေချင်ခဲ့တာ နင် မဟုတ်ဘူးလား..အရင်ကဆို လျှို့ဝှက်နယ်မြေထဲ မပြန်ချင်ခဲ့ဘူးမလား”

“ကျွန်တော် မသိဘူး.. အခုချက်ချင်း ပြန်ချင်တယ်… ဒီမိန်းမ မထွက်သွားသ၍ ပြန်ထွက်မလာတော့ဘူး”

ရှောင်မိုလည်း လင်းလောပိုင်လည်း စူးစူးရဲရဲကြည့်လိုက်ပြီး ယွမ်လော့ဖုန်း သတိမထားမိချိန်… နယ်မြေထဲ တဟုန်ထိုး ပြေးဝင်သွားခဲ့တယ်။ ခဏတော့ သူ ပျောက်ကွယ်သွားဖို့ မျှော်လင့်မိပါရဲ့။ ဒါမှလည်း လင်းလောပိုင်က သူ့ရဲ့ တည်ရှိမှုကို မေ့လျော့သွားမှာ…။

ကံဆိုးစွာနဲ့ သူက လင်းလောပိုင်ရဲ့ ဆုံးဖြတ်ချက်ကို အထင်သေးမိတာပဲ။ သူ့ကို ဇနီးတစ်ယောက် အဖြစ် ယူဖို့ လင်းလောပိုင်က ဆုံးဖြတ်ပြီးရင် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။

“အမျိုးသမီး စစ်သည်တော်… ငါတို့ကို ညှာတာပေးပါ… ဒီလူတွေက ကန်းနေခဲ့လို့ပါ… သနားညှာတာပေးဖို့ တောင်းပန်ပါတယ်”

ယွမ်လောဖုန်းတစ်ယောက် စဉ်းစားခန်း ဝင်နေချိန်မှာ မုတ်ဆိတ်မွေးနဲ့လူရဲ့ တုန်တုန်ရီရီ တောင်းပန်သံကို ရှေ့မှ ကြားလိုက်ရတယ်။ လင်းလောပိုင်က ပထမဆုံးတွေ့တဲ့ လူယုတ်မာကို တက်နင်းနေတယ်။ မောက်မာသော သူမမျက်နှာကို မော့ထားပြီး သူမခြေထောက်အောက်က ဒဏ်ရာ ဒဏ်ချက်များနဲ့ လူကို အထင်မြင်သေးစွာ ကြည့်လိုက်တယ်။

“စောနကတော့ ရှင်… ကျွန်မရဲ့ဆရာကို စော်ကားမော်ကား ပြောဆိုခဲ့တယ်မလား”

လင်းလောပိုင်လည်း သရော်လိုက်တယ်။

“အကျိုးဆက်ကို တွေးမိခဲ့လား… ရှင်တို့ကိုယ် ရှင်တို့ ဘာထင်နေလဲ… ညှာတာပေးရမယ်ဆိုတော့… အခွင့်အရေးတစ်ခုကိုတော့ ပေးချင်ပါတယ်… ရှင့်လျှာကို ဖြတ်လိုက်မယ်ဆိုရင် ရှင်တို့ရဲ့ခွေးဘဝကို သနားညှာတာပေးမယ်”

မုတ်ဆိတ်မွေးနဲ့လူရဲ့ မျက်နှာက ရုတ်ခြည်း ပြောင်းလဲသွားခဲ့တယ်။

“ကောင်မစုတ်လေး…တရားမလွန်နဲ့… မင်း…”

ဗိုင်း…

သူ စကားပြောလို့ မပြီးခင်မှာ လင်းလောပိုင်ရဲ့ ခြေထောက်က သူ့ခန္ဓာကိုယ်ပေါ် အညှာအတာ ကင်းမဲ့စွာ ကျရောက်လာခဲ့တယ်။ သူပြောချင်တဲ့ စကားအားလုံးကို တားဆီးသွားခဲ့တယ်။ ငိုသံ တအီအီပြုရုံသာ တတ်နိုင်တော့တယ်။

“ရှောင်ပိုင်…”

ယွမ်လော့ဖုန်းလည်း သူမရဲ့ အပြုအမူကို ရပ်တန့်စေခဲ့ပြီး ထိုလူအနား ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့တယ်။

“ရှင်တို့ သူဌေးနဲ့ တွေ့ဖို့ ခေါ်သွားပေး”

ယွမ်လော့ဖုန်းရဲ့စကားကြောင့် လင်းလောပိုင်က သူ့ခြေထောက်ကို မလှုပ်တော့ဘူး…ဒီလူတွေ စကားပြေခွင့် ပေးထားလိုက်တယ်။ သူ့မျက်နှာမှာ သိသာထင်ရှားတဲ့ဖိနပ်ရာ ရှိနေခဲ့တယ်။ သူ့ပါးစပ်ကလည်း ဖူးယောင်နေခဲ့တယ်။ လင်းလောပိုင် အားဘယ်လောက် သုံးလိုက်လိုက်လည်းဆိုတာ ထင်ရှားစေတယ်။

“ငါတို့ သူဌေးက နင်တို့ အလွယ်တကူ တွေ့လို့ ရတဲ့သူ မဟုတ်ဘူး”

ဒီလူတွေက သူတောင်းပန်လည်း မညှာတာသောကြောင့် သူ့အသံက ပို ခက်ထန်လာခဲ့သော်လည်း သူ့မျက်ဝန်းမှ အကြောက်တရားကတော့ မလျော့သွားတဲ့အပြင် ပိုပိုပြီး တိုးလာရတယ်။

“အဲ့လိုလား”

ယွမ်လော့ဖုန်းရဲ့ နှုတ်ခမ်းထောင့်များက မြင့်တက်သွားပြီး မာယာများသော အပြုံးတစ်ပွင့်ကို ဖန်ဆင်းလိုက်တယ်။ သူမရဲ့ အပြုံးက ငရဲပြည်က မိစ္ဆာတစ်ကောင်နဲ့ ဆင်တူတယ်။ မင်း သတိမထားဘူးဆိုရင် ငရဲကို အချိန်မရွေး ဆွဲခေါ်သွားနိုင်တယ်။

Chapter-547

End

စာစဉ်၂၃

အပိုင်း(၅၄၈)

ထျန်းယွီ (၁)

“ရှောင်ပိုင်”

ဆက်မပြောခင်မှာ ကောင်မလေးက ခဏတော့ ရပ်တန့်လိုက်တယ်။

“ဒီလူကြီးက  ကာမရာဂစိတ် ပြင်းလွန်းတယ် … ပြစ်ဒဏ်အနေနဲ့ ဒီလူကို မိန်းမစိုး ဘဝပြောင်းမယ်”

ဒီစကားကိုကြားတော့ မုတ်ဆိတ်မွေးနဲ့လူရဲ့မျက်နှာက မျက်စိတစ်မှတ်အတွင်း ချက်ချင်း  ကြောက်ခမန်းလိလိ ဖြူဖွေးသွားတယ်။ မြေကြီးပေါ်မှ ကုန်းရုန်းတကာ နောက်သို့ လန်သွားရတယ်။

“ငါ့အနား မလာနဲ့… မဟုတ်ရင်တော့…”

“အဲ့တော့ ဘာဖြစ်လဲ”

မိန်းမပျိုလေးရဲ့ မျက်ဝန်းများက မှေးကျဉ်းသွားပြီး   ဆိုးယုတ်စွာ ဟားတိုက် ရယ်မောလိုက်တယ်။

“အကူအညီ အော်တောင်းချင်သေးလား… အဆုတ်ကွဲအောင် အော်လည်း ရှင့်ကို ကယ်ဖို့ ဘယ်သူမှ လာမှာ မဟုတ်”

ယွမ်လော့ဖုန်းရဲ့ မျက်နှာပေါ်က ဆိုးယုတ်သော အပြုံးကို မြင်ရတော့ လင်းလောပိုင်လည်း သူမရဲ့လက်ကို ပွတ်သပ်ကာ မုတ်ဆိတ်မွေးနဲ့ လူရှိရာ လျှောက်လှမ်းလာခဲ့တယ်။ ယောကျ်ား စစ်စစ် တစ်ယောက်က မိန်းမစိုး ဖြစ်သွားခဲ့ရင်တော့ သူ ဘယ်လိုမျိုး အသက်ရှင် ရပ်တည်ရတော့မလဲ။ သူ့မှာ ဂုဏ်ယူဖွယ်ရာ ပကတိ အခြေအနေ မဖြစ်နိုင်တော့ဘူး။ ထို့အခါမှ သူ့ဘေးနားက ဖြူဖပ်ဖြူရော်နဲ့ လူက ရုတ်တရက် စကားစပြောလာခဲ့တယ်။

“သူဌေးဆီ ငါ ခေါ်သွားပေးမယ်”

“ညီလေး”

မုတ်ဆိတ်မွေးနဲ့လူရဲ့ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားတော့တယ်။

“ငါတို့ သူစိမ်းတစ်ယောက်ကို ခေါ်လာတာ သူဌေးသိရင် သူ သေချာပေါက် ဒေါသထွက်မှာနော်”

“ငါတို့မှာ ရွေးချယ်စရာ မရှိဘူး…လက်ခံမှ ရမယ်”

ဖြူဖပ်ဖြူရော်နဲ့လူက ခေါင်းကို တွင်တွင်ခါနေတယ်။

ငါတို့ သဘောမတူလည်း သူမက တခြားနည်းလမ်းရှာပြီး သူဌေးကို တွေ့မှာပဲ ဒီလိုဆိုတော့လည်း ခေါ်သွားလိုက်တာ ပိုကောင်းပါတယ် သူဌေးက တစ်ယောက်ယောက်ကို အပြစ်တင်မယ်ဆိုရင် ဒီအပြစ်ကို ငါ ခံယူမယ် ငါ တာဝန်ယူတယ်”

မုတ်ဆိတ်မွေးနဲ့လူက ဘာစကားမှ ဆက်မပြောတော့ဘူး။ သူ့လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ထားရင်း သူ့ရင်ထဲက ဒေါသစိတ်ကိုသာ ဖော်ပြနေတယ်။ နောက်ဆုံးတော့ သူလည်း အသက်ခပ်ပြင်းပြင်းရှိုက်လိုက်တော့ ဖောင်းပွနေတဲ့ သူ့မျက်နှာက မလိုမုန်းထားမှုကို ဖော်ပြနေလေရဲ့။

“ငါတို့ သူဌေးက မင်း ရန်စလို့ ရတဲ့လူ မဟုတ်ဘူး ၊ မင်းက ဒီလောက်အထိ သေချင်နေတော့လည်း ငါက ကူညီပေးရတာပေါ့”

ဒီစကားကို ပြောပြီးနောက် ဟွမ်ချွမ်မြို့ တံခါးကို ကျောခိုင်း မထွက်ခွာခင် ယွမ်လော့ဖုန်းကို စူးစူးရဲရဲ ကြည့်လိုက်တယ်။

ဂိုဏ်းပေါင်းများစွာ ဟွမ်ချွမ်မြို့မှာ ရောယှက်နေထိုင်တယ်။ သူတို့အားလုံး ဦးတည်သွားနေတာက ၁၁အဆင့်ရှိတဲ့ ငှက်ဆိုးကြီး ဂိုဏ်း

သူတို့က ၁၁နေရာမှာ ရှိသော်လည်း ငှက်ဆိုးကြီးဂိုဏ်းရဲ့ အင်အားကို အထင်သေးလို့တော့ မရပေ။ ဂိုဏ်းခေါင်းဆောင်က ကောင်းကင်ဘုံအဆင့် အတားအဆီးကို ဖြတ်ကျော်ထားပြီးသားပါ။ ဒါကြောင့်လည်း  ဂိုဏ်းကို ထိပ်တန်း အာဏာရှင် ၁၀ယောက်နဲ့ တန်းတူမြင်နေတာပေါ့။

…..

ထိုအချိန် ကောင်းကင်သိုင်းစံအိမ်တော်… ငှက်ဆိုးကြီး ဂိုဏ်းနဲ့ သိပ်မဝေးကွာတဲ့ တစ်နေရာပေါ့။ အဘိုးအို တစ်ယောက်က ခေါင်းဆောင် ထိုင်ခုံမှာ ထိုင်ကာ လက်ဖက်ရည်ကြမ်းကို အေးအေးလူလူ သောက်နေခဲ့တယ်။ ထို့နောက် အစေခံတစ်ယောက် အလျင်စလို ဝင်ရောက်လာပြီး ရိုသေလေးစားစွာ ဂါရဝပြုတယ်။

“သခင်… ထျန်းယွီလို့ ပြောတဲ့ ယောကျ်ားတစ်ယောက် လာလည်နေပါတယ်”

“ထျန်းယွီ”

အဘိုးအိုက ဘယ်သူလည်းဆိုတာ ပြန်တွေးတောရင်း မျက်မှောင်ကြုတ်လိုက်တယ်။

“သူက ဒီကို ဘာလို့လာတာလဲ… ငါက ထျန်းမိသားစုနဲ့ မပတ်သတ်ချင်ဘူးလို့ ပြောထားပြီးသားပါ… သူတို့ ထျန်းမိသားစု တစ်ယောက် တစ်လေကိုမှ မတွေ့ချင်ဘူး”

အစေခံလည်း စိတ်မရှည်ဖြစ်နေတဲ့ အကြီးအကဲရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ကာ ပြန်ပြောလိုက်တယ်။

“သခင်… သခင်လေးထျန်းယွီက စာပို့ခိုင်းလိုက်ပါတယ် သူပြောတာတော့ ထျန်းမိသားစု တစ်စုက သတ်ဖြတ်ခံရတယ်တဲ့”

ဗိုင်း

အဘိုးအိုရဲ့လက်က တုန်ရီနေပြီး သူ့လက်ထဲက လက်ဖက်ရည်ခွက်က ကြမ်းပြင်ပေါ် ပြုတ်ကျသွားကာ အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားခဲ့တယ်။

ထို့နောက် သူလည်း ချက်ချင်း မတ်တတ် ထရပ်လိုက်ပြီး လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။ သူ့နဖူးမှာ သွေးပြန်ကြောများကို အတိုင်းသား မြင်နေရတယ်။

“မင်း ဘာပြောလိုက်တယ်…ထျန်းမိသားစုတစ်စုလုံး သတ်ခံရတယ်… ဟုတ်လား… မြန်မြန်…သွားပြော… ထျန်းယွီကို မြန်မြန် ဝင်ခွင့်ပြုလိုက်စမ်း… ဘာဖြစ်တာလဲဆိုတာ ငါသိရမှ ဖြစ်မယ်”

လွန်ခဲ့သော ၁၀စုနှစ်ကျော်က သူ့စကားကို နားမထောင်ဘဲ သူ့သမီးက ထျန်းမိသားစုဝင်နဲ့ အတင်း လက်ထပ်ယူသွားခဲ့တယ်။ သူလည်း သူ့သမီးလေးနဲ့ အဆက်သွယ်အားလုံး ဖြတ်တောက်ခဲ့တယ်။ သူ့မြေးလေးကို သူ မချစ်ခင်ခဲ့ဘူး။ ဒါကြောင့်လည်း သူတို့အားလုံးနဲ့ မတွေ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။

ဒါပေမဲ့လည်း ထျန်းမိသားစု ဒီလိုမျိုး အဆုံးသတ်မယ်လို့တော့ မထင်ခဲ့မိဘူး။

အဘိုးအိုရဲ့ခန္ဓာကိုယ်က အားအင်ချည့်နဲ့လာရပြီး ကုလားထိုင်ပေါ် လဲကျသွားခဲ့တယ်။ သူ့မှာ နှလုံးသား ကွဲကြေမတတ် နာကျင်ရပြီး သူ့အကျႍစကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားတယ်။

Chapter-548

End

Bạn đang đọc truyện trên: Truyen247.Pro