Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

534-539

Zawgyi

534+535+536

အပုိင္း(၅၃၄)

ထ်န္းရာ ေရာက္ရွိလာျခင္း (၃)

ထ်န္းရီရဲ႕ မ်က္ဝန္းမွာ စိတ္ပ်က္ေၾကကြဲမႈမ်ား ႀကီးစုိးလာခဲ့တယ္။

“မင္းရဲ႕ အခ်ိန္အားလုံးကုိ ဖူရွန္အတြက္ ခ်န္လွပ္ထားလို႔ ထ်န္းမိသားစုကုိ လ်စ္လ်ဴရႈထားတယ္ဆုိရင္ အခုမွ ထ်န္းမိသားစုကုိ ဘာအေၾကာင္းေၾကာင့္ ေရာက္လာရလဲ”

“ဘာေၾကာင့္လဲဆုိေတာ့…”

ထ်န္းရာရဲ႕ ႏႈတ္ခမ္းေထာင့္က ျမင့္တက္သြားခဲ့တယ္။

“ထ်န္းမိသားစုက ယြမ္ေလာ့ဖုန္းရဲ႕ အေစခံကုိ ျပန္ေပးဆြဲသြားတယ္ ၾကားလုိ႔..သူမကုိ ျပန္ေခၚသြားႏုိင္ေအာင္ ကူညီေပးျပီ… မင္းတုိ႔ ထ်န္းမိသားစုနဲ႔ စာရင္း ရွင္းမလုိ႔”

ထ်န္းရီက ထ်န္းရာကုိ တအံ့တၾသ ၾကည့္လုိက္ျပီး စိတ္ပ်က္ေသာ အၾကည့္မ်ားမွ အံ့ၾသေသာ အၾကည့္မ်ားသုိ႔ ေျပာင္းလဲသြားခဲ့တယ္။

ထ်န္းရာေျပာတဲ့ စကားရဲ႕ ဆုိလုိရင္းက သူ အလုပ္မ်ားေနတဲ့အတြက္ ထ်န္းမိသားစုနဲ႔ စာရင္းရွင္းဖုိ႔ အခ်ိန္မရွိခဲ့ဘူး။ ဒါေပမဲ့လည္း ယြမ္ေလာ့ဖုန္းေၾကာင့္ အားလုံးကုိ ဂရုမစိုက္ဘဲ သူမ ေဘးမွာ ရပ္တည္ေပးမယ္တဲ့လား။

သူတို႔ရဲ႕ ခင္မင္ရင္းႏွီးမႈက ဘယ္ေလာက္ထိ နက္ရႈိင္းလို႔ ထ်န္းရာက သူမကုိ ေရြးတာလဲ။

တျခားသူမ်ားလည္း ယြမ္ေလာ့ဖုန္းကုိ လွည့္ၾကည့္လုိက္ျပီး သူမနဲ႔ ထ်န္းရာရဲ႕ ဆက္ဆံေရးကုိ ေမးခ်င္ၾကတယ္။   

                

“ဦးေလး ထ်န္းရာ”

ထ်န္းရႊယ္လည္း တျခားသူမ်ား ေမးခ်င္ေနတဲ့ ေမးခြန္းကုိ နားမလည္ႏုိင္စြာ ေမးလုိက္တယ္။

“ဒီမိန္းမက ဦးေလးနဲ႔ ဘယ္လုိ ပတ္သက္လဲ”

ပုံမွန္ဆုိ ထ်န္းရာလုိ လူမ်ိဳးကုိ ယြမ္ေလာ့ဖုန္းရဲ႕ ေနာက္ခံ အေနအထားနဲ႔ သိႏုိင္စရာ အေၾကာင္းမရွိဘူး။

အားလုံး နားစြင့္ေနခ်ိန္…ေဘးဘက္မွ လင္းေလာပုိင္က စကားျဖတ္ေျပာတယ္။

“ေမာင္ငယ္ေလး ထ်န္းရာ… ဒီလူေတြကုိ ျမန္ျမန္ ရွင္းစမ္းပါ ဒီလူေတြ အားလုံးက စိတ္တုိစရာ ေကာင္းတယ္”

ေမာင္ငယ္ေလး ထ်န္းရာတဲ့လား။

အားလုံးမွာ ေက်ာက္ရုပ္လုိ ျဖစ္သြားခဲ့တယ္။ အထူးသျဖင့္ ယြမ္ေလာ့ဖုန္းကုိ ေလွာင္ခဲ့တဲ့ ထ်န္းရႊယ္ေပါ့  သူ႔မ်က္ႏွာက လုံးဝကုိ အေရာင္မဲ့သြားခဲ့တယ္။ စကၠန္႔ပုိင္းေလာက္ မူးလဲသြားဖုိ႔ ဆုေတာင္းမိတယ္။ ဒီလုိ အံ့ၾသစရာေကာင္းတဲ့ သတင္းကုိ ၾကားရတာထက္ေတာ့ သာပါတယ္။

“ထ်န္းရာ”

အံ့ၾသစရာေကာင္းတာက ထ်န္းရီ တျခားသူမ်ားနဲ႔ မတူဘူး။ အံ့ၾသျခင္း မရွိဘူး။ ဒီအစား သူလည္း ေဒါသထြက္သြားျပီး ေဒါနဲ႔ေမာနဲ႔ ေျပာတယ္။

“ဒီမိန္းကေလးမွာ သင့္တင္ေလ်ာက္ပတ္တဲ့ အရည္အခ်င္း ရွိတာေၾကာင့္ ေကာင္းကင္ဘုံအဆင့္ က်င့္ၾကံသူတစ္ေယာက္ ျဖစ္ႏုိ္င္တာ…မင္းအစြမ္းက သူမထက္ ျမင့္တယ္… ေဆးပညာစြမ္းရည္လည္း ရွိေသးတယ္ ဒါေၾကာင့္ သူမက မင္းဆရာျဖစ္ဖုိ႔ အခြင့္ရွိလုိ႔လား”'

ဒီစကားကုိေျပာျပီးေနာက္ ထ်န္းရီလည္း အသက္ ခပ္ျပင္းျပင္း ရႈသြင္းလုိက္တယ္။ သူ႔မ်က္ႏွာက ပုိျပီးေတာ့ အက်ည္းတန္လာခဲ့တယ္။

“မင္း ထ်န္းမိသားစုကုိ မုန္းတာ ငါ နားလည္ပါတယ္ ဒါေပမဲ့လည္း ထ်န္းမိသားစုကုိ ေဒါသထြက္လုိ႔ မင္းဘဝကုိ နင္းေခ်စရာ မလုိအပ္ဘူး မင္းမွာ ေနာင္တရဖုိ႔ အခ်ိန္ရွိပါေသးတယ္ ၊ မင္း… ထ်န္းမိသားစုကုိ ျပန္လာျပီ… ငါတုိ႔နဲ႔ ပူးေပါင္းမယ္ဆုိရင္ ထ်န္းမိသားစုက အရင္လုိ ႀကီးက်ယ္ ခမ္းနားလာမယ္”

ထ်န္းရီရဲ႕မ်က္ႏွာအမူအရာက ႏူးညံ့လာျပီး သူ႕ကုိ စိတ္ရွည္လက္ရွည္ ေဖ်ာင္းဖ်ေနခဲ့တယ္။ ဒီစကားနဲ႔ သူ႕ကုိ ထ်န္းမိသားစုထဲ ျပန္ေခၚခ်င္ေနတယ္။

ထ်န္းရီစကားကုိ လ်စ္လ်ဴရႈကာ လင္းေလာပုိင္ဘက္ လွည့္ျပီးခ်ီက်ဴးလုိက္တယ္။

“သခင္မေလး ေရွာင္ပုိင္ ငါ့ကုိ ေမာင္ေတာ္ေလးလို႔ ေခၚလိုက္တာလား…စိတ္မပူပါနဲ႔… ဒီအဘုိးႀကီးက တျခားေနရာမွာ မေတာ္လည္း အရွက္မဲ့တဲ့ေနရာမွာ ထူးခြ်န္ပါတယ္ ယြမ္မိန္းကေလးက ငါ့ကုိ တပည့္အျဖစ္ လက္မခံလည္း လက္ခံတဲ့အထိ ေႏွာင့္ယွက္ရမွာပဲ”

လုံေဖးရဲ႕မ်က္လုံးမ်ားက ျပဴးက်ယ္သြားရတယ္။ သူ႔မ်က္ႏွာမွာ မယုံၾကည္ႏုိင္ျခင္းမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့တယ္။

ဒီလူက ဆရာ ခ်စ္ခဲ့တဲ့ လူလား။ ဒီလူႀကီးက တကယ္ကုိ အရွက္မဲ့တာပဲ။

သုိ႔ေသာ္လည္းတျခားသူက ဒီစကားကုိ ၾကားရင္ေတာ့ သူတို႕ ခံစားခ်က္က လုံေဖးနဲ႔ လုံးဝကုိ ျခားနားမွာပါ။

ထ်န္းမိသားစုက အင္အားသုံးျပီး ထ်န္းရာကုိ ရွာေနခဲ့တာ အားလုံး သိပါတယ္။ ဒါေပမဲ့ ထ်န္းရာက ေသြးေအးျပီး သူတုိ႕ကုိ မတူမတန္ ဆက္ဆံတယ္။ ထ်န္းရာလိုမာနႀကီးတဲ့လူက မိန္းမပ်ိဳေလးရဲ႕ တပည့္အျဖစ္ဖုိ႔ အရွက္မဲ့စြာ ေတာင္းဆုိေန သတဲ့လား။

ျပီးေတာ့ ဒီေကာင္မေလးကလည္း သူ႕ကုိ ျငင္းေနတယ္လား။

ဒီကိစၥ ျပန္႔သြားရင္ေတာ့ ဒီကုန္းေျမစု တစ္ခုလုံး ေသခ်ာေပါက္ အံ့ၾသမွာပဲ။

“အခုကစျပီးေတာ့ ကြ်န္မကုိ ေကာင္မေလးလုိ႔ ေခၚခြင့္ မျပဳေတာ့ဘူး”

လင္းေလာပုိင္က ခါးေထာက္ျပီး ေျပာတယ္။ သူမရဲ႕ေတာက္ပေသာ မ်က္ဝန္းမ်ားက ျပဴးက်ယ္ေနတာေပါ့။

“အစ္မေတာ္လုိ႔ တရုိတေသ ေျပာရမယ္… အဲ့လုိမွ မဟုတ္ရင္ေတာ့ ဆရာကုိ တုိင္တန္းျပီး တစ္သက္လုံး တပည့္အျဖစ္ လက္မခံေအာင္ ေျပာရလိမ့္မယ္…”

“ဟုတ္ပါျပီ”

အဘုိးအုိငယ္ေလးက မ်က္ႏွာလုိ မ်က္ႏွာရ ျပံဳးလုိ္က္တယ္။

“အစ္မေတာ္ ေျပာတဲ့အတိုင္း ျဖစ္ေစရပါမယ္”

ယြမ္ေလာ့ဖုန္းရဲ႕တပည့္ ျဖစ္ဖုိ႔ ေနာက္ဆုံးေတာ့ သူ႕သိကၡာကုိ စြန္႔ပစ္ရဲတယ္။

Chapter-534

End

အပုိင္း(၅၃၅)

ထ်န္းရာ ေရာက္ရွိလာျခင္း (၄)

အားလုံးရဲ႕ မ်က္ႏွာအမူအရာက ျမင္မေကာင္းေလာက္ေအာင္ အက်ည္းတန္ေနခဲ့တယ္။  လြန္ခဲ့ေသာ ဆယ္စုႏွစ္ေက်ာ္က ထ်န္းမိသားစုရဲ႕ အမိန္႔ကုိ ထ်န္းရာ ဆန္႕က်င္ခဲ့တယ္။ မိသားစု ေနာက္ခံ တိတိက်က် မရွိတဲ့ အမ်ိဳးသမီး တစ္ေယာက္ကုိ လက္ထပ္ဖုိ႔ စိတ္အား ထက္သန္ခဲ့တယ္။

အခု ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့လည္း ထ်န္းမိသားစုရဲ႕ ကံတရားကုိ ထပ္တူထပ္မ်ွ လ်စ္လ်ဴရႈခဲ့ျပန္တယ္။ ယြမ္ေလာ့ဖုန္းကုိ ဆရာအျဖစ္ အသိအမွတ္ ျပဳေနျပန္ျပီ။

“ငါကုိယ္ငါ မ်က္ႏွာ အပ်က္ခံျပီးေတာ့ ဘာလို႔ ယြမ္မိန္းကေလးရဲ႕ ျဖစ္ခ်င္ရလဲ သိလား”

ေနာက္ဆုံးေတာ့ ထ်န္းရာတစ္ေယာက္ ထ်န္းမိသားစုရဲ႕ အၾကည့္မ်ားကုိ ခံစားမိသြားျပီး သူတုိ႔ကုိ ေသြးေအးစြာ ၾကည့္လုိက္တယ္။

“ဒီေကာင္မေလးက ငါ မကယ္ႏိုင္ခဲ့တဲ့ လူနာကုိ ကယ္ခဲ့လုိ႔ပဲ … ဒီေကာင္မေလးရဲ႕ ေဆးပညာအစြမ္းက ငါ့အထက္ အဆေပါင္းမ်ားစြာ ေတာ္တယ္ ၊သူမကုိ ဆရာေတာ္လို႕ ငါအတြက္ ဘာမွ မဆုံးရႈံးသြားဘူး”

ဝုန္း…

ေကာင္းကင္ၾကည္လင္ေသာ ေန႔တစ္ေန႔မွာ မုိးႀကိဳးပစ္ခ်လုိက္သကဲ့သို႔ ဒီသတင္းက လူတုိင္းကုိ တုန္လႈပ္သြားေစတယ္။ သူတုိ႔အားလုံးရဲ႕ ႏွလုံးမ်ား တဒုန္ဒုန္ ျဖစ္ေနရတယ္။ သူတို႔ရဲ႕ အင္မတန္ ျဖဴေဖ်ာ့ေနတဲ့မ်က္ႏွာမွာ အံ့ၾသမႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့တယ္။

ယြမ္ေလာ့ဖုန္းရဲ႕ ေဆးပညာအစြမ္းက ထ်န္းရာထက္ သာလြန္သတဲ့လား။

ဒီတစ္ေခါက္ေတာ့ သူတို႔ထ်န္းမိသားစုက  အစြမ္းထက္တဲ့ ရန္သူကုိ ရန္စလုိက္တာလဲ။

ထ်န္းရႊယ္ရဲ႕မ်က္ႏွာကလည္း စိတ္ပ်က္ေၾကကြဲမႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့တယ္။သူမွာ ေနာက္သုိ႔ ဒယိမ္းဒယုိင္ ျဖစ္သြားျပီး သူ႔တင္ပါးက ၾကမ္းျပင္ေပၚက ေက်ာက္တုံးနဲ႔ ထိကာ ဗုန္းခနဲ ျဖစ္သြားရတယ္။ ဒါေပမဲ့လည္း သူ ဘယ္နာက်င္မႈကုိမွ မခံစားရဘူး။ တဆိတ္ဆတ္ တုန္ရီေနေသာ သူ႔ခႏၶာကုိယ္က သူ႔တုန္လႈပ္မႈကုိ ေဖာ္ျပေနခဲ့တယ္။

ထ်န္းရာလည္း ေထ့ေငါ့လုိက္ျပီး သူ႔အၾကည့္က ထ်န္းက်ဴေပၚသုိ႔ ေနာက္တစ္ႀကိမ္ က်ေရာက္လာခဲ့တယ္။

“လာတဲ့ လမ္းမွာတည္းက ငါ ေမးစမ္းၾကည့္ျပီးသား… ငါ့ဆရာမေလးရဲ႕ အေစခံကုိဖမ္းေခၚသြားတာ မင္းလို႔ ၾကားတယ္…မင္းဘာသာမင္း ေအးေအးေဆးေဆး ေနလုိ႔ရရဲ႕သားနဲ႔ ဝင္ရႈပ္ေတာ့ ဒုကၡေရာက္ရျပီ… ကုိယ့္ဒုကၡ ကုိယ္ရွာတာပဲ…တျခားသူေတြမွာေတာ့ အခြင့္အေရးေပးဖုိ႔ ေတာင္းပန္ေနလည္း မရႏုိင္ခဲ့ဘူး… ဒါေပမဲ့ မင္းကေတာ့ ဒီအခြင့္အေရးကုိ တကယ္ပဲ စြန္႔လႊတ္ႏုိင္ခဲ့တယ္”

ခ်င္ယန္ သူ႕ကုိ ဘာေၾကာင့္ အခြင့္အေရး ေပးတယ္လုိ႔ ထင္လဲ။ သူ႕ကုိ ဆားေရနဲ႔ ပက္ျပီး ႏုိ္းခဲ့တယ္။

သူ သတိျပန္ဝင္လာခ်ိန္မွာ ခ်င္ယန္ရဲ႕ေထ့ေငါ့သံကုိ ၾကားလုိက္ရတယ္။

ထ်န္းက်ဴ သတိျပန္လည္လာေသာ္လည္း ေနာက္တစ္ႀကိမ္ ထပ္ေမ့ေမ်ာသြားျပန္ျပီ။

“ရွင္ ထပ္ျပီးေတာ့ ေမ့လဲႏုိင္ပါတယ္…ရွင့္ကုိ ေနာက္ထပ္ မႏုိ္းေတာ့ဘူး ဒါေပမဲ့ လူေတြကုိ ႏုိးတဲ့ ကြ်န္မရဲ႕ နည္းလမ္းက ၾကမ္းတမ္းတယ္… ဒါေၾကာင့္ ရွင္ ညွဥ္းပန္းမႈဒဏ္ကုိ ခံႏုိင္ရည္ရွိဖုိ႔ ေမွ်ာ္လင့္ႏုိင္ပါတယ္”

ဒီလုိ ျခိမ္းေျခာက္မႈေၾကာင့္ ထ်န္းက်ဴမွာ ေနာက္တစ္ဖန္ ဆက္လက္ျပီးမူးလဲသြားျပန္တယ္။

ေနာင္တက သူ႔ႏွလုံးသားကုိ မြန္းက်ပ္ေစမယ္။ ယြမ္ေလာ့ဖုန္းမွာ ဒီလုိ အစြမ္းအစမ်ိဳးရွိမယ္လုိ႔ အရင္ကသာ သိခဲ့ရင္ သူ… က်ံဴးလင္းအာကုိ ဒီလိုမ်ိဳး မဆက္ဆံခဲ့ပါဘူး။ ဒီလုိဆုိရင္ က်ံဴးလင္းအာရဲ႕ အဆင့္အတန္းနဲ႕ သူ႕ကုိယ္သူ ျမွင့္တင္ႏုိင္မယ္။

ထ်န္းက်ဴမွာ ေတြးေလေလ ေနာင္တ ရေလေလပါပဲ သူ ေနာင္တရေသာ္လည္း အရာအာလုံး ေနာက္က်သြားခဲ့ျပီေလ။ အခုအခ်ိန္မွာ သူ ဘာကုိမွ ျပဳျပင္လုိ႔ မရေတာ့ဘူး။

“ဟား…”

ထ်န္းရီလည္း ရုတ္ျခည္း ေသြးေအးစြာ ဟားတုိက္ ရယ္ေမာလုိက္တယ္။ သူ႕အသံက တုိးလ်ျပီး ခပ္ၾသၾသပါ။

“ထ်န္းရာ… ထ်န္းမိသားစု…အခုအခ်ိန္ထိ ရပ္တည္ႏုိင္တာ ဘာေၾကာင့္လို႔ မင္းထင္လဲ…”

ထ်န္းရီရဲ႕ ေၾကာက္လန္႔မႈက သူ႕အိုမင္ေသာ မ်က္ႏွာမွာ ျဖည္းျဖည္းခ်င္း ေပ်ာက္ကြယ္သြားခဲ့တယ္။ သူက ထ်န္းရာကုိ ေလွာင္ျပံဳးျပံဳးရင္း စိန္းစိန္းဝါးဝါး ၾကည့္လာခဲ့တယ္။

“မင္းက ထ်န္းမိသားစုရဲ႕ ေခါင္းေဆာင္ မဟုတ္ေတာ့ ဒါကုိ မသိႏုိင္ဘူး… ကြ်တ္ ကြ်တ္… ဒါေၾကာင့္ မင္း သိလို႔ မရတဲ့ တခ်ိဳ႕ အေၾကာင္းကိစၥေလးေတြ ရွိတယ္။”

ထ်န္းရာလည္း မ်က္ေမွာင္ကုတ္လုိက္တယ္။

“မင္း ဘာေျပာခ်င္တာလဲ”

“ဘာေျပာခ်င္တာလဲ…ဟုတ္လား…ဟား…”

ထ်န္းရီလည္း အရူးတစ္ေယာက္လုိ ဟားတုိက္ ရယ္ေမာလုိက္တယ္။အုိမင္း ရင့္ေရာ္ေနတဲ့မ်က္ႏွာက ေၾကာက္ခမန္းလိလိပါပဲ။ သူ႔မ်က္လုံးမ်ားကုိ ေသြးေၾကာမ်ားျဖင့္ ဖုံးလႊမ္းထားတယ္။

“ထ်န္းရာ… ယြမ္ေလာ့ဖုန္း… ဒီေန႔ ငါ ဒီေနရာမွာ ေသရမယ္ဆုိရင္ေတာင္ မင္းတုိ႔အားလုံးကုိ ငါနဲ႔အတူတူ ေခၚသြားမယ္”

ဝိညာဥ္မီးေတာက္မ်ား ေလာင္ကြ်မ္းရင္း ထ်န္းရီတစ္ေယာက္ သူ႕ဝိညာဥ္ ပုိပုိျပီးေတာ့ အားနည္းလာတယ္လို႕ ခံစားရတယ္ သူ႕ဝိညာဥ္ အခ်ိန္မေရြး ေပ်ာက္ကြယ္သြားႏုိင္တယ္လို႕ ခံစားရတယ္။ ဒါေပမဲ့လည္း သူ႔မ်က္ႏွာမွာ အရင္လုိ ေၾကာက္လန္႔မႈေတာ့ ရွိမေနပါ။

ဒီလူအားလုံးကုိ သူနဲ႔အတူတူ ျမွပ္ႏွံမယ္လုိ႔ ေတြးမိတုိင္း သူ႔ႏွလုံးသားက စိတ္လႈပ္ရွားမႈမ်ားျဖင့္ ျပည့္ႏွက္လာခဲ့တယ္။

ထ်န္းရီတစ္ေယာက္ ဘယ္ေနရာက ထုတ္လုိက္မွန္း မသိတဲ့ ဓားတစ္ေခ်ာင္းကုိ ထုတ္လုိက္ျပီး သူ႕လက္ေခ်ာင္းကုိ လွီးလုိက္တယ္။ သူ႔ေသြးစက္မ်ားကုိ ေျမေပၚ တစ္စက္ခ်င္း က်ဆင္းေစတယ္။ ထုိ႔ေနာက္ သူ႔တုိးလ်တဲ့အသံက ေကာင္းကင္မွာ ျမည္တမ္းလာခဲ့တယ္။

Chapter-355

End

အပုိင္း(၅၃၆)

ထ်န္းမိသားစုရဲ႕ ဝွက္ဖဲ (၁)

“ထ်န္းမိသားစုရဲ႕ ေခါင္းေဆာင္ ထ်န္းရီက ဘုိးေဘးအႀကီးအကဲမ်ားကုိ ဖိိတ္ေခၚပါတယ္…. တုိက္ခုိက္ဖုိ႔အတြက္ ကြ်န္ေတာ္မ်ိဳးကုိ ကူညီေပးပါ”

ဘုိးေဘး အႀကီးအကဲ

ထ်န္းမိသားစုမွ လူအားလုံးက ထ်န္းရီကုိ မယုံၾကည္ႏုိင္စြာ တအံ့တၾသ ၾကည့္ၾကတယ္။ သူေျပာေနတာ ဘာမွန္းကုိ နားမလည္ဘူး။ ဒါေပမဲ့ ေသခ်ာတာတစ္ခုေတာ့ ရွိပါတယ္… အိမ္ေတာ္ ေခါင္းေဆာင္ တစ္ေယာက္တည္းသာ ဒီလို ဆက္သြယ္ႏိုင္တဲ့ အရည္အခ်င္း ရွိတယ္။ သခင္ေလး ထ်န္းရႊယ္မွာေတာင္ ဒီလုိ အရည္အခ်င္း မရွိဘူး။

“ဘယ္ကမွန္း မသိ အေျခအျမစ္ မရွိတဲ့ ကေလကေခ်ေတြက ငါတုိ႔ ထ်န္းမိသားစုကုိ ရန္စရဲတာလဲ”

ဝုန္း

က်ယ္ေလာင္ေသာ ေအာ္သံက ေကာင္းကင္ယံမွာ ေပၚထြက္လာျပီး ၾကားရသူအေပါင္းရဲ႕ စိတ္ဝိညာဥ္ထဲကုိ ဝင္ေရာက္လာခဲ့တယ္။ ဝိညာဥ္ဓာတ္ကုိ တူနဲ႔ ျပင္းထန္စြာ ထုိးႏွက္ေနသကဲ့သုိ႔ တစ္ကုိယ္လုံး တုန္ရီလာခဲ့တယ္။ ဝိညာဥ္စြမ္းအား နိမ့္သူမ်ားမွာ ေသြးအန္ၾကျပီး သူတုိ႔မ်က္ႏွာမ်ားက အေတာ္ကုိ ျဖဴေဖ်ာ့သြားခဲ့တယ္။

ထ်န္းရာရဲ႕ မ်က္ႏွာအမူအရာက ခ်က္ခ်င္းကုိ အလြန္အမင္း တည္ၿငိမ္သြားျပီး ေလးနက္ေသာ မ်က္ဝန္းမ်ားျဖင့္ ေကာင္းကင္ယံကုိ ၾကည့္လုိက္တယ္။ ထုိ႔အခိုက္အတန္႔ သူ႔ရင္ထဲ ေလးလံလာျပီး သူ႕ခႏၶာကုိယ္ ပတ္လည္နားက အရွိန္အဝါက ရပ္တန္႔သြားသလုိ ခံစားရတယ္။

ေကာင္းကင္ယံမွာ မ်ားစြာေသာ အႀကီးအကဲမ်ားက လက္ေနာက္ပစ္ျပီး မတ္တတ္ ရပ္ေနတယ္။ သူတုိ႔ေအာက္မွ လူမ်ားကုိ မတူမတန္ဟန္ ၾကည့္ေနတယ္။ ဒါေပမဲ့ သူတုိ႔ ခႏၶာကုိယ္မ်ားကုိ ေဖာက္ထြင္းျမင္ႏုိင္ျပီး ေလထဲမွာ ယိမ္းခါေနခဲ့တယ္။

“ခင္ဗ်ားတုိ႔လား”

ထ်န္းရာ ေဒါကန္လာျပီး လက္သီးကုိ က်စ္ေနေအာင္ ဆုပ္ထားလုိက္တယ္။

“ထ်န္းမိသားစုမွာ ဒီလုိ လွ်ိဳ႕ဝွက္နည္း ရွိမယ္လုိ႔ မထင္ခဲ့ဘူး”

“မဟုတ္ဘူး”

ထ်န္းရာ စကားေျပာေနစဥ္မွာ အစက တိတ္ဆိတ္ေနတဲ့ ယြမ္ေလာ့ဖုန္းက သူ႕အနား ေရာက္လာခဲ့တယ္။ မိန္းမပ်ိဳေလးရဲ႕ မ်က္ႏွာဟန္ပန္က ေလးနက္ တည္ၾကည္ေနခဲ့တယ္။

“ကြ်န္မ ခန္႔မွန္းတာ မမွားဘူးဆိုရင္  ထ်န္းမိသားစု… သူတို႔ စိတ္ဝိညာဥ္ကုိ ထိန္းသိမ္းကာကြယ္ဖုိ႔ ဒီ လွ်ိဳ႕ဝွက္နည္းကုိ သုံးတာ ျဖစ္မယ္ ဒါေပမဲ့ သူတို႔အားလုံးကုိ တစ္ႀကိမ္တစ္ခါပဲ ဖိတ္ေခၚလို႔ ရမယ္”

“ေျပာရမယ္ဆုိရင္ ထ်န္းမိသားစုက ကြယ္လြန္သြားတဲ့ လူမ်ားရဲ႕ အစြမ္းကုိ တစ္ခါပဲ ငွါးရမ္းလုိ႔ ရႏုိင္မယ္ ဒါေၾကာင့္လည္း သူတ္ို႔အားလုံးကုိ ဘုိးေဘး အႀကီးအကဲမ်ားကုိ အသုံးျပဳမယ္ အစား ထ်န္းမိသားစုကုိ ရွင္ ျပန္လာဖုိ႔ တတ္ႏုိသမ်ွ ႀကိဳးစား အားထုတ္ခဲ့တာေပါ့”

ယြမ္ေလာ့ဖုန္းက အျပံဳးေလးနဲ႔ ဆက္ေျပာတယ္။

“ထ်န္းမိသားစုမွာ ေဘးအႏၱရာယ္ ျဖစ္လာမွ ထ်န္းမိသားစု ေခါင္းေဆာင္က ဘုိးေဘးအႀကီးအကဲမ်ားကုိ ဆင့္ေခၚတာ… သူတို႔ စိတ္ဝိညာဥ္ မူလအတိုင္း ျပန္ျဖစ္သြားတာနဲ႔ သူတုိ႔ ထြက္ခြာသြားမယ္… ခဏၾကာရင္ သူတုိ႔ စိတ္ဝိညာဥ္က ခ်က္ခ်င္း ပ်က္စီးသြားမယ္”

ေျပာရမယ္ဆုိရင္ ဒီလူေတြက ျပန္ဝင္စားႏုိင္တဲ့ အခြင့္အေရးကုိ စြန္႔လႊတ့္ျပီး ထ်န္းမိသားစုမွာ ေနထုိင္ဖုိ႔ ေရြးခ်ယ္ခဲ့တယ္။ ဒါမွလည္း သူတို႕ ထ်န္းမိသားစု ဖ်က္စီး ေခ်မႈန္းခံရရင္ ထ်န္းမိသားစုကုိ ကယ္တင္ႏုိင္မွာေလ။

ထ်န္းမိသားစုရဲ႕ အစြမ္းထက္တဲဲ့ စေတးသူမ်ားကု ယြမ္ေလာ့ဖုန္း ေလးစားမိပါတယ္။ ေသဆုံးျပီးေနာက္ ဒီနည္းလမ္းကုိ ေရြးခ်ယ္ျပီး ထ်န္းမိသားစုမွာ ေနထုိင္ခဲ့တဲ့ စိတ္ဝိညာဥ္တန္ခုိးျမင့္တဲ့ လူမ်ား အျမဲမျပတ္ ရွိေနတာေၾကာင့္ ထ်န္းမိသားစုက ႏွစ္ေပါင္းမ်ားစြာ ခုိင္ခုိင္မာမာ ရပ္တည္ႏုိ္င္ခဲ့တယ္။

“ဆရာ… ဒီေလာက္ အမ်ားႀကီးကုိ ဘယ္လုိမ်ား သိေနတာလဲ”

ထ်န္းရာက ယြမ္ေလာ့ဖုန္းကုိ တအံ့တၾသ ၾကည့္ကာ ေမးလာခဲ့တယ္။

ထ်န္းရာ ေခၚလုိက္တဲ့ အမည္နာမေၾကာင့္ ယြမ္ေလာဖုန္း မ်က္ခုံးပင့္လုိ္က္တယ္။

“ရွင္… ကြ်န္မကုိ အရင္တုိင္း ေခၚသင့္ပါတယ္… ဆရာလုိ႔ ေခၚဖုိ႔ ကြ်န္မက မထုိက္တန္ပါဘူး”

ဒီလူႀကီးက တကယ္ကို အုိေနပါျပီ သူမထက္ အသက္၆၀ပုိႀကီးတဲ့လူက သူမကုိ ‘ဆရာ’လုိ႔ေခၚတာ ရွက္ဖုိ႔ ေကာင္းပါတယ္။

ထ်န္းရာက အရွက္မဲ့စြာ ေျပာတယ္။

“ေကာင္းျပီေလ… ဒါဆုိ မင္းကုိ ယြမ္ေလးလုိ႔ ေခၚမယ္… ဒါေပမဲ့ မင္း ငါ့ကုိ ေဆးပညာ သင္ေပးဖုိ႔ သေဘာတူတဲ့အထိ ငါ မင္းကုိ ေႏွာင့္ယွက္ေနရမွာပဲ ဘာလုိ ကိစၥ အမ်ားႀကီး သိေနလည္းဆိုတာ အရင္ဆုံး ေျပာပါ”

ယြမ္ေလာ့ဖုန္းလည္း မ်က္ေတာင္ တဖ်တ္ဖ်တ္ခတ္ျပီး ျပံဳးလုိက္တယ္။

“ကြ်န္မက ခန္႔မွန္းၾကည့္တာပါ”

သူမမွာ ေဆးနတ္ဘုရား အေစာင့္ဝိညာဥ္ ေရွာင္မို ရွိတာကုိေတာ့ မေျပာႏုိင္ပါဘူး။ ဒါေၾကာင့္ ဒီေလာကႀကီးထဲမွာ သူမ မသိႏုိင္တာ အမ်ားႀကီး မရွိဘူး။

“မင္းက ခန္႔မွန္းၾကည့္တာ…”

ထ်န္းရာရဲ႕ ႏႈတ္ခမ္းေထာင့္က တြန္႔ေကြးသြားတယ္။ သူလည္း ထ်န္းရီရဲ႕ ပုတ္သုိးေနတဲ့ မ်က္ႏွာကုိ ဖ်တ္ခနဲ ၾကည့္လုိက္ေတာ့ ယြမ္ေလာ့ဖုန္း ေျပာတာ မွန္တယ္ဆုိတာ သိလုိက္တယ္။ ထ်န္းမိသားစုရဲ႕ အစြမ္းထက္သူမ်ားကုိ တစ္ႀကိမ္တစ္ခါပဲ ေခၚလုိ႔ ရတယ္ေပါ့။ သတ္မွတ္ထားတဲ့ အခ်ိန္ေရာက္ရင္ သူတုိ႔ ဝိညာဥ္အားလုံး ေၾကမြ ပ်က္စီးမယ္။

“ထ်န္းရာ”

အားလုံးထဲမွ ေခါင္းေဆာင္လုိ႔ ထင္ရတဲ့ အႀကီးအကဲ တစ္ေယာက္က ထ်န္းရာကုိ အထင္ျမင္ေသးစြာ ၾကည့္တယ္။

“ထ်န္းမိသားစုရဲ႕ သစၥာေဖာက္ေကာင္…. မင္း ျပန္လာရဲေသးတယ္…”

Chapter-536

End

537+538+539

အပုိင္း(၅၃၇)

ထ်န္းမိသားစုရဲ႕ ဝွက္ဖဲ (၂)

“က်ဳပ္က ဘာအေၾကာင္းေၾကာင့္ ျပန္မလာရဲ ရမလဲ”

ထ်န္းရာ ေထ့ေငါ့လုိက္တယ္။

“ ဒီႏွစ္ေတြမွာ ငါ့ကုိ ျပန္လာဖုိ႔ ေတာင္းပန္ ခယခဲ့တာ ထ်န္းမိသားစုဆိုတာ မေမ့ပါနဲ႔ အခု… က်ဳပ္ျပန္လာျပီေလ… မင္းတုိ႔ေတြက က်ဴပ္ကုိ ဒီလုိ သေဘာထားမ်ိဳးနဲ႔ ျပဳမူရဲတယ္ေပါ့”

“ဟြန္႔”

အဘုိးအုိက ေထ့ေငါ့လုိ္ကျပီး ခံစားခ်က္ကင္းမဲ့စြာ ေျပာတယ္။

“ မင္းကုိ ထ်န္းမိသားစုထဲ ျပန္လာခိုင္းတာက မင္းရဲ႕ အဆုံးအစမဲ့တဲ့ အထီးက်န္မႈ ၊ ခက္ခဲမႈေတြကုိ မင္းရဲ႕ အစ္ကုိေတာ္ ထ်န္းရီက သနားေနလုိ႔ ငါတို႔က ခြင့္ျပဳလိုက္တာ.. မင္း ျပတ္ျပတ္သားသား ထြက္သြားျပီဆုိလည္း ထ်န္းေတာင္ကုိ ေျခတစ္လွမ္းေတာင္ မနင္းခဲ့သင့္ဘူး ”

ျပန္လာတယ္…

ဒီစကားမ်ားကုိ ၾကားေတာ့ ထ်န္းရာရဲ႕ မ်က္ဝန္းမ်ားက ပုိျပီး ေလးနက္လာခဲ့တယ္

“ျပန္လာတယ္လုိ႔ ေျပာရဲေသးတယ္ ခင္ဗ်ားတုိ႔ေၾကာင့္ ဖူရွန္က က်ဳပ္ကုိ စြန္႔ပစ္ျပီး ထားခဲ့ရတာ ခင္ဗ်ားကုိ ရွာျပီး လက္စားေခ်ႏုိင္ဖုိ႔ ေမွ်ာ္လင့္ခဲ့တာ.. ခင္ဗ်ား ဒီေနရာကုိ ေရာက္လာမယ္လုိ႔ မထင္ခဲ့ဘူး”

အဘုိးအုိႀကီးက ဂုဏ္ေမာက္စြာ ျပံဳးလုိက္တယ္။

“မင္းလို ငေပ်ာ့ တစ္ေယာက္နဲ႔ ယွဥ္ရတာ… ေနကုိ လက ေတာက္ပမႈ ယဥ္ေနသလုိပဲ အခု မင္းဘယ္လိုပဲ ထူးခြ်န္ေနပါေစ… မင္းက ငါတုိ႔ မ်က္လုံးထဲမွာေတာ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေက်ာ္က ေသးႏုပ္တဲ့ အင္အားမဲ့သူပဲ”

ထ်န္းရာမွာ ပုိ ေဒါကန္လာရျပီး ေသြးေအးေသာ အၾကည့္မ်ားက သူ႔မ်က္ဝန္းမွာ ျဖာဆင္းလာခဲ့တယ္။ဒီ ဘုိးေဘး ဝိညာဥ္ေတြက ထ်န္းမိသားစုရဲ႕ တျခားသူမ်ားနဲ႔ ျခားနားတယ္ဆုိတာ သူသိေနခဲ့တယ္။ ဒါေၾကာင့္ သူတစ္ေယာက္တည္း ရင္ဆုိင္လုိ႔ မရဘူး။

လြန္ခဲ့ေသာ ဆယ္စုႏွစ္ေပါင္းမ်ားစြာက ဒီလူေတြရဲ႕ စိတ္စြမ္းအားက ေကာင္းကင္ဘုံအဆင့္ ေရာက္ႏွင့္ေနျပီးသား။ အခု…ႏွစ္ေပါင္းမ်ားစြာ ၾကာျပီဆုိေတာ့ သူတုိ႔ တန္ခုိးက ပုိျပီးေတာ့ ျမင့္ႏုိင္တယ္။ ထ်န္းမိသားစု က်ဆင္းသြားရတဲ့ အေၾကာင္းအရင္းက သူတုိ႕ ေသဆုံးသြားလို႔ ဒါေပမဲ့လည္း ဒီလူေတြကုိ လွ်ိဳ႕ဝွက္နည္းလမ္းကုိ သုံးျပီး ထ်န္းမိသားစုကုိ ကာကြယ္ေနမယ္လို႔ မထင္ခဲ့မိဘူး။ သူတုိ႔ ဝိညာဥ္ ပ်က္စီးတာနဲ႔ ထုိက္တန္လုိ႔လား။

“ယြမ္မိန္းကေလး… မင္းရဲ႕ လက္ေထာက္ ၊ ေရွာင္ပုိင္တုိ႔နဲ႔အတူူတူ အရင္ဆုံး ထြက္သြားလုိက္ပါ”

ထ်န္းရာရဲ႕ မ်က္ဝန္းမ်ားက ပုိေအးစက္လာရတယ္။

“ဒီလူေတြကုိ ငါ တုိက္ခုိက္လုိ္က္မယ္”

ယြမ္ေလာ့ဖုန္းလည္း ထ်န္းရာကုိ ေစာင္းငဲ့ၾကည့္လုိက္တယ္။

“ရွင္ တစ္ေယာက္တည္း ဒီလူေတြကုိ တုိက္ခုိက္ႏုိင္လုိ႔လား”

“ငါ မတုိက္ခုိက္ႏုိ္င္ပါဘူး… ဒါေပမဲ့ ခဏေတာ့ ထိန္းထားေပးႏုိင္တယ္… မင္းတို႕ ထ်န္းေတာင္က ထြက္သြားႏုိင္ေအာင္ သူတုိ႔ကုိ လွည့္ဖ်ားထားေပးမယ္… ျပီးမွ ငါ လုိ္က္ခဲ့မယ္”

ထ်န္းရာလည္း အသက္ ခပ္ျပင္းျပင္း ရႈိက္လုိက္တယ္။ သူ႕အသံက အရင္ကထက္ ပုိျပီးေတာ့ တည္ၿငိမ္ေနခဲ့တယ္။

အရင္ကဆုိရင္ေတာ့ ဒီရန္သူေတြကုိ ျမင္ရင္ သူ႔အသက္ကုိ ပဓာန မထားဘဲ ေသတဲ့အထိ တုိက္ခုိက္မွာပါ ဒါေပမဲ့ အခုေတာ့ သူ႔စိတ္ထဲမွာ အေလးအနက္ထားရမယ့္ လူတစ္ေယာက္ ရွိေနျပီ။ ယြမ္ေလာ့ဖုန္း ေဘးကင္းမွာကုိ ေစာင့္ဆုိင္းျပီး ဒီလူေတြကုိ တုိက္ခုိက္ရမယ္။ ယြမ္ေလာ့ဖုန္း ဒီေနရာမွာ ရွိေနရင္ သူတုိ႔ေတြက သူမကုိ ထိခုိက္ ဒဏ္ရာ ရေအာင္ လုပ္ေဆာင္မွာ။

“ထ်န္းရာ… ကြ်န္မ ဘယ္သူလဲဆုိတာ သိသင့္တယ္”

ယြမ္ေလာ့ဖုန္းလည္း ထ်န္းရာကုိ ျပံဳးလ်က္ ၾကည့္လုိက္တယ္။

“ကြ်န္မက စစ္သူႀကီး မဟာႏြယ္မ်ိဳးရုိးမွ ဆင္းသက္လာတာပါ ၊ စစ္သူႀကီးေတြက ဘယ္လုိ အႏၱရာယ္ပဲ ၾကံဳၾကံဳ သူ႕အဖြဲ႕ဝင္ကုိ ထားရစ္ခဲ့မွာ မဟုတ္ဘူး”

ကုိ႔ရုိ႕ကားယား မရယ္ခင္မွာ ခဏေတာ့ သူ အံ့ၾသေနမိတယ္။

“ေကာင္မေလး… ဒါက တုိက္ပြဲ မဟုတ္ဘူး”

“ကြ်န္မ အတြက္ေတာ့ တုိက္ခုိက္မႈ မွန္းသမ်ွက စစ္ပြဲပဲ… ကြ်န္မက ကုိယ့္ အဖြဲ႕ဝင္ကုိ စြန္႔ပစ္ခဲ့ရင္ သူရဲေဘာေၾကာင္မႈေၾကာင့္ ကြ်န္မရဲ႕ အဘုိးက အျပစ္တင္လိမ့္မယ္”

ယြမ္ေလာ့ဖုန္းက အျပံဳးေလးကုိ ဆင္ျမန္းလုိက္တယ္။

ေကာင္မေလးရဲ႕ ပင္ကုိ စရုိက္က ျမင္းရုိင္း တစ္ေကာင္လုိပဲ ထိန္းခ်ဳပ္ရ ခက္ခဲတယ္။ ဘယ္သူ အမိန္႔ကုိမွ နာခံခ်င္တဲ့ ဆႏၵ မရွိဘူး။

ထ်န္းရာက သူမရဲ႕ စကားကုိ ခ်င့္ခ်ိန္ စဥ္းစားေနတာေၾကာင့္ ယြမ္ေလာ့ဖုန္းလည္း ရုတ္တရက္ ေမးလုိ္က္တယ္။

“ထ်န္းရာ… ရွင္… ကြ်န္မကုိ ယုံၾကည့္လား”

ခ်က္ခ်င္း ထ်န္းရာရဲ႕မ်က္လုံးက ေကာင္မေလးေပၚ က်ေရာက္လာခဲ့တယ္။ သူမမ်က္ႏွာမွာ ယုံၾကည္ခ်က္မ်ားကုိ ျမင္ရေတာ့ သူ႔ႏွလုံးသားက တျဖည္းျဖည္းခ်င္း တည္ၿငိမ္လာခဲ့တယ္။

ဒီေကာင္မေလးက တျခားသူေတြ သူမကုိ အလုိအေလ်ာက္ ယုံၾကည္သြားေအာင္ ျပဳစားႏုိင္တဲ့ ေမွာ္အစြမ္း ရွိတယ္။

“ေကာင္မေလး… မင္း ငါ့ကုိ ဘာလုပ္ေစခ်င္လဲ ေျပာ”

ထ်န္းရာလည္း ကူရာမဲ့စြာ ေခါင္းကုိ ခါရမ္းရင္း ေမးလုိက္တယ္။

Chapter-537

End

အပိုင္း(၅၃၈)

လွည့္ကြက္ (၁)

ယြမ္ေလာ့ဖုန္းလည္း ခပ္ေရးေရးမ်ွ ျပံဳးလုိက္တယ္။

“သူတုိ႔ေတြက ဘယ္ေတာ့မွ မေသဆုံးခဲ့ဘူးဆုိရင္ေတာ့ တုိက္ခုိက္ဖို႔ အေျဖရွာလို႕ ရမယ္ မထင္… ဒါေပမဲ့ အခုအခ်ိန္မွာ သူတုိ႔က ဝိညာဥ္ပုံစံ ရွိေနေတာ့ ဝိညာဥ္ေတြကုိ ရင္ဆုိင္လုိ႔ရတဲ့ နည္းလမ္း မ်ိဳးစုံ ရွိတယ္”

ဒါျပင္ ဝိညာဥ္မ်ားက အရမ္းကုိ တန္ဖုိးႀကီးမားတယ္။ ဘယ္လုိ လူမ်ိဳးမ်ားအတြက္ တန္ဖုိးျမင့္လည္း ေျပာရင္ စိတ္ဝိညာဥ္တန္ခုိးျမင့္တဲ့လူေတြ အတြက္ေပါ့။ သူတုိ႕က ႏုိ႔လက္ဖက္ရည္ေလးရဲ႕ အဟာရဓာတ္ ျဖစ္လာႏိုင္တယ္။

ၾကြက္ေအာ္သံ…

ယြမ္ေလာ့ဖုန္းရဲ႕ အေတြးကုိ ခံစားမိတာေၾကာင့္ ႏုိ႔လက္ဖက္ရည္ေလးက ႏွစ္ႀကိမ္တိတိ အသံျပဳတယ္။ သူ႔မ်က္ဝန္းမ်ားက ေလထဲမွ ဝိညာဥ္မ်ားကုိ မ်က္ေတာင္မခတ္ စူးစူးစုိက္စုိက္ ၾကည့္ေနခဲ့တယ္။သူ႕သြားရည္မ်ားက ေအာက္သုိ႔ တစ္စက္ခ်င္း တစ္စက္ခ်င္း က်လုနီးပါပဲ။ ေရႊရွာၾကြက္ေလး ျဖစ္တဲ့အတြက္ စိတ္ဝိညာဥ္ေဆးျမစ္မ်ားကုိ စားသုံးႏုိင္တဲ့အျပင္ သူ႕အစြမ္း တုိးတက္ဖုိ႔ စိတ္စြမ္းအား ျမင့္ေသာ လူမ်ားရဲ႕ ဝိညာဥ္ကုိလည္း စားသုံးႏုိင္ပါေသးတယ္။ စိတ္ဝိညာဥ္ေဆးျမစ္မ်ားက ရွားပါးတဲ့အတြက္ ဒီေလာကထဲမွာ အစြမ္းထက္တဲ့ ေရႊရွာၾကြက္ေလးမ်ား အမ်ားႀကီး မရွိဘူး။

ယြမ္ေလာ့ဖုန္းလည္း ႏုိ႔လက္ဖက္ရည္ေလးကုိ ေခ်ာ့လိုက္ျပီး ျပံဳးကာ ေျပာလုိက္တယ္။

“အလ်င္လိုဖုိ႔ မလုိအပ္ဘူး…ခဏေနရင္ ဒီဝိညာဥ္အားလုံး မင္း ပုိင္ေတာ့မွာ… ခဏေတာ့ သည္းခံလုိက္ပါ”

ယြမ္ေလာ့ဖုန္းရဲ႕စကားကုိၾကားေတာ့ ေလထဲမွ အႀကီးအကဲရဲ႕ မ်က္ႏွာ မည္းေမွာင္သြားေလတယ္။ သူတုိ႔အားလုံးက ေသြးေအးစြာ စကားဆုိတယ္။

“ေကာင္မေလး…ကုိယ့္ဘာသာ အထင္ႀကီးလြန္းတာ မေကာင္းဘူး… မဟုတ္ရင္ေတာ့ မင္းမွာ ေကာင္းမြန္တဲ့ ဘဝ မရွိႏုိင္ဘူး”

သူတို႔ေျပာလုိက္တဲ့ စကားမ်ားကုိ မၾကားလုိက္သလုိ… ႏုိ႔လက္ဖက္ရည္ေလးရဲ႕ ဦးေခါင္းကုိ ညင္သာစြာ ပြတ္သပ္ရင္း မာယာမ်ားစြာ ျပံဳးလုိက္တယ္။

“အခ်ိန္တန္လာရင္… အစိမ္းစားမလား…ကင္ျပီးေတာ့ စားမလား… ကင္ထားတဲ့ ဝိညာဥ္ေတြက ဘယ္လုိ အရသာရွိလဲ သိခ်င္လုိ္က္တာေနာ္”

“မင္း…”

အဘုိးအုိမွာ ေဒါပြလာရတယ္။

“မင္းက ဘယ္လုိမွ ဆုိဆုံးမလုိ႔ မရဘူး… မင္းက သစၥာေဖာက္ေကာင္နဲ႔ စရုိက္ အတူတူပဲ… ခဏေနရင္ ငရဲမွာ အတူတူအေဖာ္ျပဳရေအာင္ မင္းတုိ႔ႏွစ္ေယာက္ကုိ သတ္ေပးမယ္”

မီးခုိးေရာင္ဝတ္စုံနဲ႔လူက သူ႕အၾကည့္ကုိ ထ်န္းဖူဘက္ မလွည့္ခင္ ယြမ္ေလာ့ဖုန္းကုိ မ်က္ေစာင္းထုိး ၾကည့္လုိက္တယ္။ ထုိ႔ေနာက္ သူလည္း မ်က္ေမွာင္ၾကဳတ္ျပီး ေျပာလာခဲ့တယ္။

“ဒီေကာင္မေလးက ငါတုိ႔အခ်ိန္ကုိ အလကားျဖဳန္းေနတာ သိသာေနတာပဲ ခဏၾကာရင္ ငါတုိ႔ ေပ်ာက္ကြယ္ေတာ့မွာကုိ သူမက သိေနေတာ့ စရုိက္ဆန္တဲ့ စကားေတြေျပာျပီး ငါတုိ႔ကုိ  ေႏွာင့္ယွက္ေနတာ ။ဒါေၾကာင့္ သူမနဲ႔ စကားေျပာတာ ရပ္တန္႔ျပီး စတင္ တုိက္ခုိက္မယ္”

ထ်န္းဖူလည္း အသက္ခပ္ျပင္းျပင္းရႈလုိက္တယ္။

“မင္းေျပာတာမွန္ပါတယ္… ဒီႏွစ္ေယာက္က ငါတုိ႔ အခ်ိန္ကုိ ရည္ရြယ္ခ်က္ရွိရွိ ျဖဳန္းေနတာ… ငါလည္း သူတို႔လည္း မာယာမ်ားတဲ့ အၾကံအစည္ကုိ ခံစားမိပါတယ္။ ဒါမွ ငါတုိ႔ ေဒါသထြက္ျပီး စကားအေခ်အတင္ ေျပာမွာေလ… အခုခ်က္ခ်င္း ဒီလူေတြကုိ တုိက္ခုိုက္ျပီး သတ္တာေပါ့ ျပႆနာကုိ တတ္ႏုိင္သမ်ွ ျမန္ျမန္ ရွင္းမယ္”

ရႊမ္းခနဲ ျမည္သံ

သူတို႔ ဒီစကားကုိေျပာျပီးေနာက္ ထ်န္းဖူက ေလထဲမွ ခုန္ဆင္းလုိက္ျပီး သူ႔ခႏၶာကုိယ္က ထ်န္းရာ ေရွ႕ ခ်က္ခ်င္း ေရာက္သြားခဲ့တယ္။ သူက ထ်န္းမိသားစုရဲ႕ သစၥာေဖာက္ေကာက္ကုိ တစ္ခ်က္တည္းနဲ႕ သတ္ခ်င္တာေၾကာင့္ တဟုန္ထုိး တိုက္ခုိက္ေတာ့တယ္။

ဝုန္း…

ထ်န္းရာလည္း သူ႕ကုိ မေၾကာက္မရြံ႕ ရင္ဆုိင္ တိုက္ခုိက္လုိက္ျပီး သူ႔တုိက္ခုိက္မႈကုိ ခုခံလုိက္တယ္။ ရုတ္ျခည္း အားေကာင္းတဲ့ အစြမ္းတစ္ခုက သူတို႔ႏွစ္ေယာက္အနား ေပၚထြက္လာျပီး သူတို႔နား ပတ္ဝန္းက်င္က သစ္ပင္အားလုံးကုိ ဖ်က္ဆီးသြားတယ္။ ဖုန္မႈန္႔မ်ားလည္း ျပန္႔က်ဲေနခဲ့ျပီး ေနရာတုိင္း ပ်ံဝဲေနခဲ့တယ္။

ထ်န္းဖူရဲ႕ ျပင္းထန္ေသာ စြမ္းအားေၾကာင့္ ထ်န္းရာမွာ ေနာက္သုိ႔ တယိမ္းတယုိင္ ျဖစ္သြားေသာ္လည္း မီတာ အနည္းငယ္တြင္းမွာ ကုိ္ယ္ဘာသာ ျပန္ထိန္းႏုိ္င္ခဲ့တယ္။ ယုတ္မာ ရက္စက္ေသာ ထ်န္းဖူရဲ႕မ်က္ႏွာကုိ သူလည္း ေစ့ေစ့ၾကည့္လုိက္တယ္။

“ဒီအမ်ားႀကီး ၾကာသြားရင္ မင္း ဒီထက္ ပုိေတာ္လာမယ္လုိ႔ ထင္ခဲ့တာ… မင္းက သုံးစား မရဘူးပဲ…ဟား…”

ထ်န္းဖူလည္း ဟားတုိက္ရယ္ေမာလုိက္တယ္။

“အရင္တည္းက ထ်န္းမိသားစုရဲ႕စကားကုိ နာခံခဲ့ျပီး ငါတုိ႔ စီစဥ္ေပးထားတဲ့ မိန္းကေလးနဲ႔ လက္ထပ္ခဲ့သင့္တယ္… မင္း ကံၾကမၼာ မင္း ဖန္တီးခဲ့တာပဲ… ငါတုိ႔ ထ်န္းမိသားစုရဲ႕ အမိန္႔ကုိ မနာခံဖုိ႔ မင္းကုိ ဘယ္သူက ေျမွာက္ပင့္လို္က္လုိ႔လဲ”

ဒီစကားကုိ ေျပာျပီးေနာက္ ထ်န္းဖူက ထ်န္းရာကုိ တုိက္ခုိက္တာ မရပ္တန္႔လုိက္ပါဘူး။ အစတည္းက ဖရုိဖရဲ အေျခအေနက ထ်န္းရာ လြတ္ေျမာက္ႏုိင္ပါတယ္ ဒါေပမဲ့လည္း သူ႔ျပိဳင္ဘက္ရဲ႕ လႈပ္ရွားမႈနဲ႔ အလြယ္ေလး တန္ျပန္တုိက္ခုိက္ရင္း ကစားေပးေနတာပါ။

ထ်န္းဖူတစ္ေယာက္…ထ်န္းရာကုိ မထိန္းခ်ဳပ္ႏုိင္တာ ျမင္ေတာ့ တျခားသူမ်ားက စစ္ကူဖုိ႔ တဟုန္ထုိး ဆင္းသက္လာခဲ့ျပီ။  အလ်င္ျမန္ဆုံးနည္းနဲ႔ သစၥာေဖာက္ကုိ တုိက္ခုိက္ႏုိ္င္ဖုိ႔ ျပင္ဆင္တယ္။ အားလုံးရဲ႕မ်က္လုံးမ်ားက တုိက္ခိုက္ေနေသာ လူႏွစ္ေယာက္ေပၚ  က်ေရာက္ေနေသာေၾကာင့္ ခ်စ္စရာေကာင္းတဲ့ ကေလးေလး ယြမ္ေလာ့ဖုန္း ေဘးနားမွာ ေပၚလာသည္ကုိ ဘယ္သူမွ မသိလုိ္က္ေပ။

Chapter-538

End

အပုိင္း(၅၃၉)

လွည့္ကြက္ (၂)

“သခင္…ကြ်န္ေတာ္…ဒီႏွစ္ေတြမွာ..ဒီအစီအရင္ တစ္ခုတည္းကုိ ေလ့လာခဲ့တယ္…ဒါက အသုံးဝင္လာမယ္လုိ႔ မထင္ခဲ့ဘူး”

ေရွာင္မုိေလးက ဒူးေထာက္လုိက္ျပီး ေျမႀကီးေပၚမွာ ေက်ာက္တုံးမ်ားကုိ ခ်ထားလုိက္တယ္။မတ္တတ္ မရပ္ခင္မွာ သူက သူ႔နဖူးေပၚမွ ေခြ်းစမ်ားကုိ သုတ္လုိက္တယ္။

“ဒါေပမဲ့ ငါ့အစီအရင္က ဝိညာဥ္ေတြကုိ ဖမ္းခ်ဳပ္ႏုိင္တယ္… သူတို႔ကုိ မဖ်က္ဆီးႏုိင္ဘူး သခင္ရဲက ဝိညာဥ္မီးေတာက္ကုိ ဒီအစီအရင္မွာ ထည့္လုိက္ရင္ေတာ့ ဒီဝိညာဥ္ေတြ လ်င္ျမန္စြာ ပ်က္ဆီးသြားေစမွာပါ”

ဒါေၾကာင့္လည္း ထ်န္းမိသားစုရဲ႕ စိတ္ဝိညာဥ္တန္ခုိး ျမင့္မားတဲ့ အႀကီးအကဲ ေပၚထြက္လာရင္ ေျဖရွင္းလို႔ မရႏုိင္ဘူးလုိ႔ ေျပာတာေပါ့။ ဝိညာဥ္အုပ္စုလုိက္ ထင္သာ ျမင္သာေအာင္ ျပတာကုိ… ကုိယ့္ဘာသာ ကုိယ္ အျပစ္တင္လုိက္ေတာ့ေပါ့။ ဝိညာဥ္ေတြက ဝိညာဥ္မီးေတာက္က ေျပးမလြတ္ႏုိင္ဘူး။

ဒီလူေတြက အစြမ္းျမင့္ေသာ္လည္း သူတုိ႔မွာ ကာကြယ္ေပးမယ့္ ရုပ္ခႏၶာ မရွိဘူး သူတို႔ကုိ မဖ်က္ဆီးခင္မွာ ထုိးေဖာက္ ဝင္ေရာက္ဖုိ႔ ရုပ္ခႏၶာ မရွိဘူး။

ဒုန္း…

ထ်န္းဖူရဲ႕ လက္သီးက ထ်န္းရာေပၚ က်ဆင္းလာျပီး သူ႕မွာ ေလထဲ လႊင့္သြားရတယ္။ ထ်န္းရာကလည္း  တုိက္တုိက္ဆုိင္ဆုိင္ အစီအရင္ထဲ က်ဆင္းလာခဲ့တယ္။

ထ်န္းမိသားစုရဲ႕ ဘုိးေဘး ဝိညာဥ္မ်ားက အစတည္းက ေရွာင္မုိတစ္ေယာက္ ေက်ာက္တုံးမ်ား ဟုိေရြ႕ဒီေရြ႕လုပ္ေနတာကုိ အစတည္းက ျမင္ပါေသာ္လည္း သူတို႔ လ်စ္လ်ဴရႈထားတာပါ။ ေရွာင္မုိက ကေလး တစ္ေယာက္ပဲေလ။ သူတုိ႔အျမင္မွာေတာ့ သူတုိ႕က ျပိဳင္ဘက္ကင္း တန္ခုိးကုိ ပုိင္ဆိုင္တာေၾကာင့္ ယြမ္ေလာ့ဖုန္းက သူတုိ႔ကုိ ျပႆနာ မရွာႏုိင္ဘူးလုိ႔သာ ယူဆထားခဲ့တယ္။ ထ်န္းဖူတုိ႔ ယြမ္ေလာ့ဖုန္း ေဘးနားက ကေလးကုိ ဂရုမစုိက္မိတာ အမွားႀကီး မွားတာပါပဲ။ ဒါေၾကာင့္လည္း ေရွာင္မုိ ေပၚလာတာကုိ မသိခဲ့ဘူး။ သူတို႕သာ သိခဲ့ရင္ ယုံၾကည္ခ်က္ လြန္ကဲေနေတာ့မွာ မဟုတ္ေပ။

“ထ်န္းရာ မင္းတစ္ေယာက္တည္းနဲ႔ ငါတုိ႔ ထ်န္းမိသားစုက လူအားလုံးကုိ ရင္ဆုိင္ႏုိင္ပါ့မလား”

ထ်န္းဖူလည္း ဟားတုိက္ရယ္လုိက္ျပီး အစီအရင္ထဲ ဝင္လုိက္တယ္။

တစ္ခ်ိန္တည္းမွာ တျခားေသာ ဘုိးေဘူ အႀကီးအကဲမ်ားလည္း လုိက္ဝင္ၾကျပီ ထ်န္းရာကုိ ေလွာင္ေတာ့တယ္။

“ဒါက ငါတုိ႔ ထ်န္းမိသားစုရဲ႕ စကားကုိ မနာခံလုိ႔ ထုိက္တန္တဲ့ ျပစ္ဒဏ္ပဲ”

အေျခမေနဟန္လာတာ ျမင္ေတာ့ ထ်န္းမိသားစုဝင္တုိင္းမွာ ေမ်ွာ္လင့္ခ်က္ ေရာင္ျခည္ သမ္းလာခဲ့တယ္။ ဘယ္သူက ထ်န္းရာ ေက်ာ္ၾကားတာကုိ ဂရုစုိက္လုိ႔လဲ။ ဒီမွာ ထ်န္းမိသားစုရဲ႕ ဘုိးေဘးအႀကီးအကဲ အမ်ားႀကီး ရွိတယ္။ သူတုိ႔က ထ်န္းရာကုိ ဘာေၾကာင့္ ေၾကာက္ေနရမလဲ။

ဒါကုိ ေတြးရင္း အားလုံးက ေလယူရာယိမ္းေျပာၾကတယ္။

“ဘုိးေဘး အႀကီးအကဲ…ထ်န္းမိသားစုရဲ႕ သစၥာေဖာက္ ထ်န္းရာကုိ သတ္လုိက္ပါ ထ်န္းမိသားစုကုိ မကူညီတဲ့အျပင္ ထ်န္းမိသားစုကုိ ေခ်မႈန္းဖုိ႔ အျပင္လူနဲ႔ ပူးေပါင္းတယ္”

“မွန္တယ္…သူက ဘယ္ကမွန္း မသိတဲ့ မိန္းမတစ္ေယာက္နဲ႔ ခ်စ္ခဲ့ျပီး အခုေတာ့ အဆင့္တန္းနိမ့္တဲ့ မိန္းကေလးကုိ ဆရာေတာ္ေနတယ္။ သူ႕ကုိ ခြင့္လႊတ္စရာ အေၾကာင္းမရွိဘူး”

ထ်န္းရာက သူမကုိ ဆရာ အျဖစ္ အသိအမွတ္ ျပဳလည္း ဘာဂရုစုိက္ေနစရာ လုိအပ္လုိ႔လဲ။ သူတို႔ အျမင္မွာေတာ့ ဒီေကာင္မေလးက စစ္သူႀကီးအိမ္ေတာ္က သုံးစားမရတဲ့ သခင္မေလးပဲ။ နိမ့္က်တဲ့ အဆင့္အတန္းနဲ႔ ထ်န္းမိသားစုကုိ ယွဥ္ႏုိင္မယ္တဲ့လား။

ထ်န္းရာလည္း ေျမႀကီးေပၚမွ ထလုိက္ျပီး ဒဏ္ရာျဖစ္ေနတဲ့ ရင္ဘတ္ကုိ ဆုပ္ကုိင္ရင္း ေအးစက္စြာ ေျပာလုိက္တယ္။

“ငါ ဘယ္သူကုိ လက္ထပ္ခ်င္ခ်င္ ဘယ္သူကုိ ဆရာ တင္တင္… ထ်န္းမိသားစုနဲ႔ မသက္ဆုိင္ဘူး ငါက ထ်န္းမိသားစုရဲ႕ လုပ္ၾကံမႈက လြတ္ေျမာက္ခဲ့တည္းက မင္းတုိ႔ကုိလည္း ငါက ထပ္တူ လက္စားေခ်ႏုိင္တယ္”

သူ႕စကားကုိၾကားေတာ့ ထ်န္းဖူက ေလွာင္ေျပာင္လုိက္တယ္။

“ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာလည္း မင္းအခ်ိဳးကုိ မျပင္ေသးဘူး ဒီတစ္ေခါက္ လြတ္ေျမာက္ႏုိင္ဦးမလား ၾကည့္ရတာေပါ့”

ဒီစကားကုိ ေျပာျပီးေနာက္ သူ႔ခႏၶာကုိယ္မွ လူသတ္ခ်င္စိတ္မ်ား ေပါက္ကြဲထြက္လာျပီး ထ်န္းရာရဲ႕ ခႏၶာကုိယ္ကုိ ဖုံးလႊမ္းသြားခဲ့တယ္။

“အခ်ိန္တန္ျပီ… မင္းလုိ လူ႔အမႈိက္နဲ႔ စကားေျပာျပီး အခ်ိန္မျဖဳန္းေတာ့ဘူး ဒါေၾကာင့္ အခု မင္းအသက္ကုိ အဆုံးသတ္ေပးမယ္”

ထ်န္းရာကုိ အထင္ျမင္ေသးစြာ ၾကည့္လုိက္ျပီး သူ႕လက္ကုိ ေျမွာကလုိက္ေတာ့ ဓားရွည္တစ္လက္ သူ႕လက္ထဲ ေပၚလာခဲ့တယ္။

သုိ႔ေသာ္လည္း သူ ဓားကုိ ဆုပ္ကုိင္လုိက္တဲ့အခ်ိန္မွာ ေရညိွစိမ္းေရာင္ မီးေတာက္က ဝုန္းခနဲ အသံနဲ႔အတူတူ ေျမႀကီးေပၚမွ ေပၚထြက္လာျပီး ခ်က္ခ်င္း သူတို႔ခႏၶာကုိယ္ကုိ ပတ္ခ်ာလည္ ဝုိင္းသြားခဲ့တယ္။

Chapter-539

End

Unicode

534+535+536

အပိုင်း(၅၃၄)

ထျန်းရာ ရောက်ရှိလာခြင်း (၃)

ထျန်းရီရဲ့ မျက်ဝန်းမှာ စိတ်ပျက်ကြေကွဲမှုများ ကြီးစိုးလာခဲ့တယ်။

“မင်းရဲ့ အချိန်အားလုံးကို ဖူရှန်အတွက် ချန်လှပ်ထားလို့ ထျန်းမိသားစုကို လျစ်လျူရှုထားတယ်ဆိုရင် အခုမှ ထျန်းမိသားစုကို ဘာအကြောင်းကြောင့် ရောက်လာရလဲ”

“ဘာကြောင့်လဲဆိုတော့…”

ထျန်းရာရဲ့ နှုတ်ခမ်းထောင့်က မြင့်တက်သွားခဲ့တယ်။

“ထျန်းမိသားစုက ယွမ်လော့ဖုန်းရဲ့ အစေခံကို ပြန်ပေးဆွဲသွားတယ် ကြားလို့..သူမကို ပြန်ခေါ်သွားနိုင်အောင် ကူညီပေးပြီ… မင်းတို့ ထျန်းမိသားစုနဲ့ စာရင်း ရှင်းမလို့”

ထျန်းရီက ထျန်းရာကို တအံ့တသြ ကြည့်လိုက်ပြီး စိတ်ပျက်သော အကြည့်များမှ အံ့သြသော အကြည့်များသို့ ပြောင်းလဲသွားခဲ့တယ်။

ထျန်းရာပြောတဲ့ စကားရဲ့ ဆိုလိုရင်းက သူ အလုပ်များနေတဲ့အတွက် ထျန်းမိသားစုနဲ့ စာရင်းရှင်းဖို့ အချိန်မရှိခဲ့ဘူး။ ဒါပေမဲ့လည်း ယွမ်လော့ဖုန်းကြောင့် အားလုံးကို ဂရုမစိုက်ဘဲ သူမ ဘေးမှာ ရပ်တည်ပေးမယ်တဲ့လား။

သူတို့ရဲ့ ခင်မင်ရင်းနှီးမှုက ဘယ်လောက်ထိ နက်ရှိုင်းလို့ ထျန်းရာက သူမကို ရွေးတာလဲ။

တခြားသူများလည်း ယွမ်လော့ဖုန်းကို လှည့်ကြည့်လိုက်ပြီး သူမနဲ့ ထျန်းရာရဲ့ ဆက်ဆံရေးကို မေးချင်ကြတယ်။   

                

“ဦးလေး ထျန်းရာ”

ထျန်းရွှယ်လည်း တခြားသူများ မေးချင်နေတဲ့ မေးခွန်းကို နားမလည်နိုင်စွာ မေးလိုက်တယ်။

“ဒီမိန်းမက ဦးလေးနဲ့ ဘယ်လို ပတ်သက်လဲ”

ပုံမှန်ဆို ထျန်းရာလို လူမျိုးကို ယွမ်လော့ဖုန်းရဲ့ နောက်ခံ အနေအထားနဲ့ သိနိုင်စရာ အကြောင်းမရှိဘူး။

အားလုံး နားစွင့်နေချိန်…ဘေးဘက်မှ လင်းလောပိုင်က စကားဖြတ်ပြောတယ်။

“မောင်ငယ်လေး ထျန်းရာ… ဒီလူတွေကို မြန်မြန် ရှင်းစမ်းပါ ဒီလူတွေ အားလုံးက စိတ်တိုစရာ ကောင်းတယ်”

မောင်ငယ်လေး ထျန်းရာတဲ့လား။

အားလုံးမှာ ကျောက်ရုပ်လို ဖြစ်သွားခဲ့တယ်။ အထူးသဖြင့် ယွမ်လော့ဖုန်းကို လှောင်ခဲ့တဲ့ ထျန်းရွှယ်ပေါ့  သူ့မျက်နှာက လုံးဝကို အရောင်မဲ့သွားခဲ့တယ်။ စက္ကန့်ပိုင်းလောက် မူးလဲသွားဖို့ ဆုတောင်းမိတယ်။ ဒီလို အံ့သြစရာကောင်းတဲ့ သတင်းကို ကြားရတာထက်တော့ သာပါတယ်။

“ထျန်းရာ”

အံ့သြစရာကောင်းတာက ထျန်းရီ တခြားသူများနဲ့ မတူဘူး။ အံ့သြခြင်း မရှိဘူး။ ဒီအစား သူလည်း ဒေါသထွက်သွားပြီး ဒေါနဲ့မောနဲ့ ပြောတယ်။

“ဒီမိန်းကလေးမှာ သင့်တင်လျောက်ပတ်တဲ့ အရည်အချင်း ရှိတာကြောင့် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်တာ…မင်းအစွမ်းက သူမထက် မြင့်တယ်… ဆေးပညာစွမ်းရည်လည်း ရှိသေးတယ် ဒါကြောင့် သူမက မင်းဆရာဖြစ်ဖို့ အခွင့်ရှိလို့လား”'

ဒီစကားကိုပြောပြီးနောက် ထျန်းရီလည်း အသက် ခပ်ပြင်းပြင်း ရှုသွင်းလိုက်တယ်။ သူ့မျက်နှာက ပိုပြီးတော့ အကျည်းတန်လာခဲ့တယ်။

“မင်း ထျန်းမိသားစုကို မုန်းတာ ငါ နားလည်ပါတယ် ဒါပေမဲ့လည်း ထျန်းမိသားစုကို ဒေါသထွက်လို့ မင်းဘဝကို နင်းချေစရာ မလိုအပ်ဘူး မင်းမှာ နောင်တရဖို့ အချိန်ရှိပါသေးတယ် ၊ မင်း… ထျန်းမိသားစုကို ပြန်လာပြီ… ငါတို့နဲ့ ပူးပေါင်းမယ်ဆိုရင် ထျန်းမိသားစုက အရင်လို ကြီးကျယ် ခမ်းနားလာမယ်”

ထျန်းရီရဲ့မျက်နှာအမူအရာက နူးညံ့လာပြီး သူ့ကို စိတ်ရှည်လက်ရှည် ဖျောင်းဖျနေခဲ့တယ်။ ဒီစကားနဲ့ သူ့ကို ထျန်းမိသားစုထဲ ပြန်ခေါ်ချင်နေတယ်။

ထျန်းရီစကားကို လျစ်လျူရှုကာ လင်းလောပိုင်ဘက် လှည့်ပြီးချီကျူးလိုက်တယ်။

“သခင်မလေး ရှောင်ပိုင် ငါ့ကို မောင်တော်လေးလို့ ခေါ်လိုက်တာလား…စိတ်မပူပါနဲ့… ဒီအဘိုးကြီးက တခြားနေရာမှာ မတော်လည်း အရှက်မဲ့တဲ့နေရာမှာ ထူးချွန်ပါတယ် ယွမ်မိန်းကလေးက ငါ့ကို တပည့်အဖြစ် လက်မခံလည်း လက်ခံတဲ့အထိ နှောင့်ယှက်ရမှာပဲ”

လုံဖေးရဲ့မျက်လုံးများက ပြူးကျယ်သွားရတယ်။ သူ့မျက်နှာမှာ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေခဲ့တယ်။

ဒီလူက ဆရာ ချစ်ခဲ့တဲ့ လူလား။ ဒီလူကြီးက တကယ်ကို အရှက်မဲ့တာပဲ။

သို့သော်လည်းတခြားသူက ဒီစကားကို ကြားရင်တော့ သူတို့ ခံစားချက်က လုံဖေးနဲ့ လုံးဝကို ခြားနားမှာပါ။

ထျန်းမိသားစုက အင်အားသုံးပြီး ထျန်းရာကို ရှာနေခဲ့တာ အားလုံး သိပါတယ်။ ဒါပေမဲ့ ထျန်းရာက သွေးအေးပြီး သူတို့ကို မတူမတန် ဆက်ဆံတယ်။ ထျန်းရာလိုမာနကြီးတဲ့လူက မိန်းမပျိုလေးရဲ့ တပည့်အဖြစ်ဖို့ အရှက်မဲ့စွာ တောင်းဆိုနေ သတဲ့လား။

ပြီးတော့ ဒီကောင်မလေးကလည်း သူ့ကို ငြင်းနေတယ်လား။

ဒီကိစ္စ ပြန့်သွားရင်တော့ ဒီကုန်းမြေစု တစ်ခုလုံး သေချာပေါက် အံ့သြမှာပဲ။

“အခုကစပြီးတော့ ကျွန်မကို ကောင်မလေးလို့ ခေါ်ခွင့် မပြုတော့ဘူး”

လင်းလောပိုင်က ခါးထောက်ပြီး ပြောတယ်။ သူမရဲ့တောက်ပသော မျက်ဝန်းများက ပြူးကျယ်နေတာပေါ့။

“အစ်မတော်လို့ တရိုတသေ ပြောရမယ်… အဲ့လိုမှ မဟုတ်ရင်တော့ ဆရာကို တိုင်တန်းပြီး တစ်သက်လုံး တပည့်အဖြစ် လက်မခံအောင် ပြောရလိမ့်မယ်…”

“ဟုတ်ပါပြီ”

အဘိုးအိုငယ်လေးက မျက်နှာလို မျက်နှာရ ပြုံးလိုက်တယ်။

“အစ်မတော် ပြောတဲ့အတိုင်း ဖြစ်စေရပါမယ်”

ယွမ်လော့ဖုန်းရဲ့တပည့် ဖြစ်ဖို့ နောက်ဆုံးတော့ သူ့သိက္ခာကို စွန့်ပစ်ရဲတယ်။

Chapter-534

End

အပိုင်း(၅၃၅)

ထျန်းရာ ရောက်ရှိလာခြင်း (၄)

အားလုံးရဲ့ မျက်နှာအမူအရာက မြင်မကောင်းလောက်အောင် အကျည်းတန်နေခဲ့တယ်။  လွန်ခဲ့သော ဆယ်စုနှစ်ကျော်က ထျန်းမိသားစုရဲ့ အမိန့်ကို ထျန်းရာ ဆန့်ကျင်ခဲ့တယ်။ မိသားစု နောက်ခံ တိတိကျကျ မရှိတဲ့ အမျိုးသမီး တစ်ယောက်ကို လက်ထပ်ဖို့ စိတ်အား ထက်သန်ခဲ့တယ်။

အခု ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့လည်း ထျန်းမိသားစုရဲ့ ကံတရားကို ထပ်တူထပ်မျှ လျစ်လျူရှုခဲ့ပြန်တယ်။ ယွမ်လော့ဖုန်းကို ဆရာအဖြစ် အသိအမှတ် ပြုနေပြန်ပြီ။

“ငါကိုယ်ငါ မျက်နှာ အပျက်ခံပြီးတော့ ဘာလို့ ယွမ်မိန်းကလေးရဲ့ ဖြစ်ချင်ရလဲ သိလား”

နောက်ဆုံးတော့ ထျန်းရာတစ်ယောက် ထျန်းမိသားစုရဲ့ အကြည့်များကို ခံစားမိသွားပြီး သူတို့ကို သွေးအေးစွာ ကြည့်လိုက်တယ်။

“ဒီကောင်မလေးက ငါ မကယ်နိုင်ခဲ့တဲ့ လူနာကို ကယ်ခဲ့လို့ပဲ … ဒီကောင်မလေးရဲ့ ဆေးပညာအစွမ်းက ငါ့အထက် အဆပေါင်းများစွာ တော်တယ် ၊သူမကို ဆရာတော်လို့ ငါအတွက် ဘာမှ မဆုံးရှုံးသွားဘူး”

ဝုန်း…

ကောင်းကင်ကြည်လင်သော နေ့တစ်နေ့မှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဒီသတင်းက လူတိုင်းကို တုန်လှုပ်သွားစေတယ်။ သူတို့အားလုံးရဲ့ နှလုံးများ တဒုန်ဒုန် ဖြစ်နေရတယ်။ သူတို့ရဲ့ အင်မတန် ဖြူဖျော့နေတဲ့မျက်နှာမှာ အံ့သြမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။

ယွမ်လော့ဖုန်းရဲ့ ဆေးပညာအစွမ်းက ထျန်းရာထက် သာလွန်သတဲ့လား။

ဒီတစ်ခေါက်တော့ သူတို့ထျန်းမိသားစုက  အစွမ်းထက်တဲ့ ရန်သူကို ရန်စလိုက်တာလဲ။

ထျန်းရွှယ်ရဲ့မျက်နှာကလည်း စိတ်ပျက်ကြေကွဲမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။သူမှာ နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားပြီး သူ့တင်ပါးက ကြမ်းပြင်ပေါ်က ကျောက်တုံးနဲ့ ထိကာ ဗုန်းခနဲ ဖြစ်သွားရတယ်။ ဒါပေမဲ့လည်း သူ ဘယ်နာကျင်မှုကိုမှ မခံစားရဘူး။ တဆိတ်ဆတ် တုန်ရီနေသော သူ့ခန္ဓာကိုယ်က သူ့တုန်လှုပ်မှုကို ဖော်ပြနေခဲ့တယ်။

ထျန်းရာလည်း ထေ့ငေါ့လိုက်ပြီး သူ့အကြည့်က ထျန်းကျူပေါ်သို့ နောက်တစ်ကြိမ် ကျရောက်လာခဲ့တယ်။

“လာတဲ့ လမ်းမှာတည်းက ငါ မေးစမ်းကြည့်ပြီးသား… ငါ့ဆရာမလေးရဲ့ အစေခံကိုဖမ်းခေါ်သွားတာ မင်းလို့ ကြားတယ်…မင်းဘာသာမင်း အေးအေးဆေးဆေး နေလို့ရရဲ့သားနဲ့ ဝင်ရှုပ်တော့ ဒုက္ခရောက်ရပြီ… ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲ…တခြားသူတွေမှာတော့ အခွင့်အရေးပေးဖို့ တောင်းပန်နေလည်း မရနိုင်ခဲ့ဘူး… ဒါပေမဲ့ မင်းကတော့ ဒီအခွင့်အရေးကို တကယ်ပဲ စွန့်လွှတ်နိုင်ခဲ့တယ်”

ချင်ယန် သူ့ကို ဘာကြောင့် အခွင့်အရေး ပေးတယ်လို့ ထင်လဲ။ သူ့ကို ဆားရေနဲ့ ပက်ပြီး နိုးခဲ့တယ်။

သူ သတိပြန်ဝင်လာချိန်မှာ ချင်ယန်ရဲ့ထေ့ငေါ့သံကို ကြားလိုက်ရတယ်။

ထျန်းကျူ သတိပြန်လည်လာသော်လည်း နောက်တစ်ကြိမ် ထပ်မေ့မျောသွားပြန်ပြီ။

“ရှင် ထပ်ပြီးတော့ မေ့လဲနိုင်ပါတယ်…ရှင့်ကို နောက်ထပ် မနိုးတော့ဘူး ဒါပေမဲ့ လူတွေကို နိုးတဲ့ ကျွန်မရဲ့ နည်းလမ်းက ကြမ်းတမ်းတယ်… ဒါကြောင့် ရှင် ညှဉ်းပန်းမှုဒဏ်ကို ခံနိုင်ရည်ရှိဖို့ မျှော်လင့်နိုင်ပါတယ်”

ဒီလို ခြိမ်းခြောက်မှုကြောင့် ထျန်းကျူမှာ နောက်တစ်ဖန် ဆက်လက်ပြီးမူးလဲသွားပြန်တယ်။

နောင်တက သူ့နှလုံးသားကို မွန်းကျပ်စေမယ်။ ယွမ်လော့ဖုန်းမှာ ဒီလို အစွမ်းအစမျိုးရှိမယ်လို့ အရင်ကသာ သိခဲ့ရင် သူ… ကျူံးလင်းအာကို ဒီလိုမျိုး မဆက်ဆံခဲ့ပါဘူး။ ဒီလိုဆိုရင် ကျူံးလင်းအာရဲ့ အဆင့်အတန်းနဲ့ သူ့ကိုယ်သူ မြှင့်တင်နိုင်မယ်။

ထျန်းကျူမှာ တွေးလေလေ နောင်တ ရလေလေပါပဲ သူ နောင်တရသော်လည်း အရာအာလုံး နောက်ကျသွားခဲ့ပြီလေ။ အခုအချိန်မှာ သူ ဘာကိုမှ ပြုပြင်လို့ မရတော့ဘူး။

“ဟား…”

ထျန်းရီလည်း ရုတ်ခြည်း သွေးအေးစွာ ဟားတိုက် ရယ်မောလိုက်တယ်။ သူ့အသံက တိုးလျပြီး ခပ်သြသြပါ။

“ထျန်းရာ… ထျန်းမိသားစု…အခုအချိန်ထိ ရပ်တည်နိုင်တာ ဘာကြောင့်လို့ မင်းထင်လဲ…”

ထျန်းရီရဲ့ ကြောက်လန့်မှုက သူ့အိုမင်သော မျက်နှာမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့တယ်။ သူက ထျန်းရာကို လှောင်ပြုံးပြုံးရင်း စိန်းစိန်းဝါးဝါး ကြည့်လာခဲ့တယ်။

“မင်းက ထျန်းမိသားစုရဲ့ ခေါင်းဆောင် မဟုတ်တော့ ဒါကို မသိနိုင်ဘူး… ကျွတ် ကျွတ်… ဒါကြောင့် မင်း သိလို့ မရတဲ့ တချို့ အကြောင်းကိစ္စလေးတွေ ရှိတယ်။”

ထျန်းရာလည်း မျက်မှောင်ကုတ်လိုက်တယ်။

“မင်း ဘာပြောချင်တာလဲ”

“ဘာပြောချင်တာလဲ…ဟုတ်လား…ဟား…”

ထျန်းရီလည်း အရူးတစ်ယောက်လို ဟားတိုက် ရယ်မောလိုက်တယ်။အိုမင်း ရင့်ရော်နေတဲ့မျက်နှာက ကြောက်ခမန်းလိလိပါပဲ။ သူ့မျက်လုံးများကို သွေးကြောများဖြင့် ဖုံးလွှမ်းထားတယ်။

“ထျန်းရာ… ယွမ်လော့ဖုန်း… ဒီနေ့ ငါ ဒီနေရာမှာ သေရမယ်ဆိုရင်တောင် မင်းတို့အားလုံးကို ငါနဲ့အတူတူ ခေါ်သွားမယ်”

ဝိညာဉ်မီးတောက်များ လောင်ကျွမ်းရင်း ထျန်းရီတစ်ယောက် သူ့ဝိညာဉ် ပိုပိုပြီးတော့ အားနည်းလာတယ်လို့ ခံစားရတယ် သူ့ဝိညာဉ် အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ်လို့ ခံစားရတယ်။ ဒါပေမဲ့လည်း သူ့မျက်နှာမှာ အရင်လို ကြောက်လန့်မှုတော့ ရှိမနေပါ။

ဒီလူအားလုံးကို သူနဲ့အတူတူ မြှပ်နှံမယ်လို့ တွေးမိတိုင်း သူ့နှလုံးသားက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာခဲ့တယ်။

ထျန်းရီတစ်ယောက် ဘယ်နေရာက ထုတ်လိုက်မှန်း မသိတဲ့ ဓားတစ်ချောင်းကို ထုတ်လိုက်ပြီး သူ့လက်ချောင်းကို လှီးလိုက်တယ်။ သူ့သွေးစက်များကို မြေပေါ် တစ်စက်ချင်း ကျဆင်းစေတယ်။ ထို့နောက် သူ့တိုးလျတဲ့အသံက ကောင်းကင်မှာ မြည်တမ်းလာခဲ့တယ်။

Chapter-355

End

အပိုင်း(၅၃၆)

ထျန်းမိသားစုရဲ့ ဝှက်ဖဲ (၁)

“ထျန်းမိသားစုရဲ့ ခေါင်းဆောင် ထျန်းရီက ဘိုးဘေးအကြီးအကဲများကို ဖိတ်ခေါ်ပါတယ်…. တိုက်ခိုက်ဖို့အတွက် ကျွန်တော်မျိုးကို ကူညီပေးပါ”

ဘိုးဘေး အကြီးအကဲ

ထျန်းမိသားစုမှ လူအားလုံးက ထျန်းရီကို မယုံကြည်နိုင်စွာ တအံ့တသြ ကြည့်ကြတယ်။ သူပြောနေတာ ဘာမှန်းကို နားမလည်ဘူး။ ဒါပေမဲ့ သေချာတာတစ်ခုတော့ ရှိပါတယ်… အိမ်တော် ခေါင်းဆောင် တစ်ယောက်တည်းသာ ဒီလို ဆက်သွယ်နိုင်တဲ့ အရည်အချင်း ရှိတယ်။ သခင်လေး ထျန်းရွှယ်မှာတောင် ဒီလို အရည်အချင်း မရှိဘူး။

“ဘယ်ကမှန်း မသိ အခြေအမြစ် မရှိတဲ့ ကလေကချေတွေက ငါတို့ ထျန်းမိသားစုကို ရန်စရဲတာလဲ”

ဝုန်း

ကျယ်လောင်သော အော်သံက ကောင်းကင်ယံမှာ ပေါ်ထွက်လာပြီး ကြားရသူအပေါင်းရဲ့ စိတ်ဝိညာဉ်ထဲကို ဝင်ရောက်လာခဲ့တယ်။ ဝိညာဉ်ဓာတ်ကို တူနဲ့ ပြင်းထန်စွာ ထိုးနှက်နေသကဲ့သို့ တစ်ကိုယ်လုံး တုန်ရီလာခဲ့တယ်။ ဝိညာဉ်စွမ်းအား နိမ့်သူများမှာ သွေးအန်ကြပြီး သူတို့မျက်နှာများက အတော်ကို ဖြူဖျော့သွားခဲ့တယ်။

ထျန်းရာရဲ့ မျက်နှာအမူအရာက ချက်ချင်းကို အလွန်အမင်း တည်ငြိမ်သွားပြီး လေးနက်သော မျက်ဝန်းများဖြင့် ကောင်းကင်ယံကို ကြည့်လိုက်တယ်။ ထို့အခိုက်အတန့် သူ့ရင်ထဲ လေးလံလာပြီး သူ့ခန္ဓာကိုယ် ပတ်လည်နားက အရှိန်အဝါက ရပ်တန့်သွားသလို ခံစားရတယ်။

ကောင်းကင်ယံမှာ များစွာသော အကြီးအကဲများက လက်နောက်ပစ်ပြီး မတ်တတ် ရပ်နေတယ်။ သူတို့အောက်မှ လူများကို မတူမတန်ဟန် ကြည့်နေတယ်။ ဒါပေမဲ့ သူတို့ ခန္ဓာကိုယ်များကို ဖောက်ထွင်းမြင်နိုင်ပြီး လေထဲမှာ ယိမ်းခါနေခဲ့တယ်။

“ခင်ဗျားတို့လား”

ထျန်းရာ ဒေါကန်လာပြီး လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။

“ထျန်းမိသားစုမှာ ဒီလို လျှို့ဝှက်နည်း ရှိမယ်လို့ မထင်ခဲ့ဘူး”

“မဟုတ်ဘူး”

ထျန်းရာ စကားပြောနေစဉ်မှာ အစက တိတ်ဆိတ်နေတဲ့ ယွမ်လော့ဖုန်းက သူ့အနား ရောက်လာခဲ့တယ်။ မိန်းမပျိုလေးရဲ့ မျက်နှာဟန်ပန်က လေးနက် တည်ကြည်နေခဲ့တယ်။

“ကျွန်မ ခန့်မှန်းတာ မမှားဘူးဆိုရင်  ထျန်းမိသားစု… သူတို့ စိတ်ဝိညာဉ်ကို ထိန်းသိမ်းကာကွယ်ဖို့ ဒီ လျှို့ဝှက်နည်းကို သုံးတာ ဖြစ်မယ် ဒါပေမဲ့ သူတို့အားလုံးကို တစ်ကြိမ်တစ်ခါပဲ ဖိတ်ခေါ်လို့ ရမယ်”

“ပြောရမယ်ဆိုရင် ထျန်းမိသားစုက ကွယ်လွန်သွားတဲ့ လူများရဲ့ အစွမ်းကို တစ်ခါပဲ ငှါးရမ်းလို့ ရနိုင်မယ် ဒါကြောင့်လည်း သူတို့အားလုံးကို ဘိုးဘေး အကြီးအကဲများကို အသုံးပြုမယ် အစား ထျန်းမိသားစုကို ရှင် ပြန်လာဖို့ တတ်နိုသမျှ ကြိုးစား အားထုတ်ခဲ့တာပေါ့”

ယွမ်လော့ဖုန်းက အပြုံးလေးနဲ့ ဆက်ပြောတယ်။

“ထျန်းမိသားစုမှာ ဘေးအန္တရာယ် ဖြစ်လာမှ ထျန်းမိသားစု ခေါင်းဆောင်က ဘိုးဘေးအကြီးအကဲများကို ဆင့်ခေါ်တာ… သူတို့ စိတ်ဝိညာဉ် မူလအတိုင်း ပြန်ဖြစ်သွားတာနဲ့ သူတို့ ထွက်ခွာသွားမယ်… ခဏကြာရင် သူတို့ စိတ်ဝိညာဉ်က ချက်ချင်း ပျက်စီးသွားမယ်”

ပြောရမယ်ဆိုရင် ဒီလူတွေက ပြန်ဝင်စားနိုင်တဲ့ အခွင့်အရေးကို စွန့်လွှတ့်ပြီး ထျန်းမိသားစုမှာ နေထိုင်ဖို့ ရွေးချယ်ခဲ့တယ်။ ဒါမှလည်း သူတို့ ထျန်းမိသားစု ဖျက်စီး ချေမှုန်းခံရရင် ထျန်းမိသားစုကို ကယ်တင်နိုင်မှာလေ။

ထျန်းမိသားစုရဲ့ အစွမ်းထက်တဲ့ စတေးသူများကု ယွမ်လော့ဖုန်း လေးစားမိပါတယ်။ သေဆုံးပြီးနောက် ဒီနည်းလမ်းကို ရွေးချယ်ပြီး ထျန်းမိသားစုမှာ နေထိုင်ခဲ့တဲ့ စိတ်ဝိညာဉ်တန်ခိုးမြင့်တဲ့ လူများ အမြဲမပြတ် ရှိနေတာကြောင့် ထျန်းမိသားစုက နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တယ်။

“ဆရာ… ဒီလောက် အများကြီးကို ဘယ်လိုများ သိနေတာလဲ”

ထျန်းရာက ယွမ်လော့ဖုန်းကို တအံ့တသြ ကြည့်ကာ မေးလာခဲ့တယ်။

ထျန်းရာ ခေါ်လိုက်တဲ့ အမည်နာမကြောင့် ယွမ်လောဖုန်း မျက်ခုံးပင့်လိုက်တယ်။

“ရှင်… ကျွန်မကို အရင်တိုင်း ခေါ်သင့်ပါတယ်… ဆရာလို့ ခေါ်ဖို့ ကျွန်မက မထိုက်တန်ပါဘူး”

ဒီလူကြီးက တကယ်ကို အိုနေပါပြီ သူမထက် အသက်၆၀ပိုကြီးတဲ့လူက သူမကို ‘ဆရာ’လို့ခေါ်တာ ရှက်ဖို့ ကောင်းပါတယ်။

ထျန်းရာက အရှက်မဲ့စွာ ပြောတယ်။

“ကောင်းပြီလေ… ဒါဆို မင်းကို ယွမ်လေးလို့ ခေါ်မယ်… ဒါပေမဲ့ မင်း ငါ့ကို ဆေးပညာ သင်ပေးဖို့ သဘောတူတဲ့အထိ ငါ မင်းကို နှောင့်ယှက်နေရမှာပဲ ဘာလို ကိစ္စ အများကြီး သိနေလည်းဆိုတာ အရင်ဆုံး ပြောပါ”

ယွမ်လော့ဖုန်းလည်း မျက်တောင် တဖျတ်ဖျတ်ခတ်ပြီး ပြုံးလိုက်တယ်။

“ကျွန်မက ခန့်မှန်းကြည့်တာပါ”

သူမမှာ ဆေးနတ်ဘုရား အစောင့်ဝိညာဉ် ရှောင်မို ရှိတာကိုတော့ မပြောနိုင်ပါဘူး။ ဒါကြောင့် ဒီလောကကြီးထဲမှာ သူမ မသိနိုင်တာ အများကြီး မရှိဘူး။

“မင်းက ခန့်မှန်းကြည့်တာ…”

ထျန်းရာရဲ့ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားတယ်။ သူလည်း ထျန်းရီရဲ့ ပုတ်သိုးနေတဲ့ မျက်နှာကို ဖျတ်ခနဲ ကြည့်လိုက်တော့ ယွမ်လော့ဖုန်း ပြောတာ မှန်တယ်ဆိုတာ သိလိုက်တယ်။ ထျန်းမိသားစုရဲ့ အစွမ်းထက်သူများကို တစ်ကြိမ်တစ်ခါပဲ ခေါ်လို့ ရတယ်ပေါ့။ သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် သူတို့ ဝိညာဉ်အားလုံး ကြေမွ ပျက်စီးမယ်။

“ထျန်းရာ”

အားလုံးထဲမှ ခေါင်းဆောင်လို့ ထင်ရတဲ့ အကြီးအကဲ တစ်ယောက်က ထျန်းရာကို အထင်မြင်သေးစွာ ကြည့်တယ်။

“ထျန်းမိသားစုရဲ့ သစ္စာဖောက်ကောင်…. မင်း ပြန်လာရဲသေးတယ်…”

Chapter-536

End

537+538+539

အပိုင်း(၅၃၇)

ထျန်းမိသားစုရဲ့ ဝှက်ဖဲ (၂)

“ကျုပ်က ဘာအကြောင်းကြောင့် ပြန်မလာရဲ ရမလဲ”

ထျန်းရာ ထေ့ငေါ့လိုက်တယ်။

“ ဒီနှစ်တွေမှာ ငါ့ကို ပြန်လာဖို့ တောင်းပန် ခယခဲ့တာ ထျန်းမိသားစုဆိုတာ မမေ့ပါနဲ့ အခု… ကျုပ်ပြန်လာပြီလေ… မင်းတို့တွေက ကျူပ်ကို ဒီလို သဘောထားမျိုးနဲ့ ပြုမူရဲတယ်ပေါ့”

“ဟွန့်”

အဘိုးအိုက ထေ့ငေါ့လိုကပြီး ခံစားချက်ကင်းမဲ့စွာ ပြောတယ်။

“ မင်းကို ထျန်းမိသားစုထဲ ပြန်လာခိုင်းတာက မင်းရဲ့ အဆုံးအစမဲ့တဲ့ အထီးကျန်မှု ၊ ခက်ခဲမှုတွေကို မင်းရဲ့ အစ်ကိုတော် ထျန်းရီက သနားနေလို့ ငါတို့က ခွင့်ပြုလိုက်တာ.. မင်း ပြတ်ပြတ်သားသား ထွက်သွားပြီဆိုလည်း ထျန်းတောင်ကို ခြေတစ်လှမ်းတောင် မနင်းခဲ့သင့်ဘူး ”

ပြန်လာတယ်…

ဒီစကားများကို ကြားတော့ ထျန်းရာရဲ့ မျက်ဝန်းများက ပိုပြီး လေးနက်လာခဲ့တယ်

“ပြန်လာတယ်လို့ ပြောရဲသေးတယ် ခင်ဗျားတို့ကြောင့် ဖူရှန်က ကျုပ်ကို စွန့်ပစ်ပြီး ထားခဲ့ရတာ ခင်ဗျားကို ရှာပြီး လက်စားချေနိုင်ဖို့ မျှော်လင့်ခဲ့တာ.. ခင်ဗျား ဒီနေရာကို ရောက်လာမယ်လို့ မထင်ခဲ့ဘူး”

အဘိုးအိုကြီးက ဂုဏ်မောက်စွာ ပြုံးလိုက်တယ်။

“မင်းလို ငပျော့ တစ်ယောက်နဲ့ ယှဉ်ရတာ… နေကို လက တောက်ပမှု ယဉ်နေသလိုပဲ အခု မင်းဘယ်လိုပဲ ထူးချွန်နေပါစေ… မင်းက ငါတို့ မျက်လုံးထဲမှာတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က သေးနုပ်တဲ့ အင်အားမဲ့သူပဲ”

ထျန်းရာမှာ ပို ဒေါကန်လာရပြီး သွေးအေးသော အကြည့်များက သူ့မျက်ဝန်းမှာ ဖြာဆင်းလာခဲ့တယ်။ဒီ ဘိုးဘေး ဝိညာဉ်တွေက ထျန်းမိသားစုရဲ့ တခြားသူများနဲ့ ခြားနားတယ်ဆိုတာ သူသိနေခဲ့တယ်။ ဒါကြောင့် သူတစ်ယောက်တည်း ရင်ဆိုင်လို့ မရဘူး။

လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက ဒီလူတွေရဲ့ စိတ်စွမ်းအားက ကောင်းကင်ဘုံအဆင့် ရောက်နှင့်နေပြီးသား။ အခု…နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ သူတို့ တန်ခိုးက ပိုပြီးတော့ မြင့်နိုင်တယ်။ ထျန်းမိသားစု ကျဆင်းသွားရတဲ့ အကြောင်းအရင်းက သူတို့ သေဆုံးသွားလို့ ဒါပေမဲ့လည်း ဒီလူတွေကို လျှို့ဝှက်နည်းလမ်းကို သုံးပြီး ထျန်းမိသားစုကို ကာကွယ်နေမယ်လို့ မထင်ခဲ့မိဘူး။ သူတို့ ဝိညာဉ် ပျက်စီးတာနဲ့ ထိုက်တန်လို့လား။

“ယွမ်မိန်းကလေး… မင်းရဲ့ လက်ထောက် ၊ ရှောင်ပိုင်တို့နဲ့အတူူတူ အရင်ဆုံး ထွက်သွားလိုက်ပါ”

ထျန်းရာရဲ့ မျက်ဝန်းများက ပိုအေးစက်လာရတယ်။

“ဒီလူတွေကို ငါ တိုက်ခိုက်လိုက်မယ်”

ယွမ်လော့ဖုန်းလည်း ထျန်းရာကို စောင်းငဲ့ကြည့်လိုက်တယ်။

“ရှင် တစ်ယောက်တည်း ဒီလူတွေကို တိုက်ခိုက်နိုင်လို့လား”

“ငါ မတိုက်ခိုက်နိုင်ပါဘူး… ဒါပေမဲ့ ခဏတော့ ထိန်းထားပေးနိုင်တယ်… မင်းတို့ ထျန်းတောင်က ထွက်သွားနိုင်အောင် သူတို့ကို လှည့်ဖျားထားပေးမယ်… ပြီးမှ ငါ လိုက်ခဲ့မယ်”

ထျန်းရာလည်း အသက် ခပ်ပြင်းပြင်း ရှိုက်လိုက်တယ်။ သူ့အသံက အရင်ကထက် ပိုပြီးတော့ တည်ငြိမ်နေခဲ့တယ်။

အရင်ကဆိုရင်တော့ ဒီရန်သူတွေကို မြင်ရင် သူ့အသက်ကို ပဓာန မထားဘဲ သေတဲ့အထိ တိုက်ခိုက်မှာပါ ဒါပေမဲ့ အခုတော့ သူ့စိတ်ထဲမှာ အလေးအနက်ထားရမယ့် လူတစ်ယောက် ရှိနေပြီ။ ယွမ်လော့ဖုန်း ဘေးကင်းမှာကို စောင့်ဆိုင်းပြီး ဒီလူတွေကို တိုက်ခိုက်ရမယ်။ ယွမ်လော့ဖုန်း ဒီနေရာမှာ ရှိနေရင် သူတို့တွေက သူမကို ထိခိုက် ဒဏ်ရာ ရအောင် လုပ်ဆောင်မှာ။

“ထျန်းရာ… ကျွန်မ ဘယ်သူလဲဆိုတာ သိသင့်တယ်”

ယွမ်လော့ဖုန်းလည်း ထျန်းရာကို ပြုံးလျက် ကြည့်လိုက်တယ်။

“ကျွန်မက စစ်သူကြီး မဟာနွယ်မျိုးရိုးမှ ဆင်းသက်လာတာပါ ၊ စစ်သူကြီးတွေက ဘယ်လို အန္တရာယ်ပဲ ကြုံကြုံ သူ့အဖွဲ့ဝင်ကို ထားရစ်ခဲ့မှာ မဟုတ်ဘူး”

ကို့ရို့ကားယား မရယ်ခင်မှာ ခဏတော့ သူ အံ့သြနေမိတယ်။

“ကောင်မလေး… ဒါက တိုက်ပွဲ မဟုတ်ဘူး”

“ကျွန်မ အတွက်တော့ တိုက်ခိုက်မှု မှန်းသမျှက စစ်ပွဲပဲ… ကျွန်မက ကိုယ့် အဖွဲ့ဝင်ကို စွန့်ပစ်ခဲ့ရင် သူရဲဘောကြောင်မှုကြောင့် ကျွန်မရဲ့ အဘိုးက အပြစ်တင်လိမ့်မယ်”

ယွမ်လော့ဖုန်းက အပြုံးလေးကို ဆင်မြန်းလိုက်တယ်။

ကောင်မလေးရဲ့ ပင်ကို စရိုက်က မြင်းရိုင်း တစ်ကောင်လိုပဲ ထိန်းချုပ်ရ ခက်ခဲတယ်။ ဘယ်သူ အမိန့်ကိုမှ နာခံချင်တဲ့ ဆန္ဒ မရှိဘူး။

ထျန်းရာက သူမရဲ့ စကားကို ချင့်ချိန် စဉ်းစားနေတာကြောင့် ယွမ်လော့ဖုန်းလည်း ရုတ်တရက် မေးလိုက်တယ်။

“ထျန်းရာ… ရှင်… ကျွန်မကို ယုံကြည့်လား”

ချက်ချင်း ထျန်းရာရဲ့မျက်လုံးက ကောင်မလေးပေါ် ကျရောက်လာခဲ့တယ်။ သူမမျက်နှာမှာ ယုံကြည်ချက်များကို မြင်ရတော့ သူ့နှလုံးသားက တဖြည်းဖြည်းချင်း တည်ငြိမ်လာခဲ့တယ်။

ဒီကောင်မလေးက တခြားသူတွေ သူမကို အလိုအလျောက် ယုံကြည်သွားအောင် ပြုစားနိုင်တဲ့ မှော်အစွမ်း ရှိတယ်။

“ကောင်မလေး… မင်း ငါ့ကို ဘာလုပ်စေချင်လဲ ပြော”

ထျန်းရာလည်း ကူရာမဲ့စွာ ခေါင်းကို ခါရမ်းရင်း မေးလိုက်တယ်။

Chapter-537

End

အပိုင်း(၅၃၈)

လှည့်ကွက် (၁)

ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။

“သူတို့တွေက ဘယ်တော့မှ မသေဆုံးခဲ့ဘူးဆိုရင်တော့ တိုက်ခိုက်ဖို့ အဖြေရှာလို့ ရမယ် မထင်… ဒါပေမဲ့ အခုအချိန်မှာ သူတို့က ဝိညာဉ်ပုံစံ ရှိနေတော့ ဝိညာဉ်တွေကို ရင်ဆိုင်လို့ရတဲ့ နည်းလမ်း မျိုးစုံ ရှိတယ်”

ဒါပြင် ဝိညာဉ်များက အရမ်းကို တန်ဖိုးကြီးမားတယ်။ ဘယ်လို လူမျိုးများအတွက် တန်ဖိုးမြင့်လည်း ပြောရင် စိတ်ဝိညာဉ်တန်ခိုးမြင့်တဲ့လူတွေ အတွက်ပေါ့။ သူတို့က နို့လက်ဖက်ရည်လေးရဲ့ အဟာရဓာတ် ဖြစ်လာနိုင်တယ်။

ကြွက်အော်သံ…

ယွမ်လော့ဖုန်းရဲ့ အတွေးကို ခံစားမိတာကြောင့် နို့လက်ဖက်ရည်လေးက နှစ်ကြိမ်တိတိ အသံပြုတယ်။ သူ့မျက်ဝန်းများက လေထဲမှ ဝိညာဉ်များကို မျက်တောင်မခတ် စူးစူးစိုက်စိုက် ကြည့်နေခဲ့တယ်။သူ့သွားရည်များက အောက်သို့ တစ်စက်ချင်း တစ်စက်ချင်း ကျလုနီးပါပဲ။ ရွှေရှာကြွက်လေး ဖြစ်တဲ့အတွက် စိတ်ဝိညာဉ်ဆေးမြစ်များကို စားသုံးနိုင်တဲ့အပြင် သူ့အစွမ်း တိုးတက်ဖို့ စိတ်စွမ်းအား မြင့်သော လူများရဲ့ ဝိညာဉ်ကိုလည်း စားသုံးနိုင်ပါသေးတယ်။ စိတ်ဝိညာဉ်ဆေးမြစ်များက ရှားပါးတဲ့အတွက် ဒီလောကထဲမှာ အစွမ်းထက်တဲ့ ရွှေရှာကြွက်လေးများ အများကြီး မရှိဘူး။

ယွမ်လော့ဖုန်းလည်း နို့လက်ဖက်ရည်လေးကို ချော့လိုက်ပြီး ပြုံးကာ ပြောလိုက်တယ်။

“အလျင်လိုဖို့ မလိုအပ်ဘူး…ခဏနေရင် ဒီဝိညာဉ်အားလုံး မင်း ပိုင်တော့မှာ… ခဏတော့ သည်းခံလိုက်ပါ”

ယွမ်လော့ဖုန်းရဲ့စကားကိုကြားတော့ လေထဲမှ အကြီးအကဲရဲ့ မျက်နှာ မည်းမှောင်သွားလေတယ်။ သူတို့အားလုံးက သွေးအေးစွာ စကားဆိုတယ်။

“ကောင်မလေး…ကိုယ့်ဘာသာ အထင်ကြီးလွန်းတာ မကောင်းဘူး… မဟုတ်ရင်တော့ မင်းမှာ ကောင်းမွန်တဲ့ ဘဝ မရှိနိုင်ဘူး”

သူတို့ပြောလိုက်တဲ့ စကားများကို မကြားလိုက်သလို… နို့လက်ဖက်ရည်လေးရဲ့ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်ရင်း မာယာများစွာ ပြုံးလိုက်တယ်။

“အချိန်တန်လာရင်… အစိမ်းစားမလား…ကင်ပြီးတော့ စားမလား… ကင်ထားတဲ့ ဝိညာဉ်တွေက ဘယ်လို အရသာရှိလဲ သိချင်လိုက်တာနော်”

“မင်း…”

အဘိုးအိုမှာ ဒေါပွလာရတယ်။

“မင်းက ဘယ်လိုမှ ဆိုဆုံးမလို့ မရဘူး… မင်းက သစ္စာဖောက်ကောင်နဲ့ စရိုက် အတူတူပဲ… ခဏနေရင် ငရဲမှာ အတူတူအဖော်ပြုရအောင် မင်းတို့နှစ်ယောက်ကို သတ်ပေးမယ်”

မီးခိုးရောင်ဝတ်စုံနဲ့လူက သူ့အကြည့်ကို ထျန်းဖူဘက် မလှည့်ခင် ယွမ်လော့ဖုန်းကို မျက်စောင်းထိုး ကြည့်လိုက်တယ်။ ထို့နောက် သူလည်း မျက်မှောင်ကြုတ်ပြီး ပြောလာခဲ့တယ်။

“ဒီကောင်မလေးက ငါတို့အချိန်ကို အလကားဖြုန်းနေတာ သိသာနေတာပဲ ခဏကြာရင် ငါတို့ ပျောက်ကွယ်တော့မှာကို သူမက သိနေတော့ စရိုက်ဆန်တဲ့ စကားတွေပြောပြီး ငါတို့ကို  နှောင့်ယှက်နေတာ ။ဒါကြောင့် သူမနဲ့ စကားပြောတာ ရပ်တန့်ပြီး စတင် တိုက်ခိုက်မယ်”

ထျန်းဖူလည်း အသက်ခပ်ပြင်းပြင်းရှုလိုက်တယ်။

“မင်းပြောတာမှန်ပါတယ်… ဒီနှစ်ယောက်က ငါတို့ အချိန်ကို ရည်ရွယ်ချက်ရှိရှိ ဖြုန်းနေတာ… ငါလည်း သူတို့လည်း မာယာများတဲ့ အကြံအစည်ကို ခံစားမိပါတယ်။ ဒါမှ ငါတို့ ဒေါသထွက်ပြီး စကားအချေအတင် ပြောမှာလေ… အခုချက်ချင်း ဒီလူတွေကို တိုက်ခိုက်ပြီး သတ်တာပေါ့ ပြဿနာကို တတ်နိုင်သမျှ မြန်မြန် ရှင်းမယ်”

ရွှမ်းခနဲ မြည်သံ

သူတို့ ဒီစကားကိုပြောပြီးနောက် ထျန်းဖူက လေထဲမှ ခုန်ဆင်းလိုက်ပြီး သူ့ခန္ဓာကိုယ်က ထျန်းရာ ရှေ့ ချက်ချင်း ရောက်သွားခဲ့တယ်။ သူက ထျန်းမိသားစုရဲ့ သစ္စာဖောက်ကောက်ကို တစ်ချက်တည်းနဲ့ သတ်ချင်တာကြောင့် တဟုန်ထိုး တိုက်ခိုက်တော့တယ်။

ဝုန်း…

ထျန်းရာလည်း သူ့ကို မကြောက်မရွံ့ ရင်ဆိုင် တိုက်ခိုက်လိုက်ပြီး သူ့တိုက်ခိုက်မှုကို ခုခံလိုက်တယ်။ ရုတ်ခြည်း အားကောင်းတဲ့ အစွမ်းတစ်ခုက သူတို့နှစ်ယောက်အနား ပေါ်ထွက်လာပြီး သူတို့နား ပတ်ဝန်းကျင်က သစ်ပင်အားလုံးကို ဖျက်ဆီးသွားတယ်။ ဖုန်မှုန့်များလည်း ပြန့်ကျဲနေခဲ့ပြီး နေရာတိုင်း ပျံဝဲနေခဲ့တယ်။

ထျန်းဖူရဲ့ ပြင်းထန်သော စွမ်းအားကြောင့် ထျန်းရာမှာ နောက်သို့ တယိမ်းတယိုင် ဖြစ်သွားသော်လည်း မီတာ အနည်းငယ်တွင်းမှာ ကိုယ်ဘာသာ ပြန်ထိန်းနိုင်ခဲ့တယ်။ ယုတ်မာ ရက်စက်သော ထျန်းဖူရဲ့မျက်နှာကို သူလည်း စေ့စေ့ကြည့်လိုက်တယ်။

“ဒီအများကြီး ကြာသွားရင် မင်း ဒီထက် ပိုတော်လာမယ်လို့ ထင်ခဲ့တာ… မင်းက သုံးစား မရဘူးပဲ…ဟား…”

ထျန်းဖူလည်း ဟားတိုက်ရယ်မောလိုက်တယ်။

“အရင်တည်းက ထျန်းမိသားစုရဲ့စကားကို နာခံခဲ့ပြီး ငါတို့ စီစဉ်ပေးထားတဲ့ မိန်းကလေးနဲ့ လက်ထပ်ခဲ့သင့်တယ်… မင်း ကံကြမ္မာ မင်း ဖန်တီးခဲ့တာပဲ… ငါတို့ ထျန်းမိသားစုရဲ့ အမိန့်ကို မနာခံဖို့ မင်းကို ဘယ်သူက မြှောက်ပင့်လိုက်လို့လဲ”

ဒီစကားကို ပြောပြီးနောက် ထျန်းဖူက ထျန်းရာကို တိုက်ခိုက်တာ မရပ်တန့်လိုက်ပါဘူး။ အစတည်းက ဖရိုဖရဲ အခြေအနေက ထျန်းရာ လွတ်မြောက်နိုင်ပါတယ် ဒါပေမဲ့လည်း သူ့ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုနဲ့ အလွယ်လေး တန်ပြန်တိုက်ခိုက်ရင်း ကစားပေးနေတာပါ။

ထျန်းဖူတစ်ယောက်…ထျန်းရာကို မထိန်းချုပ်နိုင်တာ မြင်တော့ တခြားသူများက စစ်ကူဖို့ တဟုန်ထိုး ဆင်းသက်လာခဲ့ပြီ။  အလျင်မြန်ဆုံးနည်းနဲ့ သစ္စာဖောက်ကို တိုက်ခိုက်နိုင်ဖို့ ပြင်ဆင်တယ်။ အားလုံးရဲ့မျက်လုံးများက တိုက်ခိုက်နေသော လူနှစ်ယောက်ပေါ်  ကျရောက်နေသောကြောင့် ချစ်စရာကောင်းတဲ့ ကလေးလေး ယွမ်လော့ဖုန်း ဘေးနားမှာ ပေါ်လာသည်ကို ဘယ်သူမှ မသိလိုက်ပေ။

Chapter-538

End

အပိုင်း(၅၃၉)

လှည့်ကွက် (၂)

“သခင်…ကျွန်တော်…ဒီနှစ်တွေမှာ..ဒီအစီအရင် တစ်ခုတည်းကို လေ့လာခဲ့တယ်…ဒါက အသုံးဝင်လာမယ်လို့ မထင်ခဲ့ဘူး”

ရှောင်မိုလေးက ဒူးထောက်လိုက်ပြီး မြေကြီးပေါ်မှာ ကျောက်တုံးများကို ချထားလိုက်တယ်။မတ်တတ် မရပ်ခင်မှာ သူက သူ့နဖူးပေါ်မှ ချွေးစများကို သုတ်လိုက်တယ်။

“ဒါပေမဲ့ ငါ့အစီအရင်က ဝိညာဉ်တွေကို ဖမ်းချုပ်နိုင်တယ်… သူတို့ကို မဖျက်ဆီးနိုင်ဘူး သခင်ရဲက ဝိညာဉ်မီးတောက်ကို ဒီအစီအရင်မှာ ထည့်လိုက်ရင်တော့ ဒီဝိညာဉ်တွေ လျင်မြန်စွာ ပျက်ဆီးသွားစေမှာပါ”

ဒါကြောင့်လည်း ထျန်းမိသားစုရဲ့ စိတ်ဝိညာဉ်တန်ခိုး မြင့်မားတဲ့ အကြီးအကဲ ပေါ်ထွက်လာရင် ဖြေရှင်းလို့ မရနိုင်ဘူးလို့ ပြောတာပေါ့။ ဝိညာဉ်အုပ်စုလိုက် ထင်သာ မြင်သာအောင် ပြတာကို… ကိုယ့်ဘာသာ ကိုယ် အပြစ်တင်လိုက်တော့ပေါ့။ ဝိညာဉ်တွေက ဝိညာဉ်မီးတောက်က ပြေးမလွတ်နိုင်ဘူး။

ဒီလူတွေက အစွမ်းမြင့်သော်လည်း သူတို့မှာ ကာကွယ်ပေးမယ့် ရုပ်ခန္ဓာ မရှိဘူး သူတို့ကို မဖျက်ဆီးခင်မှာ ထိုးဖောက် ဝင်ရောက်ဖို့ ရုပ်ခန္ဓာ မရှိဘူး။

ဒုန်း…

ထျန်းဖူရဲ့ လက်သီးက ထျန်းရာပေါ် ကျဆင်းလာပြီး သူ့မှာ လေထဲ လွှင့်သွားရတယ်။ ထျန်းရာကလည်း  တိုက်တိုက်ဆိုင်ဆိုင် အစီအရင်ထဲ ကျဆင်းလာခဲ့တယ်။

ထျန်းမိသားစုရဲ့ ဘိုးဘေး ဝိညာဉ်များက အစတည်းက ရှောင်မိုတစ်ယောက် ကျောက်တုံးများ ဟိုရွေ့ဒီရွေ့လုပ်နေတာကို အစတည်းက မြင်ပါသော်လည်း သူတို့ လျစ်လျူရှုထားတာပါ။ ရှောင်မိုက ကလေး တစ်ယောက်ပဲလေ။ သူတို့အမြင်မှာတော့ သူတို့က ပြိုင်ဘက်ကင်း တန်ခိုးကို ပိုင်ဆိုင်တာကြောင့် ယွမ်လော့ဖုန်းက သူတို့ကို ပြဿနာ မရှာနိုင်ဘူးလို့သာ ယူဆထားခဲ့တယ်။ ထျန်းဖူတို့ ယွမ်လော့ဖုန်း ဘေးနားက ကလေးကို ဂရုမစိုက်မိတာ အမှားကြီး မှားတာပါပဲ။ ဒါကြောင့်လည်း ရှောင်မို ပေါ်လာတာကို မသိခဲ့ဘူး။ သူတို့သာ သိခဲ့ရင် ယုံကြည်ချက် လွန်ကဲနေတော့မှာ မဟုတ်ပေ။

“ထျန်းရာ မင်းတစ်ယောက်တည်းနဲ့ ငါတို့ ထျန်းမိသားစုက လူအားလုံးကို ရင်ဆိုင်နိုင်ပါ့မလား”

ထျန်းဖူလည်း ဟားတိုက်ရယ်လိုက်ပြီး အစီအရင်ထဲ ဝင်လိုက်တယ်။

တစ်ချိန်တည်းမှာ တခြားသော ဘိုးဘေူ အကြီးအကဲများလည်း လိုက်ဝင်ကြပြီ ထျန်းရာကို လှောင်တော့တယ်။

“ဒါက ငါတို့ ထျန်းမိသားစုရဲ့ စကားကို မနာခံလို့ ထိုက်တန်တဲ့ ပြစ်ဒဏ်ပဲ”

အခြေမနေဟန်လာတာ မြင်တော့ ထျန်းမိသားစုဝင်တိုင်းမှာ မျှော်လင့်ချက် ရောင်ခြည် သမ်းလာခဲ့တယ်။ ဘယ်သူက ထျန်းရာ ကျော်ကြားတာကို ဂရုစိုက်လို့လဲ။ ဒီမှာ ထျန်းမိသားစုရဲ့ ဘိုးဘေးအကြီးအကဲ အများကြီး ရှိတယ်။ သူတို့က ထျန်းရာကို ဘာကြောင့် ကြောက်နေရမလဲ။

ဒါကို တွေးရင်း အားလုံးက လေယူရာယိမ်းပြောကြတယ်။

“ဘိုးဘေး အကြီးအကဲ…ထျန်းမိသားစုရဲ့ သစ္စာဖောက် ထျန်းရာကို သတ်လိုက်ပါ ထျန်းမိသားစုကို မကူညီတဲ့အပြင် ထျန်းမိသားစုကို ချေမှုန်းဖို့ အပြင်လူနဲ့ ပူးပေါင်းတယ်”

“မှန်တယ်…သူက ဘယ်ကမှန်း မသိတဲ့ မိန်းမတစ်ယောက်နဲ့ ချစ်ခဲ့ပြီး အခုတော့ အဆင့်တန်းနိမ့်တဲ့ မိန်းကလေးကို ဆရာတော်နေတယ်။ သူ့ကို ခွင့်လွှတ်စရာ အကြောင်းမရှိဘူး”

ထျန်းရာက သူမကို ဆရာ အဖြစ် အသိအမှတ် ပြုလည်း ဘာဂရုစိုက်နေစရာ လိုအပ်လို့လဲ။ သူတို့ အမြင်မှာတော့ ဒီကောင်မလေးက စစ်သူကြီးအိမ်တော်က သုံးစားမရတဲ့ သခင်မလေးပဲ။ နိမ့်ကျတဲ့ အဆင့်အတန်းနဲ့ ထျန်းမိသားစုကို ယှဉ်နိုင်မယ်တဲ့လား။

ထျန်းရာလည်း မြေကြီးပေါ်မှ ထလိုက်ပြီး ဒဏ်ရာဖြစ်နေတဲ့ ရင်ဘတ်ကို ဆုပ်ကိုင်ရင်း အေးစက်စွာ ပြောလိုက်တယ်။

“ငါ ဘယ်သူကို လက်ထပ်ချင်ချင် ဘယ်သူကို ဆရာ တင်တင်… ထျန်းမိသားစုနဲ့ မသက်ဆိုင်ဘူး ငါက ထျန်းမိသားစုရဲ့ လုပ်ကြံမှုက လွတ်မြောက်ခဲ့တည်းက မင်းတို့ကိုလည်း ငါက ထပ်တူ လက်စားချေနိုင်တယ်”

သူ့စကားကိုကြားတော့ ထျန်းဖူက လှောင်ပြောင်လိုက်တယ်။

“ဆယ်စုနှစ်ပေါင်းများစွာ ကြာလည်း မင်းအချိုးကို မပြင်သေးဘူး ဒီတစ်ခေါက် လွတ်မြောက်နိုင်ဦးမလား ကြည့်ရတာပေါ့”

ဒီစကားကို ပြောပြီးနောက် သူ့ခန္ဓာကိုယ်မှ လူသတ်ချင်စိတ်များ ပေါက်ကွဲထွက်လာပြီး ထျန်းရာရဲ့ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့တယ်။

“အချိန်တန်ပြီ… မင်းလို လူ့အမှိုက်နဲ့ စကားပြောပြီး အချိန်မဖြုန်းတော့ဘူး ဒါကြောင့် အခု မင်းအသက်ကို အဆုံးသတ်ပေးမယ်”

ထျန်းရာကို အထင်မြင်သေးစွာ ကြည့်လိုက်ပြီး သူ့လက်ကို မြှောကလိုက်တော့ ဓားရှည်တစ်လက် သူ့လက်ထဲ ပေါ်လာခဲ့တယ်။

သို့သော်လည်း သူ ဓားကို ဆုပ်ကိုင်လိုက်တဲ့အချိန်မှာ ရေညှိစိမ်းရောင် မီးတောက်က ဝုန်းခနဲ အသံနဲ့အတူတူ မြေကြီးပေါ်မှ ပေါ်ထွက်လာပြီး ချက်ချင်း သူတို့ခန္ဓာကိုယ်ကို ပတ်ချာလည် ဝိုင်းသွားခဲ့တယ်။

Chapter-539

End

Bạn đang đọc truyện trên: Truyen247.Pro