Chapter 《2》Return Home
《Unicode》
သူ ဒီနေ့ နေ့လယ်မှာ ဆေးရုံဆင်းခွင့်ရပြီဖြစ်ကြောင်း Yao Sheng ကပြောပြထားပြီးဖြစ်၏ ။ သူ့ရဲ့ ပတ်တီး စီးထားတဲ့ ခြေနှစ်ဖက်ကို အသုံးပြုလို့ မရသေးတဲ့အတွက် ကူဖော်လောင်ဖက် တစ်ယောက်ကိုလဲ Yao Shengက သူ့ဆီလွှတ်ပေးထားသေးတယ်။ သူကတော့ လောလောဆယ် wheelchair တို့ ဂျိုင်းထောက်တို့ အသုံးပြုနေရမည့်ပုံပင်။
Yao Sheng ဆိုတဲ့ လူက အတော်လေး ချမ်းသာတဲ့ ဘောစိပဲ။ သူ့အတွက် ပို့လိုက်တဲ့ အကူလေး တစ်ယောက်အပြင် Yao Sheng ရဲ့ Bodyguard တွေပါဆိုပြီး ရောက်ချလာလေသော လူနှစ်ယောက်ကလဲ ဆေးရုံကဆင်းတဲ့အခါ သူ့ကို လာကြိုပြန်တယ်။ ဒီတော့ နည်နည်ရရပုဂ္ဂိုလ် မဟုတ်တန်ရာ..။ အကောင်ကြီးကြီး မိသားစုက ဖြစ်တန်ရာ၏။
အမှန်အတိုင်း ဝေဖန်ရရင် ဒါက သိပ်ပြီး အထင်ကြီးစရာတော့ မဟုတ်လှဘူး။ သူသည်လဲ ချမ်းသာတဲ့မျိုးနွယ်ကနေ ဆင်းသက်လာသူတစ်ယောက်မို့။ သူ့မိဘတွေက Hotelတစ်လုံး ပိုင်ဆိုင်ထားပြီး သူ့အစ်မက သူတို့မြို့မှာ ကျော်ကြားတဲ့ ရှေ့နေတစ်ယောက် ။ သို့သော်ငြား သူရောက်ရှိနေတဲ့ ကိုယ်ခန္ဓါပိုင်ရှင်ဟာဖြင့် ဘယ်လိုဘဝမျိုးကို ဖြတ်သန်းရှင်သန်ခဲ့ရသလဲ သူမသိပေ။
Tae Hanဟာ အန်တီFei ပြင်ဆင်ပေးခဲ့တဲ့ ကုတင်ပေါ်က သူဝတ်ရမယ့် ဝတ်စုံကို ဆွဲယူကြည့်လိုက်ချိန် သူ့မျက်လုံအစုံက အံ့သြမှုကြောင့် ပြူးမိသွားတယ်။
ဒီပိတ်စဟာ တစ်ကယ်ကြီး ဂါဝန်တဲ့လား? သူ့ပါးသူ ခပ်ဆတ်ဆတ်လေး ရိုက်ပြီး သတိပေးလိုက်ရတယ်။ သူက မိန်းကလေးလို ဝတ်စားဆင်ယင်ရမယ့် လူတစ်ယောက်ဆိုတာကို မေ့သွားခဲ့သည်ပဲ။
ထိုဂါဝန်ကို သေချာကြည့်ရှုပြီးတဲ့အခါ Tae Hanတစ်ယောက် အကူအညီယူဖို့ အန်တီFeiကိုပဲ အော်ခေါ်လိုက်ရတယ်။ သူက မိန်းကလေးလို ဝတ်ဆင်ရမယ် ဆိုပေမယ့် ဒီလို ဂါဝန်ကြီး ဘယ်လိုလုပ် ဝတ်တတ်မှာလဲ?
"အန်တီFei..ကျွန်မကို တခြားအဝတ်စားပြင်ပေးလို့ရမလား။ ရိုးရိုးရှင်ရှင်း တစ်စုံပေါ့။ "
အန်တီFeiဟာ စဥ်းစားရကြပ်သွားတယ်။
" ဒါပေမယ့် ဒီဂါဝန်လေးက မမလေး အနှစ်သက်ဆုံးလေ။ မမလေး မှာ ဒီလို ဂါဝန်မျိုးတွေပဲ ရှိတာကို။"
"ဒီလိုမျိုးတွေပဲလား? ဒါကြီးက အရမ်း sexyကျလွန်းတယ်လေ။ ပြောင်ပြောင်လက်လက်နဲ့ မျက်စိနောက်စရာလဲ ကောင်းသေး။ "
Tae Han တစ်ယောက် အဲ့ဒီဝတ်စုံကို မဝတ်ရရေးအတွက် ခေါင်းတခါခါဖြစ်နေလေ၏။
"ကျွန်မ ရိုးရိုးအဝတ်အစားတစ်ထည်လောက် သွားဝယ်လိုက်ပါ့မယ်။ "
အန်တီFei ထွက်သွားတော့မှ Tae Hanလဲ စိတ်သက်သာရာ ရသွားသဖြင့် သက်ပြင်းချလိုက်တော့တယ်။ သိပ်မကြာခင်မှာပဲ အန်တီFeiဟာ ပလက်စတစ်အိတ်တစ်လုံးကို လက်ထဲကိုင်ဆောင်လျက် ပြန်ရောက်လာတယ်။
"ဒါဆို အဆင်ပြေလောက်တယ်။ ကျေးဇူးပါ အန်တီFei "
Tae Hanက ထိုအမျိုးသမီးကြီးကို ကျေးဇူးတင်စကားဆိုတော့ အန်တီFeiတစ်ယောက် တအံ့တသြ ကြည့်လာတယ်။
" ဘာဖြစ်လို့လဲ?" TaeHan သိချင်စိတ်ပြင်းပြစွာ မေးမိတယ်။ သူက တစ်စုံတစ်ယောက်ကို ကျေးဇူးတင်စကား ဆိုတာဟာ ဖြစ်ရပ်ဆန်းကြယ် တစ်ခု ဖြစ်နေလို့လား?
"အရင်အချိန်တွေတုန်းက မမလေး ကျွန်မကို တစ်ခါမှ ကျေးဇူးတင်ကြောင်း မပြောဖူးလို့ပါ "
ဘာရယ်?ဒီကောင်ကတော့! လူကြီးသူမကို ရိုသေသမှုနဲ့ ဆက်ဆံသင့်တယ်ဆိုတာ မသိတာလား? 'ကျေးဇူးတင်ပါတယ်' တစ်ခွန်းပြောလိုက်ရင် အသားပဲ့ပါ မသွားပါဘူးဟ!
" ကျွန်မ မကောင်းတာပါ။ တောင်းပန်ပါတယ်"
အန်တီFeiက ကြင်ကြင်နာနာပြုံးပြတယ်။ သူမ, သိခဲ့တဲ့ Yao Mingနဲ့ အခု Yao Ming ကြားမှာ ထူးခြားမှု တစ်ခုခုကို သူမ, ခံစားမိလိုက်တယ်။
အန်တီFeiထွက်သွားတော့ Tae Han အဝတ်စား လဲပြီး မိတ်ကပ်နည်းနည်းလူးလိုက်တယ်။ ဖြူဖက်ဖြူလျော်ဖြစ်နေတဲ့ သူ့မျက်နှာကို အရမ်းကြီး ကြည့်ရဆိုးမနေစေဖို့ဖြစ်တယ်။ ဘယ်အချိန်ထိ ဒီဂါဝန်တွေ ဝတ်စားပြီး မိန်းကလေးတစ်ယောက်လိုမျိုး နေရမှာလဲ မသိ? သူ့အရင်ဘဝကိုပဲပြန်သွားချင်တယ်။ သူ့မိသားစုကို တွေ့ချင်တယ်။ သူတို့တွေ ဘာလုပ်နေကြလဲ?အဆင်မှပြေကြရဲ့လား သိချင်မိတယ်? P HOTELက သူ့ရဲ့ Chief Manager နေရာကရော? သူ့ကောင်မလေး ရော ဘယ်လိုဖြစ်သွားကြပြီလဲ?
" မမလေး, မမလေးကို ကျွန်တော်တို့ အစ်ကိုလေးရဲ့ မိသားစု စံအိမ်ကို လိုက်ပို့ပေးပါ့မယ်။ အစ်ကိုလေး Yao Sheng က အလုပ်ကိစ္စကြောင့် ဒီတစ်ပတ်လုံး ခရီးသွားရမှာဖြစ်လို့ ဆေးရုံမှာ ရှိမနေနိုင်ပါဘူး။ ဒါ့ကြောင့် မမလေးကို Yaoစံအိမ်ဆီ ခေါ်ဆောင်သွားဖို့ ကျွန်တော်တို့ကို မှာထားခဲ့ပါတယ်။ "
သူတို့ဆေးရုံက ဆင်းချိန် bodyguard တွေထဲ တစ်ယောက်က ပြောလာတယ်။
Tae Hanတစ်ယောက်မှာတော့ မျက်တောင်လေး တဖျတ်ဖျတ်ခပ်လျက်...
စံအိမ်?
"စံအိမ်ဆီကိုလား? ငါ့အိမ်ကိုပဲ ပို့ပေးရင် ရပါပြီ "
Tae Han ချက်ချင်း ငြင်းဆိုလိုက်ပါတယ်။ သူ Yao Sheng ရဲ့ မိသားစုကို ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ? သူတို့မိသားစုရဲ့အကြောင်း တစ်လုံးတစ်ဝမှ မသိသေးဘူးလေ!
" ကျွန်တော်တို့က အစ်ကိုလေးရဲ့ အမိန့်အတိုင်း ဆောင်ရွက်ရတာမို့ပါ "
" ဒါဆို...ငါ့ဆန္ဒအတိုင်းရော ဆောင်ရွက်ပေးလို့မရဘူးလား ?"
စံအိမ်ဆီကို မလိုက်ရဖို့အရေး Tae Han ဟာ နည်းလမ်းတစ်ခုခု ကြံစည်ရတော့တယ်။ သူတစ်ကယ်ကို Yao Shengရဲ့ မိသားစုနဲ့ မတွေ့ချင်သေးဘူး။
"ဘယ်လိုမျိုး ဆန္ဒပါလဲ "
"စံအိမ်ကိုမဟုတ်ဘဲ ငါ့အိမ်ကိုပဲ ပို့ပေးပါ။ မင်းတို့ရဲ့ အစ်ကိုလေးကို ငါပြောပေးမယ်လို့ ကတိပေးတယ်။ "
" သူ ကျွန်တော်တို့အပေါ် ဒေါသထွက်တော့မှာပေါ့ ။ ပြီးတော့ မမလေးလဲ ကောင်းကောင်းမွန်မွန် လမ်းလျှောက်နိုင်သေးတာမဟုတ်ဘူး။ "
" မဟုတ်တာ..ငါ့ကိုယ်ငါ စောင့်ရှောက်နိုင်ပါတယ်။ မင်းတို့ စိတ်ပူစရာမလိုပါဘူး။ ငါက သူ့ဇနီးလေ ဟုတ်ပြီလား ။ မင်းတို့ကို ဒေါသမထွက်ဖို့ ငါ ဖျောင်းဖျပေးလို့ရနေတာပဲ ။ ကျေးဇူးပြုပြီး စိတ်ချလက်ချ နဲ့ အနားယူလိုက်ပါတော့။ "
စိုးရိမ် မလွန်ကြပါနဲ့ကွာ။ မင်းတို့ အစ်ကိုလေးက လုံးဝကို ဗွေမယူလောက်ပါဘူး။
Tae Hanရဲ့ ဖျောင်းဖျနေမှုကြောင့် ထိုလူနှစ်ယောက်မှာ မငြင်းဆန်နိုင်တော့ဘဲ လမ်းကြောင်းပြောင်းလိုက်ရတော့တယ်။ သူတို့မမလေးက သူတို့အပေါ် ပထမဆုံးအကြိမ် လေသံချိူချိုနဲ့ ပြောဆို လာခြင်းလဲဖြစ်တယ်။ မတော်တဆမှုကြုံတွေ့ခဲ့ရတဲ့လူတစ်ယောက်က ဒီလိုမျိုး လုံးဝခြားနား သွား နိုင်ပါသလား?
နောက်ဆုံးတော့ ကားလေးဟာ နေရာတစ်ခုမှာ ရပ်တန့်သွားတယ်။ Tae Hanလဲ အပြင်ဘက်ကို အကဲခတ်ကြည့်လိုက်တယ်။ ရိုးရှင်းပြီး သေးငယ်တဲ့ အိမ်လေးတစ်လုံး ။ သူ့အိမ်များ ဖြစ်နေမလား?
" မမလေး.. ကျွန်တော်တို့ ရောက်ပါပြီ "
"ငါ ဒီမှာ နေတာလား? "
"ဟုတ်ကဲ့။ မမလေးရဲ့ အိမ်ပါ။ အစ်ကိုလေးနဲ့ သီးခြား အိမ်ခွဲနေတာ တစ်လလောက်ရှိပါပြီ "
Tae Han ခေါင်းငြိမ့်ပြလိုက်တယ်။ သီးခြားအိမ်ခွဲနေတယ်ဆိုတော့ သူတို့ လက်ထပ်ပြီး ပြဿနာ တစ်ခုခု ဖြစ်ထားကြလို့လား?
" မမလေးကို ကူညီပေးဖို့ ကျွန်တော်တို့ အန်တီFeiကို ခေါ်လိုက်မယ် "
Tae Hanမှာ သူတို့နှစ်ယောက်ကို ချက်ခြင်းတားရပြန်တယ်။
"မလုပ်ပါနဲ့ ။ သူ့ကို ဒီခေါ်လာဖို့ မလိုပါဘူး ။ ဆေးရုံမှာတုန်းကလဲ ကိစ္စအားလုံး သူပဲ စီစဥ်ရတော့ ပင်ပန်းနေလောက်ပြီ။ နားပါစေ။ ငါတစ်ယောက်ထဲလဲ အဆင်ပြေတယ်။
သက်တော်စောင့်နှစ်ယောက် :: "......."
ထိုအိမ်ငယ်လေးထဲကို Tae Hanရဲ့ ပစ္စည်းတွေ သယ်ပေးပြီးတဲ့နောက် bodyguard နှစ်ယောက်ဟာ ပြန်သွားတော့တယ်။ Tae Han အိမ်တံခါးကို သေချာပိတ်လိုက်ပြီး တစ်အိမ်လုံးကို လှည့်ပတ်ကြည့်လိုက်တယ်။သူ လမ်း သေချာမလျှောက်နိုင်သေးတာကြောင့် ဂျိုင်းထောက်ကိုပဲ အသုံးပြုနေရဆဲဖြစ်တယ်။
လူနှစ်ယောက်နေထိုင်ဖို့ပဲ ကျယ်ဝန်းပေမယ့် ဒီအိမ်လေးက မဆိုးဘူးပြောရမယ်။ ဆိုတော့... သိရသလောက် ဒီကောင်လေးဟာ ဒီအိမ်ငယ်လေးမှာ နေတာပေါ့?
" မင်းက ဘဝမှာ ခက်ခက်ခဲခဲ ရှင်သန်လာရပုံပဲ"
ဒီလိုကျတော့လဲ Tae Hanတစ်ယောက် ဒီ ခန္ဓါကိုယ်ပိုင်ရှင်ကို ကရုဏာ သက်မိပြန်တယ်။
" ငါ အခု ဟင်းချက်သင့်ပြီ "
Tae Han မီးဖိုးချောင်ဆီ ဖြေးဖြေးချင်း လှမ်းသွားလိုက်တယ်။ ပစ္စည်းပစ္စယတွေကို ကိုင်တွယ်ချက်ပြုတ်ဖို့ သူ့မှာ အဆင်မပြေလှဘူး။ ဒါပေမယ့် ဟင်းမချက်ရင်လဲ သူ့ ဗိုက်ဟောင်းလောင်းကို ဘာနဲ့ဖြည့်ရတော့မှာလဲ ။ ချက်ပြုတ်ရန် ပြင်ဆင်နေတုန်းမှာပဲ အိမ်ရှေ့က တံခါးခေါက်သံကြားလိုက်ရတယ်။ ဟို bodyguard နှစ်ယောက်က Yao Shengမှတစ်ပါး အခြားသူကို ဝင်ခွင့်မပြုဖို့ ကြိုပြီး မှာထားခဲ့ပေမယ့် Tae Hanတစ်ယောက် တုံ့ဆိုင်းမနေဘဲ တံခါးသွားဖွင့်ပေးလိုက်တယ်။
ငယ်ငယ်ရွယ်ရွယ် ကောင်လေး တစ်ယောက်... ဒါမှမဟုတ် ကောင်မလေး တစ်ယောက်ဟာ သူ့မြင်ကွင်းထဲ ပေါ်လာတယ်။
" ငါ့ရဲ့ Mingလေးရေ!"
🍒🍒🍒🍒🍒🍒🍒🍒🍒🍒
《Zawgyi》
" ကျွန်မ မကောင်းတာပါ။ တောင်းပန်ပါတယ်"
စံအိမ်?
"ဘယ်လိုမျိုး ဆန္ဒပါလဲ "
"ငါ ဒီမှာ နေတာလား? "
" ငါ့ရဲ့ Mingလေးရေ!"
🍒🍒🍒🍒🍒🍒🍒🍒🍒🍒
😙😙😙
Bạn đang đọc truyện trên: Truyen247.Pro