Chapter 《1.2》A New Life
Unicode 🌈
" ငါ အဆင်ပြေပါတယ်.. "
Tae Hanရဲ့ပြန်ဖြေသံက ကြားရတယ်ဆိုရုံလေးတင်။
" မင်း ဘာတစ်ခုမှ မမှတ်မိဘူးလား"
Yao Shengတစ်ယောက် ထပ်မေးမိခြင်းပင်။
Tae Hanလဲ ခေါင်းရမ်းပြလိုက်တော့တယ်။ ဟင့်အင်လေ..သူ အတိတ်မေ့နေတာမဟုတ်ဘူး... လူစားထိုးခံလိုက်ရတာ...။ တစ်ခြားတစ်ယောက်ရဲ့ကိုယ်ထဲ လုံးလုံး ရောက်သွားပြီး ပြန်ရှင်သန်လာခဲ့တာ..။ အဲ့ဒီကိစ္စ နှစ်ရပ်က တခြားစီပါပဲ..။ သူရဲ့ အတိတ်အကြောင်းတွေကို တစ်ခုမှ မေ့မသွားတာ သေချာသလို..သူ့လက်ရှိဘဝဖြစ်တဲ့ Yao Mingအကြောင်းကိုလဲ ဘာမှမသိဘူး ။
" မင်း နောက်တော့ ဖြည်းဖြည်းချင်း မှတ်မိလာမှာပါ..အခုလိုချိန်မှာ ကိုယ့်ကိုယ်ကို အရမ်းတွေ ဖိအားမပေးနဲ့ဦး..မှတ်ဥာဏ်တွေပြန်ရဖို့က အချိန်တစ်ခုတော့ ယူရမှာပဲမလား ။ "
Yao Mingဆီမှာ သူသဘောကျစရာဆိုလို့ မရှိသလောက်နီးနီးဖြစ်ပေမယ့် မမုန်းရက်ပါဘူး။ Yao's Group ရဲ့ ဒုဥက္က ရာထူးနေရာမှာ တည်မြဲနေနိုင်ဖို့ သူ့ကို အကူအညီဖြစ်စေတဲ့ လူတစ်ယောက်က Yao Ming ပါပဲ။ မဟုတ်ရင် သူ့ရာထူးလဲ အလုခံလိုက်ရပြီး ဒုက္ခများရတော့မှာ ။
"ငါ...ငါ ဒီ မတိုင်ခင်တုန်းက ဘယ်လိုလူမျိုးလဲ ?"
Yao Sheng တစ်ယောက် အဖြေကို ချက်ချင်းမဖြေ...အတော်ကြာ တိတ်ဆိတ်နေပြီးမှ နှုတ်ခမ်းနှစ်လွှာတို့ကို လှုပ်ခတ်စေ၏။
" လိမ္မာတဲ့ မိန်းကလေး တစ်ယောက်လိုပဲ"
စားပွဲပေါ်က ဖန်ခွက်ကို လှမ်းယူရင်း အဆင်မပြေဖြစ်နေတဲ့ Tae Hanကြောင့် Yao Sheng ရေတစ်ခွက် ထယူပေးလိုက်တယ်။
"ကျေးဇူး"
Yao Shengလဲ ပြန်ပြီး ခေါင်းငြိမ့်ပြလိုက်တော့တယ်။
သေမလို ရေဆာနေတဲ့ Tae Hanကတော့ အငမ်းမရ မော့ချနေတာ ဟန်တောင်မဆောင်နိုင်ဘူး ။
လိမ္မာတဲ့ မိန်းကလေး ဆိုတာမျိုး မင်းပြောလိုက်တယ်ပေါ့? အသေအချာကြီးကို.. ငါက gay!!!! ငါ့ကို မိန်းကလေးလို့ ဘယ်လိုများ?.....ဒီလူတော့ ပြောရဲဆိုရဲ ရပ်ကွက်က လာတယ်ထင်ရ။
" မိန်းကလေး?? "
Yao Shengကတော့ သူ့အမေးကို ခေါင်းငြိမ့်ပြနေသေး၏။
" ဒါပေမယ့် ငါက ယောက်ျားလေးနော် "
Tae Han လဲ မိန်းကလေးလို့ သုံးနှုန်းခံလိုက်ရတာကို မကျေမနပ်နဲ့ ပြန်ပက်တယ်။ အရင် ဘဝမှာလဲ သူက ယောက်ျားလေးဖြစ်ခဲ့တာပဲ..အဲ့လို အသုံးအနှုန်းမျိုးနဲ့ ခေါ်ဝေါ်နေတာကို ခွင့်ပြုပေးနေရမှာလား ။
ယောက်ျားလေးနဲ့ မိန်းကလေးက အရာအားလုံးမှာ ကွဲပြားခြားနားနေတာလေ။ Yao Sheng သူ့ကို မိန်းကလေး အနေနဲ့မဟုတ်ဘဲ ယောက်ျားလေးအနေနဲ့ မြင်ပေးသင့်တယ် ။
" လက်ထပ်တုန်းက မင်းပုံစံကို မိန်းကလေးလိုပဲ ပြင်ခဲ့တာ..။မင်းက ယောက်ျားလေးမှန်း ဘယ်သူမှမသိဘူး.. ။ မင်းရဲ့ ပုံစံကြောင့် ငါ့မိသားစုကလဲ မင်းကို သံသယမဝင်ဖူးဘူး "
Yao Shengလဲ တုံ့ဆိုင်းမနေပဲ ချက်ချင်းရှင်းပြမိတယ်။ Yao Mingက ဘာမှ မမှတ်မိလို့ တုန်လှုပ်နေတာ.. ဖြစ်သင့်တာပါပဲ ။
Tae Han ခမျာ သောက်လက်စ ရေတွေတောင် ပြန်ထွေးမိသွားလေ၏ ။ သူက Yao Shengကို လက်ထပ်ထားတာ မိန်းကလေးတစ်ယောက်ပုံစံနဲ့တဲ့။ ဒီကောင်လေးမှာ ရှိနေတဲ့ ဆံပင်ရှည်တွေက အဆန်းမဟုတ်တော့ဘူး။ သူ့ ဘဝအမှန် ကို ဖုံးကွယ်ဖို့ပဲ။
" ဒီမှာ.."
သဘောကောင်းတဲ Yao Shengကပဲ သူ့လက်ကိုင်ပုဝါကို Tae Hanဆီ ကမ်းပေးလိုက်တယ်။ Tae Hanတစ်ယောက် ရေစိုသွားတဲ့ သူ့ မျက်နှာကို လက်ကိုင် ပုဝါနဲ့ သန့်ရှင်းနေတော့တယ်။
"ကျေးဇူး "
Tae Han က လက်ကိုင်ပုဝါလေးကို ပိုင်ရှင်ဆီ ပြန်ပေးလိုက်တယ်။ အဲ့တာကို Yao Shengက ပြန်မယူပဲ အမှိုက်ပုံးထဲ လှမ်းထည့်တာကို မြင်လိုက်ရချိန်မှာ Tae Han သူ့ နှုတ်ခမ်းတွေကိုပဲ ဖိကိုက်ထားမိတယ် ။ သူ သုံးပြီးသား လက်ကိုင်ပုဝါကို မသတီစရာလို လွှင့်ပစ်ရလောက်အောင် သူက ရွံစရာဖြစ်နေတာလား ။
အင်း..ဒါလဲ အဆန်းမဟုတ်ပါဘူးလေ..။ တစ်ကယ်တော့ သူမျက်လုံးနှစ်လုံး စ,စ ပွင့်ချိန် ကတည်းက သူ့အပေါ်ထားတဲ့ ဒီလူ့ သဘောထားကို သိနှင့်ပြီးသားပါ ။ သူ့ဘက်ကလဲ မကြိုက်ပါဘူး။ ကြိုက်စရာလား..သူက straight စစ်စစ်။ ထွက်သွားချိန် တန်တာနဲ့ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးပြီး ဝေးရာကို ဒိုးတော့မှာ။ ကောင်လေးနှစ်ယောက်ကြားက ဒီလိုမျိုး အိမ်ထောင်ရေးကြီးကို တစ်ခွန်းပဲ ပြောမယ်.. ချီးပဲ..။
" ငါတို့ ဘယ်လို လက်ထပ်ဖြစ်သွားတာလဲ ? မေတ္တာမျှမိကြလို့လား? ငါကရော မင်းကို ချစ်ခဲ့တယ်လား? "
အရိပ်ပြရုံနဲ့ အကောင်မြင်တတ်ပါတယ်။ ဒီလက်ထပ်ပွဲကြီးမှာ အချစ်မရှိဘူး ပီတိမရှိဘူး ဖီလင် မရှိဘူးဆိုတာ သူသိပြီးသား ။ ထပ်သိချင်တာက..ဒီကောင်ဆိုးလေးဟာ ဘောက်မဲ့ကြောင့် Yao Shengနဲ့ လက်ထပ်လိုက်ရတာလဲ။
သူ့အမေးအတွက် Yao Shengတတ်နိုင်တာ ခေါင်းရမ်းပြဖို့ပဲရှိတယ်။
" ဒါဆို ငါတို့ ဆက်ဆံရေးကရော ဘယ်လိုလဲ ?? ငါ မင်းအပေါ် ကောင်းခဲ့ရဲ့လား "
မေးခွန်တွေချည်း လှိမ့်မေးနေသော Tae Hanပါပဲ.. ။
" အဲ့ဒါက....."
Yao Sheng.. သူ့စကားကို အဆုံးသတ်ဖို့ စကားလုံးရှာမရဘူးဖြစ်နေတယ်။ Tae Hanကလဲ သူ့အထင် မှန်သားပဲလို့ တွေးနေပြီ။ တစ်ယောက်နဲ့တစ်ယောက် ချစ်လဲမချစ် ကြင်ကြင်နာနာလဲ မရှိဘဲ အကြောင်းတစ်ခုခုကြောင့် လက်ထပ်ထားတာပါ့ရော ။
" ကိစ္စ မရှိပါဘူး ။ အဲ့ဒီအကြောင်းတွေ မပြောချင်လဲ မပြောပါနဲ့ ။ သူလိုကိုယ်လို ယောက်ကျားလေးတစ်ယောက်ကို မချစ်ဘဲ လက်ထပ်ထားရတာ မင်းလဲ ခက်ခဲရတယ်မလား ။ ငါ ကိုယ်ချင်းစာပါတယ် "
Yao Shengကလဲ မိန်းကလေးတွေကိုပဲ စိတ်ဝင်စားတဲ့ သာမန်ယောက်ျားလေးတစ်ယောက်ဆိုတာ Tae Hanသိလိုက်ပြီ။ ဒါလဲ သူ့အရေး မဟုတ်ပါဘူးလေ။ ဒီလူ သူ့ကို ကွာရှင်းခွင့် တောင်းလာရင် ပျော်ပျော်ကြီး ခေါင်းငြိမ့်လိုက်မှာပဲ။
Yao Shengက သူအခုကြားလိုက်ရတဲ့ စကားတွေကြောင့် မယုံမရဲစွာနဲ့ Tae Hanကို ငေးကြည့်နေမိတယ်။ ဒီကောင်လေး က ဒီလိုတွေ တွေးနေခဲ့တာလား။ သူ့ကို နားလည် ကိုယ်ချင်းစာပါတယ်တဲ့ ။ ပြီးတော့ လေသံ အေးအေးလေးနဲ့ပဲ ပြောသွားတာ။ သူ့ရှေ့ကလူဟာ Yao Mingရော ဟုတ်ရဲ့လား ။ လွန်ခဲ့တဲ့ နှစ်လ လောက်က သူနဲ့ လက်ထပ်ထားတဲ့ သူ့ဇနီးလေ??? ။
မတူသလိုပဲ ။
❄❄❄❄❄❄❄❄❄❄❄❄❄❄
22ရက်နေ့မှာ ပန်းပွဲတော်ကို စိတ်ဖြောင့်ဖြောင့်သွားနိုင်ဖို့ မသွားခင် Tutoတွေ Assignmentတွေ ကုန်းရုန်းကျက်ပြီး စာလုပ်ရတော့မယ်..။
Good Night🌒
Thanks u and I love u❤💘😙
❄❄❄❄❄❄❄❄❄❄❄❄❄❄
Zaw Gyi Code 🌈
" ငါ အဆင္ေျပပါတယ္.. "
Tae Hanရဲ႕ျပန္ေျဖသံက ၾကားရတယ္ဆို႐ုံေလးတင္။
" မင္း ဘာတစ္ခုမွ မမွတ္မိဘူးလား"
Yao Shengတစ္ေယာက္ ထပ္ေမးမိျခင္းပင္။
Tae Hanလဲ ေခါင္းရမ္းျပလိုက္ေတာ့တယ္။ ဟင့္အင္ေလ..သူ အတိတ္ေမ့ေနတာမဟုတ္ဘူး... လူစားထိုးခံလိုက္ရတာ...။ တစ္ျခားတစ္ေယာက္ရဲ႕ကိုယ္ထဲ လုံးလုံး ေရာက္သြားၿပီး ျပန္ရွင္သန္လာခဲ့တာ..။ အဲ့ဒီကိစၥ ႏွစ္ရပ္က တျခားစီပါပဲ..။ သူရဲ႕ အတိတ္အေၾကာင္းေတြကို တစ္ခုမွ ေမ့မသြားတာ ေသခ်ာသလို..သူ႔လက္ရွိဘဝျဖစ္တဲ့ Yao Mingအေၾကာင္းကိုလဲ ဘာမွမသိဘူး ။
" မင္း ေနာက္ေတာ့ ျဖည္းျဖည္းခ်င္း မွတ္မိလာမွာပါ..အခုလိုခ်ိန္မွာ ကိုယ့္ကိုယ္ကို အရမ္းေတြ ဖိအားမေပးနဲ႔ဦး..မွတ္ဥာဏ္ေတြျပန္ရဖို႔က အခ်ိန္တစ္ခုေတာ့ ယူရမွာပဲမလား ။ "
Yao Mingဆီမွာ သူသေဘာက်စရာဆိုလို႔ မရွိသေလာက္နီးနီးျဖစ္ေပမယ့္ မမုန္းရက္ပါဘူး။ Yao's Group ရဲ႕ ဒုဥကၠ ရာထူးေနရာမွာ တည္ၿမဲေနႏိုင္ဖို႔ သူ႔ကို အကူအညီျဖစ္ေစတဲ့ လူတစ္ေယာက္က Yao Ming ပါပဲ။ မဟုတ္ရင္ သူ႔ရာထူးလဲ အလုခံလိုက္ရၿပီး ဒုကၡမ်ားရေတာ့မွာ ။
"ငါ...ငါ ဒီ မတိုင္ခင္တုန္းက ဘယ္လိုလူမ်ိဳးလဲ ?"
Yao Sheng တစ္ေယာက္ အေျဖကို ခ်က္ခ်င္းမေျဖ...အေတာ္ၾကာ တိတ္ဆိတ္ေနၿပီးမွ ႏႈတ္ခမ္းႏွစ္လႊာတို႔ကို လႈပ္ခတ္ေစ၏။
" လိမၼာတဲ့ မိန္းကေလး တစ္ေယာက္လိုပဲ"
စားပြဲေပၚက ဖန္ခြက္ကို လွမ္းယူရင္း အဆင္မေျပျဖစ္ေနတဲ့ Tae Hanေၾကာင့္ Yao Sheng ေရတစ္ခြက္ ထယူေပးလိုက္တယ္။
"ေက်းဇူး"
Yao Shengလဲ ျပန္ၿပီး ေခါင္းၿငိမ့္ျပလိုက္ေတာ့တယ္။
ေသမလို ေရဆာေနတဲ့ Tae Hanကေတာ့ အငမ္းမရ ေမာ့ခ်ေနတာ ဟန္ေတာင္မေဆာင္ႏိုင္ဘူး ။
လိမၼာတဲ့ မိန္းကေလး ဆိုတာမ်ိဳး မင္းေျပာလိုက္တယ္ေပါ့? အေသအခ်ာႀကီးကို.. ငါက gay!!!! ငါ့ကို မိန္းကေလးလို႔ ဘယ္လိုမ်ား?.....ဒီလူေတာ့ ေျပာရဲဆိုရဲ ရပ္ကြက္က လာတယ္ထင္ရ။
" မိန္းကေလး?? "
Yao Shengကေတာ့ သူ႔အေမးကို ေခါင္းၿငိမ့္ျပေနေသး၏။
" ဒါေပမယ့္ ငါက ေယာက္်ားေလးေနာ္ "
Tae Han လဲ မိန္းကေလးလို႔ သုံးႏႈန္းခံလိုက္ရတာကို မေက်မနပ္နဲ႔ ျပန္ပက္တယ္။ အရင္ ဘဝမွာလဲ သူက ေယာက္်ားေလးျဖစ္ခဲ့တာပဲ..အဲ့လို အသုံးအႏႈန္းမ်ိဳးနဲ႔ ေခၚေဝၚေနတာကို ခြင့္ျပဳေပးေနရမွာလား ။
ေယာက္်ားေလးနဲ႔ မိန္းကေလးက အရာအားလုံးမွာ ကြဲျပားျခားနားေနတာေလ။ Yao Sheng သူ႔ကို မိန္းကေလး အေနနဲ႔မဟုတ္ဘဲ ေယာက္်ားေလးအေနနဲ႔ ျမင္ေပးသင့္တယ္ ။
" လက္ထပ္တုန္းက မင္းပုံစံကို မိန္းကေလးလိုပဲ ျပင္ခဲ့တာ..။မင္းက ေယာက္်ားေလးမွန္း ဘယ္သူမွမသိဘူး.. ။ မင္းရဲ႕ ပုံစံေၾကာင့္ ငါ့မိသားစုကလဲ မင္းကို သံသယမဝင္ဖူးဘူး "
Yao Shengလဲ တုံ႔ဆိုင္းမေနပဲ ခ်က္ခ်င္းရွင္းျပမိတယ္။ Yao Mingက ဘာမွ မမွတ္မိလို႔ တုန္လႈပ္ေနတာ.. ျဖစ္သင့္တာပါပဲ ။
Tae Han ခမ်ာ ေသာက္လက္စ ေရေတြေတာင္ ျပန္ေထြးမိသြားေလ၏ ။ သူက Yao Shengကို လက္ထပ္ထားတာ မိန္းကေလးတစ္ေယာက္ပုံစံနဲ႔တဲ့။ ဒီေကာင္ေလးမွာ ရွိေနတဲ့ ဆံပင္ရွည္ေတြက အဆန္းမဟုတ္ေတာ့ဘူး။ သူ႔ ဘဝအမွန္ ကို ဖုံးကြယ္ဖို႔ပဲ။
" ဒီမွာ.."
သေဘာေကာင္းတဲ Yao Shengကပဲ သူ႔လက္ကိုင္ပုဝါကို Tae Hanဆီ ကမ္းေပးလိုက္တယ္။ Tae Hanတစ္ေယာက္ ေရစိုသြားတဲ့ သူ႔ မ်က္ႏွာကို လက္ကိုင္ ပုဝါနဲ႔ သန္႔ရွင္းေနေတာ့တယ္။
"ေက်းဇူး "
Tae Han က လက္ကိုင္ပုဝါေလးကို ပိုင္ရွင္ဆီ ျပန္ေပးလိုက္တယ္။ အဲ့တာကို Yao Shengက ျပန္မယူပဲ အမႈိက္ပုံးထဲ လွမ္းထည့္တာကို ျမင္လိုက္ရခ်ိန္မွာ Tae Han သူ႔ ႏႈတ္ခမ္းေတြကိုပဲ ဖိကိုက္ထားမိတယ္ ။ သူ သုံးၿပီးသား လက္ကိုင္ပုဝါကို မသတီစရာလို လႊင့္ပစ္ရေလာက္ေအာင္ သူက ႐ြံစရာျဖစ္ေနတာလား ။
အင္း..ဒါလဲ အဆန္းမဟုတ္ပါဘူးေလ..။ တစ္ကယ္ေတာ့ သူမ်က္လုံးႏွစ္လုံး စ,စ ပြင့္ခ်ိန္ ကတည္းက သူ႔အေပၚထားတဲ့ ဒီလူ႔ သေဘာထားကို သိႏွင့္ၿပီးသားပါ ။ သူ႔ဘက္ကလဲ မႀကိဳက္ပါဘူး။ ႀကိဳက္စရာလား..သူက straight စစ္စစ္။ ထြက္သြားခ်ိန္ တန္တာနဲ႔ ကြာရွင္းစာခ်ဳပ္မွာ လက္မွတ္ထိုးေပးၿပီး ေဝးရာကို ဒိုးေတာ့မွာ။ ေကာင္ေလးႏွစ္ေယာက္ၾကားက ဒီလိုမ်ိဳး အိမ္ေထာင္ေရးႀကီးကို တစ္ခြန္းပဲ ေျပာမယ္.. ခ်ီးပဲ..။
" ငါတို႔ ဘယ္လို လက္ထပ္ျဖစ္သြားတာလဲ ? ေမတၱာမွ်မိၾကလို႔လား? ငါကေရာ မင္းကို ခ်စ္ခဲ့တယ္လား? "
အရိပ္ျပ႐ုံနဲ႔ အေကာင္ျမင္တတ္ပါတယ္။ ဒီလက္ထပ္ပြဲႀကီးမွာ အခ်စ္မရွိဘူး ပီတိမရွိဘူး ဖီလင္ မရွိဘူးဆိုတာ သူသိၿပီးသား ။ ထပ္သိခ်င္တာက..ဒီေကာင္ဆိုးေလးဟာ ေဘာက္မဲ့ေၾကာင့္ Yao Shengနဲ႔ လက္ထပ္လိုက္ရတာလဲ။
သူ႔အေမးအတြက္ Yao Shengတတ္ႏိုင္တာ ေခါင္းရမ္းျပဖို႔ပဲရွိတယ္။
" ဒါဆို ငါတို႔ ဆက္ဆံေရးကေရာ ဘယ္လိုလဲ ?? ငါ မင္းအေပၚ ေကာင္းခဲ့ရဲ႕လား "
ေမးခြန္ေတြခ်ည္း လွိမ့္ေမးေနေသာ Tae Hanပါပဲ.. ။
" အဲ့ဒါက....."
Yao Sheng.. သူ႔စကားကို အဆုံးသတ္ဖို႔ စကားလုံးရွာမရဘူးျဖစ္ေနတယ္။ Tae Hanကလဲ သူ႔အထင္ မွန္သားပဲလို႔ ေတြးေနၿပီ။ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္လဲမခ်စ္ ၾကင္ၾကင္နာနာလဲ မရွိဘဲ အေၾကာင္းတစ္ခုခုေၾကာင့္ လက္ထပ္ထားတာပါ့ေရာ ။
" ကိစၥ မရွိပါဘူး ။ အဲ့ဒီအေၾကာင္းေတြ မေျပာခ်င္လဲ မေျပာပါနဲ႔ ။ သူလိုကိုယ္လို ေယာက္က်ားေလးတစ္ေယာက္ကို မခ်စ္ဘဲ လက္ထပ္ထားရတာ မင္းလဲ ခက္ခဲရတယ္မလား ။ ငါ ကိုယ္ခ်င္းစာပါတယ္ "
Yao Shengကလဲ မိန္းကေလးေတြကိုပဲ စိတ္ဝင္စားတဲ့ သာမန္ေယာက္်ားေလးတစ္ေယာက္ဆိုတာ Tae Hanသိလိုက္ၿပီ။ ဒါလဲ သူ႔အေရး မဟုတ္ပါဘူးေလ။ ဒီလူ သူ႔ကို ကြာရွင္းခြင့္ ေတာင္းလာရင္ ေပ်ာ္ေပ်ာ္ႀကီး ေခါင္းၿငိမ့္လိုက္မွာပဲ။
Yao Shengက သူအခုၾကားလိုက္ရတဲ့ စကားေတြေၾကာင့္ မယုံမရဲစြာနဲ႔ Tae Hanကို ေငးၾကည့္ေနမိတယ္။ ဒီေကာင္ေလး က ဒီလိုေတြ ေတြးေနခဲ့တာလား။ သူ႔ကို နားလည္ ကိုယ္ခ်င္းစာပါတယ္တဲ့ ။ ၿပီးေတာ့ ေလသံ ေအးေအးေလးနဲ႔ပဲ ေျပာသြားတာ။ သူ႔ေရွ႕ကလူဟာ Yao Mingေရာ ဟုတ္ရဲ႕လား ။ လြန္ခဲ့တဲ့ ႏွစ္လ ေလာက္က သူနဲ႔ လက္ထပ္ထားတဲ့ သူ႔ဇနီးေလ??? ။
မတူသလိုပဲ ။
❄❄❄❄❄❄❄❄❄❄❄❄❄❄
22ရက္ေန႔မွာ ပန္းပြဲေတာ္ကို စိတ္ေျဖာင့္ေျဖာင့္သြားႏိုင္ဖို႔ မသြားခင္ Tutoေတြ Assignmentေတြ ကုန္း႐ုန္းက်က္ၿပီး စာလုပ္ရေတာ့မယ္..။
Good Night🌒
Thanks u and I love u❤💘😙
❄❄❄❄❄❄❄❄❄❄❄❄❄❄
Bạn đang đọc truyện trên: Truyen247.Pro