Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥
Chapter 《1.1》A New Life
Unicode 🌈
အချိန်အ​တော်ကြာ အိပ်​ပျော်​နေခဲ့ပြီးမှ နိုးလာတာ​ကြောင့် သူ့ မျက်လုံး​​တွေကို ကျယ်ကျယ်​လေး ဖွင့်ယူလိုက်ရတယ်။   ပတ်ဝန်းကျင်ကို ​ဝေ့ဝိုက်ကြည့်မိ​တော့ ခက်ထန်တဲ့အကြည့်​တွေနဲ့ လူငယ်တစ်​ယောက်က သူ့​ဘေးမှာ..။​  ကျောင်းစည်းကမ်း​ဖောက်တဲ့ ​ကျောင်းသားကို အပြစ်​ပေးဖို့ ကြံ​နေတဲ့ အုပ်ကြီးတစ်​ယောက် ရဲ့ အကြည့်မျိုး..။
" မင်းက ဘယ်သူလဲ.."
သူပထမဆုံး​မေးမိတာ ဒီလူ ဘယ်သူလဲဆိုတာပဲ။ သူနဲ့မသိတဲ့ တစိမ်းတစ်​ယောက် က သူ့​ဘေး​ရောက်​နေ​တော့ ​မေးရ​တော့မှာပဲ​လေ။ သူ သတိရလာတဲ့အချိန် ရှိ​နေရမှာ ဒီလူမဟုတ်ဘဲ သူ့မိသားစု ဖြစ်သင့်တာကို..။
" ငါ ဘယ်သူလဲ တဲ့လား..?"
ထိုလူမှ သူ့​မေးခွန်းကို သံ​ယောင်လိုက်၏။ ထင်မှတ်မထားသည့် ​မေးခွန်းမျိုးမို့ ထင်သည်...မျက်ဝန်းအိမ်တို့က လှုပ်လီလှုပ်လဲ့..။
သူ ဘယ်သူလဲဆိုတာ ​သေချာ​ပေါက် သိ​နေတဲ့ ​ကောင်​လေးဆီက ဒီလို ​မေးခွန်းမျိုး အ​မေးခံလိုက်ရတာကို ယုံ​တောင် မယုံနိုင်ဘူး။
" Yao Ming မင်းက ငါ့ဇနီး...Yao Shengဆိုတဲ့ ငါက မင်းရဲ့ ခင်ပွန်း "
Yao Ming?? ဘယ်သူလဲ Yao Mingက?? ငါက​ Yao Ming  မှ မဟုတ်တာ! ငါက Park Tae Han​လေ..!ငါ့မိသားစုရဲ့ မျိုးရိုးက Park..ငါက ကိုရီးယား လူမျိုး..တရုတ်မဟုတ်ဘူးဟ ။ ငါ​လေးရဲ့ ဘဝ က ဒီ​နေရာမှာများ လာ ဇာတ်သိမ်း​လေသလား?? တရုတ်ပြည်မကြီးမှာ​လေ?? Accident တစ်ခုနဲ့ ကြုံခဲ့ရ ​ပေမယ့်လည်း အရှင်လတ်လတ်ကြီး ရှိ​နေခဲ့​သေးတာကို​တော့ ငါ မှတ်မိပါတယ်ဟာ။ ဒါကြီးက ဘယ်လိုဖြစ်နိုင်မှာလဲ ?? ကိုရီးယားက​နေ ​ပေါက်စီ​မြေကို ဝှီးခနဲ ​ရောက်သွားတာကြီးက?? ငါ​လေး ​သွေး​လေ​ခြောက်ခြား အာရုံမှား​နေတာပဲ ဖြစ်ရမယ်။ ဒါ​တွေအကုန်လုံးက အိပ်မက်မက်​နေတာလို့ ​ပြော​ပေးကြရင် ​ကောင်းမှာပဲ။
" ခင်ပွန်း??မင်းက​လေ..?? "
Tae Hanခမျာ Yao Shengကို လက်ညိုးထိုးမိရုံ​လေးနဲ့ '​သေချင်လို့လား' ဆိုတဲ့ အကြည့်​တွေက သူ့ဆီ ချက်ချင်းဝဲပျံလာတယ်။
" မင်းရဲ့ ခင်ပွန်းအ​ပေါ် တ​လေးတစားမပြုမူနိုင်​တော့ဘူးလား "
Tae Han  ​အကျယ်ကြီး အော်ရယ်မိသွားတာ ကို မရပ်တန့်နိုင်ခဲ့ဘူး။ သူ့အ​ပေါ်ကို တ​လေးတစား ရှိရမယ်​ပေါ့??? ရယ်​နေရတယ်...ရို​သေ ကျိုးနွံတဲ့ ဇနီး​လေး တစ်​ယောက်ရဲ့ အခန်း ကဏ္ဍက​နေ ကပြ​ဖျော်​ဖြေ ​ပေး​စေချင်​နေပုံပဲ?? သူဘက် က respectထား​ပေးရမယ့် ​ယောက်ျားမျိုး ဘယ်တုန်းက ​ကောက်ရမိလိုက်ပါလိမ့်? Respectဆိုတာက  သူ့အ​ပေါ် ထားသင့်တာ​လေ။ အဲ့ဒီလူအ​ပေါ် ထားစရာ အ​ကြောင်းမရှိ။
ဒါ​ပေမယ့် ကြာကြာမရီလိုက်ရပါဘူး ​ပေါင်ကို ဖြန်းခနဲ လာရိုက်တာကိုး...
"ဘာလားဟ..ရယ်လို့​တောင်မရဘူးလား" Tae Hanတစ်​ယောက် မ​ကျေမနပ်နဲ့ ​မေး​​တော့ Yao Shengဘက်ကလဲ 'သေချင်​နေလား' ဆိုပြီး ပြန် စိုက်ကြည့်​နေ​လေရဲ့။ ဘာကြောင့်ရယ်မသိ​ပေမယ့် ဒီလူက သူ့ကို မုန်း​နေပုံပါပဲ။
"မင်း.. အတိတ်​မေ့သွားလို့ ဒီလို​တွေလုပ်​နေတာလား ? "
Yao Shengဟာ လက်ရှိ သူ့ဇနီးဖြစ်​နေသူကို အ​သေအချာ ​မေးမြန်းကြည့်လိုက်တယ်။ သူ့ဇနီး က မ​တော်တဆမှုတစ်ခု​ကြောင့် မနည်း အသက်ကယ်ထားရပြီး ​ဆေးရုံတင်ထား​နေရတယ်... အချိန်​တွေအကြာကြီးအထိ နိုးမလာ​သေးပဲ သတိလစ်​နေတာကိုလဲ ကြားထားတယ်။  သိပ်မကြာခင်ပဲ သတိပြန်ရလာတဲ့ သူ​ကြောင့် စိတ်ပျက်ချင်သလိုလို​တောင် ဖြစ်သွားမိ​သေးတယ်။  ဒီ​ကောင်​လေးသာ ​သေသွားမယ်ဆိုရင် သူက ​ယောက်ျား​လေးတစ်​ယောက်ရဲ့ ခင်ပွန်း အဖြစ် ​နေစရာမလို​တော့ဘူး။ ပြီးရင် ဘယ်အမျိုးသမီးကို မဆို ဇနီးအဖြစ် ​ရွေးချယ်လို့ရသွားပြီ။ ​ယောက်ျား​လေးတစ်​ယောက်အ​နေနဲ့ အိမ်​ထောင်ဖက်က ​ယောက်ျား​လေးပဲဆိုတာ ရှက်ဖို့​ကောင်းတယ်လို့ထင်တယ်။ လူသိခံလို့ မရတဲ့ သူတို့နှစ်​ယောက်ကြားက လျှို့ဝှက်ချက်​တွေကို မိသားစုဝင်​တွေကို ​ပေးသိလို့ မဖြစ်​ပေမယ့်.. တစ်​နေ့​နေ့ သူတို့​တွေ အဖြစ်မှန်သိသွားချိန် ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမှာမှန်းလဲ ​သူသိပါတယ်။
Tae Hanတစ်​ယောက် သူ့နဖူးသူ ပြန်စမ်း​နေမိတယ်..။ သူ့မှတ်ဥာဏ်​တွေကို ဆုံးရှုံးလိုက်ရတာလား?? ဒါဆိုရင် Tae Hanဆိုတဲ့သူ့နာမည်ကို မှတ်မိ​နေစရာ အ​ကြောင်းမှ မရှိတာ ။ ​နောက်ပြီး သူ့​ရှေ့က လူက သူ့ကို  Yao Ming လို့ပဲ ​ခေါ်တယ်..။ ဖြစ်နိုင်တာက...သူတစ်ကယ်ပဲ ​သေသွားခဲ့ပြီး လူပြန်ဝင်စားတာများလား။ ဒီလို ယိုင်နှဲ့နှဲ့နဲ့ လဲ​တော့မလိုလို ​ကောင်​လေးရဲ့ ခန္ဒါကိုယ်ထဲကို​ပေါ့ ??
ပထမဆုံး မှတ်ချက်အ​နေနဲ့ သူသိတာက​တော့ ဒီကိုယ်ခန္ဒါအချိုးအစားဟာ ​ယောက်ျားမဆန်ဘူး ဆိုတာပဲ။ ​သေး​သေး​ကွေး​ကွေးနဲ့ ချစ်စဖွယ် ​ကောင်ငယ်​လေး တစ်​ယောက်ပုံမျိုး..။ ဒါတင်မက​သေးဘူး... ညှပ်ရိုး​ကျော်​ကျော်​လောက်ထိ ဝဲကျ​နေတဲ့ ဆံပင်ရှည်​တွေ.....ဘယ်လို​တောင် ရှက်ဖို့​ကောင်းလိုက်သလဲ ။ အရင်ဘဝတုန်းက ဆိုရင်​ပေါ့...သူဟာ စစ်ပက် နဲ့ ကြွက်သားနဲ့ အရပ်  182 cmရှိတဲ့ ​ယောက်ျားတစ်​ယောက်..။ အခုများမှာ​တော့ သူ့အရပ်​လေးက 170cm သာသာပဲ ရှိ​တော့သတဲ့ ။ အရင်ဘဝရဲ့ ​ဘော်ဒီ နဲ့ အခုလက်ရှိ ​ဘော်ဒီဟာ ဆိုရင်ဖြင့် ဆီနဲ့ ​ရေလို အကွာကြီး ကွာသွားရှာပြီ။
ဒါတင်မက​သေးဘူး...သူ့ရဲ့ ​ချော​မောတဲ့ ရူပကာမှာ ကျရှုံးသွားတဲ့ မိန်းမပျို​လေး​တွေဆိုတာလဲ ဒုနဲ့​ဒေး။ ​စော်ကြည်တိုင်းလဲ  play boyမထင်လိုက်နဲ့ ။ သူ့ချစ်သူအ​ပေါ် ဘယ်​လောက်​တောင် သစ္စာ​စောင့်ခဲ့သလဲဆိုတာ..။ သူ့​ကောင်မ​လေး Na Eun  ဆို တခြား မိန်းက​လေး​တွေရဲ့ မနာလိုတာ မုန်းတာ အမြဲခံရတယ်။ ဘာလို့လဲဆို​တော့ ​မြောက်များစွာ​သော မိန်းက​လေး​တွေ ထဲကမှ သူ​ရွေးချယ်ခဲ့တဲ့ သူက Na Eun  ဖြစ်​နေလို့ပဲ ။ သူတို့နှစ်​ယောက်က လက်ထပ်ဖို့​တောင် စီစဥ်​တော့မလို့..။ ဒါ​ပေမယ့် သူ့ဘဝကြီးက အခုလိုမျိုး လုံးဝကို ​ဇောက်ထိုးမိုး​မျှော်ဖြစ်သွားခဲ့တယ်။
မင်း အခုချိန်ထိ ငို​နေတုန်းပဲလား Na Eun?? ကိုယ့် ဈာပနပွဲကို​ရော မင်း သွားခဲ့ရဲ့လား?? ကိုယ်မရှိဘဲနဲ့ မင်းအဆင်​ပြေပါရဲ့လား ?? သူ့​ခေါင်းထဲမှာ ​မေးခွန်းအားလုံးဟာ ချာချာလည်​နေ​တော့တယ်။
သူ့မှာ အခု​တော့ ကူရာကယ်ရာ မဲ့​နေ​လေပြီ။ ပါးပါးလျလျ ခန္ဒါကိုယ်ထဲ လူဝင်စားဖြစ်ရုံမကပဲ ​ယောက်ျား​လေးတစ်​ယောက်နဲ့လဲ လက်ထပ်ပြီးသား ဖြစ်​နေတယ်။ အရင့်အရင်ကတည်းက သူဟာ မိန်းက​လေး​တွေကိုပဲ စိတ်ဝင်စားတဲ့ straight တစ်​ယောက် ။ အခု ဘဝ မှာ​တော့ သူဟာ တခြား ​ယောက်ျေား​လေးအ​ပေါ် ​မေတ္တာသက်ဝင်မိ​နေတဲ့ လူတစ်​ယောက် ဖြစ်သွားတယ်။ သူ့လို straightတစ်​ယောက်က မျက်စိတစ်မှိတ်အတွင်းမှာ gayဖြစ်သွား..။ Drama​တွေထဲမှာ ဖန်တရာ​တေ ပါ​နေတဲ့ ဇာတ်ဝင်ခန်းကြီးလိုမျိုးပဲ​နော်။
လူက​တော့ ငိုချင်သလိုလိုကြီး ဖြစ်လာ​တော့တာပဲ။ ဘုရားသခင်ရယ်...ဘယ်လိုအပြစ်မျိုးများ ကျူးလွန်မိလို့ ကျွန်​တော်မျိုးအား ဒီလို အပြစ်ဒဏ်မျိုး ချမှတ်ထားရပါသလဲ။
ငြိမ်ကုတ်သွားတဲ့ Tae Hanကို ထိုင်ကြည့်​နေရင်း Yao Sheng ဟာ စကားစဖို့ ​ချောင်းဟန့်လိုက်​တော့တယ် ။
" မင်း အဆင်​ပြေရဲ့လား "
သူ့မျက်ဝန်း​တွေက ဒီ​ကောင်​လေးကို ဂရုတစိုက်ကြည့်​နေမိတယ်။ ​ယောက်ျား​လေး တစ်​ယောက်ဖြစ်​နေပါရဲ့နဲ့ လှရက်လွန်းလို့ပါ ။ သူတို့ချင်း စစ​တွေ့တုန်းကဆို Yao Mingကို မိန်းက​လေး ထင်သွားမိတာ ။ တစ်ကယ်​တော့ Yao Mingက barမှာ waiter အဖြစ် အလုပ်လုပ်ဖို့ မိန်းက​လေးလို ဝတ်ဆင်ထားရတဲ့ ​ယောက်ျား​လေး တစ်​ယောက်တဲ့ ။
Barပိုင်ရှင် ​ပြောတာက​တော့ Yao Ming က မိဘမဲ့ တစ်​ယောက်..။ သူ့မိဘ ​တွေကို ​လေ​ကြောင်းခရီးတစ်ခုမှာ အနုကြမ်းစီးမှုဖြစ်ပွားတုန်းက ဆုံးရှုံးလိုက်ရခြင်း ပင် ။ တစ်အူထုံဆင်း ​မောင်နှမရင်း ​တွေလဲ မရှိ​တော့ သူ့ဘဝသူ ရုန်းကန်ရ​တော့တယ်။ ​ကျောင်းစားရိတ် ​ထောက်ပံ့​ပေးမယ့်သူလဲ မရှိ​တော့ ​ကျောင်းထွက်လိုက်ရတယ်။
သူ့ရဲ့ ​သေးသွယ်တဲ့ ကိုယ်ခန္ဒါ ဖွဲ့စည်းပုံ​ကြောင့် အလုပ်ကြမ်း​တွေလဲ မလုပ်နိုင်ခဲ့ဘူး ။ ​ဆောက်လုပ်​ရေး လုပ်ငန်း​တွေမှာ အချိန်ပိုင်းအလုပ်​တွေ လိုက်​လျှောက်ခဲ့​ပေမယ့်လဲ ဘယ်သူ့မှ သူ့ကို မငှားချင်ခဲ့ကြပါဘူး..။ ​နောက်ဆုံးမှာ​တော့ barတစ်ခုမှာ waiter​နေရာအတွက် ​လျှောက်ထားလိုက်​တော့တယ် ။ ဒါ​ပေမယ့် မိန်းက​လေး waiter​တွေကိုပဲ ငှားတဲ့ barဖြစ်တာ​ကြောင့် Yao Mingဟာ ​ခေါင်းခါခွင့်မရှိဘဲ မိန်းက​လေးလို ဝတ်ပြီး အလုပ်လုပ်ရှာတယ်။
စိတ်တိုင်းမကျချင်စရာ သူ့အကျင့်ဆိုး တစ်ခုက​တော့ သူလိုချင်သမျှ လိုက်ဝယ်ပြီး ကြွား​နေတတ်တာပဲ။
ဒါ​ပေမယ့် အခုချိန်မှာ သူ့ဘက်က တစ်ခုခုဖြည့်ဆည်းဖို့ ​မေးလာခဲ့ရင်​တောင်  Yao Ming က စိတ်အလိုကို မလိုက်ဘူး။ သူနဲ့ လက်ထပ်ပြီးတဲ့  Yao Mingဟာ ဘာမဟုတ် တဲ့ ငနဲ ​လေး ဖြစ်ချင်ဖြစ်​နေမယ်...ဒါ​ပေမယ့် သူ့ဇနီးက ​ယောက်ျား​လေးဖြစ်​နေ​သေးတာ​တောင် သူ့ဇနီးဖြစ်ဖို့ ထက်​တော်လွန်း​နေပြန်တယ်။ သူက ပိုက်ဆံကိုလဲ လိုအပ်တဲ့​နေရာ​တွေအတွက် စီမံသုံးစွဲနိုင်တယ်။ သူငယ်ချင်း​တွေနဲ့လဲ ​လျှောက်လည်ပြီး ​ခြေမရှုပ်တတ်ဘူး..ပိုက်ဆံ လဲ မဖြုန်းဘူး ။ ဒါ​ပေမယ့် အိမ်အတွက် လို​လေ​သေးမရှိရ​အောင် ပြင်ဆင်ဖို့ကို​တော့ သူ့ခင်ပွန်း ဆီကရတဲ့ ​ငွေနဲ့ ဝယ်တယ် ။
💜💜💜💜💜💜💜💜💜💜💜💜💜💜
Chapterတစ်ခုလုံး တစ်ခါထဲ တင်​ပေးချင်​ပေမယ့် ​ကျောင်းက ပြန်​ရောက်ကတည်းကဘာသာ ပြန်​..Typeနေတာ ဒီအထိ ပဲပြီးတယ်..။ ဒီ​နေ့ ​ကျောင်းမှာ စာသင်ချိန်အပြည့်မို့ ပင်ပန်း​နေလို့သာ..မဟုတ်ရင် ညနက်ထိ ​နေပြီး chapterအဆုံးထိ ပြန်​ပေးတယ်...အခု​တော့ စိတ်က​ဆောင်​နေတာ​တောင် စာလုံး​တွေ မှားမှား typeလို့ အိပ်မှ ဖြစ်​တော့မယ်..။
GOOD NIGHT🌒
Thanks u and I love u...😙
💜💜💜💜💜💜💜💜💜💜💜💜💜💜
Zawgyi code🌈
" မင်းက ဘယ်သူလဲ.."
" ငါ ဘယ်သူလဲ တဲ့လား..?"
" ခင်ပွန်း??မင်းက​လေ..?? "
" မင်း အဆင်​ပြေရဲ့လား "
💜💜💜💜💜💜💜💜💜💜💜💜💜💜
GOOD NIGHT🌒
Thanks u and I love u...😙
Bạn đang đọc truyện trên: Truyen247.Pro