Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

<>

Unicode

LiWeiရဲ့မိဘကသူမအသက်ခြောက်နှစ်အရွယ်လောက်ကပင် ဆုံးပါးသွားတာဖြစ်သည်။ LiWeiမှာတစ်ခြားဆွေမျိုးသားခြင်းတွေလည်းမရှိပေ။ သူတို့သေသွားတဲ့အချိန်မှာ LiWeiရဲ့ဆွေမျို‌း‌တွေစဉ်းစားတာက သူမမိဘရဲ့ပိုက်ဆံတွေပင်။ သူတို့တစ်ခါမှ LiWeiအတွက်မစဉ်းစားပေးချေ။ သူတို့ကပိုက်ဆံနောက်ဘဲလိုက်နေတာဖြစ်သည်။

LiWeiထိုအချိန်တုန်းကအရမ်းကိုငယ်သေးပြီး သူမလုပ်နိုင်တာတစ်ခုမှမရှိချေ။ သူမရဲ့ဆွေမျိုးတွေကသူတို့လိုချင်တာရသွားတဲ့အချိန်မှာတော့ သူတို့ကLiWeiကိုမိဘမဲ့ဂေဟာမှာသို့ပို့လိုက်လေသည်။ LiWeiမှာမိဘမဲ့ဂေဟာမှာဘဲ အသက်၁၇နှစ်ထိတိုင်အောင်ကြီးပြင်းခဲ့ရတာဖြစ်သည်။

အဲ့ဒီနောက်ပိုင်းမှာတော့LiWei ထိုနေရာကနေထွက်လာခဲ့ပြီးသူမရဲ့ကိုယ်ပိုင်ဘဝနဲ့ကိုယ် ရပ်တည်နေခဲ့ရသည်။

LiWeiအတွက်ကတော့ပိုက်ဆံဆိုတာ‌အရေးမကြီးပေ။ ဘာလို့လဲဆိုတော့သူမကအချက်အပြုတ်မှာကျွမ်းကျင်တာဖြစ်သည်။ ပြီးတော့စားသောက်ဆိုင်တစ်ဆိုင်ကသူမကိုအလုပ်ခန့်ထားတာဖြစ်သည်။ LiWeiကလူတွေအကြောင်းကို သူမရဲ့အိမ်နီးချင်းတွေကလွဲပြီးသိပ်မသိချေ။

သူမအတိတ်ကနေ့တိုင်းလုပ်သမျှအရာအားလုံးသည် ဝတ္ထုဖတ်တာဘဲဖြစ်သည်။

နှစ်တွေကြာတဲ့နောက်မှာတော့LiWei သူမရဲ့ပထမဦးဆုံးsystemနဲ့တွေ့ဆုံခဲ့တာဖြစ်သည်။ အဲ့တာကသူမအသက်နှစ်ဆယ်လောက်မှာဖြစ်သည်။ အဲ့တာနဲ့LiWeiသူမရဲ့ပထမsystemနဲ့ဘဝတွေကူးပြောင်းခဲ့သည်။ နောက်ပိုင်းမှာတော့သူမတစ်ခြားsystemနဲ့ တွေ့ဆုံခဲ့သည်။

အဲ့တာနဲ့LiWeiသူမရဲ့ကမ္ဘာကို ဘယ်တော့မှပြန်မလာတော့ပေ။ LiWeiဒီနေ့မှာတော့အတော်ကိုလန်းဆန်းလို့နေသည်။ မနေ့ကအိမ်ကိုလှည့်ပတ်ကြည့်ပြီးနောက် သူမအိပ်ပျော်သွားခဲ့သည်။ ဒီတော့သူမမြို့တစ်မြို့လုံးကိုလှည့်ပတ်သွားပြီး တစ်ခုခုလုပ်ဖို့ သူမဆုံးဖြတ်လိုက်သည်။

LiWeiလမ်း‌လျှောက်ပြီး နောက်မှာတော့သူမချိန်းတွေ့မဲ့ကိစ္စကိုပါတွေးလိုက်သည်။ သူမသဘောကျတဲ့သူကိုရှာတွေ့ကောင်းရှာတွေ့လိမ့်မည်။

'မဟုတ်ဘူး။ နေပါဦး. . . သူမရဲ့ချစ်သူကိုပြန်တွေ့ရင်ရော?'

အဲ့ဒီ့အတွေးနဲ့တင်LiWeiပျှော်ရွှင်သွားခဲ့သည်။

အကြိမ်ရေ မရေတွက်နိုင်လောက်အောင် ကူးပြောင်းပြီးတဲ့နောက်မှာLiWeiမှာ skillတော်တော်များများရှိနေပြီဖြစ်သည်။ ဒါကြောင့်သူမကိုသူမ ယုံကြည်မှုရှိနေသည်။

တစ်နာရီကြာပြီးနောက် . . .

LiWeiအရမ်းကိုစိတ်ပျက်နေပြီဖြစ်သည်။ စိတ်ပျက်‌တာတင်မကဘဲသူမအလွန်ကိုဒေါသထွက်နေပြီဖြစ်သည်။

ဒါကဘယ်လိုချိန်းတွေ့မှုမျိုးလဲ!!!
အဓိပ္ပါယ်မရှိလိုက်တာ ***

သူတို့တွေပြောနေကြတဲ့အကြောင်းက 'ဒီလိုလက်ထပ်ရင်' နဲ့ 'ဟိုလိုလက်ထပ်ရင်' နဲ့

အဲ့တာတင်မကသေးဘူး သူတို့ကသောက်ရမ်းကိုရုပ်ဆိုးလွန်းတယ်။ သူတို့ကသူမကိုဘယ်လိုအလုပ်အကိုင်ရှိသလဲနဲ့ သူမရဲ့အသက်ကိုမေးမြန်းကြသည်။ အဲ့တာတွေကသောက်ကျိုးနဲ့ကိစ္စတွေ။

LiWeiသူမကိုသူတို့ သူမရဲ့အသက်နဲ့သူမရဲ့အလုပ်အကိုင်အကြောင်းကိုမေးရင်တောင် သူမစိတ်ထဲထားမှာမဟုတ်ပေ။ ဒါပေမယ့်ဒီမေးခွန်းကြီးကဘယ်လိုကြီးလဲ။ သူတို့ငါ့ကိုလာနောက်နေတာလား???

LiWeiအဲ့ဒီအချိန်မှာဘဲသူမကိုယ့်ကိုကိုယ် နောက်ထပ်ဘယ်တော့မှ ထပ်ပြီးချိန်းတွေ့တော့မည်မဟုတ်ဟုကြိမ်လိုက်တော့သည်။

သူမတကယ်ကို ဒါတွေအတွက် လုံလောက်သွားပြီဖြစ်သည်။ အကယ်၍သာဆက်ပြီးချိန်းတွေ့နေအုံးမယ်ဆိုရင် သူမထပြီးဗုန်းတလုံးလိုမျိုးပေါက်ကွဲသွားမလားဘဲ။

LiWeiအိမ်ပြန်ရောက်တော့ သူမဘာချက်စားရမလဲဆိုတာကိုစဉ်းစားလို့နေသည်။ ဒါပေမယ့်ရေခဲသေတ္တာထဲမှာဘာအစားအစာမှမကျန်တော့ချေ။

သူမအပြင်ကိုလည်းမထွက်ချင်ပေ။ ဒါပေမယ့်သူမသောလောက်အောင်ဗိုက်ဆာနေသည်။

နောက်ဆုံးရွေးချယ်စရာမရှိတော့မှသူမအပြင်ထွက်ခဲ့ရသည်။

#########
Zawgyi


#############

Bạn đang đọc truyện trên: Truyen247.Pro