Intro (Uni+ZawGyi)
[Unicode]' အဲ့ ကလေးကို မင်းတာဝန် မယူရင် ငါတာဝန်ယူရမှာကွ Jiminnie...မင်းအရမ်း ဆိုးတယ်ကွာ '
8နှစ်အကြာမှာ သူ ပထမဆုံး စပြောတဲ့ စကားက တခြားသူ ကို လက်ထပ်ဖို့တဲ့လား။
သူနဲ့ ကျွန်တော်ရဲ့ ရေစက်မှာ အချစ်တော့ပါတယ်။ ဖူးစာ တော့ ပါမလားဘူးထင်ပါရဲ့။
' ဟက်ခ်! '
ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ သူ့မျက်လုံး စူးစူးရဲရဲတွေကို မခံနိုင်တော့တာနဲ့ အကြည့်လွှဲမိတော့ Couple photo ရိုက်နေတဲ့ စုံတွဲတစ်တွဲဆီ ကြည့်မိပြန်တယ်။
မနာလို ခြင်းဆိုတဲ့ အကုသိုလ် တရားက ကျွန်တော့်ရင်ကို အားပါးတရ စုတ်ဖြဲနေလေရဲ့။
အလိုက်မသိတဲ့ သောက်လုံးတွေကို နှိုက်ထုတ်ချင်မိတော့ သူ့ကိုမတွေ့ရရင် ရူးမတတ် လွမ်းရတဲ့ ကိုယ့်ကိုယ်ကိုယ် သနားလို့ ငြိမ်နေလိုက်ပါတယ်။
သူ့နဲ့ ကျွန်တော့် ရေစက် က အနက်ရောင် တောက်တောက်လေးရယ်။ ကံကြမ္မာ ဈေးရောင်းသူ က ကျိန်စာ တွေ အစစ်ထည့်ပေးလိုက်တယ်လေ။
' အနည်းဆုံး့ မင်းတစ်ယောက်ကတော့ ငါ့ကို ယုံမယ် ထင်ထားတာ '
မျက်မှန်အောက်က သူ့မျက်ခုံးတွေ လွန်ခဲ့တဲ့ ၈နှစ်ကလို ကြုတ်မထားတော့ဘူး။
ကျွန်တော့်ကို မျက်ဝန်းသေတွေနဲ့ ငေးကြည့်နေတယ်။
' Yoon...ငါဆိုတဲ့ ကောင်က မင်းမဟုတ်တဲ့ တခြားလူကို စိတ်နဲ့တောင် ပစ်မှားမယ် ထင်နေလား ?'
'ငါ မင်းကို ဘယ်တုန်းကမှ မယုံမိဘူး ထင်တာပဲ '
Min Yoongi......
နာမည်က သောက်ရမ်း လှပါရဲ့။
ဘာလို့ ဒီလို ရက်ရက် စက်စက် စကားတွေ ပြောထွက်ရက်တာလဲ......
အဟက်......ဟုတ်ပါ့ဗျာ သူဘယ်တုန်းကမှ ကျွန်တော့်ကို ယုံခဲ့တာမဟုတ်ဘူး။
ဟုတ်လို့လားးး???
သိပ်သေချာတာပေါ့......
ကျွန်တော်တို့ရဲ့ Past ကို Editပြန်လုပ်ကြည့်ရင်တောင် Faithfulness ဆိုတဲ့ ယုံကြည်ခြင်း သစ္စာရှိခြင်းတွေ ပျောက်ခြင်းမလှ ပျောက်နေဦးမှာပဲ။
ကျွန်တော်ပြောသားပဲ ကျွန်တော်နဲ့သူ့ရဲ့ ရေစက်က အချစ်သက်သက်ပဲ ရှိတာာာပါဆို။
ဝမ်းနည်းဖို့တော့ အကောင်းနော်။
ဒါပေမယ့် ကျွန်တော် Dramaတွေ မကြိုက်ဘူးဗျာ။
ကျွန်တော့် ဘဝရဲ့ ဘယ်သူမှန်းမသိတဲ့Drictorကို မေးပေးပါ။
အဆွေးရုပ်ရှင်တွေ ရိုက်ရတာ ပျော်ရဲ့လားလို့။
ကျွန်တော်ကတော့ Sad ending ဆိုရင်တောင် ခံစားရသက်သာအောင်ပဲဖြစ်ဖြစ် ကြော်ငြာလေးထည့်ပေးသင့်တယ် ထင်တာပဲ။
ှုဥပမာ ...သူနဲ့ ကျွန်တော် မတော်တဆ နမ်းမိတာမျိုးးး
ကြော်ငြာဆိုတာကလဲ လိမ်ညာခြင်းတွေပါပဲလေ ။ အစစ်အမှန်က ဘာမှထူးခြားမလာတာပဲ။
ကံမကောင်းရင် side effectတွေ ဘာတွေပါ ဖြစ်နေဦးမှာ။
အစွဲအလမ်းကြီးတဲ့ ကျွန်တော် သူ့နှုတ်ခမ်းတွေကိုမှ အခါခါ ထပ်ပြီး တမ်းတ နေမိရင် သေရချည်ရဲ့ဗျာ။
' Ji ??'
'ဟမ် Hynug! '
' မင်း အမြဲ အတွေးလွန်နေတတ်တာပဲ။ ငါပြောတာ မကြားလိုက်ဘူးမလား။ '
'Umm...'
ကြားတာမှ နားနဲ့ဆက်ဆက်ပဲ ။ Jiminဆိုတဲ့ နာမည်ကို Park Jimin က Ji ရယ် Min YoonGi က Min ရယ် ပေါင်းပြီး Couple name လုပ်နေတာလေ ဟက်ဟက်။
Wait What! ကျွန်တော်အရမ်း စိတ်ပျက်စရာ ကောင်းသွားလား။
သူပြောတဲ့ စကားက ပိုစိတ်ပျက်ဖို့ကောင်းတာကို သိသင့်ပါတယ်။
'Jimin ...မင်း က အဲ့လို လူစားမျိုးလား 'တဲ့
သြော် ...ကျွန်တော် နဲ့ သူ့ရဲ့ ရေစက်မှာ အထင်သေးမှုတွေပါ ပါလာပြန်ပြီ။
Welcome To my hopeless word!
မျှော်လင့်ချက်မဲ့နေတဲ့ငါ့ကမ္ဘာကနေ မင်းရဲ့အထင်သေးမှုတွေကို ကြိုဆိုပါတယ်ကွာ။
**ငါမဟုတ်တဲ့ရင်ခွင်ထဲက ငါသိပ်ချစ်တဲ့မင်း**
.....................
[Zawgyi]' အဲ့ ကလေးကို မင်းတာဝန် မယူရင် ငါတာဝန်ယူရမှာကွ Jiminnie...မင်းအရမ်း ဆိုးတယ်ကွာ '
' ဟက်ခ်! '
' အနည်းဆုံ့း မင်းတစ်ယောက်ကတော့ ငါ့ကို ယုံမယ် ထင်ထားတာ '
Min Yoongi......
ဟုတ်လို့လားးး???
သိပ်သေချာတာပေါ့......
' Ji ??'
'ဟမ် Hynug! '
'Umm...'
Bạn đang đọc truyện trên: Truyen247.Pro