Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

4


[Unicode]အောက်တိုဘာလ၏ နေရောင်ခြည်သည် တောက်ပ၏။
သို့သော်လည်း ကျောင်းဝန်းထဲရှိ အုတ်ခုံလေးပေါ်တွင် ထိုင်နေသော ကောင်လေး၏ အပြုံးတို့က ဖြော့တော့လျှက်။ ထိုကောင်လေးသည် ကောင်လေးတစ်ယောက်ကို ချစ်မိသည့် အချိန်မှစ၍ မချင့်မရဲလေး ပြုံးလာတတ်သည်။

ထိုကောင်လေးကို ချစ်တဲ့စိတ် ...တစ်ဦးတည်းသော ယောက်ျားလေး သူငယ်ချင်းကို ချစ်မိနေတဲ့စိတ် ...မြတ်နိုးမိလွန်းလို့ ကိုယ်နဲ့တောင် မထိုက်တန်ဘူးဆိုကာ ထိန်းချုပ်နေရတဲ့ စိတ် ......
နေ့ရက်တိုင်း နာရီတိုင်းဟာ Jiminie Jimineဆိုပြီး ပဲ့တင်ထပ်နေလေရဲ့ ။ ချစ်တယ် ပြန်မချစ်မှာကိုပိုလို့ ကြောက်တယ်။ ပိုင်ဆိုင်ခွင့်ရပြီးမှ မတော်တဆ ဝေးသွားခဲ့လျှင် ရူးသွားနိုင်သည့် ကိုယ့်စိတ်ကြောင့် ပိုင်ဆိုင်ချင်သော ဆိုသည့် အတွေးတစ်စ အား ယောင်လို့မှ မတွေးမိအောင် ထိန်းချုပ်ရ၏။

အနားကပ်မိတာနဲ့ လောဘ တက်မိတာမို့ ခပ်ကင်းကင်းနေကြည့်တော့ သူငယ်ချင်းဆိုသည့် ဆက်ဆံရေးကပင် အက်ကွဲချင်လာသလိုလို။ရုတ်တရက် ပြောင်းလဲသွားသည့် Yoongiကို မသိချင်ယောင်ဆောင်ကာ ဆက်လက်ပေါင်းသင်း ကြရှာတဲ့ kookieနဲ့ jiminie.။

စိတ်လွတ် ကိုယ်လွတ်နှင့် အရင်ချိန်တွေလို သူငယ်ချင်းသုံးယောက် ပျော်ပျော်ပါးပါး ဖြတ်သန်းနေစဉ် သစ်သီးရနံ့သင်းသင်းလေးရှိသော သူ့ကိုယ်သင်းရနံ့အား ခိုးယူမွှေးကြူမိချိန် အပြစ်ရှိသလို ခံစားချက်ကြောင့် ထထွက်သွားတတ်သည့် အခါတွေလည်း Min yoongi တွင် ရှိခဲ့ဖူးသည်။

Chingu?? or Arrnyi Namja Chingu??
သူငယ်ချင်း အနေနှင့် ဆက်မရှိချင်
ချစ်သူ အနေနှင့်လည်း ရှေ့ဆက်မတိုးရဲ
သတ္တိတွေ ဆိုတာ Park Jimin ဆိုသော သတ္တဝါလေးရှေ့ဆို ကြက်ပျောက်ငှက်ပျောက်သည့်ပမာ ပျောက်ရှသွားလေသည်။
ဆက်ကျော်သက် အရွယ် စိတ်ကစားခြင်း ဖြစ်မည် ဟုတွေးကာ နှလုံးသားကို ပုန်ကန်လျှက် ကောင်မလေး တစ်ယောက်နှင့်လည်း တွဲခဲ့ဖူး၏။

Yoongi ကိုယ်တိုင် မည်သည့် အရိပ်အမြွက်မျှ ပြုမူပြောဆိုခြင်း မရှိသော်လည်း Park Jiminသည်သာ Yoongi၏ နှလုံးသားပိုင်ရှင်အစစ်ဆိုသည်ကို သိသွားရသောအခါ ထိုတွဲခဲ့ဖူးသော ကောင်မလေးခမျာ အလိုအလျှောက် တပ်ဆုတ်သွားလေသည်။

"Yoongi နင်က ဒီရောက်နေတာကိုး "

Jungkook အုတ်ခုံလေးပေါ်တွင် ထိုင်နေသော သူ့သူငယ်ချင်းကို တွေ့တော့ ခြေလှမ်းများကို အရှိန်တင်လိုက်သည်။ ဘေးနားတွင် ကပ်ထိုင်လိုက်သောအခါ ဆန့်ကျင်ဘက် ဆီသို့ သိသိသာသာ တိုးသွားသည့် Yoongiကြောင့် Jungkook မျက်နှာညိုးသွားသည်မှာ အမှန်။ သို့ပေမယ့် ချက်ချင်းဆိုသလို နှစ်လိုဖွယ် အပြုံးတစ်ခုကို ဖန်ဆင်းပြီး မျက်နှာပေါ်လာရှုပ်နေသည့် ဆံနွယ်တို့အား လက်နှင့် သပ်ကာ နားရွက်နောက် ညှပ်ထည့်လိုက်လေသည်။

" ထပါ yoongiရဲ့ နင် အတန်းမပျက်ပါနဲ့။ အစောန ကတည်းက နင်မျက်နှာမကောင်းပဲ ထွက်သွားတာ ငါသိတယ်။ ဘာဖြစ်လို့လဲဟင်။ "

Yoongiသည် ခေါင်းငုံ့ထားလျှက်ပင် အသာ ခေါင်းရမ်းသည်။ Jeon Jungkook၏ မျက်နှာအမူအယာ မှာ တစ်ခုခုကို သေချာသိလိုက်ရသော်လည်း လက်မခံနိုင်သည့်ပုံမျိုး ဖြစ်နေ၏။ ပါးပြင်ပေါ်တွင် ပူခနဲ ဖြစ်သွားသည့် အထိအတွေ့ကား သူမ၏ မျက်ဝန်းမှ မျက်ရည် တစ်စက် တိတ်တဆိတ် ကြွေဆင်းသွားခြင်းဖြစ်မည်။
သေချာသည်ကား ဝမ်းနည်း၍ ကျသည့် မျက်ရည်။

တစ်ဖက်သတ် အချစ်ကို ကိုယ်ချင်းစာမိ၍ yoongiကို သနားမိခြင်းပေလော... မိမိ ကိုယ်မိမိ သနား၍ ဝမ်းနည်းမိခြင်းပေလော ဝေခွဲမရသော်လည်း Jungkook အသံတိတ်မျက်ရည်ကျမိသည်။

" Jiminကြောင့်လား Park Jimin ကြောင့်လား "

မငိုမိစေရန် မေးရိုးတွေ လည်ပင်းရိုးတွေ တင်းထားကာ ထိန်းချုပ်ထားပေမယ့် ရှိုက်သံတွေနဲ့ သူမရဲ့မေးခွန်းအဆုံးတွင် yoongi၏ မယုံကြည်နိုင်ဟန် အထိတ်တလန့်မျက်ဝန်းများက ဆက်ခနဲခေါင်းထောင်ကာ မော့ကြည့်လာသည်။

" နင် Yuriနဲ့ လမ်းခွဲလိုက်တာ Park jimin ကြောင့်လား ...
နင် ငါတို့ကို စိမ်းကားသွားတာ Park jiminကြောင့်လား...
နင် ငါတို့နဲ့ အတူ တစ်တန်းထဲ မထိုင်တော့ဘဲ ရှေ့ဆုံးခုံ ပြောင်းထိုင်တာ Park Jiminကြောင့်လား...
Park Jiminကို သဘောကျတဲ့ ဂျူနီယာတွေနဲ့ မတည့်တာ Park Jimin ကြောင့်လား...
နင် အမြဲ ပူဆွေးနေတာ Park Jiminကြောင့်လား...
နင် အခု အတန်းထဲက နေ ထထွက်သွားတာ Kim Tae နဲ့ ပလူးနေတဲ့ Park Jimin ကြောင့်လားးးလို့ "

Jungkook အမှန်တစ်ကယ်ကို အော်ဟစ် ငိုယိုကာ ရန်တွေ့နေမိသည်။ အနည်းငယ် ဟသွားသည့် သူမ၏ နှုတ်ခမ်းငယ်တို့က တုန်ရင်လျှက်... ပါးပေါ်တွင် တစ်လှိမ့်ချင်း ပြေးလွှားနေသော မျက်ရည်တို့ကို လက်ဖြင့် ခပ်ကြမ်းကြမ်း ဆွဲပွတ်ကာ မကျေနပ်ဟန် မျက်စောင်း တစ်ချက်က yoongiဆီသို့ ဒိုင်းခနဲ...

" လူတစ်ယောက်ကို ချစ်မိတာ အပြစ်လို့ ထင်နေတဲ့ သေနာကြီး! "

yoongiမှာ သူ့အား တစ်ခွန်းပြီး တစ်ခွန်း အော်ငေါက်နေသည့် jungkookကို ကြောင,်အ စွာ ငေးကြည့်နေမိရာမှ ဖျက်ခနဲ ရောက်လာသည့် မျက်စောင်းကြောင့် အယောင်ယောင် အမှားမှား အကြည့် လွှဲလိုက်ရသည့် အဖြစ်။

" နင် ဘယ် ...ဘယ် ကနေ ဘယ်လို သိ ...??သိ "

ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသူ သူငယ်ချင်းအား jungkookစိတ်ပျက်ဟန် လှမ်းကြည့်လိုက်ပြီး

" Jin oppa ပြောပြတာ။ အစက ...... အစက ငါမယုံဘူးဟာ ။ ဒါပေမယ့် ငါ oppaရဲ့ စကား ကြားတော့ နင့်ကို စောင့်ကြည့်နေမိတာ ။ နင် .........တစ်ကယ်ကြီးကို Jiminကို ချစ်မိနေတာပဲ "

" ငါ ......"

သူမ ချည်းသာ အကုန်ပြောသွားသည်ကြောင့် yoongi မထူးဇာတ် ခင်းကာ တစ်ဖန်ခေါင်းပြန်ငုံ့ရင်း အပြစ်မရှိသည့် မြေပြင်မှ ကျောက်တုံးလေးအား ဖိနပ်ဖြင့် ဖိချေလှိမ့်နေမိသည်။ တစ်ကယ် အပြစ်ရှိနေသည်က သူ...။ သူ့သူငယ်ချင်း မလေး ကလည်း Park Jiminကို စိတ်ဝင်စားနေမှန်း သိရက်နဲ့ ......အမှန်ဆို Jungkookကိုတော့ မသိစေချင်သေး ။ ကြားရခြင်းမှာ နားဝင်ချိုစေမည့် သတင်းမဟုတ်သောကြောင့် မသိစေချင်ခြင်းသာ ။ ကာကကံရှင်လေး သာဆို ဘယ်လို တုံ့ပြန်မည်လဲလေ ။

" ဟွန့် Park Jimin ကောင်စုတ် ။ နင့်ကြောင့် ငါ့ သူငယ်ချင်း တစ်ယောက်ကို ဆုံးရှုံးတော့မလို့ "

Jungkookသည် မျက်ရည် စီးကြောင်းများကိုမိတ်ကပ် ဖြင့်ဖို့ရင်း အထက်တန်း Cခန်းထဲရှိ Kim Tae Tae နှင့် နှုတ်ခမ်းချင်းတေ့ကာ ချော့ကလက်ချောင်း စားသည့် ဂိမ်းအား ပျော်ပျော်ကြီးဆော့နေရှာသော Jiminထံ မေတ္တာ လှမ်းပို့လေသည် ။

" ဒီမှာ Yoongi shi ......"

ပန်းရောင် မိတ်ကပ် ဘူးလေးအား ကျောင်းဝတ်စုံ အိတ်ကပ်ထဲ ပြန်ထည့်ကာ ခါးလေးထောက်လျှက် ဆရာလုပ်တော့မည့် Jeon Jungkook အား Min yoongiသည် အမြန်ပင် မော်ဖူး လိုက်ရ၏ ။

" နောက်ဆို အရင် yoongi လိုပဲ ပြန်နေစမ်းပါ။ ငါ့ကိုလည်း ပုံမှန်အတိုင်း ဆက်ဆံ ။ ငါလည်း Park Jimin ကို ကြိုက်တာ သိရက်နဲ့ သူငယ်ချင်းရဲ့ crushကိုမှ crushမိလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေနဲ့ ။ ငါ နင့်လို သူငယ်ချင်းကို အဆုံးရှုံးမခံနိုင်ဘူး ။ သူငယ်ချင်း မဟုတ်ဘူးဟာ အစ်ကို လိုပဲ ။ နင်က ငါ့ မိသားစုပဲ သိတယ်မလား"

" အွန်း နင် Jiminieကိုတော့ မပြောဘူးမလား "

စိုးရိမ်စိတ် မပြယ်သေးသည့် လေသံကို နားထောင်ကာ Jeon Jungkook တစ်ယောက် သူ့သူငယ်ချင်း Yoongiအား "အ,ရန် ကော" ဆိုသည့် အကြည့်ဖြင့်သာ စိတ်ပျက်လက်ပျက် ကြည့်မိတော့သည် ။

" အယ်ကိုရယ် ငါက ပြောစရာလား ။ အံ့ရော အံ့ရော ။ အ နိုင်လွန်းတဲ့Park Jiminလေးကို ညင်းဆဲပြီးကို မပြောပဲထားဦးမှာ ။ "

နှုတ်ခမ်းကို တမင်ဆူထားပြီး လူကို မပြုံးပြုံးအောင် လာ စ နေသည့် kookieကြောင့် Yoongiစိတ်ထဲ ပျော်သလိုလို ရှိလာရသည်။ စိတ်ထဲက အပူတွေကို အအေးခံပေးတဲ့ air coolerလေး jungkookရယ်ပါ ။

" Gomatha kookie yar!..."

ရုတ်တရက် ထ ဖက် ခံလိုက်ရတာကြောင့် Jungkook မျက်လုံးလေးတွေရော ပါးစပ်လေးတွေပါ ဝိုင်းသွားရသည် ။

" Yoongi နင် Jiminကို လည်း အရမ်းကြီး ပစ်မထားပါနဲ့ သူ စိတ်မကောင်းဖြစ်နေတာဟာ နင်က ရှောင်ဖယ် ရှောင်ဖယ် လုပ်နေတော့ "

"အွန်း သိပါပြီ"

" ဒီလိုမှပေါ့ ဟီး..."

ချစ်စရာ ကောင်းစွာ ရယ်ပြနေတဲ့ သူမကြောင့် ခေါင်းကို လက်သီးဆုပ်နှင့် ခပ်ဖွဖွ ထုပစ်မိသည် ။

...............................................................

မနက်ကတည်းက မျက်နှာချင်း မဆိုင်ရသေးလို့ စိတ်က မကြည်ပါဘူးဆို ပြူတင်းပေါက်ကနေ အောက်ထပ်ကို လှမ်းမြင်လိုက်ရသည့် လူ နှစ်ယောက်ကြောင့် ရင်ထဲမှ ရုန်းရင်းဆန်ခတ် ဖြစ်ကာ မေးခွန်းများတသီကြီးထွက်လာလေသည်။

ကျောင်းနောက်ကျနေကြ ဂြိုလ်သားလေး yoongiကို မနက်ခင်းတိုင်း အတန်းထဲမှာ ထိုင်စောင့်ရသည်က ပျင်းစရာကောင်းလိုက်သည်ဖြစ်ခြင်း ။ ပေါက်တက်ကရများ ရှာဖွေဆော့တတ်သည် Hoseok တို့ အုပ်စု ဆီသွားကာ မဲလိပ်တွေနှိုက်ရင်း ဂိမ်းတွေ ထိုင်ဆော့လိုက်တော့ အပျင်းပြေသွားသည်။

ပျော်နေသည့် စိတ်လေးမှာ ဘောလုံးကွင်း ဘေးပတ်လမ်းရှိ အုတ်ခုံနားမှ Jungkookနှင့်အတူ love sence ရိုက်ကူးနေသော ချစ်သည်းကျော်ကြောင့် မှိုင်တွေသွားရပြန်သည် ။

အတန်းတတ်ချင်စိတ်လည်း ပျောက်ဆုံးနေသည်မို့ ခြေဦးတည့်ရာ လျှောက်သွားရင်း ကျောင်းသားချင်း ငွေညစ်နေဟန် တူသည့် ဂျူနီယာတွေကြောင့် မဟုတ်မခံ Jiminတို့တစ်ပွဲ ဝင်နွှဲခဲ့လိုက်သေးသည် ။

ကိုယ်ဆော်လိုက်ရသည့် အချက် မနည်းသော်လည်း ခံလိုက်ရသည်ကလည်း မသက်သာပေ။ မျက်နှာတစ်ခုလုံး ထုံကျင်နေတော့သည်။ သို့ပေမယ့် Min yoongi ရှိရာ ပြေးပြီး ကိုယ့်အပိုင်ဟု တံဆိပ်ခတ်ချင်စိတ်က သာ နာကျင်မှုကို ဖုံးလွှမ်းနေသည်။

နှလုံးသားတစ်စုံကို စိတ်ချလက်ချ အနားပေးချင်ပါပြီ ။
Min yoongiက Park Jimin ရဲ့ အပိုင် ဖြစ်ပြီး နောက်နေ့ပေါ့ ။

ရန်ဖြစ်လို့ ဝ သွားမှ အတန်းပြန်မတတ်ခင် သန့်စင်ခန်းထဲ ဝင်ကာ ဆေးကြောရင်း မှန်ကြည့်မိတော့ မျက်ခုံးစွန်း နှင့် နှုတ်ခမ်းစပ်တွေက သွေးစို့နေလေသည်။

ကျွန်တော့်ကို လှည့်ပင် မကြည့်သော ရှေ့ဆုံးခုံမှ အသေးလေးအား အားမလို အားမရဖြင့် လှမ်းကြည့်ရင်း ကိုယ့်ခုံကိုယ်သာ ဝင်ထိုင်နေလိုက်ရသည်။
Jungkookကတော့ ရန်ဖြစ်လာတာ သိသွား၍ မျက်ခုံးနှစ်ဖက် မြင့်တက်သွားကာ စိုးရိမ်ကြီးနေတော့သည်။သူမကို အာရုံမထားနိုင် ။တစ်ကယ် ကျွန်တော် လိုချင်တာ အချေကောင်ဆီက အတန်းရှင်း လေ ။

အနားကျောင်းဆင်းချိန် Jungkook၏ တိုးတိုးတိတ်တိတ် သွားပြောမှုကြောင့် မယောင်မလည်နှင့် ကျွန်တော့် အနား ရောက်လာလေသည် ။

အပြင်မှာသာ ဘေးမှာလာရပ်နေသည့် သူ့အား မသိချင်ယောင်ဆောင်နေသော်လည်း စိတ်ထဲမှ ပြုံးနေမိသည်က အခါခါ ။

မင်းက ကဝေ ပ ဲ yoon။ မင်း ပြုစားထားလို့ ငါရူးနေပြီ။ တာဝန် ယူပါတော့ Min yoongi။

" အဟမ်း ဟမ်း ဘာလို့ ရုတ်တရက်ကြီး ထ ရန်ဖြစ်တာလဲ ။ ကိုယ့် ဘက်က နိုင်တာ လည်း မဟုတ်ဘဲ "

မျက်နှာချင်းဆိုင် လာထိုင်သည့် သူ့ကို တမင် မျက်လုံးချင်း မဆုံမိအောင် ခေါင်းငုံ့ကာ အကြည့်လွှဲထားလိုက်သည်။

ဟုတ်တယ် ကျွန်တော် သူ့ကို စိတ်ဆိုးနေတယ်။ တစ်နေ့လုံး ကိုယ်တော်ချော ရဲ့အပြုံး မမြင်ရသေးလို့ ရင်ဘတ်ထဲက အကောင်ကပါ စိတ်ဆိုးနေပြီ ။

" Park Jimin ခေါင်းမော့စမ်း ။ ငါမင်းကို ဆေးလိမ်းပေးမလို့ ။ "

ဆေးလိမ်းပေးမည်ဆိုသော ဖြားယောင်စကားကြောင့် သတိမေ့ကာ ဝမ်းသာအားရ မော့ကြည့်မိတော့ လျှင်မြန်လွန်းသည့် သူ့လက်တွေက ကျွန်တော့်မေးစေ့ကို အမိအရ ဆွဲယူကာ ဒဏ်ရာ အပြည့်နှင့် ကျွန်တော့် မျက်နှာ ချောချောအား သေချာ စစ်ဆေးနေသည်။

" ဆေးက Jungkook ပေးသွားတာမလား "

ကျွန်တော့် အမေးကို " အွန်း " တစ်လုံးသာ ဖြေပြီး နှုတ်ခမ်းထောင့်အား အသေအချာ ဆေးလိမ်းပေးလေသည်။

မဆိုးဘူး ဂရုစိုက်တတ်သားပဲ။ မင်းနဲ့ ရမယ့် ငါ အရမ်း ကံကောင်းတယ်။

ရုတ်တရက် နီးကပ်လာသည့် သူ့နှုတ်ခမ်းဖူးဖူးကြောင့် စိတ်ဆိုးနေပါသည် ဆိုသည့် ရင်ဘတ်ထဲက အကောင်က သူ့စကားသူ မေ့ကာ ခုန်ပေါက်လျှက်နေ၏။

သူ့လက်ဖျားများနှင့် ထိန်းကိုင်ထားသည့် ကျွန်တော့် မေးဖျားက အေးစက်မှုကြောင့် တစ်ကိုယ်လုံး တောင့်တင်းသွားမိသည်။

အမှန်က ဒဏ်ရာအား ဆေးထည့်ပေးပြီး မစပ်အောင် လေအေးဖြင့် မှုတ်ပေးခြင်းသာ။ သနား စရာ ကျွန်တော့်မှာသာ ရင်တွေ ပရမ်းပတာ ခုန်နေရတာ Min Yoongi ဆိုတဲ့ အမျိုးကောင်းသားလေးက အေးဆေးတည်ငြိမ်လွန်းလှ၏။ မတရားလိုက်တာ ။

" ဟမ် ပြီး...ပြီးပြီလား "

ဆေးဘူး ခွံ အဖုံးလေး ပြန် ပိတ်ကာ ထ ထွက်သွားတော့မည့် သူ့အား အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးမိတော့ ခေါင်းငြိမ့်ပြလေသည်။

" ဘာလဲ ဒဏ်ရာ ကျန်သေးလို့လား "

သူ့အမေး အဆုံး ကျွန်တော် အမြန်ဆုံး ထပြေးကာ လူအရှင်းဆုံး သန့်စင်ခန်းတစ်ခု ထဲဝင်သွားလိုက်သည်။

လက်ကျန် လူ နှစ်ယောက ်သုံးယောက် တို့ အပြင်ထွက်သွားသည့်နောက် လူမရှိတော့တာ သေချာမှ သန့်စင်ခန်း အုတ်နံရံကို အားသုံးပြီး လက်သီးဖြင့် နှစ်ချက် သုံးချက် ပိတ်ထိုးကာ သူရှိရာ အခန်းထဲ အပြေးပြန်လာခဲ့၏။

ထို့နောက် Min yoongiအား ပျော်ပျော်ကြီး ဆေးထည့်ခိုင်းတော့သည်။

မင်း ငါ့လက် ကို တခုတ်တရ မကိုင်တော့တာ ဘယ်လောက်ကြာပြီလဲ yoon။

...............................................................

ချစ်ခြင်းများစွာဖြင့်
kini
Thank u and love u.

[Zawgyi]ေအာက္တိုဘာလ၏ ေနေရာင္ျခည္သည္ ေတာက္ပ၏။
သို႔ေသာ္လည္း ေက်ာင္းဝန္းထဲရွိ အုတ္ခုံေလးေပၚတြင္ ထိုင္ေနေသာ ေကာင္ေလး၏ အၿပဳံးတို႔က ေျဖာ့ေတာ့လွ်က္။ ထိုေကာင္ေလးသည္ ေကာင္ေလးတစ္ေယာက္ကို ခ်စ္မိသည့္ အခ်ိန္မွစ၍ မခ်င့္မရဲေလး ၿပဳံးလာတတ္သည္။

ထိုေကာင္ေလးကို ခ်စ္တဲ့စိတ္ ...တစ္ဦးတည္းေသာ ေယာက္်ားေလး သူငယ္ခ်င္းကို ခ်စ္မိေနတဲ့စိတ္ ...ျမတ္ႏိုးမိလြန္းလို႔ ကိုယ္နဲ႔ေတာင္ မထိုက္တန္ဘူးဆိုကာ ထိန္းခ်ဳပ္ေနရတဲ့ စိတ္ ......
ေန႔ရက္တိုင္း နာရီတိုင္းဟာ Jiminie Jimineဆိုၿပီး ပဲ့တင္ထပ္ေနေလရဲ႕ ။ ခ်စ္တယ္ ျပန္မခ်စ္မွာကိုပိုလို႔ ေၾကာက္တယ္။ ပိုင္ဆိုင္ခြင့္ရၿပီးမွ မေတာ္တဆ ေဝးသြားခဲ့လွ်င္ ႐ူးသြားႏိုင္သည့္ ကိုယ့္စိတ္ေၾကာင့္ ပိုင္ဆိုင္ခ်င္ေသာ ဆိုသည့္ အေတြးတစ္စ အား ေယာင္လို႔မွ မေတြးမိေအာင္ ထိန္းခ်ဳပ္ရ၏။

အနားကပ္မိတာနဲ႔ ေလာဘ တက္မိတာမို႔ ခပ္ကင္းကင္းေနၾကည့္ေတာ့ သူငယ္ခ်င္းဆိုသည့္ ဆက္ဆံေရးကပင္ အက္ကြဲခ်င္လာသလိုလို။႐ုတ္တရက္ ေျပာင္းလဲသြားသည့္ Yoongiကို မသိခ်င္ေယာင္ေဆာင္ကာ ဆက္လက္ေပါင္းသင္း ၾကရွာတဲ့ kookieနဲ႔ jiminie.။

စိတ္လြတ္ ကိုယ္လြတ္ႏွင့္ အရင္ခ်ိန္ေတြလို သူငယ္ခ်င္းသုံးေယာက္ ေပ်ာ္ေပ်ာ္ပါးပါး ျဖတ္သန္းေနစဥ္ သစ္သီးရနံ႔သင္းသင္းေလးရွိေသာ သူ႔ကိုယ္သင္းရနံ႔အား ခိုးယူေမႊးၾကဴမိခ်ိန္ အျပစ္ရွိသလို ခံစားခ်က္ေၾကာင့္ ထထြက္သြားတတ္သည့္ အခါေတြလည္း Min yoongi တြင္ ရွိခဲ့ဖူးသည္။

Chingu?? or Arrnyi Namja Chingu??
သူငယ္ခ်င္း အေနႏွင့္ ဆက္မရွိခ်င္
ခ်စ္သူ အေနႏွင့္လည္း ေရွ႕ဆက္မတိုးရဲ
သတၱိေတြ ဆိုတာ Park Jimin ဆိုေသာ သတၱဝါေလးေရွ႕ဆို ၾကက္ေပ်ာက္ငွက္ေပ်ာက္သည့္ပမာ ေပ်ာက္ရွသြားေလသည္။
ဆက္ေက်ာ္သက္ အ႐ြယ္ စိတ္ကစားျခင္း ျဖစ္မည္ ဟုေတြးကာ ႏွလုံးသားကို ပုန္ကန္လွ်က္ ေကာင္မေလး တစ္ေယာက္ႏွင့္လည္း တြဲခဲ့ဖူး၏။

Yoongi ကိုယ္တိုင္ မည္သည့္ အရိပ္အႁမြက္မွ် ျပဳမူေျပာဆိုျခင္း မရွိေသာ္လည္း Park Jiminသည္သာ Yoongi၏ ႏွလုံးသားပိုင္ရွင္အစစ္ဆိုသည္ကို သိသြားရေသာအခါ ထိုတြဲခဲ့ဖူးေသာ ေကာင္မေလးခမ်ာ အလိုအေလွ်ာက္ တပ္ဆုတ္သြားေလသည္။

"Yoongi နင္က ဒီေရာက္ေနတာကိုး "

Jungkook အုတ္ခုံေလးေပၚတြင္ ထိုင္ေနေသာ သူ႔သူငယ္ခ်င္းကို ေတြ႕ေတာ့ ေျခလွမ္းမ်ားကို အရွိန္တင္လိုက္သည္။ ေဘးနားတြင္ ကပ္ထိုင္လိုက္ေသာအခါ ဆန္႔က်င္ဘက္ ဆီသို႔ သိသိသာသာ တိုးသြားသည့္ Yoongiေၾကာင့္ Jungkook မ်က္ႏွာညိဳးသြားသည္မွာ အမွန္။ သို႔ေပမယ့္ ခ်က္ခ်င္းဆိုသလို ႏွစ္လိုဖြယ္ အၿပဳံးတစ္ခုကို ဖန္ဆင္းၿပီး မ်က္ႏွာေပၚလာရႈပ္ေနသည့္ ဆံႏြယ္တို႔အား လက္ႏွင့္ သပ္ကာ နား႐ြက္ေနာက္ ညႇပ္ထည့္လိုက္ေလသည္။

" ထပါ yoongiရဲ႕ နင္ အတန္းမပ်က္ပါနဲ႔။ အေစာန ကတည္းက နင္မ်က္ႏွာမေကာင္းပဲ ထြက္သြားတာ ငါသိတယ္။ ဘာျဖစ္လို႔လဲဟင္။ "

Yoongiသည္ ေခါင္းငုံ႔ထားလွ်က္ပင္ အသာ ေခါင္းရမ္းသည္။ Jeon Jungkook၏ မ်က္ႏွာအမူအယာ မွာ တစ္ခုခုကို ေသခ်ာသိလိုက္ရေသာ္လည္း လက္မခံႏိုင္သည့္ပုံမ်ိဳး ျဖစ္ေန၏။ ပါးျပင္ေပၚတြင္ ပူခနဲ ျဖစ္သြားသည့္ အထိအေတြ႕ကား သူမ၏ မ်က္ဝန္းမွ မ်က္ရည္ တစ္စက္ တိတ္တဆိတ္ ေႂကြဆင္းသြားျခင္းျဖစ္မည္။
ေသခ်ာသည္ကား ဝမ္းနည္း၍ က်သည့္ မ်က္ရည္။

တစ္ဖက္သတ္ အခ်စ္ကို ကိုယ္ခ်င္းစာမိ၍ yoongiကို သနားမိျခင္းေပေလာ... မိမိ ကိုယ္မိမိ သနား၍ ဝမ္းနည္းမိျခင္းေပေလာ ေဝခြဲမရေသာ္လည္း Jungkook အသံတိတ္မ်က္ရည္က်မိသည္။

" Jiminေၾကာင့္လား Park Jimin ေၾကာင့္လား "

မငိုမိေစရန္ ေမး႐ိုးေတြ လည္ပင္း႐ိုးေတြ တင္းထားကာ ထိန္းခ်ဳပ္ထားေပမယ့္ ရႈိက္သံေတြနဲ႔ သူမရဲ႕ေမးခြန္းအဆုံးတြင္ yoongi၏ မယုံၾကည္ႏိုင္ဟန္ အထိတ္တလန္႔မ်က္ဝန္းမ်ားက ဆက္ခနဲေခါင္းေထာင္ကာ ေမာ့ၾကည့္လာသည္။

" နင္ Yuriနဲ႔ လမ္းခြဲလိုက္တာ Park jimin ေၾကာင့္လား ...
နင္ ငါတို႔ကို စိမ္းကားသြားတာ Park jiminေၾကာင့္လား...
နင္ ငါတို႔နဲ႔ အတူ တစ္တန္းထဲ မထိုင္ေတာ့ဘဲ ေရွ႕ဆုံးခုံ ေျပာင္းထိုင္တာ Park Jiminေၾကာင့္လား...
Park Jiminကို သေဘာက်တဲ့ ဂ်ဴနီယာေတြနဲ႔ မတည့္တာ Park Jimin ေၾကာင့္လား...
နင္ အၿမဲ ပူေဆြးေနတာ Park Jiminေၾကာင့္လား...
နင္ အခု အတန္းထဲက ေန ထထြက္သြားတာ Kim Tae နဲ႔ ပလူးေနတဲ့ Park Jimin ေၾကာင့္လားးးလို႔ "

Jungkook အမွန္တစ္ကယ္ကို ေအာ္ဟစ္ ငိုယိုကာ ရန္ေတြ႕ေနမိသည္။ အနည္းငယ္ ဟသြားသည့္ သူမ၏ ႏႈတ္ခမ္းငယ္တို႔က တုန္ရင္လွ်က္... ပါးေပၚတြင္ တစ္လွိမ့္ခ်င္း ေျပးလႊားေနေသာ မ်က္ရည္တို႔ကို လက္ျဖင့္ ခပ္ၾကမ္းၾကမ္း ဆြဲပြတ္ကာ မေက်နပ္ဟန္ မ်က္ေစာင္း တစ္ခ်က္က yoongiဆီသို႔ ဒိုင္းခနဲ...

" လူတစ္ေယာက္ကို ခ်စ္မိတာ အျပစ္လို႔ ထင္ေနတဲ့ ေသနာႀကီး! "

yoongiမွာ သူ႔အား တစ္ခြန္းၿပီး တစ္ခြန္း ေအာ္ေငါက္ေနသည့္ jungkookကို ေၾကာင,္အ စြာ ေငးၾကည့္ေနမိရာမွ ဖ်က္ခနဲ ေရာက္လာသည့္ မ်က္ေစာင္းေၾကာင့္ အေယာင္ေယာင္ အမွားမွား အၾကည့္ လႊဲလိုက္ရသည့္ အျဖစ္။

" နင္ ဘယ္ ...ဘယ္ ကေန ဘယ္လို သိ ...??သိ "

ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ေနသူ သူငယ္ခ်င္းအား jungkookစိတ္ပ်က္ဟန္ လွမ္းၾကည့္လိုက္ၿပီး

" Jin oppa ေျပာျပတာ။ အစက ...... အစက ငါမယုံဘူးဟာ ။ ဒါေပမယ့္ ငါ oppaရဲ႕ စကား ၾကားေတာ့ နင့္ကို ေစာင့္ၾကည့္ေနမိတာ ။ နင္ .........တစ္ကယ္ႀကီးကို Jiminကို ခ်စ္မိေနတာပဲ "

" ငါ ......"

သူမ ခ်ည္းသာ အကုန္ေျပာသြားသည္ေၾကာင့္ yoongi မထူးဇာတ္ ခင္းကာ တစ္ဖန္ေခါင္းျပန္ငုံ႔ရင္း အျပစ္မရွိသည့္ ေျမျပင္မွ ေက်ာက္တုံးေလးအား ဖိနပ္ျဖင့္ ဖိေခ်လွိမ့္ေနမိသည္။ တစ္ကယ္ အျပစ္ရွိေနသည္က သူ...။ သူ႔သူငယ္ခ်င္း မေလး ကလည္း Park Jiminကို စိတ္ဝင္စားေနမွန္း သိရက္နဲ႔ ......အမွန္ဆို Jungkookကိုေတာ့ မသိေစခ်င္ေသး ။ ၾကားရျခင္းမွာ နားဝင္ခ်ိဳေစမည့္ သတင္းမဟုတ္ေသာေၾကာင့္ မသိေစခ်င္ျခင္းသာ ။ ကာကကံရွင္ေလး သာဆို ဘယ္လို တုံ႔ျပန္မည္လဲေလ ။

" ဟြန္႔ Park Jimin ေကာင္စုတ္ ။ နင့္ေၾကာင့္ ငါ့ သူငယ္ခ်င္း တစ္ေယာက္ကို ဆုံးရႈံးေတာ့မလို႔ "

Jungkookသည္ မ်က္ရည္ စီးေၾကာင္းမ်ားကိုမိတ္ကပ္ ျဖင့္ဖို႔ရင္း အထက္တန္း Cခန္းထဲရွိ Kim Tae Tae ႏွင့္ ႏႈတ္ခမ္းခ်င္းေတ့ကာ ေခ်ာ့ကလက္ေခ်ာင္း စားသည့္ ဂိမ္းအား ေပ်ာ္ေပ်ာ္ႀကီးေဆာ့ေနရွာေသာ Jiminထံ ေမတၱာ လွမ္းပို႔ေလသည္ ။

" ဒီမွာ Yoongi shi ......"

ပန္းေရာင္ မိတ္ကပ္ ဘူးေလးအား ေက်ာင္းဝတ္စုံ အိတ္ကပ္ထဲ ျပန္ထည့္ကာ ခါးေလးေထာက္လွ်က္ ဆရာလုပ္ေတာ့မည့္ Jeon Jungkook အား Min yoongiသည္ အျမန္ပင္ ေမာ္ဖူး လိုက္ရ၏ ။

" ေနာက္ဆို အရင္ yoongi လိုပဲ ျပန္ေနစမ္းပါ။ ငါ့ကိုလည္း ပုံမွန္အတိုင္း ဆက္ဆံ ။ ငါလည္း Park Jimin ကို ႀကိဳက္တာ သိရက္နဲ႔ သူငယ္ခ်င္းရဲ႕ crushကိုမွ crushမိေလျခင္းဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္မေနနဲ႔ ။ ငါ နင့္လို သူငယ္ခ်င္းကို အဆုံးရႈံးမခံႏိုင္ဘူး ။ သူငယ္ခ်င္း မဟုတ္ဘူးဟာ အစ္ကို လိုပဲ ။ နင္က ငါ့ မိသားစုပဲ သိတယ္မလား"

" အြန္း နင္ Jiminieကိုေတာ့ မေျပာဘူးမလား "

စိုးရိမ္စိတ္ မျပယ္ေသးသည့္ ေလသံကို နားေထာင္ကာ Jeon Jungkook တစ္ေယာက္ သူ႔သူငယ္ခ်င္း Yoongiအား "အ,ရန္ ေကာ" ဆိုသည့္ အၾကည့္ျဖင့္သာ စိတ္ပ်က္လက္ပ်က္ ၾကည့္မိေတာ့သည္ ။

" အယ္ကိုရယ္ ငါက ေျပာစရာလား ။ အံ့ေရာ အံ့ေရာ ။ အ ႏိုင္လြန္းတဲ့Park Jiminေလးကို ညင္းဆဲၿပီးကို မေျပာပဲထားဦးမွာ ။ "

ႏႈတ္ခမ္းကို တမင္ဆူထားၿပီး လူကို မၿပဳံးၿပဳံးေအာင္ လာ စ ေနသည့္ kookieေၾကာင့္ Yoongiစိတ္ထဲ ေပ်ာ္သလိုလို ရွိလာရသည္။ စိတ္ထဲက အပူေတြကို အေအးခံေပးတဲ့ air coolerေလး jungkookရယ္ပါ ။

" Gomatha kookie yar!..."

႐ုတ္တရက္ ထ ဖက္ ခံလိုက္ရတာေၾကာင့္ Jungkook မ်က္လုံးေလးေတြေရာ ပါးစပ္ေလးေတြပါ ဝိုင္းသြားရသည္ ။

" Yoongi နင္ Jiminကို လည္း အရမ္းႀကီး ပစ္မထားပါနဲ႔ သူ စိတ္မေကာင္းျဖစ္ေနတာဟာ နင္က ေရွာင္ဖယ္ ေရွာင္ဖယ္ လုပ္ေနေတာ့ "

"အြန္း သိပါၿပီ"

" ဒီလိုမွေပါ့ ဟီး..."

ခ်စ္စရာ ေကာင္းစြာ ရယ္ျပေနတဲ့ သူမေၾကာင့္ ေခါင္းကို လက္သီးဆုပ္ႏွင့္ ခပ္ဖြဖြ ထုပစ္မိသည္ ။

...............................................................

မနက္ကတည္းက မ်က္ႏွာခ်င္း မဆိုင္ရေသးလို႔ စိတ္က မၾကည္ပါဘူးဆို ျပဴတင္းေပါက္ကေန ေအာက္ထပ္ကို လွမ္းျမင္လိုက္ရသည့္ လူ ႏွစ္ေယာက္ေၾကာင့္ ရင္ထဲမွ ႐ုန္းရင္းဆန္ခတ္ ျဖစ္ကာ ေမးခြန္းမ်ားတသီႀကီးထြက္လာေလသည္။

ေက်ာင္းေနာက္က်ေနၾက ၿဂိဳလ္သားေလး yoongiကို မနက္ခင္းတိုင္း အတန္းထဲမွာ ထိုင္ေစာင့္ရသည္က ပ်င္းစရာေကာင္းလိုက္သည္ျဖစ္ျခင္း ။ ေပါက္တက္ကရမ်ား ရွာေဖြေဆာ့တတ္သည္ Hoseok တို႔ အုပ္စု ဆီသြားကာ မဲလိပ္ေတြႏႈိက္ရင္း ဂိမ္းေတြ ထိုင္ေဆာ့လိုက္ေတာ့ အပ်င္းေျပသြားသည္။

ေပ်ာ္ေနသည့္ စိတ္ေလးမွာ ေဘာလုံးကြင္း ေဘးပတ္လမ္းရွိ အုတ္ခုံနားမွ Jungkookႏွင့္အတူ love sence ႐ိုက္ကူးေနေသာ ခ်စ္သည္းေက်ာ္ေၾကာင့္ မႈိင္ေတြသြားရျပန္သည္ ။

အတန္းတတ္ခ်င္စိတ္လည္း ေပ်ာက္ဆုံးေနသည္မို႔ ေျခဦးတည့္ရာ ေလွ်ာက္သြားရင္း ေက်ာင္းသားခ်င္း ေငြညစ္ေနဟန္ တူသည့္ ဂ်ဴနီယာေတြေၾကာင့္ မဟုတ္မခံ Jiminတို႔တစ္ပြဲ ဝင္ႏႊဲခဲ့လိုက္ေသးသည္ ။

ကိုယ္ေဆာ္လိုက္ရသည့္ အခ်က္ မနည္းေသာ္လည္း ခံလိုက္ရသည္ကလည္း မသက္သာေပ။ မ်က္ႏွာတစ္ခုလုံး ထုံက်င္ေနေတာ့သည္။ သို႔ေပမယ့္ Min yoongi ရွိရာ ေျပးၿပီး ကိုယ့္အပိုင္ဟု တံဆိပ္ခတ္ခ်င္စိတ္က သာ နာက်င္မႈကို ဖုံးလႊမ္းေနသည္။

ႏွလုံးသားတစ္စုံကို စိတ္ခ်လက္ခ် အနားေပးခ်င္ပါၿပီ ။
Min yoongiက Park Jimin ရဲ႕ အပိုင္ ျဖစ္ၿပီး ေနာက္ေန႔ေပါ့ ။

ရန္ျဖစ္လို႔ ဝ သြားမွ အတန္းျပန္မတတ္ခင္ သန္႔စင္ခန္းထဲ ဝင္ကာ ေဆးေၾကာရင္း မွန္ၾကည့္မိေတာ့ မ်က္ခုံးစြန္း ႏွင့္ ႏႈတ္ခမ္းစပ္ေတြက ေသြးစို႔ေနေလသည္။

ကြၽန္ေတာ့္ကို လွည့္ပင္ မၾကည့္ေသာ ေရွ႕ဆုံးခုံမွ အေသးေလးအား အားမလို အားမရျဖင့္ လွမ္းၾကည့္ရင္း ကိုယ့္ခုံကိုယ္သာ ဝင္ထိုင္ေနလိုက္ရသည္။
Jungkookကေတာ့ ရန္ျဖစ္လာတာ သိသြား၍ မ်က္ခုံးႏွစ္ဖက္ ျမင့္တက္သြားကာ စိုးရိမ္ႀကီးေနေတာ့သည္။သူမကို အာ႐ုံမထားႏိုင္ ။တစ္ကယ္ ကြၽန္ေတာ္ လိုခ်င္တာ အေခ်ေကာင္ဆီက အတန္းရွင္း ေလ ။

အနားေက်ာင္းဆင္းခ်ိန္ Jungkook၏ တိုးတိုးတိတ္တိတ္ သြားေျပာမႈေၾကာင့္ မေယာင္မလည္ႏွင့္ ကြၽန္ေတာ့္ အနား ေရာက္လာေလသည္ ။

အျပင္မွာသာ ေဘးမွာလာရပ္ေနသည့္ သူ႔အား မသိခ်င္ေယာင္ေဆာင္ေနေသာ္လည္း စိတ္ထဲမွ ၿပဳံးေနမိသည္က အခါခါ ။

မင္းက ကေဝ ပ ဲ yoon။ မင္း ျပဳစားထားလို႔ ငါ႐ူးေနၿပီ။ တာဝန္ ယူပါေတာ့ Min yoongi။

" အဟမ္း ဟမ္း ဘာလို႔ ႐ုတ္တရက္ႀကီး ထ ရန္ျဖစ္တာလဲ ။ ကိုယ့္ ဘက္က ႏိုင္တာ လည္း မဟုတ္ဘဲ "

မ်က္ႏွာခ်င္းဆိုင္ လာထိုင္သည့္ သူ႔ကို တမင္ မ်က္လုံးခ်င္း မဆုံမိေအာင္ ေခါင္းငုံ႔ကာ အၾကည့္လႊဲထားလိုက္သည္။

ဟုတ္တယ္ ကြၽန္ေတာ္ သူ႔ကို စိတ္ဆိုးေနတယ္။ တစ္ေန႔လုံး ကိုယ္ေတာ္ေခ်ာ ရဲ႕အၿပဳံး မျမင္ရေသးလို႔ ရင္ဘတ္ထဲက အေကာင္ကပါ စိတ္ဆိုးေနၿပီ ။

" Park Jimin ေခါင္းေမာ့စမ္း ။ ငါမင္းကို ေဆးလိမ္းေပးမလို႔ ။ "

ေဆးလိမ္းေပးမည္ဆိုေသာ ျဖားေယာင္စကားေၾကာင့္ သတိေမ့ကာ ဝမ္းသာအားရ ေမာ့ၾကည့္မိေတာ့ လွ်င္ျမန္လြန္းသည့္ သူ႔လက္ေတြက ကြၽန္ေတာ့္ေမးေစ့ကို အမိအရ ဆြဲယူကာ ဒဏ္ရာ အျပည့္ႏွင့္ ကြၽန္ေတာ့္ မ်က္ႏွာ ေခ်ာေခ်ာအား ေသခ်ာ စစ္ေဆးေနသည္။

" ေဆးက Jungkook ေပးသြားတာမလား "

ကြၽန္ေတာ့္ အေမးကို " အြန္း " တစ္လုံးသာ ေျဖၿပီး ႏႈတ္ခမ္းေထာင့္အား အေသအခ်ာ ေဆးလိမ္းေပးေလသည္။

မဆိုးဘူး ဂ႐ုစိုက္တတ္သားပဲ။ မင္းနဲ႔ ရမယ့္ ငါ အရမ္း ကံေကာင္းတယ္။

႐ုတ္တရက္ နီးကပ္လာသည့္ သူ႔ႏႈတ္ခမ္းဖူးဖူးေၾကာင့္ စိတ္ဆိုးေနပါသည္ ဆိုသည့္ ရင္ဘတ္ထဲက အေကာင္က သူ႔စကားသူ ေမ့ကာ ခုန္ေပါက္လွ်က္ေန၏။

သူ႔လက္ဖ်ားမ်ားႏွင့္ ထိန္းကိုင္ထားသည့္ ကြၽန္ေတာ့္ ေမးဖ်ားက ေအးစက္မႈေၾကာင့္ တစ္ကိုယ္လုံး ေတာင့္တင္းသြားမိသည္။

အမွန္က ဒဏ္ရာအား ေဆးထည့္ေပးၿပီး မစပ္ေအာင္ ေလေအးျဖင့္ မႈတ္ေပးျခင္းသာ။ သနား စရာ ကြၽန္ေတာ့္မွာသာ ရင္ေတြ ပရမ္းပတာ ခုန္ေနရတာ Min Yoongi ဆိုတဲ့ အမ်ိဳးေကာင္းသားေလးက ေအးေဆးတည္ၿငိမ္လြန္းလွ၏။ မတရားလိုက္တာ ။

" ဟမ္ ၿပီး...ၿပီးၿပီလား "

ေဆးဘူး ခြံ အဖုံးေလး ျပန္ ပိတ္ကာ ထ ထြက္သြားေတာ့မည့္ သူ႔အား အထစ္ထစ္ အေငါ့ေငါ့ျဖင့္ ေမးမိေတာ့ ေခါင္းၿငိမ့္ျပေလသည္။

" ဘာလဲ ဒဏ္ရာ က်န္ေသးလို႔လား "

သူ႔အေမး အဆုံး ကြၽန္ေတာ္ အျမန္ဆုံး ထေျပးကာ လူအရွင္းဆုံး သန္႔စင္ခန္းတစ္ခု ထဲဝင္သြားလိုက္သည္။

လက္က်န္ လူ ႏွစ္ေယာက ္သုံးေယာက္ တို႔ အျပင္ထြက္သြားသည့္ေနာက္ လူမရွိေတာ့တာ ေသခ်ာမွ သန္႔စင္ခန္း အုတ္နံရံကို အားသုံးၿပီး လက္သီးျဖင့္ ႏွစ္ခ်က္ သုံးခ်က္ ပိတ္ထိုးကာ သူရွိရာ အခန္းထဲ အေျပးျပန္လာခဲ့၏။

ထို႔ေနာက္ Min yoongiအား ေပ်ာ္ေပ်ာ္ႀကီး ေဆးထည့္ခိုင္းေတာ့သည္။

မင္း ငါ့လက္ ကို တခုတ္တရ မကိုင္ေတာ့တာ ဘယ္ေလာက္ၾကာၿပီလဲ yoon။

...............................................................

ခ်စ္ျခင္းမ်ားစြာျဖင့္
kini
Thank u and love u.

Bạn đang đọc truyện trên: Truyen247.Pro