Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

3


[Unicode]

'မင်း kookကို ဘယ်လိုမြင်လဲ '

ဒိန်းခနဲ စောင့်ခုန်သွားသည့် ရင်ခုန်သံနှင့်အတူ စိုးရိမ် တုန်လှုပ်မှုများက သွေးကြော တစ်လျှောက် ကယောင်ခြောက်ခြား စီးဆင်းသွား၏ ။
သူငယ်ချင်းနှစ်ယောက် အတူ ရှိချိန် ကောင်မလေး တစ်ယောက် အကြောင်း စကား စလာပြီ ဆိုလျှင် ဖြစ်နိုင်သည်က ဇာတ်လမ်းထဲမှာလို ဖွင့်ပြောရန် တိုင်ပင်ဖို့ ??။ အမှန်ဆို ချစ်ရသူနဲ့အတူ အိမ်ပြန်လမ်းမှာ ဘယ်သူက ရင်တထိတ်ထိတ် ဖြစ်နေချင်မှာလဲ ။ ကျွန်တော် ဆိုသည်မှာ Park Jiminဆိုတဲ့ ကလေး တခြားသူကို ချစ်မိသွားမှာ ကြောက်နေရသူ ။ တစ်ကယ်လို့ တခြားသူ ကို သူ ချစ်ခဲ့မယ် ဆိုရင်လည်း ကျွန်တော် မည်သို့မျှ တတ်နိုင်မည် မဟုတ် ။ လူတစ်ချို့မှာ သေမလိုချစ်ပေမယ့် ပိုင်ဆိုင်ဖို့ မကြိုးစားချင်တဲ့ သူတစ်ယောက်ရှိတယ်တဲ့ Ji။

ကားမှန်ပေါ် တဖွဲဖွဲ ကျဆင်းနေတဲ့ မိုးရေစက်လေးတွေက နားထဲမှာ ဒီလောက် ကျယ်လောင်စေလို့လား ။ ကျွန်တော့်မသိစိတ်ကပဲ သူ့မေးခွန်းကို မကြားချင်ယောင် ဆောင်နေမိသည်လား ။ မည်သို့ဆိုစေ lover seat တွင် ထိုင်ကာ ကျွန်တော့် အဖြေကို ငံ့လင့် နေသူ ကို replyမပြန်မိသေး ။ ကျွန်တော် ဘာပြန်ပြောသင့်လဲ ။

" ငါတို့ငယ်ငယ် ကတည်းက ပေါင်းလာတာပဲ ။ ငါ့အထင် မင်းက သူ့အကြောင်းပိုသိမှာပေါ့ ။''

တစ်ခွန်းတောင် ပြန်မပြောတော့ပဲ တစ်ဖက်ကို လှည့်ကာ မိုးစက်တို့တွဲခိုနေသည့် ကားမှန်မှ တရိပ်ရိပ် ကျန်ခဲ့သည့် သစ်ပင်တို့ကိုသာ ဂရုထားလိုက်သည်။ ကားမောင်းရင်း တစ်ချက် လှည့်ကြည့်လာသည့် သူ့ကို နောက်စေ့မှာ မျက်စိ မပါပေမယ့် ကျွန်တော် ခံစားရမိပါသည် ။ yoongi hyung ရည်းစားထားဖို့ အစီအစဉ် ရှိ ? မရှိ ?

အဲ့လို တိုက်ရိုက်မေးလို့လည်း မဖြစ် ။ hyungနဲ့ အနီးစပ်ဆုံး တစ်ဦးတည်းသော မိန်းကလေးက kookie . ကျွန်တော့် မေးခွန်း က သူမဖြေနိုင်လောက်အောင် ခက်ခဲလို့လားနော် ။

' မင်း kook ကို ဘယ်လိုမြင်လဲ ' လို့ ကျွန်တော်မေးရင် အနည်းဆုံး "ချစ်စရာ ကောင်းတယ် " လို့ ဖြစ်ဖြစ် " ဒီတိုင်းပါပဲ " လို့ ဖြေခဲ့ရင် နောက်ဆက်တွဲ မေးခွန်းလေးကို မေးဖို့ ပိုအဆင်ပြေမှာ ။

" kookကို စိတ်မဝင်စား ဘူးလား " ဟူ၍......

သိချင်နေခဲ့သည်မှာ အချိန်ကြာနေပြီ ဖြစ်သော်လည်း မမေးဖြစ်ခဲ့ ။ yoongi ဆိုတဲ့ လူသားက ကြင်နာတတ်ပေမယ့် တည်ငြိမ်အေးဆေးတယ် ။ သူ ဘယ်သူ့ကို စိတ်ဝင်စားနေလဲ။ လူတိုင်း ရင်ခုန်ဖူးမှာပဲလေ ။ ကျွန်တော်တို့လို ဆယ်ကျော်သက်အရွယ်ဆို ပိုပြီး စိတ်ကစားတတ်ကြပြီ ။

ဥပမာ ကျွန်တော့်မှာတောင် သိပ်ချစ်ရတဲ့ လူတစ်ယောက်ရှိနေတာပဲ yoon မှာလည်း ရှိနေနိုင်တာပဲ ။ ဘယ်သူလဲ သိချင်မိတယ် ။ ကျွန်တော်တို့နှစ်ယောက်လုံးနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ kookအကြောင်း ပြောရင် ဆက်စပ် မေးဖို့ အစီအစဉ်ကလည်း ပျက်စီးသွားတော့။

ကျွန်တော်မေးချင်တာ တခြား ...သူတွေးပြီး ပြန်ဖြေတာ တခြား ။

မင်း နဲ့ ငါ သာ ချစ်သူတွေ ဖြစ်ခဲ့ရင် အရမ်းကို လိုက်ဖက်ညီသောပါပဲ ။

ကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိတော့ ဖျက်ခနဲ လှည့်ကြည့်လာတဲ့ သူ ။

အဲ့လို အကြည့် ကတောင် Park Jimin တို့ ရင်ကို ပရမ်းပတာ ဖြစ်စေတာ ။ မျက်လုံး လှလှလေးတွေ ခြံရံတဲ့ အကြည့်တွေ က တစ်ကယ် လူသတ်လို့ရတယ် ။

" ဘာပြုံးတာ လဲ "

" ဟင့်အင် မင်းနဲ့ငါ နဲ့ ကြားမှာ သုံးနှုန်းတဲ့ နာမ်စား တွေ တစ်မျိုးပြီး တစ်မျိုးပြောင်းနေတာ တွေးမိလို့ ။ "

ကျွန်တော့် စကား အဆုံး သူလဲ ပြုံးလိုက်သေးသည် ။ အစကတော့ ကိုယ် စိတ်ကူးယဉ်ပြီး ပြုံးလိုက်တာကို မလုံမလဲ ဖြစ်ကာ တခြား ဖြေရှင်းချက်ပေးမိပေမယ့် သူ့အပြုံးကြောင့် နောက်ဆက်တွဲစကား ကို စိတ်ဝင်စားသွားမိသည်။

" မင်း နဲ့ ပတ်သတ်ရင် ငါ့ခံစားချက်တွေက အမျိုးမျိုးပြောင်းနေလို့ အမျိုးမျိုးခေါ်မိတာ ဖြစ်မှာပေါ့။ "

" ဟင် "

" မင်းတောင် ငါ့ကို Hyung ခေါ်လိုက် Min yoongi လို့ ခေါ်လိုက် လုပ်နေတာပဲ "

" ဟုတ်လား သတိမထားမိဘူး "

ငါကတော့ မင်းကို ခေါ်တဲ့ နာမ်စားတိုင်းကို နှလုံးသားနဲ့ရင်းပြီး ခေါ်မိတာ Ji ။

" ဆေးသောက်ထား မိုးဖွဲ မိထားတာ ဖျားမယ် "

" အင်း ဒါနဲ့ မင်းအိမ်ကို အရင်သွားရမှာမလား ။ မင်းဆင်း နေခဲ့တော့ ငါတစ်ယောက်ထဲ ကားမောင်းပြန်ရမှာပေါ့ "

ဟုတ်သားပဲ ။သူ့ကို စိတ်မချလို့တောင် သူ့ကားကို ကိုယ်တိုင် တက် မောင်းလာခဲ့တာ ။ Ji ရာ မင်းကို မိုးရွာထဲ ကားမမောင်းစေချင်ဘူး ။ မင်း ကားမောင်း သိပ်မကျွမ်းတာ ငါသိတယ် ။ ဘယ်လို လုပ်ရမလဲ မင်းကို ဒီနေ့ အိမ်ခေါ်လို့မဖြစ်ဘူး ။

" ငါ ဒီည မင်းအိမ်မှာ အိပ်မယ်လေ ။ ငါ့အိမ်ကို ဆက်မသွားတော့ဘူး "

သူ့တောင်းဆိုချက်ကို ကျွန်တော် ဖြစ်နိုင်လျှင် မလိုက်လျော ချင်ပေမယ့် Jiဆိုသော သူက အရာရာထက် ပိုအရေးကြီးသည်ပဲလေ ။

အိမ်မှာလဲ အခန်းပိုတွေရှိတာပဲ အဆင်ပြေမှာပါ ။

" ဒါပေမယ့် ငါ့အခန်းထဲ လိုက်မအိပ်ရဘူး "

ကျွန်တော့် စကား အဆုံး ထိုင်ခုံ နောက်မှီပေါ် ခေါင်းလှန်
ချကာ အားပါးတရ ရယ်မောလိုက်သည့် Ji ။ မျက်လုံးသေးသေးလေးတွေ မှိတ်သွားတယ် ။ သွားသေးသေးလေးတွေ ပေါ်လာတယ် ။ သူ့လက်ချောင်း ပုစုခရု လေးတွေ က လေပေါ် မြှောက်တက်လာတယ် ။ ပြီးတော့ တစ်ကိုယ်လုံးလည်း လှုပ်ခါ နေသေးတယ် ။ ဒါက ကျွန်တော့် မှတ်ဉာဏ်ထဲက Park Jimin ဆိုတဲ့ လူသားလေးရဲ့ ရယ်ပုံ ရယ်နည်း အဆင့်ဆင့် ။

" ဟားး ငါလဲ မင်းနဲ့ အတူ တစ်ခန်းထဲ မအိပ်ရဲပါဘူးနော် "

သူနဲ့အတူ ကျွန်တော်ပါ အတွေးပေါက်ပြီး အသာ ရယ်မိသည် ။ ကျွန်တော့်ရဲ့ နေ့ရက်တိုင်းမှာ ကျွန်တော့်ကို ပြုံးရယ်စေတာ များသော အားဖြင့် Chim Chim ဆိုတဲ့ အဲ့ကလေးပဲ ။

ကျွန်တော်ရော kookရော Ji ရော တစ်ကယ့် ငယ်သူငယ်ချင်းတွေ ။ ဒါပေမယ့် တခြား သူငယ်ချင်း အုပ်စုတွေနဲ့ တော့ မတူူတဲ့ ဆက်ဆံရေးမျိုးရှိတယ် ။ အရမ်းကြီး ကွာခြားမနေပေမယ့် တူတော့မတူဘူးပေါ့ ။
ဥပမာ ကျွန်တော့် အခန်းမပြောနဲ့ ကျွန်တော် နေတဲ့ အိမ်ရဲ့ လေးထပ်မြောက် ကိုတောင် Ji မရောက်ဖူးတာမျိုး ။

ရှိသေးတယ် ဒီနေ့ဆို kook မွေးနေ့ ။ Park Jiminရော ကျွန်တော်ရော မွေးနေ့ပွဲကို လက်ဆောင်တစ်ခုတောင် ယူမသွားခဲ့ဘူး ။

" ဒုတိယ ထပ်မှာ အခန်းလွတ် နှစ်ခန်းရှိတယ် ။ ကြိုက်တဲ့ အခန်းမှာနေ ။ ငါ ရေချိုးပြီးမှ ဆင်းလာမယ် ။ "

" Ok hyung "

ကိုယ့်အိမ်ကိုယ့်ယာ လို နေလို့အဆင်ပြေတယ်ဆိုတဲ့ အငွေ့အသက်တွေရယ် ငါနဲ့အတူ အပေါ်ထပ်ကို လိုက်မလာနဲ့ ဆိုတဲ့ အရိပ်အမြွတ် စကားချပ် တွေရောပြီး ပြောလိုက်သည်ကို သဘောပေါက်သည် ထင်ပါသည် ။ Ok တစ်ခွန်း ပြောကာ ပြုံးပြလာ၏ ။

ပြောပါတယ် ...ကျွန်တော့် ကလေးက မ,အ ပါဘူးဆို ။ ကျွန်တော်တို့ နေတဲ့ C ခန်းထဲမှာ ကျွန်တော်ပြီးရင် သူအတော်ဆုံးပဲလေ ။

ကျွန်တော့် အခန်းတံခါးက password နှိပ်ပြီးမှ ဖွင့်လို့ ရတာမျိုး ။ တစ်ချို့လူ တွေလို ခင်များတို့ကိုတောင် မပြောပြနိုင်ပါဘူး။ ဒါပေမယ့် ခင်များတို့ လည်း ရိပ်မိမှာပါ ။ ကျွန်တော့် အခန်း password နံပါတ်က သက်ဆိုင်သူ နဲ့ ဆက်နွယ်နေမယ်ဆိုတာ ။

ဒါပေမယ့် ကျွန်တော်က သဘောကောင်းပါတယ်။ အခန်းတံခါး လှပ်လိုက်တာနဲ့ ရုပ်ရှင်တွေထဲကလို ချစ်ရသူရဲ့ ဓာတ်ပုံတွေ အပြည့် ကပ်ထားတဲ့ နံရံကို့ ကျွန်တော် ဝှက်မထားတော့ပါဘူး။

နံရံ အပြည့် ဓာတ်ပုံ တွေကို စိတ်ရှုပ်မိတဲ့ အချိန်လည်း ရှိပါသေးတယ် ။ မအံ့သြပါနဲ့နော် အံ့သြရလောက်တဲ့အထိတော့ မဟုတ်ပါဘူး ။ ပြီးတော့ Park Ji Min အပေါ်ထားတဲ့ ကျွန်တော့် ခံစားချက်တွေကို သံသယ လည်း မဝင်စေချင်ဘူး။
ဟုတ်ပါတယ်။ ကျွန်တော် အဝတ်စားလဲတဲ့အချိန်ဆိုတာ အဲ့ကလေး ရဲ့ ပုံရိပ်တွေက တော်တော် ဒုက္ခပေးတဲ့အချိန်ပဲ ။

***********************************

#ပျင်းနေပြီလားကွယ် XD

[Zawgyi]

'မင္း kookကို ဘယ္လိုျမင္လဲ '

ဒိန္းခနဲ ေစာင့္ခုန္သြားသည့္ ရင္ခုန္သံႏွင့္အတူ စိုးရိမ္ တုန္လႈပ္မႈမ်ားက ေသြးေၾကာ တစ္ေလွ်ာက္ ကေယာင္ေျခာက္ျခား စီးဆင္းသြား၏ ။
သူငယ္ခ်င္းႏွစ္ေယာက္ အတူ ရွိခ်ိန္ ေကာင္မေလး တစ္ေယာက္ အေၾကာင္း စကား စလာၿပီ ဆိုလွ်င္ ျဖစ္ႏိုင္သည္က ဇာတ္လမ္းထဲမွာလို ဖြင့္ေျပာရန္ တိုင္ပင္ဖို႔ ??။ အမွန္ဆို ခ်စ္ရသူနဲ႔အတူ အိမ္ျပန္လမ္းမွာ ဘယ္သူက ရင္တထိတ္ထိတ္ ျဖစ္ေနခ်င္မွာလဲ ။ ကြၽန္ေတာ္ ဆိုသည္မွာ Park Jiminဆိုတဲ့ ကေလး တျခားသူကို ခ်စ္မိသြားမွာ ေၾကာက္ေနရသူ ။ တစ္ကယ္လို႔ တျခားသူ ကို သူ ခ်စ္ခဲ့မယ္ ဆိုရင္လည္း ကြၽန္ေတာ္ မည္သို႔မွ် တတ္ႏိုင္မည္ မဟုတ္ ။ လူတစ္ခ်ိဳ႕မွာ ေသမလိုခ်စ္ေပမယ့္ ပိုင္ဆိုင္ဖို႔ မႀကိဳးစားခ်င္တဲ့ သူတစ္ေယာက္ရွိတယ္တဲ့ Ji။

ကားမွန္ေပၚ တဖြဲဖြဲ က်ဆင္းေနတဲ့ မိုးေရစက္ေလးေတြက နားထဲမွာ ဒီေလာက္ က်ယ္ေလာင္ေစလို႔လား ။ ကြၽန္ေတာ့္မသိစိတ္ကပဲ သူ႔ေမးခြန္းကို မၾကားခ်င္ေယာင္ ေဆာင္ေနမိသည္လား ။ မည္သို႔ဆိုေစ lover seat တြင္ ထိုင္ကာ ကြၽန္ေတာ့္ အေျဖကို ငံ့လင့္ ေနသူ ကို replyမျပန္မိေသး ။ ကြၽန္ေတာ္ ဘာျပန္ေျပာသင့္လဲ ။

" ငါတို႔ငယ္ငယ္ ကတည္းက ေပါင္းလာတာပဲ ။ ငါ့အထင္ မင္းက သူ႔အေၾကာင္းပိုသိမွာေပါ့ ။''

တစ္ခြန္းေတာင္ ျပန္မေျပာေတာ့ပဲ တစ္ဖက္ကို လွည့္ကာ မိုးစက္တို႔တြဲခိုေနသည့္ ကားမွန္မွ တရိပ္ရိပ္ က်န္ခဲ့သည့္ သစ္ပင္တို႔ကိုသာ ဂ႐ုထားလိုက္သည္။ ကားေမာင္းရင္း တစ္ခ်က္ လွည့္ၾကည့္လာသည့္ သူ႔ကို ေနာက္ေစ့မွာ မ်က္စိ မပါေပမယ့္ ကြၽန္ေတာ္ ခံစားရမိပါသည္ ။ yoongi hyung ရည္းစားထားဖို႔ အစီအစဥ္ ရွိ ? မရွိ ?

အဲ့လို တိုက္႐ိုက္ေမးလို႔လည္း မျဖစ္ ။ hyungနဲ႔ အနီးစပ္ဆုံး တစ္ဦးတည္းေသာ မိန္းကေလးက kookie . ကြၽန္ေတာ့္ ေမးခြန္း က သူမေျဖႏိုင္ေလာက္ေအာင္ ခက္ခဲလို႔လားေနာ္ ။

' မင္း kook ကို ဘယ္လိုျမင္လဲ ' လို႔ ကြၽန္ေတာ္ေမးရင္ အနည္းဆုံး "ခ်စ္စရာ ေကာင္းတယ္ " လို႔ ျဖစ္ျဖစ္ " ဒီတိုင္းပါပဲ " လို႔ ေျဖခဲ့ရင္ ေနာက္ဆက္တြဲ ေမးခြန္းေလးကို ေမးဖို႔ ပိုအဆင္ေျပမွာ ။

" kookကို စိတ္မဝင္စား ဘူးလား " ဟူ၍......

သိခ်င္ေနခဲ့သည္မွာ အခ်ိန္ၾကာေနၿပီ ျဖစ္ေသာ္လည္း မေမးျဖစ္ခဲ့ ။ yoongi ဆိုတဲ့ လူသားက ၾကင္နာတတ္ေပမယ့္ တည္ၿငိမ္ေအးေဆးတယ္ ။ သူ ဘယ္သူ႔ကို စိတ္ဝင္စားေနလဲ။ လူတိုင္း ရင္ခုန္ဖူးမွာပဲေလ ။ ကြၽန္ေတာ္တို႔လို ဆယ္ေက်ာ္သက္အ႐ြယ္ဆို ပိုၿပီး စိတ္ကစားတတ္ၾကၿပီ ။

ဥပမာ ကြၽန္ေတာ့္မွာေတာင္ သိပ္ခ်စ္ရတဲ့ လူတစ္ေယာက္ရွိေနတာပဲ yoon မွာလည္း ရွိေနႏိုင္တာပဲ ။ ဘယ္သူလဲ သိခ်င္မိတယ္ ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးနဲ႔ အနီးစပ္ဆုံးျဖစ္တဲ့ kookအေၾကာင္း ေျပာရင္ ဆက္စပ္ ေမးဖို႔ အစီအစဥ္ကလည္း ပ်က္စီးသြားေတာ့။

ကြၽန္ေတာ္ေမးခ်င္တာ တျခား ...သူေတြးၿပီး ျပန္ေျဖတာ တျခား ။

မင္း နဲ႔ ငါ သာ ခ်စ္သူေတြ ျဖစ္ခဲ့ရင္ အရမ္းကို လိုက္ဖက္ညီေသာပါပဲ ။

ကိုယ့္အေတြးနဲ႔ကိုယ္ ၿပဳံးမိေတာ့ ဖ်က္ခနဲ လွည့္ၾကည့္လာတဲ့ သူ ။

အဲ့လို အၾကည့္ ကေတာင္ Park Jimin တို႔ ရင္ကို ပရမ္းပတာ ျဖစ္ေစတာ ။ မ်က္လုံး လွလွေလးေတြ ၿခံရံတဲ့ အၾကည့္ေတြ က တစ္ကယ္ လူသတ္လို႔ရတယ္ ။

" ဘာၿပဳံးတာ လဲ "

" ဟင့္အင္ မင္းနဲ႔ငါ နဲ႔ ၾကားမွာ သုံးႏႈန္းတဲ့ နာမ္စား ေတြ တစ္မ်ိဳးၿပီး တစ္မ်ိဳးေျပာင္းေနတာ ေတြးမိလို႔ ။ "

ကြၽန္ေတာ့္ စကား အဆုံး သူလဲ ၿပဳံးလိုက္ေသးသည္ ။ အစကေတာ့ ကိုယ္ စိတ္ကူးယဥ္ၿပီး ၿပဳံးလိုက္တာကို မလုံမလဲ ျဖစ္ကာ တျခား ေျဖရွင္းခ်က္ေပးမိေပမယ့္ သူ႔အၿပဳံးေၾကာင့္ ေနာက္ဆက္တြဲစကား ကို စိတ္ဝင္စားသြားမိသည္။

" မင္း နဲ႔ ပတ္သတ္ရင္ ငါ့ခံစားခ်က္ေတြက အမ်ိဳးမ်ိဳးေျပာင္းေနလို႔ အမ်ိဳးမ်ိဳးေခၚမိတာ ျဖစ္မွာေပါ့။ "

" ဟင္ "

" မင္းေတာင္ ငါ့ကို Hyung ေခၚလိုက္ Min yoongi လို႔ ေခၚလိုက္ လုပ္ေနတာပဲ "

" ဟုတ္လား သတိမထားမိဘူး "

ငါကေတာ့ မင္းကို ေခၚတဲ့ နာမ္စားတိုင္းကို ႏွလုံးသားနဲ႔ရင္းၿပီး ေခၚမိတာ Ji ။

" ေဆးေသာက္ထား မိုးဖြဲ မိထားတာ ဖ်ားမယ္ "

" အင္း ဒါနဲ႔ မင္းအိမ္ကို အရင္သြားရမွာမလား ။ မင္းဆင္း ေနခဲ့ေတာ့ ငါတစ္ေယာက္ထဲ ကားေမာင္းျပန္ရမွာေပါ့ "

ဟုတ္သားပဲ ။သူ႔ကို စိတ္မခ်လို႔ေတာင္ သူ႔ကားကို ကိုယ္တိုင္ တက္ ေမာင္းလာခဲ့တာ ။ Ji ရာ မင္းကို မိုး႐ြာထဲ ကားမေမာင္းေစခ်င္ဘူး ။ မင္း ကားေမာင္း သိပ္မကြၽမ္းတာ ငါသိတယ္ ။ ဘယ္လို လုပ္ရမလဲ မင္းကို ဒီေန႔ အိမ္ေခၚလို႔မျဖစ္ဘူး ။

" ငါ ဒီည မင္းအိမ္မွာ အိပ္မယ္ေလ ။ ငါ့အိမ္ကို ဆက္မသြားေတာ့ဘူး "

သူ႔ေတာင္းဆိုခ်က္ကို ကြၽန္ေတာ္ ျဖစ္ႏိုင္လွ်င္ မလိုက္ေလ်ာ ခ်င္ေပမယ့္ Jiဆိုေသာ သူက အရာရာထက္ ပိုအေရးႀကီးသည္ပဲေလ ။

အိမ္မွာလဲ အခန္းပိုေတြရွိတာပဲ အဆင္ေျပမွာပါ ။

" ဒါေပမယ့္ ငါ့အခန္းထဲ လိုက္မအိပ္ရဘူး "

ကြၽန္ေတာ့္ စကား အဆုံး ထိုင္ခုံ ေနာက္မွီေပၚ ေခါင္းလွန္
ခ်ကာ အားပါးတရ ရယ္ေမာလိုက္သည့္ Ji ။ မ်က္လုံးေသးေသးေလးေတြ မွိတ္သြားတယ္ ။ သြားေသးေသးေလးေတြ ေပၚလာတယ္ ။ သူ႔လက္ေခ်ာင္း ပုစုခ႐ု ေလးေတြ က ေလေပၚ ေျမႇာက္တက္လာတယ္ ။ ၿပီးေတာ့ တစ္ကိုယ္လုံးလည္း လႈပ္ခါ ေနေသးတယ္ ။ ဒါက ကြၽန္ေတာ့္ မွတ္ဉာဏ္ထဲက Park Jimin ဆိုတဲ့ လူသားေလးရဲ႕ ရယ္ပုံ ရယ္နည္း အဆင့္ဆင့္ ။

" ဟားး ငါလဲ မင္းနဲ႔ အတူ တစ္ခန္းထဲ မအိပ္ရဲပါဘူးေနာ္ "

သူနဲ႔အတူ ကြၽန္ေတာ္ပါ အေတြးေပါက္ၿပီး အသာ ရယ္မိသည္ ။ ကြၽန္ေတာ့္ရဲ႕ ေန႔ရက္တိုင္းမွာ ကြၽန္ေတာ့္ကို ၿပဳံးရယ္ေစတာ မ်ားေသာ အားျဖင့္ Chim Chim ဆိုတဲ့ အဲ့ကေလးပဲ ။

ကြၽန္ေတာ္ေရာ kookေရာ Ji ေရာ တစ္ကယ့္ ငယ္သူငယ္ခ်င္းေတြ ။ ဒါေပမယ့္ တျခား သူငယ္ခ်င္း အုပ္စုေတြနဲ႔ ေတာ့ မတူူတဲ့ ဆက္ဆံေရးမ်ိဳးရွိတယ္ ။ အရမ္းႀကီး ကြာျခားမေနေပမယ့္ တူေတာ့မတူဘူးေပါ့ ။
ဥပမာ ကြၽန္ေတာ့္ အခန္းမေျပာနဲ႔ ကြၽန္ေတာ္ ေနတဲ့ အိမ္ရဲ႕ ေလးထပ္ေျမာက္ ကိုေတာင္ Ji မေရာက္ဖူးတာမ်ိဳး ။

ရွိေသးတယ္ ဒီေန႔ဆို kook ေမြးေန႔ ။ Park Jiminေရာ ကြၽန္ေတာ္ေရာ ေမြးေန႔ပြဲကို လက္ေဆာင္တစ္ခုေတာင္ ယူမသြားခဲ့ဘူး ။

" ဒုတိယ ထပ္မွာ အခန္းလြတ္ ႏွစ္ခန္းရွိတယ္ ။ ႀကိဳက္တဲ့ အခန္းမွာေန ။ ငါ ေရခ်ိဳးၿပီးမွ ဆင္းလာမယ္ ။ "

" Ok hyung "

ကိုယ့္အိမ္ကိုယ့္ယာ လို ေနလို႔အဆင္ေျပတယ္ဆိုတဲ့ အေငြ႕အသက္ေတြရယ္ ငါနဲ႔အတူ အေပၚထပ္ကို လိုက္မလာနဲ႔ ဆိုတဲ့ အရိပ္အႁမြတ္ စကားခ်ပ္ ေတြေရာၿပီး ေျပာလိုက္သည္ကို သေဘာေပါက္သည္ ထင္ပါသည္ ။ Ok တစ္ခြန္း ေျပာကာ ၿပဳံးျပလာ၏ ။

ေျပာပါတယ္ ...ကြၽန္ေတာ့္ ကေလးက မ,အ ပါဘူးဆို ။ ကြၽန္ေတာ္တို႔ ေနတဲ့ C ခန္းထဲမွာ ကြၽန္ေတာ္ၿပီးရင္ သူအေတာ္ဆုံးပဲေလ ။

ကြၽန္ေတာ့္ အခန္းတံခါးက password ႏွိပ္ၿပီးမွ ဖြင့္လို႔ ရတာမ်ိဳး ။ တစ္ခ်ိဳ႕လူ ေတြလို ခင္မ်ားတို႔ကိုေတာင္ မေျပာျပႏိုင္ပါဘူး။ ဒါေပမယ့္ ခင္မ်ားတို႔ လည္း ရိပ္မိမွာပါ ။ ကြၽန္ေတာ့္ အခန္း password နံပါတ္က သက္ဆိုင္သူ နဲ႔ ဆက္ႏြယ္ေနမယ္ဆိုတာ ။

ဒါေပမယ့္ ကြၽန္ေတာ္က သေဘာေကာင္းပါတယ္။ အခန္းတံခါး လွပ္လိုက္တာနဲ႔ ႐ုပ္ရွင္ေတြထဲကလို ခ်စ္ရသူရဲ႕ ဓာတ္ပုံေတြ အျပည့္ ကပ္ထားတဲ့ နံရံကို႔ ကြၽန္ေတာ္ ဝွက္မထားေတာ့ပါဘူး။

နံရံ အျပည့္ ဓာတ္ပုံ ေတြကို စိတ္ရႈပ္မိတဲ့ အခ်ိန္လည္း ရွိပါေသးတယ္ ။ မအံ့ၾသပါနဲ႔ေနာ္ အံ့ၾသရေလာက္တဲ့အထိေတာ့ မဟုတ္ပါဘူး ။ ၿပီးေတာ့ Park Ji Min အေပၚထားတဲ့ ကြၽန္ေတာ့္ ခံစားခ်က္ေတြကို သံသယ လည္း မဝင္ေစခ်င္ဘူး။
ဟုတ္ပါတယ္။ ကြၽန္ေတာ္ အဝတ္စားလဲတဲ့အခ်ိန္ဆိုတာ အဲ့ကေလး ရဲ႕ ပုံရိပ္ေတြက ေတာ္ေတာ္ ဒုကၡေပးတဲ့အခ်ိန္ပဲ ။

***********************************

#ပ်င္းေနၿပီလားကြယ္ XD

Bạn đang đọc truyện trên: Truyen247.Pro