2
[Unicode]ကော်လံ အထောင်ပါတဲ့ ခေါင်းစွပ် သိုးမွှေးအင်္က ျီ အပြာနုရောင်လေး နဲ့ နက်မှောင်နေတဲ့ ဆံပင်ခပ်အုပ်အုပ်လေးး
အပြင်မှာ မိုးဖွှားလေးတွေ ကျလာဟန်တူပါရဲ့။
ခြေလှမ်းတို့ရက်တန့် သွားကာ မိုးစက်မှုန်မှုန်လေးတွေကို လက်ဖဝါးဖြန့်ကာ လိုက်ခံနေလေသည်။
ညဉ့်နတ်သားအလား အထင်မှားပြီး သတိလက်လွှတ် ငေးမိနေရာမှ သူတစ်ယောက်လုံးကို ကျော်သွားတဲ့အထိ ကားမရပ်မိသေးတဲ့ အဖြစ်။
ကျွန်တော်လဲ ဘယ်သူ မှ မသိပေမယ့် ကိုယ့်ကိုယ်ကိုယ် အရှက်ပြေရယ်ကာ ကားပေါ်မှာ အသာ ဆင်းလာခဲ့လိုက်တော့တယ်။
မျက်နှာကို လာစင်တဲ့ မိုးရေစက်လေးတွေကို ကောင်းကင်ကို မော့ကြည့်ကာ လက်နှစ်ဖက် ကို ဆန့်တန်းထားရင်း မျက်လုံးတို့ကို မှိတ်ထားလေသည်။
ဟင်......ဟုတ်ရဲ့လား ။ သူလေ ရယ်မောလိုက်တာလား။
မျက်လုံးလေးတွေ ဆွဲမှိတ်သွားပြီး သွားလေးတွေပေါ်လာတဲ့အထိ......
ဘာတွေ များတွေးပြီး ဒီလောက် သဘောကျနေပါလိမ့်......
ကျွန်တော်ပါ လိုက်ပြုံးမိသွားသည်။
ကျွန်တော်မဟုတ်တဲ့ တခြားလူ အကြောင်းတွေကို နှစ်နှစ်ခြိုက်ခြိုက် တွေးတောကာ စိတ်လိုလက်ရ ရယ်မောနေတယ်ဆိုရင်ရော......
အတွေးနဲ့တင် အသက်ရှူတွေကြပ်လာပြန်ပြီ။
တော်ပါ မစဉ်းစားတော့ဘူး။
ခဗျားတို့လည်း တစ်စုံတစ်ယောက်ကို စိတ်နှစ်ပြီးတော့များ မချစ်မိစေနဲ့။
အဲ့တာက သေနတ်မပါပဲ ရှေ့တန်းရောက်သွားသလို ခံစားချက်မျိုးထက် တစ်ကယ်ကြီးဆိုးတယ်။
'Min YoonGi ?? '
အရယ်ရပ်သွားကာ မျက်လုံးတွေ ပွင့်လာပြီး အစောန တစ်ယောက်ထဲ ရယ်နေတာ သူမဟုတ်သလိုလိုနဲ့ မျက်ခုံးထူထူလေးတွေ တွန့်ကွေးသွားပြန်သည်။
' ဘာလို့ ကားနဲ့ မပြန်တာလဲ တစ်ယောက်ထဲလား ငါနဲ့အတူတူ ပြန်တာမဟုတ်ဘူး '
' ကားစက်နှိုးလို့ မရလို့ ။ Driver ဦးလေးက ကားပြင်နေတာနဲ့ မစောင့်ချင်လို့ ထွက်လာတာ မင်းရော? '
' ငါလဲ တစ်ယောက်ထဲပဲ '
သူက မယုံသလိုနဲ့ ကားဆီကို တစ်ချက် လှမ်းကြည့်လိုက်သေးသည်။ ဒီလူ ဟာလေ...... လူကို အသည်းယားအောင် အမျိုးမျိုးကို ပြုစားနေ။
' တစ်ယောက်ထဲ ?? ဘယ်လိုပြန်တာလဲ မင်းမှာ ယာဉ်မောင်း လိုင်စင်မှ မရှိတာ '
' ဒီလိုပါပဲ... လိုက်ပို့ပေးတဲ့ driverက သူ့သမီး နှလုံး အမောဖောက်လို့ ပြန်သွားတယ်'
Yoon ခဏ တော့ ငြိမ်ကျသွား၏
သူ ဘာတွေ စဉ်းစားနေပါလိမ့် ??
Yoonရဲ့ စိတ်ကို ဖတ်လို့ရတဲ့ Power တစ်ခုခုများရခဲ့ရင်လေ ကျွန်တော် သေမတတ်ပျော်မိမှာ။
ပိုရန်ကော......?
ဟုတ်ပြီ ခဗျားတို့တစ်ကယ် ချစ်မိတဲ့အချိန် ကျွန်တော့်ကို ကိုယ်ချင်းစာလိမ့်မယ်။
ဘယ်သူတွေ ဘယ်လိုပဲထင်ထင်
Min Yoongi ဆိုသည်က ကျွန်တော့်အတွက် ကြီးကျယ် မြင့်မြတ်လွန်းတဲ့ လူတစ်ယောက်......
ခမ်းနားလှပဆုံး အပြုံးတွေနဲ့ အသည်းယားစရာ အမူအကျင့်လေးတွေ ......
Stop ! Stop ! သူ့အကြောင်းသာ ထိုင်ပြောနေရရင် ကျွန်တော်ကတော့ ညလုံးပေါက် ထိုင်ပြောနိုင်ပေမယ့် ခဗျားတို့က နားထောင်ချင်ဦးမှကို ......
တစ်ချို့ သူ့အကျင့်လေးတွေက ကျွန်တော် တစ်ယောက်ပဲ သိခွင့်ရတာ ခဗျားတို့ကို ပြောပြစရာလား။
လမ်းကြုံရင် Min Yoongi ကို လက်တို့သတိပေးလိုက်ပါဦး ။
Park Jimin က ရူးမတတ်ချစ်နေတယ် လို့ heehee။
*******ငါမဟုတ်တဲ့ ရင်ခွင်ထဲက ငါသိပ်ချစ်တဲ့မင်း *****
လိုင်စင် မရှိပဲ လက်လွှတ်စပယ် တစ်ယောက်ထဲ ကားမောင်းလာရသလား......
Oh God! တစ်ခုခုများ ဖြစ်ရင် ဒီလူ ဘယ်လိုလုပ်ရပါ့
' ငါ့ ကို လိုက်ပို့ '
' အင်း အင်း ကားထဲဝင်တော့ကွာ မိုးပေါက်တွေကျနေပြီ '
မင်းရဲ့ ဂရုစိုက်မှုတွေက ငါတစ်ယောက်ထဲ အတွက်လား Jiminie......
ကျွန်တော်က အတ္တသိပ်ကြီးတာ ... မဖြစ်ပါဘူး ကိုယ့်ကိုယ်ကိုယ် ထိန်းမှပါ......
'ငါ မောင်းမယ် '
'ဟမ် '
ဟုတ်တယ်လေ သူ့ကိုမှ စိတ်မချနိုင်တာ ။
' မင်း လိုက်ပို့တာ မလိုချင်လို့ '
' ဟားးး အေးပါကွာ ငါ့ကားနဲ့ ငါ့ကို လိုက်ပို့လိုက်ပါ......
wtf! '
' ဘာဖြစ်လို့လဲ '
တစ်ခါတစ်လေ Park Jimin ဆိုတဲ့ လူသားက မထင်ရင် မထင်သလို ထဆဲတတ်သေးသည်။
' ငါ့ ဖုန်း kookieဆီ ကျန်ခဲ့ပြီ ကွာ '
'မနက်မှ ယူတော့ ငါနားချင်ပြီ ပြန်ရအောင် '
'အင်း '
လိမ္မာတယ်။
စိတ်ထဲက မှတ်ချက်နဲ့ အတူ ကျွန်တော့် လက်တစ်ဖက်က သူ့ခေါင်းကို ခပ်ဖွဖွ ပုတ်မိနေသည်။
Damn!! wth!!!
ကြောင်တောင်တောင် ဖြစ်နေတဲ့ သူရယ် လေထဲမှာ တန်းလန်းဖြစ်နေတဲ့ ကျွန်တော့် ညာဘက်လက်ရယ်......
အာ့ကြောင့်ပြောတာ YoonGiရာ စိတ်ထိန်းပါဆိုတာကို......
Kookieက Jiminieအပေါ် ဘယ်လို သဘောထားးလဲဆိုတာ သိတဲ့ ကျွန်တော့်အတွက်ကတော့
ကျွန်တော်ကိုယ်တိုင် သူ့ကို Kookieရှေ့ခေါ်သွားပေးရအောင် အပေးအကမ်းရက်ရောသူ မဟုတ်......
အမှန်ပြောတာ......
ကျန်တာအကုန်ကြိုက်သလောက်ယူ
အချစ်ကို လာမကြည့်နဲ့ မကြိုက်ဘူး......
Kinizero
[Zawgyi]ေကာ္လံ အေထာင္ပါတဲ့ ေခါင္းစြပ္ သိုးေမႊးအကၤ ်ီ အျပာႏုေရာင္ေလး နဲ႔ နက္ေမွာင္ေနတဲ့ ဆံပင္ခပ္အုပ္အုပ္ေလးး
အျပင္မွာ မိုးဖႊားေလးေတြ က်လာဟန္တူပါရဲ႕။
ေျခလွမ္းတို႔ရက္တန႔္ သြားကာ မိုးစက္မႈန္မႈန္ေလးေတြကို လက္ဖဝါးျဖန္႔ကာ လိုက္ခံေနေလသည္။
ညဥ့္နတ္သားအလား အထင္မွားၿပီး သတိလက္လႊတ္ ေငးမိေနရာမွ သူတစ္ေယာက္လုံးကို ေက်ာ္သြားတဲ့အထိ ကားမရပ္မိေသးတဲ့ အျဖစ္။
ကြၽန္ေတာ္လဲ ဘယ္သူ မွ မသိေပမယ့္ ကိုယ့္ကိုယ္ကိုယ္ အရွက္ေျပရယ္ကာ ကားေပၚမွာ အသာ ဆင္းလာခဲ့လိုက္ေတာ့တယ္။
မ်က္ႏွာကို လာစင္တဲ့ မိုးေရစက္ေလးေတြကို ေကာင္းကင္ကို ေမာ့ၾကည့္ကာ လက္ႏွစ္ဖက္ ကို ဆန္႔တန္းထားရင္း မ်က္လုံးတို႔ကို မွိတ္ထားေလသည္။
ဟင္......ဟုတ္ရဲ႕လား ။ သူေလ ရယ္ေမာလိုက္တာလား။
မ်က္လုံးေလးေတြ ဆြဲမွိတ္သြားၿပီး သြားေလးေတြေပၚလာတဲ့အထိ......
ဘာေတြ မ်ားေတြးၿပီး ဒီေလာက္ သေဘာက်ေနပါလိမ့္......
ကြၽန္ေတာ္ပါ လိုက္ၿပဳံးမိသြားသည္။
ကြၽန္ေတာ္မဟုတ္တဲ့ တျခားလူ အေၾကာင္းေတြကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ေတြးေတာကာ စိတ္လိုလက္ရ ရယ္ေမာေနတယ္ဆိုရင္ေရာ......
အေတြးနဲ႔တင္ အသက္ရွဴေတြၾကပ္လာျပန္ၿပီ။
ေတာ္ပါ မစဥ္းစားေတာ့ဘူး။
ခဗ်ားတို႔လည္း တစ္စုံတစ္ေယာက္ကို စိတ္ႏွစ္ၿပီးေတာ့မ်ား မခ်စ္မိေစနဲ႔။
အဲ့တာက ေသနတ္မပါပဲ ေရွ႕တန္းေရာက္သြားသလို ခံစားခ်က္မ်ိဳးထက္ တစ္ကယ္ႀကီးဆိုးတယ္။
'Min YoonGi ?? '
အရယ္ရပ္သြားကာ မ်က္လုံးေတြ ပြင့္လာၿပီး အေစာန တစ္ေယာက္ထဲ ရယ္ေနတာ သူမဟုတ္သလိုလိုနဲ႔ မ်က္ခုံးထူထူေလးေတြ တြန္႔ေကြးသြားျပန္သည္။
' ဘာလို႔ ကားနဲ႔ မျပန္တာလဲ တစ္ေယာက္ထဲလား ငါနဲ႔အတူတူ ျပန္တာမဟုတ္ဘူး '
' ကားစက္ႏႈိးလို႔ မရလို႔ ။ Driver ဦးေလးက ကားျပင္ေနတာနဲ႔ မေစာင့္ခ်င္လို႔ ထြက္လာတာ မင္းေရာ? '
' ငါလဲ တစ္ေယာက္ထဲပဲ '
သူက မယုံသလိုနဲ႔ ကားဆီကို တစ္ခ်က္ လွမ္းၾကည့္လိုက္ေသးသည္။ ဒီလူ ဟာေလ...... လူကို အသည္းယားေအာင္ အမ်ိဳးမ်ိဳးကို ျပဳစားေန။
' တစ္ေယာက္ထဲ ?? ဘယ္လိုျပန္တာလဲ မင္းမွာ ယာဥ္ေမာင္း လိုင္စင္မွ မရွိတာ '
' ဒီလိုပါပဲ... လိုက္ပို႔ေပးတဲ့ driverက သူ႔သမီး ႏွလုံး အေမာေဖာက္လို႔ ျပန္သြားတယ္'
Yoon ခဏ ေတာ့ ၿငိမ္က်သြား၏
သူ ဘာေတြ စဥ္းစားေနပါလိမ့္ ??
Yoonရဲ႕ စိတ္ကို ဖတ္လို႔ရတဲ့ Power တစ္ခုခုမ်ားရခဲ့ရင္ေလ ကြၽန္ေတာ္ ေသမတတ္ေပ်ာ္မိမွာ။
ပိုရန္ေကာ......?
ဟုတ္ၿပီ ခဗ်ားတို႔တစ္ကယ္ ခ်စ္မိတဲ့အခ်ိန္ ကြၽန္ေတာ့္ကို ကိုယ္ခ်င္းစာလိမ့္မယ္။
ဘယ္သူေတြ ဘယ္လိုပဲထင္ထင္
Min Yoongi ဆိုသည္က ကြၽန္ေတာ့္အတြက္ ႀကီးက်ယ္ ျမင့္ျမတ္လြန္းတဲ့ လူတစ္ေယာက္......
ခမ္းနားလွပဆုံး အၿပဳံးေတြနဲ႔ အသည္းယားစရာ အမူအက်င့္ေလးေတြ ......
Stop ! Stop ! သူ႔အေၾကာင္းသာ ထိုင္ေျပာေနရရင္ ကြၽန္ေတာ္ကေတာ့ ညလုံးေပါက္ ထိုင္ေျပာႏိုင္ေပမယ့္ ခဗ်ားတို႔က နားေထာင္ခ်င္ဦးမွကို ......
တစ္ခ်ိဳ႕ သူ႔အက်င့္ေလးေတြက ကြၽန္ေတာ္ တစ္ေယာက္ပဲ သိခြင့္ရတာ ခဗ်ားတို႔ကို ေျပာျပစရာလား။
လမ္းႀကဳံရင္ Min Yoongi ကို လက္တို႔သတိေပးလိုက္ပါဦး ။
Park Jimin က ႐ူးမတတ္ခ်စ္ေနတယ္ လို႔ heehee။
*******ငါမဟုတ္တဲ့ ရင္ခြင္ထဲက ငါသိပ္ခ်စ္တဲ့မင္း *****
လိုင္စင္ မရွိပဲ လက္လႊတ္စပယ္ တစ္ေယာက္ထဲ ကားေမာင္းလာရသလား......
Oh God! တစ္ခုခုမ်ား ျဖစ္ရင္ ဒီလူ ဘယ္လိုလုပ္ရပါ့
' ငါ့ ကို လိုက္ပို႔ '
' အင္း အင္း ကားထဲဝင္ေတာ့ကြာ မိုးေပါက္ေတြက်ေနၿပီ '
မင္းရဲ႕ ဂ႐ုစိုက္မႈေတြက ငါတစ္ေယာက္ထဲ အတြက္လား Jiminie......
ကြၽန္ေတာ္က အတၱသိပ္ႀကီးတာ ... မျဖစ္ပါဘူး ကိုယ့္ကိုယ္ကိုယ္ ထိန္းမွပါ......
'ငါ ေမာင္းမယ္ '
'ဟမ္ '
ဟုတ္တယ္ေလ သူ႔ကိုမွ စိတ္မခ်ႏိုင္တာ ။
' မင္း လိုက္ပို႔တာ မလိုခ်င္လို႔ '
' ဟားးး ေအးပါကြာ ငါ့ကားနဲ႔ ငါ့ကို လိုက္ပို႔လိုက္ပါ......
wtf! '
' ဘာျဖစ္လို႔လဲ '
တစ္ခါတစ္ေလ Park Jimin ဆိုတဲ့ လူသားက မထင္ရင္ မထင္သလို ထဆဲတတ္ေသးသည္။
' ငါ့ ဖုန္း kookieဆီ က်န္ခဲ့ၿပီ ကြာ '
'မနက္မွ ယူေတာ့ ငါနားခ်င္ၿပီ ျပန္ရေအာင္ '
'အင္း '
လိမၼာတယ္။
စိတ္ထဲက မွတ္ခ်က္နဲ႔ အတူ ကြၽန္ေတာ့္ လက္တစ္ဖက္က သူ႔ေခါင္းကို ခပ္ဖြဖြ ပုတ္မိေနသည္။
Damn!! wth!!!
ေၾကာင္ေတာင္ေတာင္ ျဖစ္ေနတဲ့ သူရယ္ ေလထဲမွာ တန္းလန္းျဖစ္ေနတဲ့ ကြၽန္ေတာ့္ ညာဘက္လက္ရယ္......
အာ့ေၾကာင့္ေျပာတာ YoonGiရာ စိတ္ထိန္းပါဆိုတာကို......
Kookieက Jiminieအေပၚ ဘယ္လို သေဘာထားးလဲဆိုတာ သိတဲ့ ကြၽန္ေတာ့္အတြက္ကေတာ့
ကြၽန္ေတာ္ကိုယ္တိုင္ သူ႔ကို Kookieေရွ႕ေခၚသြားေပးရေအာင္ အေပးအကမ္းရက္ေရာသူ မဟုတ္......
အမွန္ေျပာတာ......
က်န္တာအကုန္ႀကိဳက္သေလာက္ယူ
အခ်စ္ကို လာမၾကည့္နဲ႔ မႀကိဳက္ဘူး......
Kinizero
Bạn đang đọc truyện trên: Truyen247.Pro