
အချစ်နွံ
တစ်ခါတစ်ရံ အချစ်က သိပ်ထူးဆန်းတယ်
ချစ်မိဖို့ သိပ်ခက်ခဲမယ်လို့ ထင်ခဲ့ပေမဲ့
လက်တွေ့မှာ လွယ်လွယ်လေး ချစ်ခဲ့မိတယ်။
ဒဏ်ရာဟောင်းတွေ သက်သာစပြုနေတဲ့ နှလုံးသားမှာ နာကျင်မှု အသစ်တွေ တဖန်မွေးဖွားလာပြန်တယ်။
ကိုယ်စပြီး သတိပြုမိတဲ့ အချိန်မှာ ကိုယ့်နှလုံးသားက သူ့စိတ်ဝိညာဉ်ထဲမှာ နစ်မျောနေပြီ။
ချစ်မိတာ နွံထဲ နစ်သွားသလိုပဲ ရုန်းလေ နစ်လေ....
ထွက်ပြေးဖို့ ကြိုးစားလေ နောက်ဆုံး သူ့ရှေ့မှောက်မှာပဲ ဒူးထောက်မိပြန်တယ်။
အချစ်က ထပ်တူမကျပါဘူး။
သူ့ဘက်က ချစ်တုန်းက ကိုယ့်ဘက်က မချစ်ခဲ့ဘူး။
ကိုယ့်ဘက်က အချစ်တွေ တိုးလာချိန် သူ့အချစ်တွေ လွင့်ပြယ်သွားပါပြီ။
တဖြည်းဖြည်းနဲ့ မြူခိုးလို လွင့်မျောနေတယ်။
ကြေကွဲရမယ့် အနာဂတ်ကို ကြိုမြင်နေပေမဲ့
သူ့ထံပါးက ထွက်ပြေးချင်မိပေမဲ့
ကိုယ့်ရဲ့ သိစိတ် မသိစိတ်တွေ လွန်ဆွဲနေပြန်တယ်။
ကံကြမ္မာရယ်.... ဘာလို့များ မချစ်တတ်တဲ့ နှလုံးသားထဲကို အဆိပ်တွေ ရစ်လွှမ်းလိုက်တာလဲ။
Bạn đang đọc truyện trên: Truyen247.Pro