Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-8 (my babe is only mine)

Unicode

ကျောင်းစဖွင့်သည့် တစ်ပတ်လုံးမှာ အတန်းတက်လိုက် activitiesလုပ်လိုက်နှင့်ကုန်ဆုံးသွားခဲ့သည်။

Club ကိုလည်း Ray မသွားဖြစ်ပေမယ့် Jasper ကတော့တစ်ရက်တောင်မပျက်ကွက်ပေ။ ညနက်မှပြန်လာတတ်တာကြောင့် သီချင်းဆိုချော့သိပ်ဖို့မတောင်းဆိုတော့ဘဲ အရုပ်ကလေးလိုတော့ Ray ကို သူ့ရင်ခွင်ထဲထည့်ကာဖက်အိပ်တတ်သည်။

ကျောင်းတက်ရသည့် ဒုတိယအပတ်တွင် စီနီယာများ၏ထောက်ခံမှုနှင့် သူငယ်ချင်းများ၏ရွေးခြယ်မှုကြောင့် Ray နှင့် Wine စီးပွားရေးဌာန၏ကိုယ်စားပြုများဖြစ်လာသည်။

Ray အတန်းပြီးတော့ parking သို့အမြန်ထွက်လာခဲ့သည်။ car parking တွင်စောင့်နေသော Jasperဆီသို့အပြေးလေးသွားကာမေးလိုက်သည်။

"ဘယ်လိုလဲ အရွေးခံရလား Jas"
"........"
"Jas အရွေးခံရလားလို့"
"........"

Ray မေးသည်ကိုမဖြေဘဲတွေတွေကြီးငေးနေသော Jasper ကြောင့်အရွေးမခံရဘူးလားဟူ၍စိတ်ပူလာရသည်။

"အရွေးမခံရဘူးလား"

ဝမ်းနည်းသံပါသော အသံလေးကြားလိုက်ရတော့ Jasper ဆက်ပြီးမထိန်းနိုင်တော့ဘဲ ရုပ်ကိုအသားကုန်ဖြီးပြလိုက်ရာ Ray ကြောင်သွားလေသည်။

"ဘာလဲ Jas အ...."

Jasper, Ray ကိုပွေ့ချီကာ လေထဲတွင်ဝှေ့ယမ်းလိုက်လေသည်။

"အရွေးခံရတာပေါ့ babeရဲ့"
"အဲ့တာကိုများ........
အောက်ပြန်ချပေးခေါင်းမူတယ်"

Jasper, Ray ကိုအောက်ချပေးလိုက်ပြီး ပါးလေးနှစ်ဖက်ကိုဆွဲလိုက်ပြန်တော့ အအော်ခံရပြန်သည်။

Parking အနီးတဝိုက်ရှိကျောင်းသားကျောင်းသူများကတော့ သူတို့နှစ်ယောက်ကိုဓာတ်ပုံရိုက်ရင်းအလုပ်ရှုပ်နေကြသည်။

ဂုဏ်ပြု party လုပ်မယ်ဆိုပြီး Jasper ခေါ်ဆောင်ရာ Y Club သို့ Ray လိုက်ခဲ့ရပြန်သည်။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"Hey Ray!!!"

Jasper သူငယ်ချင်းတွေကို Ray ပြန်နှုတ်ဆက်ကာ Jasper အနားမှာထိုင်လိုက်သည်။

"အခုမှပဲမြင်ရတော့တယ် club ကိုဘာလို့မလာတာလဲ Ray"
"Arrrr... နည်းနည်းအလုပ်ရှုပ်နေလို့"
"Club သွားမယ်ဆိုKha ကအမြဲအလုပ်ရှုပ်နေတယ်ပဲပြောတာ..... အခုတောင် ဂုဏ်ပြု party ဆိုပြီးငါအတင်းခေါ်လို့လိုက်လာတာ"
"ဂုဏ်ပြု party? ဘာအတွက်လည်း Jasper''
"ငါနဲ့ Kha နှစ်ယောက်လုံးဋ္ဌာနကိုယ်စားပြုအဖြစ်အရွေးခံရလို့လေ"
"Wow! !!! Congratulations"

လက်ခုပ်လက်ဝါးတီးကာ သူငယ်ချင်းများကဝိုင်းဝန်းဂုဏ်ပြုနေစဉ် သူတို့ဝိုင်းသို့ လူတစ်ယောက်လာထိုင်လေသည်။

"Jasper နဲ့ Ray ဒါက Jump Thanin ငါတို့ကျောင်းက"
"Han"
"Hey Jump"
"ကိုယ်တို့ထပ်တွေ့ကြပြီနော်"
"အင်း"
"မင်းတို့နှစ်ယောက်ကသိနေတာလား"

Win အမေးကို Ray ခေါင်းငြိမ့်ပြလိုက်ပြီး နံဘေးမှငြိမ်သက်နေသော Jasper ကိုကြည့်လိုက်မိရာ တစ်ခုခုကိုအလိုမကျသလို မျက်ခုံးတွေကိုတွန့်ချိုးထားပြီး သူ့ကိုစိုက်ကြည့်နေသည်။

Jasper မျက်ဝန်းအကြည့်စူးစူးကြောင့် Ray ကြက်သီးထသွားရသည်။ မိနစ်ပိုင်းမျှကြာသောအခါ Jasper လက်များက Ray ပခုံးပေါ်တွင်နေရာယူထားပြီး ဟိုကိုင်လိုက် သည်ထိလိုက်လုပ်နေပြန်သည်။

"Ray ဟိုဘက်ဝိုင်းကအလန်းလေးတွေက မင်းဝင်လာကတည်းက လိုက်ကြည့်နေတာ ph number လေးဖြစ်ဖြစ် line ID ပဲဖြစ်ဖြစ်သွားတောင်းပါလား"

Ray လှည့်ကြည့်လိုက်သောအခါ sexy ကျလွန်းသောမိန်းကလေးတစ်စု ရောင်စုံနှုတ်ခမ်းများဖြင့်ပြုံးပြနေကြသည်။

"ငါစိတ်မဝင်စားဘူး"
"Wow!!!!"

အားလုံးအံဩဟန်ဖြင့်သံပြိုင်အော်ကြလေသည်။

"တကယ်ကြီးစိတ်မဝင်စားဘူးလား Ray "
"အင်း"
"အဲ့တာဆိုငါတို့သွားရောလိုက်မယ်"

Win ပြောပြောဆိုဆို ကောင်မလေးများရှိရာထသွားလေသည်။ Jasper နှင့်အခြားသူများလည်းလိုက်သွားကြရာ Jump နှင့် Ray နှစ်ယောက်သာကျန်ခဲ့လေသည်။

"Han phone number "

Ray, Jump phone ကိုယူကာ သူ့ phone number ပေးလိုက်သည်။

"Jasperနဲ့အရမ်းရင်းနှီးလား Han"
"အင်း"
"အတူတူနေကြတာလား"
"ဘယ်လိုသိတာလဲ Jas နဲ့အတူနေတာကို"
"Fan page မှာတင်ထားလို့"
"Fan page? "
"Han မသိဘူးလား We love Ray Han ဆိုတဲ့ Fan page ကိုလေ"

Ray သူ့မှာ Fan page ရှိမှန်းအခုမှသိသည်။ page ကဖွင့်ထားတာ မကြာသေးပေမယ့် like တွေအတော်ပင်ရနေပြီဖြစ်သည်။

ကျောင်းစဖွင့်သည့်နေ့ Coffee ဆိုင်တွင် Jasper နှင့်အတူ မနက်စာစားနေသည့်ပုံများ activities လုပ်နေသည့်ဓာတ်ပုံများ ကန်တင်းမှပုံများသာမက အတန်းတက်နေသည့်ပုံများပါပါသည်။

Ray က အချစ်ဆုံးသူငယ်ချင်း Jasper နှင့်အတူနေကြောင်းကိုပါတင်ထားသေးသည်။

"သခင်လေး"
"ဘာကိစ္စရှိလို့လဲ P' Tawan"

P' Tawan ခါးကိုင်းကာ Rayအနားကပ်ပြီးပြောလေသည်။

"သခင်ကြီးရောက်နေပါတယ်"
"David လား"
"ဟုတ်ပါတယ် "

"Jump ခဏနော်"

Ray , P'Tawan နောက်သို့လိုက်လာခဲ့သည်။ ဘေးပတ်ပတ်လည်တွင်နောက်လိုက်များရပ်နေသည့်ဝိုင်းတစ်ခုတွင် David ထိုင်နေသည်။

Ray, David နှင့်ဖက်လိုက်တော့ Jasper နှင့် သူ့သူငယ်ချင်းများအပါအဝင် Jump ပါအံ့ဩသွားရသည်။
Davidနှင့်စကားပြောပြီး Ray သူ့ဝိုင်းသို့ပြန်လာခဲ့သည်။
Win နှင့်သူငယ်ချင်းများက Ray ကိုမေးလေသည်။

"Ray သူက David Welson မလား"
"ဟုတ်တယ်လေ"
"Han ကသူနဲ့သိတယ်ပေါ့"
"အင်း"

Jump အမေးကိုလည်း Ray ပြန်ဖြေလိုက်သည်။ ဘေးနားမှ Jasper ကတော့ ဘာစကားမှမဆိုဘဲ အရက်ကိုသာသောက်နေသည်။

"David Welson မှာတူတစ်ယောက်ရှိတယ်တဲ့ သူ့ရဲ့တူက W Hotel တွေရဲ့ဥက္ကဋ္ဌ
အသက်ကလည်းငါတို့နဲ့အတူတူလောက်ဘဲ
ငယ်ငယ်လေးနဲ့လုပ်ငန်းတွေအများကြီးဦးစီးနေတာအရမ်းတော်တယ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကဘည်းသူ့ကိုသမက်တော်ချင်နေကြတာ ခက်တာက သူ့ကိုမမြင်ဖူးကြတာဘဲ interview လုပ်ဖို့ကမ်းလှမ်းလည်းလက်မခံဘူး သူဘယ်နိုင်ငံမှာလည်းဆိုတာတောင်မသိကြဘူး အတွင်းလူတစ်ချို့လောက်ဘဲသူ့ကိုမြင်ဖူးကြတာ"
"Ray ရောသူ့ကိုမြင်ဖူးလား"
"အင်း"
"သူကဘယ်လိုပုံစံလဲ"
"Arrrrr.....ငါလည်းမပြောတတ်ဘူး"

W ရဲ့ ဥက္ကဋ္ဌဟာ Ray ဆိုတာကိုသူမဖုံးကွယ်သလို ဖော်ပြမှာလည်းမဟုတ်ပါဘူး။ ဆယ်ကျော်သက်တက္ကသိုလ်ကျောင်းသားဘဝကိုသူသာမန်လေးဘဲဖြတ်သန်းချင်သည်။သိဖို့လိုအပ်လာတဲ့တစ်နေ့ရောက်မှ Ray Han Welson အဖြစ်နဲ့အားလုံးရှေ့မှာပေါ်ထွက်လာမှာပါ။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Club မှအပြန်လမ်းတစ်လျှောက်လုံးလည်း Jasper တိတ်ဆိတ်နေသည်။ ကားမောင်းနေသည့် Jasper ၏မျက်နှာတွင်အလိုမကျမှုကကြီးစိုးနေပြီး ကားမှန်အပြင်ကိုကြည့်နေသော Ray ကိုလည်းတစ်ချက်တစ်ချက် လှည့်ကြည့်သေးသည်။

သူ Kha လို့ခေါ်တဲ့ Ray Han ဆိုတာသူ့အနားမှာအမြဲရှိနေပေးပါမယ်လို့ကတိပေးထားသူလေးပါ။ သူ့ babe Kha လေးရဲ့ အမြင်အာရုံထဲမှာ အတွေးထဲမှာ နှလုံးသားထဲမှာပါ သူတစ်ယောက်တည်းသာရှိစေချင်သည်။

ဒီနေ့ club ကိုအတူသွားတော့ Win မိတ်ဆက်ပေးတဲ့ Jump Thanin နဲ့သူ့ babe လေးကသိနေခဲ့သည်။ babe ရဲ့ပုခုံးကိုဖက်လိုက်တော့ Jump ရဲ့ မသိမသာပျက်ယွင်းသွားတဲ့မျက်နှာ အဓိပ္ပာယ် ကဘာလဲ။ သူ့ရင်ထဲဘလောင်ဆူလာရသည်။ Win တို့နှင့်ကောင်မလေးတွေဆီသွားတော့လဲ သူ့အကြည့်တွေက babe ဆီတွင်သာကျန်ခဲ့သည်။ David Welson နှင့် တရင်းတနှီးဖက်နေကြသည်ကိုမြင်တော့ သူ့နှလုံးသားမီးမြှိုက်ခံရသလို ပူလောင်လာရသည်။ ဘာကိုဒေါသထွက်မှန်းမသိပေမယ့် သူ့မျက်နှာကတော့လုံးဝမသာယာနိုင်ဘဲ အရက်တွေသာသောက်နေမိသည်။

Ray ခြေလက်ဆေးညဝတ်လဲပြီးချိန်တွင် Jump ဆီမှ phone ဝင်လာလေသည်။ ဝရန်တာသို့သွားကာ phone ကိုင်လိုက်သည်။

"Hello Jump"
"Condo ပြန်ရောက်ပြီလား Han"
"အင်း အခုဘဲအိပ်တော့မလို့................"

Jasper phoneပြောနေသော Ray ကိုအနောက်မှသိုင်းဖက်လိုက်ရာ Ray ခန္ဓာကိုယ်လေး သူ့ရင်ခွင်ကျယ်ထဲတွင်နစ်မြုပ်သွားသည်။

"အဲ့တာဆိုအိပ်တော့လေ"
"အင်း good night....."

လည်တိုင်ပေါ်ပွတ်ဆွဲသွားသော Jasper ၏နှုတ်ခမ်းနွေးနွေးကြောင့် Ray လန့်သွားကာ Jump ကို good night ပြောသည်ကိုပင်အသံမှာ အဖျားခတ်ကာတိမ်ဝင်သွားသည်။

Ray, အနောက်လှည့်လိုက်တော့ Jasper ကခါးကိုတင်းကြပ်စွာဖက်လိုက်သည်။ Ray ခါင်းမော့လိုက်ရာ ခေါင်းငုံ့ထားသော Jasperမျက်နှာနှင့်အလွန်နီးကပ်သွားပြီး မျက်ဝန်းနှစ်စုံမှာ အကြည့်ချင်းဆုံသွားကာ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေမိသည်။

"ပြွတ်"

Jasper, Ray နှုတ်ခမ်းလေးကိုအသံထွက်အောင် နမ်းလိုက်ပြီး ဖက်ထားရာမှလွှတ်ပေးလိုက်သည်။

Jasper စပ်ဖြီးဖြီးနှင့်အိပ်ခန်းထဲပြေးဝင်သွားပေမယ့် Ray ကတော့ထိုနေရာတွင်သာ မလုပ်မယှက်ငြိမ်သက်နေခဲ့သည်။ ရင်ထဲမှာငလျင်တွေလှုပ်နေသလိုခံစားရပြီး ထိုင်ရမလိုထရမလိုနှင့် Ray ယောင်ချာချာဖြစ်နေသည်။

အိပ်ခန်းထဲဝင်သွားတော့ ကုတင်ပေါ်မှာ သူ့ကိုပြုံးပြုံးကြီးစောင့်နေတဲ့ Jasper ကိုတွေ့လိုက်ရသည်။ Jasper မျက်နှာကမင်္ဂလာဦးညမှသတို့သား၏အူမြူးနေသောအခွက်နှင့်ခပ်ဆင်ဆင်။

Ray ကြက်သီးထသွားပြီးမျက်နှာများပင်ရဲတက်လာသည်။ Jasper ကိုကျောပေးပြီးလှဲလိုက်တော့ အနောက်မှအတင်းဖက်ကာသူ့ဘက်ကိုဆွဲလှည့်လိုက်သည်။

သူ့မျက်နှာနားကို Jasper တိုးကပ်လာသောကြောင့် Ray မျက်လုံး တွေကိုအတင်းပိတ်လိုက်ပြီး ကိုယ်ကိုကျုံ့ထားမိသည်။

Jasper သူ့ရှေ့ကမျက်ဝန်းတွေမှိတ်ထားတဲ့ ကောင်လေးကြောင့်သဘောတကျပြုံးလိုက်မိကာ နဖူးပြင်လေးကိုအနမ်းခြွေလိုက်သည်။

"Good night babe"

Ray ကိုဖက်ထားပြီးကိုယ်သင်းရနံ့လေးကိုရှုရှိုက်ကာ Jasper အိပ်စက်လိုက်တော့သည်။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

ကိုယ့်ရဲ့ babe ကိုကိုယ်တစ်ယောက်သာ
ထိတွေ့ပါရစေ
ကိုယ့်ရဲ့ babe ကိုကိုယ်တစ်ယောက်သာ
နမ်းရှိုက်ပါရစေ
ကိုယ်ရဲ့ babe ကိုကိုယ်တစ်ယောက်သာ
ချစ်မြတ်နိုးပါရစေ
ကိုယ့်ရဲ့ babe ကိုကိုယ်တစ်ယောက်သာ
ပိုင်ဆိုင်ပါရစေ
ကိုယ်မဟုတ်တဲ့အခြားတစ်ယောက်နဲ့
ရင်းရင်းနှီးနှီးမနေပါနဲ့
ကိုယ်မဟုတ်တဲ့အခြားတစ်ယောက်ကို
ဆံနွယ်တစ်စတောင်ထိတွေ့ခွင့်မပေးပါနဲ့
ကိုယ်မဟုတ်တဲ့အခြားတစ်ယောက်ကို
အပြုံးတစ်ပွင့်တောင့်မစွန့်ကြဲပါနဲ့.....

Jasper

******************************

Zawgyi





"........"
"Jas အရွေးခံရလားလို့"
"........"


"အရွေးမခံရဘူးလား"


"ဘာလဲ Jas အ...."


"အဲ့တာကိုများ........




🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"Hey Ray!!!"


"Wow! !!! Congratulations"


"Han"
"Hey Jump"
"အင်း"





"ငါစိတ်မဝင်စားဘူး"
"Wow!!!!"


"အင်း"


"Han phone number "


"အင်း"
"အတူတူနေကြတာလား"
"Fan page? "




"သခင်လေး"


"David လား"
"ဟုတ်ပါတယ် "

"Jump ခဏနော်"



"ဟုတ်တယ်လေ"
"Han ကသူနဲ့သိတယ်ပေါ့"
"အင်း"


"အင်း"
"သူကဘယ်လိုပုံစံလဲ"


🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹





"Hello Jump"


"အဲ့တာဆိုအိပ်တော့လေ"
"အင်း good night....."



"ပြွတ်"







"Good night babe"


🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

ထိတွေ့ပါရစေ
နမ်းရှိုက်ပါရစေ
ချစ်မြတ်နိုးပါရစေ
ပိုင်ဆိုင်ပါရစေ

Jasper

Bạn đang đọc truyện trên: Truyen247.Pro