Part-6 (an accident kiss)
Unicode
မနက်ခင်း၏နေရောင်ခြည်က ဟနေသောလိုက်ကာကြားမှဝင်ရောက်လာကာ Jasperမျက်နှာပေါ်သို့ကျရောက်လာသည်။
စူးရှသောနေရောင်ခြည်ကြောင့် Jasper မျက်ဝန်းများပွင့်လာပြီး သူ့ရင်ခွင်ထဲမှ Ray ကိုမြင်တော့နှုတ်ခမ်းလေးများကော့တက်သွားအောင်ပြုံးလိုက်သည်။
""ငါရှိတယ်မင်းအနားမှာ ငါရှိတယ်လေ ငါမင်းကိုထားမသွားသလို ဘယ်တော့မှလည်းစွန့်မပစ်ဘူးလို့ကတိပေးတယ်""
သူ့ကိုဖက်ထားပြီးကတိပေးခဲ့တဲ့Ray၏ပုံရိပ်လေးကိုမြင်ယောင်လာမိတော့ Jasper မသိလိုက်ခင်မှာဘဲ Ray ၏နဖူးလေးကိုနမ်းလိုက်မိသည်။
Ray၏မျက်နှာလေးကိုစိုက်ကြည့်နေစဉ် မျက်ခွံလေးများလှုပ်လာပြီး Ray နိုးလာသည်။
"Morning Jas"
"Morning"
Ray သူ့ကိုဖက်ထားသော Jasper လက်များကိုဖယ်လိုက်ပြီး အိပ်ရာမှထလိုက်သည်။ Jasperကတော့မထသေး။
"Jas မထသေးဘူးလား"
"နည်းနည်းလောက်ထပ်အိပ်ဦးမယ် လိုက်ကာသေချာစေ့ပေးဦး"
Ray နေရောင်မထိုးအောင်လိုက်ကာစေ့ပေးပြီး ရေချိုးခန်းထဲသို့ဝင်ခဲ့လေသည်။
သူရေချိုးပြီးထွက်လာသည်အထိJasperအိပ်နေဆဲ။
Rayလိုက်ကာတွေအကုန်ဖွင့်လိုက်တော့ အလင်းရောင်စူးစူးကြောင့် Jasper တစ်ချက်လူးလွန့်သွားပေမယ့် နိုးမလာခဲ့ပေ။
ဆက်အိပ်နေလျှင်ခေါင်းမူးမည်ဆိုးသောကြောင့် Ray, Jasperအနားသို့သွားကာနိုးရတော့သည်။
"Jas, ထတော့... "
"..........."
"Jas"
Ray, Jasperမျက်နှာကိုလက်နှစ်ဖက်နှင့်ကိုင်ပြီးလှုပ်ယမ်းလိုက်မှ သူ့လက်တွေကိုဆုပ်ကိုင်ပြီးမျက်ဝန်းများဖွင့်လာကာ မှင်သက်စွာကြည့်နေပြန်သည်။
ရေမခြောက်သေးသောဆံနွယ်လေးများ ထင်ရှားသည့်မျက်ခုံးတန်းလေးနှစ်ခု ကြည်လင်တောက်ပလွန်းလှသော မျက်ဝန်းလေးတွေ သေ သပ်လှပလွန်းသောနှာတံချွန်ချွန်လေး ဘာဆေးရောင်မှခြယ်သထားခြင်းမရှိတဲ့ ပန်းဆီရောင်နှုတ်ခမ်းနှစ်လွှာ ပန်းနုရောင်သန်းသောဖြူလွှလွှမျက်နှာလေးမှာ သွေးကြောစိမ်းလေးတွေကယှက်ဖြာနေသေးသည်။ ခပ်ဟဟ bathrobe အောက်မှ ဖြူဖွေးနေသည့် လည်တိုင်လေးနှင့် ရင်ဘက်လေး။ ထိုအလှတရားတွေကို မနက်ခင်းရဲ့တောက်ပတဲ့နေရောင်ခြည်ကလည်း မီးမောင်းထိုးပြနေသကဲ့သို့ပင်။
"ဒုတ်..ဒုတ်..ဒုတ်..ဒုတ်"
Jasper, Ray ကိုကြည့်နေရင်း ရင်တွေခုန်လာသည်။
"Jas"
သူ့နာမည်ကိုထပ်ခေါ်လိုက်မှစိတ်နှင့် ကိုယ်ပြန်ကပ်လေသည်။
"အင်းး ထ.ထပြီ"
Jasper ရေချိုးခန်းထဲပြေးဝင်သွားတော့ Ray ဗီဒိုဖွင့်ကာ အင်္ကျီရွေးနေလိုက်သည်။ Jasper အပေါ်အင်္ကျီဗလာ သွားတိုက်တံတန်းလန်းနှင့် ရေချိုးခန်းထဲမှပြန်ထွက်လာလေသည်။ တဘက်တစ်ထည်ယူပြီး ပြန်ဝင်မယ်လုပ်ပြီးမှ Ray အနားကိုရောက်လာပြန်သည်။
လက်ကိုဆွဲခေါ်သွားပြီး dryer နှင့်ဆံပင်တွေကိုသေချာမှုတ်ပေးလေသည်။
"ဆံပင်ခြောက်အောင်အရင်မလုပ်ပဲနဲ့"
ပါးစပ်ထဲမှသွားတိုက်တံပြုတ်မကျအောင်ထိန်းရင်း ပြောလာသောစကားတစ်ခွန်းကြောင့် Ray ပြုံးလိုက်ကာ Jasper ဂုတ်ပေါ်တင်ထားသော တဘက်၏အစွန်းနှစ်ဖက်ကိုကိုင်ပြီး မျက်စိမှိတ်ထားလိုက်သည်။
ခြောက်သွားသော ဆံနွယ်ပျော့ပျော့လေးများကို Jasper နမ်းရှိုက်လိုက်တော့ Ray ကိုယ်လေးဆတ်ခနဲတုန်သွားကာ အံဩဟန် မျက်ဝန်းလေးများနှင့်ကြည့်နေသောကြောင့် နှာတံထိပ်လေးကိုခပ်ဖွဖွညှစ်လိုက်ပြီး ရေချိုးခန်းထဲသို့ပြန်ဝင်သွားခဲ့သည်။
Jasper မှန်ထဲမှကိုယ့်ကိုကိုယ််ကြည့်ကာ ငြိမ်သက်ခြင်းမရှိသောနှလုံးသားလေးကို နားမလည်နိုင်စွာ မေးခွန်းတွေအထပ်ထပ်ထုတ်နေမိသည်။
ရေချိုးခန်းအပြင်မှကောင်လေးတစ်ယောက်လည်း ခုန်လွန်းသောနှလုံးသားလေးကို နားမလည်နိုင်ပေ။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
နှစ်ယောက်အတူမနက်စာစားပြီး Ray ဦးလေးဖြစ်သူဆီထွက်လာခဲ့သည်။
Jasper လည်း သွားစရာရှိသည်ဆိုကာသူ့ကားနှင့်အပြင်ထွက်သွားလေသည်။
" David"
"Han!"
ရေကူးကန်မှာရေကူးနေသော ဦးလေးဖြစ်သူ David မှာ Rayကိုမြင်သည်နှင့် ရေကူးဘောင်းဘီနှင့် ရေထဲမှပြေးတက်လာကာ အတင်းဖက်လေသည်။
"David ကျွန်တော်ရေတွေစိုကုန်ပြီ"
Ray ပြောလိုက်မှလွှတ်ပေးကာ မျက်နှာကိုသေချာကိုင်ကြည့်နေပြန်သည်။
"ဘာလို့ကျွန်တော့်ကိုဒီလိုကြည့်နေတာလဲ David"
"ဘာမှမဟုတ်ဘူး"
Davidသူ့နောက်လိုက်တွေနှင့် Ray ကိုမိတ်ဆက်ပေးလေသည်။
"ငါ့အမိန့်ကိုနာခံသလို Han ရဲ့အမိန့်ကိုနာခံပါ Han ပြဿနာတစ်ခုခုဖြစ်ခဲ့ရင်တောင်ထိခိုက်မှုရှိတယ်လို့မကြားချင်ဘူး "
"ဟုတ်ကဲ့ပါ boss"
David က Ray ထက် 9နှစ်သာကြီးသောကြောင့် ညီအစ်ကိုဟုထင်ကြသည်။
Rayအဖိုး David၏အဖေက David ကိုသူပိုင်ဆိုင်သည့်လုပ်ငန်းတွေလွှဲပေးချင်ပေမယ့် David ကလုံးဝလက်မခံခဲ့သောကြောင့် Ray အမေကသာဆက်ခံခဲ့ရသည်။
ဘာလို့အမွေတွေမယူခဲ့တာလဲလို့မေးလျှင်
"ငါ့ဘဝကိုငါ့စိတ်ကြိုက်ရေးဆွဲပီးလွတ်လွတ်လပ်လပ်နေချင်တယ် ဒီလုပ်ငန်းတွေကိုဆက်ခံလိုက်ရင်ငါ့ပုခုံးပေါ်ကိုတာဝန်တွေရောက်လာလိမ့်မယ်"
ဟုဖြေခဲ့သည်။
Davidတွင် share အချို့ရှိပြီး Clubနှင့် Barများသာမက စားသောက်ဆိုင်များနှင့် အပန်းဖြေစခန်းများပါပိုင်ဆိုင်ထားပေမယ့် သူ့လက်ထောက်များနှင့်သာလွှဲထားတတ်သည်။
အသက်ငယ်ပြီးရုပ်ရည်ချောမောသည့်အပြင် နောက်ခံပါကောင်းသောကြောင့် David ကိုလိုချင်သူမိန်းကလေးများပေါများသည်။
Davidကတော့ အနားမှနှုတ်ခမ်းနီမလေးများကိုစိတ်မဝင်စားဘဲ အားလျှင် ခရီးသာထွက်နေတတ်သည်။
"အဆင်ပြေရဲ့လား Han"
"ဘာကိုလဲ David"
"ဒီနေရာက အဆင်ပြေရဲ့လား "
David ,Ray ၏ဘယ်လက်ရင်အုံကိုလက်နှင့်ဖိကာမေးလေသည်။
"အင်း အဆင်ပြေနေပြီ"
"ထပ်မလုပ်ပါနဲ့ အဲ့လိုလုပ်ရပ်မျိုးကို မင်းကနိုင်ငံပေါင်းများစွာမှာရှိတဲ့ W Hotel တွေရဲ့ဆက်ခံသူ ဥက္ကဋ္ဌ တစ်ယောက်ပါ မင်းလက်အောက်မှာ လုပ်ငန်းပေါင်းများစွာရှိတယ် Han မင်းပြိုလဲသွားရင် Welson မိသားစုရဲ့အသက်သွေးကြောဖြစ်တဲ့ W လည်းပျက်ဆီးသွားလိမ့်မယ်"
"တောင်းပန်ပါတယ် David ထပ်မဖြစ်စေရဘူးလို့ကတိပေးတယ်"
"မင်းကိုကျန်းကျန်းမာမာနဲ့တွေ့ရတာကိုပဲ ကျေးဇူးတင်ပါတယ်......
ငါခရီးထွက်နေလို့ မင်းဆေးရုံဆင်းပြီးမှ ဒီကိစ္စကိုသိရတာ တောင်းပန်ပါတယ်မင်းဆီကိုမလာနိုင်ခဲ့ဘူး"
"ရပါတယ် Divid ရာ"
"ငါတို့ရဲ့ Han လေးတောင်အရွယ်ရောက်လာပြီပဲ Boxing ရောထိုးသေးလား"
"အင်း "
"တစ်ပွဲလောက်နွှဲကြမလား"
"လုပ်လိုက်လေ"
နှစ်ယောက်သားကြိုးဝိုင်းထဲတွင်အချိန်ဖြုန်းကြပြီး ညနေပိုင်းလောက်မှ Ray, Davidကိုနှုတ်ဆက်ကာ Condo သို့ပြန်ခဲ့သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Ray ပြန်ရောက်တော့ Jasperလည်းပြန်ရောက်နေပြီဖြစ်သည်။
Jasper ဝရန်တာ မှအဝေးကိုငေးနေပြီးမျက်နှာလည်းမကောင်းပေ။
"Jas ဘာဖြစ်နေတာလဲ စိတ်ညစ်စရာရှိလို့လား"
Rayကိုကြည့်ကာ ဖျော့တော့တော့အပြုံးနှင့်ခေါင်းယမ်းပြလေသည်။
ဝရန်တာမှာအတူယှဉ်ရပ်နေပြီးအတန်ကြာအောင်တိတ်ဆိတ်နေသည်။
"ဒီနေ့ငါ့ Mommy မွေးနေ့မို့ Daddy ဆီသွားခဲ့တယ် Mommy အတွက်ကောင်းမှုကုသိုလ်တစ်ခုခုအတူလုပ်ဖို့ဆိုပြီးတော့ပေါ့ ဒါပေမယ့် Daddy ကတော့ ဒီနေ့ကိုလုံးဝသတိမရဘဲ သူ့ကောင်မလေးတွေနဲ့တောင်ကြည်နူးနေလိုက်သေးတယ် hak.."
Jasper အသက်မဲ့စွာတစ်ချက်ရယ်လိုက်ပြီး ကျလုဆဲဆဲမျက်ရည်တွေကို မျက်တောင်ခတ်ကာတားဆီးလိုက်လေသည်။
"Jas"
Ray လက်နှစ်ဖက်ကိုဘေးသို့ဆန့်တန်းပြီးကြင်နာစွာပြုံးပြလိုက်တော့ Jasper သူ့ရင်ခွင်ထဲဝင်လာကာ ပုခုံးပေါ်မျက်နှာအပ်ထားလေသည်။ Ray ကိုယ်လေးကတော့ Jasperဖက်ထားသောကြောင့်ပျောက်လုနီးပါးပင်။ ကျောကိုဖွဖွလေးပုတ်ပေးလိုက်တော Jasper မျက်နှာအပ်ထားရာပုခုံးထက်မှစိုစွတ်မှုကိုခံစားရသည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"Club သွားရအောင် Kha"
"မနက်ဖြန်ကျောင်းစတက်ရမှာလေ နောက်နေ့မှသွားရအောင်"
"အရမ်းညမနက်ပါဘူး Kha ရာ မနက်ဖြန်ကျောင်းနောက်မကျစေရဘူး"
Ray, မငြင်းနိုင်တော့ဘဲ ကားကိုယ်စီနှင့်ပင် Jasper ခေါ်ရာ Y Club သို့လိုက်ခဲ့ရတော့သည်။
Clubဝင်ပေါက်အနီးတွင် David လက်ထောက်တစ်ယောက်ကိုတွေ့ရပြီး Ray ကိုမြင်သည်နှင့် အနားရောက်လာလေသည်။
"မင်္ဂလာပါ သခင်လေး"
"P' ကဒီမှာဘာလုပ်နေတာလဲ"
"ဒီ Club က boss ရဲ့ Clubပါ ကျွန်တော်က ဒီClubကိုအုပ်ချုပ်ရတာပါ"
"ဪ"
ကျွန်တော်ကသူငယ်ချင်းနဲ့လာတာ လုပ်စရာရှိတာလုပ်ပါ ကျွန်တော့်ကိုစိတ်ထဲမထားပါနဲ့"
"ဟုတ်ကဲ့ သခင်လေး"
"သူကဘယ်သူလဲ Kha"
"အသိတစ်ယောက်ပါ"
Clubထဲရောက်သည်နှင့် Jasper သူငယ်ချင်းအဖွဲ့ကလက်လှမ်းပြလေသည်။ တစ်ဖွဲ့လုံးယောက်ျားလေးများသာဖြစ်ကြသည်။
သူ့ သူငယ်ချင်းများနှင့် Jasper ကမိတ်ဆက်ပေးပြီး dancing floor သို့ဆင်းသွားလေသည်။
"Ray dancing floorသွားကရအောင်"
"မင်းတို့ပဲသွားကပါကွာ ငါမလိုက်တော့ဘူး"
Winနှင့်အခြားသူများခေါ်သည်ကို Ray ငြင်းလိုက်သည်။ Jasper ကလာရန်လက်ယက်ခေါ်သော်လည်းခေါင်းယမ်းပြကာ တခြားသူများကနေသည်ကိုပင်ထိုင်ကြည့်နေလိုက်သည်။
Ray ဖုန်းဖွင့်လိုက်သည်နှင့် IG တွင်တော်ဝင်တို့အတွဲ၏ပုံများတက်လာလေသည်။
နှင်းတော်ဝင်ကို follow လုပ်မထားပေမယ့် အသိတချို့က mention ခေါ်ထားသောကြောင့်တက်နေခြင်းဖြစ်သည်။
""My world, my dream, my future,my soul, everything is you""
ကြည်နူးနေကြသည့်ပုံများနဲ့ Caption တချို့က သူ့ရင်ကိုနာကျင်ခြင်းနှင့်အတူပူလောင်လာစေသည်။
Ray အရှေ့တွင်ရှိသောခွက်ထဲမှအရက်ကို တစ်ခါတည်းကုန်အောင်မော့သောက်လိုက်သည်။ နောက်ထပ်လည်းထပ်ထည့်ပြီး သောက်နေမိသည်။ တစ်ပုလင်းလုံးကုန်မှယိုင်တိုင်တိုင်နှင့် သန့်စင်ခန်းရှိရာအောက်ထပ်သို့လှေကားတစ်ထစ်ချင်းထိန်းဆင်းလာရင်းသုံးလေးထစ်လောက်အလိုတွင် ခြေချော်သွားပြီးအရှေ့မှလာနေသူကို ဖက်လိုက်မိသည်။ ထိုလူကလည်း Ray ကိုပွေ့လိုက်လေသည်။
Ray ထိုလူ၏ဂုတ်ကိုဖက်လိုက်သောကြောင့်ဆွဲငုံ့သလိုဖြစ်ကာနှုတ်ခမ်းချင်းထိမိသွားလေသည်။
"Sorry"
ဖက်ထားသောလက်များကိုဖယ်လိုက်ပြီး Ray တောင်းပန်စကားဆိုကာ သန့်စင်ခန်းအတွင်းဝင်ခဲ့သည်။ ထိုလူကတော့ ထိုနေရာတွင်သာ ကျန်ရစ်ခဲ့သည်။ ဤအနမ်းသည်Ray အနေဖြင့်မတော်တဆတစ်ခုအဖြစ်သာသက်မှတ်သော်လည်း ထိုလူ့အတွက်တော့ နှလုံးသားတစ်ခုလုံးကိုလှုပ်ခတ်စေခဲ့သည့်အနမ်းတစ်ပွင့်ဖြစ်ခဲ့သည်။
Ray လှုပ်ခတ်မိခဲ့သည့်နှလုံးသားလေး၏ပိုင်ရှင်မှာ Jump Thanin...
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
AN : Jump Thaninဆိုတဲ့ Main character တစ်ဦးလည်းပေါ်လာပါပြီနော်....
******************************
Zawgyi
မနက္ခင္း၏ေနေရာင္ျခည္က ဟေနေသာလိုက္ကာၾကားမွဝင္ေရာက္လာကာ Jasperမ်က္ႏွာေပၚသို႔က်ေရာက္လာသည္။
စူး႐ွေသာေနေရာင္ျခည္ေၾကာင့္ Jasper မ်က္ဝန္းမ်ားပြင့္လာၿပီး သူ႔ရင္ခြင္ထဲမွ Ray ကိုျမင္ေတာ့ႏႈတ္ခမ္းေလးမ်ားေကာ့တက္သြားေအာင္ျပံဳးလိုက္သည္။
""ငါ႐ွိတယ္မင္းအနားမွာ ငါ႐ွိတယ္ေလ ငါမင္းကိုထားမသြားသလို ဘယ္ေတာ့မွလည္းစြန္႔မပစ္ဘူးလို႔ကတိေပးတယ္""
သူ႔ကိုဖက္ထားၿပီးကတိေပးခဲ့တဲ့Ray၏ပုံရိပ္ေလးကိုျမင္ေယာင္လာမိေတာ့ Jasper မသိလိုက္ခင္မွာဘဲ Ray ၏နဖူးေလးကိုနမ္းလိုက္မိသည္။
Ray၏မ်က္ႏွာေလးကိုစိုက္ၾကည့္ေနစဥ္ မ်က္ခြံေလးမ်ားလႈပ္လာၿပီး Ray ႏိုးလာသည္။
"Morning Jas"
"Morning"
Ray သူ႔ကိုဖက္ထားေသာ Jasper လက္မ်ားကိုဖယ္လိုက္ၿပီး အိပ္ရာမွထလိုက္သည္။ Jasperကေတာ့မထေသး။
"Jas မထေသးဘူးလား"
"နည္းနည္းေလာက္ထပ္အိပ္ဦးမယ္ လိုက္ကာေသခ်ာေစ့ေပးဦး"
Ray ေနေရာင္မထိုးေအာင္လိုက္ကာေစ့ေပးၿပီး ေရခ်ိဳးခန္းထဲသို႔ဝင္ခဲ့ေလသည္။
သူေရခ်ိဳးၿပီးထြက္လာသည္အထိJasperအိပ္ေနဆဲ။
Rayလိုက္ကာေတြအကုန္ဖြင့္လိုက္ေတာ့ အလင္းေရာင္စူးစူးေၾကာင့္ Jasper တစ္ခ်က္လူးလြန္႔သြားေပမယ့္ ႏိုးမလာခဲ့ေပ။
ဆက္အိပ္ေနလ်ွင္ေခါင္းမူးမည္ဆိုးေသာေၾကာင့္ Ray, Jasperအနားသို႔သြားကာႏိုးရေတာ့သည္။
"Jas, ထေတာ့... "
"..........."
"Jas"
Ray, Jasperမ်က္ႏွာကိုလက္ႏွစ္ဖက္ႏွင့္ကိုင္ၿပီးလႈပ္ယမ္းလိုက္မွ သူ႔လက္ေတြကိုဆုပ္ကိုင္ၿပီးမ်က္ဝန္းမ်ားဖြင့္လာကာ မွင္သက္စြာၾကည့္ေနျပန္သည္။
ေရမေျခာက္ေသးေသာဆံႏြယ္ေလးမ်ား ထင္႐ွားသည့္မ်က္ခုံးတန္းေလးႏွစ္ခု ၾကည္လင္ေတာက္ပလြန္းလွေသာ မ်က္ဝန္းေလးေတြ ေသ သပ္လွပလြန္းေသာႏွာတံခြၽန္ခြၽန္ေလး ဘာေဆးေရာင္မွျခယ္သထားျခင္းမ႐ွိတဲ့ ပန္းဆီေရာင္ႏႈတ္ခမ္းႏွစ္လႊာ ပန္းႏုေရာင္သန္းေသာျဖဴလႊလႊမ်က္ႏွာေလးမွာ ေသြးေၾကာစိမ္းေလးေတြကယွက္ျဖာေနေသးသည္။ ခပ္ဟဟ bathrobe ေအာက္မွ ျဖူေဖြးေနသည့္ လည္တိုင္ေလးႏွင့္ ရင္ဘက္ေလး။ ထိုအလွတရားေတြကို မနက္ခင္းရဲ႕ေတာက္ပတဲ့ေနေရာင္ျခည္ကလည္း မီးေမာင္းထိုးျပေနသကဲ့သို႔ပင္။
"ဒုတ္..ဒုတ္..ဒုတ္..ဒုတ္"
Jasper, Ray ကိုၾကည့္ေနရင္း ရင္ေတြခုန္လာသည္။
"Jas"
သူ႔နာမည္ကိုထပ္ေခၚလိုက္မွစိတ္ႏွင့္ ကိုယ္ျပန္ကပ္ေလသည္။
"အင္းး ထ.ထၿပီ"
Jasper ေရခ်ိဳးခန္းထဲေျပးဝင္သြားေတာ့ Ray ဗီဒိုဖြင့္ကာ အက်ႌေရြးေနလိုက္သည္။ Jasper အေပၚအက်ႌဗလာ သြားတိုက္တံတန္းလန္းႏွင့္ ေရခ်ိဳးခန္းထဲမွျပန္ထြက္လာေလသည္။ တဘက္တစ္ထည္ယူၿပီး ျပန္ဝင္မယ္လုပ္ၿပီးမွ Ray အနားကိုေရာက္လာျပန္သည္။
လက္ကိုဆြဲေခၚသြားၿပီး dryer ႏွင့္ဆံပင္ေတြကိုေသခ်ာမႈတ္ေပးေလသည္။
"ဆံပင္ေျခာက္ေအာင္အရင္မလုပ္ပဲနဲ႔"
ပါးစပ္ထဲမွသြားတိုက္တံျပဳတ္မက်ေအာင္ထိန္းရင္း ေျပာလာေသာစကားတစ္ခြန္းေၾကာင့္ Ray ျပဳံးလိုက္ကာ Jasper ဂုတ္ေပၚတင္ထားေသာ တဘက္၏္အစြန္းႏွစ္ဖက္ကိုကိုင္ၿပီး မ်က္စိမွိတ္ထားလိုက္သည္။
ေျခာက္သြားေသာ ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးမ်ားကို Jasper နမ္း႐ိႈက္လိုက္ေတာ့ Ray ကိုယ္ေလးဆတ္ခနဲတုန္သြားကာ အံဩဟန္ မ်က္ဝန္းေလးမ်ားႏွင့္ၾကည့္ေနေသာေၾကာင့္ ႏွာတံထိပ္ေလးကိုခပ္ဖြဖြညႇစ္လိုက္ၿပီး ေရခ်ိဳးခန္းထဲသို႔ျပန္ဝင္သြားခဲ့သည္။
Jasper မွန္ထဲမွကိုယ့္ကိုကိုယ္္ၾကည့္ကာ ၿငိမ္သက္ျခင္းမ႐ွိေသာႏွလုံးသားေလးကို နားမလည္ႏိုင္စြာ ေမးခြန္းေတြအထပ္ထပ္ထုတ္ေနမိသည္။
ေရခ်ိဳးခန္းအျပင္မွေကာင္ေလးတစ္ေယာက္လည္း ခုန္လြန္းေသာႏွလုံးသားေလးကို နားမလည္ႏိုင္ေပ။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
ႏွစ္ေယာက္အတူမနက္စာစားၿပီး Ray ဦးေလးျဖစ္သူဆီထြက္လာခဲ့သည္။
Jasper လည္း သြားစရာ႐ွိသည္ဆိုကာသူ႔ကားႏွင့္အျပင္ထြက္သြားေလသည္။
" David"
"Han!"
ေရကူးကန္မွာေရကူးေနေသာ ဦးေလးျဖစ္သူ David မွာ Rayကိုျမင္သည္ႏွင့္ ေရကူးေဘာင္းဘီႏွင့္ ေရထဲမွေျပးတက္လာကာ အတင္းဖက္ေလသည္။
"David ကြၽန္ေတာ္ေရေတြစိုကုန္ၿပီ"
Ray ေျပာလိုက္မွလႊတ္ေပးကာ မ်က္ႏွာကိုေသခ်ာကိုင္ၾကည့္ေနျပန္သည္။
"ဘာလို႔ကြၽန္ေတာ့္ကိုဒီလိုၾကည့္ေနတာလဲ David"
"ဘာမွမဟုတ္ဘူး"
Davidသူ႔ေနာက္လိုက္ေတြႏွင့္ Ray ကိုမိတ္ဆက္ေပးေလသည္။
"ငါ့အမိန္႔ကိုနာခံသလို Han ရဲ႕အမိန္႔ကိုနာခံပါ Han ျပႆနာတစ္ခုခုျဖစ္ခဲ့ရင္ေတာင္ထိခိုက္မႈ႐ွိတယ္လို႔မၾကားခ်င္ဘူး "
"ဟုတ္ကဲ့ပါ boss"
David က Ray ထက္ 9ႏွစ္သာႀကီးေသာေၾကာင့္ ညီအစ္ကိုဟုထင္ၾကသည္။
Rayအဖိုး David၏အေဖက David ကိုသူပိုင္ဆိုင္သည့္လုပ္ငန္းေတြလႊဲေပးခ်င္ေပမယ့္ David ကလုံးဝလက္မခံခဲ့ေသာေၾကာင့္ Ray အေမကသာဆက္ခံခဲ့ရသည္။
ဘာလို႔အေမြေတြမယူခဲ့တာလဲလို႔ေမးလ်ွင္
"ငါ့ဘဝကိုငါ့စိတ္ႀကိဳက္ေရးဆြဲပီးလြတ္လြတ္လပ္လပ္ေနခ်င္တယ္ ဒီလုပ္ငန္းေတြကိုဆက္ခံလိုက္ရင္ငါ့ပုခုံးေပၚကိုတာဝန္ေတြေရာက္လာလိမ့္မယ္"
ဟုေျဖခဲ့သည္။
Davidတြင္ share အခ်ိဳ႕႐ွိၿပီး Clubႏွင့္ Barမ်ားသာမက စားေသာက္ဆိုင္မ်ားႏွင့္ အပန္းေျဖစခန္းမ်ားပါပိုင္ဆိုင္ထားေပမယ့္ သူ့လက္ေထာက္မ်ားႏွင့္သာလႊဲထားတတ္သည္။
အသက္ငယ္ၿပီး႐ုပ္ရည္ေခ်ာေမာသည့္အျပင္ ေနာက္ခံပါေကာင္းေသာေၾကာင့္ David ကိုလိုခ်င္သူမိန္းကေလးမ်ားေပါမ်ားသည္။
Davidကေတာ့ အနားမွႏႈတ္ခမ္းနီမေလးမ်ားကိုစိတ္မဝင္စားဘဲ အားလ်ွင္ ခရီးသာထြက္ေနတတ္သည္။
"အဆင္ေျပရဲ႕လား Han"
"ဘာကိုလဲ David"
"ဒီေနရာက အဆင္ေျပရဲ႕လား "
David ,Ray ၏ဘယ္လက္ရင္အုံကိုလက္ႏွင့္ဖိကာေမးေလသည္။
"အင္း အဆင္ေျပေနၿပီ"
"ထပ္မလုပ္ပါနဲ႔ အဲ့လိုလုပ္ရပ္မ်ိဳးကို မင္းကႏိုင္ငံေပါင္းမ်ားစြာမွာ႐ွိတဲ့ W Hotel ေတြရဲ႕ဆက္ခံသူ ဥကၠ႒ တစ္ေယာက္ပါ မင္းလက္ေအာက္မွာ လုပ္ငန္းေပါင္းမ်ားစြာ႐ွိတယ္ Han မင္းၿပိဳလဲသြားရင္ Welson မိသားစုရဲ႕အသက္ေသြးေၾကာျဖစ္တဲ့ W လည္းပ်က္ဆီးသြားလိမ့္မယ္"
"ေတာင္းပန္ပါတယ္ David ထပ္မျဖစ္ေစရဘူးလို႔ကတိေပးတယ္"
"မင္းကိုက်န္းက်န္းမာမာနဲ႔ေတ႔ြရတာကိုပဲ ေက်းဇူးတင္ပါတယ္......
ငါခရီးထြက္ေနလို႔ မင္းေဆး႐ုံဆင္းၿပီးမွ ဒီကိစၥကိုသိရတာ ေတာင္းပန္ပါတယ္မင္းဆီကိုမလာႏိုင္ခဲ့ဘူး"
"ရပါတယ္ Divid ရာ"
"ငါတို႔ရဲ႕ Han ေလးေတာင္အရြယ္ေရာက္လာၿပီပဲ Boxing ေရာထိုးေသးလား"
"အင္း "
"တစ္ပြဲေလာက္ႏႊဲျကမလား"
"လုပ္လိုက္ေလ"
ႏွစ္ေယာက္သားႀကိဳးဝိုင္းထဲတြင္အခ်ိန္ျဖဳန္းၾကၿပီး ညေနပိုင္းေလာက္မွ Ray, Davidကိုႏႈတ္ဆက္ကာ Condo သို႔ျပန္ခဲ့သည္။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Ray ျပန္ေရာက္ေတာ့ Jasperလည္းျပန္ေရာက္ေနၿပီျဖစ္သည္။
Jasper ဝရန္တာ မွအေဝးကိုေငးေနၿပီးမ်က္ႏွာလည္းမေကာင္းေပ။
"Jas ဘာျဖစ္ေနတာလဲ စိတ္ညစ္စရာ႐ွိလို႔လား"
Rayကိုၾကည့္ကာ ေဖ်ာ့ေတာ့ေတာ့အျပံဳးႏွင့္ေခါင္းယမ္းျပေလသည္။
ဝရန္တာမွာအတူယွဥ္ရပ္ေနၿပီးအတန္ၾကာေအာင္တိတ္ဆိတ္ေနသည္။
"ဒီေန႔ငါ့အေမေမြးေန႔မို႔ အေဖ့ဆီသြားခဲ့တယ္ ေမေမ့အတြက္ေကာင္းမႈကုသိုလ္တစ္ခုခုအတူလုပ္ဖို႔ဆိုၿပီးေတာ့ေပါ့ ဒါေပမယ့္အေဖကေတာ့ ဒီေန႔ကိုလုံးဝသတိမရဘဲ သူ႔ေကာင္မေလးေတြနဲ႔ေတာင္ၾကည္ႏူးေနလိုက္ေသးတယ္ hak.."
Jasper အသက္မဲ့စြာတစ္ခ်က္ရယ္လိုက္ၿပီး က်လုဆဲဆဲမ်က္ရည္ေတြကို မ်က္ေတာင္ခတ္ကာတားဆီးလိုက္ေလသည္။
"Jas"
Ray လက္ႏွစ္ဖက္ကိုေဘးသို႔ဆန္႔တန္းၿပီးၾကင္နာစြာျပဳံးျပလိုက္ေတာ့ Jasper သူ႔ရင္ခြင္ထဲဝင္လာကာ ပုခုံးေပၚမ်က္ႏွာအပ္ထားေလသည္။ Ray ကိုယ္ေလးကေတာ့ Jasperဖက္ထားေသာေၾကာင့္ေပ်ာက္လုနီးပါးပင္။ ေက်ာကိုဖြဖြေလးပုတ္ေပးလိုက္ေတာ ့ Jasper မ်က္ႏွာအပ္ထားရာပုခုံးထက္မွစိုစြတ္မႈကိုခံစားရသည္။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"Club သြားရေအာင္ Kha"
"မနက္ျဖန္ေက်ာင္းစတက္ရမွာေလ ေနာက္ေန႔မွသြားရေအာင္"
"အရမ္းညမနက္ပါဘူး Kha ရာ မနက္ျဖန္ေက်ာင္းေနာက္မက်ေစရဘူး"
Ray, မျငင္းႏိုင္ေတာ့ဘဲ ကားကိုယ္စီႏွင့္ပင္ Jasper ေခၚရာ Y Club သို႔လိုက္ခဲ့ရေတာ့သည္။
Clubဝင္ေပါက္အနီးတြင္ David လက္ေထာက္တစ္ေယာက္ကိုေတြ႔ရၿပီး Ray ကိုျမင္သည္ႏွင့္ အနားေရာက္လာေလသည္။
"မဂၤလာပါ သခင္ေလး"
"P' ကဒီမွာဘာလုပ္ေနတာလဲ"
"ဒီ Club က boss ရဲ႕ Clubပါ ကြၽန္ေတာ္က ဒီClubကိုအုပ္ခ်ဳပ္ရတာပါ"
"ေဩာ္
ကြၽန္ေတာ္ကသူငယ္ခ်င္းနဲ႔လာတာ လုပ္စရာ႐ွိတာလုပ္ပါ ကြၽန္ေတာ့္ကိုစိတ္ထဲမထားပါနဲ႔"
"ဟုတ္ကဲ့ သခင္ေလး"
"သူကဘယ္သူလဲ Kha"
"အသိတစ္ေယာက္ပါ"
Clubထဲေရာက္သည္ႏွင့္ Jasper သူငယ္ခ်င္းအဖြဲ႔ကလက္လွမ္းျပေလသည္။ တစ္ဖြဲ႔လုံးေယာက္်ားေလးမ်ားသာျဖစ္ၾကသည္။
သူ႔ သူငယ္ခ်င္းမ်ားႏွင့္ Jasper ကမိတ္ဆက္ေပးၿပီး dancing floor သို႔ဆင္းသြားေလသည္။
"Ray dancing floorသြားကရေအာင္"
"မင္းတို႔ပဲသြားကပါကြာ ငါမလိုက္ေတာ့ဘူး"
Winႏွင့္အျခားသူမ်ားေခၚသည္ကို Ray ျငင္းလိုက္သည္။ Jasper ကလာရန္လက္ယက္ေခၚေသာ္လည္းေခါင္းယမ္းျပကာ တျခားသူမ်ားကေနသည္ကိုပင္ထိုင္ၾကည့္ေနလိုက္သည္။
Ray ဖုန္းဖြင့္လိုက္သည္ႏွင့္ IG တြင္ေတာ္ဝင္တို႔အတြဲ၏ပုံမ်ားတက္လာေလသည္။
ႏွင္းေတာ္ဝင္ကို follow လုပ္မထားေပမယ့္ အသိတခ်ိဳ႕က mention ေခၚထားေသာေၾကာင့္တက္ေနျခင္းျဖစ္သည္။
""My world, my dream, my future,my soul, everything is you""
ၾကည္ႏူးေနၾကသည့္ပုံမ်ားနဲ႔ Caption တခ်ိဳ႕က သူ႔ရင္ကိုနာက်င္ျခင္းႏွင့္အတူပူေလာင္လာေစသည္။
Ray အေ႐ွ႕တြင္႐ွိေသာခြက္ထဲမွအရက္ကို တစ္ခါတည္းကုန္ေအာင္ေမာ့ေသာက္လိုက္သည္။ ေနာက္ထပ္လည္းထပ္ထည့္ၿပီး ေသာက္ေနမိသည္။ တစ္ပုလင္းလုံးကုန္မွယိုင္တိုင္တိုင္ႏွင့္ သန္႔စင္ခန္း႐ွိရာေအာက္ထပ္သို႔ေလွကားတစ္ထစ္ခ်င္းထိန္းဆင္းလာရင္းသုံးေလးထစ္ေလာက္အလိုတြင္ ေျခေခ်ာ္သြားၿပီးအေ႐ွ႕မွလာေနသူကို ဖက္လိုက္မိသည္။ ထိုလူကလည္း Ray ကိုေပြ႔လိုက္ေလသည္။
Ray ထိုလူ၏ဂုတ္ကိုဖက္လိုက္ေသာေၾကာင့္ဆြဲငုံ႔သလိုျဖစ္ကာႏႈတ္ခမ္းခ်င္းထိမိသြားေလသည္။
"Sorry"
ဖက္ထားေသာလက္မ်ားကိုဖယ္လိုက္ၿပီး Ray ေတာင္းပန္စကားဆိုကာ သန္႔စင္ခန္းအတြင္းဝင္ခဲ့သည္။ ထိုလူကေတာ့ ထိုေနရာတြင္သာ က်န္ရစ္ခဲ့သည္။ ဤအနမ္းသည္Ray အေနျဖင့္မေတာ္တဆတစ္ခုအျဖစ္သာသက္မွတ္ေသာ္လည္း ထိုလူ႔အတြက္ေတာ့ ႏွလုံးသားတစ္ခုလုံးကိုလႈပ္ခတ္ေစခဲ့သည့္အနမ္းတစ္ပြင့္ျဖစ္ခဲ့သည္။
Ray လႈပ္ခတ္မိခဲ့သည့္ႏွလုံးသားေလး၏ပိုင္႐ွင္မွာ Jump Thanin...
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
AN : Jump Thaninဆိုတ ဲ့Main character တစ္ဦးလည္းေပၚလာပါၿပီေနာ္....
Bạn đang đọc truyện trên: Truyen247.Pro