Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥
Part-52 ( honeymoon)
Unicode
မင်္ဂလာပွဲပြီးတော့အိမ်တော်သို့ အားလုံးပြန်ကြလေသည်။
အိမ်တော်ကိုပြန်ရောက်ရောက်ချင်း Jasper သူဇာနွယ်ကိုလက်တို့ကာ အချက်ပေးလိုက်သည်။
"Emmat လေးရေ တီတီ့ဆီလာပါဦး.....
အဝတ်အစားသွားလဲရအောင်...."
သူဇာနွယ် Emmat လေးကိုခေါ်သွားရာ Ray နှင့် Jasper လည်းအပေါ်ထပ်အခန်းသို့ အကျႌလဲရန်တက်လာခဲ့သည်။
ကုတင်ဘေးမှာတော့ honeymoon အတွက်ပြင်ဆင်ထားသည့် luggage နှစ်လုံးရှိလေသည်။
ဂျပန်သို့ိသွားရန်ပြင်ဆင်ထားပြီး လေယာဉ်ချိန်က ညနေခြောက်နာရီဖြစ်သည်။
Ray အဝတ်တွေယူပြီး ရေချိုးခန်းထဲမှာသွားလဲရန်ပြင်တော့ Jasper ကသူ့ရှေ့တွင်သာ လဲရမည်ဆိုပြီး ဂျီကျနေသည်။
Ray လည်းပြောမရသည့်အဆုံး အပေါ်ထပ်ကုတ်လေးကိုအရင်ချွတ်ပြီး ခါးပတ်ဖြုတ်ကာ ဘောင်းဘီလေးပါချွတ်လိုက်လေသည်။
Jasper ကတော့ မှန်တင်ခုံပေါ်ထိုင်ရင်း Ray ကိုကြည့်နေလေသည်။
Shirt အင်္ကျီတစ်ထည်နှင့် boxer လေးသာကျန်တောသည့် Ray ကို Jasper အနောက်မှသိမ်းကြုံးဖက်လိုက်သည်။
"Jas....
လွှတ်ကာ...."
"မလွှတ်ဘူးကွာ...."
Ray ကိုယ်လေးကိုဆွဲလှည့်ကာ နမ်းရန်ပြင်တော့ Jasperရဲ့ နှုတ်ခမ်းတွေကိုလက်နှင့်အမြန်တားဆီးလိုက်သည်။
"ခဏနေ လေဆိပ်သွားရတော့မှာလေ Jas ကလည်း...."
"နှစ်နာရီတောင်လိုသေးတာကိုကွာ..."
"babe ပင်ပန်းနေလို့ပါ နော်..."
"အဲ့တာဆိုလည်း နမ်းခွင့်တော့ပေးကွာ..."
"အင်း....နမ်း..နမ်း......"
ခေါင်းမော့ကာ နှုတ်ခမ်းလေးစူပေးသည့် Ray ကိုအသည်းယားစွာ ပါးပြင်လေးကိုနမ်းလိုက်ပြီးမှ နှုတ်ခမ်းလေးကိုငုံလိုက်သည်။
"Daddy!!!"
အခန်းတံခါးကိုတွန်းဖွင့်ပြီး ပြေးဝင်လာသော Emmat ကြောင့် Ray ယောင်ကာ နမ်းနေသည့် Jasper ကိုဆောင့်တွန်းပြစ်လိုက်သည်။
သားက ဘောင်းဘီမပါသည့် သူ့ကိုတစ်လှည့် ကုတင်ပေါ်လဲကျသွားသော Jasper ကိုတစ်လှည့် ပြူးကြောင်ကြောင်လေးကြည့်နေသည်။
Ray လည်းအမြန် ဘောင်းဘီကိုယူကာဝတ်လိုက်သည်။
"Daddy သား Daddy တို့နဲ့မလိုက်တော့ဘူး...
အိမ်မှာပဲနေခဲ့တော့မယ်...."
"ဟမ်...ဘာလို့လဲသားရဲ့..."
"မလိုက်ချင်တော့လို့လေ...
သား ဖိုးဖိုး David နဲ့ပဲနေခဲ့လိုက်တော့မယ်နော်...."
သူသွားရာမလိုက်ရရင် စိတ်မကောင်းဖြစ်ပြီးငိုတတ်သည့်သားက အခု သူတို့ honeymoon ကိုမလိုက်တော့ဘူးဆိုပြီး ပြုံးပြုံးရွှင်ရွှင်ပြောနေသည်။
အခန်းပေါက်မှကြည့်နေသည့် သူဇာနွယ်က Jasper ကိုအဆင်ပြေကြောင်း Ok လုပ်ပြလေသည်။
"Paw(ဖေဖေ) Daddy ကိုဂရုစိုက်ပေးပါ.."
"ဟင်......
အင်း....အင်းပါ..."
Jasper ကို Paw လို့ခေါ်လိုက်သည့် သားဖြစ်သူကြောင့် Ray ပို၍အံ့အားသင့်ရသည်။
Emmat ကတော့ အခန်းထဲမှခုန်ပေါက်ကာ ထွက်သွားလေပြီ။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
သူဇာနွယ် Emmat လေးကိုအဝတ်လဲပေးရင်း Jasper နှင့်လက်ဝါးရိုက်တိုင်ပင်ထားသည့်အတိုင်းစကားစလိုက်သည်။
"Emmat သားနေ့တိုင်းတစ်ယောက်ထဲဆော့ရတာ မပြင်းဘူးလား..."
"ပြင်းတာပေါ့ တီတီရဲ့....
Daddy ကလည်းနေ့တိုင်းအလုပ်ပဲသွားနေပြီး သားနဲ့ခဏပဲဆော့ပေးတာ..."
"သား ညီလေး ညီမလေးတွေမလိုချင်ဘူးလား.."
"ညီလေး ညီမလေး?"
"အင်းလေ ညီလေး ညီမလေးတွေရှိရင် သားတစ်ယောက်ထဲမဟုတ်တော့ဘူးပေါ့..."
"သားလိုချင်တယ်..."
အားတက်သရော ဖြေသည့် Emmat စကားကြောင့် သူဇာနွယ်အကြီးအကျယ်သဘောကျသွားသည်။
"ညီလေး ညီမလေးတွေလိုချင်ရင်.....
သား Daddy တို့ရဲ့ honeymoon ကိုမလိုက်ရဘူး..."
"ဟင်...ဘာလို့လဲ..."
"သားလိုက်သွားရင် သား Daddy ကသားအနားမှာပဲနေပြီး ဘယ်လိုလုပ် ညီလေး ညီမလေးတွေရအောင်လုပ်ဖို့အချိန်ရှိတော့မှာလဲ.."
"Daddy ကညီလေး ညီမလေးတွေရအောင်လုပ်တတ်တယ်ပေါ့..."
"အင်းပေါ့ သားရဲ့ ဖေဖေအသစ် Jasper ကလုပ်ပေးမှာလေ..."
"ဟုတ်လား....
အဲ့တာဆို Daddy နဲ့ဦးလေးကြီးကိုပဲသွားခိုင်းလိုက်တော့မယ်နော်..."
"Jasper့ ကိုဦးလေးကြီးလို့ မခေါ်ရဘူးလေ သားရဲ့...
သူကလည်း သားဖေဖေဖြစ်နေပြီ....
တော်ကြာ သူ့ကို ဦးလေးကြီးလို့ခေါ်လို့ ညီလေး ညီမလေးတွေရအောင်မလုပ်ပေးတော့ဘဲနေမယ်..."
"ဟင်....
အဲ့တာဆို ဦးလေးကြီးလို့မခေါ်တော့ဘဲ Paw လို့ခေါ်ရင်ရော ရလားဟင်..."
"ရတာပေါ့...."
"သား Daddy နဲ့ Khun Paw ဆီသွားလိုက်ဦးမယ်နော်..."
ဝမ်းသာအားရပြေးထွက်သွားသည့် Emmat နောက်ကိုလိုက်ရင်း သူဇာနွယ် လက်သီးလက်မောင်းတန်းကာရေရွတ်လိုက်သည်။
"Mission complete......
Congratulation Jasper.....
ငါ့အပိုင်းတော့ပြီးသွားပြီ....နင့်အပိုင်းပဲကျန်တော့တယ်..."
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"Bye Bye Daddy
Bye Bye Khun Paw...."
ထွက်သွားသည့် သူတို့ကားလေးကို သားကလက်ပြနေသည်။ Jasper ကို Paw လို့ခေါ်လိုက်တာကြောင့် အိမ်တော်ဝန်ထမ်းတွေသာ မက ကားမောင်းနေသည့် P' Tin ပင် အံ့ဩကာ လှည့်ကြည့်လာလေသည်။
"သခင်လေးက သခင်ကြီး Jasper ကို Paw လို့ခေါ်လိုက်တာလား..."
"ဟုတ်တယ် P' Tin.....
ကျွန်တော်တောင် သားက Jas ကို Paw ဆိုပြီး ရိုသေနေလို့အံ့ဩနေတာ...."
"ကြည့်ရတာ သခင်လေးက သခင်ကြီး Jasper ကိုလက်ခံလိုက်ပြီထင်တယ်...''
Jasper ကတော့ ဘာမှဝင်မပြော Ray ပုခုံးကိုသာ ပြုံးပြုံးကြီးဖက်ထားသည်။
Ray ဘာကြောင့်မှန်းမသိ Jasper၏ အပြုံးကြောင့် ဖြင်းကနဲ ကြက်သီးထသွားရသည်။
"ပျော်ရွှင်စရာ Honeymoon လေးဖြစ်ပါစေ"
လေယာဉ်ပေါ်တက်ခါနီး P' Tin ကဆုတောင်းပေးသွားသည်။
လေယာဉ်ပေါ်ရောက်သည်အထိ သူ့လက်ကိုမလွှတ်ဘဲ Jasper ကစပ်ဖြီးဖြီးနှင့်ပင်။
သူတို့နှစ်ယောက်ကို လေယာဉ်မယ်လေးများကလည်း ဂုဏ်ပြုစကားလာပြောကြသေးသည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
Jump သူ့ကိုချစ်တယ်ပြောပြီး မျက်နှာလေးရဲကာ ကားမှန်အပြင်ဘက်ကိုသာမျက်နှာလွှဲထားသည့် First ကိုကားမောင်းရင်းလှည့်လှည့်ကြည့်ကာ ကြည်နူးနေသည်။
"First ကိုယ်တို့ ရုပ်ရှင်သွားကြည့်ရအောင်"
"အင်း..."
သူ့ကိုလှည့်မကြည့်ဘဲ ခေါင်းလေးညိမ့်ကာ ဖြေသည့် First လက်ဖဝါးကို လှမ်းကိုင်လိုက်သည်။
ကားမောင်းရင်းလက်ကိုလာကိုင်သော Jump ကြောင့် First ရုတ်တရက် လက်ကိုရုန်းရန်ပြင်လိုက်ပေမယ့် သူ့လက်ချောင်းလေးတွေက Jump လက်ချောင်းတွေကြားမှာ နေရာတကျဖြစ်နေသည်။
မျက်လုံးလေးဝိုင်းကာ သူ့ကိုကြည့်နေသည့် အသစ်စက်စက်ချစ်သူလေးကို Jump ပြုံးပြလိုက်သည်။
"ဘာလို့ကိုယ့်ကို အဲ့လောက်တောင်ကြည့်နေတာလဲ.....
ကိုယ်အရမ်းချောလို့လား....."
"အင်း......
အခုချိန်ထိ အိမ်မက်မက်နေသလိုပဲ...."
မီးနီပြနေသော မီးပွိုင့်ကြောင့် Jump ကားကိုခေတ္တရပ်ကာ ထိုင်ခုံခါးပါတ်ဖြုတ်ပြီး First နှုတ်ခမ်းလေးကိုခပ်ဖွဖွနမ်းလိုက်သည်။
"အိမ်မက်မဟုတ်ပါဘူး....
တကယ်ဖြစ်နေတာ......အခုယုံပြီလား...."
"အင်း...."
ချစ်စဖွယ် ခေါင်းလေးကိုထပ်ကာထပ်ကာ ညိမ့်ပြနေသည့် ကောင်လေးကို Jump နောက်တစ်ခါနမ်းလိုက်ပြန်သည်။
"Ti!!!! Ti!! Ti!!!"
"ဟေး!! အရှေ့ကကား မီးစိမ်းနေပြီ!! မမောင်းပဲဘာလုပ်နေတာလဲ!!!"
အဆက်မပြတ်ထွက်လာသောအနောက်မှ ကားဟွန်းတီးသံများနှင့်အော်ဟစ်သံများကြောင့် အနမ်းများကိုရပ်တန့်ကာ မီးစိမ်းပြနေပြီဖြစ်သော မီးပွိုင့်ကို ဖြတ်ကျော်ခဲ့တော့သည်။
ပတ်ဝန်းကျင်ကိုတောင်မေ့လျော့သွားမိသည့် ကိုယ့်အဖြစ်ကိုကိုယ်တွေးမိရာ Jump သဘောတကျရယ်လိုက်သလို ဘေးမှ First ကလည်းရယ်နေလေသည်။
အတွဲခုံယူလိုက်သည့် သူတို့နှစ်ယောက်ကို ရုပ်ရှင်ရုံဝန်ထမ်းများကပြုံးစိစိ။
တချို့သော မိန်းကလေး ယောက်ျားလေးတို့၏ ပြစ်တင်ဝေဖန်သံတွေကိုလည်း ဂရုမစိုက်တော့ တစ်ယောက်လက်ကိုသာတစ်ယောက်မြဲမြံအောင်ဆုပ်ကိုင်ထားလိုက်သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Tokyo လေဆိပ်ကိုရောက်တော့ လာကြိုသည့် guest house ဝန်ထမ်းနှစ်ယောက်က luggage ကိုသယ်ကာ ကားဆီခေါ်သွားပေးလေသည်။
ဂျပန်ရိုးရာပုံစံဆောက်လုပ်ထားသည့် guest house လေးကအရမ်းမကျယ်ပေမယ့် အစားအသောက်ကောင်းပြီး ယဉ်ကျေးလှသော ဝန်ထမ်းများကြောင့်နာမည်ကြီးလှသည်။
Guest house ထဲကိုဝင်လိုက်တော့ ရိုးရာ ကီမိုနိုဝတ်စုံလေးများနှင့်ဝန်ထမ်းလေးတွေက ကြိုဆိုကြသည်။
သူတို့အတွက်အခန်းက သီးသန့်အိမ်လေးပုံဆောက်လုပ်ထားပြီး ရေပူစမ်းလေးလည်းပါလေသည်။
Ray တကယ်ကိုပင်ပန်းသောကြောင့် အိပ်ရာပေါ်ပစ်လှဲလိုက်တော့သည်။
"babe အိပ်တော့မလို့လား..."
"အင်း...."
"ညစာစားပြီးမှအိပ်လေ.....
လေယာဉ်ပေါ်မှာတုန်းကလည်း နည်းနည်းပဲစားထားတာမလား"
"အင်း...."
ဝန်ထမ်းလေးတစ်ယောက် ညစာလာပို့တော့ Jasper အိပ်ရာထဲမှ Ray ကိုအတင်းဆွဲပွေ့ကာထခိုင်းလေသည်။
"Jas ရာအိပ်ချင်ပါတယ်ဆိုမှ..."
"စားပြီးမှ အိပ်..."
Ray မျက်စိမဖွင့်ပဲ Jasper ခွံ့ကျွေးတာကိုသာ ဝါးစားနေလိုက်သည်။
ဝါးရင်းနဲ့တစ်ချက်တစ်ချက်အိပ်ပျော်သွားတော့ သူ့နဖူးကို Jas ကနာအောင်တောက်လေသည်။
စားပြီးတော့ အိပ်ရာထဲပြန်ဝင်သွားသော Ray ကို Jas အော်ပြန်သည်။
"ညဝတ်အင်္ကျီ လဲဦးလေ babe...."
"အိပ်ချင်နေပါပြီ ဆိုမှ. !"
Jasper လည်းသူ့ကိုပြန်အော်ပြီး အိပ်ပျော်သွားသော Ray ကိုကြည့်ကာ သက်ပြင်းချရင်းပြုံးမိသည်။
Guest house ကပေးသော ညဝတ်အကျႌဆင်တူလေးကို အိပ်ပျော်နေသော Ray ကိုအသာ လဲဝတ်ပေးလိုက်သည်။
အဝတ်လဲပေးနေရင်း စိတ်ကိုရအောင်ထိန်းရသေးသည်။
မြင်ရင်မြင်တယ်မှတ် Jasper......
မြင်ရင်မြင်တယ်မှတ်....
မင်္ဂလာဦးညမှာ အသေအလဲအိပ်ပျော်နေသော လင်တော်မောင်ကိုဖက်ကာ Jasper လည်းအနားယူလိုက်တော့သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"Jas..."
".........."
"Jas...."
".........."
"Jas... ထတော့ကွာ...."
သူ့အပေါ်တက်ခွပြီး သူ့ပါးကိုပုတ်ကာ နိုးနေသည့် Ray ကို Jasper မျက်စိတစ်ဖက်ဖွင့်ကာကြည့်လိုက်သည်။
ညဝတ်အကျႌနှင့်တောင်မဟုတ်တော့ဘဲ အဝတ်လဲပြီးသားနှင့် ရေချိုးပြီးခါစ ဆပ်ပြာရနံ့ကသင်းနေသည်။
လှုပ်စိလှုပ်စိနှင့် သူ့အပေါ်မှကောင်လေးကို ဆွဲဖက်ထားလိုက်သည်။
"Morning kiss... "
Jasper သူ့နှုတ်ခမ်းလေးကိုပုတ်ကာ တောင်းဆိုလေသည်။
"မွ....မွ.....
Good morning Jas......
Wake up....."
"အင်း....."
ညတုန်းကအဝတ်တောင်မလဲဘဲအိပ်ပျော်သွားပြီး အခုကျတော့ သူမဟုတ်သည့်အတိုင်းတက်ကြွနေသည်။
"Jas....
Sakura တွေပွင့်နေတာအရမ်းလှတာပဲ.....
မနက်ဖြန် နွေဦးပွဲတော်ရှိတယ်...
ဝတ်စုံသွားဝယ်ရအောင် မြန်မြန်လုပ်...."
Jasper ရေအမြန်ချိုးပြီး Ray ထုတ်ပေးထားသည့် အကျႌနှင့်ဘောင်းဘီကိုဝတ်လိုက်သည်။
မြို့ထဲမှာလျှောက်ပတ်ရင်းမနက်စာစားကြသည်။
Chidorigafuchi Park မှာ လှေစီးရင်း Sakura တွေကိုကြည့်ကြသည်။
ရေပြင်နှင့်ထိကပ်မတတ်ညွတ်ကျနေသော Sakura အကိုင်းများမှ ကြွေကျသည့် ပွင့်ဖက်ငယ်တစ်ချို့ကို ရေထဲမှဆယ်ယူကာ Ray ပါးပြင်ထက်တွင်ကပ်လိုက်သည်။
Jasper လက်ထဲမှ လှော်တက်ကိုချကာ မျက်နှာအနှံ့ပွင့်ဖက်တွေကပ်ထားသည့် Ray ကိုဓာတ်ပုံရိုက်လိုက်သည်။
"Khonnichi wa!"(Hello)
ဘေးနားမှလှေတွေကိုလည်း Ray ကနှုတ်ဆက်လိုက်သေးသည်။
Jaspan စကားပြောတတ်တယ်ထင်ရင်မှားသွားလိမ့်မယ် သူသိတာဆိုလို့ Khonnichi wa (hello), Sayoonara (good bye) , Ohaiyogozaimasu (good morning) , Oyasuminasai (good night) ,Arigatoo gozaimasu (thank you),Aishiteru (I love you) ဒီခြောက်လုံးပဲရှိတယ်။
"Jas...Aishiteru"
လက်ညှိုး နဲ့လက်မကို heart sign လုပ်ကာ ပြောပုံက အူယားစဖွယ်။
လှေပေါ်မှာမို့ငြိမ်နေရပေမယ့် ကမ်းလည်းကပ်ရော အသားကုန်ဖက်နမ်းပြစ်လိုက်သည်။
ရိုးရာဝတ်စုံဆိုင်မှာ တစ်ထည်ပြီးတစ်ထည်ဝတ်ကြည့်ပြီး Ray အဖြူရောင်ဝတ်စုံကိုရွေးခြယ်လိုက်သည်။ Jasper ကတော့နက်ပြာရောင်ဝတ်စုံကိုရွေးလေသည်။
ညစာကိုလည်းအပြင်မှာပဲစားကြပြီး guest house ပြန်ရောက်တော့ အဝတ်လဲကာ Ray အိပ်ရာထဲရောက်သွားပြန်သည်။
"babe...ရေပူစမ်းမှာသွားစိမ်ရအောင်လေ"
"ဟင့်အင်း...babe အိပ်ချင်ပြီ...."
ပြောပြီး Ray နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားချေပြီ။ Jasper မှာသာ မနေ့ညကရော ဒီညပါ ဘာမှမဘာရ၍ ကြိတ်မနိုင်ခဲမနိုင်ဖြစ်နေတော့သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Zawgyi
သူဇာနွယ် Emmat လေးကိုခေါ်သွားရာ Ray နှင့် Jasper လည်းအပေါ်ထပ်အခန်းသို့ အင်္ကျီလဲရန်တက်လာခဲ့သည်။
ဂျပန်သို့သွားရန်ပြင်ဆင်ထားပြီး လေယာဉ်ချိန်က ညနေခြောက်နာရီဖြစ်သည်။
"Jas....
လွှတ်ကာ...."
"မလွှတ်ဘူးကွာ...."
Ray ကိုယ်လေးကိုဆွဲလှည့်ကာ နမ်းရန်ပြင်တော့ Jasper့ နှုတ်ခမ်းတွေကိုလက်နှင့်အမြန်တားဆီးလိုက်သည်။
"အင်း....နမ်း..နမ်း......"
"Daddy!!!"
အခန်းတံခါးကိုတွန်းဖွင့်ပြီး ပြေးဝင်လာသော Emmat ကြောင့် Ray ယောင်ကာ နမ်းနေသည့် Jasper့ ကိုဆောင့်တွန်းပြစ်လိုက်သည်။
"ဟမ်...ဘာလို့လဲသားရဲ့..."
အခန်းပေါက်မှကြည့်နေသည့် သူဇာနွယ်က Jasper့ ကိုအဆင်ပြေကြောင်း Ok လုပ်ပြလေသည်။
"Paw(ဖေဖေ) Daddy့ ကိုဂရုစိုက်ပေးပါ.."
"ဟင်......
အင်း....အင်းပါ..."
Jasper့ ကို Paw လို့ခေါ်လိုက်သည့် သားဖြစ်သူကြောင့် Ray ပို၍အံ့အားသင့်ရသည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"ပြင်းတာပေါ့ တီတီရဲ့....
"ညီလေး ညီမလေး?"
"သားလိုချင်တယ်..."
"ဟင်...ဘာလို့လဲ..."
"ဟုတ်လား....
"ဟင်....
"ရတာပေါ့...."
"Mission complete......
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"Bye Bye Daddy
Bye Bye Khun Paw...."
"ဟုတ်တယ် P' Tin.....
Ray ဘာကြောင့်မှန်းမသိ Jasper့ အပြုံးကြောင့် ဖြင်းကနဲ ကြက်သီးထသွားရသည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"အင်း..."
"အင်း......
"အိမ်မက်မဟုတ်ပါဘူး....
"အင်း...."
"Ti!!!! Ti!! Ti!!!"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"အင်း...."
"ညစာစားပြီးမှအိပ်လေ.....
"အင်း...."
"စားပြီးမှ အိပ်..."
Guest house ကပေးသော ညဝတ်အင်္ကျီဆင်တူလေးကို အိပ်ပျော်နေသော Ray ကိုအသာ လဲဝတ်ပေးလိုက်သည်။
မြင်ရင်မြင်တယ်မှတ်....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"Jas..."
".........."
"Jas...."
".........."
"Jas... ထတော့ကွာ...."
ညဝတ်အင်္ကျီနှင့်တောင်မဟုတ်တော့ဘဲ အဝတ်လဲပြီးသားနှင့် ရေချိုးပြီးခါစ ဆပ်ပြာရနံ့ကသင်းနေသည်။
"Morning kiss... "
"မွ....မွ.....
Good morning Jas......
Wake up....."
"အင်း....."
"Jas....
Jasper ရေအမြန်ချိုးပြီး Ray ထုတ်ပေးထားသည့် အင်္ကျီနှင့်ဘောင်းဘီကိုဝတ်လိုက်သည်။
"Khonnichi wa!"(Hello)
"Jas...Aishiteru"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Bạn đang đọc truyện trên: Truyen247.Pro