Part-50 ( truth)
Unicode
မနက်ခင်းနိုးထလာပြီး မျက်စိဖွင့်ဖွင့်ချင်း သူ့မျက်နှာကိုမြင်ရတဲ့ခံစားချက်က တကယ်ကိုပြည့်စုံလွန်းသည်။
နေ့တစ်နေ့ကိုစတင်ဖို့ အားအင်တွေပြည့်ဝလာသလို ခံစားမှုမျိုးကိုပေးစွမ်းနိုင်သည်။
ပါးသိုင်းမွှေးရေးရေးရှိသော သူ့ပါးပြင်ကိုပွတ်သပ်ကြည့်ပြီး နဖူးပေါ်မှဆံပင်တချို့ကိုသပ်တင်ပေးလိုက်သည်။
သူနဲ့ပတ်သက်ရင် သဝန်တိုတတ်လွန်းသူ
သူဖြစ်ချင်တာရှိတိုင်း ကလေးဆိုးဆိုးတတ်သူ
လုပ်ချင်တာကို အမြဲမရရအောင်လုပ်တတ်သူ
အဲ့ဒီသူကတော့ ကျွန်တော် Ray Han ချစ်ရတဲ့ Jasper ပါ......
ဖက်ထားတဲ့သူ့လက်တွေကိုအသာဖယ်ပြီး ထမယ်အလုပ် လက်ကနေပြန်အဆွဲချခံလိုက်ရတာကြောင့် Jasper ့အပေါ်သို့ထပ်လျှက်သားလေးပြုတ်ကျလေသည်။
"ဘယ်သွားမလို့လဲ babe"
"နိုးနေပြီလား"
"babe ကိုယ့်ပါးကိုထိကတည်းကနိုးနေတာ"
"အဲ့တာဆိုလည်းလွှတ်ဦး "
"ကိုယ့်ကို morning kiss မပေးရသေးဘူးလေ မေ့ချင်ယောင်ဆောင်နေတာလား..."
Ray အမြန် Jasper နှုတ်ခမ်းတွေထက်ကို သူနှုတ်နှင့်ထိကပ်လိုက်သည်။
"Good morning.....
နမ်းပြီးပြီ အခုလွှတ်တော့လေ...."
"ကိုယ့်ကိုထူဦး...."
သူ့ကိုလွှတ်ပေးပြီး Jasper ကလက်နှစ်ဖက်ဆန့်တန်းကာ ထူခိုင်းပြန်သည်။
Ray ဆွဲထူလိုက်ပြန်တော့လည်း မျက်စိမပွင့်ဘဲ Ray ကိုအနောက်မှဖက်ကာ ပုခုံးပေါ်မေးတင်ပြီး ရေချိုးခန်းထဲတစ်ရွေ့ရွေ့လိုက်လာလေသည်။
သွားတိုက်တံပေါ်သွားတိုက်ဆေးတင်ပြီး Jasper လက်ထဲကို Ray ထည့်ပေးလိုက်သည်။
သွားတိုက်ရင်းနဲ့တောင် Jasper ကသူ့ကိုမှီထားဆဲ။
မျက်နှာသစ်မှပဲ Jasper မျက်လုံးပွင့်လေသည်။
"ပါးသိုင်းမွှေးတွေထွက်နေပြီ ရိတ်လိုက်ဦး...."
"babe ရိတ်ပေးလေ..."
"ကိုယ်ဟာကိုယ်ရိတ်ပါလား...."
"babe ကလည်းကွာ...."
Jasper ပါးသိုင်းမွှေးစူးစူးတွေနှင့် Ray ပါးကိုအတင်းပွတ်လိုက်ရာ Ray တွန့်လိမ်သွားလေသည်။
"ရိတ်ပေးမယ် ရိတ်ပေးမယ်! "
"အဲ့လိုလုပ်ပါ babe ကလည်း.."
Shave cream တွေကိုသုတ်လိမ်းပေးလိုက်ပြီး Ray သေချာဂရုတစိုက်ရိတ်ပေးလေသည်။
"babe ချစ်တယ်နော်..."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
🎶📲 phone ring....
Jasper ဖိတ်စာတွေသွားယူပြီးအပြန် သူမသိသည့် ဖုန်းနံပါတ်တစ်ခုဝင်လာလေသည်။
"Hello"
"Hello Khun Jasper..
ကျွန်တော် First ပါ....
ကျွန်တော်တို့နှစ်ယောက်သီးသန့်တွေ့ရအောင်
ကျွန်တော် P' ကိုပြောပြစရာရှိတယ်..."
"Ok ငါဘယ်ကိုလာခဲ့ရမှာလဲ"
"နေရာကို ကျွန်တော် message ပို့လိုက်မယ်"
"Ok"
First ကသူ့ကိုဘာပြောစရာရှိတာလဲ......
ကားကိုမှီကာစောင့်ဆိုင်းနေသည့် First ကိုတွေ့တော့ Jasper မလှမ်းမကမ်းမှာဘဲသူ့ကားကိုရပ်လိုက်သည်။
"ငါ့ကိုဘာပြောစရာရှိလို့လဲ First.."
"P' Ray ကဘာလို့ Khun Fah နဲ့လက်ထပ်ခဲ့လဲဆိုတာကို P' သိလား"
"........."
"သူတို့နှစ်ယောက်က P' နောက်ကွယ်မှာ ဖောက်ပြန်နေခဲ့ကြတယ်လို့ P' ထင်နေတာမလား..."
"အဲ့တာတော့အမှန်ပဲလေ.....
ငါနောက်ကွယ်မှာဖောက်ပြန်ကြလို့ မင်္ဂလာဆောင်နေ့မှာပဲ ကိုယ်ဝန်ရှိနေခဲ့တာမဟုတ်လား...."
"P' အထင်လွဲနေပြီ......"
"ငါအထင်လွဲနေတာမဟုတ်ဘူး....
ငါ့ချစ်သူကို Fah ကလုယူသွားခဲ့တာ.....
Fah ကြောင့် ငါ့ကို babe ကလမ်းခွဲခဲ့တာ..."
"အဲ့လိုမဟုတ်ဘူး.....
P' Ray ကတာဝန်ယူခဲ့တာ..."
"ဘာကိုတာဝန်ယူတာလဲ...."
"P' Ray နဲ့ P' လမ်းခွဲတဲ့နေ့မှာ....
P' Ray ကျွန်တော်အလုပ်လုပ်နေတဲ့ Bar မှာလာသောက်ခဲ့တယ်....
P' Ray နဲ့အတူ Kun Fah နဲ့ Khun Jump လည်းရှိတယ်....
Khun Jump အလုပ်ကိစ္စပေါ်သွားလို့ပြန်သွားတဲ့အချိန်မှာ......
ကျွန်တော်.....P' Ray သောက်မယ့်ခွက်ထဲကိုဆေးခတ်ခဲ့တာ......."
"ဘာ!! မင်းဘာပြောလိုက်တာလဲ First"
"ကျွန်တော် P' Ray ကိုဆေးခတ်ခဲ့တယ်.....
အဲ့တာကြောင့် P' Ray က Khun Fah အပေါ်ကျူးလွန်ခဲ့မိတယ်......"
Jasper သူ့ရှေ့က First ကိုတစ်စစီဖြစ်သွားအောင်လုပ်ပစ်ချင်သည့် စိတ်ကို ထိန်းထားရသောကြောင့် မျက်နှာတစ်ခုလုံး နီရဲနေသည်။
"ဘာလို့လဲ! ဘာလို့ဆေးခတ်ခဲ့ရတာလဲ!!!
မင်းကြောင့်သာမဟုတ်ရင်.....
ငါနဲ့ babe အကြာကြီးဝေးကွာခဲ့ရမှာမဟုတ်ဘူး
ငါတို့တစ်ယောက်ကိုတစ်ယောက်မုန်းနေခဲ့ကြမှာမဟုတ်ဘူး..!"
"ကျွန်တော်တောင်းပန်ပါတယ်....
ကျွန်တော်အဲ့အချိန်က ငွေအရမ်းလိုနေလို့ ခိုင်းတဲ့အတိုင်းလုပ်မိတာပါ..."
"ဘယ်သူမင်းကိုခိုင်းခဲ့တာလဲ..."
"Khun Lily"
Jasper ထိတ်လန့်မှုကြောင့် ခြေထောက်တွေယိုင်နဲ့ကာ လဲကျမတတ်ဖြစ်သွားသည်။
"အဲ့တာဆို......
ဒါတွေအားလုံးကိုဖြစ်စေခဲ့တဲ့....
အဓိကတရားခံက ငါပေါ့.....
ငါ့ကြောင့် Lily က babe ကိုဒီလိုလုပ်ခဲ့တာပေါ့...."
"P' Ray ကကျွန်တော်ကိုခွင့်လွှတ်ပေးခဲ့တယ်...
ကျောင်းဆက်ထားပေးပြီး ကျွန်တော့်အမေကိုလည်းဆေးကုပေးခဲ့တယ်....
Khun Fah ရဲ့ဂုဏ်သိက္ခာအတွက် P' Ray လက်ထပ်ခဲ့တယ်.....
အဲ့ဒီညရဲ့အမှားကြောင့် သခင်လေး Emmat ကိုရခဲ့တာ....
P' ဒီကိစ္စတွေကိုဖုန်းကွယ်ထားခဲ့တာက သခင်လေး Emmat အတွက်ပါ....
သခင်လေး Emmat ကသူ့ဘဝရဲ့အကောင်းဆုံးဆုလာဘ်လေးမို့ အမှားတစ်ခုကြောင့်ရခဲ့တဲ့ကလေးလို့လူတွေကိုမထင်စေချင်ဘူးတဲ့......
ဒီနှစ်တွေအတွင်းမှာ P' Ray ပြုံးနေရယ်နေခဲ့ပေမယ့် တကယ်ပျော်ရွှင်မနေခဲ့ဘူး....
အခုတော့ P' Ray တကယ်ပျော်ရွှင်နေတာကိုကျွန်တော်တွေ့ခဲ့ရတယ်.....
ကျေးဇူးပြုပြီး P' Ray ကို နာကျင်အောင်ထပ်မလုပ်ပါနဲ့လို့ ကျွန်တော်တောင်းဆိုချင်တယ် P'''
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Hotel ခန်းမထဲမှာ မင်္ဂလာပွဲအပြင်အဆင်တွေကို လိုက်ညွှန်ကြားနေသည့် Ray ရုတ်တရက် နွေးထွေးလွန်းသော ရင်ခွင်ထဲသို့ရောက်ရှိသွားခဲ့သည်။
"Jas.....
ဘာဖြစ်လာလို့လဲ....."
".........."
ခန်းမထဲက ဝန်ထမ်းတွေကလည်းသူတို့နှစ်ယောက်ကိုကြည့်နေကြသည်။
သူ့ကိုတင်းတင်းကျပ်ကျပ်ဖက်ပြီး ဘာမှမပြောဘဲ Jasper ငြိမ်သက်နေသည်။ ပုခုံးပေါ်မှစိုစွတ်လာသောအထိအတွေ့ကြောင့် Ray ရင်ထဲထိတ်ကနဲဖြစ်သွားသည်။
သူ့ပုခုံးပေါ်တင်ထားသော Jasper မျက်နှာကို Ray လက်နှစ်ဖက်နှင့်ကိုင်ကာ မျက်နှာချင်းဆိုင်စေလိုက်သည်။
"ဘာလို့ငိုနေတာလဲ.....
ဘာဖြစ်လာလို့လဲဟင်...."
Jas ကမဖြေ သူ့ကိုသာခပ်တင်းတင်းပြန်ပွေ့ဖက်လိုက်ပြီး တအိအိငိုနေသည်။
Ray ဝန်ထမ်းတွေကိုအချက်ပြကာ ခန်းမထဲမှထွက်သွားစေလိုက်ပြီး Jasper ့ ကျောပြင်လေးကို နှစ်သိမ့်စွာပုတ်ပေးလိုက်သည်။
"ကိုယ်တောင်းပန်ပါတယ်.....
ကိုယ် babe အပေါ်မှာအတ္တကြီးခဲ့မိတယ်......
babe အချစ်တွေကိုအနိုင်ယူခဲ့မိတယ်.....
babe ကိုအမြဲနာကျင်အောင် ငိုအောင်လုပ်ခဲ့မိတယ်......
ကတိတွေကိုလည်းချိုးဖောက်ခဲ့တယ်...
ကိုယ်တကယ်ကိုတောင်းပန်ပါတယ် babe..."
"ရပါတယ်.......
babe ကိုတောင်းပန်စရာမလိုပါဘူး.....
babe အားလုံးကိုခွင့်လွှတ်တယ်.......
အဲ့တာကြောင့် မငိုနဲ့တော့နော်......"
ပါးပြင်မှမျက်ရည်တွေကိုသုတ်ပေးနေသည့် Ray လက်ချောင်းသွယ်သွယ်လေးတွေကို ဆုပ်ယူကာ အမြတ်တနိုးနမ်းရှိုက်လိုက်သည်။
"ကျေးဇူးတင်ပါတယ် babe......
ကိုယ်နောက်ထပ် ဘယ်ကတိကိုမှ မချိုးဖောက်ဘူး..... babe ကိုလည်းစိတ်ဆင်းရဲရအောင်မလုပ်တော့ဘူး......
Emmat လေးလက်ခံလာအောင်လည်းကြိုးစားမယ်....
ကိုယ့်ကိုယုံကြည်ပေးမယ်မလားဟင်..."
"အင်း......
Jas ကို babe ယုံတယ်....."
သူ့နှုတ်ခမ်းတွေဆီကို ဦးတည်လာသော Jasperရဲ့ နှုတ်ခမ်းတွေကြောင့် Ray မျက်ဝန်းတွေကိုမှိတ်ချလိုက်ကာ နူးညံ့သောအနမ်းတို့ကိုခံယူလိုက်သည်။
ခန်းမတံခါးကိုဟကာ သူတို့နှစ်ယောက်ကိုချောင်းကြည့်နေကြသည့် တာဝန်ခံကြီးအပါအဝင် မန်နေဂျာနှင့် ဝန်ထမ်းများမှာလည်း အပြုံးကိုယ်စီနှင့်ပင်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"Mr. Ray ရဲ့ဖိတ်စာအခုပဲရောက်လာပါတယ် ဥက္ကဋ္ဌ"
အတွင်းရေးမှူးမလေးလာပေးသော ဖိတ်စာလေးကိုဖွင့်ကြည့်ကာ Jump ပြုံးလိုက်မိသည်။
"ဘယ်သူလာပို့သွားတာလဲ"
"Mr. Ray ရဲ့အတွင်းရေးမှူးပါ..."
"First လား..."
"ဟုတ်ပါတယ်...."
Jump ဖိတ်စာကိုချကာ ရုံးခန်းထဲမှပြေးထွက်လာခဲ့သည်။
lift ထဲဝင်ကာ မြေအောက်ထပ်ကား parking သို့ဆင်းလာခဲ့သည်။
ဓာတ်လှေကားတံခါးပွင့်ပွင့်ချင်း ကား key လေးကိုလှမ်းဖွင့်လိုက်သော မလှမ်းမကမ်းမှ First ကိုတွေ့လိုက်သည်။
"First! "
နာမည်ခေါ်လိုက်တော့ သူ့ကိုလှည့်ကြည့်ပြီး ကားဆီကိုတန်းနေအောင်ပြေးတော့သည်။
"First နေဦးလေ!"
ကားပေါ်တက်ပြီး အတင်းမောင်းထွက်သွားသော First ကြောင့် Jump ကား parking ထဲမှာတစ်ယောက်တည်းရယ်ရင်းကျန်ခဲ့လေသည်။
"Arrrr မျက်နှာပူလိုက်တာ....."
First ကားကိုအရှိန်လျော့ကာ ရေရွတ်မိလေသည်။
မျက်နှာချင်းမဆိုင်ရဲသေးလို့မှ ဖိတ်စာကို အတွင်းရေမှူးဆီပေးခဲ့ပါတယ်ဆိုမှ သူက ကား ပါကင်ကိုလိုက်လာရတယ်လို့.......
သူတို့နှစ်ယောက်ကြားမှာ အနေရခက်စေတဲ့ အဖြစ်အပျက်တစ်ခု လွန်ခဲ့တဲ့သုံးရက်က မထင်မှတ်ဘဲဖြစ်ခဲ့သည်။
Ray နဲ့လမ်းခွဲခဲ့တဲ့ညက Jump မူးရူးပြီး First ကိုဖုန်းခေါ်ခဲ့သည်။
First ကလည်းသူရှိသည့် club သို့ချက်ချင်းရောက်လာကာ သူ့ကိုအိမ်ပြန်ပို့ပေးခဲ့သည်။
ထိုနေ့ကစပြီး Jump ညတိုင်းလိုလိုသောက်ဖြစ်ပြီး First ကလည်းသူ့အနားမှာအဖော်လုပ်ပေးလေသည်။ သူပြောသမျှနားထောင်ကာ သူရစ်သမျှကိုသည်းခံရှာသည်။
လွန်ခဲ့တဲ့သုံးရက်က Jump အပြင် Club တွေမသွားဘဲ အိမ်မှာပဲ သောက်ခဲ့သည်။
ခါတိုင်းသူသောက်ရင်ဘေးကနေထိုင်ပြီး ဘယ် alcohol ကိုမှနည်းနည်းမှထိမကြည့်သော First ကို Jump အတင်းတိုက်ခဲ့သည်။
အစကမသောက်ဘူးအတင်းငြင်းနေရာမှ နှစ်ခွက်သုံးခွက်လောက်ဝင်သွားတော့ ပြောစရာကိုမလို သူ့ဘာသာဆက်သောက်တော့သည်။
ဇာတ်လမ်းက အဲ့ဒီမှာစတာပဲ.....
ဧည့်ခန်းစားပွဲပေါ်ကို First တက်ထိုင်လိုက်လေသည်။
ညဝတ်အကျႌမှ အပေါ်ကြယ်သီးသုံးလုံးကိုဖြုတ်ကာ ပုခုံးပေါ်အောင် ဆွဲချလိုက်ပြီး ညဝတ်ဘောင်းဘီကိုလည်းအပေါ်သို့ဆွဲတင်လိုက်သည်။
"P'"
"ဖွီးးးး အဟွတ်...အဟွတ်...."
ဆွဲချထားသော ညဝတ်အင်္ကျီကြောင့် လည်တိုင်နုနုနှင့် ပုခုံးသားဖွေးဖွေးလေးအပြင် တစ်ချက်တစ်ချက်ပေါ်လာသော ရင်ဘက်မှ ပန်းရောင်အမှတ်အသားလေး...
ဘောင်းဘီကို ပေါင်အထိလိပ်တင်ထားသောကြောင့် ယောက်ျားလေးခြေထောက်ဟုထင်ရက်စရာမရှိသည့် မွှေးညှင်းနုနုလေးများနှင့် လှပသော ခြေသလုံးနှင့်ပေါင်တံလေး.....
ဂလု......
စိတ်ထိန်းစမ်း Jump...
စိတ်ထိန်း.... စိတ်ထိန်း......
"P'"
ရီဝေဝေမျက်ဝန်းလေးများနှင့် First ကသူ့ကိုမျက်စိတစ်ဖက်မှိတ်ကာ နှုတ်ခမ်းလေးကိုက်ပြပြန်သည်။
စိတ်ကိုထိန်းစမ်းဟ...
ဟိုကမူးနေတာ....
သူ့အနားကို First က လေးဘက်ထောက်ပြီး တရွေ့ရွေ့ရောက်လာလေသည်။
sofa ပေါ်တောင့်တောင့်ကြီး ထိုင်နေတဲ့ သူ့အပေါ်ကို First ကစားပွဲပေါ်မှဆင်းလာပြီး တက်ခွလေသည်။
သူ့လည်တိုင်ကိုဖက်တွယ်ရင်း အမူးသမားလေး First ကရယ်ပြနေလေသည်။
"First.....
P'....P' အပေါ်က...ဆင်း...ဆင်းပေးပါလားဟင်.."
လွတ်ထွက်ချင်နေသည့် စိတ်ကိုမနည်းထိန်းကာပြောတော့ စကားတွေကထစ်နေပြန်သည်။
"P'....
P' ကိုကြိုက်တယ်...
သဘောကျတယ်....
စိတ်ဝင်စားတယ်.....ပြီးတော့....
ချစ်တယ်....
ဟီး......."
သူ့ရင်ဘက်ကိုလက်ညှိုးလေးနှင့် ပွတ်လိုက်ထောက်လိုက်လုပ်ကာပြောပြီး ဟီးကနဲရယ်ပြပြန်သည်။
"Arrrr... mwah... mwah.... mwah..."
နှုတ်ခမ်းလေးကိုစုချွန်ပြီး သူ့နှုတ်ခမ်းထက်ကိုတမွမွထနမ်းတော့ Jump လိပ်ပြာလွင့်သွားချေပြီ........
First ကသူနဲ့ယှဉ်ရင်လူကောင်သေးပြီး သူတစ်ချက်ကိုင်ပေါက်တာနဲ့ ကျိုးပဲ့သွားနိုင်ပေမယ့် Jump ခြေတွေရောလက်တွေရော အချုပ်ခံထားရသလိုလှုပ်မရ....
တဖန်သူ့နှုတ်ခမ်းကိုလျှာနှင့်လျှက်လိုက်ပြန်တာကြောင့် Jump ဆံပင်တွေတောင်ထောင်ကုန်ချေပြီ......
မနမ်းတတ်နမ်းတတ်နှင့် သူ့နှုတ်ခမ်းတွေကိုတပြွတ်ပြွတ်စုပ်နေသော First ကို Jump Deep kiss ပြန်ပေးလိုက်သည်။
နမ်းနေရာမှတဖြည်းဖြည်းငြိမ်ကျသွားပြီး First သူ့ရင်ခွင်ထဲမှီကာ ချက်ချင်းအိပ်ပျော်သွားလေသည်။
Jump မှာတော့ကြောင်တောင်တောင် ဟတ်ကော့ကြီးဖြစ်နေသည်။
ထိုညက First ကိုသူ့အခန်းထဲပွေ့ပို့ပေးခဲ့ပြီး သူကတော့ဧည့်ခန်းမှာသာအိပ်ခဲ့သည်။
မနက်သူနိုးလာတော့ First မရှိတော့ပေ။ သူဖုန်းခေါ်တော့လည်းမကိုင် ။ သူ့ကိုတွေ့ရင်လည်းပတ်ပြေးနေတော့သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Zawgyi
"ဘယ်သွားမလို့လဲ babe"
"နိုးနေပြီလား"
"အဲ့တာဆိုလည်းလွှတ်ဦး "
"Good morning.....
"ကိုယ့်ကိုထူဦး...."
"babe ရိတ်ပေးလေ..."
"babe ကလည်းကွာ...."
"babe ချစ်တယ်နော်..."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
🎶📲 phone ring....
"Hello"
"Hello Khun Jasper..
ကျွန်တော် First ပါ....
"Ok"
"........."
"အဲ့တာတော့အမှန်ပဲလေ.....
"P' အထင်လွဲနေပြီ......"
"အဲ့လိုမဟုတ်ဘူး.....
P' Ray ကတာဝန်ယူခဲ့တာ..."
"ဘာကိုတာဝန်ယူတာလဲ...."
"Khun Lily"
"အဲ့တာဆို......
အဓိကတရားခံက ငါပေါ့.....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"Jas.....
ဘာဖြစ်လာလို့လဲ....."
".........."
"ဘာလို့ငိုနေတာလဲ.....
ဘာဖြစ်လာလို့လဲဟင်...."
"ကိုယ်တောင်းပန်ပါတယ်.....
"ရပါတယ်.......
"ကျေးဇူးတင်ပါတယ် babe......
"အင်း......
Jas ကို babe ယုံတယ်....."
သူ့နှုတ်ခမ်းတွေဆီကို ဦးတည်လာသော Jasper့ နှုတ်ခမ်းတွေကြောင့် Ray မျက်ဝန်းတွေကိုမှိတ်ချလိုက်ကာ နူးညံ့သောအနမ်းတို့ကိုခံယူလိုက်သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"ဘယ်သူလာပို့သွားတာလဲ"
"First လား..."
"ဟုတ်ပါတယ်...."
"First! "
"First နေဦးလေ!"
ညဝတ်အင်္ကျီမှ အပေါ်ကြယ်သီးသုံးလုံးကိုဖြုတ်ကာ ပုခုံးပေါ်အောင် ဆွဲချလိုက်ပြီး ညဝတ်ဘောင်းဘီကိုလည်းအပေါ်သို့ဆွဲတင်လိုက်သည်။
"P'"
"ဖွီးးးး အဟွတ်...အဟွတ်...."
ဂလု......
စိတ်ထိန်းစမ်း Jump...
စိတ်ထိန်း.... စိတ်ထိန်း......
"P'"
စိတ်ကိုထိန်းစမ်းဟ...
ဟိုကမူးနေတာ....
"First.....
"P'....
P' ကိုကြိုက်တယ်...
သဘောကျတယ်....
ချစ်တယ်....
ဟီး......."
"Arrrr... mwah... mwah.... mwah..."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Bạn đang đọc truyện trên: Truyen247.Pro