Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-5 (I promise, I'll never leave you )

Unicode

နွားနို့ကိုအေးအေးဆေးဆေးသောက်နေသည့် Ray ကို Jasper စိတ်ဝင်တစားကြည့်နေသည်။

"မင်းက ထိုင်းလူမျိုးလား"
"ဟင့်အင်း ကပြား"
"ကပြားလား ငါလည်း ထိုင်း-အင်္ဂလိပ် ကပြား မင်းကရော"
"မြန်မာ-ထိုင်း-အင်္ဂလိပ်"
"Wow အဲ့တာဆိုမင်းမှာ Ray Han အပြင်တခြားနာမည်ရှိမှာပေါ့"
" မြန်မာနာမည်ရှိတယ် Han Linn Kha"
"Kha ငါမင်းကို Kha လို့ခေါ်မယ်ရလား"
"အင်း ငါလည်းမင်းကို Jas လို့ပဲခေါ်မယ်"
"Okမင်းအသက်ဘယ်လောက်လဲ Kha"
"18"
"အတူတူပဲ ငါတို့သူငယ်ချင်းလုပ်ကြမလား Kha"

Jasper အမေးကြောင့် Ray သတက်ကလေးပေါ်အောင်ပြုံးလိုက်သည်။

"Sure Jas"
"ချစ်စရာလေးကွာ"

Jasper ပြောပြောဆိုဆိုနှင့် Rayပါးလေးနှစ်ဖက်ကိုလာညှစ်လေသည်။

"အားး နာတယ် Jas"

Ray နာတယ်ပြောမှသာ Jasper လွှတ်ပေးသည်။ Ray နီရဲနေသောပါးလေးနှစ်ဖက်ကို လက်နှင့်အုပ်ထားပြီး Jasper ကိုဘုကြည့်ကြည့်လိုက်တော့ သဘောတကျရယ်မောနေလေသည်။

Jasperတက်မည့် တက္ကသိုလ်မှာလည်း Ray နှင့်တူနေသောကြောင့်နှစ်ယောက်သားပို၍ရင်းနှီးလာလေသည်။ Siam center တွင်အတူတူ shopping ထွက်ကြရင်း ကျောပိုးအိတ်အကြိုက်တူနေသောကြောင့် ဆင်တူပင်ဝယ်ခဲ့ကြသေးသည်။

နေ့လည်စာစားချိန်ရောက်သောအခါ လိုအပ်သည်များဝယ်ပြီးပြီဖြစ်ပြီး နှစ်ဦးသားနေ့လည်စာအတူပင်စားကြသည်။

"Kha ငါမင်းကိုမေးစရာရှိတယ် မေးလို့ရလား"
"မေးလေ"
"မင်းကယောက်ျားလေးဟုတ်ပါတယ်နော်"
"ဖူးးးးး အဟွတ်..အဟွတ်"

Ray သောက်လက်စရေသီးသွားတော့ Jasper က Tissue နှင့်သုတ်ပေးလေသည်။

"ငါကယောက်ျားစစ်စစ်ပါကွာ နိုင်ငံသားကဒ်ပြရဦးမလား"
"ပြစရာမလိုပါဘူးကွာ မင်းကအရမ်းလှတာကိုကွ"

Ray ရင်ဘက်ထဲ ဆူးကနဲအောင့်တက်လာသောနာကျင်မှုနှင့်အတူ မဲ့ပြုံးလေးတစ်ခုကနှုတ်ခမ်းတွင်ချိတ်ဆွဲလာသည်။

"ငါ့ကို လူတော်တော်များများကအဲ့လိုပြောကြတယ် "
"ချစ်စရာလေးပါကွာ"

Jasper Ray ပါးလေးကိုထပ်ညှစ်ပြန်သည်။

"Jas!"

Rayအော်လိုက်မှ သွားအဖြီးသားနဲ့အုံဖွ လုပ်ပေးနေလေသည်။

"Kha ပြီးရင်မင်းဘာလုပ်စရာရှိသေးလဲ"
"တိုက်ခန်းအတွက် လိုတာလေးတွေနည်းနည်းဝယ်ရဦးမှာ ညနေကျရင်တော့ Wine တို့အိမ်ညစာသွားစားရမှာ"
"Wine? မင်းကောင်မလေးလား"
"ငါ့ကောင်မလေးမဟုတ်ဘူး ညီမလေးပေါ့ကွာ သူ့မိဘတွေနဲ့ငါ့မိဘတွေကသူငယ်ချင်းတွေလေ"
"​​ဪ"
"မင်းကရော Jas"
"ငါကတိုက်ခန်းကိုပဲပြန်မှာ"
"ညစာကိုတိုက်ခန်းမှာစားမလို့လား"
"ဟင့်အင်း ငါတစ်ယောက်တည်းဆိုညစာမစားဘူး"
"မင်းသူငယ်ချင်းတွေနဲ့စားလေ"
"သူတို့လည်းမအားဘူး ခါတိုင်းဆိုငါညတိုင်း clubသွားတယ် ဒီနေ့အဲ့ကောင်တွေမအားလို့ငါလည်းမသွားတာ"
"မင်းမိသားစုရော"
"hak ငါ့မှာမိသားစုမရှိဘူး"
"Arrr sorry"

Ray သူ့စကားမှားသွားပြီအထင်နှင့် တောင်းပန်လိုက်ကာ လျှာလေးကိုက်ပြီး ခေါင်းလေးပုလိုက်လေသည်။

Jasperက Rayဆံပင်လေးတွေကိုဖွလိုက်ပြီး ရပါတယ် ဟူသောအကြည့်များဖြင့် ပြုံးပြနေလေသည်။

"ငါနဲ့ညစာလိုက်စားပါလား Jas"
"တော်ပါပြီကွာ ငါနဲ့လည်းသိတာမဟုတ်ဘဲနဲ့"
"လိုက်ခဲ့ပါ မင်းကငါ့သူငယ်ချင်းပဲလေ ပြီးတော့,Wineတို့မိသားစုကလည်းသဘောကောင်းပါတယ်"
"ဟင့်အင်း မလိုက်တော့ဘူး"
"ဘာလို့လဲ Jas လိုက်ခဲ့ပါကွာ နော် နော်လို့ နော်.နော်.နော်"

Ray မျက်လုံးလေးပေကလပ်ပေကလပ်လုပ်ကာ နှုတ်ခမ်းလေးထော်ပြီးတောင်းဆိုနေတော့ Jasper မငြင်းဆန်နိုင်တော့ဘဲ အသည်းယားစွာ Ray ပါးလေးကိုဆွဲညှစ်လိုက်ပြန်သည်။

တိုက်ခန်းအတွက်လိုအပ်တာတွေဝယ်ရင်း market ထဲတွင်နှစ်ယောက်သားသောင်းကျန်းကြပြန်သည်။ Jasper က Beer ဖာလိုက်နှင့် snack တွေမျိုးစုံဝယ်သည်။ Ray ကတော့ နွားနို့ကဒ်များ ပေါင်မုန့်နှင့် အသီးအနှံအချို့ဝယ်လေသည်။

လိုအပ်တာအားလုံးဝယ်ပြီး Ranida အိမ်တော်သို့နှစ်ယောက်သားချီတက်ကြတော့သည်။ Jasper ကကားမောင်းနေသောRayကိုသေချာစိုက်ကြည့်နေပြန်သည်။

"Kha မင်းကမြန်မာကနေ ဒီကိုကျောင်းတက်ဖို့အတွက်လာတာလား"
"အင်း ကျောင်းတက်ဖို့ရော ပြီးတော့တခြားကိစ္စလေးတွေလည်းရှိလို့"
"ဘွဲ့ရရင် မြန်မာကိုပြန်မှာပေါ့"
"အဲ့တာတော့မသိသေးဘူး"
"မင်းမှာရည်းစားရှိလား Kha"
"မရှိဘူး"
"ရည်းစားရောထားဖူးလား"
"ရည်းစားထားဖူးလားဆိုတော့..."

Rayပြန်မဖြေဘဲ စကားလမ်းကြောင်းလွှဲလိုက်သည်။

"ငါ့ကိုဘဲမေးမနေနဲ့ မင်းကရော ရည်းစားရှိလား"
"ငါ့မှာက ရည်းစားလား သူငယ်ချင်းလားမသဲကွဲတာတွေများနေတယ် "
"Wow ဟိုတစ်ခါလေဆိပ်မှာတောင်မှ kiss"
"မင်းမြင်လိုက်တယ်ပေါ့"
"လူတိုင်းမြင်တာဘဲကို"

Ranida အိမ်တော်ရှေ့ရောက်တော့ခြံစောင့်ကတံခါးဖွင့်ပေးပြီး အိမ်တော်ဆင်ဝင်အောက်ထိကားကိုမောင်းဝင်လိုက်သည်။
ကားပေါ်ကဆင်းသည်နှင့် Pa နှင့် Ma ကိုRay နှုတ်ဆက်ကာဖက်လိုက်လေသည်။

"သား Han ကဧည့်သည်ခေါ်လာတာလား"
"ဒါကသားသူငယ်ချင်း Jasper "
"Sawadee kurp Pa' Ma'"
"Wadee လာအိမ်ထဲဝင်ကြ"
"ကိုကို!!"

Wine အပေါ်ထပ်မှ ခုန်ပေါက်ဆင်းလာကာ Rayကိုဖက်လိုက်သည်။

5'3"ကျော်ကျော်အရပ်ကလေးနှင့်Rayရင်ခွင်ထဲကိုအတင်းတိုးဝင်နေသောကောင်မလေးကြောင့် Jasper မျက်မှောင်ကြုံ့လိုက်မိသည်။

"ကိုကို Wine ကိုကျောပိုး"
"Wine သားHanကအခုမှရောက်တာလေ "

Paငေါက်လိုက်သောကြောင့် Wine မျက်နှာလေးစူပုပ်လာလေသည်။

"ရပါတယ်Paကလည်း"
"Wineကိုအရမ်းအလိုမလိုက်နဲ့သား အသက်ကလည်းတစ်လကွာတာကို ကိုကို ကိုကို နဲ့ဆိုးနေတာ"
"Paနဲ့Maကလည်း Wine မှာကိုကိုကဒီတစ်ယောက်ပဲရှိတာကို ကိုကို့ ကိုပဲဆိုးမှာပေါ့"

အရင်လိုသူ့အပေါ်ဆိုးနွဲ့တတ်သော,Wine ကို Ray စချင်လာသည်။

"Wine အရပ်ကဘာလို့ရှည်မလာတာလဲ"
"ကိုကိုနော် Wine အရပ်နည်းနည်းပိုရှည်လာပါတယ်"

Wine, သူမနှင့်Rayကိုကြည့်နေသော Jasper ကိုမြင်လိုက်သောအခါ Rayကိုမေးလိုက်လေသည်။

"ကိုကို အဲ့လောရှည်ကဘယ်သူလဲ"
"Wineဧည့်သည်ကိုမရိုင်းရဘူးလေ"
"သူကကိုကို့သူငယ်ချင်း Jasper"
"သူငယ်ချင်း? ကိုကိုကမနေ့ကမှရောက်တာကိုသူငယ်ချင်းရတာလဲမြန်တာ"

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"ကိုကိုပြီးရင် Wine ကိုသီချင်းဆိုပြီးချော့သိပ်နော်"

မျက်နှာငယ်လေးနှင့်တောင်းဆိုနေသော Wine ကို Ray မငြင်းတော့ပေ။
ညစာစားပြီး Ray ,Wineနှင့်အိမ်အပြင်သို့ထွက်သွားလေသည်။ Jasper ကတော့ Wine အဖေ အမေနှင့်အတူဧည့်ခန်းထဲတွင်ပင်ကျန်ခဲ့လေသည်။

"သား Han က Wine လေးကို ငယ်ငယ်ကတည်းကကျောပိုးပြီးချော့သိပ်နေကြလေ"

Wine အဖေ၏စကားကို,Jasper အပြုံးနှင့်သာတုံ့ပြန်လိုက်ပြီး တိတ်ဆိတ်နေမိသည်။
ခဏနေတော့Ray အိမ်ထဲပြန်ဝင်လာသည်။ကျောပေါ်တွင်တော့ Wine ကနှစ်​​ခြိုက်စွာအိပ်ပျော်နေသည်။

"Ma, Wineအိပ်ပျော်သွားပြီ သူ့အခန်းကဘယ်မှာလဲသားလိုက်ပို့လိုက်မယ်"
"အပေါ်ထပ်မှာသား Ma လိုက်ပြမယ်"

Wineအမေနောက်Ray လိုက်သွားသည်ကို Jasper လည်းခပ်တည်တည်နှင့်ကပ်လိုက်လာလေသည်။

Ray ကျောပေါ်မှWineကိုအိပ်ရာပေါ်အသာချပေးပြီး စောင်ခြုံပေးကာ ဆံနွယ်လေးတွေကိုသပ်တင်ပေးလိုက်သည်။

"ကိုကိုပြန်တော့မယ်နော် Wine, good night"

Jasper, Wineအခန်းအတွင်းသို့မျက်စေ့ကစားကြည့်ရာ Ray နှင့်Wine၏ငယ်စဉ်ကဓာတ်ပုံများကိုတွေ့ရလေသည်။
Pa နှင့် Ma ကိုနှုတ်ဆက်ကာ Ray နှင့် Jasperလည်း Condo သို့ပြန်ခဲ့လေသည်။

"Jas မင်းကားကပြင်တဲ့သူခေါ်ပြီးပြီလား"
"အင်းမနက်ကတည်းကလှမ်းဖုန်းဆက်ထားတယ် ပြင်ပြီးလောက်ရောပေါ့ Kha မင်းအခန်းNo.ဘယ်လောက်လဲ"
"36F"

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

" Ting..Tong..Ting..Tong..."

Ray တိုက်ခန်းပြန်ရောက်သည်နှင့်ခြေလက်ဆေးညဝတ်လဲ ပြီးစဉ် တံခါး bell မြည်လာသောကြောင့် အပြေးလေးသွားဖွင့်လိုက်ရာ...
Luggageတစ်လုံးနှင့် Beer တစ်ဖာကိုပိုက်ထားသော Jasperကိုတွေ့လိုက်ရသည်။

"Jas ဘာလာလုပ်တာလဲ"

Rayအမေးကိုမဖြေဘဲ Jasper အထဲသို့ဝင်လိုက်ကာ Beer ဖာကို ဖောက်၍ ရေခဲသတ္တာထဲသို့စီထည့်လိုက်သည်။

"ငါမင်းနဲ့အတူလာနေတာလေ Kha"
"ဟမ်"

Rayအံ့ဩလို့ပင်မဆုံးလိုက် Jasper က Beer တစ်ဘူးလုံးကိုတစ်ခါတည်းမနားဘဲမော့သောက်ပြစ်လိုက်ကာ အိမ်ခန်းထဲသို့ဝင်သွားလေသည်။ Rayလည်းအနောက်ကဝင်သွားတော့ ကိုယ်တော်ချောက ကုတင်ပေါ်တွင်အကျအန လှဲလျောင်းနေသည်။

Ray လည်း မပြောချင်တော့တာကြောင့် Jasper ဘေးတွင်ကုတင်ခေါင်းရင်းကိုမှီထိုင််ကာ laptop ဖွင့်လိုက်ပြီး သူပိုင်သည့် Share များ၏အခြေနေကို ကြည့်လိုက်သည်။

"အားးးးးး!!"

နာရီဝက်ကျော်ခန့်ကြာသောအခါ Jasper အော်ဟစ်ပြီး ချွေးများနှင့်လန့်နိုးလာလေသည်။ Ray လည်း laptop ပိတ်လိုက်ပြီး အမြန်ရေယူကာ Jasperကိုတိုက်လိုက်သည်။

"ဘာဖြစ်လို့လဲ Jas အိမ်မက်ဆိုးတွေမက်လို့လား"
"ငါကြောက်တယ် Kha မေမေကငါ့ကိုထားသွားပြီး ဖေဖေ့ကငါကိုဂရုမစိုက်ဘဲစွန့်ပစ်ထားတာ ငါ့အနားမှာဘယ်သူမှမရှိဘူး"

တုန်ယင်နေသော JasperကိုRayဖက်လိုက်သည်။ Jasperကလည်းတင်းကြပ်စွာပြန်ဖက်ထားလေသည်။

"ငါရှိတယ်မင်းအနားမှာ ငါရှိတယ်လေ ငါမင်းကိုထားသွားမှာမဟုတ်သလို ဘယ်တော့မှလည်းစွန့်မပစ်ဘူးလို့ ငါကတိပေးတယ်"

Jasper ခေါင်းငြိမ့်ကာRayကိုလွတ်ထွက်သွားမှာစိုးသည့်အလားဖက်ထားပြန်သည်။

"Kha ငါ့ကိုဟိုဂျပုမလေးလိုသီချင်းဆိုပြီးချော့သိပ်ပါလားဟင်"
"ဂျပုမလေး?...Wineကိုပြောတာလား?"
"အင်း ခေါင်းကိုလည်းပွတ်ပေးနော်"

Jasper, Rayလက်ကိုသူ့ခေါင်းပေါ်တင်ပေးလိုက်ပြီး Rayရင်ခွင်လေးထဲကိုအတင်းခေါင်းတိုးဝင်ကာဖက်ထားလေသည်။

6'3"ခန့်အရပ်ရှည်လျားသော Jasper က 5'10"သာရှိသည့် Rayရင်ခွင်ထဲတွင်ရောက်နေသည်မှာ နည်းနည်းတော့ကို့ယို့ကားယားနိုင်သည်။

Ray, Jasperဆံပင်လေးများကို ကလေးတစ်ယောက်ကိုချော့သိပ်နေသကဲ့သို့ငြင်သာစွာပွတ်သပ်ပြီး A thousand years သီချင်းကိုစတင်သီဆိုလိုက်သည်။

"🎶Heart beats fast
Colors and promises
How to be brave
How can I love when I'm afraid
To fall......
But watching you stand alone
All of my doubt suddenly goes assume in somehow
One step closer.....
I have died everyday waiting for you
Darling don't be afraid
I have loved you for a thousand years
I'll love you for a thousand more.....
One step closer..... 🎶"

သီချင်းဆုံးတော့ရင်ခွင်ထဲကကလေးကြီးကနှစ်ချိုက်စွာအိပ်ပျော်နေပြီဖြစ်သည်။

"Good night Jas"

************************************

(AN:😁 Twilight fan တွေဆိုအပေါ်ကသီချင်းလေးကိုသိကြမှာပါ
Breaking down ရဲ့ ost လေး
Wedding scence မှာပါတာ
ကျွန်တော်ကတော့အဲ့သီချင်းလေးကိုအရမ်းသဘောကျတာ)

******************************

Zawgyi

ႏြားနို႔ကိုေအးေအးေဆးေဆးေသာက္ေနသည့္ Ray ကို Jasper စိတ္ဝင္တစားၾကည့္ေနသည္။

"မင္းက ထိုင္းလူမ်ိဳးလား"
"ဟင့္အင္း ကျပား"
"ကျပားလား ငါလည္း ထိုင္း-အဂၤလိပ္ ကျပား မင္းကေရာ"
"ျမန္မာ-ထိုင္း-အဂၤလိပ္"
"Wow အဲ့တာဆိုမင္းမွာ Ray Han အျပင္တျခားနာမည္ရွိမွာေပါ့"
" ျမန္မာနာမည္ရွိတယ္ Han Linn Kha"
"Kha ငါမင္းကို Kha လို႔ေခၚမယ္ရလား"
"အင္း ငါလည္းမင္းကို Jas လို႔ပဲေခၚမယ္"
"Okမင္းအသက္ဘယ္ေလာက္လဲ Kha"
"18"
"အတူတူပဲ ငါတို႔သူငယ္ခ်င္းလုပ္ၾကမလား Kha"

Jasper အေမးေၾကာင့္ Ray သတက္ကေလးေပၚေအာင္ၿပဳံးလိုက္သည္။

"Sure Jas"
"ခ်စ္စရာေလးကြာ"

Jasper ေျပာေျပာဆိုဆိုႏွင့္ Rayပါးေလးႏွစ္ဖက္ကိုလာညွစ္ေလသည္။

"အားး နာတယ္ Jas"

Ray နာတယ္ေျပာမွသာ Jasper လႊတ္ေပးသည္။ Ray နီရဲေနေသာပါးေလးႏွစ္ဖက္ကို လက္ႏွင့္အုပ္ထားၿပီး Jasper ကိုဘုၾကည့္ၾကည့္လိုက္ေတာ့ သေဘာတက်ရယ္ေမာေနေလသည္။

Jasperတက္မည့္ တကၠသိုလ္မွာလည္း Ray ႏွင့္တူေနေသာေၾကာင့္ႏွစ္ေယာက္သားပို၍ရင္းႏွီးလာေလသည္။ Siam center တြင္အတူတူ shopping ထြက္ၾကရင္း ေက်ာပိုးအိတ္အႀကိဳက္တူေနေသာေၾကာင့္ ဆင္တူပင္ဝယ္ခဲ့ၾကေသးသည္။

ေန႕လည္စာစားခ်ိန္ေရာက္ေသာအခါ လိုအပ္သည္မ်ားဝယ္ၿပီးၿပီျဖစ္ၿပီး ႏွစ္ဦးသားေန႕လည္စာအတူပင္စားၾကသည္။

"Kha ငါမင္းကိုေမးစရာရွိတယ္ ေမးလို႔ရလား"
"ေမးေလ"
"မင္းကေယာက္်ားေလးဟုတ္ပါတယ္ေနာ္"
"ဖူးးးးး အဟြတ္..အဟြတ္"

Ray ေသာက္လက္စေရသီးသြားေတာ့ Jasper က Tissue ႏွင့္သုတ္ေပးေလသည္။

"ငါကေယာက္်ားစစ္စစ္ပါကြာ နိုင္ငံသားကဒ္ျပရဦးမလား"
"ျပစရာမလိုပါဘူးကြာ မင္းကအရမ္းလွတာကိုကြ"

Ray ရင္ဘက္ထဲ ဆူးကနဲေအာင့္တက္လာေသာနာက်င္မႈႏွင့္အတူ မဲ့ၿပဳံးေလးတစ္ခုကႏႈတ္ခမ္းတြင္ခ်ိတ္ဆြဲလာသည္။

"ငါ့ကို လူေတာ္ေတာ္မ်ားမ်ားကအဲ့လိုေျပာၾကတယ္ "
"ခ်စ္စရာေလးပါကြာ"

Jasper Ray ပါးေလးကိုထပ္ညွစ္ျပန္သည္။

"Jas!"

Rayေအာ္လိုက္မွ သြားအၿဖီးသားနဲ႕အုံဖြ လုပ္ေပးေနေလသည္။

"Kha ၿပီးရင္မင္းဘာလုပ္စရာရွိေသးလဲ"
"တိုက္ခန္းအတြက္ လိုတာေလးေတြနည္းနည္းဝယ္ရဦးမွာ ညေနက်ရင္ေတာ့ Wine တို႔အိမ္ညစာသြားစားရမွာ"
"Wine? မင္းေကာင္မေလးလား"
"ငါ့ေကာင္မေလးမဟုတ္ဘူး ညီမေလးေပါ့ကြာ သူ႕မိဘေတြနဲ႕ငါ့မိဘေတြကသူငယ္ခ်င္းေတြေလ"
"​​ဪ"
"မင္းကေရာ Jas"
"ငါကတိုက္ခန္းကိုပဲျပန္မွာ"
"ညစာကိုတိုက္ခန္းမွာစားမလို႔လား"
"ဟင့္အင္း ငါတစ္ေယာက္တည္းဆိုညစာမစားဘူး"
"မင္းသူငယ္ခ်င္းေတြနဲ႕စားေလ"
"သူတို႔လည္းမအားဘူး ခါတိုင္းဆိုငါညတိုင္း clubသြားတယ္ ဒီေန႕အဲ့ေကာင္ေတြမအားလို႔ငါလည္းမသြားတာ"
"မင္းမိသားစုေရာ"
"hak ငါ့မွာမိသားစုမရွိဘူး"
"Arrr sorry"

Ray သူ႕စကားမွားသြားၿပီအထင္ႏွင့္ ေတာင္းပန္လိုက္ကာ လွ်ာေလးကိုက္ၿပီး ေခါင္းေလးပုလိုက္ေလသည္။

Jasperက Rayဆံပင္ေလးေတြကိုဖြလိုက္ၿပီး ရပါတယ္ ဟူေသာအၾကည့္မ်ားျဖင့္ ၿပဳံးျပေနေလသည္။

"ငါနဲ႕ညစာလိုက္စားပါလား Jas"
"ေတာ္ပါၿပီကြာ ငါနဲ႕လည္းသိတာမဟုတ္ဘဲနဲ႕"
"လိုက္ခဲ့ပါ မင္းကငါ့သူငယ္ခ်င္းပဲေလ ၿပီးေတာ့,Wineတို႔မိသားစုကလည္းသေဘာေကာင္းပါတယ္"
"ဟင့္အင္း မလိုက္ေတာ့ဘူး"
"ဘာလို႔လဲ Jas လိုက္ခဲ့ပါကြာ ေနာ္ ေနာ္လို႔ ေနာ္.ေနာ္.ေနာ္"

Ray မ်က္လုံးေလးေပကလပ္ေပကလပ္လုပ္ကာ ႏႈတ္ခမ္းေလးေထာ္ၿပီးေတာင္းဆိုေနေတာ့ Jasper မျငင္းဆန္နိုင္ေတာ့ဘဲ အသည္းယားစြာ Ray ပါးေလးကိုဆြဲညွစ္လိုက္ျပန္သည္။

တိုက္ခန္းအတြက္လိုအပ္တာေတြဝယ္ရင္း market ထဲတြင္ႏွစ္ေယာက္သားေသာင္းက်န္းၾကျပန္သည္။ Jasper က Beer ဖာလိုက္ႏွင့္ snack ေတြမ်ိဳးစုံဝယ္သည္။ Ray ကေတာ့ ႏြားနို႔ကဒ္မ်ား ေပါင္မုန႔္ႏွင့္ အသီးအႏွံအခ်ိဳ႕ဝယ္ေလသည္။

လိုအပ္တာအားလုံးဝယ္ၿပီး Ranida အိမ္ေတာ္သို႔ႏွစ္ေယာက္သားခ်ီတက္ၾကေတာ့သည္။ Jasper ကကားေမာင္းေနေသာRayကိုေသခ်ာစိုက္ၾကည့္ေနျပန္သည္။

"Kha မင္းကျမန္မာကေန ဒီကိုေက်ာင္းတက္ဖို႔အတြက္လာတာလား"
"အင္း ေက်ာင္းတက္ဖို႔ေရာ ၿပီးေတာ့တျခားကိစၥေလးေတြလည္းရွိလို႔"
"ဘြဲ႕ရရင္ ျမန္မာကိုျပန္မွာေပါ့"
"အဲ့တာေတာ့မသိေသးဘူး"
"မင္းမွာရည္းစားရွိလား Kha"
"မရွိဘူး"
"ရည္းစားေရာထားဖူးလား"
"ရည္းစားထားဖူးလားဆိုေတာ့..."

Rayျပန္မေျဖဘဲ စကားလမ္းေၾကာင္းလႊဲလိုက္သည္။

"ငါ့ကိုဘဲေမးမေနနဲ႕ မင္းကေရာ ရည္းစားရွိလား"
"ငါ့မွာက ရည္းစားလား သူငယ္ခ်င္းလားမသဲကြဲတာေတြမ်ားေနတယ္ "
"Wow ဟိုတစ္ခါေလဆိပ္မွာေတာင္မွ kiss"
"မင္းျမင္လိုက္တယ္ေပါ့"
"လူတိုင္းျမင္တာဘဲကို"

Ranida အိမ္ေတာ္ေရွ႕ေရာက္ေတာ့ၿခံေစာင့္ကတံခါးဖြင့္ေပးၿပီး အိမ္ေတာ္ဆင္ဝင္ေအာက္ထိကားကိုေမာင္းဝင္လိုက္သည္။
ကားေပၚကဆင္းသည္ႏွင့္ Pa ႏွင့္ Ma ကိုRay ႏႈတ္ဆက္ကာဖက္လိုက္ေလသည္။

"သား Han ကဧည့္သည္ေခၚလာတာလား"
"ဒါကသားသူငယ္ခ်င္း Jasper "
"Sawadee kurp Pa' Ma'"
"Wadee လာအိမ္ထဲဝင္ၾက"
"ကိုကို!!"

Wine အေပၚထပ္မွ ခုန္ေပါက္ဆင္းလာကာ Rayကိုဖက္လိုက္သည္။

5'3"ေက်ာ္ေက်ာ္အရပ္ကေလးႏွင့္Rayရင္ခြင္ထဲကိုအတင္းတိုးဝင္ေနေသာေကာင္မေလးေၾကာင့္ Jasper မ်က္ေမွာင္ႀကဳံ႕လိုက္မိသည္။

"ကိုကို Wine ကိုေက်ာပိုး"
"Wine သားHanကအခုမွေရာက္တာေလ "

Paေငါက္လိုက္ေသာေၾကာင့္ Wine မ်က္ႏွာေလးစူပုပ္လာေလသည္။

"ရပါတယ္Paကလည္း"
"Wineကိုအရမ္းအလိုမလိုက္နဲ႕သား အသက္ကလည္းတစ္လကြာတာကို ကိုကို ကိုကို နဲ႕ဆိုးေနတာ"
"Paနဲ႕Maကလည္း Wine မွာကိုကိုကဒီတစ္ေယာက္ပဲရွိတာကို ကိုကို႔ ကိုပဲဆိုးမွာေပါ့"

အရင္လိုသူ႕အေပၚဆိုးႏြဲ႕တတ္ေသာ,Wine ကို Ray စခ်င္လာသည္။

"Wine အရပ္ကဘာလို႔ရွည္မလာတာလဲ"
"ကိုကိုေနာ္ Wine အရပ္နည္းနည္းပိုရွည္လာပါတယ္"

Wine, သူမႏွင့္Rayကိုၾကည့္ေနေသာ Jasper ကိုျမင္လိုက္ေသာအခါ Rayကိုေမးလိုက္ေလသည္။

"ကိုကို အဲ့ေလာရွည္ကဘယ္သူလဲ"
"Wineဧည့္သည္ကိုမရိုင္းရဘူးေလ"
"သူကကိုကို႔သူငယ္ခ်င္း Jasper"
"သူငယ္ခ်င္း? ကိုကိုကမေန႕ကမွေရာက္တာကိုသူငယ္ခ်င္းရတာလဲျမန္တာ"

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"ကိုကိုၿပီးရင္ Wine ကိုသီခ်င္းဆိုၿပီးေခ်ာ့သိပ္ေနာ္"

မ်က္ႏွာငယ္ေလးႏွင့္ေတာင္းဆိုေနေသာ Wine ကို Ray မျငင္းေတာ့ေပ။
ညစာစားၿပီး Ray ,Wineႏွင့္အိမ္အျပင္သို႔ထြက္သြားေလသည္။ Jasper ကေတာ့ Wine အေဖ အေမႏွင့္အတူဧည့္ခန္းထဲတြင္ပင္က်န္ခဲ့ေလသည္။

"သား Han က Wine ေလးကို ငယ္ငယ္ကတည္းကေက်ာပိုးၿပီးေခ်ာ့သိပ္ေနၾကေလ"

Wine အေဖ၏စကားကို,Jasper အၿပဳံးႏွင့္သာတုံ႕ျပန္လိုက္ၿပီး တိတ္ဆိတ္ေနမိသည္။
ခဏေနေတာ့Ray အိမ္ထဲျပန္ဝင္လာသည္။ေက်ာေပၚတြင္ေတာ့ Wine ကႏွစ္​​ၿခိဳက္စြာအိပ္ေပ်ာ္ေနသည္။

"Ma, Wineအိပ္ေပ်ာ္သြားၿပီ သူ႕အခန္းကဘယ္မွာလဲသားလိုက္ပို႔လိုက္မယ္"
"အေပၚထပ္မွာသား Ma လိုက္ျပမယ္"

Wineအေမေနာက္Ray လိုက္သြားသည္ကို Jasper လည္းခပ္တည္တည္ႏွင့္ကပ္လိုက္လာေလသည္။

Ray ေက်ာေပၚမွWineကိုအိပ္ရာေပၚအသာခ်ေပးၿပီး ေစာင္ၿခဳံေပးကာ ဆံႏြယ္ေလးေတြကိုသပ္တင္ေပးလိုက္သည္။

"ကိုကိုျပန္ေတာ့မယ္ေနာ္ Wine, good night"

Jasper, Wineအခန္းအတြင္းသို႔မ်က္ေစ့ကစားၾကည့္ရာ Ray ႏွင့္Wine၏ငယ္စဥ္ကဓာတ္ပုံမ်ားကိုေတြ႕ရေလသည္။
Pa ႏွင့္ Ma ကိုႏႈတ္ဆက္ကာ Ray ႏွင့္ Jasperလည္း Condo သို႔ျပန္ခဲ့ေလသည္။

"Jas မင္းကားကျပင္တဲ့သူေခၚၿပီးၿပီလား"
"အင္းမနက္ကတည္းကလွမ္းဖုန္းဆက္ထားတယ္ ျပင္ၿပီးေလာက္ေရာေပါ့ Kha မင္းအခန္းNo.ဘယ္ေလာက္လဲ"
"36F"

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

" Ting..Tong..Ting..Tong..."

Ray တိုက္ခန္းျပန္ေရာက္သည္ႏွင့္ေျခလက္ေဆးညဝတ္လဲ ၿပီးစဥ္ တံခါး bell ျမည္လာေသာေၾကာင့္ အေျပးေလးသြားဖြင့္လိုက္ရာ...
Luggageတစ္လုံးႏွင့္ Beer တစ္ဖာကိုပိုက္ထားေသာ Jasperကိုေတြ႕လိုက္ရသည္။

"Jas ဘာလာလုပ္တာလဲ"

Rayအေမးကိုမေျဖဘဲ Jasper အထဲသို႔ဝင္လိုက္ကာ Beer ဖာကို ေဖာက္၍ ေရခဲသတၱာထဲသို႔စီထည့္လိုက္သည္။

"ငါမင္းနဲ႕အတူလာေနတာေလ Kha"
"ဟမ္"

Rayအံ့ဩလို႔ပင္မဆုံးလိုက္ Jasper က Beer တစ္ဘူးလုံးကိုတစ္ခါတည္းမနားဘဲေမာ့ေသာက္ျပစ္လိုက္ကာ အိမ္ခန္းထဲသို႔ဝင္သြားေလသည္။ Rayလည္းအေနာက္ကဝင္သြားေတာ့ ကိုယ္ေတာ္ေခ်ာက ကုတင္ေပၚတြင္အက်အန လွဲေလ်ာင္းေနသည္။

Ray လည္း မေျပာခ်င္ေတာ့တာေၾကာင့္ Jasper ေဘးတြင္ကုတင္ေခါင္းရင္းကိုမွီထိုင္္ကာ laptop ဖြင့္လိုက္ၿပီး သူပိုင္သည့္ Share မ်ား၏အေျခေနကို ၾကည့္လိုက္သည္။

"အားးးးးး!!"

နာရီဝက္ေက်ာ္ခန႔္ၾကာေသာအခါ Jasper ေအာ္ဟစ္ၿပီး ေခြၽးမ်ားႏွင့္လန႔္နိုးလာေလသည္။ Ray လည္း laptop ပိတ္လိုက္ၿပီး အျမန္ေရယူကာ Jasperကိုတိုက္လိုက္သည္။

"ဘာျဖစ္လို႔လဲ Jas အိမ္မက္ဆိုးေတြမက္လို႔လား"
"ငါေၾကာက္တယ္ Kha ေမေမကငါ့ကိုထားသြားၿပီး ေဖေဖ့ကငါကိုဂ႐ုမစိုက္ဘဲစြန႔္ပစ္ထားတာ ငါ့အနားမွာဘယ္သူမွမရွိဘူး"

တုန္ယင္ေနေသာ JasperကိုRayဖက္လိုက္သည္။ Jasperကလည္းတင္းၾကပ္စြာျပန္ဖက္ထားေလသည္။

"ငါရွိတယ္မင္းအနားမွာ ငါရွိတယ္ေလ ငါမင္းကိုထားသြားမွာမဟုတ္သလို ဘယ္ေတာ့မွလည္းစြန႔္မပစ္ဘူးလို႔ ငါကတိေပးတယ္"

Jasper ေခါင္းၿငိမ့္ကာRayကိုလြတ္ထြက္သြားမွာစိုးသည့္အလားဖက္ထားျပန္သည္။

"Kha ငါ့ကိုဟိုဂ်ပဳမေလးလိုသီခ်င္းဆိုၿပီးေခ်ာ့သိပ္ပါလားဟင္"
"ဂ်ပဳမေလး?...Wineကိုေျပာတာလား?"
"အင္း ေခါင္းကိုလည္းပြတ္ေပးေနာ္"

Jasper, Rayလက္ကိုသူ႕ေခါင္းေပၚတင္ေပးလိုက္ၿပီး Rayရင္ခြင္ေလးထဲကိုအတင္းေခါင္းတိုးဝင္ကာဖက္ထားေလသည္။

6'3"ခန႔္အရပ္ရွည္လ်ားေသာ Jasper က 5'10"သာရွိသည့္ Rayရင္ခြင္ထဲတြင္ေရာက္ေနသည္မွာ နည္းနည္းေတာ့ကို႔ယို႔ကားယားနိုင္သည္။

Ray, Jasperဆံပင္ေလးမ်ားကို ကေလးတစ္ေယာက္ကိုေခ်ာ့သိပ္ေနသကဲ့သို႔ျငင္သာစြာပြတ္သပ္ၿပီး A thousand years သီခ်င္းကိုစတင္သီဆိုလိုက္သည္။

"🎶Heart beats fast
Colors and promises
How to be brave
How can I love when I'm afraid
To fall......
But watching you stand alone
All of my doubt suddenly goes assume in somehow
One step closer.....
I have died everyday waiting for you
Darling don't be afraid
I have loved you for a thousand years
I'll love you for a thousand more.....
One step closer..... 🎶"

သီခ်င္းဆုံးေတာ့ရင္ခြင္ထဲကကေလးႀကီးကႏွစ္ခ်ိဳက္စြာအိပ္ေပ်ာ္ေနၿပီျဖစ္သည္။

"Good night Jas"

************************************

(AN:😁 Twilight fan ေတြဆိုအေပၚကသီခ်င္းေလးကိုသိၾကမွာပါ
Breaking down ရဲ႕ ost ေလး
Wedding scence မွာပါတာ
ကြၽန္ေတာ္ကေတာ့အဲ့သီခ်င္းေလးကိုအရမ္းသေဘာက်တာ)

Bạn đang đọc truyện trên: Truyen247.Pro