Part-49 ( love you so much)
Unicode
အစည်းအဝေးခန်းက Ray ထွက်လာလာချင်း အနားကို Jasper ရောက်လာလေသည်။
"babe သူငယ်ချင်းတွေ ဒီနေ့လာမှာဆို"
"အင်း..."
"သွားမကြိုဘူးလား"
"အစည်းအဝေးရှိလို့ First ကိုသွားကြိုခိုင်းလိုက်တယ်"
Tablet ကနေအကြည့်မခွာဘဲ Jasper့ အမေးကိုပြန်ဖြေရင်း ရုံးခန်းဆီသို့ဦးတည်လာခဲ့သည်။
Ray လက်ထဲမှာ tablet ကိုအလုပ်စားပွဲပေါ်တင်ကာ computer ကိုအကြည့်လွှဲလိုက်သည်။
Jasper ကတော့ sofa ပေါ်မှာ ဖိတ်စာထဲထည့်ဖို့ ဓာတ်ပုံထိုင်ရွေးနေလေသည်။
"babe ဒီပုံလေးလှတယ်မလား"
"အင်း လှတယ်...."
"ဒီပုံလေးလည်း ကောင်းတယ်မလား"
"အင်း......"
"ဒီပုံလေးရော ဘယ်လိုလဲ"
"မဆိုးပါဘူး..... "
သူမေးသမျှကိုဖြေနေပေမယ့် ပြနေသည့် ပုံတွေကိုတစ်ချက်မကြည့်ဘဲ computer ထဲဝင်တော့မတတ်အလုပ်ကိုသာ အာရုံစိုက်နေသည့် Ray ကို Jasper တဖြည်းဖြည်းအသည်းယားလာသည်။
"babe"
"အင်း...."
"babe!"
"အင်းးး...."
"babe!!!!!"
ကုန်းအော်မှ Ray ကနားလေးအုပ်ကာ Jasper ကိုမျက်စောင်းထိုးကြည့်လေသည်။
"Arrrr....
ကိုယ်မရတော့ဘူး....
ကိုယ်သည်းမခံနိုင်တော့ဘူး...."
သူ့ဆီတစ်လှမ်းချင်းလျှောက်လာနေသော Jasper ကြောင့် ဒေါသထွက်သွားပြီ အထင်ဖြင့် Ray အနည်းငယ်တုန်လှုပ်သွားသည်။
"ကိုယ့်ကိုမျက်စောင်းထိုးတယ်ပေါ့.....
အားးး...!!
ဘယ်လိုလေးလဲကွာ.....
အူယားလိုက်တာ...."
သူ့ကိုအော်တော့မည်ထင်နေသော Ray မှာ မျက်နှာအနှံ့လာနမ်းနေသော Jasper ကြောင့် ကြောင်တောင်တောင် လေးဖြစ်သွားလေသည်။
"ဒီအလုပ်တွေ ထားလိုက်ပါကွာ...
ကိုယ်နဲ့ ဓာတ်ပုံအတူရွေးရအောင်နော်...."
"မဖြစ်ဘူး......
ဒါတွေအမြန်ပြီးအောင်လုပ်ရမယ်"
"babe ကလည်းကွာ.....
လာပါဆို....."
"ခွီး....."
နှုတ်ခမ်းကြီးဆူပြီး ကလေးလိုခါယမ်းပြောနေသည့် Jasper ကြောင့် Ray ရယ်ချင်စိတ်ကိုမထိန်းချုပ်နိုင်တော့ပေ။
"ဒီအလုပ်တွေအကုန်အမြန်ပြီးမှ....
မင်းနဲ့ honeymoon အေးအေးဆေးဆေးထွက်လို့ရမှာပေါ့...."
"အဲ့လိုလား...."
"အင်း....."
"ကိုယ် မနက်ကတည်းက babe ကိုကောင်းကောင်းမနမ်းရသေးဘူးလေ....."
"အခုပဲနမ်းပြီးသွားပြီလေ....."
"အဲ့တာကနမ်းတာမဟုတ်ဘူး အသည်းယားလို့နှုတ်ခမ်းနဲ့လိုက်ပွတ်တာ...."
"မင်းငါ့ကိုတစ်ရက်လောက်မထိမနမ်းဘဲ မနေနိုင်ဘူးလား...."
"babe ကိုမထိရရင် ကိုယ်ရူးသွားလိမ့်မယ်.......
အခုအရမ်းနမ်းချင်နေပြီ......နော်......
နော်...နော်.....နော်....နော်....."
"Ok ok..."
လိုချင်တာမရမချင်းနော်နေမည့် Jasper ကို Ray လိုက်လျောရပြန်သည်။
"နမ်းပြီးရင်တော့ အလုပ်လုပ်နေတာကိုလာမရှုပ်ရဘူးနော်...."
"အင်း...."
"ကတိနော်...."
"ကတိ..."
"အဲ့တာဆို နမ်း..."
"မတ်တပ်ကြီး မနမ်းချင်ဘူး..."
နမ်းတာတောင် position ရွေးနေတယ်....
"ဘယ်လိုနမ်းချင်တာလဲ....."
"ခါတိုင်းလို babe ကိုယ့်အပေါ်မှာထိုင်....."
Jasper ပြောတဲ့အတိုင်း Ray လိုက်လုပ်ပေးလေသည်။
ခါးကိုဖက်ထားသော Jasperရဲ့ လက်တွေကို Ray ဖယ်ချလိုက်သည်။
"လက်မပါနဲ့ နမ်းရုံပဲနမ်း....."
"babe ကလည်းကွာ ကိုယ်ဒီအတိုင်းနမ်းရမှာ အားမရဘူး...."
"အားမရလည်းမနမ်းနဲ့ကွာ...."
"အင်းပါ အင်းပါ......
babe ကိုယ့်ကိုတော့ဖက်ထားပေး...."
Jasper၏ဂုတ်ကို Ray ဖက်လိုက်ချိန်မှာတော့ နှုတ်ခမ်းထက်ကိုအနမ်းတို့ကအလုအယက်ကျဆင်းလာသည်။
တစ်မိနစ်......
နှစ်မိနစ်.......
သုံးမိနစ်......
တဖြည်းဖြည်း သိပ်သည်းလာသောအနမ်းတို့ကိုပုံဖော်ရင်း အချိန်နာရီတွေကိုတောင့်မေ့လျော့သွားခဲ့သည်။
"ငဟန်!!!!!!!"
ရုံးခန်းပေါက်ကွဲမတတ်တစ်ပြိုင်တည်း သူ့နာမည်ကို ဝိုင်းအော်လိုက်သံကြောင့် အနမ်းတွေရပ်တန့်သွားကာ နှစ်ယောက်သားရုံးခန်းတံခါးဆီသို့ကြည့်လိုက်ရာ......
လက်ပိုက်ပြီး မျက်ထောင့်နီကြီးတွေနှင့် စိုက်ကြည့်နေကြသည့် ငါးကောင်.....
"Oh my god......"
"ဘာ oh my god လဲ....
ငါတို့ကိုလာကြိုဖို့တောင်မအားဘူးဆို.....ဟင်...
တကယ်ကိုအလုပ်များနေတာပဲ......."
"အလုပ်ကြီး အကိုင်ကြီး လုပ်နေတာကို....."
"မင်းတို့ကလည်း ငါတကယ်မအား......အားး..
လေးထောင့် နင်နော်..."
Ray စကားပင်မဆုံးလိုက် သူဇာနွယ်ကလိုက်ရိုက်သောကြောင့်ပတ်ပြေးနေရသည်။
Jasper ကတော့ sofa ပေါ်မှာပဲ ဆက်ပဲထိုင်ရမလို ထပဲပြေးရမလို ဗြာများနေသည်။
"Hi Jasper"
Jasper သူ့ကိုလာနှုတ်ဆက်ကြသော ငါးကောင်ကြောင့် အံ့ဩကာကြောင်စီစီဖြစ်နေသည်။
သူထင်ထားခဲ့တာက babe သူငယ်ချင်းတွေသူ့မျက်နှာတောင်ကြည့်ချင်မှာမဟုတ်ဘူးလို့...
"မိုးတိမ်.....မင်းဇနီးလောင်းလေးရော....."
"သန့်စင်ခန်းသွားတယ်...."
"ကလေးမုန့်ကျွေးကြိုက်ထားပြီး သေချာဂရုစိုက်နော်...."
"ပြောစရာတောင်မလိုဘူး.....
ဒင်းက မျက်စိအောက်ကတောင်အပျောက်မခံဘူး... တစ်ချိန်လုံး ကလေး ကလေးနဲ့.."
"နွားအိုမြက်နုကြိုက်တာလေ...."
29 နှစ်ပြည့်တော့မယ့် မိုးတိမ်က 19 နှစ်ကောင်မလေးနှင့်စေ့စပ်လိုက်တာကြောင့် သူတို့ကြားမှာဝိုင်းစခံနေရသည်။
မြတ်ကို နဲ့ ဉာဏ်ထက်ဇော်က အိမ်ထောင်အသီးသီးကျပြီးပြီဖြစ်သည်။
သူဇာနွယ်နှင့် စိုင်းကောင်းပြည့် သာ တစ်ကိုယ်တည်းအပျိုကြီးလူပျိုကြီးတွေဖြစ်နေကြသည်။
"လေးထောင့် နဲ့ ငပြည့်နင်တို့ရော တစ်သက်လုံးဒီအတိုင်းပဲနေမှာလား....."
"ဒီအတိုင်းမနေလို့ ကနေရမှာလား..."
"ကိုကို......"
ရုံးခန်းထဲကိုဝင်လာသော ကောင်မလေးကြောင့် သူတို့စကားပြတ်သွားလေသည်။
"ကိုကို့ အနားလာလေ ကလေး..."
ကောင်မလေးကမိုးတိမ်ဘေးမှာဝင်ထိုင်လေသည်။
အသက်ငယ်ပေမယ့် ကောင်မလေးက ယဉ်ယဉ်ကျေးကျေးလေးဖြစ်သည်။
"ကလေး ဒါကိုကို ပြောပြောနေတဲ့ ကိုကို့ သူငယ်ချင်း ဟန်လင်းခလေ"
"ဟုတ်...
မင်္ဂလာပါ အစ်ကို..."
"မင်္ဂလာပါ ညီမ.....
အစ်ကိုတို့သူငယ်ချင်းကြီးကိုအပ်တယ်နော်...."
Jasper ကတော့ Ray ဘေးမှာထိုင်နေပြီး စိတ်လှုပ်ရှားဟန်ဖြင့် Ray လက်ကိုလာကိုင်လေသည်။
"ညီမကိုမိတ်ဆက်ပေးရဦးမယ်.....
ဒါအစ်ကိုနဲ့လက်ထပ်မယ့်သူလေ ....."
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်..."
"ငဟန်ရေ နင့်အလုပ်တွေအိမ်သယ်ခဲ့ဟာ....
အိမ်တော်ကိုပြန်ရအောင်....
ငါတို့ Emmat လေးနဲ့တွေ့ချင်လှပြီ...."
"အေးပါ...."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"ငါသယ်ပေးမယ်..."
အိမ်တော်ပြန်ရောက်တော့ လေးထောင့် luggage ကိုငပြည့်ကသယ်ပေးသောကြောင့် Ray အထူးအဆန်းသဖွယ်လိုက်ကြည့်မိသည်။
"ကြည့်မနေနဲ့ ငပြည့်က လေးထောင့်ကိုလိုက်နေတာ..."
"ဘာ!! တကယ်ကြီး...."
"အေး...
ငါတို့တောင်သိတာမကြာသေးဘူး...."
"နောက်ဆုံးတော့ FA နှစ်ကောင် ပေါင်းခန်းရောက်တော့မှာပေါ့...."
သူဇာနွယ် နှင့် Emmat ကတော့အလွမ်းသယ်နေကြသည်။
"babe ကိုယ်ဒီညလည်း ဒီမှာပဲအိပ်မှာနော်....."
"အင်းပါ....."
"Daddy!Daddy!
သား ဒီမမနဲ့လက်ထပ်ချင်တယ်"
မိုးတိမ်ဇနီးလောင်းလေးလက်ကိုဆွဲကာ သားကသူ့ကိုလာခွင့်တောင်းလေသည်။
"ကောင်းကင်ခ... !!!
မရဘူးနော်...
သူကဦးဦးနဲ့လက်ထပ်မှာ...."
"ဘာလို့မရမှာလဲ မမကသားနဲ့လက်ထပ်မှာ...."
"ငဟန်.....
မင်းသားက ငါ့သတို့သမီးကိုလာလုနေတယ်"
စစ်ကူတောင်းဟန်ပြောလာသည့် မိုးတိမ်ကို Ray လည်းမကူညီနိုင်ဟန် ပုခုံးတွန့်ပြလိုက်သည်။
"သားညကျရင် မမရယ် တီတီသူဇာနွယ်နဲ့အတူအိပ်မယ်နော် Daddy "
မိုးတိမ်နဲ့ငပြည့်က ခြေဟန်လက်ဟန်နှင့် ခွင့်မပြုရန်အချက်ပြနေသည်။
"သားလေးသဘောပါဗျာ...."
"ငဟန်!!!!"
"မင်းတို့ကလည်းကွာ....
ရောက်တုန်းရောက်ခိုက် ငါ့သားလေးစိတ်ချမ်းသာအောင်ထားစမ်းပါ"
"တီတီသူဇာနဲ့ မမ....
ခေါင်းလေးနဲနဲငုံ့ပေးပါလားဟင်"
လေးထောင့် နှင့် မိုးတိမ်ဇနီးလောင်းလေး ခေါင်းငုံ့ပေးတော့ သားတော်မောင်က နှစ်ယောက်လုံး ပါးတွေကို တမွမွ နမ်းတော့သည်။
မိုးတိမ်နှင့် ငပြည့်ကတော့ခုန်ဆွခုန်ဆွဖြစ်နေသည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Emmat က လေးထောင့်တို့နှင့် သွားအိပ်သောကြောင့် အခန်းထဲတွင် Jasper နှင့် Ray နှစ်ယောက်သာရှိလေသည်။
Ray အခန်းထဲကစာကြည့်စားပွဲမှာ အလုပ်လုပ်နေတော့ Jasper ကုတင်ပေါ်ကနေ ငုတ်တုတ်ထိုင်ကြည့်နေသည်။
"အိပ်နှင့်လေ...."
"ရတယ် ကိုယ် babe ပြီးအောင်စောင့်မယ်..."
"အများကြီးကျန်သေးတယ် ပြီးဦးမှာမဟုတ်ဘူး
မင်းအိပ်နှင့်တော့...."
"မင်း?
ကိုယ့်ကို Jas လို့ခေါ်ပါလို့ပြောထားတာကို..."
Jasper ကုတင်ပေါ်မှ ဆင်းလာပြီး Ray ကိုပွေ့ချီလိုက်လေသည်။
"ဘာလုပ်တာလဲ.....
အောက်ပြန်ချပေး...."
Ray ကိုကုတင်ပေါ်ချပေးပြီး စောင်အတင်းခြုံပေးလေသည်။
"အိပ်တော့.....
အလုပ်တွေမနက်ဖြန်မှဆက်လုပ်...."
Ray ကိုဖက်ကာ Jasper မျက်ဝန်းတွေကိုမှိတ်ထားလိုက်သည်။
ဖက်ထားသော Jasper လက်မှ Ray ရုန်းကြည့်ပေမယ့်မရ။
"babe ကိုယ့်သမာဓိအားကိုစမ်းနေတာလား..."
"ဟင်...
သမာဓိအား?"
Ray ထိုအခါမှ သူရုန်းသောကြောင့် ပွတ်တိုက်သလိုဖြစ်နေသော Jasper အောက်ပိုင်းမှ ခပ်မာမာအထိအတွေ့ကိုသတိထားမိသည်။
"ကိုယ် hard ဖြစ်နေပြီ..."
"မင်း..... နှာဘူး......
လွှတ်ငါ့ကို......"
"ကိုယ်မရတော့ဘူး...
ဘူးလက်စနဲ့ ဆက်ဘူးလိုက်တော့မယ်...."
ခါးပေါ်မှ Jasperရဲ့ လက်တွေက တင်ပါးပေါ်ရောက်လာလေသည်။
"အားး.......
ဘယ်လာကိုင်နေတာလဲ.....
လွှတ်နော်.....
ငါအကုန်ကြားအောင်အော်လိုက်မှာ....."
"အော်လိုက်လေ.....
အကုန်ကြားသွားတောင်ပိုတောင်ကောင်းသေးတယ်....."
စပ်ဖြီးဖြီးနှင့် Jasper ကသူ့အကျႌတွေတောင်ချွတ်နေပြီဖြစ်သည်။
ကြံစမ်း.....Ray Han...
လွတ်အောင် ကြံစမ်း.........
"Jas........."
Ray ၏ခပ်ချွဲချွဲခေါ်သံကြောင့် Jasper ကြယ်သီးဖြုတ်နေရာမှ လက်တွေရပ်တန့်သွားသည်။
"babe အဆင်သင့်မဖြစ်သေးဘူးလေ.....
မင်္ဂလာဦးညထိမစောင့်နိုင်ဘူးလားဟင်......"
မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ ချွဲနေသည့် ကောင်လေးကြောင့် Jasper မှာဆက်လုပ်ရမလား ရပ်လိုက်ရမလား ဝေခွဲရခက်နေသည်။
"Jas ကလည်းကွာ.......
babe နာမှာကြောက်လို့ပါ နော်....
babe ကိုမချစ်ဘူးလား...."
ဒီလောက်သနားစရာကောင်းအောင်ချွဲ ပြနေမှတော့
Jasper ဆက်မလုပ်နိုင်တော့။
Jasper ချက်ချင်း ရေချိုးခန်းထဲပြေးဝင်ကာ ဖြေလျော့ရတော့သည်။
အတော်ကြာမှ အားမရှိသည့်ပုံဖြင့် Jasper ရေချိုးခန်းထဲကထွက်လာပြီး Ray အနားဝင်လှဲလိုက်လေသည်။
"အရမ်းချစ်တယ် Jas..."
Ray ၏ခပ်တိုးတိုးအသံလေးကို Jasper သေချာကြားလိုက်ရပြီး ပျော်ရွှင်ခြင်းကြောင့် နှလုံးသားကအဆမတန် ခုန်ပေါက်နေသည်။
"ဘာပြောလိုက်တာလဲ babe....
ကိုယ်မကြားလိုက်လို့ ထပ်ပြောပါလား"
"ချစ်တယ်လို့...."
"ဟမ်....
ဘာပြောတယ်... "
"တော်ပြီကွာ....
ထပ်မပြောတော့ဘူး...
အိပ်တော့..."
"ကျေးဇူးပါပဲ babe..."
Ray နဖူးလေးကို Jasper ခပ်ဖွဖွနမ်းလိုက်သည်။
"Good night babe "
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
(AN: Jump အတွက်လည်း ကိုယ်စီစဉ်ထားတဲ့သူရှိတယ်...
ဘယ်သူဖြစ်မယ်ထင်လဲ❓❓😁)
******************************
Zawgyi
"အင်း..."
"သွားမကြိုဘူးလား"
"အင်း လှတယ်...."
"အင်း......"
"ဒီပုံလေးရော ဘယ်လိုလဲ"
"မဆိုးပါဘူး..... "
"babe"
"အင်း...."
"babe!"
"အင်းးး...."
"babe!!!!!"
ကုန်းအော်မှ Ray ကနားလေးအုပ်ကာ Jasper့ ကိုမျက်စောင်းထိုးကြည့်လေသည်။
"Arrrr....
ကိုယ်မရတော့ဘူး....
အားးး...!!
ဘယ်လိုလေးလဲကွာ.....
အူယားလိုက်တာ...."
သူ့ကိုအော်တော့မည်ထင်နေသော Ray မှာ မျက်နှာအနှံ့လာနမ်းနေသော Jasper့ ကြောင့် ကြောင်တောင်တောင် လေးဖြစ်သွားလေသည်။
"မဖြစ်ဘူး......
"babe ကလည်းကွာ.....
လာပါဆို....."
"ခွီး....."
နှုတ်ခမ်းကြီးဆူပြီး ကလေးလိုခါယမ်းပြောနေသည့် Jasper့ ကြောင့် Ray ရယ်ချင်စိတ်ကိုမထိန်းချုပ်နိုင်တော့ပေ။
"အဲ့လိုလား...."
"အင်း....."
နော်...နော်.....နော်....နော်....."
"Ok ok..."
လိုချင်တာမရမချင်းနော်နေမည့် Jasper့ ကို Ray လိုက်လျောရပြန်သည်။
"အင်း...."
"ကတိနော်...."
"ကတိ..."
"အဲ့တာဆို နမ်း..."
"ဘယ်လိုနမ်းချင်တာလဲ....."
ခါးကိုဖက်ထားသော Jasper့ လက်တွေကို Ray ဖယ်ချလိုက်သည်။
"အင်းပါ အင်းပါ......
Jasper့ ဂုတ်ကို Ray ဖက်လိုက်ချိန်မှာတော့ နှုတ်ခမ်းထက်ကိုအနမ်းတို့ကအလုအယက်ကျဆင်းလာသည်။
တစ်မိနစ်......
နှစ်မိနစ်.......
သုံးမိနစ်......
"ငဟန်!!!!!!!"
"Oh my god......"
"ဘာ oh my god လဲ....
လေးထောင့် နင်နော်..."
"Hi Jasper"
"သန့်စင်ခန်းသွားတယ်...."
"ပြောစရာတောင်မလိုဘူး.....
"ကိုကို......"
"ကိုကို့ အနားလာလေ ကလေး..."
"ဟုတ်...
မင်္ဂလာပါ အစ်ကို..."
"မင်္ဂလာပါ ညီမ.....
"အေးပါ...."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"ငါသယ်ပေးမယ်..."
"ဘာ!! တကယ်ကြီး...."
"အေး...
"အင်းပါ....."
"Daddy!Daddy!
"ကောင်းကင်ခ... !!!
မရဘူးနော်...
သူကဦးဦးနဲ့လက်ထပ်မှာ...."
"ငဟန်.....
"Daddy့  သားလေးသဘောပါဗျာ...."
"ငဟန်!!!!"
"မင်းတို့ကလည်းကွာ....
"တီတီသူဇာနဲ့ မမ....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"အိပ်နှင့်လေ...."
မင်းအိပ်နှင့်တော့...."
"မင်း?
"ဘာလုပ်တာလဲ.....
အောက်ပြန်ချပေး...."
"အိပ်တော့.....
"ဟင်...
သမာဓိအား?"
"ကိုယ် hard ဖြစ်နေပြီ..."
"မင်း..... နှာဘူး......
လွှတ်ငါ့ကို......"
"ကိုယ်မရတော့ဘူး...
ခါးပေါ်မှ Jasper့  လက်တွေက တင်ပါးပေါ်ရောက်လာလေသည်။
"အားး.......
ဘယ်လာကိုင်နေတာလဲ.....
လွှတ်နော်.....
"အော်လိုက်လေ.....
စပ်ဖြီးဖြီးနှင့် Jasper ကသူ့အင်္ကျီတွေတောင်ချွတ်နေပြီဖြစ်သည်။
ကြံစမ်း.....Ray Han...
လွတ်အောင် ကြံစမ်း.........
"Jas........."
"Jas ကလည်းကွာ.......
babe ကိုမချစ်ဘူးလား...."
"အရမ်းချစ်တယ် Jas..."
"ဘာပြောလိုက်တာလဲ babe....
"ချစ်တယ်လို့...."
"ဟမ်....
ဘာပြောတယ်... "
"တော်ပြီကွာ....
ထပ်မပြောတော့ဘူး...
အိပ်တော့..."
"ကျေးဇူးပါပဲ babe..."
"Good night babe "
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
ဘယ်သူဖြစ်မယ်ထင်လဲ❓❓😁)
Bạn đang đọc truyện trên: Truyen247.Pro