Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-48 ( third chance)

Unicode

Welson အိမ်တော်ထဲကို သူ့ကားဝင်လိုက်သည်နှင့် ဝန်ထမ်းများကသူ့ကိုခါးကိုင်းကာ အရိုအသေပေးကြလေသည်။

"သခင်ကြီးအထဲမှာစောင့်နေပါတယ် "

P' Tin ခေါ်ဆောင်ရာနောက်ကို Jasper လိုက်လာတော့ ဧည့်ခန်းထဲမှာ Emmat နဲ့အတူ game ဆော့နေသော Ray ကိုတွေ့ရသည်။

"ရောက်လာပြီလား"
"အင်း"

လည်ပင်းအလုံ ဆွယ်တာအဖြူလေးနှင့် Ray ကဖြူနုစွာ ချစ်စရာကောင်းနေသည်။

ဘာကြောင့် လည်ပင်းအလုံ ဝတ်ထားလဲဆိုတာတော့ မေးစရာပင်မလို။ မနေ့ကသူရုံးခန်းထဲမှာ Ray ရဲ့ခန္ဓာအပေါ်ပိုင်းကိုနေရာလပ်မကျန်အောင် နမ်းခဲ့ခြင်းကြောင့်ပင်။

Ray ရဲ့အတွင်းရေးမှူး First တံခါးလာခေါက်တာကြောင့်သာ Jasper အရှိန်သတ်ခဲ့ရသည်။

"ပိစိ chocolate cake ဝယ်လာတယ်....
စားမယ်မလား........"

သူ့ကိုအရေးတောင်မလုပ်သည့် Emmat ကချက်ချင်းပြုံးရွင်ကာ ထလာလေသည်။

Emmat ဘာကြိုက်တတ်လဲဆိုတာကို သူမနေ့ကတည်းက babe ကိုမေးထားခဲ့သည်။

မတတ်နိုင်ဘူး ကလေးမုန့်ကျွေးပြီး စည်းရုံးရမှာပေါ့.........

Cake ကိုဇွန်းနဲ့ဖဲ့ဖဲ့စားပြီး နွားနို့သောက်နေသည့် Emmat ကသူ့ကိုပိစိလို့ခေါ်လို့ ရန်ပြန်တွေ့ဖို့တောင်မေ့လျော့နေပုံပင်။

"Daddy Arrrrrr"
"Arrrrr"

Emmat ခွံ့ကျွေးသည့် cake ကို Ray ပါးစပ်ဟကာလက်ခံလိုက်သည်။

ဝယ်လာပေးတဲ့ Jasper့ ကိုဘေးမှာထားပြီး ရှိသည်လို့တောင်မထင် စားမလားတစ်ခွန်းမမေးဘဲ နှစ်ယောက်တည်းကမ္ဘာလုပ်နေသော သားအဖ နှစ်ယောက်ကိုကြည့်ကာ Jasper့ စိတ်ထဲကလိကလိဖြစ်နေသည်။

"ကိုယ်လည်းအရသာမြည်းကြည့်ချင်တယ်"

Ray မျက်နှာလေးကိုလက်နှစ်ဖက်နှင့်အုပ်ကိုင်ကာ မျက်နှာချင်းဆိုင်စေပြီး နှုတ်ခမ်းရဲရဲပေါ်နေရာယူထားသည့် chocolate cream တွေကိုလျှာနှင့်လျှက်ကာ စုပ်ယူလိုက်သည်။

"အဟွတ်.....အဟွတ်"

Emmat နွားနို့သောက်နေရာမှ သီးသွားလေသည်။

အနားရှိ ဝန်ထမ်းအချို့နှင့် P' Tin မှာလည်း တောင့်တောင့်ကြီး မျက်လုံးပြူးကာကြည့်နေကြသည်။

"အရသာရှိတယ်....
ကိုယ်စားဖူးသမျှထဲမှာအကောင်းဆုံးပဲ..."

မျက်လုံးလေးပေကလပ်ပေကလပ် ဖြစ်နေသော Ray ကို မျက်စိတစ်ဖက်မှိတ်ပြပြီး တည့်တည့်ပြန်ထိုင်လိုက်ရာ သူ့ကို မျက်မှောင်ကျုံ့ကာ အံကြိတ်ပြီး တစ်ကိုယ်လုံးပြာကျသွားနိုင်သည့် အကြည့်များနှင့် Emmat ကကြည့်နေသည်။

Jasper လန့်ကာ ဒူးတွေတောင်တုန်ချင်လာသလိုပင်။

"ဟီး..."

ရှိသမျှသွားအသွားကုန်ဖြီးကာ ရယ်ပြလိုက်တော့ ကိုင်ထားသည့်ဇွန်းကိုပစ်ချကာ Emmat အိမ်ထဲဝင်သွားလေသည်။

"Emmat!"

သားနောက်ကို Ray အပြေးလေးလိုက်သွားရသည်။

"သခင်လေးက သခင်ကြီးကို သူကလွဲရင် ဘယ်သူမှနမ်းတာမကြိုက်ဘူး"
"ဒါဆို အဲ့ပိစိလေးက စိတ်ကောက်သွားတာပေါ့"
"ဟုတ်ပါတယ်.....
သခင်လေးက သခင်ကြီးနဲ့ပတ်သက်ရင် အရမ်းတွန့်တိုတယ် ..."

Jasper လည်း Ray လိုက်သွားသည့် အပေါ်ထပ်မှ Emmat အခန်းသို့လိုက်လာခဲ့လေသည်။

"Daddy ့ကိုစကားမပြောတော့ဘူးပေါ့..."
"........"
"Emmat လေးစိတ်ဆိုးပြေအောင် ...
ဒီက Daddy ကဘာလုပ်ပေးရမလဲ"
"........"
"Daddy ဝမ်းနည်းလာပြီနော်.....
ငိုချင်လာပြီ.....ဟင့်..."

နှုတ်ခမ်းလေးမဲ့ကာ လက်သီးဆုပ်လေးနှစ်ခုကို မျက်ဝန်းတစ်စုံအောက်မှာထားပြီး Emmat ကိုချော့နေသည့် Ray ကတကယ်ကို အူယားဖွယ်အတိ။

"မငိုပါနဲ့......
သား Daddy ကိုစိတ်မဆိုးတော့ဘူးနော်....
အဲ့တာကြောင့်မငိုရဘူးနော် Daddy...."
"အင်း....
Daddy မငိုတော့ဘူးနော်...."

ငိုမဲ့မဲ့နှင့် ရင်ခွင်ထဲဝင်လာသည့် သားကို Ray ပွေ့ဖက်ထားလိုက်သည်။

"Daddy ငိုမှာကိုသားအကြောက်ဆုံးပဲ......"

ရှိုက်သံရောနေသည့် သားစကားသံလေးကြောင့် Ray ဝဲတက်လာသည့်မျက်ရည်တို့ကိုမကျအောင်ပြန်လည်သိမ်းဆည်းကာ ပြုံးမိသည်။

Jasper အခန်းထဲကိုမဝင်ဘဲ တံခါးလေးကိုဟကာ တစ်ယောက်နှင့်တစ်ယောက်ဖက်ထားကြသည့် သားအဖနှစ်ယောက်ကိုသာ ကြည့်နေခဲ့သည်။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Prewedding ဓာတ်ပုံရိုက်သောနေ့.......

ရိုက်ကွင်းကိုလိုက်လာသော Emmat ကြောင့် Ray အနားကို Jasper ကပ်ခွင့်မရချေ။

ဓာတ်ပုံရိုက်သည့်အချိန် ကင်မရာရှေ့ရောက်နေမှသာ Ray ကိုထိခွင့်ရလေသည်။

Jasper လည်းရတုန်းအခွင့်အရေးယူကာ Ray ကိုအားရပါးရဖက်လိုက် နမ်းလိုက်လုပ်ရာ ပိစိကဒေါသထွက်ပြီး မျက်နှာလေးကိုရဲနေသည်။

Ray လည်းလူတွေအများကြီးရှေ့မှာဆိုတော့ ရှက်ကာ ဖြူဖွေးသည့်ပါးပြင်က ပန်းသွေးရောင်ပြေးနေသည်။

အတော်ကြာတော့ Emmat ကအိမ်ပြန်ချင်သည်ဆိုသောကြောင့် P' Pu လိုက်ပို့ရလေသည်။

ရှုတင် နောက်တစ်နေရာပြောင်းပြီး အဝတ်အစားလဲတော့ Jasper ပျော့စိစိအရာတစ်ခုကို ဘောင်းဘီအိတ်ထဲထည့်ကာ ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။

အဝတ်လဲပြီး သူ့အနား Ray ရောက်လာချိန်မှာတော့ Jasper ဘောင်းဘီအိတ်ထဲက ပျော့စိစိကို မြက်ခင်းပေါ်ပြစ်ချလိုက်သည်။

"မြွေ!"
"ဘယ်မှာလဲ!
အားးးး... မြွေ...မြွေ.....!!!"

သူလက်ညှိုးထိုးရာကို ငုံ့ကြည့်ပြီး Ray အသံကုန်အော်ကာ သူ့ခါးကိုစွေ့ခနဲခုန်ခွတော့သည်။

Staff တွေနှင့် P' Tin တို့အလုပ်ရှုပ်ကုန်ကြသည်။

Jasper အကြံအောင်မြင်သောကြောင့် ကျေနပ်စွာပြုံးကာ ခွထားသော Ray ကိုဖက်လိုက်သည်။

"မြွေကအရုပ်ကြီး....
ရော်ဘာနဲ့လုပ်ထားတဲ့အရုပ်ကြီး"
"ပန်းခြံထဲလာတဲ့ကလေးတစ်ယောက်ယောက် မေ့နေခဲ့တာထင်တယ်"

Jasper သူလုပ်ထားပြီး မရှိသည့် မြွေအရုပ်ပိုင်ရှင်ကလေးကိုလွှဲချလိုက်လေသည်။

Ray ကတော့အခုထိမဆင်းဘဲခွထားဆဲဖြစ်သောကြောင့် Jasper့ မျက်နှာကြီးပြုံးဖြီးနေသည်။

ဓာတ်ပုံဆရာကလည်း သူတို့နှစ်ယောက်ပုံရိပ်ကို အမိအရဓာတ်ပုံရိုက်ထားလေသည်။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

သူဇာနွယ်နဲ့ဖုန်းပြောနေတုန်း အနောက်မှခါးကိုဖက်လာသည့်လက်တစ်စုံကြောင့် Ray ဆတ်ကနဲတုန်သွားသည်။

ရင်းနှီးပြီးသားကိုယ်နံ့ကြောင့် Jasper မှန်းသိလိုက်သည်။

"လေးထောင့်အဲ့တာဆို ဒါပဲနော်......
ငါဖုန်းချလိုက်ပြီ......."

Ray နောက်လှည့်မယ်လုပ်ပေမယ့် Jasper ကခွင့်မပြုပဲ အတင်းဖတ်ထားလေသည်။

"FA နဲ့ပြောနေတာလား...."
"အင်း....."
"ကိုယ်တို့လက်ထပ်တော့မှာကို babe သူငယ်ချင်းတွေသိတယ်မလား...."
"အင်း..သိတယ်......
သူ့တို့အလုပ်တွေလက်စသတ်ပြီးတာနဲ့ ချက်ချင်းလာခဲ့မယ်တဲ့....."
"babe သူငယ်ချင်းတွေကကိုယ့်ကိုအရင်လို ပြန်ဆက်ဆံကြပါ့မလား.....
ကိုယ့်ကိုကြည့်မရဖြစ်နေကြမယ်ထင်တယ်"
"...........''
"တခြားသူတွေရဲ့အတွေးအမြင်ကို ကိုယ်ဂရုမစိုက်တော့ဘူး.....
အခု ကိုယ့်အနားမှာ babe ရှိနေတော့ အားလုံးပြည့်စုံတယ်"

Ray ကိုဖက်ထားရာမှ မျက်နှာချင်းဆိုင်လှည့်စေပြီး ပါးနှစ်ဖက်ကိုလက်ဖဝါးနှင့်ဖိပြီး ဆူထွက်လာသည့် နှုတ်ခမ်းလေးကိုထိကပ်လိုက်သည်။

ထိလိုက်ခွာလိုက် ထိလိုက်ခွာလိုက် နှင့်အကြိမ်ပေါင်းများစွာနမ်းပြီးမှ လွှတ်ပေးလိုက်သည်။

"ချစ်ဖို့ကောင်းလိုက်တာ.....
ကိုယ်ဒီည babe အိမ်မှာလိုက်အိပ်မယ်နော်"
"မင်းသဘောပဲ...."

Ray စာရွက်စာတမ်းတွေကိုလက်မှတ်ထိုးပြီး တင်ပြချက်တွေနှင့် project ကိုလေ့လာနေတော့လဲ Jasper ကခြင်လိုအနားမှာရစ်သီရစ်သီနှင့် သူ့ကိုလာလာနမ်းသေးသည်။

"မင်း company မသွားဘူးလား"
"ကိုယ် honeymoon ပြန်လာမှ company ကိုပြန်အုပ်ချုပ်မယ်လို့ Daddy ့ကိုပြောပြီးသား..."
"အဲ့တာဆိုလည်း ငြိမ်ငြိမ်နေကွာ.....
မျက်စိနောက်တယ်...."
"ငြိမ်ငြိမ်နေရင် babeက ဘာပေးမှာလဲ..."
"ဘာလိုချင်လဲ......."
"babe ကိုလိုချင်တယ်..."

ပြောပြီး နားထဲကိုလေလာမှုတ်သော Jasper့ ကြောင့် Ray တွန့်သွားလေသည်။

"ကိုယ်အခန်းကိုယ်ပြန်တော့ကွာ....."
"မပြန်ချင်ဘူး.....
လိုချင်တာမေးပြီးရင် ပေးရတယ်လေ...."
"မကြာခင် ငါ့ကိုမင်းတရားဝင်ရတော့မှာပဲလေ......."
"ကိုယ်လိုချင်တာက babe ရဲ့နှလုံးသား..."
"sorry....
ငါ့နှလုံးသားကမရှိတော့ဘူး..."

Jasper့ မျက်နှာလုံးဝကို ပျက်ယွင်းသွားလေသည်။

"ဘာလို့မရှိတော့တာလဲ....."
"..........."
"ဘယ်သူ့ကို ပေးလိုက်လို့လဲ!"
"..........."
"အိမ်ပြန်တော့မယ်ဆို ကိုယ့်ကိုလှမ်းဖုန်းဆက်ပါ
ကိုယ်ပါတစ်ခါတည်းလိုက်မယ်......"

Jasper ရုံးခန်းထဲကထွက်သွားတော့ Ray ပြုံးလိုက်မိသည်။

"အရူး.....
ငါ့နှလုံးသားကိုအရင်ကတည်းက...
မင်းယူသွားတာလေ....."

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Ray ရေချိုးနေချိန် Jasper ကတော့ Emmat နှင့်အတူကာတွန်းကားထိုင်ကြည့်နေလေသည်။

ဒီအခန်းထဲကိုသူတစ်ခါသာရောက်ဖူးခဲ့သည်။ babe နဲ့ Fah လက်ထပ်တုန်းက ဂုဏ်ပြု Dinner ကိုလာရင်း အပေါ့သွားသည့် babe အနောက်ကိုလိုက်ကာ ဒီအခန်းထဲကိုသူရောက်ခဲ့သည်။

သူမှတ်မိတာပေါ့ အဲ့ညက ကမ္ဘာပြိုသလို ခြောက်ခြားခဲ့ရတာကို။

အခန်းပတ်ပတ်လည်ကိုကြည့်ရင်း တစ်နေရာအရောက်မှာ Jasper ရပ်တန့်သွားလေသည်။

ရယ်နေသော Emmat ပါးနှစ်ဖက်ကို Ray နှင့် Jump ကနမ်းနေသည့်ပုံ.....

Jasper ထို photo stand ကိုချက်ချင်းမှောက်ပစ်လိုက်သည်။

ညဝတ်အကျႌ အပြာရောင်လေးနှင့် ဆံပင်ကိုရေသုတ်ရင်း ရေချိုးခန်းမှ Ray ထွက်လာတာမြင်တော့ Jasper အမြန် dryer ယူပြီး Ray ဆံပင်ခြောက်အောင်လုပ်ပေးလေသည်။

ခြောက်သွားသောဆံနွယ်တို့က နဖူးပေါ်ဝဲကျနေတော့ တစ်မျိုးလေးချစ်ဖို့ကောင်းနေသည်။

Jasper အသဲယားစွာ Ray ပါးကိုဆွဲညှစ်ပြီး ဆံနွယ်ပျော့ပျော့တို့ကိုငုံ့နမ်းလိုက်သည်။

Emmat ကတော့သူ့ Daddy ကိုအသားယူနေသည့် Jasper့ ကိုနှာခေါင်းရှုံ့ပြလေသည်။

"Daddy သားအိပ်ချင်နေပြီ..."

စောင့်နေရသည့် အချိန်ရောက်လာပြီဖြစ်တာကြောင့် Jasper တက်ကြွလာသည်။

"အိပ်ချင်ရင် ကိုယ့်အခန်းကိုယ်ပြန်တော့လေ...."
"ဘာလို့ပြန်ရမှာလဲ.......
ကျွန်တော်က Daddy နဲ့အတူအိပ်မှာ...."
"ဘာ!!!
မင်းပဲကလေးမဟုတ်တော့ဘူးဆို.....
လူကြီးဆိုတာ ကိုယ့်အခန်းကိုယ်ပြန်အိပ်ရတယ်"
"အဲ့တာဆို ဦးလေးကြီးလည်း ကိုယ့်အခန်းကိုယ်ပြန်အိပ်လေ......
ဦးလေးကြီးက လူကြီးဖြစ်နေပြီ"

ကိုယ့်စကားနှင့်ကိုယ်ပြန်မိနေသော Jasper မှာ အူတူတူကြီးဖြစ်နေလေသည်။

Emmat ကတော့ Ray ရင်ခွင်ထဲတိုးဝင်ကာ အိပ်စက်တော့သည်။

Emmat ဘေးမှာနေရာအကျယ်ကြီးရှိပေမယ့် Ray ဘေးတွင်သာ Jasper ဝင်လှဲလိုက်သည်။

"ဟိုဘက်မှာသွားအိပ်လေ...."
"babe ကိုဖက်အိပ်ချင်တာ....."
"မင်းပြုတ်ကျလိမ့်မယ်..."
"ကျကျ...."

သူ့ကိုကျောပေးထားသည့် Ray ကိုအနောက်မှသိုင်းဖက်ကာ ဂုတ်သားနုနုကိုသာနှာခေါင်းချွန်ချွန်နှင့်ထိုးနမ်းနေသည်။

နောက်ဆုံးတော့ Ray လည်း Jasper ပြုတ်ကျမည်စိုးသောကြောင့် သားကိုမကာ ဖြည်းဖြည်းချင်းနေရာရွေ့ပေးရလေသည်။

ရင်ခွင်ထဲမှသားက အိပ်ပျော်နေပြီး သူ့ကျောပြင်နှင့်ထိကပ်နေသည့် ရင်ခွင်ပိုင်ရှင်မှာလည်း နှစ်ချိုက်စွာအိပ်မောကျနေတော့သည်။

"အိမ်မက်လှလှမက်ပါစေ Jas....."

လူတိုင်းလူတိုင်းရဲ့ဘဝမှာ တစ်ကြိမ်တစ်ခာတော့မှားယွင်းတတ်ကြတယ်။

သူကိုယ်တိုင်လည်း မှားယွင်းခဲ့ဖူးတာကြောင့် Jas ရဲ့အမှားကိုနားလည်ပေးဖို့ဆုံးဖြတ်ခဲ့မိတယ်......

ဒါက Jas တွက် Third Chance.......

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Zawgyi

Welson အိမ္ေတာ္ထဲကို သူ႔ကားဝင္လိုက္သည္ႏွင့္ ဝန္ထမ္းမ်ားကသူ႔ကိုခါးကိုင္းကာ အ႐ိုအေသေပးၾကေလသည္။

"သခင္ႀကီးအထဲမွာေစာင့္ေနပါတယ္ "

P' Tin ေခၚေဆာင္ရာေနာက္ကို Jasper လိုက္လာေတာ့ ဧည့္ခန္းထဲမွာ Emmat နဲ႔အတူ game ေဆာ့ေနေသာ Ray ကိုေတြ႔ရသည္။

"ေရာက္လာၿပီလား"
"အင္း"

လည္ပင္းအလုံ ဆြယ္တာအျဖဴေလးႏွင့္ Ray ကျဖဴႏုစြာ ခ်စ္စရာေကာင္းေနသည္။

ဘာေၾကာင့္ လည္ပင္းအလုံ ဝတ္ထားလဲဆိုတာေတာ့ ေမးစရာပင္မလို။ မေန႔ကသူ႐ုံးခန္းထဲမွာ Ray ရဲ႕ခႏၶာအေပၚပိုင္းကိုေနရာလပ္မက်န္ေအာင္ နမ္းခဲ့ျခင္းေၾကာင့္ပင္။

Ray ရဲ႕အတြင္းေရးမႉး First တံခါးလာေခါက္တာေၾကာင့္သာ Jasper အ႐ွိန္သတ္ခဲ့ရသည္။

"ပိစိ chocolate cake ဝယ္လာတယ္....
စားမယ္မလား........"

သူ႔ကိုအေရးေတာင္မလုပ္သည့္ Emmat ကခ်က္ခ်င္းျပဳံးရြင္ကာ ထလာေလသည္။

Emmat ဘာႀကိဳက္တတ္လဲဆိုတာကို သူမေန႔ကတည္းက babe ကိုေမးထားခဲ့သည္။

မတတ္ႏိုင္ဘူး ကေလးမုန္႔ေကြၽးၿပီး စည္း႐ုံးရမွာေပါ့.........

Cake ကိုဇြန္းနဲ႔ဖဲ့ဖဲ့စားျပီး ႏြားႏို႔ေသာက္ေနသည့္ Emmat ကသူ႔ကိုပိစိလို႔ေခၚလို႔ ရန္ျပန္ေတြ႔ဖို႔ေတာင္ေမ့ေလ်ာ့ေနပုံပင္။

"Daddy Arrrrrr"
"Arrrrr"

Emmat ခြံ႔ေကြၽးသည့္ cake ကို Ray ပါးစပ္ဟကာလက္ခံလိုက္သည္။

ဝယ္လာေပးတဲ့ Jasper့ ကိုေဘးမွာထားၿပီး ႐ွိသည္လို႔ေတာင္မထင္ စားမလားတစ္ခြန္းမေမးဘဲ ႏွစ္ေယာက္တည္းကမာၻလုပ္ေနေသာ သားအဖ ႏွစ္ေယာက္ကိုၾကည့္ကာ Jasper့ စိတ္ထဲကလိကလိျဖစ္ေနသည္။

"ကိုယ္လည္းအရသာျမည္းၾကည့္ခ်င္တယ္"

Ray မ်က္ႏွာေလးကိုလက္ႏွစ္ဖက္ႏွင့္အုပ္ကိုင္ကာ မ်က္ႏွာခ်င္းဆိုင္ေစၿပီး ႏႈတ္ခမ္းရဲရဲေပၚေနရာယူထားသည့္ chocolate cream ေတြကိုလ်ွာႏွင့္လ်ွက္ကာ စုပ္ယူလိုက္သည္။

"အဟြတ္.....အဟြတ္"

Emmat ႏြားႏို႔ေသာက္ေနရာမွ သီးသြားေလသည္။

အနား႐ွိ ဝန္ထမ္းအခ်ိဳ႕ႏွင့္ P' Tin မွာလည္း ေတာင့္ေတာင့္ႀကီး မ်က္လုံးျပဴးကာၾကည့္ေနၾကသည္။

"အရသာ႐ွိတယ္....
ကိုယ္စားဖူးသမ်ွထဲမွာအေကာင္းဆုံးပဲ..."

မ်က္လုံးေလးေပကလပ္ေပကလပ္ ျဖစ္ေနေသာ Ray ကို မ်က္စိတစ္ဖက္မွိတ္ျပၿပီး တည့္တည့္ျပန္ထိုင္လိုက္ရာ သူ႔ကို မ်က္ေမွာင္က်ံဳ႕ကာ အံႀကိတ္ၿပီး တစ္ကိုယ္လုံးျပာက်သြားႏိုင္သည့္ အၾကည့္မ်ားႏွင့္ Emmat ကၾကည့္ေနသည္။

Jasper လန္႔ကာ ဒူးေတြေတာင္တုန္ခ်င္လာသလိုပင္။

"ဟီး..."

႐ွိသမ်ွသြားအသြားကုန္ၿဖီးကာ ရယ္ျပလိုက္ေတာ့ ကိုင္ထားသည့္ဇြန္းကိုပစ္ခ်ကာ Emmat အိမ္ထဲဝင္သြားေလသည္။

"Emmat!"

သားေနာက္ကို Ray အေျပးေလးလိုက္သြားရသည္။

"သခင္ေလးက သခင္ႀကီးကို သူကလြဲရင္ ဘယ္သူမွနမ္းတာမႀကိဳက္ဘူး"
"ဒါဆို အဲ့ပိစိေလးက စိတ္ေကာက္သြားတာေပါ့"
"ဟုတ္ပါတယ္.....
သခင္ေလးက သခင္ႀကီးနဲ႔ပတ္သက္ရင္ အရမ္းတြန္႔တိုတယ္ ..."

Jasper လည္း Ray လိုက္သြားသည့္ အေပၚထပ္မွ Emmat အခန္းသို႔လိုက္လာခဲ့ေလသည္။

"Daddy ့ကိုစကားမေျပာေတာ့ဘူးေပါ့..."
"........"
"Emmat ေလးစိတ္ဆိုးေျပေအာင္ ...
ဒီက Daddy ကဘာလုပ္ေပးရမလဲ"
"........"
"Daddy ဝမ္းနည္းလာၿပီေနာ္.....
ငိုခ်င္လာၿပီ.....ဟင့္..."

ႏႈတ္ခမ္းေလးမဲ့ကာ လက္သီးဆုပ္ေလးႏွစ္ခုကို မ်က္ဝန္းတစ္စုံေအာက္မွာထားၿပီး Emmat ကိုေခ်ာ့ေနသည့္ Ray ကတကယ္ကို အူယားဖြယ္အတိ။

"မငိုပါနဲ႔......
သား Daddy ကိုစိတ္မဆိုးေတာ့ဘူးေနာ္....
အဲ့တာေၾကာင့္မငိုရဘူးေနာ္ Daddy...."
"အင္း....
Daddy မငိုေတာ့ဘူးေနာ္...."

ငိုမဲ့မဲ့ႏွင့္ ရင္ခြင္ထဲဝင္လာသည့္ သားကို Ray ေပြ႔ဖက္ထားလိုက္သည္။

"Daddy ငိုမွာကိုသားအေၾကာက္ဆုံးပဲ......"

႐ိႈက္သံေရာေနသည့္ သားစကားသံေလးေၾကာင့္ Ray ဝဲတက္လာသည့္မ်က္ရည္တို႔ကိုမက်ေအာင္ျပန္လည္သိမ္းဆည္းကာ ျပဳံးမိသည္။

Jasper အခန္းထဲကိုမဝင္ဘဲ တံခါးေလးကိုဟကာ တစ္ေယာက္ႏွင့္တစ္ေယာက္ဖက္ထားၾကသည့္ သားအဖႏွစ္ေယာက္ကိုသာ ၾကည့္ေနခဲ့သည္။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Prewedding ဓာတ္ပုံ႐ိုက္ေသာေန႔.......

႐ိုက္ကြင္းကိုလိုက္လာေသာ Emmat ေၾကာင့္ Ray အနားကို Jasper ကပ္ခြင့္မရေခ်။

ဓာတ္ပုံ႐ိုက္သည့္အခ်ိန္ ကင္မရာေ႐ွ႕ေရာက္ေနမွသာ Ray ကိုထိခြင့္ရေလသည္။

Jasper လည္းရတုန္းအခြင့္အေရးယူကာ Ray ကိုအားရပါးရဖက္လိုက္ နမ္းလိုက္လုပ္ရာ ပိစိကေဒါသထြက္ၿပီး မ်က္ႏွာေလးကိုရဲေနသည္။

Ray လည္းလူေတြအမ်ားႀကီးေ႐ွ႕မွာဆိုေတာ့ ႐ွက္ကာ ျဖဴေဖြးသည့္ပါးျပင္က ပန္းေသြးေရာင္ေျပးေနသည္။

အေတာ္ၾကာေတာ့ Emmat ကအိမ္ျပန္ခ်င္သည္ဆိုေသာေၾကာင့္ P' Pu လိုက္ပို႔ရေလသည္။

႐ႈတင္ ေနာက္တစ္ေနရာေျပာင္းၿပီး အဝတ္အစားလဲေတာ့ Jasper ေပ်ာ့စိစိအရာတစ္ခုကို ေဘာင္းဘီအိတ္ထဲထည့္ကာ ညစ္က်ယ္က်ယ္ျပဳံးလိုက္သည္။

အဝတ္လဲၿပီး သူ႔အနား Ray ေရာက္လာခ်ိန္မွာေတာ့ Jasper ေဘာင္းဘီအိတ္ထဲက ေပ်ာ့စိစိကို ျမက္ခင္းေပၚျပစ္ခ်လိုက္သည္။

"ေႁမြ!"
"ဘယ္မွာလဲ!
အားးးး... ေႁမြ...ေႁမြ.....!!!"

သူလက္ညိွဳးထိုးရာကို ငုံ႔ၾကည့္ၿပီး Ray အသံကုန္ေအာ္ကာ သူ႔ခါးကိုေစြ႔ခနဲခုန္ခြေတာ့သည္။

Staff ေတြႏွင့္ P' Tin တို႔အလုပ္႐ႈပ္ကုန္ၾကသည္။

Jasper အၾကံေအာင္ျမင္ေသာေၾကာင့္ ေက်နပ္စြာျပဳံးကာ ခြထားေသာ Ray ကိုဖက္လိုက္သည္။

"ေႁမြကအ႐ုပ္ႀကီး....
ေရာ္ဘာနဲ႔လုပ္ထားတဲ့အ႐ုပ္ႀကီး"
"ပန္းျခံထဲလာတဲ့ကေလးတစ္ေယာက္ေယာက္ ေမ့ေနခဲ့တာထင္တယ္"

Jasper သူလုပ္ထားၿပီး မ႐ွိသည့္ ေႁမြအ႐ုပ္ပိုင္႐ွင္ကေလးကိုလႊဲခ်လိုက္ေလသည္။

Ray ကေတာ့အခုထိမဆင္းဘဲခြထားဆဲျဖစ္ေသာေၾကာင့္ Jasper့ မ်က္ႏွာႀကီးျပဳံးၿဖီးေနသည္။

ဓာတ္ပုံဆရာကလည္း သူတို႔ႏွစ္ေယာက္ပုံရိပ္ကို အမိအရဓာတ္ပုံ႐ိုက္ထားေလသည္။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

သူဇာႏြယ္နဲ႔ဖုန္းေျပာေနတုန္း အေနာက္မွခါးကိုဖက္လာသည့္လက္တစ္စုံေၾကာင့္ Ray ဆတ္ကနဲတုန္သြားသည္။

ရင္းႏွီးၿပီးသားကိုယ္နံ႔ေၾကာင့္ Jasper မွန္းသိလိုက္သည္။

"ေလးေထာင့္အဲ့တာဆို ဒါပဲေနာ္......
ငါဖုန္းခ်လိုက္ၿပီ......."

Ray ေနာက္လွည့္မယ္လုပ္ေပမယ့္ Jasper ကခြင့္မျပဳပဲ အတင္းဖတ္ထားေလသည္။

"FA နဲ႔ေျပာေနတာလား...."
"အင္း....."
"ကိုယ္တို႔လက္ထပ္ေတာ့မွာကို babe သူငယ္ခ်င္းေတြသိတယ္မလား...."
"အင္း..သိတယ္......
သူ႔တို႔အလုပ္ေတြလက္စသတ္ၿပီးတာနဲ႔ ခ်က္ခ်င္းလာခဲ့မယ္တဲ့....."
"babe သူငယ္ခ်င္းေတြကကိုယ့္ကိုအရင္လို ျပန္ဆက္ဆံၾကပါ့မလား.....
ကိုယ့္ကိုၾကည့္မရျဖစ္ေနၾကမယ္ထင္တယ္"
"...........''
"တျခားသူေတြရဲ႕အေတြးအျမင္ကို ကိုယ္ဂ႐ုမစိုက္ေတာ့ဘူး.....
အခု ကိုယ့္အနားမွာ babe ႐ွိေနေတာ့ အားလုံးျပည့္စုံတယ္"

Ray ကိုဖက္ထားရာမွ မ်က္ႏွာခ်င္းဆိုင္လွည့္ေစၿပီး ပါးႏွစ္ဖက္ကိုလက္ဖဝါးႏွင့္ဖိၿပီး ဆူထြက္လာသည့္ ႏႈတ္ခမ္းေလးကိုထိကပ္လိုက္သည္။

ထိလိုက္ခြာလိုက္ ထိလိုက္ခြာလိုက္ ႏွင့္အႀကိမ္ေပါင္းမ်ားစြာနမ္းၿပီးမွ လႊတ္ေပးလိုက္သည္။

"ခ်စ္ဖို႔ေကာင္းလိုက္တာ.....
ကိုယ္ဒီည babe အိမ္မွာလိုက္အိပ္မယ္ေနာ္"
"မင္းသေဘာပဲ...."

Ray စာရြက္စာတမ္းေတြကိုလက္မွတ္ထိုးၿပီး တင္ျပခ်က္ေတြႏွင့္ project ကိုေလ့လာေနေတာ့လဲ Jasper ကျခင္လိုအနားမွာရစ္သီရစ္သီႏွင့္ သူ႔ကိုလာလာနမ္းေသးသည္။

"မင္း company မသြားဘူးလား"
"ကိုယ္ honeymoon ျပန္လာမွ company ကိုျပန္အုပ္ခ်ဳပ္မယ္လို႔ Daddy ့ကိုေျပာၿပီးသား..."
"အဲ့တာဆိုလည္း ၿငိမ္ၿငိမ္ေနကြာ.....
မ်က္စိေနာက္တယ္...."
"ၿငိမ္ၿငိမ္ေနရင္ babeက ဘာေပးမွာလဲ..."
"ဘာလိုခ်င္လဲ......."
"babe ကိုလိုခ်င္တယ္..."

ေျပာၿပီး နားထဲကိုေလလာမႈတ္ေသာ Jasper့ ေၾကာင့္ Ray တြန္႔သြားေလသည္။

"ကိုယ္အခန္းကိုယ္ျပန္ေတာ့ကြာ....."
"မျပန္ခ်င္ဘူး.....
လိုခ်င္တာေမးၿပီးရင္ ေပးရတယ္ေလ...."
"မၾကာခင္ ငါ့ကိုမင္းတရားဝင္ရေတာ့မွာပဲေလ......."
"ကိုယ္လိုခ်င္တာက babe ရဲ႕ႏွလုံးသား..."
"sorry....
ငါ့ႏွလုံးသားကမ႐ွိေတာ့ဘူး..."

Jasper့ မ်က္ႏွာလုံးဝကို ပ်က္ယြင္းသြားေလသည္။

"ဘာလို႔မ႐ွိေတာ့တာလဲ....."
"..........."
"ဘယ္သူ႔ကို ေပးလိုက္လို႔လဲ!"
"..........."
"အိမ္ျပန္ေတာ့မယ္ဆို ကိုယ့္ကိုလွမ္းဖုန္းဆက္ပါ
ကိုယ္ပါတစ္ခါတည္းလိုက္မယ္......"

Jasper ႐ုံးခန္းထဲကထြက္သြားေတာ့ Ray ျပဳံးလိုက္မိသည္။

"အ႐ူး.....
ငါ့ႏွလုံးသားကိုအရင္ကတည္းက...
မင္းယူသြားတာေလ....."

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Ray ေရခ်ိဳးေနခ်ိန္ Jasper ကေတာ့ Emmat ႏွင့္အတူကာတြန္းကားထိုင္ၾကည့္ေနေလသည္။

ဒီအခန္းထဲကိုသူတစ္ခါသာေရာက္ဖူးခဲ့သည္။ babe နဲ႔ Fah လက္ထပ္တုန္းက ဂုဏ္ျပဳ Dinner ကိုလာရင္း အေပါ့သြားသည့္ babe အေနာက္ကိုလိုက္ကာ ဒီအခန္းထဲကိုသူေရာက္ခဲ့သည္။

သူမွတ္မိတာေပါ့ အဲ့ညက ကမာၻၿပိဳသလို ေျခာက္ျခားခဲ့ရတာကို။

အခန္းပတ္ပတ္လည္ကိုၾကည့္ရင္း တစ္ေနရာအေရာက္မွာ Jasper ရပ္တန္႔သြားေလသည္။

ရယ္ေနေသာ Emmat ပါးႏွစ္ဖက္ကို Ray ႏွင့္ Jump ကနမ္းေနသည့္ပုံ.....

Jasper ထို photo stand ကိုခ်က္ခ်င္းေမွာက္ပစ္လိုက္သည္။

ညဝတ္အက်ႌ အျပာေရာင္ေလးႏွင့္ ဆံပင္ကိုေရသုတ္ရင္း ေရခ်ိဳးခန္းမွ Ray ထြက္လာတာျမင္ေတာ့ Jasper အျမန္ dryer ယူၿပီး Ray ဆံပင္ေျခာက္ေအာင္လုပ္ေပးေလသည္။

ေျခာက္သြားေသာဆံႏြယ္တို႔က နဖူးေပၚဝဲက်ေနေတာ့ တစ္မ်ိဳးေလးခ်စ္ဖို႔ေကာင္းေနသည္။

Jasper အသဲယားစြာ Ray ပါးကိုဆြဲညႇစ္ၿပီး ဆံႏြယ္ေပ်ာ့ေပ်ာ့တို႔ကိုငုံ႔နမ္းလိုက္သည္။

Emmat ကေတာ့သူ႔ Daddy ကိုအသားယူေနသည့္ Jasper့ ကိုႏွာေခါင္း႐ႈံ႕ျပေလသည္။

"Daddy သားအိပ္ခ်င္ေနၿပီ..."

ေစာင့္ေနရသည့္ အခ်ိန္ေရာက္လာၿပီျဖစ္တာေၾကာင့္ Jasper တက္ႂကြလာသည္။

"အိပ္ခ်င္ရင္ ကိုယ့္အခန္းကိုယ္ျပန္ေတာ့ေလ...."
"ဘာလို႔ျပန္ရမွာလဲ.......
ကြၽန္ေတာ္က Daddy နဲ႔အတူအိပ္မွာ...."
"ဘာ!!!
မင္းပဲကေလးမဟုတ္ေတာ့ဘူးဆို.....
လူႀကီးဆိုတာ ကိုယ့္အခန္းကိုယ္ျပန္အိပ္ရတယ္"
"အဲ့တာဆို ဦးေလးႀကီးလည္း ကိုယ့္အခန္းကိုယ္ျပန္အိပ္ေလ......
ဦးေလးႀကီးက လူႀကီးျဖစ္ေနၿပီ"

ကိုယ့္စကားႏွင့္ကိုယ္ျပန္မိေနေသာ Jasper မွာ အူတူတူႀကီးျဖစ္ေနေလသည္။

Emmat ကေတာ့ Ray ရင္ခြင္ထဲတိုးဝင္ကာ အိပ္စက္ေတာ့သည္။

Emmat ေဘးမွာေနရာအက်ယ္ႀကီး႐ွိေပမယ့္ Ray ေဘးတြင္သာ Jasper ဝင္လွဲလိုက္သည္။

"ဟိုဘက္မွာသြားအိပ္ေလ...."
"babe ကိုဖက္အိပ္ခ်င္တာ....."
"မင္းျပဳတ္က်လိမ့္မယ္..."
"က်က်...."

သူ႔ကိုေက်ာေပးထားသည့္ Ray ကိုအေနာက္မွသိုင္းဖက္ကာ ဂုတ္သားႏုႏုကိုသာႏွာေခါင္းခြၽန္ခြၽန္ႏွင့္ထိုးနမ္းေနသည္။

ေနာက္ဆုံးေတာ့ Ray လည္း Jasper ျပဳတ္က်မည္စိုးေသာေၾကာင့္ သားကိုမကာ ျဖည္းျဖည္းခ်င္းေနရာေရြ႔ေပးရေလသည္။

ရင္ခြင္ထဲမွသားက အိပ္ေပ်ာ္ေနၿပီး သူ႔ေက်ာျပင္ႏွင့္ထိကပ္ေနသည့္ ရင္ခြင္ပိုင္႐ွင္မွာလည္း ႏွစ္ခ်ိဳက္စြာအိပ္ေမာက်ေနေတာ့သည္။

"အိမ္မက္လွလွမက္ပါေစ Jas....."

လူတိုင္းလူတိုင္းရဲ႕ဘဝမွာ တစ္ႀကိမ္တစ္ခာေတာ့မွားယြင္းတတ္ၾကတယ္။

သူကိုယ္တိုင္လည္း မွားယြင္းခဲ့ဖူးတာေၾကာင့္ Jas ရဲ႕အမွားကိုနားလည္ေပးဖို႔ဆုံးျဖတ္ခဲ့မိတယ္......

ဒါက Jas တြက္ Third Chance.......

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Bạn đang đọc truyện trên: Truyen247.Pro