Part-47 ( yours kiss )
Unicode
မနက်မလင်းခင်ကတည်းက ခြံပြင်တွင်ဆူညံနေကြသော သတင်းထောက်များကြောင့် အားလုံးအိပ်ရေးပျက်ကာ အလုပ်ရှုပ်ကုန်ကြသည်။
သူ့နာမည်ကိုတကြော်ကြော်အော်ခေါ်ကာ အပြင်ထွက်လာရန်တောင်းဆိုနေကြသည့် သတင်းထောက်တွေကိုသူသနားတောင်လာသည်။
ထိုင်စရာမရှိသော ခြံအပြင် အရိပ်မဲ့သည့် နေပူပူမှာ အသံဝင်မတတ်အော်နေကြသည့် သတင်းထောက်များကို ရေဗူးများပေးရန် Ray စေခိုင်းလိုက်သည်။
Hotel မှာလဲသတင်းထောက်တွေနှင့်ပွက်လောရိုက်နေကြောင်းကို တာဝန်ခံကြီးကဖုန်းဆက်လေသည်။
"P' Tin မနက်ဖြန် hotel မှာသတင်းစာရှင်းလင်းပွဲလုပ်မယ့်အကြောင်း သတင်းထောက်တွေကိုပြောလိုက်ပါ"
သတင်းစာရှင်းလင်းပွဲ လုပ်မည်ဆိုတာတောင် သတင်းဦးကိုလိုချင်နေကြသည့် သတင်းထောက်အချို့ကမပြန်ကြသေးပေ။
📲🎶 phone ring......
"Hello"
"babe ကိုယ်တို့ဒီညညစာအတူစားမှာနော်"
"အင်းပါ ငါမမေ့ပါဘူး"
"Hotel မှာကသတင်းထောက်တွေနဲ့မို့ ကိုယ်အပြင်ဆိုင်တစ်ခုမှာစီစဉ်ထားတယ်....
လိပ်စာကို message ပို့လိုက်မယ်နော်"
"အင်း....
ဒါပဲမလားငါဖုန်းချ..."
"ခဏ.....
ကိုယ် babe ကိုအရမ်းချစ်တယ်နော်...."
ကျသွားပြီဖြစ်သော ဖုန်းကို နားနားတွင်ကပ်လျှက်ပင် Ray ကြောင်စီစီရပ်နေမိလေသည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
ချိန်းထားသည့်ထိုင်းရိုးရာစားသောက်ဆိုင်ကို Ray တို့ရောက်တော့ Jasper ကရောက်နှင့်နေပြီဖြစ်သည်။
သီးသန့်ခန်းတစ်ခုမှာ Ray နှင့် Jasper မျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်။
Ray ဘေးခုံမှာ Emmat ရှိလေသည်။
"Daddy ကကိစ္စလေးပေါ်လာလို့ နာရီဝက်လောက်နောက်ကျဦးမယ်တဲ့ babe"
"ရပါတယ် "
"Hi Emmat "
Jasper လက်ပြပြီးနှုတ်ဆက်တာကို Emmat ကရုပ်တည်ကြီးနှင့်ပြန်ကြည့်လေသည်။
Jasper လည်းမျက်နှာပိုးသတ်ကာ ခပ်တည်တည်ပြန်နေလိုက်သည်။
ချေတာ....
📲🎶 phone ring......
တာဝန်ခံကြီးဖုန်းဆက်ခြင်းဖြစ်သည်။
"Emmat ဒီမှာပဲထိုင်နေနော် Daddy ဖုန်းသွားပြောလိုက်ဦးမယ်"
"ဟုတ်ကဲ့"
Ray ဖုန်းပြောရန်အခန်းပြင်ထွက်သွားတော့ Jasper နှင့် Emmat နှစ်ယောက်တည်းကျန်ခဲ့လေသည်။
Jasper သူ့ကိုမျက်လုံးများမှေးစင်းပြီး သေသေချာချာစိုက်ကြည့်ကာ အကဲခတ်နေသည့် Emmat ကြောင့် စိတ်ထဲမလုံသလိုခံစားရသည်။
"ပေါက်စ......
ငါ့ကိုဘာလို့ဒီလောက်တောင်ကြည့်နေတာလဲ...
ငါချောလို့လား..."
မျက်ခုံးတစ်ဖက်ပင့်ကာ ပြောင်စပ်စပ်ပြောလိုက်တော့ ပြန်ပြောသည့် Emmat စကားကြောင့် Jasper ဆွံ့အသွားသည်။
"ဦးလေးကြီး ကျပ်မပြည့်ဘူးမလား....
ကိုယ့်ကိုကိုယ်အသားလွတ်ကြီးဘဝင်မြင့်နေကြတဲ့လူတွေက ကျပ်မပြည့်ကြဘူးလို့ Daddy ပြောဖူးတယ်"
"........."
"........."
"ပေါက်စ....
ကလေးက လူကြီးတစ်ယောက်ကို ဒီလိုကြည့်တာရိုင်းတယ်နော်"
"ကျွန်တော်ကလေးမဟုတ်ဘူး
ပေါက်စလို့မခေါ်နဲ့...."
"မူကြိုတောင်မတက်ရသေးဘဲနဲ့လူကြီးဖြစ်ချင်နေတာပေါ့ ပေါက်စ"
"ကလေးလား လူကြီးလားဆိုတာကို ရင့်ကျက်မှုနဲ့ဘဲ ဆုံးဖြတ်တယ်
အသက်အရွယ်နဲ့မဆိုင်ဘူးလို့ Daddy ကသင်ပေးထားတယ်...
ကျွန်တော့်ကို ပေါက်စလို့ထပ်ခေါ်ရင်.....
ဦးလေးကြီးကို Daddy နဲ့လက်ထပ်ဖို့ခွင့်မပြုဘူး"
စကားတောင်မပီသေးဘဲ သူ့ကိုပြန်ခြိမ်းခြောက်နေသည့် အကောင်ပိစိကို Jasper ရှိန်ကာ ဘာမှထပ်မပြောရဲတော့ပေ။
ဖုန်းပြောပြီး Ray အခန်းထဲပြန်ရောက်လာမှ Jasper အသက်ရှူချောင်တော့သည်။
သိပ်မကြာလိုက် Mr. Cinn ရောက်လာလေသည်။
"Uncle နောက်ကျသွားတယ်....
Sorry Ray''
"ရပါတယ် Uncle"
"သားတို့နှစ်ယောက် ပြန်အဆင်ပြေသွားတာ
သိပ်ကိုကောင်းတဲ့ကိစ္စဘဲ
Uncle လဲစိတ်ချမ်းသာတယ်"
"........"
Ray အပြုံးတုတစ်ခုကိုသာ ချိတ်ဆွဲပြလိုက်သည်။
"သားတို့နှစ်ယောက် ဘယ်တော့ လက်ထပ်မှာလဲ"
"နောက်လထဲမှာပဲ"
Mr. Cinn စကားကိုပြန်ဖြေသည့် Jasper ကို Ray မျက်လုံးလှန်ကာကြည့်လိုက်ပြီး နှုတ်ဆိတ်လျှက်ပင်ထိုင်နေလိုက်သည်။
"မြန်လှချည်လား သားရဲ့....."
"မြန်လေကောင်းလေပဲလေ Daddy ကလည်း"
"Ray သဘောကရော"
"သားသဘောက babe သဘောပါပဲ Daddy ရာ''
ဇွန်း ခရင်းနှင့် စနစ်တကျစားနေသော Emmat ကို Mr. Cinn ကပြုံး၍ပင်ကြည့်နေသည်။
အိမ်မှာဆို ပေပွနေအောင်စားတတ်ပေမယ့် ဒီလိုညစာစားဖို့ အပြင်ထွက်ချိန်မှာတော့ သားကိုစနစ်တကျ စားတတ်အောင် Ray သင်ပေးထားခဲ့သည်။
"Emmat လေးက Ray နဲ့တော်တော်တူတာပဲ..
Emmat အခုဆိုရင် သားက ဖိုးဖိုးရဲ့ မြေးလေးဖြစ်သွားပြီနော်"
"ဟုတ်"
ချစ်စဖွယ် ပြုံးပြနေသည့် Emmat ကို Jasper မသိမသာမျက်စောင်းထိုးလိုက်သည်။
ပိစိက ငါ့ကျချေပြီး Daddy နဲ့ချစ်ကြည်ရေးရနေတာ......
ပြန်ခါနီး ကားပေါ်တက်တော့မည့် Ray ကို Jasper အပြေးအလွှားနမ်းလိုက်သေးသည်။
"အရမ်းချစ်တယ်နော် babe....
Good night..... "
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Ray အိမ်တော်ကိုပြန်ရောက်တော့ ဧည့်ခန်းထဲတွင်စောင့်နေသည့် Jump ကိုတွေ့ရသည်။
"Uncle Jump!!"
သားက Jump ကိုပြေးဖက်ရာ Jump ကလည်းအလိုက်သင့်လေးပွေ့ချီလိုက်လေသည်။
"Uncle Jump ဘာလို့အိမ်မလာတာလဲ သားကလွမ်းနေတာ"
"Uncle ကလည်း Emmat ကိုလွမ်းနေခဲ့တာ"
"ဒီအိတ်ကဘာလဲဟင် Uncle Jump "
"Uncle ရဲ့အဝတ်တွေနဲ့အသုံးအဆောင်တွေလေ
အိမ်ကိုပြန်သယ်သွားမလို့"
"ဘာလို့ပြန်သယ်မှာလဲ...
သားတို့နဲ့အတူမနေတော့ဘူးလား"
"အင်း Uncle အလုပ်တေနဲ့မအားလို့ Uncle အိမ်မှာပဲပြန်နေတော့မယ်
Uncle မကြာခဏသားဆီလာလည်ပေးမယ်နော်"
"တကယ်နော်...
ခဏခဏလာခဲ့နော်...
သားကစောင့်နေမှာ"
ငိုမဲ့မဲ့ သားရဲ့ ပါးပြင်လေးကို နမ်းပြီး သားကိုအောက်ချပေးကာ အိတ်ကလေးကိုဆွဲပီး Jump အိမ်တော်ထဲမှထွက်သွားလေသည်။
"Jump!"
သူ့ခေါ်သံကြောင့် Jump ခြေလှမ်းများ ရပ်တန့်သွားလေသည်။
"ငါတို့ခဏလောက်စကားပြောရအောင်"
"ထပ်ပြီး တောင်းပန်ပါတယ်ပဲပြောမလို့လား Han"
" ငါ Jasper နဲ့လက်ထပ်ရမယ်"
"ကိုယ်ထင်ပြီးသားပါ"
"ငါ Jasper ရဲ့ဆန္ဒကိုငြင်းဆန်လို့မရဘူး...
သူ့ဆီမှာ video နဲ့ ဓာတ်ပုံတွေရှိနေတယ်"
"ဘာဓာတ်ပုံတွေလဲ!"
"ငါ LA ညစာစားပွဲတုန်းက......
ဝိုင်ထဲမှာ......ဆေးခတ်ခံခဲ့ရပြီး.......
Jasper နဲ့ sex ဖြစ်ခဲ့တယ်.......
အဲ့တုန်းက ငါအသိစိတ်လွတ်နေခဲ့တာ....
ဒါတွေအကုန်လုံးကို Jasper ကကင်မရာတွေတပ်ပြီး............."
Ray ဆက်မပြောနိုင်တော့ဘဲ အသံကလည်ချောင်းထဲတွင်ဆို့ကာ ပျောက်ကွယ်သွားလေသည်။
"Han ရယ်"
သူ့ကိုနွေးထွေးစွာပွေ့ဖက်လာပေးသည့် Jump ့ရင်ခွင်ထဲတွင် Ray ငိုမိပြန်သည်။
"ငါ့ကိုရွံသွားလား Jump...."
"ကိုယ်က Han ကိုဘာလို့ရွံရမှာလဲ....
Han အမှားမှမဟုတ်တာ...."
"........."
"ကိုယ်တို့ ထွက်ပြေးကြမလား......
Han ရယ် ကိုယ်ရယ် Emmat ရယ် ဒီကနေထွက်သွားကြရအော်လေ..."
ရုတ်တရက် သူ့ပုခုံးတွေကိုဆုပ်ကိုင်ကာ မျှော်လင့်တကြီး တောင်းဆိုလာသည့် Jump ကို Ray ငြင်းဆန်လိုက်သည်။
"မဖြစ်နိုင်ဘူး Jump"
"ဘာလို့မဖြစ်နိင်ရမှာလဲ..."
"Jasper က ဓာတ်ပုံနဲ့ video တွေကို online ပေါ်တင်လိမ့်မယ်.....
အဲ့လိုဆိုရင်....W ပျက်စီးသွားလိမ့်မယ်...
ငါ့မိသားစုလည်း အရှက်ရလိမ့်မယ်"
"Jasper ကို Han ချစ်နေသေးတယ်မလား!!
အဲ့တာကြောင့် ကိုယ်နဲ့မလိုက်နိုင်တာမလား!"
".........."
"ဖြေလေ Han!!!"
"ငါမသိဘူး.....
ငါတောင်းပန်ပါတယ် "
"ကိုယ် အမုန်းဆုံးက Han နှုတ်ခမ်းကထွက်တဲ့တောင်းပန်စကားပဲ!!!!"
မျက်လုံးများနီရဲကာ ဒေါသအပြည့်နှင့် Jump ကြောင့် Ray တုန်ယင်လာသည်။
"ငါတို့အရင်ကလို ညီအစ်ကိုလို သူငယ်ချင်းလို ပြန်နေလို့မရဘူးလားဟင်........"
"........"
"........"
"ကိုယ် Han ကိုနောက်ဆုံးအနေနဲ့ နမ်းခွင့်ရမလား"
အဖြေကိုပင်မစောင့် Ray နှုတ်ခမ်းတို့ကို Jump ငုံလိုက်တော့သည်။
နောက်ဆုံးအကြိမ် ဆိုသည့် အသိကြောင့် Jump ပါးပြင်ထက်မျက်ရည်တို့တသွင်သွင်စီးဆင်းခဲ့သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"မင်္ဂလာဆောင်ကတော့ နောက်လထဲမှာပါ....
W မှာပဲလုပ်ဖို့စဉ်းစားထားတယ်...
အားလုံးကိုအခုကတည်းက ကြိုတင်ဖိတ်တယ်နော်......လာကြမယ်မလား"
သတင်းထောက်များမေးသမျှကို ပြုံးရွှင်ကာ Jasper ဖြေနေပေမယ့် Ray ကတော့ အလိုက်သင့်လေးသာ ပြောပြီးငြိမ်သက်နေခဲ့သည်။
"Khun Ray ကို Sky construction group က Khun Jump နဲ့တွဲနေတာလို့ ထင်ထားခဲ့တာ"
"Jump နဲ့ babe ကသူငယ်ချင်းတွေပါ....
စီးပွားရေး partner ချင်းမို့ အနေပိုနီးသွားတာ"
Ray ပင်ဖြေစရာမလို Jasper ကပြာပြာသဲသဲ ဦးအောင်ရှင်းပြလေသည်။
"Khun Jasper က Khun Ray ကို babe လို့ခေါ်တာလား"
"ဟုတ်တယ် ကျွန်တော့်ရဲ့ချစ်မဝတဲ့ကလေးလေးမို့ babe လို့ချစ်စနိုးခေါ်တာ"
Jasper ကပြောလည်းပြော နမ်းလည်းနမ်းနှင့် Ray မျက်နှာတစ်ခုလုံး နီရဲလာသည်။
"ရှက်နေတာကြည့်ပါဦး မျက်နှာလေးကိုရဲနေတာဘဲ"
သတင်းထောက်များကလည်း show ပွဲကြည့်နေသလို လက်ခုပ်လက်ဝါးတီးကာ တဟေးဟေးနှင့် အားပေးနေကြသည်။
📲🎶 phone ring........
သတင်းစာရှင်းလင်းပွဲပြီးလို့ ခဏနားနေစဉ် ဖေဖေ့ဆီမှ ဖုန်းဝင်လာလေသည်။
သူတို့နှစ်ယောက်ရဲ့ interview ကို Channal တွေကနေ live ပြတာကို ဖေဖေလည်းမြင်ပြီးလောက်ပြီထင်သည်။
"Hello ဖေဖေ"
"သားဟန် တကယ် Jasper နဲ့လက်ထပ်တော့မှာလား"
"ဟုတ်"
"သားဘဝကိုသားစိတ်ကြိုက်ဆုံးဖြတ်ခွင့်ရှိတယ်
ဖေဖေဝင်မစွက်ဖက်ပါဘူး...."
"ကျေးဇူးတင်ပါတယ် ဖေဖေ....."
"အဲ့တာဆို နောက်လထဲဖေဖေလာခဲ့မယ်"
"ဟုတ်"
"babe ဖေဖေဆက်တာလား"
"အင်း"
"ဘာတဲ့လဲ"
"နောက်လလာခဲ့မယ်တဲ့"
"ယောက္ခမကြီးနဲ့ထပ်တွေ့ရဦးမှာပေါ့
ကိုယ်တို့ သဘက်ခါ Preweddig ဓာတ်ပုံရိုက်မယ်နော် ကိုယ်အားလုံးစီစဉ်ပြီးသွားပြီ"
"အင်း"
ငြင်းဆန်ခွင့်မရှိသည့် အမိန့်စကားကို Ray ပြုံးရယ်ခြင်းမရှိဘဲ နာခံရပြန်သည်။
" ကိုယ်မနက်ဖြန် babe ရဲ့အိမ်တော်ကိုလာခဲ့မယ်"
"အင်း"
"babe ကွာ ကိုယ့်ကို အင်းပဲပြန်ပြောနေတယ်..
ပြုံးလည်းမပြုံးဘူး"
"......."
"ပြုံးပါဆိုကွာ"
Ray မျက်နှာလေးကို လက်နှစ်ဖက်နှင့်ကိုင်ကာ Jasper အတင်းပြုံးခိုင်းနေသည်။
"babe မပြုံးဘူးလား....
မပြုံးရင်........."
Jasper တိုက်ကွက်တွေစပြီဖြစ်သည်။
Ray တစ်ကိုယ်လုံးကိုလိုက်ကလိကြားထိုးတော့ ရုံးခန်း sofa ပေါ်မှာ Ray လူးလှိမ့်နေရသည်။
မရယ်မိအောင်ထိန်းထားပေမယ့် မရတော့ အားရပါးရ အသံကုန်အော်ရယ်မိတော့သည်။
"အဟား...ဟား....ဟား...တော်Jasper......တော်.......တော့..."
"Jas လို့ခေါ်.....
ကိုယ့်ကို အရင်လို Jas လို့ခေါ်ရင်ရပ်ပေးမယ်"
Ray လွယ်လွယ်နှင့်မခေါ်ပဲ တင်းခံထားပေမယ့် မရတော့.....
ရယ်ရလွန်းလို့ ဗိုက်ကြောတွေပင်နာလာသည်။
"Jas.....တော်...တော်ပါတော့...."
"ဒီလိုမှပေါ့...."
Jasper ကျေနပ်စွာရေရွတ်လိုက်ပြီး ပလက်အနေအထားနှင့်မောဟိုက်နေသော Ray ကို သူ့ပေါင်ပေါ်ပွေ့ယူကာ ခွထိုင်စေသည်။
Ray ရယ်ရလွန်းလို့ အားမရှိသလိုဖြစ်နေ၍ ငြိမ်နေရာ Jasper က Ray ဝတ်ထားသည့် shirt မှ ကြယ်သီးတွေကိုစဖြုတ်တော့သည်။
"Jas ဘာလုပ်တာလဲ"
"ကြယ်သီးဖြုတ်တာလေ"
"ဘာလို့ဖြုတ်တာလဲလို့မေးနေတာ"
Jasper ပြန်မဖြေဘဲ အောက်ဆုံးကြယ်သီးတစ်လုံးသာချန်ပြီး shirt အင်္ကျီကိုဆွဲချလိုက်လေသည်။
Ray ချက်ချင်းပြန်ဝတ်ရန်လုပ်တော့ သူ့လက်တွေကို Jasper ဖမ်းကိုင်လိုက်သည်။
"ငြိမ်ငြိမ်နေ ကိုယ်နမ်းရုံပဲနမ်းမှာ"
Ray လက်တွေကို သူ့ပုခုံးပေါ်တင်ပေးပြီး Ray လည်တိုင်ကို Jasper စနမ်းတော့သည်။
"babe မောနေတဲ့ပုံလေးက အရမ်းဆွဲဆောင်မှုရှိတာပဲ.....
ကိုယ့်ကိုစိတ်ကြွစေတယ်"
လည်တိုင်ကိုလျှာနှင့်လျှက်လိုက်ပြီး ပြောသည့်စကားကြောင့် Ray ကြက်သီးအဖုလေးများထလာသည်။
Jasper ရှူထုတ်လိုက်သည့် လေငွေ့နွေးနွေးက Ray ကိုရိုက်ခတ်နေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို နေရာမလပ် စုပ်ယူနမ်းရှိုက်နေသော Jasper ကြောင့် Ray မှာပူထူပြီး တစ်ချက်တစ်ချက် Jasper အူယားလို့ ကိုက်လိုက်တိုင်း အသံမထွက်မိအောင် အောက်နှုတ်ခမ်းလေးကိုသာဖိကိုက်ထားလိုက်သည်။
"နှုတ်ခမ်းလေးကိုက်မထားပါနဲ့ babe ရာ....
ကိုယ်တကယ်စိတ်လွတ်သွားလိမ့်မယ်"
Ray ကိုက်ထားသည့်အောက်နှုတ်ခမ်းကိုလွှတ်ကာ Jasper ကိုပြူးကြောင်ကြောင်လေးကြည့်လိုက်မိသည်။
"ကိုယ့်ကိုဘယ်လိုလေးကြည့်နေတာလဲ....
အသဲယားလိုက်တာကွာ...."
Ray ရင်ဘက်ညှပ်ရိုးကို Jasper ကိုက်ချလိုက်သည်။
"အ..."
အသံပိစိလေးထွက်လာတော့ Ray နှုတ်ခမ်းကိုပြန်ကိုက်ထားလိုက်သည်။
"နှုတ်ခမ်းမကိုက်ပါနဲ့ဆိုကွာ"
Ray ခေါင်းလေးကိုဆွဲငုံ့လိုက်ပြီး နှုတ်ခမ်းလွှာတို့ကို မွတ်သိပ်စွာစုပ်ယူတော့သည်။
Ray ကိုယ့်ကိုကိုယ်မသိလိုက်ခင်မှာပဲ Jasper ရဲ့အနမ်းတွေကိုတုန့်ပြန်ခဲ့မိသည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
မင်းအနမ်းတွေက
စိတ်ကြွဆေးထက်
ပိုပြင်းလွန်းတယ်
******************************
Zawgyi
မနက္မလင္းခင္ကတည္းက ျခံျပင္တြင္ဆူညံေနၾကေသာ သတင္းေထာက္မ်ားေၾကာင့္ အားလုံးအိပ္ေရးပ်က္ကာ အလုပ္႐ႈပ္ကုန္ၾကသည္။
သူ႔နာမည္ကိုတေၾကာ္ေၾကာ္ေအာ္ေခၚကာ အျပင္ထြက္လာရန္ေတာင္းဆိုေနၾကသည့္ သတင္းေထာက္ေတြကိုသူသနားေတာင္လာသည္။
ထိုင္စရာမ႐ွိေသာ ျခံအျပင္ အရိပ္မဲ့သည့္ ေနပူပူမွာ အသံဝင္မတတ္ေအာ္ေနၾကသည့္ သတင္းေထာက္မ်ားကို ေရဗူးမ်ားေပးရန္ Ray ေစခိုင္းလိုက္သည္။
Hotel မွာလဲသတင္းေထာက္ေတြႏွင့္ပြက္ေလာ႐ိုက္ေနေၾကာင္းကို တာဝန္ခံႀကီးကဖုန္းဆက္ေလသည္။
"P' Tin မနက္ျဖန္ hotel မွာသတင္းစာ႐ွင္းလင္းပြဲလုပ္မယ့္အေၾကာင္း သတင္းေထာက္ေတြကိုေျပာလိုက္ပါ"
သတင္းစာ႐ွင္းလင္းပြဲ လုပ္မည္ဆိုတာေတာင္ သတင္းဦးကိုလိုခ်င္ေနၾကသည့္ သတင္းေထာက္အခ်ိဳ႕ကမျပန္ၾကေသးေပ။
📲🎶 phone ring......
"Hello"
"babe ကိုယ္တို႔ဒီညညစာအတူစားမွာေနာ္"
"အင္းပါ ငါမေမ့ပါဘူး"
"Hotel မွာကသတင္းေထာက္ေတြနဲ႔မို႔ ကိုယ္အျပင္ဆိုင္တစ္ခုမွာစီစဥ္ထားတယ္....
လိပ္စာကို message ပို႔လိုက္မယ္ေနာ္"
"အင္း....
ဒါပဲမလားငါဖုန္းခ်..."
"ခဏ.....
ကိုယ္ babe ကိုအရမ္းခ်စ္တယ္ေနာ္...."
က်သြားၿပီျဖစ္ေသာ ဖုန္းကို နားနားတြင္ကပ္လ်ွက္ပင္ Ray ေၾကာင္စီစီရပ္ေနမိေလသည္။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
ခ်ိန္းထားသည့္ထိုင္းရိုးရာစားေသာက္ဆိုင္ကို Ray တို႔ေရာက္ေတာ့ Jasper ကေရာက္ႏွင့္ေနၿပီျဖစ္သည္။
သီးသန္႔ခန္းတစ္ခုမွာ Ray ႏွင့္ Jasper မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္ၾကသည္။
Ray ေဘးခုံမွာ Emmat ႐ွိေလသည္။
"Daddy ကကိစၥေလးေပၚလာလို႔ နာရီဝက္ေလာက္ေနာက္က်ဦးမယ္တဲ့ babe"
"ရပါတယ္ "
"Hi Emmat "
Jasper လက္ျပၿပီးႏႈတ္ဆက္တာကို Emmat က႐ုပ္တည္ႀကီးႏွင့္ျပန္ၾကည့္ေလသည္။
Jasper လည္းမ်က္ႏွာပိုးသတ္ကာ ခပ္တည္တည္ျပန္ေနလိုက္သည္။
ေခ်တာ....
📲🎶 phone ring......
တာဝန္ခံႀကီးဖုန္းဆက္ျခင္းျဖစ္သည္။
"Emmat ဒီမွာပဲထိုင္ေနေနာ္ Daddy ဖုန္းသြားေျပာလိုက္ဦးမယ္"
"ဟုတ္ကဲ့"
Ray ဖုန္းေျပာရန္အခန္းျပင္ထြက္သြားေတာ့ Jasper ႏွင့္ Emmat ႏွစ္ေယာက္တည္းက်န္ခဲ့ေလသည္။
Jasper သူ႔ကိုမ်က္လုံးမ်ားေမွးစင္းၿပီး ေသေသခ်ာခ်ာစိုက္ၾကည့္ကာ အကဲခတ္ေနသည့္ Emmat ေၾကာင့္ စိတ္ထဲမလုံသလိုခံစားရသည္။
"ေပါက္စ......
ငါ့ကိုဘာလို႔ဒီေလာက္ေတာင္ၾကည့္ေနတာလဲ...
ငါေခ်ာလို႔လား..."
မ်က္ခုံးတစ္ဖက္ပင့္ကာ ေျပာင္စပ္စပ္ေျပာလိုက္ေတာ့ ျပန္ေျပာသည့္ Emmat စကားေၾကာင့္ Jasper ဆြံ႔အသြားသည္။
"ဦးေလးႀကီး က်ပ္မျပည့္ဘူးမလား....
ကိုယ့္ကိုကိုယ္အသားလြတ္ႀကီးဘဝင္ျမင့္ေနၾကတဲ့လူေတြက က်ပ္မျပည့္ၾကဘူးလို႔ Daddy ေျပာဖူးတယ္"
"........."
"........."
"ေပါက္စ....
ကေလးက လူႀကီးတစ္ေယာက္ကို ဒီလိုၾကည့္တာ႐ိုင္းတယ္ေနာ္"
"ကြၽန္ေတာ္ကေလးမဟုတ္ဘူး
ေပါက္စလို႔မေခၚနဲ႔...."
"မူႀကိဳေတာင္မတက္ရေသးဘဲနဲ႔လူႀကီးျဖစ္ခ်င္ေနတာေပါ့ ေပါက္စ"
"ကေလးလား လူႀကီးလားဆိုတာကို ရင့္က်က္မႈနဲ႔ဘဲ ဆုံးျဖတ္တယ္
အသက္အရြယ္နဲ႔မဆိုင္ဘူးလို႔ Daddy ကသင္ေပးထားတယ္...
ကြၽန္ေတာ့္ကို ေပါက္စလို႔ထပ္ေခၚရင္.....
ဦးေလးႀကီးကို Daddy နဲ႔လက္ထပ္ဖို႔ခြင့္မျပဳဘူး"
စကားေတာင္မပီေသးဘဲ သူ႔ကိုျပန္ျခိမ္းေျခာက္ေနသည့္ အေကာင္ပိစိကို Jasper ႐ွိန္ကာ ဘာမွထပ္မေျပာရဲေတာ့ေပ။
ဖုန္းေျပာၿပီး Ray အခန္းထျဲပန္ေရာက္လာမွ Jasper အသက္႐ွဴေခ်ာင္ေတာ့သည္။
သိပ္မၾကာလိုက္ Mr. Cinn ေရာက္လာေလသည္။
"Uncle ေနာက္က်သြားတယ္....
Sorry Ray''
"ရပါတယ္ Uncle"
"သားတို႔ႏွစ္ေယာက္ ျပန္အဆင္ေျပသြားတာ
သိပ္ကိုေကာင္းတဲ့ကိစၥဘဲ
Uncle လဲစိတ္ခ်မ္းသာတယ္"
"........"
Ray အျပဳံးတုတစ္ခုကိုသာ ခ်ိတ္ဆြဲျပလိုက္သည္။
"သားတို႔ႏွစ္ေယာက္ ဘယ္ေတာ့ လက္ထပ္မွာလဲ"
"ေနာက္လထဲမွာပဲ"
Mr. Cinn စကားကိုျပန္ေျဖသည့္ Jasper့ ကို Ray မ်က္လုံးလွန္ကာၾကည့္လိုက္ၿပီး ႏႈတ္ဆိတ္လ်ွက္ပင္ထိုင္ေနလိုက္သည္။
"ျမန္လွခ်ည္လား သားရဲ႕....."
"ျမန္ေလေကာင္းေလပဲေလ Daddy ကလည္း"
"Ray သေဘာကေရာ"
"သားသေဘာက babe သေဘာပါပဲ Daddy ရာ''
ဇြန္း ခရင္းႏွင့္ စနစ္တက်စားေနေသာ Emmat ကို Mr. Cinn ကျပဳံး၍ပင္ၾကည့္ေနသည္။
အိမ္မွာဆို ေပပြေနေအာင္စားတတ္ေပမယ့္ ဒီလိုညစာစားဖို႔ အျပင္ထြက္ခ်ိန္မွာေတာ့ သားကိုစနစ္တက် စားတတ္ေအာင္ Ray သင္ေပးထားခဲ့သည္။
"Emmat ေလးက Ray နဲ႔ေတာ္ေတာ္တူတာပဲ..
Emmat အခုဆိုရင္ သားက ဖိုးဖိုးရဲ႕ ေျမးေလးျဖစ္သြားၿပီေနာ္"
"ဟုတ္"
ခ်စ္စဖြယ္ ျပဳံးျပေနသည့္ Emmat ကို Jasper မသိမသာမ်က္ေစာင္းထိုးလိုက္သည္။
ပိစိက ငါ့က်ေခ်ၿပီး Daddy နဲ႔ခ်စ္ၾကည္ေရးရေနတာ......
ျပန္ခါနီး ကားေပၚတက္ေတာ့မည့္ Ray ကို Jasper အေျပးအလႊားနမ္းလိုက္ေသးသည္။
"အရမ္းခ်စ္တယ္ေနာ္ babe....
Good night..... "
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Ray အိမ္ေတာ္ကိုျပန္ေရာက္ေတာ့ ဧည့္ခန္းထဲတြင္ေစာင့္ေနသည့္ Jump ကိုေတ႔ြရသည္။
"Uncle Jump!!"
သားက Jump ကိုေျပးဖက္ရာ Jump ကလည္းအလိုက္သင့္ေလးေပြ႔ခ်ီလိုက္ေလသည္။
"Uncle Jump ဘာလို႔အိမ္မလာတာလဲ သားကလြမ္းေနတာ"
"Uncle ကလည္း Emmat ကိုလြမ္းေနခဲ့တာ"
"ဒီအိတ္ကဘာလဲဟင္ Uncle Jump "
"Uncle ့အဝတ္ေတြနဲ႔အသုံးအေဆာင္ေတြေလ
အိမ္ကိုျပန္သယ္သြားမလို႔"
"ဘာလို႔ျပန္သယ္မွာလဲ...
သားတို႔နဲ႔အတူမေနေတာ့ဘူးလား"
"အင္း Uncle အလုပ္ေတနဲ႔မအားလို႔ Uncle ့အိမ္မွာပျဲပန္ေနေတာ့မယ္
Uncle မၾကာခဏသားဆီလာလည္ေပးမယ္ေနာ္"
"တကယ္ေနာ္...
ခဏခဏလာခဲ့ေနာ္...
သားကေစာင့္ေနမွာ"
ငိုမဲ့မဲ့ သားရဲ႕ ပါးျပင္ေလးကို နမ္းၿပီး သားကိုေအာက္ခ်ေပးကာ အိတ္ကေလးကိုဆြဲပီး Jump အိမ္ေတာ္ထဲမွထြက္သြားေလသည္။
"Jump!"
သူ႔ေခၚသံေၾကာင့္ Jump ေျခလွမ္းမ်ား ရပ္တန္႔သြားေလသည္။
"ငါတို႔ခဏေလာက္စကားေျပာရေအာင္"
"ထပ္ၿပီး ေတာင္းပန္ပါတယ္ပဲေျပာမလို႔လား Han"
" ငါ Jasper နဲ႔လက္ထပ္ရမယ္"
"ကိုယ္ထင္ၿပီးသားပါ"
"ငါ Jasper ့ ဆႏၵကိုျငင္းဆန္လို႔မရဘူး...
သူ႔ဆီမွာ video နဲ႔ ဓာတ္ပုံေတြ႐ွိေနတယ္"
"ဘာဓာတ္ပုံေတြလဲ!"
"ငါ LA ညစာစားပြဲတုန္းက......
ဝိုင္ထဲမွာ......ေဆးခတ္ခံခဲ့ရၿပီး.......
Jasper နဲ႔ sex ျဖစ္ခဲ့တယ္.......
အဲ့တုန္းက ငါအသိစိတ္လြတ္ေနခဲ့တာ....
ဒါေတြအကုန္လုံးကို Jasper ကကင္မရာေတြတပ္ၿပီး............."
Ray ဆက္မေျပာႏိုင္ေတာ့ဘဲ အသံကလည္ေခ်ာင္းထဲတြင္ဆို႔ကာ ေပ်ာက္ကြယ္သြားေလသည္။
"Han ရယ္"
သူ႔ကိုေႏြးေထြးစြာေပြ႔ဖက္လာေပးသည့္ Jump ့ရင္ခြင္ထဲတြင္ Ray ငိုမိျပန္သည္။
"ငါ့ကိုရြံသြားလား Jump...."
"ကိုယ္က Han ့ ကိုဘာလို႔ရြံရမွာလဲ....
Han့ အမွားမွမဟုတ္တာ...."
"........."
"ကိုယ္တို႔ ထြက္ေျပးၾကမလား......
Han ရယ္ ကိုယ္ရယ္ Emmat ရယ္ ဒီကေနထြက္သြားၾကရေအာ္ေလ..."
႐ုတ္တရက္ သူ႔ပုခုံးေတြကိုဆုပ္ကိုင္ကာ ေမ်ွာ္လင့္တႀကီး ေတာင္းဆိုလာသည့္ Jump့ ကို Ray ျငင္းဆန္လိုက္သည္။
"မျဖစ္ႏိုင္ဘူး Jump"
"ဘာလို႔မျဖစ္နိင္ရမွာလဲ..."
"Jasper က ဓာတ္ပုံနဲ႔ video ေတြကို online ေပၚတင္လိမ့္မယ္.....
အဲ့လိုဆိုရင္....W ပ်က္စီးသြားလိမ့္မယ္...
ငါ့မိသားစုလည္း အ႐ွက္ရလိမ့္မယ္"
"Jasper့ ကို Han ခ်စ္ေနေသးတယ္မလား!!
အဲ့တာေၾကာင့္ ကိုယ္နဲ႔မလိုက္ႏိုင္တာမလား!"
".........."
"ေျဖေလ Han!!!"
"ငါမသိဘူး.....
ငါေတာင္းပန္ပါတယ္ "
"ကိုယ္ အမုန္းဆုံးက Han ့ ႏႈတ္ခမ္းကထြက္တဲ့ေတာင္းပန္စကားပဲ!!!!"
မ်က္လုံးမ်ားနီရဲကာ ေဒါသအျပည့္ႏွင့္ Jump ေၾကာင့္ Ray တုန္ယင္လာသည္။
"ငါတို႔အရင္ကလို ညီအစ္ကိုလို သူငယ္ခ်င္းလို ျပန္ေနလို႔မရဘူးလားဟင္........"
"........"
"........"
"ကိုယ္ Han့ ကိုေနာက္ဆုံးအေနနဲ႔ နမ္းခြင့္ရမလား"
အေျဖကိုပင္မေစာင့္ Ray ႏႈတ္ခမ္းတို႔ကို Jump ငုံလိုက္ေတာ့သည္။
ေနာက္ဆုံးအႀကိမ္ ဆိုသည့္ အသိေၾကာင့္ Jump ပါးျပင္ထက္မ်က္ရည္တို႔တသြင္သြင္စီးဆင္းခဲ့သည္။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"မဂၤလာေဆာင္ကေတာ့ ေနာက္လထဲမွာပါ....
W မွာပဲလုပ္ဖို႔စဥ္းစားထားတယ္...
အားလုံးကိုအခုကတည္းက ႀကိဳတင္ဖိတ္တယ္ေနာ္......လာၾကမယ္မလား"
သတင္းေထာက္မ်ားေမးသမ်ွကို ျပဳံးရႊင္ကာ Jasper ေျဖေနေပမယ့္ Ray ကေတာ့ အလိုက္သင့္ေလးသာ ေျပာၿပီးၿငိမ္သက္ေနခဲ့သည္။
"Khun Ray ကို Sky construction group က Khun Jump နဲ႔တြဲေနတာလို႔ ထင္ထားခဲ့တာ"
"Jump နဲ႔ babe ကသူငယ္ခ်င္းေတြပါ....
စီးပြားေရး partner ခ်င္းမို႔ အေနပိုနီးသြားတာ"
Ray ပင္ေျဖစရာမလို Jasper ကျပာျပာသဲသဲ ဦးေအာင္႐ွင္းျပေလသည္။
"Khun Jasper က Khun Ray ကို babe လို႔ေခၚတာလား"
"ဟုတ္တယ္ ကြၽန္ေတာ့္ရဲ႕ခ်စ္မဝတဲ့ကေလးေလးမို႔ babe လို႔ခ်စ္စႏိုးေခၚတာ"
Jasper ကေျပာလည္းေျပာ နမ္းလည္းနမ္းႏွင့္ Ray မ်က္ႏွာတစ္ခုလုံး နီရဲလာသည္။
"႐ွက္ေနတာၾကည့္ပါဦး မ်က္ႏွာေလးကိုရဲေနတာဘဲ"
သတင္းေထာက္မ်ားကလည္း show ပြဲျကည့္ေနသလို လက္ခုပ္လက္ဝါးတီးကာ တေဟးေဟးႏွင့္ အားေပးေနၾကသည္။
📲🎶 phone ring........
သတင္းစာ႐ွင္းလင္းပြဲၿပီးလို႔ ခဏနားေနစဥ္ ေဖေဖ့ဆီမွ ဖုန္းဝင္လာေလသည္။
သူတို႔ႏွစ္ေယာက္ရဲ႕ interview ကို Channal ေတြကေန live ျပတာကို ေဖေဖလည္းျမင္ၿပီးေလာက္ၿပီထင္သည္။
"Hello ေဖေဖ"
"သားဟန္ တကယ္ Jasper နဲ႔လက္ထပ္ေတာ့မွာလား"
"ဟုတ္"
"သားဘဝကိုသားစိတ္ႀကိဳက္ဆုံးျဖတ္ခြင့္႐ွိတယ္
ေဖေဖဝင္မစြက္ဖက္ပါဘူး...."
"ေက်းဇူးတင္ပါတယ္ ေဖေဖ....."
"အဲ့တာဆို ေနာက္လထဲေဖေဖလာခဲ့မယ္"
"ဟုတ္"
"babe ေဖေဖဆက္တာလား"
"အင္း"
"ဘာတဲ့လဲ"
"ေနာက္လလာခဲ့မယ္တဲ့"
"ေယာကၡမႀကီးနဲ႔ထပ္ေတြ႔ရဦးမွာေပါ့
ကိုယ္တို႔ သဘက္ခါ Preweddig ဓာတ္ပုံ႐ိုက္မယ္ေနာ္ ကိုယ္အားလုံးစီစဥ္ၿပီးသြားၿပီ"
"အင္း"
ျငင္းဆန္ခြင့္မ႐ွိသည့္ အမိန္႔စကားကို Ray ျပဳံးရယ္ျခင္းမ႐ွိဘဲ နာခံရျပန္သည္။
" ကိုယ္မနက္ျဖန္ babe ရဲ႕အိမ္ေတာ္ကိုလာခဲ့မယ္"
"အင္း"
"babe ကြာ ကိုယ့္ကို အင္းပဲျပန္ေျပာေနတယ္..
ျပဳံးလည္းမျပံဳးဘူး"
"......."
"ျပဳံးပါဆိုကြာ"
Ray မ်က္ႏွာေလးကို လက္ႏွစ္ဖက္ႏွင့္ကိုင္ကာ Jasper အတင္းျပဳံးခိုင္းေနသည္။
"babe မျပဳံးဘူးလား....
မျပဳံးရင္........."
Jasper တိုက္ကြက္ေတြစၿပီျဖစ္သည္။
Ray တစ္ကိုယ္လုံးကိုလိုက္ကလိၾကားထိုးေတာ့ ႐ုံးခန္း sofa ေပၚမွာ Ray လူးလိွမ့္ေနရသည္။
မရယ္မိေအာင္ထိန္းထားေပမယ့္ မရေတာ့ အားရပါးရ အသံကုန္ေအာ္ရယ္မိေတာ့သည္။
"အဟား...ဟား....ဟား...ေတာ္ေတာ့...Jasper......ေတာ္.......ေတာ့..."
"Jas လို႔ေခၚ.....
ကိုယ့္ကို အရင္လို Jas လို႔ေခၚရင္ရပ္ေပးမယ္"
Ray လြယ္လြယ္ႏွင့္မေခၚပဲ တင္းခံထားေပမယ့္ မရေတာ့.....
ရယ္ရလြန္းလို႔ ဗိုက္ေၾကာေတြပင္နာလာသည္။
"Jas.....ေတာ္...ေတာ္ပါေတာ့...."
"ဒီလိုမွေပါ့...."
Jasper ေက်နပ္စြာေရရြတ္လိုက္ၿပီး ပလက္အေနအထားႏွင့္ေမာဟိုက္ေနေသာ Ray ကို သူ႔ေပါင္ေပါ္ေပြ႔ယူကာ ခြထိုင္ေစသည္။
Ray ရယ္ရလြန္းလို႔ အားမ႐ွိသလိုျဖစ္ေန၍ ၿငိမ္ေနရာ Jasper က Ray ဝတ္ထားသည့္ shirt မွ ၾကယ္သီးေတြကိုစျဖဳတ္ေတာ့သည္။
"Jas ဘာလုပ္တာလဲ"
"ၾကယ္သီးျဖဳတ္တာေလ"
"ဘာလို႔ျဖဳတ္တာလဲလို႔ေမးေနတာ"
Jasper ျပန္မေျဖဘဲ ေအာက္ဆုံးၾကယ္သီးတစ္လုံးသာခ်န္ၿပီး shirt အက်ႌကိုဆြဲခ်လိုက္ေလသည္။
Ray ခ်က္ခ်င္းျပန္ဝတ္ရန္လုပ္ေတာ့ သူ႔လက္ေတြကို Jasper ဖမ္းကိုင္လိုက္သည္။
"ၿငိမ္ၿငိမ္ေန ကိုယ္နမ္း႐ုံပဲနမ္းမွာ"
Ray လက္ေတြကို သူ႔ပုခုံးေပၚတင္ေပးၿပီး Ray လည္တိုင္ကို Jasper စနမ္းေတာ့သည္။
"babe ေမာေနတဲ့ပုံေလးက အရမ္းဆြဲေဆာင္မႈ႐ွိတာပဲ.....
ကိုယ့္ကိုစိတ္ႂကြေစတယ္"
လည္တိုင္ကိုလ်ွာႏွင့္လ်ွက္လိုက္ၿပီး ေျပာသည့္စကားေၾကာင့္ Ray ၾကက္သီးအဖုေလးမ်ားထလာသည္။
Jasper ႐ွဴထုတ္လိုက္သည့္ ေလေငြ႔ေႏြးေႏြးက Ray ကို႐ိုက္ခတ္ေနၿပီး ခႏၶာကိုယ္အေပၚပိုင္းကို ေနရာမလပ္ စုပ္ယူနမ္း႐ိႈက္ေနေသာ Jasper ေၾကာင့္ Ray မွာပူထူၿပီး တစ္ခ်က္တစ္ခ်က္ Jasper အူယားလို႔ ကိုက္လိုက္တိုင္း အသံမထြက္မိေအာင္ ေအာက္ႏႈတ္ခမ္းေလးကိုသာဖိကိုက္ထားလိုက္သည္။
"ႏႈတ္ခမ္းေလးကိုက္မထားပါနဲ႔ babe ရာ....
ကိုယ္တကယ္စိတ္လြတ္သြားလိမ့္မယ္"
Ray ကိုက္ထားသည့္ေအာက္ႏႈတ္ခမ္းကိုလႊတ္ကာ Jasper ကိုျပဴးေၾကာင္ေၾကာင္ေလးၾကည့္လိုက္မိသည္။
"ကိုယ့္ကိုဘယ္လိုေလးၾကည့္ေနတာလဲ....
အသဲယားလိုက္တာကြာ...."
Ray ရင္ဘက္ညႇပ္႐ိုးကို Jasper ကိုက္ခ်လိုက္သည္။
"အ..."
အသံပိစိေလးထြက္လာေတာ့ Ray ႏႈတ္ခမ္းကိုျပန္ကိုက္ထားလိုက္သည္။
"ႏႈတ္ခမ္းမကိုက္ပါနဲ႔ဆိုကြာ"
Ray ေခါင္းေလးကိုဆြဲငုံ႔လိုက္ၿပီး ႏႈတ္ခမ္းလႊာတို႔ကို မြတ္သိပ္စြာစုပ္ယူေတာ့သည္။
Ray ကိုယ့္ကိုကိုယ္မသိလိုက္ခင္မွာပဲ Jasper ့အနမ္းေတြကိုတုန္႔ျပန္ခဲ့မိသည္။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
မင္းအနမ္းေတြက
စိတ္ႂကြေဆးထက္
ပိုျပင္းလြန္းတယ္
Bạn đang đọc truyện trên: Truyen247.Pro