Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-46 ( D Day)

Unicode

"Han သွားမယ်လေ"
"အင်း"

ကားတံခါးအသင့်ဖွင့်ပေးသော Jump ရဲ့ပါးပြင်ကို Ray ဖျတ်ကနဲနမ်းကာ ဝင်ထိုင်လိုက်သည်။

သူ့ဘက်ကအရင်စနမ်းတာကြောင့် Jump အံ့ဩကာပါးကိုကိုင်ကြည့်နေလေသည်။

"သွားမယ်လေ Jump"

Emmat ကအိမ်တော်ကိုလာလည်သော Wine တို့လင်မယားနှင့်ဆော့ကာကျန်ရစ်ခဲ့လေသည်။

"ဘယ်သွားချင်လဲ Han"
"မင်းကြိုက်တဲ့နေရာသွား...
အခုကစပြီး ညနေ 5 နာရီအထိ...
မင်းလုပ်ချင်တာဖြစ်ချင်တာအားလုံးကိုငါမငြင်းဘူး...
အကုန်လိုက်လျောပေးမယ်"

သူ့စကားကြောင့် Jump ကအထူးအဆန်းသဖွယ်ကြည့်လာသည်။

"Han... "
"ဟင်"
"ဒီနေ့ကဘာနေ့မို့လို့လဲဟင်..
Han မွေးနေ့လည်းမဟုတ်ဘူး
ကိုယ့်မွေးနေ့လည်းမဟုတ်ဘူး
Anniversary လည်းမဟုတ်ဘူး
V day လည်းမဟုတ်ဘူး
White day လည်းမဟုတ်ပါဘူး"
"ဒီတိုင်းမင်းကိုအချိန်ပေးချင်လို့....
ချစ်သူတွေဖြစ်ကတည်းက ငါမင်းအတွက်သီးသန့်အချိန်မပေးနိုင်ခဲ့ဘူးလေ...
ဘာလဲ မင်းကသဘောမကျဘူးလား"
"မဟုတ်ပါဘူး Han ကလည်း...
ကိုယ်သဘောကျတာပေါ့
အရမ်းကိုသဘောကျတယ်"

Jump မျက်နှာမှာ ပို၍ရွှင်လန်းလာလေသည်။

"ကိုယ် Han နဲ့ couple ဝတ်ချင်တယ်"

အကုန်လိုက်လျောပေးမည်ပြောထားတာတောင် သူ့ကို Jump ကခွင့်တောင်းဆဲ။

"ဝတ်ချင်ရင် ဝတ်မယ်လေ...
ဒီနေ့အားလုံး မင်းသဘောပါဆို....
ဘာလို့ငါ့ကိုခွင့်တောင်းနေသေးတာလဲ"
"Hanရဲ့ သဘောက ကိုယ့်ထက်ပိုအရေးကြီးတယ်"
"မင်းသဘောက ငါ့သဘောပဲ
Ok?"
"Ok"

Fashion ဆိုင်တစ်ခုမှာဝင်ပြီး ပုံစံတူ size သာကွဲသည့် အင်္ကျီနှစ်ထည်ကိုဝယ်ကာ လဲဝတ်လိုက်ကြသည်။

အင်္ကျီဆင်တူဝတ်ပြီး လက်တွဲထွက်သွားသည့် သူတို့နှစ်ယောက်ကို အရောင်းဝန်ထမ်းမလေးများကတီးတိုးဝေဖန်ကာ ကျန်ရစ်ခဲ့လေသည်။

"Han ကိုယ်တို့ရုပ်ရှင်သွားကြည့်ကြရအောင်"
"အင်း မင်းသဘော"

လက်ချောင်းတို့ကိုယှက်သွယ်ကာ လက်တွဲထားပြီး အင်္ကျီဆင်တူနှင့်သူတို့နှစ်ယောက်ကို ကြည့်သည့်မျက်ဝန်းတို့ကို ဥပက္ခာပြုထားလိုက်သည်။

"Han ကိုယ်လက်မှတ်သွားဝယ်လိုက်ဦးမယ်
ဒီမှာစောင့်နေနော်"
"အင်း"

လက်မှတ်ဝယ်ရန်တန်းစီနေရင်းမှ Jump ကသူ့ကိုလက်လှမ်းလှမ်းပြသေးသည်။

📩 ting......

""D Day""

Ray ဖုန်းကို poweroff လိုက်သည်။

လက်နှစ်ဖက်က cola ဘူးတွေကိုကိုင်ထားပြီး Popcorn ဘူးကြီးကိုပိုက်ကာ သူ့အနားကို Jump ပြန်ရောက်လာသည်။

ရုပ်ရှင်ရုံထဲရောက်ပြီး ထိုင်ခုံမှာထိုင်လိုက်သည်နှင့် Ray popcorn တွေကိုစစားတော့သည်။

မီးအမှောင်ကျသွားပြီး ရုပ်ရှင်လည်းစရော Jump ကို popcorn ဘူးကိုင်ခိုင်းကာ Ray တဖြည်းဖြည်း Jump အနားတိုးလာလေသည်။

"အားးးးးးး!!!!!!"

အစရှိသေး ရုပ်ရှင်ရုံတစ်ရုံလုံးအော်သံတွေကအတိုင်အဖောက်ညီစွာပင်။

"Jump ဘာလို့သရဲကားကြီးလဲ"
"Han ပဲကိုယ့်သဘောဆို"

Ray မျက်နှာလေးရှုံ့ကာ Jump ရင်ခွင်ထဲတိုးဝင်လာလေသည်။

သရဲကဘယ်နေမှန်းမသိ ကြောက်စရာတီးလုံးသံကြားသည်နှင့် မျက်စိစုံမှိတ်ကာ popcorn ဘူးကြီးနှင့်ကွယ်ထားသည့် Ray ကိုသာ Jump တစိမ့်စိမ့်ထိုင်ကြည့်နေလိုက်သည်။

အော်လိုက် စားလိုက်နှင့် popcorn ဘူးကြီးမှာလည်းအခွံသာကျန်တော့လေသည်။

ပြီးသွားလို့ရုပ်ရှင်ရုံထဲကထွက်လာကြတော့ ခုနကမျက်စိစုံမှိတ်ပြီး အော်နေသည့် သူနှင့် လားလားမျှမဆိုင်ပေ။

"Han သရဲမကြောက်တော့ဘူးလား"
"သရဲကဇာတ်ကားကြည့်နေတုန်းပဲကြောက်တာ"

သတက်လေးပေါ်အောင်ရယ်ပြနေသည့် Ray ကြောင့် Jump ခေတ္တမျှ ကြောင်အသွားရသည်။

ဟန်ဆောင်ခြင်းမရှိဘဲ အပြစ်ကင်းစင်သည့် ဒီအပြုံးလေးက လွန်ခဲ့တဲ့သုံးနှစ်ကျော်ကတည်းကပျောက်ဆုံးသွားခဲ့ပြီး သူထပ်မမြင်တွေ့နိုင်ဘူးလို့ထင်ထားခဲ့တာ......

"Jump ဗိုက်ဆာတယ်"

ခုနကပဲ popcorn တွေကိုတစ်ယောက်တည်းကုန်အောင်စားပြီး အခုလည်းဗိုက်ဆာသည်ဆိုကာ Ray က Jump ကိုနီးရာဆိုင်ထဲခေါ်လာပြန်သည်။

sauce နှင့်တို့ကာ ကြက်ကြော်ကိုစားလိုက် burger ကိုလက်နှင့်ကိုင်ပြီး အားရပားရကိုက်လိုက်နှင့်ကလေးတစ်ယောက်လိုအလုပ်များနေသည့် Ray သည် အသက် 28 နှစ်အရွယ် စီးပွားရေးလောကရဲ့နာမည်ကြီး Mr. Ray Han Welson လို့ပြောရင် ယုံချင်စရာတစ်စက်မရှိ။

ဘေးဝိုင်းများကလည်း Ray နှင့် Jump ကိုကြည့်ကာပြုံးစိစိ။

"Jump စားလေ....
ငါတစ်ယောက်တည်းစားနေရတယ်"

Ray ခွံ့ကြွေးသောအာလူးချောင်းကြော်ကို Jump အရသာခံဝါးလိုက်သည်။

Ray ဗိုက်ပြည့်သွားပြီဆိုမှ ပိုက်ဆံရှင်းကာ စာအုပ်ဆိုင်တစ်ဆိုင်မှာ ဝင်မွှေကြသည်။

Jump ဆန္ဒအတိုင်း ပန်းခြံသို့သွားကာ စက်ဘီးစီးကြသေးသည်။

ပန်းခြံရဲ့ အရိပ်ကောင်းတဲ့နေရာမှာ မြက်ခင်းပေါ်ထိုင်ရင်း ဝယ်လာသည့်စာအုပ်တွေဖတ်ကြသည်။

နားကြပ်ကိုတစ်ဖက်စီတပ်ကာ စာအုပ်ဖတ်နေရာမှ Ray ပုခုံးလေးလေးလံလာသောကြောင့် ကြည့်လိုက်ရာ Jump ငိုက်နေခြင်းဖြစ်သည်။

သူနှင့် date လုပ်ရန် မနေ့ညကတစ်ညလုံးနီးပါး Jump အလုပ်တွေကိုအပြီးသတ်ခဲ့ရသောကြောင့် ပင်ပန်းနေမှန်း Ray သိသည်။

နားကြပ်ကိုဖြုတ်ပေးလိုက်တော့ မျက်လုံးပွင့်လာလေသည်။

"Sorry Han ကိုယ်အိပ်ပျော်သွားတယ်"
"လာ ငါ့ပေါင်ပေါ်မှာအိပ်"
"Han ညောင်းမှာပေါ့"
"အိပ်ဆိုအိပ်"

သူ့ပေါင်ကိုခေါင်းအုံးပြီး Jump ကသူ့ကိုသာကြည့်နေသည်။

"အိပ်လေ....."
"ကိုယ်အိပ်လိုက်ရင် ကိုယ်တို့ရဲ့ date လေးကအချိန်တွေကုန်သွားမှာပေါ့"
"အခုမှ 2 နာရီတောင်မထိုးသေးဘူး....
အိပ်လိုက်နော်"

ပိတ်သွားသော Jump မျက်ခွံလေးကို Ray ငုံ့နမ်းလိုက်သည်။

"နောက်တစ်ခါလောက်"

မျက်လုံးမဖွင့်ဘဲ Jump ကနှုတ်ခမ်းကိုလက်ညှိုးနှင့်ပုတ်ပြလေသည်။

Ray ငုံ့နမ်းလိုက်ပြန်တော့ ပါးနှစ်ဖက်ကိုပုတ်ပြပြန်သည်။

နောက်ထပ် နှာခေါင်း နဖူး မျက်ခုံး မေးစေ့။

"တော်ပြီ အိပ်တော့ဆို!"

ထိုအခါမှ Jump ငြိမ်သက်စွာအိပ်မောကျသွားလေသည်။

"ငါ့ကိုနှစ်တွေအများကြီး ချစ်ပေးခဲ့တဲ့မင်းအတွက် ဒီနေ့တစ်ရက်က နှုတ်ဆက်လက်ဆောင်ပါ Jump....."

အိပ်ပျော်နေသည့် Jump ကတော့ အသံတိတ်အော်ဟစ်နေသည့် Ray ၏အသံတွေကိုမကြားသလို Ray မျက်ရည်တွေကိုလည်း မမြင်ခဲ့ပါ။

"Han"
"နိုးပြီလား"
"အင်း ညောင်းနေပြီလား"
"မညောင်းပါဘူး"
"ဘယ်နှစ်နာရီရှိပြီလဲ Han"
"4:55"
"ဟမ်....
Han ကိုယ့်ကိုနှိုးလိုက်တာမဟုတ်ဘူး..."

အိပ်ချင်မူးတူးနှင့် Jump ဆံပင်တို့ကို Ray သေချာပုံပြန်သွင်းပေးလိုက်သည်။

5 နာရီ......

Ray မတ်တပ်ထရပ်ကာ အကြောဆန့်လိုက်သည်။

"Jump ငါတို့ Rs ကိုဒီမှာပဲရပ်လိုက်ကြရအောင်"
"Han... ဘာပြောလိုက်တာလဲ?"
"ငါမင်းနဲ့လမ်းခွဲချင်တယ်"
"Han ကိုယ့်ကိုလာနောက်နေတာလား"
"ငါကနောက်နေတဲ့ပုံပေါက်လို့လား"

တည်ငြိမ်လွန်းသော Ray ကြောင့် Jump ပို၍တုန်လှုပ်လာရသည်။

"ဘာလို့လဲ ဘာလို့လမ်းခွဲမှာလဲ....
ကိုယ်ဘာအမှားလုပ်မိလို့လဲ...
Han မကြိုက်တာတစ်ခုခုကိုယ်လုပ်လိုက်မိလို့လား...
ကိုယ်ပြင်ပါ့မယ်....
Han မကြိုက်တဲ့ ကိုယ့်အပြုအမူကိုပြော ကိုယ်ပြင်ပါ့မယ်...''

သူ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ သွေးပျက်နေသည့် Jump ကြောင့် Ray ပို၍အပြစ်ကြီးလာသလိုခံစားရသည်။

"မင်းဘာအမှားမှမလုပ်မိပါဘူး Jump...
တကယ်တမ်း အမှားလုပ်ထားတာက ငါပါ.....
တောင်းပန်ပါတယ်... "
"လမ်းမခွဲပါရစေနဲ့ Han....
ကိုယ်တောင်းပန်ပါတယ်...
ကျေးဇူးပြုပြီး...."
"တောင်းပန်ပါတယ် Jump"

တောင်းပန်စကားကိုသာ အထပ်ထပ်ပြောရင်း Ray ခေါင်းငုံ့ထားသည်။

"Jasper ဆီပြန်သွားမလို့လား Han"
".........."
"ကိုယ့်အထင်မှန်တာပဲ......
ဘာလို့လဲ Han.!....
ကိုယ်က Jasper ထက်ဘာတွေနိမ့်ကျနေလို့လဲ.......
ကိုယ်ဘယ်လောက်ပဲ ကြိုးစားပါစေ....
အမြဲ Jasper ဆီမှာ Han ကိုဆုံးရှုံးရတယ်...
ကိုယ်ဘယ်လိုလုပ်မှ Hanရဲ့ နှလုံးသားကိုရမှာလဲ!"
"........."
"Han သူ့ဆီပြန်မသွားလို့မရဘူးလားကွာ..."

"ငါတောင်းပန်ပါတယ် "

Jump ့ကိုကျောခိုင်းပြီး အနောက်ကိုလှည့်မကြည့်ဘဲ တလှမ်းချင်း Ray မပြေးရုံတမယ် လျှောက်လာခဲ့သည်။ ကျန်ရစ်ခဲ့သည့် Jump ကလည်း သူ့နာမည်ကိုမခေါ်ခဲ့ပါ။

နှလုံးသားရဲ့စေညွှန်ရာကို ငါလိုက်နာနေတာမဟုတ်ဘူး ဦးနှောက်ရဲ့ ခိုင်းစေချက်ကို လုပ်ဆောင်နေတာပါ.....

ဖုန်းကို Power ပြန်ဖွင့်လိုက်ပြီး contact တစ်ခုကိုခေါ်ဆိုလိုက်သည်။

"babe အချိန်ပြည့်တော့မယ်နော်"
"ငါမင်းဆီကိုလာနေပြီ"

Taxi တစ်စီးကိုတားကာ W သို့မောင်းနှင်စေသည်။

ရုတ်တရက်ရောက်လာသော သူ့ကိုဝန်ထမ်းတွေက ပြာပြာသဲသဲနှုတ်ဆက်ကြလေသည်။

တံခါး bell ကိုနှိပ်လိုက်တော့ ချက်ချင်းတံခါးပွင့်လာလေသည်။

"ရောက်လာပြီလား"

Ray လက်ကိုဆွဲကာ Jasper ဧည့်ခန်းထဲသို့ခေါ်လာခဲ့လေသည်။

"ကိုယ် ဖိတ်စာ design လေးတွေရွေးထားတယ်....
honeymoon ထွက်ဖို့နေရာလည်း စဉ်းစားထားတယ်......
မင်္ဂလာဝတ်စုံကိုလည်း..."
"ငါတောင်းဆိုစရာရှိတယ်...."
"အင်း ပြောလေ"
"ငါတို့မင်္ဂလာပွဲမလုပ်ဘဲ လက်မှတ်ပဲထိုးလို့ရမလား"
"မရဘူး.....
ကိုယ်တို့လူသိရှင်ကြားမင်္ဂလာပွဲလုပ်မယ်"

မပြောင်းလဲသေးသော အမိန့်ပေးသံပါသည့် Jasper့ စကားကို Ray ခေါင်းငြိမ့်လက်ခံရတော့သည်။

"ဓာတ်ပုံတွေနဲ့ video ကိုဘယ်တော့ ဖျက်ပေးမှာလဲ"
"ကိုယ်တို့မင်္ဂလာပွဲပြီးတာနဲ့ အကုန်ဖျက်ပေးမယ်"
"Ok"

သူ့နှုတ်ခမ်းတွေကို ထိကပ်ပြီး Jasper ဓာတ်ပုံတစ်ပုံရိုက်လိုက်လေသည်။

"ဘာလို့ဓာတ်ပုံရိုက်တာလဲ"
"ကိုယ်တို့အကြောင်းကိုကြေညာရမယ်လေ"

IG မှာသူတို့နှစ်ယောက်နမ်းနေသောပုံကို Jasper တင်လေသည်။

"လက်ထပ်ပြီးရင် ငါ့အိမ်တော်မှာလိုက်နေပေးပါ
ငါတခြားနေရာကို မပြောင်းနိုင်ဘူး"
"It's ok "
"ငါ honeymoon မထွက်ချင်ဘူး"
"ဘာလို့လဲ "
"သားကိုမထားခဲ့နိုင်ဘူး"
"အဲ့တာဆိုခေါ်ခဲ့လိုက်လေ"

IG ဓာတ်ပုံကနေတစ်ဆင့် ပွက်လောရိုက်ကြဦးမှာကိုမြင်ယောင်ကာ Ray ခေါင်းပင်ကိုက်လာသည်။

"ငါပြန်တော့မယ်"

Ray ပြောပြီး sofa ပေါ်ကထလိုက်တော့ Jasper ကသူ့လက်ကနေပြန်ဆွဲချလေသည်။

သူ့ကိုရင်ခွင်ထဲထည့်ပွေ့ကာ ပုခုံးတို့ကိုနမ်းရှိုက်လာတာကြောင့် Jasperရဲ့ရင်ဘက်ကိုတွန်းလိုက်သည်။

"ငြိမ်ငြိမ်နေပေး......"

ငြိမ်သက်သွားသော Ray ကို Jasper ပို၍ခပ်တင်းတင်းဖက်လိုက်သည်။

"မနက်ဖြန် ကိုယ့် Daddy နဲ့အတူညစာစားရအောင်...
Emmat ကိုပါခေါ်လာခဲ့"

ငြင်းဆန်ခြင်းမရှိဘဲ Ray ငြိမ်သက်နေသည်။

"သတင်းစာရှင်းလင်းပွဲလည်းလုပ်ရဦးမယ်"
"........."
"babe ကိုယ့်ကိုမုန်းနေပြီလား"
"........."
"အရင်လိုမချစ်တော့ဘူးလား"
"ငါမင်းနဲ့ပတ်သက်ပြီး ဘာမှမခံစားရဘူး....
ငါအခုပြန်ချင်ပြီ"
"Ok.....
ကိုယ်ဖုန်းဆက်လိုက်မယ်"

ဖက်ထားတဲ့လက်တွေလွှတ်ပေးသည်နှင့် Ray ထထွက်လာခဲ့သည်။

"ငါချစ်တဲ့သူကို ငါပိုင်ဆိုင်ချင်တာ ငါမမှားဘူး...
ဟုတ်တယ် ငါမမှားဘူး.."

ကိုယ့်ကိုမုန်းနေရင်တောင် ကိုယ်လက်မလွှတ်နိုင်ဘူး babe....

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

အိမ်တော်ပြန်ရောက်တော့ ဝန်ထမ်းတွေနှင့် P' Tin တို့အားလုံးမျက်နှာမကောင်းပေ။ အကြောင်းရင်းကိုတော့ မေးစရာတောင်မလို။ သေချာပေါက် Jasper၏ IG မှဓာတ်ပုံကြောင့်ပင်။

"သခင်ကြီး ဒီဓာတ်ပုံက...."
"ငါ့ကိုမေးခွန်းတွေမမေးနဲ့ဦး First...
ငါပင်ပန်းလို့နားချင်တယ်"
"ဟုတ်ကဲ့"
"Emmat ရော"
"အပေါ်ထပ်မှာ cartoon ကားကြည့်နေပါတယ်
Khun Wine တို့လည်းခုနကမှပြန်သွားကြတာ"

Ray သားရှိရာအပေါ်ထပ်အခန်းဆီသို့ဝင်လာခဲ့ရာ ကုတင်ပေါ်မှာ သားက ကာတွန်းကားကြည့်ရင်း မှောက်ရက်လေးအိပ်ပျော်နေသည်။

သားကိုပွေ့ချီကာ နေရာတကျအိပ်စေပြီး နဖူးပေါ်မှ ဆံပင်နုနုလေးတွေကိုသပ်တင်ပေးလိုက်သည်။

"အိမ်မက်လှလှမက်ပါစေ Daddy ့သားလေး"

Jump အဆင်ပြေပါ့မလား.....

အိမ်တော်မှကားတစ်စီးထွက်သွားသံကြားတာကြောင့် ဝရန်တာကိုထွက်ကြည့်လိုက်ရာ ကားမောင်းသွားတာက First...

ဝရန်တာကိုမှီကာထိုင်ချလိုက်ပြီး စိတ်ထဲတွင်ပေါ်လာသည့် သီချင်းဟောင်းတစ်ပုဒ်ကိုခပ်ဆွေးဆွေးညည်းလိုက်သည်။

" ဟိုအရင်လိုပျော်ရွှင်ချိန်များ
ရာထောင်ချီတိမ်တွေရဲ့ကြား
မျောလွင့်ခဲ့ခရီးရှည်ညထဲ
နာရီတွေဖြတ်သန်းခဲ့ကြ
မေ့မရနိုင်တို့ရဲ့ဇာတ်လမ်း
အခုတော့လည်း အဝေးဆုံးမှတ်တမ်း
လမ်းခွဲရင်းကိုယ့်ဘဝကိုယ်လှမ်း
အချိန်တွေဖြတ်ရင်း.....
နားထဲမှာ ..
အရင်လိုအသံများအမြဲကြားယောင်ဆဲပါ
နားထဲမှာ.. နားထဲမှာ.. နားထဲမှာ..
ပြန်ကြားနေ.....
နားလည်ပါ...
နားလည်ပါ...
ချစ်သူရာ ဘဝထဲမှာ....
နားလည်ပါ..
ဘယ်လိုကံတရားနှိပ်စက်တာလဲကွာ...
နားလည်ပါ........."

လည်ချောင်းထဲတွင်ဆို့နင့်ကာ တိမ်ဝင်သွားသည့်သီချင်းသံအဆုံး Ray ကျစ်ကျစ်ပါအောင်ဆုပ်ထားသော လက်ချောင်းတို့ကိုဖြေလျော့လိုက်တော့သည်။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

အချစ်နဲ့အမုန်း
လွန်ဆွဲကြတဲ့အခါ
ငါ့နှလုံးသားက
ကြိုးတစ်ချောင်းဖြစ်နေခဲ့တယ်

Ray Han

(AN: Ray ဆိုတဲ့သီချင်းက ဘယ်သူ့ကိုရည်ညွှန်းတယ်ထင်လဲ)

******************************

Zawgyi

"Han သြားမယ္ေလ"
"အင္း"

ကားတံခါးအသင့္ဖြင့္ေပးေသာ Jump ့ပါးျပင္ကို Ray ဖ်တ္ကနဲနမ္းကာ ဝင္ထိုင္လိုက္သည္။

သူ႔ဘက္ကအရင္စနမ္းတာေၾကာင့္ Jump အံ့ဩကာပါးကိုကိုင္ၾကည့္ေနေလသည္။

"သြားမယ္ေလ Jump"

Emmat ကအိမ္ေတာ္ကိုလာလည္ေသာ Wine တို႔လင္မယားႏွင့္ေဆာ့ကာက်န္ရစ္ခဲ့ေလသည္။

"ဘယ္သြားခ်င္လဲ Han"
"မင္းႀကိဳက္တဲ့ေနရာသြား...
အခုကစၿပီး ညေန 5 နာရီအထိ...
မင္းလုပ္ခ်င္တာျဖစ္ခ်င္တာအားလုံးကိုငါမျငင္းဘူး...
အကုန္လိုက္ေလ်ာေပးမယ္"

သူ႔စကားေၾကာင့္ Jump ကအထူးအဆန္းသဖြယ္ၾကည့္လာသည္။

"Han... "
"ဟင္"
"ဒီေန႔ကဘာေန႔မို႔လို႔လဲဟင္..
Han ့ ေမြးေန႔လည္းမဟုတ္ဘူး
ကိုယ့္ေမြးေန႔လည္းမဟုတ္ဘူး
Anniversary လည္းမဟုတ္ဘူး
V day လည္းမဟုတ္ဘူး
White day လည္းမဟုတ္ပါဘူး"
"ဒီတိုင္းမင္းကိုအခ်ိန္ေပးခ်င္လို႔....
ခ်စ္သူေတြျဖစ္ကတည္းက ငါမင္းအတြက္သီးသန္႔အခ်ိန္မေပးႏိုင္ခဲ့ဘူးေလ...
ဘာလဲ မင္းကသေဘာမက်ဘူးလား"
"မဟုတ္ပါဘူး Han ကလည္း...
ကိုယ္သေဘာက်တာေပါ့
အရမ္းကိုသေဘာက်တယ္"

Jump မ်က္ႏွာမွာ ပို၍ရႊင္လန္းလာေလသည္။

"ကိုယ္ Han နဲ႔ couple ဝတ္ခ်င္တယ္"

အကုန္လိုက္ေလ်ာေပးမည္ေျပာထားတာေတာင္ သူ႔ကို Jump ကခြင့္ေတာင္းဆဲ။

"ဝတ္ခ်င္ရင္ ဝတ္မယ္ေလ...
ဒီေန႔အားလုံး မင္းသေဘာပါဆို....
ဘာလို႔ငါ့ကိုခြင့္ေတာင္းေနေသးတာလဲ"
"Han့ သေဘာက ကိုယ့္ထက္ပိုအေရးႀကီးတယ္"
"မင္းသေဘာက ငါ့သေဘာပဲ
Ok?"
"Ok"

Fashion ဆိုင္တစ္ခုမွာဝင္ၿပီး ပုံစံတူ size သာကြဲသည့္ အက်ႌႏွစ္ထည္ကိုဝယ္ကာ လဲဝတ္လိုက္ၾကသည္။

အက်ႌဆင္တူဝတ္ၿပီး လက္တြဲထြက္သြားသည့္ သူတို႔ႏွစ္ေယာက္ကို အေရာင္းဝန္ထမ္းမေလးမ်ားကတီးတိုးေဝဖန္ကာ က်န္ရစ္ခဲ့ေလသည္။

"Han ကိုယ္တို႔႐ုပ္႐ွင္သြားၾကည့္ၾကရေအာင္"
"အင္း မင္းသေဘာ"

လက္ေခ်ာင္းတို႔ကိုယွက္သြယ္ကာ လက္တြဲထားၿပီး အက်ႌဆင္တူႏွင့္သူတို႔ႏွစ္ေယာက္ကို ၾကည့္သည့္မ်က္ဝန္းတို႔ကို ဥပကၡာျပဳထားလိုက္သည္။

"Han ကိုယ္လက္မွတ္သြားဝယ္လိုက္ဦးမယ္
ဒီမွာေစာင့္ေနေနာ္"
"အင္း"

လက္မွတ္ဝယ္ရန္တန္းစီေနရင္းမွ Jump ကသူ႔ကိုလက္လွမ္းလွမ္းျပေသးသည္။

📩 ting......

""D Day""

Ray ဖုန္းကို poweroff လိုက္သည္။

လက္ႏွစ္ဖက္က cola ဘူးေတြကိုကိုင္ထားၿပီး Popcorn ဘူးႀကီးကိုပိုက္ကာ သူ႔အနားကို Jump ျပန္ေရာက္လာသည္။

႐ုပ္႐ွင္႐ုံထဲေရာက္ၿပီး ထိုင္ခုံမွာထိုင္လိုက္သည္ႏွင့္ Ray popcorn ေတြကိုစစားေတာ့သည္။

မီးအေမွာင္က်သြားၿပီး ႐ုပ္႐ွင္လည္းစေရာ Jump ကို popcorn ဘူးကိုင္ခိုင္းကာ Ray တျဖည္းျဖည္း Jump အနားတိုးလာေလသည္။

"အားးးးးးး!!!!!!"

အစ႐ွိေသး ႐ုပ္႐ွင္႐ုံတစ္႐ုံလုံးေအာ္သံေတြကအတိုင္အေဖာက္ညီစြာပင္။

"Jump ဘာလို႔သရဲကားႀကီးလဲ"
"Han ပဲကိုယ့္သေဘာဆို"

Ray မ်က္ႏွာေလး႐ွံု႕ကာ Jump ရင္ခြင္ထဲတိုးဝင္လာေလသည္။

သရဲကဘယ္ေနမွန္းမသိ ေၾကာက္စရာတီးလုံးသံၾကားသည္ႏွင့္ မ်က္စိစုံမွိတ္ကာ popcorn ဘူးႀကီးႏွင့္ကြယ္ထားသည့္ Ray ကိုသာ Jump တစိမ့္စိမ့္ထိုင္ၾကည့္ေနလိုက္သည္။

ေအာ္လိုက္ စားလိုက္ႏွင့္ popcorn ဘူးႀကီးမွာလည္းအခြံသာက်န္ေတာ့ေလသည္။

ၿပီးသြားလို႔႐ုပ္႐ွင္႐ုံထဲကထြက္လာၾကေတာ့ ခုနကမ်က္စိစုံမွိတ္ၿပီး ေအာ္ေနသည့္ သူႏွင့္ လားလားမ်ွမဆိုင္ေပ။

"Han သရဲမေၾကာက္ေတာ့ဘူးလား"
"သရဲကဇာတ္ကားၾကည့္ေနတုန္းပဲေၾကာက္တာ"

သတက္ေလးေပၚေအာင္ရယ္ျပေနသည့္ Ray ေၾကာင့္ Jump ေခတၱမ်ွ ေၾကာင္အသြားရသည္။

ဟန္ေဆာင္ျခင္းမ႐ွိဘဲ အျပစ္ကင္းစင္သည့္ ဒီအျပဳံးေလးက လြန္ခဲ့တဲ့သုံးႏွစ္ေက်ာ္ကတည္းကေပ်ာက္ဆုံးသြားခဲ့ၿပီး သူထပ္မျမင္ေတြ႔ႏိုင္ဘူးလို႔ထင္ထားခဲ့တာ......

"Jump ဗိုက္ဆာတယ္"

ခုနကပဲ popcorn ေတြကိုတစ္ေယာက္တည္းကုန္ေအာင္စားၿပီး အခုလည္းဗိုက္ဆာသည္ဆိုကာ Ray က Jump ကိုနီးရာဆိုင္ထဲေခၚလာျပန္သည္။

sauce ႏွင့္တို႔ကာ ၾကက္ေျကာ္ကိုစားလိုက္ burger ကိုလက္ႏွင့္ကိုင္ၿပီး အားရပားရကိုက္လိုက္ႏွင့္ကေလးတစ္ေယာက္လိုအလုပ္မ်ားေနသည့္ Ray သည္ အသက္ 28 ႏွစ္အရြယ္ စီးပြားေရးေလာကရဲ႕နာမည္ႀကီး Mr. Ray Han Welson လို႔ေျပာရင္ ယုံခ်င္စရာတစ္စက္မ႐ွိ။

ေဘးဝိုင္းမ်ားကလည္း Ray ႏွင့္ Jump ကိုၾကည့္ကာျပဳံးစိစိ။

"Jump စားေလ....
ငါတစ္ေယာက္တည္းစားေနရတယ္"

Ray ခြံ႕ေႂကြးေသာအာလူးေခ်ာင္းေၾကာ္ကို Jump အရသာခံဝါးလိုက္သည္။

Ray ဗိုက္ျပည့္သြားၿပီဆိုမွ ပိုက္ဆံ႐ွင္းကာ စာအုပ္ဆိုင္တစ္ဆိုင္မွာ ဝင္ေမႊၾကသည္။

Jump ဆႏၵအတိုင္း ပန္းျခံသို႔သြားကာ စက္ဘီးစီးၾကေသးသည္။

ပန္းျခံရဲ႕ အရိပ္ေကာင္းတဲ့ေနရာမွာ ျမက္ခင္းေပၚထိုင္ရင္း ဝယ္လာသည့္စာအုပ္ေတြဖတ္ၾကသည္။

နားၾကပ္ကိုတစ္ဖက္စီတပ္ကာ စာအုပ္ဖတ္ေနရာမွ Ray ပုခုံးေလးေလးလံလာေသာေၾကာင့္ ၾကည့္လိုက္ရာ Jump ငိုက္ေနျခင္းျဖစ္သည္။

သူႏွင့္ date လုပ္ရန္ မေန႔ညကတစ္ညလုံးနီးပါး Jump အလုပ္ေတြကိုအၿပီးသတ္ခဲ့ရေသာေၾကာင့္ ပင္ပန္းေနမွန္း Ray သိသည္။

နားၾကပ္ကိုျဖဳတ္ေပးလိုက္ေတာ့ မ်က္လုံးပြင့္လာေလသည္။

"Sorry Han ကိုယ္အိပ္ေပ်ာ္သြားတယ္"
"လာ ငါ့ေပါင္ေပၚမွာအိပ္"
"Han ေညာင္းမွာေပါ့"
"အိပ္ဆိုအိပ္"

သူ႔ေပါင္ကိုေခါင္းအုံးၿပီး Jump ကသူ႔ကိုသာၾကည့္ေနသည္။

"အိပ္ေလ....."
"ကိုယ္အိပ္လိုက္ရင္ ကိုယ္တို႔ရဲ႕ date ေလးကအခ်ိန္ေတြကုန္သြားမွာေပါ့"
"အခုမွ 2 နာရီေတာင္မထိုးေသးဘူး....
အိပ္လိုက္ေနာ္"

ပိတ္သြားေသာ Jump မ်က္ခြံေလးကို Ray ငုံ႔နမ္းလိုက္သည္။

"ေနာက္တစ္ခါေလာက္"

မ်က္လုံးမဖြင့္ဘဲ Jump ကႏႈတ္ခမ္းကိုလက္ညိွဳးႏွင့္ပုတ္ျပေလသည္။

Ray ငုံ႔နမ္းလိုက္ျပန္ေတာ့ ပါးႏွစ္ဖက္ကိုပုတ္ျပျပန္သည္။

ေနာက္ထပ္ ႏွာေခါင္း နဖူး မ်က္ခုံး ေမးေစ့။

"ေတာ္ၿပီ အိပ္ေတာ့ဆို!"

ထိုအခါမွ Jump ၿငိမ္သက္စြာအိပ္ေမာက်သြားေလသည္။

"ငါ့ကိုႏွစ္ေတြအမ်ားႀကီး ခ်စ္ေပးခဲ့တဲ့မင္းအတြက္ ဒီေန႔တစ္ရက္က ႏႈတ္ဆက္လက္ေဆာင္ပါ Jump....."

အိပ္ေပ်ာ္ေနသည့္ Jump ကေတာ့ အသံတိတ္ေအာ္ဟစ္ေနသည့္ Ray ၏အသံေတြကိုမၾကားသလို Ray မ်က္ရည္ေတြကိုလည္း မျမင္ခဲ့ပါ။

"Han"
"ႏိုးၿပီလား"
"အင္း ေညာင္းေနၿပီလား"
"မေညာင္းပါဘူး"
"ဘယ္ႏွစ္နာရီ႐ွိၿပီလဲ Han"
"4:55"
"ဟမ္....
Han ကိုယ့္ကိုႏိႈးလိုက္တာမဟုတ္ဘူး..."

အိပ္ခ်င္မူးတူးႏွင့္ Jump ဆံပင္တို႔ကို Ray ေသခ်ာပုံျပန္သြင္းေပးလိုက္သည္။

5 နာရီ......

Ray မတ္တပ္ထရပ္ကာ အေၾကာဆန္႔လိုက္သည္။

"Jump ငါတို႔ Rs ကိုဒီမွာပဲရပ္လိုက္ၾကရေအာင္"
"Han... ဘာေျပာလိုက္တာလဲ?"
"ငါမင္းနဲ႔လမ္းခြဲခ်င္တယ္"
"Han ကိုယ့္ကိုလာေနာက္ေနတာလား"
"ငါကေနာက္ေနတဲ့ပုံေပါက္လို႔လား"

တည္ၿငိမ္လြန္းေသာ Ray ေၾကာင့္ Jump ပို၍တုန္လႈပ္လာရသည္။

"ဘာလို႔လဲ ဘာလို႔လမ္းခြဲမွာလဲ....
ကိုယ္ဘာအမွားလုပ္မိလ႔ိုလဲ...
Han မႀကိဳက္တာတစ္ခုခုကိုယ္လုပ္လိုက္မိလို႔လား...
ကိုယ္ျပင္ပါ့မယ္....
Han မႀကိဳက္တဲ့ ကိုယ့္အျပဳအမူကိုေျပာ ကိုယ္ျပင္ပါ့မယ္...''

သူ႔လက္ႏွစ္ဖက္ကိုဆုပ္ကိုင္ကာ ေသြးပ်က္ေနသည့္ Jump ေၾကာင့္ Ray ပို၍အျပစ္ႀကီးလာသလိုခံစားရသည္။

"မင္းဘာအမွားမွမလုပ္မိပါဘူး Jump...
တကယ္တမ္း အမွားလုပ္ထားတာက ငါပါ.....
ေတာင္းပန္ပါတယ္... "
"လမ္းမခြဲပါရေစနဲ႔ Han....
ကိုယ္ေတာင္းပန္ပါတယ္...
ေက်းဇူးျပဳၿပီး...."
"ေတာင္းပန္ပါတယ္ Jump"

ေတာင္းပန္စကားကိုသာ အထပ္ထပ္ေျပာရင္း Ray ေခါင္းငုံ႔ထားသည္။

"Jasper့ ဆီျပန္သြားမလို႔လား Han"
".........."
"ကိုယ့္အထင္မွန္တာပဲ......
ဘာလို႔လဲ Han.!....
ကိုယ္က Jasper ့ ထက္ဘာေတြနိမ့္က်ေနလို႔လဲ.......
ကိုယ္ဘယ္ေလာက္ပဲ ႀကိဳးစားပါေစ....
အျမဲ Jasper ့ဆီမွာ Han့ ကိုဆုံး႐ႈံးရတယ္...
ကိုယ္ဘယ္လိုလုပ္မွ Han့ ႏွလုံးသားကိုရမွာလဲ!"
"........."
"Han သူ႔ဆီျပန္မသြားလို႔မရဘူးလားကြာ..."

"ငါေတာင္းပန္ပါတယ္ "

Jump ့ကိုေက်ာခိုင္းၿပီး အေနာက္ကိုလွည့္မၾကည့္ဘဲ တလွမ္းခ်င္း Ray မေျပး႐ုံတမယ္ ေလ်ွာက္လာခဲ့သည္။ က်န္ရစ္ခဲ့သည့္ Jump ကလည္း သူ႔နာမည္ကိုမေခၚခဲ့ပါ။

ႏွလုံးသားရဲ႕ေစၫႊန္ရာကို ငါလိုက္နာေနတာမဟုတ္ဘူး ဦးေႏွာက္ရဲ႕ ခိုင္းေစခ်က္ကို လုပ္ေဆာင္ေနတာပါ.....

ဖုန္းကို Power ျပန္ဖြင့္လိုက္ၿပီး contact တစ္ခုကိုေခၚဆိုလိုက္သည္။

"babe အခ်ိန္ျပည့္ေတာ့မယ္ေနာ္"
"ငါမင္းဆီကိုလာေနၿပီ"

Taxi တစ္စီးကိုတားကာ W သို႔ေမာင္းႏွင္ေစသည္။

႐ုတ္တရက္ေရာက္လာေသာ သူ႔ကိုဝန္ထမ္းေတြက ျပာျပာသဲသဲႏႈတ္ဆက္ၾကေလသည္။

တံခါး bell ကိုႏွိပ္လိုက္ေတာ့ ခ်က္ခ်င္းတံခါးပြင့္လာေလသည္။

"ေရာက္လာၿပီလား"

Ray လက္ကိုဆြဲကာ Jasper ဧည့္ခန္းထဲသို႔ေခၚလာခဲ့ေလသည္။

"ကိုယ္ ဖိတ္စာ design ေလးေတြေရြးထားတယ္....
honeymoon ထြက္ဖို႔ေနရာလည္း စဥ္းစားထားတယ္......
မဂၤလာဝတ္စုံကိုလည္း..."
"ငါေတာင္းဆိုစရာ႐ွိတယ္...."
"အင္း ေျပာေလ"
"ငါတို႔မဂၤလာပြဲမလုပ္ဘဲ လက္မွတ္ပဲထိုးလို႔ရမလား"
"မရဘူး.....
ကိုယ္တို႔လူသိ႐ွင္ၾကားမဂၤလာပြဲလုပ္မယ္"

မေျပာင္းလဲေသးေသာ အမိန္႔ေပးသံပါသည့္ Jasper့ စကားကို Ray ေခါင္းျငိမ့္လက္ခံရေတာ့သည္။

"ဓာတ္ပုံေတြနဲ႔ video ကိုဘယ္ေတာ့ ဖ်က္ေပးမွာလဲ"
"ကိုယ္တို႔မဂၤလာပြဲၿပီးတာနဲ႔ အကုန္ဖ်က္ေပးမယ္"
"Ok"

သူ႔ႏႈတ္ခမ္းေတြကို ထိကပ္ၿပီး Jasper ဓာတ္ပုံတစ္ပုံ႐ိုက္လိုက္ေလသည္။

"ဘာလို႔ဓာတ္ပုံ႐ိုက္တာလဲ"
"ကိုယ္တို႔အေၾကာင္းကိုေၾကညာရမယ္ေလ"

IG မွာသူတို႔ႏွစ္ေယာက္နမ္းေနေသာပုံကို Jasper တင္ေလသည္။

"လက္ထပ္ၿပီးရင္ ငါ့အိမ္ေတာ္မွာလိုက္ေနေပးပါ
ငါတျခားေနရာကို မေျပာင္းႏိုင္ဘူး"
"It's ok "
"ငါ honeymoon မထြက္ခ်င္ဘူး"
"ဘာလို႔လဲ "
"သားကိုမထားခဲ့ႏိုင္ဘူး"
"အဲ့တာဆိုေခၚခဲ့လိုက္ေလ"

IG ဓာတ္ပုံကေနတစ္ဆင့္ ပြက္ေလာ႐ိုက္ၾကဦးမွာကိုျမင္ေယာင္ကာ Ray ေခါင္းပင္ကိုက္လာသည္။

"ငါျပန္ေတာ့မယ္"

Ray ေျပာၿပီး sofa ေပၚကထလိုက္ေတာ့ Jasper ကသူ႔လက္ကေနျပန္ဆြဲခ်ေလသည္။

သူ့ကိုရင္ခြင္ထဲထည့္ေပြ႔ကာ ပုခုံးတို႔ကိုနမ္း႐ိႈက္လာတာေၾကာင့္ Jasper့ ရင္ဘက္ကိုတြန္းလိုက္သည္။

"ၿငိမ္ၿငိမ္ေနေပး......"

ၿငိမ္သက္သြားေသာ Ray ကို Jasper ပို၍ခပ္တင္းတင္းဖက္လိုက္သည္။

"မနက္ျဖန္ ကိုယ့္ Daddy နဲ႔အတူညစာစားရေအာင္...
Emmat ကိုပါေခၚလာခဲ့"

ျငင္းဆန္ျခင္းမ႐ွိဘဲ Ray ၿငိမ္သက္ေနသည္။

"သတင္းစာ႐ွင္းလင္းပြဲလည္းလုပ္ရဦးမယ္"
"........."
"babe ကိုယ့္ကိုမုန္းေနၿပီလား"
"........."
"အရင္လိုမခ်စ္ေတာ့ဘူးလား"
"ငါမင္းနဲ႔ပတ္သက္ၿပီး ဘာမွမခံစားရဘူး....
ငါအခုျပန္ခ်င္ၿပီ"
"Ok.....
ကိုယ္ဖုန္းဆက္လိုက္မယ္"

ဖက္ထားတဲ့လက္ေတြလႊတ္ေပးသည္ႏွင့္ Ray ထထြက္လာခဲ့သည္။

"ငါခ်စ္တဲ့သူကို ငါပိုင္ဆိုင္ခ်င္တာ ငါမမွားဘူး...
ဟုတ္တယ္ ငါမမွားဘူး.."

ကိုယ့္ကိုမုန္းေနရင္ေတာင္ ကိုယ္လက္မလႊတ္ႏိုင္ဘူး babe....

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

အိမ္ေတာ္ျပန္ေရာက္ေတာ့ ဝန္ထမ္းေတြႏွင့္ P' Tin တို႔အားလုံးမ်က္ႏွာမေကာင္းေပ။ အေၾကာင္းရင္းကိုေတာ့ ေမးစရာေတာင္မလို။ ေသခ်ာေပါက္ Jasper့ IG မွဓာတ္ပုံေၾကာင့္ပင္။

"သခင္ႀကီး ဒီဓာတ္ပုံက...."
"ငါ့ကိုေမးခြန္းေတြမေမးနဲ႔ဦး First...
ငါပင္ပန္းလို႔နားခ်င္တယ္"
"ဟုတ္ကဲ့"
"Emmat ေရာ"
"အေပၚထပ္မွာ cartoon ကားၾကည့္ေနပါတယ္
Khun Wine တို႔လည္းခုနကမွျပန္သြားၾကတာ"

Ray သား႐ွိရာအေပၚထပ္အခန္းဆီသို႔ဝင္လာခဲ့ရာ ကုတင္ေပၚမွာ သားက ကာတြန္းကားၾကည့္ရင္း ေမွာက္ရက္ေလးအိပ္ေပ်ာ္ေနသည္။

သားကိုေပြ႔ခ်ီကာ ေနရာတက်အိပ္ေစၿပီး နဖူးေပၚမွ ဆံပင္ႏုႏုေလးေတြကိုသပ္တင္ေပးလိုက္သည္။

"အိမ္မက္လွလွမက္ပါေစ Daddy ့သားေလး"

Jump အဆင္ေျပပါ့မလား.....

အိမ္ေတာ္မွကားတစ္စီးထြက္သြားသံၾကားတာေၾကာင့္ ဝရန္တာကိုထြက္ၾကည့္လိုက္ရာ ကားေမာင္းသြားတာက First...

ဝရန္တာကိုမွီကာထိုင္ခ်လိုက္ၿပီး စိတ္ထဲတြင္ေပၚလာသည့္ သီခ်င္းေဟာင္းတစ္ပုဒ္ကိုခပ္ေဆြးေဆြးညည္းလိုက္သည္။

" ဟိုအရင္လိုေပ်ာ္ရႊင္ခ်ိန္မ်ား
ရာေထာင္ခ်ီတိမ္ေတြရဲ႕ၾကား
ေမ်ာလြင့္ခဲ့ခရီး႐ွည္ညထဲ
နာရီေတြျဖတ္သန္းခဲ့ၾက
ေမ့မရႏိုင္တို႔ရဲ႕ဇာတ္လမ္း
အခုေတာ့လည္း အေဝးဆုံးမွတ္တမ္း
လမ္းခြဲရင္းကိုယ့္ဘဝကိုယ္လွမ္း
အခ်ိန္ေတြျဖတ္ရင္း.....
နားထဲမွာ ..
အရင္လိုအသံမ်ားအျမဲၾကားေယာင္ဆဲပါ
နားထဲမွာ.. နားထဲမွာ.. နားထဲမွာ..
ျပန္ၾကားေန.....
နားလည္ပါ...
နားလည္ပါ...
ခ်စ္သူရာ ဘဝထဲမွာ....
နားလည္ပါ..
ဘယ္လိုကံတရားႏွိပ္စက္တာလဲကြာ...
နားလည္ပါ........."

လည္ေခ်ာင္းထဲတြင္ဆို႔နင့္ကာ တိမ္ဝင္သြားသည့္သီခ်င္းသံအဆုံး Ray က်စ္က်စ္ပါေအာင္ဆုပ္ထားေသာ လက္ေခ်ာင္းတို႔ကိုေျဖေလ်ာ့လိုက္ေတာ့သည္။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

အခ်စ္နဲ႔အမုန္း
လြန္ဆြဲျကတဲ့အခါ
ငါ့ႏွလုံးသားက
ႀကိဳးတစ္ေခ်ာင္းျဖစ္ေနခဲ့တယ္

Ray Han

(AN: Ray ဆိုတဲ့သီခ်င္းက ဘယ္သူ႔ကိုရည္ၫႊန္းတယ္ထင္လဲ)

Bạn đang đọc truyện trên: Truyen247.Pro