Part-45 ( decision)
Unicode
"Han"
"........"
"Han!"
"........"
"Han!!"
"ဟမ်... "
"ကိုယ်ခေါ်နေတာကြာပြီ....
ဘာတွေစိတ်ရှုပ်စရာရှိနေလို့လဲ"
"ဘာမှမရှိပါဘူး"
Ray အားတင်းကာပြုံးလိုက်ပေမယ့် အပြုံးကအသက်မဝင်ခပ်ရေးရေးသာ..
သူ့ပန်းကန်ထဲကိုဟင်းတွေထည့်ပေးနေသည့် Jump ကိုကြည့်ကာ Ray တကယ်ကိုအပြစ်ရှိသလိုခံစားရသည်။
"စားလေ Han"
"အင်း"
နေ့လည်စာကိုအချိန်မှန်မှန် hotel restaurant မှာ သူနဲ့အတူ Jump ကလာစားပေးတတ်သည်။
Ray စားချင်စိတ်မရှိပေမယ့် Jump စိတ်ချမ်းသာအောင်နည်းနည်းချင်းစားနေလိုက်သည်။
ထိုအချိန် restaurant ထဲသို့ လေချွန်ပြီးဝင်လာသော Jasper....
Jump ကကျောပေးထားသောကြောင့် Jasper ကိုမမြင်ပေ။
Ray နဲ့မျက်နှာချင်းဆိုင်ဝိုင်းမှာ Jasper ဝင်ထိုင်လိုက်ပြီး လက်ခြောက်ချောင်းထောင်ပြလေသည်။
Menu မှာပြီး သူ့ကိုပြုံးပြုံးကြီးထိုင်ကြည့်နေသော Jasper့ ကြောင့် Ray အစကတည်းကစားချင်စိတ်မရှိခဲ့သည့် နေ့လည်စာကိုပြီးပြီးရောထိုးသွတ်နေတော့သည်။
"Han ဖြည်းဖြည်း စားလေ...
အစာမကျေဖြစ်လိမ့်မယ်"
နေ့လည်စာစားပြီးသည်နှင့် Jump က company ကိုတန်းပြန်သွားလေသည်။
Jump ကားထွက်သွားသည်နှင့် restaurant သန့်စင်ခန်းသို့ Ray ပြေးရတော့သည်။
"အော့....အော့...."
လည်ချောင်းထဲတွင်ဆို့နင့်နေသော စားထားသမျှကို Ray လက်ထိုးအန်ပြစ်လိုက်သည်။
ပျို့တက်လာလိုက် အန်လိုက်နှင့် Ray တစ်ကိုယ်လုံးနုံးချိကာ အိမ်သာနံရံကိုမှီထားလိုက်ပြီး ခဏနေမှ အိမ်သာတံခါးကိုဖွင့်ပြီးထွက်လိုက်စဉ် ဘေစင်မှာရပ်နေတဲ့ Jasper....
"babe အဆင်ပြေရဲ့လား"
စိုးရိမ်မှုတွေနဲ့သူ့မျက်နှာ.....
Ray ပြန်လည်ဖြေကြားခြင်းဘဲ ဘေစင်မှာလက်ဆေးကာ ပလုတ်ကျင်းပြီး မျက်နှာသစ်လိုက်သည်။
မောဟိုက်နေသောခန္ဓာကိုယ်ကိုယိုင်နဲ့မသွားစေရန် ဘေစင်မှာလက်ထောက်ပြီး မှန်ထဲမှပုံရိပ်ကိုသာကြည့်နေလိုက်သည်။
မျက်နှာမှရေစက်တို့ ဘေစင်ပေါ်တစ်စက်ပြီးတစ်စက်ကျနေသည်။ ရေစက်တွေနဲ့အတူ သူ့မျက်ရည်တွေပါနေတာကို ရပ်ကြည့်နေတဲ့ Jasper သိနိုင်ပါ့မလား.....
"babe"
Ray သန့်စင်ခန်းထဲမှထွက်ရန်ပြင်လိုက်စဉ် သူ့လက်တစ်ဖက်ကို Jasper ကလှမ်းဆွဲပြီး မျက်နှာချင်းဆိုင်ခါးကိုဖက်လေသည်။
Ray အားမရှိသည့်ကြားမှပင် ခါးပေါ်မှ Jasper့ လက်တွေကိုဖယ်ချပေမယ့် အရာမထင်။
"လွှတ်....."
"babe နေမကောင်းဘူးလား"
"ငါ့ကိုလွှတ်လို့ပြောနေတယ်"
"ဘာလို့အန်နေတာလဲ...."
Jasper ခေါင်းငုံ့ကာ Ray နဖူးနှင့်သူ့နဖူးကိုထိပြီး ကိုယ်အပူချိန်စမ်းလိုက်သည်။
"ကိုယ်လည်းမပူပါဘူး"
Jasper့ အပြုအမူကြောင့် Ray ခေါင်းကိုဘေးတစ်ဖက်ကိုစောင်းလှည့်လိုက်သည်။
"ငါ့ခါးပေါ်ကမင်းလက်ကိုဖယ်ပေး"
"babe ရဲ့ကိုယ်သင်းနံ့လေးကိုလွမ်းနေတာ..."
Jasper ကသူပြောတာကိုမကြားသည့်နှယ် သူ့လည်တိုင်နှင့် ပုခုံးတွေကိုလိုက်နမ်းနေသည်။
သုံးနှစ်ကျော် ကင်းကွာခဲ့သော Jasper ့ ရဲ့အထိအတွေ့တွေနဲ့ သူယဉ်ပါးနေဆဲဖြစ်ပေမယ့် သူလက်မခံနိုင်ပါ။
Jasper ခြေထောက်တစ်ဖက်ကို Ray အားကုန်ဆောင့်နင်းချပြစ်လိုက်သည်။
"အားးးးးးး "
သူ့ခါးပေါ်က Jasper လက်တွေလွတ်ထွက်သွားပြီး ခြေထောက်ကိုကိုင်ကာ ခုန်ဆွခုန်ဆွဖြစ်နေသည့် Jasper အော်ခေါ်သံကို ဥပက္ခာပြုပြီး သန့်စင်ခန်းထဲမှထွက်လာခဲ့တော့သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
သားကိုဂုတ်ပေါ်တင်ကာ Ray, hotel ရေကူးကန်တစ်ခုတွင် ဆော့နေပြီး သူရှိသည့် ရေကူးကန်ပတ်ပတ်လည်သို့ P' Tin တို့ကဝိုင်းထားပြီး ဘယ်ဧည့်သည်မှကပ်ခွင့်မရှိပေ။
သားကိုရေပေါ်အရုပ်လေးထက်တင်ပေးကာ Ray ရေငုပ်လေသည်။
ရေငုပ်ပြီး ဟိုနေရာကပေါ်လာလိုက် သည်နေရာကပေါ်လာလိုက်နှင့်စနေသောသူ့ကို ကြည့်ကာ သားကတခိခိရယ်နေသည်။
"Emmat Daddy ကိုဆုချဦးလေ"
သူ့ပါးတစ်ဖက်ကိုဖောင်းပေးလိုက်တော့ သားကနှုတ်ခမ်းလေးစုချွန်ကာ အာဘွားပေးလေသည်။
"လိမ္မာတဲ့ Emmat လေးကို Daddy ကလည်းဆုပေးရမှာပေါ့"
သားရဲ့ပါးနှစ်ဖက်ကိုဘယ်ပြန်ညာပြန်နမ်းရင်း ရုတ်တရက်ကြက်သီးတွေထလာလေသည်။
Ray ခန္ဓာကိုယ်၏အသိပေးမှုကြောင့် ရေကူးကန်ပတ်ပတ်လည်ကို ကြည့်လိုက်ရာ တခြားရေကူးကန်များမှဆော့နေကြသူများနှင့် ရေကူးကန်ဘေးတွင်အနားယူနေသောသူများကိုသာတွေ့ရသည်။
ရေကူးကန်ဘေးတွင် သူ့ကိုထိုင်ကြည့်ပြီး လက်ပြနေသော Jasper....
ရုတ်တရက် လက်ငါးချောင်းထောင်ပြသော Jasper ကြောင့် Ray အပြုံးတို့ရပ်တန့်သွားပြန်သည်။
"အအေးမိလိမ့်မယ်
Daddy တို့တော်ကြရအောင်နော် Emmat"
Ray သားကိုချီပြီး ရေကူးကန်ထဲမှတက်လိုက်သည်နှင့် ရေကူးဘောင်းဘီသာပါသည့်သူ့ကို့် P' Tin က bathrobe တစ်ထည်လာဝတ်ပေးလေသည်။
သားကိုပေါင်ပေါ်တင်ကာ ဆံပင်လေးတွေကိုရေပြောင်အောင်သုတ်ပေးလိုက်ပြီး အဝတ်ဝတ်ပေးရန် P' Pu အားခေါ်သွားခိုင်းလိုက်သည်။
Ray လည်း အဝတ်ဝတ်ရန် hotel သူ့အခန်းရှိရာသို့ထွက်လာခဲ့သည်။
သူ့အဝတ်အချို့နှင့် အသုံးအဆောင်အချို့ကထိုအခန်းတွင်ရှိပြီး အလုပ်များသည့်နေ့အိမ်မပြန်နိုင်လျှင် ထိုအခန်းတွင်သာ သူနားလေ့ရှိသည်။
အခန်းတံခါးပြန်ပိတ်ရန်ပြုလိုက်စဉ် ခြေထောက်ထိုးခံပြီး တံခါးကိုအတင်းဆွဲဖွင့်ကာ Jasper ဝင်လာလေသည်။
"မင်းဘာလုပ်တာလဲ...
အခုချက်ချင်းငါ့အခန်းထဲကထွက်သွား"
P' Tin တို့ကို ရုံးခန်းမှာပဲစောင့်နေရန်ထားခဲ့ခြင်းကို Ray နောင်တရမိသွားသည်။
"ကိုယ့်ကိုလည်းဆုမပေးချင်ဘူးလား"
"ဘယ်ဆုကိုပြောနေတာလဲ"
"babe ဟိုပေါက်စလေး Emmat ကိုပေးသလို ဆုလေ"
"ထွက်သွား အခု"
"ဆုပေးရင်သွားမယ်"
"မင်းခြေထောက်မဖြတ်ရဘူးလား"
"တော်တော် ရောင်နေပေမယ့် မဖြတ်ရပါဘူး..
babe ကိုယ့်ကိုစိတ်ပူတာလေးကချစ်ဖို့ကောင်းလိုက်တာ"
ရွဲ့မေးတာကို ထီပေါက်သလိုပျော်ပြနေသော သကောင့်သားကိုကြည့်ကာ ရှိသမျှအမွေးအကုန်နှုတ်ပြီး သတ်ပြစ်ချင်စိတ်များကတဖွားဖွား...
"အချိန်ငါးရက်ပဲကျန်တော့တယ်နော် babe"
သူ့ပါးတစ်ဖက်ကို နမ်းကာအခန်းထဲမှထွက်သွားသော Jasper ့ကျောပြင်ကိုကြည့်ရင်း Ray အံတင်းတင်းကြိတ်ထားသောကြောင့် မျက်နှာလေးမှာနီရဲပြီး မေးရိုးများပင်ထောင်နေသည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
အိမ်တော်ဥယျာဉ်ထဲမှာ ဆပ်ပြာပူဖောင်းတွေမှုတ်ပြီးဆော့နေကြတဲ့ သားနဲ့ Jump ကို Ray ထိုင်ကြည့်နေလိုက်သည်။
သူဒီနေ့အလုပ်မသွားဖြစ် Jump ကလည်းနားရက်ဖြစ်သည်။ အရင်ကတည်းက အိမ်ကိုအမြဲဝင်ထွက်သွားလာနေသည့် Jump မှာသူနဲ့ချစ်သူတွေဖြစ်ကတည်းက သူ့အိမ်တော်မှာပဲလာနေလေသည်။
ချစ်သူတွေဆိုပေမယ့် Jump သူ့အပေါ်မှာအသားမယူပေ။ ဖက်တာနမ်းတာတောင်ခွင့်တောင်းတတ်သူပါ။
📩 ting.......
""4""
ဝင်လာသော message မှ ကိန်းဂဏန်းလေးတစ်ခုက Ray မျက်ဝန်းအိမ်တို့ကိုအရည်လဲ့လာစေသည်။
အိမ်ဖော်တစ်ယောက်က မုန့်နဲ့အသီးတွေကို စားပွဲပေါ်လာချပေးတော့ Ray ကျလုဆဲဆဲမျက်ရည်စတွေကို မျက်တောင်ပုတ်ခတ်ပြီး ပြန်လည်သိမ်းဆည်းလိုက်သည်။
"Jump, Emmat!
ဆော့တာခဏနားဦးလေ"
ပြေးလာသောသားကို ပွေ့ချီကာ နမ်းရှိုက်လိုက်သည်။
"အရမ်းဆော့တာပဲ
ချွေးတေတောင်ထွက်နေပြီ"
သူ့စကားကိုသားက သွားလေးဖြီးကာ ရယ်ပြလေသည်။
"Han သီချင်းဆိုပြပါလား....
Han ရဲ့သီချင်းသံကိုမကြားရတာကြာပြီ....
Emmat ကလည်းနားထောင်ချင်တယ်တဲ့ နော"
Jump ကစစ်ကူလှမ်းတောင်းတော့ သားကခေါင်းလေးကိုဆက်တိုက်ငြိမ့်ပြလေသည်။
"အဲ့တာဆိုခဏ....
Guitar သွားယူလိုက်ဦးမယ်..."
"ကျွန်တော်သွားယူလိုက်ပါမယ် သခင်ကြီး..."
မလှမ်းမကမ်းမှ First ကလျင်မြန်စွာအိမ်ထဲပြေးဝင်သွားပြီး သူ့ guitar လေးကိုယူလာပေးလေသည်။
သူ့ပောင်ပေါ်မှသားကို Jump ကပြောင်းချီလိုက်ပြီး Ray guitar ကိုကြိုးညှိရင်းအသံစမ်းလိုက်သည်။
သူသီချင်းဆိုမယ်ဆိုလို့ P' Tin တို့အပါအဝင် အိမ်တော်မှ ဝန်ထမ်းတွေအကုန်ထွက်လာကာ မြက်ခင်းပေါ်ထိုင်ကြပြီး ငြိမ်သက်စွာနားထောင်ကြသည်။
"🎶ကိုယ့်မျက်ဝန်းအတွင်းနက်ထဲကိုကြည့်မိရင်
ကိုယ်ဖုံးကွယ်ထားချင်တဲ့အရာကို မင်းလေးတွေ့မှာပါ
ကိုယ်ဖွင့်မပြောခဲ့ပေမယ့်
ကိုယ်ဂရုမစိုက်မျိုးမဟုတ်ဘူး....
ကိုယ့်နှလုံးသားထဲက သစ်ပင်ငယ်လေးလို
တစ်နေ့ထက်တစ်နေ့ ကြီးထွားလာတာ မင်းနားလည်လို့နေမလား....
မင်းနှလုံးသားရဲ့စကားတွေက ကိုယ့်လိုတူညီစွာပြောမယ် မထင်ခဲ့မိလို့..
သစ်ပင်က ကြွေကျသွားတဲ့ သစ်ရွက်တွေကိုတွေ့တိုင်း..
ကိုယ်တို့ရဲ့အချစ်တွေလည်း ဒီလိုမခွဲခွာရပါစေနဲ့ ကိုယ်ဆုတောင်းလို့ရနိုင်မလား...
မင်းက ကိုယ့်နှလုံးသားလေးလိုအပ်နေတဲ့ နေ့ကောင်းရက်မြတ်လေးမို့..
မင်းက ကိုယ့်နှလုံးသားလေးသီဆိုချင်တဲ့ သီချင်းလေးမို့...
ကိုယ်တို့ရဲ့ မေ့မရနိုင်တဲ့အမှတ်တရတွေကလဲ..
ကိုယ်တို့နှလုံးသားကနေ
အစားမထိုးနိုင်သလို ဖျောက်ဖျက်လို့မရနိုင်ဘူး..
နံနက်ခင်းရဲ့လတ်ဆတ်တဲ့လေပြေက မင်းပဲမို့..
ကိုယ့်နှလုံးသားရောက်ရှိချင်တဲ့တံခါးက မင်းလေးပဲ.....
တောက်ပနေတဲ့နေရောင်ခြည်လေးက မင်းပဲ..
ကိုယ့်ရဲ့ဘဝကို တောက်ပပြီး အဓိပ္ပာယ်ပြည့်စုံစေတယ်.....
မင်းကိုယ့်ကိုယုံကြည်ရဲ့လားမသိပေမယ့်..
ကိုယ်တို့နှလုံးသားကို တစ်ခုခုကဆက်နွယ်နေတယ်လို့ ပြောရင်....
ကိုယ်တို့ဘယ်လောက်ကြာကြာ ဝေးကွာနေနေ
နောက်ဆုံးမှာ ကိုယ်တို့ပြန်ဆက်နိုင်မှာပါ..
............................................................................................................................................
ဒီလိုဖြစ်လာဖို့ အကြောင်းဖန်တော့လည်း....
ဒီလိုဖြစ်စေဖို့ အကြောင်းကံဖန်လာခဲ့တယ်...🎶"
သီချင်းသံအဆုံး အားလုံးကလက်ခုပ်တီးကြသည်။ သားကလည်းသူ့ကိုအာဘွားပေးကာ ဆုချသေးသည်။
📩 ting......
""သီချင်းလေးကနားထောင်လို့ကောင်းတယ် babe
ရည်ရွယ်တာကတော့ ကိုယ်မဖြစ်နိုင်ဘူးထင်တယ်""
Message ဖတ်ပြီးပြီးချင်း Ray လှမ်းကြည့်လိုက်ရာ ခြံတံခါးနားကနေလှည့်ထွက်သွားတဲ့ Jasper ကျောပြင်ကိုတွေ့လိုက်ရသည်။
ဘယ်သူ့ကိုရည်ရွယ်ပြီးဆိုတဲ့သီချင်းလဲဆိုတာကိုတော့ Ray တစ်ယောက်သာသိနိုင်ပေမည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
📩 ting........
""1""
"Daddy နောက်အိမ်ထောင်ပြုရင် သားစိတ်ဆိုးမှာလား Emmat"
ရေချိုးကန်ထဲမှာ ဆပ်ပြာမြုပ်တွေကြား ဘဲရုပ်လေးနှင့်ဆော့နေသည့်သားက မျက်လုံးဝိုင်းလေးနှင့်မော့ကြည့်လာသည်။
သူ့အမေးကို မျက်ခုံးလေးတွန့်ကာ အတော်ကြာအောင်စဉ်းစားပြီးမှ သားကခေါင်းယမ်းပြလေသည်။
"သားစိတ်မဆိုးဘူး"
"တကယ်လို့ Daddy လက်ထပ်တဲ့သူက ယောက်ျားလေးဆိုရင်ရော သားအဆင်ပြေလား"
အောက်နှုတ်ခမ်းလေးကိုငုံကာ သားကခေါင်းလေးငြိမ့်ပြပြန်သည်။
"Daddy က Uncle Jump နဲ့လက်ထပ်မလို့လား"
မျှော်လင့်တကြီးမေးသည့် သား၏မျက်ဝန်းလေးများက အရောင်တောက်နေသည်။
"သားရဲ့ Uncle Jump နဲ့မဟုတ်ဘူး"
မျက်နှာလေးညှိုးသွားပြီး သားကနှုတ်ခမ်းထော်ကာစဉ်းစားနေပြန်သည်။
"Daddy ပျော်မှာလား"
"ဟင်"
"Uncle Jump မဟုတ်တဲ့ ဦးလေးကြီးနဲ့လက်ထပ်ရင် Daddy ပျော်မှာလား"
"..........''
သားရဲ့တန်ပြန်အမေးတွက် Ray မှာအဖြေမရှိ။
"Daddy ပျော်ရင် သားလည်းပျော်တယ်"
မျက်ဝန်းလေးတွေမှိတ်သွားအောင်ရယ်ပြနေသည့် သားကြောင့် Ray မျက်ရည်ဝဲမိသည်။
အရွယ်နဲ့မလိုက်အောင် တွေးတတ်ပြောတတ်လွန်းသည့်သားရဲ့ဘဝကို သူ့ကြောင့်အမဲစက်မစွန်းထင်းစေချင်။
သူ့ကြောင့်နဲ့ ပတ်ဝန်းကျင်ရဲ့ရှုံ့ချ အပြစ်တင်ခြင်းကိုမခံစားစေချင်။
သားနဖူးလေးကိုနမ်းကာ Ray ဆုံးဖြတ်ချက်ချလိုက်တော့သည်။
""Jump မနက်ဖြန် ငါတို့နှစ်ယောက်တည်း date လုပ်ရအောင် မင်းအားလား""
""ကိုယ်အားတယ် Han""
Jump ရဲ့ reply ကိုဖတ်ရင်း ဖုန်း screen ပေါ်ကျဆင်းနေသော မျက်ရည်တွေကိုသုတ်လိုက်သည်။
(AN: Krist ရဲ့solo song လေးကို Ray ဆိုသွားတာပါနော်...)
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
မင်းကိုမချစ်တော့ဘူးလို့
လိမ်ညာရတာက
ကိုယ့်ကိုကိုယ် သတ်သေရတာထက်
ခက်ခဲပင်ပန်းလွန်းတယ်
Ray Han
******************************
Zawgyi
"Han"
"........"
"Han!"
"........"
"Han!!"
"ဟမ္... "
"ကိုယ္ေခၚေနတာၾကာၿပီ....
ဘာေတြစိတ္ရႈပ္စရာရွိေနလို႔လဲ"
"ဘာမွမရွိပါဘူး"
Ray အားတင္းကာၿပဳံးလိုက္ေပမယ့္ အၿပဳံးကအသက္မဝင္ခပ္ေရးေရးသာ..
သူ႕ပန္းကန္ထဲကိုဟင္းေတြထည့္ေပးေနသည့္ Jump ကိုၾကည့္ကာ Ray တကယ္ကိုအျပစ္ရွိသလိုခံစားရသည္။
"စားေလ Han"
"အင္း"
ေန႕လည္စာကိုအခ်ိန္မွန္မွန္ hotel restaurant မွာ သူနဲ႕အတူ Jump ကလာစားေပးတတ္သည္။
Ray စားခ်င္စိတ္မရွိေပမယ့္ Jump စိတ္ခ်မ္းသာေအာင္နည္းနည္းခ်င္းစားေနလိုက္သည္။
ထိုအခ်ိန္ restaurant ထဲသို႔ ေလခြၽန္ၿပီးဝင္လာေသာ Jasper....
Jump ကေက်ာေပးထားေသာေၾကာင့္ Jasper ကိုမျမင္ေပ။
Ray နဲ႕မ်က္ႏွာခ်င္းဆိုင္ဝိုင္းမွာ Jasper ဝင္ထိုင္လိုက္ၿပီး လက္ေျခာက္ေခ်ာင္းေထာင္ျပေလသည္။
Menu မွာၿပီး သူ႕ကိုၿပဳံးၿပဳံးႀကီးထိုင္ၾကည့္ေနေသာ Jasper့ ေၾကာင့္ Ray အစကတည္းကစားခ်င္စိတ္မရွိခဲ့သည့္ ေန႕လည္စာကိုၿပီးၿပီးေရာထိုးသြတ္ေနေတာ့သည္။
"Han ျဖည္းျဖည္း စားေလ...
အစာမေက်ျဖစ္လိမ့္မယ္"
ေန႕လည္စာစားၿပီးသည္ႏွင့္ Jump က company ကိုတန္းျပန္သြားေလသည္။
Jump ကားထြက္သြားသည္ႏွင့္ restaurant သန႔္စင္ခန္းသို႔ Ray ေျပးရေတာ့သည္။
"ေအာ့....ေအာ့...."
လည္ေခ်ာင္းထဲတြင္ဆို႔နင့္ေနေသာ စားထားသမွ်ကို Ray လက္ထိုးအန္ျပစ္လိုက္သည္။
ပ်ိဳ႕တက္လာလိုက္ အန္လိုက္ႏွင့္ Ray တစ္ကိုယ္လုံးႏုံးခ်ိကာ အိမ္သာနံရံကိုမွီထားလိုက္ၿပီး ခဏေနမွ အိမ္သာတံခါးကိုဖြင့္ၿပီးထြက္လိုက္စဥ္ ေဘစင္မွာရပ္ေနတဲ့ Jasper....
"babe အဆင္ေျပရဲ႕လား"
စိုးရိမ္မႈေတြနဲ႕သူ႕မ်က္ႏွာ.....
Ray ျပန္လည္ေျဖၾကားျခင္းဘဲ ေဘစင္မွာလက္ေဆးကာ ပလုတ္က်င္းၿပီး မ်က္ႏွာသစ္လိုက္သည္။
ေမာဟိုက္ေနေသာခႏၶာကိုယ္ကိုယိုင္နဲ႕မသြားေစရန္ ေဘစင္မွာလက္ေထာက္ၿပီး မွန္ထဲမွပုံရိပ္ကိုသာၾကည့္ေနလိုက္သည္။
မ်က္ႏွာမွေရစက္တို႔ ေဘစင္ေပၚတစ္စက္ၿပီးတစ္စက္က်ေနသည္။ ေရစက္ေတြနဲ႕အတူ သူ႕မ်က္ရည္ေတြပါေနတာကို ရပ္ၾကည့္ေနတဲ့ Jasper သိနိုင္ပါ့မလား.....
"babe"
Ray သန႔္စင္ခန္းထဲမွထြက္ရန္ျပင္လိုက္စဥ္ သူ႕လက္တစ္ဖက္ကို Jasper ကလွမ္းဆြဲၿပီး မ်က္ႏွာခ်င္းဆိုင္ခါးကိုဖက္ေလသည္။
Ray အားမရွိသည့္ၾကားမွပင္ ခါးေပၚမွ Jasper့ လက္ေတြကိုဖယ္ခ်ေပမယ့္ အရာမထင္။
"လႊတ္....."
"babe ေနမေကာင္းဘူးလား"
"ငါ့ကိုလႊတ္လို႔ေျပာေနတယ္"
"ဘာလို႔အန္ေနတာလဲ...."
Jasper ေခါင္းငုံ႕ကာ Ray နဖူးႏွင့္သူ႕နဖူးကိုထိၿပီး ကိုယ္အပူခ်ိန္စမ္းလိုက္သည္။
"ကိုယ္လည္းမပူပါဘူး"
Jasper့ အျပဳအမူေၾကာင့္ Ray ေခါင္းကိုေဘးတစ္ဖက္ကိုေစာင္းလွည့္လိုက္သည္။
"ငါ့ခါးေပၚကမင္းလက္ကိုဖယ္ေပး"
"babe ရဲ႕ကိုယ္သင္းနံ႕ေလးကိုလြမ္းေနတာ..."
Jasper ကသူေျပာတာကိုမၾကားသည့္ႏွယ္ သူ႕လည္တိုင္ႏွင့္ ပုခုံးေတြကိုလိုက္နမ္းေနသည္။
သုံးႏွစ္ေက်ာ္ ကင္းကြာခဲ့ေသာ Jasper ့ ရဲ႕အထိအေတြ႕ေတြနဲ႕ သူယဥ္ပါးေနဆဲျဖစ္ေပမယ့္ သူလက္မခံနိုင္ပါ။
Jasper ေျခေထာက္တစ္ဖက္ကို Ray အားကုန္ေဆာင့္နင္းခ်ျပစ္လိုက္သည္။
"အားးးးးးး "
သူ႕ခါးေပၚက Jasper လက္ေတြလြတ္ထြက္သြားၿပီး ေျခေထာက္ကိုကိုင္ကာ ခုန္ဆြခုန္ဆြျဖစ္ေနသည့္ Jasper ေအာ္ေခၚသံကို ဥပကၡာျပဳၿပီး သန႔္စင္ခန္းထဲမွထြက္လာခဲ့ေတာ့သည္။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
သားကိုဂုတ္ေပၚတင္ကာ Ray, hotel ေရကူးကန္တစ္ခုတြင္ ေဆာ့ေနၿပီး သူရွိသည့္ ေရကူးကန္ပတ္ပတ္လည္သို႔ P' Tin တို႔ကဝိုင္းထားၿပီး ဘယ္ဧည့္သည္မွကပ္ခြင့္မရွိေပ။
သားကိုေရေပၚအ႐ုပ္ေလးထက္တင္ေပးကာ Ray ေရငုပ္ေလသည္။
ေရငုပ္ၿပီး ဟိုေနရာကေပၚလာလိုက္ သည္ေနရာကေပၚလာလိုက္ႏွင့္စေနေသာသူ႕ကို ၾကည့္ကာ သားကတခိခိရယ္ေနသည္။
"Emmat Daddy ကိုဆုခ်ဦးေလ"
သူ႕ပါးတစ္ဖက္ကိုေဖာင္းေပးလိုက္ေတာ့ သားကႏႈတ္ခမ္းေလးစုခြၽန္ကာ အာဘြားေပးေလသည္။
"လိမၼာတဲ့ Emmat ေလးကို Daddy ကလည္းဆုေပးရမွာေပါ့"
သားရဲ႕ပါးႏွစ္ဖက္ကိုဘယ္ျပန္ညာျပန္နမ္းရင္း ႐ုတ္တရက္ၾကက္သီးေတြထလာေလသည္။
Ray ခႏၶာကိုယ္၏အသိေပးမႈေၾကာင့္ ေရကူးကန္ပတ္ပတ္လည္ကို ၾကည့္လိုက္ရာ တျခားေရကူးကန္မ်ားမွေဆာ့ေနၾကသူမ်ားႏွင့္ ေရကူးကန္ေဘးတြင္အနားယူေနေသာသူမ်ားကိုသာေတြ႕ရသည္။
ေရကူးကန္ေဘးတြင္ သူ႕ကိုထိုင္ၾကည့္ၿပီး လက္ျပေနေသာ Jasper....
႐ုတ္တရက္ လက္ငါးေခ်ာင္းေထာင္ျပေသာ Jasper ေၾကာင့္ Ray အၿပဳံးတို႔ရပ္တန႔္သြားျပန္သည္။
"အေအးမိလိမ့္မယ္
Daddy တို႔ေတာ္ၾကရေအာင္ေနာ္ Emmat"
Ray သားကိုခ်ီၿပီး ေရကူးကန္ထဲမွတက္လိုက္သည္ႏွင့္ ေရကူးေဘာင္းဘီသာပါသည့္သူ႕ကို႔္ P' Tin က bathrobe တစ္ထည္လာဝတ္ေပးေလသည္။
သားကိုေပါင္ေပၚတင္ကာ ဆံပင္ေလးေတြကိုေရေျပာင္ေအာင္သုတ္ေပးလိုက္ၿပီး အဝတ္ဝတ္ေပးရန္ P' Pu အားေခၚသြားခိုင္းလိုက္သည္။
Ray လည္း အဝတ္ဝတ္ရန္ hotel သူ႕အခန္းရွိရာသို႔ထြက္လာခဲ့သည္။
သူ႕အဝတ္အခ်ိဳ႕ႏွင့္ အသုံးအေဆာင္အခ်ိဳ႕ကထိုအခန္းတြင္ရွိၿပီး အလုပ္မ်ားသည့္ေန႕အိမ္မျပန္နိုင္လွ်င္ ထိုအခန္းတြင္သာ သူနားေလ့ရွိသည္။
အခန္းတံခါးျပန္ပိတ္ရန္ျပဳလိုက္စဥ္ ေျခေထာက္ထိုးခံၿပီး တံခါးကိုအတင္းဆြဲဖြင့္ကာ Jasper ဝင္လာေလသည္။
"မင္းဘာလုပ္တာလဲ...
အခုခ်က္ခ်င္းငါ့အခန္းထဲကထြက္သြား"
P' Tin တို႔ကို ႐ုံးခန္းမွာပဲေစာင့္ေနရန္ထားခဲ့ျခင္းကို Ray ေနာင္တရမိသြားသည္။
"ကိုယ့္ကိုလည္းဆုမေပးခ်င္ဘူးလား"
"ဘယ္ဆုကိုေျပာေနတာလဲ"
"babe ဟိုေပါက္စေလး Emmat ကိုေပးသလို ဆုေလ"
"ထြက္သြား အခု"
"ဆုေပးရင္သြားမယ္"
"မင္းေျခေထာက္မျဖတ္ရဘူးလား"
"ေတာ္ေတာ္ ေရာင္ေနေပမယ့္ မျဖတ္ရပါဘူး..
babe ကိုယ့္ကိုစိတ္ပူတာေလးကခ်စ္ဖို႔ေကာင္းလိုက္တာ"
႐ြဲ႕ေမးတာကို ထီေပါက္သလိုေပ်ာ္ျပေနေသာ သေကာင့္သားကိုၾကည့္ကာ ရွိသမွ်အေမြးအကုန္ႏႈတ္ၿပီး သတ္ျပစ္ခ်င္စိတ္မ်ားကတဖြားဖြား...
"အခ်ိန္ငါးရက္ပဲက်န္ေတာ့တယ္ေနာ္ babe"
သူ႕ပါးတစ္ဖက္ကို နမ္းကာအခန္းထဲမွထြက္သြားေသာ Jasper ့ေက်ာျပင္ကိုၾကည့္ရင္း Ray အံတင္းတင္းႀကိတ္ထားေသာေၾကာင့္ မ်က္ႏွာေလးမွာနီရဲၿပီး ေမးရိုးမ်ားပင္ေထာင္ေနသည္။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
အိမ္ေတာ္ဥယ်ာဥ္ထဲမွာ ဆပ္ျပာပူေဖာင္းေတြမႈတ္ၿပီးေဆာ့ေနၾကတဲ့ သားနဲ႕ Jump ကို Ray ထိုင္ၾကည့္ေနလိုက္သည္။
သူဒီေန႕အလုပ္မသြားျဖစ္ Jump ကလည္းနားရက္ျဖစ္သည္။ အရင္ကတည္းက အိမ္ကိုအၿမဲဝင္ထြက္သြားလာေနသည့္ Jump မွာသူနဲ႕ခ်စ္သူေတြျဖစ္ကတည္းက သူ႕အိမ္ေတာ္မွာပဲလာေနေလသည္။
ခ်စ္သူေတြဆိုေပမယ့္ Jump သူ႕အေပၚမွာအသားမယူေပ။ ဖက္တာနမ္းတာေတာင္ခြင့္ေတာင္းတတ္သူပါ။
📩 ting.......
""4""
ဝင္လာေသာ message မွ ကိန္းဂဏန္းေလးတစ္ခုက Ray မ်က္ဝန္းအိမ္တို႔ကိုအရည္လဲ့လာေစသည္။
အိမ္ေဖာ္တစ္ေယာက္က မုန႔္နဲ႕အသီးေတြကို စားပြဲေပၚလာခ်ေပးေတာ့ Ray က်လဳဆဲဆဲမ်က္ရည္စေတြကို မ်က္ေတာင္ပုတ္ခတ္ၿပီး ျပန္လည္သိမ္းဆည္းလိုက္သည္။
"Jump, Emmat!
ေဆာ့တာခဏနားဦးေလ"
ေျပးလာေသာသားကို ေပြ႕ခ်ီကာ နမ္းရွိုက္လိုက္သည္။
"အရမ္းေဆာ့တာပဲ
ေခြၽးေတေတာင္ထြက္ေနၿပီ"
သူ႕စကားကိုသားက သြားေလးၿဖီးကာ ရယ္ျပေလသည္။
"Han သီခ်င္းဆိုျပပါလား....
Han ရဲ႕သီခ်င္းသံကိုမၾကားရတာၾကာၿပီ....
Emmat ကလည္းနားေထာင္ခ်င္တယ္တဲ့ ေနာ"
Jump ကစစ္ကူလွမ္းေတာင္းေတာ့ သားကေခါင္းေလးကိုဆက္တိုက္ၿငိမ့္ျပေလသည္။
"အဲ့တာဆိုခဏ....
Guitar သြားယူလိုက္ဦးမယ္..."
"ကြၽန္ေတာ္သြားယူလိုက္ပါမယ္ သခင္ႀကီး..."
မလွမ္းမကမ္းမွ First ကလ်င္ျမန္စြာအိမ္ထဲေျပးဝင္သြားၿပီး သူ႕ guitar ေလးကိုယူလာေပးေလသည္။
သူ႕ေပာင္ေပၚမွသားကို Jump ကေျပာင္းခ်ီလိုက္ၿပီး Ray guitar ကိုႀကိဳးညွိရင္းအသံစမ္းလိုက္သည္။
သူသီခ်င္းဆိုမယ္ဆိုလို႔ P' Tin တို႔အပါအဝင္ အိမ္ေတာ္မွ ဝန္ထမ္းေတြအကုန္ထြက္လာကာ ျမက္ခင္းေပၚထိုင္ၾကၿပီး ၿငိမ္သက္စြာနားေထာင္ၾကသည္။
"🎶ကိုယ့္မ်က္ဝန္းအတြင္းနက္ထဲကိုၾကည့္မိရင္
ကိုယ္ဖုံးကြယ္ထားခ်င္တဲ့အရာကို မင္းေလးေတြ႕မွာပါ
ကိုယ္ဖြင့္မေျပာခဲ့ေပမယ့္
ကိုယ္ဂ႐ုမစိုက္မ်ိဳးမဟုတ္ဘူး....
ကိုယ့္ႏွလုံးသားထဲက သစ္ပင္ငယ္ေလးလို
တစ္ေန႕ထက္တစ္ေန႕ ႀကီးထြားလာတာ မင္းနားလည္လို႔ေနမလား....
မင္းႏွလုံးသားရဲ႕စကားေတြက ကိုယ့္လိုတူညီစြာေျပာမယ္ မထင္ခဲ့မိလို႔..
သစ္ပင္က ေႂကြက်သြားတဲ့ သစ္႐ြက္ေတြကိုေတြ႕တိုင္း..
ကိုယ္တို႔ရဲ႕အခ်စ္ေတြလည္း ဒီလိုမခြဲခြာရပါေစနဲ႕ ကိုယ္ဆုေတာင္းလို႔ရနိုင္မလား...
မင္းက ကိုယ့္ႏွလုံးသားေလးလိုအပ္ေနတဲ့ ေန႕ေကာင္းရက္ျမတ္ေလးမို႔..
မင္းက ကိုယ့္ႏွလုံးသားေလးသီဆိုခ်င္တဲ့ သီခ်င္းေလးမို႔...
ကိုယ္တို႔ရဲ႕ ေမ့မရနိုင္တဲ့အမွတ္တရေတြကလဲ..
ကိုယ္တို႔ႏွလုံးသားကေန
အစားမထိုးနိုင္သလို ေဖ်ာက္ဖ်က္လို႔မရနိုင္ဘူး..
နံနက္ခင္းရဲ႕လတ္ဆတ္တဲ့ေလေျပက မင္းပဲမို႔..
ကိုယ့္ႏွလုံးသားေရာက္ရွိခ်င္တဲ့တံခါးက မင္းေလးပဲ.....
ေတာက္ပေနတဲ့ေနေရာင္ျခည္ေလးက မင္းပဲ..
ကိုယ့္ရဲ႕ဘဝကို ေတာက္ပၿပီး အဓိပၸာယ္ျပည့္စုံေစတယ္.....
မင္းကိုယ့္ကိုယုံၾကည္ရဲ႕လားမသိေပမယ့္..
ကိုယ္တို႔ႏွလုံးသားကို တစ္ခုခုကဆက္ႏြယ္ေနတယ္လို႔ ေျပာရင္....
ကိုယ္တို႔ဘယ္ေလာက္ၾကာၾကာ ေဝးကြာေနေန
ေနာက္ဆုံးမွာ ကိုယ္တို႔ျပန္ဆက္နိုင္မွာပါ..
............................................................................................................................................
ဒီလိုျဖစ္လာဖို႔ အေၾကာင္းဖန္ေတာ့လည္း....
ဒီလိုျဖစ္ေစဖို႔ အေၾကာင္းကံဖန္လာခဲ့တယ္...🎶"
သီခ်င္းသံအဆုံး အားလုံးကလက္ခုပ္တီးၾကသည္။ သားကလည္းသူ႕ကိုအာဘြားေပးကာ ဆုခ်ေသးသည္။
📩 ting......
""သီခ်င္းေလးကနားေထာင္လို႔ေကာင္းတယ္ babe
ရည္႐ြယ္တာကေတာ့ ကိုယ္မျဖစ္နိုင္ဘူးထင္တယ္""
Message ဖတ္ၿပီးၿပီးခ်င္း Ray လွမ္းၾကည့္လိုက္ရာ ၿခံတံခါးနားကေနလွည့္ထြက္သြားတဲ့ Jasper ေက်ာျပင္ကိုေတြ႕လိုက္ရသည္။
ဘယ္သူ႕ကိုရည္႐ြယ္ၿပီးဆိုတဲ့သီခ်င္းလဲဆိုတာကိုေတာ့ Ray တစ္ေယာက္သာသိနိုင္ေပမည္။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
📩 ting........
""1""
"Daddy ေနာက္အိမ္ေထာင္ျပဳရင္ သားစိတ္ဆိုးမွာလား Emmat"
ေရခ်ိဳးကန္ထဲမွာ ဆပ္ျပာျမဳပ္ေတြၾကား ဘဲ႐ုပ္ေလးႏွင့္ေဆာ့ေနသည့္သားက မ်က္လုံးဝိုင္းေလးႏွင့္ေမာ့ၾကည့္လာသည္။
သူ႕အေမးကို မ်က္ခုံးေလးတြန႔္ကာ အေတာ္ၾကာေအာင္စဥ္းစားၿပီးမွ သားကေခါင္းယမ္းျပေလသည္။
"သားစိတ္မဆိုးဘူး"
"တကယ္လို႔ Daddy လက္ထပ္တဲ့သူက ေယာက္်ားေလးဆိုရင္ေရာ သားအဆင္ေျပလား"
ေအာက္ႏႈတ္ခမ္းေလးကိုငုံကာ သားကေခါင္းေလးၿငိမ့္ျပျပန္သည္။
"Daddy က Uncle Jump နဲ႕လက္ထပ္မလို႔လား"
ေမွ်ာ္လင့္တႀကီးေမးသည့္ သား၏မ်က္ဝန္းေလးမ်ားက အေရာင္ေတာက္ေနသည္။
"သားရဲ႕ Uncle Jump နဲ႕မဟုတ္ဘူး"
မ်က္ႏွာေလးညွိုးသြားၿပီး သားကႏႈတ္ခမ္းေထာ္ကာစဥ္းစားေနျပန္သည္။
"Daddy ေပ်ာ္မွာလား"
"ဟင္"
"Uncle Jump မဟုတ္တဲ့ ဦးေလးႀကီးနဲ႕လက္ထပ္ရင္ Daddy ေပ်ာ္မွာလား"
"..........''
သားရဲ႕တန္ျပန္အေမးတြက္ Ray မွာအေျဖမရွိ။
"Daddy ေပ်ာ္ရင္ သားလည္းေပ်ာ္တယ္"
မ်က္ဝန္းေလးေတြမွိတ္သြားေအာင္ရယ္ျပေနသည့္ သားေၾကာင့္ Ray မ်က္ရည္ဝဲမိသည္။
အ႐ြယ္နဲ႕မလိုက္ေအာင္ ေတြးတတ္ေျပာတတ္လြန္းသည့္သားရဲ႕ဘဝကို သူ႕ေၾကာင့္အမဲစက္မစြန္းထင္းေစခ်င္။
သူ႕ေၾကာင့္နဲ႕ ပတ္ဝန္းက်င္ရဲ႕ရႈံ႕ခ် အျပစ္တင္ျခင္းကိုမခံစားေစခ်င္။
သားနဖူးေလးကိုနမ္းကာ Ray ဆုံးျဖတ္ခ်က္ခ်လိဳက္ေတာ့သည္။
""Jump မနက္ျဖန္ ငါတို႔ႏွစ္ေယာက္တည္း date လုပ္ရေအာင္ မင္းအားလား""
""ကိုယ္အားတယ္ Han""
Jump ရဲ႕ reply ကိုဖတ္ရင္း ဖုန္း screen ေပၚက်ဆင္းေနေသာ မ်က္ရည္ေတြကိုသုတ္လိုက္သည္။
(AN: Krist ရဲ႕solo song ေလးကို Ray ဆိုသြားတာပါေနာ္...)
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
မင္းကိုမခ်စ္ေတာ့ဘူးလို႔
လိမ္ညာရတာက
ကိုယ့္ကိုကိုယ္ သတ္ေသရတာထက္
ခက္ခဲပင္ပန္းလြန္းတယ္
Ray Han
Bạn đang đọc truyện trên: Truyen247.Pro