Part-44 ( wanna die)
Unicode
"Jasper!"
လေဆိပ်အတွင်း များပြားလှသော လူတွေထဲကမှ Win ကသူ့ကိုလက်ပြနေသည်။
"Daddy ရော Win?"
"Uncle ကဒီနေ့မနက်ကပဲ အရေးတကြီးကိစ္စပေါ်လာလို့ Singapore ကိုသွားတယ် မနက်ဖြန်ပြန်လာမှာတဲ့"
"Awww..."
Bangkok ကိုခြေချလိုက်သည်နှင့် သူ့အတွေးထဲမှာရှိတာ babe တစ်ယောက်သာ....
"ငါအိမ်မပြန်ဘူး....
W Hotel ကိုသွားမယ် Win"
"W ကိုဘာသွားလုပ်မှာလဲ Jasper...
မဟုတ်မှ မင်း...Ray.."
"ငါဘာမှပြဿနာမရှာပါဘူး....
ဒီတိုင်း အပန်းဖြေချင်လို့...
မင်းတို့မင်္ဂလာဆောင်ကလည်း W မှာပဲလုပ်မှာမလား"
"အေးပါ ပြဿနာမရှာရင်လည်းပြီးရော"
သူ့ရဲ့မုသားကို ယုံကြည်ကာ Win ကားလေး W Hotel သို့ဦးတည်နေသည်။
ညနေရုံးဆင်းချိန်ဖြစ်တာကြောင့် လမ်းကြောတွေကအတော်ကိုရှုပ်နေသည်။
Hotel Car Parking ကိုရောက်တော့ မမြင်ချင်သည့် မြင်ကွင်းက မျက်လုံးထဲတွင်နေရာယူတော့သည်။
အိမ်အပြန် Ray ကိုလာကြိုသည့် Jump က ကားတံခါးကိုဖွင့်ပေးတော့ အပြုံးလှလှကိုစွန့်ကြဲလိုက်သည့် Ray။
ကားတံခါးပိတ်ခါနီး Jump က Ray ပါးကိုငုံ့နမ်းလိုက်သေးသည်။
သဝန်တိုစိတ်ကို အခြေခံသည့်ဒေါသက သူ့တစ်ကိုယ်လုံးကိုလောင်မြိုက်လာတော့ ဘေးမှ Win ကသတိထားမိသွားသည်။
"Jasper....
ကျေးဇူးပြုပြီး Ray ကိုပျော်ရွှင်ခွင့်ပေးလိုက်ပါတော့ကွာ....
ပြဿနာမရှာဘူးဆိုတဲ့ မင်းစကားကိုငါယုံကြည်လိုက်မယ်"
Ray တို့ကား parking မှထွက်သွားသောအခါ Jasper လည်းကားပေါ်မှဆင်းလာခဲ့သည်။
Hotel reception ထဲဝင်လိုက်တော့ တာဝန်ခံကသူ့ကိုအံ့ဩတကြီးကြည့်နေသည်။
"တာဝန်ခံကြီး မတွေ့တာကြာပြီနော်"
"ဟုတ်..ဟုတ်ကဲ့ Khun Jasper...
ဘာကိစ္စရှိလို့လဲ မသိဘူး"
"Hotel ကိုလာမှတော့ တည်းမလို့ပေါ့...
VIP အခန်းပေးပါ''
"ဟုတ်ကဲ့"
Lift ထဲဝင်ပြီး VIP အခန်းရှိရာသို့ Jasper တက်သွားမှ တာဝန်ခံကြီးဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်လေသည်။
"Hello Khun Tin....
Khun Jasper အခု hotel မှာရောက်နေတယ်"
"Khun Jasper ကပြန်လာတာလား!"
"ဟုတ်မယ်ထင်တယ်
VIP room ကိုယူထားတယ်.."
"ပုံမှန် ဧည့်သည်တွေကိုဆက်ဆံသလိုပဲ ဆက်ဆံပါ....
သခင်ကြီးကိုကျွန်တော်ပြောလိုက်ပါ့မယ်"
ခဏနေတော့ Jump နှင့် အတူူ Ray အိမ်တော်ကိုပြန်ရောက်လာလေသည်။
"သခင်ကြီး...."
တစ်ခုခုပြောစရာရှိတာကိုမပြောဘဲ P' Tin တွန့်ဆုတ်နေသည်။
"ဟို......
Khun Jasper.... ပြန်ရောက်နေပါတယ်...
အခု ကျွန်တော့်တို့ Hotel က VIP room ကိုယူထားတယ်လို့ တာဝန်ခံကြီးဖုန်းဆက်ပါတယ်"
P' Tin စကားကြောင့် Ray မျက်နှာခဏမျှပျက်ယွင်းသွားပေမယ့် ချက်ချင်းပြန်ပြုံးလိုက်သည်။
"Win နဲ့ Wine ရဲ့မင်္ဂလာပွဲကိုလာတာနေမှာ...
ဝန်ဆောင်မှုကောင်းကောင်းပေးလိုက်ပါလို့ တာဝန်ခံကြီးကိုပြောလိုက်"
"ဟုတ်ကဲ့ပါ သခင်ကြီး"
သူ့ရဲ့စိတ်လှုပ်ရှားခြင်းမရှိတဲ့ ပုံမှန်အနေအထားကြောင့် P' Tin စိတ်အေးသွားဟန်ရှိသည်။
"Jasper ပြန်လာတာလား Han"
"အင်း"
Jump လက်ထဲမှသားကို Ray ပြောင်းယူပွေ့ချီလိုက်သည်။ သားကငြိမ်သက်စွာပင် အရုပ်ကလေးပိုက်ပြီး သူနှင့် Jump ကိုကြည့်နေသည်။
"မစိုးရိမ်ပါနဲ့ Jump...
ငါသူ့အနားကိုပြန်မသွားပါဘူး"
"ကိုယ်သိပါတယ်...
ကိုယ် Han ကိုယုံတယ်"
Ray သားရဲ့ ပါးပြင်လေးနှစ်ဖက်ကိုနှာဖျားလေးနဲ့ထိကပ်ကာ အချိန်အတော်ကြာအောင်နမ်းလိုက်သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Win နဲ့ Wine ရဲ့မင်္ဂလာပွဲ့နေ့.....
Ray ရော Jump ပါအနက်ရောင် suit ကိုဝတ်ဆင်ထားပြီး သား Emmat ကိုလည်း suit အနက်ရောင်လေးဝတ်ပေးလိုက်သည်။
Hotel ကိုရောက်ကတည်းက လမ်းမလျှောက်ချင်ဘူး ဂျီကျသည့်သားကို Jump ကချီထားပေးလေသည်။
သတို့သမီးရှိရာအခန်းထဲကိုဝင်လိုက်တော့ wedding dress နှင့် Wine ကလှပကျော့ရှင်းနေသည်။
"ကိုကို Wine နဲ့ဓာတ်ပုံအတူရိုက်ရအောင်...
Jump လည်းလာလေ"
Emmat က Wine ရဲ့ Pa နဲ့ Ma လက်ထဲရောက်နေလေသည်။
"သားအဖသုံးယောက် ဆင်တူဝတ်လာကြတာပေါ့"
သတို့သမီးကိုလာကြည့်သည့် Win ကသူတို့ကိုပြောင်စပ်စပ်နှင့်စနေပြန်သည်။
"ဆင်တူမဟုတ်ပါဘူးကွာ....
မထင်မှတ်ဘဲ တူသွားတာပါ"
"အေးပာ...
ပွဲစတော့မှာ ခန်းမထဲဝင်ကြတော့လေ..."
Ray တို့လည်း မင်္ဂလာခန်းမထဲဝင်လာလိုက်ပြီး ဝန်ထမ်းလေးပြသည့် ဝိုင်းတွင်ထိုင်လိုက်ရာ သူရှေ့တည့်တည့်က Jasper.....
သူ့ကိုကြည့်နေသည့် Jasper ကို Ray အတော်ကြာအောင်ပြန်ငေးနေမိစဉ် သူ့ပုခုံးပေါ် Jump လက်တစ်ဖက်ရောက်ရှိလာသည်။
"Daddy...
Daddy ဆီလာချင်တယ်"
Jump ပေါင်ပေါ်ထိုင်နေသည့် သားကို Ray သူ့ပေါင်ပေါ်ပွေ့ယူလိုက်သည်။
"Daddy သားအသီးဖျော်ရည်သောက်ချင်တယ်"
Ray ဝန်ထမ်းတစ်ယောက်ကိုခေါ်ကာ ပန်းသီးဖျော်ရည်ယူလာပေးရန်မှာလိုက်သည်။
သားက သူ့ဖုန်းနှင့် animal link game ကိုပြူးပြဲဆော့ရင်း မနိုင်ရင်ဒေါသထွက်သေးသည်။
game ရှုံးလို့ငိုမဲ့မဲ့ဖြစ်နေသည့် သားကို Ray နှင့် Jump ကူကာဆော့ပေးရတော့သည်။
တစ်ပွဲနိုင်သွားတိုင်း သားကသူတို့နှစ်ယောက်ကို အာဘွားပေးကာ ဆုချသေးသည်။
Jasper သူ့ရှေ့မှ ဖုန်းတစ်လုံးနှင့် ရယ်မောနေသော သူ့ရဲ့ babe ကိုသာထိုင်ကြည့်နေလေသည်။
babe ပေါင်ပေါ်ကတခိခိနှင့် babe နှင့်တူသည့်အကောင်ပေါက်စလေးကိုလည်းသိပ်မကြည်။ babe ပါးကိုအာဘွားထထပေးသောကြောင့်ဖြစ်သည်။
သူမကြည်ဆုံးကတော့ babe ပုခုံးကိုဖက်ထားသည့် နှစ်ယောက်မရှိတဲ့ Jump ကိုပင်။
"ငါတို့ ဥက္ကဋ္ဌကြီးက Khun Jump နဲ့တွဲနေတာတဲ့"
"အေးလေ ငါသိတာကြာပေါ့
နင်ကအခုမှသိတာလား "
"သူတို့နှစ်ယောက်က လိုက်ဖက်တယ်နော်"
"ပြောစရာမရှိအောင်ကိုလိုက်ဖက်တယ်....
နှစ်ယောက်လုံးက စီးပွားရေးလောကမှာ နာမည်ကြီးတဲ့လုပ်ငန်းရှင်တွေ အာဏာကလည်းရှိတော့ ဘယ်သူကမှ gay တွေဆိုပြီးမရှုံ့ချရဲဘူးလေ"
"သခင်လေး Emmat ကလည်း Khun Jump ကိုတော်တော်ချစ်တယ်"
"သုံးယောက်လုံး အနက်ရောင်ဆင်တူဝတ်လာကြတာကြည့်ပါလား..."
"အရမ်းချစ်စရာကောင်းတဲ့မိသားစုလေးပဲ"
မင်္ဂလာပွဲဝန်ထမ်းတွေရဲ့ တီးတိုးပြောသံတွေက Jasperရဲ့ နားထဲတော့မှာတော့ ကျယ်လောင်စွာမြည်ဟီးနေသည်။
သူ့လက်ထဲကဆုပ်ကိုင်ထားသည့် ဖန်ခွက်ကလည်း quality ကောင်းပြီး ဖန်သားထူသောကြောင့်ကွဲကြေမသွားဘဲ တောင့်ခံနေနိုင်ခြင်းဖြစ်သည်။
မင်္ဂလာပွဲအစကနေအဆုံးအထိ Jasper၏ အကြည့်တွေက Ray ထံတွင်သာရှိပေမယ့် Ray အကြည့်တွေကတော့ Jasper ဆီတစ်စက္ကန့်တောင်ရောက်မလာတော့။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
📩 ting...📩 ting...📩 ting....
ဆက်တိုက်ဝင်လာသော message သံကြောင့် Ray ကြည့်လက်စ file တွဲကိုချကာ ဖုန်းကိုကောက်ကိုင်လိုက်သည်။
အရင်အတိုင်းမပြောင်းထားသော Jasper၏ ဖုန်းနံပါတ်မှ ဝင်လာသော ဓာတ်ပုံများ....
ရှင်းလင်းပြတ်သားလွန်းသည့် ဓာတ်ပုံများက LA ကညတစ်ည ကုတင်ထက်မှာ အဝတ်ကင်းမဲ့စွာ ဖြစ်ချင်တိုင်းဖြစ်နေသည့် သူနှင့် Jasper....
ဓာတ်ပုံများအပြင် video အတိုလေးတစ်ခု...
Ray ဖွင့်ကြည့်လိုက်ရာ...
"အား...Jas.....အင့်....မြန်မြန်လေး....အာ့...အာ့"
အရှက်ကင်းမဲ့စွာတောင်းဆိုနေသည့် သူ့ရဲ့ပုံရိပ်နှင့်အသံ...
Ray ဖုန်းကိုင်ထားသည့်လက်တို့တဆတ်ဆတ်တုန်ယင်လာသည်။
""ကိုယ် VIP room 2 မှာရှိနေတယ်နော် babe""
Message box ထဲမှဓာတ်ပုံတွေနှင့် video ကိုပါ delete လုပ်ပြီး Ray အံတင်းတင်းကြတ်ကာ မြန်ဆန်သောခြေလှမ်းများက VIP room 2 ဆီဦးတည်သွားလေသည်။
အခန်းတံခါးကိုဟထားသောကြောင့် Ray VIP room ထဲချက်ချင်းဝင်ကာ တံခါးပိတ်လိုက်သည်။
ဧည့်ခန်း TV ရှေ့က sofa ပေါ်မှာ ဝိုင်တစ်ခွက်ကိုအေးအေးဆေးဆေးသောက်နေသည့် Jasper ထံသို့ Ray တဖြည်းဖြည်းနီးကပ်လာစဉ်....
"Jas ပြန်ထည့်ပေးပါ..."
"နောက်တစ်ခါလား babe"
"အင်း.....ပြန်ထည့်....အာ့....."
TV ဆီမှကြားနေရသည့်အသံများကြောင့် Ray ခြေဖျားလက်ဖျားများအေးစက်လာသည်။
ရမ္မက်ကြီးစွာ ကြမ်းတမ်းနေကြသည့် သူနဲ့ Jasper ရဲ့တစ်ညတာကို TV ထက်တွင် Jasper ကြည့်နေသည်။
Ray အမြန် TV ကိုပိတ်ကာ ဆက်သွယ်ထားသည့် stick ကိုဖြုတ်ပြီး ကြမ်းပြင်ကိုချကာ အထပ်ထပ်နင်းချေလိုက်သည်။
"နောက်ထပ် copy တွေအများကြီး ရှိသေးတယ် babe"
သူ့အနားလျှောက်လာသော Jasperရဲ့ အင်္ကျီကော်လန်စကို Ray ဆွဲကာ ထိုးရန်ပြင်လိုက်ပေမယ့် သူ့လက်ကို Jasper ကဖမ်းလိုက်သည်။
"babe အရမ်းဒေါသမကြီးပါနဲ့ကွာ....
ဒီလိုဒေါသထွက်နေတဲ့မျက်နှာလေးက ကိုယ့်စိတ်ကိုကြွစေတယ်"
ပါးကိုပွတ်သပ်လာသော Jasper၏လက်ကိုပုတ်ထုတ်ကာ Ray လူချင်းခွာလိုက်သည်။
"အခုချက်ချင်း ဓာတ်ပုံနဲ့ video တွေအကုန်ဖျက်ပေး"
"ဖျက်ပေးရင် ကိုယ်ဘာပြန်ရမှာလဲ"
"မင်းဘာလိုချင်တာလဲ "
"ကိုယ် babe နဲ့တရားဝင်လက်ထပ်ချင်တယ်"
" မဖြစ်နိုင်ဘူး"
"ဒါဆိုလည်း အကုန်လုံးကို online ပေါ်တင်လိုက်ရုံပေါ့"
"ဘာ!!!
ဒါတွေ online ပေါ်ရောက်သွားရင် ငါတစ်ယောက်တည်းမဟုတ်ဘူး မင်းလည်းအရှက်ကွဲမှာပဲ"
"ကိုယ်ဂရုမစိုက်ဘူး....
ကိုယ့်ထက် babe ကပိုထိခိုက်မယ်ထင်တယ်နော်....
W ရဲ့ဂုဏ်သိက္ခာ.....Welson မိသားစုရဲ့ဂုဏ်သိက္ခာ.....ပြီးတော့ babe သားလေး Emmat.."
"မင်းယုတ်မာလှချည်လား Jasper..!!"
"ကိုယ်က babe နဲ့ပတ်သက်လာရင် ယုတ်မာဖို့လည်းဝန်မလေးတာကို babe မသိဘူးလား"
"ဘာလို့လဲ!!
ဘာလို့ ငါ့ကိုဒီလိုတွေလုပ်နေရတာလဲ!!
ဘာလို့လဲ!!"
Ray ပါးပြင်ထက်မျက်ရည်စတို့ဖြင့်စိုရွှဲကာ ခြေထောက်တို့ကဆက်မရပ်နိုင်တော့ဘဲ ခွေကျသွားခဲ့သည်။
"babe ကိုချစ်လို့.....
babe ကိုပိုင်ဆိုင်ချင်လို့....
babe ကိုပိုင်ဆိုင်နိုင်ဖို့အတွက် ကိုယ်ဒီ့ထက်တောင်ယုတ်မာနိုင်တယ်"
"sex ကြောင့် ငါ့ခန္ဓာကိုယ်ကိုလိုချင်တာဆိုရင်....
မင်းလိုအပ်တိုင်း ငါမင်းနဲ့အိပ်ပေးမယ်..."
"babe ဘယ်လိုပြောလိုက်တာလဲ....
ကိုယ်က sex အတွက်နဲ့ babe ကိုလက်ထပ်ချင်ပါ့မလား....
ကိုယ် babe ကိုချစ်လို့!"
Ray ပါးထက်မှ မျက်ရည်တွေကိုသုတ်ဖယ်ကာ မတ်တပ်ထပြီး Jasper့ မျက်ဝန်းတွေကို ပြန်စိုက်ကြည့်လိုက်သည်။
"ချစ်လို့ ဟုတ်လား...
hak....hahahaha......
အချစ်လို့ ခေါင်းစဉ်တပ်ပြီး သွေးသားဆန္ဒကိုပဲဦးစားပေးတတ်တဲ့မင်းက...
ချစ်တယ်လို့တဖွဖွပြောပြီး sex အတွက်နဲ့ ငါ့ကိုသစ္စာဖောက်ခဲ့တဲ့မင်းက....
အချစ်ကိုရောသိရဲ့လား.....
မင်းလိုလူရဲ့ပါးစပ်ကနေပြောတဲ့ ချစ်တယ် ဆိုတဲ့စကားကိုကြားရတာ တော်တော်ကိုကျက်သရေတုံးလွန်းတယ်"
"ကိုယ့်ကိုအဲ့လိုမပြောနဲ့......
babe ကိုမထိခိုက်စေချင်လို့ မနာကျင်စေချင်လို့ sex အတွက် ကိုယ်တခြားသူကိုအသုံးချခဲ့တာ!!
babe ကရော....
babe ကမှ ကိုယ့်နောက်ကွယ်မှာ Fah နဲ့ဖောက်ပြန်ခဲ့တာ!!
babe ကအရင်ကတိကိုဖောက်ဖျက်ခဲ့တာ
ဘယ်အချိန်ကတည်းက ဖြစ်ချင်တိုင်းဖြစ်နေခဲ့ကြလို့ ကလေးတစ်ယောက်ရလာခဲ့တာလဲ!"
"မင်း Fah ကိုမစော်ကားနဲ့!!!"
"တော်ကြရအောင် အတိတ်တွေကိုကိုယ်မတူးဆွချင်တော့ဘူး....
babe ကိုကိုယ်တစ်ပတ်အချိန်ပေးမယ်"
VIP room ကိုကျောခိုင်းထွက်လာပြီး ဖျစ်ညစ်ခံထားရသလို မွန်းကျပ်နာကျင်နေသည့်နှလုံးသားကိုထုရိုက်ကာ Ray နှုတ်ခမ်းကိုနာနာဖိကိုက်ထားလိုက်သည်။
Fah အုတ်ဂူရှေ့တွင် Ray မျက်နှာကိုလက်နှင့်အုပ်ကာ ဒူးထောက်ငိုကြွေးနေမိသည်။
"Fah ကိုကိုဘာလုပ်ရမလဲ......
ကိုယ့်ကြောင့် သားလေးထိခိုက်လိမ့်မယ်....
ကိုယ့်ကြောင့် ကိုယ့်မိသားစုလည်းထိခိုက်လိမ့်မယ်.......
ကိုကို သေသွားရင်ကောင်းမယ်....
ကိုကို သေချင်တယ် Fah"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
လိုချင်တဲ့ အချစ်ကို
ဖန်တီးယူလို့မရမှတော့
အတ္တကြီးစွာ
လုယူခြင်းကသာ
အကောင်းဆုံးနည်းလမ်းပါ
Jasper Delan
(AN:ကိုယ် FB သုံးပါတယ်
Acc name က
Ei Myat Thazin (Pyae Pyae) ပါနော်
လာ add ရင်လည်း account name လေးတွေ ment သွားဦး...
Delete လုပ်တဲ့အထဲ ကိုယ့်ကလေးတွေ account တွေပါသွားမှာစိုးလို့ 😁)
******************************
Zawgyi
"Jasper!"
"Daddy ရော Win?"
"Awww..."
"ငါအိမ်မပြန်ဘူး....
W Hotel ကိုသွားမယ် Win"
မဟုတ်မှ မင်း...Ray.."
"Jasper....
VIP အခန်းပေးပါ''
"ဟုတ်ကဲ့"
"Hello Khun Tin....
"ဟုတ်မယ်ထင်တယ်
VIP room ကိုယူထားတယ်.."
ခဏနေတော့ Jump နှင့် အတူ Ray အိမ်တော်ကိုပြန်ရောက်လာလေသည်။
"သခင်ကြီး...."
"ဟို......
"ဟုတ်ကဲ့ပါ သခင်ကြီး"
"အင်း"
"မစိုးရိမ်ပါနဲ့ Jump...
"ကိုယ်သိပါတယ်...
ကိုယ် Han့ ကိုယုံတယ်"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Jump လည်းလာလေ"
Emmat က Wine့ ရဲ့ Pa နဲ့ Ma လက်ထဲရောက်နေလေသည်။
"ဆင်တူမဟုတ်ပါဘူးကွာ....
"အေးပာ...
သူ့ကိုကြည့်နေသည့် Jasper့ ကို Ray အတော်ကြာအောင်ပြန်ငေးနေမိစဉ် သူ့ပုခုံးပေါ် Jump လက်တစ်ဖက်ရောက်ရှိလာသည်။
"Daddy...
Daddy့ ဆီလာချင်တယ်"
"အေးလေ ငါသိတာကြာပေါ့
နင်ကအခုမှသိတာလား "
မင်္ဂလာပွဲဝန်ထမ်းတွေရဲ့ တီးတိုးပြောသံတွေက Jasper့ နားထဲတော့မှာတော့ ကျယ်လောင်စွာမြည်ဟီးနေသည်။
မင်္ဂလာပွဲအစကနေအဆုံးအထိ Jasper့ အကြည့်တွေက Ray ထံတွင်သာရှိပေမယ့် Ray အကြည့်တွေကတော့ Jasper့ ဆီတစ်စက္ကန့်တောင်ရောက်မလာတော့။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
📩 ting...📩 ting...📩 ting....
အရင်အတိုင်းမပြောင်းထားသော Jasper့ ဖုန်းနံပါတ်မှ ဝင်လာသော ဓာတ်ပုံများ....
ဧည့်ခန်း TV ရှေ့က sofa ပေါ်မှာ ဝိုင်တစ်ခွက်ကိုအေးအေးဆေးဆေးသောက်နေသည့် Jasper့ ထံသို့ Ray တဖြည်းဖြည်းနီးကပ်လာစဉ်....
"Jas ပြန်ထည့်ပေးပါ..."
"နောက်တစ်ခါလား babe"
"အင်း.....ပြန်ထည့်....အာ့....."
ရမ္မက်ကြီးစွာ ကြမ်းတမ်းနေကြသည့် သူနဲ့ Jasper့ ရဲ့တစ်ညတာကို TV ထက်တွင် Jasper ကြည့်နေသည်။
သူ့အနားလျှောက်လာသော Jasper့ အင်္ကျီကော်လန်စကို Ray ဆွဲကာ ထိုးရန်ပြင်လိုက်ပေမယ့် သူ့လက်ကို Jasper ကဖမ်းလိုက်သည်။
ပါးကိုပွတ်သပ်လာသော Jasper့ လက်ကိုပုတ်ထုတ်ကာ Ray လူချင်းခွာလိုက်သည်။
"မင်းဘာလိုချင်တာလဲ "
" မဖြစ်နိုင်ဘူး"
"ဘာ!!!
"ကိုယ်ဂရုမစိုက်ဘူး....
"ဘာလို့လဲ!!
ဘာလို့လဲ!!"
"babe ကိုချစ်လို့.....
"ချစ်လို့ ဟုတ်လား...
hak....hahahaha......
အချစ်ကိုရောသိရဲ့လား.....
babe ကရော....
"Fah ကိုကိုဘာလုပ်ရမလဲ......
ကိုကို သေချင်တယ် Fah"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
လိုချင်တဲ့ အချစ်ကို
အတ္တကြီးစွာ
လုယူခြင်းကသာ
Jasper Delan
(AN:ကိုယ် FB သုံးပါတယ်
Acc name က
Bạn đang đọc truyện trên: Truyen247.Pro