Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-43 ( storm is coming soon)

Unicode

အောက်ပိုင်းဒဏ်ရာကတော်တော်ဆိုးတာကြောင့် Ray LA က hotel မှာသုံးရက်အခန်းအောင်းပြီး ကိုယ်တိုင်ကုရသည်။

မသက်သာသေးပေမယ့် Jasper ရှိတဲ့ LA မှာသူဆက်ပြီးရှိမနေချင်တော့တာကြောင့် bangkok ပြန်လာခဲ့သည်။

တောင်းပန်ပါတယ်.......
ကျေးဇူးပြုပြီး ငါ့ရှေ့မှာထပ်ပေါ်မလာပါနဲ့တော့ Jasper....

စူပုပ်ပုပ်မျက်နှာလေးနှင့်သားကို Ray ပွေ့ချီကာ ပါးဖောင်းဖောင်းနှစ်ဖက်ကို အားရအောင်နမ်းလိုက်သည်။

"Emmat သား Daddy ကိုစိတ်ကောက်နေတာလား.."
"..........."
"Daddy က dinner ပြီးတော့တန်းပြန်လာမလို့ဘဲ အလုပ်ကိစ္စတွေပေါ်လာလို့နည်းနည်းကြာသွားတာ......"
"..........."

အခုချိန်ထိသူ့ကိုစကားမပြော နှုတ်ခမ်းလေးကိုသားကစူထားဆဲ။

"Emmat!"
"Uncle Jump!!!"

Jump အိမ်တော်ကိုရောက်လာတော့ ချက်ချင်းပြုံးရွှင်ကာ Jump ဆီပြေးသွားလေသည်။

"ဒီတစ်ခာခရီးထွက်တာက နည်းနည်းကြာသွားတယ် .....
Uncle ကိုလွမ်းနေလား Emmat .."

Jump ၏အမေးကိုပြန်မဖြေဘဲ သားက သူနှင့် Jump ကိုတစ်လှည့်စီကြည့်ကာ ငိုမဲ့မဲ့ဖြစ်လာသည်။

"Daddy ရော Uncle Jump ရော...
သားကိုအကြာကြီးထားခဲ့ကြတာ
....အီး...ဟီး..."

ကြမ်းပြင်ပေါ်ထိုင်ချကာ အော်ငိုသော Emmat ကြောင့် Ray နှင့် Jump ဗြာများကုန်သည်။

"Daddyရဲ့​ သားလေးမငိုရဘူးလေ....
နောက်တစ်ခါ ခရီးထွက်ရင်မကြာစေရဘူးနော်..
Daddy မှားပါတယ်ကွာ.....
တိတ်တော့နော်...."
"Emmat လေးကလိမ္မာပါတယ်......
တိတ်တိတ်...."
"Daddy ဒီတစ်ပတ်ပိတ်ရက်ကျရင် သားသွားချင်တဲ့နေရာလိုက်ပို့မယ်လေ..."
"တကယ်လား"
"အင်း"
"Uncle Jump ရောလိုက်ခဲ့"
"Emmat သဘောပါဗျာ....."

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

သားက Jump ကိုအရမ်းခင်တွယ်သည်။

ဒီကမ္ဘာပေါ်မှာ သူပြီးရင် သားက Jump ကိုအချစ်ဆုံးပါတဲ့။

သားဂျီကျပြီး အိမ်မပြန်ခိုင်းပြန်တာကြောင့် Jump သူ့အိမ်တော်မှာပဲ သူတို့သားအဖနှင့်အတူ အိပ်ရသည်။

အရင်ကလည်း သားမကြာခဏဂျီသောကြောင့် Jump သူတို့နှင့်အိပ်နေကျဖြစ်သည်။ Jump အဝတ်တချို့နှင့် ညဝတ်အကျႌတောင် သူ့အိမ်တော်မှာရှိသည်။

သားကသူ့အတွက်သီးသန့်အခန်းရှိပေမယ့် အမြဲ Ray အခန်းမှာသာ Ray နှင့်အိပ်သည်။

အခုလည်း Ray နှင့် Jump လက်တစ်ဖက်စီကိုဆုပ်ကိုင်ကာ နှစ်ယောက်ကြားမှာ အိပ်မောကျနေသည်။

"Han..."

Ray မျက်နှာကျက်ကိုကြည့်နေရာမှ Jump ဘက်သို့လှည့်လိုက်သည်။

"အိပ်မပျော်ဘူးလား"
"အင်း"
"ဘာတွေတွေးပြီး ဘာတွေစဉ်းစားနေတာလဲ"
"ဒီလိုပါပဲ "
"Han LA မှာ Jasper နဲ့ဆုံခဲ့တယ်မလား"
"အင်း.....
Dinner မှာအမှတ်မထင်တွေ့ကြတာ...
ဘယ်လိုသိလဲ ငါသူနဲ့တွေ့တာကို"
"ကိုယ်မသိပါဘူး...
Han့မျက်ဝန်းတွေကနေခန့်မှန်းကြည့်လိုက်တာ"

သားရဲ့အသက်ရှုသံမှလွဲ၍ အခန်းထဲတွင်တိတ်ဆိတ်သွားသည်။

Ray အိပ်မပျော်ပေမယ့် ဘေးတစောင်းအနေအထားနှင့် မျက်ဝန်းတွေကိုမှိတ်ထားစဉ် မျက်ခုံးထောင့်စွန်းပေါ်ကျရောက်လာသော ခပ်ဖွဖွအနမ်းတစ်ပွင့်......

"Good night Han"

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Jump နှင့် Ray လက်ကိုတစ်ဖက်ဆီဆွဲကာ Emmat ခုန်ပေါက်နေသည်။

"Uncle Jump ခြေထောက်ညောင်းတယ်"

မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ Emmat ကို Jump ကလက်တစ်ဖက်နှင့်ပွေ့ချီလိုက်ပြီး ကျန်လက်တစ်ဖက်က Ray လက်ကိုဆုပ်ကိုင်လိုက်သည်။

"လူအရမ်းရှုပ်တယ်"

ပိတ်ရက်မို့ ကစားကွင်းထဲမှာတကယ်ကို လူများလှသည်။

သားကစားချင်တာတွေအကုန် နှစ်ယောက်လုံးလိုက်ကစားပေးရသည်။

ရေခဲမုန့်စားချင်သည်ပူဆာပြန်တော့ Jump ကသွားဝယ်ပေးလေသည်။

သားကရေခဲမုန့်ဆိုလျှင်လည်း သူ့လို ချောကလက်ကိုအကြိုက်ဆုံးဖြစ်သည်။

ပေပွနေအောင်စားနေသည့် သားကို Jump က tissue နှင့်ဂရုတစိုက်သုတ်ပေးနေသည်။

သူနဲ့ သားအပေါ်မှာ သိပ်ကိုအလေးထား ဂရုစိုက်ပြီး သူလက်ခံနိုင်မယ့်အချိန်ကို Jump စောင့်နေခဲ့တာပါ....

ကစားကွင်းမှာအားရအောင်ဆော့ စားချင်တာတွေအကုန်စားခဲ့ပြီး သားကအိမ်အပြန်ကားပေါ်မှာ အိပ်ပျော်သွားတော့သည်။

"Jump"
"ဟင်"
"ငါ့ကို မစောင့်ပါနဲ့တော့လား.."
"........"
"မပင်ပန်းဘူးလား Jump"
"ကိုယ်မပင်ပန်းပါဘူး Han....
ကိုယ်စောင့်နိုင်တယ် ဘယ်လောက်ကြာကြာ..."

Ray သက်ပြင်းသာချပြီး အပြင်ကိုငေးနေလိုက်သည်။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

သားလေးရဲ့ သုံးနှစ်ပြည့်မွေးနေ့.....
Fah ဆုံးတာ သုံးနှစ်ပြည့်သောနေ့.....

"Mommy"

Fah ရဲ့အုတ်ဂူရှေ့ရောက်သည်နှင့် သားကယူလာသော ပန်းစည်းကို Fah ဓာတ်ပုံအနားမှာ သွားထားလေသည်။

Fah အုတ်ဂူကိုကန်တော့ကာ သားကသူဖတ်ပြသည့် ပုံပြင်တွေအကြောင်းကို တတွတ်တွတ်နှင့် Fah ဓာတ်ပုံလေးကိုကြည့်ကာပြောနေသည်။

Ray မျက်ရည်တွေကိုလက်ခုံနှင့်ဖိသုတ်လိုက်ပေမယ့် နောက်ထပ်နောက်ထပ်ကျဆင်းလာပြန်ရာ နံဘေးမှ Jump ကသူ့ကိုဖက်ကာ ကျောလေးကိုပုတ်ပေးလေသည်။

Ray လုပ်စရာရှိလို့ဆိုပြီး သားနဲ့ Jump ကိုကားဆီအရင်ပြန်ခိုင်းလိုက်သည်။

"Fah......
ကိုကိုတို့သားလေးက လိမ္မာတယ်မလား...."

Ray ပြောရင်းလည်ပင်းထဲမှဆို့နင့်လာသည်။

"ကိုကို Jump ကိုလက်ခံလိုက်တော့မယ်......
Fah ခွင့်ပြုမယ်မလား......"

ဓာတ်ပုံထဲမှ Fah ကတော့သူ့ကိုအလှဆုံးပြုံးပြနေဆဲ။

Ray လက်သူကြွယ်မှ မချွတ်ဘဲထားခဲ့သည့် လက်ထပ်လက်စွပ်လေးကို ဖြည်းညင်းစွာ ချွတ်လိုက်တော့သည်။

ကားဆီပြန်လာတော့ ကားထဲမှာသီချင်းတွေအကျယ်ကြီးဖွင့်ပြီး သားကတက်ကြွနေသည်။

မှာထားသည့် သားအတွက် birthday cake ကိုဝင်ယူကာ အိမ်သို့ပြန်လာခဲ့ကြသည်။

သားမွေးနေ့ကို ရောက်မလာနိုင်သော ဖေဖေတို့က video call ခေါ်ကာ သူ့မြေးကိုချော့နေရသည်။

မိုးလေးကလည်း ကျောင်းကိစ္စတွေနဲ့မအားတာကြောင့်မလာနိုင်ပေ။

အိမ်တော်ဥယျာဉ်ထဲမှာပဲ ပွဲအသေးစားလေးပြင်ဆင်လိုက်ကြသည်။

"Ray!! Ray!"

အသံစာစာစာစာနဲ့ ဝင်လာတဲ့အပျိုကြီးနှစ်ယောက်ကတော့ P' Jay နဲ့ P' Cat ပင်။

သူတို့နှစ်ယောက်အနောက်မှာတော့ လက်တွဲပီးဝင်လာတဲ့ အချစ်ငှက်လေးနှစ်ကောင် Win နှင့် Wine.....

Jump လက်ထဲမှသားကို တစ်ယောက်တစ်လှည့်ချီကာနမ်းနေကြသည်။ သားကလည်း အသည်းယားဖွယ် တခိခိရယ်နေလေသည်။

"Wine...
ငါ့သားကိုပဲအတင်းနမ်းမနေနဲ့....
ကိုယ့်ဘာသာကလေးယူကြတော့....."
"ကိုကိုနော်...
လက်တောင်မထပ်ရသေးဘဲနဲ့ ကလေးမယူနိုင်ပါဘူး"

Wine ကစပ်ဖြီးဖြီးနှင့် Win ကိုမျက်စောင်းထိုးကာပြောလေသည်။

"Win မင်းငါ့ညီမကိုဘယ်တော့လက်ထပ်ခွင့်တောင်းမှာလဲ"
"ငါလက်ထပ်ခွင့်တောင်းတယ်...
Romantic မဆန်လို့ဆိုပြီး သူကလက်မခံဘူးတဲ့"

နှုတ်ခမ်းစူကာ ခြေဆောင့်ထွက်သွားသည့် Wine့ အနောက်ကိုပြေးလိုက်ကာ Win ချော့ရတော့သည်။

သားကတော့ အပျိုကြီးမမနှစ်ယောက်လက်ထဲမှာသာယာနေသည်။

ဒီအပျိုကြီးနှစ်ယောက်ကတော့ တစ်သက်လုံးအပျိုကြီးလုပ်ရန်ဆုံးဖြတ်ထားတာကြောင့် Ray သွားမစရဲပေ။

သူ့ရဲ့ bodyguard အဖွဲ့ခေါင်းဆောင် P' Tin နဲ့ P' Pu ကလည်းတစ်သက်လုံးမိန်းမယူမည့်ပုံမပေါ်။

First ကလည်းမိန်းကလေးတွေကြားရေပန်းစားပေမယ့် တစ်ယောက်မှပြန်မကြိုက်ကာ အသည်းမာသူဟုနာမည်ကြီးလှသည်။

Birthday song ဆိုကာ Cake ခွဲပြီးတော့ Ray ပါးကို သားက cream တွေနှင့်သုတ်လေသည်။
Ray တစ်ယောက်ထဲကိုမဟုတ် Jump နှင့်ရှိသမျှလူအကုန်လိုက်သုတ်ခြင်းဖြစ်သည်။

သားပျော်အောင် ဘယ်သူမှမရှောင်ဘဲ အသာတကြည်အသုတ်ခံကြသည်။

အဖွဲ့လိုက်ဓာတ်ပုံရိုက်တော့ အားလုံးပါးမှာ cream တွေကိုယ်စီနှင့်ဖြစ်သည်။

မီးရှူးမီးပန်းတွေဖောက်ရင်း ပျော်ရွှင်နေသည့် သား၏အပြုံးမျက်နှာက Ray ကိုစိတ်သောကအားလုံးမေ့လျော့သွားစေသည်။

"Han ဖိနပ်ကြိုးပြေနေတယ်"

ပေါ့ပေါ့ပါးပါးစီးထားတဲ့ shoe ဖိနပ်မှပြေနေတဲ့ကြိုးကို Jump ကပြန်ချည်ပေးလေသည်။

ဒူးတစ်ဖက်ထောက်ကာ ဖိနပ်ကြိုးချည်ပေးနေသည့် Jump နဖူးကို Ray နမ်းလိုက်ရာ အံ့ဩခြင်းများစွာနဲ့ Jump ကသူ့ကိုကြည့်လာသည်။

"Han... အခုကိုယ့်ကို နမ်းလိုက်တာလား"
"အင်း"
"ဒါဆို ကိုယ့်ကိုလက်ခံလိုက်တာလား"
"အင်း"
"အိမ်မက်များမက်နေတာလား"

ကြောင်တောင်တောင်နှင့် သူ့ပါးသူပြန်ဆွဲနေသော Jump နှုတ်ခမ်းကို Ray ထိရုံလေးနမ်းလိုက်ပြန်သည်။

"ကိုယ်ပျော်လွန်းလို့ ရူးတော့မယ်ထင်တယ် Han"

ထိုညကလည်း Jump သူ့အိမ်တော်မှာသာအိပ်လေသည်။

သူတို့နှစ်ယောက်ကြားမှာ သားရှိပေမယ့် Jump က Ray ကိုမျက်တောင်မခတ် တစိမ့်စိမ့်ကြည့်နေခဲ့သည်။

မြတ်နိုးစွာထွေးပွေ့ပေးမယ့် ရင်ခွင်ကို ခိုလှုံမိတာ သူမှားလား.....

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

အလွတ်စုံထောက်ပို့လိုက်သော Email ထဲမှ ဓာတ်ပုံတွေကိုကြည့်ကာ Jasper ဒေါသကြောင့် မျက်နှာတွေနီရဲနေသည်။

"တောက်!!!!
Jump!!! Jump!!
မင်းငါ့နေရာကို လုဖို့ကြံစည်နေတာ မအောင်မြင်စေရဘူး!
မင်းဘယ်တော့မှ မပိုင်ဆိုင်စေရဘူး!!!"

📲🎶 phone ring.....

"Hello"
"Jasper ငါနဲ့ Wine လက်ထပ်တော့မယ်...
ငါတို့မင်္ဂလာပွဲကိုမင်းလာမယ်မလား"
"ငါ bangkok ကိုအပြီးပြန်လာတော့မယ် Win"
"ကောင်းတာပေါ့..."

Jasper ပြန်လာမည့် အကြောင်းရင်းကိုမသိသည့် Win ကတော့ ဝမ်းသာနေခဲ့သည်။

Jasper laptop ထဲမှ password ချထားသည့် video file နှင့် ဓာတ်ပုံတွေကိုကြည့်ကာ ကြောက်မက်ဖွယ်ပြုံးလိုက်သည်။

ပျော်ရွှင်စွာ လည်ပတ်နေသည့် သူတို့ဘဝထဲကို နောက်ထပ်မုန်တိုင်းရောက်လာတော့မယ်ဆိုတာကို သတိမထားမိခဲ့ကြပေ။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

မတူညီတဲ့သူနှစ်ယောက်
မတူညီတဲ့ခံယူချက်တွေနဲ့
မတူညီတဲ့နှလုံးသားတွေရှိပေမယ့်
တူညီတဲ့အချစ်တွေရှိတယ်
ဒါပေမယ့်.....
ဖော်ပြတဲ့အပေါ်မူတည်ပြီး
ပေးဆပ်ခြင်း နဲ့ ရယူခြင်းဆိုပြီး
တန်ဖိုးသက်မှတ်ကြတယ်....

(Ed Sheeran ရဲ့ happier song လေး)

******************************

Zawgyi

ေအာက္ပိုင္းဒဏ္ရာကေတာ္ေတာ္ဆိုးတာေၾကာင့္ Ray LA က hotel မွာသုံးရက္အခန္းေအာင္းၿပီး ကိုယ္တိုင္ကုရသည္။

မသက္သာေသးေပမယ့္ Jasper ႐ွိတဲ့ LA မွာသူဆက္ၿပီး႐ွိမေနခ်င္ေတာ့တာေၾကာင့္ bangkok ျပန္လာခဲ့သည္။

ေတာင္းပန္ပါတယ္.......
ေက်းဇူးျပဳၿပီး ငါ့ေ႐ွ႕မွာထပ္ေပၚမလာပါနဲ႔ေတာ့ Jasper....

စူပုပ္ပုပ္မ်က္ႏွာေလးႏွင့္သားကို Ray ေပြ႔ခ်ီကာ ပါးေဖာင္းေဖာင္းႏွစ္ဖက္ကို အားရေအာင္နမ္းလိုက္သည္။

"Emmat သား Daddy ့ကိုစိတ္ေကာက္ေနတာလား.."
"..........."
"Daddy က dinner ၿပီးေတာ့တန္းျပန္လာမလို႔ဘဲ အလုပ္ကိစၥေတြေပၚလာလို႔နည္းနည္းၾကာသြားတာ......"
"..........."

အခုခ်ိန္ထိသူ႔ကိုစကားမေျပာ ႏႈတ္ခမ္းေလးကိုသားကစူထားဆဲ။

"Emmat!"
"Uncle Jump!!!"

Jump အိမ္ေတာ္ကိုေရာက္လာေတာ့ ခ်က္ခ်င္းျပဳံးရႊင္ကာ Jump ့ဆီေျပးသြားေလသည္။

"ဒီတစ္ခာခရီးထြက္တာက နည္းနည္းျကာသြားတယ္ .....
Uncle ့ကိုလြမ္းေနလား Emmat .."

Jump ့အေမးကိုျပန္မေျဖဘဲ သားက သူႏွင့္ Jump ကိုတစ္လွည့္စီၾကည့္ကာ ငိုမဲ့မဲ့ျဖစ္လာသည္။

"Daddy ေရာ Uncle Jump ေရာ...
သားကိုအၾကာႀကီးထားခဲ့ၾကတာ
....အီး...ဟီး..."

ၾကမ္းျပင္ေပၚထိုင္ခ်ကာ ေအာ္ငိုေသာ Emmat ေၾကာင့္ Ray ႏွင့္ Jump ျဗာမ်ားကုန္သည္။

"Daddy ့သားေလးမငိုရဘူးေလ....
ေနာက္တစ္ခါ ခရီးထြက္ရင္မၾကာေစရဘူးေနာ္..
Daddy မွားပါတယ္ကြာ.....
တိတ္ေတာ့ေနာ္...."
"Emmat ေလးကလိမၼာပါတယ္......
တိတ္တိတ္...."
"Daddy ဒီတစ္ပတ္ပိတ္ရက္က်ရင္ သားသြားခ်င္တဲ့ေနရာလိုက္ပို႔မယ္ေလ..."
"တကယ္လား"
"အင္း"
"Uncle Jump ေရာလိုက္ခဲ့"
"Emmat သေဘာပါဗ်ာ....."

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

သားက Jump ကိုအရမ္းခင္တြယ္သည္။

ဒီကမာၻေပၚမွာ သူၿပီးရင္ သားက Jump ကိုအခ်စ္ဆုံးပါတဲ့။

သားဂ်ီက်ၿပီး အိမ္မျပန္ခိုင္းျပန္တာေျကာင့္ Jump သူ႔အိမ္ေတာ္မွာပဲ သူတို႔သားအဖႏွင့္အတူ အိပ္ရသည္။

အရင္ကလည္း သားမၾကာခဏဂ်ီေသာေၾကာင့္ Jump သူတို႔ႏွင့္အိပ္ေနက်ျဖစ္သည္။ Jump အဝတ္တခ်ိဳ႕ႏွင့္ ညဝတ္အက်ႌေတာင္ သူ႔အိမ္ေတာ္မွာ႐ွိသည္။

သားကသူ႔အတြက္သီးသန္႔အခန္း႐ွိေပမယ့္ အျမဲ Ray အခန္းမွာသာ Ray နွင့္အိပ္သည္။

အခုလည္း Ray ႏွင့္ Jump လက္တစ္ဖက္စီကိုဆုပ္ကိုင္ကာ ႏွစ္ေယာက္ၾကားမွာ အိပ္ေမာက်ေနသည္။

"Han..."

Ray မ်က္ႏွာက်က္ကိုၾကည့္ေနရာမွာ Jump့ ဘက္သို႔လွည့္လိုက္သည္။

"အိပ္မေပ်ာ္ဘူးလား"
"အင္း"
"ဘာေတြေတြးၿပီး ဘာေတြစဥ္းစားေနတာလဲ"
"ဒီလိုပါပဲ "
"Han LA မွာ Jasper နဲ႔ဆုံခဲ့တယ္မလား"
"အင္း.....
Dinner မွာအမွတ္မထင္ေတြ႔ၾကတာ...
ဘယ္လိုသိလဲ ငါသူနဲ႔ေတြ႔တာကို"
"ကိုယ္မသိပါဘူး...
Han့ မ်က္ဝန္းေတြကေနခန္႔မွန္းၾကည့္လိုက္တာ"

ူသားရဲ႕အသက္႐ႈသံမွလြဲ၍ အခန္းထဲတြင္တိတ္ဆိတ္သြားသည္။

Ray အိပ္မေပ်ာ္ေပမယ့္ ေဘးတေစာင္းအေနအထားႏွင့္ မ်က္ဝန္းေတြကိုမွိတ္ထားစဥ္ မ်က္ခုံးေထာင့္စြန္းေပၚက်ေရာက္လာေသာ ခပ္ဖြဖြအနမ္းတစ္ပြင့္......

"Good night Han"

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Jump ႏွင့္ Ray လက္ကိုတစ္ဖက္ဆီဆြဲကာ Emmat ခုန္ေပါက္ေနသည္။

"Uncle Jump ေျခေထာက္ေညာင္းတယ္"

မ်က္လုံးေလးေပကလပ္ေပကလပ္နဲ႔ Emmat ကို Jump ကလက္တစ္ဖက္ႏွင့္ေပြ႔ခ်ီလိုက္ၿပီး က်န္လက္တစ္ဖက္က Ray လက္ကိုဆုပ္ကိုင္လိုက္သည္။

"လူအရမ္း႐ႈပ္တယ္"

ပိတ္ရက္မို႔ ကစားကြင္းထဲမွာတကယ္ကို လူမ်ားလွသည္။

သားကစားခ်င္တာေတြအကုန္ ႏွစ္ေယာက္လုံးလိုက္ကစားေပးရသည္။

ေရခဲမုန္႔စားခ်င္သည္ပူဆာျပန္ေတာ့ Jump ကသြားဝယ္ေပးေလသည္။

သားကေရခဲမုန္႔ဆိုလ်ွင္လည္း သူ႔လို ေခ်ာကလက္ကိုအႀကိဳက္ဆုံးျဖစ္သည္။

ေပပြေနေအာင္စားေနသည့္ သားကို Jump က tissue ႏွင့္ဂ႐ုတစိုက္သုတ္ေပးေနသည္။

သူနဲ႔ သားအေပၚမွာ သိပ္ကိုအေလးထား ဂ႐ုစိုက္ၿပီး သူလက္ခံႏိုင္မယ့္အခ်ိန္ကို Jump ေစာင့္ေနခဲ့တာပါ....

ကစားကြင္းမွာအားရေအာင္ေဆာ့ စားခ်င္တာေတြအကုန္စားခဲ့ၿပီး သားကအိမ္အျပန္ကားေပၚမွာ အိပ္ေပ်ာ္သြားေတာ့သည္။

"Jump"
"ဟင္"
"ငါ့ကို မေစာင့္ပါနဲ႔ေတာ့လား.."
"........"
"မပင္ပန္းဘူးလား Jump"
"ကိုယ္မပင္ပန္းပါဘူး Han....
ကိုယ္ေစာင့္ႏိုင္တယ္ ဘယ္ေလာက္ၾကာၾကာ..."

Ray သက္ျပင္းသာခ်ၿပီး အျပင္ကိုေငးေနလိုက္သည္။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

သားေလးရဲ႕ သုံးႏွစ္ျပည့္ေမြးေန႔.....
Fah ဆုံးတာ သုံးႏွစ္ျပည့္ေသာေန႔.....

"Mommy"

Fah ရဲ႕အုတ္ဂူေ႐ွ႕ေရာက္သည္ႏွင့္ သားကယူလာေသာ ပန္းစည္းကို Fah ဓာတ္ပုံအနားမွာ သြားထားေလသည္။

Fah အုတ္ဂူကိုကန္ေတာ့ကာ သားကသူဖတ္ျပသည့္ ပုံျပင္ေတြအေၾကာင္းကို တတြတ္တြတ္ႏွင့္ Fah ဓာတ္ပုံေလးကိုၾကည့္ကာေျပာေနသည္။

Ray မ်က္ရည္ေတြကိုလက္ခုံႏွင့္ဖိသုတ္လိုက္ေပမယ့္ ေနာက္ထပ္ေနာက္ထပ္က်ဆင္းလာျပန္ရာ နံေဘးမွ Jump ကသူ႔ကိုဖက္ကာ ေက်ာေလးကိုပုတ္ေပးေလသည္။

Ray လုပ္စရာ႐ွိလို႔ဆိုၿပီး သားနဲ႔ Jump ကိုကားဆီအရင္ျပန္ခိုင္းလိုက္သည္။

"Fah......
ကိုကိုတို႔သားေလးက လိမၼာတယ္မလား...."

Ray ေျပာရင္းလည္ပင္းထဲမွဆို႔နင့္လာသည္။

"ကိုကို Jump ကိုလက္ခံလိုက္ေတာ့မယ္......
Fah ခြင့္ျပဳမယ္မလား......"

ဓာတ္ပုံထဲမွ Fah ကေတာ့သူ႔ကိုအလွဆုံးျပဳံးျပေနဆဲ။

Ray လက္သူႂကြယ္မွ မခြၽတ္ဘဲထားခဲ့သည့္ လက္ထပ္လက္စြပ္ေလးကို ျဖည္းညင္းစြာ ခြၽတ္လိုက္ေတာ့သည္။

ကားဆီျပန္လာေတာ့ ကားထဲမွာသီခ်င္းေတြအက်ယ္ႀကီးဖြင့္ၿပီး သားကတက္ႂကြေနသည္။

မွာထားသည့္ သားအတြက္ birthday cake ကိုဝင္ယူကာ အိမ္သို႔ျပန္လာခဲ့ၾကသည္။

သားေမြးေန႔ကို ေရာက္မလာႏိုင္ေသာ ေဖေဖတို႔က video call ေခၚကာ သူ႔ေျမးကိုေခ်ာ့ေနရသည္။

မိုးေလးကလည္း ေက်ာင္းကိစၥေတြနဲ႔မအားတာေၾကာင့္မလာႏိုင္ေပ။

အိမ္ေတာ္ဥယ်ာဥ္ထဲမွာပဲ ပြဲအေသးစားေလးျပင္ဆင္လိုက္ၾကသည္။

"Ray!! Ray!"

အသံစာစာစာစာနဲ႔ ဝင္လာတဲ့အပ်ိဳႀကီးႏွစ္ေယာက္ကေတာ့ P' Jay နဲ႔ P' Cat ပင္။

သူတို႔ႏွစ္ေယာက္အေနာက္မွာေတာ့ လက္တြဲပီးဝင္လာတဲ့ အခ်စ္ငွက္ေလးႏွစ္ေကာင္ Win ႏွင့္ Wine.....

Jump လက္ထဲမွသားကို တစ္ေယာက္တစ္လွည့္ခ်ီကာနမ္းေနၾကသည္။ သားကလည္း အသည္းယားဖြယ္ တခိခိရယ္ေနေလသည္။

"Wine...
ငါ့သားကိုပဲအတင္းနမ္းမေနနဲ႔....
ကိုယ့္ဘာသာကေလးယူၾကေတာ့....."
"ကိုကိုေနာ္...
လက္ေတာင္မထပ္ရေသးဘဲနဲ႔ ကေလးမယူႏိုင္ပါဘူး"

Wine ကစပ္ၿဖီးၿဖီးႏွင့္ Win ကိုမ်က္ေစာင္းထိုးကာေျပာေလသည္။

"Win မင္းငါ့ညီမကိုဘယ္ေတာ့လက္ထပ္ခြင့္ေတာင္းမွာလဲ"
"ငါလက္ထပ္ခြင့္ေတာင္းတယ္...
Romantic မဆန္လို႔ဆိုၿပီး သူကလက္မခံဘူးတဲ့"

ႏႈတ္ခမ္းစူကာ ေျခေဆာင့္ထြက္သြားသည့္ Wine့ အေနာက္ကိုေျပးလိုက္ကာ Win ေခ်ာ့ရေတာ့သည္။

သားကေတာ့ အပ်ိဳႀကီးမမႏွစ္ေယာက္လက္ထဲမွာသာယာေနသည္။

ဒီအပ်ိဳႀကီးႏွစ္ေယာက္ကေတာ့ တစ္သက္လုံးအပ်ိဳႀကီးလုပ္ရန္ဆုံးျဖတ္ထားတာေၾကာင့္ Ray သြားမစရဲေပ။

သူ႔ရဲ႕ bodyguard အဖြဲ႔ေခါင္းေဆာင္ P' Tin နဲ႔ P' Pu ကလည္းတစ္သက္လုံးမိန္းမယူမည့္ပုံမေပၚ။

First ကလည္းမိန္းကေလးေတြၾကားေရပန္းစားေပမယ့္ တစ္ေယာက္မွျပန္မႀကိဳက္ကာ အသည္းမာသူဟုနာမည္ႀကီးလွသည္။

Birthday song ဆိုကာ Cake ခြဲၿပီးေတာ့ Ray ပါးကို သားက cream ေတြႏွင့္သုတ္ေလသည္။
Ray တစ္ေယာက္ထဲကိုမဟုတ္ Jump ႏွင့္႐ွိသမ်ွလူအကုန္လိုက္သုတ္ျခင္းျဖစ္သည္။

သားေပ်ာ္ေအာင္ ဘယ္သူမွမေ႐ွာင္ဘဲ အသာတၾကည္အသုတ္ခံၾကသည္။

အဖြဲ႔လိုက္ဓာတ္ပုံ႐ိုက္ေတာ့ အားလုံးပါးမွာ cream ေတြကိုယ္စီႏွင့္ျဖစ္သည္။

မီး႐ွဴးမီးပန္းေတြေဖာက္ရင္း ေပ်ာ္ရႊင္ေနသည့္ သား၏အျပဳံးမ်က္ႏွာက Ray ကိုစိတ္ေသာကအားလုံးေမ့ေလ်ာ့သြားေစသည္။

"Han ဖိနပ္ႀကိဳးေျပေနတယ္"

ေပါ့ေပါ့ပါးပါးစီးထားတဲ့ shoe ဖိနပ္မွေျပေနတဲ့ႀကိဳးကို Jump ကျပန္ခ်ည္ေပးေလသည္။

ဒူးတစ္ဖက္ေထာက္ကာ ဖိနပ္ႀကိဳးခ်ည္ေပးေနသည့္ Jump နဖူးကို Ray နမ္းလိုက္ရာ အံ့ဩျခင္းမ်ားစြာနဲ႔ Jump ကသူ႔ကိုၾကည့္လာသည္။

"Han... အခုကိုယ့္ကို နမ္းလိုက္တာလား"
"အင္း"
"ဒါဆို ကိုယ့္ကိုလက္ခံလိုက္တာလား"
"အင္း"
"အိမ္မက္မ်ားမက္ေနတာလား"

ေၾကာင္ေတာင္ေတာင္ႏွင့္ သူ႔ပါးသူျပန္ဆြဲေနေသာ Jump ႏႈတ္ခမ္းကို Ray ထိ႐ုံေလးနမ္းလိုက္ျပန္သည္။

"ကိုယ္ေပ်ာ္လြန္းလို႔ ႐ူးေတာ့မယ္ထင္တယ္ Han"

ထိုညကလည္း Jump သူ႔အိမ္ေတာ္မွာသာအိပ္ေလသည္။

သူတို႔ႏွစ္ေယာက္ၾကားမွာ သား႐ွိေပမယ့္ Jump က Ray ကိုမ်က္ေတာင္မခတ္ တစိမ့္စိမ့္ၾကည့္ေနခဲ့သည္။

ျမတ္ႏိုးစြာေထြးေပြ႔ေပးမယ့္ ရင္ခြင္ကို ခိုလွံုမိတာ သူမွားလား.....

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

အလြတ္စုံေထာက္ပို႔လိုက္ေသာ Email ထဲမွ ဓာတ္ပုံေတြကိုၾကည့္ကာ Jasper ေဒါသေၾကာင့္ မ်က္ႏွာေတြနီရဲေနသည္။

"ေတာက္!!!!
Jump!!! Jump!!
မင္းငါ့ေနရာကို လုဖို႔ၾကံစည္ေနတာ မေအာင္ျမင္ေစရဘူး!
မင္းဘယ္ေတာ့မွ မပိုင္ဆိုင္ေစရဘူး!!!"

📲🎶 phone ring.....

"Hello"
"Jasper ငါနဲ႔ Wine လက္ထပ္ေတာ့မယ္...
ငါတို႔မဂၤလာပြဲကိုမင္းလာမယ္မလား"
"ငါ bangkok ကိုအၿပီးျပန္လာေတာ့မယ္ Win"
"ေကာင္းတာေပါ့..."

Jasper ျပန္လာမည့္ အေၾကာင္းရင္းကိုမသိသည့္ Win ကေတာ့ ဝမ္းသာေနခဲ့သည္။

Jasper laptop ထဲမွ password ခ်ထားသည့္ video file ႏွင့္ ဓာတ္ပုံေတြကိုၾကည့္ကာ ေၾကာက္မက္ဖြယ္ျပဳံးလိုက္သည္။

ေပ်ာ္ရႊင္စြာ လည္ပတ္ေနသည့္ သူတို႔ဘဝထဲကို ေနာက္ထပ္မုန္တိုင္းေရာက္လာေတာ့မယ္ဆိုတာကို သတိမထားမိခဲ့ၾကေပ။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

မတူညီတဲ့သူႏွစ္ေယာက္
မတူညီတဲ့ခံယူခ်က္ေတြနဲ႔
မတူညီတဲ့ႏွလုံးသားေတြ႐ွိေပမယ့္
တူညီတဲ့အခ်စ္ေတြ႐ွိတယ္
ဒါေပမယ့္.....
ေဖာ္ျပတဲ့အေပၚမူတည္ၿပီး
ေပးဆပ္ျခင္း နဲ႔ ရယူျခင္းဆုိၿပီး
တန္ဖိုးသက္မွတ္ၾကတယ္....

(Ed Sheeran ရဲ႕ happier song ေလး)

Bạn đang đọc truyện trên: Truyen247.Pro