Part-41 ( sky fall )
Unicode
အလုပ်ကိစ္စများကြောင့် honeymoon မသွားဖြစ်ပေ။
"ကလေးလေးမွေးပြီးမှ မိသားစုအတူတူသွားကြမယ်လေ ကိုကို"
"နားလည်ပေးတာကျေးဇူးပါ Fah"
Fah ကတော့ သူမရဲ့အနုပညာအလုပ်တွေကိုအကန့်အသတ်မရှိနားလိုက်သည်။
အလုပ်သွားခါနီး သူ့ကို Fah က necktie စီးပေးတော့ တစ်ချိန်ကကျောင်းသွားခါနီးတိုင်း necktie ဖရိုဖရဲနဲ့သူ့ကိုသတိရမိသည်။
"ကလေးလေး Daddy အလုပ်သွားတော့မယ်နော်"
ကားအနားအထိလိုက်ပို့တဲ့ Fah ရဲ့ဝမ်းဗိုက်ချပ်ချပ်လေးကိုနမ်းကာ နှုတ်ဆက်လိုက်သည်။
"ကိုကို Fah နေ့လည်စာလာပို့မှာနော်"
"ဟုတ်ပါပြီ....
P' Pu နေ့လည်ကျ Fah ကိုကျွန်တော့်ဆီလိုက်ပို့ရင် ကားကို ဖြည်းဖြည်းမောင်းနော်"
"ဟုတ်ကဲ့ပါ "
Ray ကားလေး Welson အိမ်တော်မှ W Hotel သို့ဦးတည်မောင်းနှင်သွားလေသည်။
P' Pu တို့အဖွဲ့ကို Fah အားစောင့်ရှောက်စေပြီး P' Tin တို့ကတော့ Ray အနားတွင်အမြဲရှိသည်။
📲🎶 phone ring.......
မကိုင်သင့်တဲ့ဖုန်းကဝင်လာပြန်ရာ Ray စိတ်တို့ရှုပ်ရပြန်သည်။
သူ့ဖုန်းနံပါတ်ကို block လို့ရပေမယ့် Ray မလုပ်မိပေ။ သူ့ဘက်ကဘယ်လောက်ပဲဖုန်းခေါ်ခေါ်မကိုင် သူပို့သမျှ message box ကိုလည်းမကြည့်မိ။
အခုငါတို့ကိုယ့်ဘဝနဲ့ကိုယ်နေကြရအောင်....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"ကိုကို"
ရောက်လာပါပြီ သူ့ရဲ့ဇနီးလေး Fah....
တစ်လကျော်သာရှိသေးသောကြောင့် ဗိုက်ကလေးကထွက်မလာသေးဘဲ ကလေးတစ်ယောက်လိုခုန်ဆွခုန်ဆွဝင်လာသောသူမ....
အိမ်ဖော်အဒေါ်ကြီးနှင့်အတူ မီးဖိုချောင်ဝင်ကာ သူမကိုယ်တိုင်ချက်ပြုတ်ပြီးယူလာသည့် နေ့လည်စာကို အတူစားရသည်။
Jasper သူ့ရှေ့တွင်ရှိနေသော Ton Larpin ဆိုသည့် အုတ်ဂူမှ သူနှင့်တူသည့်မျက်ဝန်းတွေကိုပိုင်ဆိုင်ထားသူ၏ဓာတ်ပုံကို မမှိတ်မသုတ်ကြည့်နေမိသည်။
"Ton ဒါကိုယ်နဲ့ Ton ရဲ့သားလေး Jasper လေ
ကိုယ်တို့သားကအခု 23 နှစ်တောင်ရှိနေပြီ..."
Mr. Cinn ပြောရင်းမျက်ရည်တွေကျနေသည်။
"တောင်းပန်ပါတယ် Pa....
အခုမှလာတွေ့လို့ Pa ကကျွန်တော့်ကိုစိတ်ဆိုးနေမယ်ထင်တယ် Daddy"
"Ton ကသားကိုစိတ်မဆိုးပါဘူး....
သူ့ကို Pa လို့ခေါ်လို့ အရမ်းပျော်နေမှာ..."
"Pa ကဘယ်လိုလူမျိုးလဲဟင် Daddy"
"Ton ကအရမ်းကြင်နာတတ်တဲ့သူတစ်ယောက်
ငယ်ပေမယ့် အရမ်းလည်းတော်တယ်...
Daddy ကိုလည်းအရမ်းချစ်ပြီး ဆိုးသမျှကိုသည်းခံခွင့်လွှတ်ပေးတတ်သူတစ်ယောက်ပေါ့...
Daddy ဘာပဲတောင်းဆိုတောင်းဆို မငြင်းပယ်တတ်ဘူး....
သူ့အနားမှာ သူ့ကိုလိုချင်တဲ့ Daddy ထက်သာတဲ့သူတွေရှိတာတောင် Daddy ကိုပဲချစ်ပြီး အနားမှာရှိပေးခဲ့တာ...."
ဖခင်ဖြစ်သူပြောပြတာကိုနားထောင်ရင်း Jasper ရဲ့မျက်ရည်များကအထိန်းအကွပ်မဲ့စွာ ကျဆင်းနေသည်။
"Pa ကသားရဲ့ babe နဲ့တူမယ်ထင်တယ်"
"အင်းဟုတ်တယ်....
Ray ကိုမြင်ရတာ Ton ကိုမြင်နေရသလိုပဲ"
တစ်ချိန်က Pa ကိုလက်မခံနိုင်ဘဲ ခါးခါးသီးသီးငြင်းဆန်နေခဲ့မိတာကိုတောင်းပန်ပါတယ် Pa...
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Ultrasound ရိုက်ရာတွင် မြင်နေရသည့်အလုံးလေးကိုကြည့်ကာ Ray နှလုံးသားထဲမှလှိုက်တက်ကာကြည်နူးမိသည်။
"ကလေးကကျန်းမာပါတယ်...
အခုကိုယ်ဝန်ကရက်နုသေးတာကြောင့် ခင်ပွန်းသည်ကပိုဂရုစိုက်ပေးရမယ်နော်..
ဖိနပ်အမြင့်လည်းလုံးဝမစီးပါနဲ့...."
"ဟုတ်ကဲ့ပါ doctor"
Ultrasound ပုံလေးကို Ray လက်ကမချပြုံးကာကြည့်နေမိသည်။
"ကိုကို အဲ့လောက်တောင်ပျော်လား"
"အင်း...ပျော်တယ် အရမ်း..."
Fah လက်ကလေးကိုကိုင်ကာ ဆေးရုံထဲမှထွက်လာပြီး P' Tin ဖွင့်ပေးသော ကားအနောက်ခန်းထဲသို့ Ray ဝင်ထိုင်လိုက်သည်။
Shopping mall ထဲဝင်ကာ Fah အတွက် Ray ဖိနပ်အပါးလေးများဝယ်ပေးလေသည်။
သူကိုယ်တိုင် Fah ခြေထောက်မှာ တယုတယစီးပေးရာ ဆိုင်ဝန်ထမ်းလေးများကဖုန်းနှင့်ဓာတ်ပုံရိုက်ကြသည်။
"ကိုကို Fah ငရဲကြီးလိမ့်မယ်"
"ကိုယ့်ဇနီးကိုယ် ဖိနပ်စီးပေးတာပဲ ငရဲမကြီးပါဘူး Fah ရဲ့......"
သူတို့နှစ်ယောက်သွားရာနောက်ကိုလူတွေအုံလိုက်နေပေမယ့် bodyguard များကြောင့်အနားတော့မကပ်နိုင်ပေ။
Fah အတွက်ဗိုက်ဖုံးအင်္ကျီဝယ်တော့လဲ Ray မျက်စိထဲလှသည်ထင်လျှင်အကုန်ဝယ်ပြစ်လိုက်သည်။
"Khun Ray က Khun Fah ကိုတော်တော်ချစ်တာပဲ ကံကောင်းလိုက်တာ"
Shopping mall အနှံ့ Fah လက်ကိုဆွဲကာပြုံးပျော်နေသည့် Ray ကို Jasper ခပ်လှမ်းလှမ်းမှကြည့်နေမိသည်။
Ray သွားရာနောက်ကို Jasper တစ်ချိန်လုံးလိုက်နေခဲ့သည်ကို Ray မသိခဲ့။
"babe အရမ်းပျော်နေတာပဲ....
ကိုယ်မနက်ဖြန် LA သွားရတော့မှာ....."
Jasper တစ်ယောက်တည်းရေရွတ်ပြီး ထိုနေရာမှထွက်လာခဲ့တော့သည်။
တစ်ချိန်ကသူတို့နှစ်ယောက်ရဲ့အိမ်က အခုတော့စောင့်ကြိုသူမရှိဘဲ ခြောက်ကပ်ကာ အထီးကျန်လှသည်။
သူ့လက်သူကြွယ်ကလက်စွပ်လေးကိုကြည့်ရင်း Fah လက်ကိုတွဲကာ ပျော်ရွှင်နေသည့် ချစ်ရသူလေး၏အပြုံးများကိုလွမ်းဆွတ်မိသည်။
လမ်းခွဲစကားဆိုသည့်နေ့ကပြန်ချွတ်ပေးခဲ့သည့် ချစ်ရသူ၏လက်စွပ်ကတော့ သူ့လည်ပင်းမှာဆွဲကြိုးလေးနှင့်ရှိနေသည်။
တစ်နေ့ ဒီလက်စွပ်လေးကို babe ပြန်ဝတ်ရမှာပါ........
Luggage ထဲကိုအဝတ်တွေထည့်တော့ အစီအစဉ်မကျဖရိုဖရဲနှင့်။ သူခရီးထွက်တိုင်း babe ကပဲသူ့ကို luggage ပြင်ပေးခဲ့တာပဲ....
ညသန်းခေါင်ကျော်သည်အထိအိပ်မပျော်နိုင်တော့ ချစ်ရသူ၏အိပ်ရာဝင်အနမ်းနှင့် တေးသီချင်းသံကိုတောင့်တမိပြန်သည်။
တစ်ချိန်ကသူ့ရင်ခွင်ထဲမှာ အိပ်စက်ခဲ့သည့် ချစ်ရသူ၏ခေါင်းအုံးလေးကိုနမ်းရှိုက်ကာ အမှတ်တရများစွာနဲ့အခန်းလေးထဲမှထွက်လာခဲ့တော့သည်။
ထွက်သွားခါနီးသူ့အသံလေးကိုကြားချင်တာကြောင့် my babe Kha ဆိုသည့် contact လေးကိုခေါ်လိုက်ရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့....
Daddy နဲ့ Win ကိုလက်ပြပြီး လေယာဉ်ပေါ်တက်တော့လည်း သူများရောက်လာမလားဆိုသည့်အတွေးနှင့် လှည့်ကြည့်လှည့်ကြည့်ဖြစ်နေခဲ့သည်။
ကိုယ်သေချာပေါက် ပြန်လာခဲ့မယ် babe....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
""ဒီနေ့မနက်ပိုင်း 11 နာရီလေယာဉ်နဲ့ Jasper LA ကိုသွားတော့မှာ Ray""
Win ဆီက message ကိုဖတ်ကာ Ray ရုံးခန်းထဲတွင်ငြိမ်သက်စွာထိုင်နေခဲ့သည်။
📲🎶 phone ring.......
ဝင်လာပြန်တဲ့ သူ့ဆီကဖုန်းကို Ray မကိုင်ဘဲကျသွားသည်အထိထိုင်ကြည့်နေလိုက်သည်။
ဖုန်းကိုင်ပြီး နှုတ်ဆက်စကားပြောကာ ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့မှာချင်ပေမယ့်... သူမလုပ်နိုင်...
သူဟာအရင်က Jasper ကိုသိပ်ချစ်ခဲ့သည့် Ray မဟုတ်တော့ Fah ၏ခင်ပွန်း မကြာခင် ဖခင်တစ်ယောက်ဖြစ်တော့မည့် Mr. Welson ဖြစ်နေခဲ့ပြီ။
LA ကိုဦးတည်ကာ ကောင်းကင်ပေါ်တက်ပျံသန်းသွားသည့် လေယာဉ်ကို Ray မျက်စိတစ်ဆုံးကြည့်ရင်း မျက်ဝန်းထောင့်မှမျက်ရည်တို့ကို သုတ်ဖယ်လိုက်သည်။
"Good bye Jas......."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
7 လခန့်ကြာသော်......
ကိုယ်ဝန်ဆိပ်ကြောင့် ဖောင်းကစ်နေသည့် Fah ၏လက်ကလေးကိုဆုပ်ကိုင်ကာ Ray ခြံထဲတွင်လမ်းလျှောက်နေသည်။
8 လကျော်ပြီဖြစ်သောကြောင့် မကြာခင် သူ့ရင်သွေးလေး၏မျက်နှာကို မြင်ရတော့မည်။
"အ...."
"Fah ဘာဖြစ်လို့လဲ"
လမ်းလျှောက်နေရင်းရပ်တန့်သွားသော Fah ကြောင့် Ray အလန့်တကြားဖြစ်သွားသည်။
"ကန်တယ်....အ...
ကလေးက ကန်နေတယ် ကိုကို..
အ...."
Fah ကိုယ်လေးကို Ray ချီကာ အိမ်တော်အရှေ့သို့ပွေ့သွားပြီး ခုံပေါ်သို့ထိုင်စေလိုက်သည်။
အိမ်တော်မှ ဝန်ထမ်းများနှင့် P' Tin တို့မှာလည်း Fah ကိုပွေ့လာသော Ray ကြောင့်ပြာပြာသဲသဲဖြစ်ကုန်သည်။
"အ..."
ဗိုက်ပူပူကိုနားကပ်ကာ Ray နားထောင်လိုက်တော့ အထဲမှ ကလေးကထပ်ကန်ပြန်သည်။
"Daddyရဲ့ ကလေးလေးက သန်လှချည်လား..
အရမ်းမကန်ရဘူးလေ Mommy နာသွားမှာပေါ့"
ထိုအခါမှငြိမ်သွားလေတော့ Fah နှင့် P' Tin တို့အားလုံးရယ်လေသည်။
"ကိုကို့ စကားကိုနားထောင်တယ် "
"Daddy ရဲ့ ကလေးလေးက လိမ္မာတယ်
Daddy ့စကားကိုနားထောင်တဲ့အတွက် ညကျရင် ပုံပြင်တွေအများကြီးဖတ်ပြမယ်နော်"
Fah မွေးရက်နီးလာပြီဖြစ်သောကြောင့် Ray အလုပ်တွေကိုအိမ်မှာသာလုပ်လေသည်။
"သခင်ကြီး ထမင်းစားလို့ရပါပြီ"
"အင်း လာခဲ့မယ်"
Fah ကိုယ်ဝန်နှစ်လကတည်းက သူ့ကိုအားလုံးက သခင်ကြီးဟုပြောင်းခေါ်ကြသည်။ မကြာခင် လူ့လောကထဲကိုရောက်လာမည့် သူ့ရင်သွေးလေးကိုတော့ သခင်လေးလား သခင်မလေးလားမသိကြပေ။
ဘာလေးပဲမွေးမွေး ချစ်မှာမို့ ဆရာဝန်ကို Ultrasound ထပ်ရိုက်ခိုင်းပြီး ယောက်ျားလေးလားမိန်းကလေးလား မမေးခဲ့ပေ။
ညအိပ်ရာဝင်ခါနီးတော့ ကတိအတိုင်း Ray ပုံပြင်တွေတစ်ပုဒ်ပြီးတစ်ပုဒ် ဗိုက်လေးနားကပ်ကာဖတ်ပြရလေသည်။
"Goodnight "
Fah ဗိုက်ကလေးကို goodnight kiss ပေးကာ Ray အိပ်စက်ခဲ့တော့သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"အားးးး...နာတယ်"
ခွဲခန်းထဲဝင်ခါနီး ရေမွှာပေါက်ကာ Fah အော်ဟစ်နေရသည်။
ဆရာဝန်များနှင့် ခွဲခန်းထဲဝင်သွားတော့ Ray ဖေဖေယူလာပေးသည့် စာအုပ်လေးထဲမှ အလွတ်မရသည့် အဂုၤလိမာလသုတ်ကို ကြည့်ရွတ်ရင်းစိတ်လှုပ်ရှားလွန်းတော့ လက်ထဲမှဘောပင်လေးကိုသာအားရပါးရကိုက်နေသည်။
"ဖွား Fah အဆင်ပြေပါ့မလားဟင်"
လွန်ခဲ့သောအပတ်ကတည်းက Fah မွေးခါနီးပြီမို့ ဖွားတို့လည်းရောက်နေခဲ့သည်။
"အဆင်ပြေမှာပါ.."
ခွဲခန်းရှေ့တွင် Ray ၏ဖေဖေ အဖွား ညီမလေး နှင့် Win, Wine, Jump, First သာမက P' Tin,P' Pu တို့အဖွဲ့တွေပါရှိနေသည်။
"Khun Ray ကလေးချက်ကြိုးဖြတ်ပေးဖို့အတွက်ခွဲခန်းထဲကိုလိုက်ခဲ့ပေးပါ"
"ဟုတ်ကဲ့"
လာခေါ်သည့် သူနာပြုလေးနောက်ကို Ray လိုက်လာခဲ့သည်။
"Congratulation ပါ Khun Ray...
ယောက်ျားလေးမွေးပါတယ်"
မိခင်ဝမ်းအတွင်းမှ ထွက်ခါစနီတာရဲ သားလေး၏ ချက်ကြိုးကို ဆရာဝန်များပြသည့်နေရာမှဖြတ်လိုက်သည်။
"တီ....တီ...တီ...."
ရုတ်တရက် သွေးပေါင်တွေထိုးကျပြီး နှလုံးခုန်မမှန်တော့သော Fah ကြောင့် Ray ရော ဆရာဝန်များပါ လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။
"သွေးထွက်လွန်နေပြီ!!!"
"ကိုကို....."
အလုပ်ရှုပ်ကုန်သောဆရာဝန်များကြားမှ တိုးသဲ့သဲ့ ခေါ်သံကြောင့် Fah လက်ကို Ray ဆုပ်ကိုင်လိုက်ရာ လက်ချောင်းများကအေးစက်နေသည်။
"ကိုကို့ ဇနီးအဖြစ်နဲ့.... ကိုကို့သားလေးကို.....မွေးခွင့်ပေးတဲ့..အတွက်... ကျေးဇူးတင်ပါတယ်...
ကိုကိုနဲ့...သားလေး..နဲ့အတူ...ခရီးတွေမသွားနိုင်တော့ဘူးထင်တယ်........
Fah...ကိုကို့ ကို....အရမ်းချစ်တယ်..
တောင်းပန်ပါတယ်....ကိုကို... "
ဖြည်းဖြည်းချင်းအားယူပြောရင်း Fah မျက်ဝန်းထောင့်မှမျက်ရည်စီးကျလာကာ မျက်ဝန်းများပိတ်ကျသွားတော့သည်။
"Fah!"
"......."
"Fah!!"
"......."
"တီ.................."
အတက်အကျမရှိတော့ဘဲ တစ်ဖြောင့်တည်းပြသော နှလုံးခုန်တိုင်းတာစက်၏အသံကြောင့် ဆရာဝန်များငြိမ်သက်သွားကြသည်။
"Fah!! ကိုကိုခေါ်နေတယ်လေ!"
"....."
"မျက်လုံးဖွင့်ပါဦး Fah!!"
"....."
"Fah ကိုယ်တို့သားလေးကိုနာမည်မပေးရသေးဘူးလေ.......
ကိုယ်တို့ honeymoon မထွက်ရသေးဘူးလေ Fah!!!"
"....."
"ကိုကိုခေါ်နေတယ် Fah..."
"သေဆုံးချိန်..... "
ဆရာဝန်ဆီမှ သေဆုံးချိန်ကိုကြားလိုက်ရသည့်နောက် Ray ခြေထောက်များခွေကျသွားခဲ့တော့သည်။
ထိုနေ့က Ray နှင့်အပြိုင် ကောင်းကင်ကြီးကပါ ကျယ်လောင်စွာငိုကြွေးနေခဲ့သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
အရံလူတစ်ယောက်ရဲ့
နှလုံးသားထဲကို ဝင်ကြည့်ပါ
အနှိုင်းမဲ့တဲ့
ပေးဆပ်ခြင်းကို တွေ့ရလိမ့်မယ်
(AN: ကိုယ်ကလူယုတ်မာကြီးပါ....😁)
******************************
Zawgyi
အလုပ္ကိစၥမ်ားေၾကာင့္ honeymoon မသြားျဖစ္ေပ။
"ကေလးေလးေမြးၿပီးမွ မိသားစုအတူတူသြားျကမယ္ေလ ကိုကို"
"နားလည္ေပးတာေက်းဇူးပါ Fah"
Fah ကေတာ့ သူမရဲ႕အႏုပညာအလုပ္ေတြကိုအကန္႔အသတ္မ႐ွိနားလိုက္သည္။
အလုပ္သြားခါနီး သူ႔ကို Fah က necktie စီးေပးေတာ့ တစ္ခ်ိန္ကေက်ာင္းသြားခါနီးတိုင္း necktie ဖ႐ိုဖရဲနဲ႔သူ႔ကိုသတိရမိသည္။
"ကေလးေလး Daddy အလုပ္သြားေတာ့မယ္ေနာ္"
ကားအနားအထိလိုက္ပို႔တဲ့ Fah ရဲ႕ဝမ္းဗိုက္ခ်ပ္ခ်ပ္ေလးကိုနမ္းကာ ႏႈတ္ဆက္လိုက္သည္။
"ကိုကို Fah ေန႔လည္စာလာပို႔မွာေနာ္"
"ဟုတ္ပါၿပီ....
P' Pu ေန႔လည္က် Fah ကိုကြၽန္ေတာ့္ဆီလိုက္ပို႔ရင္ ကားကို ျဖည္းျဖည္းေမာင္းေနာ္"
"ဟုတ္ကဲ့ပါ "
Ray ကားေလး Welson အိမ္ေတာ္မွ W Hotel သို႔ဦးတည္ေမာင္းႏွင္သြားေလသည္။
P' Pu တို႔အဖြဲ႔ကို Fah အားေစာင့္ေ႐ွာက္ေစၿပီး P' Tin တို႔ကေတာ့ Ray အနားတြင္အျမဲ႐ွိသည္။
📲🎶 phone ring.......
မကိုင္သင့္တဲ့ဖုန္းကဝင္လာျပန္ရာ Ray စိတ္တို႔႐ႈပ္ရျပန္သည္။
သူ႔ဖုန္းနံပါတ္ကို block လို႔ရေပမယ့္ Ray မလုပ္မိေပ။ သူ႔ဘက္ကဘယ္ေလာက္ပဲဖုန္းေခၚေခၚမကိုင္ သူပို႔သမ်ွ message box ကိုလည္းမၾကည့္မိ။
အခုငါတို႔ကိုယ့္ဘဝနဲ႔ကိုယ္ေနၾကရေအာင္....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"ကိုကို"
ေရာက္လာပါၿပီ သူ႔ရဲ႕ဇနီးေလး Fah....
တစ္လေက်ာ္သာ႐ွိေသးေသာေၾကာင့္ ဗိုက္ကေလးကထြက္မလာေသးဘဲ ကေလးတစ္ေယာက္လိုခုန္ဆြခုန္ဆြဝင္လာေသာသူမ....
အိမ္ေဖာ္အေဒၚႀကီးႏွင့္အတူ မီးဖိုေခ်ာင္ဝင္ကာ သူမကိုယ္တိုင္ခ်က္ျပဳတ္ၿပီးယူလာသည့္ ေန႔လည္စာကို အတူစားရသည္။
Jasper သူ႔ေ႐ွ႕တြင္႐ွိေနေသာ Ton Larpin ဆိုသည့္ အုတ္ဂူမွ သူႏွင့္တူသည့္မ်က္ဝန္းေတြကိုပိုင္ဆိုင္ထားသူ၏ဓာတ္ပုံကို မမွိတ္မသုတ္ၾကည့္ေနမိသည္။
"Ton ဒါကိုယ္နဲ႔ Ton့ ရဲ႕သားေလး Jasper ေလ
ကိုယ္တို႔သားကအခု 23 ႏွစ္ေတာင္႐ွိေနၿပီ..."
Mr. Cinn ေျပာရင္းမ်က္ရည္ေတြက်ေနသည္။
"ေတာင္းပန္ပါတယ္ Pa....
အခုမွလာေတြ႔လို႔ Pa ကကြၽန္ေတာ့္ကိုစိတ္ဆိုးေနမယ္ထင္တယ္ Daddy"
"Ton ကသားကိုစိတ္မဆိုးပါဘူး....
သူ႔ကို Pa လို႔ေခၚလို႔ အရမ္းေပ်ာ္ေနမွာ..."
"Pa ကဘယ္လိုလူမ်ိဳးလဲဟင္ Daddy"
"Ton ကအရမ္းၾကင္နာတတ္တဲ့သူတစ္ေယာက္
ငယ္ေပမယ့္ အရမ္းလည္းေတာ္တယ္...
Daddy ကိုလည္းအရမ္းခ်စ္ၿပီး ဆိုးသမ်ွကိုသည္းခံခြင့္လႊတ္ေပးတတ္သူတစ္ေယာက္ေပါ့...
Daddy ဘာပဲေတာင္းဆိုေတာင္းဆို မျငင္းပယ္တတ္ဘူး....
သူ႔အနားမွာ သူ႔ကိုလိုခ်င္တဲ့ Daddy ့ထက္သာတဲ့သူေတြ႐ွိတာေတာင္ Daddy ကိုပဲခ်စ္ၿပီး အနားမွာ႐ွိေပးခဲ့တာ...."
ဖခင္ျဖစ္သူေျပာျပတာကိုနားေထာင္ရင္း Jasper ့မ်က္ရည္မ်ားကအထိန္းအကြပ္မဲ့စြာ က်ဆင္းေနသည္။
"Pa ကသားရဲ႕ babe နဲ႔တူမယ္ထင္တယ္"
"အင္းဟုတ္တယ္....
Ray ကိုျမင္ရတာ Ton ကိုျမင္ေနရသလိုပဲ"
တစ္ခ်ိန္က Pa ကိုလက္မခံႏိုင္ဘဲ ခါးခါးသီးသီးျငင္းဆန္ေနခဲ့မိတာကိုေတာင္းပန္ပါတယ္ Pa...
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Ultrasound ႐ိုက္ရာတြင္ ျမင္ေနရသည့္အလုံးေလးကိုၾကည့္ကာ Ray ႏွလုံးသားထဲမွလိႈက္တက္ကာၾကည္ႏူးမိသည္။
"ကေလးကက်န္းမာပါတယ္...
အခုကိုယ္ဝန္ကရက္ႏုေသးတာေၾကာင့္ ခင္ပြန္းသည္ကပိုဂ႐ုစိုက္ေပးရမယ္ေနာ္..
ဖိနပ္အျမင့္လည္းလုံးဝမစီးပါနဲ႔...."
"ဟုတ္ကဲ့ပါ doctor"
Ultrasound ပုံေလးကို Ray လက္ကမခ်ျပဳံးကာၾကည့္ေနမိသည္။
"ကိုကို အဲ့ေလာက္ေတာင္ေပ်ာ္လား"
"အင္း...ေပ်ာ္တယ္ အရမ္း..."
Fah လက္ကေလးကိုကိုင္ကာ ေဆး႐ုံထဲမွထြက္လာၿပီး P' Tin ဖြင့္ေပးေသာ ကားအေနာက္ခန္းထဲသို႔ Ray ဝင္ထိုင္လိုက္သည္။
Shopping mall ထဲဝင္ကာ Fah အတြက္ Ray ဖိနပ္အပါးေလးမ်ားဝယ္ေပးေလသည္။
သူကိုယ္တိုင္ Fah ေျခေထာက္မွာ တယုတယစီးေပးရာ ဆိုင္ဝန္ထမ္းေလးမ်ားကဖုန္းႏွင့္ဓာတ္ပုံ႐ိုက္ၾကသည္။
"ကိုကို Fah ငရဲႀကီးလိမ့္မယ္"
"ကိုယ့္ဇနီးကိုယ္ ဖိနပ္စီးေပးတာပဲ ငရဲမႀကီးပါဘူး Fah ရဲ႕......"
သူတို႔ႏွစ္ေယာက္သြားရာေနာက္ကိုလူေတြအုံလိုက္ေနေပမယ့္ bodyguard မ်ားေၾကာင့္အနားေတာ့မကပ္ႏိုင္ေပ။
Fah အတြက္ဗိုက္ဖုံးအက်ႌဝယ္ေတာ့လဲ Ray မ်က္စိထဲလွသည္ထင္လ်ွင္အကုန္ဝယ္ျပစ္လိုက္သည္။
"Khun Ray က Khun Fah ကိုေတာ္ေတာ္ခ်စ္တာပဲ ကံေကာင္းလိုက္တာ"
Shopping mall အနွံ႔ Fah လက္ကိုဆြဲကာျပဳံးေပ်ာ္ေနသည့္ Ray ကို Jasper ခပ္လွမ္းလွမ္းမွၾကည့္ေနမိသည္။
Ray သြားရာေနာက္ကို Jasper တစ္ခ်ိန္လုံးလိုက္ေနခဲ့သည္ကို Ray မသိခဲ့။
"babe အရမ္းေပ်ာ္ေနတာပဲ....
ကိုယ္မနက္ျဖန္ LA သြားရေတာ့မွာ....."
Jasper တစ္ေယာက္တည္းေရရြတ္ၿပီး ထိုေနရာမွထြက္လာခဲ့ေတာ့သည္။
တစ္ခ်ိန္ကသူတို႔ႏွစ္ေယာက္ရဲ႕အိမ္က အခုေတာ့ေစာင့္ႀကိဳသူမ႐ွိဘဲ ေျခာက္ကပ္ကာ အထီးက်န္လွသည္။
သူ႔လက္သူႂကြယ္ကလက္စြပ္ေလးကိုၾကည့္ရင္း Fah လက္ကိုတြဲကာ ေပ်ာ္ရႊင္ေနသည့္ ခ်စ္ရသူေလး၏အျပဳံးမ်ားကိုလြမ္းဆြတ္မိသည္။
လမ္းခြဲစကားဆိုသည့္ေန႔ကျပန္ခြၽတ္ေပးခဲ့သည့္ ခ်စ္ရသူ၏လက္စြပ္ကေတာ့ သူ႔လည္ပင္းမွာဆြဲႀကိဳးေလးႏွင့္႐ွိေနသည္။
တစ္ေန႔ ဒီလက္စြပ္ေလးကို babe ျပန္ဝတ္ရမွာပါ........
Luggage ထဲကိုအဝတ္ေတြထည့္ေတာ့ အစီအစဥ္မက်ဖ႐ိုဖရဲႏွင့္။ သူခရီးထြက္တိုင္း babe ကပဲသူ႔ကို luggage ျပင္ေပးခဲ့တာပဲ....
ညသန္းေခါင္ေက်ာ္သည္အထိအိပ္မေပ်ာ္ႏိုင္ေတာ့ ခ်စ္ရသူ၏အိပ္ရာဝင္အနမ္းႏွင့္ ေတးသီခ်င္းသံကိုေတာင့္တမိျပန္သည္။
တစ္ခ်ိန္ကသူ႔ရင္ခြင္ထဲမွာ အိပ္စက္ခဲ့သည့္ ခ်စ္ရသူ၏ေခါင္းအုံးေလးကိုနမ္း႐ိႈက္ကာ အမွတ္တရမ်ားစြာနဲ႔အခန္းေလးထဲမွထြက္လာခဲ့ေတာ့သည္။
ထြက္သြားခါနီးသူ႔အသံေလးကိုၾကားခ်င္တာေၾကာင့္ my babe Kha ဆိုသည့္ contact ေလးကိုေခၚလိုက္ရာ ျပန္လည္ေျဖၾကားျခင္းမ႐ွိခဲ့....
Daddy နဲ႔ Win ကိုလက္ျပၿပီး ေလယာဥ္ေပၚတက္ေတာ့လည္း သူမ်ားေရာက္လာမလားဆိုသည့္အေတြးႏွင့္ လွည့္ၾကည့္လွည့္ၾကည့္ျဖစ္ေနခဲ့သည္။
ကိုယ္ေသခ်ာေပါက္ ျပန္လာခဲ့မယ္ babe....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
""ဒီေန့မနက္ပိုင္း 11 နာရီေလယာဥ္နဲ႔ Jasper LA ကိုသြားေတာ့မွာ Ray""
Win ဆီက message ကိုဖတ္ကာ Ray ႐ုံးခန္းထဲတြင္ၿငိမ္သက္စြာထိုင္ေနခဲ့သည္။
📲🎶 phone ring.......
ဝင္လာျပန္တဲ့ သူ႔ဆီကဖုန္းကို Ray မကိုင္ဘဲက်သြားသည္အထိထိုင္ၾကည့္ေနလိုက္သည္။
ဖုန္းကိုင္ၿပီး ႏႈတ္ဆက္စကားေျပာကာ ကိုယ့္ကိုကိုယ္ဂ႐ုစိုက္ဖို႔မွာခ်င္ေပမယ့္... သူမလုပ္ႏိုင္...
သူဟာအရင္က Jasper့ ကိုသိပ္ခ်စ္ခဲ့သည့္ Ray မဟုတ္ေတာ့ Fah ၏ခင္ပြန္း မၾကာခင္ ဖခင္တစ္ေယာက္ျဖစ္ေတာ့မည့္ Mr. Welson ျဖစ္ေနခဲ့ၿပီ။
LA ကိုဦးတည္ကာ ေကာင္းကင္ေပၚတက္ပ်ံသန္းသြားသည့္ ေလယာဥ္ကို Ray မ်က္စိတစ္ဆုံးၾကည့္ရင္း မ်က္ဝန္းေထာင့္မွမ်က္ရည္တို႔ကို သုတ္ဖယ္လိုက္သည္။
"Good bye Jas......."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
7 လခန္႔ၾကာေသာ္......
ကိုယ္ဝန္ဆိပ္ေၾကာင့္ ေဖာင္းကစ္ေနသည့္ Fah ၏လက္ကေလးကိုဆုပ္ကိုင္ကာ Ray ျခံထဲတြင္လမ္းေလ်ွာက္ေနသည္။
8 လေက်ာ္ၿပီျဖစ္ေသာေၾကာင့္ မၾကာခင္ သူ႔ရင္ေသြးေလး၏မ်က္ႏွာကို ျမင္ရေတာ့မည္။
"အ...."
"Fah ဘာျဖစ္လို႔လဲ"
လမ္းေလ်ွာက္ေနရင္းရပ္တန္႔သြားေသာ Fah ေၾကာင့္ Ray အလန္႔တၾကားျဖစ္သြားသည္။
"ကန္တယ္....အ...
ကေလးက ကန္ေနတယ္ ကိုကို..
အ...."
Fah ကိုယ္ေလးကို Ray ခ်ီကာ အိမ္ေတာ္အေ႐ွ႕သို႔ေပြ႔သြားၿပီး ခုံေပၚသို႔ထိုင္ေစလိုက္သည္။
အိမ္ေတာ္မွ ဝန္ထမ္းမ်ားႏွင့္ P' Tin တို႔မွာလည္း Fah ကိုေပြ႔လာေသာ Ray ေၾကာင့္ျပာျပာသဲသဲျဖစ္ကုန္သည္။
"အ..."
ဗိုက္ပူပူကိုနားကပ္ကာ Ray နားေထာင္လိုက္ေတာ့ အထဲမွ ကေလးကထပ္ကန္ျပန္သည္။
"Daddy ့ ကေလးေလးက သန္လွခ်ည္လား..
အရမ္းမကန္ရဘူးေလ Mommy နာသြားမွာေပါ့"
ထိုအခါမွၿငိမ္သြားေလေတာ့ Fah ႏွင့္ P' Tin တို႔အားလုံးရယ္ေလသည္။
"ကိုကို႔ စကားကိုနားေထာင္တယ္ "
"Daddy ရဲ႕ ကေလးေလးက လိမၼာတယ္
Daddy ့စကားကိုနားေထာင္တဲ့အတြက္ ညက်ရင္ ပုံျပင္ေတြအမ်ားႀကီးဖတ္ျပမယ္ေနာ္"
Fah ေမြးရက္နီးလာၿပီျဖစ္ေသာေၾကာင့္ Ray အလုပ္ေတြကိုအိမ္မွာသာလုပ္ေလသည္။
"သခင္ႀကီး ထမင္းစားလို႔ရပါၿပီ"
"အင္း လာခဲ့မယ္"
Fah ကိုယ္ဝန္ႏွစ္လကတည္းက သူ႔ကိုအားလုံးက သခင္ႀကီးဟုေျပာင္းေခၚၾကသည္။ မၾကာခင္ လူ႔ေလာကထဲကိုေရာက္လာမည့္ သူ႔ရင္ေသြးေလးကိုေတာ့ သခင္ေလးလား သခင္မေလးလားမသိၾကေပ။
ဘာေလးပဲေမြးေမြး ခ်စ္မွာမို႔ ဆရာဝန္ကို Ultrasound ထပ္႐ိုက္ခိုင္းၿပီး ေယာက္်ားေလးလားမိန္းကေလးလား မေမးခဲ့ေပ။
ညအိပ္ရာဝင္ခါနီးေတာ့ ကတိအတိုင္း Ray ပုံျပင္ေတြတစ္ပုဒ္ၿပီးတစ္ပုဒ္ ဗိုက္ေလးနားကပ္ကာဖတ္ျပရေလသည္။
"Goodnight "
Fah ဗိုက္ကေလးကို goodnight kiss ေပးကာ Ray အိပ္စက္ခဲ့ေတာ့သည္။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"အားးးး...နာတယ္"
ခြဲခန္းထဲဝင္ခါနီး ေရမႊာေပါက္ကာ Fah ေအာ္ဟစ္ေနရသည္။
ဆရာဝန္မ်ားႏွင့္ ခြဲခန္းထဲဝင္သြားေတာ့ Ray ေဖေဖယူလာေပးသည့္ စာအုပ္ေလးထဲမွ အလြတ္မရသည့္ အဂုၤလိမာလသုတ္ကို ၾကည့္ရြတ္ရင္းစိတ္လႈပ္႐ွားလြန္းေတာ့ လက္ထဲမွေဘာပင္ေလးကိုသာအားရပါးရကိုက္ေနသည္။
"ဖြား Fah အဆင္ေျပပါ့မလားဟင္"
လြန္ခဲ့ေသာအပတ္ကတည္းက Fah ေမြးခါနီးၿပီမို႔ ဖြားတို႔လည္းေရာက္ေနခဲ့သည္။
"အဆင္ေျပမွာပါ.."
ခြဲခန္းေ႐ွ႕တြင္ Ray ၏ေဖေဖ အဖြား ညီမေလး ႏွင့္ Win, Wine, Jump, First သာမက P' Tin,P' Pu တို႔အဖြဲ႔ေတြပါ႐ွိေနသည္။
"Khun Ray ကေလးခ်က္ႀကိဳးျဖတ္ေပးဖို႔အတြက္ခြဲခန္းထဲကိုလိုက္ခဲ့ေပးပါ"
"ဟုတ္ကဲ့"
လာေခၚသည့္ သူနာျပဳေလးေနာက္ကို Ray လိုက္လာခဲ့သည္။
"Congratulation ပါ Khun Ray...
ေယာက္်ားေလးေမြးပါတယ္"
မိခင္ဝမ္းအတြင္းမွ ထြက္ခါစနီတာရဲ သားေလး၏ ခ်က္ႀကိဳးကို ဆရာဝန္မ်ားျပသည့္ေနရာမွျဖတ္လိုက္သည္။
"တီ....တီ...တီ...."
႐ုတ္တရက္ ေသြးေပါင္ေတြထိုးက်ၿပီး ႏွလုံးခုန္မမွန္ေတာ့ေသာ Fah ေၾကာင့္ Ray ေရာ ဆရာဝန္မ်ားပါ လႈပ္လႈပ္႐ွား႐ွားျဖစ္ကုန္သည္။
"ေသြးထြက္လြန္ေနၿပီ!!!"
"ကိုကို....."
အလုပ္ရွုပ္ကုန္ေသာဆရာဝန္မ်ားျကားမွ တိုးသဲ့သဲ့ ေခၚသံေၾကာင့္ Fah လက္ကို Ray ဆုပ္ကိုင္လိုက္ရာ လက္ေခ်ာင္းမ်ားကေအးစက္ေနသည္။
"ကိုကို႔ ဇနီးအျဖစ္နဲ႔.... ကိုကို႔သားေလးကို.....ေမြးခြင့္ေပးတဲ့..အတြက္... ေက်းဇူးတင္ပါတယ္...
ကိုကိုနဲ႔...သားေလး..နဲ႔အတူ...ခရီးေတြမသြားႏိုင္ေတာ့ဘူးထင္တယ္........
Fah...ကိုကို႔ ကို....အရမ္းခ်စ္တယ္..
ေတာင္းပန္ပါတယ္....ကိုကို... "
ျဖည္းျဖည္းခ်င္းအားယူေျပာရင္း Fah မ်က္ဝန္းေထာင့္မွမ်က္ရည္စီးက်လာကာ မ်က္ဝန္းမ်ားပိတ္က်သြားေတာ့သည္။
"Fah!"
"......."
"Fah!!"
"......."
"တီ.................."
အတက္အက်မ႐ွိေတာ့ဘဲ တစ္ေျဖာင့္တည္းျပေသာ ႏွလုံးခုန္တိုင္းတာစက္၏အသံေၾကာင့္ ဆရာဝန္မ်ားၿငိမ္သက္သြားၾကသည္။
"Fah!! ကိုကိုေခၚေနတယ္ေလ!"
"....."
"မ်က္လုံးဖြင့္ပါဦး Fah!!"
"....."
"Fah ကိုယ္တို႔သားေလးကိုနာမည္မေပးရေသးဘူးေလ.......
ကိုယ္တို႔ honeymoon မထြက္ရေသးဘူးေလ Fah!!!"
"....."
"ကိုကိုေခၚေနတယ္ Fah..."
"ေသဆုံးခ်ိန္..... "
ဆရာဝန္ဆီမွ ေသဆုံးခ်ိန္ကိုၾကားလိုက္ရသည့္ေနာက္ Ray ေျခေထာက္မ်ားေခြက်သြားခဲ့ေတာ့သည္။
ထိုေန႔က Ray ႏွင့္အၿပိဳင္ ေကာင္းကင္ႀကီးကပါ က်ယ္ေလာင္စြာငိုေႂကြးေနခဲ့သည္။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
အရံလူတစ္ေယာက္ရဲ႕
ႏွလုံးသားထဲကို ဝင္ၾကည့္ပါ
အႏိႈင္းမဲ့တဲ့
ေပးဆပ္ျခင္းကို ေတြ႔ရလိမ့္မယ္
(AN: ကိုယ္ကလူယုတ္မာႀကီးပါ....😁)
Bạn đang đọc truyện trên: Truyen247.Pro