Part-40 ( two red lines)
Unicode
Ray သူအမွေရထားတဲ့ Welson အိမ်တော်ကြီးကို ပြန်လည်အသက်သွင်းရန်အလုပ်ရှုပ်နေသည်။
Fah နဲ့ သူ့ရဲ့မင်္ဂလာဦးအိမ်အဖြစ် Welson အိမ်တော်ကို Jump အားအပ်ကာ အတွင်းပိုင်းအပြင်ပိုင်းပြင်ဆင်မှုများပြုလုပ်သည်။ အိမ်တော်ပတ်ပတ်လည် ဥယျာဉ်ကို ဖေဖေ ကိုယ်တိုင်ပြုပြင်ပေးလေသည်။
သူ့ရှိရာကို Jasper အမြဲရောက်လာတတ်ပြီး သောင်းကျန်းပေမယ့် သုံးဆမြှင့်ထားသော bodyguard အင်အားကြောင့် သူနှင့် Fah အနားကိုမကပ်နိုင်။
Preweddig ဓာတ်ပုံကို outdoor တွင်ရိုက်ရန် ပြင်ဆင်နေစဉ် Ray ဖုန်းလေးတုန်ခါလာပြန်သည်။
ခေါ်ဆိုသူဘယ်သူလဲဆိုတာ Ray မကြည့်ဘဲသိသည်။
"ကိုကို"
အဝတ်လဲပြီး လာခေါ်သော Fah ကို Ray ပြုံးပြကာ ဖုန်းကို silent လုပ်ပြီး P' Tin လက်ထဲထည့်ပေးလိုက်သည်။
ပထမဆုံး ထိုင်းရိုးရာ ဝတ်စုံနှင့်ဓာတ်ပုံရိုက်ကာ
မြန်မာ ဝတ်စုံလဲကြသည်။
မြန်မာထိုင်မသိမ်း နှင့် Fah ကတစ်မျိုးလေးလှနေပြန်သည်။
ချစ်ရသူအနားမှာရှိနေချိန် မိန်းကလေးတစ်ယောက်ရဲ့ အပြုံးတွေဟာ အသက်ဝင်ဆုံးနဲ့အလှပဆုံးဆိုတဲ့စကားကို Fah ကိုမြင်ချိန်မှာ Ray နားလည်သွားခဲ့သည်။
အခုချိန်မှာ Fah ရဲ့ပျော်ရွှင်မှုကသာ Ray ရဲ့အဓိကဖြစ်နေခဲ့သည်။
အနောက်တိုင်းဝတ်စုံနှင့် ဓာတ်ပုံရိုက်တော့ မြင်းဖြူပေါ်မှာရိုက်ကြသည်။
Fah သူ့မျက်နှာမှချွေးတွေကိုသုတ်ပေးနေစဉ် Ray ရင်းနှီးကျွမ်းဝင်နေသော အရိပ်တစ်ခုကိုမျက်ဝန်းထောင့်မှမြင်လိုက်သည်။
staff တွေကြားမှသူ့ကိုရီဝေစွာကြည့်နေတဲ့ Jasper......
ဖရိုဖရဲဆံပင်တွေနှင့် မရိတ်ထားသောမုတ်ဆိတ်တို့ကြောင့် ညှဉ်းသိုးသိုးဖြစ်နေသည့် Jasper မျက်ဝန်းတွေက သူ့ကိုကြည့်နေရာမှ Fah ဆီရောက်သွားပြီး ဒေါသအရောင်ပြောင်းသွားသည်။
"staff တွေထဲမှာ Jasper ရှိနေတယ်"
P' Tin အနားကိုကပ်ကာ နှစ်ယောက်ကြားနိုင်ရုံအသံနှင့် Ray ပြောလိုက်တော့ bodyguard တွေအားလုံးကို ရိုက်ကွင်းဧရိယာပတ်လည်သို့ဖြန့်ကျက်လိုက်သည်။
"Fah နေ့လည်စာသွားစားရအောင်"
"အင်း"
Fah လက်ကိုကိုင်လိုက်သော သူ့ကို ကြည့်သည့် Jasper အကြည့်ကြောင့် Fah လက်ကို Ray ပိုတင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
မင်္ဂလာဝတ်စုံဆိုင်မှာ Fah စိတ်ကြိုက်ဝတ်ပြသမျှအားလုံးကို Ray ထိုင်ကြည့်နေလိုက်သည်။ ပုံစံအမျိုးမျိုးဝတ်ပြပြီး ဟာသလုပ်နေသည့် Fah ကြောင့် Ray ပါးစပ်ပင်မစိနိုင်တဟားဟားအော်ရယ်နေရသည်။
ဝန်ထမ်းလေးများနှင့် P' Tin တို့အဖွဲ့မှာလည်း သူတို့နှစ်ယောက်ကိုကြည့်ကာ ရယ်ချင်သည်ကို ပါးစပ်ကြီးအတင်းပိတ်ပြီးချုပ်ထိန်းထားသောကြောင့် မျက်နှာတွေပင်ရဲတက်နေသည်။
"ရယ်လို့ရပါတယ် P'....
ချုပ်ထိန်းမထားနဲ့...."
Ray ခွင့်ပြုချက်ရမှ တခွီခွီရယ်ကြတော့သည်။
ရယ်သံတွေနဲ့ ကျွန်တော့် ကမ္ဘာကို ပြန်လည်အသက်သွင်းပေးသူက Fah....
မြန်မာကသူ့ရဲ့ချစ်လှစွာသော သူငယ်ချင်းငါးကောင်ကို Ray လေဆိပ်သွားကြိုရာ Fah လည်းလိုက်လာလေသည်။
Luggage ကိုယ်စီနှင့်ငါးကောင်ကသူ့အနားကို ပြေးလာကာဖက်ကြသည်။
"Fah"
သူ့ဘေးမှ Fah ကိုအသေအလဲဖက်နေသော သူဇာနွယ်ကို Ray အတင်းခွာထုတ်ရသည်။
"တော်ရုံပဲကောင်းတယ် လေးထောင့်"
"မိန်းကလေးချင်းဖက်တာကို ကပ်စေးနဲနေတာ"
"တခြားမိန်းကလေးဆို ဘာမှမဖြစ်ဘူးဟေ့ လေးထောင့်နင်ဖြစ်နေလို့ဟ"
"ငဟန်မ...နင်နော်..."
Fah နဲ့မိတ်ဆက်ပေးပြီး hotel သို့ခေါ်လာခဲ့သည်။
မိုးလေးနှင့်အတူနောက်မှရောက်လာသော ဖွားက မြေးချွေးမလောင်းလေး Fah ကိုအတော်ချစ်ရှာသည်။
မင်္ဂလာပွဲကိုမနက်ပိုင်းတစ်ပွဲနှင့် ညပိုင်းတစ်ပွဲလုပ်မည်ဖြစ်သောကြောင့် ဖိတ်စာနှစ်မျိုးလုပ်ရသည်။
Jasper Win ပြသော ဖိတ်စာနှစ်စောင်ကြောင့် ဆောက်တည်ရာမရအော်ငိုမိသည်။
မနက်ပိုင်းပွဲရဲ့ဖိတ်စာထဲမှ ထိုင်းရိုးရာဝတ်စုံနှင့် Fah နှင့် Ray ပုံလေးပါပြီး.....
ညပိုင်း dinner ဖိတ်စာမှာတော့ မြင်းဖြူပေါ်မှ all white နှင့် Fah ခါးကိုဖက်ကာအလှဆုံးပြုံးနေတဲ့ သူချစ်ရသူ......
"Win ငါတောင်းပန်ပါတယ်ကွာ....
ငါ့ရဲ့ babe ကိုငါ့ဆီပြန်ခေါ်လာခဲ့ပေးပါ...."
"တော်လောက်ပြီ Jasper.....
မင်း Ray ကိုလက်လျော့သင့်ပြီ
Fah ကမင်းထက် Ray ကိုပိုပျော်ရွှင်စေတယ်...
Fah ကမင်းထက် Ray နဲ့ပိုထိုက်တန်တယ်...."
"မင်းကပါ ဘာလို့ငါ့ကိုအပြစ်တင်နေတာလဲ
ငါ့ကိုဘာလို့နားလည်မပေးကြတာလဲ!!!"
"နားလည်ပေးတယ်ဆိုတာကလဲ အကန့်အသက်ရှိတယ်....
Ray ကိုမနှောက်ယှက်နဲ့တော့ Jasper..."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Hotel ရေကူးကန်မှာ Ray သူငယ်ချင်းများနှင့်အတူ Fah နှင့် Wine ပါရှိနေစဉ် မိန်းကလေးတစ်ယောက် bodyguard များနှင့် ရုန်းရင်းဆန်ခက်ဖြစ်နေသည်။
"ဘယ်သူလဲ P' Tin"
"Khun Lily ပါ
သခင်လေးနဲ့ အတင်းတွေ့ခွင့်တောင်းနေပါတယ်"
"လွှတ်ပေးလိုက် ကျွန်တော်သူနဲ့ရှင်းစရာရှိတယ်"
"ဟုတ်ကဲ့"
bodyguard များဖယ်ပေးလိုက်သည်နှင့် သူတို့အနားကို Lily အပြေးအလွှားရောက်လာသည်။
"Lily ဆိုတာသူလား လင်းခ"
မိုးတိမ် အမေးကို Ray ခေါင်းငြိမ့်ပြလိုက်သည်။
ပါးနှစ်ဖက်မှာ လက်ဝါးရာအထင်းသားနှင့် Lily ကသူ့ရှေ့ရောက်ရောက်ချင်း ဒူးထောက်လိုက်လေသည်။
"P' တောင်းပန်ပါတယ်...
Lily တောင်းပန်ပါတယ်....
Company share တွေပြန်ထည့်ပေးပါ P'
P' မကျေနပ်ရင် Lily ကိုရိုက်လိုက်ပါ....."
လက်အုပ်ချီပြီး လက်ဝါးချင်းပွတ်ကာ ငိုယိုတောင်းပန်နေသည့် Lily ကသူ့မျက်လုံးထဲမှာတော့ သနားစရာလုံးဝမကောင်းပေ။
"Fah ငါတောင်းပန်ပါတယ်
P' ကိုကူပြောပေးပါ.....
P' share တွေပြန်ထည့်မပေးရင်...
Lily အဖေက Lily ကိုအမွေပြတ်စွန့်လွှတ်တော့မှာ...."
"Sorry Lily....
Fah မကူညီနိုင်ဘူး...."
Fah ကမျက်နှာကိုတစ်ဖက်လွှဲလိုက်ရာ Lily က Ray လက်ကိုအားကိုးတကြီးလာကိုင်လေသည်။
"P' Lily ကိုခွင့်လွှတ်ပေးပါ"
အေးစက်စက်မျက်ဝန်းတွေနှင့် Ray က Lily လက်ကိုဖယ်ချပြစ်လိုက်သည်။
မိုးတိမ်တို့နှင့် Wine ကတော့ ရေကူးကန်ထဲခုန်ဆင်းကာ အဆော့မပြတ်...
"ခွင့်လွှတ်မှုဆိုတာ မင်းလိုလူအတွက်မရှိဘူး Lily....
ဘယ်လိုလဲ.....
ငါပေးတဲ့ပြစ်ဒဏ်က ချိုမြိန်ရဲ့လား..."
"......"
"P' Tin သူ့ကိုဒီနေရာကနေခေါ်ထုတ်သွားတော့....
နောက်ဘယ်တော့မှ ကျွန်တော့်အနားကိုရောက်မလာစေနဲ့!"
"P'!!!!"
bodyguard များဆွဲခေါ်ရာနောက်ကို ပါသွားသည့် Lily ကသူ့ကိုအော်ခေါ်နေပေမယ့် Ray လှည့်တောင်မကြည့်ဘဲ ရေကူးကန်ထဲဆင်းခဲ့တော့သည်။
ငါ့ကိုလာထိရင် သေတာထက်ဆိုးတဲ့နာကျင်မှုမျိုးနဲ့အဆုံးသတ်စေရမယ် Lily....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Hotel တွင်ထိုင်းရိုးရာအတိုင်းကျင်းပသည့် မနက်ပိုင်းမင်္ဂလာပွဲသို့ Ray ၏စီးပွားရေးပါတနာများတက်ရောက်ကြသည်။ ထိုအထဲတွင် Jasper ၏အဖေ Mr.Cinn နှင့် Jump ၏အမေနှင့်အဖေလည်းပါဝင်လေသည်။
ရေစင်သွန်းတော့ Mr. Cinn ကသူနဲ့ Fah ကိုဆုပေးလေသည်။
"အသက်ထက်ဆုံးပေါင်းဖက်ရပါစေ"
ငါးနှစ်တာဝတ်ခဲ့သည့် ဆင်တူလက်စွပ်မှာ ချွတ်ခဲ့တာတစ်လကျော်သာရှိသေးသောကြောင့် လက်စွပ်ရာလေးက ဘယ်ဘက်လက်သူကြွယ်မှာထင်ကျန်နေဆဲ။
တစ်ချိန်ကဝတ်ခဲ့သည့် ဆင်တူလက်စွပ်နေရာမှာ လက်ထပ်လက်စွပ်လေးကနေရာယူသွားခဲ့ပြီဖြစ်သည်။
မနက်ပိုင်းမင်္ဂလာပွဲပြီးသည်နှင့် Welson အိမ်တော်သို့ Ray နှင့် Fah ပြန်လာခဲ့သည်။
ရေချိုးပြီးခဏနားကာ အိမ်တော်မှာပြုလုပ်မည့် dinner အတွက်ပြင်ဆင်ကြသည်။
"Fah ပင်ပန်းနေပြီလား"
"ဟင့်အင်း မပင်ပန်းပါဘူး...
Fah ပျော်တယ်"
"အဟမ်း....အစောကြီးပဲ ရှိသေးတယ်နော် ငဟန်..
Fah အနားပဲကပ်မနေနဲ့"
စောစောစီးစီးရောက်လာပြီး စနေသော ငါးကောင်ကြောင့် Fah မျက်နှာလေးနီရဲနေသည်။
Wine ကလည်း Fah အနားကပ်ကာ တိုးတိုးတိုးတိုးနှင့် သူ့ကိုတစ်ခုခု ဖုံးကွယ်ထားပုံပင်။
မကြာခင်ဧည့်သည်တွေရောက်လာတော့ Ray နှင့် Fah လက်ချင်းတွဲကာ လိုက်နှုတ်ဆက််ရလေသည်။
တက္ကသိုလ်မှ ကျောင်းနေဖက် senior junior များ Fah ၏အနုပညာလောကမှသူငယ်ချင်းများ နှင့် Ray နှင့်ရင်းနှီးသော စီးပွားရေးလုပ်ငန်းရှင်လူငယ်များသာဖိတ်ကြားထားသောကြောင့် သူတို့၏ dinner မှာ လူငယ်ဆန်ဆန်လွတ်လွတ်လပ်လပ်ပင်။
David ကသူ့ club မှ အမိုက်စား dj သမားကိုပါခေါ်လာသောကြောင့် အားလုံး dj သံနှင့်ယိမ်းထိုးနေကြသည်။
ထိုအချိန်တွင် Ray မဖိတ်ခေါ်ခဲ့သော ဧည့်သည်က Win နှင့်အတူပါလာလေသည်။
လှုပ်လှုပ်ရှားရှားဖြစ်သွားသော P' Tin တို့ကို Ray လက်ပြကာ ငြိမ်သက်စေသည်။
"Congratulation babe"
babe ဆိုသောအခေါ်အဝေါ်ကို Fah အားသရော်သလိုကြည့်ကာ Jasper ပြောလိုက်သည်။
"Thank..."
Ray အေးစက်စက် ကျေးဇူးတင်စကားပြောလိုက်ကာ သူ့လက်ကိုပို၍တင်းကျပ်စွာဖက်တွယ်လာသည့် Fah ကို ပြုံးပြလိုက်ပြီး မိုးတိမ်တို့ရှိရာသို့ထွက်လာလိုက်သည်။
"Jasper မင်းပြောတော့ ပြဿနာမရှာဘူးဆို"
"ငါဘယ်မှာပြဿနာရှာလို့လဲ Win"
Ray ကိုနောက်ဆုံးအနေနဲ့ တွေ့ချင်သည်ဟု Jasper တောင်းဆိုသောကြောင့် Win ခေါ်လာခဲ့ခြင်းဖြစ်သည်။
Jasper သူ့ကိုကြည့်နေသော မိုးတိမ်တို့ရှိရာသို့ ရှိန်ပိန်တစ်ခွက်ကိုကိုင်ပြီး လျှောက်လာခဲ့သည်။
"Hey guys "
သူနှုတ်ဆက်သံကိုအရေးမလုပ်ဘဲ ထိုနေရာမှထွက်သွားကြသောကြောင့် Jasper အံကိုကြိတ်လိုက်မိသည်။
"ဒီကောင် dinner ကိုလာရဲတာ...
တော်တော် $ ခွက်ပြောင်တာပဲ"
"သူ့ကိုဂရုစိုက်မနေနဲ့...."
Win နှင့် Jump ရှိရာသို့ Jasper ပြန်လျှောက်သွားလိုက်သည်။
"ဘယ်လိုလဲ Jump..
အဆင်ပြေရဲ့လား"
"ဘာကိုအဆင်မပြေရမှာလဲ Jasper....
ငါကမင်းလိုမဟုတ်ဘူး....
ငါ Han ကိုချစ်တဲ့အချစ်က မင်းလိုအတ္တတွေနဲ့မပူလောင်ဘူး...
Han ပျော်ရင် ငါပျော်တယ်..."
"ပေးဆပ်သူကြီးပေါ့..."
Jasper ရဲ့ခနဲ့စကားကို Jump ကပြုံးကာပခုံးတွန့်ပြလေသည်။
Jasper ဒီပွဲကိုတက်ရတဲ့အဓိက ရည်ရွယ်ချက်က Ray ကိုကားတင်ပြေးဖို့....
Toilet သွားသော Ray အနောက်သို့ Jasper မသိမသာလိုက်လာခဲ့သည်။ မင်္ဂလာဦးကုတင်ပေါ်တွင်ထိုင်ရင်း သန့်စင်ခန်းထဲမှထွက်လာမည့် Ray ကို Jasper စောင့်နေလိုက်သည်။
လက်ထဲတွင်လည်းအသင့်ယူလာသည့် မေ့ဆေးသုတ်ထားသည့်လက်ကိုင်ပုဝါ.....
"babe..."
သန့်စင်ခန်းကထွက်လာတော့ ကုတင်ပေါ်တွင်အခန့်သားလှဲလျောင်းနေသည့် Jasper ကြောင့် Ray စိတ်ရှုပ်စွာ မျက်မှောင်ကျုံ့လိုက်သည်။
"မင်းဒီမှာဘာလုပ်နေတာလဲ Jasper...
အခုချက်ချင်း ထွက်သွား..."
"babe မျက်မှောင်ကြီး ကျုံ့မထားမပါနဲ့....
babe နဲ့မလိုက်ဖက်ဘူး..."
"ငါမင်းနဲ့ အရည်မရအဖက်မရ စကားတွေပြောဖို့မအားဘူး...."
အခန်းအပြင်သို့် ဦးတည်သွားနေသော Ray ကိုအနောက်မှလက်ကိုင်ပုဝါနှင့်နှာခေါင်းကိုအုပ်ရန်လုပ်လိုက်သော Jasper့ လက်ကို Ray တွန်းဖယ်လိုက်ပြီး နောက်လှည့်ကာ Jasper မျက်နှာကိုအားကုန်ထိုးချလိုက်သည်။
"မင်းအကြံဒါအကုန်ပဲလား Jasper!"
"babe ကိုယ့်ကိုထိုးတာ ဒါဒုတိယအကြိမ်ပဲ...
ကိုယ့်ရင်ထဲကအရမ်းနာတယ် babe..."
"တောက်!!!!!"
Ray ထိုအခန်းထဲမှသာ အမြန်ထွက်လာခဲ့တော့သည်။
ကုန်ဆုံးသွားခဲ့ပြီထင်ခဲ့သော မျက်ရည်တို့က ဝဲတက်လာပြန်ရာ Ray ကိုယ့်ကိုကိုယ် စိတ်ပျက်မိသည်။
Wine နှင့်အတူရပ်နေသော Fah ကိုခါးမှဆွဲဖက်ပြီး Fah နှုတ်ခမ်းလွှာတို့ကို Ray ပြင်းပြစွာနမ်းရှိုက်လိုက်သည်။
မင်းနမ်းနေတဲ့မိန်းကလေးက မင်းရဲ့ဇနီး....
ကိုယ့်ကိုကိုယ် Ray သတိပေးလိုက်သည်။
"Wow!!!!!"
သူ့လုပ်ရပ်ကြောင့် အားလုံးဝိုင်းလက်ခုပ်တီးကြပြီး Fah ကို Ray လွှတ်ပေးလိုက်သည်။
"အားလုံးပဲ Ray နဲ့ Fah အတွက်ခွက်တွေမြှောက်လိုက်ရအောင်"
မိုက်နှင့်ဆော်ဩလိုက်သော Wine ကြောင့် အားလုံးခွက်တွေလေထဲမြှောက်ကာ ဂုဏ်ပြုကြလေသည်။
"Fah ကသူမရဲ့ခင်ပွန်းအတွက် လက်ဆောင်ပေးစရာရှိပါတယ်တဲ့"
Ray, Fah ကိုကြည့်လိုက်ရာ သူမကသွားတန်းလေးပေါ်အောင်ပြုံးပြလေသည်။
Fah ကလက်ကိုအနောက်ပစ်ကာ တစ်ခုခုဖွက်ထားလေသည်။
"ကိုကို......ဒါကိုကို့အတွက်လက်ဆောင်"
Fah ပေးသော လက်ဆောင်ဘူးလေးကို Ray ဖွင့်နေစဉ်အားလုံးတိတ်ဆိတ်နေကြသည်။
အနီနှစ်ရစ်ပြနေတဲ့ ကိုယ်ဝန်စစ်ကိရိယာလေး...
"Wow!!!"
"Omg!!!"
"Congratulation!!!"
အံ့ဩတကြီးလက်ခုပ်တီးသူကတီး အော်သူကအော်နှင့်ဆူညံသွားပေမယ့် Ray ကတော့ သူလက်ထဲကကိရိယာလေးကိုကြည့်ကာ ကြောင်တောင်တောင်ဖြစ်နေသည်။
"တကယ်....
တကယ်ကြီးလား Fah"
Fah ကနှုတ်ခမ်းလေးကိုက်ကာ ခေါင်းငြိမ့်ပြလေသည်။
"ကိုကို့ ရင်သွေးလေး Fah ဆီမှာရှိနေပြီပေါ့"
"အင်း..."
"ရေးးးးးး!!
Wooo!!!"
Ray ထိုအခါမှလက်သီးလက်မောင်းတန်းထခုန်ကာ Fah ခန္ဓာကိုယ်လေးကိုပွေ့ချီဝှေ့ယမ်းပြစ်လိုက်သည်။
"ကိုကို ဖြေးဖြေး"
"ဟုတ်သားပဲ ကလေး.."
Fah နဖူးလေးကို Ray အကြာကြီးထိကပ်ကာနမ်းလိုက်သည်။
"ကျေးဇူးတင်ပါတယ်....
ကျေးဇူးတင်ပါတယ်..... Fah....
ကိုကို ကတိပေးတယ်....
Fah နဲ့ ကိုကို့ရဲ့ရင်သွေးလေးကို....
ကိုကို့အသက်ထက်ပိုတန်ဖိုးထားပြီး ချစ်သွားပါ့မယ်....."
"Fah လည်းကျေးဇူးတင်ပါတယ် ကိုကို"
Wine နှင့်မိုးတိမ်တို့အားလုံး လက်ဝါးချင်းရိုက်ကာပျော်နေကြသည်။ David ကတော့ တဝါးဝါးအော်ကာ ခုန်ပေါက်နေသည်။
ဂုဏ်ပြုစကားသံဆူညံနေသည့် dinner ပွဲတွင် ကမ္ဘာပျက်နေသူက Jasper....
"အားလုံးပြီးဆုံးသွားပြီ Jasper...
အခုဆိုရင် Ray မှာကာကွယ်စောင့်ရှောက်ရမယ့် မိသားစုရှိသွားပြီ...
မင်းလက်လျော့လိုက်တော့"
"ငါအခု လက်လျော့လိုက်ပြီ Win...
ဒါပေမယ့် တစ်သက်လုံးအတွက်မဟုတ်ဘူး
အချိန်တန်ရင် ငါပိုင်တဲ့သူကိုရအောင်ပြန်လာယူမှာ..."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Zawgyi
Ray သူအေမြရထားတဲ့ Welson အိမ္ေတာ္ႀကီးကို ျပန္လည္အသက္သြင္းရန္အလုပ္ရႈပ္ေနသည္။
Fah နဲ႕ သူ႕ရဲ႕မဂၤလာဦးအိမ္အျဖစ္ Welson အိမ္ေတာ္ကို Jump အားအပ္ကာ အတြင္းပိုင္းအျပင္ပိုင္းျပင္ဆင္မႈမ်ားျပဳလုပ္သည္။ အိမ္ေတာ္ပတ္ပတ္လည္ ဥယ်ာဥ္ကို ေဖေဖ ကိုယ္တိုင္ျပဳျပင္ေပးေလသည္။
သူ႕ရွိရာကို Jasper အၿမဲေရာက္လာတတ္ၿပီး ေသာင္းက်န္းေပမယ့္ သုံးဆျမႇင့္ထားေသာ bodyguard အင္အားေၾကာင့္ သူႏွင့္ Fah အနားကိုမကပ္နိုင္။
Preweddig ဓာတ္ပုံကို outdoor တြင္ရိုက္ရန္ ျပင္ဆင္ေနစဥ္ Ray ဖုန္းေလးတုန္ခါလာျပန္သည္။
ေခၚဆိုသူဘယ္သူလဲဆိုတာ Ray မၾကည့္ဘဲသိသည္။
"ကိုကို"
အဝတ္လဲၿပီး လာေခၚေသာ Fah ကို Ray ၿပဳံးျပကာ ဖုန္းကို silent လုပ္ၿပီး P' Tin လက္ထဲထည့္ေပးလိုက္သည္။
ပထမဆုံး ထိုင္းရိုးရာ ဝတ္စုံႏွင့္ဓာတ္ပုံရိုက္ကာ
ျမန္မာ ဝတ္စုံလဲၾကသည္။
ျမန္မာထိုင္မသိမ္း ႏွင့္ Fah ကတစ္မ်ိဳးေလးလွေနျပန္သည္။
ခ်စ္ရသူအနားမွာရွိေနခ်ိန္ မိန္းကေလးတစ္ေယာက္ရဲ႕ အၿပဳံးေတြဟာ အသက္ဝင္ဆုံးနဲ႕အလွပဆုံးဆိုတဲ့စကားကို Fah ကိုျမင္ခ်ိန္မွာ Ray နားလည္သြားခဲ့သည္။
အခုခ်ိန္မွာ Fah ရဲ႕ေပ်ာ္႐ႊင္မႈကသာ Ray ရဲ႕အဓိကျဖစ္ေနခဲ့သည္။
အေနာက္တိုင္းဝတ္စုံႏွင့္ ဓာတ္ပုံရိုက္ေတာ့ ျမင္းျဖဴေပၚမွာရိုက္ၾကသည္။
Fah သူ႕မ်က္ႏွာမွေခြၽးေတြကိုသုတ္ေပးေနစဥ္ Ray ရင္းႏွီးကြၽမ္းဝင္ေနေသာ အရိပ္တစ္ခုကိုမ်က္ဝန္းေထာင့္မွျမင္လိုက္သည္။
staff ေတြၾကားမွသူ႕ကိုရီေဝစြာၾကည့္ေနတဲ့ Jasper......
ဖရိုဖရဲဆံပင္ေတြႏွင့္ မရိတ္ထားေသာမုတ္ဆိတ္တို႔ေၾကာင့္ ညွဥ္းသိုးသိုးျဖစ္ေနသည့္ Jasper မ်က္ဝန္းေတြက သူ႕ကိုၾကည့္ေနရာမွ Fah ဆီေရာက္သြားၿပီး ေဒါသအေရာင္ေျပာင္းသြားသည္။
"staff ေတြထဲမွာ Jasper ရွိေနတယ္"
P' Tin အနားကိုကပ္ကာ ႏွစ္ေယာက္ၾကားနိုင္႐ုံအသံႏွင့္ Ray ေျပာလိုက္ေတာ့ bodyguard ေတြအားလုံးကို ရိုက္ကြင္းဧရိယာပတ္လည္သို႔ျဖန႔္က်က္လိုက္သည္။
"Fah ေန႕လည္စာသြားစားရေအာင္"
"အင္း"
Fah လက္ကိုကိုင္လိုက္ေသာ သူ႕ကို ၾကည့္သည့္ Jasper အၾကည့္ေၾကာင့္ Fah လက္ကို Ray ပိုတင္းၾကပ္စြာဆုပ္ကိုင္လိုက္သည္။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
မဂၤလာဝတ္စုံဆိုင္မွာ Fah စိတ္ႀကိဳက္ဝတ္ျပသမွ်အားလုံးကို Ray ထိုင္ၾကည့္ေနလိုက္သည္။ ပုံစံအမ်ိဳးမ်ိဳးဝတ္ျပၿပီး ဟာသလုပ္ေနသည့္ Fah ေၾကာင့္ Ray ပါးစပ္ပင္မစိနိုင္တဟားဟားေအာ္ရယ္ေနရသည္။
ဝန္ထမ္းေလးမ်ားႏွင့္ P' Tin တို႔အဖြဲ႕မွာလည္း သူတို႔ႏွစ္ေယာက္ကိုၾကည့္ကာ ရယ္ခ်င္သည္ကို ပါးစပ္ႀကီးအတင္းပိတ္ၿပီးခ်ဳပ္ထိန္းထားေသာေၾကာင့္ မ်က္ႏွာေတြပင္ရဲတက္ေနသည္။
"ရယ္လို႔ရပါတယ္ P'....
ခ်ဳပ္ထိန္းမထားနဲ႕...."
Ray ခြင့္ျပဳခ်က္ရမွ တခြီခြီရယ္ၾကေတာ့သည္။
ရယ္သံေတြနဲ႕ ကြၽန္ေတာ့္ ကမၻာကို ျပန္လည္အသက္သြင္းေပးသူက Fah....
ျမန္မာကသူ႕ရဲ႕ခ်စ္လွစြာေသာ သူငယ္ခ်င္းငါးေကာင္ကို Ray ေလဆိပ္သြားႀကိဳရာ Fah လည္းလိုက္လာေလသည္။
Luggage ကိုယ္စီႏွင့္ငါးေကာင္ကသူ႕အနားကို ေျပးလာကာဖက္ၾကသည္။
"Fah"
သူ႕ေဘးမွ Fah ကိုအေသအလဲဖက္ေနေသာ သူဇာႏြယ္ကို Ray အတင္းခြာထုတ္ရသည္။
"ေတာ္႐ုံပဲေကာင္းတယ္ ေလးေထာင့္"
"မိန္းကေလးခ်င္းဖက္တာကို ကပ္ေစးနဲေနတာ"
"တျခားမိန္းကေလးဆို ဘာမွမျဖစ္ဘူးေဟ့ ေလးေထာင့္နင္ျဖစ္ေနလို႔ဟ"
"ငဟန္မ...နင္ေနာ္..."
Fah နဲ႕မိတ္ဆက္ေပးၿပီး hotel သို႔ေခၚလာခဲ့သည္။
မိုးေလးႏွင့္အတူေနာက္မွေရာက္လာေသာ ဖြားက ေျမးေခြၽးမေလာင္းေလး Fah ကိုအေတာ္ခ်စ္ရွာသည္။
မဂၤလာပြဲကိုမနက္ပိုင္းတစ္ပြဲႏွင့္ ညပိုင္းတစ္ပြဲလုပ္မည္ျဖစ္ေသာေၾကာင့္ ဖိတ္စာႏွစ္မ်ိဳးလုပ္ရသည္။
Jasper Win ျပေသာ ဖိတ္စာႏွစ္ေစာင္ေၾကာင့္ ေဆာက္တည္ရာမရေအာ္ငိုမိသည္။
မနက္ပိုင္းပြဲရဲ႕ဖိတ္စာထဲမွ ထိုင္းရိုးရာဝတ္စုံႏွင့္ Fah ႏွင့္ Ray ပုံေလးပါၿပီး.....
ညပိုင္း dinner ဖိတ္စာမွာေတာ့ ျမင္းျဖဴေပၚမွ all white ႏွင့္ Fah ခါးကိုဖက္ကာအလွဆုံးၿပဳံးေနတဲ့ သူခ်စ္ရသူ......
"Win ငါေတာင္းပန္ပါတယ္ကြာ....
ငါ့ရဲ႕ babe ကိုငါ့ဆီျပန္ေခၚလာခဲ့ေပးပါ...."
"ေတာ္ေလာက္ၿပီ Jasper.....
မင္း Ray ကိုလက္ေလ်ာ့သင့္ၿပီ
Fah ကမင္းထက္ Ray ကိုပိုေပ်ာ္႐ႊင္ေစတယ္...
Fah ကမင္းထက္ Ray နဲ႕ပိုထိုက္တန္တယ္...."
"မင္းကပါ ဘာလို႔ငါ့ကိုအျပစ္တင္ေနတာလဲ
ငါ့ကိုဘာလို႔နားလည္မေပးၾကတာလဲ!!!"
"နားလည္ေပးတယ္ဆိုတာကလဲ အကန႔္အသက္ရွိတယ္....
Ray ကိုမႏွောက္ယွက္နဲ႕ေတာ့ Jasper..."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Hotel ေရကူးကန္မွာ Ray သူငယ္ခ်င္းမ်ားႏွင့္အတူ Fah ႏွင့္ Wine ပါရွိေနစဥ္ မိန္းကေလးတစ္ေယာက္ bodyguard မ်ားႏွင့္ ႐ုန္းရင္းဆန္ခက္ျဖစ္ေနသည္။
"ဘယ္သူလဲ P' Tin"
"Khun Lily ပါ
သခင္ေလးနဲ႕ အတင္းေတြ႕ခြင့္ေတာင္းေနပါတယ္"
"လႊတ္ေပးလိုက္ ကြၽန္ေတာ္သူနဲ႕ရွင္းစရာရွိတယ္"
"ဟုတ္ကဲ့"
bodyguard မ်ားဖယ္ေပးလိုက္သည္ႏွင့္ သူတို႔အနားကို Lily အေျပးအလႊားေရာက္လာသည္။
"Lily ဆိုတာသူလား လင္းခ"
မိုးတိမ္ အေမးကို Ray ေခါင္းၿငိမ့္ျပလိုက္သည္။
ပါးႏွစ္ဖက္မွာ လက္ဝါးရာအထင္းသားႏွင့္ Lily ကသူ႕ေရွ႕ေရာက္ေရာက္ခ်င္း ဒူးေထာက္လိုက္ေလသည္။
"P' ေတာင္းပန္ပါတယ္...
Lily ေတာင္းပန္ပါတယ္....
Company share ေတြျပန္ထည့္ေပးပါ P'
P' မေက်နပ္ရင္ Lily ကိုရိုက္လိုက္ပါ....."
လက္အုပ္ခ်ီၿပီး လက္ဝါးခ်င္းပြတ္ကာ ငိုယိုေတာင္းပန္ေနသည့္ Lily ကသူ႕မ်က္လုံးထဲမွာေတာ့ သနားစရာလုံးဝမေကာင္းေပ။
"Fah ငါေတာင္းပန္ပါတယ္
P' ကိုကူေျပာေပးပါ.....
P' share ေတြျပန္ထည့္မေပးရင္...
Lily အေဖက Lily ကိုအေမြျပတ္စြန႔္လႊတ္ေတာ့မွာ...."
"Sorry Lily....
Fah မကူညီနိုင္ဘူး...."
Fah ကမ်က္ႏွာကိုတစ္ဖက္လႊဲလိုက္ရာ Lily က Ray လက္ကိုအားကိုးတႀကီးလာကိုင္ေလသည္။
"P' Lily ကိုခြင့္လႊတ္ေပးပါ"
ေအးစက္စက္မ်က္ဝန္းေတြႏွင့္ Ray က Lily လက္ကိုဖယ္ခ်ျပစ္လိုက္သည္။
မိုးတိမ္တို႔ႏွင့္ Wine ကေတာ့ ေရကူးကန္ထဲခုန္ဆင္းကာ အေဆာ့မျပတ္...
"ခြင့္လႊတ္မႈဆိုတာ မင္းလိုလူအတြက္မရွိဘူး Lily....
ဘယ္လိုလဲ.....
ငါေပးတဲ့ျပစ္ဒဏ္က ခ်ိဳၿမိန္ရဲ႕လား..."
"......"
"P' Tin သူ႕ကိုဒီေနရာကေနေခၚထုတ္သြားေတာ့....
ေနာက္ဘယ္ေတာ့မွ ကြၽန္ေတာ့္အနားကိုေရာက္မလာေစနဲ႕!"
"P'!!!!"
bodyguard မ်ားဆြဲေခၚရာေနာက္ကို ပါသြားသည့္ Lily ကသူ႕ကိုေအာ္ေခၚေနေပမယ့္ Ray လွည့္ေတာင္မၾကည့္ဘဲ ေရကူးကန္ထဲဆင္းခဲ့ေတာ့သည္။
ငါ့ကိုလာထိရင္ ေသတာထက္ဆိုးတဲ့နာက်င္မႈမ်ိဳးနဲ႕အဆုံးသတ္ေစရမယ္ Lily....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Hotel တြင္ထိုင္းရိုးရာအတိုင္းက်င္းပသည့္ မနက္ပိုင္းမဂၤလာပြဲသို႔ Ray ၏စီးပြားေရးပါတနာမ်ားတက္ေရာက္ၾကသည္။ ထိုအထဲတြင္ Jasper ၏အေဖ Mr.Cinn ႏွင့္ Jump ၏အေမႏွင့္အေဖလည္းပါဝင္ေလသည္။
ေရစင္သြန္းေတာ့ Mr. Cinn ကသူနဲ႕ Fah ကိုဆုေပးေလသည္။
"အသက္ထက္ဆုံးေပါင္းဖက္ရပါေစ"
ငါးႏွစ္တာဝတ္ခဲ့သည့္ ဆင္တူလက္စြပ္မွာ ခြၽတ္ခဲ့တာတစ္လေက်ာ္သာရွိေသးေသာေၾကာင့္ လက္စြပ္ရာေလးက ဘယ္ဘက္လက္သူႂကြယ္မွာထင္က်န္ေနဆဲ။
တစ္ခ်ိန္ကဝတ္ခဲ့သည့္ ဆင္တူလက္စြပ္ေနရာမွာ လက္ထပ္လက္စြပ္ေလးကေနရာယူသြားခဲ့ၿပီျဖစ္သည္။
မနက္ပိုင္းမဂၤလာပြဲၿပီးသည္ႏွင့္ Welson အိမ္ေတာ္သို႔ Ray ႏွင့္ Fah ျပန္လာခဲ့သည္။
ေရခ်ိဳးၿပီးခဏနားကာ အိမ္ေတာ္မွာျပဳလုပ္မည့္ dinner အတြက္ျပင္ဆင္ၾကသည္။
"Fah ပင္ပန္းေနၿပီလား"
"ဟင့္အင္း မပင္ပန္းပါဘူး...
Fah ေပ်ာ္တယ္"
"အဟမ္း....အေစာႀကီးပဲ ရွိေသးတယ္ေနာ္ ငဟန္..
Fah အနားပဲကပ္မေနနဲ႕"
ေစာေစာစီးစီးေရာက္လာၿပီး စေနေသာ ငါးေကာင္ေၾကာင့္ Fah မ်က္ႏွာေလးနီရဲေနသည္။
Wine ကလည္း Fah အနားကပ္ကာ တိုးတိုးတိုးတိုးႏွင့္ သူ႕ကိုတစ္ခုခု ဖုံးကြယ္ထားပုံပင္။
မၾကာခင္ဧည့္သည္ေတြေရာက္လာေတာ့ Ray ႏွင့္ Fah လက္ခ်င္းတြဲကာ လိုက္ႏႈတ္ဆက္္ရေလသည္။
တကၠသိုလ္မွ ေက်ာင္းေနဖက္ senior junior မ်ား Fah ၏အႏုပညာေလာကမွသူငယ္ခ်င္းမ်ား ႏွင့္ Ray ႏွင့္ရင္းႏွီးေသာ စီးပြားေရးလုပ္ငန္းရွင္လူငယ္မ်ားသာဖိတ္ၾကားထားေသာေၾကာင့္ သူတို႔၏ dinner မွာ လူငယ္ဆန္ဆန္လြတ္လြတ္လပ္လပ္ပင္။
David ကသူ႕ club မွ အမိုက္စား dj သမားကိုပါေခၚလာေသာေၾကာင့္ အားလုံး dj သံႏွင့္ယိမ္းထိုးေနၾကသည္။
ထိုအခ်ိန္တြင္ Ray မဖိတ္ေခၚခဲ့ေသာ ဧည့္သည္က Win ႏွင့္အတူပါလာေလသည္။
လႈပ္လႈပ္ရွားရွားျဖစ္သြားေသာ P' Tin တို႔ကို Ray လက္ျပကာ ၿငိမ္သက္ေစသည္။
"Congratulation babe"
babe ဆိုေသာအေခၚအေဝၚကို Fah အားသေရာ္သလိုၾကည့္ကာ Jasper ေျပာလိုက္သည္။
"Thank..."
Ray ေအးစက္စက္ ေက်းဇူးတင္စကားေျပာလိုက္ကာ သူ႕လက္ကိုပို၍တင္းက်ပ္စြာဖက္တြယ္လာသည့္ Fah ကို ၿပဳံးျပလိုက္ၿပီး မိုးတိမ္တို႔ရွိရာသို႔ထြက္လာလိုက္သည္။
"Jasper မင္းေျပာေတာ့ ျပႆနာမရွာဘူးဆို"
"ငါဘယ္မွာျပႆနာရွာလို႔လဲ Win"
Ray ကိုေနာက္ဆုံးအေနနဲ႕ ေတြ႕ခ်င္သည္ဟု Jasper ေတာင္းဆိုေသာေၾကာင့္ Win ေခၚလာခဲ့ျခင္းျဖစ္သည္။
Jasper သူ႕ကိုၾကည့္ေနေသာ မိုးတိမ္တို႔ရွိရာသို႔ ရွိန္ပိန္တစ္ခြက္ကိုကိုင္ၿပီး ေလွ်ာက္လာခဲ့သည္။
"Hey guys "
သူႏႈတ္ဆက္သံကိုအေရးမလုပ္ဘဲ ထိုေနရာမွထြက္သြားၾကေသာေၾကာင့္ Jasper အံကိုႀကိတ္လိုက္မိသည္။
"ဒီေကာင္ dinner ကိုလာရဲတာ...
ေတာ္ေတာ္ $ ခြက္ေျပာင္တာပဲ"
"သူ႕ကိုဂ႐ုစိုက္မေနနဲ႕...."
Win ႏွင့္ Jump ရွိရာသို႔ Jasper ျပန္ေလွ်ာက္သြားလိုက္သည္။
"ဘယ္လိုလဲ Jump..
အဆင္ေျပရဲ႕လား"
"ဘာကိုအဆင္မေျပရမွာလဲ Jasper....
ငါကမင္းလိုမဟုတ္ဘူး....
ငါ Han ကိုခ်စ္တဲ့အခ်စ္က မင္းလိုအတၱေတြနဲ႕မပူေလာင္ဘူး...
Han ေပ်ာ္ရင္ ငါေပ်ာ္တယ္..."
"ေပးဆပ္သူႀကီးေပါ့..."
Jasper ရဲ႕ခနဲ႕စကားကို Jump ကၿပဳံးကာပခုံးတြန႔္ျပေလသည္။
Jasper ဒီပြဲကိုတက္ရတဲ့အဓိက ရည္႐ြယ္ခ်က္က Ray ကိုကားတင္ေျပးဖို႔....
Toilet သြားေသာ Ray အေနာက္သို႔ Jasper မသိမသာလိုက္လာခဲ့သည္။ မဂၤလာဦးကုတင္ေပၚတြင္ထိုင္ရင္း သန႔္စင္ခန္းထဲမွထြက္လာမည့္ Ray ကို Jasper ေစာင့္ေနလိုက္သည္။
လက္ထဲတြင္လည္းအသင့္ယူလာသည့္ ေမ့ေဆးသုတ္ထားသည့္လက္ကိုင္ပုဝါ.....
"babe..."
သန႔္စင္ခန္းကထြက္လာေတာ့ ကုတင္ေပၚတြင္အခန႔္သားလွဲေလ်ာင္းေနသည့္ Jasper ေၾကာင့္ Ray စိတ္ရႈပ္စြာ မ်က္ေမွာင္က်ဳံ႕လိုက္သည္။
"မင္းဒီမွာဘာလုပ္ေနတာလဲ Jasper...
အခုခ်က္ခ်င္း ထြက္သြား..."
"babe မ်က္ေမွာင္ႀကီး က်ဳံ႕မထားမပါနဲ႕....
babe နဲ႕မလိုက္ဖက္ဘူး..."
"ငါမင္းနဲ႕ အရည္မရအဖက္မရ စကားေတြေျပာဖို႔မအားဘူး...."
အခန္းအျပင္သို႔္ ဦးတည္သြားေနေသာ Ray ကိုအေနာက္မွလက္ကိုင္ပုဝါႏွင့္ႏွာေခါင္းကိုအုပ္ရန္လုပ္လိုက္ေသာ Jasper့ လက္ကို Ray တြန္းဖယ္လိုက္ၿပီး ေနာက္လွည့္ကာ Jasper မ်က္ႏွာကိုအားကုန္ထိုးခ်လိဳက္သည္။
"မင္းအႀကံဒါအကုန္ပဲလား Jasper!"
"babe ကိုယ့္ကိုထိုးတာ ဒါဒုတိယအႀကိမ္ပဲ...
ကိုယ့္ရင္ထဲကအရမ္းနာတယ္ babe..."
"ေတာက္!!!!!"
Ray ထိုအခန္းထဲမွသာ အျမန္ထြက္လာခဲ့ေတာ့သည္။
ကုန္ဆုံးသြားခဲ့ၿပီထင္ခဲ့ေသာ မ်က္ရည္တို႔က ဝဲတက္လာျပန္ရာ Ray ကိုယ့္ကိုကိုယ္ စိတ္ပ်က္မိသည္။
Wine ႏွင့္အတူရပ္ေနေသာ Fah ကိုခါးမွဆြဲဖက္ၿပီး Fah ႏႈတ္ခမ္းလႊာတို႔ကို Ray ျပင္းျပစြာနမ္းရွိုက္လိုက္သည္။
မင္းနမ္းေနတဲ့မိန္းကေလးက မင္းရဲ႕ဇနီး....
ကိုယ့္ကိုကိုယ္ Ray သတိေပးလိုက္သည္။
"Wow!!!!!"
သူ႕လုပ္ရပ္ေၾကာင့္ အားလုံးဝိုင္းလက္ခုပ္တီးၾကၿပီး Fah ကို Ray လႊတ္ေပးလိုက္သည္။
"အားလုံးပဲ Ray နဲ႕ Fah အတြက္ခြက္ေတြျမႇောက္လိုက္ရေအာင္"
မိုက္ႏွင့္ေဆာ္ဩလိုက္ေသာ Wine ေၾကာင့္ အားလုံးခြက္ေတြေလထဲျမႇောက္ကာ ဂုဏ္ျပဳၾကေလသည္။
"Fah ကသူမရဲ႕ခင္ပြန္းအတြက္ လက္ေဆာင္ေပးစရာရွိပါတယ္တဲ့"
Ray, Fah ကိုၾကည့္လိုက္ရာ သူမကသြားတန္းေလးေပၚေအာင္ၿပဳံးျပေလသည္။
Fah ကလက္ကိုအေနာက္ပစ္ကာ တစ္ခုခုဖြက္ထားေလသည္။
"ကိုကို......ဒါကိုကို႔အတြက္လက္ေဆာင္"
Fah ေပးေသာ လက္ေဆာင္ဘူးေလးကို Ray ဖြင့္ေနစဥ္အားလုံးတိတ္ဆိတ္ေနၾကသည္။
အနီႏွစ္ရစ္ျပေနတဲ့ ကိုယ္ဝန္စစ္ကိရိယာေလး...
"Wow!!!"
"Omg!!!"
"Congratulation!!!"
အံ့ဩတႀကီးလက္ခုပ္တီးသူကတီး ေအာ္သူကေအာ္ႏွင့္ဆူညံသြားေပမယ့္ Ray ကေတာ့ သူလက္ထဲကကိရိယာေလးကိုၾကည့္ကာ ေၾကာင္ေတာင္ေတာင္ျဖစ္ေနသည္။
"တကယ္....
တကယ္ႀကီးလား Fah"
Fah ကႏႈတ္ခမ္းေလးကိုက္ကာ ေခါင္းၿငိမ့္ျပေလသည္။
"ကိုကို႔ ရင္ေသြးေလး Fah ဆီမွာရွိေနၿပီေပါ့"
"အင္း..."
"ေရးးးးးး!!
Wooo!!!"
Ray ထိုအခါမွလက္သီးလက္ေမာင္းတန္းထခုန္ကာ Fah ခႏၶာကိုယ္ေလးကိုေပြ႕ခ်ီေဝွ႕ယမ္းျပစ္လိုက္သည္။
"ကိုကို ေျဖးေျဖး"
"ဟုတ္သားပဲ ကေလး.."
Fah နဖူးေလးကို Ray အၾကာႀကီးထိကပ္ကာနမ္းလိုက္သည္။
"ေက်းဇူးတင္ပါတယ္....
ေက်းဇူးတင္ပါတယ္..... Fah....
ကိုကို ကတိေပးတယ္....
Fah နဲ႕ ကိုကို႔ရဲ႕ရင္ေသြးေလးကို....
ကိုကို႔အသက္ထက္ပိုတန္ဖိုးထားၿပီး ခ်စ္သြားပါ့မယ္....."
"Fah လည္းေက်းဇူးတင္ပါတယ္ ကိုကို"
Wine ႏွင့္မိုးတိမ္တို႔အားလုံး လက္ဝါးခ်င္းရိုက္ကာေပ်ာ္ေနၾကသည္။ David ကေတာ့ တဝါးဝါးေအာ္ကာ ခုန္ေပါက္ေနသည္။
ဂုဏ္ျပဳစကားသံဆူညံေနသည့္ dinner ပြဲတြင္ ကမၻာပ်က္ေနသူက Jasper....
"အားလုံးၿပီးဆုံးသြားၿပီ Jasper...
အခုဆိုရင္ Ray မွာကာကြယ္ေစာင့္ေရွာက္ရမယ့္ မိသားစုရွိသြားၿပီ...
မင္းလက္ေလ်ာ့လိုက္ေတာ့"
"ငါအခု လက္ေလ်ာ့လိုက္ၿပီ Win...
ဒါေပမယ့္ တစ္သက္လုံးအတြက္မဟုတ္ဘူး
အခ်ိန္တန္ရင္ ငါပိုင္တဲ့သူကိုရေအာင္ျပန္လာယူမွာ..."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Bạn đang đọc truyện trên: Truyen247.Pro