Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-4 (begin again)

Unicode

"ကျေးဇူးပြုပြီး ထိုင်ခုံ ခါးပါတ်လေး ပတ်ထားပေးပါရှင်"

လေယာဉ်ဆင်းသက်တော့မှာဖြစ်သောကြောင့် ထိုင်ခုံခါးပတ်ပတ်ရန် လေယာဉ်မယ်လေးလာပြောမှ သူ laptop ကိုပိတ်လိုက်ပြီး အိတ်ထဲထည့်လိုက်လေသည်။

ဖုန်းကို SIM Card လဲလိုက်ပြီး အပေါ်စီးမှမြင်နေရသော Bangkok မြို့၏အလှကိုမျက်စိကစားလိုက်သည်။

သူBangkokကို မေမေရှိစဉ်ကတည်းကမိသားစုနှင့်အတူ မကြာခဏလာလည်ပတ်လေ့ရှိသည်။
အခုတော့ သူတစ်ယောက်တည်း စိတ်သစ် လူသစ်နှင့် ဘဝအသစ်တစ်ခုကိုတည်ဆောက်ရန် လာခဲ့ခြင်းဖြစ်သည်။

ဟန်လင်းခဆေးရုံမှဆင်းပြီးကတည်းက Bangkok တွင်ကျောင်းတက်ရန် စီစဉ်ခဲ့သည်။

Bangkokတွင် မေမေ့၏မောင် သူ့ဦးလေးဖြစ်သူရှိပြီး ဖေဖေ့၏ သူငယ်ချင်း Mr. Mark Ranida လည်းရှိသောကြောင့်ဖေဖေ ကိုယ်တိုင်ခွင့်ပြုခဲ့သည်။

မေမေနှလုံးရောဂါနှင့်မဆုံးခင်က သူ့နာမည်နှင့် ပိုင်ဆိုင်မှုအားလုံးကိုလွှဲပေးခဲ့သည်။
မေမေကွယ်လွန်သွားတော့ သူ့အသက် 10နှစ်သာရှိသေးသောကြောင့်ဖေဖေကပဲ လုပ်ငန်းတွေကိုဦးစီးပေးခဲ့သည်။

အမွေတွေအများကြီးရှိပေမယ့် သူသာမန်ကောင်လေးတစ်ယောက်လိုပဲနေထိုင်ခဲ့သည်။ သူ့ပိုင်ဆိုင်မှုတွေကိုလည်း မိသားစုနှင့် သူငယ်ချင်းများသာသိကြသည်။

သူအသက် 18 ပြည့်မှ အမွေတွေကိုလွှဲယူပြီး ချစ်သူနှင်းတော်ဝင်ကိုပိုင်ဆိုင်မှုများအကြောင်းအသိပေးကာ တရားဝင်စေ့စပ်ပွဲလုပ်မည်ဟု စိတ်ကူးခဲ့မိသည်။

ယခုသူအသက် 18 ပြည့်ပြီး အမွေများလည်းရခဲ့ပြီဖြစ်သည်။

ဟန်လင်းခ၏ဖခင်မှာ မြန်မာလူမျိုးဖြစ်ပြီး မိခင်မှာ ထိုင်း-အင်္ဂလိပ် ကပြားတစ်ယောက်ဖြစ်သည်။ Bangkok မှာကျောင်းတက်ရင်းတွေ့ခဲ့ကြပြီး လက်ထပ်ကာမြန်မာပြည်တွင်ပင် အခြေချနေထိုင်ခဲ့ကြသည်။

ဟန်လင်းခ၏ International Name မှာ Ray Han Welson ဖြစ်ပြီး မိခင်၏ မျိုးရိုးနာမည် Welson ကိုပါထည့်သွင်းထားသည်။
စီးပွားရေးလောကတွင်သူ့ကို Mr. Welson ၏မြေးဟုသာသိကြပြီး တစ်ခါမှမမြင်ဖူးကြချေ။

Bangkok Airport သို့ဆိုက်ရောက်သောအခါ သူ ခရီးဆောင်အိတ်ပေါ်သို့ လက်ဆွဲအိတ်လေးတင်ပြီး လျှောက်လာရင်း Mr. Ray Han Welson Welcome From Bangkok ဆိုသော board ကိုကိုင်ထားကာစောင့်ကြိုနေသောလူတစ်စုကို တွေ့လိုက်ရသည်။ သူ့ကိုမြင်သည်နှင့် အနားရောက်လာကြလေသည်။

"Sawadee kurp သခင်လေး"
"Sawadee"
"သခင်ကြီးမှာတဲ့အတိုင်း အားလုံးစီစဉ်ပေးထားပါတယ်"
"ကျေးဇူးပါ Hotel ကိုအရင်သွားချင်တယ်"
"ဟုတ်ကဲ့ပါသခင်လေး"

လေဆိပ်အပြင်သို့ထွက်လာစဉ် ပတ်ဝန်းကျင်ကိုပင်မေ့လျော့ကာKissing ဆွဲနေကြသောအတွဲတစ်တွဲကြောင့် သူမျက်ခုံးပင့်သွားပြီး တစ်ချက်ပြုံးလိုက်မိသည်။

"ကားတွေကြပ်နေလို့ parking ထုတ်တာနည်းနည်းကြာမယ်ထင်တယ် သခင်လေး"
"ရပါတယ် ဖြည်းဖြည်းပေါ့"
"Ranida အိမ်တော်ကိုသခင်လေးရောက်ကြောင်း အကြောင်းကြားလိုက်ပါမယ်"
"ရတယ် ကျွန်တော်ကိုယ်တိုင်ဘဲ ဖုန်းဆက်ပြီးပြောလိုက်မယ်..အ..."

တာဝန်ခံနှင့်စကားပြောနေစဉ်အနောက်မှအရှိန်ဖြင့် ဝင်တိုက်ခံရသောကြောင့်အရှေ့သို့ပြုတ်ကျမလိုဖြစ်သွားစဉ် သူ့ခါးကိုလက်တစ်စုံကအနောက်မှဖက်လိုက်လေသည်။ သစ်သီးရနံ့သင်းသော ရင်ခွင်ကျယ်တစ်ခုနှင့် သူကျောပြင်လေးထိကပ်သွားသည်။ သူ့ခါးမှလက်တွေကိုဖယ်လိုက်ပြီး အနောက်သို့လှည့်ကြည့်လိုက်တော့..

ဪ ခုနက kissing ဆွဲနေတဲ့သူပဲ....

သူစိတ်ထဲကသာပြောလိုက်ခြင်းဖြစ်သည်။

"Sorr...Sorry"

သူ့မျက်နှာကိုစိုက်ကြည့်နေပြီးတောင်းပန်စကားဆိုလာသူကို သူခေါင်းငြိမ့်ပြလိုက်လေသည်။

"It's ok "
"သခင်လေးအဆင်ပြေရဲ့လား"
"ကျွန်တော်အဆင်ပြေပါတယ်"
"ကားရောက်ပါပြီ သခင်လေး"

သူကားထဲဝင်ထိုင်လိုက်တော့ ခုနကလူမရှိတော့

"မန်နေဂျာတွေအားလုံးကို အစည်းအဝေးခေါ်လိုက်ပါ ကျွန်တော်အနှစ်ချုပ်စာရင်းတွေကြည့်ချင်တယ်"
"ဟုတ်ကဲ့ပါသခင်လေး"

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

အစည်းအဝေးပြီးတော့ဖေဖေ့ဆီမှဖုန်းဝင်လာလေသည်။

"Hello သား Han အစစအရာရာအဆင်ပြေရဲ့လား ရောက်ရောက်ချင်းအလုပ်တွေအရမ်းမလုပ်နဲ့နော် ညစာရောစားပြီးပြီလား"
"သားအဆင်ပြေပါတယ် ဖေဖေ ညစာကတော့ အခု Hotel မှာပဲစားမလို့"
"အေးပါကွာ Wine လေးဆီရောသွားပြီးပြီလား"
"မသွားရသေးဘူးဖေဖေ နောက်နေ့မှသွားလိုက်တော့မယ် ညီမလေးရော ဘာလုပ်နေလဲ"
"မိုးလေးကစာကျက်နေတယ် သားလည်းပင်ပန်းနေမှာပေါ့နားလိုက်တော့နော် တာဝန်ခံကို ကားနဲ့တိုက်ခန်းစီစဉ်ခိုင်းထားတယ်"
"ဟုတ်ကဲ့ဖေဖေ"

သူညစာစားပြီးတော့ တာဝန်ခံက ကားkeyနဲ့တိုက်ခန်းလိပ်စာလာပေးလေသည်။

"ဒါကတိုက်ခန်း Password ပါသခင်လေး ကားက parking မှာပါ ကျွန်တော်လိုက်ပို့ပေးပါ့မယ်"
"ရတယ် ကျွန်တော့်ဘာသာဘဲသွားလိုက်မယ်"
"ဟုတ်ကဲ့ လိုတာရှိရင်ကျွန်တော့်ကိုပြောပါ
Condo ပထမထပ်က Gym နဲ့ boxing ခန်းမမှာလည်းအဖွဲ့ဝင်အဖြစ်စာရင်းသွင်းပေးထားပါတယ် သခင်လေး"
"ကျေးဇူးပါ"

Car Parking ရောက်တာနဲ့ သူCar keyလေးကိုနှိပ်လိုက်တော့ မီးလင်းကာအချက်ပြတဲ့ BMW i8 အဖြူရောင်လေး

ကားGPSမှာCondoလိပ်စာရိုက်လိုက်ပြီး ပြတဲ့ direction အတိုင်းမောင်းလာခဲ့လိုက်သည်။

Condoမြေအောက်ထပ်တွင် ကားကိုParking ထိုးလိုက်ပြီး lift နှင့်ခြောက်လွှာသို့တက်လာခဲ့သည်။ အခန်းနံပါတ် 36F ရှေ့ရောက်တော့ တံခါး password ဖွင့်လိုက်ပြီး အခန်းထဲဝင်လိုက်ကာ ခရီးဆောင်အိတ်ကိုနေရာချလိုက်သည်။ အိပ်ရာပေါ်လှဲလိုက်သည်နှင့် ပင်ပန်းမှုကြောင့် အိပ်ပျော်သွားခဲ့သည်။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

"နင့်လို Gay ကောင်ကိုရွံ့တယ်"
"ငါ Gay မဟုတ်ဘူး!"
"ဘာလို့ အသက်ရှင်နေသေးတာလဲ သက်သေတယ်ဆိုရင်လည်းတစ်ခါတည်းနိုးမလာအောင်လုပ်ရတယ် Gay ကောင်ရဲ့"
"ငါ Gay မဟုတ်ဘူးလို့ပြောနေတယ်နော်နှင်းတော်ဝင်!!"
"ဝန်ခံလိုက်စမ်းပါ နင်ကGayဆိုတာကို"

ပြောရင်းနှင့်နှင်းတော်ဝင်အရှေ့တိုးလာလေသည်။ နှင်းတော်ဝင်တစ်လှမ်းတိုးရင် ဟန်လင်းခနောက်တစ်လှမ်းဆုတ်လေသည်။ တဖြည်းဖြည်းနှင့် ချောက်ကမ်းပါးအစွန်းလေးသို့ရောက်သောအခါ ဟန်လင်းခ နောက်ဆက်ဆုတ်လို့မရတော့ပေ။ နှင်းတော်ဝင်ကတော့ရှေ့ကိုတိုးလာစဲ။

"နှင်းတော်ဝင် မင်းဘာလုပ်မလို့လဲ"
"နင့်ကိုသတ်ပေးမလို့လေ သတ်သေတာကိုမသေမှတော့ငါကကူညီမှာပေါ့"
"နှင်းတော်ဝင် မင်းရပ်လိုက်တော့နော်!"
"ဘာလဲ ကြောက်နေပြီလား အခြောက်မရဲ့"
"ငါအခြောက်မဟုတ်ဘူး!!"

ဟန်လင်းခအော်လိုက်ချိန်မှာပဲ နှင်းတော်ဝင်သူ့ရင်ဘက်ကိုဆောင့်တွန်းလိုက်လေသည်။

"အားးးးးးး!!!"

ဟန်လင်းခခြောက်နက်ကြီးထဲသို့ကျသွားသောအခါနှင်းတော်ဝင်အော်ဟစ်ရယ်မောနေလေသည်။

"ဟ..........."

အိမ်မက်ကသူလန့်နိုးလာပြီး မောဟိုက်နေသောရင်ဘက်ကိုဖိကာ အသက်ဝအောငိရှူလိုက်သည်။

📲🎶 phone ring........

မြည်လာသောဖုန်းလေးကိုကြည့်လိုက်တော့ ဖုန်းscreenတွင်ပေါ်နေသည်က Wine ပုံလေး။

"Hello Wine"
"ကိုကို Bangkok ကိုရောက်တာတောင် Wine ကိုဖုန်းမဆက်ဘူး"
"ကိုကိုပင်ပန်းနေလို့ပါကွာ"
"အိမ်ကိုလာခဲ့လေ Pa နဲ့ Ma ကကိုကို့ကိုစောင့်နေတာ"
"အခုမှအစောကြီးပဲရှိသေးတယ်လေ ညနေမှလာခဲ့မယ်နော်"
"အခုလာတော့ဘာဖြစ်မှာမို့လို့လဲ"
"ကိုကိုကျောင်းတက်ဖို့ ဝယ်စရာလေးတွေရှိသေးတယ်လေ"
"အင်းပါ ညနေကျရင်လာခဲ့နော် ညစာကိုအိမ်မှာပဲစား"
"Ok bye bye"

Wineက ဖေဖေ့သူငယ်ချင်း Mr. Mark Ranida ရဲ့သမီးပါ။ တစ်ဦးတည်းသောသမီးဖြစ်တဲ့အတွက် သူ့အပေါ်မှာသိပ်ကိုခင်တွယ်သည်။

မြန်မာစကားကိုလည်းWineကောင်းကောင်းပြောတတ်သည်။ Ray ကလည်းညီမလေးတစ်ယောက်လို Wine ကိုသိပ်ချစ်သည်။ အသက်ကတော့ Wine က Rayထက်တစ်လလောက်သာငယ်သည်။

"ဟူး......."

လေပူတွေကိုတစ်ချက်မှုတ်ထုတ်လိုက်ပြီး လူလန်းသွားအောင် ရေချိုးလိုက်ကာT-shirt အနက်နှင့် Jean ဘောင်းဘီအနက်ကိုအပေါ်ကနေမီးခိုးရောင် shirt လက်ရှည်တစ်ထည်နှင့်တွဲဖက်ဝတ်လိုက်သည်။ မှန်ထဲကကိုယ့်ကိုကိုယ်တစ်ချက်ကြည့်လိုက်ပြီး ပြုံးပြကာပြောလိုက်သည်။

"အားလုံးအဆင်ပြေသွားမှာပါ"

ကားသော့ ဖုန်းနှင့် wallet ကိုယူကာ parking သို့ဆင်းလာခဲ့သည်။
parkingတွင် BMW i8 အဖြူကနှစ်စီးဖြစ်နေသောကြောင့် Ray ကြောင်သွားလေသည်။

"What the **** !!"

အနောက်မှအော်သံကြောင့် Ray လှည့်ကြည့်လိုက်တော့ မနေ့ကလေဆိပ် Kisser ကြီးကိုတွေ့လိုက်ရသည်။

"ခင်ဗျားကို"
"Hi ထပ်တွေ့ပြန်ပြီ"
"အင်း"

Ray အင်းတစ်လုံးတည်းပြောကာ ကားသော့ကိုနှိပ်လိုက်ပြီး အချက်ပြသော BMW ပေါ်သို့တက်လိုက်သည်။ Ray ကားကိုမောင်းထွက်မည်ပြုလိုက်စဉ်

"Hey တစ်ခုလောက်ကူညီပါလား"
"ဘာကူညီရမှာလဲ"
"ကားဘီးပေါက်နေလို့ အဲ့တာတစ်နေရာကိုလိုက်ပို့ပေးပါလား please"
"ဘယ်ကိုလဲ"
"Siam center "
"ကျွန်တော်လည်းအဲ့ကိုသွားမှာပဲ လိုက်ခဲ့လေ"

သူကားပေါ်တက်လာပြီး Ray ကိုပြုံးပြလေသည်။

"ငါ့နာမည် Jasper Delan"
"အင်း Ray Han ပါ"
".........."
"........."

ကားထဲတွင်အတန်ကြာအောင်တိတ်ဆိတ်သွားပြီး Jasper ကတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်လေသည်။

"မနက်စာအတူစားမလား "

Jasper မနက်စာကိုတစ်ယောက်တည်းမစားချင်သောကြောင့် Ray ကိုမေးလိုက်သည်။

"အင်း တစ်ယောက်တည်းမစားချင်တာနဲ့အတော်ဘဲ"

Jasper Ray၏အဖြေကြောင့်ကျေနပ်စွာပြုံးလိုက်ပြီး Ray ကိုသေချာစိုက်ကြည့်ကာပြောလိုက်သည်။

"ချစ်စရာကောင်းလိုက်တာ"

************************************

(ဒီ OC လေးကကျွန်တော်ရဲ့ပထမဆုံး story လေးပါ
ကျေးဇူးပြုပြီး အရေးအသားလေးတွေကိုဝေဖန်ပေးပါဦးလို့တောင်းဆိုပါရစေ)

Main character နှစ်ဦးဆုံသွားပါပြီ။
ဇာတ်လမ်းကအစပိုင်းမို့နည်းနည်းပြင်းဖို့ကောင်းနေတယ်မလား😁

******************************

Zawgyi














"Sawadee kurp သခင်လေး"
"Sawadee"
"ဟုတ်ကဲ့ပါသခင်လေး"






"Sorr...Sorry"


"It's ok "


"ဟုတ်ကဲ့ပါသခင်လေး"

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹


"ဟုတ်ကဲ့ဖေဖေ"


"ကျေးဇူးပါ"




🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

"ငါ Gay မဟုတ်ဘူး!"


"ငါအခြောက်မဟုတ်ဘူး!!"


"အားးးးးးး!!!"


"ဟ..........."


📲🎶 phone ring........


"Hello Wine"
"Ok bye bye"



"ဟူး......."




"What the **** !!"


"ခင်ဗျားကို"
"Hi ထပ်တွေ့ပြန်ပြီ"
"အင်း"


"ဘာကူညီရမှာလဲ"
"ဘယ်ကိုလဲ"
"Siam center "


"ငါ့နာမည် Jasper Delan"
"အင်း Ray Han ပါ"
".........."
".........."


"မနက်စာအတူစားမလား "





************************************



Bạn đang đọc truyện trên: Truyen247.Pro