Part-39 ( my place)
Unicode
"P Tin, Paradise Bar ရဲ့မနေ့ညက cctv မှတ်တမ်းတွေနဲ့ ကျွန်တော့်ကို service ပေးခဲ့တဲ့ waiter ကိုစစ်ဆေးပေးပါ....."
"ဘာဖြစ်လို့လဲ သခင်လေး"
"ကျွန်တော်မနေ့ညက ဆေးခပ်ခံရတယ်...
တရားခံဘယ်သူလဲဆိုတာကိုသိချင်တယ်"
"ဟုတ်ကဲ့ပါ သခင်လေး"
P' Tin နှင့်ဖုန်းပြောပြီး Fah ကိုအိမ်ပြန်လိုက်ပို့ရန် နှစ်ယောက်သားအခန်းထဲမှထွက်လာပြီး hotel reception မှအဖြတ်....
"babe!!!"
ဒေါသပါနေသည့် Jasperရဲ့ အသံစူးစူးကသူ့နားထဲဝင်လာရာ Ray မျက်နှာတွင် စိတ်ပျက်ခြင်းအရိပ်အယောင်များစိုးမိုးလာပြီး စုတ်တစ်ချက်သပ်လိုက်သည်။
"tsk!"
"babe ဘာလို့သူနဲ့အတူထွက်လာတာလဲ!!"
"......"
Jasper၏ အမေးကိုပြန်မဖြေဘဲ Ray စိတ်ပျက်စွာ ဆံပင်တွေကိုထိုးဖွလိုက်သည်။
"Fah နင်ကဘာလို့ငါ့ babe နဲ့အတူရှိနေတာလဲ!"
တုန့်ပြန်မှုမရှိဘဲ Fah ကခေါင်းကိုသာငုံ့ကာ လက်သီးခပ်ဖွဖွဆုပ်ထားလေသည်။
"ငါမေးနေတယ်လေ!!!"
Jasper အော်လိုက်ရာ Fah တုန်သွားသောကြောင့် Ray ,Fah လက်ကိုဆွဲကာ သူ့အနောက်ပို့လိုက်သည်။
"မင်းမေးတာကိုဘာလို့ဖြေရမှာလဲ.....
မင်းနဲ့ငါကဘာဆိုင်လို့လဲ..."
"babe ကိုယ့်ကိုစိတ်ဆိုးနေမှန်းကိုယ်သိတယ်..
နာရီကိုလွှင့်ပစ်တာ couple ring ကိုပြန်ပေးတာ....ကိုယ်အားလုံးကိုနားလည်ခွင့်လွှတ်တယ်......
ဒါပေမယ့် ကိုယ်မဟုတ်တဲ့တခြားသူတစ်ယောက်နဲ့ အလုပ်ကိစ္စကြောင့်မဟုတ်ဘဲ အတူရှိနေတာကိုတော့ ကိုယ်မကြိုက်ဘူး...
ကိုယ်နားလည်ပေးတဲ့အထဲမှာဒာမပါဘူး"
"Arrrr..... စိတ်ပျက်စရာကောင်းလိုက်တာ..
မင်းနဲ့ငါနဲ့ မနေ့ကတည်းက အတိအလင်းလမ်းခွဲပြီးသားလေ....
ငါ့ကိုမင်းခွင့်လွှတ်တာ မလွှတ်တာကို ငါကစိတ်ထဲထားမယ်ထင်နေလား....
hak...ဆုတောင်းလေ "
Fah လက်ကိုဆွဲပီးထွက်သွားဖို့လုပ်တဲ့ Ray ရဲ့ကျန်လက်တစ်ဖက်ကို Jasper အမိအရလှမ်းဆွဲလိုက်ပေမယ့် Ray ကခါထုတ်လိုက်သည်။
"ငါ့အသားကိုမထိနဲ့ ရွံတယ်"
အံကြိတ်ပြီး Ray တစ်လုံးချင်းပီပီသသပြောလိုက်သည်။
ဟန်မဆောင်နိုင်အောင်ပျက်ယွင်းသွားသော Jasper မျက်နှာကြောင့် Ray နှုတ်ခမ်းထောင့်လေးတစ်ဖက်တွန့်ကွေးသွားခဲ့သည်။
"ဒီနေ့တစ်ရက်နားလိုက်တော့ Fah...
ကိုကို ရှုတင်တွေအကုန်ဒီနေ့ဖျက်သိမ်းထားတယ်"
"ဟုတ်"
အိမ်ရောက်တာတောင်မသိဘဲ Fah ကခေါင်းငုံ့ထားဆဲဖြစ်ရာ Ray ကားပေါ်မှဆင်းပြီး တံခါးဖွင့်ပေးမှ သူ့ကို Fah ကကြောင်ကြောင်လေး ကြည့်လာသည်။
Fah နဖူးလေးကို Ray ခပ်ဖွဖွနမ်းလိုက်မှ Fah ခေါင်းမော့လာလေသည်။
"ကိုကို သွားတော့မယ်နော် Fah "
"ဟုတ်.."
Paradise Bar သို့ Ray ချက်ချင်းထွက်လာခဲ့သည်။
မနေ့ညကသူ limit ကျော်အောင်မသောက်ခဲ့ပါ။ ဘယ်လောက်မူးမူးသူ့ကိုယ်သူတော့အမြဲ ထိန်းနိုင်ခဲ့ပေမယ့် မနေ့ညကပုံမှန်မဟုတ်။
သူ့အပေါ်အမြဲယုံကြည်ခဲ့တဲ့ မိန်းကလေးကိုမှ သူကျူးလွန်ခဲ့မိတယ်။ သူတို့ တက္ကသိုလ် တတိယနှစ်မှာ Fah ရဲ့တစ်ဦးတည်းသော မိသားစုဝင်အဖွား ဖြစ်သူ ဆုံးပြီးကတည်းက တစ်ကောင်ကြွက်ဖြစ်ခဲ့သည့် Fah ကိုသူတို့ပိုဂရုစိုက်ပေးခဲ့ကြသည်။ သူ့အပေါ်မှာ အစ်ကိုတစ်ယောက်လို အမြဲတိုင်ပင်တတ်ပြီး သူ့ကိုအားကိုးတတ်တဲ့ Fah ကိုမှ ဘာလို့လဲကွာ.....
ကိုကို တောင်းပန်ပါတယ် Fah....
ကိုကိုပြန်ပေးဆပ်ပါမယ်.....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Paradise Bar ထဲဝင်လိုက်သည်နှင့် bar ၏ပိုင်ရှင်နှင့် P' Tin တို့အဖွဲ့ကစောင့်မျှော်နေသည်။
sofa ပေါ်တွင်သူ့ကို service ပေးခဲ့သည့် waiter ကောင်လေးထိုင်နေပြီး သူ့ကိုမြင်သည်နှင့် ထိတ်လန့်စွာ ခေါင်းငုံ့သွားလေသည်။
"သခင်လေး ဒါကြည့်ကြည့်ပါ"
သူ့ကိုဖွင့်ပြတဲ့ laptop ထဲမှ cctv မှတ်တမ်းတစ်ခု.....
"Lily?!!"
waiter ကိုအနားခေါ်ကာ တစ်ခုခုပေးလိုက်သည့် Lily....
"Khun Lily မနေ့ညကဒီ Bar မှာရှိနေခဲ့ပါတယ် သခင်လေး"
Waiter လေးရဲ့ရှေ့တည့်တည့်မှာ Ray ဝင်ထိုင်လိုက်သည်။
"မင်း...မနေ့ညကငါ့ကို ဆေးခပ်ခဲ့လား...."
".........."
"မင်း ထောင်ထဲဝင်ဖို့ပြင်ထားလိုက်"
"တောင်း...တောင်းပန်ပါတယ်.....
ကျွန်တော် ပိုက်ဆံနေလို့လုပ်မိတာပါ....
ကျွန်တော်ထောင်ကျလို့မဖြစ်ဘူး.........
ကျွန်တော့်ခွင့်လွှတ်ပေးပါ...."
သူ့ရှေ့မှာဒူးထောက်ပြီး တုန်လှုပ်နေတဲ့ ကောင်လေးကို Ray အေးစက်စွာကြည့်လိုက်သည်။
"မင်းကိုခွင့်လွှတ်သင့်တဲ့ အကြောင်းပြချက်တစ်ခုလောက် ပြောကြည့်စမ်းပါ....."
".......''
အဖြေထွက်မလာဘဲ တိတ်ဆိတ်နေပြန်တာကြောင့် Ray ထို waiter ကိုအင်္ကျီကော်လန် မှဆွဲကာ လက်သီးနှင့် အဆက်မပြတ်ထိုးလိုက်သည်။ သူထိုးချက်တွေကိုမရှောင်ရှားဘဲ ငြိမ်သက်နေသော Waiter ၏မျက်နှာမှာ အတော်စုတ်ပြတ်နေပြီဖြစ်သည်။
P' Tin တို့ကတော့ သူ့စိတ်ကိုသိသောကြောင့် ဝင်မတားကြပေ။
"Lily ကိုသွားခေါ်လာခဲ့!!!"
"ဟုတ်ကဲ့ပါ သခင်လေး"
P' Pu တို့ငါးယောက်ထွက်သွားပြီး Ray လည်း Waiter ၏ အင်္ကျီကော်လန်စကိုလွှတ်ပေးလိုက်သည်။
"မင်းငွေလိုလို့ လုပ်လိုက်တဲ့လုပ်ရပ်က ငါ့ဘဝတစ်ခုလုံးကို ကမောက်ကမဖြစ်သွားစေခဲ့တဲ့အတွက် မင်းပြန်ပေးဆပ်ရမယ်....''
"သခင်လေး ဒါသူ့ကိုယ်ရေးအကျဉ်းပါ"
P' Tin ပေးသော Waiter ရဲ့ကိုယ်ရေးအကျဉ်းကိုဖတ်ကြည့်လိုက်ရာ...
အမည်-First Jerrakon
အသက်- 21
ပညာအရည်အချင်း-Hotel & Restaurant Management ကိုသင်ကြားနေပြီး ဒုတိယနှစ်မှာ ကျောင်းနားခဲ့တယ်
မိသားစုဝင်- နှလုံးရောဂါခံစားနေရသောမိခင်
"ကျွန်တော့်အမေ ခွဲစိတ်ဖို့အတွက် ငွေလိုနေလို့ပါ......"
မျက်ရည်တွေနဲ့ပြောလာသည့် ကောင်လေး၏အဖြေကြောင့် Ray လှုပ်ရှားမှုများခေတ္တရပ်တန့်သွားသည်။
Lily ကိုခေါ်ကာ P'Pu တို့ပြန်လာလေသည်။ အတင်းခေါ်လာရခြင်းမျိုးမဟုတ်ဘဲ Lily ကဒေါက်ဖိနပ်သံဆူညံစွာ ခပ်ပြုံးပြုံးလိုက်လာခြင်းဖြစ်သည်။
"ဘယ်လိုလဲ P'....
Lily ရဲ့ပါးကိုရိုက်ခဲ့တဲ့အတွက်ရတဲ့ပြစ်ဒဏ်က...
ချိုမြိန်ရဲ့လား"
"တောက်!!!!"
ရိုက်ရန်ပြင်လိုက်သော Ray လက်ဖဝါးလေးထဲတွင်ရပ်တန့်သွားရာ Lily ကလှောင်ရယ်ရယ်လေသည်။
"ရိုက်လေ P'....
ဘာလဲကြောက်သွားပြီလား"
"ကြောက်ရမှာငါမဟုတ်ဘူး...
မင်းပဲ Lily....
ကျားမဟောက်လို့ ကြောင်အိုကြီးလို့တွေးနေတဲ့ မင်းကိုငါကလည်း ချိုမြိန်တဲ့ပြစ်ဒဏ်ပေးရမှာပေါ့......."
မကြာခင် ငါမင်းကိုမရိုက်ခဲ့တာကိုနောင်တရလိမ့်မယ် Lily.......
"သူ့ကိုခေါ်ခဲ့"
"ဟုတ်ကဲ့ သခင်လေး"
Waiter လေးကိုခေါ်ကာ Ray တို့ Paradise Bar မှထွက်လာခဲ့သည်။
"Greatest Company ကကျွန်တော့် share တွေအကုန်ပြန်ထုတ်လိုက်"
"ဟုတ်ကဲ့ သခင်လေး"
Greatest Company ဆိုတာ Lily အဖေရဲ့ Company ပါ.....
ဆက်ခံသူက Lily ၏အစ်ကိုဖြစ်ပြီး သမီးအငယ်ဆုံးဖြစ်တဲ့ Lily က share 20% ပိုင်ဆိုင်လေသည်။ ထို Company တွင် Ray ၏ share 45% ရှိပြီး အကြီးဆုံး share ရှင်ဖြစ်သည်။
ချမ်းသာတဲ့မိသားစုက ဆင်းသက်လာပြီး မိဘကိုမှီခိုသူတွေက မိသားစုထောက်ပံ့မှုမရမှာကို အကြောက်ဆုံးဖြစ်ကြသည်။
ငါ့ကိုလာထိရင် မိန်းကလေးဖြစ်နေရင်တောင် ငါကအလွတ်မပေးတတ်ဘူး Lily...
"မင်းနာမည်က First Jerrakon နော်"
"ဟုတ်...ဟုတ်ပါတယ်"
"ငါမင်းအမေရဲ့ဆေးကုသစရိတ်အားလုံးတာဝန်ယူတယ်......
မင်းကျောင်းပြန်တက်ရမယ်"
"ဟမ်..."
"မင်းကျောင်းစရိတ်ကိုလည်း ငါထောက်ပံ့မယ်"
"ဟမ်..."
"မင်းဒီတစ်ခွန်းပဲပြောတတ်တာလား"
"ဟမ်....မဟုတ်...မဟုတ်ပါဘူး....
ကျွန်တော် အံ့ဩသွားလို့ပါ...
ကျေးဇူးတင်ပါတယ် သခင်လေး"
"ကျေးဇူးမတင်နဲ့
ငါကအလကားလုပ်ပေးတာမဟုတ်ဘူး...
မင်းကျောင်းပြီးရင် W မှာအလုပ်ဝင်ရမယ်...
တစ်သက်လုံးငါ့လက်အောက်မှာ အလုပ်လုပ်ရမယ်..."
"ကျေးဇူးတင်ပါတယ်...
ကျွန်တော် တကယ်ကျေးဇူးတင်ပါတယ် သခင်လေး..."
"P' Tin သူ့မျက်နှာဆေးထည့်ပေးလိုက်ဦး"
"ဟုတ်ကဲ့ သခင်လေး"
P' Tin ခေါ်ရာနောက်လိုက်လာရင်း ရုံးခန်းထဲတွင်ကျန်ခဲ့သည့် Ray ကို First လှည့်ကြည့်လှည့်ကြည့်ဖြစ်နေသည်။
"ဟိုလေ P' သခင်လေးလက်အောက်မှာ အလုပ်လုပ်တာဘယ်လောက်ကြာပြီလဲဟင်..."
"ငါးနှစ်ကျော်ပြီ....
မင်းမေးချင်နေတာကို ငါသိတယ်...
သခင်လေးက လူကောင်းတစ်ယောက်ပါ...
သဘောကောင်းတယ် အဆင့်အတန်းမခွဲခြားတတ်ဘူး.....
သူမင်းကိုထိုးခဲ့တာက သူအရမ်းစိတ်ရှုပ်နေလို့စိတ်မထိန်းနိုင်ဖြစ်သွားတာ....
ဒီရက်ပိုင်း သခင်လေးအတွက် အပြောင်းအလဲတွေအရမ်းများနေတယ်...
သခင်လေးက တခြားသူတွေကိုထိခိုက်အောင်မလုပ်တတ်ဘူး...
သူ့ကိုယ်သူပဲ ထိခိုက်အောင်အမြဲလုပ်တယ်..."
"ကျွန်တော့်ကို ဘာလို့အကုန်ပြောပြတာလဲ ဟင်"
"မင်းကတစ်နေ့မှာ သခင်လေးရဲ့လူယုံဖြစ်လာမှာမို့လို့လေ....
သခင်လေးရဲ့အမေက သခင်လေး ဆယ်နှစ်အရွယ်ကတည်းက နှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့တာ.....
သခင်လေးက သူသာမင်းနေရာမှာဆိုရင်လည်း ဒီလိုလုပ်မိမှာပဲလို့တွေးမိပြီး မင်းကိုခွင့်လွှတ်ပေးခဲ့တာ....."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"Khun Ray ဘာကြောင့် share တွေပြန်ထုတ်မှာလဲ"
"ကျွန်တော် Uncle ကိုအားနာပေမယ့်
Uncle တို့ company နဲ့ဆက်လက်မတွဲနိုင်တော့ပါဘူး....
Uncleရဲ့ သမီးက ကျွန်တော့် ဂုဏ်သိက္ခာကိုစော်ကားခဲ့တယ်..."
" Lily ကလား"
"ဟုတ်ပါတယ်....
Uncleရဲ့ သမီးက ကျွန်တော့်ကိုစိတ်ကြွဆေးခပ်ခဲ့တယ်..."
"Uncle တောင်းပန်ပါတယ်....
Khun Ray ရဲ့ share တွေမရှိရင် Uncle တို့ Company ဆက်ပြီးလည်ပတ်နိုင်မှာမဟုတ်ဘူး"
"Uncle ဆီကတောင်းပန်မှုကို ကျွန်တော်မလိုအပ်ဘူး"
Ray ဖုန်းချကာ ခဏမျက်လုံးတွေမှိတ်ထားလိုက်သည်။
"သခင်လေး...
သခင်လေးနဲ့ပတ်သက်တဲ့ သတင်းတွေ online ပေါ်မှာပြန့်နှံ့နေပါတယ်"
Hotel မှာတစ်ညလုံးအတူရှိခဲ့တဲ့ အနုပညာရှင် Fah နဲ့ Mr. Ray Han Welson
W ရဲ့မင်းသားလေးက Fah ရဲ့ sponsor လား
သူနဲ့ Fah အတူရှိနေတဲ့ပုံတွေနှင့် တက်လာသည့်သတင်းအမျိုးမျိုးက Fah ကိုအရှက်ရစေမည့်အကြောင်းအရာများသာဖြစ်သည်။
Mr. Ray နဲ့ Fah ကဘယ်လိုပတ်သက်မှုလဲ...
Fah ရဲ့အိမ်ရှေ့မှာ သူ Fah နဖူးကိုနမ်းနေသည့်ပုံ......
နောက်ဆုံးသတင်းတစ်ပုဒ်ကြောင့် Ray ခေါင်းထဲဒိန်းကနဲဖြစ်သွားသည်။
W ရဲ့ဥက္ကဋ္ဌက Gay တစ်ယောက်လား?...
သူနဲ့ Jasper ပုံတွေ......
Ray အသက်ရှူတောင်ကျပ်လာသည်။
"မနက်ဖြန် သတင်းစာရှင်းလင်းပွဲလုပ်မယ်"
"ဟုတ်ကဲ့ သခင်လေး..."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
သတင်းတွေကြောင့် မျက်နှာမကောင်းသည့် Fah လက်ကလေးကိုဆုပ်ကိုင်ကာ သတင်းစာရှင်းလင်းပွဲလုပ်မည့် အခန်းထဲဝင်လာခဲ့သည်။
"Khun Ray ကတကယ်ပဲ gay လား...
အခု online ပေါ်မှာထွက်ပေါ်နေတဲ့ ယောက်ျားတစ်ယောက်နဲ့ပုံတွေကအမှန်တွေပါလား"
"ကျွန်တော် gay မဟုတ်ပါဘူး"
"ဒါဆို ဓာတ်ပုံတွေက လုပ်ကြံထားတာလို့ကြောချင်တာလား"
"ဟုတ်ပါတယ်"
"Khun Fah နဲ့ ဓာတ်ပုံတွေကရောအမှန်မဟုတ်ဘူးလား"
"Khun Fah နဲ့ကဘယ်လို ဆက်ဆံရေးပါလဲ"
တင်းတင်းဆုပ်ကိုင်ထားသည့် Fah လက်ကလေးကို သတင်းထောက်များမြင်အောင် လက်ဖမိုးလေးကိုနမ်းရှိုက်လိုက်ရာ ကင်မရာမီးများ တဖြတ်ဖြတ်ထွက်ပေါ်လာပြီး သတင်းထောက်များ၏ အသံများလည်းပို၍ဆူညံလာသည်။
အံ့ဩခြင်းနှင့် သူကိုကြောင်ကြောင်လေးကြည့်နေသည့် Fah ကို Ray ပြုံးပြလိုက်သည်။
"ကျွန်တော်နဲ့ Fah ကချစ်သူတွေပါ....."
"ဘယ်အချိန်ကစတွဲကြတာပာလဲ"
"လက်ထပ်ကြတော့မှာပါလား..."
အလုအယက်မေးနေကြသော မေးခွန်းများနှင့် ကင်မရာမီးအလင်းရောင်များကြောင့် Ray ခေါင်းထဲမူးဝေလာပြီး နားထင်ကိုဖိလိုက်သည်ကို P' Tin မြင်လိုက်ရာ...
"ဒီနေ့သတင်းစာရှင်းလင်းပွဲက ဒီလောက်ပါပဲ"
P' Tin ရဲ့ကြေညာသံကြောင့် သတင်းထောက်များကပို၍စိုးလာသည်။
Fah လက်ကိုကိုင်ကာ Ray ထလိုက်သည်နှင့် မိုက်ကနဲဖြစ်သွားပြီး လဲကျသွားခဲ့သည်။
"ကိုကို!"
"သခင်လေး!!!"
ခေါ်သံတွေ တဖြည်းဖြည်း ဝေးကာ Ray အမှောင်ထုထဲရောက်ရှိသွားခဲ့တော့သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
သတင်းစာရှင်းလင်းပွဲကို live ကြည့်နေသည့် Jasper မှာ Fah လက်ကိုနမ်းလိုက်သော Ray ကြောင့် စားပွဲပေါ်တွင်ရှိသော ပစ္စည်းအားလုံးကိုဒေါသတကြီးလွှင့်ပြစ်လိုက်သည်။
ရုတ်တရက်ကြီးလဲကျသွားသော Ray ကြောင့် ဒေါသထွက်နေသည်ကိုပင်မေ့ကာ ဆေးရုံသို့ အပြေးနှင်ခဲ့တော့သည်။
ဆေးရုံထဲသို့ သတင်းထောက်များကိုဝင်ခွင့်မပြုပေ။ Ray အခန်းရှေ့မှ bodyguard များက Jasper ကိုလည်း ဝင်ခွင့်မပေးချေ။
"babe!!!"
"Khun Jasper ထွက်သွားပေးပါ"
"babe!!"
အသံကုန်အော်ဟစ်နေသော Jasper ကြောင့် Jump ထွက်လာလေသည်။
"မင်းပြန်လိုက်တော့ Jasper....
Han အခုလိုတွေဖြစ်ရတာ မင်းကြောင့်ဆိုတာသိလား"
"ငါမပြန်နိုင်ဘူး ငါ babe ကိုတွေ့ချင်တယ်"
"Han အခုချိန်ထိသတိမရသေးဘူး...
မင်းကြောင့် Han အရမ်းပင်ပန်းနေရတာကိုမင်းမသိဘူးလား.....
ထွက်သွားလိုက်တော့ Han ဘဝထဲကနေ...
Fah ကို Han ရွေးခြယ်လိုက်ပြီ Jasper"
"မဟုတ်ဘူး!!!"
Jasper ရင်ထဲတွင် လက်မခံနိုင်ဘဲ နှလုံးသားက မီးနှင့်မြှိက်သလို ပူလောင်နေသည်။
Ray ဆံပင်လေးတွေကိုသပ်တင်ပေးပြီး လက်ကို Fah ဆုပ်ကိုင်ထားလေသည်။
stress တွေများပြီး အရမ်းပင်ပန်းနေလို့ ကိုကိုကမူးလဲသွားခဲ့တာပါ။
"Fah...."
သူမနာမည်ကို တိုးသဲ့သဲ့ခေါ်ပြီး မျက်ဝန်းတွေပွင့်လာသော ကိုကို့ကြောင့် Fah မျက်ရည်ကျမိသည်။
"ဘာလို့ ငိုနေတာလဲ...
ကိုကိုဘာမှမဖြစ်ပါဘူး....
တိတ်တော့နော်...."
"အင်း....."
"လိမ္မာတယ်..."
Ray သတိရလာပြီး ဆေးရုံမှဆင်းကာ hotel သို့တန်းပြန်လာခဲ့လေသည်။
Fah နဲ့အတူ ညစာစားနေစဉ် နားထဲကို တိုးဝင်လာတဲ့အသံစူးစူး...
"babe!!!"
သူတို့အနားကိုပြေးလာပေမယ့်....
P' Tin တို့၏တားဆီးမှုကြောင့်အနားကိုရောက်မလာနိုင်ပေ။
သူခေါ်နေတာကိုအရေးမလုပ် Fah နှင့်ပြုံးကာညစာစားမပျက်သော Ray ကို Jasper ကိုင်ဆောင့်ပြစ်ချင်သည်။
"babe!! ဒီ bodyguard တွေကိုဖယ်ခိုင်းလိုက် ကိုယ် babe နဲ့စကားပြောချင်တယ်"
"ဒီ menu အသစ်ကောင်းတယ်မလား Fah "
သူ့ကိုရှိသည်လို့ကိုမထင်သော Ray ကြောင့် Jasper၏ ဒေါသငယ်ထိပ်ထိဆောင့်တက်လာသည်။
"ကိုယ့်ကိုလမ်းခွဲဒါ ဒီမိန်းမကြောင့်လား babe!!
ကိုယ့်နောက်ကွယ်မှာ babe သူနဲ့ဖောက်ပြန်နေတာမလား!!!"
မျက်နှာလေး ငြိုးငယ်သွားသော Fah ကြောင့် Ray မလှမ်းမကမ်းမှ Jasper ကိုစိုက်ကြည့်ကာ လက်ထဲမှဇွန်းခရင်းကို အသံမြည်အောင်ချလိုက်သည်။
"Fah ကိုကိုတို့ပြန်ရအောင်"
"ဟုတ်"
"babe!!!"
Fah နှင့်လက်ချင်းတွဲပြီးထွက်သွားသည့် Ray အနားကို Jasper လုံးဝကပ်လို့တောင်မရလိုက်ပေ။
"Fah"
"ဟင်"
"Goodnight နော်"
"အင်း ကိုကိုလည်း goodnight "
Fah နဖူးပြင်ထက်အနမ်းတစ်ပွင့်ခြွေပြီး Ray Hotel ပြန်လာခဲ့သည်။
ဖေဖေ့ဆီက ဖုန်းဝင်လာပြီး သတင်းစာရှင်းလင်းပွဲကိစ္စမေးရာ Fah ကတကယ်သူ့ချစ်သူပါ ဟုသာ Ray ဖြေလိုက်သည်။
အံ့ဩခြင်းအပြည့်နှင့် video call ခေါ်သည့် သူငယ်ချင်းများကိုတော့ Jasper အကြောင်းအမှန်အတိုင်းပြောလိုက်ရာ သူ့ကိုမှန်တယ်လို့အားပေးကြလေသည်။ ကနေဒါရောက်နေသည့် Wine မှာလည်းညတွင်းချင်း Bangkok ပြန်ရောက်လာလေသည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
Fah ရဲ့ရှုတင်ကိုလိုက်သွားပြီး နေ့လည်စာအတူစားကာ အချိန်ရတိုင်း Fah ကသူ့အနားမှာရှိနေတတ်သည်။
Jasper မနက်မိုးလင်းသည်နှင့် သူ့နှုတ်ခမ်းပေါ်ကို Ray ပေးသည့် morning kiss လေးကျရောက်လာရန်မျှော်လင့်နေသေးသည်။
မျက်နှာသစ်တိုင်း သူ့ကိုအမြဲမုတ်ဆိတ်ရိတ်ပေးတတ်သည့် သူ့ babe ရဲ့ပုံရိပ်တွေကပေါ်လာပြန်သည်။
မီးဖိုခန်းထဲဝင်တိုင်း သူကြိုက်တာတွေချက်နေသည့် ကောင်လေး၏ပုံရိပ်ကကြီးစိုးနေသည်။
ရှည်လာတဲ့လက်သည်းတွေကြောင့် သူ့ရင်ခွင်ထဲမှာထိုင်ပြီး ဂရုတစိုက်လက်သည်းညှက်ပေးတတ်သည့် ကောင်လေးကသူ့ကိုအလှပဆုံးပြုံးပြနေသည်။
အိမ်မက်ဆိုးတွေကြောင့်လန့်နိုးပြန်တော့ အရင်လို သူ့ကိုပြန်ချော့သိပ်တတ်သည့် ချစ်သူလေးရဲ့နေရာက ဗလာနတၳိ။
ကိုယ်ရူးတော့မယ် ပြန်လာခဲ့ပါ babe ရယ်.....
ကိုယ်မင်းမရှိရင် သေလူတစ်ယောက်လိုခံစားရလို့ပါကွာ.....
babe ကိုပြန်ခေါ်ဖို့ သွားခဲ့ပေမယ့် babe ရဲ့ bodyguard များကြောင့်အကြိမ်ကြိမ် ကျရှုံးရသည်။
babe နေမကောင်းရင် babe လက်ဖဝါးကိုဆုပ်ကိုင်ထားခွင့်ကိုသူဆုံးရှုံးခဲ့ရပြီ။ အလုပ်ရှုပ်ပြီး လက်မအားတဲ့ babe ကိုမုန့်ခွံ့ကျွေးနေတဲ့ Fah ရဲ့နေရာဟာ အရင်ကသူ့နေရာပါ။ အကြင်နာတွေပြည့်နေတဲ့ မျက်ဝန်းအကြည့်တွေ နူးညံ့တဲ့အနမ်းတွေဟာလည်း သူတစ်ယောက်တည်းအတွက်ပါ။
အခုတော့ သူပိုင်ဆိုင်တဲ့ သူ့ရဲ့ babe ကိုသူဆီကနေ Fah ကလုယူသွားခဲ့ပြီ။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
Fah ရဲ့မွေးနေ့ပွဲကို သူတို့ hotel မှာပဲလုပ်ကြသည်။
သူငယ်ချင်းတွေနှင့် Fan တွေကိုသာဖိတ်ကြားထားလေသည်။
ကိတ်ခွဲပီးကတည်းက Ray ကိုမတွေ့တော့သောကြောင့် Fah ပတ်ရှာနေသည်။
"Wine ကိုကိုရော"
"ခုနတုန်းကဒီနားမှာရှိပါတယ် ဘယ်ရောက်သွား...."
Wineရဲ့စကားမဆုံးလိုက် ခန်းမတစ်ခုလုံးအမှောင်ကျသွားလေသည်။
"🎶 You've got that smile,
That only heavn can make
I pray to god everyday
That you keep that smile
...
You are my dream,
There's not a thing, I won't do
I'll give my life up for you
Cos you're my dream
And baby, everything that I have is yours
You will never go cold or hungry
I'll be there when you're insecure,
Let you know that you're always lovely
Girl, cos you are
The only thing that I got right now
One day when the sky is falling,
I'll be standing right next to you,
Right next to you.
Nothing will ever come between us,
I'll be standing right next to you,
Right next to you....
...
If you had my child,
You would make my life complete.
Just to have your eyes on little me,
That'd be mine forever...
....🎶"
မကြားရတာကြာပြီဖြစ်သော Ray ၏သီချင်းဆိုသံလေးဆုံးတော့ Fah အနားကို Ray ရောက်လာလေသည်။
Fah ရှေ့မှာ ဒူးတစ်ဖက်ထောက်လိုက်ပြီး အနက်ရောင်ကတီ္တပါဘူးလေးကိုဖွင့်လိုက်သည်။
"ကိုကို့ ကိုလက်ထပ်နိုင်မလား Fah"
"လက်ခံလိုက်ပါ...
လက်ခံလိုက်ပါ...
လက်ခံလိုက်ပါ... "
တိတ်ဆိတ်နေသော ခန်းမထဲတွင် အားလုံးကတစ်သံတည်း အော်ကြလေသည်။
"အင်းး.....
Fah ကိုကို့ ကိုလက်ထပ်မယ်"
Fah လက်မှာလက်စွပ်ကလေးကိုဝတ်ပေးလိုက်ပြီး နဖူးလေးကိုနမ်းလိုက်သည်။
"Woo!!!"
ချစ်သူတွေဖြစ်ကြောင်းဝန်ခံထားတာ နှစ်ပတ်သာရှိသေးပြီး မင်္ဂလာသတင်းပါ အတိအလင်းထွက်လာတော့ ဂယက်ထကာ Ray propose လုပ်သည့် video ကညတွင်းချင်းပြန့်နှံ့သွားသည်။
Jasper အခန်းထဲတွင် မျက်စိထဲမြင်မြင်သမျှ အားလုံးကိုဖျက်ဆီးပြစ်ကာ အခန်းထောင့်တွင်ငိုနေခဲ့လေသည်။
"ဒီလိုလုပ်လို့မရဘူး babe
မင်းကကိုယ့်အတွက်ပဲ.....
ကိုယ်မင်းကို မရရအောင် ယူမှာ....."
(AN: Ray ဆိုသွားတဲ့ Chris Brown နဲ့ JB ရဲ့ Next to you လေး)
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
******************************
Zawgyi
"ဘာဖြစ်လို့လဲ သခင်လေး"
"ဟုတ်ကဲ့ပါ သခင်လေး"
"babe!!!"
ဒေါသပါနေသည့် Jasper့ အသံစူးစူးကသူ့နားထဲဝင်လာရာ Ray မျက်နှာတွင် စိတ်ပျက်ခြင်းအရိပ်အယောင်များစိုးမိုးလာပြီး စုတ်တစ်ချက်သပ်လိုက်သည်။
"tsk!"
"......"
Jasper့ အမေးကိုပြန်မဖြေဘဲ Ray စိတ်ပျက်စွာ ဆံပင်တွေကိုထိုးဖွလိုက်သည်။
"ငါမေးနေတယ်လေ!!!"
နာရီကိုလွှင့်ပစ်တာ couple rings ကိုပြန်ပေးတာ....ကိုယ်အားလုံးကိုနားလည်ခွင့်လွှတ်တယ်......
hak...ဆုတောင်းလေ "
ဟန်မဆောင်နိုင်အောင်ပျက်ယွင်းသွားသော Jasper့ မျက်နှာကြောင့် Ray နှုတ်ခမ်းထောင့်လေးတစ်ဖက်တွန့်ကွေးသွားခဲ့သည်။
"ဟုတ်"
"ဟုတ်.."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"Lily?!!"
".........."
".......''
"Lily့  ကိုသွားခေါ်လာခဲ့!!!"
"ဟုတ်ကဲ့ပါ သခင်လေး"
အမည်-First Jerrakon
အသက်- 21
"ဘယ်လိုလဲ P'....
Lily့  ပါးကိုရိုက်ခဲ့တဲ့အတွက်ရတဲ့ပြစ်ဒဏ်က...
ချိုမြိန်ရဲ့လား"
"တောက်!!!!"
"ရိုက်လေ P'....
မင်းပဲ Lily....
"သူ့ကိုခေါ်ခဲ့"
"ဟုတ်ကဲ့ သခင်လေး"
"ဟုတ်ကဲ့ သခင်လေး"
Greatest Company ဆိုတာ Lily့  အဖေရဲ့ Company ပါ.....
"ဟုတ်...ဟုတ်ပါတယ်"
"ဟမ်..."
"ဟမ်..."
"ဟမ်....မဟုတ်...မဟုတ်ပါဘူး....
"ကျေးဇူးမတင်နဲ့
"ကျေးဇူးတင်ပါတယ်...
"ဟုတ်ကဲ့ သခင်လေး"
"ငါးနှစ်ကျော်ပြီ....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"ကျွန်တော် Uncle့ ကိုအားနာပေမယ့်
Uncle့ သမီးက ကျွန်တော့် ဂုဏ်သိက္ခာကိုစော်ကားခဲ့တယ်..."
"Uncle့  သမီး Lily ကလား"
"ဟုတ်ပါတယ်....
Uncle့ သမီးက ကျွန်တော့်ကိုစိတ်ကြွဆေးခပ်ခဲ့တယ်..."
"Uncle တောင်းပန်ပါတယ်....
"Uncle့ တောင်းပန်မှုကို ကျွန်တော်မလိုအပ်ဘူး"
"သခင်လေး...
သူနဲ့ Jasper့ ပုံတွေ......
"ဟုတ်ကဲ့ သခင်လေး..."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"ဟုတ်ပါတယ်"
"ကိုကို!"
"သခင်လေး!!!"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"babe!!!"
"babe!!"
အသံကုန်အော်ဟစ်နေသော Jasper့ ကြောင့် Jump ထွက်လာလေသည်။
ထွက်သွားလိုက်တော့ Han့ ဘဝထဲကနေ...
"မဟုတ်ဘူး!!!"
Jasper့ ရင်ထဲတွင် လက်မခံနိုင်ဘဲ နှလုံးသားက မီးနှင့်မြှိက်သလို ပူလောင်နေသည်။
"Fah...."
"ဘာလို့ ငိုနေတာလဲ...
တိတ်တော့နော်...."
"အင်း....."
"လိမ္မာတယ်..."
"babe!!!"
သူ့ကိုရှိသည်လို့ကိုမထင်သော Ray ကြောင့် Jasper့ ဒေါသငယ်ထိပ်ထိဆောင့်တက်လာသည်။
မျက်နှာလေး ငြိုးငယ်သွားသော Fah ကြောင့် Ray မလှမ်းမကမ်းမှ Jasper့ ကိုစိုက်ကြည့်ကာ လက်ထဲမှဇွန်းခရင်းကို အသံမြည်အောင်ချလိုက်သည်။
"ဟုတ်"
"babe!!!"
"Fah"
"ဟင်"
"Goodnight နော်"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
အိမ်မက်ဆိုးတွေကြောင့်လန့်နိုးပြန်တော့ အရင်လို သူ့ကိုပြန်ချော့သိပ်တတ်သည့် ချစ်သူလေးရဲ့နေရာက ဗလာနတ္ထိ။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"Wine ကိုကိုရော"
Wine့ စကားမဆုံးလိုက် ခန်းမတစ်ခုလုံးအမှောင်ကျသွားလေသည်။
"🎶 You've got that smile,
I pray to god everyday
...
You are my dream,
Cos you're my dream
Girl, cos you are
Right next to you.
Right next to you....
...
If you had my child,
That'd be mine forever...
....🎶"
Fah ရှေ့မှာ ဒူးတစ်ဖက်ထောက်လိုက်ပြီး အနက်ရောင်ကတ္တီပါဘူးလေးကိုဖွင့်လိုက်သည်။
"လက်ခံလိုက်ပါ...
လက်ခံလိုက်ပါ...
လက်ခံလိုက်ပါ... "
"အင်းး.....
"Woo!!!"
မင်းကကိုယ့်အတွက်ပဲ.....
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
Bạn đang đọc truyện trên: Truyen247.Pro