Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥
Part-38 ( a mistake)
Unicode
"Jas babe ချင်းမိုင်ကိုသွားရမယ် တစ်ပတ်ကျော်လောက်ကြာမှာ လိုက်ခဲ့ချင်လား"
"Arr..... ကိုယ်လိုက်လို့မဖြစ်ဘူး babe အလုပ်တွေကထားခဲ့လို့မရဘူး"
"အင်း...."
"တစ်ပတ်တောင်ဆိုတော့ ကိုယ် babe ကိုအရမ်းလွမ်းနေရတော့မှာပဲ
ကိုယ်တို့ရဲ့ 5 နှစ်ပြည့် anniversary ရောက်ဖို့ ငါးရက်ပဲလိုတော့တာ...
ဒီနှစ်နှစ်ပတ်လည်မှာတော့အတူမရှိနိုင်တော့ဘူးပဲ"
"babe တောင်းပန်တယ်နော်"
"ရပါတယ်..."
အရင်လိုသူဘယ်သွားသွား Jas မလိုက်တော့ပါ။ company ကိုအကြောင်းပြကာ နေခဲ့တတ်သည်။
အပန်းဖြေစခန်းဖွင့်ပွဲအတွက် Ray ချင်းမိုင်သို့ Jump နှင့်အတူသွားရသည်။ W ရဲ့ပင်တိုင် model ဖြစ်တဲ့ Fah လည်း ချင်းမိုင်သို့ ဖွင့်ပွဲကိုလာရသည်။
"ကိုကို!!"
လာပါပြီ Wine လို vocal နဲ့ သူရဲ့နောက်ထပ်ညီမလေး Fah ကသူ့ကိုမြင်သည်နှင့်အပြေးလေးလာဖက်သည်။
ဆံပင်ရှည်လေးတွေကိုဖွလိုက်တော့ ပြန်ရသည့် Fah ၏အပြုံးကသိပ်ကိုအေးချမ်းသည်။ Wine ကပြုံးလိုက်ရင် အရမ်းချစ်စရာကောင်းပြီး Fah ကတော့ ကျက်သရေရှိပြီး အေးချမ်းလှပသည်။
"Fah လွှတ်လို့ရပြီလေ"
Jump စကားကြောင့် Fah ကနှာခေါင်းရှုံ့ပြီး မျက်စောင်းထိုးလေသည်။
"မလွှတ်ဘူးဟာ ဖက်မှာပဲ...
ငါ့ကိုကို ငါဖက်တာဘာဖြစ်လဲ...
သူမဖက်ရတိုင်း မနာလိုဖြစ်နေတာ.."
"ငါလည်း Han ကိုဖက်လို့ရတယ်"
Jump ပြောပြောဆိုဆို Ray ကိုအနောက်မှ လာဖက်လေသည်။ အရှေ့က Fah အနောက်က Jump နှင့် Ray မှာ နှစ်ယောက်သတ်သည့်ကြား ညက်နေသည်။
"Jump နင် ကိုကို့ ကိုအသားမယူနဲ့နော်"
"ယူတော့ဘာဖြစ်လဲ"
"နှစ်ယောက်လုံးတော်တော့....
လာ နေ့လည်စာသွားစားမယ်....
ငါဗိုက်ဆာနေပြီ"
ဝန်ထမ်းများကပါ သူတို့သုံးယောက်ကိုကြည့်ပြီး ရယ်နေကြလေသည်။
နေ့လည်စာအတူစားရင်းနှင့်တောင် Fah နှင့် Jump ကသတ်နေကြသေးသည်။ သူတို့နှစ်ယောက်ကြောင့် Ray အရာအားလုံးကိုမေ့ကာ ခဏတော့ ရယ်မောမိသည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
ဖွင့်ပွဲပြီးတော့ Ray စီစဉ်စရာတွေကိုအမြန်လုပ်ကာ bangkok ပြန်လာခဲ့သည်။ မနက်ဖြန် သူတို့ရဲ့ ငါးနှစ်ပြည့်နှစ်ပတ်လည်ကိုအတူရှိချင်သည်။
တစ်ပတ်ကျော်ကြာမယ်ပြောခဲ့ပြီး surprise လုပ်ချင်တာကြောင့် လေးရက်လောက်နှင့်ပြန်လာခဲ့သည်။
Condo ကား parking မှာကားရပ်ပြီး luggage လေးကိုဆွဲကာ lift နှင့် အခန်းရှိရာသို့ Ray တက်လာခဲ့သည်။
သူတို့နှစ်ယောက်ချစ်သူဖြစ်ကတည်းက Jasper့ အခန်းမှာသာ အတူနေခဲ့သောကြောင့် ထိုနေရာလေးသည် သူတို့နှစ်ယောက်၏ အိမ်ဖြစ်သည်။
အခန်းတံခါးရှေ့ရောက်တော့ တံခါး password ကိုဖွင့်ကာ ဝင်လိုက်သည်နှင့် ဖရိုဖရဲချွတ်ထားတဲ့ Jasperရဲ့ ဖိနပ်နှင့် မိန်းကလေးဖိနပ်တစ်ရံကိုတွေ့ရသည်။
Ray လက်ထဲမှ luggage ကိုအသာချကာ အိပ်ခန်းရှိရာသို့လျှောက်လာခဲ့သည်။ အိပ်ခန်းမရောက်ခင် ဧည့်ခန်းထဲတွင် မိန်းကလေးကိုင် အိတ်တစ်လုံးကိုပါတွေ့ရာ Ray ခြေလှမ်းတွေပိုနှေးလာသည်။
အိပ်ခန်းတံခါးကိုဖွင့်လိုက်တော့ ကုတင်ပေါ်တွင် Jasper boxer တစ်ထည်နှင့်အိပ်ပျော်နေပြီး ကုတင်ဘေးတွင် မိန်းကလေးဝတ်အတွင်းခံနှင့် Jasper၏ ဘောင်းဘီ အင်္ကျီများပြန့်ကျဲနေသည်။
ခေါင်းထဲကတစ်ချက်မိုက်ကနဲမူးဝေသွားသောကြောင့် နံရံကိုခဏမှီထားလိုက်သည်။
ထိုအချိန်တွင်ရေချိုးခန်းတံခါးပွင့်လာပြီး Jasperရဲ့ shirt အင်္ကျီအဖြူတစ်ထည်တည်းကိုသာ ဝတ်ဆင်ထားသည့် Lily ကသူ့ကိုမြင်တော့ အံ့ဩသွားပြီးချက်ချင်းမဲ့ပြုံးပြုံးပြလေသည်။
"P' Ray ပြန်လာပြီလား....
honey ပြောတော့ P' ကတစ်ပတ်ကျော်ကြာမှာဆို....
ဘာလို့အစောကြီးပြန်လာတာလဲ
honey တော့စိတ်ညစ်သွားတော့မှာပဲ"
Ray အံကြိတ်ကာ Lily ကိုစူးစူးရဲရဲစိုက်ကြည့်လိုက်ရာ Lily လန့်ပြီးတုန်သွားလေသည်။
"P' ကြည့်တဲ့ပုံစံကလည်း လူသတ်တော့မယ့်အတိုင်းပဲ"
အိပ်ပျော်နေသော Jasper စကားသံများကြောင့် နိုးလာကာ Ray ကိုမြင်လိုက်ရတော့တုန်လှုပ်သွားလေသည်။
"babe... "
"honey နိုးရင်လာပြီး P' ခရီးကပြန်လာတာကိုကြိုဆိုလိုက်ဦးလေ"
"babe.... ကိုယ်ရှင်းပြမယ်..."
Ray သူ့လက်ကိုလာကိုင်သော Jasper ကိုရှိသမျှအားသုံးကာ လက်သီးနှင့်တစ်ချက်ထိုးပြစ်လိုက်သည်။
ထင်မထားခဲ့သော Ray ၏လုပ်ရပ်ကြောင့် Jasper နှုတ်ခမ်းထောင့်မှ ထွက်လာသောသွေးများကို ထွေးထုတ်လိုက်သည်။
"babe ကိုယ့်ကိုထပ်ထိုးချင်ထိုးပါ
ဒါပေမယ့် ကိုယ့်ကိုအဲ့လိုမျိုးမကြည့်နဲ့
ကိုယ်မကြိုက်ဘူး!"
"P' လုပ်ရပ်လိုက်တာ
honey သွေးတောင်ထွက်သွားပြီ"
Jasper သူ့မျက်နှာကိုလာထိသော Lily လက်တွေကိုဖယ်ထုတ်လိုက်သည်။
"ကိုယ့်နေရာကိုယ်နေ Lily...
ငါ babe နဲ့စကားပြောနေတယ်
မင်းဝင်မပါနဲ့"
Lily မျက်နှာပျက်သွားပေမယ့် ချက်ချင်းပြန်ပြုံးလေသည်။
"babe ကိုယ်တောင်းပန်ပါတယ်
ကိုယ်မှားသွားတယ်"
"hak....hak...."
Ray ခေါင်းမော့ကာ အော်ရယ်ရင်း ကျလာသည့်မျက်ရည်တွေကို လက်ဖမိုးနှင့်ခပ်ကြမ်းကြမ်းဖိသုတ်လိုက်သည်။
"မင်း Lily နဲ့အိပ်တာကိုမိသွားတဲ့အတွက် တောင်းပန်တာလား...hak.....
အဲ့အတွက်တောင်းပန်တာဆိုရင်တော့ မင်းတို့အိပ်ခဲ့တဲ့အရေအတွက်အတိုင်းတောင်းပန်ရလိမ့်မယ်....
မင်းနဲ့ Lily ဖြစ်ချင်တိုင်းဖြစ်နေတာကို သိတာ ဒါပထမဆုံးမဟုတ်ဘူး...."
Jasper အံ့ဩခြင်းကြောင့် ဘာစကားမှမပြောနိုင်တော့ပေ။
"ငါကြိုးစားခဲ့တယ် မင်းကိုနားလည်ပေးဖို့
ဘာမှမသိသလို ဘာမှမကြားသလို ငါနေခဲ့တယ်
မင်းငါ့ကိုချစ်တယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့တင်
ငါဆွံ့အနားမကြားတစ်ယောက်လို အရူးတစ်ယောက်လိုနေပေးခဲ့တယ်
ငါတို့ရဲ့အိမ် ငါတို့နှစ်ယောက်ရဲ့ အိပ်ရာပေါ်မှာတောင် မင်းတခြားမိန်းမနဲ့ sex ဖြစ်လိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး.....
မင်းငါ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကိုရိုက်ချိုးပြစ်လိုက်တာပဲ Jasper"
မျက်ရည်မကျအောင်အံကြိတ်ထားသည့် မျက်ဝန်းများက နီရဲကာ Ray ထိုနေရာမှလှည့်ထွက်လာခဲ့သည်။
"မင်းပြန်တော့ Lily"
"honey ကလိုချင်တာရပြီးတော့ Lily့ ကိုနှင်တာလား.....
Lily က honey အတွက်ဘာလဲ"
"မသိလို့မေးနေတာလား Lily
မင်းကငါ အာသာဖြေဖို့သုံးတဲ့ sex doll သာသာပဲလေ....
ကိုယ့်နေရာကိုယ်မသိဘဲ ငါနဲ့ babe ကြားကိုဝင်မလာနဲ့"
"Ray က honey ကိုအရင်လိုချစ်တော့မှာမဟုတ်ဘူး!"
"မင်းမသိဘဲနဲ့ ငါ့ကိုဘာမှလာမပြောနဲ့ Lily
ငါ့ babe ငါ့ကိုဘယ်လောက်ချစ်လဲဆိုတာငါအသိဆုံး
သူသွေးပူနေလို့ ပြီးရင်ငါ့ဆီသေချာပေါက်ပြန်လာမှာ"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
ကား parking မှတိုင်တစ်တိုင်ကို Jasper ကိုထိုးခဲ့သည့်ညာလက်သီးနှင့်အချက်ပေါင်းများစွာထိုးပြစ်လိုက်သည်။
ငါတို့နှစ်ယောက်ကြားကအချစ်ကခိုင်မာပြီး သစ္စာတရားတွေနဲ့နှောင်ဖွဲ့ထားတာလို့ငါထင်ခဲ့မိတယ်။ တကယ်တော့ မင်းက အချစ်လို့ခေါင်းစဉ်တပ်ပြီး ရယူခြင်းတွေနဲ့ ငါ့နှလုံးသားကိုအဆိပ်ခပ်နေတာပဲ Jas...
Ray ကားကိုမိုင်ကုန်တင်ကာ Hotel သို့မောင်းလာခဲ့သည်။ ညာဘက်လက်မှာ ပေါက်ပြဲကာ သွေးတစက်စက်ကျနေပေမယ့် Ray ဂရုမစိုက်။
သူ hotel ထဲဝင်လိုက်သည်နှင့် reception တွင်စောင့်နေသော David ကိုတွေ့ရသည်။ Reception ဝန်ထမ်းများက သွေးချင်းချင်းနီနေသော သူ့ညာဘက်လက်ကြောင့် လန့်ကုန်ကြလေသည်။
"Han လေး! !"
David ကသူ့ညာဘက်လက်နှင့် နီရဲနေသော မျက်ဝန်းများကြောင့် စိုးရိမ်တကြီးအနားရောက်လာလေသည်။
"ဆေးသေတ္တာသွားယူခဲ့! "
David ကသူ့လက်ကိုရုံးခန်းထဲတွင်ဆေးထည့်ကာ ပတ်တီးစည်းပေးလေသည်။
"Han လေး ကိုယ့်ကိုကိုယ်ထိခိုက်အောင်မလုပ်ပါနဲ့တော့လား
Jasperနဲ့ ကိစ္စတွေကို Tin ပြောလို့ငါအကုန်သိပြီးသား.....
အခုဘယ်လိုဆက်လုပ်မှာလဲ"
"ကျွန်တော်တစ်ယောက်တည်းနေချင်တယ် David "
"Ok "
"David ကျွန်တော်တောင်းဆိုစရာရှိတယ်"
"ပြော ငါအကုန်လုပ်ပေမယ်"
"Jasper အခန်းထဲကကျွန်တော့်ပစ္စည်းတွေအကုန် ဒီကိုယူလာခဲ့ပေးပါ....
ပြီးတော့ ကားလဲပေး"
"ငါအခုချက်ချင်းလုပ်ပေးမယ်"
Ray ဘယ်ဘက်လက်သူကြွယ်မှ လက်စွပ်လေးကိုချွတ်လိုက်ကာ လက်ကောက်ဝတ်မှနာရီကိုလည်းချွတ်လိုက်သည်။
မျက်ဝန်းအိမ်မှဖြစ်တည်လာသော မျက်ရည်တစ်စက်ကိုစီးဆင်းခွင့်ပြုလိုက်သည်။
ဒါသူ့ရဲ့နောက်ဆုံးမျက်ရည်ပါ....
အခန်းထဲအတင်းဝင်ကာ Ray ပစ္စည်းတွေကို သိမ်းနေသော David ကို Jasper တားပေမယ့် David နောက်လိုက်များက ချုပ်ထားသောကြောင့် သူအော်ဟစ်နေရုံမှလွဲ၍ဘာမှမလုပ်နိုင်ခဲ့။
"P' Pu....
ဒီနေ့ကစပြီး P' တို့အဖွဲ့ Jasper ကိုစောင့်ရှောက်စရာမလိုတော့ဘူး....
ကျွန်တော့် bodyguard တွေဖြစ်သွားပြီ"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
တစ်ချိန်က Lily သူ့ကိုချိန်းသည့် coffee ဆိုင်သို့ လာရန် Lily ကို Ray ဖုန်းဆက်လိုက်သည်။
"P' "
လှောင်ပြုံးတစ်ခုနှင့် သူ့ရှိရာဝိုင်းသို့ရောက်လာသော Lily ကို စီးကြိုကာမျက်နှာကိုရေနှင့်ပက်လိုက်သည်။
ဘေးဝိုင်းများမှ အာမေဋိတ်သံများထွက်လာပြီး Ray အလှပဆုံးအပြုံးတစ်ခုကို နှုတ်ခမ်းထက်ချိတ်ဆွဲလိုက်သည်။
"တောက်!!!
နင်ကများငါ့ကို...."
သူ့ပါးဆီပျံဝဲလာသောလက်တစ်ဖက်ကို Ray ဖမ်းလိုက်ပြီး ကျန်လက်တစ်ဖက်နှင့် Lily ရဲ့ပါးကိုရိုက်ပြစ်လိုက်သည်။
လဲကျသွားသော Lily ကသူ့ကိုဒေါသတကြီးမော့ကြည့်လာသည်။
"မှတ်မိလား....
တစ်ချိန်တုန်းက မင်းငါ့ပါးကိုရိုက်ခဲ့တယ်လေ
အခုအဲ့ဒီအကြွေးကိုငါလာယူတာ...."
"နင့်ဘဝတစ်ခုလုံးကိုငါလှုပ်ကိုင်ပြမယ် Ray
နင့်ကိုငါတစ်သက်မကျေဘူး..!!"
Lily ရဲ့ခံပြင်းစွာအော်ဟစ်သံကို Ray ဂရုမစိုက်ပဲ ထိုနေရာကိုကျောခိုင်းထွက်လာခဲ့သည်။
Jasper ကိုချိန်းထားသည့် ဆိပ်ကမ်းတံတားပေါ်သို့ Ray အရင်ရောက်ကာ ကားကိုမှီိပြီးစောင့်ဆိုင်းနေလိုက်သည်။
"babe!"
သူ့အနားရောက်သည်နှင့် Jasper ကနှုတ်ခမ်းကိုနမ်းရန်လုပ်သောကြောင့် Ray ခေါင်းကိုတစ်ဖက်စောင်းကာ Jasper၏ ရင်ဘက်ကိုတွန်းလိုက်သည်။
"babe ကိုယ့်ကိုစိတ်ဆိုးနေတုန်းပဲကို...
ဒီနေ့ကကိုယ်တို့ရဲ့ငါးနှစ်ပြည့်လေ စိတ်မဆိုးပါနဲ့တော့ကွာ
လက်ကဘာဖြစ်တာလဲ babe''
သူ့ညာလက်ကိုလာကိုင်ပြန်သော Jasper၏ လက်တွေကိုခါထုတ်လိုက်ရာ Jasper မျက်နှာပျက်သွားလေသည်။
Jasper ဘယ်လက်ကို Ray ကိုင်လိုက်ရာ Jasper ပြန်ပြုံးလာသည်။ Jasperရဲ့ ဘယ်ဘက်လက်မှ နာရီကို Ray ချွတ်လိုက်ပြီး သူ့နာရီနှင့် နှစ်ခုလုံးကိုခဏအတူ ယှဉ်ကြည့်ပြီး နာရီနှစ်လုံးလုံးကို ရေထဲပြစ်လိုက်သည်။
"babe ဘာလုပ်တာလဲ!!!"
"လွှင့်ပြစ်လိုက်တာလေ...."
Ray ဘောင်းဘီအိတ်ထဲမှ လက်စွပ်ကိုထုတ်ကာ Jasper လက်ထဲထည့်ပေးလိုက်သည်။
"ဘာလို့ လက်စွပ်ကို ကိုယ့်ကိုပြန်ပေးတာလဲ ပြီးတော့
ကားကိုလဲပစ်လိုက်တာကရော ဘာသဘောလဲ babe"
Jasper မေးတာကိုမဖြေဘဲ Ray ကားထဲမှ အပြာရောင်ဖာလေးကိုထုတ်လာသည်။ ထိုဖာလေးထဲတွင် Jasper နှင့်ဆင်တူဝယ်ထားသည့် couple ပစ္စည်းတွေပါလေသည်။
Ray အကုန်လုံးကိုရေထဲသွန်ချပြစ်လိုက်လေသည်။
"babe!!!!!"
"ရပ်လိုက်ရအာင်"
"ဘာ!!!"
"ငါတို့လမ်းခွဲကြရအောင်...
မင်းနဲ့ငါနဲ့ဒီမှာတင်ပဲ ပြီးပြီ"
Ray ပြောပြီး လှည့်ထွက်လိုက်တော့ Jasper ကအနောက်မှ ဖက်ထားလေသည်။
"Kha ငါမင်းကိုချစ်တယ်
ငါမင်းကိုမချစ်လဲ မင်းငါ့ကိုချစ်ရမယ်
ငါ့အနားမှာအမြဲရှိနေပေးမယ်ဆိုတဲ့မင်းကတိကို မင်းရှင်သန်နေသ၍ တည်ရမယ်
ငါဘယ်သူနဲ့ဘာဖြစ်ဖြစ် မင်းကတော့ဖြစ်ခွင့်မရှိဘူး
မင်းငါ့ကိုစွန့်ခွာသွားလို့မဖြစ်ဘူး"
သူ့ကိုတင်းနေအောင်ဖက်ကာ တုန်လှုပ်စွာပြောနေသည့် Jasper ကအဆုံးထိ သူ့အတွက်သာသူတွေးတတ်သည့် တစ်ကိုယ်ကောင်းသမားတစ်ယောက်ပါ။
"မင်းဘယ်မိန်းမနဲ့ ဘယ် hotel အိပ်လဲ
ဘယ်နေရာမှာ ဘာဖြစ်ခဲ့လဲဆိုတာတွေကို ငါအကုန်သိနေတာတောင်....
ဘာမှမသိတဲ့အရူးတစ်ယောက်လို ဟန်ဆောင်နေရတာ ငါအရမ်းပင်ပန်းနေပြီ....
မင်းနှုတ်ခမ်းကထွက်လာတတ်တဲ့ ချစ်တယ်ဆိုတဲ့စကားကိုလည်း ငါမယုံကြည်တော့ဘူး Jasper..."
သူ့ကိုဖက်တွယ်ထားတဲ့ Jasper့ လက်တွေကို Ray ရအောင်ဆွဲဖယ်ကာ ကားပေါ်တက်ပြီးမောင်းထွက်လာခဲ့တော့သည်။
သူ့ကိုငိုပြီးအော်ခေါ်နေသော Jasper့ ကိုချန်ထားခဲ့သည်။
ငိုရလွန်းလို့ အကုန်ခမ်းခြောက်ပြီး
သူမျက်ရည်တစ်စက်တောင်မကျတော့ပါဘူး...
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
သူ့ hotel မှာ bar ရှိပေမယ့် လွတ်လွတ်လပ်လပ်သောက်ချင်သောကြောင့် David အပိုင်မဟုတ်သည့် bar တစ်ခုတွင် ရောက်နေသည်။
သူ့အနားတွင် Jump နှင့် Fah ရှိပြီး Wine ကအလုပ်ကိစ္စနှင့် ကနေဒါရောက်နေသည်။ Win ကတော့ Jasper့ ကိစ္စသိသွားပြီး သူ့ကိုအားနာကာ ရှောင်နေသည်။
"Han အရမ်းမသောက်နဲ့"
"အေးပါကွာ ငါဒီတစ်ညတော့မူးအောင်သောက်ပါရစေ...."
Jump ရုတ်တရက်အလုပ်ကိစ္စဖုန်းဝင်လာသောကြောင့် အပြင်ခဏထွက်ကာ ဖုန်းသွားပြောလေသည်။
"Han ကိုယ်အရေးကြီးကိစ္စပေါ်လာလို့သွားမှဖြစ်မယ်"
"သွားလေ"
"ကိုကို့ ကိုငါပြန်ပို့လိုက်မယ် Jump"
"အဲ့တာဆိုငါသွားပြီနော် Fah
Han ကိုယ်သွားပြီနော် "
"အင်း"
Bar မှ အရက်ပြင်းများကို Ray တစ်ခွက်ပြီးတစ်ခွက်မှာသောက်နေသည်။ ဘေးမှ Fah ကတော့ အမြည်းစားရင်းသူ့ကိုအဖော်ပြုပေးလေသည်။
"ကိုကို အရမ်းမူးနေပြီ ပြန်ရအောင်နော် "
"မမူးသေးဘူး နည်းနည်းပဲသောက်ရသေးတာ နောက်တစ်ခွက်"
"တော်ပါတော့ ကိုကိုရယ် ပြန်ရအောင်နော်"
လမ်းကောင်းကောင်းမလျှောက်နိုင်တော့သော Ray ကို Fah ကတွဲကာ ကားပေါ်တင်ပြီး သူမကိုယ်တိုင်ကားမောင်းကာ hotel ပြန်လိုက်ပို့လေသည်။
Fah, Ray ကိုတွဲကာဝင်လာတော့ Hotel ဝန်ထမ်းများကထွက်လာကာ ကူကြလေသည်။
"ကိုကို့ ကိုအခန်းထဲအထိ Fah ပဲလိုက်ပို့လိုက်တော့မယ် "
lift ထဲအထိ ဝန်ထမ်းလေးများကကူတွဲပေးကြလေသည်။
Ray နေသည့်အခန်းထဲရောက်တော့ Ray ကိုကုတင်ပေါ်တင်ပြီး စောင်ခြုံပေးလိုက်လေသည်။
"Arr....ပူတယ်"
Fah ခြုံပေးသောစောင်ကိုဖယ်ကာ Ray အင်္ကျီတွေချွတ်နေလေသည်။
"ရာသီဥတုအေးတယ် ကိုကိုရဲ့
စောင်မခြုံချင်တောင် အကျႌမချွတ်နဲ့လေ"
Ray လည်ပင်းကိုကိုင်ကာ လူးလိမ့်နေပြန်သည်။
"ရေ..ရေဆာတယ်..."
"ရေဆာလို့လား Fah ယူပေးမယ်"
ရေခွက်ပေးလာသော Fah ကို Ray အိပ်ရာပေါ်ဆွဲချလိုက်လေသည်။
Fah လက်နှစ်ဖက်ကိုချုပ်ပြီး Ray ရီဝေစွာစိုက်ကြည့်နေရာမှ အတင်းနမ်းတော့သည်။
"ကိုကို! ဘာလုပ်တာလဲ....
Fah ကိုလွှတ်.....
ကိုကို!! တောင်းပန်ပါတယ် မလုပ်ပါနဲ့..."
ရုန်းကန်အော်ဟစ်နေသော Fah အသံတွေကို Ray မကြားနိုင်။ သူ့သွေးတွေထဲမှာ ရမ္မက်အလိုဆန္ဒတွေကစီးဆင်းနေခဲ့သည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
ခေါင်းထဲမှမူးဝေကာ ကိုက်ခဲနေသဖြင့် Ray နားထင်ကိုလက်နှင့်ဖိကာ အိပ်ရာမှထရန်ပြင်လိုက်စဉ် သူ့ကိုယ်တွင် အဝတ်တွေရှိမနေ။
သူ့အဝတ်တွေဘေးမှာပြန့်ကျဲနေပြီး အိပ်ရာပေါ်တွင်သွေးကွက်တစ်ကွက်ကိုလည်းတွေ့ရသည်။
မနေ့ညကသူဘာတွေဖြစ်ခဲ့တာလဲ....
Ray ဘောင်းဘီဝတ်ရင်းသေချာစဉ်းစားကြည့်ရာ.....
"Fah..!"
သူညက Fah အပေါ်မှာကျူးလွန်ခဲ့မိတယ်....
သူ့ကိုတောင်းပန်ပြီး ငိုနေတဲ့ Fah....
Ray ချက်ချင်းအဝတ်အမြန်ဝတ်ကာ အိပ်ခန်းထဲမှထွက်လိုက်တော့ ဧည့်ခန်းထဲတွင်ထိုင်နေသော Fah ကိုတွေ့ရသည်။
"Fah..."
"ကိုကိုနိုးလာပြီလား....
ခေါင်းကိုက်နေမှာပေါ့ သက်သာအောင် Fah ဝန်ထမ်းတစ်ယောက်ကိုသံပုရာရည် လာပို့ခိုင်းထားတယ်..."
ငိုထားလို့မို့နေသည့်မျက်ဝန်းများနှင့် Fah ကသူညကအကြောင်းကိုမမှတ်မိလောက်ဘူးအထင်နှင့် သူ့ကိုအပြုံးမပျက်စကားပြောနေသည်။
"Fah ကိုကို တောင်းပန်ပါတယ် "
"ဟမ်...ဘာကိုတောငး်ပန်တာလဲ"
အပြုံးမပျက်ပြောနေပေမယ့် Fah လက်တွေတုန်နေသည်။
"ညက ကိုကိုမှားခဲ့တဲ့အတွက် တောင်းပန်ပါတယ် "
"ညက ဘာဖြစ်ခဲ့လို့တောင်းပန်နေတာလဲ ကိုကိုရဲ့....
ညက ကိုကိုမူးနေလို့ Fah ကပြန်ပို့ပေးပြီး Fah လည်းဧည့်ခန်းမှာအိပ်လိုက်တာလေ"
"Fah ကိုကို အကုန်မှတ်မိတယ်....
ကိုကို့ ကိုကြည့်"
ခေါင်းငုံ့ထားသော Fah ကိုသူနှင့် အကြည့်ချင်းဆုံစေလိုက်ရာ မျက်ရည်ဝဲနေသော Fah မျက်ဝန်းတွေကသူ့ကိုနာကျင်စေသည်။
သူ့ရင်ခွင်ထဲထည့်ဖက်လိုက်တော့ Fah ကရှိုက်ငိုတော့သည်။ သူ့ညီမလေးလို ကာကွယ်စောင့်ရှောက်ခဲ့သည့် Fah ကိုသူကိုယ်တိုင် ဖျက်ဆီးမိခဲ့ပြီ။
"ကိုကို တောင်းပန်ပါတယ်
ကိုကို့ အမှားအတွက်တာဝန်ယူမယ်"
"ကိုကို တာဝန်ယူဖို့မလိုပါဘူး....
ကိုကိုကမူးနေတာလေ ကိုကို့အမှားမှမဟုတ်တာ"
"Fah ရယ်....."
မိန်းကလေးတစ်ယောက်ရဲ့ အပျိုစင်ဘဝကိုဖျက်ဆီးပြီး မသိချင်ယောင်ဆောင်ရအောင် သူကတာဝန်မဲ့သူမဟုတ်။
ယောက်ျားတစ်ယောက်ကိုချစ်ပေမယ့် သူကိုယ်တိုင်ကလည်း ယောက်ျားတစ်ယောက်ပါ။ ယောက်ျားဆိုတာ လုပ်ရဲရင်ခံရဲရမယ်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
(AN: ကိုယ့်ကလေးတွေရော ငိုရလွန်းလို့ ဘာမျက်ရည်မှမထွက်တော့တာမျိုးကြုံဖူးကြလား...
ဒီအပိုင်းမှာ သံသယဖြစ်စရာလေးတစ်ခုရှိနေတယ်နော် သတိထားမိကြလား ❓❓❓)
******************************
Zawgyi
"အင်း...."
"ရပါတယ်..."
"ကိုကို!!"
လာပါပြီ Wine့ လို vocal နဲ့ သူရဲ့နောက်ထပ်ညီမလေး Fah ကသူ့ကိုမြင်သည်နှင့်အပြေးလေးလာဖက်သည်။
"Fah လွှတ်လို့ရပြီလေ"
"မလွှတ်ဘူးဟာ ဖက်မှာပဲ...
"ငါလည်း Han့ ကိုဖက်လို့ရတယ်"
"ယူတော့ဘာဖြစ်လဲ"
ငါဗိုက်ဆာနေပြီ"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
Condo ကား parking မှာကားရပ်ပြီး luggage လေးကိုဆွဲကာ lift နှင့် Jasper့ အခန်းရှိရာသို့ Ray တက်လာခဲ့သည်။
အခန်းတံခါးရှေ့ရောက်တော့ တံခါး password ကိုဖွင့်ကာ ဝင်လိုက်သည်နှင့် ဖရိုဖရဲချွတ်ထားတဲ့ Jasper့ ဖိနပ်နှင့် မိန်းကလေးဖိနပ်တစ်ရံကိုတွေ့ရသည်။
အိပ်ခန်းတံခါးကိုဖွင့်လိုက်တော့ ကုတင်ပေါ်တွင် Jasper boxer တစ်ထည်နှင့်အိပ်ပျော်နေပြီး ကုတင်ဘေးတွင် မိန်းကလေးဝတ်အတွင်းခံနှင့် Jasper့ ဘောင်းဘီ အင်္ကျီများပြန့်ကျဲနေသည်။
ထိုအချိန်တွင်ရေချိုးခန်းတံခါးပွင့်လာပြီး Jasper့ shirt အင်္ကျီအဖြူတစ်ထည်တည်းကိုသာ ဝတ်ဆင်ထားသည့် Lily ကသူ့ကိုမြင်တော့ အံ့ဩသွားပြီးချက်ချင်းမဲ့ပြုံးပြုံးပြလေသည်။
"P' Ray ပြန်လာပြီလား....
"babe... "
"babe.... ကိုယ်ရှင်းပြမယ်..."
Ray သူ့လက်ကိုလာကိုင်သော Jasper့ ကိုရှိသမျှအားသုံးကာ လက်သီးနှင့်တစ်ချက်ထိုးပြစ်လိုက်သည်။
ကိုယ်မကြိုက်ဘူး!"
"P' လုပ်ရပ်လိုက်တာ
Jasper သူ့မျက်နှာကိုလာထိသော Lily့ လက်တွေကိုဖယ်ထုတ်လိုက်သည်။
မင်းဝင်မပါနဲ့"
ကိုယ်မှားသွားတယ်"
"hak....hak...."
"မင်းပြန်တော့ Lily"
Lily က honey့  အတွက်ဘာလဲ"
"Ray က honey့  ကိုအရင်လိုချစ်တော့မှာမဟုတ်ဘူး!"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
ကား parking မှတိုင်တစ်တိုင်ကို Jasper့  ကိုထိုးခဲ့သည့်ညာလက်သီးနှင့်အချက်ပေါင်းများစွာထိုးပြစ်လိုက်သည်။
"Han လေး! !"
"ဆေးသေတ္တာသွားယူခဲ့! "
Jasper့ ကိစ္စတွေကို Tin ပြောလို့ငါအကုန်သိပြီးသား.....
"Ok "
"Jasper့ အခန်းကကျွန်တော့်ပစ္စည်းတွေအကုန် ဒီကိုယူလာခဲ့ပေးပါ....
ပြီးတော့ ကားလဲပေး"
"P' Pu....
ဒီနေ့ကစပြီး P' တို့အဖွဲ့ Jasper့ ကိုစောင့်ရှောက်စရာမလိုတော့ဘူး....
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
တစ်ချိန်က Lily သူ့ကိုချိန်းသည့် coffee ဆိုင်သို့ လာရန် Lily့ ကို Ray ဖုန်းဆက်လိုက်သည်။
"P' "
လှောင်ပြုံးတစ်ခုနှင့် သူ့ရှိရာဝိုင်းသို့ရောက်လာသော Lily့  ကို စီးကြိုကာမျက်နှာကိုရေနှင့်ပက်လိုက်သည်။
"တောက်!!!
နင်ကများငါ့ကို...."
သူ့ပါးဆီပျံဝဲလာသော Lily့  လက်တစ်ဖက်ကို Ray ဖမ်းလိုက်ပြီး ကျန်လက်တစ်ဖက်နှင့် Lily့  ပါးကိုရိုက်ပြစ်လိုက်သည်။
"မှတ်မိလား....
Lily့  ရဲ့ခံပြင်းစွာအော်ဟစ်သံကို Ray ဂရုမစိုက်ပဲ ထိုနေရာကိုကျောခိုင်းထွက်လာခဲ့သည်။
Jasper့ ကိုချိန်းထားသည့် ဆိပ်ကမ်းတံတားပေါ်သို့ Ray အရင်ရောက်ကာ ကားကိုမှီိပြီးစောင့်ဆိုင်းနေလိုက်သည်။
"babe!"
သူ့အနားရောက်သည်နှင့် Jasper ကနှုတ်ခမ်းကိုနမ်းရန်လုပ်သောကြောင့် Ray ခေါင်းကိုတစ်ဖက်စောင်းကာ Jasper့ ရင်ဘက်ကိုတွန်းလိုက်သည်။
လက်ကဘာဖြစ်တာလဲ babe''
သူ့ညာလက်ကိုလာကိုင်ပြန်သော Jasper့ လက်တွေကိုခါထုတ်လိုက်ရာ Jasper မျက်နှာပျက်သွားလေသည်။
"babe ဘာလုပ်တာလဲ!!!"
"လွှင့်ပြစ်လိုက်တာလေ...."
Ray ဘောင်းဘီအိတ်ထဲမှ လက်စွပ်ကိုထုတ်ကာ Jasper့ လက်ထဲထည့်ပေးလိုက်သည်။
"babe!!!!!"
"ရပ်လိုက်ရအာင်"
"ဘာ!!!"
"Kha ငါမင်းကိုချစ်တယ်
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"Han အရမ်းမသောက်နဲ့"
"သွားလေ"
Han ကိုယ်သွားပြီနော် "
"အင်း"
"Arr....ပူတယ်"
စောင်မခြုံချင်တောင် အင်္ကျီမချွတ်နဲ့လေ"
"ရေ..ရေဆာတယ်..."
"ကိုကို! ဘာလုပ်တာလဲ....
Fah ကိုလွှတ်.....
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"Fah..!"
"Fah..."
"ကိုကိုနိုးလာပြီလား....
"ဟမ်...ဘာကိုတောင်းပန်တာလဲ"
ကိုကို့ ကိုကြည့်"
"Fah ရယ်....."
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
Bạn đang đọc truyện trên: Truyen247.Pro