Part-37 ( deadly love)
Unicode
တက္ကသိုလ် လေးနှစ်တက်ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်လုံး ဘွဲ့ရခဲ့ပြီး သက်ဆိုင်ရာ လုပ်ငန်းတွေမှာ ဝင်ရောက်နေပြီဖြစ်သည်။
Ray အရင်ကထက်သူ့လုပ်ငန်းတွေကိုတိုးချဲ့ရန်ကြိုးပမ်းနေပြီး Jasper ကတော့သူ့အဖေ Mr. Cinn ဆီမှ လုပ်ငန်းများကိုလက်ပြောင်းယူရတော့မည်ဖြစ်သည်။
Wine နှင့် Win လည်းသက်ဆိုင်ရာနေရာအသီးသီးမှာ စီးပွားရေးလုပ်ငန်းရှင်လေးများဖြစ်လာကြသည်။ Fah ကတော့ အနုပညာလောကရဲ့နတ်သမီးလေးတစ်ပါးဖြစ်လာသည်။ Sky Constitution Group ကို Jump ကဆက်ခံခဲ့ပြီး Ray ၏အဓိက စီးပွားရေး partner တစ်ယောက်ဖြစ်ခဲ့သည်။
ချင်းမိုင်မှာ အပန်းဖြေစခန်းတစ်ခု ဖွင့်ရန် ဆောက်လုပ်ရေးအတွက် Jump နှင့်တိုင်ပင်နေရသည်။ အလုပ်ကိစ္စတွေကြောင့် Ray နှင့် Jasper မှာအရင်ကလောက် တစ်ယောက်ကိုတစ်ယောက်အချိန်မပေးနိုင်ကြပေမယ့် ခဏခဏ သတိရကြောင်း ဖုန်းဆက် message ပို့တတ်သည်။
တစ်ခါတစ်လေ အရေးကြီးရင် အိမ်တောင်ပြန်မအိပ်နိုင်ကြပေ။
အတိုက်အခိုက်များလွန်းသည့်စီးပွားရေးလောကကြောင့် Jasper ကိုစောင့်ရှောက်ရန်လွှတ်ထားသည့် ကိုယ်ရံတော် ဆယ်ယောက်မှ ငါးယောက်ကို Ray အနားခေါ်ထားရသည်။
ရုံးခန်းထဲတွင် Jump နှင့်ချင်းမိုင် project အတွက်ဆွေးနွေးနေစဉ် Ray ၏ bodyguard P' Tin ဝင်လာလေသည်။
"သခင်လေး...ဟိုလေ..
Khun Jasper..."
"Jas ဘာဖြစ်လို့လဲ"
"Khun Jasper ကအခု Y Club ကိုရောက်နေပါတယ်..."
"Y Club?...
သူခုနကတောင်ဖုန်းဆက်သေးတယ် Company မှာပါတဲ့"
"အခုပဲ ကျွန်တော့်ဆီကို Pu ဖုန်းဆက်တာပါ...
Khun Jasper Y Club ကိုရောက်နေပြီး.....
Khun Lily နဲ့.............."
"Lily နဲ့ဘာဖြစ်လဲ?"
"အတူရှိနေပါတယ်"
တုန်ယင်လာသောလက်ကြောင့် စာရွက်စာတမ်းတွေကို စားပွဲပေါ်တင်လိုက်သည်။
ရှုပ်ထွေးသွားသောအတွေးများကို အတတ်နိုင်ဆုံးစိတ်ငြိမ်အောင်ထားပြီး ချုပ်ထိန်းလိုက်သည်။
Lily နိုင်ငံခြားကပြန်လာပြီးမှန်း Ray ကြားမိသည်။ဒါပေမယ့် Jas နဲ့အတူရှိနေတာတော့မဖြစ်နိုင်ပါဘူး.....
Jas သူ့ကို ဘယ်တော့မှ ဒီလိုလုပ်မှာမဟုတ်ဘူး.
"P' တို့ဒီနေ့နားလိုက်တော့"
"ဟုတ်ကဲ့ပါ သခင်လေး"
Bodyguard တွေအကုန်လုံးကို Ray ပြန်လွှတ်လိုက်သည်။
"Han...
သံသယတွေရှင်းသွားအောင် Y Club ကိုသွားကြည့်မလား"
Jump ၏အကြံပေးမှုကို Ray လက်ခံလိုက်သည်။
"ကိုယ့်ကားနဲ့ဘဲသွားမယ်လေ Han "
"အင်း...."
ငါယုံကြည်တယ် Jas....
Y Club မှာ မင်း Lily နဲ့ရှိနေတာမဟုတ်ဘူး...
ငါချစ်တဲ့မင်းက ငါ့အပေါ်သစ္စာဖောက်မှာမဟုတ်ဘူး...
Y Club ရှေ့တွင် Jump ကားလေးရပ်သွားပြီး Ray ကားပေါ်မှပင် parking ကိုမျက်လုံးကစားလိုက်ရာ သူ့ကားနှင့်ဆင်တူ Jas ၏ BMW ကိုတွေ့လိုက်ရသည်။
ကားနံပါတ်ကို Ray မကြည့်ရဲဘဲ ငြိမ်သက်နေမိသည်။ P' Pu ကိုအမြန်ဖုန်းခေါ်လိုက်သည်။
"Hello P' Pu.....
Jas.....Jas တကယ် Club ထဲမှာရှိနေတာလား"
"ရှိနေပါတယ် သခင်လေး.."
"Video ဖွင့်ပေးလို့ရမလား"
"ဟုတ်ကဲ့ ရပါတယ်"
Video ဖွင့်ပေးပြီး ဖုန်း camera ကိုတစ်နေရာလှည့်ကာ Zoom ဆွဲလိုက်သောကြောင့် Ray Jasper့ ကိုရှင်းရှင်းလင်းလင်းအနီးကပ်မြင်လိုက်ရသည်။
သူ့ယုံကြည်မှုတွေပျက်ဆီးသွားခဲ့ပြီ...
Lily နှုတ်ခမ်းတွေကို အငမ်းမရနမ်းရှိုက်နေသည့် Jasper ပုံရိပ်က phone screen ပေါ်တွင်လှုပ်ရှားနေသည်။ အတော်ကြာမှ နှစ်ယောက်လုံး ထိုင်နေသောဝိုင်းမှထသွားလေသည်။
P' Pu လည်း Video ကိုပြန်ပိတ်လိုက်သည်။
"သခင်လေး သူတို့နှစ်ယောက် Club အပြင်ဘက်ထွက်သွားပါပြီ"
"အင်း...ကျွန်တော်ဖုန်းချလိုက်ပြီ"
Lilyရဲ့ ခါးကိုဖက်ပြီး Club ထဲကထွက်လာသော Jasperဖုန်းနံပါတ်ကို Ray ခေါ်လိုက်သည်။ အမည်းရောင်ကားမှန်ကြောင့် ကားထဲမှ Ray ကို Jasper မမြင်နိုင်ပေ။
Jasper သူ့ဖုန်းဝင်လာတာမြင်တော့ Lily့ ကိုခဏပြောကာ ခပ်လှမ်းလှမ်းသွားပြီး ဖုန်းကိုင်လိုက်လေသည်။
"Hello babe...
ကိုယ့်ကိုလွမ်းနေပြန်ပြီလား.."
Jasper ၏အသံကိုကြားလိုက်တော့ Ray မျက်ရည်တွေကျလာသည်။
"အင်း....အရမ်းလွမ်းလို့ ဖုန်းဆက်လိုက်တာ
အခုဘာလုပ်နေလဲဟင်..."
Ray မျက်ရည်တွေကြားမှ အသံကိုထိန်းကာမေးလိုက်သည်။
"ကိုယ် company မှာ အသစ်ဝင်တဲ့ Car Model တွေစစ်နေတာလေ babe ရဲ့.."
ရှိုက်သံထွက်သွားမည်စိုး၍ ပါးစပ်ကို Ray လက်နှင့်ပိတ်ထားရသည်။
"ဟုတ်လား....
ညစာရော စားပြီးပြီလား"
"ညစာကအခုမှစားမလို့....
babe ကိုယ်ဒီည အိမ်ပြန်မလာနိုင်လောက်ဘူး
အလုပ်တွေအများကြီးကျန်နေလို့ company မှာပဲအိပ်ရတော့မှာ.."
"babe လည်း.....အင့်...
babe လည်း hotel မှာပဲအိပ်လိုက်တော့မယ်"
ရှိုက်သံသဲ့သဲ့က ထိန်းချုပ်မှုအောက်မှရုန်းထွက်သွားပြန်တော့ အောက်နှုတ်ခမ်းကို နာနာဖိကိုက်ချပြစ်လိုက်သည်။ Jasper ကတော့သူ့ရှိုက်သံကိုသတိမထားမိပေ။
"အဲ့တာဆို ဒါပဲနော် babe...
Good night...
love you so much.."
"အင်း...
Good night.."
Lilyရဲ့ခါးကိုဖက်ပြီး ကားတံခါးဖွင့်ပေးနေသည့် မြင်ကွင်းကိုကြည့်ရင်း Ray မျက်ရည်တွေ အထိန်း အကွပ်မဲ့စွာကျဆင်းနေသည်။
လုပ်ရက်လိုက်တာ.....
ငါ့ကိုအသံတစ်ချက်မတုန်ဘဲနဲ့ကို မင်းလိမ်သွားတာပဲ Jas....
ငိုနေသည့် Ray ကိုကြည့်ကာ Jump ကားစတီယာရင် ကိုသာဒေါသတကြီး ထုရိုက်လိုက်သည်။
"ငါဒီမှာပဲဆင်းတော့မယ် Jump"
ကားပေါ်မှဆင်းသွားသော Ray ကို Jump မတားနိုင်လိုက်။ Ray ၏ဖုန်းလေးကတော့ ကားပေါ်တွင်ကျန်နေခဲ့လေသည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
ဘယ်ကိုဦးတည်နေမှန်းမသိတဲ့ ခြေလှမ်းတွေနှင့် Ray တရွေ့ရွေ့လျှောက်နေသည်။
ရုတ်တရက်ရွာချသော မိုးစက်များကြောင့် တစ်ကိုယ်လုံးစိုရွှဲသွားရသည်။
မျက်ရည်တွေကို ဖုံးကွယ်ပေးတဲ့အတွက်
ကျေးဇူးပါ မိုးစက်တွေရေ.....
ခြေထောက်တွေကဆက်မလျှောက်နိုင်တော့ဘဲ ဒူးထောက်ကျသွားခဲ့သည်။
"အားးးးးးးးးး "
ခေါင်းမော့ကာ အသားကုန်အော်လိုက်ပြီး ပူလောင်မွန်းကြပ်နေသော ဘယ်ဘက်ရင်အုံကို ထုရိုက်နေမိသည်။
မင်းငါ့အပေါ်လုပ်ရက်လိုက်တာ Jas ရာ....
မင်းသိပ်ချစ်ပါတယ်ဆိုတဲ့ ငါ့ကိုမင်းသစ္စာဖောက်ရက်တယ်ကွာ.....
"Han"
သူ့ရှေ့ဒူးထောက်လိုက်ပြီး သူ့ကိုဖက်လာတဲ့ Jump ရဲ့ရင်ခွင်ထဲမှာ Ray အော်ဟစ်ငိုကြွေးနေမိသည်။
ရင်ခွင်ထဲမှ တုန်ယင်နေသည့် ချစ်ရသူလေး၏မျက်ရည်တွေက သူ့နှလုံးသားထဲစီးဝင်နေသလို နာကျင်လွန်းလှသည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
hotel ပြန်ရင်သူ့ပုံစံကို ဝန်ထမ်းတွေမြင်သွားလိမ့်မည်။ အိမ်လည်းမပြန်ချင်တာကြောင့် Jump အိမ်ကိုသာ Ray လိုက်လာခဲ့သည်။
တက္ကသိုလ် ဒုတိယနှစ်ရောက်ကတည်းက လွတ်လွတ်လပ်လပ်နေချင်သောကြောင့် Jump တစ်ယောက်တည်းခွဲနေသည့် အိမ်သို့ Ray ကိုခေါ်လာခဲ့သည်။
စိုရွဲနေသော Ray ကို သူ့ညအိပ်ဝတ်စုံတွေထဲမှ အသေးဆုံးတစ်စုံ ထုတ်ပေးလိုက်လေသည်။
Jump ပေးသောညဝတ်က Ray နဲ့ပင် အနည်းငယ်ပွနေသည်။
ဆံပင်တွေကိုခြောက်အောင်လုပ်ပြီး မှန်ထဲကကိုယ့်ကိုကိုယ်သေချာကြည့်လိုက်သည်။
မိုးမိပြီးငိုထားတဲ့အရှိန်ကြောင့် မျက်ဝန်းများပေါက်ထွက်မတတ်နီရဲကာဖေါင်းနေသည့်အပြင် နှာတံထိပ်လေးနီကာ မျက်နှာမှာလည်းမို့နေသည်။
📲🎶 phone ring.......
"Hello"
"သခင်လေး Khun Jasper က Khun Lily နဲ့အတူ hotel ထဲဝင်သွားတာအတော်ကြာပါပြီ"
"P' တို့ဆက်စောင့်မနေနဲ့တော့
သူတစ်ညလုံးပြန်ထွက်လာမှာမဟုတ်ဘူး"
သူဖုန်းပြောနေတာကို Jump ကခပ်လှမ်းလှမ်းမှ နားထောင်နေလေသည်။
"Han ကိုယ်ခေါက်ဆွဲပြုတ်ထားတယ်...."
"အင်း....ကျေးဇူးပဲ Jump"
ခေါက်ဆွဲပြုတ်စားပြီးတော့ မိုးမိထားသောကြောင့် သူ့ကို Jump ကဖျားမည်စိုးကာဆေးတိုက်လေသည်။
"Han ကုတင်ပေါ်မှာအိပ်လိုက်...
ကိုယ် sofa ပေါ်မှာပဲသွားအိပ်လိုက်မယ်"
"မင်းလည်းကုတင်ပေါ်မှာပဲအိပ်လေ Jump"
"ရပါတယ် ကိုယ် sofa ပေါ်မှာပဲအိပ်မယ်"
"အဲ့တာဆိုမင်းကုတင်ပေါ်အိပ်..
ငါ sofa ပေါ်သွားအိပ်မယ်"
သူတို့နှစ်ယောက်အတန်ကြာအောင် ဟိုနေရာသည်နေရာပြောပြီး နောက်ဆုံး နှစ်ယောက်လုံး ကုတင်ပေါ်မှာ အိပ်ကြသည်။
"Jas....အင့်.."
အိပ်ရင်းနဲ့တောင့် Jasper နာမည်ကိုတကာ စီးကျလာသည့်မျက်ရည်စတွေကို Jump အသာ သုတ်ဖယ်ပေးလိုက်သည်။
"အိမ်မက်ထဲမှာတောင် သူ့ကြောင့်ငိုနေရတာလား Han"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"babe!..."
သူ့ရုံးခန်းထဲတံခါးမခေါက်ဘဲ Jasper ဝင်လာကာ သူ့ကိုအနောက်မှဖက်ပြီးနမ်းတော့သည်။
"လွမ်းနေတာ"
"....."
"babe ရော ကိုယ့်ကိုအရမ်းလွမ်းနေတာမလား"
"Jas..."
"အင်း ပြောလေ babe"
"ငါ့ကို ချစ်လားဟင်"
"ချစ်တာပေါ့ babe ရဲ့
ကိုယ် babe ကိုဘယ်လောက်ချစ်လဲဆိုတာ babe သိတယ်မလား"
ဟုတ်တယ်...
Jas သူ့ကိုအရင်လိုချစ်သေးတယ်...
ဒါဆိုရင်လုံလောက်ပြီ....
"babe ကိုဘာလို့ first time ပြီးကတည်းကနောက်ထပ်မတောင်းဆိုတော့တာလဲဟင်"
"first time ကိုကိုယ်ရယူပြီးတော့ babe လမ်းမလျှောက်နိုင်ဘဲ သုံးရက်တောင်ဖျားသွားတယ်လေ....
ကိုယ့်ဆန္ဒကြောင့် babe ကိုထပ်ပြီးမနာကျင်စေချင်ဘူး..."
" အရမ်းလိုအပ်လာရင်ရော"
"ကိုယ့်ဘာသာဖြေရှင်းလိုက်မယ်...
babe ကိုကိုယ်ချစ်တယ်ဆိုတာကိုယုံကြည်တယ်မလား"
"အင်း.."
Ray လည်း first time ပြီးကတည်းက နောက်ထပ် Jasper တောင်းဆိုလာရင်တောင် မလိုက်လျောနိုင်ပေ။
Lily နဲ့ အိပ်တာဟာ sex လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ပဲ...
Lily ကို Jas ကမချစ်ဘူး...
ငါတစ်ယောက်တည်းကိုပဲ Jas ကချစ်တာ....
ငါ့ရဲ့နောက်ဆုံးအားထားယုံကြည်ရာကိုတော့ မင်းမဖျက်ဆီးလိုက်ပါနဲ့ Jas.......
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
📲📩 Ting..Ting....
Line message ဝင်သံကိုဆက်တိုက်ကြားနေရသောကြောင့် Ray နိုးလာကာ မျက်ဝန်းကိုအသာဖွင့်လိုက်သည်။
သူ့ကိုရင်ခွင်ထဲထည့်ပြီး အိပ်ပျော်နေသည်ထင်ကာ Lily နှင့် Line message အပြန်အလှန်ပို့နေသော Jasper။ Ray မျက်ဝန်းတွေကိုပြန်မှိတ်လိုက်ပြီး လက်သီးဆုပ်ကာ အံကြိတ်မိသည်။
တစ်ချက်တစ်ချက် Jasper ဆီကခပ်တိုးတိုးရယ်သံကိုကြားရသေးသည်။
ငါအဆင်ပြေတယ်....
Jas ကိုငါချစ်တဲ့အတွက် သည်းခံနိုင်ရမယ်....
ငါမဖြည့်ဆည်းပေးနိုင်တာကို တခြားမိန်းကလေးတစ်ယောက်ဆီက ရယူနေတဲ့သူ့ကိုငါလက်ခံနိုင်ရမယ်...
ငါ့ချစ်သူအပေါ်ငါနားလည်ပေးရမယ်...
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
""babe ကိုယ်ဒီညလည်းအိမ်ပြန်မလာနိုင်ဘူး""
တဖြည်းဖြည်း အိမ်ပြန်မအိပ်တဲ့ညတွေ ရက်ဆက်လာခဲ့သည်။ ဒီအကြောင်းတွေကိုမတွေးချင်တာမို့ Ray အလုပ်ကိုသာဖိလုပ်ခဲ့သည်။
📲🎶 phone ring.....
Unknown number...
Ray နှင့် Jump နှစ်ယောက်သား laptop တစ်လုံးစီနှင့် အလုပ်ရှုပ်နေချိန်တွင် unknown number တစ်ခုမှဖုန်းခေါ်ဆိုလာသည်။
Ray လက်မအားတာကြောင့် ဖုန်းကို speaker ဖွင့်ကာ လုပ်လက်စအလုပ်ကိုပြန်ဆက်လိုက်သည်။
"Hello"
"........"
"Hello"
ဖုန်းခေါ်ပြီး တစ်ဖက်ကဘာမှပြန်မပြောပေ။
"honey ကလည်းကွာ.....
အခုမှနေ့လည်ပဲရောက်သေးတာကို....
အရမ်းကဲတာပဲ"
Laptop ပေါ်တွင်ပြေးလွှားနေသော Ray လက်ချောင်းများရပ်တန့်သွားသည်။
Jump ကလည်း လုပ်လက်စတွေကို ရပ်ကာ saved လုပ်လိုက်သည်။
"ကိုယ် company ကအလုပ်တွေအကုန်လုံးကိုတောင်ပြစ်ပြီးလာခဲ့တာကို baby ကကိုယ့်ကိုမပြုစုချင်ဘူးပေါ့"
Ray လက်ချောင်းတွေတဖြည်းဖြည်းတုန်ယင်လာသည်။
"honey က baby ကိုချစ်လို့လား"
"ကိုယ်က ကိုယ့်ရဲ့ baby လေး Lily ကိုအရမ်းချစ်ပါတယ်ဗျာ"
"Ray နဲ့ baby နဲ့ဆို ဘယ်သူ့ကိုပိုချစ်လဲ"
"သေချာပေါက် baby ပေါ့
baby ကသာ ကိုယ့်အချစ်ဆုံးပဲ"
"honey ယားတယ်ကွာ....
အရမ်းဆိုးတာပဲ"
Lily ရဲ့တခိခိ ရယ်သံတွေရပ်တန့်သွားကာ ညည်းညူသံများထွက်ပေါ်လာသည်။
ဆက်ပြီး နားမထောင်နိုင်တော့တာကြောင့် Ray call ended လုပ်လိုက်သည်။
"Han"
"ခဏနားကြရအောင် Jump"
"အဆင်ပြေရဲ့လား"
"ငါတစ်ယောက်တည်းနေချင်တယ် Jump"
Jump နားလည်စွာပင် ရုံးခန်းထဲမှထွက်သွားပေးလေသည်။
"P' Tin.....
Han ကိုသေချာစောင့်ကြည့်ထားပေးပါ...
သူ့ကိုယ်သူ ထိခိုက်စေမှာ ကျွန်တော်စိုးရိမ်တယ်"
Jump ,Ray ၏ bodyguard တွေကိုသေချာမှာကြားကာ ထွက်လာခဲ့သည်။
"Hello Wine...
ငါတို့တွေ့ကြရအောင်....
Jasper ဖောက်ပြန်နေပြီ"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
Jump အဖြစ်အပျက်အားလုံးကို Wine နှင့် Fah အားပြောပြလိုက်သည်။
"ငါ Lily နဲ့သွားရှင်းမယ်"
"မဖြစ်ဘူး Wine...
ငါတို့အဲ့လိုလုပ်လိုက်ရင် အနာကျင်ရဆုံးက
Han ပဲဖြစ်လိမ့်မယ်"
"အခုလည်း ကိုကို နာကျင်နေရပြီလေ Jump
ငါတို့ဘယ်လိုလုပ်ကြမလဲ"
"Jasper ပြောင်းလဲသွားပြီလို့ငါထင်ခဲ့မိတာ
သူကိုကို့ ကိုတကယ်ချစ်တယ်ထင်လို့ ငါကူညီပေးခဲ့တာ..."
"အခုအချိန်မှာ ငါတို့ Han ကိုမျက်စိအောက်ကအပျောက်ခံလို့မဖြစ်ဘူး...
သူ့အနားမှာရှိပေးဖို့လိုတယ်"
hotel ရဲ့ရေကူးကန်မှာ Ray ရေကူးနေပြီး bodyguard များကရေကူးကန်နံဘေးတွင် ရှိနေသည်။
အဆုပ်ထဲကို လေရှုသွင်းလိုက်ပြီး ရေကူးကန်အောက်ခြေတွင် Ray ငြိမ်သက်နေသည်။
စက္ကန့်တွေကြာလာသည်နှင့်အမျှ oxygen လိုအပ်မှုကြောင့် မွန်းကြပ်လာပေမယ့် Ray လှုပ်ရှားမှုမရှိပေ။
ရေပေါ်ပြန်မပေါ်လာသော Ray ကြောင့် bodyguard များလှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။
P' Tin ကအပေါ်ထပ် coat အင်္ကျီကိုချွတ်ကာ ရေကူးကန်ထဲခုန်ဆင်းတော့သည်။
ရေကူးကန်အခြေတွင် လှဲလျောင်းနေသော Ray ကိုယ်ကိုဆွဲကာ အပေါ်အမြန်ကူးတက်ရသည်။
ရေကူးကန်နားတွင်ရုတ်ရုတ်သဲသြဲဖစ်နေတာကြောင့် Jump ထိုနေရာကိုအလန့်တကြားပြေးလာလေသည်။
P' Tin CPR လုပ်ပေးနေသော Han ကိုတွေ့လိုက်ရာ Jump ခြေထောက်တွေ ခွေကျမလိုဖြစ်သွားသည်။
"P' Tin ဖယ် ကျွန်တော်လုပ်မယ်"
နှာခေါင်းလေးကို လက်နှင့်ပိတ်ပြီး နှုတ်ခမ်းချင်းတေ့ကာ လေမှုတ်သွင်းလိုက်သည်။
"Han!!! နိုးလာပါတော့ကွာ...."
Ray ရင်ဘက်ကိုလက်နှင့်ဖိလိုက် လေမှုတ်သွင်းလိုက်နှင့် Jump မျက်ရည်တွေစီးကျလာသည်။
Han သာတစ်ခုခုဖြစ်ရင် မင်းကိုငါ့လက်နဲ့ကိုယ်တိုင်သတ်ပစ်မယ် Jasper...
"အဟွတ်......အဟွတ်"
"Han.....Han"
ရေတွေအန်ထုတ်ပြီး Ray မျက်လုံးပွင့်လာကာ နှုတ်ခမ်းတွေတွန့်ကွေးပြီး ရယ်လေသည်။
Ray ၏အပြုမူကြောင့် Jump နှင့် bodyguard များသာမက ဝန်ထမ်းများပါအံ့ဩကုန်သည်။
မျက်နှာကိုလက်နှင့်အုပ်ကာ ရယ်နေသည့် Ray ကို Jump တဘက်နှင့်ပတ်ကာ ပွေ့ချီသွားလိုက်သည်။
တစ်ကိုယ်လုံးတုန်ယင်နေသော Ray ကိုတခြားသူတွေကတော့ ရယ်နေတယ်ပဲထင်လိမ့်မယ်။ တကယ်တော့ Ray ငိုနေတယ်ဆိုတာကို Jump သိသည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"P' Ray....
ဘယ်လိုလဲ...Lily ကိုမေ့နေပြီလား"
"မင်းဘာကိစ္စရှိလို့ ငါ့ဆီဖုန်းဆက်တာလဲ Lily"
"ကိစ္စရှိမှဆက်ရမှာလား P' ကလည်း....
Lily ပြောခဲ့တဲ့စကားကို မေ့နေမှာစိုးလို့
ပြန်ပြောပြမလို့...
စောင့်ကြည့်နေလိုက် နင်တို့နှစ်ယောက်ဘယ်တော့မှ မပျော်စေရဘူး....
နင့်နှလုံးသားကို စုတ်ပြတ်သတ်သွားအောင် ငါလုပ်ပြမယ်.."
ရယ်သံတွေနှင့် Lily ဖုန်းချသွားတော့ စားပွဲပေါ်မှ အလှပန်းအိုးကို နံရံနှင့် ပြစ်ခွဲလိုက်သည်။
"သခင်လေး!!!"
P' Tin နှင့် အခြား bodyguard တွေအလန့်တကြားဝင်လာကြသည်။
"သခင်လေး ပါးမှာ သွေးထွက်နေတယ်"
ပန်းအိုးမှ အပိုင်းအစလေးတစ်ခုက သူ့ပါးကို ရှက်ထိသွားသောကြောင့် သွေးအနည်းငယ်ထွက်လာသည်။
"hak....."
ဆူးအောင့်နေသော နှလုံးသားကို ဦးပေက္ခာပြုကာ လှောင်ရယ်ပြီး ပါးပေါ်မှ သွေးစတွေကိုဖိသုတ်ပြစ်လိုက်သည်။
နာစမ်း....ငါ့နှလုံးသားလေးရေ..
မင်းဘယ်လောက်ပဲနာနာ...
ငါချစ်တဲ့ Jas ကိုတော့...
စွန့်လွှတ်မှာမဟုတ်ဘူး
သူငါ့ကိုချစ်တယ်လို့ ငါယုံကြည်တယ်
ငါ့ရဲ့နောက်ဆုံး မျှော်လင့်ချက်လေးပါ...
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
အချစ်ကငါ့ကို
သေစေနိုင်မှန်းသိပေမယ့်
ဒီသေစေနိုင်တဲ့အချစ်ကို
ငါမစွန့်လွှတ်နိုင်သေးဘူး
Ray Han
(AN: drama ချိုးတယ်လို့ ထင်ချင်လည်း ထင်ကြပါတော့....
တကယ့်အပြောင်းအလဲ အကွေ့အကောက်တွေ လာတော့မှာပါ
Mature content မို့လို့ အရင်အပိုင်းတုန်းက warning မပေးခဲ့တာပါ.....)
******************************
Zawgyi
အတိုက်အခိုက်များလွန်းသည့်စီးပွားရေးလောကကြောင့် Jasper့ ကိုစောင့်ရှောက်ရန်လွှတ်ထားသည့် ကိုယ်ရံတော် ဆယ်ယောက်မှ ငါးယောက်ကို Ray အနားခေါ်ထားရသည်။
"သခင်လေး...ဟိုလေ..
Khun Jasper..."
"Jas ဘာဖြစ်လို့လဲ"
"Y Club?...
Khun Lily နဲ့.............."
"Lily နဲ့ဘာဖြစ်လဲ?"
"အတူရှိနေပါတယ်"
"ဟုတ်ကဲ့ပါ သခင်လေး"
"Han...
"အင်း...."
ငါယုံကြည်တယ် Jas....
"Hello P' Pu.....
"ရှိနေပါတယ် သခင်လေး.."
"ဟုတ်ကဲ့ ရပါတယ်"
"Hello babe...
Jasper့ အသံကိုကြားလိုက်တော့ Ray မျက်ရည်တွေကျလာသည်။
အခုဘာလုပ်နေလဲဟင်..."
"ဟုတ်လား....
ညစာရော စားပြီးပြီလား"
"ညစာကအခုမှစားမလို့....
"babe လည်း.....အင့်...
Good night...
love you so much.."
"အင်း...
Good night.."
Lily့ ခါးကိုဖက်ပြီး ကားတံခါးဖွင့်ပေးနေသည့် မြင်ကွင်းကိုကြည့်ရင်း Ray မျက်ရည်တွေ အထိန်း အကွပ်မဲ့စွာကျဆင်းနေသည်။
လုပ်ရက်လိုက်တာ.....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"အားးးးးးးးးး "
"Han"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
📲🎶 phone ring.......
"Hello"
"အင်း....ကျေးဇူးပဲ Jump"
"Jas....အင့်.."
အိပ်ရင်းနဲ့တောင့် Jasper့ နာမည်ကိုတကာ စီးကျလာသည့်မျက်ရည်စတွေကို Jump အသာ သုတ်ဖယ်ပေးလိုက်သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"babe!..."
"လွမ်းနေတာ"
"....."
"Jas..."
"အင်း ပြောလေ babe"
"ငါ့ကို ချစ်လားဟင်"
"ချစ်တာပေါ့ babe ရဲ့
ဟုတ်တယ်...
ဒါဆိုရင်လုံလောက်ပြီ....
" အရမ်းလိုအပ်လာရင်ရော"
"အင်း.."
Lily ကို Jas ကမချစ်ဘူး...
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
📲📩 Ting..Ting....
တစ်ချက်တစ်ချက် Jasper့ ဆီကခပ်တိုးတိုးရယ်သံကိုကြားရသေးသည်။
ငါအဆင်ပြေတယ်....
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
📲🎶 phone ring.....
Unknown number...
"Hello"
"........"
"Hello"
"honey ကလည်းကွာ.....
အရမ်းကဲတာပဲ"
"honey က baby့ ကိုချစ်လို့လား"
"ကိုယ်က ကိုယ့်ရဲ့ baby လေး Lily့  ကိုအရမ်းချစ်ပါတယ်ဗျာ"
"သေချာပေါက် baby ပေါ့
"honey ယားတယ်ကွာ....
အရမ်းဆိုးတာပဲ"
"Han"
"ခဏနားကြရအောင် Jump"
"အဆင်ပြေရဲ့လား"
"P' Tin.....
Han့  ကိုသေချာစောင့်ကြည့်ထားပေးပါ...
"Hello Wine...
ငါတို့တွေ့ကြရအောင်....
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"မဖြစ်ဘူး Wine...
Han ပဲဖြစ်လိမ့်မယ်"
"အခုအချိန်မှာ ငါတို့ Han့ ကိုမျက်စိအောက်ကအပျောက်ခံလို့မဖြစ်ဘူး...
P' Tin CPR လုပ်ပေးနေသော Han့ ကိုတွေ့လိုက်ရာ Jump ခြေထောက်တွေ ခွေကျမလိုဖြစ်သွားသည်။
Han့ နှာခေါင်းလေးကို လက်နှင့်ပိတ်ပြီး နှုတ်ခမ်းချင်းတေ့ကာ လေမှုတ်သွင်းလိုက်သည်။
"Han!!! နိုးလာပါတော့ကွာ...."
"အဟွတ်......အဟွတ်"
"Han.....Han"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"P' Ray....
ဘယ်လိုလဲ...Lily့  ကိုမေ့နေပြီလား"
ပြန်ပြောပြမလို့...
"သခင်လေး!!!"
"hak....."
မင်းဘယ်လောက်ပဲနာနာ...
ငါချစ်တဲ့ Jas ကိုတော့...
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
အချစ်ကငါ့ကို
Ray Han
Bạn đang đọc truyện trên: Truyen247.Pro