Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥
Part-35 ( first masturbate)
Unicode
ဟိုငါးကောင်စာမေးပွဲပြီးသွားပြီဖြစ်သောကြောင့် ခရီးထွက်ရန်လိုအပ်သည်များကို Ray ပြင်ဆင်နေသည်။
မကြာခင်ကျရောက်မည့် Ray ၏အသက်နှစ်ဆယ်ပြည့်မွေးနေ့ကို ခရီးကပြန်လာမှပြင်ဦးလွင်တွင်မိသားစုနှင့်အတူ ဖြတ်သန်းမည်ဖြစ်သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
မိုးတိမ်ကလည်း Ray လို sport ကားတစ်စီးကိုဝယ်ယူထားလေသည်။ မိုးတိမ်ကားက အပြာရောင်ဖြစ်ပြီး Ray ကားကအနီရောင်ဖြစ်သည်။
Ray ကားပေါ်တွင် Jasper နှင့် သူဇာနွယ်ပါပြီး မိုးတိမ်နှင့် ကျန်သုံးကောင်ကတစ်စီးဖြစ်သည်။
နေပူပြီး ဖုန်တွေကြောင့် ကားအမိုးမဖွင့်ဘဲ မှန်တွေပါအကုန်ချထားကြသည်။
ကားမောင်းနေသော Ray ကို Jasper ကရေတိုက်လိုက် မုန့်ခွံ့ကျွေးလိုက်နှင့်အလုပ်ရှုပ်နေပြီး ဘေးတိုက်အနေအထားမှ Ray ပါးကိုနမ်းရတာလဲအမောပင်။
Jasper ကကဲသောကြောင့် အနောက်မှ သူဇာနွယ်ကသူတို့ကိုကြည့်ပြီးထထအော်ကာ ကားထဲတွင်တကယ်ကိုဆူညံလှသည်။
ငါးနာရီကျော်ကျော်မောင်းလာခဲ့ပြီးသည့်နောက်တော့ ပုပ္ပါးသို့သူတို့ရောက်ရှိခဲ့လေသည်။
ရောက်ရောက်ချင်း Popa Moutain Resort Hotel တွင် နားကာ ညနေပိုင်းလောက်မှ တောင်ကလပ်သို့တက်ကြလေသည်။
သူတို့လို သက်လုံကောင်းသောလူငယ်များပင် တောင်ကလပ်ကို ဖြည်းဖြည်းချင်းနားနားတက်ရလေသည်။
Jasper ကတော့ မျောက်စာတွေအများကြီးဝယ်ကာ မျောက်တွေနှင့် ချစ်ကြည်ရေးရနေသည်။
တက်တုန်းကမောပေမယ့် အပေါ်ဆုံးရောက်တော့မြင်ရသည့် ရှုခင်းများကြောင့် အမောပြေသွားရသည်။
ဆေးကျောက်ပြင်ကြီးပေါ်မှ သနပ်ခါးတုံးများကိုသွေးကာ တစ်ဖွဲ့လုံးမျက်နှာအနှံ့လိမ်းပြီး ပြန်ဆင်းလာကြသည်။
မျက်ခုံးမွှေးတွေပာအကုန်ဖုံးပြီး မျက်လုံးလေးသာမြင်ရအောင်လိမ်းထားသည့် သနက်ခါးအပြည့်နှင့် သူတို့ရုပ်တွေကြောင့် အဆင်းတစ်လျှောက် ဘုရားဖူးဧည့်သည်များကပြုံးစိစိနှင့် ရယ်တဲ့သူကရယ်ကြပြီး မျောက်တွေကလည်းအသံပေါင်းစုံအော်ဟစ်နေကြလေသည်။
သူတို့ 7 ယောက်ကတော့ ရုပ်တည်ကြီးတွေနှင့်တစ်ချက်တောင်မပြုံးဘဲ ကားတွေနားရောက်မှ အားရပါးရအော်ရယ်ကြလေသည်။
ပေါပြီဆိုရင်လည်း ဆေးမတိုးအောင်ပောကြသည့် သူတို့အဖွဲ့နှင့်အတူ လိုက်ပေါရသည်ကို Jasper သဘောကျနေသည်။
Hotel အပြန်ကားပေါ်တွင်လည်း သူ့ပါးကို Jasper အားရပါးရနမ်းနေသည်။ သနက်ခါးနံ့လေးကိုသဘောကျလို့တဲ့။ Hotel ပြန်ရောက်တော့ Ray မျက်နှာတစ်ခြမ်းသာ သနက်ခါးကျန်တော့လေသည်။
သူဇာနွယ်ကမိန်းကလေးမို့လို့ တစ်ခန်းသက်သက်နေစေပြီး သူတို့ကတော့နှစ်ယောက်တစ်ခန်းနေလေသည်။
အခန်းထဲပြန်ရောက်တော့ ကျန်မျက်နှာတစ်ခြမ်းသနက်ခါးတွေကို Jasper ကတရှုံ့ရှုံ့နမ်းပြန်သည်။
"babe ပါးပေါ်မှာမို့လို့ သနက်ခါးကပိုမွှေးနေတာ"
ဟုပြောပြန်တော့ Ray ကြည်နူးစွာ ပြုံးမိသည်။
ညဘက်သစ်ပင်လေတိုးသံများနှင့်အတူ စကားဝါပန်းရနံ့သင်းသင်းကိုခံစားရင်း ချစ်ရသူ၏ ရင်ခွင်ထဲမှာ နွေးထွေးလုံခြုံစွာ Ray အိပ်စက်ခဲ့လေသည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
နောက်တစ်နေ့ရောက်တော့ ပုပ္ပါးမှ ပုဂံ သို့သူတို့ခရီးဆက်ခဲ့ကြသည်။
ပူပြင်းလွန်းခြင်းမဟုတ်ဘဲ နေရောင်ခပ်နွေးနွေးကြောင့် ကျယ်ပြန့်သောလမ်းမထက်တွင် သူတို့ကားအမိုးတွေကိုဖွင့်လိုက်ကာ အစိမ်းရောင်ကွင်းပြင်များကိုဖြတ်သန်းတိုက်ခတ်လာသည့် လေကိုရှုရှိုက်လိုက်ကြသည်။
သီချင်းတွေကိုအသံကုန်ဖွင့်ပြီး အတူအော်ဆိုကာ ရယ်မောကြသည်။
လေထဲတွင် လူးလွန့်နေသော သူ့ဆံနွယ်တို့ကို Jasper ကိုင်ပြီး သူ့ပါးပြင်ကို အချိန်အတော်ကြာ တဝကြီးနမ်းရှိုက်လာရာ လေးထောင့်သာမက ဟိုဘက်ကားမှကောင်တွေပါ အသံကုန်အော်ကြလေသည်။
အစကတည်းကတိုင်ပင်ထားသည့်အတိုင်း ထန်းတောတစ်ခုသို့ဝင်ကြသေးသည်။
ပုဂံသွားရင် ထန်းရည်တော့သောက်ရမှာပေါ့ မဟုတ်ဘူးလား.....
အမြည်းအစုံနှင့် ထန်းရည်ကို Jasper ကအရသာတွေ့နေသည်။ လာချပေးထားသည့် ဒေသထွက် ဇီးထန်းလျှက်နှင့် အခြားထန်းလျှက်များကိုလည်း စားကြည့်ပြီး သဘောကျကာ ဝယ်လာလေသည်။
ထန်းရည်ကို bangkok သယ်သွားလို့ရရင်ကောင်းမယ်ဆိုပြီး Jasper တွေးမိလေသည်။
Ray နှင့် မိုးတိမ်က ကားမောင်းရမည်ဖြစ်သောကြောင့် နည်းနည်းသာသောက်ပြီး Jasper နှင့်တခြားကောင်တွေကတော့ အတော်တွယ်ကြလေသည်။
ထန်းရည်ရဲ့သဘာဝကလေတိုက်တိုင်းမူးတာဖြစ်သောကြောင့် အမိုးဖွင့်ထားသည့် ကားနှစ်စီးပေါ်တွင် လေတဖြူးဖြူးနှင့် မောင်းနှင်သူနှစ်ယောက်မှလွဲ၍ ကျန်လူများတစ်ယောက်မှခေါင်းမထောင်နိုင်ကြတော့ပေ။
ဗူးဘုရားအနီး Old Bagan မှာရှိတဲ့ Aye Yar View Resort တွင်သူတို့တည်းခိုကြသည်။ ထန်းရည်အရှိန်ကြောင့် hotel ရောက်ရောက်ချင်းသိုးနေအောင်အိပ်ကြသည်။
ညနေစောင်းမှ ဧရာဝတီမြစ်နှင့် ပုဂံ၏ဆည်းဆာကိုတမေ့တမောစောင့်ကြည့်ကြသည်။ Dinnar စားပြီး မြစ်ကမ်းဘေးထိုင်ကာ မိုးတိမ်ယူလာသည့် guitar နှင့်အဖွဲ့လိုက်သီချင်းဆိုကြသည်။
အားလုံး ကိုယ့်အခန်းကိုယ်ပြန်လာပြီး Ray နှင့် Jasper လည်းအိပ်တော့မည်အပြု သူတို့အခန်းတံခါးခေါက်သံကြားလေသည်။
"ဘယ်သူလဲ"
"လင်းခ ငါပါ မိုးတိမ်"
Ray တံခါးသွားဖွင့်ပေးလိုက်တော့ မိုးတိမ်က ခေါင်းအုံးတစ်လုံးပိုက်ကာ အခန်းထဲဝင်လာလေသည်။
ပြီးတော့ ဘာမပြောညာမပြော ခပ်တည်တည်နှင့် ကုတင်ပေါ်တက်အိပ်တော့သည်။
"သူကဘာလာလုပ်တာလဲ babe"
"မသိဘူး.....
မိုးတိမ် မင်းအခန်းမင်းပြန်လေ..."
"မပြန်ချင်ဘူး မင်းနဲ့အတူအိပ်ချင်လို့"
"ကိုယ့်အခန်းကိုယ်သွားအိပ်ပါ မိုးတိမ်ရာ"
"လင်းခ မင်းအရင်တုန်းကလည်း ငါနဲ့အတူအိပ်နေကျပဲလေ "
"အဲ့တာက အရင်တုန်းကလေ"
"ဒီတစ်ညပါပဲကွာ ငါမင်းနဲ့အတူမအိပ်ရတာကြာလှပြီ"
သူတို့နှစ်ယောက်ကို Jasper က မျက်ခုံးများတွန့်ချိုးပြီးကြည့်နေသည်။
"ပြီးရော ဒီတစ်ညဘဲနော်မိုးတိမ်"
"အင်း"
"Jas မိုးတိမ်က ဒီတစ်ည babe တို့နဲ့အတူအိပ်မှာ"
"ဘာလို့လဲ...
Hey !!...."
"What!"
ကုတင်ပေါ်တွင်သူနှင့်မလှမ်းမကမ်းမှ လှဲအိပ်နေသည့် မိုးတိမ်ကို Jas ခြေထောက်နှင့် ထကန်ပစ်ချင်သည်။
"Get out man!!"
မိုးတိမ်က Jasper အော်သည်ကိုဂရုပင်မစိုက် ကြားသည်တောင်မထင်။
"လင်းခ ဘာရပ်လုပ်နေတာလဲ ဒီမှာလာအိပ်လေ"
Ray မိုးတိမ်နှင့် Jasper ကြားဝင်လှဲလိုက်သည်နှင့် Jasper ကသူ့ကိုယ်လေးကိုဆွဲဖက်ကာရင်ခွင်ထဲသွင်းလိုက်သည်။ မိုးတိမ်ကလည်း Ray ကိုယ်လေးကိုပြန်ဆွဲယူလေသည်။ နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ဝါးစားမတတ်စိုက်ကြည့်နေပြီး Ray ကိုဟိုဘက်သည်ဘက်ဆွဲနေကြသည်။
"Stop! ငါ့ကိုလွှတ် မိုးတိမ်..
Jasper လည်းလွှတ်
တစ်ယောက်မှငါ့အသားလာမထိနဲ့.."
Ray ၏တစ်ချက်လွှတ်အမိန့်တော်ကြောင့် နှစ်ကောင်လုံးငြိမ်သွားလေသည်။
ကုတင်ဘေးမှ မီးအိမ်လေးများကိုပိတ်လိုက်ချိန်တွင်တော့ Jasper စလှုပ်ရှားပြီဖြစ်သည်။
ပက်လက်အနေအထားအိပ်နေသော Ray ကိုယ်လေးကိုသူ့ဘက်လှည့်စေပြီး နှုတ်ခမ်းတွေကိုစုပ်နမ်းတော့သည်။
ဘေးတွင်မိုးတိမ်ရှိသောကြောင့် Jasper၏ ရင်ဘက်ကိုအသာတွန်းတော့ Jasper လျှာဖျားက Ray ခံတွင်းထဲသို့နယ်ကျွံလာပြီဖြစ်သည်။
အသက်ရှုကြပ်သည်အထိ အချိန်အတော်ကြာနမ်းပြီးမှ Jasper အနမ်းတွေကိုရုတ်သိမ်းကာ စိုစွတ်နေသော Ray နှုတ်ခမ်းရဲရဲကို လက်မလေးနှင့် ပွတ်သပ်လိုက်သည်။
"Goodnight babe "
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
မနက်ခင်းနေရောင်ခြည်က အခန်းထဲတွင်ဖြာကျနေပြီး ကုတင်ပေါ်မှ ကောင်လေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ရုံသာမက ခွတောင်ထားကြသေးသည်။
မျက်စိမဖွင့်ပဲတစ်ယောက်မျက်နှာ တစ်ယောက်ပွတ်ရင်းပါးစပ်ကလည်းပွစိပွစိနှင့်....
"babe...."
"လင်းခ...."
Ray ရေချိုးခန်းထဲမှထွက်လာလာခြင်း ကုတင်ပေါ်မှ တစ်ယောက်ကိုတစ်ယောက်ခွထားသည့်နှစ်ကောင်ကို အသာလေးဖုန်းယူပြီးဓာတ်ပုံရိုက်လိုက်သည်။
Ray အထင်နှင့် တစ်ယောက်မျက်နှာတစ်ယောက်ပွတ်နေကြသည် ကိုကြည့်ပြီး Ray မအောင့်နိုင်တော့ဘဲ အော်ရယ်မိသည်။
သူ့ရယ်သံကြောင့် နှစ်ယောက်သားမျက်လုံးပွင့်လာပြီး တစ်ယောက်ကိုတစ်ယောက်ပြူးပြဲကြည့်ကာ အသားကုန်အော်ကြတော့သည်။
"အားးးးးးး!!"
အော်ပြီးရုတ်တရက် Jasper ကကုတင်ပေါ်မှ ဆင်းလာပြီး သူ့ရှေ့ရောက်လာသည်။
သူဝတ်ထားသည့် ရင်ဘက်ခပ်ဟဟ bathrobe ကို အတင်းဆွဲစိနေသည်။
"ဘာလို့ ဒီလောက်တိုတဲ့ bathrobe ကိုဝတ်ထားတာလဲ....
babe ခန္ဓာကိုယ်ကို တခြားသူတွေမြင်ကုန်မှာပေါ့....
ကိုယ်နဲ့နှစ်ယောက်တည်းရှိရင် အဝတ်မဝတ်ထားလဲရတယ် တခြားသူတွေရှိရင် လုံလုံခြုံခြုံဝတ်"
ရေစိုနေသော သူ့ဆံပင်တွေကို သုတ်ပေးရင်း နဖူးပြင်ကိုခပ်ဖွဖွနမ်းလေသည်။
"Morning babe "
"ငါ.. ..ငါ့အခန်းကိုပြန်တော့မယ်နော် လင်းခ"
"ေဩာ်..အင်း"
မိုးတိမ်ရှိလို့ နဖူးသာနမ်းသည့် Jasper က အခန်းထဲမှမိုးတိမ်ထွက်သွားသည်နှင့် Ray ကိုစွေ့ခနဲမကာ ကုတင်ပေါ်တင်ပြီး စိတ်ကြိုက်နမ်းတော့သည်။
bathrobe ကိုတစ်ဖက်သို့ဆွဲကာ ပေါ်လာသည့် ပခုံးသားဖွေးဖွေးများ ညှပ်ရိုးနှင့် ရင်ဘက်ကိုအားရအောင်နမ်းပြီးမှ Jasper ရေချိုးခန်းထဲဝင်သွားလေသည်။
Ray ခန္ဓာကိုယ်ကိုထိတွေ့ပြီးတိုင်း ဖြစ်ပေါ်လာသည့် ရမ္မက်စိတ်ကို Jasper ရေပန်းအောက်တွင် တစ်ကိုယ်ရေအာသာဖြေခြင်းဖြင့် ဖြေသိမ့်လိုက်သည်။ သူ့ရဲ့ညည်းသံတွေကို အပြင်မှ Ray ကြားရင် သူဘယ်လောက်တောင်လိုအပ်နေမှန်းသိနိုင်မှာပါ။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
ပုဂံမှာ 5 ရက်အေးအေးဆေးဆေး ဘုရားစုံအောင်ဖူးပြီးမှ သူတို့ပြန်လာခဲ့ကြသည်။ ပြင်ဦးလွင်ကိုချက်ချင်းပြန်မတက်ဘဲ Mandalay မှာရက်အနည်းငယ်နေလိုက်သေးသည်။
မရောက်တာကြာပြီဖြစ်တဲ့ မန ္တလေးကျုံးထဲတွင် စက်ဘီးငှါးကာ စက်ဘီးပတ်စီးကြသည်။ နေ့တိုင်းညဈေးတန်းသွားကာ အဖွဲ့လိုက်သောင်းကျန်းကြသည်။
SP တွင်မှာထားသည့် သူ့ birthday cake ကိုယူကာ မနက်စောစော တစ်ဖွဲ့လုံးပြင်ဦးလွင်သို့တက်ခဲ့ကြတော့သည်။ ဖွားကတော့ နေ့လည်ပိုင်းလောက်မှတက်လာမည်ဖြစ်သည်။
ခြံထဲကိုပြန်ရောက်တော့ ညမှာလုပ်မည့် သူ့မွေးနေ့အတွက် အားလုံးပြင်ဆင်နေကြသည်။ မိုးတိမ်တို့အတွက်တော့ လာတိုင်းတည်းနေကျ ဧည့်သည်ဆောင်တွင်အခန်းများပြင်ပေးထားလေသည်။
အေးမြသော ပြင်ဦးလွင်ညတွင် မီးပုံအကြီးကြီး ဖိုကာ သူ့မွေးနေ့ကိုကျင်းပလေသည်။
တခြားဧည့်သည်များဖိတ်ကြားထားခြင်းမရှိဘဲ မိသားစု သူငယ်ချင်းများနှင့် ခြံထဲမှအလုပ်သမားများသာရှိသည်။
BBQ နှင့် ခြံထွက် ဝိုင်များကိုစိတ်ကြိုက် သောက်စားခွင့်ပြုထားလေသည်။
" 🎶 Happy birthday to you...
Happy birthday to you...
Happy birthday...
Happy birthday...
Happy birthday.. Ray Han 🎶"
လက်ခုပ်သံများအဆုံး Ray ဆုတောင်းကာ ဖယောင်းတိုင်မှုတ်လိုက်သည်။
"Happy 20th birthday ပါ လင်းခ"
"အင်း.."
မပြောင်းလဲသေးသောအမူအကျင့်အတိုင်း Ray ပါးတစ်ဖက်ကို မိုးတိမ်နမ်းလိုက်လေသည်။
ငယ်ငယ်ကတည်းက သူမွေးနေ့လုပ်တိုင်း မိုးတိမ်ကနမ်းနေကြဖြစ်သောကြောင့် အားလုံးအတွက်မထူးဆန်းသော်လည်း Jasper ကတော့ အံကြိတ်နေပြီဖြစ်သည်။
မိုးတိမ်က သူ့ကိုငယ်ငယ်ကတည်းက ဒီလိုနမ်းသည့်အကြောင်းကို လေးထောင့်က Jasper အားသွားပြောလိုက်ရာ ဝိုင်တွေတစ်ခွက်ပြီးတစ်ခွက်သောက်ပြီး သူ့ကိုမျက်ထောင့်နီကြီးနှင့်ကြည့်နေသည်။
သွားပြီ...ငါတော့သေပြီ....
ညသန်းခေါင်လောက် Ray အခန်းထြဲပန်ရောက်သည်နှင့် Jasper ကသူ့ကိုနံရံနှင့်ကပ်ကာ အတင်းနမ်းတော့သည်။
Jasper သောက်ထားသည့် ပြင်းရှရှဝိုင်အရသာကို ရစ်ပတ်နေသည့် လျှာဖျားမှခံစားနေရသည်။
သူ့တစ်ကိုယ်လုံးကိုပွတ်သပ်နေရာမှ သူ့အင်္ကျီကိုဆွဲချွတ်ပြီး လည်တိုင်နှင့် ပုခုံးတွေကိုပြင်းပြစွာစုပ်ယူနေသည်။
သူ့ဘောင်းဘီထဲလက်တွေလျှိုဝင်လာချိန်မှာတော့ Ray အမြန် Jasper ရဲ့လက်ကိုတားဆီးလိုက်သည်။
"ဟင့်အင်း Jas မလုပ်နဲ့...အ.."
တားဆီးနေသည့် သူ့ကို Jasper ဂရုမစိုက်ဘဲ boxer အောက်မှ သူ့အငယ်ကောင်ကိုညစ်ချလိုက်သည်။
သူ့ဘဝရဲ့ပထမဆုံးအကြိမ် ပြီးမြောက်ခြင်းကို Jasper လက်မှရယူသွားခဲ့သည်။
ပျော့ခွေသွားသော သူ့ကိုယ်လေးကို Jasper ကထိန်းဖက်ထားပြီး သူ့တင်ပါးတွေကို လာဆုပ်ကိုင်ချိန်မှာတော့ Jasper ကို Ray တွန်းထုတ်လိုက်သည်။
"တော်တော့ Jas..."
Ray ရေချိုးခန်းထဲသို့ဝင်ရန် အလှည့် အနောက်မှ Jasper ကသူ့ကိုဖက်လိုက်သည်။
"babe ကိုဘယ်သူမှမထိပါစေနဲ့...
ကိုယ်နောက်တစ်ခါစိတ်လွတ်သွားရင်...
ဒီလောက်နဲ့ရပ်တန့်မှာမဟုတ်ဘူး...
ကိုယ့်အပိုင်ဖြစ်တဲ့အထိ အတင်းရယူမိလိမ့်မယ်"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Zawgyi
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"ဘယ်သူလဲ"
"လင်းခ ငါပါ မိုးတိမ်"
"သူကဘာလာလုပ်တာလဲ babe"
"မသိဘူး.....
"အဲ့တာက အရင်တုန်းကလေ"
"အင်း"
"ဘာလို့လဲ...
Hey !!...."
"What!"
"Get out man!!"
Jasper လည်းလွှတ်
ဘေးတွင်မိုးတိမ်ရှိသောကြောင့် Jasper့ ရင်ဘက်ကိုအသာတွန်းတော့ Jasper လျှာဖျားက Ray ခံတွင်းထဲသို့နယ်ကျွံလာပြီဖြစ်သည်။
"Goodnight babe "
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"babe...."
"လင်းခ...."
"အားးးးးးး!!"
"Morning babe "
"ဩော်..အင်း"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
" 🎶 Happy birthday to you...
Happy birthday to you...
Happy birthday...
Happy birthday...
Happy birthday.. Ray Han 🎶"
"အင်း.."
မိုးတိမ်က သူ့ကိုငယ်ငယ်ကတည်းက ဒီလိုနမ်းသည့်အကြောင်းကို လေးထောင့်က Jasper့ အားသွားပြောလိုက်ရာ ဝိုင်တွေတစ်ခွက်ပြီးတစ်ခွက်သောက်ပြီး သူ့ကိုမျက်ထောင့်နီကြီးနှင့်ကြည့်နေသည်။
သွားပြီ...ငါတော့သေပြီ....
သူ့ဘောင်းဘီထဲလက်တွေလျှိုဝင်လာချိန်မှာတော့ Ray အမြန် Jasper့ လက်ကိုတားဆီးလိုက်သည်။
သူ့ဘဝရဲ့ပထမဆုံးအကြိမ် ပြီးမြောက်ခြင်းကို Jasper့ လက်မှရယူသွားခဲ့သည်။
"တော်တော့ Jas..."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Bạn đang đọc truyện trên: Truyen247.Pro