Part-34 ( how to escape)
Unicode
ပြင်ဦးလွင် အတက်လမ်းပေါ်တွင် အနီရောင် အမိုးဖွင့်ကားလေးပြေးလွှားနေသည်။
ထိုကားလေးကိုမောင်းနှင်နေသူက ကြက်သွေးရောင် ခေါင်းစွပ် hoodie လေးကိုဝတ်ဆင်ထားတဲ့ Ray ဖြစ်ပြီး သူ့ဘေးမှာတော့ Coat အနက်ရောင်လေးနှင့် Jasper ပင်။
လက်တစ်ဖက်က ကားမောင်းနေပြီး နောက်လက်တစ်ဖက်ကိုတော့ Jas ကဆုပ်ကိုင်ထားလေသည်။
21 မိုင်ကိုကျော်သည်နှင့် အအေးဓာတ်ကတဖြည်းဖြည်းပိုတိုးလာသည်။
လေအေးများ၏တိုးဝှေ့မှုကြောင့် Ray နှာခေါင်းနီလာသည်။ ကားမောင်းနေသည့် လက်ကအေးနေပေမယ့် Jas ဆုပ်ကိုင်ထားသည့် လက်တစ်ဖက်ကတော့သိပ်ကိုနွေးထွေးသည်။
ကားမောင်းနေတဲ့သူ့ကို ဘေးကနေလက်တစ်ဖက်ဖြင့်ဓာတ်ပုံရိုက်ရင်း Jas အလုပ်ရှုပ်နေသည်။
သူ့ရဲ့နေ့စဉ်ဓာတ်ပုံတွေကို Jasper က Wine ဆီအမြဲပို့ပေးရသည်။ Jasper ပို့ပေးသောဓာတ်ပုံတွေကို Wine ကသူ့ Fanpage မှာပြန်တင်လေသည်။
မြို့ရှောင်လမ်းပေါ်ရောက်တော့ တောင်ပေါ်ဒေသ၏အလှတရားများကိုတွေ့မြင်နိုင်လေသည်။
""Sky စိုက်ပျိုးရေးခြံ""
ခြံအဝင်ဝ ဂိတ်မှ လုံခြုံရေးဝန်ထမ်းများက ဝင်ခွင့်တံဆိပ်ကပ်မထားသည့် သူတို့ကားကို ခြံထဲတန်းပြီးပေးမဝင်ဘဲ မောင်းတံကိုချထားကာ လိုက်စစ်နေလေသည်။
"ဦးလေး ကျွန်တော်ပါ.... "
လုံခြုံရေးအဖွဲ့ခေါင်းဆောင်ကို Ray လက်တစ်ဖက်ဝှေ့ယမ်းပြီး ရယ်ပြလိုက်သည်။
"သခင်လေး ဟန်လင်းခ!
ဘာလုပ်နေတာလဲ ဖွင့်ပေးလိုက်လေ!"
ထိုအခါမှလုံခြုံရေးမျာက ပြာပြာသဲသဲ မောင်းတံကိုတင်ပေးလေသည်။
"တောင်းပန်ပါတယ် သခင်လေး...
သူတို့ကလူသစ်တွေမို့ သခင်လေးကိုမသိကြလို့ပါ"
"ရပါတယ်..."
Ray တို့ကားလေးဂိတ်ကိုကျော်ကာ ခြံထဲသို့မောင်းနှင်သွားလေသည်။
"မင်းတို့ကောင်တွေ သခင်လေးကိုမမှတ်မိကြဘူးလား...
Bangkok မှာကျောင်းတက်နေတဲ့ W ရဲ့ဥက္ကဋ္ဌ ပြီးတော့ ငါတို့သခင်ကြီးရဲ့ သား သခင်လေး ဟန်လင်းခ ဆိုပြီး ငါဓာတ်ပုံတွေပြဖူးတယ်လေ"
"ကျွန်တော်တို့လည်းရုတ်တရက်ဆိုတော့မမှတ်မိဘူးလေ...
သခင်လေးကိုအပြင်မှာတစ်ခါမှမှ မမြင်ဖူးတာကို"
"သခင်လေးက သဘောကောင်းတဲ့သူမို့လို့ မင်းတို့သက်သာသွားတာ"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Ray ခြံထဲကိုရောက်သည်နှင့် ဖေဖေတို့နေထိုင်ရာ အဓိက အဆောက်အဦးဆီမောင်းလာခဲ့သည်။
သစ်ပင်အောက်က ဒန်းပေါ်မှာ သူ့ညီမဖြစ်သူက သူတို့ကားရောက်လာတာကိုတောင် မမြင်ဘဲ သီချင်းကို နားကြပ် တပ်ပြီး feel နေလေသည်။
Ray လည်း ညီမဖြစ်သူ မိုးမခ၏ အရှေ့တည့်တည့်မလှမ်းမကမ်းတွင် ကားရပ်လိုက်သည်။
အနီးအနားတွင်ရှိသော ကျောက်စရစ်ခဲသေးသေးတစ်လုံးကိုကောက်ယူ ကာ ခေါင်းတည့်တည့်ကိုလှမ်းပြစ်လိုက်သည်။
"အ....ဘယ်ကောင်တုန်း.."
ရှုံ့မဲ့ပြီးမျက်စိဖွင့်လာကာ နားကြပ်ဖြုတ်ပြီး တန်းရန်ထောင်တော့သည်။
"မိုးလေး....."
"ကိုကို!!!"
သူ့ဆီ ပြေးလာပုံများ ခလုတ်တိုက်ပြီးလဲကျမတတ်ပင်။
"ဖြည်းဖြည်းလာလည်းရပါတယ်မိုးလေးရယ်"
"ဟီး....."
နဖူးလေးကိုခပ်ဖွဖွတောက်ပြီးပြောလိုက်တော့ သူ့ကို ရှိသမျှသွားအကုန်ဖြီးပြလေသည်။
"ဖေဖေ ရော.."
"နှင်းဆီခင်း ထဲမှာ....
ကိုကို... သူကဘယ်သူ.."
"လာ Jas...
ဖေဖေ့ ဆီသွားရအောင်"
"Jas? ကိုကို သူကဘယ်သူလဲလို့!"
Jasper,Ray ခေါ်ရာအနောက်သို့လိုက်လာခဲ့ရာ နှစ်ဧက ကျယ်ဝန်းသော နှင်းဆီခင်းကြီးကိုတွေ့ရသည်။
အမျိုးအစားအစုံ အရောင်စုံရှိပြီး သူ့အမျိုးအစား သူ့အရောင်အလိုက်ခွဲကာ အတန်းလိုက်တွေစိုကိပျိုးထားလေသည်။
"Wow!"
"လှတယ်မလား"
"အင်း လှတယ်"
"ဒါ babe မေမေ စိုက်ခဲ့တဲ့ နှင်းဆီခြံလေ...
မေမေ မရှိတော့တဲ့ နောက်ပိုင်း ဖေဖေ ကဆက်ပြီး အမျိုးအစားသစ်တွေထပ်စိုက်ပျိုးထားတာ..
ခြံထဲမှာ ဒီ့ထက်လှတဲ့နေရာတွေရှိသေးတယ်"
တဖြည်းဖြည်းလျှောက်လာရင်း အလုပ်သမားများနှင့်အတူ ရှိနေသည့် ဖေဖေ့ကိုတွေ့လိုက်ရသည်။
"ဖေဖေ!!"
"ဟန်လေး.......
ငါ့သား ပြန်လာတာလား"
"ဟုတ်..."
Ray ရဲ့ အဖေ မှာ Ray နဲ့တူတဲ့ မျက်ဝန်းတွေရှိလေသည်။
"သူက သားသူငယ်ချင်းလား"
"ဟုတ်တယ်"
"Jasper ဒါက ငါ့ဖေဖေလေ
မင်းဖေဖေ့ကိုထိုင်းလိုပြောလို့ရတယ်....."
"Sawadee kurp Khun Paw"
"Wadee"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Ray သူ့ရဲ့သီးသန့် အဆောက်အဦးမှာပဲ Jasper နှင့်အတူနေလေသည်။
နည်းနည်းမြင့်သောကုန်းလေးထက်တွင်ဆောက်လုပ်ထားသောကြောင့် ခြံတစ်ခုလုံး၏ရှုခင်းကိုမြင်နိုင်သည်။
ပါးစပ်အဟောင်းသားနှင့် ရှုခင်းတွေကိုငေးမောနေသော Jasper ကိုအနောက်မှဖက်လိုက်ရာ သူ့လက်ကိုကိုင်ပြီး သူ့ကိုယ်လေးကိုအရှေ့ဆွဲယူကာ သူ့ပုခုံးပေါ်မေးတင်ရင်း ခါးလေးကိုလည်းဖက်ထားလေသည်။
"ရောင်စုံသက်တန့်ကြီးနဲ့တူတယ်နော်"
အမြင့်ပိုင်းမှမြင်နေရသည့် နှင်းဆီခင်းက တကယ့်ကို ရောင်စုံသက်တန့်အလားပင်။
ဂန္ဓမာပန်းရောင်စုံ စိုက်ခင်းနှင့် အခြားသော ပန်းပေါင်းစုံကိုလည်းတွေ့မြင်ရသည်။
ရာသီအလိုက် စိုက်ပျိုးရသည့် ဟင်းသီးဟင်းရွက်မျိုးစုံ စပျစ်စိုက်ခင်း နှင့်ခြံကြီးတစ်ခုလုံးတွင် အလုပ်သမားများကလည်းသူ့တာဝန်နှင့်သူပင်။
"babe ဒီခြံကြီးက ဘယ်နားမှာအဆုံးသတ်တာလဲဟင်"
"ဟိုးမှာမြင်ရတဲ့အစိမ်းရောင်လွင်ပြင်ကြီးက တောင်ယာစပါးတွေလေ....
အဲ့စိုက်ခင်းကြီးရဲ့ အဆုံးမှာ ခြံနယ်နိမိတ်စည်းရိုးရှိတယ်"
"အကျယ်အဝန်း ဘယ်လောက်တောင်ရှိတာလဲ"
"ဧက 400"
"ဒီမှာရော ဘယ်လို စားစရာတွေကောင်းလဲ"
အစားအသောက် အကြောင်းကိုလှည့်လာပြန်သော Jas ကြောင့် Ray အောက်နှုတ်ခမ်းကိုခပ်ဖွဖွကိုက်တာ တခွီခွီ ရယ်မိလေသည်။
"Bangkok ကိုပြန်ရောက်ရင် Jas ဖက်တီးကြီးဖြစ်နေလောက်တယ်"
"ဘာလဲ ကိုယ်ဝလာရင် babe ကမချစ်တော့ဘူးလား"
"ဖက်တီးကြီးဆို မချစ်ချင်ပါဘူး "
"ဘာ!!!"
နားစည်တော့ ကွဲပါပြီဗျာ....
စတာကို စိတ်ဆိုးသွားလေပြီ....
သူ့ကို ဖက်ထားရာကနေ လွှတ်လိုက်ပြီး ခြေဆောင့်ကာ အိမ်ထဲဝင်သွားလေသည်။
Ray အနောက်ကလိုက်ဝင်သွားတော့ ကြမ်းပြင်ပေါ်တွင် Jasper ဒိုက်ထိုးနေလေသည်။
ဘယ်နှခါမှန်းတောင်မသိ ဒိုက်ထိုးပြီးတော့ ပလက်ကြီးလှန်ကာ အိပ်ထလုပ်ပြန်သည်။
"Jas...အဲ့တာဘာလုပ်နေတာလဲဟင်"
"လေ့ကျင့်ခန်းလုပ်နေတာလေ!"
"လေ့ကျင့်ခန်းလုပ်နေတာတော့သိတာပေါ့...
ဒီအချိန်ကြီး ဘာလို့ ရုတ်တရက် လေ့ကျင့်ခန်းထလုပ်တာလဲလို့..."
"babe ပဲ ဖက်တီးဆိုမချစ်ဘူးဆို...
အဲ့တာကြောင့် ကိုယ့် six packs ကိုထိန်းသိမ်းနေတာ"
Ray တစ်ဖက်ကိုလှည့်ကာ ပါးစပ်ပိတ်ပြီး အားရပါးရရယ်လိုက်သည်။ ရယ်လို့ဝမှ ခပ်တည်တည်နှင့် Jasper ဘက်သို့ပြန်လှည့်လေသည်။
ရှိသမျှအားအသားကုန်သုံးကာ လေ့ကျင့်ခန်းတွေလုပ်နေသော Jasper ့ ကိုကြည့်ပြီး သနားလည်းသနားသည်။ ရယ်လည်းရယ်ချင်လေသည်။
"သခင်လေး... "
"အန်တီခိုင်?"
"ဟုတ်ပါတယ်...
သခင်လေးတို့အတွက် စားစရာလာပို့ပေးတာ"
Ray အိမ်ရှေ့သို့ထွက်လာခဲ့သည်။ အန်တီခိုင်နှင့် စားဖိုဆောင်ဝန်ထမ်းကောင်မလေး နှစ်ယောက်က သူ့အကြိုက် ခြံထွက် ဝိုင်ပုလင်းများနှင့် ရာသီပေါ်အစားအစာများ လာပို့ပေးခြင်းဖြစ်သည်။
"သခင်လေး ဝိုင်ပုလင်းနဲ့အသီးတွေကို ရေခဲသေတ္တာထဲ ထည့်ပေးခဲ့မယ်နော်"
ကြမ်းပြင်ပေါ်တွင် လေ့ကျင့်ခန်းလုပ်နေသော Jasper ကို အန်တီခိုင်က အထူးအဆန်းသဖွယ်ကြည့်သွားလေသည်။
"သခင်လေး ညနေ 5 နာရီခွဲရင် အိမ်တော်ကိုညစာအတူစားဖို့လာခဲ့ပါလို့ သခင်ကြီးကမှာလိုက်တယ်"
"ဟုတ်..."
Ray စားစရာတွေတင်ထားသော ဧည့်ခန်းထဲမှ စားပွဲကို Jasper ကြည့်နေသည်ကိုမြင်လိုက်ရာ စားပွဲပေါ်မှ အာတာလွတ်ထောင်းကျော် တစ်ခုကိုယူစားပြလိုက်သည်။
"Jas! လာမစားဘူးလား"
"......"
"ဒါက အရမ်းစားလို့ကောင်းတာနော်"
"......"
"Jas လာစားပါကွာ....
ခုနက babe တကယ်ပြောတာမဟုတ်ပါဘူး...
စတာ..."
Jasper ချက်ချင်း Ray အနားရောက်လာလေသည်။
"အဲ့တာဆို ကိုယ်ဝလာလည်း ချစ်မှာလား"
"ချစ်မှာပေါ့"
"တကယ်နော်"
"အင်း တကယ်"
ထိုအခါမှ Jasper ပြန်ပြုံးလာလေသည်။
"ဒါကဘာလဲဟင်"
စလာပါပြီ မေးခွန်းတွေက...
"အာတာလွတ်ဥထောင်းကြော်"
"ဒါကရော.."
"ပိန်းဥသုပ်"
"ဒီဖြူဖြူလေးကဘာလဲ"
"ပဲမြစ် အုန်းနို့ဆမ်း"
"ဒါလေးကရော"
"ကန်စွန်းဥယို"
မေးလိုက် မြည်းကြည့်လိုက်နှင့် ခေါင်းငြိမ့်ကာ သဘောကျနေသည့် Jas ကသူ့မျက်လုံးထဲတွင် ချစ်စရာကောင်းနေသောကြောင့် ပါးပြင်တစ်ဖက်ကို အနမ်းခြွေပေးလိုက်သည်။
"babe "
"ဟင်"
Jasper ပိန်းဥသုပ်ကို ကိုက်ထားပြီး လက်ညိုးထိုးပြနေလေသည်။
"ဘာလဲ"
ကြောင်တောင်တောင်ကြည့်နေသည့် Ray ကို Jasper စိတ်မရှည်တော့ဘဲ Ray မျက်နှာကို လက်နှစ်ဖက်နှင့်ကိုင်ပြီး သူကိုက်ထားသည့် ပိန်းဥသုပ်ကို Ray ပါးစပ်ထဲထည့်လိုက်လေသည်။
ထိုအခါမှ Jasper ဘာလုပ်တာလဲဆိုတာကို Ray နားလည်သွားသည်။
တစ်ဖန် သူ့နှုတ်ခမ်းတွင်ကပ်ကျန်နေသော ကန်းစွန်းယိုကို Jasper ကလျှာနဲ့ လျှပ်ကာ စုပ်ယူလိုက်လေသည်။
"babe ကိုယ်တို့ရေအတူတူချိုးရအောင်"
"ဖွီး.....အဟွတ်.....အဟွတ်"
Ray သောက်လက်စ အသီးဖျော်ရည်ပင်ပြန်ထွက်လာတော့ Jasper ကစပ်ဖြီးဖြီးနှင့် သူ့ကျောကိုပွတ်ပေးလေသည်။
"ကိုယ်ကလည်းစတာပါ babe ရယ်"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
မနက်စာကို မုန်ညှင်းပေါင်း တိုဟူးကြော် ကောက်ညှင်းပေါင်းမွှေးမွှေးနှင့် ခြံထွက်ကော်ဖီစစ်စစ်ကို အန်တီခိုင်ကလာပို့ပေးသည်။
မနက်စာစားပြီး Ray မြင်းဇောင်းဘက်သို့ထွက်လာခဲ့သည်။
"နှင်းမာန် သားကြီး ဖေ့ကိုလွမ်းနေလား"
တခြားမြင်းများနဲ့ရောမထားဘဲ တစ်ကောင်ထဲသီးသန့်ထားထားသည့် အုန်းခွံရောင်လည်ဆံမွှေးအရှည်ကြီးနှင့် မြင်းကြီးကို Ray ကပွတ်သပ်ကာ စကားပြောနေသည်ကို Jasper ကြည့်နေသည်။
"Jas ဒါက babe ရဲ့သားကြီး နှင်းမာန်လေ"
"နှင်း..မာန်?"
"အင်း သူ့ကိုမွေးတဲ့အချိန်က ဆောင်းရာသီလေ ပြီးတော့ သူမွေးတဲ့နှစ်က တခြားနှစ်တွေထက် အအေးဓာတ်ပိုတယ်...."
"Arrr.."
Jasper ခပ်လှမ်းလှမ်းမှခေါင်းငြိမ့်ရင်းနားထောင်နေသည်။ အနားကိုတော့မကပ်ရဲ။
"သားကြီး ဒါဖေ့ချစ်သူလေ ဘယ်သူ့ကိုမှပြန်မပြောရဘူးနော်"
Ray စကားကိုမြင်းကြီးကနားလည်သည့်ဟန် တဟီးဟီးထအော်လေသည်။
"ဖေ့ချစ်သူကို သားကြီးကျောပေါ်တက်စီးခွင့်ပြုမယ်မလား"
မြင်းနှင့် ခေါင်းချင်းဆိုင်ကာ စကားပြောနေသည့် Ray ကို Jasper ဖုန်း camera နှင့်ဓာတ်ပုံရိုက်လိုက်သေးသည်။
နှင်းမာန်ကိုမြင်းဇောင်းထဲမှ ထုတ်ကာ ကျောပေါ်သို့ Ray တက်လိုက်သည်။
"Jas လာလေ"
"ဟင့်အင်း"
"လာပါ နှင်းမာန် က Jas ကိုစီးခွင့်ပေးပါတယ် လာ တက်"
Jasper လည်း နှင်းမာန်ကျောပေါ်တက်ကာ Ray ခါးကိုသာအသားကုန်ဖက်ထားလိုက်သည်။
"ဖြည်းဖြည်းဖက်ပါ ဒီမှာ အသက်ရှူလို့တောင်မရတော့ဘူး"
မြင်းဇက်ကြိုးကိုကိုင်ကာ နှင်းမာန်ကိုစတင်မောင်းနှင်လိုက်သည်။
စိုက်ခင်းတွေတစ်ခုပြီးတစ်ခုကိုဖြတ်ကျော်ပြီး အလုပ်သမားများကိုလည်း Ray လှမ်းနှုတ်ဆက်လိုက်သည်။
"babe အခုဘယ်သွားမလို့လဲ"
"ရောက်ရင်သိလိမ့်မယ်"
စိုက်ခင်းများမရှိဘဲ နှစ်ချို့သစ်ပင်ကြီးများပေါက်ရောက်နေရာသို့ရောက်ရှိလာသည်။ သစ်ပင်ကြီးများကြောင့်တောအုပ်ငယ်လေးလိုဖြစ်နေပြီး ရေတံခွန်ကိုတွေ့လိုက်ရသည်။
"ရောက်ပြီ ဆင်းတော့"
Ray နှင်းမာန်ကိုကြိုးမချည်ဘဲ စားကျက်လွှတ်ပေးထားလိုက်သည်။
ရေတံခွန်မှရေများက ကျယ်ပြန့်သော ရေကန်ကြီးသဖွယ်ဖြစ်နေပြီး ထိုရေကန်မှ မြောင်းသေးသေးလေးများလုပ်ကာ တောင်ယာစပါးခင်းများနှင့်ဆက်သွယ်ထားလေသည်။
ရေအနက်မှာ 4 ပေခွဲလောက်သာရှိပြီး ကြည်လင်ကာ ရေကန်ကြမ်းပြင်ကိုအတိုင်းသားမြင်နေရသည်။
Ray ရေကန်အစပ်နားမှ ကျောက်ဖျာပေါ်ထိုင်ကာ ခြေထောက်ကိုရေထဲချထားလိုက်သည်။
Jasperလည်း Ray ဘေးတွင်ထိုင်ကာ Ray လုပ်သလိုလိုက်လုပ်နေသည်။
"babe ဟိုမှာငါးတွေ..."
"အင်း....အဖွဲ့လိုက်ကူးနေတာ ချစ်စရာလေးတွေ"
"အဲ့တာဆို ကိုယ့်ကိုနမ်း"
"ဟမ်! ဘာမှလည်းမဆိုင်ဘူး..."
"ဆိုင်ဆိုင်မဆိုင်ဆိုင်ကွာ...
အိပ်ရာနိုးကတည်းက morning kiss တစ်ခါပဲရသေးတယ်...
ဟိုအန်တီကြီးတွေရှိလို့ နမ်းချင်တာတောင်ထိန်းထားရတာ"
"အင်းပါ အင်းပါ
လက်နှစ်ဖက်လုံးအနောက်ပို့ထားနော်..
ငြိမ်ငြိမ်နေနော်"
Jasper မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်ကာ နှုတ်ခမ်းကိုခပ်ဖွဖွနမ်းလိုက်တော့ အနောက်ပို့ခိုင်းထားသည့်လက်တွေက သူ့ကိုဖက်ကာ သူ့တစ်ကိုယ်လုံးကိုအငြိမ်မနေလိုက်ပွတ်နေသည်။
"အ...."
Jasper ဗိုက်ကိုနာနာဆွဲလိမ်လိုက်မှ ကိုယ်တော်ကထအော်တော့သည်။
"နာလား...ဟင်...
ဒီလက်တွေကိုအနောက်ပို့ထားပြီး ငြိမ်ငြိမ်နေပါဆိုတာကို စကားနားမထောင်ဘူး...
ဘယ်တွေလာပွတ်နေတာလဲ.!"
"babe ကလည်း ....
ဒီနေရာလေးက romantic ဆန်တယ်လေ..
ကိုယ်တို့ဟိုနေ့ကရပ်လိုက်တာလေးကိုပြန်ဆက်ကြမလား"
"ရူးနေလား...
တစ်ယောက်ယောက်လာရင် မြင်သွားမှာပေါ့"
"ဘယ်သူမှမမြင်ရင် လုပ်မယ်ပေါ့"
"ရူးနေလား..
မလုပ်ပါဘူး"
"ဟုတ်တယ်...
ကိုယ်ရူးနေပြီ babe ကိုလိုချင်လွန်းလို့ရူးတော့မယ်သိလား..
ကိုယ်ဘယ်ချိန်ထိထပ်စောင့်ရမှာလဲပြော"
"Jas ကလည်းကွာ"
"ကိုယ့်ကိုလာမချွဲနဲ့ "
"Jas မွေးနေ့ရောက်ရင်"
"ဟမ်!"
"Jas မွေးနေ့ရောက်ရင်လို့"
"ကိုယ့်မွေးနေ့ကပြီးသွားပြီလေ...
အဲ့တာဆိုနောက်နှစ်မှပေါ့"
"အင်းပေါ့"
"သေချာတယ်နော်"
"အင်း...
babe က T ပေါ့နော်"
"ကိုယ်ကမှ T လေ"
"လေးထောင့်ကပြောတယ်....
ဂျီကျတာတို့ ရစ်တာတို့ဆိုတာ B တွေပဲလုပ်တာတဲ့...
သည်းခံပြီး ချော့ရတဲ့သူကမှ T တဲ့"
"မဟုတ်ပါဘူး ကိုယ်က T
ကိုယ်က babe ထက်အရပ်ရှည်တယ်
ပိုတောင့်တယ် ပိုလည်းအားသန်တယ်
ပြီးတော့....
ဟိုဟာလည်းပိုကြီးတယ်"
"Jas နော်!!!
babe က T ပဲ
B မလုပ်နိုင်ဘူး"
"ဘာလို့လဲ"
"နာမှာကြောက်လို့ပေါ့!!"
Ray စဉ်းစားကြည့်ရုံနဲ့တင် တော်တော်နာမယ်မှန်းသိတော့ ငိုချင်လာကာ ကလေးတစ်ယောက်လို အော်ငိုပြစ်လိုက်တော့သည်။
"အီး.....ဟီး....ဟီး..."
"babe မငိုနဲ့လေ ကိုယ်တို့ဘာမှတောင်မလုပ်သေးဘူးလေ"
"B မလုပ်ချင်ဘူး......အီး..ဟီး..."
"ကိုယ်မနာအောင်လုပ်မယ်လေ"
"နာမှာ.... သိတယ်
လာမလိမ်နဲ့......အရမ်းနာမှာ...
အီး...ဟီး......"
"တိတ်တော့ကွာ..
မတိတ်ရင် ကိုယ် ဒီမှာတင်လုပ်လိုက်မှာနော်"
Jasper စကားကြောင့် Ray ချက်ချင်းအငိုရပ်သွားသည်။
"ပြန်ကြရအောင်"
"ခုနကမှရောက်တာကို babe ကလည်း"
"အဲ့တာဆို တစ်ယောက်တည်းနေခဲ့"
ရေတံခွန်နားက အမြဲလူရှင်းသည်။ အလုပ်သမားတွေသာ တစ်ခါတစ်လေ ရေလာကူးတာပဲရှိသည်။
တော်ကြာနေ Jas ကပြောသလိုချက်ချင်း ထလုပ်မှဖြင့်...ဆိုသည့်အတွေးနှင့် Ray အိမ်သာပြန်လာခဲ့တော့သည်။
အဲ့တာတောင် ကိုယ်တော်ကအပြန်တစ်ချိန်လုံး အနောက်ကနေ
"ခုနကပြောထားတာမမေ့နဲ့နော်..
ကိုယ့်မွေးနေ့နော်"
ဆိုသည့်စကားကိုပင် အူမြူးကာပြောနေသည်။
Around trip to love ကြည့်ပြီးကတည်းက Xiao Chen အော်နေရသည့်အသံကနားထဲကမထွက်....
မွေးနေ့ရောက်ရင် ဆိုတဲ့စကားကိုမေ့သွားအောင် ခေါင်းကို ချောင်းရိုက်ရင်ကောင်းမလား...
ကားနဲ့ပဲဝင်တိုက်ရမလား...
ခေါင်းပေါ် ပန်းအိုးပစ်ချရမလား...
ချော်လဲပြီး ခေါင်းထိအောင်လုပ်ရမလား....
အနောက်ကတပြုံးပြုံးနဲ့ကိုယ်တော် သူ့အတွေးတွေသာ ကြားသွားရင် မြင်းပေါ်ကခုန်ဆင်းလောက်တယ်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Zawgyi
ျပင္ဦးလြင္ အတက္လမ္းေပၚတြင္ အနီေရာင္ အမိုးဖြင့္ကားေလးေျပးလႊားေနသည္။
ထိုကားေလးကိုေမာင္းႏွင္ေနသူက ၾကက္ေသြးေရာင္ ေခါင္းစြပ္ hoodie ေလးကိုဝတ္ဆင္ထားတဲ့ Ray ျဖစ္ၿပီး သူ႕ေဘးမွာေတာ့ Coat အနက္ေရာင္ေလးႏွင့္ Jasper ပင္။
လက္တစ္ဖက္က ကားေမာင္းေနၿပီး ေနာက္လက္တစ္ဖက္ကိုေတာ့ Jas ကဆုပ္ကိုင္ထားေလသည္။
21 မိုင္ကိုေက်ာ္သည္ႏွင့္ အေအးဓာတ္ကတျဖည္းျဖည္းပိုတိုးလာသည္။
ေလေအးမ်ား၏တိုးေဝွ႕မႈေၾကာင့္ Ray ႏွာေခါင္းနီလာသည္။ ကားေမာင္းေနသည့္ လက္ကေအးေနေပမယ့္ Jas ဆုပ္ကိုင္ထားသည့္ လက္တစ္ဖက္ကေတာ့သိပ္ကိုႏြေးေထြးသည္။
ကားေမာင္းေနတဲ့သူ႕ကို ေဘးကေနလက္တစ္ဖက္ျဖင့္ဓာတ္ပုံရိုက္ရင္း Jas အလုပ္ရႈပ္ေနသည္။
သူ႕ရဲ႕ေန႕စဥ္ဓာတ္ပုံေတြကို Jasper က Wine ဆီအၿမဲပို႔ေပးရသည္။ Jasper ပို႔ေပးေသာဓာတ္ပုံေတြကို Wine ကသူ႕ Fanpage မွာျပန္တင္ေလသည္။
ၿမိဳ႕ေရွာင္လမ္းေပၚေရာက္ေတာ့ ေတာင္ေပၚေဒသ၏အလွတရားမ်ားကိုေတြ႕ျမင္နိုင္ေလသည္။
""Sky စိုက္ပ်ိဳးေရးၿခံ""
ၿခံအဝင္ဝ ဂိတ္မွ လုံၿခဳံေရးဝန္ထမ္းမ်ားက ဝင္ခြင့္တံဆိပ္ကပ္မထားသည့္ သူတို႔ကားကို ၿခံထဲတန္းၿပီးေပးမဝင္ဘဲ ေမာင္းတံကိုခ်ထားကာ လိုက္စစ္ေနေလသည္။
"ဦးေလး ကြၽန္ေတာ္ပါ.... "
လုံၿခဳံေရးအဖြဲ႕ေခါင္းေဆာင္ကို Ray လက္တစ္ဖက္ေဝွ႕ယမ္းၿပီး ရယ္ျပလိုက္သည္။
"သခင္ေလး ဟန္လင္းခ!
ဘာလုပ္ေနတာလဲ ဖြင့္ေပးလိုက္ေလ!"
ထိုအခါမွလုံၿခဳံေရးမ်ာက ျပာျပာသဲသဲ ေမာင္းတံကိုတင္ေပးေလသည္။
"ေတာင္းပန္ပါတယ္ သခင္ေလး...
သူတို႔ကလူသစ္ေတြမို႔ သခင္ေလးကိုမသိၾကလို႔ပါ"
"ရပါတယ္..."
Ray တို႔ကားေလးဂိတ္ကိုေက်ာ္ကာ ၿခံထဲသို႔ေမာင္းႏွင္သြားေလသည္။
"မင္းတို႔ေကာင္ေတြ သခင္ေလးကိုမမွတ္မိၾကဘူးလား...
Bangkok မွာေက်ာင္းတက္ေနတဲ့ W ရဲ႕ဥကၠ႒ ၿပီးေတာ့ ငါတို႔သခင္ႀကီးရဲ႕ သား သခင္ေလး ဟန္လင္းခ ဆိုၿပီး ငါဓာတ္ပုံေတြျပဖူးတယ္ေလ"
"ကြၽန္ေတာ္တို႔လည္း႐ုတ္တရက္ဆိုေတာ့မမွတ္မိဘူးေလ...
သခင္ေလးကိုအျပင္မွာတစ္ခါမွမွ မျမင္ဖူးတာကို"
"သခင္ေလးက သေဘာေကာင္းတဲ့သူမို႔လို႔ မင္းတို႔သက္သာသြားတာ"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Ray ၿခံထဲကိုေရာက္သည္ႏွင့္ ေဖေဖတို႔ေနထိုင္ရာ အဓိက အေဆာက္အဦးဆီေမာင္းလာခဲ့သည္။
သစ္ပင္ေအာက္က ဒန္းေပၚမွာ သူ႕ညီမျဖစ္သူက သူတို႔ကားေရာက္လာတာကိုေတာင္ မျမင္ဘဲ သီခ်င္းကို နားၾကပ္ တပ္ၿပီး feel ေနေလသည္။
Ray လည္း ညီမျဖစ္သူ မိုးမခ၏ အေရွ႕တည့္တည့္မလွမ္းမကမ္းတြင္ ကားရပ္လိုက္သည္။
အနီးအနားတြင္ရွိေသာ ေက်ာက္စရစ္ခဲေသးေသးတစ္လုံးကိုေကာက္ယူ ကာ ေခါင္းတည့္တည့္ကိုလွမ္းျပစ္လိုက္သည္။
"အ....ဘယ္ေကာင္တုန္း.."
ရႈံ႕မဲ့ၿပီးမ်က္စိဖြင့္လာကာ နားၾကပ္ျဖဳတ္ၿပီး တန္းရန္ေထာင္ေတာ့သည္။
"မိုးေလး....."
"ကိုကို!!!"
သူ႕ဆီ ေျပးလာပုံမ်ား ခလုတ္တိုက္ၿပီးလဲက်မတတ္ပင္။
"ျဖည္းျဖည္းလာလည္းရပါတယ္မိုးေလးရယ္"
"ဟီး....."
နဖူးေလးကိုခပ္ဖြဖြေတာက္ၿပီးေျပာလိုက္ေတာ့ သူ႕ကို ရွိသမွ်သြားအကုန္ၿဖီးျပေလသည္။
"ေဖေဖ ေရာ.."
"ႏွင္းဆီခင္း ထဲမွာ....
ကိုကို... သူကဘယ္သူ.."
"လာ Jas...
ေဖေဖ့ ဆီသြားရေအာင္"
"Jas? ကိုကို သူကဘယ္သူလဲလို႔!"
Jasper,Ray ေခၚရာအေနာက္သို႔လိုက္လာခဲ့ရာ ႏွစ္ဧက က်ယ္ဝန္းေသာ ႏွင္းဆီခင္းႀကီးကိုေတြ႕ရသည္။
အမ်ိဳးအစားအစုံ အေရာင္စုံရွိၿပီး သူ႕အမ်ိဳးအစား သူ႕အေရာင္အလိုက္ခြဲကာ အတန္းလိုက္ေတြစိုကိပ်ိဳးထားေလသည္။
"Wow!"
"လွတယ္မလား"
"အင္း လွတယ္"
"ဒါ babe ေမေမ စိုက္ခဲ့တဲ့ ႏွင္းဆီၿခံေလ...
ေမေမ မရွိေတာ့တဲ့ ေနာက္ပိုင္း ေဖေဖ ကဆက္ၿပီး အမ်ိဳးအစားသစ္ေတြထပ္စိုက္ပ်ိဳးထားတာ..
ၿခံထဲမွာ ဒီ့ထက္လွတဲ့ေနရာေတြရွိေသးတယ္"
တျဖည္းျဖည္းေလွ်ာက္လာရင္း အလုပ္သမားမ်ားႏွင့္အတူ ရွိေနသည့္ ေဖေဖ့ကိုေတြ႕လိုက္ရသည္။
"ေဖေဖ!!"
"ဟန္ေလး.......
ငါ့သား ျပန္လာတာလား"
"ဟုတ္..."
Ray ရဲ႕ အေဖ မွာ Ray နဲ႕တူတဲ့ မ်က္ဝန္းေတြရွိေလသည္။
"သူက သားသူငယ္ခ်င္းလား"
"ဟုတ္တယ္"
"Jasper ဒါက ငါ့ေဖေဖေလ
မင္းေဖေဖ့ကိုထိုင္းလိုေျပာလို႔ရတယ္....."
"Sawadee kurp Khun Paw"
"Wadee"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Ray သူ႕ရဲ႕သီးသန႔္ အေဆာက္အဦးမွာပဲ Jasper ႏွင့္အတူေနေလသည္။
နည္းနည္းျမင့္ေသာကုန္းေလးထက္တြင္ေဆာက္လုပ္ထားေသာေၾကာင့္ ၿခံတစ္ခုလုံး၏ရႈခင္းကိုျမင္နိုင္သည္။
ပါးစပ္အေဟာင္းသားႏွင့္ ရႈခင္းေတြကိုေငးေမာေနေသာ Jasper ကိုအေနာက္မွဖက္လိုက္ရာ သူ႕လက္ကိုကိုင္ၿပီး သူ႕ကိုယ္ေလးကိုအေရွ႕ဆြဲယူကာ သူ႕ပုခုံးေပၚေမးတင္ရင္း ခါးေလးကိုလည္းဖက္ထားေလသည္။
"ေရာင္စုံသက္တန႔္ႀကီးနဲ႕တူတယ္ေနာ္"
အျမင့္ပိုင္းမွျမင္ေနရသည့္ ႏွင္းဆီခင္းက တကယ့္ကို ေရာင္စုံသက္တန႔္အလားပင္။
ဂႏၶမာပန္းေရာင္စုံ စိုက္ခင္းႏွင့္ အျခားေသာ ပန္းေပါင္းစုံကိုလည္းေတြ႕ျမင္ရသည္။
ရာသီအလိုက္ စိုက္ပ်ိဳးရသည့္ ဟင္းသီးဟင္း႐ြက္မ်ိဳးစုံ စပ်စ္စိုက္ခင္း ႏွင့္ၿခံႀကီးတစ္ခုလုံးတြင္ အလုပ္သမားမ်ားကလည္းသူ႕တာဝန္ႏွင့္သူပင္။
"babe ဒီၿခံႀကီးက ဘယ္နားမွာအဆုံးသတ္တာလဲဟင္"
"ဟိုးမွာျမင္ရတဲ့အစိမ္းေရာင္လြင္ျပင္ႀကီးက ေတာင္ယာစပါးေတြေလ....
အဲ့စိုက္ခင္းႀကီးရဲ႕ အဆုံးမွာ ၿခံနယ္နိမိတ္စည္းရိုးရွိတယ္"
"အက်ယ္အဝန္း ဘယ္ေလာက္ေတာင္ရွိတာလဲ"
"ဧက 400"
"ဒီမွာေရာ ဘယ္လို စားစရာေတြေကာင္းလဲ"
အစားအေသာက္ အေၾကာင္းကိုလွည့္လာျပန္ေသာ Jas ေၾကာင့္ Ray ေအာက္ႏႈတ္ခမ္းကိုခပ္ဖြဖြကိုက္တာ တခြီခြီ ရယ္မိေလသည္။
"Bangkok ကိုျပန္ေရာက္ရင္ Jas ဖက္တီးႀကီးျဖစ္ေနေလာက္တယ္"
"ဘာလဲ ကိုယ္ဝလာရင္ babe ကမခ်စ္ေတာ့ဘူးလား"
"ဖက္တီးႀကီးဆို မခ်စ္ခ်င္ပါဘူး "
"ဘာ!!!"
နားစည္ေတာ့ ကြဲပါၿပီဗ်ာ....
စတာကို စိတ္ဆိုးသြားေလၿပီ....
သူ႕ကို ဖက္ထားရာကေန လႊတ္လိုက္ၿပီး ေျခေဆာင့္ကာ အိမ္ထဲဝင္သြားေလသည္။
Ray အေနာက္ကလိုက္ဝင္သြားေတာ့ ၾကမ္းျပင္ေပၚတြင္ Jasper ဒိုက္ထိုးေနေလသည္။
ဘယ္ႏွခါမွန္းေတာင္မသိ ဒိုက္ထိုးၿပီးေတာ့ ပလက္ႀကီးလွန္ကာ အိပ္ထလုပ္ျပန္သည္။
"Jas...အဲ့တာဘာလုပ္ေနတာလဲဟင္"
"ေလ့က်င့္ခန္းလုပ္ေနတာေလ!"
"ေလ့က်င့္ခန္းလုပ္ေနတာေတာ့သိတာေပါ့...
ဒီအခ်ိန္ႀကီး ဘာလို႔ ႐ုတ္တရက္ ေလ့က်င့္ခန္းထလုပ္တာလဲလို႔..."
"babe ပဲ ဖက္တီးဆိုမခ်စ္ဘူးဆို...
အဲ့တာေၾကာင့္ ကိုယ့္ six packs ကိုထိန္းသိမ္းေနတာ"
Ray တစ္ဖက္ကိုလွည့္ကာ ပါးစပ္ပိတ္ၿပီး အားရပါးရရယ္လိုက္သည္။ ရယ္လို႔ဝမွ ခပ္တည္တည္ႏွင့္ Jasper ဘက္သို႔ျပန္လွည့္ေလသည္။
ရွိသမွ်အားအသားကုန္သုံးကာ ေလ့က်င့္ခန္းေတြလုပ္ေနေသာ Jasper ့ ကိုၾကည့္ၿပီး သနားလည္းသနားသည္။ ရယ္လည္းရယ္ခ်င္ေလသည္။
"သခင္ေလး... "
"အန္တီခိုင္?"
"ဟုတ္ပါတယ္...
သခင္ေလးတို႔အတြက္ စားစရာလာပို႔ေပးတာ"
Ray အိမ္ေရွ႕သို႔ထြက္လာခဲ့သည္။ အန္တီခိုင္ႏွင့္ စားဖိုေဆာင္ဝန္ထမ္းေကာင္မေလး ႏွစ္ေယာက္က သူ႕အႀကိဳက္ ၿခံထြက္ ဝိုင္ပုလင္းမ်ားႏွင့္ ရာသီေပၚအစားအစာမ်ား လာပို႔ေပးျခင္းျဖစ္သည္။
"သခင္ေလး ဝိုင္ပုလင္းနဲ႕အသီးေတြကို ေရခဲေသတၱာထဲ ထည့္ေပးခဲ့မယ္ေနာ္"
ၾကမ္းျပင္ေပၚတြင္ ေလ့က်င့္ခန္းလုပ္ေနေသာ Jasper ကို အန္တီခိုင္က အထူးအဆန္းသဖြယ္ၾကည့္သြားေလသည္။
"သခင္ေလး ညေန 5 နာရီခြဲရင္ အိမ္ေတာ္ကိုညစာအတူစားဖို႔လာခဲ့ပါလို႔ သခင္ႀကီးကမွာလိုက္တယ္"
"ဟုတ္..."
Ray စားစရာေတြတင္ထားေသာ ဧည့္ခန္းထဲမွ စားပြဲကို Jasper ၾကည့္ေနသည္ကိုျမင္လိုက္ရာ စားပြဲေပၚမွ အာတာလြတ္ေထာင္းေက်ာ္ တစ္ခုကိုယူစားျပလိုက္သည္။
"Jas! လာမစားဘူးလား"
"......"
"ဒါက အရမ္းစားလို႔ေကာင္းတာေနာ္"
"......"
"Jas လာစားပါကြာ....
ခုနက babe တကယ္ေျပာတာမဟုတ္ပါဘူး...
စတာ..."
Jasper ခ်က္ခ်င္း Ray အနားေရာက္လာေလသည္။
"အဲ့တာဆို ကိုယ္ဝလာလည္း ခ်စ္မွာလား"
"ခ်စ္မွာေပါ့"
"တကယ္ေနာ္"
"အင္း တကယ္"
ထိုအခါမွ Jasper ျပန္ၿပဳံးလာေလသည္။
"ဒါကဘာလဲဟင္"
စလာပါၿပီ ေမးခြန္းေတြက...
"အာတာလြတ္ဥေထာင္းေၾကာ္"
"ဒါကေရာ.."
"ပိန္းဥသုပ္"
"ဒီျဖဴျဖဴေလးကဘာလဲ"
"ပဲျမစ္ အုန္းနို႔ဆမ္း"
"ဒါေလးကေရာ"
"ကန္စြန္းဥယို"
ေမးလိုက္ ျမည္းၾကည့္လိုက္ႏွင့္ ေခါင္းၿငိမ့္ကာ သေဘာက်ေနသည့္ Jas ကသူ႕မ်က္လုံးထဲတြင္ ခ်စ္စရာေကာင္းေနေသာေၾကာင့္ ပါးျပင္တစ္ဖက္ကို အနမ္းေႁခြေပးလိုက္သည္။
"babe "
"ဟင္"
Jasper ပိန္းဥသုပ္ကို ကိုက္ထားၿပီး လက္ညိုးထိုးျပေနေလသည္။
"ဘာလဲ"
ေၾကာင္ေတာင္ေတာင္ၾကည့္ေနသည့္ Ray ကို Jasper စိတ္မရွည္ေတာ့ဘဲ Ray မ်က္ႏွာကို လက္ႏွစ္ဖက္ႏွင့္ကိုင္ၿပီး သူကိုက္ထားသည့္ ပိန္းဥသုပ္ကို Ray ပါးစပ္ထဲထည့္လိုက္ေလသည္။
ထိုအခါမွ Jasper ဘာလုပ္တာလဲဆိုတာကို Ray နားလည္သြားသည္။
တစ္ဖန္ သူ႕ႏႈတ္ခမ္းတြင္ကပ္က်န္ေနေသာ ကန္းစြန္းယိုကို Jasper ကလွ်ာနဲ႕ လွ်ပ္ကာ စုပ္ယူလိုက္ေလသည္။
"babe ကိုယ္တို႔ေရအတူတူခ်ိဳးရေအာင္"
"ဖြီး.....အဟြတ္.....အဟြတ္"
Ray ေသာက္လက္စ အသီးေဖ်ာ္ရည္ပင္ျပန္ထြက္လာေတာ့ Jasper ကစပ္ၿဖီးၿဖီးႏွင့္ သူ႕ေက်ာကိုပြတ္ေပးေလသည္။
"ကိုယ္ကလည္းစတာပါ babe ရယ္"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
မနက္စာကို မုန္ညွင္းေပါင္း တိုဟူးေၾကာ္ ေကာက္ညွင္းေပါင္းေမႊးေမႊးႏွင့္ ၿခံထြက္ေကာ္ဖီစစ္စစ္ကို အန္တီခိုင္ကလာပို႔ေပးသည္။
မနက္စာစားၿပီး Ray ျမင္းေဇာင္းဘက္သို႔ထြက္လာခဲ့သည္။
"ႏွင္းမာန္ သားႀကီး ေဖ့ကိုလြမ္းေနလား"
တျခားျမင္းမ်ားနဲ႕ေရာမထားဘဲ တစ္ေကာင္ထဲသီးသန႔္ထားထားသည့္ အုန္းခြံေရာင္လည္ဆံေမႊးအရွည္ႀကီးႏွင့္ ျမင္းႀကီးကို Ray ကပြတ္သပ္ကာ စကားေျပာေနသည္ကို Jasper ၾကည့္ေနသည္။
"Jas ဒါက babe ရဲ႕သားႀကီး ႏွင္းမာန္ေလ"
"ႏွင္း..မာန္?"
"အင္း သူ႕ကိုေမြးတဲ့အခ်ိန္က ေဆာင္းရာသီေလ ၿပီးေတာ့ သူေမြးတဲ့ႏွစ္က တျခားႏွစ္ေတြထက္ အေအးဓာတ္ပိုတယ္...."
"Arrr.."
Jasper ခပ္လွမ္းလွမ္းမွေခါင္းၿငိမ့္ရင္းနားေထာင္ေနသည္။ အနားကိုေတာ့မကပ္ရဲ။
"သားႀကီး ဒါေဖ့ခ်စ္သူေလ ဘယ္သူ႕ကိုမွျပန္မေျပာရဘူးေနာ္"
Ray စကားကိုျမင္းႀကီးကနားလည္သည့္ဟန္ တဟီးဟီးထေအာ္ေလသည္။
"ေဖ့ခ်စ္သူကို သားႀကီးေက်ာေပၚတက္စီးခြင့္ျပဳမယ္မလား"
ျမင္းႏွင့္ ေခါင္းခ်င္းဆိုင္ကာ စကားေျပာေနသည့္ Ray ကို Jasper ဖုန္း camera ႏွင့္ဓာတ္ပုံရိုက္လိုက္ေသးသည္။
ႏွင္းမာန္ကိုျမင္းေဇာင္းထဲမွ ထုတ္ကာ ေက်ာေပၚသို႔ Ray တက္လိုက္သည္။
"Jas လာေလ"
"ဟင့္အင္း"
"လာပါ ႏွင္းမာန္ က Jas ကိုစီးခြင့္ေပးပါတယ္ လာ တက္"
Jasper လည္း ႏွင္းမာန္ေက်ာေပၚတက္ကာ Ray ခါးကိုသာအသားကုန္ဖက္ထားလိုက္သည္။
"ျဖည္းျဖည္းဖက္ပါ ဒီမွာ အသက္ရႉလို႔ေတာင္မရေတာ့ဘူး"
ျမင္းဇက္ႀကိဳးကိုကိုင္ကာ ႏွင္းမာန္ကိုစတင္ေမာင္းႏွင္လိုက္သည္။
စိုက္ခင္းေတြတစ္ခုၿပီးတစ္ခုကိုျဖတ္ေက်ာ္ၿပီး အလုပ္သမားမ်ားကိုလည္း Ray လွမ္းႏႈတ္ဆက္လိုက္သည္။
"babe အခုဘယ္သြားမလို႔လဲ"
"ေရာက္ရင္သိလိမ့္မယ္"
စိုက္ခင္းမ်ားမရွိဘဲ ႏွစ္ခ်ိဳ႕သစ္ပင္ႀကီးမ်ားေပါက္ေရာက္ေနရာသို႔ေရာက္ရွိလာသည္။ သစ္ပင္ႀကီးမ်ားေၾကာင့္ေတာအုပ္ငယ္ေလးလိုျဖစ္ေနၿပီး ေရတံခြန္ကိုေတြ႕လိုက္ရသည္။
"ေရာက္ၿပီ ဆင္းေတာ့"
Ray ႏွင္းမာန္ကိုႀကိဳးမခ်ည္ဘဲ စားက်က္လႊတ္ေပးထားလိုက္သည္။
ေရတံခြန္မွေရမ်ားက က်ယ္ျပန႔္ေသာ ေရကန္ႀကီးသဖြယ္ျဖစ္ေနၿပီး ထိုေရကန္မွ ေျမာင္းေသးေသးေလးမ်ားလုပ္ကာ ေတာင္ယာစပါးခင္းမ်ားႏွင့္ဆက္သြယ္ထားေလသည္။
ေရအနက္မွာ 4 ေပခြဲေလာက္သာရွိၿပီး ၾကည္လင္ကာ ေရကန္ၾကမ္းျပင္ကိုအတိုင္းသားျမင္ေနရသည္။
Ray ေရကန္အစပ္နားမွ ေက်ာက္ဖ်ာေပၚထိုင္ကာ ေျခေထာက္ကိုေရထဲခ်ထားလိုက္သည္။
Jasperလည္း Ray ေဘးတြင္ထိုင္ကာ Ray လုပ္သလိုလိုက္လုပ္ေနသည္။
"babe ဟိုမွာငါးေတြ..."
"အင္း....အဖြဲ႕လိုက္ကူးေနတာ ခ်စ္စရာေလးေတြ"
"အဲ့တာဆို ကိုယ့္ကိုနမ္း"
"ဟမ္! ဘာမွလည္းမဆိုင္ဘူး..."
"ဆိုင္ဆိုင္မဆိုင္ဆိုင္ကြာ...
အိပ္ရာနိုးကတည္းက morning kiss တစ္ခါပဲရေသးတယ္...
ဟိုအန္တီႀကီးေတြရွိလို႔ နမ္းခ်င္တာေတာင္ထိန္းထားရတာ"
"အင္းပါ အင္းပါ
လက္ႏွစ္ဖက္လုံးအေနာက္ပို႔ထားေနာ္..
ၿငိမ္ၿငိမ္ေနေနာ္"
Jasper မ်က္ႏွာကိုလက္ႏွစ္ဖက္နဲ႕အုပ္ကိုင္ကာ ႏႈတ္ခမ္းကိုခပ္ဖြဖြနမ္းလိုက္ေတာ့ အေနာက္ပို႔ခိုင္းထားသည့္လက္ေတြက သူ႕ကိုဖက္ကာ သူ႕တစ္ကိုယ္လုံးကိုအၿငိမ္မေနလိုက္ပြတ္ေနသည္။
"အ...."
Jasper ဗိုက္ကိုနာနာဆြဲလိမ္လိုက္မွ ကိုယ္ေတာ္ကထေအာ္ေတာ့သည္။
"နာလား...ဟင္...
ဒီလက္ေတြကိုအေနာက္ပို႔ထားၿပီး ၿငိမ္ၿငိမ္ေနပါဆိုတာကို စကားနားမေထာင္ဘူး...
ဘယ္ေတြလာပြတ္ေနတာလဲ.!"
"babe ကလည္း ....
ဒီေနရာေလးက romantic ဆန္တယ္ေလ..
ကိုယ္တို႔ဟိုေန႕ကရပ္လိုက္တာေလးကိုျပန္ဆက္ၾကမလား"
"႐ူးေနလား...
တစ္ေယာက္ေယာက္လာရင္ ျမင္သြားမွာေပါ့"
"ဘယ္သူမွမျမင္ရင္ လုပ္မယ္ေပါ့"
"႐ူးေနလား..
မလုပ္ပါဘူး"
"ဟုတ္တယ္...
ကိုယ္႐ူးေနၿပီ babe ကိုလိုခ်င္လြန္းလို႔႐ူးေတာ့မယ္သိလား..
ကိုယ္ဘယ္ခ်ိန္ထိထပ္ေစာင့္ရမွာလဲေျပာ"
"Jas ကလည္းကြာ"
"ကိုယ့္ကိုလာမခြၽဲနဲ႕ "
"Jas ေမြးေန႕ေရာက္ရင္"
"ဟမ္!"
"Jas ေမြးေန႕ေရာက္ရင္လို႔"
"ကိုယ့္ေမြးေန႕ကၿပီးသြားၿပီေလ...
အဲ့တာဆိုေနာက္ႏွစ္မွေပါ့"
"အင္းေပါ့"
"ေသခ်ာတယ္ေနာ္"
"အင္း...
babe က T ေပါ့ေနာ္"
"ကိုယ္ကမွ T ေလ"
"ေလးေထာင့္ကေျပာတယ္....
ဂ်ီက်တာတို႔ ရစ္တာတို႔ဆိုတာ B ေတြပဲလုပ္တာတဲ့...
သည္းခံၿပီး ေခ်ာ့ရတဲ့သူကမွ T တဲ့"
"မဟုတ္ပါဘူး ကိုယ္က T
ကိုယ္က babe ထက္အရပ္ရွည္တယ္
ပိုေတာင့္တယ္ ပိုလည္းအားသန္တယ္
ၿပီးေတာ့....
ဟိုဟာလည္းပိုႀကီးတယ္"
"Jas ေနာ္!!!
babe က T ပဲ
B မလုပ္နိုင္ဘူး"
"ဘာလို႔လဲ"
"နာမွာေၾကာက္လို႔ေပါ့!!"
Ray စဥ္းစားၾကည့္႐ုံနဲ႕တင္ ေတာ္ေတာ္နာမယ္မွန္းသိေတာ့ ငိုခ်င္လာကာ ကေလးတစ္ေယာက္လို ေအာ္ငိုျပစ္လိုက္ေတာ့သည္။
"အီး.....ဟီး....ဟီး..."
"babe မငိုနဲ႕ေလ ကိုယ္တို႔ဘာမွေတာင္မလုပ္ေသးဘူးေလ"
"B မလုပ္ခ်င္ဘူး......အီး..ဟီး..."
"ကိုယ္မနာေအာင္လုပ္မယ္ေလ"
"နာမွာ.... သိတယ္
လာမလိမ္နဲ႕......အရမ္းနာမွာ...
အီး...ဟီး......"
"တိတ္ေတာ့ကြာ..
မတိတ္ရင္ ကိုယ္ ဒီမွာတင္လုပ္လိုက္မွာေနာ္"
Jasper စကားေၾကာင့္ Ray ခ်က္ခ်င္းအငိုရပ္သြားသည္။
"ျပန္ၾကရေအာင္"
"ခုနကမွေရာက္တာကို babe ကလည္း"
"အဲ့တာဆို တစ္ေယာက္တည္းေနခဲ့"
ေရတံခြန္နားက အၿမဲလူရွင္းသည္။ အလုပ္သမားေတြသာ တစ္ခါတစ္ေလ ေရလာကူးတာပဲရွိသည္။
ေတာ္ၾကာေန Jas ကေျပာသလိုခ်က္ခ်င္း ထလုပ္မွျဖင့္...ဆိုသည့္အေတြးႏွင့္ Ray အိမ္သာျပန္လာခဲ့ေတာ့သည္။
အဲ့တာေတာင္ ကိုယ္ေတာ္ကအျပန္တစ္ခ်ိန္လုံး အေနာက္ကေန
"ခုနကေျပာထားတာမေမ့နဲ႕ေနာ္..
ကိုယ့္ေမြးေန႕ေနာ္"
ဆိုသည့္စကားကိုပင္ အူျမဴးကာေျပာေနသည္။
Around trip to love ၾကည့္ၿပီးကတည္းက Xiao Chen ေအာ္ေနရသည့္အသံကနားထဲကမထြက္....
ေမြးေန႕ေရာက္ရင္ ဆိုတဲ့စကားကိုေမ့သြားေအာင္ ေခါင္းကို ေခ်ာင္းရိုက္ရင္ေကာင္းမလား...
ကားနဲ႕ပဲဝင္တိုက္ရမလား...
ေခါင္းေပၚ ပန္းအိုးပစ္ခ်ရမလား...
ေခ်ာ္လဲၿပီး ေခါင္းထိေအာင္လုပ္ရမလား....
အေနာက္ကတၿပဳံးၿပဳံးနဲ႕ကိုယ္ေတာ္ သူ႕အေတြးေတြသာ ၾကားသြားရင္ ျမင္းေပၚကခုန္ဆင္းေလာက္တယ္။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Bạn đang đọc truyện trên: Truyen247.Pro