Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥
Part-33 ( love to eat)
Unicode
"ကို ပြန်လာတာလား"
Ray လက်ထဲမှတူကို အသံမြည်အောင် စားပွဲပေါ်ချလိုက်တယ်။
"နှင်းတော်ဝင် နင်တော်တော်အရှက်မရှိတာပဲ...
နင်မို့လို့မျက်နှာပြောင်တိုက်ပြီး လင်းခကိုလာတွေ့ရဲတယ်..."
"နင့်ပါးစပ်ပိတ်ထား မိုးတိမ်.....
ကိုက နင့်လို gay မဟုတ်ဘူး နင့်ကိုလည်းပြန်ကြိုက်မှာမဟုတ်ဘူး....
ကို့အနားမှာတွယ်ကပ်မနေစမ်းပါနဲ့ ရွံဖို့ကောင်းလွန်းလို့ပါ...."
"နင်...."
မိုးတိမ်ဒေါသကြောင့် မျက်နှာတစ်ခုလုံးနီရဲကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ပြန်ပြောမည်အပြု Ray မတ်တပ်ထရပ်လိုက်သည်။
"ဘယ်သူပြောလဲ ငါက gay မဟုတ်ဘူးလို့"
"ဟမ်..."
"ငါက gay မဟုတ်ဘူးလို့ နင်ဘာကြောင့်ထင်နေတာလဲ.....
နင်ငါ့ကို အရင်တုန်းကပြောခဲ့တဲ့စကားတွေကြောင့် ငါအမြင်မှန်ရပြီး ငါ့ကိုယ်ငါ ဘာလဲဆိုတာကို သိခဲ့ရတာ.....
ငါက gay....
ပြီးတော့ ဒါ ငါ့ချစ်သူလေ...."
Ray, Jasper လက်ကိုဆုပ်ကိုင်ကာမြှောက်ပြလိုက်သည်။
"မဖြစ်နိုင်တာ ကိုက gay မဟုတ်ဘူးဆိုတာ တော်ဝင်သိတယ်"
"guys!...
Who is she?"
အခြေအနေတွေကိုနားမလည်ပဲ ဝင်မေးသော Jasper ကို နှင်းတော်ဝင် စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
"I'm his girlfriend....
He is my man...
So, get away from my man"
"Are you fucking kidding me!!!...."
နှင်းတော်ဝင် ကို ကြည့်ကာ မဲ့ပြုံးနှင့် ခပ်ကျယ်ကျယ် ပြောလိုက်သောကြောင့် Ray အပါအဝင် သူတို့အားလုံး အံ့ဩကာ Canteen တစ်ခုလုံး ဆူညံနေရာမှ တိတ်ဆိတ်ငြိမ်ကျသွားသည်။
"hak.....shameless girl....
He was your man in the past..
But from now on and in the future , he is mine.
Remember that you're just an ex..."
"ကြားတယ်နော် နှင်းတော်ဝင်...
နင်ဒီ့ထက်ပိုပြီး အားလုံးရှေ့မှာ အရှက်မကွဲချင်ရင်....လစ်လိုက်တော့...."
အနောက်မှ နှင်းတော်ဝင်နှင့်အတူပါလာသည့် ကောင်မလေးများက နှင်းတော်ဝင်ကို လာဆွဲခေါ်ကြသည်။
"တော်ဝင်... သွားရအောင်ပါဟယ်....
လူတွေဝိုင်းကြည့်နေကြတာ ရှက်စရာကြီး...."
"ငါမသွားဘူး.....
အဲ့ကောင်နဲ့စာရင်းရှင်းလို့မပြီးသေးဘူး"
Jasper ကိုလက်ညိုးတထိုးထိုး နှင့် နှင်းတော်ဝင်၏ ပုံစံမှာ တော်တော်ကို ကျက်သရေတုံးလှသည်။
"ငါနင့်ကို မိန်းကလေးမို့လို့ သည်းခံနေတာ နှင်းတော်ဝင်...
ဒါပေမယ့် နင်က သည်းခံဖို့မထိုက်တန်ဘူး
ငါ့ချစ်သူနဲ့နင်က ဘာတွေများစာရင်းရှင်းချင်သေးတာလဲ....
ကိုယ့်အဆင့်ကိုယ်သိ...
ကိုယ့်နေရာ ကိုယ်နေ...
ချမ်းသာတဲ့ယောက်ျားတွေကို လိုက်ကပ်ပြီး အမြတ်ထုတ်နိုင်နေတာကို ကိုယ့်ကိုကိုယ်တော်လှပြီမထင်နဲ့နှင်းတော်ဝင်....သတိထားနေပါ...
နင့်ကိုပြန်ပြီး အမြတ်ထုတ်သွားကြလိမ့်မယ်..."
"ကို!!!"
နှင်းတော်ဝင် သူငယ်ချင်းများက သူမကို canteen မှခေါ်ထုတ်သွားကြလေသည်။
"အစားအသောက်ပျက်တယ်....တကယ်ပဲ"
သူတို့ စားပွဲဝိုင်းလေး ပြန်၍အသက်ဝင်လာပြီဖြစ်သည်။
Canteen မှပြန်အထွက် မြွေသေးသေးလေးတစ်ကောင်ကို Ray တွေ့လိုက်ရာ..
"အားးးးးး မြွေ!!! မြွေ!!!"
Ray အသားကုန်အော်ကာ မိုးတိမ်ခားကို စွေ့ခနဲခုန်ခွလိုက်ရာ မိုးတိမ်ကလည်း ကျောကိုအသာ ထိန်းဖက်လိုက်သည်။
Ray ၏ ပုံစံကိုကြည့်ပြီး Jasper မျက်နှာကြီးရဲတက်လာပေမယ့် ကျန်လေးကောင်ကတော့ ဗိုက်နှိပ်ကာ အားရပါးရရယ်ကြတော့သည်။
"အသေကြီးပါဟယ်....
ဒီလောက်အကောင်သေးသေးလေးကို"
Ray မျက်စိကိုစုံမှိတ်ကာ မိုးတိမ်ကို မျောက်သစ်ပင်တက်သလို အသေကိုခွထားဆဲပင်။
"မိုးတိမ် ငါ့ကိုအောက်မချနဲ့နော်.....
ကားပေါ်ထိ ဒီတိုင်းလိုက်ပို့ပေး..."
အနီးအနားကသူများကလည်း သူ့ကိုကြည့်ကာ ရယ်နေကြသည်။
"The thing, he afraids the most in the world is snake....."
ရယ်ကျဲကျဲနှင့် သူဇာနွယ် ပြောသည်ကိုပင် Jasper ဟန်ဆောင်ပြုံးနှင့်ပင်မတုန့်ပြန်နိုင်။
ကားပေါ်အထိ လိုက်ပို့ပြီး Ray ကို ခါးပတ်ပတ်နေသော မိုးတိမ်ကို Jasper သိပ်မကြည်တော့....
"လင်းခ....ညနေ ကျရင် ငါဖွားအိမ်ကိုလာခဲ့မယ်"
"အင်း....."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
အပြန် သူတို့နှစ်ယောက်ကြား ဖွင့်ထားသည့် သီချင်းသံသာ စိုးမိုးနေသည်။
Jasper သူ့ကိုကောက်သွားပြီမှန်းသိလိုက်သောကြောင့် ပြန်ချော့ရန် Ray စဉ်းစားနေရသည်။
အိမ်ကိုပြန်ရောက်တော့ Jasper ကိုအပေါ်ထပ်ရှိသူ့အခန်းသို့ခေါ်သွားလိုက်သည်။
အခန်းထဲရောက်သည်အထိ သူ့ကိုစကားမပြောဘဲ မှန်ဘောင်သွင်းထားသည့် ဓာတ်ပုံတွေကိုလိုက်ကြည့်နေသည်။
သူ့မိသားစုဓာတ်ပုံ.....
သူငယ်ချင်းတွေနှင့်အဖွဲ့လိုက်ပုံ....
ပြီးတော့...သူ့ကိုမိုးတိမ်ကျောပိုးထားသည့်ပုံ.....
Ray သတိရရချင်းထိုဓာတ်ပုံကို Jasper မမြင်အောင်ဖွက်ရန်ကြံလိုက်ပေမယ့်...
သူ့အတွေးထက် Jasperမျက်လုံးတွေကပိုမြန်သွားသည်။
မျက်ခုံးတွေတွန့်ချိုးကာ Jasper ပြတင်းပေါက်နားလျှောက်သွားပြီး အပြင်ကိုသာဒေါသတကြီးစိုက်ကြည့်နေသည်။
"Jas..."
သူ့ခေါ်သံကိုကြားပေမယ့် Jasper ကျောက်ရုပ်လိုငြိမ်သက်နေဆဲ....
"babe ကိုစိတ်ဆိုးနေတာလားဟင်"
"........"
"ဒီလိုကြီး babe ကိုစကားမပြောဘဲမနေပါနဲ့...
Jas စိတ်ကြိုက်အပြစ်ပေးပါနော်...."
"ကိုယ့်အပြစ်ကိုယ်သိတယ်မလား!!!"
ဟိန်းထွက်လာသောအသံနှင့် သူ့ကိုလှည့်ကြည့်လာသောကြောင့် Ray ကိုယ်လေး ဆတ်ကနဲတုန်သွားလေသည်။
"သိပါတယ်... "
"အဲ့တစ်ယောက်က babe ကိုကြိုက်နေတာမလား....
ကိုယ့်ကိုအမှန်အတိုင်းဖြေ..."
"မဟုတ်ပါဘူး သူငယ်ချင်းတွေပါ"
"ကိုယ်တစ်ယောက်လုံး ဘေးမှာရှိတာတောင်
အဲ့ကောင်ကို တက်ခွရဲတယ်နော်...."
"babe အရမ်းကြောက်သွားလို့ပါ....
Jas ကလည်း....
နောက်ဆို Jas ကိုပဲခွမယ်လေနော်...."
Ray နှုတ်ခမ်းလေးစူကာ ခပ်ချွဲချွဲလေးနှင့် Jasper ဝတ်ထားသော အကျႌအောက်အနားစကို လက်ကလေးနှင့်လိမ်ပြီးပြောလိုက်သည်။
"အခုခွ"
"ဟမ်"
"ကိုယ့်ကို အခုခွလို့"
Jasper၏ ခါးကို Ray ခုန်ခွလိုက်ပြီး လည်တိုင်ကိုဖက်တွယ်လိုက်ရာ သူ့ပေါင်ကိုကိုင်ပြီး Jasper ကထိန်းထားလေသည်။
"ကိုယ်ပင်ပန်းနေတယ် အားသွင်းပေး..."
Lip to lip ဖြင့် အားသွင်းလိုက်မှ Jasper ပြုံးလာသည်။
သူ့နှုတ်ခမ်းတွေကို Jasper လွှတ်မပေးဘဲ နမ်းနေရာမှ သူ့ပေါင်နှစ်ဖက်ကိုကိုင်ထားသည့် လက်တွေက တဖြည်းဖြည်းနေရာရွှေ့ကာ တင်ပါးပေါ်ရောက်လာသည်။
Ray ခေါင်းထဲအချက်ပေးသံတွေဆူညံလာကာ နှုတ်ခမ်းတွေလွတ်အောင် ခေါင်းကို အနည်းကို လှုပ်ကြည့်ပေမယ့်မရ။
ခွထားသောခြေထောက်ကိုဖြုတ်ပြီး ဆင်းရန်လုပ်တော့လဲ Jasper ကသူ့တင်ပါးကိုအားရပါးရကိုင်ကာ ပြန်မတင်လေသည်။
သူ့ကိုခွလျှက်သားပင် Jasper ကကုတင်ပေါ်တင်လိုက်လေသည်။
သူ့နှုတ်ခမ်းတွေကိုလွှတ်ပေးပြီး ရီဝေသောအကြည့်တွေ့နှင့် သူ့ပါးပြင်ကိုအုပ်ကိုင်လာသည်။
ညင်သာသော အနမ်းများက မျက်နှာအနှံ့ရောက်ရှိလာပြီး သူဝတ်ထားသော အကျႌလေးကိုဆွဲချွတ်ခံလိုက်ရမှ Ray စိတ်နှင့်လူကပ်တော့သည်။
"Jas ဘာလုပ်မလို့လဲ"
ရင်ဘက်ကိုတွန်းနေသော သူ့လက်တို့ကို Jasper ကဆုပ်ကိုင်ယူကာ လက်ဖမိုးကိုနမ်းရှိုက်လိုက်ပြန်သည်။
"ချစ်တယ်..."
Ray ငြင်းဆန်နိုင်စွမ်းမရှိတော့အောင်ကို Jasper ၏ မျက်ဝန်းအကြည့်တွေအောက်မှာကျဆုံးသွားခဲ့ပြီ။
လည်တိုင်ပေါ်မှ နှုတ်ခမ်းတွေက ညှပ်ရိုးပေါ်သို့ရောက်ရှိသွားကာ တစ်ချက်ခပ်ဖွဖွအကိုက်ခံလိုက်ရသည်။
သူ့ရဲ့ပန်းရောင်ပွင့်လွှာနှစ်ခုကိုစုပ်ယူခံလိုက်ရတဲ့အချိန်မှာတော့ Ray ကျောကော့သွားကာ အသံမထွက်အောင် အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်သည်။
တစ်ကိုယ်လုံးကိုပြေးလွှားပွတ်သပ်နေသော Jasper ၏လက်များကြောင့် Ray လူးလွန့်နေရသည်။
သူသတိမထားမိလိုက်တဲ့အချိန်မှာပဲ သူ့ကိုယ်ပေါ်တွင်အဝတ်မရှိတော့ အနက်ရောင် boxer တစ်ထည်သာကျန်တော့သည်။
Jasper ကလည်းအပေါ်ပိုင်းဗလာနှင့်ပင်။
သူ့အောက်ပိုင်းကိုလာထောက်သော ခပ်မာမာအရာကြောင့် Ray မျက်နှာရဲတက်လာကာ Jasper့ ကိုမကြည့်ရဲဘဲ ဘေးဘက်သို့ခေါင်းလှည့်ထားလိုက်သည်။
"ရှက်နေတာလား babe"
"မဟုတ်ပါဘူး ...ဘာလို့ရှက်ရမှာလဲ"
Jasper ကသူ့စကားကိုသဘောတကျရယ်ရင်း သူ့ပေါင်တံလေးတစ်ဖက်ကိုနမ်းရိုက်လိုက်လေသည်။
"ကိုယ်ဆက်လုပ်ရမလား....ဒီလောက်နဲ့ရပ်လိုက်ရမလား"
"ရပ်လိုက်ကြရအောင်...."
"babe သဘောပါ....
ကိုယ့်ကိုတကယ်လက်ခံနိုင်သည်အထိ စောင့်နေပါ့မယ်..."
"ကျေးဇူးပါပဲ Jas"
"ကိုယ်ရေချိုးလိုက်ဦးမယ်နော်"
"အင်း..."
Jasper ရေချိုးခန်းထဲကိုဝင်သွားပြီး ရေသံနှင့်အတူ ညည်းသံခပ်သဲ့သဲ့ ကိုပါ Ray ကြားလိုက်ရသည်။
"ငါအဆင်သင့်မဖြစ်သေးတဲ့အတွက် တောင်းပန်ပါတယ် Jas"
Jasper ရေချိုးပြီးတော့ Ray ရေချိုးခန်းထဲဝင်ရန် တွန့်ဆုတ်နေမိသည်။
လွန်ခဲ့တဲ့နှစ်နှစ်က ဒီရေချိုးခန်းထဲမှာ သူ့ကိုယ့်ကိုသတ်သေဖို့ကြိုးစားခဲ့တာပဲ.....
ရေချိုးခန်းမှန်ထဲမှာကြည့်လိုက်တော့ သူ့ရင်ဘက်နှင့် ဝမ်းဗိုက်တို့တွင် kiss marks များကနေရာယူထားလေသည်။ တော်သေးတာပေါ့ လည်ပင်းမှာမရှိလို့။ မဟုတ်ရင် သူ Mandalay ရာသီဥတုနှင့် လည်ပိတ်အကျႌဝတ်ရပေတော့မည်မှာ တွေးကြည့်ရုံနဲ့တင် ရေခဲတိုက်ထဲသာပြေးဝင်ချင်တော့သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
ညနေပိုင်းတွင်မိုးတိမ်ရောက်လာပြီး သူနှင့်နှစ်ယောက်တည်းစကားပြောချင်သည်ဆိုသောကြောင့် အိမ်တော်အနောက်ဖက်ခြံထဲသို့နှစ်ယောက်ထွက်လာခဲ့သည်။
Jasper ကတော့ အခန်းထဲတွင်အိပ်ပျော်နေလေသည်။
"Jasper နဲ့ကတကယ်ပဲချစ်သူတွေလား လင်းခ"
"ဟန်ဆောင်နေတယ်ထင်လို့လား"
"ဟန်ဆောင်နေတာဖြစ်ပါစေလို့တော့ ငါဆုတောင်းမိတယ်..."
"မိုးတိမ်"
"မင်းမပြောင်းလဲသေးဘူးပဲ လင်းခ အားလုံးအရင်အတိုင်းပဲ.....
မင်းချစ်သူက နှင်းတော်ဝင် မဟုတ်တော့ဘဲ Jasper ဖြစ်သွားတာလေးတစ်ခုပဲ ကွဲပြားသွားတယ်...
ငါကလည်း မင်းအတွက်အရင်အတိုင်းပဲမလားဟင်..."
"မင်းကအရင်အတိုင်း ငါ့သူငယ်ချင်းပဲလေ
ငါအခု မင်းကိုလည်းနားလည်သွားပြီထင်တယ်"
"လိင်တူချင်း ချစ်မိတာကိုလား"
"အင်း..."
"အမှန်အတိုင်းပြောရရင် ငါလက်ခံဖို့ခက်ခဲနေတယ်...မင်းနဲ့ Jasper ကချစ်သူတွေဆိုတာကို..
ဒါပေမယ့် မင်းသူ့ကိုတကယ်ချစ်နေတော့ လက်ခံပေးရမှာပေါ့...
ငါ့အတွက် မင်းပျော်နေဖို့ပဲလိုတာပါ"
"ကျေးဇူးပဲ မိုးတိမ်"
"ငါကအခုထိ မင်းအချစ်ဆုံးသူငယ်ချင်းဖြစ်ခွင့်ရှိသေးတယ်မလား"
"ဒါပေါ့"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
သူပြန်ရောက်နေတဲ့အကြောင်းကို ဖေဖေ့အားမပြောရန် ဖွားကို Ray နှုတ်ပိတ်ထားလေသည်။ မနက်ဖြန် ဖေဖေရှိရာ ပြင်ဦးလွင်ကိုသွားရန်လည်းစီစဉ်ပြီးသားဖြစ်သည်။
ဟိုငါးကောင်စာမေးပွဲပီးရင်လည်းအားလုံးအတူခရီးထွက်ရန် လက်ဝါးရိုက်တိုင်ပင်ထားကြသည်။
အခုတော့ မနက်စောစော အကျႌလည်ကတုံး ယောပုဆိုးဆင်တူဝတ်ကာ Jas နှင့်အတူ ရှမ်းရှမ်းသို့ရောက်နေသည်။
ပုဆိုးဝတ်ချင်တယ်ဆိုပြီး ဂျီကျသော Jasper ကြောင့် မနေ့ကတစ်နေ့လုံး ပုဆိုးဝတ်နည်းသင်ပေးခဲ့ရသည်။
"အမဲသား အမဲလုံးနဲ့ အဖွယ် အရည်ပျော်နှစ်ပွဲ"
လာချပေးသော မျှစ်ချဉ် မုန်ညှင်းချဉ် နှင့် မုန်လာချဉ်တို့ကို Ray တူနှင့်နည်းနည်းချင်းဆီ စားလိုက်သည်။
"Jas ဒါကမျှစ်ချဉ်....မျှစ်ကိုသိတယ်မလား...ဝါးအပင်ပေါက်လေးလေ"
"အင်း သိတယ်"
"ဒါက မုန်ညှင်းချဉ်.... ရှမ်းရိုးရာအစားအစာလေ မုန်ညှင်းကို အခြောက်လှမ်းပြီး အချဉ်လုပ်ထားတာ...
ဒါက မုန်လာချဉ် မုန်လာဥနဲ့မုန်လာရွက်ကို ထမင်းရည်နဲ့ အချဉ်တည်ထားတာ..."
"အချဉ်တွေ အများကြီးနော်"
"သူတို့က ကိုယ်ကြိုက်တာနဲ့စားရအောင် သုံးမျိုးချပေးထားတာလေ....
Jas ဘယ်ဟာကြိုက်လဲ စားကြည့်"
Jas အချဉ်တစ်မျိုးစီကိုမြည့်ကြည့်လေသည်။
"အကုန်ကြိုက်တယ်
babe ဒါတွေအများကြီးမစားနဲ့နော် အစပ်နည်းနည်းပါတယ်"
"အင်းပါ "
Ray စားပွဲထိုးလာချပေးသော ရှမ်းအရည်ပျော်ဟင်းရည်တစ်ဇွန်းကိုခပ်သောက်လိုက်သည်။
"ဒီအရသာကို လွမ်းနေတာ....
Jas ဘယ်လိုလဲ"
"အင်း ကောင်းတယ်...
ဒါကို ဘယ်လိုခေါ်တာလဲ"
"ရှမ်း အဖွယ် အရည် ပျော်
ရှမ်းရိုးရာ အစားအစာတစ်ခုလေ"
"babe က Mandalay ကိုအရမ်းသဘောကျတာလား"
"အင်း သဘောကျတာထက်ကို ချစ်တာ"
"ဘာလို့လဲ"
"ဒါတွေကြောင့်လေ"
ခေါက်ဆွဲပန်းကန်ကိုကြည့်ကာ ပြောသည့် Ray ကြောင့် Jasper ဘာကိုပြောချင်မှန်းနားမလည်။
"ဒီအစားအသောက်တွေကြောင့်ချစ်တာလို့ပြောတာ.....
Mandalay မှာ နေရာဒေသအစုံက ရိုးရာအစားအစာတွေရှိတယ်လေ ပြီးတော့ ဈေးသင့်တင့်ပြီး စားလို့အရမ်းကောင်းတာ... ဟီး..."
သူ့အဖြေသူ သဘောကျပြီး ရယ်နေသည့် Ray က တကယ်ကို အစားမက်သည့် ကလေးတစ်ယောက်သဖွယ်...
မနက်စာစားပြီး ဘုရားကြီးသွားကြသည်။
ရွှေသင်္ကန်း ကပ်ပြီး ငါးစာကျွေးကာ ဘုရားစောင်းတန်းမှ ဆိုင်များကို Jasper ကစိတ်ဝင်တစားလိုက်ကြည့်နေသည်။
ကြေးပြတိုက်ထဲမှာ အရုပ်ကြီးတွေကို ပွတ်ပြီး ဆုတောင်းနေကြသည့် သူတွေကိုကြည့်ကာ Jasper ကလည်း ခပ်တည်တည်နှင့် လိုက်ပွတ်နေလေသည်။
"ဒီကြေးရုပ်ထုကြီးတွေက အရင်တုန်းကအသက်ရှိတယ်တဲ့"
"တကယ်လား"
"အင်း ဖွားတို့ပြောပြတာပဲ သူ့တို့ကိုပွတ်ပြီးဆုတောင်းရင်ဆုတောင်းပြည့်တယ်လို့ ယုံကြည်ကြတာ"
"အဲ့တာကြောင့် ခုနက အန်တီကြီးတွေကပွတ်နေကြတာကို"
ပုဆိုးဆင်တူ အကျႌဆင်တူနှင့် သူတို့နှစ်ယောက်ကို လူတွေက သိသိသာသာကိုကြည့်နေကြသည်။
ခိုစာကျွေးပြီး ငှက်လည်းလွှတ်ကြသေးသည်။
ဘုရားစောင်းတန်းတွင်ထိုင်ရင်း Jasper က သူနဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေကို IG တွင်တင်နေလေသည်။
ဈေးသည်များရောင်းသည့် အစားအသောက်များကိုလည်း ဟိုဟာဘာလဲ သည်ဟာဘာလဲနှင့် သူ့ကိုအဆက်မပြတ်မေးကာ တစ်ခုပြီးတစ်ခုစားနေသောကြောင့် အစားစုံကာဝမ်းပျက်မည်စိုး၍ အိမ်ပြန်ရန်အတင်းဆွဲခေါ်ရတော့သည်။
"ကိုယ်မစားဖူးသေးတာတွေအများကြီး ကျန်သေးတာကို babe ကလဲ"
"ဒီမနက်စားတာများနေပြီလေ နေမကောင်းဖြစ်လိမ့်မယ်....ညနေကျမှ ညဈေးတန်းခေါ်သွားပေးမယ်"
"တကယ်နော်"
"အင်း.."
"ညဈေးတန်းမှာရော ဘယ်လိုစားစရာတွေရှိလဲ"
သူတော့ အစား သရဲကိုမှ ချစ်သူတော်မိထားတာပဲ......
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Zawgyi
"ကို ပြန်လာတာလား"
"နင်...."
"ဟမ်..."
ငါက gay....
"Hey guys...
Who is she?"
အခြေအနေတွေကိုနားမလည်ပဲ ဝင်မေးသော Jasper့ ကို နှင်းတော်ဝင် စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
"I'm his girlfriend....
He is my man...
So, get away from my man"
"hak.....shameless girl....
"ငါမသွားဘူး.....
Jasper့ ကိုလက်ညိုးတထိုးထိုး နှင့် နှင်းတော်ဝင်၏ ပုံစံမှာ တော်တော်ကို ကျက်သရေတုံးလှသည်။
ကိုယ့်အဆင့်ကိုယ်သိ...
ကိုယ့်နေရာ ကိုယ်နေ...
"ကို!!!"
"အားးးးးး မြွေ!!! မြွေ!!!"
"အသေကြီးပါဟယ်....
ရယ်ကျဲကျဲနှင့် သူဇာနွယ် ပြောသည်ကိုပင် Jasper ဟန်ဆောင်ပြုံးနှင့်မတုံ့ပြန်နိုင်။
"အင်း....."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
အိမ်တော်ကိုပြန်ရောက်တော့ Jasper့ ကိုအပေါ်ထပ်ရှိသူ့အခန်းသို့ခေါ်သွားလိုက်သည်။
သူ့မိသားစုဓာတ်ပုံ.....
သူ့အတွေးထက် Jasper့ မျက်လုံးတွေကပိုမြန်သွားသည်။
"Jas..."
"........"
"သိပါတယ်... "
Jas ကလည်း....
Ray နှုတ်ခမ်းလေးစူကာ ခပ်ချွဲချွဲလေးနှင့် Jasper ဝတ်ထားသော အင်္ကျီအောက်အနားစကို လက်ကလေးနှင့်လိမ်ပြီးပြောလိုက်သည်။
"အခုခွ"
"ဟမ်"
"ကိုယ့်ကို အခုခွလို့"
Jasper့ ခါးကို Ray ခုန်ခွလိုက်ပြီး လည်တိုင်ကိုဖက်တွယ်လိုက်ရာ သူ့ပေါင်ကိုကိုင်ပြီး Jasper ကထိန်းထားလေသည်။
ညင်သာသော အနမ်းများက မျက်နှာအနှံ့ရောက်ရှိလာပြီး သူဝတ်ထားသော အင်္ကျီလေးကိုဆွဲချွတ်ခံလိုက်ရမှ Ray စိတ်နှင့်လူကပ်တော့သည်။
"Jas ဘာလုပ်မလို့လဲ"
"ချစ်တယ်..."
"ရှက်နေတာလား babe"
"ရပ်လိုက်ကြရအောင်...."
"babe သဘောပါ....
"ကျေးဇူးပါပဲ Jas"
"အင်း..."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"မိုးတိမ်"
"အင်း..."
"ကျေးဇူးပဲ မိုးတိမ်"
"ဒါပေါ့"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
အခုတော့ မနက်စောစော အင်္ကျီလည်ကတုံး ယောပုဆိုးဆင်တူဝတ်ကာ Jas နှင့်အတူ ရှမ်းရှမ်းသို့ရောက်နေသည်။
်ပုဆိုးဝတ်ချင်တယ်ဆိုပြီး ဂျီကျသော Jasper့ ကြောင့် မနေ့ကတစ်နေ့လုံး ပုဆိုးဝတ်နည်းသင်ပေးခဲ့ရသည်။
"အင်း သိတယ်"
"အကုန်ကြိုက်တယ်
"အင်းပါ "
"ဒီအရသာကို လွမ်းနေတာ....
Jas ဘယ်လိုလဲ"
"အင်း ကောင်းတယ်...
ဒါကို ဘယ်လိုခေါ်တာလဲ"
"ရှမ်း အဖွယ် အရည် ပျော်
"ဘာလို့လဲ"
"ဒါတွေကြောင့်လေ"
"တကယ်လား"
ပုဆိုးဆင်တူ အင်္ကျီဆင်တူနှင့် သူတို့နှစ်ယောက်ကို လူတွေက သိသိသာသာကိုကြည့်နေကြသည်။
"တကယ်နော်"
"အင်း.."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Bạn đang đọc truyện trên: Truyen247.Pro