Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-32 ( back to homeland)

Unicode

စာမေးပွဲခန်းကထွက်သည်နှင့် ဗိုက်ဆာလို့သူ့ကိုဂျီကျတော့မည့် Jas ကိုမြင်ယောင်ကာ car parking သို့အမြန်ပြေးရတော့သည်။

"P' Ray!"

ဋ္ဌာနရှေ့ရောက်တော့ သူ့နာမည်ကိုခေါ်သံကြားလိုက်လို့ လှည့်ကြည့်ရာ ပထမနှစ်မှ သူ့ဂျူနီယာကောင်မလေး....

"Nong Dao.....
P' ကိုဘာပြောစရာရှိလို့လဲ"
"P' ကို Nong ကြိုက်နေတဲ့အကြောင်းဝန်ခံချင်လို့ပါ"

လာပြန်ပြီ......စိတ်ညစ်လိုက်တာ....

Ray စိတ်ထဲမှ ညည်းညူကာ လည်ပင်းကိုလက်ဖဝါးနှင့်အသာပွတ်လိုက်သည်။

"ဒီမှာကျောင်းစတက်တဲ့နေ့ P' ကိုစတွေ့ကတည်းက သဘောကျခဲ့မိတာ.....
Nong ကိုလည်း P' ကဂရုစိုက်တော့....
P' လည်း Nong လိုခံစားရမယ်ထင်လို့ဖွင့်ပြောတာပါ..."

စိတ်ရှုပ်လွန်းလို့ ကိုယ့်ခေါင်းကိုယ်အားရပါးရ ဆွဲဖွပြစ်ချင်ပေမယ့် ဆံပင်ပုံပျက်မှာစိုးသောကြောင့် လည်ပင်းကိုသာနာနာဖိပွတ်လိုက်သည်။

"Nong အထင်မှားနေတယ်ထင်တယ်...
P' က Nong တစ်ယောက်ထဲကိုပဲ အရေးပေးပြီးဂရုစိုက်တာမဟုတ်ပါဘူး
Junior အားလုံးကိုလည်းဒီလိုပဲဆက်ဆံတာ..
ဒါကိုအားလုံးလည်းသိကြတယ်လေ.....
ပြီးတော့ P' Nong အပေါ်ဘာခံစားချက်မှမရှိဘူး....
စိတ်လည်းမဝင်စားဖူးဘူး...
P' မှာလည်း ချစ်ရတဲ့ချစ်သူရှိပြီးသားပါ"
"P' လိမ်နေတာ....P' မှာချစ်သူမရှိဘူးဆိုတာကိုတစ်ကျောင်းလုံးသိတယ်.....
P' မှာချစ်သူရှိတယ်ဆိုရင် အဲ့တာဘယ်သူလဲပြောလေ..."
"ငါကဘာလို့ ငါ့ကိုယ်ရေးကိုယ်တာကို ပြောရမှာလဲ....
Nong Dao ငါ့ကိုဒီလိုမေးပိုင်ခွင့် မင်းမှာမရှိဘူးနော်......"

Ray ခပ်မာမာပြောကာ လှည့်ထွက်လာခဲ့သည်။

"Freshy star လေး Dao လည်းအငြင်းခံလိုက်ရပြန်ပြီ.....
မချစ်တတ်တဲ့ ငါတို့ Ray ကိုပဲလိုက်ကြိုက်နေကြတာ တော်တော်ပင်ပန်းမှာပဲ"

အနောက်မှ senior အစ်ကိုတစ်ယောက်ပြောစကားကြောင့် Ray စိတ်ထဲမှရေရွတ်လိုက်သည်။

ငါလည်းသူတို့ကိုငြင်းရတာ တော်တော်ကိုပင်ပန်းတယ်ဟေ့....
ငါကမချစ်တတ်တာမဟုတ်ဘူး ချစ်တတ်လွန်းနေတာ...ဟွန့်....

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

အလုပ်တွေအားလုံးကိုသေချာစီမံပြီးတာဝန်ခံများနှင့်လွှဲအပ်ပြီးသောအခါ Ray အထုပ်ပြင်တော့သည်။

လေယာဉ်လက်မှတ်လည်းကြိုတင်မှာထားပြီးသားဖြစ်သည်။

သူ့ luggage ကိုပြင်ပြီးတော့ Jasper အတွက်လည်းပြင်ပေးရသည်။ ကိုယ်တော် Jas က သူလုပ်သမျှကိုမကူ အငြိမ်လည်းမနေ ဘေးကနေစလိုက်ရှုပ်လိုက်နှင့်ပင်။

"babe"
"ဟင်..."
"ဟိုမှာ babe သူငယ်ချင်းတွေအများကြီးရှိလားဟင်"
"အများကြီးမဟုတ်ပါဘူး ငယ်ငယ်ကတည်းကပေါင်းလာတဲ့ ငါးယောက်ပဲရှိတာ..."
"သူတို့က ကိုယ်တို့နှစ်ယောက်ချစ်သူတွေမှန်းသိလား"
"လေးထောင့်ကလွဲရင် ကျန်တဲ့လေးယောက်ကမသိသေးဘူး....
လေးထောင့်ကိုသိတယ်မလား babe နဲ့ video call ပြောတဲ့ကောင်မလေးလေ"
"Arrr သိတယ်.....
ဒါဆိုကိုယ်တို့မနက်ဖြန်သွားကြမှာပေါ့"
"အင်း..."

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Bangkok အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲကိုရောက်တော့ သူ Jas နှင့်ပထမဆုံးတွေခဲ့တာကိုသတိရမိကာ နှုတ်ခမ်းလေးများတွန့်ကွေးသွားခဲ့သည်။

"ဘာတွေသဘောကျလို့ပြုံးနေတာလဲbabe"
"ဘာမှမဟုတ်ပါဘူး.."

လေယာဉ်ပေါ်ရောက်သည်နှင့် Ray eye mask တပ်ပြီး ခဏအိပ်ရန်အပြု ဘေးမှ Jasper ကလုံးဝအအိပ်မခံပေ။

"babe အဲ့တာကြီးချွတ်လိုက် မအိပ်နဲ့ဆိုကွာ...
လေယာဉ်ကခဏလေးပဲစီးရမှာကို ကိုယ်နဲ့စကားပြောမယ်လေကွာ..."

အထူးတန်းဖြစ်တာကြောင့် ခရီးသည်အနည်းငယ်သာရှိပြီး ဘေးမှ ကလေးလိုဂျီကျနေသည့် Jasper ကိုကြည့်ကာ လေယာဉ်မယ်လေးများကျိတ်ရယ်နေကြသည်။

"babe!!!! ကိုယ့်ကိုဂရုမစိုက်ဘူးပေါ့"

Ray တခြားခရီးသည်များနှင့် လေယာဉ်မယ်များကို အားနာလာသည်။

"မအိပ်တော့ဘူး....မအိပ်တော့ဘူးနော်...
အခုအသံလေးနည်းနည်းတိုးပေး...
သူများတွေကိုအားနာစရာကြီး..."
"ပြီးရော....ကိုယ်ပြင်းတယ်..."
"ပြင်းရင်အိပ်လေ..."
"မအိပ်ချင်ပါဘူးဆိုကွာ!!!"
"အင်းပါ....vocal လေးနည်းနည်းလျော့ပါဆို"

Ray laptop ထဲမှ သူနှင့်သူငယ်ချင်းတွေရဲ့ပုံတွေကို Jasper အားဖွင့်ပြလိုက်သည်။

"ဒီကောင်မလေးက လေးထောင့်လေ....
သူ့နာမည်အရင်းက သူ ဇာ နွယ်...
ဒါက မြတ် ကို...
စိုင်း ကောင်း ပြည့်...
ဉာဏ် ထက် ဇော်....
သူကတော့.....မိုး တိမ် တိုက်...."

သူပြောတဲ့နာမည်တွေကို Jas ကစာအုပ်လေးနှင့်အသံထွက်ကို သေချာလိုက်မှတ်နေသည်။

"ဒါက babe ရဲ့ညီမလေး မိုး မ ခ....
ဒါက babe ရဲ့ဖေဖေ နေ မင်း ခ"

သူငယ်ငယ်က ဓာတ်ပုံတွေကိုကြည့်ပြီး Jasper သဘောကျနေသည်။

"ဒီပုံတွေကို ဘာလို့ အရင်ကတည်းက ကိုယ့်ကိုမပြတာလဲ"
"ဒီတိုင်း ပြဖို့သတိမရလို့..."
"ဒီတစ်ယောက်က ဘာလို့ babe ပါးကိုနမ်းနေတာလဲ"

သူ 10 နှစ်ပြည့်မွေးနေ့တုန်းက သူ့ပါးကိုမိုးတိမ်နမ်းနေသည့် ပုံကိုဖေဖေက ရိုက်ပေးထားခြင်းပင်။

"babe မွေးနေ့မို့လို့ သူငယ်ချင်းကနမ်းတာ"
"ဘာလို့အနမ်းခံတာလဲ babeက"
"သူကငယ်ငယ်လေးကတည်းကအဲ့လိုပဲ babe ကိုဆို အရမ်းစတာ....
အဲ့တုန်းကလည်း စချင်လို့နမ်းလိုက်တာ"

Ray မုသားလှလှ သုံးလိုက်သည်။ မိုးတိမ်က သူ့ကိုနှစ်တိုင်းမွေးနေ့ရောက်ရင် ထိုသို့ နမ်းတတ်သည်။ ငယ်ငယ်ကတည်းကဆိုတော့ Ray လည်းမထူးဆန်းတော့ပေ။

Jasper သူ့ laptop ကိုယူကာ ဓာတ်ပုံတွေကိုစိတ်ကြိုက်ကြည့်နေရာမှ အားရပါးရ ထရယ်လေသည်။

"babe ဟာလေးကသေးသေးလေး"

6 နှစ်အရွယ်တုန်းက ကိုယ်တုံးလုံးနှင့်ရေချိုးနေသောသူ့ပုံပင်။

"တကယ်ကို သေးသေးလေး..."

Ray တစ်ကိုယ်လုံးပူထူကာ မျက်နှာတွေလဲ နီရဲလာသည်။

"မသေးပါဘူး....အဲ့တာကငယ်သေးလို့.."
"ဟုတ်လို့လား...အခုလဲသေးသေးလေးပဲမလား..."
"မသေးပါဘူးဆို...."
"ကိုယ်နဲ့ယှဉ်ရင်တော့ သေးသေးလေးပဲနေမှာပါ"

သူ့နားနားကပ်ကာ ခပ်တိုးတိုးပြောပြီး နားကိုလေနှင့် မှုတ်လိုက်သောကြောင့် Ray ကြက်သီးများ ဖြင်းကနဲထသွားသည်။

"Jas နော်..!!!"
"babe သူများတွေကိုအားနာစရာကြီး အသံလေးနည်းနည်းလျော့"

သူပြောခဲ့သည့်စကားကို ပြန်သုံးလိုက်သော Jasper မှာ အခုချိန်ထိ သူကိုယ်တုံးလုံးနှင့်ပုံကိုကြည့်ပြီး ရယ်လို့မဝသေး။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Mandalay လေဆိပ်ကိုရောက်တော့ လေယာဉ်ပေါ်ကဆင်းလိုက်သည်နှင့် နှစ်နှစ်တာမျှ ဝေးကွာခဲ့သည့် ပူနွေးနွေးလေထုကို အားရအောင်ရှူသွင်းလိုက်သည်။

"babe ဘယ်သူမှလာမကြိုဘူးလား"
"အင်း...ဒီကိုပြန်လာမယ်မှန်း ဘယ်သူ့ကိုမှမပြောထားဘူးလေ
surprise လုပ်ချင်လို့"

သူဟိုကနေလှမ်းစီစဉ်ထားသည့်အတိုင်း showroom မှ ဝန်ထမ်းတစ်ယောက်က sport ကားအနီရောင်လေးကို လေဆိပ်လာပို့လေသည်။

ဒီကလမ်းတွေနှင့်အဆင်ပြေမည့် ကားတစ်စီးကို သူမှာထားကာ ငွေချေထားပြီးသားဖြစ်သည်။

Luggage နှစ်လုံးကို ကားနောက်ခန်းမှာတင်ကာ အရှေ့ခန်းတွင်နှစ်ယောက်သားနေရာယူလိုက်သည်။

အနည်းငယ်မိုးအုံ့နေသောကြောင့် Ray ကားအမိုးကိုဖွင့်လိုက်သည်။

အရင်ဆုံး ဖွားရဲ့ အိမ်ကိုဦးတည်လိုက်သည်။

သူထွက်သွားတဲ့နှစ်နှစ်အတွင်း Mandalay က ပြောင်းလဲမသွားပေ။ ဆိုင်ကယ်မြို့တော်ဆိုတဲ့အတိုင်း ဆိုင်ကယ်အမျိုးအစားပေါင်းစုံနှင့် လမ်းများကစည်ကားနေဆဲ။

ကား radio ကိုဖွင့်လိုက်ရာ သူအရမ်းကြိုက်တဲ့ "" 85 Mandalay ညများတမ်းချင်း "" သီချင်းသံကပျံ့လွင့်နေသည်။

ဖွားအိမ်ရှေ့ကိုရောက်တော့ ခြံစောင့် ဦးကျော်က တံခါးဖွင့်မပေးသေးပဲ သူ့ကိုမှတ်မိဟန်မတူ ကြောင်ကြောင်ကြီးကြည့်နေသည်။

သူနေကာမျက်မှန်ကိုချွတ်ပြီး သတက်လေးပေါ်အောင်ပြုံးပြလိုက်မှ ဝမ်းသာအားရခြံတံခါးဖွင့်ပေးလေသည်။

"သခင်လေး ပြန်လာပြီဟေ့.....
မိလှိုင်ရေ သခင်လေးပြန်လာတယ်ဟ"

အိမ်ထဲမှ အန်တီလှိုင်တို့လဲ ပြေးထွက်လာကြသည်။

"သခင်လေး ပြန်လာတယ်....
ဝမ်းသာလိုက်တာ......
သခင်မကြီးသိရင် တော်တော်ပျော်မှာ"
"ဖွား ဘယ်မှာလဲ"
"သခင်မကြီးက အနောက်ဘက်ခြံထဲမှာရှိပါတယ် သခင်လေး"
"ကျွန်တော်ဖွားဆီသွားလိုက်ဦးမယ်....
luggage တွေကိုအပေါ်ထပ်က ကျွန်တော့်အခန်းထဲမှာထားပေးနော်...
လာ Jas"

Ray,Jasper လက်ကိုဆွဲကာ အိမ်တော်အနောက်ဖက်သို့ထွက်ခဲ့သည်။

နှစ်ချို့သစ်ပင်ကြီးတစ်ခု၏ အရိပ်အောက်တွင် radio နားထောင်ရင်း စာအုပ်ဖတ်နေသည့် ဖွားက တကယ်ကိုအေးချမ်းလှသည်။

Jasper ကိုတိုးတိုးနေရန် အချက်ပြပြီး သစ်ပင်ကြီးအနောက်မှပတ်ကာ ဖွားမျက်လုံးတွေကိုလက်နှင့်အသာအုပ်လိုက်သည်။

"ဘယ်သူလဲ ခန့်မှန်းကြည့်"

Ray ညှောင်နာနာအသံနှင့်ပြောလိုက်တော့ ဖွားက သူ့လက်တွေကိုအုပ်ကိုင်လာသည်။

"မြေးလေး လား.."
"မှန်ပါတယ်ဗျာ..."

ဖွားဘေးနားထိုင်လိုက်တော့ သူ့မျက်နှာကိုဖွားကလွမ်းလွမ်းဆွတ်ဆွတ် ကိုင်ကြည့်လေသည်။

"တကယ်ကို ဖွားမြေးလေး ပြန်လာတာပဲ....."

မျက်ရည်တွေဝဲကာ တုန်ယင်နေသည့် ဖွားကို Ray ဖက်လိုက်သည်။

"ပြန်လာရမှာပေါ့ဖွားရဲ့ ဖွားကိုအရမ်းလွမ်းနေတာ.."
"ဖွားကလည်းနေ့တိုင်းလွမ်းနေတာပါကွယ်"
ဟိုမှာ ကျောင်းတက်ရတာကော အလုပ်တွေပါ အဆင်ပြေရဲ့လား မြေး.. "
"ပြေတာပေါ့ ဖွားရဲ့..
သားက ဘယ်သူမို့လို့လဲ
သိပ်တော်တဲ့ ဖွားရဲ့မြေးပဲလေ..."

သူနဲ့ဖွား စကားပြောနေတာကို ဘေးမှ Jasper ကနားမလည်ပေမယ့် ငြိမ်ငြိမ်လေး ကြည့်နေသည်။

"Jas ဒါငါ့ အဖွားလေ"
"ဖွားဒါက ကျွန်တော့်သူငယ်ချင်း Jas"
"မြေးသူငယ်ချင်းဆိုတော့ ဖွားရဲ့မြေးပဲပေါ့
လာပါဦး ဖွားအနားကို"

Ray, Jas ကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်တော့ ကြောင်တောင်တောင်နှင့် ဖွားနားဝင်ထိုင်လိုက်သည်။

သူ့လက်နှင့် Jas လက်ကိုတစ်ဖက်ဆီကိုင်ကာ ဖွားပျော်နေသည်။

"ဖွား သားတို့အပြင်သွားစရာရှိသေးတယ်..."
"အခုမှရောက်တာကိုဘယ်သွားဦးမလို့လဲ မြေးရယ်"
"မိုးတိမ်တို့ကို သွားတွေ့မလို့ ခဏပါပဲ ဖွားရဲ့"
"အေးပါကွယ် လမ်းတွေရှုပ်တယ် ကားကိုသတိထားမောင်းနော် မြေး "
"ဟုတ် ဖွား"

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

လေးထောင့်တင်ထားသည့် Facebook မှ post တစ်ခု....

Major ပေါင်းစုံမှ ကျောင်းသားအားလုံး ဟောပြောပွဲကိုတက်ရောက်ရန်ဖြစ်သည်။ အတန်းရဲ့ EC လည်းဖြစ်သည့် သူဇာနွယ်က သူမပါသည့်နေရာမရှိပေ။

အားလုံး ဟောပြောပွဲတွင်သေချာပေါက်ရှိနေလိမ့်မည်မှန်း Ray သိလိုက်ရသောကြောင့် ကျောင်းခန်းမရှိရာသို့မောင်းလာခဲ့သည်။

ခန်းမအပေါက်တည့်တည့် မလှမ်းမကမ်းတွင် ကားရပ်လိုက်သည်။

"ခဏနေ babe သူငယ်ချင်းတွေထွက်လာလိမ့်မယ်..."
"ဒါက babe အရင်ကတက်ခဲ့တဲ့ တက္ကသိုလ်လား"
"အင်း...ဟုတ်တယ်"

သိပ်မကြာပေ ခန်းမထဲများကျောင်းသားများအလုအယက်ထွက်လာကြသည်။

သူ့သူငယ်ချင်းတွေကိုသိပ်ရှာစရာမလိုပေ။ ငါးယောက်သားဘာတွေပြောနေမှန်းမသိ ရှုံ့မဲ့ကာအတူထွက်လာကြသည်။

"ဟျောင့်တွေ ဟိုအမိုးဖွင့်ကားအနီရောင် ကိုမှီရပ်နေတဲ့ မျက်မှန်နဲ့ နှစ်ကောင်က ငါတို့ကိုကြည့်နေသလိုပဲ"
"ဟုတ်တယ်ဟ.."
"လေးထောင့် နင့်မွေးစားသားတွေလား"
"ငါ့သားတွေထဲမှာ ဒီလိုပုံစံတွေမပါဘူး"
"မြင်တော့ မြင်ဖူးနေသလိုပဲ"
"အေးဟုတ်တယ် ရင်းနှီးနေတယ်"

Ray သူတို့နှစ်ယောက်ကိုကြည့်ကာ တိုးတိုးတိုးတိုး ပြောနေကြသည့် သူငယ်ချင်းတွေကိုကြည့်ကာ ရုပ်ကိုဆက်မတည်နိုင်ဘဲ ရယ်လိုက်မိတော့သည်။

"လင်းခ!!!!"

မိုးတိမ် သူမှန်းမှတ်မိသွားပြီး လှေကားထစ်တွေပင်ကျော်ဆင်းကာပြေးလာသည်။

အားရပါးရဖက်ပြစ်လိုက်သည်မှာ လူကို အင့်ကနဲပင်အသံထွက်သွားသည်။

"ငဟန်လား......သာကြီးပြန်လာတာလား"

ထိုအခါမှ ကျန်လေးယောက်ပါ ပြေးလာလေသည်။

"မိုးတိမ် ငါ့ကိုလွှတ်ဦး ဖက်ထားတာသေတော့မယ်"

အသားကုန် ဖြစ်ညစ်ကာဖက်ထားသောမိုးတိမ်ကြောင့် Ray အသက်ရှူကျပ်ကာ မျက်နှာတွေပင် နီရဲလာသည်။

"ဟျောင့် မင်းကလည်း ဖက်တာကို အားကြီးနဲ့...
သားကြီး ငါလည်း ဖက်ချင်တယ်"
"ငါရော..."

အကုန်လုံးသူ့ကိုဝိုင်းဖက်ပြီး ခုန်နေကြသည်ကို တခြားကျောင်းသူ ကျောင်းသားများက အထူးအဆန်းကြည့်သွားလေသည်။

"Are you Jasper? "
"Hi FA"

Jasper ၏ပြန်နှုတ်ဆက်စကားကြောင့် လေးထောင့်မျက်နှာမဲသွားသည်။

"ငဟန်မ သူကငါ့ကို Hi FA တဲ့"

ငိုမဲ့မဲ့ သူဇာနွယ်ကြောင့် Jasper က သူ့ကိုဘာဖြစ်တာလဲဆိုပြီး ကြည့်လာသည်။

"babe သူက ဘာဖြစ်လို့လဲဟင်"
"သူ့ကို FA forever alone လို့ပြောလို့လေ"
"ကိုယ်က အဲ့ FA ကိုပြောတာမဟုတ်ဘူး four angles က FA ကိုပြောတာ"

"လေးထောင့် Jas ကနင့်ကို Four angles ရဲ့အတိုကောက် FA လို့ခေါ်တာတဲ့ နင်ထင်တဲ့ FA ကိုပြောတာမဟုတ်ဘူး"
"ေဩာ်... "
"Canteen ကိုသွားရအောင် ငါဗိုက်ဆာလှပြီ"

မိုးတိမ်တို့ရဲ့ ဆိုင်ကယ်များနောက်မှ Ray ကားကို ခပ်ဖြည်းဖြည်းမောင်းလိုက်လာခဲ့သည်။

Canteen ရောက်တော့ အမိုးဖွင့် ကားအနီပေါ်မှဆင်းလာတဲ့သူတို့နှစ်ယောက်ကို အထူးအဆန်းသဖွယ်လိုက်ကြည့်နေကြသည်။

"Jas ဘာစားချင်လဲ"
"ကိုယ်မှ ဒီကအစားအသောက်တွေကိုမသိတာ babe မှာပေးတာစားမယ်"

သူတို့အားလုံးမှာစရာရှိတာမှာကာ စားပွဲတစ်ခုတွင်ထိုင်လိုက်ကြသည်။

Jas က Ray ၏ ဘယ်ဘက်တွင်ထိုင်နေပြီး လက်ကိုကိုင်ထားသည်ကို လေးထောင့်ကမြင်ပြီး စပ်ဖြီးဖြီးဖြစ်နေသည်။

"ပြန်လာမှာကို ကြိုမပြောဘူး...
ငါတို့လာကြိုမှာပေါ့"
"မင်းတို့ကို surprise လုပ်ချင်လို့ မပြောတာ"
"မင်း surprise ကလဲ ဘာလက်ဆောင်မှလဲမပါဘူး"
"ဘာလိုချင်လို့လဲ ငါဝယ်ပေးမယ်"
"စတာပါကွာ မင်းပြန်လာတာနဲ့တင် ငါတို့တွေကျေနပ်တယ်"
"မင်းပြန်မလာရင် ငါတို့တွေ စာမေးပွဲပီးတာနဲ့ bangkok ကိုလိုက်လာမလို့ တိုင်ပင်ထားပြီးသား"
"ငါတို့အားလုံးထဲမှာ မိုးတိမ်က အဆိုးဆုံးပဲ"
"မင်းတို့ကလဲကွာ ငါ့မိုးတိမ်ကိုမစကြပါနဲ့"
"ငါ့မိုးတိမ်တဲ့ဟေ့..... "

သူတို့အားလုံးစနောက်ကာရယ်မောနေကြသည်ကို Jasper နားမလည်ပေမယ့် ပျော်နေသည့် Ray ကိုကြည့်ကာ သူပါလိုက်ရယ်မိလေသည်။

"Jasper ကိုလည်းစကားပြောကြဦးလေကွာ...
ဟျောင့် သားကြီးကို English လိုဘယ်လိုပြောလဲ"
"bro.."
"အေးဟုတ်သားပဲ
Hey bro nice to meet you "
"me too"
"Why you hold our friend's hand?"

ဆုပ်ကိုင်ထားသောသူတို့နှစ်ယောက်လက်ကိုမျက်စပြစ်ကာ မေးခြင်းပင်။

"ငါတို့ကိုကြောက်လို့များလား"
"ငါတို့က ကြောက်စရာကောင်းနေလို့လားမသိဘူး"

ဖြေရန်ခက်နေသည့် Jasper လက်ကို Ray နမ်းလိုက်သည်။

လေးထောင့်မှ လွဲ၍ ကျန်တဲ့လေးယောက်လုံး ပြူးကြောင်ကြောင်ဖြစ်ကုန်သည်။

"ငဟန် သူ့လက်က ဘာနံ့ရလို့လဲ"

အခုချိန်ထိ နားမလည်သေးသော လေးကောင်ကြောင့် Jasper ပါးကို Ray ဖြတ်ကနဲနမ်းလိုက်ပြန်သည်။

"Oh my god!"
"What the.... !"
"ငာဘာမြင်လိုက်တာလဲဟင်"

"မင်းတို့တွေးနေသလိုပဲ ငါနဲ့ Jas ကချစ်နေကြတာ"

Ray ထပ်ပြောလိုက်သော စကားကြောင့် ဟိုလေးကောင် ပို၍ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

"လေးထောင့် ငါ့ကိုတစ်ချက်လောက်နာနာလေးရိုက်လိုက်စမ်းပါ"
"ငါ့ကိုရော"

သူဇာနွယ် လေးယောက်လုံးရဲ့ ခေါင်းတွေကို အားကုန်ခေါက်ချလိုက်သည်။

"အား..."
"နာတယ်ဟ...အိမ်မက်မဟုတ်ဘူး"
"ဒါဆို..."
"တကယ်ကြီးပေါ့!!!"

တပြိုင်နက်အော်လိုက်သောကြောင့် မှာထားတာတွေလာချပေးသည့် စားပွဲထိုးလေးပင်လန့်သွားလေသည်။

Jasper အတွက် ငရုပ်သီးပါသည့် မန္တလေးမှီးရှည်ကို မွှေပေးလိုက်ပြီး သူ့အတွက်က ငရုပ်သီးမပါပေ။

မှီးရှည်ကိုတူနှင့်ညှပ်ကာ တစ်လုတ်စားလိုက်သည့် Jas ကိုပင် Ray အာရုံစိုက်ထားသည်။

"ကောင်းလား"
"အင်း ကောင်းတယ်
babe လည်းစားလေ"
"အင်း"

သူတို့ရှေ့တင်ကြည်နူးနေသော Ray နှင့် Jasper ကိုကြည့်ကာ ဟိုလေးကောင်က စားနေတာဘာမှန်းပင်မသိတော့။

"Jas ပါးစပ်ဘေးမှာ ပေကုန်ပြီ"
"babe လည်းပေနေတာပဲ"

တစ်ယောက်ကိုတစ်ယောက် တစ်ရှူးနှင့်အပြန်အလှန် သုတ်ပေးနေသော Ray တို့ကြောင့် လေးကောင်သား စားနေရင်းသီးကုန်လေသည်။

"ကို ပြန်လာတာလား"

သူတို့ဝိုင်းအနားကို အပြေးအလွှားရောက်လာသူကြောင့် Ray မျက်နှာမှအပြုံးများပျောက်ကွယ်သွားသည်။


(AN: အငဲ ရဲ့ 85 Mandalay ညများတမ်းချင်း)

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Zawgyi


"P' Ray!"


"Nong Dao.....










🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸




"babe"
"ဟင်..."
"Arrr သိတယ်.....
"အင်း..."

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸


"ဘာမှမဟုတ်ပါဘူး.."






"ပြင်းရင်အိပ်လေ..."


ဒါက မြတ် ကို...
စိုင်း ကောင်း ပြည့်...
ဉာဏ် ထက် ဇော်....









"babe ဟာလေးကသေးသေးလေး"


"တကယ်ကို သေးသေးလေး..."


"မသေးပါဘူးဆို...."


"Jas နော်..!!!"


🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸












"သခင်လေး ပြန်လာပြီဟေ့.....


"သခင်လေး ပြန်လာတယ်....
ဝမ်းသာလိုက်တာ......
"ဖွား ဘယ်မှာလဲ"
လာ Jas"






"မြေးလေး လား.."
"မှန်ပါတယ်ဗျာ..."




"ပြေတာပေါ့ ဖွားရဲ့..
သားက ဘယ်သူမို့လို့လဲ


"Jas ဒါငါ့ အဖွားလေ"
လာပါဦး ဖွားအနားကို"



"ဟုတ် ဖွား"

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸





"အင်း...ဟုတ်တယ်"



"ဟုတ်တယ်ဟ.."


"လင်းခ!!!!"







"ငါရော..."


"Are you Jasper? "
"Hi FA"





"ဩော်... "



"Jas ဘာစားချင်လဲ"



ငါတို့လာကြိုမှာပေါ့"
"ငါ့မိုးတိမ်တဲ့ဟေ့..... "


"bro.."
"အေးဟုတ်သားပဲ
Hey bro nice to meet you "
"me too"







"Oh my god!"
"What the.... !"



"ငါ့ကိုရော"


"အား..."
"ဒါဆို..."
"တကယ်ကြီးပေါ့!!!"




"ကောင်းလား"
"အင်း ကောင်းတယ်
babe လည်းစားလေ"
"အင်း"


"babe လည်းပေနေတာပဲ"


"ကို ပြန်လာတာလား"




🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Bạn đang đọc truyện trên: Truyen247.Pro