Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-31 ( 128√e980 )

Unicode

"တောက်!!!!"

ရုံးခန်းအတွင်း Ray ၏တောက်ခေါက်သံကြောင့် တာဝန်ခံများတွန့်သွားကာ Jasper လည်းသူ့ကိုကြောင်တောင်တောင်ကြည့်နေသည်။

"သတင်းစာရှင်းလင်းပွဲလုပ်ဖို့ပြင်ဆင်ပါ...
ပြီးတော့ ဒီသတင်းကိုရေးတဲ့ သတင်းထောက်နဲ့ သတင်းစာတိုက်ကိုပါ တရားစွဲလိုက်..."
"ဟုတ်ကဲ့ပါ သခင်လေး!!!"

အားလုံးအခန်းထဲမှထွက်သွားကြတော့ Ray ခုံပေါ်စိတ်ပျက်လက်ပျက်ထိုင်ချလိုက်သည်။

မနက်ကတည်းက တွေ့လိုက်ရသည့် သတင်းတစ်ခုကြောင့် သူအတော်သွေးပူနေသည်။

စီးပွားရေး သတင်းစာတစ်ခုက သူ့အတိတ်ကိုတူးဆွနေသည်။

""W ရဲ့အရှင်သခင် Ray Han ၏လျှို့ဝှက်ထားသော ချစ်သူကောင်မလေး"" ဆိုသည့်ခေါင်းစဉ်ဖြင့် သူနဲ့တော်ဝင်ရဲ့ အရင်ကဓာတ်ပုံတွေကိုဖော်ပြထားသည့်အပြင် anniversary တုန်းက video ကလည်း ပြန့်နေသည်။

သူ နှင်းတော်ဝင်နှင့် ချစ်သူဖြစ်တုန်းကသုံးခဲ့သည့် account ကိုလမ်းခွဲပြီးကတည်းကဖျက်လိုက်သည်။ ဓာတ်ပုံ video အားလုံးလည်း ထို account တွင်သာတင်ထားသောကြောင့် အားလုံးပျက်သွားခဲ့ပြီ။

နှင်းတော်ဝင်ကလည်း သူနဲ့လမ်းခွဲပြီးကတည်းက သူနဲ့ပတ်သက်သည့် post အားလုံးကို သူမ account မှရှင်းပြစ်ခဲ့သည်။ သူ့ phone နှင့် laptop ထဲတွင်လည်း ဘာမှအစအနမကျန်ပေ။ ဒါတွေကဘယ်ကနေသူတို့ရလာတာပါလိမ့်.........

သူဒီကိစ္စကိုမရှင်းလို့မဖြစ်ပေ။

""အရမ်းကံကောင်းတာပဲ ကောင်မလေးက""
""လက်ထပ်တော့မှာလို့ကြားတယ်... ကောင်မလေးကကိုယ်ဝန်ရှိနေပြီတဲ့""
""သူတို့နှစ်ယောက်ကစေ့စပ်ထားပြီးသား""

အစရှိသဖြင့် ဘာမှရေရေ ရာရာ မသိဘဲ သိသလိုဝင်ရေးထားကြသည့် comment များကြောင့် သတင်းကမှားသထက်မှားကုန်ပြန်ရာ hotel share များကိုထိခိုက်မှာစိုးရိမ်ရသည်။

ထိုင်ခုံနောက်မှီကိုမှီကာ မျက်လုံးမှိတ်ထားစဉ် သူ့အောက်နှုတ်ခမ်းလေးပူနွေးသွားသည်။

Jasper ကသူ့အနောက်မှရပ်ကာ spiderman kiss ပေးခြင်းဖြစ်သည်။

(AN: innocence လေးတွေမသိမှာစိုးလို့...
ဒီလို position လေးနော်...
မသိရင်လည်း လေ့လာသင်ယူကြပါ 😅)

"babe ပင်ပန်းနေလို့ ကိုယ်ကအားသွင်းပေးတာ"

Ray စိတ်ရှုပ်နေသည့်ကြားမှပင် ဟန်ဆောင်မှုကင်းစွာပြုံးမိပြန်သည်။

📲🎶 phone ring....

"Hello မိုးတိမ် ပြော.."
"လင်းခ မင်းအဆင်ပြေရဲ့လား......"
"အင်း...ငါအဆင်ပြေတယ်"
"ဟိုတလောကနှင်းတော်ဝင် ငါ့ကို မင်းဖုန်းနံပါတ်လာတောင်းပေမယ့် ငါမပေးလိုက်ဘူး"
"သူမင်းဆီကမရတော့ သံရုံးကနေစုံစမ်းပြီး ငါ့ဆီဖုန်းဆက်တယ်.....
ပြန်တွဲရအောင်တဲ့"
"အဲ့တော့ မင်းဘာပြန်ပြောလိုက်လဲ"
"သေချာပေါက်ငြင်းလိုက်တာပေါ့.....
အခု သတင်းထဲကဓာတ်ပုံတွေဘယ်ကရလဲ ငါသိချင်နေတာ"
"မဟုတ်မှ......"
"ဘာလဲ မင်းဘာစဉ်းစားမိလို့လဲ..."
"နှင်းတော်ဝင်ဆီကများလား"
"ဟုတ်သားပဲ ငါဒါကိုမေ့နေတာ သူ့ account ထဲမှာမရှိတော့ပေမယ့် laptop ထဲမှာရှိနေနိုင်သေးတာပဲ.....
ကျေးဇူးပဲ မိုးတိမ်..."

Jasper ကတော့ဘေးမှ Ray လုပ်သမျှကိုထိုင်ကြည့်နေသည်။

Ray blacklist ထဲထည့်ထားသည့် နှင်းတော်ဝင် ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

"နောက်ဆုံးတော့ ကို တော်ဝင့်ဆီဖုန်းဆက်ပြီပဲ.."
"အပိုတွေပြောမနေနဲ့နှင်းတော်ဝင် ဒီသတင်းရဲ့နောက်ကွယ်က မင်းမလား..."
"ဟုတ်တယ်လေ
ကို့ရဲ့ တော်ဝင်ကလွဲပြီး ဘယ်သူများဖြစ်နိုင်ဦးမှာလဲ"

အရင်တုန်းကချစ်စရာကောင်းသည်ဟုထင်ခဲ့မိသည့် နှင်းတော်ဝင်၏ ညုတုတုအသံက အခုတော့ နားထဲတွင်ကန့်လန့်ဖြစ်ကာ အော်ဂလီဆန်လှသည်။

"မင်းဘာအကြံနဲ့လုပ်တာလဲ...
မင်းဘာလိုချင်တာလဲ"
"တော့်ဝင့်ရဲ့ အကြံကတော့ ကို့်ကိုပြန်လိုချင်လို့..."
"အဲ့လောက်မလွယ်ကူဘူး နှင်းတော်ဝင်...
မိန်းကလေးဖြစ်ပြီး သိက္ခာမမဲ့စမ်းနဲ့"
"သိက္ခာမဲ့ရုံမကလို့ အရှက်မရှိလောက်အောင်ကို တော်ဝင် တန်ဖိုးမရှိလည်း ကို့ကိုတော့ ပြန်ပိုင်ဆိုင်ချင်တယ်...
တော်ဝင့်ဆီပြန်လာပါ ကိုရယ်....
ကို့ကို လွမ်းရလွန်းလို့တော်ဝင်သေသွားလိမ့်မယ်"
"သေလေ....ကြိုက်တဲ့နေရာမှာ ကြိုက်သလိုသွားသေ......
ငါ့ကိုပြန်လိုချင်တယ်ဟုတ်လား.....ဆုတောင်းလေ...
အခါတစ်ထောင်ပြန်မွေးဖွားရင်တောင် ငါနင့်ကိုထပ်မချစ်ဘူး..."

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

သတင်းစာရှင်းလင်းပွဲရှိရာ hall ခန်းထဲဝင်လိုက်သည်နှင့် camera မီးစူးစူးတို့က သူ့အပေါ်အလုအယက်ပင်.....

"အခုထွက်နေတဲ့ ကျွန်တော့်ရဲ့ချစ်သူကောင်မလေးဆိုတဲ့သတင်းအမှားကို ရှင်းလင်းချင်ပါတယ်
ဒီဓာတ်ပုံထဲကကောင်မလေးက ကျွန်တော့်ရဲ့ ex ပါ... သူနဲ့လမ်းခွဲခဲ့တာ 7 လလောက်ရှိပါပြီ..
သူနဲ့ပြန်တွဲနေတာမဟုတ်သလို ပြန်တွဲဖို့လည်းစိတ်မကူးပါဘူး....
ဒါကြောင့် ဒီသတင်းကိုဆက်မဖွပါနဲ့"
"သူမက ex ဆိုရင် လက်ရှိမှာရောတွဲနေတဲ့သူရှိလား"
"ကျွန်တော့်ရဲ့ personal ကိုဖြေကြားမပေးနိုင်ပါဘူး.....
ကျွန်တော့် personal နဲ့ပတ်သက်ပြီး ခွင့်ပြုချက်မရှိဘဲ သတင်းတွေရေးရင်.....
တရားစွဲပါမယ်....."
"ခြိမ်းခြောက် တာလား...သတိပေးတာလား"
"သေချာပေါက် ခြိမ်းခြောက်တာပေါ့"

ပြဿနာတစ်ခုကိုတော့ Ray ခပ်ချေချေဖြေရှင်းလိုက်ရာ သတင်းများအားလုံးငြိမ်သွားပြီး မူရင်းသတင်းရေးသူနှင့် သတင်းစာတိုက်ကလည်း တောင်းပန်လာသည်။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Lily ကတွေ့ချင်သည်ဆိုကာချိန်းသည့် coffee ဆိုင်သို့ Ray ရောက်လာခဲ့သည်။

"ရောက်နေတာကြာ....."

ပြောနေသောစကားမဆုံးလိုက် မျက်နှာကိုရေနှင့်အပက်ခံလိုက်ရသည်။

ဘေးဝိုင်းတွေကလည်း အံ့ဩတကြီးကြည့်လာကြသည်။

"P' honey နဲ့ Lily နောက်ကွယ်မှာဖောက်ပြန်နေတာမလား...."
"......."
" P' လက်က လက်စွပ်နဲ့ honey လက်ကလက်စွပ်က အတူတူပဲ couple ဝတ်ထားတာမလား"
"......."
"ဖြေလေ P'.....
honey အရင်လို Lily ကိုမချစ်တော့တာ ဂရုမစိုက်တော့တာ အေးစက်သွားတာတွေရဲ့ တရားခံက P' မလား.......!!!!"
"တောင်းပန်ပါတယ် Lily"
"ဘာလို့တောင်းပန်နေတာလဲ....
Lily ကြားချင်တာဒါမဟုတ်ဘူးလေ"
"တောင်းပန်ပါတယ် "

သူ့ရင်ဘက်ကိုထုရိုက်ကာ Lily ငိုနေသည်။ ဆိုင်အတွင်းမှ ဧည့်သည်များလည်း သူတို့နှစ်ယောက်ကိုအာရုံစိုက်နေကြသည်။

"ဘယ်အချိန်ကတည်းကလဲ..."
"Lily မွေးနေ့မရောက်ခင်ကတည်းက...."
"P' တို့အတွက် Lily ကဘာလဲ? Cover လားဟင်..."
"တောင်းပန်ပါတယ် ဒီလိုတွေဖြစ်လာဖို့မရည်ရွယ်ပါဘူး...."
"honey နဲ့လမ်းခွဲပေးပါ ကျေးဇူးပြုပြီး"
"......."
"P'!!!!!"
"တောင်းပန်ပါတယ် လမ်းခွဲမပေးနိုင်ဘူး...."
"ဖြောင်း!!!!!"

ကျယ်လောင်သော အသံနှင့်အတူ ပါးတစ်ဖက်ကပူထူသွားသည်။

လက်ပါလာပြီ ဖြစ်သောကြောင့် ဆိုင်အတွင်းရှိဝန်ထမ်းများ သူတို့အနားရောက်လာသည်။

"စောင့်ကြည့်နေလိုက် နင်တို့နှစ်ယောက်ဘယ်တော့မှ မပျော်စေရဘူး......
နင့်နှလုံးသားကို စုတ်ပြတ်သတ်သွားအောင် ငါလုပ်ပြမယ်"

စူးစူးစိုက်စိုက်ကြည့်ကာ ကြိမ်းဝါးပြီး Lily ထိုနေရာမှထွက်သွားလေသည်။

"အဆင်ပြေရဲ့လား ဧည့်သည့်"
"ဟုတ်ကဲ့ ကျွန်တော်အဆင်ပြေပါတယ်
အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်...."

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

ပြန်ရောက်သည်နှင့် သူ Jasper့ ရင်ခွင်ထဲကိုပြေးဝင်လိုက်သည်။

"ပြန်လာပြီလား...babe...
ဘာဖြစ်လာလို့လဲ"

မျက်နှာကိုရင်ခွင်ထဲ ဝှက်ကာ ခေါင်းခါပြလိုက်သည်။

"ဒါဆိုလည်း ကိုယ့်ကိုကြည့်ပါဦး....
babe မျက်နှာလေးကိုမြင်ချင်လို့...."
"......"
"babe..."

Ray တစ်ခုခုဖြစ်လာမှန်း Jasper သေချာသိလိုက်သောကြောင့် Ray မျက်နှာလေးကို အတင်းဆွဲမော့စေလိုက်သည်။

လက်ဝါးရာ အထင်းသားနှင့် ရောင်နေသော ပါးတစ်ဖက်......
နီရဲကာ မို့နေသော မျက်ဝန်းတစ်စုံ....

"ဘယ်သူလုပ်လိုက်တာလဲ.......babe ကိုဘယ်သူကများထိရဲတာလဲ...."
"........"
"ကိုယ်မေးနေတယ်လေ!"

ဒေါသကြောင့် သူ့အသံမာသွားတော့ Ray မျက်ရည်ကျပြန်သည်။

"ကိုယ့်အသံမာသွားတယ်
မငိုနဲ့တော့နော် babe...."
"Lily သိသွားပြီ...Jas...
babe တို့နှစ်ယောက်အကြောင်းကို Lily သိသွားပြီ....."
"ဒါဆို babe ပါးကို Lily ရိုက်ခဲ့တာပေါ့...."
"အင်း.......ဒါပေမယ့် babe မနာပါဘူး....
တန်ပါတယ်...."
"babe ရယ်...."

ကျွန်တော့်ကို သတ်သွားရင်တောင်အဆင်ပြေပါတယ်....
ကျွန်တော့်ချစ်သူကိုတော့ ကျွန်တော့်အနားကနေ ဆွဲထုတ်မသွားပါနဲ့......

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

မနက်တိုင်း ချစ်ရသူ Jas ကို morning kiss နှင့်နိုးထစေပြီး သူကိုယ်တိုင်မုတ်ဆိတ်ရိတ်ပေးသည်။

Jas ကြိုက်တာတွေသူကိုယ်တိုင်ချက်ကျွေးချင်တဲ့အတွက် ဟင်းချက်သင်တန်း မုန့်ဖုတ်သင်တန်းတွေကို အချိန်ရတိုင်းသွားတက်ခဲ့သည်။

မနက်စာပြင်နေတဲ့သူ့ကို အနောက်ကနေဖက်ပြီး လိုက်ရှုပ်ရတာကို Jas ကသဘောကျသည်။

ကျောင်းဖွင့်လို့ အတန်းတက်ချိန်တွေမှာတောင် message အပြန်အလှန်ပို့ကြသည်။ Hotel ရုံးခန်းကိုသွားရင်လည်း Jas အမြဲလိုက်လာတတ်သည်။ သူရှိတဲ့နေရာမှာ Jas ရှိတယ်။ Jas ရှိတဲ့နေရာမှာသူရှိတယ်။

တစ်ခါတစ်ရံမှ Club ကို Jas သွားလေ့ရှိပြီး ဘာအရှုပ်အရှင်းမှထပ်မလုပ်တော့ပေ။

ညအိပ်ရာဝင်တိုင်း goodnight kiss နှင့်မှေးစက်စေသည်။

တက္ကသိုလ် ဒုတိယနှစ် ဒုတိယနှစ်ဝက်တောင်ပြီးခါနီးနေပြီဖြစ်သောကြောင့် final စာမေးပွဲအတွက်ပြင်ဆင်နေကြပြီဖြစ်သည်။

"သားကြီးတို့နေကောင်းလား"
"မကောင်းဘူးသေတော့မှာဆိုရင်ရော...."
"မင်းတို့ကလဲကွာ ငါအဆက်အသွယ်မလုပ်လို့စိတ်ဆိုးနေတာလား"
"အေးဟုတ်တယ်ဟေ့ ထွက်သွားတာ 2 နှစ်တောင်ပြည့်တော့မယ် တစ်ခါတောင်ပြန်မလာဘူး "
"ငါမအားလို့ပါကွာ ကျောင်းနဲ့အလုပ်ပြေးနေရတာ"
"ကျောင်းပိတ်တုန်း အလုပ်တွေခဏထားခဲ့ပြီး ပြန်လာခဲ့စမ်းပါမင်းကလည်း.... "
"အေးပါ.....ငါစဉ်းစားပါဦးမယ်"

Laptop ကိုပိတ်လိုက်ပြီး Ray စာပြန်ကြည့်လိုက်သည်။

"babe ကိုယ်ဒီဂဏန်းတွေကိုမဖြေရှင်းတတ်ဘူး....."
"ဘယ်ဟာလဲ"

သင်ရတာချင်းမတူပေမယ့် တချို့ ခက်ခဲတဲ့ ဂဏန်းကိုင်တွေကိုတော့ Jas ကိုသူကူညီပေးနေကြဖြစ်သည်။

"128√e980 "
"ဒါက...."

Ray ကြည့်နေတုန်းရှိသေး Jasper က ခဲဖျက်နှင့်အပေါ်ပိုင်းကိုဖျက်ချလိုက်လေသည်။

""i love you""

"ဘာလဲကွာ..."

စာလုပ်နေရင်းနဲ့ကို သူရင်ခုန်အောင်လုပ်ဖို့ Jas ကသတိရသေးသည်။

"မိုက်တယ်မလား....
ကိုယ့်ကိုဆုပေးဦးလေ"

ပါးတစ်ဖက်ဖောင်းကာတောင်းဆိုနေသည့် Jasper ကို Ray ဆုပေးလိုက်သည်။

"Jas ကျောင်းပိတ်ရက်ကျရင် babe မြန်မာကိုပြန်ဦးမယ်နော်.....
သူငယ်ချင်းတွေနဲ့အိမ်ကိုလွမ်းလို့"
"ကိုယ်လည်းလိုက်ခဲ့မှာနော်....
babe ကိုလွမ်းပြီး မနေခဲ့နိုင်ဘူး"
"လိုက်ရမှာပါ babe ကလည်းခေါ်သွားဖို့တွေးပြီးသားပါ..."
"babe...."
"ဟင်..."
"အရမ်းချစ်တယ်နော် "
"babe ကလည်းအရမ်းချစ်တယ် Jas ကို"

သူ့ဆီက ချစ်တယ် ဆိုတဲ့စကားလေးကို ဘယ်အချိန်ကြားကြား ရိုးသွားခြင်းမရှိဘဲ ပျော်ရွှင်ကြည်နူးခြင်းက အသစ်ဖြစ်နေဆဲပါ....

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

ဘဝဆိုတာ
အတက်အကျ
အကောက်အကွေ့တွေများလွန်းတယ်
ဒီအခိုက်တန့်လေးတွေက
ကျွန်တော်တို့ဘဝရဲ့
အလှပဆုံးနဲ့ ပျော်ရွှင်စရာအကောင်းဆုံး
အမှတ်တရတွေဆိုတာကိုသာ
သိခဲ့ရင်.....

******************************

Zawgyi

"တောက်!!!!"


"ဟုတ်ကဲ့ပါ သခင်လေး!!!"















📲🎶 phone ring....

"Hello မိုးတိမ် ပြော.."
"အင်း...ငါအဆင်ပြေတယ်"
ပြန်တွဲရအောင်တဲ့"
"မဟုတ်မှ......"
ကျေးဇူးပဲ မိုးတိမ်..."



"ဟုတ်တယ်လေ


မင်းဘာလိုချင်တာလဲ"

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸


တရားစွဲပါမယ်....."


🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸


"ရောက်နေတာကြာ....."



"......."
"......."
"ဖြေလေ P'.....
"တောင်းပန်ပါတယ် Lily"
"တောင်းပန်ပါတယ် "


"ဘယ်အချိန်ကတည်းကလဲ..."
"......."
"P'!!!!!"
"ဖြောင်း!!!!!"






🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸


"ပြန်လာပြီလား...babe...
ဘာဖြစ်လာလို့လဲ"


"......"
"babe..."



"........"
"ကိုယ်မေးနေတယ်လေ!"


"ကိုယ့်အသံမာသွားတယ်
မငိုနဲ့တော့နော် babe...."
"Lily သိသွားပြီ...Jas...
တန်ပါတယ်...."
"babe ရယ်...."


🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸










"ဘယ်ဟာလဲ"


"128√e980 "
"ဒါက...."


""i love you""

"ဘာလဲကွာ..."


"မိုက်တယ်မလား....
ကိုယ့်ကိုဆုပေးဦးလေ"


"babe...."
"ဟင်..."
"အရမ်းချစ်တယ်နော် "


🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

ဘဝဆိုတာ
အတက်အကျ
ဒီအခိုက်တန့်လေးတွေက
ကျွန်တော်တို့ဘဝရဲ့
သိခဲ့ရင်.....

Bạn đang đọc truyện trên: Truyen247.Pro