Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-30 ( call from ex)

Unicode

"babe သွားမယ်လေ parking မှာ Win ရောက်နေပြီ"
"အင်း"

ဒီနေ့သူတို့မှာထားတဲ့ model အသစ်ကားတွေရောက်လာပြီဖြစ်သောကြောင့် သွားယူရန် Win ကလိုက်ပို့ခြင်းဖြစ်သည်။

ထိုနေ့က အမိုးဖွင့်ထားသည့် BMW i8 Roadster လေးနှစ်စီး ကျယ်ပြန့်သည့် လမ်းမကြီးပေါ်တွင် ဘေးချင်းကပ်ပြေးနေခဲ့သည်။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

ပထမနှစ်ဝက်ပြီးလို့ ကျောင်းပိတ်ချိန်တွင် Ray Hotel new project များနှင့်အလုပ်ရှုပ်နေသည်။ manager များတာဝန်ခံများနှင့်စကားပြောနေချိန်တွင် Jasper ကဘေးမှ game ဆော့နေတတ်သည်။

Ray ဘယ်သွားသွား Jasper ကဘေးမှအမြဲပါလာသည်။

တစ်ယောက်ထဲစိတ်မချဘူး....
အိမ်မှာတစ်ယောက်တည်းပြင်းတယ်....
အစရှိသဖြင့်အကြောင်းပြချက်အမျိုးမျိုးနှင့် အနားကမခွာပေ။

"babe ကိုယ်ဗိုက်ဆာနေပြီ"

game ဆော့ရာမှအနားရောက်လာကာ ကလေးတစ်ယောက်လို ဟိုထိသည်ထိလုပ်ပြန်သည်။

"ခဏလေး ဒါလေးအပြီးသတ်မလို့ 10 မိနစ်လောက်ပဲ...."
"ကိုယ်အရမ်းဗိုက်ဆာနေပြီမရတော့ဘူး.....နေ့လည်တောင်ရောက်နေပြီကို.....အခုထကွာ..."
"ခဏလေးပါဆိုကွာ Jas ကလည်း..."
"အခုမထရင် babe ကိုပဲကိုက်စားတော့မယ်"

Jasper Laptop ကိုသာအာရုံစိုက်နေသည့် Ray ၏ နားရွက်ကိုခပ်ဖွဖွကိုက်ချလိုက်သောကြောင့် Ray တွန့်လိမ်သွားသည်။

"ယားတယ်မလုပ်နဲ့ Jas"
"ယားရင်...ထတော့..."
"........"
"babe..."

လည်ပင်းသားဖွေးဖွေးကိုပြင်းပြင်းလေး စုပ်ယူကာ Ray ၏ shirt အကျႌကြယ်သီးတွေပါဖြုတ်မှသူ့လက်တွေကိုတားဆီးတော့သည်။

"ထပြီ...ထပြီ...သွားမယ်..."
"ဒီလိုမှပေါ့....."

Ray အကျႌကြယ်သီးတွေတပ်ကာ သပ်ရပ်သွားအောင်ပြန်ပြင်လိုက်သည်။

Hotel restaurant သို့နှစ်ယောက်အတူထွက်လာတော့ လမ်းတလျောက် ဝန်ထမ်းများက သူတို့ကိုနှုတ်ဆက်ကြသည်။

Restaurant တွင်နေ့လည်စာစားနေချိန် waiter နှင့် waitress အချို့က သူ့ကိုကြည့်နေသောကြောင့် Ray သူ့ကိုယ်တွင် တစ်ခုခုမှားနေပြီမှန်းသတိထားမိလိုက်သည်။

"Jas.."
"ဟင်...."
"ငါ့မျက်နှာမှာတစ်ခုခုပေနေလားဟင်..."
"မပေပါဘူး..."

ဧည့်သည်များကပါ သူ့ကိုကြည့်ကာ ပြုံးနေကြသောကြောင့် Ray ဖုန်း camera နှင့် ကိုယ့်ကိုကိုယ်ကြည့်လိုက်သည်။

မျက်နှာမှာလည်း တကယ်ကိုဘာမှပေမနေ....
ဆံပင်ကိုခေါင်းဟိုဘက်သည်ဘက်လှည့်ကာ သေချာကြည့်တော့မှ တွေ့ပါပြီဗျာ.....

လည်တိုင်ညာဘက်အခြမ်းက အနီကွက်ကြီး....
လတ်လတ်ဆတ်ဆတ် နဲ့ ရှင်းရှင်းလင်းလင်းကြီး ကို နီရဲနေတာ.....

Ray ကိုယ့်မျက်နှာကိုယ် လက်နှစ်ဖက်နှင့်အုပ်လိုက်မိသည်။

"Arrrrr ရှက်လိုက်တာ...."

မျက်နှာချင်းဆိုင်မှ Jasper ကတော့ပြုံးစိစိနှင့်အစားမပျက်.....

"Jas...စားပြီးရင်သွားရအောင်...."
"အခုမှစစားတာကို ဘယ်လိုလုပ်ပြီးဦးမှာလဲ babe ကလဲ..."
"အဲ့တာဆိုလဲ မြန်မြန်စားကွာ....."

Ray ဇွန်းခရင်းပင်မကိုင်နိုင်တော့ပေ။ လက်တစ်ဖက်နှင့် ထိုအနီကွက်ကြီးကိုအုပ်ထားမှ အားလုံးကပိုသတိထားမိကုန်သည်။

ရှက်လွန်းလို့ ထိုနေရာတွင်သာ အငွေ့ပျံသွားလိုက်ချင်သည်။

Ray သူ့ရုံးခန်းထဲပြန်ရောက်မှ Jasper၏ဗိုက်ကို လက်သီးနှင့်ထိုးလိုက်သည်။

"အ...အ......"

သူ ထိုးလိုက်သည့် ဗိုက်နေရာကိုလက်နှင့်အုပ်ကာ sofa ပေါ်ခွေကျသွားသော Jasper ကြောင့် Ray လန့်ကာ ပြာယာခတ်သွားသည်။

"အရမ်းနာသွားတာလား...."
"ဟင့်အင်း..."

Jasper သူ့ကိုစိုးရိမ်နေသည့် Ray ကိုရုတ်တရက်သူ့ပေါင်ပေါ်ခွလျှက်သားဆွဲတင်ကာ ဖက်ထားလိုက်သည်။

"တကယ်နာသွားတာထင်လို့ လန့်သွားတာပဲ..."
"ကိုယ့်ကိုစိတ်ပူတာလေးက ချစ်စရာကောင်းလိုက်တာ...."

Ray သူ့ လည်တိုင်ကိုထပ်နမ်းရန်ပြင်နေသည့် Jasper ကိုအမြန်တားရသည်။

"ရုံးခန်းထဲမှာ မလုပ်နဲ့လေ......"
"babe ခွင့်မပြုဘဲနဲ့ ဘယ်သူမှဝင်လာရဲမှာလဲ"
"ဘယ်သူမှတော့ဝင်မလာဘူးပေါ့....အရာတွေထင်ကုန်မှာစိုးလို့......
ခုနကလို ဝန်ထမ်းတွေမြင်သွားလိမ့်မယ်...."
"အဲ့တာဆို နှုတ်ခမ်းနမ်းမယ်...."

Jasper သူ့အပေါ်မှ Ray ခေါင်းကိုလက်တစ်ဖက်နှင့်ကိုင်ကာ ငုံ့စေပြီး နှုတ်ခမ်းတစ်စုံအား မက်မက်မောမောနက်ရှိုင်းစွာနမ်းရှိုက်လိုက်သည်။

Ray ကလည်းတုန့်ပြန်အနမ်းများပေးပြီး အသက်ရှုသံများပြင်းထန်လာချိန်တွင်...

📲🎶 phone ring......

ဘေးမှ Jasper ဖုန်းလေးမြည်လာသည်။

"အွန်းးးး.."

Jasper ရဲ့ရင်ဘက်ကိုတွန်းကာ ဖုန်းလာနေတယ်ဆိုပြီး အသိပေးပေမယ့် Jasper ကဂရုမစိုက် ပို၍ပြင်းထန်စွာနမ်းလေသည်။

ဖုန်းသံလေးရပ်တန့်သွားပြီး နောက်ထပ်မြည်လာချိန်မှာတော့ Jasper့ ရင်ဘက်ကို Ray ထုတော့သည်။

"အွန်းးးး.. "

Jasper, Ray နှုတ်ခမ်းတွေကိုလွှတ်ပေးလိုက်ပြီး မကျေနပ်သလိုကြည့်လာသည်။

"ဘာလို့ရုန်းနေတာလဲကွာ..."
"ဖုန်းလာနေတယ်လေ ကိုင်လိုက်ဦး..."
"Lily ခေါ်နေတာ မကိုင်ချင်ဘူး ထားလိုက်..."

ထပ်နမ်းရန်ရှေ့တိုးလာသော Jasper ့ မျက်နှာကို Ray ရှောင်လိုက်သည်။

"babe! !"
"ဆက်တိုက်ခေါ်နေတာ အရေးကြီးလို့ထင်တယ်......
ကိုင်လိုက်ပါကွာ..."

Jasper စူပုတ်ပုတ်နှင့် ဖုန်းကိုင်လေသည်။ Ray, Jasper့ ပေါ်ထိုင်နေရာမှထမည်အပြု ခါးကိုတင်းနေအောင်ဖက်လိုက်သောကြောင့် ထလို့မရပေ။

"Hello...."
"Honey, baby ဖုန်းခေါ်နေတာကြာလှပြီ ဘာလို့အခုမှ ကိုင်တာလဲ"
"ကိုယ် နေ့လည်စာစားနေလို့"
"baby သူငယ်ချင်းတွေနဲ့ ဒီနေ့ခရီးထွက်မှာ တကယ်မလိုက်ဘူးလား"
"မလိုက်ချင်ပါဘူးဆို..."
"အင်းပါ.....အဲ့တာဆိုဒါပဲနော် baby လေဆိပ်ရောက်နေလို့လှမ်းနှုတ်ဆက်တာ.."

Jasper ဖုန်းချပြီး Ray လည်တိုင်ကိုမျက်နှာအပ်ကာ ကိုယ်သင်းနံ့လေးကိုရှုရှိုက်လိုက်သည်။

"babe ဒီညကိုယ်တို့ Club သွားရအောင်လေ... Win နဲ့ Wine ကိုလည်းခေါ်လိုက်မယ်"
"Jas သွားချင်ရင်သွားမယ်လေ..."
"ခုနက ကိစ္စလေးပြန်ဆက်ကြမလား..."
"မဆက်ပါဘူး...တော်ပြီ...babe အလုပ်လုပ်ရဦးမယ်"

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

"Jasper ကိုကို Wine တို့ဒီမှာ..."

ကြိုရောက်နှင့်နေသော Win နှင့် Wine ရှိရာဝိုင်းတွင်ပင်ထိုင်လိုက်ကြသည်။

"Jasper နင်အခုချိန်ထိ Lily နဲ့လမ်းမခွဲရသေးဘူးဆို..."
"အဲ့တာက...."
"ကိုကိုကလမ်းမခွဲခိုင်းတာ Wine..."

သူ့စကားကြောင့် Wine နှင် Win ၏အကြည့်စူးစူးက သူ့စီဒိုင်းကနဲ ကျရောက်လာသည်။

"ဘာလို့လဲ!!!!!"

တော်တော် vocal အောင်တဲ့နှစ်ယောက်....
ဘေးဝိုင်းတွေပါ ကြည့်လာကြသည်။

"Lily ကလည်း ကိုကို့အတွက် ညီမလေးတစ်ယောက်ပဲ Wine.....
ကိုကိုသူ့ကိုမနာကျင်စေချင်ဘူး"
"ကိုကိုကတော့ကွာ.....
Jasper နင် Lily နဲ့လမ်းမခွဲရသေးပေမယ့် သူ့ကိုမချစ်ရဘူး ဂရုမစိုက်ရဘူးနော်..."
"အေးပါ....
ငာ့အတွေးထဲမှာ မနက်လင်းအိပ်ရာထကနေ ညအိပ်ရာဝင်တဲ့အထိ... အိမ်မက်ထဲမှာပါ....babe တစ်ယောက်ပဲရှိတယ်"
"ကောင်းတယ်......."
"Ray မင်းလည်ပင်းကအနီကွက်ကြီးကဘာဖြစ်တာလဲ"
"ဟင် ဘယ်မှာလဲ"

Wine သူ့လည်ပင်းကိုစေ့စေ့စပ်စပ် ကိုင်ကြည့်လေသည်။

"Jasper နင့်လက်ချက်ပဲမလား"
"အေး"
"ထင်သားပဲ....
နင်နော် ငါ့ကိုကို ကိုအရမ်းအသားမယူနဲ့
ငါ့ကိုကိုက လုံးဝ လူပျိုစစ်စစ်လေး..."

📲🎶 phone ring........

content ထဲတွင်မရှိသည့် မြန်မာဖုန်းနံပါတ်တစ်ခု ဝင်လာတော့ Ray ဘယ်သူများလဲတွေးမိသည်။

"Hello"
"Hello"

တစ်ဖက်က မိန်းကလေးအသံ...
ဒီအသံကို သူသိနေသလိုပင်....

"ကို...တော်ဝင်ပါ..."
"နှင်းတော်ဝင်?"

Ray အသံအနည်းငယ်ကျယ်သွားသောကြောင့် Jasper နှင့် Wine သာမက Win ပါသူ့ကိုကြည့်လာသည်။

"ဘာကိစ္စရှိလို့ ငါ့ကိုဖုန်းဆက်တာလဲ နှင်းတော်ဝင် "
"နှင်းတော်ဝင်? ကိုကို့ ex လား"

မြန်မာစကားနားလည်သည့် Wine ကဘေးမှအလန့်တကြားမေးလေသည်။

"ကို....တော်ဝင့်ဆီပြန်လာခဲ့ပါလားဟင်.....
တော်ဝင်တို့ အရင်လို ပြန်နေရအောင်လေ"
"မင်းဘာတွေလာပြောနေတာလဲ နှင်းတော်ဝင်..
ငါ့ကိုဟာသလာလုပ်နေတာလား"
"တော်ဝင် တကယ်ပြောတာပါ ကိုရယ်....
ပြန်လာခဲ့ပါနော် တော်ဝင့်ဆီကို"
"hak.....hak...
ထားသွားခဲ့တာ ငါမဟုတ်ဘူး နှင်းတော်ဝင်"
"အဲ့တာဆို တော်ဝင် ပြန်လာခဲ့မယ်ဆိုရင်ရော..
ကိုလက်ခံပေးမှာလား"
"sorry မင်းထားသွားတဲ့အတိုင်း ငါရပ်စောင့်နေခဲ့တာမဟုတ်ဘူး.....ငါတို့နှစ်ယောက်ကပြီးသွားခဲ့ပြီ"
"တော်ဝင့်တို့ အစကပြန်စရအောင်နော်"
"မဖြစ်နိုင်တော့ဘူး"
"ဘာလို့လဲ ကို"
"ငါ့မှာ မင်းထက်အစပေါင်းများစွာသိပ်ချစ်ရတဲ့ချစ်သူရှိနေပြီ..."
"ကိုလိမ်နေတာ.... "
"မင်းမယုံလည်းမတတ်နိုင်ဘူး.....
အခုငါ့ဘေးမှာ ငါ့ချစ်သူရှိနေတယ်....
ငါ့ချစ်သူ သဝန်တိုမှာ စိတ်ခုသွားမှာကို ငါမလိုလားဘူး...
သေသေချာချာနားထောင် ဒါမင်းနဲ့နောက်ဆုံးဖုန်းပြောခြင်းဖြစ်လိမ့်မယ်....
မင်းကငါ့ရဲ့ ex တစ်ယောက်ပဲ...."

တစ်ဖက်က ငိုကာပစ္စည်းတွေလွှင်ြ့ပစ်သံတွေကိုကြားပေမယ့် Ray ဖုန်းကိုချပစ်ကာ ထိုဖုန်းနံပါတ်ကို blacklist ထဲထည့်လိုက်သည်။

"အဲ့တစ်ယောက်က ကိုကို့ ကိုပြန်တွဲဖို့ပြောတာလား"
"အင်း"
"ရူးနေလားမသိဘူး ဒီမိန်းမတော့....
ကိုကိုက W ရဲ့ ဥက္ကဋ္ဌမှန်း သိလိုက်ရလို့ ပြန်ကပ်တာနေမှာ....
မာနကိုမရှိဘူး.....စိတ်ရောမှန်သေးရဲ့လား..."

Ray နှင့် Wine ကမြန်မာလိုပြောနေသောကြောင့် ဘေးမှ Win နှင့် Jasper ကနားမလည် ကြောင်ကြောင်လေးကြည့်နေသည်။

"ဘာဖြစ်လို့လဲ babe"
"ဘာမှမဟုတ်ပါဘူး"
"ကိုကိုကလည်း ဘာ ဘာမှမဟုတ်ရမှာလဲ
Jasper.... ခုနကဖုန်းဆက်တဲ့သူက ကိုကို့ ရည်းစားဟောင်းလေ.....
သူက ကိုကို့ကိုပြန်တွဲရအောင်လို့ပြောနေတာ"
"ဘာ! ! အဲ့တော့ babe ကဘာပြန်ပြောလိုက်တာလဲ"
"ကိုကိုက သူ့မှာချစ်သူရှိနေပြီလို့ပြန်ပြောလိုက်တာ..."

"မင်း ex ဆိုတော့...
suicide လုပ်ရလောက်အောင် ချစ်ခဲ့တဲ့ ကောင်မလေးလား..."

Win အမေးကို Ray ခေါင်းငြိမ့်ဖြေလိုက်သည်။

"Wow.....သူမို့လို့ မျက်နှာပြောင်တိုက်ပြီး ပြန်တွဲဖို့ပြောရဲတယ်......"

"အဲ့မိန်းမအကြောင်းတွေးမနေနဲ့တော့ dancing floor ဆင်းရအောင်...."

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

"babe"
"ဟင်"
"အဲ့ကောင်မလေးကို babe သိပ်ချစ်ခဲ့တာပဲလား"
"ဘာလို့မေးတာလဲ အရင်ကအကြောင်းတွေကို..."
"ဒီတိုင်း သိချင်လို့...."
"အင်း.....အချစ်ဦးမို့လို့ ရူးရူးမိုက်မိုက်ကိုချစ်ခဲ့မိတာထင်တယ်..."
"ဒါဆို ကိုယ့်ကိုရော ဘယ်လောက်တောင်ချစ်လဲ"
"အရာရာအားလုံးထက်ကိုချစ်တယ်....
babe ရဲ့အသက် babe ပိုင်ဆိုင်သမျှအရာအားလုံးနဲ့တောင် လဲနိုင်တဲ့အထိ Jas ကိုချစ်တယ်"
"ဒါဆိုကိုယ့်ကို babe ရဲ့ first time ပေးနိုင်မလား"

တစ်ကိုယ်လုံးရှိသွေးကြောတွေ ပြောင်းပြန်စီးဆင်းသွားသလို Ray ခံစားရပြီး တိတ်ဆိတ်နေမိသည်။

"babe ကိုယ့်ကိုပြန်ဖြေဦးလေ"

Jasper ငုံ့ထားသော Ray မျက်နှာလေးကို မေးမှ ကိုင်ကာ မော့လိုက်ပေမယ့် သူ့မျက်ဝန်းတွေကိုမကြည့်ဘဲ ရှောင်နေသည်။

"ကိုယ့်ကို မပေးနိုင်ဘူးလား..."

"မဟုတ်ဘူး...."
"ဒါဆိုပေးမယ်ပေါ့..."
"အင်း......ဒါပေမယ့်......
အခုတော့မဟုတ်ဘူးလေ.....
babe အချိန်လိုတယ်....."
"ကိုယ်စောင့်ပါမယ်"

သူ့ရဲ့ first time ဟာယောက်ျားတစ်ယောက်အတွက်ဖြစ်လိမ့်မယ်လို့ Ray မတွေးခဲ့ဖူးပါ။

မိန်းမတစ်ယောက်အတွက်လို့လည်း Ray မရည်ရွယ်ခဲ့။

သူ့ရဲ့ first time ဟာသူတကယ်ချစ်တဲ့သူအတွက် Ray စောင့်ထိန်းခဲ့သည်။

သူနဲ့ရွယ်တူယောက်ျားလေးတွေ sex ကိုစိတ်ဝင်စားနေချိန် porn တွေကြည့်နေချိန်မှာ သူ တစ်ကိုယ်ရေအာသာဖြေခြင်းတောင်မပြုခဲ့.....

အရွယ်ရောက်တဲ့ယောက်ျားတစ်ယောက်ဟာ ဒီလိုမျိုးစောင့်ထိန်းနိုင်ပါ့မလားဆိုပြီး သံသယဝင်နိုင်ပါတယ်....

ဒါပေမယ့် သူတကယ်ကို စောင့်ထိန်းနိုင်ခဲ့တယ်......
သူ့ရဲ့အနာဂတ်လက်တွဲဖော်အတွက်.....

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Zawgyi

"အင်း"



🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸








"ယားတယ်မလုပ်နဲ့ Jas"
"ယားရင်...ထတော့..."
"........"
"babe..."

လည်ပင်းသားဖွေးဖွေးကိုပြင်းပြင်းလေး စုပ်ယူကာ Ray ၏ shirt အင်္ကျီကြယ်သီးတွေပါဖြုတ်မှသူ့လက်တွေကိုတားဆီးတော့သည်။

"ထပြီ...ထပြီ...သွားမယ်..."
"ဒီလိုမှပေါ့....."

Ray အင်္ကျီကြယ်သီးတွေတပ်ကာ သပ်ရပ်သွားအောင်ပြန်ပြင်လိုက်သည်။



"Jas.."
"ဟင်...."
"မပေပါဘူး..."





"Arrrrr ရှက်လိုက်တာ...."





Ray သူ့ရုံးခန်းထဲပြန်ရောက်မှ Jasper့  ဗိုက်ကို လက်သီးနှင့်ထိုးလိုက်သည်။

"အ...အ......"

သူ ထိုးလိုက်သည့် ဗိုက်နေရာကိုလက်နှင့်အုပ်ကာ sofa ပေါ်ခွေကျသွားသော Jasper့ ကြောင့် Ray လန့်ကာ ပြာယာခတ်သွားသည်။

"အရမ်းနာသွားတာလား...."
"ဟင့်အင်း..."



Ray သူ့ လည်တိုင်ကိုထပ်နမ်းရန်ပြင်နေသည့် Jasper့  ကိုအမြန်တားရသည်။




📲🎶 phone ring......

ဘေးမှ Jasper့  ဖုန်းလေးမြည်လာသည်။

"အွန်းးးး.."

Jasper့ ရင်ဘက်ကိုတွန်းကာ ဖုန်းလာနေတယ်ဆိုပြီး အသိပေးပေမယ့် Jasper ကဂရုမစိုက် ပို၍ပြင်းထန်စွာနမ်းလေသည်။


"အွန်းးးး.. "




"babe! !"
ကိုင်လိုက်ပါကွာ..."


"Hello...."
"မလိုက်ချင်ပါဘူးဆို..."



🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸



"အဲ့တာက...."


"ဘာလို့လဲ!!!!!"


"ကိုကိုကတော့ကွာ.....
"အေးပါ....
"ကောင်းတယ်......."
"ဟင် ဘယ်မှာလဲ"


"အေး"
"ထင်သားပဲ....

📲🎶 phone ring........


"Hello"
"Hello"

တစ်ဖက်က မိန်းကလေးအသံ...

"ကို...တော်ဝင်ပါ..."
"နှင်းတော်ဝင်?"




"hak.....hak...
ကိုလက်ခံပေးမှာလား"
"မဖြစ်နိုင်တော့ဘူး"
"ဘာလို့လဲ ကို"
"ကိုလိမ်နေတာ.... "


"အင်း"


"ဘာဖြစ်လို့လဲ babe"
"ဘာမှမဟုတ်ပါဘူး"

"မင်း ex ဆိုတော့...




🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

"babe"
"ဟင်"
"ဒီတိုင်း သိချင်လို့...."





"မဟုတ်ဘူး...."
"ဒါဆိုပေးမယ်ပေါ့..."
"အင်း......ဒါပေမယ့်......
အခုတော့မဟုတ်ဘူးလေ.....
babe အချိန်လိုတယ်....."
"ကိုယ်စောင့်ပါမယ်"







🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Bạn đang đọc truyện trên: Truyen247.Pro